အခန်း (၅၆-၆၀)
Vol. 4 Ch. 56-60
စာစဉ် - ၄
အခန်း ၅၆ ပါရမီရှင်နှင့်တွေ့ခြင်း...
အစက လုရှောင်ယန် သည် သူတို့ဆီ တကယ်ကို မသွားချင်ပေ။ သို့သော် ဂိုဏ်းနှစ်ခုသည် ရန်ဖြစ်တော့မည့်ပုံပေါက်နေသည်။ ထိုသို့ဖြစ်လျှင် ပို၍ပင်ရှက်စရာ ကောင်းလိမ့်မည်။
သူသည် မတတ်နိုင်ပဲ ရှေ့သို့သာ ဆက်သွားနိုင်တော့သည်။
"ဂိုဏ်းချုပ် ကျွန်တော် နောက်ကျသွားတယ်။ တောင်းပန်ပါတယ်"
တိုက်ခိုက်တော့မည့်ဟန်ပေါ်နေသည့် ဂိုဏ်းချုပ်ချန်သည် ဤအသံကိုကြားသောအခါ ရုတ်တရက် တုန်လှုပ်သွားသည်။ ထို့နောက် မယုံကြည်နိုင်စွာ လှည့်ကြည့်လိုက်သည်။ လုရှောင်ယန်ဖြစ်သည်ကို သူမြင်သောအခါ သူ၏မျက်လုံးများသည် အနည်းငယ် နီမြန်းလာသည်။
ထို့နောက် သူအမြန်လျှောက်လာပြီး လုရှောင်ယန်ကို ပုခုံးပုတ်လိုက်ပြီး သူ၏အသံမှာ စိတ်လှုပ်ရှားစွာ အနည်းငယ်ဆို့နင့်သွားသည်။
"ရှောင်ယန်၊ နောက်ဆုံးတော့ မင်းဒီကိုရောက်ပြီပဲ။ မင်းကို နတ်ဆိုးဂိုဏ်းကသတ်လိုက်ပြီး ဘယ်တော့မှ ပြန်မလာနိုင်တော့ဘူးလို့ ငါထင်ခဲ့တာ။"
“အိုး…”
လုရှောင်ယန် အနည်းငယ် ပြောစရာစကားပျောက်ရှသွားသည်။ ဤဂိုဏ်းချုပ်သည်လည်း ကောင်းကင်ဓားဂိုဏ်း၏ အနိုင်ကျင့်ခြင်းကို ခံခဲ့ရသည်။ လုရှောင်ယန်ကို သူမြင်လိုက်သောအခါ သူ၏ကယ်တင်ရှင်ကို မြင်လိုက်ရသလိုပင်။
"ဂိုဏ်းချုပ်ကို ကျေးဇူးတင်ပါတယ်၊ အဲဒီညက အတော်လေး မှောင်နေတာကြောင့် သူတို့ကို မျက်ခြေဖျက်နိုင်ခဲ့တယ်။"
"မင်းပြန်လာနိုင်တာ ကောင်းတယ်။"
လုရှောင်ယန်၏ပခုံးကို ထပ်မံပွတ်သပ်လိုက်ကာ ဂိုဏ်းချုပ်ချန်သည် သူလှည့်ကြည့်သောအချိန်တွင် မေးစေ့ကို အနည်းငယ်မော့လိုက်သည်။ သူ၏ အမူအရာ တစ်ခုလုံးသည် ယခင်ကနှင့် သိသိသာသာ ကွဲပြားသွားသည်။
စောနက သူသည် အားကိုးရာမဲ့ပြီး ဒေါသတကြီး ဖြစ်နေသည်။ ယခုမူ သူသည် အထင်အမြင်သေးပြီး မောက်မာသည့်ပုံပေါက်နေသည်။
"ဝူဖန်းယွင် ၊ ငါတို့ရဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ အစီအရင်ဆရာ၊ အကြီးအကဲ ရှောင်ယန် ပြန်လာပြီ။ မင်းရဲ့ ကောင်းကင်ဓားဂိုဏ်းက ပိုကောင်းအောင် ပြင်ဆင်ထားလိုက်ပါ။ မင်း...စောင့်နေ..."
ဝူဖန်းယွင်က သူ့ကို အလွန်အမင်း အထင်အမြင်သေးစွာ စိုက်ကြည့်လိုက်သည်။
"ငါ့ကို ကြောက်တတ်တယ်လို့ ထင်နေတာလား?"
"စောင့်ကြည့်ရတာပေါ့။"
"ဘယ်သူက ဘယ်သူ့ကိုကြောက်တာလဲ?"
နှစ်ဖက်စလုံးသည် နှာမှုတ်ပြီး သက်ဆိုင်ရာ တဲတွေထဲကို ဝင်သွားသည်။
ကောင်းကင်ဓားဂိုဏ်းမှ လူအနည်းငယ်တွင် လေးနက်သော မျက်နှာထားများရှိနေသည်။
"ဂိုဏ်းချုပ်၊ ကြည့်ရတာ အဲ့ဒီချန်မျိုးရိုးက ဟိုကောင်လေးကို တော်တော်လေး အထင်ကြီးတယ်ထင်တယ်။ ဒီကောင့်မှာ လှည့်ကွက်တွေ ဘာတွေများတကယ်ရှိမလား?"
ဝူဖန်းယွင် အေးစက်စွာ ပြုံးလိုက်သည်။
"ဘာကိုကြောက်ရမှာလဲ... သူ့အသက်ကိုကြည့်ရတာ နှစ်ဆယ်ကနေ သုံးဆယ်ကျော်လောက်ရှိဦးမယ်။ ဒီအသက်အရွယ်မှာ မိခင်ဝမ်းထဲက စပြီး ကျင့်ကြံရင်တောင် အောင်မြင်နိုင်ဖို့မလွယ်ဘူး။”
သူသည် ခဏတုန့်ဆိုင်းပြီးနောက် ရယ်မောကာ လေးလေးနက်နက် ပြောသည် ။
“ဒါပေမယ့် မင်းပြောတာ အရမ်းမှန်တယ်။ လောင်ချန်က ဘာလုပ်ဖို့ ကြိုးစားနေမှန်း မသိပေမယ့်၊ သူကိုယ်တိုင်က ရိုးသားတဲ့ အရူးတစ်ယောက်တော့ မဟုတ်ဘူး။ ငါ အခု စပြီး ကျင့်ကြံတော့မယ်။ ဒီနေ့ အစီအရင်ဖွဲ့စည်းခြင်းအစည်းအဝေးကို စတင်တာနဲ့ ငါ ကောင်းကင်နတ်ဆိုးဂိုဏ်းကို ငါ့ရဲ့အစွမ်းအစကို ပြရမယ်။”
ကောင်းကင်နတ်ဆိုးဂိုဏ်း၏ဘက်တွင်၊ လုရှောင်ယန်ကို တဲထဲသို့ဖိတ်ခေါ်ပြီးနောက် ပထမအကြီးအကဲသည် ဝိညာဉ်စွမ်းအင်လက်ဖက်ရည်တစ်ခွက်ကို ချက်ချင်းချပေးသည်။
လုရှောင်ယန် အတန်ငယ် ဂုဏ်ယူသွားသည်။
“ပထမအကြီးအကဲ၊ အဲ့လောက် ယဉ်ကျေးလွန်းမနေပါနဲ့။ ကျွန်တော်ကိုယ်တိုင်လုပ်နိုင်ပါတယ်။"
ပထမအကြီးအကဲသည် ခေါင်းယမ်းကာ လုရှောင်ယန်၏လက်ထဲသို့ ဝိညာဉ်စွမ်းအင်လက်ဖက်ရည်ကို ထည့်ပေးလိုက်သည်။
"ငါတို့က မင်းကို ကောင်းကောင်းမကာကွယ်ဘဲ မင်းကို တစ်လလောက် အပြင်မှာနေခိုင်းခဲ့တယ်။ ဒီခွက်နဲ့ မင်းကို ငါတို့ တောင်းပန်ပါတယ်။"
"မဟုတ်ဘူး၊ မဟုတ်ဘူး။ အကြီးအကဲတို့က ရှောင်ယန်ရဲ့ စီနီယာတွေပါ။ ဒီလောက်မယဉ်ကျေးသင့်ပါဘူး။"
"အင်း..အင်း။ ဒီလက်ဖက်ရည်ခွက်က မင်းကိုတောင်းပန်ဖို့တင် မဟုတ်ပါဘူး။ မင်းကို ငါတို့ရဲ့အရင်အရှက်ရစရာကို ဖယ်ရှားပေးဖို့ ကူညီစေချင်တယ်။"
ထိုစကားကိုကြားသော် လုရှောင်ယန်သည် စိတ်ဝိညာဉ်စွမ်းအင် လက်ဖက်ရည်ကို လက်ခံလိုက်ရတော့သည်။ သို့သော် သူ မသောက်ပဲ မေးခွန်း မေးသည်။
“ကျွန်တော်တို့ ကောင်းကင်နတ်ဆိုးဂိုဏ်းက တကယ်ပဲ အဲ့လောက်အဖြစ်ဆိုးတယ်လား။ အစီအရင် ဖွဲ့စည်းမှုမှာ အကြီးအကဲဝမ်နဲ့ အကြီးအကဲထျန်တို့ကလည်း အဲ့လောက်အားမနည်းပါဘူး ။ ဘာကြောင့် ကောင်းကင်ဓားဂိုဏ်းကို ဒီလောက်အထိ ရှုံးရတာလဲ?"
