← Chapters

အခန်း (၃၆-၄၀)

Vol. 3 Ch. 36-40

အခန်း (၃၆-၄၀)

Vol. 3 Ch. 36-40

စာစဉ် - ၃

အခန်း ၃၆ လူမဆန်သောလုပ်ရပ်

မှောင်မိုက်နေသော ညကောင်းကင်၏အောက်တွင် ကြယ်တံခွန်ကဲ့သို့ အလင်းတန်းတစ်ခုသည် လူအုပ်ထဲသို့ ကျရောက်သွားပြီး တောင်ပေါ်၌ ပေါက်ကွဲကာ တွင်းကြီးတစ်ခု ချက်ချင်းဖြစ်ပေါ်သည်။

လေပြင်းများပြင်းထန်စွာတိုက်ကာ တောင်ကြောများပြိုကျပြီး သဲများ နေရာအနှံ့ လွင့်ပျံလာသည်။

တစ်ကြိမ်တိုက်ခိုက်ရုံဖြင့် မရေမတွက်နိုင်သော အရိုးဖြူနတ်ဆိုးဂိုဏ်းတပည့်သား အများအပြား သေဆုံးကုန်သည်။

ကျီဝူရှားသည် တောင်ကျွမ်းထိုး(တောင်ဖြို)အမှတ်အသားကို လက်ထဲတွင်ကိုင်ထားပြီး သူမ၏ ခန္ဓာကိုယ်အတွင်း၌ စစ်မှန်သောဇာမဏီကိုးပါးအသွင်ပြောင်းခြင်းကျင့်စဉ်ကို အမြန်ဆုံးအရှိန်ဖြင့် ဖြန့်ကျက်လိုက်သည်။

သူမ၏အောက်ဘက်ရှိ ဇာမဏီပုံရိပ်သည် အတောင်ပံကိုတစ်ဖျတ်ဖျတ် ခတ်ကာ နံဘေးရှိလေများကို ရှေ့သို့ တွန်းပို့သည်။

ပြင်းထန်သော ပေါက်ကွဲသံများသည် တောင်ပေါ်မှ အဆက်မပြတ် ထွက်ပေါ်နေပြီး နှလုံးကွဲမတတ်အော်သံများက အနောက်မှကပ်ပါလာသည်။

ဒါတင်မကဘဲ ကျီဝူရှားသည် တောင်ကျွမ်းထိုးအမှတ်အသားကို သူမ၏လက်မှ အဆက်မပြတ်ပစ်လွှတ်နေသည်။

သူမတစ်ခါပစ်လွှတ်လိုက်တိုင်း၊ တောင်ဖြိုအမှတ်အသားသည် အရိုးဖြူနတ်ဆိုးဂိုဏ်း၏တပည့်တစ်ဦးကို တိုက်ရိုက်အကွဲအပြဲဖြစ်စေသည်။

"အရမ်းတွေ မာနကြီးမနေနဲ့.. ငါတို့ရဲ့ အရိုးဖြူနတ်ဆိုးဂိုဏ်းမှာ ဘယ်သူမှ မကျန်တော့ဘူးလို့ မင်းတကယ်ထင်နေတာလား?"

ကျီဝူရှားမှာ ထိုကဲ့သို့ ပျော်ရွှင်စွာ သတ်ဖြတ်နေစဉ် သူမ၏ ဘယ်ဘက်မှ ပြင်းထန်သော အရှိန်အဝါတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ၎င်းသည် စိတ်ဝိညာဉ်အဆင့် အကြီးအကဲတစ်ဦးပင်။

သူ၏ တိုက်ခိုက်မှုက ကျီဝူရှားအပေါ် ကျရောက်ခါနီးဆဲဆဲတွင် ရုတ်တရက် အအေးဓာတ်တစ်ခုသည် တောင်၏အောက်ခြေရှိ အမှောင်ထဲကနေ ထွက်ပေါ်လာသည်။ ထို့နောက် လှံသည် နဂါးသဖွယ် သူ၏ရင်ဘတ်ကို တိုက်ရိုက်ထိုးဖောက်ကာ ကျောက်ဆောင်တစ်ခုတွင် စိုက်ဝင်သွားစေသည်။

"ဂျူနီယာညီလေး စိတ်မကောင်းပါဘူး.. ကြည့်ရတာ ငါက ပိုမြန်တယ်ထင်တယ်..”

ယွင်လီကော မကောင်းဆိုးဝါးဆန်ဆန် ပြုံးပြီး အရှေ့ကို တိုးလာသည်။ သူသည် နဂါးနိုင်လှံကို နှုတ်ယူပြီး တိုက်ပွဲတွင် ပါဝင်လာသည်။

ဖုန်းထျန်းယွမ်သည် သူ၏ နောက်မှရောက်လာပြီး သူ၏အမူအရာသည် အနည်းငယ်စိတ်ဓါတ်ကျနေပုံပေါ်သည်။

ဖျက်ဆီးမရနိုင်သည့်ရွှေခန္ဓာကျင့်စဉ်သည် ရှေးဟောင်းဧကရာဇ်ကျမ်းထက် အဆပေါင်းများစွာ သာလွန်သော်လည်း ၎င်း၏ အမြန်နှုန်းကို နှိုင်းယှဥ်လျှင် အားပိုနည်းသည်။

ဒေါသတွေပြည့်နှက်ကာ သူ၏ဒေါသအားလုံးကို အရိုးဖြူနတ်ဆိုးဂိုဏ်း၏ တပည့်များနှင့် အကြီးအကဲများအပေါ်တွင်သာ ပုံချနိုင်သည်။ သူ့၏လက်ထဲရှိ ရွှေတူဖြင့် အရိုးဖြူနတ်ဆိုးဂိုဏ်း၏ တပည့်များစွာကို အလွယ်တကူ တစ်စစီလုပ်ပစ်လိုက်သည်။

ဤသည်မှာ လူသတ်ပွဲပင်၊ လုံးဝ တစ်ဖက်သတ်ဆန်သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခုပင်။

ယွင်လီကောနှင့် ကျန်နှစ်ဦးတို့သည် အားသာချက်အမျိုးမျိုးကို ကိုင်စွဲထားသောကြောင့် အရိုးဖြူနတ်ဆိုးဂိုဏ်းမှ အဆင့်နိမ့်တပည့်များအနေနှင့် သူတို့ကို ရိုးရှင်းစွာပင် ခုခံနိုင်စွမ်းမရှိပေ။

သူတို့သုံးယောက်သည် အသီးအရွက်တွေ ခုတ်နေသလိုပင်ထင်ရသည်။

အရိုးဖြူနတ်ဆိုးဂိုဏ်းမှ တပည့်များနှင့် အဆင့်နိမ့်အကြီးအကဲများ တစ်ယောက်ပြီး တစ်ယောက် သေဆုံးကုန်ကြသည်ကို မြင်လိုက်ရသောအခါ အရိုးဖြူနတ်ဆိုးဂိုဏ်း ၏ အကြီးအကဲကြီးများလဲ မတတ်သာတော့ပဲ ဝင်တိုက်ခိုက်ရတော့သည်။

"အရမ်းမလွန်လာကြနဲ့..."

အရိုးဖြူနတ်ဆိုးဂိုဏ်း၏ တောင်ပင်လယ်အဆင့်ရှိသော အကြီးအကဲတစ်ဦးသည် လေထုကို နင်းပြီး ယွင်လီကောဆီသို့ ဦးတည်သွားသည်။

သူသည် ထိုစကားကိုပြောရင်း ရှေ့သို့ထွက်လာသည်။

ဓားသွား၏အလင်းတန်းသည် ညကောင်းကင်ယံ၌ မီတာ ၂၀၀ ကျော် အကွာအဝေးထိ ပျံလွင့်စေကာ ညကို အလင်းရောင်များ ထွန်းလင်းစေပြီး မရေမတွက်နိုင်သော လူများကို အံ့အားသင့်စေခဲ့သည်။

“အဲဒါက အကြီးအကဲချန်ပဲ။ သူက တောင်ပင်လယ်အဆင့်ကိုရောက်နေတဲ့ ကျွမ်းကျင်သူ.. မြေကမ္ဘာအလယ်အဆင့်ကျင့်စဉ်ဖြစ်တဲ့ မာရ်နတ်ဓားသိုင်းကို ကျင့်တာပဲ.. သူက ပြီးပြည့်စုံတဲ့အဆင့်ကိုတောင် ရောက်နေပြီ။ ငါတို့ ကယ်တင်ခံရပြီဟေ့။”

တပည့်တစ်ဦးသည် တစ်ဖက်သား၏ အဆင့်အတန်းကို မှတ်မိပြီး စိတ်လှုပ်ရှားစွာ အော်လိုက်သည်။

အခြားတပည့်များ၏ မျက်လုံးများတွင်လည်း စိတ်ပျက်အားငယ်မှုများ ပျော်ကွယ်သွားပြီး စိတ်လှုပ်ရှားခြင်းနှင့် မျှော်လင့်ခြင်းအဖြစ်သို့ ပြောင်းလဲသွားသည်။

သို့သော်...

ယွင်လီကောသည် လုံးဝရှောင်တိမ်းခြင်းမရှိပေ။ သူသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ကမ္ဘာမြေကိုတုန်ဟီးစေသည့် နဂါးဟိန်းသံထွက်ပေါ်နေသည့် သူ၏လက်ထဲရှိ နဂါးနိုင်လှံကို ဝှေ့ယမ်းလိုက်သည်။ လှံ၏အလင်းသည် အကြီးအကဲချန်၏ဓားသွားကို အမှန်တကယ်ပင် ဖြတ်တောက်ပစ်လိုက်သည်။

ယွင်လီကော၏လှံသည် ၎င်း၏ အရှိန်အဝါမှာ လျော့ပါးမသွားပဲ ညကောင်းကင်ယံထက်တွင် စက်ဝိုင်းခြမ်းသဏ္ဍာန် ဝှေ့ယမ်းလိုက်သည်။၎င်းသည် အကြီးအကဲချန်၏ ခန္ဓာကိုယ်ကို ဖြတ်ကျော်သွားသောအခါ အရှိန်သည် ချက်ချင်း လျော့ကျသွားသည်။

ခြေလှမ်းနှစ်လှမ်းလောက် ယိမ်းထိုးသွားပြီးနောက်၊ အကြီးအကဲချန်၏ ဦးခေါင်းသည် သူ၏လည်ပင်းမှ လှိမ့်ဆင်းသွားပြီး သူ၏ခန္ဓာကိုယ်သည် အားအင်မဲ့စွာ ပြုတ်ကျသွားတော့သည်။

"ဟမ်...."

အရိုးဖြူနတ်ဆိုးဂိုဏ်း၏ တပည့်များအားလုံးသည် ထိုအဖြစ်ကိုမြင်သည်နှင့် လွန်စွာအံသြသွားကြလေသည်။

တောင်ပင်လယ်အဆင့်တွင်ရှိနေသည့် အကြီးအကဲချန်သည် တစ်ဖက်လူ၏တိုက်ခိုက်မှုကို တားဆီးရန် မတတ်နိုင်ခဲ့ပေ။

တစ်ဖက်လူသည် ဤမျှအထိ ကောင်းကင်ကို အံတုနိုင်သည့်ခွန်အားမျိုး ရှိနေသည်။

တစ်ဖက်သားသည် အလွန် အထင်ကြီးစရာကောင်းသည်။

ယွင်လီကောသည်လည်း အလွန်စိတ်လှုပ်ရှားနေမိသည်။ သူသည် တစ်နေ့တွင် တောင်ပင်လယ်အဆင့်မှ ကျွမ်းကျင်ပညာရှင်ကို ချက်ခြင်းသတ်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

ထိုခွန်အားသည် သူ၏စစ်မှန်သောခွန်အားဟု မဆိုနိုင်ဘဲ အထောက်အပံ့များစွာကြောင့်ဆိုပေမည့် ၎င်းသည် သူ့အား ခွန်အားကြီးချင်စိတ်ကို ပို၍တိုးလာစေနေတုန်းပင်။

တစ်နေ့တွင် သူ၏ကိုယ်ပိုင်ခွန်အားကိုသုံးပြီး တောင်ပင်လယ်အဆင့်ကျွမ်းကျင်ပညာရှင်ကို သတ်နိုင်သည်အထိ ကျင့်ကြံမည်ဟု ဆုံးဖြတ်လိုက်သည်။

အရိုးဖြူနတ်ဆိုးဂိုဏ်းသည် မတုံးပေ။ ဤမျှ ကြီးမားသောဆုံးရှုံးမှုကို ခံစားခဲ့ရပြီးနောက် သူတို့သည် အားနည်းသော ကျင့်ကြံဆင့်ရှိသော အကြီးအကဲများနှင့် တပည့်အားလုံးကို ချက်ချင်းပြန်ခေါ်သည်။

“တောင်ပင်လယ်အဆင့်အောက်က အကြီးအကဲတွေ၊ တပည့်တွေအားလုံး တောင်ပေါ်ကို ချက်ချင်းပြန်သွားကြ!”

ဒါကိုကြေညာပြီးသည်နှင့် လူတိုင်းသည် သူတို့အသက်ကို ကယ်တင်ခံလိုက်ရသလိုမျိုး သက်မချပြီး တောင်ပေါ်ကို အလျင်အမြန် ပြေးတက်ကြသည်။

"မင်းတို့ ထွက်သွားဖို့ ငါ့ကို ခွင့်တောင်းခဲ့ရဲ့လား?"

ဖုန်းထျန်းယွမ်သည် သူ၏ ဂိုဏ်းတူ အကိုနှင့် အစ်မတွေက သူ့ကို နှောင့်နှေးစေခဲ့၍ စိတ်ဆိုးနေသည်။ အဘယ်မှာ သူ၏ရန်သူများကို လွတ်မြောက်ဖို့ ခွင့်ပြုရမည်နည်း။

ချက်ချင်း သူတို့ကို ဟန့်တားလိုက်သည်။

သို့သော် အရိုးဖြူနတ်ဆိုးဂိုဏ်းသည်လည်း အနှောက်ယှက်မခံပေ။ စိတ်ဝိညာဉ်သန့်စင်ခြင်းအဆင့်မှ အကြီးအကဲတစ်ဦးသည် အမြန်ဆုံးအရှိန်ဖြင့် ဆင်းသက်လာပြီး ဖုန်းထျန်းယွမ်ဆီသို့ လက်သီးချက်ထိုးလိုက်သည်။

"မင်း ငါ့ရဲ့ အရိုးဖြူနတ်ဆိုးဂိုဏ်းက တပည့်တွေကို သတ်ဖို့ကိုရော ခွင့်တောင်းခဲ့လို့လား?"

