← Chapters

အခန်း (၅၁-၅၅)

Vol. 4 Ch. 51-55

အခန်း (၅၁-၅၅)

Vol. 4 Ch. 51-55

စာစဉ် - ၄

အခန်း ၅၁ မြန်မြန်ပြေးတာကောင်းတယ်...

လုရှောင်ယန်၏ မျက်နှာ မည်းမှောင်သွားသည်။ အမှန်ပင် သူထင်တာမှန်သည်။ ဤနေရာနှင့် ပတ်သက်ပြီး တစ်ခုခု မှားယွင်းနေပါသည်။

နောက်အခိုက်အတန့်တွင် အနက်ရောင်အဝတ်အစားဝတ်ထားပြီး သူတို့၏ရင်ဘတ်တွင် ဦးခေါင်းခွံအမှတ်အသား ထွင်းထိုးထားသည့်ကျင့်ကြံသူအများအပြား တည်းခိုခန်းထဲကနေ ထွက်လာကြသည်။

သူတို့၏ ခန္ဓာကိုယ်မှ အလွန်သိပ်သည်းသော မကောင်းဆိုးဝါး အငွေ့အသက်များ ထွက်နေသည်။

၎င်းသည် ညစ်ညမ်းသော အငွေ့အသက်နှင့် သတ်ဖြတ်ရန် ရည်ရွယ်ချက်ကဲ့သို့သော အပျက်သဘောဆောင်သော အကြောင်းရင်း အမျိုးမျိုးမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သာမာန် ကျင့်ကြံသူများနှင့်မတူဘဲ ဤဆိုးညစ်သော အငွေ့အသက်ကို ပိုင်ဆိုင်ထားသူများသည် သတ်ဖြတ်ခြင်း အပါအဝင် သူတို့လုပ်သမျှ အရာအားလုံးတွင် အထိန်းအကွပ်မဲ့သည်။

လုရှောင်ယန်နှင့် သူ၏တပည့်များကဲ့သို့ သာမာန်ကျင့်ကြံသူများသည်လည်း လူသတ်နိုင်သည်။ သို့သော် သူတို့သည် သူတို့ကိုယ်သူတို့ ထိန်းချုပ်နိုင်ပြီး အလိုရှိမှသာ သတ်သည်။ ဆိုးညစ်သော အငွေ့အသက် သက်ရောက်ခံရသော လူများအတွက်မူ သတ်ဖြတ်ခြင်းမှာ သူတို့ ထိန်းချုပ်နိုင်သော အရာမဟုတ်ပေ။

သူတို့သည် သူတို့၏ လူသားဆန်မှုကို တဖြည်းဖြည်းဆုံးရှုံးပြီး မကောင်းမှု လမ်းကြောင်းကို ရောက်သွားလိမ့်မည်။ အဆုံးမှာ သူတို့သည် သတ်ဖြတ်ခြင်းကိုသာသိသော ကိုယ်ပိုင် အသိဉာဏ် လုံးလုံးလျားလျားမရှိသည့် သူများ ဖြစ်သွားလိမ့်မည်။

သို့သော်ငြားလည်း မကောင်းမှုလမ်းကြောင်းသို့ ရည်ရွယ်ချက်ရှိရှိဖြင့် လျှောက်လှမ်းလိုသူများလည်း ရှိပါသေးသည်။

အဘယ်ကြောင့်ဆိုသော် မကောင်းမှုလမ်းကြောင်း၏ ကျင့်ကြံမှုအရှိန်သည် အလွန်လျင်မြန်ပြီး ဖြောင့်မတ်သောလမ်း၏ ကျင့်ကြံမှုအမြန်နှုန်းထက် အဆမတန် မြန်သောကြောင့် ဖြစ်သည်။ ထို့အပြင် မကောင်းမှုလမ်းကြောင်းကို ကျင့်ကြံခြင်းသည် အလွန်ရိုးရှင်းသည်။ ၎င်းတို့သည် အခြားသူများ၏ ကျင့်ကြံဆင့်ကို သတ်ဖြတ်ခြင်းဖြင့် စုပ်ယူနိုင်သောကြောင့် .. သူတို့၏ကိုယ်ပိုင် ကျင့်ကြံဆင့်ကို လျင်မြန်စွာ တိုးစေနိုင်သည်။

အရည်အချင်းမရှိသူများနှင့် သိုင်းပညာကို ကျင့်ကြံရန် မျှော်လင့်ချက်မရှိသော လူအများအပြားသည် အလွယ်တကူ လှည့်စားခံရကြသည်။

ယခင်က ယွင်လီကောသည် လုရှောင်ယန်ကိုသာ မတွေ့ဆုံခဲ့ပါက၊ သူလည်း ဤလမ်းကြောင်းပေါ်သို့ ကျရောက်ရန် ရွေးချယ်ခဲ့ပေလိမ့်မည်။

တည်းခိုခန်းပိုင်ရှင်သည် သူ၏ ရက်စက် ယုတ်မာသောအသွင်ကို မဖုံးကွယ်တော့ပေ။

“ဟားဟားဟား… ချစ်လှစွာသော ဧည့်သည်တော်တို့၊ ငါတို့ အဆိပ်တစ်သောင်းဂိုဏ်းရဲ့ ကောင်းကင်ပိုးကောင်သွေးအဆိပ်က အရသာမဆိုးဘူး မဟုတ်လား?”

လူတိုင်း၏ အမူအရာများ ပြောင်းလဲသွားသည်။

"အဆိပ်တစ်သောင်းဂိုဏ်း.. ကြီးမြတ်သောကျိုးရဲ့ နတ်ဆိုးသခင်အောက်က အဓိကဂိုဏ်းကြီးသုံးခုထဲက တစ်ခု...။ မင်းတို့ လွန်ခဲ့တဲ့အနှစ် ၃၀၀ က သေသွားတာမဟုတ်ဘူးလား?"

တည်းခိုခန်းပိုင်က အေးစက်စွာပြုံးသည်။

"အရူးတွေ! ငါတို့ အတုမရှိ နတ်ဆိုးဂိုဏ်းမှာ နှစ်ထောင်ပေါင်းများစွာ ကြာရှည်မယ့် နတ်တန်ခိုးရှိတယ်။ ဘယ်လိုလုပ် ဖျက်ဆီးလို့ရမှာလဲ? လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ က မင်းရဲ့ ကြီးမြတ်သောကျိုး အင်ပါယာက ငါတို့ရဲ့ အမြင့်မြတ်ဆုံး နတ်ဆိုးသခင်ကြီးကို ဖိနှိပ်ပြီး နတ်ဆိုးဖိနှိပ်ရေးမျှော်စင်မှာ အကျဉ်းချခဲ့တယ်။ အခုဆိုရင် နှစ်ပေါင်း ၃၀၀ ကျော်လွန်သွားခဲ့ပြီ နတ်ဆိုးဖိနှိပ်ရေးမျှော်စင်ကြီးလည်း ပြိုကျလုနီးဖြစ်နေပြီ။ လိပ်နက်ဂိုဏ်းက ကြီးမြတ်သောကျိုးအင်ပါယာရဲ့ အစီအရင်သခင်တွေကို စုစည်းပြီး နတ်ဆိုးနှိမ်နင်းမှုအစီအရင်ကို ပြန်လည်ပြင်ဆင်နိုင်မယ်လို့ထင်နေတာလား? ဒါ သက်သက်ရူးမိုက်တဲ့ အိပ်မက်ပဲ။”

ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်သည် ဒဏ်ရာကို ကုသရင်း တံတွေးထွေးလိုက်သည်။

"ထွီ.. မင်းတို့ ကောင်းကင်နတ်ဆိုးဂိုဏ်းနဲ့ ကောင်းကင်ဓားဂိုဏ်းကို တိုက်ခိုက်ရင်တောင် အဲဒီနတ်ဆိုးကို ချိတ်ပိတ်မရအောင် မင်းတားဖို့ မဖြစ်နိုင်ဘူး။ ငါတို့ဂိုဏ်းနှစ်ခုအပြင် ကြီးမြတ်သောကျိုး မှာ တခြားဂိုဏ်းပေါင်း ရာနှင့်ချီပြီး ရှိသေးတယ်။"

သူထိုသို့ မပြောလျှင် အဆင်ပြေသေးသသည်။ သို့သော် သူဤသို့ပြောသည်နှင့်တပြိုင်နက် တစ်ဖက်လူသည် ရယ်မောကာ ပို၍ပင် မာနကြီးလာသည်။

"ဟားဟားဟား...ငါ မင်းကို အမှန်အတိုင်းပြောမယ်။ ဒီတစ်ကြိမ်တိုက်ခိုက်တာ ငါတို့တင် မဟုတ်ဘူး။ ငါတို့တိုက်တာကလည်း မင်းရဲ့ဂိုဏ်းနှစ်ခုတင်မကဘူး။ ဒီတစ်ကြိမ်မှာ ငါတို့ အတုမရှိ နတ်ဆိုးဂိုဏ်းနဲ့ မဟာဂိုဏ်းကြီးသုံးခုက တစ်ချိန်တည်းမှာ ပူးပေါင်းတိုက်ခိုက်ကြတာပဲ။ သွားတဲ့သူတွေရဲ့ ၂၀ ကနေ ၃၀%လောက် လိပ်နက်ဂိုဏ်းကိုရောက်နိုင်ရင်ကို မဆိုးပါဘူး။”

ထိုစကားကိုကြားသောအခါ လူတိုင်း၏ အမူအရာတွေ ပြောင်းသွားသည်။

သူပြောသည့်အတိုင်းသာ အမှန်ဆိုလျှင် လိပ်နက်ဂိုဏ်းသည် အန္တရာယ်ရှိလိမ့်မည်။ “ကောင်းပြီ၊ အခုဆို ကောင်းကင်ပိုးကောင်သွေးအဆိပ်ရဲ့ အကျိုးသက်ရောက်မှုတွေလည်း စပြနေလောက်ပြီ။ မင်းရဲ့ ကျင့်ကြံဆင့်တွေ တော်တော်ကို ဖိနှိပ်ခံရလိမ့်မယ်။ မင်းတို့ကို အခုပဲ ပို့ပေးမယ်။ တိုက်ခိုက်ကြ....။"

ထိုအမိန့်ကြောင့် အဆိပ်တစ်ထောင်ဂိုဏ်း၏ လက်အောက်ခံများသည် သူတို့ကို ဝိုင်းရံတိုက်ခိုက်ကြသည်။

ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် အခြားသူများ၏ အမူအရာများသည် အလွန်တင်းမာနေသော်လည်း သူတို့သည် သူခိုးကို မဖမ်းမီ ခေါင်းဆောင်ကို ဖမ်းရမည်ဟူသော နိယာမကို နားလည်နေကြဆဲဖြစ်သည်။ သူတို့သည် တည်းခိုခန်းပိုင်ရှင်ဆီသို့ ပြေးသွားကြသည်။

ထိုအချိန်တွင် ကောင်းကင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်သည် နှစ်ဖက်ကြားရှိ အာဃာတများကို လျှော့ချပြီး တစ်ဖက်လူကို ကူ၍ တိုက်ခိုက်သည်။

အရေးအကြီးဆုံးမှာ သူတို့နှစ်ဦးသည် ကောင်းကင်ပိုးကောင်သွေးအဆိပ် မိထားပြီး သူတို့၏ ခွန်အားတွေသည် ခဏတာ လျော့နည်းနေသည်။ သူတို့သာ လက်တွဲမလုပ်လျှင် ဒီနေရာမှာ သေသွားနိုင်သည်။

အာကာပြင်ပြိုကွဲခြင်းအဆင့် ကျွမ်းကျင်သူများကြား တိုက်ပွဲသည် မည်မျှ ပြင်းထန်သနည်း။

နှစ်ဘက်တိုက်ခိုက်မှုများ ဆုံသည့်နေရာတွင်အားပြင်းသည့် နောက်ဆက်တွဲလှိုင်းကြောင့် တည်းခိုခန်းတစ်ခုလုံး ပြိုကျသွားသည်။

ထို့နောက် နှစ်ဖက်စလုံးမှ ကျင့်ကြံဆင့်မြင့်သူများ ခုန်တက်ကာ လေထဲတွင် တိုက်ခိုက်ကြသည်။ တိုက်ပွဲသည် ပြင်းထန်ပြီးရင်း ပြင်းထန်သည်။

ပထမအကြီးအကဲသည် လုရှောင်ယန်ထံ ဓမ္မရတနာကို ပစ်ပေးပြီး ပြောသည်။ "ရှောင်ယန်၊ ဒါက ငါ နှစ်ပေါင်းများစွာ သိမ်းဆည်းထားခဲ့တဲ့ ဓမ္မရတနာတစ်ခုပဲ။ သူတော်စင်ဝိညာဉ်ဝတ်ရုံက အဆင့်နိမ့် ကောင်းကင်ဘုံ ခံစစ်အတွက်သုံးတဲ့ ရတနာပဲ။ အခုအခြေအနေက အရေးပေါ်ဖြစ်ပြီး လူတိုင်းက မင်းကို ကာကွယ်ဖို့ အချိန်မရှိဘူး။ မသေဖို့ သတိထားရမယ်။ လိုအပ်ရင် အရင်ထွက်ပြေးလို့ရတယ်။ ငါတို့နောက်မှတွေ့မယ်။"

"ကျေးဇူးတင်ပါတယ် ပထမအကြီးအကဲ။"

ထို့နောက် ပထမအကြီးအကဲသည် တိုက်ပွဲတွင် ပါဝင်သည်။

လုရှောင်ယန်သည် မျက်လုံးများကို မှိတ်ထားပြီး လေထဲတွင် နတ်ဆိုးဂိုဏ်း၏ မာနကြီးသော ရုပ်သွင်ကို ကြည့်လိုက်သည်။ သူသည် လက်ညှိုးကို ပွတ်သပ်ပြီး လျှို့ဝှက် အင်အားတစ်ခုကို ထုတ်သုံးလိုက်သည်။