ဂိုဏ်းချုပ်က ခေါင်းယမ်းပြီး သက်ပြင်းချလိုက်တယ်။ အခြားအကြီးအကဲများ၏ အမူအရာမှာလည်း အနည်းငယ်မည်းမှောင်နေသည်။
ပထမအကြီးအကဲက ပြောသည်။
"အမှန်အတိုင်းပြောရရင် အကြီးအကဲဝမ်က အဲဒီမြို့မှာ ဆုံးသွားတယ်။"
"မဖြစ်နိုင်တာ အကြီးအကဲဝမ်ရဲ့ ကျင့်ကြံဆင့်က စိတ်ဝိညာဉ်သန့်စင်ရေးနယ်ပယ်ကို ရောက်နေပြီလေ။”
စင်စစ် လုရှောင်ယန်သည် ထိုနေရာတွင် အကြီးအကဲဝမ်၏ အရှိန်အဝါ မရှိတော့သည်ကို သတိပြုမိသည်မှာ ကြာပါပြီ။ အနှစ်သာရခိုင်မြဲခြင်း စတုထ္ထအဆင့် ကျွမ်းကျင်သူ၏ နတ်အာရုံသည် မပျော့ညံ့ပေ။
သို့သော် လုရှောင်ယန်အတွက်၊ ဘဝသည် ပြဇာတ်တစ်ခုလိုဖြစ်ပြီး အရာအားလုံးသည် တစ်ဦးတစ်ယောက်၏ သရုပ်ဆောင်မှုစွမ်းရည်အပေါ် မူတည်သည်။
သူသည် လက်ရှိတွင် သေးငယ်သော စိတ်ဝိညာဉ်အဆင့် ကျွမ်းကျင်သူအဖြစ် သရုပ်ဆောင်နေရသည်။
လူတိုင်း သက်ပြင်းချကြသည်။ “အစက အဆိပ်တစ်သောင်းဂိုဏ်းရဲ့ အကြီးအကဲဖြစ်သူကို ကိုင်တွယ်ဖို့ အကုန်လုပ်စရာ မလိုအပ်ဘူး။ ဒါပေမယ့် သူက သူ့ရဲ့အဆုံးသတ်မှာ သူ့ကိုယ်သူ တကယ်ကြီး ဖောက်ခွဲပစ်မယ်လို့ ဘယ်သူက ထင်မှာလဲ။ အကြီးအကဲဝမ်က သတိလက်လွတ်ဖြစ်ပြီး အသတ်ခံခဲ့ရတယ်။”
“အဲဒါ အရမ်းဆိုးတယ်။”
“အဲဒီနောက် ငါတို့ လိပ်နက်ဂိုဏ်းကိုလာပြီး အစီအရင်ဖွဲ့စည်းခြင်းပြိုင်ပွဲမှာ ပါဝင်ခဲ့တယ်။ အကြီးအကဲထျန်က ဝင်ပြိုင်တယ်။ ဒါပေမယ့် အကြီးအကဲထျန်ရဲ့ အစီအရင်ဖွဲ့စည်းမှု စွမ်းရည်က အကြီးအကဲဝမ်ထက် အများကြီး နိမ့်ကျတယ်လေ။ ကောင်းကင်ဓားဂိုဏ်းက အစီအရင်ဖွဲ့စည်းတဲ့ဆရာက ဝူဖန်းယွင် ပဲ။ သူရဲ့ ကျင့်ကြံဆင့်က ငါတို့ဂိုဏ်းချုပ်ထက် နိမ့်ကျပေမယ့် သူက အားလပ်ချိန်တွေဆို အစီအရင်ဖွဲ့စည်းမှုကို လေ့လာခဲ့တယ်။ ဒါ့ကြောင့် သူက ငါတို့ ကောင်းကင်နတ်ဆိုးဂိုဏ်းကို နှစ်ကြိမ်ဆက်တိုက် နိုင်ခဲ့တယ်။”
လုရှောင်ယန် သူ၏နားထင်ကို ပွတ်လိုက်သည်။
၁၀၀နှင့် ၈၀ နေရာအကြားပြိုင်ပွဲသည် ဤမျှကြေကွဲဖွယ်ကောင်းမည်ဟု သူ မမျှော်လင့်ထားပေ။
သူစင်ပေါ်တက်ပြီး သူ၏ ခွန်အားကို အပြည့်အဝ အသုံးချလျှင် သူ တိုက်ရိုက် ချန်ပီယံ ဖြစ်လာမည် မဟုတ်လား။
ကြည့်ရတာ သူ ပြိုင်ပွဲအတွင်း အာရုံပိုစူးစိုက်ပြီး လုပ်ရမည် ထင်သည်။
သို့သော် သူသည် ခွန်အားကို အလွန်အကျွံအသုံးပြုပြီး ထိုလူများကို အံသြသွားအောင် မလုပ်လိုပေ။
လုရှောင်ယန် ကြောက်လန့်သွားသည်ဟုထင်ပြီး အကြီးအကဲထျန်က ကမန်းကတန်း နှစ်သိမ့်သည်။
"ရှောင်ယန်၊ မကြောက်ပါနဲ့။ ငါတို့အားလုံး မင်းကိုယုံတယ်။ ဂိုဏ်းမှာ မင်း ချခဲ့တဲ့အစီအရင်ကို ငါတို့ မြင်တွေ့ခဲ့ရတယ်။ အဲ့တာက ထိပ်တန်းနှစ်ဆယ်ထဲဝင်ဖို့ ပြဿနာမရှိဘူး။”
ဂိုဏ်းချုပ်က သူ၏ပခုံးကို ပုတ်ပြီး ပြုံးပြသည်။
"ရှောင်ယန်၊ စိတ်မပူပါနဲ့ ပြိုင်ပွဲကို သွားလိုက်ပါ။ အကောင်းဆုံးလုပ်။ ဘယ်လိုပဲဖြစ်ဖြစ် မင်းရှိရင် ငါတို့ ကောင်းကင်နတ်ဆိုးဂိုဏ်းက ကောင်းကင်ဓားဂိုဏ်းကို သေချာပေါက် အနိုင်ယူနိုင်လိမ့်မယ်။"
လုရှောင်ယန်၏ မျက်နှာ တွန့်ချိုးသွားသည်။ ဂိုဏ်းချုပ်၏ ပန်းတိုင်သည် ကောင်းကင်ဓားဂိုဏ်းနှင့်သာ သက်ဆိုင်သည်ဟုပင် ထင်ရသည်။
သူနှင့် ကောင်းကင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်ဝူဖန်းယွင်တို့သည် တစ်ယောက်နှင့်တစ်ယောက် အထူးခံစားချက်တွေ ရှိကြသည်။ သူတို့နှစ်ယောက်သည် အတွဲမဟုတ်သည်မှာ နှမြောစရာပင်။
ထိုအချိန်တွင် အပြင်ဘက်မှ ငြိမ့်ညောင်းသော ခေါင်းလောင်းသံ ထွက်ပေါ်လာသည်။ ဂိုဏ်းချုပ်နှင့် အခြားသူများ ချက်ခြင်းပင် ဝမ်းသာသွားကြသည်။
"စနေပြီ၊ ရှောင်ယန်။ ဒီနေ့ပြိုင်ပွဲစပြီ။ မြန်မြန်သွားရအောင်။"
“အိုး… အဆင်ပြေပါတယ်။”
လုရှောင်ယန်သည် ကောင်းကင်နတ်ဆိုးဂိုဏ်းက လူများ၏နောက်မှ ပြိုင်ပွဲကွင်းသို့ လိုက်သွားသည်။ ပြိုင်ပွဲကွင်းဘေးတွင် အများနှင့်ဆိုင်သော ဆိုင်းဘုတ်တွေ အများကြီးတွေ့ရသည်။
ထိုဆိုင်းဘုတ်တွင် ဂိုဏ်းအသီးသီး၏ အဆင့်သတ်မှတ်ချက်များ ရှိသည်။
ကောင်းကင်နတ်ဆိုးဂိုဏ်း၏ အဆင့်သတ်မှတ်ချက်မှာ တိုက်ပွဲတစ်ခုတွင် ၁၀၁ ဖြစ်ပြီး အခြားတစ်ခုတွင် ၉၉ ဖြစ်သည်။ သူတို့၏ ပျမ်းမျှအဆင့်က ၁၀၀ အတိအကျပင်။
သို့သော်လည်း လုရှောင်ယန်၏ အာရုံစိုက်မှုသည် ကောင်းကင်နတ်ဆိုးဂိုဏ်းအပေါ်မဟုတ်ဘဲ အဆင့်၏ ထိပ်ဆုံးမှ နာမည်ပေါ်တွင်သာ ဖြစ်သည်။
ရှောင်ပိုင်..
သူသည် ကျန်းမြို့မှဖြစ်ပြီး မည်သည့်ဂိုဏ်းနှင့်မျှ မသက်ဆိုင်ပါ။ သူသည် စိတ်ဝိညာဉ်ဒသမအဆင့်၏ အထွတ်အထိပ်တွင်ရှိနေပြီး ပထမနှစ်ပွဲတွင် အနိုင်ရခဲ့သည်။
လုရှောင်ယန်၏ နှလုံးထခုန်သွားသည်။
ဤအမည်တွင် ပြဿနာရှိပုံရသည်။
ရှောင်...
၎င်းသည် ထိုဇာတ်လိုက်ဟက်ကာများအတွက် စံမျိုးရိုးအမည် မဟုတ်ပါလား။
ထို့အပြင် သူသည် ကျန်းမြို့မှဖြစ်ပြီး မည်သည့်ဂိုဏ်းနှင့်မျှ မသက်ဆိုင်ပေ။ စိတ်ဝိညာဉ်ဒသမအဆင့်၏ အထွတ်အထိပ်သို့ သူ့ဘာသာ မည်သို့ရောက်ရှိနိုင်မည်နည်း။
သေစမ်း... ဒီလူက ယွင်လီကော၏ မိသားစုတစ်ခုလုံးကို ဖျက်ဆီးပြီး သူစေ့စပ်ထားသူကိုတောင် လုယူခဲ့သည့် လူယုတ်မာများလား?
ကံမကောင်းစွာဖြင့်၊ ယွင်လီကောသည် ဤနေရာတွင် မရှိပေ။ မဟုတ်လျှင် သူ့ကို မေးပြီး အတည်ပြု နိုင်သည်။
သို့သော် လုရှောင်ယန် အံ့သြနေစဉ် လူအုပ်ကြီးသည် ဆူပွက်လာသည်။
"ကြည့်စမ်း ဆရာရှောင်လာပြီ" "ဆရာရှောင်က လူသားတွေကြားထဲ နဂါးနဲ့ ဇာမဏီ ဖြစ်ထိုက်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အစီအရင်ဖွဲ့စည်းမှုမှာ သူ့ရဲ့အောင်မြင်မှုတွေက အရမ်းနက်နဲနေပြီ။ သူ့ရဲ့အနာဂတ်က အကန့်အသတ်မရှိဘူးပဲ။"
ဤအလွန်ရင်းနှီးသောစာကြောင်းကိုကြားလိုက်ရသောအခါ လုရှောင်ယန်သည် ယွင်လီကောကိုမမေးပဲနှင့်ပင် သေချာလုနီးပါးဖြစ်နေသည်။
သေတာပဲ ဇာတ်လိုက်ဟက်ကာ..။
သူက သေချာပေါက် ဟက်ကာကောင်ပဲ ….
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် - ၄
အခန်း ၅၇ ဇာတ်လိုက်သည်သာ အကောင်းဆုံး
ပုံမှန်အခြေအနေမျိုးမှာသာဆို ဒီပါရမီရှင်မြင်းနက်တွေကို အခုလိုမျိုး ချီးကျူးနေကြဖို့ဆိုတာ မဖြစ်နိုင်ဘူး။
အဲ့ဒီအစား သူတို့ကို အထင်သေးရှုံ့ချနေကြဦးမှာ။ အရင်ဆုံး ထိုပါရမီရှင်တွေကို ဖိနှိပ်ထားကြမယ် လျစ်လျူရှုထားကြမယ်။ ဒါတင်မကသေး အရှက်ခွဲသည်အထိပင် လုပ်ကြမည်ဖြစ်သည်။
သို့သော်လည်း ထိုမြင်းနက်သာ တစ်ကြိမ်လောက် သူတို့အင်အားကို ထုတ်ပြလိုက်ပြီးပြီဆိုလျှင်တော့ဖြင့် လူတွေက ချက်ချင်းဆိုသလို သူတို့ကို မြှောက်ပင့်တွယ်ကပ်ကုန်ကြပေတော့မည်!
ယခုရှင်းပိုင်သည်လည်း နှစ်ပွဲလုံးတွင် ပထမနေရာရထားခြင်းဖြစ်ရမည်။ ဒါကြောင့်ပဲ ဘေးကဖြတ်လျှောက်များ၏ အပြုအမူတွေက တစ်ရာ့ရှစ်ဆယ်ရာခိုင်နှုန်းပြောင်းလဲနေကာ သူ့ကို မြှောက်ပင့်နေကြခြင်းဖြစ်သည်။
ထိုအချိန်မှာပဲ လုရှောင်ယန်နားဘေးရှိ ဂိုဏ်းချုပ်နှင့်ကျန်အကြီးအကဲများပင်လျှင် သူ့ကို ချီးကျူးနေကြလေသည်။
“ဆရာရှောင်ကတော့ တကယ့်ရှာမှရှားတဲ့ ပါရမီရှင်ပဲ! ပြီးခဲ့တဲ့နှစ်ရက်တုန်းကျော်တုန်းကဆို ဘယ်သူမှ သူ့ကိုခေါင်းထဲတောင် မထည့်ခဲ့ကြဘူး။ နှစ်ရက်လည်းနေရာ သူက လူတိုင်းရဲ့အာရုံစိုက်စရာဖြစ်လာလိမ့်မယ်လို့ တကယ် မထင်ထားခဲ့ဘူး။”
“ရှာမှရှားတဲ့ပါရမီရှင်ဆိုတာထက်ကို ပိုပါတယ်။ ကြီးမြတ်သောကျိုးအင်ပါယာ တည်ထောင်ကတည်းကတောင်မှ ဒီလောက်ငယ်ငယ်ရွယ်ရွယ်လေးမှာတင် အစီအရင်ပညာရပ်နဲ့ လူတိုင်းကို အထက်စီးက ကြည့်နိုင်လောက်တဲ့အထိ တော်တဲ့သူ တစ်ခါမှတောင် မပေါ်ထွက်လာခဲ့ဖူးဘူး။ ဒီနေရာကိုလာတဲ့ ဘယ်သူကများ သူတို့ဂိုဏ်းတွေရဲ့ ထိပ်တန်းအစီအရင်ပညာရှင်တွေ မဟုတ်လို့လဲ? စိတ်မကောင်းစရာဘဲ… သူတို့အားလုံး သူ့ကိုအရှုံးပေးလိုက်ကြရတယ်။”
“ချီးကျူးစရာအကောင်းဆုံးကတော့ သူ့ရဲ့ကျင့်ကြံဆင့်ကလည်း အရမ်းအားကောင်းတာပဲ။ ပြီးတော့ လူသတ်တဲ့နေရာမှာလဲ ပြတ်ပြတ်သားသားရှိတယ်။ ပြီးခဲ့တဲ့နှစ်ရက်တုန်းက သူ့ကိုတစ်ယောက်ကလာပြီး ထေ့ငေါ့လိုက်တာနဲ့ အဲ့လူကို လက်သီးတစ်ချက်တည်းနဲ့ ထိုးသတ်ပစ်လိုက်တာ! အဲ့ဒီလက်သီးချက်ရဲ့ မယုံနိုင်စရာခွန်အားကို ကျုပ်အခုထိ အမှတ်ရနေတုန်းပဲ။”
လုရှောင်ယန်ကတော့ အလိုလိုနေရင် ထိုဖော်လံဖားတွေနောက်မှ ပိတ်မိနေတော့သည်။
တစ်ချိန်တည်းမှာပဲ တစ်ဖက်လူ၏ကျင့်ကြံဆင့်ကိုသိရအောင် လေ့လာကြည့်သည်။
“ပြီးပြည့်စုံတဲ့ တောင်ပင်လယ် ဒဿမအဆင့်။ စိတ်ဝင်စားစရာပဲ! ဒီကောင်လေးရဲ့ ကျင့်ကြံဆင့်က သေချာပေါက် တောင်ပင်လယ်အဆင့်ရောက်နေပေမယ့် သူကတော့ သူ့ကိုယ်သူ စိတ်ဝိညာဉ်အဆင့်ကျွမ်းကျင်သူတစ်ယောက်လိုမျိုး ဖုံးကွယ်ထားတယ်။ ပြီးတော့ မြင်းနက်ဆိုတဲ့အတိုင်း သူ့ရဲ့တိုက်ခိုက်ရည်ကလဲ တော်တော်မြင့်တယ်။ သူ့ရဲ့တကယ့်တိုက်ပွဲစွမ်းရည်ကိုသာ ထုတ်လိုက်ရင် အနည်းဆုံး စိတ်ဝိညာဉ်သန့်စင်ခြင်း ဒဿမအဆင့်လောက်တောင် ရှိလောက်မယ်!”