ဖုန်းထျန်းယွမ် သရော်လိုက်သည်။ "ဘာလို့ ငါက ခွင့်ပြုချက်တောင်းရမှာလဲ?"

သူသည် ပြောရင်းပင် လက်သီးချက်ထိုးလိုက်သည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်ပုံရိပ်သည်လည်း သူ့လို လိုက်လှုပ်ရှားသည်။

အဆုံးတွင်၊ စိတ်ဝိညာဉ်သန့်စင်ရေးဘုံ အကြီးအကဲ၏လက်သီးချက်နှင့် ဖုန်းထျန်းယွမ်၏လက်သီးတို့ တိုက်မိသွားသည်။

ဘုန်း...

ပေါက်ကွဲသံနှင့်အတူ စွမ်းအင်လှိုင်းသည် အချင်း မီတာတစ်ထောင်ကျော်ရှိသော တွင်းကြီးတစ်ခုကို တိုက်ရိုက် ချိုင့်ဝင်သွားစေသည် ။

ပြင်းထန်သော စွမ်းအင်လှိုင်းကြောင့် မရေမတွက်နိုင်သော ပန်းများနှင့် သစ်ပင်များသည် ပြာများအဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့နောက် နောက်ဆက်တွဲကြောင့် ပြန့်ကြဲကာ ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားသည်။

ပေါက်ကွဲမှုမှ မီးတောက်များသည် ပတ်ဝန်းကျင်ရှိ တောင်တန်းများစွာကို လောင်ကျွမ်းစေသည်။

သို့သော်လည်း ပေါက်ကွဲနေသော အလင်းရောင်လျော့ပါးသွားသောအခါ ဖုန်းထျန်းယွမ်သည် ဒဏ်ရာလုံးဝမရရှိနေကြောင်း လူတိုင်း အံ့အားသင့်စွာ တွေ့ရှိလိုက်ရသည်။ စိတ်ဝိညာဉ်သန့်စင်ခြင်းအဆင့်မှအကြီးအကဲသည်တော့ မီတာတစ်ရာအကွာတွင် မောဟိုက်နေသည်။

သူ၏လက်မောင်းပေါ်ရှိ အဝတ်များ အားလုံး စုတ်ပြဲထွက်သွားပြီး သူ၏လက်မောင်းရှိ သွေးကြောများသည် ပြင်းထန်လှသည့် ဖိအားကြောင့် ပေါက်ကွဲထွက်ကာ သွေးများ အဆက်မပြတ် စီးကျလာသည်။

"ဒါက ဘယ်လိုဖြစ်ရတာလဲ?"

အရိုးဖြူနတ်ဆိုးဂိုဏ်းသားများ အားလုံး ထိတ်လန့်သွားကြသည်။

“အကြီးအကဲယွင်က စိတ်ဝိညာဉ် သန့်စင်ခြင်းအဆင့်ရဲ့ ဒုတိယအဆင့်မှာ ရှိတယ်။ သူတကယ်ပဲ တဖက်လူကို ရှုံးခဲ့တာလား။ ဒါမဖြစ်နိုင်ဘူး.. တစ်ဖက်လူရဲ့ အရှိန်အဝါက အဲ့လောက် သိသိသာသာ စွမ်းအားမကြီးပါဘူး!”

အကြီးအကဲယွင်သည် ခပ်ဖွဖွချောင်းဆိုးလိုက်ပြီး လေးနက်သောအမူအရာဖြင့် ပြောလိုက်သည်။ “တစ်စုံတစ်ယောက်က ငါ့ရဲ့ ခွန်အားကို ဖိနှိပ်ဖို့ အစီအရင်တစ်ခု ချထားတယ်။ ငါ့ရဲ့ ကျင့်ကြံဆင့်က စိတ်ဝိညာဉ်သန့်စင်ခြင်းအဆင့်ရဲ့ ဒုတိယအဆင့်မှာ ရှိနေပေမယ့် အခု ထုတ်လွှတ်နိုင်တဲ့ ခွန်အားက တောင်ပင်လယ်ဒုတိယအဆင့်မှာပဲ ရှိတယ်။”

"ဒါပေမယ့် တဖက်လူရဲ့ အရှိန်အဝါကလည်း တောင်ပင်လယ်ဒုတိယအဆင့်မှာပဲ ရှိနေတယ်။"

ဖုန်းထျန်းယွမ်ကို စူးစိုက်စိုက်စိုက်ကြည့်ရင်း အကြီးအကဲယွင်၏ မျက်လုံးများသည် နက်နဲသွားသည်။

“အဲ့တာ ဘာလို့လဲဆိုတော့ သူ့ရဲ့ ကျင့်ကြံခြင်းနည်းလမ်းက သာမန် ကျင့်ကြံခြင်းနည်းလမ်း မဟုတ်လို့ပဲ။ အဲ့တာက အနည်းဆုံး သူတော်စင်အဆင့်ကျင့်ကြံခြင်းနည်းစနစ်ပဲဖြစ်မယ်။ အဲ့တာကြောင့် ကျင့်ကြံဆင့်တူညီတဲ့ အခြေအနေမှာ၊ သူ့ရဲ့ ခွန်အားက ငါ့ထက် အဆပေါင်းများစွာ သာလွန်နေတာ။”

"ဘာ ?" ဤအခိုက်အတန့်တွင် အရိုးဖြူနတ်ဆိုးဂိုဏ်းတပည့်များအားလုံး၏ မျက်စံအိမ်များ ကျုံ့သွားကာ ဦးရေပြားများ ထုံကျဉ်သွားသည်။

တဖက်ကလူသည် သူတော်စင်အဆင့်အထက်တွင်ရှိသော ကျင့်ကြံခြင်းနည်းလမ်းကို အမှန်တကယ်ပိုင်ဆိုင်သည်ပင်။

ကြီးကျယ်သောကျိုးတစ်ခုလုံးတွင် တော်ဝင်မိသားစုနှင့် တခြားတန်ခိုးကြီးသူများသာ သူတော်စင်အဆင့်ကျင့်ကြံခြင်းနည်းလမ်းကိုပိုင်ဆိုင်ကြောင်း သိထားကြသည်။ အခြားဂိုဏ်းအားလုံးနီးပါးတွင် သူတော်စင်အဆင့်ကျင့်ကြံခြင်းနည်းစနစ် မရှိပေ။ အများစုမှာ ကောင်းကင်ဘုံထိပ်တန်းအဆင့်ကျင့်စဉ်များသာ ပိုင်ဆိုင်သည်။

အရိုးဖြူနတ်ဆိုးဂိုဏ်း၏ အမြင့်ဆုံးကျင့်ကြံခြင်းနည်းစနစ်သည် ကောင်းကင်ဘုံအဆင့်မြင့်ကျင့်စဉ်တစ်ခုသာဖြစ်သည်။

အကြီးအကဲယွင်သည် ထိုသို့ ပြောပြီးသည်နှင့်၊ သူ၏နောက်ကျောဘက်တွင် ပုံရိပ်တစ်ခုသည် လက်နှစ်ဖက်ကို နောက်ပစ်၍ တိတ်တဆိတ် ရောက်ရှိလာသည်။

"သူတို့မှာ သူတော်စင်အဆင့်ကျင့်ကြံခြင်းနည်းစနစ်တစ်ခုထက် ပိုပြီးရှိမှာကို စိုးတယ်။"

ထိုလူရောက်လာသည်ကိုမြင်သော် အားလုံးသည် ချက်ချင်းဒူးထောက်လိုက်ကြသည်။

"ဂိုဏ်းချုပ်ကိုနှုတ်ဆက်ပါတယ်.."

"ထကြပါ.."

လူတိုင်းသည် မတ်တပ်ရပ်လိုက်ပြီး အကြီးအကဲတစ်ဦးသည် ဂိုဏ်းချုပ်၏ ဘေးသို့ အမြန်လျှောက်လာသည်။

"ဂိုဏ်းချုပ်.. ခုဏက စကားက ဘာကိုဆိုလိုချင်တာလဲ..."

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် - ၃

အခန်း ၃၇ အန္တရာယ်ကျရောက်ခြင်း...

အရိုးဖြူနတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်သည် အောက်ဘက်ရှိ ယွင်လီကောနှင့် ကျီဝူရှားကို စိုက်ကြည့်နေသည်။

"ငါမမှားရင် ဒီနှစ်ယောက်ကလည်း သူတော်စင်အဆင့်ရဲ့အထက် ကျင့်ကြံခြင်းနည်းစနစ်တွေပိုင်ဆိုင်ရမယ်။"

"ဘာ..."

အရိုးဖြူနတ်ဆိုးဂိုဏ်း၏ တပည့်များနှင့် အကြီးအကဲများသည် လုံးဝမေ့လဲလုနီးပါးပင်။

မူလက ဖုန်းထျန်းယွမ်သည် သူတော်စင်အဆင့်အထက်က ကျင့်ကြံခြင်းနည်းစနစ်ကို ပိုင်ဆိုင်ကြောင်း ကြားသိရခဲ့စဉ်ကပင် အလွန် ထိတ်လန့်တုန်လှုပ်ခဲ့ရသည်။

နောက်ဆုံးတွင်၊ သူတို့၏ဂိုဏ်းချုပ်ကိုယ်တိုင်က ယွင်လီကောနှင့် ကျီဝူရှားတို့သည်လည်း သူတော်စင်အဆင့်နှင့်အထက် ကျင့်ကြံခြင်းနည်းလမ်းပိုင်ဆိုင်ကြောင်း တကယ်ကြီး ပြောခဲ့သည်။

ဒါက လူတိုင်းကို သူတို့၏လောကအမြင်ကို ပြန်ပြီး မေးခွန်းထုတ်စေသည်။

သူတော်စင်အဆင့်၏အထက် ကျင့်ကြံခြင်းနည်းစနစ်တွေက ဘယ်တုန်းကစလို့ ဈေးထဲက ဂေါ်ဖီထုပ်တွေလို ပေါများလာရတာလဲ?

လူတိုင်း၏ ထိတ်လန့်တုန်လှုပ်မှုကို လျစ်လျူရှုပြီး အရိုးဖြူနတ်ဆိုးဂိုဏ်းချုပ်က ဆက်ပြောလာပြန်သည်။

"ဒါပေမယ့်၊ သူတို့.. ကျင့်ကြံခြင်းနည်းလမ်းတွေကိုပဲအားကိုးရင် ငါတို့ အရိုးဖြူနတ်ဆိုးဂိုဏ်းအပေါ် ဒီလောက်မောက်မောက်မာမာ ပြုမူနိုင်မှာ မဟုတ်ဘူး။ သူတို့လက်ထဲမှာရှိတဲ့ လက်နက်တွေက ကောင်းကင်ဘုံအဆင့်မြင့်လက်နက်တွေပဲဖြစ်ရမယ်။”

ဟမ်..

အားလုံးသည် သူတို့သုံးယောက် ကိုင်ဆောင်ထားသည့် လက်နက်များကို တညီတညွတ်တည်း မျက်လုံးပြူး၍ စိုက်ကြည့်ရင်း ရင်ထိတ်သွားကြသည်။

ထိုအရာတွေက တကယ်ကြီး ကောင်းကင်ဘုံအဆင့်မြင့်လက်နက်တွေပင်။

သူတော်စင်အဆင့်နှင့်အထက် ကျင့်ကြံခြင်းနည်းစနစ်ကို ပိုင်ဆိုင်ခြင်းသည်ပင် သာမန်မဟုတ်တော့ပြီဖြစ်သော်လည်း သူတို့တွင် ကောင်းကင်ဘုံအဆင့်မြင့်လက်နက်များပင် ရှိနေသေးသည်။

ဤခွန်အားသည် ကောင်းကင်ကိုပင် အံတုနိုင်လောက်သည် မဟုတ်ပေလား..

သူတို့ သုံးယောက်၏ ခွန်အားကိုသာ မကြောက်လျှင် အရိုးဖြူနတ်ဆိုးဂိုဏ်းသားတွေဟာ ဆာလောင်နေသော ဝံပုလွေတွေအဖြစ် ပြောင်းကာ သူတို့ သုံးယောက်ကို အရူးအမူး ခုန်အုပ်ကာ အပိုင်းပိုင်း ကိုက်ဖြတ်လိမ့်မည်ဖြစ်သည်။

အရိုးဖြူနတ်ဆိုးဂိုဏ်းချုပ်သည် ဖြည်းဖြည်းချင်း ပြန်ဆင်းလာခဲ့သည်။ အေးစက်သောလ၏ ပုံရိပ်သည် သူ့မျက်လုံးအိမ်များထဲတွင် ထင်ဟပ်လို့နေကာ လောဘကြီးသောအမူအရာကို ထုတ်ဖော်ပြသလာသည်။

"ငါမမှားရင် မင်းတို့တွေက ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ကျီရွှေ့တောင်ထိပ်က လာတာပဲဖြစ်ရမယ်။ အကြီးအကဲလင်းရွှမ်ပြောတာ မှန်ပုံရတယ်။ ကောင်းကင်နတ်ဆိုးဂိုဏ်းက တကယ့်ကို မတော်တဆဖြစ်ရပ်နဲ့ ကြုံတွေ့ခဲ့ရတယ်။ ဒါပေမယ့် ကောင်းကင်နတ်ဆိုးဂိုဏ်းတစ်ခုလုံး အကျိုးရှိသွားတယ်လို့တော့ မထင်ဘူး။ ဖြစ်နိုင်တာက ဒီအခွင့်အရေးက ကျီရွှေ့တောင်ထိပ်ကပဲ ခံစားရတယ်ထင်တယ်။”

“မင်းတို့က ဒီရောက်နေပြီဆိုမှတော့ ထွက်သွားဖို့ မလိုတော့ဘူး။ မင်းတို့ရဲ့ ကျင့်ကြံခြင်းနည်းလမ်းတွေနဲ့ လက်နက်အားလုံးကို ငါယူမယ်။"

ယွင်လီကောသည် သူ၏လှံကို ဝှေ့ယမ်းလိုက်ရာ မီတာတစ်ရာရှည်သော လျှိုမြောင်ကြီးတစ်ခု သူ၏ရှေ့တွင် ပေါ်လာသည်။

"အဲဒါက မင်း ငါတို့ဆီကနေ ယူဖို့ အရည်အချင်းရှိလားဆိုတာအပေါ် မူတည်တယ်။"

“ဟား ဟား... ငါတို့အရိုးဖြူနတ်ဆိုးဂိုဏ်းက တကယ်ကို လျှော့တွက်ခံထားရတာပဲ။ အဲဒီတော့ မင်းတို့ကို ငါတို့ရဲ့ခွန်အားကို ပြပေးမယ်။ ပထမအကြီးအကဲ!”