"ငါ မင်းအတွက် ဟင်းခတ်မှုန့်လေး ထည့်ပေးမယ်။" ဤလျှို့ဝှက်အင်အားသည် အခြားသူမသိဘဲ ဝိညာဉ်စွမ်းအင်သုံးစွဲမှုကို အရှိန်မြှင့်ပေးလိမ့်မည်။တိုက်ခိုက်မှု အနည်းငယ်ဖြင့်ပင် တစ်ဖက်သား၏ ဝိညာဉ်စွမ်းအင်များ ခန်းခြောက်သွားလိမ့်မည်။

ထိုသူတို့သည် ဂိုဏ်းချုပ်နှင့်အခြားသူများကို အနိုင်ယူရန် မဖြစ်နိုင်တော့ပေ။

အရေးအကြီးဆုံးမှာ ဂိုဏ်းချုပ်သည် သူ့အပေါ် အရမ်းကောင်းသည်။ သူ့ကို တဲထဲမှာ ဒီအတိုင်း မထားခဲ့နိုင်ပေ။

မူးမေ့ကာလဲကျနေသည့် သူများသည် သိပ်ကံမကောင်းပေ။ သူတို့သည် နှလုံးကို တိုက်ရိုက် ဓါးနဲ့ထိုးသတ်ခြင်းခံရသည်။

ထိုအချိန်တွင်၊ လုရှောင်ယန်နှင့် ကောင်းကင်ဓားဂိုဏ်း၏ စိတ်ဝိညာဉ်အဆင့်မှ အကြီးအကဲသုံးဦးသာ တည်းခိုခန်း၏ 'အပျက်အစီးများ' ကြားတွင် ကျန်ခဲ့သည်။

ဤအခြေအနေတွင် ကောင်းကင်နတ်ဆိုးဂိုဏ်း၏အခြေအနေသည် အတော်လေး သနားဖွယ်ကောင်းသည်။ အဘယ်ကြောင့်ဆိုသော် အစီအရင်ဆိုင်ရာ ကျွမ်းကျင်သူများဖြစ်ကြသော ဂိုဏ်းချုပ်၊ ပထမအကြီးအကဲ၊ အကြီးအကဲဝမ်နှင့် အကြီးအကဲထျန်တို့သည်သာ ကျင့်ကြံဆင့်မြင့်သူများဖြစ်ကြသောကြောင့် ဖြစ်သည်။ ကျန်သူများအားလုံးသည် ဝိညာဉ်ဘုံအောက်ရှိ တပည့်များသာဖြစ်သည်။

ကောင်းကင်ဓားဂိုဏ်းတွင် ထိုတပည့်အငယ်လေးများအနည်းငယ်သာပါရှိသောကြောင့် ဆုံးရှုံးမှုနည်းပါးသည်။

သူတို့ သုံးယောက်သည် သူတို့၏ ခန္ဓာကိုယ်တွင်းရှိ ဝိညာဉ်စွမ်းအင်များကို အရူးအမူး လှည့်ပတ်ကြသည်။ ထိုနည်းဖြင့် အဆိပ်ကို ဆေးကြောသန့်စင်ပြီးသောအခါ လုရှောင်ယန်အား အော်ပြောလိုက်သည်။

"ကောင်းကင်နတ်ဆိုးဂိုဏ်းမှ သူငယ်ချင်းများ၊ ကျုပ်တို့အားလုံး နတ်ဆိုးဂိုဏ်း၏ ခြုံခိုတိုက်ခိုက်ခြင်းကို ခံနေရပြီး စိုးရိမ်ရတဲ့ အခြေအနေတွင် ရှိနေပြီ။ ကျုပ်တို့ရဲ့သဘောထားမတူညီမှုမှုတွေကို ဘေးဖယ်ထားပြီး ဒီ နတ်ဆိုးဂိုဏ်းက မကောင်းဆိုးဝါးတွေကို တွန်းလှန်ဖို့ အတူတကွ တိုက်ခိုက်ကြပါစို့။ ဘယ်လိုသဘောရလဲ?"

လုရှောင်ယန် ပြန်မဖြေပေ။

သူတို့သုံးယောက်သည် မနေနိုင်ပဲ အတန်ငယ် အံသြသွားကြသည်။ သူတို့သည် လုရှောင်ယန် မတ်တပ်ရပ်နေသည်ကို အခုလေးတင် မြင်ခဲ့သည်။ သူအဘယ်ကြောင့် နှုတ်ဆိတ်နေသည်လဲ။

သူအသတ်ခံရတာဖြစ်မည်လား။

သူတို့ သုံးယောက်သည် စူးစမ်းချင်စိတ်ကြောင့်လှည့်ကာ ကြည့်လိုက်သော်လည်း ချက်ချင်းပင် လန့်သွားသည်။

လုရှောင်ယန်သည် အချိန်အတော်ကြာကတည်းက အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး လျင်မြန်စွာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိလိုက်ရသည်။

အကွာအဝေးကိုကြည့်ပြီး ခန့်မှန်းရလျှင် လုရှောင်ယန်သည် သူတို့စကား မပြောခင်တည်းက ပြေးနေတာ ဖြစ်ကောင်းဖြစ်လိမ့်မည်။

"သေစမ်း. .မင်းကွာ.. ငါတို့ရဲ့ ကောင်းကင်ဓားဂိုဏ်းက အရှက်မရှိဘူးလို့ ဘယ်လိုပြောရဲရတာလဲ? မင်းတို့ ကောင်းကင်နတ်ဆိုးဂိုဏ်းကမှ အရှက်မရှိဆုံးလို့ ငါထင်တယ်။"

အဝေးကို ရောက်နေပြီဖြစ်သော လုရှောင်ယန်သည် မျက်စောင်းထိုးလှမ်းလိုက်သည်။

"အရူးတွေ၊ မင်းတို့ဘာသာ မပြေးဘဲနဲ့ ငါ့ကိုလာအပြစ်တင်နေတာ။ မင်း ဉာဏ်မမီရင် သိုင်းလောကထဲကို လှည့်ပတ်သွားလာမနေနဲ့။ အိမ်ပြန်ပြေးပြီး မင်းရဲ့ နောက်ဆုံးထမင်းသွားစားတာက ပိုကောင်းတယ်။”

စင်စစ် လုရှောင်ယန်၏ ခွန်အားနှင့်ဆိုလျှင် ပြေးရန် မလိုအပ်သည်မှာ သေချာသည်။

သို့သော် သူသည် ဝိညာဉ်ဘုံ၌သာ ရှိနေကြောင်း လူအများအား ကြေညာထားသည်။ သူသည် သူ၏ ကျင့်ကြံဆင့်ကို လူတိုင်း၏ရှေ့တွင် ထုတ်ဖော်မည်ဆိုပါက ဒုက္ခကြီးကြီးမားမားဖြစ်မည်မှာ သေချာသည်။

ယခင်က၊ သူသည် သူ၏ အစီအရင်ချခြင်းစွမ်းရည်၏ ၅၀% ကို ထုတ်ဖော်ပြသခဲ့ပြီး လိပ်နက်ဂိုဏ်း၏ အစီအရင်အစည်းအဝေးတွင် ပါဝင်ရန် ဆွဲခေါ်ခံရသည်။ သူ၏ခွန်အားကို ထပ်ပြီး ထုတ်ဖော်ခဲ့မည်ဆိုလျှင် သူ မည်မျှဒုက္ခရောက်ဦးမည်လဲဆိုတာ မည်သူသိမည်နည်း။

ထို့ကြောင့် သူပြေးရမည်မှာ သေချာသည်။

ထို့အပြင် လုရှောင်ယန်သည် သူ၏ ကျင့်ကြံဆင့်နှင့် ကိုက်ညီစေရန် ကြီးမြတ်သောအာကာပြင်ဖြိုခွဲခြေလှမ်းကိုပင် အသုံးမပြုခဲ့ပေ။ သူသည် ထွက်ပြေးရန် သာမာန်စိတ်ဝိညာဉ်အဆင့် ကျွမ်းကျင်သူတစ်ဦး၏ အရှိန်ကိုသာ အသုံးပြုခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ သူသည် နတ်ဆိုးဂိုဏ်းအကြီးအကဲ၏ ခွန်အား ကုန်ခမ်းအောင် လျှို့ဝှက်အင်အားဖြင့် ပြုလုပ်ထားပြီးဖြစ်သည်။

ထို့အပြင်၊ ဂိုဏ်းချုပ်ကိုယ်တိုင်သည်လည်း အာကာပြင်ပြိုကွဲခြင်းအဆင့်တွင် ရှိသည်။ သူသည် အဆိပ်ဖြင့် ဖိနှိပ်ခြင်းခံထားရသော်လည်း၊ ဖန်တီးမှုနယ်ပယ်ဒသမအဆင့် ကျင့်ကြံဆင့် တိုက်ခိုက်ခြင်းကို အသုံးပြုနိုင်သေးသည်။

ကောင်းကင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်၊ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ပထမ အကြီးအကဲ၊ အကြီးအကဲ ဝမ်၊ အကြီးအကဲထျန်နှင့် အခြား ဂိုဏ်းများမှ အကြီးအကဲများလည်း ရှိသည်။ ပြဿနာ သိပ်ရှိမည်မဟုတ်ပေ။

သူသည် ဂိုဏ်းချုပ်နှင့် အခြားသူများ၏ လုံခြုံရေးအတွက် လုံးဝ စိတ်ပူစရာ မလိုပေ။

သူသည် အနည်းငယ်ပို၍ဝေးသောနေရာသို့ရောက် ပြီး လုံခြုံသောနေရာသို့ ချက်ချင်း ကူးပြောင်းရန် ကြီးမြတ်သောအာကာပြင်ဖြိုခွဲခြေလှမ်းကို အသုံးပြုလိုက်လျှင် ပြဿနာအားလုံး ပြေလည်သွားမည်ဖြစ်သည်။

ပြီးပြည့်စုံသည်။

သို့သော် ထိုအချိန်တွင် လုရှောင်ယန်၏ အနောက်ဘက်မှ စူးရှသော အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

ဤအလင်းတန်းသည် ထူးထူးခြားခြား အရှိန်အဝါ၊ အမြန်နှုန်းနှင့် ခွန်အားတို့ ရှိသည်။ ဝိညာဉ်နယ်ပယ်ကျွမ်းကျင်သူတစ်ဦးပင် သတိမထားမိပါက ရှုံးလိမ့်မည်။

ကံမကောင်းစွာဖြင့်၊ လုရှောင်ယန်သည် အနှစ်သာရခိုင်မြဲခြင်းအဆင့်တွင်ရှိနေပြီဖြစ်သည်။ သူ့အတွက်၊ ဒါက ကလေးရေသေနတ်သာသာ ရှိသည်။

လုရှောင်ယန် သူ၏ခန္ဓာကိုယ်ကို အနည်းငယ်လှည့်လိုက်ပြီး တိုက်ခိုက်မှုကို ရှောင်လိုက်သည်။

ဘုန်း!

နောက်တစ်စက္ကန့်တွင် သူ၏ရှေ့တွင် ပြင်းထန်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။

လုရှောင်ယန် မျက်လုံးများကို အနည်းငယ်ကျဉ်းမြောင်းကာ ရပ်လိုက်သည်။ သူ၏နောက်တွင်၊ စိတ်ဝိညာဉ်အဆင့်ထက် မနိမ့်သော အရှိန်အဝါရှိသော သဏ္ဍာန်ငါးခုသည် ညကောင်းကင်အောက်တွင် သူ့ဆီသို့ ပြေးလာနေသည်…

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် - ၄

အခန်း ၅၂ မတရားမှုကိုတွေ့ရင် ရှောင်သွားလိုက်...

သူတို့ငါးဦးသည် သေချာပေါက် သတ်ဖြတ်လိုသည့်ရည်ရွယ်ချက်များဖြင့် တိုက်ခိုက်တော့မည်ကို မြင်လိုက်ရသောအခါ ရုတ်တရက်ဆိုသလို လုရှောင်ယန်သည် သူ၏ညာလက်ကို ဆန့်တန်းလိုက်သည်။

"ခဏရပ်လိုက်!"

သူတို့ငါးယောက်သည် အံ့အားသင့်သွားပြီး လုရှောင်ယန်၏ရှေ့တွင် ရပ်လိုက်မိကြသည်။

လုရှောင်ယန်၏ အရှိန်အဝါကြောင့် သူတို့ ထိတ်လန့်သွားခြင်း မဟုတ်ပေ။ သို့သော် ဤမျှ နီးကပ်သော အကွာအဝေးတွင် လုရှောင်ယန် လုံးဝမလွတ်မြောက်နိုင်ပေ။

ထို့ကြောင့် လုရှောင်ယန် ဘာလုပ်ချင်သည်ကို မြင်ချင်ကြသည်။

လုရှောင်ယန်သည် ပေါ့ပေါ့ပါးပါး ချောင်းဆိုးလိုက်ပြီး စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

“ငါမှာ မေးချင်တာတစ်ခုရှိတယ်။ ငါက အသေအချာကြီးကို ထွက်ပြေးနေတဲ့သူပါ၊ အဝေးကြီးအထိလဲရောက်နေပြီ။ တည်းခိုခန်းမှာ ကောင်းကင်ဓားဂိုဏ်းက အကြီးအကဲ သုံးဦးရှိသေးတယ်။ ဘာလို့သူတို့ကို မသတ်ဘဲ ငါ့နောက်ကိုလိုက်လာတာလဲ?"