“ဒါက ကျင့်ကြံဆင့်ကနေတွက်ကြည့်ရုံပဲရှိသေးတယ်။ သူ့ရဲ့နည်းစနစ်တွေက တုနှိုင်းမဲ့အဆင့်တွေပဲဖြစ်မယ်။ ကြည့်ရတာ သူ့ရဲ့အစီအရင်တည်ဆောက်ပုံကို နားလည်အောင် ငါအရင်လုပ်ရမယ့်ပုံပဲ။”
လုရှောင်ယန် တိတ်တဆိတ် ဆုံးဖြတ်ချက်ချလိုက်သည်။
ရှောင်ပိုင်သည် အမှန်ကို အန္တရာယ်များလွန်းသူဖြစ်ရာ သေချာပေါက်ကို ဖုချိုးကျဲယ်သွေးသောက်အဖွဲ့၏ သတ်မည့်စာရင်းထဲ ထည့်မှဖြစ်ပေမည်။
ရှောင်ပိုင်သည် အခုဆို တောင်ပင်လယ်ဒဿမအဆင့်သို့ပင် ရောက်နေပြီဖြစ်သည်။ နည်းနည်းလောက်သာ ထပ်လွှတ်ထားလိုက်လို့ကတော့ ချက်ချင်းလက်ငင်း စိတ်ဝိညာဉ်သန့်စင်ခြင်း ဒဿမအဆင့်သို့ပင် ရောက်သွားနိုင်သည်။ တကယ်လို့များ အာကာပြင်ပြိုကွဲခြင်း ဒဿမအဆင့်ကိုသာရောက်သွားပြီး သူ့တိုက်ပွဲစွမ်းရည်ရော ကျင့်ကြံခြင်းနည်းလမ်းပေါင်းများစွာကိုပါ ထည့်ပေါင်းတွက်လိုက်မည်ဆိုပါက သူပင်လျှင် ရှောင်ပိုင်ကို ဆန့်ကျင့်နိုင်တော့မည်မဟုတ်ပေ။
သို့သော်လည်း သေချာစုံစမ်းခြင်းမပြုရသေးခင်မှာတော့ သူ့ကို လုရှောင်ယန် စတင်တိုက်ခိုက်ဦးမည်မဟုတ်ပေ။
တစ်စုံတစ်ယောက်က သူ့ကိုစိုက်ကြည့်နေကြောင်း ခံစားမိလိုက်တာကြောင့် ရှောင်ပိုင် တစ်ချက်ဝေ့ကြည့်လိုက်သည်။
သူ့အကြည့်နှင့်လုရှောင်ယန်၏အကြည့်တို့ ထိပ်တိုက်တွေ့ဆုံသွားလသည်။
ထိုအခိုက်အတန့်မှာပဲ ရှောင်ပိုင်၏သူငယ်အိမ်ထဲတွင် ရွှေရောင်လျှပ်စီးကြောင်းတစ်လက်ပေါ်ထွက်လာခဲ့သည်။
“စိတ်ဝိညာဉ်တတိယအဆင့် အမှိုက်လေးပါလား?”
အဆင့်ကိုသိလိုက်ရသည်နှင့် လုရှောင်ယန်ကို ဆက်ပြီးကြည့်မနေတော့ပေ။
စိတ်ဝိညာဉ်တတိယအဆင့်အမှိုက်တစ်စသာဆိုလျှင် သူ့အာရုံစိုက်မှုကို ခံရဖို့ မထိုက်တန်ပေ။
လုရှောင်ယန်ခဗျာ ထိုမာနကြီးသည့်အမူအရာကိုမြင်ပြီး ပြောစရာစကားတို့ဆွံ့အကုန်ကာ မျက်ခုံးကိုသာ အသာပွတ်မိတော့သည်။
ပါရမီရှင်မြင်းနက်ဆိုတဲ့အတိုင်း ကိုယ်နေဟန်ထားကတော့ ပြီးပြည့်စုံလွန်းလှသည်။ တစ်ဖက်လူက သူ့ကိုတစ်ချက်လေးသာကြည့်လိုက်ပြီးနောက် လုံးဝလျစ်လျူရှုသွားလေသည်။ သူ့ကို ဘောင်မဝင်သည့်ဖြတ်လျှောက်လေးတစ်ယောက်လိုမျိုးလေ။
သို့ပေမည့် စင်စစ်တွင် တစ်ဖက်လူက အလွန်အစွမ်းထက်လှသည့်မျက်ဝန်းနည်းစနစ်ကို ထုတ်သုံးခဲ့တာတောင်မှ လုရှောင်ယန်၏အစစ်အမှန်ကို ထိုးထွင်းသိမြင်နိုင်ခြင်း မရှိခဲ့ပေ။
မြင်းနက်ဖြစ်နေလို့သာပေါ့။ မဟုတ်လို့ကတော့ တစ်ချက်တည်းနဲ့ ပွဲသိမ်းပေးလိုက်ပြီးပြီ။
လုရှောင်ယန် ဆက်ပြီးဂရုစိုက်မနေတော့ပေ။
တစ်ဖက်လူက မြင်းနက်ဖြစ်နေခြင်းကြောင့် အမှတ်သညာကြီးသလို အလွန်လဲ ကျော်ကြားသည်။
လုရှောင်ယန်သာ အခုနေ လှုပ်ရှားလိုက်လျှင် သူ့အင်အားအရတော့ သေချာပေါက် လုံလောက်သည်။
သို့သော်လည်း သူ၏လျှို့ဝှက်ချက်သည်တော့ ပေါ်သွားပေမည်။ တစ်ချိန်တည်းမှာပဲ လုရှောင်ယန် တစ်ဖက်လူကို မသတ်နိုင်ခင်မှာတင် လိပ်နက်ဂိုဏ်းမှာ အကြီးအကဲတချို့က ရုတ်တရက်ကြီးပေါ်လာကာ တစ်ဖက်လူသည် သူတို့တပည့်ဖြစ်သည်ဟု ပြောလာနိုင်သေးသည်။
ပြီးလျှင်တော့ သူလည်း ကြီးမားပြင်းထန်သည့်တိုက်ပွဲကြီးနှင့် ရင်ဆိုင်ရပေတော့မည်။ ထိုသို့ဖြင့် နှစ်ဖက်လုံး သရေကျသွားပေမည်။ အဆုံးမှာတော့ ရှောင်ပိုင်သည် တစ်ကမ္ဘာလုံး၏ရှေ့မှောက်မှာတင် သူ့ကိုတရားဝင်စိန်ခေါ်လာပေလိမ့်မည်။
ရှောင်ပိုင်က သူ့ကို နောက်သုံးနှစ် သို့မဟုတ် ငါးနှစ်နေလျှင် တိုက်ခိုက်ကြမည်ဆိုကာ စိန်ခေါ်လာနိုင်သည်။ လုရှောင်ယန်သာ ကူးပြောင်းလာသူမဟုတ်ခဲ့လျှင် သူ၏ဉာဏ်ရည်က ရုတ်တရက်ကြီး နိမ့်ဆင်းသွားကာ လိုလိုလားလား သဘောတူပေးလိုက်ပေလိမ့်မည်။
ထိုသဘောတူညီချက်ကပင် သူ့ကိုပျက်စီးကိန်းဆိုက်စေမည်။ သူရှင်းပိုင်ကို တိုက်ခိုက်နိုင်တော့မည်မဟုတ်ပေ။ ထိုသို့ဆိုလျှင် သူအလွန်ဒေါသထွက်ပြီး သူ၏ဘက်တော်သားများကို တစ်ယောက်ပြီးတစ်ယောက် ပို့လွှတ်ကာ ရှောင်ပိုင်ကို ပိုအင်အားကြီးလာစေဖို့ အကူအညီဖြစ်သွားစေမည်။
အဆုံးမှာတော့ ရှောင်ပိုင်သည် အမြင့်ဆုံးသို့တက်လှမ်းနိုင်သွားကာ ပြိုင်ဘက်ကင်းတိုက်ချက်တစ်ချက်တည်းနှင့်ပင် သူ့ကို တိုက်ခိုက်အနိုင်ယူသွားပေမည်။
ဘာလို့များ ထိုသို့ဟန်ဆောင်ကောင်းကာ မာနကြီးသည့်အဓိကဇာတ်လိုက်ကို အရံဇာတ်ကောင်တွေက အမြဲတမ်း ရူးရူးမိုက်မိုက်နှင့် အထောက်အပံ့ပေးနေကြမှန်း သူနားမလည်နိုင်သော်လည်း သူတတ်နိုင်သည်ကလဲ ဘာမှမရှိပေ။
ထိုအချိန်မှာပဲ ဂိုဏ်းအသီးသီးမှအစီအရင်ပညာရှင်များ ပြိုင်ပွဲကွင်းအတွင်းသို့ ဝင်လာကြသည်။
လုရှောင်ယန်လဲ ချွင်းချက်မဟုတ်ပေ။
သူ၏အာရုံက ရှောင်ပိုင်အပေါ် ဆက်ပြီးရှိမနေတော့ပေ။
ရှောင်ပိုင်သည် နတ်ဘုရားမဟုတ်တာကြောင့် လုရှောင်ယန်အနေနှင့် တစ်ချိန်လုံး သူ့ကို မျက်စိဒေါက်ထောက် လိုက်ကြည့်နေမည်မဟုတ်ပေ။
သူ၏စိတ်အာရုံကတော့ ကွင်းတစ်ခုလုံးကို ဖြန့်ကျက်ထားပြီးပြီဖြစ်သည်။
ထိုသို့ဖြစ်သွားသည့်အချိန်တွင်ပဲ စင်မြင့်ထက်ရှိအကြီးအကဲတစ်ယောက်၏မျက်လုံးတို့က ရုတ်ချည်းဖွင့်လာခဲ့သည်။ ထိုပုဂ္ဂိုလ်၏ကျင့်ကြံဆင့်မှာ အနှစ်သာရခိုင်မြဲခြင်းပထမအဆင့်သို့ရောက်ရှိနေပြီဖြစ်ခြင်းကြောင့် ဤပွဲကို စောင့်ကြပ်ဖို့ တာဝန်ယူထားခြင်းဖြစ်သည်။
သို့သော်.. လုရှောင်ယန်၏ကျင့်ကြံဆင့်မှာ သူ့ထက်မြင့်လို့နေသည်။ တစ်စုံတစ်ယောက်မှ စိတ်အာရုံဖြန့်ကျက်ထားသည်ဟု အာရုံခံမိနေတာတောင်မှ ဘယ်သူလုပ်နေမှန်း အာရုံခံမရဖြစ်လို့နေသည်။
ကျန်းပေက ပါရမီရှင်များလား?
သူ၏အကြည့်တို့က ရှောင်ပိုင်ထံသို့ ကျရောက်လို့သွားသည်။ ရှောင်ပိုင် တစ်ခုခုကို ဖုံးကွယ်ထားမှန်း သူခန့်မှန်းမိပြီးသားပင်။ ပြောရရင် သူတို့နှစ်ဦး၏ကျင့်ကြံဆင့်မှာ အလွန်ကွာခြားနေတာကြောင့် ရှောင်ပိုင်သည် သူ၏ကျင့်ကြံဆင့်အမှန်ကို အကြီးအကဲထံမှ ဖုံးကွယ်မထားနိုင်ပေ။
သို့သော်လည်း အကြီးအကဲမှာ ရှောင်ပိုင်ကို အလုံးစုံထိုးထွင်း မြင်နိုင်စွမ်းမရှိနေတာတောင်မှ လက်ရှိခံစားနေမိသည့် စိတ်အာရုံဖြန့်ကျက်ထားခြင်းသည် ရှောင်ပိုင်ထံမှမဟုတ်မှန်းတော့ သေချာနေသည်။
ရှောင်ပိုင် ဘယ်လောက်ပဲဖုံးကွယ်ထားပါစေ ထိုမျှအထိတော့ အင်အားမကြီးမှန်း ပြောနိုင်သည်။
အဆုံးတွင်တော့ သူခေါင်းကိုသာ အသာယမ်းလိုက်နိုင်ပြီး မျက်လုံးတို့ကို ပြန်မှိတ်ထားလိုက်သည်။
တစ်ချိ်နတည်းမှာပဲ လိပ်နက်ဂိုဏ်းမှကြီးကြပ်သူကလဲ ပြိုင်ပွဲစတင်ကြောင်း ကြေညာလာပေသည်။
“ပထမနေတုန်းက ကျုပ်တို့တွေ အခြေခံအစီအရင်တစ်ခုဖြစ်တဲ့ ဝိညာဉ်စွမ်းအင်စုဆောင်းခြင်းအစီအရင် ရေးဆွဲတာကို ယှဉ်ပြိုင်ခဲ့တယ်။”
“ဒုတိယနေ့မှာတော့ အရိုးရှင်းဆုံး ပုံရိပ်ယောင်အစီအရင်နဲ့ ပြိုင်ခဲ့တယ်။”
“ဒီကနေ့မှာတော့ အကာအကွယ်အစီအရင်နဲ့ပြိုင်ပါမယ်။”
“ကဲ.. ပြိုင်ပွဲစလိုက်ကြရအောင်!”