ဂိုဏ်းချုပ် ညင်သာစွာအော်လိုက်သည်နှင့် သူ၏နောက်မှ ဆံပင်ဖြူနှင့် မုတ်ဆိတ်မွေးရှိသည့် အဘိုးကြီးတစ်ယောက် ဖြည်းညှင်းစွာ ထွက်လာသည်။ ထိုသူသည် ယွင်လီကောကိုကြည့်ရင်း ပြုံးလိုက်သည်။

"ကလေး၊ မင်း သူတော်စင်အဆင့်အထက်က ကျင့်ကြံခြင်းနည်းစနစ်ပိုင်ဆိုင်ပြီး ငါတို့ရဲ့ လက်ရှိကျင့်ကြံဆင့်ကိုဖိနှိပ်ဖို့ အရိုးဖြူနတ်ဆိုးဂိုဏ်း အပြင်မှာ အစီအရင်ချထားလိုက်ရုံနဲ့ ငါတို့ အရိုးဖြူနတ်ဆိုးဂိုဏ်းမှာ မင်းမောက်မာလို့ရပြီလို့မထင်လိုက်နဲ့။"

“မင်းတို့သုံးယောက်က အလွန်ဆုံးမှ စိတ်ဝိညာဉ်အဆင့်နဲ့ တောင်ပင်လယ်အဆင့်ပဲရှိဦးမှာ။ မင်းမှာ မင်းရဲ့တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ပေးနိုင်တဲ့ အစွမ်းထက်တဲ့ ကျင့်ကြံခြင်းနည်းလမ်းပိုင်ဆိုင်ရင်တောင် ကောင်းကင်ကို အံတုဖို့ဆိုတာ မဖြစ်နိုင်သေးဘူး"

"ငါတို့ အရိုးဖြူနတ်ဆိုးဂိုဏ်းရဲ့ အကြီးအကဲအုပ်စုမှာ အာကာပြင်လေ့လာခြင်းအဆင့်ပညာရှင် သုံးဦးနဲ့ စိတ်ဝိညာဉ်သန့်စင်ခြင်းအဆင့်အကြီးအကဲ ရှစ်ဦး ရှိတယ်။ မင်းတို့ သုံးယောက် သူတို့အားလုံးကို ခုခံနိုင်ပါ့မလား စိုးရိမ်မိတယ်.. ”

သူတို့စကားပြောနေစဉ်တွင် ထိုအကြီးအကဲဆယ်ဦးသည် တစ်ပြိုင်နက် ရှေ့ထွက်လာပြီး ယွင်လီကောနှင့် အခြားနှစ်ယောက်ကို ဝိုင်းရံလိုက်သည်။

ယွင်လီကောနှင့် ကျန်နှစ်ယောက်သည်လည်း ချက်ချင်း နောက်သို့လှန်ကာ အရိုးဖြူနတ်ဆိုးဂိုဏ်း၏ အကြီးအကဲအုပ်စုကို တွန်းလှန်ရန် သုံးမြှောင့်ပုံစံ ဖွဲ့စည်းလိုက်သည်။

သူတို့ သုံးယောက်လုံးသည် တုံးအနေသူများမဟုတ်ပေ။ သူတို့၏ဆရာ စီရင်ထားသည့် ကျင့်ကြံဆင့်ကိုဖိနှိပ်သည့် ကောင်းကင်ဘုံအဆင့် အစီအရင်သည် ရန်သူများ၏ ကျင့်ကြံဆင့်ကို အဆင့်တစ်ခုအထိ လျှော့ချနိုင်သော်လည်း၊ သူတို့သည် လက်ရှိတွင် စိတ်ဝိညာဉ်သန့်စင်ရေးအဆင့်မှ ကျွမ်းကျင်သူ သုံးဦးနှင့် တောင်ပင်လယ်အဆင့်မှ ကျွမ်းကျင်သူ ရှစ်ဦးကို ရင်ဆိုင်နေရခြင်းဖြစ်သည်။

ထို့အပြင် ရန်သူ၏အင်အား မည်မျှအားကောင်းသည်ကို အခြေခံ၍ အစီအရင်၏ အကျိုးသက်ရောက်မှုသည်လည်း အားနည်းသွားမည်ဖြစ်သည်။

သူတို့သည် အလွန်အင်အားကောင်းသောကြောင့် အရိုးဖြူနတ်ဆိုးဂိုဏ်း၏ ပထမအကြီးအကဲနှင့် အခြား အာကာပြင်လေ့လာခြင်းအဆင့်မှ ကျွမ်းကျင်သူနှစ်ဦး၏ ကျင့်ကြံဆင့်သည် များစွာလျော့နည်းသွားခြင်းမရှိပေ။

ကံကောင်းထောက်မစွာ၊ ယွင်လီကောနှင့် ကျန်နှစ်ဦးတို့သည် သူတို့ကိုယ်ပေါ်တွင်ရှိသည့် သူတို့ဆရာ၏ ခုခံရေးအစီအရင်မှာဆက်လက်တည်ရှိနေပြီး တဖက်လူ၏တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့သည်။

အနည်းဆုံး ထိုအစီအရင်သည် သူတို့၏ အသက်အန္တရာယ်ကို မထိခိုက်စေဖို့ သေချာစေသည်။

ယွင်လီကော၏အကြည့်တို့သည် အနည်းငယ် လေးနက်နေပုံရကာ၊ “အားလုံးပဲ သတိထားကြ။ နောက်ထပ်တိုက်ပွဲက အရင်ကလို လွယ်ကူတော့မှာ မဟုတ်ဘူး။ ငါတို့မှာ ခုခံရေးအစီအရင်ရှိပြီး ငါတို့အသက်အန္တရာယ်မထိခိုက်နိုင်ပေမယ့် တိုက်ခိုက်ခံရရင် ငါတို့ခန္ဓာကိုယ်တွေက လွင့်ထွက်သွားမှာ.. ဒါ့အပြင်၊ အချိန်ကြာလာတာနဲ့အမျှ အစီအရင် ဖွဲ့စည်းမှုလည်း ကျိုးပျက်သွားလိမ့်မယ်။”

ဖုန်းထျန်းယွမ်က သူ့နှုတ်ခမ်းတွေကို သပ်လိုက်သည်။

"အဲ့တော့ ဘာဖြစ်သလဲ? ငါတို့ ကူးပြောင်းခြင်းအစီအရင်ကို အသက်သွင်းပြီး ဆရာ့ဆီကို ပြန်ပြေးရမှာလား? ဆရာက ငါတို့အတွက် ဒီလေ့ကျင့်ရေးကွင်းကို ခက်ခက်ခဲခဲ တည်ဆောက်ထားရတာကို။”

သူထိုသို့ ပြောပြီးသည်နှင့် ရွှေရောင်ပုံရိပ်သည် သူ၏ခန္ဓာကိုယ်ကို ဖုံးလွှမ်းလိုက်သည်။ လက်ထဲတွင် ရွှေတူကိုကိုင်၍ ဖုန်းထျန်းယွမ်သည် သူ၏ရှေ့မှ စိတ်ဝိညာဉ်သန့်စင်ရေးဆင့် ကျွမ်းကျင်သူတစ်ဦးကို တိုက်ရိုက်တိုက်ခိုက်လိုက်သည်။

တစ်ဖက်သူ၏ ကျင့်ကြံဆင့်ကို တောင်တန်းပင်လယ်ဘုံအထိ ဖိနှိပ်ထားပြီးဖြစ်သည်။ သိုင်းဘုရင်အဆင့်ကျင့်ကြံခြင်းနည်းစနစ်နှင့် ကောင်းကင်ဘုံအဆင့်မြင့် ရွှေတူ၏အားကိုးဖြင့်၊ သူသည် တဖက်သူကို ရင်ဆိုင်ဖို့ မကြောက်ပါ။

ပြင်းထန်သောဖိအားသည် အကြီးအကဲ၏အမူအရာကို လေးနက်လာစေသည်။ သူသည် သတိလက်လွတ်မလုပ်ဝံ့ပဲ အရိုးဖြူနတ်ဆိုးဂိုဏ်း၏ ကောင်းကင်နတ်ဆိုးလက်ဝါးသိုင်းကို ချက်ချင်းအသုံးပြုသည်။

ဘုန်း..

အင်အားစုနှစ်ခု တိုက်မိသည့်အခိုက်တွင်၊ ပြင်းထန်သော စွမ်းအင်လှုပ်ရှားမှုသည် သူတို့နှစ်ဦးစလုံးကို တစ်ချိန်တည်းတွင် နောက်ဆုတ်ခွာစေသည်။

ယွင်လီကောနှင့် ကျီဝူရှားတို့ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ကူကယ်ရာမဲ့စွာ ခေါင်းယမ်းလိုက်ကြသည်။ သူတို့ပါ တစ်ချိန်တည်းမှာပင် တိုက်ခိုက်လိုက်ကြသည်။ သို့သော် သူတို့နှစ်ဦးသည်လည်း အတူတူပင်။

သူတို့သုံးယောက်လုံး ထိုသို့ ဖိအားပေးခံနေရသည့်အချိန်တွင် တခြားအကြီးအကဲများသည်လည်း နောက်မဆုတ်ပဲ တပြိုင်နက် တိုက်ခိုက်ကြသည်။

သူတို့သည် မတုံးအပေ။ သူတို့ဘက်က အားသာနေသည်ဆိုရငိတောင် ယွင်လီကောနှင့်ကျန်နှစ်ယောက်ကို ကိုင်တွယ်ရာတွင် တစုံတစ်ရာ အမှားမခံချင်ပေ။

အကြီးအကဲတိုင်းသည် ဂိုဏ်း၏အရေးအပါဆုံးအင်အားစုဖြစ်သည်။ သူတို့သာ တစ်ခုခုဖြစ်ခဲ့လျှင် အရိုးဖြူနတ်ဆိုးဂိုဏ်းကို အကြီးအကျယ် ထိခိုက်စေလိမ့်မည်။

တစ်ချိန်တည်းမှာပင် သူတို့သုံးဦးသည် တိုက်ခိုက်မှု ခြောက်ကြိမ်ထက်မနည်း ရင်ဆိုင်ရသည်။

အုန်း...အုန်း..အုန်း...

ပြင်းထန်သောအားသည် သုတို့ သုံးယောက်ကို သူတို့၏ မူလနေရာများသို့ တိုက်ရိုက် ဖိအားပေးတွန်းပို့ခံရသည်။

ယခုတစ်ကြိမ်သည် မြေကြီးထဲရှိ တွင်းထဲသို့ သူတို့သုံးယောက် ကျရမည့် အလှည့်ဖြစ်သည်။

သို့သော် သူတို့သုံးယောက်သည် တွင်းထဲမှ လျင်မြန်စွာ တွားသွားထွက်လာသည်။ သူတို့သည် မောဟိုက်နေသော်လည်း ထိခိုက်ဒဏ်ရာရခြင်းမရှိပေ။

“ဟားဟား… ငါ တွက်တာ မှားသွားတာပဲ။ သူတို့ကို ဒီလောက်ဒုက္ခများမယ်လို့ မမျှော်လင့်ထားဘူး။”

သုံးယောက်သား တစ်ယောက်ကိုတစ်ယောက် ကူကယ်ရာမဲ့စွာ ကြည့်လိုက်ကြသည်။

သူတို့သည် အထင်ကြီးစရာပုံရိပ်ဖော်ဆောင်ဖို့ ကြိုးစားခဲ့ကြသော်လည်း ကျရှုံးခဲ့သည်ပင်။

ဒါကတော့ သူတို့လည်းမတတ်နိုင်ပေ။ စင်စစ် သူတို့၏ ကျင့်ကြံဆင့်က နိမ့်လွန်းနေခြင်းဖြစ်သည်။ နောက်ဆုံးတွင်၊ သူတို့သည် သူတို့ဆရာ၏ အစီအရင်နှင့် သိုင်းဘုရင်အဆင့်ကျင့်စဉ်၏ခွန်အားအပြင် ကောင်းကင်ဘုံအဆင့်မြင့် လက်နက်ကို အားကိုးခြင်းဖြင့်သာ ဤအခြေအနေထိ ရောက်ရှိနိုင်ခဲ့သည်။

အကယ်၍ သူတို့သည် စိတ်ဝိညာဉ်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်ပညာရှင်တစ်ဦးတည်းနှင့်သာ တိုက်ခိုက်ပါက၊ တဖက်လူ၏ ကျင့်ကြံဆင့်တစ်ခုလုံးကို ဖိနှိပ်နိုင်ခြင်းကြောင့် သူ့တွင် အနိုင်ရဖို့ အခွင့်အရေးရှိသေးသည်။

သို့သော် ရန်သူအရေအတွက် တိုးလာသည်နှင့်တပြိုင်နက် သူတို့ဘာမျှ မတတ်နိုင်ပေ။

အရိုးဖြူနတ်ဆိုးဂိုဏ်းချုပ်၏ မျက်လုံးများ ကျဉ်းမြောင်းသွားလေသည်။

“စိတ်ဝင်စားဖို့ကောင်းတာပဲ။ တကယ်တော့ သူတို့ကိုယ်ခန္ဓာပေါ်မှာ ခုခံခြင်းအစီအရင်တွေ ရှိတယ်။ ဒီအစီအရင် အရည်အသွေးအရ၊ ဖန်တီးခြင်းအဆင့် ကျွမ်းကျင်သူဆီက တိုက်ခိုက်မှုကိုတောင် ခံနိုင်ရည်ရှိမှာကို စိုးရတယ်။ မင်းတို့ရဲ့နောက်ကွယ်က ဆရာဟာ တကယ့်ကို ရိုးရိုးရှင်းရှင်း လူတစ်ယောက်မဟုတ်ဘူးထင်တယ်။ အာကာပြင်ပြိုကွဲခြင်းအဆင့် ကျွမ်းကျင်သူရဲ့ တိုက်ခိုက်မှုကိုရော တွန်းလှန်နိုင်ပါ့မလား သိချင်သား!"