သူတို့ငါးယောက် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ချက်ခြင်း ရယ်ကြတော့သည်။

"ဟားဟား... ငါတို့ကို အ တယ်ထင်နေတာလား? ကောင်းကင်ဓားဂိုဏ်းရဲ့ အကြီးအကဲသုံးဦးက မလွတ်မြောက်နိုင်ဘူး သူတို့ကသုံးယောက်ထဲရှိတာ။ ငါတို့ သူတို့သုံးယောက်ကို အတူတူသတ်ရင်တောင် ဆုငွေဘယ်လောက်ရမှာမလို့လဲ?"

“ဒါပေမယ့် မင်းက မတူဘူး။ ငါတို့ မင်း တစ်ယောက်တည်းကို သတ်နိုင်ရင်တောင် ငါတို့ငါးယောက်က ဆုလာဘ်ကို အညီအမျှရလိမ့်မယ်။ ဒီဆုလာဘ်က ပိုကြီးတယ်။”

လုရှောင်ယန် အံ့သြသွားသည်။

အခုခေတ် ဗီလိန်တွေ ဤမျှ ထက်မြက်နေပြီလား။ သူတို့၏ အိုင်ကျူသည် အနည်းဆုံး ၈၀ လောကပင်ရှိမည်။

ဒါက အဓိပ္ပါယ်မရှိဘူး ဟုတ်တယ်မလား?

အမှန်ပင်၊ သူသည် ဇာတ်လိုက်ဖြစ်ရန် လျှာထားခံရသူမဟုတ်ပေ။ အကြောင်းမှာ ဇာတ်လိုက် ကြုံတွေ့ရသည့် ဗီလိန်တိုင်းသည် အလွန်တုံးအသောကြောင့် ဖြစ်သည်။

“ကောင်းပြီ၊ ဒါပဲ။ မင်းသေရမယ့်အချိန်ရောက်ပြီ။"

သူတို့ငါးယောက်က လှောင်ပြောင်ကြသည်။ သူတို့၏ အငွေ့အသက်များ ပျံ့နှံ့လာသည်နှင့်အမျှ သူတို့၏ တိုက်ခိုက်မှုများလည်း ပေါက်ကွဲလာတော့မည်။

သို့သော်~~

သူတို့ လှုပ်ရှားဖို့ပြင်နေတုန်းမှာပင် လုရှောင်ယန်သည် သူတို့ငါးယောက်ကို လက်သီးနဲ့ထိုးလိုက်သည်ကို တွေ့လိုက်ရသည်။

တစ်ချက်ထိုးရုံပင်။ လေးနက်ပုံမပေါ်သည့် အလွန်ရိုးစင်းသော လက်သီးချက်ဖြစ်သည်။

သို့ပေမည့်~

ထိုလက်သီးချက်သည် သူတို့၏ အသိစိတ်ကို တခဏချင်း ချိတ်ပိတ်ပြီး အမှောင်ထဲ နစ်မြုပ်သွားပြီး လုံးဝကို ပျောက်ကွယ်သွားစေသည်။ သူတို့တွင် တုံ့ပြန်ဖို့ အချိန်တောင် မရခဲ့ပေ။

အနှစ်သာရခိုင်မြဲခြင်းအဆင့်မှ လက်သီးတစ်ချက်သည် ဝိညာဉ်ဘုံကျင့်ကြံသူများအား ချက်ချင်းပင် ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားစေသည်။

သူတို့ကို ထိုးသတ်ပြီးနောက် လုရှောင်ယန် ခေါင်းယမ်းသည်။

“ဟင်း..၊ မင်းရဲ့ အိုင်ကျူက တကယ်ကို တိုးလာပြီ၊ ဒါပေမယ့် မင်းရဲ့ ခွန်အားက တိုးဖို့ လိုသေးတယ်။ မင်းရဲ့ အိုင်ကျူ ဘယ်လောက်ပဲ မြင့်နေပါစေ မင်းရဲ့ တိုက်ခိုက်ရေး အင်အားက မလုံလောက်ရင် အသုံးမဝင်ဘူး။" သူပြောပြီးသည်နှင့် တစ်ပြိုင်နက် မြို့ပြင်ဘက်မှ ပြင်းထန်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ အားပြင်းသော လှိုင်းလုံးကြီးသည် တစ်မြို့လုံးကို ချက်ချင်း ပြားပြားဝပ်သွားသေသည်။

လုရှောင်ယန်သည် ကီလိုမီတာများစွာအကွာမှပင် ဤတိုက်ခိုက်မှု၏ပြင်းအားကို ခံစားနိုင်သည်။

သူ့အတွက် ကြီးမားသည့် ခြိမ်းခြောက်မှု မဟုတ်သော်ငြားလည်း...

တည်းခိုခန်းဧရိယာကို လေ့လာရန် သူ၏စိတ်အာရုံကို အသုံးပြု၍ ကြည့်လိုက်သည်။ နတ်ဆိုးဂိုဏ်းအကြီးအကဲ မရှိတော့ပြီဖြစ်သည်။ သူသည် သူ့ကိုယ်သူ ဖျက်ဆီးခဲ့ခြင်းဖြစ်နိုင်သည်။

ဂိုဏ်းချုပ်နှင့် တခြားသူများသည် ထိခိုက်မှုမရှိပေ။ ကြည့်ရသည်မှာ မြို့ငယ်လေး၏ ကျန်နေသော နတ်ဆိုးကျင့်ကြံသူများအားလုံးကို ကိုင်တွယ်ဖြေရှင်းလိုက်ပုံရသည်။

၎င်းသည် သူထုတ်လွှတ်လိုက်သည့် လျှို့ဝှက်အင်အားနှင့် ပတ်သက်နေလိမ့်မည်။ မဟုတ်လျှင် ဂိုဏ်းချုပ်နှင့်တခြားသူတွေသည် ထိုနတ်ဆိုးဂိုဏ်း အကြီးအကဲကို တိုက်ခိုက်နိုင်မည် မဟုတ်ပေ။

အနည်းဆုံးတော့ ထိုနတ်ဆိုးဂိုဏ်း အကြီးအကဲကို ယခုလောက်မြန်မြန် မိမိကိုယ်မိမိ ဖျက်စီးပစ်ဖို့ ရွေးချယ်ရန် အတင်းအကျပ် တွန်းပို့ခံရမည်မဟုတ်ပေ။

သို့သော် ယခုမူ အန္တရာယ်ပြေလည်သွားပြီဖြစ်ကာ ဂိုဏ်းချုပ်နှင့် အခြားသူများ ထိခိုက်ဒဏ်ရာမရသဖြင့် သူထပ် ပုန်းနေရန် မလိုအပ်တော့ပဲ ကူညီရန် ပြန်သွားနိုင်ပြီဖြစ်သည်။

လုရှောင်ယန် စုတ်သပ်လိုက်သည်။

“ဒီတိုက်ပွဲက တော်တော်ပြင်းထန်ပုံရတယ်။ ကံကောင်းလို့၊ ငါက ဉာဏ်ကောင်းပြီး အဝေးမှာနေခဲ့လို့။ ဒီလိုမှမဟုတ်ရင် ဒီလိုကြီးမားတဲ့ ပေါက်ကွဲမှုကြီးကနေ အသက်ရှင်ခဲ့မယ်ဆိုရင် ဂိုဏ်းချုပ်ကို ဘယ်လိုရှင်းပြရမှန်းသိမှာ မဟုတ်ဘူး။”

“ဒါပေမယ့် ဒါက အခွင့်အရေးကောင်းတစ်ခုလည်း ဟုတ်တယ်။ ပျံသန်းနေတဲ့သင်္ဘောမရှိရင် ဒီကနေ လိပ်နက် ဂိုဏ်းကိုရောက်ဖို့ အနည်းဆုံး တစ်လလောက် အချိန်ယူရလိမ့်မယ်။ ဒီအခွင့်အရေးကို အသုံးချပြီး ကျင့်ကြံဖို့ လိုဏ်ဂူတစ်ခုလောက်ရှာရမယ်။ အဲဒီ့နောက်၊ တစ်လလောက်နေရင် ကြီးမြတ်သောအာကာပြင်ဖြိုခွဲခြေလှမ်းကို အသုံးပြုပြီး ဆယ်မိနစ်မပြည့်ခင်မှာပဲ လိပ်နက်ဂိုဏ်း ကို ရောက်နိုင်တယိ။"

ထိုသို့ တွေးပြီး လုရှောင်ယန်သည် ချက်ခြင်းထွက်ပြေးသွားသည်။

သူသည်မြို့ထဲကနေထွက်လာပြီးဖြစ်သည့်အပြင် မည်သူမှ သူ့ကိုမမြင်ဖူးသည့်အတွက် လုရှောင်ယန်သည် သူ၏ ကျင့်ကြံဆင့်ကို ဖုံးကွယ်ထားရန် မလိုအပ်တော့ပေ။ ထို့ကြောင့် သူသည် ဤနေရာမှထွက်ခွာရန် ကြီးမြတ်သောအာကာပြင်ဖြိုခွဲခြေလှမ်းကို အသုံးပြုလိုက်သည်။

သူသည် အရှေ့ကို ဦးတည်သွားလိုက်သည်။ ဤနည်းဖြင့် သူသည် တစ်လနေမှ အလျင်စလို သွားရန် မလိုအပ်တော့ပေ။

သူ၏ ကျင့်ကြံခြင်းနည်းလမ်းကို အသုံးပြု၍ အမွှေးတိုင် တစ်တိုင်စာကုန်သည့်အချိန်၌ လုရှောင်ယန်သည် ကီလိုမီတာများစွာ ခရီးရောက်နေပြီဖြစ်သည်။

သူ မြို့နှင့် ခပ်ဝေးဝေးတွင် ရောက်ပြီဟု ခံစားမိမှသာ ရပ်လိုက်သည်။

"ဟား...ဒီမှာ ကျင့်ကြံဖို့ လှိုဏ်ဂူတစ်ခု ရှာရမယ်.."

သို့သော် သူ ရပ်လိုက်သည်နှင့် အရှိန်အဝါတစ်ချို့သည် အဝေးမှ ပြေးလာနေသည်။

အရှေ့မှပြေးလာနေသူသည် စိတ်ဝိညဉ်သန့်စင်ခြင်း ပဉ္စမအဆင့်ဖြစ်ပြီး သူ၏အနောက်မှ စိတ်ဝိညာဉ်သန့်စင်ခြင်း ပဉ္စမအဆင့် ကျင့်ကြံသူနှင့် တောင်ပင်လယ်အဆင့် ကျင့်ကြံသူငါးဦးတို့ လိုက်လာကြသည်။

သူတို့အားလုံးသည် အဆင့်မြင့်သည့်ကျင့်ကြံသူတွေဖြစ်သည်။

"ချင်ကျီမော့၊ မင်းက ငါတို့ရဲ့ အတုမရှိ နတ်ဆိုးဂိုဏ်းနဲ့ အဆိပ်တစ်သောင်းဂိုဏ်းရဲ့ ကောင်းကင်ပိုးကောင်သွေးအဆိပ် ကူးစက်ခံထားရတာ။ မင်းပြေးလို့ မလွတ်နိုင်ဘူး။"

“မင်းတို့က နတ်ဆိုးဂိုဏ်းရဲ့ အသေးအမွှားယင်ကောင်လေးတွေပဲ။ မင်းတို့က သိုင်းလောကထဲကို ဒုက္ခရှာဖို့ ဘယ်လိုတောင် သတ္တိရှိရတာလဲ? ငါ ဂိုဏ်းကို ပြန်ရောက်တဲ့အခါ ဆရာ့ဆီ အစီရင်ခံမယ် ၊ မင်းတို့ နတ်ဆိုးဂိုဏ်း သူပုန်တွေ အားလုံးကို သူက သေချာ ချေမှုန်းပစ်လိမ့်မယ် ”

“ဟာဟားဟား… မိစ္စာဖိနှိပ်ရေးမျှော်စင်က ပျက်တော့မယ်။ မင်းတို့ သူတော်စင်ကျင့်ကြံသူတွေက နတ်ဆိုးဂိုဏ်းတစ်ခုလုံးကိုတောင် သတ်ချင်သေးတာလား? အိပ်မက်မက်နေလိုက်..."

လုရှောင်ယန်: "???"

သူ အစော်ကားခံရသလိုခံစားလိုက်ရသည်။

ကျင့်ကြံဖို့ဂူရှာရန် သူရောက်ရောက်ခြင်းမှာပင် ဖြောင့်မှန်သည့် ကျင့်ကြံသူတစ်ယောက်ကို လိုက်နေသော နတ်ဆိုးဂိုဏ်းသားတွေနှင့် ဆုံရသည်။

ဒါက လွန်လွန်းသည်ပဲ။ သူ့အား ပြောစရာစကားမရှိအောင် ပို၍ ဒေါသထွက်စေသည့်အရာမှာ ဖြောင့်မတ်သောကျင့်ကြံသူ အမျိုးသမီးကို သူ မြင်ဖူးသည်။

“လေးစားရတဲ့ တာအို မိတ်ဆွေ၊ ငါ့ကို နတ်ဆိုးကျင့်ကြံသူတွေ လိုက်ဖမ်းနေတယ်။ ကျေးဇူးပြုပြီး ငါ့ကို ကူညီပြီး ငါ့အသက်ကို ကယ်တင်ပေးပါ။ ဒါပြီးရင် မင်းကို ငါ သေချာပေါက် ကျေးဇူးကြွေး ပြန်ဆပ်ပါ့မယ်။”

လုရှောင်ယန်၏ မျက်နှာမှာ ရှုံ့မဲ့သွားသည်။

သူ ဘာလို့လုပ်ပေးရမည်လဲ? သူမကို လိုက်ဖမ်းတာ သူနှင့်မှမဆိုင်တာ။ သူက သူမ၏ခင်ပွန်း လည်းမဟုတ် အမေလည်းမဟုတ်။ သူ သူမကို ဘာအတွက် ကယ်တင်ရမည်လဲ?