အခင်းအကျင်းသခင်များ အစီအရင်များစတင်ရေးဆွဲကြတော့သည်။ ရှောင်ပိုင်သည်တော့ အသက်ပြင်းပြင်းတစ်ချက်ရှူကာ ရေရွတ်လိုက်သည်။
“ဆရာ.. အရင်တုန်းက ဆရာ ဖိအားပေးခံရပြီး သေဆုံးခဲ့ရတယ်။ ပိုင်အာ သိုင်းဘုရင်အဆင့်ပညာရှင်တစ်ယောက်ဖြစ်လာပြီး ဆရာ့ရဲ့ရန်သူတွေအားလုံးကို သတ်နိုင်ခဲ့တာတောင်မှ ဆရာ့ကို အသက်ပြန်သွင်းဖို့ မလုပ်နိုင်ခဲ့ဘူး။ ဒါပေမယ့် ပိုင်အာ ကံအရမ်းကောင်းပြီး နောက်တစ်ခေါက်ပြန်လည်ရှင်သန်ခွင့်ရရှိခဲ့တယ်။ ဒီတစ်ကြိမ်တော့.. ပိုင်အာ ဒီအခင်းအကျင်းပြိုင်ပွဲမှာ ပထမနေရာယူပြီး လိပ်နက်ဂိုဏ်းထဲကို ဝင်မယ်။ ပြီးရင် ဆရာ့ကို ဆရာပြန်တင်ပါမယ်။”
“ဒီဘဝမှာတော့ ပိုင်အာ ဆရာ့ကို ကာကွယ်ပေးမယ်! ဘယ်သူမှ ဆရာကို ဒုက္ခမပေးနိုင်စေရဘူး!”
လုရှောင်ယန်ခမျာ ထိုစကားများကိုကြားပြီး လှောင်ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ပေ။ ဘာတွေများ အပြစ်ကင်းသလိုလို ဖြူစင်သလိုလို ဟန်ဆောင်နေရတာတုန်း? ကျန်းမြို့မှာတုန်းက သူ့တပည့်ရဲ့ဇနီးလောင်းကို ခိုးပြီးသွားပြီလေ၊ ဘာလို့များ အခုလိုဆက်လုပ်ချင်နေရသေးတာတုန်း? သူကိုယ်တိုင်က မောင်းမဆောင်ကြီးဖွဲ့စည်းဖို့ကြံနေပြီး သူမကို မောင်းမအဖြစ်သိမ်းပိုက်မလို့မဟုတ်ဘဲ ကာကွယ်မလို့ဆိုပြီးတော့ ပြောနေလိုက်သေးတယ်။ ဘယ်လောက်တောင် ရွံဖို့ကောင်းလိုက်လဲ? မင်းဆရာကိုတကယ်ကြီးကြိုက်နေရင်လဲ သူ့တစ်ယောက်တည်းကိုပဲ ဂရုစိုက်ပြီး လက်ထပ်လိုက်ပါတော့လား။ ဘာလို့ တခြားမိန်းမတွေကိုပါ သွားကြောင်နေရတာလဲ? တကယ်ကိုပဲ မြင်းနက်ဟက်ကာကောင်တွေအားလုံး သောက်ရမ်းမာနကြီးပြီး ရူးလိုက်ကြတယ်ဆိုတာ။
ဒါတင်မကဘူး သူ့ဘေးနားကလူတွေရဲ့ ဉာဏ်ရည်ကို နိမ့်ဆင်းသွားအောင် လုပ်နိုင်တဲ့အရည်အချင်းကလဲ ရှိနေသေးတယ်။ မကြာပါဘူး သူ့ဆရာဆိုတဲ့တစ်ယောက်လဲ မယားငယ်အဖြစ် ချော့သွင်းခံလိုက်ရမှာပဲ…
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် - ၄
အခန်း ၅၈ ဒါနဲ့လဲ ဆုရနိုင်တယ်လား?
လူတိုင်း အစီအရင်များ စတင်ရေးဆွဲနေကြပြီဖြစ်သည်။
ရှောင်ပိုင်သည်လဲ အစီအရင်ကို စတင်ရေးဆွဲတည်ဆောက်လို့နေပေပြီ။
လုရှောင်ယန်ကတော့ စိတ်အာရုံကို ပိုလို့ပင် သေချာလွှမ်းခြုံထားလိုက်သည်။ ပြောရမည်ဆိုလျှင် ထိုကောင်လေးသည် အမှန်ကိုအရည်အချင်းရှိလှသည်။ ရှောင်ပိုင်၏အစီအရင်ပညာသည် သူ့လက်ရှိအင်အား၏ ၅၀ရာခိုင်နှုန်းအထိပင် ရှိသည်။
သို့သော်လည်း ထိုကောင်စုတ်လေး၏စကားအရ ကြည့်ရတာ သိုင်းဘုရင်အဆင့်ပညာရှင်တစ်ယောက်မှနေပြီး ပြန်လည်မွေးဖွားလာပုံရသည်။
ဒါ့အပြင် အရင်ဘဝက သိုင်းဘုရင်အဆင့်ပညာရှင်ဖြစ်ခဲ့ချိန်တုန်းက အလွန်အထင်ကြီးလောက်စရာ ကောင်းခဲ့ပုံလဲ မရပေ။ ဤကဲ့သို့ထင်မြင်ချက်ရှိရခြင်းမှာ အစီအရင်ရေးဆွဲခြင်းသည် သင်ယူနိုင်သည့်နည်းစနစ်တစ်ခုဖြစ်ကာ ကျင့်ကြံခြင်းမဟုတ်ပေ။
ထို့ကြောင့် သိုင်းဘုရင်အဆင့်မှာ မရှိတော့လျှင်တောင်မှ အစီအရင်ရေးဆွဲသည့် ပညာသည် ဤမျှအထိ နိမ့်ကျသွားစရာမရှိပေ။
သို့သော်လည်း ထိုအခိုက်အတန့်မှာပင် ဝမ့်ခိုက်၏ ကြည်လင်လှသည့် စက်ရုပ်လိုလိုမိန်းကလေးသံက လုရှောင်ယန်၏နားထဲ ပဲ့တင်လာခဲ့သည်။
ဒင်! မြင်းနက်ကို ရှာဖွေတွေ့ရှိ။ မြင်းနက်ကိုသာ ရှင်းနိုင်ခဲ့လျှင် လက်ဆောင်အိတ်ပေါင်းများစွာ ရရှိနိုင်ပါသည်။ ဒါ့အပြင် မြင်းနက်၏ကံကောင်းမှုကို ခိုးယူ၍ အနာဂါတ်တွင် ပိုမိုများပြားသည့် လက်ဆောင်များရရှိစေရန်အတွက် စနစ်ကို အဆင့်မြှင့်တင်နိုင်မည်ဖြစ်သည်။
ထိုအသံကြောင့် လုရှောင်ယန် မှင်သက်သွားရသည်။
“မြင်းနက်ကိုသတ်ရင်လဲ ဆုတွေရနိုင်တာလား?”
[ဒါပေါ့၊ ဒါပေါ့။]
လုရှောင်ယန် ခဏတာ ငြိမ်သက်လို့သွားခဲ့သည်။
“ငါ အခုချက်ချင်းပဲ ရိုက်သက်လိုက်သင့်လား?”
[မြင်းနက်ဆိုတာ ကံကြမ္မာသားတော်လို့လဲ ပြောလို့ရတဲ့အတွက် ကံတရားက သူ့ဘက်မှာရှိနေတယ်။ သူ့လက်ရှိ ခွန်အားလောက်ကိုပဲ ကြည့်ပြီး အကဲဖြတ်လို့မရဘူး။ ဂရုတစိုက်သာ မလုပ်ဆောင်ရင် ကိုယ့်ဘက်ပြန်လှည့်သွားနိုင်တယ်]
လုရှောင်ယန်တစ်ယောက် ဆွံ့အသွားတော့သည်။
“ထားပါ.. အရင်ဆုံး ဒီနေ့ပြိုင်ပွဲကိုပဲ အာရုံစိုက်လိုက်ဦးမယ်။”
ပြောပြီးသည်နှင့် ကွင်းတစ်ခုလုံးကို လွှမ်းခြုံထားသည့် စိတ်အာရုံကို ပြန်ရုတ်သိမ်းလိုက်ကာ.. “ငါဘယ်အဆင့်လောက်ထိ သွားသင့်လဲ? အမ်…”
လုရှောင်ယန် သေသေချာချာကို တွေးတောနေသည်။
ကောင်းကင်ဓားဂိုဏ်း၏လက်ရှိအဆင့်မှာ ၈၀ဖြစ်သော်လည်း ဝူဖန်းယွင်မှာ အရံအစီအစဉ်တော့ ရှိထားလောက်သည်။ ဒီနေ့ တစ်ဖက်လူက သူ့ဝှက်ဖဲကိုထုတ်ကာ အဆင့်၇၀လောက်နီးနီးအထိ တက်သွားအောင် လုပ်နိုင်လောက်သည်။
လုရှောင်ယန်ကတော့ မီးမောင်းထိုးခံရသည်အထိတော့ မဖြစ်လိုပေ။
“ဒါဆိုလဲ ၃၀လောက်အထိရအောင် လုပ်တာပေါ့။ ဒီလောက်ဆို အရမ်းလဲ အားကောင်းရာမရောက်သလို အားနည်းလွန်းတဲ့အထိလဲ မဖြစ်ဘူး။ အလယ်အလတ်အဆင့် ဒါမမဟုတ် နည်းနည်းပါးပါးမြင့်ရုံကတင် ဂိုဏ်းချုပ်နဲ့တခြားလူတွေကို ဝမ်းသာအောင်လုပ်နိုင်သလို တခြားလူတွေလဲ ငါ့ကိုအရမ်းအာရုံမစိုက်သွားစေဘူး။”
ထိုသို့တွေးပြီးသည်နှင့် လုရှောင်ယန် သူ့ခွန်အားကို ချိန်ညှိလိုက်ကာ အစီအရင်ကို စတင်ရေးဆွဲလေသည်။
ပြိုင်ပွဲကွင်းထဲတွင်တော့ ကျားဟိန်းသံများ နဂါးဟောက်သံများ ရံဖန်ရံခါထွက်ပေါ်လျက်ရှိသည်။ ထိုဆူညံသံများမှာ ထိပ်ပိုင်းအစီအရင်ဆရာကြီးအချို့ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အစီအရင်များက ပြီးပြည့်စုံသည့်အဆင့်သို့ နီးကပ်နေပြီဖြစ်ခြင်းကြောင့် အစစ်အမှန်ကဲ့သို့ သက်ဝင်လှုပ်ရှားနေကာ လူများသည်လဲ အံ့ဩချီးကျူးနေကြသည်။
ပြိုင်ပွဲစဉ်တစ်ခုလုံးအတွက် အချိန်၂နာရီပေးထားသည်။ လုရှောင်ယန်သည်တော့ မိနစ်၂၀တည်းဖြင့် အားလုံးအပြီးသတ်သွားကာ ကျန်အချိန်များကို ဟိုလုပ်ဒီလုပ်ဖြင့် ဟန်ဆောင်နေလေသည်။
ပြိုင်ပွဲပြီးဆုံးကြောင်း ခေါင်းလောင်းသံထွက်လာသည်နှင့် သူလဲ ချက်ချင်းရပ်လိုက်သည်။
“နောက်ဆုံးတော့ ပြီးသွားပြီပေါ့။”
လုရှောင်ယန် အကြောတစ်ချက်ဆန့်ကာ ကျန်လူများနှင့်အတူ ပြိုင်ပွဲကွင်းထဲမှ ထွက်လာခဲ့သည်။
ဂိုဏ်းချုပ်နှင့်ကျန်လူများကလဲ သူ့အနားချက်ချင်း အပြေးရောက်လာကြကာ စိုးရိမ်ပူပန်သည့်အမူအရာအပြည့်ဖြင့်ပင်။
“ရှောင်ယန်၊ မင်းကြိုးစားခဲ့တာပဲ။ အခြေအနေဘယ်လိုရှိလဲ?”
လုရှောင်ယန် ခေါင်းညိတ်ပြလိုက်သည်။
“အဆင်ပြေပါတယ်။”
“မင်းရလဒ်အတွက် ယုံကြည်ချက်ရှိလား? ဘယ်အဆင့်လောက်ရမယ်ထင်လဲ?”
“သိပ်တော့ မသေချာဘူး။ ဒါပေမယ့် အရမ်းတော့ မဆိုးလောက်ပါဘူး။”
“ကောင်းတယ်၊ ကောင်းတယ်၊ ရလဒ်ထွက်တာ အရမ်းမြန်တယ်။ ခဏလောက်စောင့်ရုံပဲ၊ ခပ်မြန်မြန်ထုတ်ပေးလိမ့်မယ်။”
“ဟုတ်ကဲ့။”
လုရှောင်ယန် ပြန်ဖြေပြီးချိန်မှာပဲ ကောင်းကင်ဓားဂိုဏ်းမှလူများ၏အသံက လူတိုင်းနားထဲ ရောက်လာပြန်သည်။
“ဂိုဏ်းချုပ်၊ ဒီနေ့ ဘယ်လိုနေလဲ?”