သူ ထိုသို့ပြောပြီးသည်နှင့် တပြိုင်နက် အရိုးဖြူနတ်ဆိုးဂိုဏ်းချုပ်သည် အမှန်တကယ်ပင် ရှေ့သို့ တိုးလာသည်။

"မကောင်းတော့ဘူး၊ နောက်ဆုတ်ကြ"

ယွင်လီကောသည် အန္တရာယ်ကို ခံစားရပြီး အော်ပြောလိုက်သည်။ နေရာအကူးအပြောင်းအစီအရင်ကို အသက်သွင်းရန် ပြင်ဆင်လိုက်သည်။ သို့သော်၊ အရိုးဖြူနတ်ဆိုးဂိုဏ် ၏ပထမအကြီးအကဲနှင့် အခြားသူများသည် ပြင်ဆင်ထားပြီးဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူတို့သည် တိုက်ရိုက်တိုက်ခိုက်ခဲ့ပြီး အာကာပြင်ကို တုန်လှုပ်စေကာ နေရာအကူးအပြောင်းအစီအရင်ကို အသက်ဝင်စေခြင်းမှ တားဆီးလိုက်သည်။

"သေစမ်း..."

ယွင်လီကော တံတွေးတစ်ချက်ထွေးလိုက်ကာ သုံးယောက်သား၏ အမူအရာ ပြောင်းသွားသည်။

နောက်အခိုက်အတန့်တွင်၊ အရိုးဖြူနတ်ဆိုးဂိုဏ်းချုပ်၏ လက်ဖဝါးသည် သူတို့ သုံးဦးပေါ် ကျရောက်လာသည်။

အုန်း..

သူတို့ သုံးယောက်လုံးကို တစ်ပြိုင်နက်လွင့်ထွက်သွားစေသည်။ အားပြင်းသော လေလှိုင်းတစ်ခုသည် သူတို့ သုံးဦး၏အပေါ် ရှိ ခုခံခြင်းအစီအရင်ကို တိုက်ရိုက် ကျိုးပျက်သွားစေကာ ၎င်းတို့ သုံးဦး မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားသည်။ သူတို့သည် ပါးစပ်ထဲမှ သွေးတွေအန်တော့သည်။

ခုခံခြင်းအစီအရင်သည် အရိုးဖြူနတ်ဆိုးဂိုဏ်းချုပ် အပေါ် သက်ရောက်မှုမရှိတော့ပေ။ ဤအခိုက်အတန့်တွင်၊ သူ၏ ကျင့်ကြံဆင့်သည် အများဆုံး အဆင့်သေးနှစ်ဆင့်သာ လျော့ကျသွားမည်ဖြစ်ပြီး အာကာပြင်ပြိုကွဲခြင်းအဆင့်မှ လုံးဝ ကျဆင်းသွားမည်မဟုတ်ပေ။

သူတို့သုံးယောက်ကြားက ကွာခြားချက်က အရမ်းကြီးလွန်းသည်။ ခုခံဖို့ရန် လွယ်လွယ်နဲ့ မဖြစ်နိုင်ပေ..

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် - ၃

အခန်း ၃၈ မင်းကအရမ်းစိတ်ထား ကျဉ်းမြောင်းလွန်းတယ်...

“သူတို့ရဲ့ အကာအကွယ်အစီအရင်ကပျက်သွားပြီ။ မြန်မြန်၊ သူတို့ကို တိုက်ခိုက်ကြ။ သူတို့ရဲ့ ကျင့်ကြံခြင်းနည်းစနစ်တွေနဲ့ လက်နက်တွေက ငါတို့အတွက်ပဲ။”

"သေစမ်း နေရာအကူးအပြောင်းအစီအရင်ကို အမြန်အသက်သွင်းလိုက်။"

ယွင်လီကောသည် နေရာအကူးအပြောင်းအစီအရင်ကို အသက်သွင်းရန် သူ၏ ဆရာတူညီလေးနှင့် ညီမလေးအား ဟစ်အော်ခဲ့သည်။

အကာအကွယ်အစီအရင်ကို ဆုံးရှုံးလိုက်ရသည်မှာ ရယ်စရာမဟုတ်ပေ။

အရိုးဖြူနတ်ဆိုးဂိုဏ်းတွင် အချိန်အကြာကြီး မောက်မာနေနိုင်ရသည့် အကြောင်းရင်းမှာ အဓိကအားဖြင့် ဆရာ့၏ အကာအကွယ်အစီအရင်ကြောင့်သာ ဖြစ်သည်။

သူတို့သုံးယောက်၏ ထိခိုက်မှုကို အသက်သာဆုံးအနေအထားသို့ ဖြစ်သွားစေခဲ့သည်။

၎င်းသည် အခြားသူများ၏ တိုက်ခိုက်မှုကြောင့် ထိခိုက်သွားရရုံသာမကဘဲ တိုက်ပွဲမှ လှုပ်ရှားမှုလှိုင်း၏ ထိခိုက်မှုများကြောင့်လည်း ပါသည်။ သူတို့၏ တိုက်ခိုက်မှုများမှ နောက်ဆက်တွဲ လှိုင်းများပင်လျှင် သူတို့၏ ဆရာ၏ အကာအကွယ်အစီအရင်ကြောင့် ပိတ်ဆို့ခဲ့သည်။

ယခုမူ အကာအကွယ်အစီအရင် မရှိတော့သည့်အတွက် တစ်ဖက်သား၏တိုက်ခိုက်မှုကသာ သူတို့အပေါ်ထပ်မံကျရောက်လျှင် အမှန်တကယ်သေသွားလိမ့်မည်။

သို့သော်!

သူတို့သည် နေရာအကူးအပြောင်းအစီအရင်ကို အသက်သွင်းလိုက်သောအခါတွင် သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် အလင်းရောင်တစ်ခု လင်းလက်လာသော်လည်း ချက်ချင်း ပြန်မှိန်သွားသည်။

ချက်ခြင်းပင် သူတို့ သုံးယောက်လုံး၏ ကျောရိုးများတစ်လျှောက် အေးစိမ့်သွားသည် ။

နေရာအကူးအပြောင်းအစီအရင် မအောင်မြင်ပေ။

အရိုးဖြူနတ်ဆိုးဂိုဏ်းသခင်၏ နှုတ်ခမ်းများ တွန့်ကွေးသွားခဲ့သည်။ "ငါ့ကိုများ ဝက်တစ်ကောင်လို့ မင်းတို့ထင်နေတာလား? ဒီလောက် မဖြစ်နိုင်တဲ့အရာတွေ မင်းတို့ အများကြီးလုပ်ထားပြီးနောက်မှာ မင်းတို့ကို ငါလျှော့တွက်နေသေးတယ်လို့ ထင်နေတာလား? အရိုးဖြူနတ်ဆိုးတောင်ရဲ့ နေရာတစ်ခုလုံးကို ငါ့ရဲ့ အကာကွယ်အစီအရင် အသက်သွင်းထားပြီးပြီ။ မင်းတို့ရဲ့ နေရာအကူးအပြောင်းအစီအရင်ဟာ အလုပ်မဖြစ်နိုင်တော့ဘူး။"

“ပထမ အကြီးအကဲ၊ သူတို့ကို တိုက်ခိုက်လိုက်တော့။ သူတို့ရဲ့ စိတ်ဝိညာဉ်တွေကို တိုက်ရိုက်စုပ်ထုတ်ပြီး ကျင့်ကြံခြင်းနည်းလမ်းကို ထုတ်ယူဖို့ လျှို့ဝှက်နည်းပညာကို အသုံးပြုပါ။”

“ကောင်းပြီ၊”

ပထမအကြီးအကဲသည် မကောင်းဆိုးဝါးဆန်ဆန် ပြုံးလိုက်ပြီး သူ၏ဘေးနားရှိ အကြီးအကဲများကို အချက်ပြကာ ထပ်မံတိုက်ခိုက်ကြပြန်သည်။

ယွင်လီကောနှင့် ကျန်နှစ်ယောက်တို့သည် ခုခံချင်သော်လည်း သူတို့တွင် အင်အား ယဲ့ယဲ့သာကျန်လေတော့သည်။

ယခုအခြေအနေတွင် သူတို့သုံးယောက်လုံးသည် တစ်ဦးချင်းတိုက်ပွဲတွေကို ကိုင်တွယ်နိုင်စွမ်းရှိကြသေးသည်။ သို့သော် လူအများအပြားကို တပြိုင်နက် တိုက်ခိုက်နိုင်ခြင်းတော့ မရှိပေ။

ပိုဆိုးသော ပြဿနာမှာ သူတို့ကိုယ်ထက်က အကာအကွယ်အစီအရင်ကို ဆုံးရှုံးသွားရခြင်းပင်။

တိုက်ပွဲမှ အင်အားလှုပ်ရှားမှု လှိုင်းများသည်ပင် သူတို့အား ပြင်းထန်သော ဒဏ်ရာများ ဖြစ်စေနိုင်သည်။

အကာအကွယ်စီအရင်သာ ရှိနေသေးလျှင်က လွင့်ထက်သွားရုံသာဖြစ်မည်ဖြစ်ပြီး ဒဏ်ရာ ပြင်းပြင်းထန်ထန် မရစေပါ။

သေစမ်း..

သူတို့ သုံးယောက်သည် ချက်ခြင်းပင် ငိုချင်လာသလို ခံစားလိုက်ရသည်။

သူတို့သာ ကောင်းကောင်းနားလည်လျှင် ဒီလိုဖြစ်မှာ မဟုတ်ပေ။

သူတို့၏ ဆရာပြောသည်မှာ အမြဲတမ်း မှန်သည်။ အောင်နိုင်ချေရှိလျှင် တိုက်ရမည်။ မဟုတ်လျှင် သူတို့သည် အခွင့်အရေးရတုန်း ပြေးခဲ့သင့်သည်။

အကယ်၍ သူတို့သည် နေရာအကူးအပြောင်းအစီအရင်ကို ဆောလျင်စွာအသက်သွင်းပြီး အရိုးဖြူနတ်ဆိုးဂိုဏ်းသခင် ပေါ်လာသည့်အချိန်တည်းက လွတ်မြောက်ခဲ့မည်ဆိုလျှင်၊ သူတို့လည်း ဤကဲ့သို့သောအခြေအနေမျိုးနှင့် အဆုံးသတ်လိမ့်မည်မဟုတ်ပေ။

ယခုဆိုလျှင် နှစ်ဘက်တိုက်ခိုက်မှုများမှ တိုက်မိသည့်အရှိန်ကြောင့် အင်အားလှုပ်ခတ်မှု လှိုင်းလုံးကြီးများသည် သူတို့ သုံးဦးကို ချက်ချင်း ဒဏ်ရာရစေမည်ကို တွေးကြည့်၍ရသည်။

အရိုးဖြူနတ်ဆိုးဂိုဏ်းမှ အကြီးအကဲများ၏ တိုက်ခိုက်မှုများသည် ပို၍ နီးကပ်လို့လာလေပြီ။ ဤစက္ကန့်အနည်းငယ်ကို စောင့်ဆိုင်းခြင်းရသည် သူတို့ကို ညှဉ်းပန်းနေသကဲ့သို့ ရာစုနှစ်တစ်ခုမျှပင်ကြာရှည်သည်ဟု ခံစားလာရသည်။

သူတို့သုံးယောက်သည် ချက်ချင်းပင် သူတို့၏ ကျင့်ကြံခြင်းနည်းလမ်းများကို အရူးအမူး ထုတ်သုံးကြသည်။ အင်အားလှုပ်ခတ်မှု လှိုင်းလုံးကြီးများသည် ထိခိုက်စေသော်လည်း သေခြင်းတရားကို ရင်ဆိုင်ရချိန်တွင် အလိုလို တုံ့ပြန်မှုက သူတို့ကို လှုပ်ရှားဖို့ တွန်းအားပေးနေသေးသည်။

သို့သော်...

သူတို့၏ တိုက်ခိုက်မှုတွေ တိုက်မိခါနီးမှာပင် ကြီးမားသည့် အင်အားတစ်ခုက ရုတ်တရက် သူတို့ သုံးယောက်ကို နောက်ကနေ ဆွဲခေါ်လိုက်သည်။

"မင်းတို့ သုံးယောက်က အကာအကွယ်အစီအရင် မရှိတော့တာတောင် သူတို့ကို တိုက်ခိုက်ဖို့ သတ္တိရှိနေတုန်းပဲပေါ့။ သူတို့သိုင်းကွက်တွေကနေ အပေါ်ယံ လှိုင်းလေးကတောင် မင်းတို့ကိုသတ်ပစ်မှာ မကြောက်ဘူးလား?"

ထိုရင်းနှီးသောအသံကိုကြားလိုက်ရသည်နှင့် သုံးယောက်သားသည် မထိန်းနိုင်ဘဲ ငိုကြတော့သည်။

သူတို့၏ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် အသက်ရှင်ရသည်မှာ မည်မျှကောင်းကြောင်း ခံစားရသည်။

“ဆရာ..”

သူတို့သုံးယောက်သည် သူတို့၏ဆရာကို ကြင်နာမှုအပြည့်နှင့်ခေါ်လိုက်ပြီး သူတို့၏အသံမှာ အနိုင်ကျင့်ခံရသည့် ကလေးများသဖွယ် အနည်းငယ် ညင်သာနေသည်။

လုရှောင်ယန်ကတော့ သူတို့ကို လျစ်လျူသာရှုလိုက်သည်။

တုနှိုင်းမဲ့ရွှေခန္ဓာကျင့်စဉ်သည် သူ၏ ခန္ဓာကိုယ်တစ်လျှောက်လှည့်ပတ်သွားကာ ကြီးမားသည့် ရွှေရောင်သဏ္ဍာန်လက်ရုံးတစ်ခုအဖြစ် သူ၏လက်မောင်းမှ ရွှေရောင်အရှိန်အဝါ ရုတ်တရက် ထွက်ပေါ်လာသည်။

ထို့နောက် သူ၏ရှေ့က ဟင်းလင်းပြင်ကို ဆွဲကိုင်လိုက်သည်။ အစွမ်းထက်သော ခွန်အားသည် အမှန်တကယ်ပင် သူ၏ရှေ့ရှိ ဝိညာဉ်စွမ်းအင်အားလုံးကို ချက်ခြင်း စုပ်ယူလိုက်သည်။ သူ၏ ခွန်အားသည် လျော့မသွားဘဲ အရိုးဖြူနတ်ဆိုးဂိုဏ်း၏ အကြီးအကဲအုပ်စုမှ အကြီးအကဲများ၏ တိုက်ခိုက်မှုနှင့် တိုက်ရိုက် တိုက်မိသွားသည်။

ခရက် ခရက်...