ထို့အပြင်၊ သူမသည် သူ၏ကျင့်ကြံဆင့်ကိုပင် သိရဲ့လား သူမသိပေ။

သူသာ စိတ်ခန္ဓာသန့်စင်ရေးအဆင့်က အကောင်ငယ်လေးဖြစ်ပြီး သူမထိုသို့ အော်ခဲ့လျှင် သူ လုံးဝ ဒုက္ခရောက်လိမ့်မည်။

ထိုသို့တွေးမိပြီး ကောင်းကင်ကိုမော့ကြည့်ကာ ချက်ချင်းအော်ပြောသည် “ဘာပြောတာလဲ? မိန်းကလေး ဘာတွေပြောနေတာလဲ? ငါ့နားက မကောင်းဘူး။ ငါ မင်းပြောတာ မကြားရဘူး။"

ချင်ကျီမော့ အံ့အားသင့်သွားပြီး သူ၏ ဝိညာဉ်စွမ်းအင်ကိုသုံး၍ အော်ပြောလိုက်သည်။ “နတ်ဆိုးကျင့်ကြံသူတွေ ငါ့ကို လိုက်ဖမ်းနေတယ်” " ကျေးဇူးပြုပြီး ငါ့ကိုကူညီပေးပါ တာအိုမိတ်ဆွေ။"

"ဘာကြီး.. ပိုကျယ်ကျယ်လေး... ငါ့နားတွေက ဒဏ်ရာရထားတယ်။ မင်းဒီလိုပြောရင် ငါမင်းပြောတာကိုကြားနိုင်မှာမဟုတ်ဘူး။"

ချင်ကျီမော့သည် နောက်တစ်ကြိမ်အော်တော့မည့်အချိန်တွင် သူ၏နောက်မှ နတ်ဆိုးကျင့်ကြံသူများက အရင်အော်လိုက်သည်။

"စပ်စုမနေနဲ့ လစ်လိုက်တော့..။"

“ကောင်းပြီ။”

သူသည် ထိုသို့ ပြောပြီး ချက်ချင်း ထွက်ပြေးသွားသည်။

ချင်ကျီမော့: "???"

သူမ နေရာတွင်ပင် ကြောင်အသွားတော့သည်။

ဒီလူက တကယ်ပဲ ဖြောင့်မှန်သည့် ကျင့်ကြံသူဟုတ်ရဲ့လား? ဘာကြောင့် ဒီလောက် တာဝန်မဲ့ပြီး သူရဲဘောကြောင်ရသည်လဲ? ထို့အပြင် သူသည် ယောက်ျားတစ်ဦးလည်းဖြစ်သည်။ သူ တကယ်ကြီး နားမကြားရသလိုဟန်ဆောင်ပြီး သူမကို မကူညီခဲ့ပေ။

သို့သော် သူမ အံ့အားသင့်နေခိုက် နတ်ဆိုးကျင့်ကြံသူတွေကို အမီလိုက်နိုင်ရန် အခွင့်အရေးပေးမိသွားသည်။

"ငါ မင်းကို မှီပြီ"

သူမ၏နောက်မှ စူးစူးရဲရဲ အသံတစ်သံ ထွက်ပေါ်လာသည်။ ချင်ကျီမော့၏ မျက်စံများသည် ကျဉ်းမြောင်းလာသည်။ "မကောင်းတော့ဘူး။"

နောက်တစက္ကန့်တွင် သူမ၏နောက်ကျောကို အင်အားပြင်းပြင်းဖြင့် ရိုက်ခံလိုက်ရသည်။

ဖူး...

ချင်ကျီမော့၏ ပါးစပ်မှ သွေးများ အန်ထွက်လာသည်။ သူမ၏ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်စွမ်းအင်များ ချက်ချင်း ဖရိုဖရဲ ဖြစ်သွားသည်။ သူမ၏ ခန္ဓာကိုယ်သည် အတောင်ကျိုးနေသော ငှက်တစ်ကောင်လို ကြိုးပြတ်နေသော စွန်တစ်ကောင်လို အခြေအနေကိုရောက်သွားသည်။ သူမ ယိုင်နဲ့ကာ လဲကျသွားသည်။

“သူမ အဆုံးသတ်ပြီ။ သူမနောက်ကို လိုက်ဖမ်းပြီး သတ်ပစ်”

နတ်ဆိုးဂိုဏ်းကလူတွေ သူမကို ဖိနှိပ်တော့မည်ကိုမြင်သော် ချင်ကျီမော့ အံကြိတ်ပြီး သူမ၏ဝတ်ရုံလက်ထဲက ကျောက်စိမ်းချောင်းတစ်ခုကို ထုတ်လိုက်သည်။

"ဆရာ၊ ဆရာ့ကို ကျေးဇူးဆပ်လို့ မရတော့ဘူး။ ကျေးဇူးပြုပြီး တပည့်ကိုခွင့်လွှတ်ပါ။"

နောက်အခိုက်အတန့်တွင် ရုတ်တရက် သူမ၏မျက်လုံးများသည် စူးရှပြီး ခိုင်မာလာသည်။

ထို့နောက် သူမ၏လက်ထဲမှ ကျောက်စိမ်းချောင်းကို ချိုးပစ်လိုက်သည်။

ကျောက်စိမ်းအစများ ကွဲထွက်သွားကာ သတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် မီးလုံးများစွာ ထွက်ပေါ်လာသည်။ အလင်းထဲတွင်ပါရှိသော သတ်ဖြတ်ရန် ရည်ရွယ်ချက်ကို အာရုံခံမိသောအခါ နတ်ဆိုးဂိုဏ်းမှ လူများ၏ မျက်လုံးများသည် ရုတ်တရက် ကျဉ်းမြောင်းသွားကြသည်။ "မကောင်းဘူး.. သူ့မှာ လျှို့ဝှက်ရတနာတစ်ခုရှိတယ်။”

လူတိုင်းသည် နောက်ဆုတ်ချင်သော်လည်း အကွာအဝေးမှာ နီးလွန်းသည်။ သူတို့ လုံးဝ ရှောင်လွှဲလို့ မရတော့ပေ။

သူတို့အားလုံး ကူကယ်ရာမဲ့စွာပင် အလင်း၏ ဝါးမျိုခြင်းကို ခံရရုံသာ ရှိတော့သည်….

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် - ၄

အခန်း ၅၃ တခါတုန်းက ကြောင်တစ်ကောင်ရှိသတဲ့..

ဘုန်း...

လုရှောင်ယန် နောက်တစ်နေရာသို့ ရောက်သောအခါ အစောကနေရာမှ ပြင်းထန်သော ပေါက်ကွဲသံ ထွက်ပေါ်လာသည်ကိုကြားလိုက်ရသည် ။

ပေါက်ကွဲအားကြောင့် တောတောင်တစ်ခုလုံးပင် တုန်လှုပ်သွားသည်။ ပြင်းထန်သော လေပြင်းများ နေရာအနှံ့ တိုက်ခတ်သွားပြီး တချို့အပင်များ လဲကျကုန်သည်။

လုရှောင်ယန် သည် သူ့ထံ တိုက်ခတ်လာသော လေကိုကြည့်ရင်း ပခုံးတွန့်လိုက်သည်။

"ကံကောင်းသွားတယ်၊ ငါပြေးတာမြန်လို့ "

သူ့အဖို့ အလှလေးကို ကယ်တင်သည့် ဟီးရိုးလုပ်ရန် မဖြစ်နိုင်ပေ။ ထိုအပြုအမူမျိုးသည် အဓိကဇာတ်လိုက်အတွက်သာ ရည်ရွယ်သည်။ ကိစ္စများအဆင်ပြေချောမွေ့လျှင် မိန်းကလေးသည် ဇာတ်လိုက်၏ မောင်းမဆောင်အဖွဲ့ဝင်အဖြစ် သူမ၏ဘဝကို ပေးအပ်လိုက်နိုင်သည်။

သူဆိုလျှင်တော့ တစ်ဖက်သူသည် ကျေးဇူးတင်ခြင်းနှင့်သာ အဆုံးသတ်လိမ့်မည်..။

"အစ်ကိုကြီးလု၊ ရှင်က လူကောင်းပါ။"

သို့မဟုတ်…

"အစ်ကိုကြီးလု၊ တကယ်တော့ ကျွန်မက ရှင့်ကို အစ်ကိုတစ်ယောက်လိုပဲ သဘောထားတာ။"

ရူးနေသောသူသာ သူမကို ကယ်တင်လိမ့်မည်။

"ဟုတ်တယ် ဂူကို အရင်ရှာရမယ်"

လုရှောင်ယန် သည် သူ၏စိတ်အာရုံကို ဖြန့်ကျက်ပြီး ဂူတစ်ခုကို အမြန်ရှာတွေ့ခဲ့သည်။ အထဲတွင် ဝက်ဝံနက်ကြီးနှစ်ကောင် ဝက်ဝံ ဘဝအကြောင်း ဆွေးနွေးနေကြသည် ။

“ဒါရလောက်တယ်။”

သူသည် ဂူဝသို့ နေရာပြောင်းရွှေ့ကာ သူ၏လက်ချောင်းများဖြင့် မီးတောက်လုံးကို စုစည်းလိုက်သည်။

အရာဝတ္ထု ဒြပ်စင်များကို ထိန်းချုပ်နိုင်ခြင်းသည် အနှစ်သာရခိုင်မြဲခြင်းအဆင့်သို့ ရောက်ခြင်း၏ လက္ခဏာတစ်ခုဖြစ်သည်။

ထို့နောက် မီးလုံးကို ဂူထဲသို့ ပစ်သွင်းလိုက်သည်။

အုန်း...

ဂူထဲတွင် တခဏချင်း ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး အနီရောင်အလင်းတန်းများက ဂူတစ်ခုလုံးကို လင်းထိန်သွားစေသည်။

ထိုအသံ၏နောက်မှကပ်လျက် ကြောက်လန့်နေပုံပေါ်သည့် ဟိန်းသံနှစ်ခု ထွက်ပေါ်လာသည်။

လှိုဏ်ဂူကြီး တုန်ခါသွားသောအခါ အနက်ရောင်အကောင်ကြီးနှစ်ကောင်သည် ဂူထဲမှ လျင်မြန်စွာ ပြေးထွက်လာသည်။

လုရှောင်ယန်သည် ထိုအခွင့်အရေးကို ယူပြီး ဂူထဲသို့ ဝင်လိုက်သည်။

"ငါ ဒီမှာ တစ်လလောက်နေမယ်။"

ထို့နောက် သူသည် ဂူပေါက်ဝတွင် အကာအရံတစ်ခုကို ချလိုက်သည်။ ဝက်ဝံနက်နှစ်ကောင် မည်မျှပင် ဟိန်းနေပါစေ အကာအရံကို မဖြတ်ကျော်နိုင်ကြပေ။

ဝက်ဝံနှစ်ကောင်သည် နှစ်နာရီကြာ ကြိုးစားပြီးနောက် အင်တင်တင် ထွက်သွားသည်။

လုရှောင်ယန်သည် လှိုဏ်ဂူအား အပြင်လောကနှင့် သီးသန့်ဖြစ်စေရန် နောက်ထပ် အကာအရံ အနည်းငယ်ကို ထပ်မံဖန်တီးသည်။ ထို့နောက် သူသည် အင်အားကြီးမားသော ဝိညာဉ်စွမ်းအင် စုစည်းမှုအစီအရင်ကို ချသည်။ ထိုမှသာ သူသည် စတင်ကျင့်ကြံတော့သည်။

သုံးရက်ကြာပြီးသော်...နောက်ဆုံးတွင်… လုရှောင်ယန်သည် စစ်နတ်ဘုရား၏အနုပညာကို အပြည့်အဝနားလည်သွားသည်။

ဟား ~

သူသည် တုန်ယင်နေသောလေကို ရှုထုတ်လိုက်ပြီး သူ၏မျက်လုံးများမှာ ပိုတောက်ပလာသည်။ ထိုမျက်လုံးအိမ်များထဲတွင် စွမ်းအင်များပြည့်နှက်နေသော မိုးကြိုးများရှိနေပြီး အလွန်ဆွဲဆောက်မှုရှိသည်။ “ငါ စစ်နတ်ဘုရား၏အနုပညာကို နားလည်သွားပြီ။ အဲ့လိုဆိုတော့ ငါက သိုင်းဘုရင်ထိပ်တန်းအဆင့် သိုင်း ကျင့်ကြံခြင်းနည်းလမ်းသုံးမျိုးလုံးကို တစ်ပြိုင်နက်တည်း ကျင့်ကြံလိုက်နိုင်ပြီပဲ။ တစ်ခုက အဇူရာသက်ရှည်အနုပညာနဲ့ နောက်တစ်ခုက ကြီးမြတ်သောအာကာပြင်ဖြိုခွဲခြေလှမ်း နောက်ဆုံးကတော့ ငါအခုမှသင်ယူခဲ့တဲ့ စစ်နတ်ဘုရား၏အနုပညာ ပဲ။ ကျင့်ကြံခြင်းနည်းလမ်းသုံးမျိုးလုံးကို တစ်ပြိုင်နက်တည်း ကျင့်ကြံမယ်ဆိုရင် ငါ့ရဲ့ကျင့်ကြံဆင့် ဘယ်လောက်မြန်မြန် တိုးလာမလဲဆိုတာ သိချင်မိတယ်။”

လုရှောင်ယန် စိတ်ကောင်းဝင်နေကာ ဆေးအချို့ကို မျိုချပြီး ကျင့်ကြံဆင့်မြှင့်ဖို့ ကြိုးစားတော့မည်ဖြစ်သည်။ သူ၏ စိတ်အာရုံကို အလိုအလျောက် ဖြန့်ကျက်လိုက်မိချိန်တွင် ဂူပေါက်ဝတွင် သက်ရှိတစ်ယောက်ကို ရှာဖွေတွေ့ရှိခဲ့သည်။

"ဒီဟာက…"

သူသည် သူ၏နတ်အာရုံနှင့် သေချာကြည့်လိုက်သောအခါ အနည်းငယ် ထိတ်လန့်သွားသည်။

ထိုသက်ရှိသည် လွန်ခဲ့သောရက်အနည်းငယ်က သူ ဆုံတွေ့ခဲ့ရသော အမျိုးသမီး ကျင့်ကြံသူ ချင်ကျီမော့ မှလွဲ၍ မည်သူမှမဖြစ်နိုင်ပေ။ "သူမက ဒီကို ဘယ်လိုလုပ် ရောက်နေတာလဲ?"