“မဆိုးပါဘူး၊ ငါဒီနေ့ စိတ်အခြေအနေကောင်းနေလို့ အမြင့်ဆုံးအဆင့်ကို ထုတ်ပြခဲ့တယ်။”
“ဟစ်~! ဂိုဏ်းချုပ် အရင်နှစ်ခေါက်တုန်းက ဂိုဏ်းချုပ်ရဲ့အင်အားကို ၈၀ရာခိုင်နှုန်းပဲ ထုတ်သုံးခဲ့တာလေ။ ဒီနေ့ အားအကုန်ထုတ်သုံးခဲ့တယ်ဆိုတော့ အဆင့်၇၀ထဲတောင် ဝင်လောက်တယ်!”
ကောင်းကင်နတ်ဆိုးဂိုဏ်းမှလူများကတော့ ဒေါသထွက်စွာ ကြည့်နေကြသည်။
“ဘာလို့ ဒေါသထွက်နေကြတာလဲ? ခဏနေရလဒ်ထွက်လာတဲ့အချိန်ကျ သူတို့ကို ဘယ်လိုဖြတ်ရိုက်နိုင်မလဲဆိုတာသာ စောင့်ကြည့်လိုက်ပါ။”
ထိုစကားပြောပြီးသည်နှင့် လိပ်နက်ဂိုဏ်းမှ တပည့်နှစ်ယောက်က ရလဒ်ကြေညာဖို့ ထွက်လာခဲ့ပေပြီ။
လိပ်နက်ဂိုဏ်းသည် အစကတည်းက အစီအရင်ပိုင်းဆိုင်ရာဂိုဏ်းကြီးတစ်ခုဖြစ်သည်။ ဒါကြောင့် ဆရာ၁၀ယောက်နှင့်ပင် အကဲဖြတ်ခြင်းက တစ်မိနစ်အတွင်း ပြီးဆုံးသွားခြင်းဖြစ်သည်။
“ရလဒ်ထွက်လာပြီဟေ့!”
တစ်ယောက်ကအော်လိုက်သည်နှင့် လူတိုင်းအပြေးအလွှား ရောက်လာကြတော့သည်။ ဂိုဏ်းချုပ်ချန်နှင့်တခြားလူများလဲ ချက်ချင်းသွားလိုက်သည်။
“ဟူး~! ပထမနေရာကတော့ သေချာပေါက် သခင်ရှောင်ဖြစ်နေတုန်းပဲ! သခင်ရှောင်က တကယ်ကိုအင်အားကြီးတာပဲ!”
ချက်ချင်းဆိုသလို လူအုပ်ထဲ ရှောင်ပိုင်ကို ချီးမွမ်းပြောဆိုသံများ ပြည့်နှက်သွားပြန်သည်။ ဖော်လံဖားတွေရဲ့ ပြောနိုင်စွမ်းကတော့ ဘယ်တော့မှ လျော့မသွားဘူးပဲ။
ကောင်းကင်ဓားဂိုဏ်းမှလူများ၏အကြည့်တို့ကတော့ ချက်ချင်းအောက်သို့ရောက်သွားကြသည်။ သူတို့အနေနဲ့ အလယ်အဆင့်နှင့် အဆင့်မြင့်သည့်အပိုင်းကို ကြည့်နေဖို့ မလိုအပ်ပေ။ သူတို့ကောင်းကင်ဓားဂိုဏ်းက ထိုသို့သောအဆင့်မျိုးထဲ ဝင်နိုင်သည့်အင်အားရှိနေတာမှမဟုတ်ဘဲ။
“ဂိုဏ်းချုပ် ၆၉! အဆင့် ၆၉ကွ! ဟားဟားဟား…”
မျက်လုံးမှေးမှေးနှင့်အကြီးအကဲက သူတို့ကောင်းကင်ဓားဂိုဏ်း၏အဆင့်ကို အရင်ဆုံးရှာတွေ့သွားသည်။ ဝူယွင်ဖန်းလဲ ထိုသူညွှန်ပြသည့်အတိုင်းကြည့်လိုက်ကာ ချက်ချင်းဆိုသလို စိတ်အေးစွာ သက်ပြင်းချလိုက်သည်။ ပြီးကာမှ ကျေနပ်သည့်အပြုံးတစ်ပွင့် ဖြစ်ပေါ်လာခဲ့သည်။ မနေ့တုန်းက အပြင်းအထန် ကျင့်ကြံခဲ့တာ ဒီနေ့အတွက် အလကားမဖြစ်စေခဲ့ဖူးဘဲ။
ဒီအတိုင်းသာဆို ကောင်းကင်နတ်ဆိုးဂိုဏ်းတော့ ပြန်နလန်မထူနိုင်လောက်အောင် သူ့ဆီက ဖိနှိပ်ခံရတော့မှာပဲ။
“မြန်မြန်လေး၊ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့အဆင့်ကို ရှာကြ!”
လူတိုင်း အလျင်စလိုပင် ကောင်းကင်နတ်ဆိုးဂိုဏ်း၏အဆင့်ကို ရှာကြတော့သည်။
“သူတို့ အဆင့်၁၀၀ထဲမှာ မရှိဘူး။”
“အဆင့်၁၂၀ထဲမှာလဲ မပါဘူး။”
“အဆင့်၉၀ထဲမှာတောင် မပါဘူး။”
လူတိုင်း မျက်လုံးတွေကို အစွမ်းကုန်ပြူးကာ ရှာနေကြချိန်မှာပဲ ဝူယွင်ဖန်းကတော့ သူ့ပုခုံးကို ရုတ်တရက် တစ်ယောက်ယောက် ပုတ်လိုသည်ကို ခံစားမိလိုက်သည်။
“ဘာလဲ?”
သူလှည့်ကြည့်လိုက်ချိန်မှာတော့ ဂိုဏ်းချုပ်ချန်၏လုပ်ပြုံးကြီးကို တွေ့လိုက်ရသည်။
“မင်းဘာလုပ်တာလဲ?”
ဂိုဏ်းချုပ်ချန်ကတော့ ရယ်ချင်စိတ်ကို အတင်းဖိနှိပ်ထားကာ၊ “ညီအစ်ကိုဝူ၊ မင်း ငါတို့ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့အဆင့်ကို မရှာနိုင်ဘူးလား?”
ဝူယွင်ဖန်း၏နှလုံးသားက တစ်ချက်တုန်ခါသွားကာ မကောင်းသည့်ခစားချက်တို့ ဖြစ်တည်လာသည်။
“မင်းတကယ်ပဲ ဘာကိုပြောချင်နေတာလဲ?”
ဂိုဏ်းချုပ်ချန် ဘယ်လောက်ပဲ အံတင်းတင်းကြိတ်ကာ မရယ်မိအောင် ထိန်းနေပါစေ သူ့မျက်နှာအမူအရာကတော့ အတော်လေး ထိန်းမနိုင်သိမ်းမရဖြစ်နေခဲ့သည်။ ထို့နောက် သူက တစ်နေရာသို့ လက်ညှိုးထိုးပြလိုက်ကာ၊ “မင်း အပေါ်ဘက်ကို တစ်ချက်လောက်ကြည့်လိုက်ပါဦး၊ အလယ်အဆင့်မြင့်နေရာလောက်၊ မြင်လား?”
ဝူယွင်ဖန်းနှင့်ကျန်လူများလဲ လက်ညှိုးညွှန်ရာအတိုင်း ခေါင်းတွေလိုက်မော့လိုက်ကြကာ ချက်ချင်းဆိုသလို တောင့်ခဲသွားကြတော့သည်။
အဆင့်၃၀!
လာနောက်နေတာလား!
ဒီကောင်လေး လုရှောင်ယန်က တကယ်ကြီး အဆင့်၃၀နေရာ ရအောင် လုပ်နိုင်တာလား?
ဒီကောင်စုတ်လေးကလေ?
သူ့ကြည့်ရတာ အလွန်ဆုံးမှ အသက်၃၀လောက်ပဲ ရှိသေးတာမဟုတ်ဘူးလား?
“ညီအစ်ကိုဝူ၊ ဒါအမှန်တရားပဲ။ ရှောင်ယန် စင်ပေါ်မတက်ခင်တုန်းက ငါတို့ဂိုဏ်းနှစ်ဂိုဏ်းကြားက ဆက်ဆံရေးကို ထိန်းသိမ်းပေးဖို့ တကယ်ပဲ ပြောလိုက်ပါတယ်။ သူလဲ မင်းတို့ကို ညှာညှာတာတာလုပ်ပေးခဲ့တယ်။ ဒါပေမယ့် စိတ်မကောင်းစရာဘဲ၊ သူအားထည့်တာ နည်းနည်းလေးများသွားတယ်လေ။ မင်းတို့ ကောင်းကင်ဓားဂိုဏ်းကို ဒီလောက်အဝေးကြီးမှာ ချန်ထားခဲ့ရတဲ့အတွက် ငါတကယ်စိတ်မကောင်းဘူးကွာ။”
ဝူဖန်းယွင်၏မျက်နှာတစ်ခုလုံး တွန့်ရှုံသွားကာ နဖူးကြောတွေင်ပင် ထောင်ထလာတော့သည်။
တစ်ဖက်လူကို သူတကယ်ကိုင်ရိုက်ပစ်ချင်လာပေပြီ၊ သို့သော်လည်း လိပ်နက်ဂိုဏ်းမှာရှိနေသေးတော့ သူ့ဂိုဏ်းမျက်နှာမပျက်ရအောင် လက်လျှော့လိုက်ရသည်။
လိပ်နက်ဂိုဏ်းရဲ့ ဒေါသဆိုတာ သူအလွယ်တကူ ခံယူနိုင်သည့်အရာမျိုးမဟုတ်ပေ။
ကောင်းကင်ဓားဂိုဏ်းမှတခြားလူများလဲ သူတို့ဂိုဏ်းချုပ်၏ဒေါသအဟုန်ကို ခံစားမိကြသည်။ အားလုံး ကိုယ်ပိုင်အော်ရာများဖြင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်လိုက်ကြကာ သူတို့ခေါင်းဆောင်ကို သတိထား ကြည့်လိုက်သည်။
“ခေါင်း-ခေါင်းဆောင်… ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ?”
ဝူဖန်းယွင် အံတင်းတင်းကြိတ်ကာ လက်သီးဆုပ်ထားသည်။ ထို့နောက် သူ့ပုခုံးပေါ်မှ ဂိုဏ်းချုပ်ချန်၏လက်ကို ပုတ်ထုတ်ကာ လှည့်ထွက်သွားလေသည်။
“ကောင်းကင်ဓားဂိုဏ်းကို ပြန်မယ်။”
“အာ? ဒါဆို ကျွန်တော်တို့ ပြိုင်ပွဲကရော? နောက်ထပ် ပြိုင်ပွဲတွေကျန်သေးတယ်လေ။”
“မပြိုင်ဘူး၊ ထွက်ပြီ…”
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် - ၄
အခန်း ၅၉ ပြဿနာပဲဟေ့
ဝူဖန်းယွင်နှင့် ကောင်းကင်ဓားဂိုဏ်းသားများအားလုံး ဒေါသတကြီး ပြန်သွားကြသည်။
ဂိုဏ်းချုပ်နှင့်တခြားသူများသည် နောက်ကနေ တမင်တကာ အော်ပြောသည်။
"အစ်ကိုဝူ၊ မပြန်ပါနဲ့။ မင်းရဲ့ ရလဒ်တွေ ညံ့နေရင်လဲ ကိစ္စမရှိပါဘူး။ ယှဉ်ပြိုင်ချင်းသာ အဓိကပါ။”
အဝေးကို လျှောက်လှမ်းနေပြီဖြစ်သော ဝူဖန်းယွင်သည် တုန်ယင်လာကာ မြေပြင်ပေါ်သို့ လဲကျလုနီးပါးပင်။ ဤမြင်ကွင်းသည် ဂိုဏ်းချုပ်နှင့် တခြားသူတွေကို ရယ်မောစေခဲ့သည်။
လုရှောင်ယန်သည်တော့ ဂိုဏ်းချုပ်နှင့် အခြားသူများ၏လုပ်ရပ်အပေါ် ပြောစကားစကားပျောက်ရှသွားသည်။
သို့သော်၊ ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် ကောင်းကင်ဓားဂိုဏ်းကြား အာဃာတသည် ကောင်းကင်ဓားဂိုဏ်း၏ ဘိုးဘေးကြောင့် ဖြစ်ခဲ့ရသောကြောင့် သူ ဝေဖန်ဖို့စိတ်မဝင်စားပေ။
သူအခုလုပ်ရမည်မှာ ရှောင်ပိုင်နှင့်ပတ်သက်သော အချက်အလက်အချို့ကို ရှာဖွေရန်ဖြစ်သည်။
“ဂိုဏ်းချုပ်၊ ဒီနေ့ ပြိုင်ပွဲက ပြီးသွားပြီ။ တခြားဘာမှ မရှိရင် ကျွန်တော် ဈေးဝယ်ထွက်ချင်တယ်။"
ဂိုဏ်းချုပ်က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
“အဆင်ပြေပါတယ်။ သွားပါ။"
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်"
လုရှောင်ယန် ထွက်သွားရန်ပြင်နေစဉ် ဂိုဏ်းချုပ်က သူ့ကို ပြန်ခေါ်လိုက်သည်။
"ရှောင်ယန် ခဏနေဦး။"
လုရှောင်ယန် ရပ်တန့်သွားသည်။
"ဘာဖြစ်လို့လဲ ဂိုဏ်းချုပ်?"
