← Chapters

အခန်း (၆၁-၆၅)

Vol. 5 Ch. 61-65

အခန်း (၆၁-၆၅)

Vol. 5 Ch. 61-65

စာစဉ် ၅။ အခန်း ၆၁ ငါ့နာမည်က ဘယ်တော့မှမပြောင်းဘူး

“အခု ငါက အနှစ်သာရခိုင်မြဲခြင်းအဆင့်မှာ ရှိနေတော့ ဒီ အဆင့်နိမ့် ကျင့်ကြံသူတွေကို အလွယ်တကူ သတ်ပစ်လိုက်နိုင်ပြီ။ သူတို့ရဲ့ ဝိညာဉ်တွေကို ပေါက်ကွဲဖို့ ဝိညာဉ်စုဝေးခြင်းအစီအရင်ကို သုံးဖို့တောင် မလိုအပ်တော့ဘူး။ ပိုတောင် အဆင်ပြေသေးတယ်။”

လုရှောင်ယန် ရေရွတ်ရင်း အစီအရင်ချပ်ပြားကို ခွဲခြမ်းစိတ်ဖြာရန် သူ၏ စိတ်အာရုံကို အသုံးပြုခဲ့သည်။

“ဟွန့် ၊ အဆင့်နိမ့် သူတော်စင်အဆင့်ဆို အဆင့်နိမ့် သူတော်စင်အဆင့် ပေါ့။ တကယ်ပဲ သူတော်စင်အဆင့်လို့ ပြောရမှလား?"

ချက်ခြင်းပင်၊ သူ၏စိတ်အာရုံသည် အစီအရင်ချပ်ပြားကို ပိုင်းခြားစိတ်ဖြာပြီး ၎င်းကို အသက်သွင်းလိုက်ရာ အစီအရင်ပုံစံတစ်ခု ပေါ်လာသည်။ အလွန်သေးငယ်ပြီး လက်ဖဝါးအရွယ်အစားသာရှိသော်လည်း ၎င်းမှထုတ်လွှတ်သော စွမ်းအားကို လျစ်လျူမရှုနိုင်ပေ။

"မဆိုးပါဘူး။ ဒီအစီအရင်ကို အလယ်အလတ်တန်းစား သူတော်စင်အဆင့်လို့ ယူဆလို့ရပါတယ်။ ဒါ့အပြင်၊ ဒီသေးငယ်သော အစီအရင်ချပ်ပြားမှာ စုစည်းထားတယ်။ ကြည့်ရတာ ဒီအစီအရင်သခင်က သာမန်မဟုတ်ဘူးပဲ။”

အစီအရင်ရေးဆွဲမှုအဆင့်မြင့်လေလေ အားကောင်းလေလေဖြစ်သည်။ သို့သော်၊ ၎င်းသည် မည်မျှ အစွမ်းထက်မည်ကို အဓိကအားဖြင့် အစီအရင်သခင်အဆင့်ပေါ်တွင်သာမူတည်သည်။

ဥပမာအားဖြင့်၊ ပိုမိုမြင့်မားသောအဆင့်ရှိသော အစီအရင်သခင်သည် တူညီသော အစီအရင်ရေးဆွဲမှုကို သူများထက် သာလွန်အောင် လုပ်ဆောင်နိုင်မည်ဖြစ်သည်။

တူညီသောအဆင့်ရှိ အစီအရင်များအတွက်၊ အစီအရင်ရေးဆွဲရာတွင် သေးငယ်လေလေ အစီအရင်သခင်၏ စွမ်းရည်ပိုလိုအပ်လေဖြစ်သည်။ သေးငယ်သော အစီအရင်ရေးဆွဲခြင်းသည် လုပ်ဆောင်ရန် ပိုမိုခက်ခဲသောကြောင့်ဖြစ်သည်။

ဥပမာအားဖြင့်၊ ပြိုင်ပွဲအတွင်း လူတိုင်း၏ကျွမ်းကျင်ရာများသည် တစ်ပြေးညီဖြစ်သည်။ အစီအရင် အမျိုးအစားအတူတူဖြစ်သည်။ ၎င်းသည် အစီအရင်သခင်၏ ခွန်အား ပြိုင်ဆိုင်မှုသက်သက်သာဖြစ်သည်။

ပွဲတစ်ခုစီ၏ အဆင့်သတ်မှတ်ချက်များ ကွဲပြားရခြင်းအကြောင်းရင်းမှာ အခြားပြဿနာတစ်ခုကြောင့်ဖြစ်သည်... ၎င်းမှာ အစီအရင် ရေးဆွဲသည့် အမျိုးအစားဖြစ်သည်။

အစီအရင်သခင်သည် ပုံရိပ်ယောင်အစီအရင်နှင့်ရင်းနှီးသော်လည်း အကာအကွယ်အစီအရင်ကိုတော့ ရင်းနှီးမည်မဟုတ်ပေ။ တိုက်ခိုက်ရေးအစီအရင်နှင့်ရင်းနှီးကျွမ်းဝင်သောသူသည် ကုသရေးအစီအရင်နှင့် ရင်းနှီးမည်မဟုတ်ပေ။