အက်ကွဲသံအနည်းငယ်ဖြင့် လုရှောင်ယန်သည် အာကာပြင်လေ့လာခြင်းကျွမ်းကျင်သူနှစ်ဦးနှင့် စိတ်ဝိညာဉ်သန့်စင်ခြင်းအကြီးအကဲအနည်းငယ်တို့၏ တိုက်ခိုက်မှုများကို တိုက်ရိုက်ဖြိုခွဲခဲ့သည်။

သူတို့၏ တိုက်ခိုက်မှုအား သည် ထိန်းချုပ်မှုလွတ်သွားပြီး နောက်တစ်စက္ကန့်တွင်ပဲ ပေါက်ကွဲသွားတော့သည်။

ဘုန်း...

ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခုသည် ကောင်းကင်ကို ဖြိုခွင်းသွားကာ ကီလိုမီတာ ၅၀ ပတ်၀န်းကျင်ကို လင်းထိန်သွားစေသည်။

မှိုသဏ္ဍာန်တိမ်တိုက်တစ်ခု ပေါ်ပေါက်လာပြီးနောက် ဝိညာဉ်စွမ်းအင် လှုတ်ခတ်မှုများ ပေါက်ကွဲကာ အရိုးဖြူနတ်ဆိုးဂိုဏ်း အကြီးအကဲအနည်းငယ်ကို နေရာမှ ဆုတ်ခွာစေဖို့ တွန်းအားပေးခံလိုက်ရသည်။

ဖူး.. ဖူး...

သူတို့ထဲမှ အချို့မှာ သွေးတစ်ပွက် အန်ထုတ်ပြီး မူလနေရာသို့ ဆုတ်ခွာသွားကြသည်။

ထိုမြင်ကွင်းကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

တိုက်ခိုက်မှု တစ်ချက်တည်းသာဖြစ်သည်။ တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် အရိုးဖြူနတ်ဆိုးဂိုဏ်း၏ အကြီးအကဲအုပ်စု တစ်ခုလုံးကို တိုက်ရိုက်နှိမ်နင်းခဲ့သည်။ မတိုက်ခိုက်ရသေးသော ပထမအကြီးအကဲတစ်ဦးရှိသေးသော်လည်း လုရှောင်ယန်သည်တော့ အထိခိုက်လုံးဝမရှိပေ။

သို့ဆိုလျှင် ပထမ အကြီးအကဲ ပါ၀င်လျှင်ကော ဘယ်လိုအခြေအနေဖြစ်သွားမလဲ။

သူသည် လုရှောင်ယန်ကို ပိုမိုအားစိုက်ထုတ်သွားစေရုံသာ ဖြစ်လိမ့်မည်။

ဂလု...၊

အရိုးဖြူနတ်ဆိုးဂိုဏ်း၏ ပထမအကြီးအကဲသည် တံတွေး ခက်ခက်ခဲခဲ မျိုချပြီး သူ့ဂိုဏ်းချုပ်ကို ကြည့်လိုက်သည်။

ဂိုဏ်းချုပ်၏ နဖူးတွင်လည်း ချွေးစေးများပြန်နေပေပြီ။ သို့သော် သူကပါ တုန်လှုပ်၍နေမရမှန်း သူသိသည်။ ဤအခြေအနေတွင် သူ တုန်လှုပ်မိလျှင် အရာအားလုံး ဖရိုဖရဲ ဖြစ်သွားလိမ့်မည်။

ဒါကြောင့် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး အေးစက်လှသောလေသံဖြင့်၊ “ကောင်းကင်နတ်ဆိုးဂိုဏ်းမှာ မင်းလို ဉာဏ်ရည်ထက်မြက်တဲ့ ပါရမီရှင်တစ်ယောက်ရှိနေမယ်လို့ ငါမမျှော်လင့်ထားဘူး။ မင်းက ငါ့ရဲ့ အရိုးဖြူနတ်ဆိုးဂိုဏ်း ရဲ့ အသိကို တကယ်ကို ကျယ်ပြန့်စေခဲ့တာပဲ။ ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေ အားလုံးက နားလည်မှုလွဲတာပါ။ ငါ့ရဲ့ အရိုးဖြူနတ်ဆိုးဂိုဏ်းနဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းဆိုတာက နှစ်ပေါင်းများစွာ မိတ်ဆွေဖြစ်ခဲ့တယ်လို့ ယူဆနိုင်တယ်လေ။ ငါတို့ဘာလို့ဒီမှာမရပ်ရမှာလဲ?"

"ကျုပ် ဘာပြန်ပြောမယ်လို့ ခင်ဗျားထင်လဲ?"

လုရှောင်ယန်၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြောင်ခြင်းများဖြင့် ပြည့်နှက်နေသော အပြုံးလေးတစ်ခု ပေါ်လာသည်။

အရိုးဖြူနတ်ဆိုးဂိုဏ်းချုပ်မှာ အံသာ ကြိတ်လိုက်တော့သည်။ စင်စစ် သူ့တွင် မျှော်လင့်ချက် သိပ်မရှိပေ။ တဖက်သူသည် သူ၏လူအများအပြားကို သတ်ခဲ့ပြီး သေသည်အထိ တိုက်ပွဲဝင်ရမည့် အခြေအနေသို့ရောက်နေလေပြီ။

ကျင့်ကြံခြင်းလောကတွင် အားနည်းသူများသည် သန်မာသူများ၏ သားကောင်များဖြစ်သည်။ တခြားသူမှာက အားသာချက်ရှိနေသည်ဖြစ်ရာ သူတို့ အရိုးဖြူနတ်ဆိုးဂိုဏ်းကို ဘယ်လို လွှတ်ပေးပါမည်လဲ။

ဒါပေမယ့်…

လုရှောင်ယန်သည် ထိုမျှလောက် ခွန်အားရှိပြီး အရိုးဖြူနတ်ဆိုးဂိုဏ်းကို သူ့ဘာသာသူ ဖျက်ဆီးနိုင်သည်။ ဘာကြောင့်များ သူ၏တပည့်တွေကို အားကိုးနေပြီး သူက ဘာလို့ အခုမှ ပေါ်လာရတာလဲ?

ထိုအချိန်တွင် မိုးကုတ်စက်ဝိုင်းမှ ပေါက်ကွဲသံ ရုတ်တရက်ထွက်ပေါ်လာသည်။

ဘုန်း..

ဤပေါက်ကွဲသံသည် ရှိနေသူအားလုံးကို ထိတ်လန့်စေသည်။

ချက်ချင်းပင် နောက်ထပ် ပေါက်ကွဲသံ ထွက်ပေါ်လာသည်။ ထို့နောက် မိုးခြိမ်းသံသည် တဖြည်းဖြည်း သိပ်သည်းလာပြီး ကြယ်ရောင်ကောင်းကင်ကြီးကိုလည်း တိမ်များက ဖုံးလွှမ်းသွားသည်။

"မင်း ဘာလုပ်ထားတာလဲ?"

အရိုးဖြူနတ်ဆိုးဂိုဏ်းချုပ်၏ မျက်လုံးများ ချက်ချင်း အေးစက်သွားတော့သည်။

လုရှောင်ယန်ကတော့ ပခုံးအသာတွန့်ကာ နွေးထွေးစွာ ပြုံးလိုက်သည်။

"ဘာမှမဟုတ်ပါဘူး။ ဒါက ခင်ဗျားတို့ အရိုးဖြူနတ်ဆိုးဂိုဏ်းမှာ ကျုပ်တည်ဆောက်ထားတဲ့ တိုက်ခိုက်မှုအစီအရင်တစ်ခုပါပဲ။ အစီအရင်အတွင်းမှာရှိတဲ့ သက်ရှိသတ္တဝါအားလုံး ပျက်စီးရလိမ့်မယ်။”

"ဘာ. "

အရိုးဖြူနတ်ဆိုးဂိုဏ်းချုပ်၏ မျက်လုံးများကျဉ်းမြောင်းသွားကာ အော်ဟစ်လိုက်တော့သည်။

လုရှောင်ယန် ဘာလို့များ သူ့တပည့်သုံးယောက်ကို ဤမျှ ဒုက္ခခံပြီး အခြေအနေတွေဖန်တီးခဲ့သည်လဲ သူနောက်ဆုံးတွင် နားလည်လိုက်သွားပေပြီ။

အချိန်ဆွဲနေခဲ့ခြင်းပင်။

သူလိုချင်သည်မှာ အရိုးဖြူနတ်ဆိုးဂိုဏ်းကို ဖျက်ဆီးဖို့တင်မဟုတ်ဘဲ ချေမှုန်းဖို့ဖြစ်သည်။

ထို့ကြောင့် သူသည် တလျှောက်လုံး ပေါ်မလာဘဲ ၃၆၀ ဒီဂရီ တိုက်ခိုက်မှုအစီအရင်ကို ဖန်တီးနေခြင်းဖြစ်သည်။

ဤအခိုက်အတန့်တွင်၊ အရိုးဖြူနတ်ဆိုးဂိုဏ်းချုပ်သည် လုရှောင်ယန် မည်မျှကြောက်စရာကောင်းသည်ကို ပထမဆုံးအကြိမ် ခံစားမိသွားတော့သည်။

ဤလူသည် သေချာပေါက် နတ်ဆိုးတစ်ကောင်ပင်။ ဘယ်လိုအခြေအနေမျိုးပင်ဖြစ်ပါစေ သူ့အနေနဲ့ သေသည်အထိ တိုက်ပွဲဝင်ရပေတော့မည်။

သို့သော်လည်း အရိုးဖြူနတ်ဆိုးဂိုဏ်းချုပ်သည် အရှုံးမပေးချင်တာကြောင့် ခြိမ်းခြောက်သည့် နည်းလမ်းကို ပြောင်းသုံးလိုက်သည်။

“မင်းအရင်က ချထားတဲ့ အစီအရင်က တကယ်ကို ခြိမ်းခြောက်နိုင်တယ်ဆိုတာ ဝန်ခံပါတယ်။ ငါတို့ အရိုးဖြူနတ်ဆိုးဂိုဏ်းတစ်ခုလုံးရဲ့ အင်အားကို အမှန်တကယ် ဖိနှိပ်နိုင်ခဲ့တယ်။ ဒါပေမယ့် အဲ့တာက ယာယီ ဖိနှိပ်မှုပဲ။ ကိုယ့်ကိုကိုယ် သိပ်အထင်မကြီးလွန်းနေဘူးလား? ငါတို့ အရိုးဖြူနတ်ဆိုးဂိုဏ်းကို ဖျက်ဆီးဖို့ တိုက်ခိုက်မှုအစီအရင်လေး သုံးရုံနဲ့ ရတယ်လို့ မင်းတကယ်ထင်တယ်လား? ဒီနေ့၊ ငါတို့ အရိုးဖြူနတ်ဆိုးဂိုဏ်းက လူတစ်ယောက်ပဲအသက်ရှင်သရွေ့ ဒီကိစ္စကို ကြီးမြတ်တဲ့ကျိုးတော်ဝင်မိသားစုဆီ သတင်းပို့လိုက်ရင် မင်း ဘယ်လောက် ကြာကြာခံနိုင်မှာတဲ့လဲ?"

လုရှောင်ယန် ခေါင်းညိတ်လိုက်သည်။ “ခင်ဗျားက အရမ်းဉာဏ်ကောင်းပြီး ကိစ္စတော်တော်များများကို မှန်မှန်ကန်ကန် ပိုင်းခြားစိတ်ဖြာတတ်သူပဲ။ ကံမကောင်းစွာပဲ၊ မင်းရဲ့ခွဲခြမ်းစိတ်ဖြာချက်က မှန်ပေမယ့် မင်းက စိတ်ထားကျဉ်းမြောင်းလွန်းနေတယ်…."

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် - ၃

အခန်း ၃၉ သိုင်းဘုရင်အဆင့်လက်နက်

အရိုးဖြူနတ်ဆိုးဂိုဏ်းချုပ်သည် လုရှောင်ယန်၏ဆိုလိုရင်းကို နားမလည်ပါဘဲ မျက်ခုံးပင့်လိုက်သည်။

လုရှောင်ယန် ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီးနောက် ပြောလိုက်သည် "သာမန် တိုက်ခိုက်ခြင်းအစီအရင်တွေက ဒီလိုလုပ်ဖို့ခက်တယ်ဆိုတာဟုတ်ပါတယ်။ ဒါပေမယ့် ဒါက သိုင်းဘုရင်ထိပ်တန်းအဆင့် သတ်ဖြတ်ခြင်းအစီအရင်ဆိုရင်ရော...။"

အရိုးဖြူနတ်ဆိုးဂိုဏ်းချုပ်၏ မျက်စံများကြုံ့သွားကာ အအေးဓါတ်တစ်ခုက သူ၏ခြေဖဝါးအောက်ခြေမှ ခန္ဓာကိုယ်တစ်လျှောက်ဖြတ်စီးသွားပြီး ဦးခေါင်းထိပ်သို့ ရောက်ရှိလာကာ ဆံပင်တွေပါထောင်သွားသလိုခံစားလိုက်ရသည်။

"ဒါမဖြစ်နိုင်ဘူး။ မင်းက ဘယ်လိုလုပ်ပြီး သိုင်းဘုရင်ထိပ်တန်းအဆင့် သတ်ဖြတ်ခြင်းအစီအရင် ရှိနေရတာလဲ?"

သူပြောပြီးသည်နှင့် တပြိုင်နက် ရေပုံးကဲ့သို့ သိပ်သည်းသည့် ခရမ်းရောင် မိုးကြိုးသွားတစ်ခု ကောင်းကင်မှ ရုတ်တရက် ကျလာကာ အရိုးဖြူနတ်ဆိုးဂိုဏ်း၏ ပထမအကြီးအကဲကို ထိမှန်သွားတော့သည်။

ဘုန်း...