ဂိုဏ်းချုပ်က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးပြပြီး သူ့ကို ဝိညာဉ်ကျောက်တုံးတစ်ထုပ် ထည့်ပေးလိုက်သည်။
“ငါ့မှာ ဝိညာဉ်ကျောက်တုံးတွေ အများကြီး ပါမလာခဲ့ဘူး။ ဒီအဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၂၀၀,၀၀၀ကို အရင်သုံးထားလိုက်။ မဟုတ်ရင် မင်းဘာမှ ဝယ်ဖို့ လုံလောက်မှာ မဟုတ်ဘူး။"
လုရှောင်ယန်သည် ကျေးဇူးမတင်မီ ခဏမျှ အံ့အားသင့်သွားသည်။
"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်။"
"ရပါတယ်။ သွား။" လုရှောင်ယန် ဂိုဏ်းချုပ်အား နှုတ်ဆက်ပြီး လိပ်နက်ဂိုဏ်း၏ မြောက်ပိုင်းဒေသသို့ ချက်ချင်းရောက်ရှိလာသည်။
သူ ၎င်းကို လေ့လာထားပြီးသားဖြစ်သည်။ လိပ်နက်ဂိုဏ်း၏ မြောက်ပိုင်းဒေသတွင် အာကေရှားဂိုဏ်းခွဲတစ်ခုရှိသည်။
လိပ်နက်ဂိုဏ်းကဲ့သို့သော ဂိုဏ်းကြီးတစ်ခုသည် အလွန်တိုးတက်သော စီးပွားရေးအခြေအနေရှိသည်။ အာကေရှားဂိုဏ်းကဲ့သို့ ဖျော်ဖြေရေး လုပ်ငန်းတစ်ခုရှိခြင်းမှာ သဘာဝကျလှသည်။
မတူညီသောရှုထောင့်မှကြည့်လျှင် အာကေရှားဂိုဏ်းကဲ့သို့သော ထိပ်တန်းဖျော်ဖြေရေးနယ်ပယ်မှသာလျှင် လိပ်နက်ဂိုဏ်း၏ပိုင်နက်နယ်မြေအတွင်း ထိုကဲ့သို့ ဖွင့်လှစ်နိုင်မည်ဖြစ်သည်။
“ဒီကသခင်ကြီးကို မမြင်ဖူးပါဘူး။ ကျွန်မတို့ အာကေရှားအဖွဲ့ကို ပထမဆုံးအကြိမ် လာတာလား? ကျေးဇူးပြုပြီးဝင်လာပါ။"
လုရှောင်ယန် ရောက်သည်နှင့် တံခါးဝက မိန်းမလှလေးက သူ့ကို လမ်းပြသည်။
"နာမည်ကို သိခွင့်ရှိမလား?"
"လီ။"
"ဒါဆို သခင်ကြီးလီပေါ့။ သခင်ကြီးလီ ဒီနေ့ ဘာလုပ်ဖို့များ စိတ်ဝင်စားလဲ? ဘယ်လိုနတ်မိမယ်မျိုးကိုရှာနေတာလဲ?"
"ငါ ဒီနေ့ပျော်ဖို့ လာတာမဟုတ်ဘူး။ အချက်အလက်တချို့ ဝယ်ချင်တယ်။"
အာကေရှားဂိုဏ်းသည် ကြီးမြတ်သောကျိုးအင်ပါယာတွင် အချုပ်အနှောင်မရှိဆုံး ဂိုဏ်းဖြစ်ပြီး ဝိညာဉ်ကျောက်တုံးများရရှိရန် အခြားသော ကျင့်ကြံသူများကိုသာ မှီခိုအားထားသည်ဟု လူတိုင်းက ယုံကြည်ကြသည်။
သို့သော် ၎င်းမှာ မမှန်ပေ။
သူတို့သည် အခြားကျင့်ကြံများကိုသာ မှီခိုအားထားနေပါက အာကေရှားဂိုဏ်းသည် အနှေးနဲ့အမြန် အစားထိုးခံရမည်ဖြစ်သည်။
အာကေရှားဂိုဏ်းတွင် အလွန်အရေးကြီးသော ၀င်ငွေရမည့်နည်းလမ်းတစ်ခုလည်း ရှိသေးသည်။ ရလဒ်အနေဖြင့် အခြားသောဂိုဏ်းကြီးများသည် အာကေရှားဂိုဏ်းကို မထိခိုက်စေဘဲ အာကေရှားဂိုဏ်းနှင့်လည်း မကြာခဏ ပူးပေါင်းဆောင်ရွက်လိုကြမည်ဖြစ်သည်။
ဤသည်မှာ အာကေရှားဂိုဏ်း၏ အချက်အလက်စုဆောင်းခြင်းနည်းလမ်းဖြစ်သည်။
အာကေရှားဂိုဏ်းသည် ကြီးမြတ်သောကျိုးတွင် အထင်ရှားဆုံး သတင်းအချက်အလက် ကုန်သည်ဖြစ်သည်။
နတ်မိမယ်ဟုန်ယွီသည် အမှန်တကယ်ပင်
သာမန်အမျိုးသမီးတစ်ဦးမဟုတ်ပေ။ ကြီးမားသောသတင်းအချက်အလက်ကွန်ရက်ကို စုစည်းရန်အတွက် အာကေရှားဂိုဏ်းမှရရှိသော များပြားလှသောဧည့်သည်များကို သူမအသုံးချခဲ့သည်။
သို့သော် ဤလျှို့ဝှက်ချက်ကို လူတိုင်းမသိကြပါ။ အာကေရှားဂိုဏ်း၏ထောက်လှမ်းရေးရောင်းစျေးသည် နတ်မိမယ်များ၏ဝန်ဆောင်မှုများထက် များစွာမြင့်မားသည်။ သတင်းအချက်အလက်ရောင်းချမှုသည် သတင်းအချက်အလက်၏ အရည်အသွေးပေါ်တွင်လည်း မူတည်ပါသည်။ သာမန်ဧည့်သည်များသည် အာကေရှားဂိုဏ်း၏ အချက်အလက်ဝန်ဆောင်မှုများကို မေ့သွားနိုင်သည်။
နတ်မိမယ်က ပြုံးသည်။
"ဒါနဲ့ သခင်ကြီးလီက အချက်အလက်ဝယ်ဖို့ လာခဲ့တာပဲ။ ဒါပေမယ့် ကျွန်မတို့ အာကေရှားဂိုဏ်းမှာ စည်းမျဉ်းတွေရှိတယ်။ အချက်အလက်တွေကို ဝယ်ယူချင်တယ်ဆိုရင်တော့ အာကေရှားဂိုဏ်းမှာ သုံးစွဲမှုမှတ်တမ်းနဲ့ အဆင့်တစ်ခုရှိရပါမယ်။”
လုရှောင်ယန်သည် သူ၏အိတ်ကပ်ထဲမှ လီ တောက်ယန်၏ အထောက်အထားအမှတ်တံဆိပ်ကို ထုတ်ယူလိုက်သည်။ ကျီရွှေ့တောင်ထိပ်၏လျှို့ဝှက်ချက်ကို လီတောက်ယန် သိသည့်နေ့က ထိတ်လန့်သွားသည့်အတွက် မြေပြင်ပေါ် ပြုတ်ကျသွားသွားသည်ကို သူကောက်ရခဲ့ခြင်းဖြစ်သည်။
"ကောင်းပြီ၊ ခဏလောက်စောင့်ပါ။ ကျွန်မသွားပြီးတော့ စိစစ်လိုက်ပါ့မယ်။"
နတ်မိမယ်သည် တိုကင်ကိုယူပြီး အရှေ့ စားပွဲဆီကို ချက်ချင်း ပြေးသွားသည်။ သူမသည် အာကေရှားဂိုဏ်း၏ အထူးဖွဲ့စည်းပုံကျောက်တုံးဖြင့် လီတောက်ယန်၏ အထောက်အထားသက်သေကို အတည်ပြုခဲ့သည်။
လီတောက်ယန်သည် အာကေရှားဂိုဏ်းခွဲတွင် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၅၀,၀၀၀ သုံးခဲ့သည်ကို သူမမြင်သောအခါ သူမ၏ မျက်လုံးများ ပြူးကျယ်သွားသည်။
ဘယ်လောက်တောင် ချမ်းသာလိုက်လဲ!
နောက်အခိုက်အတန့်တွင် သူမသည် တိုကင်နှင့် အမြန်ပြန်ပြေးသွားသည်။
"သခင်ကြီးလီ ကျွန်မ တကယ်တောင်းပန်ပါတယ်။ ရှင်က အာကေရှားဂိုဏ်း ရဲ့ အကြီးတန်းဖောက်သည်မှန်းမသိလို့ပါ။ လီလီ ၊ ရှောင်လန် သခင်ကြီးလီအတွက် ရေနွေးကြမ်း မြန်မြန်ယူခဲ့။ အကောင်းဆုံး နတ်ရေနွေးကြမ်းကိုသုံး!"
လုရှောင်ယန် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"မလိုပါဘူး။ ငါ့မှာ လုပ်စရာတွေ ကျန်သေးတယ် အပြင်ထွက်ဖို့ အလျင်လိုနေတယ်။ စုံစမ်းလိုတဲ့ အချက်အလက်ကိုရရှိဖို့ ကူညီပေးပါ။ ငါအရေးတကြီးလိုအပ်တယ်။ ငွေဘယ်လောက်လိုလဲ အဲဒါကို တိုကင်ထဲကနေ နုတ်ယူလိုက်ရုံပဲ။”
"ကောင်းပြီ၊ ကျွန်မကိုပြောပါ၊ ဘယ်သူကိုစုံစမ်းချင်တာလဲ?"
"ကျန်းမြို့က ရှောင်ပိုင်"
"ကောင်းပြီ၊ ရှင့်အတွက် အခုစုံစမ်းလိုက်မယ်။ ဆယ်မိနစ်လောက်တော့ ကြာပါလိမ့်မယ်။ ရှင်က ကျွန်မတို့ရဲ့ အထူးဖောက်သည်ဆိုတော့၊ ဒုတိယထပ်က သီးသန့်ခန်းကို သွားပြီး အနှိပ်ခန်းဝန်ဆောင်မှုများနှင့် အဆာပြေများကို အခမဲ့ ခံစားနိုင်ပါတယ်။"
"မလိုပါဘူး။ ကျေးဇူးပြုပြီး သေချာသာ စုံစမ်းပေးပါ။”
“ကောင်းပါပြီ။”
လုရှောင်ယန်သည် ဤအမျိုးသမီး၏ ညုတုတုလေသံကို အသားမကျပေ။ အာကေရှားဂိုဏ်း၏ နတ်မိမယ်များအားလုံးသည် ကျွမ်းကျင်စေရန် သေချာ လေ့ကျင့်ပေးခံခဲ့ကြရသည်။ သူတို့သည် ယောကျ်ားတွေ တစ်ယောက်ပြီး တစ်ယောက် ကိုင်တွယ်ကြသည်။ သူသာ သီးသန့်အခန်းကို သွားလျှင် ဖော်ပြခြင်းငှာမစွမ်းသာသော ဝန်ဆောင်မှုတစ်ခု ရှိပေလိမ့်မည်။ သူ မပါဝင်ချင်ပါ။
တစ်ချိန်တည်းမှာပင် ကုန်သည်အုပ်စုတစ်စုသည် လိပ်နက်ဂိုဏ်း၏ မြောက်ဘက်တံခါးသို့ ဝင်ရောက်လာကြသည်။ အနက်ရောင်ဝတ်ရုံဝတ်လူအချို့သည် လူစုလူဝေးနှင့် တိတ်တဆိတ် ခွဲခွာသွားကြသည်။
“လိပ်နက်ဂိုဏ်းရဲ့ အခင်းအကျင်းဆိုင်ရာစုဝေးပွဲကို အခု ကျင်းပနေတယ်။ ဒီအခွင့်အရေးကိုအသုံးချပြီး ဘယ်သူမှ မသိစေဘဲ အဲဒီအခင်းအကျင်းသခင်တွေဆီ ခိုးဝင်ရမယ်။ ငါတို့ သူတို့ဆီ ခိုးဝင်ပြီး နတ်ဆိုးဖိနှိပ်မျှော်စင်ရဲ့ အစီအရင်ချတာမှာ ပါဝင်နိုင်သရွေ့ ငါတို့ နတ်ဆိုးဂိုဏ်းရဲ့ သူတော်စင်ဂိုဏ်း ကြိုးစားပမ်းစား တီထွင်ထားတဲ့ နတ်ဆိုးနှလုံးသားအစီအရင်ကို ထည့်လိုက်လို့ရတယ်။ အဲ့ဒီအချိန်က ငါတို့ရဲ့နတ်ဆိုးအရှင် ပြန်လည်ပေါ်ထွက်လာတဲ့နေ့ပဲ။”
“ငါအရင်ဆုံး ရုပ်ဖျက်ပြီး လူအနည်းငယ်ကို သတ်ပစ်မယ်။ ပြီးရင် သူတို့လို ဟန်ဆောင်မယ်"
“ဟုတ်ကဲ့။”
စကားပြောနေစဉ်တွင် လူအနည်းငယ်သည် လူအုပ်ထဲသို့ လျှောက်သွားကြသည်။
အချိန်တွေ တဖျပ်ဖျပ်နှင့် ကုန်သွားဆုံးသည်။ အာကေရှားဂိုဏ်းဘက်တွင် လုရှောင်ယန်သည် အချက်အလက်ကို ရရှိပြီးဖြစ်သည်။
"သခင်ကြီးလီ၊ ဒါ ရှင်လိုအပ်တဲ့ အချက်အလက်ပါ။ တခြားဝန်ဆောင်မှုတွေလိုသေးလားလို့ မေးလို့ ရမလား?”