လက်ရှိတွင် ချင်ကျီမော့သည် ပြင်းထန်စွာ ဒဏ်ရာရရှိထားသည်။ သူမ၏အဝတ်အစားတွေ စုတ်ပြဲနေရုံသာမက သူမ၏ခန္ဓာကိုယ်တွင်လည်း ဒဏ်ရာမြောက်များစွာ ရှိသည်။ သူမ သတိလစ်နေသည် ။

လုရှောင်ယန်သည် မတတ်နိုင်ပဲ အနည်းငယ် ခံစားချက်ရှုပ်ထွေးသွားသည်။

အကယ်၍ သူမကို တံခါးတွင် ဒီအတိုင်း ထားထားပါက လိုက်ရှာသူများ ရောက်လာပြီး သူမကို တွေ့သွားလျှင် ဒုက္ခများလိမ့်မည်။

အတန်ကြာစဉ်းစားပြီးနောက် လုရှောင်ယန် ရုတ်တရက် သူ့ကိုယ်သူ ရိုက်လိုက်သည်။

"အဲဒါကို တွေးနေဖို့ လိုသေးသလား? လုရှောင်ယန်၊ အိုး လုရှောင်ယန်၊ ဒါက ဒီလိုတောင်ဖြစ်နေပြီ၊ မင်းက တုံ့ဆိုင်းနေတုန်းပဲ။"

ထိုသို့တွေးပြီး လုရှောင်ယန် ချက်ချင်း ဂူထဲကနေ ပြေးထွက်သွားသည်။ သူ၏လက်နှစ်ချောင်းဖြင့် ချင်ကျီမော့၏ခြေထောက်တွေကို ဆုပ်ကိုင်လိုက်ပြီး ဝက်သေတစ်ကောင်ကို ဆွဲထုတ်သလိုမျိုး ဘေးက ချိုင့်ထဲကို ဆွဲသွင်းလိုက်သည်။

"ဟင်း..၊ ဒါဆို လုံလောက်ပြီမဟုတ်လား? သူ့ကို လှိုဏ်ဂူကနေ အဝေးကို ဆွဲထုတ်လိုက်ရင် သူ့ကို လိုက်ရှာသူတဲ့တွေ သူ့ကိုတွေ့ရင်တောင် ငါ့ဂူကို ရှာတွေ့နိုင်မှာ မဟုတ်ဘူး။”

ဤအရာများကို လုပ်ဆောင်ပြီးနောက် လုရှောင်ယန်သည် သိသိကြီးနှင့် ပြုံးကာ ဆက်လက်ကျင့်ကြံရန် သူ၏ဂူဆီသို့ ပြန်ပြေးသွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ တစ်ပတ်ကုန်ဆုံးသွားသည်။

လုရှောင်ယန်၏ ကျင့်ကြံဆင့်သည် အနှစ်သာရခိုင်မြဲခြင်းအဆင့် ပထမအဆင့်၏ ၉၀% ကျော်အထိ တိုးတက်လာသည်။ သူသည် အနှစ်သာရခိုင်မြဲခြင်းအဆင့်၏ ဒုတိယအဆင့်သို့ဖြတ်ကျော်ရန်အနည်းငယ်သာလိုတော့သည်။

သူ၏မျက်နှာမှာ တောက်ပနေသည်။

သိုင်းဘုရင်ထိပ်တန်းအဆင့် ကျင့်ကြံခြင်းနည်းလမ်းသုံးခုကို တစ်ပြိုင်နက်တည်း ကျင့်ကြံခြင်းသည် ကျင့်ကြံခြင်းနည်းလမ်းနှစ်ခုကို ကျင့်ကြံခြင်းထက် ပိုမြန်သည်။

“ဒီနေ့ အနှစ်သာရခိုင်မြဲခြင်းအဆင့် ရဲ့ ဒုတိယအဆင့်ကို ရောက်မယ့်ပုံပဲ။ ဒါပေမယ့်၊ သိုင်းဘုရင်ထိပ်တန်းအဆင့် ကျင့်ကြံခြင်းနည်းလမ်းသုံးခုကို တစ်ချိန်တည်း ကျင့်ကြံရတာ နည်းနည်း ပင်ပန်းတယ်။ သိုင်းဘုရင်ထိပ်တန်း ကျင့်ကြံခြင်းနည်းလမ်းတွေကို ကျင့်ကြံရတာ တကယ်မလွယ်တာပဲ။" စင်စစ် လုရှောင်ယန်သည် အတော်လေးကို အံ့အားသင့်စရာကောင်းနေပြီဖြစ်သည်။ သူ၏တပည့်သုံးယောက်သည်လည်း သိုင်းဘုရင်အဆင့် ကျင့်ကြံခြင်းနည်းလမ်းများကို ကျင့်ကြံကြသည်ဖြစ်သော်လည်း သူတို့သည် သူတို့၏ ကျင့်ကြံခြင်းနည်းလမ်း၏ ပြီးပြည့်စုံသော သဘောတရားကို အပြည့်အဝ နားမလည်နိုင်ကြသေးပေ။

တစ်ဖက်တွင်မူ သူသည် ကျင့်ကြံခြင်းနည်းလမ်းသုံးမျိုးလုံးကို တစ်ပြိုင်နက်တည်း ကျင့်ကြံသော်လည်း ပြီးပြည့်စုံသောသဘောတရားကို နားလည်သဘောပေါက်သည်။ ထို့အပြင်၊ သူသည် သူ၏ ကျင့်ကြံဆင့်ကို အရူးအမူး မြင့်လာစေရန် အကြိမ်ပေါင်းများစွာ ဤကျင့်ကြံခြင်းနည်းလမ်းများကို အသုံးပြုခဲ့သည်။

သို့သော်လည်း လုရှောင်ယန် နောက်တစ်ဖန် ကျင့်ကြံတော့မည် ပြင်ချိန်တွင် အပြင်၌ ဖြန့်ကျက်လိုက်သော သူ၏ စိတ်အာရုံတွင် ချင်ကျီမော့၏ ရုပ်သွင်ကို ထပ်မြင်ရပြန်သည်။

လုရှောင်ယန်: "???"

သူမသည် သတိမေ့မြောနေဆဲဖြစ်သော်လည်း သူမ၏ခန္ဓာကိုယ်ရှိ ကျင့်ကြံခြင်းနည်းလမ်းသည် အလိုလိုကျင့်ကြံနေသည်။ ဝိညာဉ်စွမ်းအင်များသည် တဖြည်းဖြည်းစုစည်းလာပြီး သူမ၏ဒဏ်ရာများကို တဖြည်းဖြည်း သက်သာပျောက်ကင်းလာစေသည်။

သို့သော် ပြဿနာမှာ သူမ ဘယ်လို ရောက်လာရပြန်သည်လဲ။

သူသည် အပြင်ကို လှမ်းကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

“သူမရဲ့ ကျင့်ကြံခြင်းနည်းလမ်းက ခဏပဲကျင့်ကြံရသေးတယ်။ ပြီးတော့ သူမရဲ့ အသိစိတ်ကလည်း နိုးထမလာသေးဘူး။ ယုတ္တိရှိရှိပြောရရင် သူမက ဒီနေရာထိ တွားသွားလာဖို့ ခွန်အားရှိမှာ မဟုတ်ဘူး။ သရဲတစ္ဆေတစ်ကောင်က သူမကို ဒီနေရာကို ရွှေ့ပေးလိုက်တာ များလား?”

သို့သော်လည်း လုရှောင်ယန် သည် သူ၏အကြည့်ကို လှည့်ပတ်ကြည့်လိုက်ရာတွင် ကျင့်ကြံသူတစ်ဦး တစ်ယောက်၏ ခြေရာများကိုမှ မတွေ့ရပေ။ "ထားလိုက်ပါ၊ ဒီတစ်ခါတော့ သူမကို ခပ်ဝေးဝေးကိုရွှေ့လိုက်မယ်။"

ထိုသို့တွေးပြီး လုရှောင်ယန်သည် ချင်ကျီမော့၏ ခြေကျင်းဝတ်နှစ်ခုကို ဆွဲကိုင်ကာ ဝက်သေတစ်ကောင်ကို ဆွဲထုတ်သလိုမျိုး အဝေးကို တရွတ်တိုက်ဆွဲလာသည်။

တောင်အဆင်းလမ်းမှာ ကြမ်းတမ်းသည်။ ဒဏ်ရာ အနည်းငယ် သက်သာလာကာစ ချင်ကျီမော့သည် မျက်စိတစ်မှိတ်အတွင်း မရေမတွက်နိုင်သော ဒဏ်ရာများကို ရလိုက်သည်။

ဤတစ်ကြိမ်တွင် လုရှောင်ယန်သည် သူမကို ဘေးနားက ချိုင့်ထဲကို တိုက်ရိုက်ဆွဲခေါ်သွားသည်။

သူမကို ချုံပုတ်ထဲသို့ပစ်ချပြီးနောက် လုရှောင်ယန် လက်နှစ်ဖက်ဖုန်ခါကာ ဆက်လက်ကျင့်ကြံရန် ဂူထဲသို့ ပြန်သည်။

တစ်ပတ်အကြာတွင် လုရှောင်ယန်သည် တရားထိုင်ရာမှ နိုးလာသည်။ သူ၏ ကျင့်ကြံဆင့်မှာတိုးလာပြန်သည် ။

အနှစ်သာရခိုင်မြဲခြင်းတတိယအဆင့်။

မူလက သူသည် အနှစ်သာရခိုင်မြဲခြင်းအဆင့်၏ ပထမအဆင့်တွင်သာရှိခဲ့သည်။ ၉၀% ကျော် ကျင့်ကြံမှုဖြင့် သူသည် အနှစ်သာရခိုင်မြဲခြင်းအဆင့်၏ ဒုတိယအဆင့်သို့ ရောက်လုနီးပါးဖြစ်သည်။ ဤအပတ်တွင်၊ သူ၏ ကျင့်ကြံဆင့်သည် အများကြီး တိုးလာပြီး သူ့ကို အနှစ်သာရခိုင်မြဲခြင်းအဆင့် ၏ တတိယအဆင့်သို့ ချက်ချင်း တွန်းပို့ပေးသည်။

လုရှောင်ယန်၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။

"လီကောနဲ့ ကျန်တဲ့နှစ်ယောက်က နောက်ထပ် အောင်မြင်မှုတွေ ဖန်တီးခဲ့လို့ ငါ့ရဲ့ကျင့်ကြံဆင့်တွေမြင့်သွားတာ ဖြစ်မယ်၊ ဒါကြောင့် ငါ ချက်ချင်း အနှစ်သာရခိုင်မြဲခြင်းအဆင့်ရဲ့ တတိယအဆင့်ကို ရောက်သွားတာ။"

လုရှောင်ယန် ဤအရာနှင့်ပတ်သက်ပြီး ခံစားချက်ကောင်းမွန်သည်။

သို့သော် ~

လုရှောင်ယန်သည် တစ်စက္ကန့်ပင် မပျော်လိုက်ရသေးခင် သူ၏ စိတ်အာရုံတွင် မြင်လိုက်ရသည့်မြင်ကွင်းကြောင့် သူ၏မျက်နှာကို မည်းမှောင်သွားစေသည်။

နောက်တစ်စက္ကန့်တွင် သူသည် ဂူအပြင်ဘက်တွင် ပေါ်လာသည်။

ချင်ကျီမော့သည် သူ၏ဂူပေါက်ဝတွင် တစ်ဖန်ပြန်ပေါ်လာခဲ့သည် ။ သူမသည် သတိမေ့မြောနေသေးသော်လည်း သူမ၏ခန္ဓာကိုယ်အတွင်း ကျင့်ကြံခြင်းနည်းလမ်းသည် သူ့ဘာသာသူ ကျင့်ကြံပြီး ဒဏ်ရာများစွာကို သက်သာပျောက်ကင်းစေသည်။

"ဒီချိုင့်ထဲမှာ သရဲတစ္ဆေတွေ တကယ်ရှိနေတာလား? ဒါပေမယ့် အဲဒါလည်း မဟုတ်သေးပါဘူး။ သရဲတစ္ဆေတွေရှိရင်တောင် အနှစ်သာရခိုင်မြဲခြင်းအဆင့်က ငါ့ရဲ့ကျင့်ကြံဆင့်က သူတို့ကို ကြောက်လန့်စေမှာမဟုတ်ဘူးလား?"

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် - ၄

အခန်း ၅၄ လတ်စသတ်တော့ မင်းတို့နှစ်ယောက်ပဲ...