မိုးခြိမ်းသံနှင့်အတူ အရိုးဖြူနတ်ဆိုးဂိုဏ်း၏ပထမအကြီးအကဲသည် မိုးကြိုးကြောင့် ပြာအဖြစ်သို့ တိုက်ရိုက်ပြောင်းလဲသွားကာ တုံ့ပြန်ရန် အခွင့်အရေးပင်မရရှိခဲ့ပေ။

ထိုမြင်ကွင်းကိုမြင်သော အရိုးဖြူနတ်ဆိုးဂိုဏ်းမှ ဂိုဏ်းသားများ အားလုံး ကြောင်အသွားကြသည်။

ထိုသူသည် အာကာပြင်သန့်စင်ခြင်းအဆင့်သို့ပင် ရောက်နေပြီဖြစ်သည့် ပထမဆုံး အကြီးအကဲပင်။

အာကာပြင်သန့်စင်ခြင်းအဆင့်ကိုလေ!

အကယ်၍ သူလိုလူတောင် ဤမိုးကြိုးကို ခံနိုင်ရည်မရှိလျှင်၊ ဤအစီအရင်သည် ကောင်းကင်ကို အံတုနိုင်လွန်းသွားပြီ မဟုတ်ဘူးလား။

ဒီအစီအရင်က သိုင်းဘုရင်ထိပ်တန်းအဆင့်ဆိုတာ မမှားနိုင်ဘူး။

"ဘယ်လို... ဒါကို ငါတို့ ဘယ်လို အနိုင်ယူနိုင်မှာလဲ?"

"ပြေး...ပြေး!"

“ပြေးကြ!”

အရိုးဖြူနတ်ဆိုးဂိုဏ်း၏ တပည့်များသည် အရပ်မျက်နှာအစုံသို့ အရူးအမူး ထွက်ပြေးကြတော့သည်။ သို့သော် နောက်ကျသွားပေပြီ။ ခရမ်းရောင်မိုးကြိုးသည် ကောင်းကင်မှ လျင်မြန်စွာကျဆင်းလာခဲ့လေပြီ။ မိုးကြိုးပစ်ခံရသော တပည့်များမှာ အသက်ရှင်ရန် အခွင့်အလမ်းမရှိဘဲ ပြာအဖြစ်သို့ တိုက်ရိုက်ရောက်သွားကြသည်။

ဤသည်ကိုမြင်သော် အရိုးဖြူနတ်ဆိုးဂိုဏ်းချုပ်တစ်ယောက် လုံးဝပြိုလဲသွားရတော့သည်။

တစ်ချိန်တည်းမှာပင် တစ်စုံတစ်ခုကိုလည်း ဝေဝေဝါးဝါး တွေးမိသွားသည်။

လုရှောင်ယန်သည် အဘယ်ကြောင့်များ သူတို့ကို နှုတ်ပိတ်ဖို့ အရိုးဖြူနတ်ဆိုးဂိုဏ်းဆီ လာရတာလဲ? သိုင်းဘုရင်ထိပ်တန်းအဆင့် အစီအရင်ကိုချရန် ဘာကြောင့်များ မတွန့်ဆုတ်နေခဲ့ရတာလဲ?

အကြီးအကဲချန်ရွှမ်သည် တစ်ခုခုကို သိရှိသွားခဲ့ခြင်းဖြစ်ရမည်။ ထိုလျှို့ဝှက်ချက်ကို မဖော်ထုတ်နိုင်စေရန်၊ သူ၏ အရိုးဖြူနတ်ဆိုး ဂိုဏ်းတစ်ခုလုံးကို ဖျက်ဆီးပြီး တစ်ကမ္ဘာလုံးက ပြစ်တင်ရှုတ်ချမည်ကိုပင် လစ်လျူရှုလိုက်ခြင်းဖြစ်လောက်မည်။

သို့သော်၊ အကြီးအကဲ ချန်ရွှမ်သည် ကျီရွှေ့တောင်ထိပ်က တပည့်များ၏ ကျင့်ကြံဆင့်မှာ ပုံမှန်ထက် မြင့်မားသည်ဟုသာ ပြောခဲ့သည်။

ကောင်းကင်နတ်ဆိုးဂိုဏ်းမှ တပည့်များ၏ အစွမ်းသတ္တိကို သူကောင်းစွာသိသည်။ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ တပည့်များသည် အရိုးဖြူနတ်ဆိုးဂိုဏ်း၏ တပည့်များထက် သေချာပေါက် သာလွန်သည်မှန်သော်လည်း ဤမျှအထိ ကောင်းကင်ဘုံကို အံတုနိုင်ကြသည်တော့မဟုတ်ပေ။

သို့သော် ကျီရွှေ့တောင်ထိပ်၏တပည့်များသည် အမှန်တကယ်ပင် ကောင်းကင်ဘုံကို အံတုနိုင်သည်ဟုဆိုရမည်။

လုရှောင်ယန်၏ ဖိနှိပ်ခြင်းအစီအရင်နှင့် အကာအကွယ်အစီအရင်မှလွဲ၍ သူတို့တွင်ရှိသမျှမှာ သူတော်စင်အဆင့်နှင့်အထက် ကျင့်ကြံခြင်းနည်းလမ်းများနှင့် အဆင့်မြင့် ကောင်းကင်ဘုံအဆင့် လက်နက်များသာဖြစ်သည်။ သာမာန်အခြေအနေအရ၊ သူတို့သည် ဤမျှ အခြေအနေအထိရောက်ရှိမည်မဟုတ်ပေ။

အကယ်၍ အရိုးဖြူနတ်ဆိုးဂိုဏ်း၏ အကြီးအကဲအုပ်စု မှ အကြီးအကဲများသာ

ဝင်မတိုက်လျှင် သူတို့သည် ဤတပည့်သုံးယောကကို လုံး၀ အနိုင်ယူနိုင်မည်မဟုတ်ပေ။

ထိုအခြေအနေကို ရှင်းပြနိုင်မည့် တစ်ခုတည်းသောအရာမှာ သူတို့၏ ကျင့်ကြံခြင်းနည်းလမ်းများသည် သိုင်းဘုရင်အဆင့် ဖြစ်နိုင်ချေများသည်။ ဒါကြောင့်ပဲ သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်သည် သာမန်ကျင့်ကြံသူများထက် အဆပေါင်းများစွာ သာလွန်သွားခြင်းဖြစ်မည်။

အကယ်၍ အရိုးဖြူနတ်ဆိုးဂိုဏ်းချုပ်သာ ခရမ်းရောင်ကောင်းကင်ဘုံ မြင့်မြတ်အလင်းတန်းအစီအရင်အကြောင်းကိုသာ မသိခဲ့ပါက ၎င်းကို သူသေချာပေါက် ယုံမည်မဟုတ်ပေ။

သို့သော်လည်း ယခုအခါတွင် သိုင်းဘုရင်ထိပ်တန်းအဆင့်အစီအရင်ပင် ပါရှိလာပြီးဖြစ်တာကြောင့် သိုင်းဘုရင်အဆင့် ကျင့်ကြံခြင်းနည်းလမ်းများရှိခြင်းမှာ အဘယ်သို့များ ထူးဆန်းတော့မည်နည်း။

ဤအခိုက်အတန့်တွင် အရိုးဖြူနတ်ဆိုးဂိုဏ်းသခင်သည် သူ၏ လောကအမြင် လုံးဝပြိုလဲသွားသလို ခံစားလိုက်ရသည်။

ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ကျီရွှေ့တောင်ထိပ်က ဤမျှအစွမ်းထက်သည်ဆိုတာ သူသိခဲ့လျှင်၊ သူသေမည်ဆိုလျှင်တောင် ကောင်းကင်နတ်ဆိုးဂိုဏ်းကို စော်ကားခဲ့မည်မဟုတ်ပေ။

ဘုန်း...

ဤအခိုက်အတန့်တွင် မိုးကြိုးများသည် များသထက်များလာပြီး တိုက်ခိုက်မှုစွမ်းအားသည် ပိုမိုအားကောင်းလာသည်။ သူ၏ဘေးနားရှိ အကြီးအကဲများ တစ်ယောက်ပြီး တစ်ယောက် လဲကျကုန်ကာ အရိုးဖြူနတ်ဆိုးဂိုဏ်းချုပ်လည်း အလွန်အမင်းတုန်လှုပ်လာတော့သည် ။

"မင်းရူးနေလား အရိုးဖြူနတ်ဆိုးဂိုဏ် နေရာကို ချိတ်ပိတ်ဖို့ ဂိုဏ်းအကာအကွယ်အစီအရင်ကို အသက်သွင်းပြီးပြီ။ မင်းတို့ ဒီအဆင့်မြင့် သိုင်းဘုရင်အဆင့်အစီအရင်ကို သုံးကြရင်တောင် မင်းတို့လေးယောက်လည်း ရှောင်တိမ်းနိုင်မှာမဟုတ်ဘူး။ မင်းတို့လည်း မိုးကြိုးပစ်ခံရပြီးသေလိမ့်မယ်!”

လုရှောင်ယန် ခေါင်းယမ်းလိုက်သည်။ "ခင်ဗျားအမြင်ကျဉ်းလွန်းတယ်လို့ ကျုပ်ပြောပြီးပြီပဲ။"

အရိုးဖြူနတ်ဆိုးဂိုဏ်းချုပ်၏ မျက်လုံးများထဲတွင် ရှုပ်ထွေးမှုများ ထပ်မံ ထွက်ပေါ်လာသည်။

လုရှောင်ယန်ကိုကြည့်ရသည်မှာ အလွန်ယုံကြည်မှုရှိနေပုံပေါ်သည်။ သေချာတာကတော့ သူ့မှာ တခြားအကြံအစည်တစ်ခုခုရှိနေလို့ပဲဖြစ်မည်။

သို့သော် သတ်ဖြတ်ခြင်းအစီအရင်သည် အသက်သွင်းလိုက်သည်နှင့် ရန်သူလော မိတ်ဆွေလော ခွဲခြားမည်မဟုတ်ပေ။ အစီအရင်ဖန်တီးသူပင်လျှင် အစီအရင်အတွင်း ရှိနေသရွေ့ ပစ်မှတ်ထားခံရမည်ဖြစ်သည်။

လုရှောင်ယန်မှာ တခြားအစီအရင်တွေ ရှိနေသည်လား။ ထိုသို့ဆိုလျှင် အနည်းဆုံး သိုင်းဘုရင်အဆင့်အစီအရင်ဖြစ်ရမည်။ သို့သော်လည်း အရိုးဖြူနတ်ဆိုးဂိုဏ်းချုပ်သည် အခြားသော သိုင်းဘုရင်အဆင့်အစီအရင်များ သို့မဟုတ် သိုင်းဘုရင်အဆင့်ကျင့်စဉ်များ အသုံးပြုနေသည်ကို ဘာလို့များ မခံစားမိရတာပါလိမ့်?

ထို့အပြင် လုရှောင်ယန်သည် ထိုအစီအရင်ကို ခုခံလိုလျှင် သူသည်လည်း သိုင်းဘုရင်အဆင့် ကျင့်ကြံခြင်းနည်းလမ်းပိုင်ဆိုင်ရန် လိုအပ်ပါသည်။ သိုင်းဘုရင်အဆင့်ကျင့်ကြံသူတစ်ယောက်၏ ခွန်အားကိုမပိုင်ဆိုင်လျှင်တော့ ခုခံနိုင်မည် မဟုတ်ပေ။

ယွင်လီကောနှင့် အခြားသူများသည် လုရှောင်ယန်၏ ကျင့်ကြံဆင့်ကို မမြင်နိုင်သော်လည်း အရိုးဖြူနတ်ဆိုးဂိုဏ်းချုပ်သည်တော့ ၎င်းကို မြင်တွေ့နိုင်သည်။ အကြောင်းကတော့ ယခုအချိန်တွင် လုရှောင်ယန်သည် သူ၏ စိတ်ဝိညာဉ်စွမ်းအင်ကို ခွန်အားအပြည့်ဖြင့် ဖြန့်ကျက်နေသောကြောင့်ဖြစ်သည်။

လုရှောင်ယန်၏ကျင့်ကြံဆင့်သည် အာကာပြင်ပြိုကွဲခြင်းအဆင့်၏ နှောင်းပိုင်းတွင် ဖြစ်သည်ကို သူ ရှင်းရှင်းလင်းလင်း သိနိုင်သည်။ သူသည် သူ၏ကျင့်ကြံဆင့်တိတိကျကျကိုတော့ မပြောနိုင်သော်လည်း ၎င်းသည် အနှစ်သာရခိုင်မြဲခြင်းအဆင့်သို့ မရောက်သေးသည်ကတော့ သေချာပေသည်။

ဤကျင့်ကြံဆင့်ဖြင့် သိုင်းဘုရင်ထိပ်တန်းအဆင့်အစီအရင်ကို ဘယ်လိုလုပ်များ တောင့်ခံနိုင်မတဲ့လဲ?

ဘာလို့များပါလိမ့်…?

သူဘာတွေများ စီစဉ်နေတာလဲ?

သူ့ဦးနှောက်ကို အရူးအမူး အလုပ်ပေးနေချိန် လုရှောင်ယန်သည် သူ၏ညာဖက်လက်ကို ရုတ်တရက် မြှောက်လိုက်သည်။

သူ၏ စစ်မှန်သောဇာမဏီကိုးပါးအသွင်ပြောင်းခြင်းသည် ကျီဝူရှားထက် အဆတစ်ရာ ပိုအားကောင်းသော ဇာမဏီပုံရိပ်ကို သူ၏ခန္ဓာကိုယ်မှ ဖြစ်ပေါ်စေသည်။

ဇာမဏီပုံရိပ်ပေါ်လာသည်နှင့် တပြိုင်နက် ဇာမဏီအော်သံသည် ဘုံကိုးဆင့်ကို လွှမ်းခြုံသွားတော့သည်။ ၎င်း၏ဖိအားသည် အလွန်ပြင်းထန်သဖြင့် ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေသည်။

တစ်ချိန်တည်းမှာပင်၊ ၎င်းသည် ခရမ်းရောင်ကောင်းကင် မိုးကြိုးအစီအရင်၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။

တခဏချင်း... မရေမတွက်နိုင်သည့် ခရမ်းရောင်ကောင်းကင်မိုးကြိုးများသည် လုရှောင်ယန်၏ ဦးခေါင်းကို အရူးအမူး ပစ်ချတော့သည်။

လူတိုင်း၏ အမူအရာများ ပြောင်းလဲသွားကြသည်။

ခရမ်းရောင် ကောင်းကင်မိုးကြိုးများစွာနှင့်ဆိုလျှင် လုရှောင်ယန်နှင့် အခြားသုံးဦးတို့သည် တစ်ချက်ထိရုံဖြင့် ပြာအဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။

ထိုအချိန်တွင် လုရှောင်ယန်၏ညာဖက်လက်ဖဝါးမှ အမှတ်အသားလေးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

၎င်းသည် တိမ်တိုက်များနှင့် ဇာမဏီအမှတ်အသားဖြင့် ထွင်းထုထားသည်။ လုရှောင်ယန်က သူ၏လက်ကို မြှောက်လိုက်သည်နှင့် ၎င်းသည် ချက်ချင်းဆိုသလိုပင် ကြီးမားလှသော အရှိန်အဝါနှင့်အတူ ကျယ်ပြန့်လာသည်။ ဇာမဏီငှက်သည် တိမ်တိုက်များကြားတွင် ကူးခတ်နေပြီး အသက်ရှင်နေသလိုထင်ရသည်။

ဘုန်း...