"မလိုသေးဘူး၊ ကျေးဇူးပါ။"
"ရပါတယ်။ ဒါက ကျွန်မတို့ လုပ်သင့်တာပါ။ ဂရုစိုက်ပါ သခင်ကြီးလီ။ နောက်တခေါက် ထပ်လာပါဦး။"
လုရှောင်ယန် အာကေရှားဂိုဏ်းမှ ထွက်သွားပြီး သူ၏ စိတ်အာရုံကိုသုံးပြီး သတင်းအချက်အလက်ကို ချက်ချင်း ကြည့်သည်။
ရှောင်ပိုင်သည် ကျန်းမြို့ရှိ ရှောင်မိသားစု၏သားဖြစ်သည်။ သူသည် အသက် ၂၈ နှစ်ရှိပြီဖြစ်ပြီး မွေးဖွားမှုအဆင့်ကျင့်ကြံခြင်းနည်းလမ်းတစ်ခုရှိခဲ့သည်။ မည်သို့သောအခွင့်အရေးကို သူရခဲ့သည်ကို မသိရသေးသော်လည်း သူ၏ ကျင့်ကြံဆင့်သည် အချိန်တိုလေးအတွင်း စိတ်ဝိညာဉ် ပဉ္စမအဆင့်သို့ ခုန်တက်သွားပြီး ကျန်းမြို့၌ နာမည်အကြီးဆုံးဖြစ်သော ယွင်မိသားစုကို ဖျက်ဆီးပစ်ခဲ့သည်။ ယွင်မိသားစုရဲ့ သခင်လေး ယွင်လီကောနှင့် စေ့စပ်ထားသော ကျန်းမြို့စား၏ သမီးဖြစ်သူထံမှ မျက်နှာသာပေးမှုကိုလည်း ရရှိခဲ့သည်... လုရှောင်ယန်သည် တခြား အဓိပ္ပါယ်မရှိသည့်အချက်တွေအားလုံးကို တိုက်ရိုက် လျစ်လျူရှုခဲ့သည်။ စင်စစ် သိုင်းဘုရင်အဆင့် ကျွမ်းကျင်ပညာရှင်တစ်ဦးသည် ပြန်လည်မွေးဖွားပြီး မိန်းကလေးတစ်ဦးပိုင်ဆိုင်ကာ အခြားသူများ၏မျက်နှာကို ထ၍ ပါးရိုက်ရန် ထိုနယ်မြေရှိ အကြီးဆုံးမိသားစုကို ဖျက်ဆီးခြင်းသည် သာမန်မဟုတ်ပါလား။
သူမြင်ချင်သည်မှာ ထိုကိစ္စပြီးနောက် တစ်ဖက်သား၏ အတွေ့အကြုံပင်။
“တစ်ခါတုန်းက သူက ကျန်းမြို့က လမ်းဘေးဆိုင်တစ်ဆိုင်မှာ သံချေးတက်တဲ့ အဆင့်နိမ့် ဟွမ်အဆင့်ရှိတဲ့ လှံကို ဝယ်ခဲ့တယ်။ အဲ့ဒါကြောင့် သူ့ကို လှောင်ပြောင်ခံခဲ့ရတယ်... အမှန်က ဝိညာဉ်ကျောက်တုံးနှစ်တုံးကိုသုံးရုံနဲ့ သိုင်းဧကရာဇ်ဘုံ လက်နက်ကို ရရှိခဲ့ခြင်းဖြစ်နေတယ်။”
"တစ်ခါကကျပြန်တော့ ကျီယွင်တောင်တွင် ဧကရာဇ်မင်းမြတ်၏ သင်္ချိုင်းဂူကို လေ့လာရေးခရီးတွင် ပါဝင်ခဲ့ဖူးတယ်... နောက်ဆုံးမှာတော့ သိုင်းဘုရင်အဆင့် ကျွမ်းကျင်ပညာရှင်တစ်ဦးရဲ့ အမွေအနှစ်တွေအားလုံးကို ရရှိခဲ့ပြန်တယ်။"
“တစ်ခါက လေလံပွဲတစ်ခုမှာ ရှေးဟောင်းကျင့်ကြံခြင်းစနစ်တစ်စိတ်တစ်ပိုင်းကို ဝယ်ဖို့အတွက် ငွေကြေးအမြောက်အမြားသုံးစွဲခဲ့တယ်… တကယ်တမ်းကျတော့ သိုင်းဘုရင်အဆင့်ကျင့်စဉ်တစ်ခု ရသွားတာပဲ။ ဒါတင်မကသေးဘူး သူ့ရဲ့ ထင်မြင်ယူဆချက်နဲ့ ညဏ်ရည်ကိုသုံးပြီး ၊ အဲ့ဒီကျင့်စဉ်ကို အကောင်းပကတိဖြစ်အောင် ပြန်လည်ပြုပြင်နေပြီ…….”
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် - ၄
အခန်း ၆၀ အစီအရင်ချပ်ပြား
လုရှောင်ယန်သည် ရှောင်ပိုင်၏ လက်ရှိခွန်အားနှင့် ကျင့်ကြံဆင့်ကို ခွဲခြမ်းစိပ်ဖြာရင်း ခေါင်းငုံ့ကာ လမ်းလျှောက်လာခဲ့သည်။ ခဏအကြာတွင် သူသည် လမ်းသေးသေးလေးတစ်ခုကို ရောက်ရှိနေပြီဖြစ်သည်။
"အင်း..."
သူ မျက်မှောင်ကြုတ်ပြီး အနည်းငယ် အံ့အားသင့်သွားသည်။
စင်စစ် ဤလမ်းကြားထဲတွင် အစီအရင်တစ်ခု ရှိနေသည်။
ထို့အပြင်၊ အစီအရင် ဖွဲ့စည်းမှုနည်းလမ်းများသည်အလွန်ကောင်းမွန်သည်။
တောင်ပင်လယ်အဆင့်အောက်က ဝင်ရောက်လာသူမည်သူမဆိုသည် ၎င်းတို့၏ အာရုံခြောက်ပါးကို ပိတ်လှောင်ခံရပြီး စိတ်ဝိညာဉ်စွမ်းအင်ကို စုစည်း၍ရနိုင်မည်မဟုတ်ပေ။ ဤအစီအရင်သည် လွတ်လမ်းမရှိဟု ဆိုနိုင်သည်။
သို့သော် ပြဿနာမှာ ဤနေရာတွင် ဤကဲ့သို့သော အစီအရင် ဖွဲ့စည်းမှုကို မည်သူက ဖန်တီးမည်နည်း?
ဤသည်မှာ လိပ်နက်ဂိုဏ်းဖြစ်သည်ကို သိထားရမည်ဖြစ်သည်။
လိပ်နက်ဂိုဏ်း၏နယ်မြေထဲတွင် ထိုသို့သောအမှုကို ပြုလုပ်သည်မှာ ပြတ်ပြတ်သားသား သေလမ်းရှာနေသည်မဟုတ်လော။
သူသည် စိတ်ရှုပ်ထွေးစွာ သူ၏စိတ်အာရုံကို ဖြန့်ကျက်လိုက်သောအခါ ဤနေရာကို စောင့်ကြည့်နေသော အနီးပတ်ဝန်းကျင်ရှိ လူအများအပြားကို လျင်မြန်စွာ ရှာဖွေတွေ့ရှိခဲ့သည်။
"ဒီ အရှိန်အဝါ... အဲဒါ နတ်ဆိုးဂိုဏ်းကလား?"
လုရှောင်ယန် အနည်းငယ် အံ့သြသွားသည်။
နတ်ဆိုးဂိုဏ်းမှလူများသည် သူတို့၏ အရှိန်အဝါကို ကောင်းကောင်း ဖုံးကွယ်ထားသော်လည်း သူ မမြင်ရအောင်မလုပ်နိုင်ကြပေ။
အဘယ်ကြောင့်ဆိုသော် လုရှောင်ယန် ကျင့်ကြံခဲ့သော ကျင့်ကြံခြင်းနည်းလမ်းအားလုံးသည် သိုင်းဘုရင်အဆင့်ကျင့်စဉ်များဖြစ်သည့်အပြင် ထိုကျင့်စဉ်မျိုးကလည်း တစ်ခုထက်မကသောကြောင့်ပင်။ သူ၏သိမြင်နားလည်ခြင်းသည် သာမန်အနှစ်သာရခိုင်မြဲခြင့်အဆင့် ကျင့်ကြံသူများထက်သာလွန်သည်။ ဤအခိုက်အတန့်တွင် တစ်ဖက်လူ စကားပြောလိုက်သည်ဟု သူ၏စိတ်အာရုံမှ တွေ့ရှိခဲ့သည်။
"အကြီးအကဲလီ ဒီကောင်က ဘာလို့ မဝင်လာတာလဲ? ကျွန်တော်တို့ရဲ့ အစီအရင်ကိုကို သူ သတိပြုမိသွားတာလား? ကျွန်တော်တို့ အဲဒါကို သေချာပြင်ဆင်ထားပေမယ့် သူ သတိထားမိသေးတာပဲ?”
“ဒါက လိပ်နက်ဂိုဏ်းဆိုတာမမေ့နဲ့ ကြီးမြတ်သောကျိုးရဲ့ အစီအရင်ဖွဲ့စည်းခြင်းမှာ အအောင်မြင်ဆုံးနေရာပဲ။ တစ်စုံတစ်ယောက်က ငါတို့ အစီအရင်ကို သတိထားမိဖို့မခက်ဘူး။"
"ဒါဆို ကျွန်တော်တို့ ဘာလုပ်ကြမလဲ? သူမဝင်ရင် ငါတို့ သူ့ကိုသတ်ပြီး သူ့လို ဟန်ဆောင်ဖို့ သူ့အရေခွံကို အသုံးပြုလို့ရမှာ မဟုတ်ဘူး။”
“စောင့်စရာမလိုပါဘူး။ ဒီနေရာမှာ တစ်ယောက်မှ မရှိဘူး။ သူရဲ့ ကျင့်ကြံဆင့်က စိတ်ဝိညာဉ်အဆင့်မှာပဲရှိတယ်။ သူ့ကိုတိုက်ခိုက်ပြီး အစီအရင်ထဲ တွန်းပို့လိုက်ပါ။ သူ အစီအရင်ထဲဝင်တာနဲ့ ငါတို့လုပ်စရာရှိတာလုပ်ရတော့မယ် ။”
"အတူတူ တိုက်ခိုက်ကြရအောင်။"
အကြီးအကဲလီ ပြောသည်နှင့် လူအများအပြား လုရှောင်ယန် ထံပြေးဝင်လာသည်။
သူတို့၏ အမြန်နှုန်းကို အတတ်နိုင်ဆုံးအထိ မြှင့်တင်ထားသည်။ လုရှောင်ယန်အနေနှင့် ရှောင်လွှဲရန် အခွင့်အရေးမရသည်မှာ သေချာသည်။
သို့သော် လုရှောင်ယန်ကို အလွယ်တကူ ဖမ်းမိနိုင်သည်ဟု သူတို့ထင်ထားသော်လည်း လုရှောင်ယန်သည် အေးဆေးစွာ လှည့်လိုက်သည်။
သူ၏ခန္ဓာကိုယ်က မလှုပ်ပေ။ ခေါင်းကိုသာ လှည့်၍ နောက်သို့ လှည့်ကြည့်လိုက်သည်။ နက်မှောင်သော မျက်လုံးများက သူတို့ကို စိုက်ကြည့်နေသည်။
ချီတက်လာသော လူများ၏မျက်စံတို့ ချက်ခြင်း ကျဉ်းမြောင်းသွားကာ ဆံပင်များပါထောင်သွားသည်။
လုရှောင်ယန်သည် သူတို့ သူ၏နောက်မှာ ရှိနေသည်ကို ဘယ်လိုသိသည်လဲ?