လုရှောင်ယန်သည် မျက်မှောင်တင်းတင်းကြုတ်လိုက်သော်လည်း သူ စဉ်းစားမရပေ။

သို့သော် ထိုသို့သော ထူးဆန်းသောအရာများသည် အကြိမ်ပေါင်းများစွာ ဖြစ်ပျက်ခဲ့ပြီးဖြစ်သည်။ သူ ထိုအရာတွေကို လျစ်လျူရှုထားလျှင် သူ့ကိုယ်သူ သတ်သေလိုက်တာကပိုကောင်းဦးမည်။

သူသည် မြေပြင်ပေါ်တွင် လဲလျောင်းနေသော လူကို ကြည့်ရင်း ဝေဝေဝါးဝါး အကြံတစ်ချို့ ပေါ်လာသည်။

ထို့နောက် လုရှောင်ယန်သည် သူမ၏ခြေကျင်းဝတ်ကို လက်တစ်ဖက်ဖြင့်ဆွဲကာ တောင်ပေါ်မှ နောက်တစ်ကြိမ် ဆွဲချလာပြန်သည်။

ဒီတစ်ခါတော့ သူမကို အဝေးကြီး မပို့တော့ပေ။ သူသည် ဂူအောက်က တောင်ခြေမှာပဲ တွင်းတစ်တွင်း တူးလိုက်သည်။ ထို့နောက် သူမကို ပစ်ချလိုက်ပြီး မြှုပ်နှံလိုက်သည် ။ နောက်ထပ် သူသည် ထိုမြေကြီးပေါ်ကိုနင်း၍ ကျောက်တုံးကြီးတစ်တုံးကို မြေကြီးပေါ်မှာ တင်လိုက်သည်။

၎င်းသည် သူမကို သေစေမည်မဟုတ်ပေ။ ကျင့်ကြံသူတစ်ယောက်၏ဘဝသည် ဤမျှလွယ်လွယ် အဆုံးမသတ်ပေ။

သူမ၏ဒဏ်ရာအနည်းငယ်သက်သာလာပြီး သတိပြန်လည်လာလျှင် သူမသည် မြေကြီးထဲက အလွယ်တကူ ထွက်သွားနိုင်သည်။

လုရှောင်ယန် သူမကို မသတ်ရသည့် အကြောင်းရင်းမှာ သူမသည် သူ့ကို ရန်မစခဲ့သောကြောင့်ဖြစ်သည်။

သူသည် သတ်ဖြတ်ရာတွင် အမှန်ပင် ပြတ်သားသူဖြစ်သည်။ ဥပမာအားဖြင့်၊ ယခင်က အရိုးဖြူနတ်ဆိုးဂိုဏ်းတွင်၊ သိုင်းဧကရာဇ်ဘုံအစီအရင်ကိုချပြီး တစ်ညတည်းနှင့် ဂိုဏ်းတစ်ခုလုံးကို ဖျက်ဆီးပစ်ရန် မတွန့်ဆုတ်ခဲ့ပေ။

သို့သော်လည်း ထိုသို့လုပ်ရခြင်းမှာ အရိုးဖြူနတ်ဆိုးဂိုဏ်းသည် သူ့ကို အရင် စော်ကားခဲ့ပြီး ကျီရွှေ့တောင်ထိပ်၏ လျှို့ဝှက်ချက်ကို သိရှိသွားခြင်းကြောင့် ဖြစ်သည်။

သူတို့သည် ကောင်းကင်နတ်ဆိုးဂိုဏ်းကိုပင် တိုက်ခိုက်ရန်ကြံစည်ခဲ့သေးသည်။

လုရှောင်ယန်သည် သူနှင့်ရန်စမရှိပဲ သူ၏လျှို့ဝှက်ချက်ကိုမသိသော သာမန်လူတစ်ယောက်ကို သတ်မည်မဟုတ်ပေ။ သူသည် ကိုယ်ပိုင် စည်းမျဥ်း ရှိပြီး သွေးဆာနေသည့် နတ်ဆိုးတစ်ယောက် မဟုတ်ပေ။

အားလုံးပြီးသွားသည့်အခါ လုရှောင်ယန်သည် ပေါ့ပေါ့ပါးပါး အစီအရင်တစ်ခုချလိုက်သည်။

၎င်းသည် နေရာစည်းချ သည့်အစီအရင်မဟုတ်ပဲ အာရုံခံနိုင်သည့် အစီအရင်တစ်ခုဖြစ်သည်။

ဤနည်းဖြင့် သူမကို မည်သူထိသည်ကို သူ သိနိုင်မည်ဖြစ်သည်။

သူမကို မည်သူမှ မထိလျှင်တော့ အကောင်းဆုံးပင်။ ထိုသို့ဆိုလျှင် သူသည် ဂိုဏ်းချုပ်နှင့် အခြားသူများကို တွေ့ဆုံဖို့ လိပ်နက်ဂိုဏ်းသို့ မသွားရောက်ခင် ကျန်လဝက်ခန့်ကို ငြိမ်းချမ်းစွာ ဆက်လက်ကျင့်ကြံနိုင်မည်ဖြစ်သည်။

ဤသို့ပြုလုပ်ပြီး လုရှောင်ယန် ဂူထဲသို့ ပြန်သွားပြီး ဆက်လက် ကျင့်ကြံသည်။ သူသည် သူ၏ တပည့်တွေ၏ ကျင့်ကြံဆင့်ကိုလည်း စစ်ဆေးကြည့်သည်။

ဖုန်းထျန်းယွမ်သည် နောက်တစ်ဆင့် ဖြတ်ကျော်ပြီး တောင်တန်းပင်လယ်နယ်မြေ၏ စတုတ္ထအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ ကျီဝူရှားသည် အဆင့်မတက်သော်လည်း ယွင်လီကောသည် ဝိညာဉ်နယ်ပယ်၏ နဝမအဆင့်သို့ ရောက်နေပြီဖြစ်သည်။ မဆိုးပါဘူး။ သူ၏ တပည့်များ အားလုံးသည် သူ့အတွက် အတွေ့အကြုံ အမှတ်များပေးစွမ်းရန် အလွန်အားထုတ်ကြိုးစားကြသည်။

လုရှောင်ယန် သည် လက်ဆောင်အိတ်သေးသေးနှစ်လုံးကို သာမန်ကာလျှံကာ လက်ခံလိုက်ပြီး ၎င်းတို့ကိုဖွင့်လိုက်သည်။

ထိပ်တန်းအဆင့် ကောင်းကင်ဘုံ အဆီအနှစ်အခြောက်ဆေးလုံး x 800

သူတော်စင် အလယ်အဆင့် တိုင်ဟာဓါးရှည် x 1

သူအများကြီးရရှိခဲ့သည်ပဲ။

လုရှောင်ယန်သည် အဆီအနှစ်ခြောက်ဆေးလုံး လက်တစ်ဆုပ်စာကို ဆုပ်ယူလိုက်ပြီး ပါးစပ်ထဲသို့ ထည့်လိုက်သည်။ သူသည် ၎င်းတို့ကို သကြားလုံးစားနေသကဲ့သို့ မျိုချလိုက်သည်။ ဝိညာဉ်စွမ်းအင်များ အဆုံးမရှိသော ဒီရေကဲ့သို့ သူ၏ စွမ်းအင်တည်ချက် တွင် ထွက်ပေါ်လာသည်။

သူသည် ဒီအခွင့်အရေးကို အသုံးချပြီး ချက်ချင်း တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံတော့သည်။

အချိန်တွေကုန်တာ မြန်ပေသည်။ လဝက်မှာ ကုန်ဆုံးသွားပြီဖြစ်သည်။

လုရှောင်ယန် သူ၏မျက်လုံးကိုဖွင့်လိုက်သည်နှင့် သူ၏မျက်လုံးထဲတွင် မိုးကြိုးများပေါ်လာပြီး ပစ်လွှတ်လိုက်သည် ။

အုန်း...

မိုးကြိုးတွင် ကြီးမားသော စွမ်းအားများပါ၀င်ပြီး သူချထားသည့် အကာအရံကို အနည်းငယ် ကွဲအက်သွားစေသည်။

လုရှောင်ယန် သက်ပြင်းတစ်ချက်ချကာ ဂူအပြင်ဘက်၌ တောက်ပနေသော နေရောင်ခြည်ကို လှမ်းကြည့်လိုက်သည်။ သူ၏နှုတ်ခမ်းထောင့် အနည်းငယ် ကွေးညွှတ်ကာ သူသည် အလွန် ဝမ်းသာနေသည် ။

"အနှစ်သာရခိုင်မြဲခြင်း စတုတ္ထအဆင့်။ မှန်တယ်။ ဒီလက ငါ့အတွက် တကယ်ကို အကျိုးရှိခဲ့တာပဲ။ ငါ

အနှစ်သာရခိုင်မြဲခြင်းအဆင့်ရဲ့ ပထမအဆင့်ကနေ အနှစ်သာရခိုင်မြဲခြင်းအဆင့်ရဲ့ စတုတ္ထအဆင့်ကို တက်လှမ်းနိုင်ခဲ့တယ်။ တပည့်တွေက ငါ့ကို ကျင့်ကြံဆင့် တစ်ခုမြင့်အောင်လုပ်ပေးပြီး နောက်တစ်ဆင့်က ငါ့ဘာငါကျင့်ကြံတဲ့ရလဒ်ပဲ။ နောက်ထပ်တစ်ဆင့်ကတော့ သူတို့နဲ့ ၂၀% လောက် သက်ဆိုင်လိမ့်မယ်။ ဒီကျင့်ကြံဆင့်နဲ့ဆို ငါ လိပ်နက်ဂိုဏ်းကို အန္တရာယ်ကင်းကင်း ခရီးသွားနိုင်လောက်ပါပြီ။"

ဤအခိုက်အတန့်၌ပင် လုရှောင်ယန်သည် သူ၏ အစီအရင်၌ အပြောင်းအလဲတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။

သူသည် မျက်လုံးများကို အနည်းငယ်ကျဉ်းမြောင်းလိုက်သည်။

"မျိုးမစစ်ကောင်၊ အခု မင်းဘယ်သူလဲဆိုတာ ကြည့်ရသေးတာပေါ့?"

အေးစက်သော နှာမှုတ်သံနှင့်အတူ လုရှောင်ယန်သည် ခြေလှမ်းကျယ်ကြီးတစ်လှမ်း လှမ်းလိုက်ပြီး သူ၏ခန္ဓာကိုယ်သည် ချက်ချင်းပင် နေရာမှ ပျောက်ကွယ်သွားသည်။ သူ ပြန်ပေါ်လာသောအခါတွင် ဂူအဝင်ဝသို့ ရောက်နေပြီဖြစ်သည်။

လုရှောင်ယန် ရုတ်တရက်ပေါ်လာသောအခါ ကြောက်ရွံ့မှုအပြည့် ဟိန်းသံနှစ်ခု သူ၏ရှေ့မှ ရုတ်တရက်ထွက်ပေါ်လာသည်။ ထို့နောက်တွင်၊ အနက်ရောင် အမွှေးထူအကောင်နှစ်ကောင်သည် ချက်ချင်းလှည့်၍ ယုန်တွေလို လျင်မြန်သော အရှိန်ဖြင့် ထွက်ပြေးတော့သည်။

လုရှောင်ယန်၏ နှုတ်ခမ်းထောင့်သည် ပြင်းထန်စွာ တွန့်ချိုးသွားသည်။

ချင်ကျီမော့ကို ဤနေရာကို ခေါ်ဆောင်လာသည့် တရားခံတွေသည် ဂူထဲက သူနှင်ထုတ်လိုက်သည့် ဝက်ဝံနှစ်ကောင်ဖြစ်မည်ဟု မမျှော်လင့်ခဲ့ပေ။

ဤဝက်ဝံနက်နှစ်ကောင်သည် ပြင်းပြင်းထန်ထန် ကျင့်ကြံပြီးနောက် အသိစိတ်ရရှိသွားခြင်းဖြစ်မည်လား?