ခရမ်းရောင်ကောင်းကင်ဘုံ မြင့်မြတ်အလင်းတန်းအစီအရင်၏ ရာနှင့်ချီသော မိုးကြိုးများသည် အမှတ်အသားထံသို့ ပစ်ချသော်လည်း ၎င်းတို့သည် သမုဒ္ဒရာထဲသို့ ကျသွားသော ကျောက်တုံးများနှင့်တူနေသည်။ ထိုမိုးကြိုးများသည် ချက်ချင်း ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားကြသည်။

တဒင်္ဂအတွင်း အရာအားလုံး ရပ်တန့်သွားပုံရသည်။ သိုင်းဘုရင်အဆင့်အစီအရင်ကို ခုခံနိုင်ပြီး ဒဏ်ရာလုံးဝမရစေသည်မှာ ဤလက်နက်သည် သိုင်းဧကရာဇ်ဘုံ လက်နက်တစ်ခုများလား။

"သိုင်းဘုရင်အဆင့်လက်နက်..."

အရိုးဖြူနတ်ဆိုးဂိုဏ်းချုပ်၏ မျက်လုံးများ ပြူးကျယ်လာပြီး သူ ဆက်ပင်မတွေးနိုင်တော့ပေ။

လုရှောင်ယန်သည် တကယ်ကြီးကို သိုင်းဘုရင်အဆင့်လက်နက်ပိုင်ဆိုင်ထားတာပဲ။

ဒါ… အရမ်းကိုလွန်လွန်းတယ်..

ဒုက္ခသည်တွေကို တိုက်ခိုက်ဖို့ နျူကလီယားဗုံးသုံးနေသလိုပဲ။

အကြီးအကဲနှစ်ဦးသည် သွေးအန်ထွက်ပြီး ဒေါသကြောင့် သေလုမျောပါး ဖြစ်နေသည်။

ယွင်လီကောနှင့် အခြားနှစ်ယောက်သည် နေရာတွင်ပင် တုန်လှုပ်ခြောက်ခြားသွားကြသည်။

လုရှောင်ယန်၏တပည့်သုံးယောက်သည် သူတို့၏ဆရာပြောသည်များကို သံသယဝင်လာကြသည်။

သူတို့သည် ဆရာက သူတို့အား အကောင်းဆုံးလက်နက်များ ပေးခဲ့သည်ဟု တွေးကာ မျက်ရည်များပင် ကျခဲ့ကြသည်။ နောက်ဆုံးတွင် သူတို့ဆရာသည် အကောင်းဆုံး သိုင်းဘုရင်အဆင့်လက်နက်ကို သူ့အတွက် သိမ်းဆည်းထားခဲ့သည်ပဲ။

သူတို့ဆရာသခင်၏လက်ထဲတွင် လှည့်ကွက်ပေါင်းများစွာ ရှိနေပုံပင်။

အရိုးဖြူနတ်ဆိုးဂိုဏ်းချုပ်သည်တော့ မျက်လုံးကိုစုံမှိတ်ပြီး တဟားဟားအော်ရယ်နေတော့သည်။

"မင်းရဲ့အောင်ပွဲက ထိုက်တန်ပါတယ်။"

ဝှက်ဖဲများနှင့် အကြံအစည်အလွှာများစွာဖြင့် လုရှောင်ယန်သည် ဂိုဏ်းကိုတိုက်ခိုက်ရာတွင် အဖုအထစ်,အထစ်အငေါ့မရှိ လုပ်ဆောင်ခဲ့လေသည်။ အရိုးဖြူနတ်ဆိုးဂိုဏ်းမဟုတ်ဘဲ ကြီးမြတ်သောကျိုး တစ်ခုလုံးဆိုရင်တောင် လုရှောင်ယန်၏ အကြံအစည်ကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

သူလက်ခံလိုက်ပြီ။ အမှန်တကယ်ကို လက်ခံလိုက်ပါပြီ။

နောက်ထပ်အခိုက်အတန့်တွင် မိုးကြိုးများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ ထောင်နှင့်ချီသော မိုးကြိုးများ ပစ်ချပြီး အရိုးဖြူနတ်ဆိုးဂိုဏ်းတစ်ခုလုံးကို ပြာဖြစ်သွားစေသည်။ ကမ္ဘာကြီးသည် ဖြူလွသော အလင်းရောင်ဖြင့် လင်းထိန်နေပြီး အရှေ့အရပ်မှ တက်လာသော နံနက်ခင်းနေရောင်ကိုပင် ဤအလင်းရောင်က လွှမ်းမိုးထားသည်။

အရိုးဖြူနတ်ဆိုးဂိုဏ်း၏ ပျက်ဆီးခြင်းကို ကြေငြာခံခဲ့ရပြီး အခြားဂိုဏ်းများမှ မရေမတွက်နိုင်သော ကျွမ်းကျင်သူများရောက်လာကာ သတင်းကိုစုံစမ်းကြသည်။

နှစ်နာရီကြာပြီးနောက် အချင်းဝက် ကီလိုမီတာ ၅,၀၀၀ အတွင်း ရေပန်းအစားဆုံး သတင်းဖြစ်လာခဲ့သည်။

ထိုအချိန်တွင် ယွင်လီကောနှင့် အခြားနှစ်ယောက်တို့သည် သူတို့ဆရာ၏တံခါးရှေ့ရှိ ခုံတန်းလျားတွင် ဝမ်းလျားမှောက်လို့နေကြသည်။ သူတို့သည် နှုတ်ခမ်းစူပြီး ဆရာ၏ကြာပွတ်ဖြင့် သနားစရာကောင်းလောက်အောင် အပြစ်ပေးခံရသည်။

"မင်းတို့ တော်တော်နာခံတတ်တာဘဲ..ဟမ်.. ငါ့သွန်သင်ချက်တွေကို မေ့သွားပြီလား?"

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် - ၃

အခန်း ၄၀ လီတောက်ယန်၏ ကလဲ့စားချေမည့်အကြံ

"ငါ မင်းတို့ကို ဘယ်နှစ်ခါပြောရမှာလဲ။ အနိုင်ရနိုင်တယ်ထင်ရင် တိုက်... မဟုတ်ရင် ပြေးလို့။ ဒါပေမယ့် မင်းတို့တွေဘာတွေလုပ်ခဲ့လဲ.. ဟမ်.. မင်းတို့ သူတို့ကို အနိုင်မယူနိုင်ပဲနဲ့ ဆက်ပြီး တိုက်နေခဲ့တယ်။ မင်းတို့ကိုယ်မင်းတို့ ပါရမီရှင်တွေ ထင်နေတာလား? မင်းတို့ကိုမင်းတို့ သတ်လို့မရတဲ့ ပိုးဟပ်တွေ ထင်နေတာလား? မင်းတို့သာ တကယ်ကို ပါရမီရှင်တွေဆိုရင် အခုလို အရှက်ခွဲခံရပြီး ငါ့တပည့်တွေ အဖြစ်နဲ့ အဆုံးသတ်မှာ မဟုတ်ဘူး!”

လုရှောင်ယန် အလွန်ဒေါသထွက်လို့နေလေသည်။

ကံကောင်းထောက်မစွာ၊ အရိုးဖြူနတ်ဆိုးအကြီးအကဲ အနည်းငယ် တိုက်ခိုက်တာခံရသည့်အချိန်၌ သူရောက်သွားခဲ့သည်။ မဟုတ်လျှင် သူတို့ သုံးယောက် အသက်မသေရင်တောင် ပြင်းထန်စွာ ဒဏ်ရာရသွားလိမ့်မည်။

သူသည် ဒီကလေးတွေကို အနည်းငယ်မျှလေ့ကျင့်စေပြီး အချိန်ဆွဲထားစေချင်ရုံသာဖြစ်သည်။ သို့သော် ဒီတပည့်တွေကတော့ ခေါင်းမာမာဖြင့် သူတို့၏ အသက်ကိုဖက်နှင့်ထုပ်ပြီး တိုက်ခိုက်ခဲ့ကြသည်။

ဘာလို့များ သူ့စကားကို နားမထောင်ကြရတာလဲ?

သူတို့ သုံးယောက်သည် ခုံတန်းရှည်ကြီးပေါ်တွင် နာခံစွာလှဲပြီး သူတို့၏ဆရာ၏ ကြာပွတ်ဒဏ်ကို နာခံစွာခံယူနေကြလေသည်။

လုရှောင်ယန်သည် ယွင်လီကောနှင့် ဖုန်းထျန်းယွမ်တို့ကို ရိုက်နှက်ပြီး နောက်ဆုံးမှသာ ကျီဝူရှားအလှည့်သို့ ရောက်သည်။

သို့သော် ယောက်ျားနှင့်မိန်းမ ကွဲပြားစွာဆက်ဆံခံရသည်ဟု ဆိုရပေမည်။

သူ ယွင်လီကောနှင့် ဖုန်းထျန်းယွမ်တို့ကို ကြာပွတ်နှင့် ရိုက်စဉ်က ကျောက်တုံးတွေကို ရိုက်နေသလိုပင်။ သူတို့၏ အသားသည် အလွန်မာကျောသည်။

ကျီဝူရှားသည်တော့ သူမကို ကြာပွတ်နှင့်ရိုက်တိုင်း သူ့ကြာပွတ်က ပြန်ကန်ထွက်လာသည်မှာရော်ဘာဘောလုံးကို ရိုက်နေသလိုပင်။

ယင်းကြောင့် လုရှောင်ယန် သည် မနေနိုင်ပဲ သူမကို ကြိမ်ဖန်များစွာ ရိုက်မိခဲ့သည်။

“အာ”

ကျီဝူရှားမှာ နာကျင်လွန်း၍ မျက်ရည်များပင်ကျလာသည်။ သူမ မထိန်းနိုင်ဘဲ အော်ဟစ်လိုက်တော့မှပဲ လုရှောင်ယန် ရပ်တန့်သွားတော့သည် ။

သူသည် ကြာပွတ်ကို လွှင့်ပစ်ပြီး၊ “မင်းတို့သုံးယောက် ဒီနေ့ ကျင့်ကြံခွင့် မပေးဘူး။ ကျီရွှေ့တောင်ထိပ်ရဲ့ စည်းမျဉ်းတွေကို အကြိမ်တစ်သောင်းကူးရေး။ မင်းတို့ ဒီတာဝန်မပြီးရင် ငါ့ကို ဆရာလို့ မခေါ်နဲ့တော့။"

သူတို့သုံးယောက်သည် လုရှောင်ယန်ကို အမှားတစ်ခုခုလုပ်မိသည့် ကလေးတွေသဖွယ် အသနားခံသည့် အကြည့်ဖြင့် ကြည့်နေကြသည်။

"ဆရာ.. ကျွန်တော်တို့တကယ်တောင်းပန်ပါတယ်။ ကျွန်တော်တို့ ထပ်ပြီး ပြသနာ မရှာတော့ပါဘူး။”

"မဟုတ်ကဟုတ်ကတွေတော်တော့... ကတိစကားတွေကို နားထောင်ဖို့ စိတ်မဝင်စားဘူး။ အဲ့တာက မယုံကြည်ရဆုံးပဲ။ မင်းတို့တွေ စည်းကမ်းတွေကို ကူးရေးကြ။ ကူးရေးလို့မပြီးရင် မထွက်ကြနဲ့။"

ထိုစကားကိုပြောပြီး လုရှောင်ယန်သည် ဆေးပုလင်းတစ်ပုလင်းကို ထုတ်ကာ သူတို့ကို ပေးလိုက်သည်။

“ဒါက ဒဏ်ရာတွေကို ကုသရာမှာသုံးတဲ့ အဆီအနှစ်အားဖြည့်ဆေးလုံးတွေပဲ။ တစ်ယောက်ကို နည်းနည်းစီ စားလိုက်။ မင်းတို့ဒဏ်ရာတွေ ပြန်လည်ကောင်းမွန်လာစေဖို့ ကူညီပေးနိုင်တယ်။ ဘယ်ဒဏ်ရာမှ ချန်မထားခဲ့နဲ့။ ငါ မင်းတို့ကို တကယ်ကို သည်းမခံနိုင်တော့ဘူး။"

လုရှောင်ယန် ခေါင်းကို ခါယမ်းကာ လက်ကို နောက်ပစ်၍ စိတ်ပျက်လက်ပျက်ဖြင့် အိမ်မှ ထွက်သွားသည်။

သူသည် ကျီရွှေ့တောင်ထိပ်တွင် အကာအရံကို ပြန်လည် ဖန်တီးရန် ကိစ္စရှိနေသေးသည်။

ယွင်လီကောနှင့် ကျန်နှစ်ယောက်သည် ဆေးလုံးကိုကြည့်ပြီး မနေနိုင်ပဲ သူတို့၏နှလုံးသားတွေ နွေးထွေးသွားသည်။

လုရှောင်ယန်သည် သူတို့အပေါ် စည်းကမ်းတင်းကြပ်သောကြောင့်သာ သူတို့ကို ရိုက်နှက်ခဲ့သည်။ သို့သော် သူတို့ကို ရိုက်နှက်ပြီးနောက် ဒဏ်ရာများကို ကုသရန် ဆေးများ ပေးဆောင်ဖို့ မမေ့ခဲ့ပေ။

သူတို့ဆရာက သူတို့ကို အမှန်တကယ်ဂရုစိုက်ပုံရသည်။

"ဆေးလုံးတွေကို စားပြီး စည်းကမ်းတွေ ကူးရေးကြ!"