သူ သေချာပေါက်လှည့်မကြည့်ခဲ့ပါဘူး။
‘မဟုတ်ဘူး၊ ဒါက စဉ်းစားရမယ့်အချိန်မဟုတ်ဘူး။ ဒီကောင်က သာမန်မဟုတ်တာ သေချာတယ်။ ပြန်ဆုတ်ရမယ်။'
ဤသည်မှာ အကြီးအကဲလီ၏ တစ်ခုတည်းသော အတွေးဖြစ်သည်။
သို့သော်လည်း သူ၏လက်အောက်ငယ်သားများကို အမြန်ပြန်ဆုတ်ရန် အမိန့်မပေးခင် တွန်းလှန်ရန် ခွင့်မပြုသော ဖိအားတစ်ခု ရုတ်တရက် သက်ရောက်လာပြီး သူ့ကို ချက်ချင်း ထိန်းချုပ်သွားသည်။
ချက်ချင်းဆိုသလိုပဲ သူ၏နားထဲတွင် ပေါက်ကွဲသံတွေ ထွက်ပေါ်လာသည်။
ဘုန်း ဘုန်း ဘုန်း…
အကြီးအကဲလီ အလွန်ထိတ်လန့်သွားသဖြင့် သူ၏ဝိညာဉ်သည် သူ၏ခန္ဓာကိုယ်မှ ထွက်သွားလုနီးပါးဖြစ်သည်။ သူ၏ဘောင်းဘီတွေတောင် စိုသွားသည်။
မည်ကဲ့သို့သော နတ်ဘုရားဆန်ဆန် လူမျိုးနှင့် သူတို့ ကြုံတွေ့ရသနည်း။
သူ၏ပုံပန်းသဏ္ဍာန်ကို ကြည့်လျှင် အသက် ၄၀ ပင် ပြည့်ပုံမရပေ။
သူ၏ခွန်အားသည် နတ်ဆိုးဂိုဏ်း၏ ထိပ်တန်းသခင်များကိုပင် အမီလိုက်နိုင်သည်ဟု အဘယ်ကြောင့် ခံစားရသနည်း။
သူ ဒါကို နားမလည်နိုင်ခင် လုရှောင်ယန်သည် သူ၏ ကော်လာကို ဆွဲကိုင်လိုက်ပြီး သူချထားသည့် အစီအရင်ထဲကို ဆွဲသွင်းလိုက်သည်။
ဘုန်း...။
လုရှောင်ယန်သည် ထိုသူကို ငါးခြောက်လို မြေပြင်ပေါ် ပစ်ချလိုက်သည်။ သူသည် တစ်ဖက်လူ လွတ်သွားမှာကို လုံးဝမကြောက်ပေ။ အကြောင်းကတော့ တစ်ဖက်လူကို ထိန်းချုပ်ရန် သူ၏ ဖိအားကို အသုံးပြုထားသောကြောင့် တစ်ဖက်သူသည် သူ၏ ဝိညာဉ်စွမ်းအင်ကို အသုံးချနိုင်မည်မဟုတ်သောကြောင့် ဖြစ်သည်။
ဤသည်မှာ အမှိုက်ကို ကျွမ်းကျင်သူများက နှိမ်နှင်းခြင်းပင်ဖြစ်သည်။
"မင်းတို့ နတ်ဆိုးဂိုဏ်းက ဘာလို့ လိပ်နက်ဂိုဏ်း ထဲပေါ်လာရတာလဲ?"
အကြီးအကဲလီ၏ ဦးခေါင်းသည် ချွေးစေးများဖြင့် ဖုံးလွှမ်းနေသော်လည်း သူသည် အံကြိတ်နေဆဲပင်။
"အခုမှ ဘာပြောစရာရှိတော့မှာလဲ။ ငါ့ကိုသတ်လိုက်ပါ။"
"မင်းက နှုတ်လုံတာပဲ။"
လုရှောင်ယန်သည် သူ့ကို သတ်မှာ မဟုတ်ပေ။ နတ်ဆိုးဂိုဏ်းတွင် ကြီးမားသော အစီအစဉ်တစ်ခုရှိပြီး သူသာ ထိုအကြောင်းကို မသိပါက၊ သူသည်လည်း ဒုက္ခကြီးကြီးမားမားဖြစ်လိမ့်မည်မဟုတ်လား။
အတွေးတစ်ခုဖြင့် လုရှောင်ယန်သည် သူ၏ စိတ်ဝိညာဉ်စွမ်းအင်ကို ဖြန့်ကျက်ပြီး တစ်ဖက်လူ၏လက်တစ်ဖက်ကို တိုက်ရိုက်ဖောက်ခွဲပစ်လိုက်သည်။
“အား...”
အကြီးအကဲလီ ကြေကွဲဖွယ် ငိုကြွေးသည်။ နဖူးမှ ချွေးပေါက်ကြီးများ စိမ့်ထွက်ကာ မျက်နှာမှာ အလွန်ဖြူဖျော့နေ၏။ "မင်းငါ့ကိုပြောပြမှာလား?"
"ငါ့ကိုသတ်လိုက်!"
အကြီးအကဲလီ အံကြိတ်ပြီး အော်ပြန်သည်။ လုရှောင်ယန်သည်လည်း စိတ်မပူခြင်းအလျဉ်းမရှိ။ နောက်တဖန် အတွေးတစ်ချက်ဖြင့် သူ၏ကျန်လက်တစ်ဖက်ကို ဖောက်ခွဲပစ်လိုက်ပြန်သည်။
“အား.."
အကြီးအကဲလီ နောက်ထပ် ဝမ်းနည်းဖွယ် ငိုကြွေးလိုက်ပြီး အံကြိတ်လိုက်သည်။
“ငါ့မှာ ခြေနှစ်ချောင်းပဲရှိတော့တယ်။ မင်းငါ့ကို ဘယ်လောက်ကြာကြာ နှိပ်စက်နိုင်မှာလဲ? မင်းရဲ့ညှဉ်းပန်းမှုကြောင့် ငါသေပြီး ငါ့ဝိညာဉ်တွေ ပျောက်ကွယ်သွားရင်တောင် မင်းကို နတ်ဆိုးဂိုဏ်းရဲ့အစီအစဉ်ကို ငါမပြောဘူး! မင်းရဲ့ စွမ်းအင်တွေကို မပြုန်းတီးအောင် ဒုက္ခအများမခံပဲ ငါ့ကို သတ်ပစ်ရင် အကောင်းဆုံးပဲ!”
လုရှောင်ယန်ကတော့ သူ့စကားတွေကို လျစ်လျူရှုလိုက်သည်။ သူသည် အဇူရာသက်ရှည်အနုပညာကိသုံးပြီး သူ၏နောက်တွင် မှုန်ဝါးသော ဧကရာဇ်ရုပ်တစ်ခု ပေါ်လာသည်။ အစိမ်းရောင်အလင်းတန်းတစ်ခုက အကြီးအကဲလီ၏ခန္ဓာကိုယ်ပေါ်သို့ တောက်ပစွာ ကျရောက်လာပြီး သူ၏လက်မောင်းသည် ချက်ချင်းပင် တစ်ဖန်ပြန်ထွက်လာသည်။ "ဘာ..."
အကြီးအကဲလီ၏ မျက်လုံးများ ပြူးကျယ်သွားကာ အလွန်ထိတ်လန့်သွားသည်။
ဒီနည်းလမ်းက.. ဒီကောင် ဘယ်သူလဲ? ဤနည်းပညာသည် ကောင်းကင်ဘုံကို အံတုနိုင်သည်။
သို့သော်လည်း သူနားမလည်နိုင်ခင် လုရှောင်ယန်သည် သူ၏လက်များကို ချက်ချင်းဖောက်ခွဲလိုက်ပြန်သည်။ ထို့နောက်၊ သူသည် အဇူရာသက်ရှည်အနုပညာကိုအသုံးပြု၍ ပြန်ထွက်လာစေသည်.. ဤအလှည့်အပြောင်းသည် ထပ်ခါထပ်ခါ ဖြစ်နေသည်။ တစ်မိနစ်အတွင်းမှာပင် အကြီးအကဲလီသည် အမှန်တကယ်ပင် နှလုံးကွဲမတတ်ကြောက်ရွံ့မှုကို ခံစားခဲ့ရသည်။
နာကျင်မှု။
အကြီးအကဲလီ ပြိုကျသွားသည်။
"ငါအရှုံးပေးပြီ အရှုံးပေးပြီ"
လုရှောင်ယန် မျက်စောင်းထိုးလိူက်သည်။
"မင်းငါ့ကို မပြောပြဘူးလို့ မပြောခဲ့ဘူးလား?"
အကြီးအကဲလီ၏ မျက်နှာသည် နီရဲလာသည်။ သူသည်လည်း လက်မမြှောက်ချင်ပေမယ့် တစ်ဖက်က အရမ်းပုံမှန်မဟုတ်တဲ့အခါ သူဘာလုပ်နိုင်မည်တဲ့လဲ? လောကမှာ သူ၏နည်းလမ်းတွေကို တွန်းလှန်နိုင်တဲ့သူ ရှိမည်မဟုတ်ပေ။
ဒါက တစ်ဖက်လူ၏အရိုးတွေကို မီးရှို့ပြီး ပြာတွေကို လွှင့်ပစ်ရုံသာမကပေ။ ဤသည်မှာ ထပ်ခါတလဲလဲ အရိုက်ခံရခြင်းပင်။ ထို့အပြင် သူခံစားရသည့် ဝေဒနာသည် အသစ်အဆန်းဖြစ်သည်။ သူ၏စိတ်က လုံးဝ သည်းမခံနိုင်တော့ပေ။ "ငါတို့က နတ်ဆိုးဖိနှိပ်မျှော်စင်ထဲကိုခိုးဝင်ပြီး အစီအရင်ဖွဲ့စည်းခြင်းကို ဖျက်ဆီးဖို့ ငါတို့ရဲ့နတ်ဆိုးအရှင်ကိုလွှတ်ပေးဖို့ ဒီနေရာကို လာခဲ့ကြတာ။"
"လိပ်နက်ဂိုဏ်းရဲ့ အစီအရင်ကို ဖျက်မယ်? မင်းတို့ လူနည်းနည်းလေးနဲ့?."
"မဟုတ်ဘူး..မဟုတ်ဘူး ။ ဟုတ်ပါတယ် ငါတို့အနည်းစုနဲ့ မဟုတ်ပါဘူး။ ဒါပေမယ့်၊ ငါတို့က သူတော်စင်အဆင့် အစီအရင်ချပ်ပြားကို ယူဆောင်လာခဲ့တယ်။ ဒါကို ငါတို့ နတ်ဆိုးဂိုဏ်း ဝီရိယစိုက်ထုတ်ပြီး ပြုလုပ်ထားတဲ့ နတ်ဆိုးနှလုံးသားအစီအရင် ပါရှိတယ်။ သူတော်စင်အဆင့်အစီအရင်ချပ်ပြားကို နတ်ဆိုးဖိနှိပ်မျှော်စင်ထဲ ထည့်နိုင်သရွေ့ ငါတို့၏နတ်ဆိုးဂိုဏ်း အစီအရင်သခင်က နတ်ဆိုးအရှင်ကို လွတ်မြောက်အောင် အဝေးထိန်းစနစ်နဲ့ ကူညီပေးနိုင်တယ်။"
"ပစ္စည်းက ဘယ်မှာလဲ?"
"ဒီမှာပါ။"
အကြီးအကဲလီသည် ချက်ချင်းပဲ သူ၏အိတ်ထဲက ထုတ်လိုက်ပြီး လုရှောင်ယန်ကို ပေးလိုက်သည်။
ဒီကောင်က ကြောက်စရာကောင်းလွန်းသည်။ သူက နတ်ဆိုးဂိုဏ်းနှင့် သူတော်စင် ဂိုဏ်းဝင်များထက် ပို၍ပင် ပုံမှန်မဟုတ်ပေ။ အကြီးအကဲလီ သည် သူ့ကို ရန်စရန် မဝံ့ရဲပေ။
လုရှောင်ယန်သည် အစီအရင်ချပ်ပြားကို လက်ခံရရှိခဲ့ပြီး အကြီးအကဲလီကိုပင် မကြည့်တော့ပေ။ တစ်ဖက်လူကို တိုက်ရိုက်ဖိနှိပ်ပြီး ပေါက်ကွဲစေကာ သွေးစွန်းနေသော အခိုးအငွေ့များအဖြစ် ပြောင်းသွားပြီး နောက်ဘဝတွင် သူ၏လက်အောက်ငယ်သားများကို ပြန်ဆုံတွေ့နိုင်စေခဲ့သည်။
နောက်တော့ သူ၏အတွေးတွေကို ပြန်ပြီး စုစည်းလိုက်သည်။ လမ်းကြားရှိ ဝှက်ထားသော အစီအရင်ဖွဲ့စည်းမှုသည် မကောင်းသော အရိပ်အယောင်မရှိတော့ဘဲ ဖြောင့်မတ်မှန်ကန်သော အစီအရင်အဖြစ်သို့ တိုက်ရိုက်ပြောင်းလဲသွားသည်။ ထို့အပြင်၊ ၎င်းသည် အဆများစွာ အားကောင်းလာခဲ့ပြီး အနှစ်သာရခိုင်မြဲခြင်းအဆင့်မှ တစ်စုံတစ်ဦးသည်ပင် ဖြတ်ကျော်၍မရစေတော့ပေ။
ထို့နောက် လုရှောင်ယန်သည် ဤအစီအရင်ချပ်ပြားကို စတင်လေ့လာသည်…..
***