သူတို့သည် ဤလှပသောမိန်းမကို သူ့ထံသယ်လာကြသည်။ သူ့ကို ဂူထဲကနေ ထွက်သွားစေချင်၍ ဖြစ်နိုင်သည်။

သူသည် ခေါင်းယမ်းပြီး မြေပြင်ကို ငုံ့ကြည့်လိုက်သည်။ ရွှံ့တွေဖုံးနေသည့် ချင်ကျီမော့ကိုကြည့်ရင်း ပြောစရာစကားမဲ့သွားသည်။

ဒီကောင်မလေး တော်တော်ကံကောင်းသည်။ သူမ၏ကံသည် ထိုဇာတ်လိုက်များနှင့်တောင် ယှဉ်နိုင်သည်။

ဒီလိုအခြေအနေထိ နှိပ်စက်ခံရပြီး တကယ်ကြီး အသက်ရှင်နေသေးသည်ပင်။ ထို့အပြင် သူမ၏ ခန္ဓာကိုယ်အတွင်း ကျင့်ကြံခြင်းနည်းလမ်း၏ အရှိန်အရ သူမ မကြာမီ နိုးထလာပေလိမ့်မည်။ “ငါတို့က မတော်တဆ ဆုံတွေ့ခဲ့ကြတဲ့ သူစိမ်းတွေ ဖြစ်ကြပြီး ရေစက်လို့ ယူဆလို့ရတယ်။ အစက ငါ ကူညီသင့်တယ်ဆိုတာမှန်ပေမယ့် ငါက အမြဲတမ်း အမျိုးသမီးတွေနဲ့ မရင်းနှီးတဲ့သူတစ်ယောက်ဖြစ်ပြီး အမျိုးသမီးတွေနဲ့ ပတ်သက်ရတာကို မကြိုက်ပါဘူး။ မင်းကိုတော့ ငါတာဝန်ယူပါ့မယ်။ ငါ့မှာ လုပ်စရာတွေရှိသေးတယ် ငါအရင် သွားတော့မယ်။ မင်းရှင်သန်နိုင်ရင် ကောင်းကင်က မင်းကို ကာကွယ်ပေးတာ လို့ မှတ်ယူပါ။ မင်းတကယ်မနိုးထနိုင်တော့ပဲ သရဲတစ္ဆေဖြစ်လာရင် ငါ့ကို အပြစ်မတင်ပါနဲ့။ သွားတော့မယ်။"

သူထိုသို့ပြောပြီးသည်နဲ့ လုရှောင်ယန်သည် မတ်တပ်ထရပ်ပြီး လှည့်ထွက်သွားသည်။

သူလှည့်ထွက်သွားချိန်တွင် ချင်ကျီမော့၏ မျက်တောင်များ တုန်လာသည်။ သူမ သည် မျက်လုံးတွေကို ဖြည်းညှင်းစွာဖွင့်ပြီး သူ၏နောက်ကျောကို မော့ကြည့်လိုက်သည်။ သူသည် အနည်းဆုံးတော့ နှလုံးသားမမဲ့သေးသည်မှာ ထင်ရှားသည်။ နောက်ဆုံးတွင် သူသည် သူမကို ကယ်ခဲ့သည်။ “ကျေးဇူး…”

ကံမကောင်းစွာ သူမ ထိုသို့ပြောပြီးသည်နှင့် လုရှောင်ယန်သည် ကြီးမြတ်သောအာကာပြင်ဖြိုခွဲခြေလှမ်းကို အသုံးပြုပြီး နေရာကနေ ချက်ချင်း ပျောက်ကွယ်သွားသည်။ ၎င်းသည်.... ချင်ကျီမော့ကို အံ့သြစေသည်။

မြန်လိုက်သည့်အရှိန်ပင်...။

စင်စစ် သူ့မှာ ကြောက်စရာကောင်းသည့် အစွမ်းတွေ ရှိသည်။ သို့သော် သူ၏အသက်ကိုကြည့်လျှင် သူမထက် အသက်ပိုကြီးပုံမပေါ်ပေ။

သို့သော် သူမနောက်ထပ်မတွေးတောနိုင်မီတွင် မကောင်းသောအငွေ့အသက်များစွာသည် အဝေးမှ တဖြည်းဖြည်း လွင့်ပျံလာသည်။

ချင်ကျီမော့ ၏ မျက်လုံးများ အေးစက်သွားသည်။ သူမချက်ချင်း အံကြိတ်ပြီး ဂူထဲကို ဝင်လိုက်သည်။

သူမ၏ လက်ရှိဒဏ်ရာတွေသည် အရမ်းပြင်းထန်နေသေးသည်။ အကယ်၍ သူမသည် ကျန်ရစ်နေသော နတ်ဆိုးကျင့်ကြံသူများနှင့် ရင်ဆိုင်ရပါက၊ သူမသည် အုတ်ဂူ မရှိဘဲ သေဆုံးသွားလိမ့်မည် ။

သို့သော် သူမ ဂူထဲသို့ ရောက်သည်နှင့် ချက်ချင်းပင် သူမ၏ ဆံပင်များ ထောင်သွားသည် ။

ဂူတစ်ခုလုံးရှိ ဝိညာဉ်စွမ်းအင်များသည် ထူထပ်သော မြူခိုးများအဖြစ်သို့ပင် ပြောင်းလဲနေပြီဖြစ်သည်။

စင်စစ် ဂူနံရံပေါ်ရှိ အခိုးအငွေ့တွေသည် ငွေ့ရည်တောင်ဖွဲ့နေပြီဖြစ်သည်။

“ဟစ်! ဒါ... ဒါက ဂူလား? ဒီဂူက ရှင်းရှင်းလင်းလင်းကို မကောင်းချီးမြေပဲ။ ဟိုလူက ဒီလောက်ကောင်းတဲ့မြေကိုတောင် ဘာအတွက် စွန့်လွှတ်လိုက်တာလဲ?”

သူမ စိတ်ရှုပ်ထွေးနေချိန်တွင် သူမ၏ အကြည့်တွေသည် မြေပြင်ပေါ်ကို ရောက်သွားပြီး ဦးရေပြား ထုံကျင်သွားသလို ခံစားလိုက်ရသည်။

အလွန်လက်ရာမြောက်သော အစီအရင်တစ်ခုကို မြေပြင်ပေါ်တွင် ရေးထွင်းထားသည်။ သူမသည် အစီအရင်ချရာတွင် သူမ၏အောင်မြင်မှုသည် ကြီးမြတ်သောကျိုး အင်ပါယာ၏ မျိုးဆက်သစ်လူငယ်အားလုံးတွင် ထိပ်တန်းအဆင့်ဟု ပြောနိုင်နေပြီဟု သူမယုံကြည်ခဲ့သည်။

သို့သော်လည်း ဤအစီအရင်ဖွဲ့စည်းပုံကို သူမမြင်လိုက်ရသောအခါတွင် သူမချက်ချင်းနားလည်သွားခဲ့သည်။

ဤအစီအရင်ဖွဲ့စည်းခြင်း၏အခြေခံအုတ်မြစ်သည် သူမ၏ဆရာ ထက်ပင် ပိုခိုင်မာသည်။

ထို့အပြင်၊ သူမ၏ဆရညသည် ကြီးမြတ်သောကျိုး တစ်ခုလုံးရှိ ထိပ်တန်းအစီအရင်ရေးဆွဲသူ ဆရာများထဲမှ တစ်ဦးဖြစ်သည်။

“ဒီအစီအရင်မှာရှိတဲ့ ဝိညာဉ်ကျောက်တုံးတွေက စွမ်းအင်တွေ ကုန်ဆုံးလုနီးပါးဖြစ်နေပြီး အစီအရင်ကပျက်ပြယ်တော့မယ်။ ဟိုလူက လုပ်သွားတဲ့ပုံပဲ။ သူ ဒီနေရာကို စွန့်လွှတ်ခဲ့တာ အံ့သြစရာ မရှိပါဘူး။ ဒီနေရာက အစက သာမန်လိုဏ်ဂူတစ်ခုပဲကို သူက ဒီနေရာကို ကောင်းချီးမြေအဖြစ် ဖန်တီးဖို့ အစီအရင်ကို အသုံးပြုခဲ့တယ်။ ဒီလိုနည်းလမ်းတွေက တကယ့်ကို ကမ္ဘာကြီးရဲ့ ကံကောင်းမှုတွေကို ယူနိုင်တာပဲ!....”

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် - ၄

အခန်း ၅၅ ရေနွေးအိုးကို မည်းသည်ဟုပြောသည့် အိုး...

အလွန်ထိတ်လန့်တုန်လှုပ်သွားပြီးနောက် ချင်ကျီမော့ ရုတ်တရက် သတိပြန်ဝင်လာသည်။

“စကားမစပ်၊ အခု ငါ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရနေတော့ ငါ့ ဒဏ်ရာကို ကုသဖို့ ဒီ အစီအရင်ကို အသုံးပြုလို့ရတာပဲ။ အဲဒါက နှစ်ဖက်လုံးအတွက် အကောင်းဆုံးဖြစ်မှာမဟုတ်လား?”

ထိုသို့စဉ်းစားပြီး၊ ချင်ကျီမော့သည် သူမ၏ သိုလှောင်အိတ်ထဲကနေ ဝိညာဉ်ကျောက်တုံးတချို့ကို ချက်ချင်းထုတ်ပြီး လုရှောင်ယန်၏ ဝိညာဉ်စွမ်းအင်တွေ ကုန်ဆုံးလုနီးပါးဖြစ်နေသည့် ဝိညာဉ်ကျောက်တုံးများနေရာတွင် အစားထိုးကာ အစီအရင်ကို ပြန်လည်အသက်သွင်းလိုက်သည်။

နောက်အခိုက်အတန့်တွင် သူမသည် များပြားလှသော ဝိညာဉ်စွမ်းအင်များ လျင်မြန်စွာ စုဝေးရောက်ရှိလာသည်ကို ခံစားလိုက်ရသည်။

ဟစ်..

ဤအခိုက်အတန့်တွင်၊ ချင်ကျီမော့၏နှလုံးသားသည် လုရှောင်ယန်ကို တမ်းတမှု အစအနများဖြင့် ပြည့်နှက်နေသည်။

အစွမ်းထက်လွန်းသည်။

သူသည် ဤအခြေခံအကျဆုံး ဝိညာဉ်စုစည်းမှုအစီအရင်ကိုတောင် ဤအဆင့်အထိ လုပ်နိုင်လျှင် သူသည် ဘယ်လောက်တောင် အစွမ်းထက်သည်လဲ။

ထို့အပြင် ထိုအစွမ်းထက်သော လုရှောင်ယန်သည် သူမ ဒဏ်ရာရနေစဉ် အချိန်အတော်ကြာအောင် စောင့်ရှောက်ပေးခဲ့သည်။ ထိုအချက်ကို တွေးမိသော် ချင်ကျီမော့၏ လှပသည့်မျက်နှာသည် မထိန်းနိုင်ပဲ နီရဲသွားသည်။

လုရှောင်ယန်သည် ချင်ကျီမော့ နိုးနေပြီဖြစ်ပြီး သူမ၏ဒဏ်ရာများကို ကုသရန်အတွက် သူ၏ စိတ်ဝိညာဉ်စုစည်းမှု အစီအရင်ကိုပင် အသုံးပြုနေကြောင်း မသိပေ။

ထိုသို့ဖြစ်မည်ကိုသာ သူသိပါက၊ စိတ်ဝိညာဉ်စုစည်းမှုအစီအရင်ကို သူသေချာပေါက် ဖျက်ဆီးပစ်မည်ဖြစ်သည်။

ထို့အပြင်၊ ချင်ကျီမော့၏ နှလုံးသားထဲတွင် သူ၏ အစွမ်းထက်သော ပုံရိပ်များ စွဲထင်သွားပြီဖြစ်ကြောင်း သူ မသိပေ။

အဓိကအကြောင်းအရင်းမှာ သူသည် ချင်ကျီမော့ သတိလစ်နေသောကြောင့် ထိုနေရာတွင် အစီအရင်ရှိကြောင်း သိလိမ့်မည်မဟုတ်ဟု တွေးသောကြောင့်ပင်။

ထို့အပြင် ဝက်ဝံနှစ်ကောင်သည် သူ့ကို အာရုံပြောင်းစေပြီး အစီအရင်ကို ရှင်းလင်းရန် မေ့သွားစေခဲ့သည်။

လုရှောင်ယန်၏ကျင့်ကြံဆင့်သည် အနှစ်သာရခိုင်မြဲခြင်းအဆင့် ၏ စတုတ္ထအဆင့်သို့ရောက်ရှိပြီးနောက်၊ ကြီးမြတ်သောအာကာပြင်ဖြိုခွဲခြေလှမ်းကိုအသုံးပြုရာတွင် သူ၏အမြန်နှုန်းသည် သိသိသာသာပိုမိုမြန်ဆန်လာသည်။

သူသည် ခြေတစ်လှမ်းဖြင့် ငါးကီလိုမီတာကို ရောက်နိုင်သည်ဟု ဆိုခြင်းသည် ချဲ့ကားခြင်းမဟုတ်ပေ။

၎င်းကို လျှော့မတွက်သင့်ပါ။ သိုင်းပညာရှင်တစ်ယောက်၏ အမြန်နှုန်းသည် သာမန်လူသားတွေထက် အဆပေါင်းများစွာ သာလွန်နေသည်ဆိုတာ သိထားရမည်။ သာမန်လူသားတစ်ယောက်အတွက် ခြေတစ်လှမ်း လှမ်းရန်ကြာချိန်၌ လုရှောင်ယန်သည် မရေမတွက်နိုင်သော ခြေလှမ်းများစွာကို လှမ်းနိုင်မည်ဖြစ်သည်။

သူ့အတွက် တစ်စက္ကန့်အတွင်း ကီလိုမီတာ ရာနှင့်ချီ သွားလာရန် အလွန် လွယ်ကူသည်။

ထို့ကြောင့်၊ အမွှေးတိုင်တစ်တိုင်ကုန်ရန်ကြာချိန်မတိုင်မီ လုရှောင်ယန်သည် လိပ်နက်ဂိုဏ်းသို့ရောက်ရှိလာသည်။

ယခုအကြိမ်သည် သူ၏ လိပ်နက်ဂိုဏ်းကို ရောက်ဖူးသည့် ပထမဆုံးအကြိမ်ဖြစ်ပြီး လုရှောင်ယန် ချက်ခြင်းပင် သက်ပြင်းမချပဲမနေနိုင်ပေ။

"အကြီးကြီးပဲ"

ကောင်းကင်နတ်ဆိုးဂိုဏ်းသည်ပင် ကြီးမားနေပြီဖြစ်သည်။ ၎င်းသည် အတိုင်းအတာအရ ကမ္ဘာပေါ်ရှိ ခရိုင်မြို့တစ်ခုထက် ပိုသေးမည်မဟုတ်ပေ။

သို့သော်၊ လိပ်နက်ဂိုဏ်းနှင့် နှိုင်းစာလျှင် ခရိုင်မြို့သည် သေးငယ်သွားသည်။

လိပ်နက်ဂိုဏ်း၏ နယ်မြေအရွယ်အစားသည် ကမ္ဘာပေါ်ရှိ မြို့ကြီးများနှင့် ယှဉ်နိုင်သည်။

ဧရိယာတစ်ခုလုံးကို မီတာ ၁၀၀ မြင့်သော မြို့ရိုးကြီးဖြင့် ဝန်းရံထားသည်။ မြို့ရိုးတွင် ရန်သူများကို တွန်းလှန်ရန် အစီအရင်များ ချထားသည်။