ယွင်လီကောသည် ဆေးလုံးကို ပထမဆုံးသောက်သူဖြစ်သည်။ ထို့နောက် ချက်ချင်းပင် ကူးရေးတော့သည်။

ကျီဝူရှားကတော့ ဒုတိယဖြစ်ပြီး ဖုန်းထျန်းယွမ်က တတိယဖြစ်ကာ သူတို့သုံးယောက်လုံး စတင်ကူးရေးကြသည်။

ထိုအချိန်တွင် လုရှောင်ယန်သည် ကျီရွှေ့တောင်ထိပ်၏ တောင်ခြေသို့ ရောက်ရှိလာပြီး အကာအရံစည်းတည်ဆောက်မှုကို စတင်လုပ်ဆောင်နေပြီဖြစ်သည်။

“အပြင်ဆုံးအလွှာအတွက် စစ်ဆေးခြင်းအစီအရင်ကို သုံးမယ်။ ကျုးကျော်ဖို့ကြိုးစားတဲ့သူတစ်ယောက်ယောက်ရှိတာနဲ့ အရင်ဆုံးသိတဲ့သူက ငါဖြစ်နေရမယ်။ ပုံမှန်ဆို ကျီရွှေ့တောင်ထိပ်ကို လာတဲ့သူအများစုက ကောင်းကင်နတ်ဆိုးဂိုဏ်းကပဲ။ တကယ်တော့ အပြင်လူတွေဆိုတာ ဝင်ခဲပါတယ်။”

“ဒုတိယအလွှာမှာ တိုက်ခိုက်ခြင်းအစီအရင်ကို ငါတည်ဆောက်မယ်။ ဒီနည်းနဲ့ တစ်စုံတစ်ယောက်ကို ရှာတွေ့ခဲ့ရင် အဝေးကနေ တိုက်ခိုက်မှုကို တိုက်ရိုက် ထိန်းချုပ်လို့ရတယ်။”

ဤအစီအရင်နှစ်ခုကို တစ်ခုပြီးတစ်ခုဖန်တီးပြီးနောက် လုရှောင်ယန်သည် နောက်ဆုံးတွင် သက်မတစ်ချက်ချလိုက်သည်။

အရေးအကြီးဆုံးအချိန်တွင် ကောင်းကင်စည်းတံဆိပ်၈ခုအစီအရင်ကို အချိန်မရွေး အသက်သွင်းနိုင်သည်။ ဤအရာအားလုံးသည် ကျီရွှေ့တောင်ထိပ်၏လုံခြုံရေးကို သေချာစေရန် လုံလောက်သည်ထက်ပိုပေသည်။

ယခင်ကဆိုလျှင် ဂိုဏ်းမှ သူ၏ အစစ်အမှန်ခွန်အားကို ရှာဖွေတွေ့ရှိခြင်းမှ ကာကွယ်ရန်အတွက် ကောင်းကင်စည်းတံဆိပ်၈ခုအစီအရင်ကို ပိတ်ထားခဲ့သည်။ သို့သော် သူသည် အခွင့်ကောင်းယူခံရပြီးဖြစ်သည်။ ယခုမူ လုရှောင်ယန်သည် တုန်လှုပ်ခြောက်ခြားကာ စိုးရိမ်နေမိသည်။

လက်ရှိတွင်၊ သူသည် အကာအရံအစီအရင် အားလုံးကို အဝေးမှထိန်းချုပ်နိုင်စွမ်း ရှိသည်။ တစ်စုံတစ်ဦးကို တွေ့ရှိသရွေ့ တိုက်ခိုက်မှုအစီအရင်ကို ချက်ချင်းအသက်သွင်းနိုင်မည်ဖြစ်သည်။ ဒါသည် သူ၏ဘေးကင်းမှုကို သေချာစေမည့် နည်းလမ်းဟုလည်း ယူဆနိုင်သည်။

အားလုံးလုပ်ပြီးသွားသည်နှင့် လုရှောင်ယန်သည် သူ၏နဖူးမှ ချွေးများကို သုတ်လိုက်စဉ် တောင်ခြေမှ တပည့်တစ်ယောက်က လှမ်းအော်လာခဲ့သည်။

"အကြီးအကဲလု ....အကြီးအကဲလုပ် ဂိုဏ်းချုပ်က ဂိုဏ်းခန်းမဆောင်ထဲမှာ အကြီးအကဲအားလုံးကို စုစည်းဖို့ အမိန့်ပေးလိုက်ပါတယ်။"

"နားလည်ပြီ။"

လုရှောင်ယန်သည် ထိုလူကို ချီစုဆောင်းခြင်းဆေးလုံး ပုလင်းငယ်ကို ပစ်ပေးကာ ခြေလှမ်းလှမ်းလိုက်သည်နှင့် သူ၏ခန္ဓာကိုယ်သည် ချက်ချင်းပင် နေရာမှ ပျောက်ကွယ်သွားသည်။

စင်စစ် တခြားအကြီးအကဲတွေ ရောက်မလာသော်လည်း လုရှောင်ယန်သည် ဘာတွေဖြစ်နေတာလဲ ဆိုသည်ကို ခန့်မှန်းနိုင်သည်။

အကယ်၍ မမျှော်လင့်ထားတာ တစ်ခုမှမဖြစ်ခဲ့လျှင် အရိုးဖြူနတ်ဆိုးဂိုဏ်း ပျက်ဆီးခြင်းနှင့် သက်ဆိုင်ရမည်။

အခြေခံအားဖြင့် ထိုကိစ္စက အရမ်းကြီးသည်။ ထို့အပြင် အရိုးဖြူနတ်ဆိုးဂိုဏ်းသည် ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် အလွန်နီးစပ်သောကြောင့် ကောင်းကင်နတ်ဆိုးဂိုဏ်းသည် ထိုကိစ္စကို အလေးအနက်မထားဖို့ဆိုသည်က မဖြစ်နိုင်ပေ။

မကြာမီ သူသည် ဂိုဏ်းခန်းမသို့ ရောက်ရှိလာခဲ့သည်။ ခန်းမအဝင်ဝကိုရောက်သည်နှင့် လီတောက်ယန်ကိုတွေ့လိုက်သည်။ ဒီကောင်ကတော့ ရက်အနည်းငယ်လေး အလုပ်လုပ်လိုက်ရတာတောင် သူ၏အသားအရေက ပိုမည်းလာသည်မှာ တစ်နှစ်ခွဲကျော်လောက် နေပူဆာလှုံခဲ့သလိုပင် ထင်ရသည်။ သူ၏လည်ပင်းအောက်မှာ အဖြူအမည်း မျဉ်းကြောင်းတွေတောင် ရှိနေသည်။

"ရှောင်ယန် ..ဟင့်... ငါ မင်းကို အရမ်းလွမ်းနေတာ။"

"ဘာလဲ?! ဘာဖြစ်ခဲ့လို့လဲ?"

လုရှောင်ယန် အံ့သြသွားရသည်။

လီတောက်ယန်သည် ဝမ်းနည်းသည့်အမူအရာကို ဆင်မြန်းထားလျက်၊ “ပြောမနေပါနဲ့။ အကြီးအကဲဟွမ်းက သူချိန်းတွေ့တာ အဆင်မပြေဖြစ်သွားပြီးတဲ့နောက်ပိုင်း ငါ့အပေါ် သူ့ဒေါသအားလုံးကို ပုံချခဲ့တယ်။ ဘုရားသခင်! အဲ့လူယုတ်မာက ငါ့ကို နေ့ရောညပါ လေ့ကျင့်ပေးပြီး မရပ်မနား အလုပ်လုပ်ခိုင်းတယ်။ ရက်နည်းနည်းလေးပဲ အလုပ်လုပ်ရသေးတာတောင် ပင်ပန်းလွန်းလို့ သေလုနီးပါးပဲ။"

"အင်း...ဒါဆို မင်းဘာလို့ဒီကိုပြန်ရောက်နေတာလဲ?"

“အရိုးဖြူနတ်ဆိုးဂိုဏ်းမှာ ကြီးကြီးမားမား တစ်ခုခု ဖြစ်သွားတယ်လို့ ငါကြားထားတယ်။ ဂိုဏ်းက အကြီးအကဲတွေ အားလုံး၏ ပြစ်ဒဏ်ကို ဖယ်ရှားပြီး အစည်းအဝေးတစ်ခုပြုလုပ်ဖို့ ဂိုဏ်းခန်းမထဲမှာ အားလုံးကို စုဝေးစေတယ်လေ။ ငါက လောလောဆယ် အပြစ်ပေးခံနေရတဲ့ တစ်ဦးတည်းသော အကြီးအကဲမို့လို့ သူတို့က ငါ့ကို လွှတ်လိုက်တာ။”

“အိုး… ကောင်းသားပဲ။”

"ဘာကောင်းလဲ ငါ့ရဲ့ နူးညံ့တဲ့အသားအရည်ဟာ ထာဝရပျောက်ကွယ်သွားပြီ။ ရှောင်ယန် မင်းမှာ အကြံတွေ အများကြီးရှိတာပဲ။ နည်းလမ်းတစ်ခု စဉ်းစားပေးပါဦး။ ငါလက်စားမချေရရင် လူသားတစ်ယောက်အနေနဲ့ ငါ့ဂုဏ်သိက္ခာတွေ ဆုံးရှုံးရလိမ့်မယ်။"

လီတောက်ယန်သည် လက်သီးများကို ကျစ်ကျစ်ဆုပ်ထားပြီး အံကြိတ်ထားသည်။ သူ၏မျက်လုံးထဲမ ဒေါသတွေသည် ပေါက်ကွဲတော့မည်ဟုထင်ရသည်။

လုရှောင်ယန် သူ့နှာခေါင်းကို အသာလေးထိလိုက်သည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါ့မှာ ဘာအကြံကောင်း မရှိဘူး။ အမှန်တော့ အကြီးအကဲဟွမ်းရဲ့ ကျင့်ကြံဆင့်က စိတ်ဝိညာဉ်ဒဿမအဆင့်ကိုတောင် ရောက်နေပြီဆိုတာ မင်းလည်းသိတယ်။ သူက ငါတို့ နှစ်ယောက်စလုံးထက် ပိုအစွမ်းထက်တယ်၊ သူ့ကို လုံးဝမအနိုင်ယူနိုင်ဘူး။ သူ့ထက် သန်မာတဲ့သူတစ်ယောက်ကို ရှာတွေ့ရင်တော့ သူ့ကို ကိုင်တွယ်ဖြေရှင်းဖို့ အဆင်ပြေတယ်။”

"အကြီးအကဲဟွမ်းထက် ပိုသန်မာတဲ့သူလား? ပြီးတော့ သူက ငါ့ကို ကူညီပေးဖို့ စေတနာရှိဖို့ လိုတယ်။”

လီတောက်ယန် ခေါင်းငုံ့ကာ ခဏလောက် စဉ်းစားနေလိုက်သည်။ ရုတ်တရက် သူ၏မျက်လုံးတွေ တောက်ပလာပြီး လုရှောင်ယန် ကို ချက်ချင်း လက်မထောင်ပြလိုက်သည်။

"အထင်ကြီးစရာပဲ တကယ်ကို အထင်ကြီးစရာကောင်းတယ်။ ရှောင်ယန် မျှော်လင့်ထားတဲ့အတိုင်း မင်းက တကယ်ကို ဉာဏ်ကောင်းတယ်။ မင်းက ငါ့အတွက် ညစ်ပတ်တဲ့ အလုပ်ကို သူများကိုလုပ်ခိုင်းဖို့ တိုက်ရိုက် တွေးလိုက်တာပဲ။ ငါ့မှာ အစီအစဉ်ရှိတယ် ဟီးဟီး…”

“တကယ်လား.. မင်းအစီအစဉ်ကဘာလဲ?"

လုရှောင်ယန် အတန်ငယ် သိချင်သွားသည်။ လီတောက်ယန်တစ်ယောက် သူ့လက်ကို ကျောနောက်မှာပစ်ထားပြီး မကောင်းဆိုးဝါးဆန်ဆန် ပြုံးလိုက်သည်။ “ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေကို ပေါက်ကြားလို့ မရဘူး။ ဒါပေမယ့် ငါ့ဆီက သတင်းကောင်းကိုသာ စောင့်နေလိုက်။ ဟားဟားဟား... ဒီတစ်ခါတော့ ဒီလူယုတ်မာကြီးဟွမ်းကို "အကောင်းဆုံး" အပြုအစုကို မခံစားစေရရင် သူ့မျိုးရိုးကို ငါယူလိုက်မယ်!"

ထိုသို့ပြောပြီး လီတောက်ယန် ခန်းမထဲသို့ လျှောက်ဝင်သွားသည်။

လုရှောင်ယန် ခေါင်းယမ်းလိုက်သည်။ “ဒီကောင် ဘာဖြစ်နေလဲ မသိဘူး? ဒါပေမယ့် ဒါက ကောင်းတဲ့ ကိစ္စမဟုတ်ဘူးလို့ ထင်မိတယ်။ သူ ဒီထက်ပိုပြီး ဒုက္ခမရောက်ဖို့ပဲ မျှော်လင့်တယ်။”

ထိုသို့ပြောပြီး သူလည်း ဝင်လာခဲ့သည်။

ခန်းမထဲတွင် အလွန်အမင်း တိတ်ဆိတ်နေသော်လည်း လူအုပ်ထဲမှ အကြီးအကဲများစွာသည် တိတ်တဆိတ် သတင်းစကားများ ပေးပို့နေကြသည်။ သူတို့၏အမူအရာများမှာ ကွဲပြားသော်လည်း အများစုမှာ အလွန်လေးနက်လို့နေကြသည်။

လုရှောင်ယန် ရောက်ရှိလာသောအခါတွင် ဂိုဏ်းချုပ်က ချက်ချင်း ပြောလိုက်သည် "ရှောင်ယန်.. မင်းရောက်ပြီပဲ။ မြန်မြန်ထိုင်!"

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်၊"

အကြီးအကဲအဖွဲ့၏အဖွဲ့ဝင်ဖြစ်လာခြင်းအတွက် နောက်ထပ်အကျိုးအမြတ်ရှိပါသည်။ ခန်းမထဲတွင် အကြီးအကဲအဖွဲ့ဝင်များသည် ကိုယ်ပိုင်ထိုင်ခုံရှိနိုင်ပြီး အခြားအကြီးအကဲများကဲ့သို့ မတ်တပ်ရပ်နေရန် မလိုအပ်ပေ…

All Chapters