တံခါးတိုင်းကို ကျင့်ကြံသူများ စောင့်ကြပ်နေသည်။ ကောင်းကင်ယံတွင်လည်း အစီအရင်ရှိပြီး ကောင်းကင်ယံကနေ လူများ ပျံသန်းဝင်ရန် ခက်ခဲစေသည်။

မြို့ရိုးအတွင်း၌ ဈေးဆိုင်မျိုးစုံရှိသည်။

ဝိညာဉ်ကျောက်တုံးလဲလှယ်ရေးဆိုင်၊ နတ်ဆိုးသားရဲလဲလှယ်ရေးဆိုင်၊ လက်နက်ရောင်းချသည့်ဆိုင်၊ ဆေးလုံးရောင်းချသည့်ဆိုင်... ဆိုင်တန်းများ တန်းစီနေသဖြင့် ကြည့်ရသည့်လူများကို မူးဝေစေသည်။

သူတို့ အားလုံးသည် လိပ်နက်ဂိုဏ်း၏ တပည့်များမဟုတ်ပေ။ အများစုမှာ အခြားဂိုဏ်းငယ်များ သို့မဟုတ် သူတို့၏ ဂိုဏ်းများ ဖျက်ဆီးခံခဲ့ရပြီး ပြန်သွားစရာအိမ်မရှိသော လေလွင့်ကျင့်ကြံသူများ ဖြစ်နိုင်သည်။

သို့သော် ၎င်းတို့သည် သတ်မှတ်ထားသည့်စျေးနှုန်းတစ်ခုပေးသရွေ့ လိပ်နက်ဂိုဏ်း၏ကာကွယ်မှုကို ခံစားနိုင်ပြီး ဤနေရာတွင် စီးပွားရေးလုပ်နိုင်သည်။

ဤနည်းလမ်းဖြင့် လိပ်နက်ဂိုဏ်းသည် သူတို့အတွက် အရည်အချင်းရှိသူများစွာအပါအဝင် လတ်ဆတ်သောအကျိုးအမြတ်များကို ပိုမိုရရှိနိုင်မည်ဖြစ်သည်။

သာမာန်လူများအနေနှင့် ဂိုဏ်းတစ်ခုတွင်ပါဝင်ပြီး ကျင့်ကြံလိုပါက လိပ်နက်ဂိုဏ်းကဲ့သို့သော ဂိုဏ်းကြီးတစ်ခုသို့သာ ဦးစားပေးသွားမည်ဖြစ်သည်။

ဤနည်းအားဖြင့်၊ ၎င်းတို့သည် မြို့ကြီးတစ်ခု၏ အကျိုးအမြတ်ကို ရရှိခဲ့ပြီး လိပ်နက်ဂိုဏ်းကို ပိုမိုခိုင်မာအားကောင်းလာစေသည်။

ယင်းသည် လုရှောင်ယန်ကို သူ၏ဘဝတွင် ပထမဆုံးအကြိမ် ပထမတန်းစားဂိုဏ်းတစ်ခု၏ ခွန်အားနှင့် ကျက်သရေကို ခံစားစေသည်။ ယင်းမှာ အားကောင်းလွန်းသည်။

ဤနေရာတွင်မှာဆိုလျှင် ကောင်းကင်နတ်ဆိုးဂိုဏ်းတွင် ရှာမတွေ့နိုင်သော သယံဇာတ အရင်းအမြစ်များကို သေချာပေါက် ရှာနိုင်မည်ဖြစ်သည်။

ထိုနှစ်ခုသည် တူညီသည့် အဆင့်တွင် ရှိမနေပေ။

ပထမတန်းစားဂိုဏ်းအချို့သည် တော်ဝင်နန်းတော်နှင့်ပင် ယှဉ်ပြိုင်နိုင်သည်ဟု ဆိုကြသည်။

လုရှောင်ယန်သည် သူ၏လက်သီးတွေကို တင်းတင်းကြပ်ကြပ်ဆုပ်ပြီး ကျိန်ဆိုလိုက်သည်။

“လုံ့လစိုက်ရမယ်။ ငါ သိုင်းဘုရင်အဆင့်ကိုရောက်တဲ့အခါ၊ လိပ်နက်ဂိုဏ်းလိုမျိုး ဂိုဏ်းကြီးတစ်ခုမှာ လူမသိသူမသိဘဝနဲ့ ဖြတ်သန်းရမယ်။ ကောင်းကင်နတ်ဆိုးဂိုဏ်းမှာ ပိုလွတ်လပ်ပေမယ့် လိပ်နက်ဂိုဏ်းလောက်တော့ မလုံခြုံဘူး။”

ဂိုဏ်းသည် ကြီးမားလေလေ၊ ရင်ဆိုင်ရမည့် အန္တရာယ် နည်းပါးလေလေဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် လူများစွာသည် ဂိုဏ်းကြီးများကို ရန်စရန် သတ္တိမရှိသောကြောင့်ဖြစ်သည်။

သို့သော် လုရှောင်ယန်သည် အဆင့်မြင့်ဂိုဏ်းသို့ မသွားပါ။

အကယ်၍ သူသည် ဘုရင်အဆင့်ကျွမ်းကျင်သူများ ဝန်းရံထားသော သိုင်းဧကရာဇ်ဘုံ ကျွမ်းကျင်သူဖြစ်ပါက၊ အတွင်းထဲတွင် ပုန်းအောင်းရန် အလွန်လုံခြုံလိမ့်မည်။

သို့သော်လည်း သူသည်လည်းပဲ ဘုရင်အဆင့်ကျွမ်းကျင်သူတစ်ဦးဖြစ်လျှင် ဂိုဏ်းကြီးတစ်ခုတွင် ပုန်းအောင်းရသည်မှာ သူ့အတွက် အဓိပ္ပါယ်မရှိပေ။

တိုက်ခိုက်ရင် အရည်အချင်းက တူညီနေဦးမည်ပင်။

"ရပ်။ မင်းဘယ်ကလာတာလဲ မင်းမှာ အထောက်အထားရှိလား?"

လုရှောင်ယန် မြို့တံခါးသို့ရောက်သောအခါ မြို့စောင့်တပ်သားများက သူ့ကိုချက်ချင်းတားလိုက်သည်။

သန်မာသော လုရှောင်ယန်သည် သဘာဝအတိုင်း ဥပဒေလိုက်နာသော နိုင်ငံသားကောင်းတစ်ဦးဖြစ်သည်။ မကျေနပ်လျှင် ကြွားလုံးထုတ်ပြီး တိုက်ခိုက်မည့် မိုက်မဲပြီး မာနကြီးသည့် ဇာတ်လိုက်တွေနှင့် သူက မတူပေ။ ထို့ကြောင့် သူသည် ကောင်းကင်နတ်ဆိုးဂိုဏ်း၏ တံဆိပ်အမှတ်အသားကို သူ၏အိတ်ကပ်ထဲမှ အမြန်ထုတ်ယူပြီး ပေးလိုက်သည်။

"တာအိုမိတ်ဆွေ... ကျုပ်က ကောင်းကင်နတ်ဆိုးဂိုဏ်းက လုရှောင်ယန်ပါ။ ကျုပ်တို့ဂိုဏ်းက မြို့ထဲကို ဝင်ပြီး စာရင်းသွင်းထားလောက်မယ်။”

"လုရှောင်ယန်"

တစ်ဖက်ကအစောင့်သည် ကြေးမုံနှင့်တူသည့် ရတနာကို ထုတ်ယူလိုက်သည်။ သူ၏လက်ချောင်းတွေကို နှစ်ကြိမ်လောက်ရွေ့ပြီးနောက် လုရှောင်ယန်၏ အချက်အလက်ကို မြန်မြန်ဆန်ဆန်လရှာတွေ့သည်။ “အချက်အလက်တွေရှိတယ်။ မင်းဝင်လို့ရတယ်။"

"ကျေးဇူးတင်ပါတယ်။ ဒါနဲ့၊ အစီအရင် ဖွဲ့စည်းခြင်းအစည်းအဝေးရဲ့တည်နေရာကို သိလို့ရမလား?"

“မြို့တောင်ဘက်။ လမ်းမှာ ဆိုင်းဘုတ်ရှိတယ်။”

"ကျေးဇူးတင်ပါတယ်။"

လုရှောင်ယန်သည် တဖက်သူကို ကျေးဇူးတင်ကြောင်းပြောပြီး မြို့ထဲသို့ဝင်သည်။ သူသည် ဆိုင်းဘုတ်၏ လမ်းညွှန်ချက်အတိုင်းလိုက်ကာ အလျင်အမြန်ပင် မြို့တောင်ဘက်ရှိ အစီအရင်ဖွဲ့စည်းခြင်း အစည်းအဝေးသို့ ရောက်ရှိလာသည်။

လမ်းမေးရန် ဝင်ရောက်လိုက်ပြီးနောက် သူသည် ကောင်းကင်နတ်ဆိုးဂိုဏ်းအတွက် သတ်မှတ်ထားသောနေရာကို အမြန်ရှာတွေ့သွားသည်။ ကံမကောင်းစွာဖြင့်၊ ကောင်းကင်နတ်ဆိုးဂိုဏ်း၏တည်နေရာသည် ကောင်းကင်ဓါးဂိုဏ်း၏တည်နေရာဘေးတွင်ရှိနေသည်။

သူမရောက်ခင်နှာပင် သူ၏ဂိုဏ်းချုပ်နှင့် တဖက်ဂိုဏ်းချုပ်၏ ငြင်းခုံသံကို ကြားလိုက်ရသည်။

"ဝူဖန်းယွင်၊ မင်းရဲ့ ကောင်းကင်ဓါးဂိုဏ်းက ကံကောင်းလို့ အဆင့်၈၀ ကျော်ရတာ။ ဘာဂုဏ်ယူစရာရှိလို့လဲ?"

"ဘာဖြစ်သလဲ.. ငါတို့ကမှ အဆင့် ၈၀ တောင်ရသေးတယ်။ တချို့ဂိုဏ်းတွေလို အဆင့် ၁၀၀ ကျော်ရတာထက် ပိုကောင်းတယ် မဟုတ်လား?"

"ကျစ်.. တကယ်လို့ ငါတို့ ကောင်းကင်နတ်ဆိုးဂိုဏ်းက အကြီးအကဲလုရှောင်ယန် ပျောက်နေလို့မဟုတ်ရင်.. ငါတို့ ကောင်းကင်နတ်ဆိုးဂိုဏ်းက အဆင့် ၁၀၀ ဖြစ်မယ်ထင်လား?"

"လောင်ချန်၊ မင်းရဲ့စကားတွေက နည်းနည်းလေးမှ ယုတ္တိမရှိဘူး။ အဲဒီညက စားသောက်ဆိုင်ထဲမှာ မင်းရဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ တပည့်တွေ သေဆုံးသလို ငါတို့ရဲ့ ကောင်းကင်ဓားဂိုဏ်းရဲ့ တပည့်တွေလည်း သေသွားတာပဲ။ သေသွားတဲ့ မင်းရဲ့ဂိုဏ်းက တပည့်တွေအားလုံးဟာ အစီအရင်မှာ ဆရာကျတဲ့သူတွေချည်းပဲ ဖြစ်နေတာများလား?"

"ဝူဖန်းယွင် ၊ ငါ မင်းကို သေတဲ့အထိ တိုက်ခိုက်မယ်။ ငါမင်းကို အခုချက်ချင်းသတ်မယ်ဆိုတာ မင်းယုံလား?"

ဂိုဏ်းချုပ်ချန်သည် ဒေါသတကြီးဖြစ်နေကာ ဂိုဏ်းချုပ်ဝူဖန်းယွင်မှာမူ မထီမဲ့မြင် အမူအရာ ရှိသည်။

"မင်း ငါ့ကို အသေသတ်ပစ်ရင်တောင် ငါတို့ရဲ့ ကောင်းကင်ဓားဂိုဏ်းက အဆင့် ၈၀ မှာ ရှိနေဦးမှာ။ မင်းရဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းကတော့ အဆင့် ၁၀၀ မှာပဲ ရှိနေဦးမှာ။ ငါတို့ရဲ့ ကောင်းကင်ဓားဂိုဏ်းက မင်းရဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းထက် ပိုတော်တယ်ဆိုတဲ့ အချက်ကိုတော့ ပြောင်းလဲလို့ရမှာ မဟုတ်ဘူး။”

၎င်းကိုကြားသော် လုရှောင်ယန်၏ မျက်နှာသည် ချက်ချင်း မည်းမှောင်သွားသည်။

သူသည် ပြိုင်ပွဲကနေပင် ထွက်သွားချင်တော့သည်။ အကယ်၍ သူဒီနေရာကို မလာဘူးဆိုလျှင် နောက်ထပ် တစ်လလောက် ကျင့်ကြံဖို့ နေရာရှာနိုင်မည်။ ပြိုင်ပွဲအပြီးတွင်မှ သူသည် လမ်းပျောက်သည်ဟု ပြောလို့ရသည် ။

ရှက်စရာကောင်းလွန်းသည်။ သူတို့ထဲက တစ်ယောက်သည် ထိပ်တန်း ၈၀ မှာ ရှိပြီး နောက်တစ်ယောက်ကတော့ ထိပ်တန်း ၁၀၀ ရသည် ။ သို့သော် သူတို့တွင် ပြိုင်ဖို့ အရှက်ရှိသေးသည်။

၎င်းသည် ရေနွေးအိုးကို မည်းသည်ဟုပြောသည့် အိုးပင်။

ပို၍ ရယ်စရာကောင်းသည်မှာ သူတို့သည် အဆင့် ၈၀ ရခြင်းအတွက် အမှန်တကယ် ဂုဏ်ယူနေကြခြင်း ဖြစ်သည်။

လုရှောင်ယန် သူတို့ကို တကယ် နားမလည်နိုင်တော့ပေ….

All Chapters