ဤချပ်ပြားမှတဆင့် ၎င်းကို ပြုလုပ်ခဲ့သော အစီအရင်သခင်သည် အလွန်တော်ကြောင်း သူပြောနိုင်သည်။ သူသည် ရှောင်ပိုင်ထက် အနည်းငယ်သာ၍ သန်မာသော်လည်း အများကြီးမဟုတ်ပေ။

သူတို့နှစ်ဦးစလုံးသည် လုရှောင်ယန် အဆင့်၏ ၆၀ရာခိုင်နှုန်း သာရှိသည်။

သို့သော် ဤကွာဟချက်ကို အလွယ်တကူ ဖောက်ဖျက်နိုင်သည်ဟု ထင်မြင်ခြင်းသည် မှားပေလိမ့်မည်။

အစီအရင်သခင်များသည် ပင်ကိုယ်စွမ်းရည်ကို အလေးပေးကြပြီး ခက်ခက်ခဲခဲလုပ်ဆောင်ခြင်းမဟုတ်ပေ။ ခက်ခက်ခဲခဲအလုပ်မှာ သာမညပင်။ တကယ်တော့ အရည်အချင်းက အရေးကြီးဆုံးပါ။ အရည်အချင်းသည် သိုင်းလေ့ကျင့်ခြင်းထက် အစီအရင်ဖွဲ့စည်းခြင်းတွင် ပို၍အရေးပါသည်။

မင်းကို အနှစ်တစ်သောင်း ပေးရင်တောင် အရည်အချင်းမရှိရင် အဲဒီ ၁၀ရာခိုင်နှုန်းကို မင်းမပိုင်နိုင်သေးဘူး။

ရှောင်ပိုင်၏ယခင်ဘဝတွင်၊ သူသည် သိုင်း ဧကရာဇ်ဘုံကို ကျင့်ကြံခဲ့ပြီးဖြစ်သည်။ သို့သော် သူ၏ အစီအရင်စွမ်းရည်သည် လုရှောင်ယန်၏ ၆၀ရာခိုင်နှုန်းပဲ ရှိပါသေးသည်။

လုရှောင်ယန်၏ အစီအရင်ရေးဆွဲမှုအဆင့်သည် အထွတ်အထိပ်၏ အထွတ်အထိပ်ဟု ဆိုနိုင်မည်ဖြစ်သည်။

ဒီလိုမှမဟုတ်ရင် ဘယ်လိုလုပ်ပြီးများ အရိုးဖြူနတ်ဆိုး ဂိုဏ်းကို ဖျက်ဆီးဖို့ သတ္တိရှိမှာတဲ့လဲ။

ဥပမာအားဖြင့်၊ ရှောင်ပိုင်သည် ခရမ်းရောင်ကောင်းကင် မိုးကြိုးအစီအရင်ကို ချပြီး အရိုးဖြူနတ်ဆိုးဂိုဏ်းကို ဖျက်ဆီးမည်ဆိုပါက၊ သူလည်း ထိုသို့လုပ်ဆောင်နိုင်မည်ဖြစ်သည်။ နောက်ဆုံးတွင်၊ ခရမ်းရောင်ကောင်းကင်မိုးကြိုးအစီအရင်သည် သိုင်းဘုရင်အဆင့် အစီအရင်ဖြစ်သည်။ သူထုတ်လွှတ်နိုင်သည့် တိုက်ခိုက်မှုစွမ်းအားသည် သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူ၏ တိုက်ခိုက်မှုအင်အားနှင့်ညီသည်။ အရိုးဖြူနတ်ဆိုးဂိုဏ်း လုံးဝ ခံနိုင်မည်မဟုတ်ပေ။

သို့သော် လုရှောင်ယန် လုပ်နိုင်သောအရာကို သူလုပ်နိုင်မည်မဟုတ်ပေ။ အရိုးဖြူနတ်ဆိုးဂိုဏ်း ၏ ဂိုဏ်းသားများ၏ ကျင့်ကြံဆင့်ကို အဆင့်တစ်ဆင့် ဖိနှိပ်ရန် ကောင်းကင်ဘုံကို သူ အသုံးပြုနိုင်မည် မဟုတ်ပါ။

သူသည် သိုင်းဘုရင်အဆင့် သို့ပြန်ရောက်လာလျှင်ပင်၊ သူထိုကဲ့သို့လုပ်ဆောင်နိုင်မည်မဟုတ်ပေ။

အကယ်၍ သူ ထိုသို့ မလုပ်နိုင်လျှင်၊ ခရမ်းရောင် ကောင်းကင်မိုးကြိုးအစီအရင်ချရန်မှာ သူ့အတွက် စိတ်ကူးယဉ်မျှသာဖြစ်သည်။

သိုင်းဘုရင်အဆင့် အောက်ရှိ အစီအရင်ဖွဲ့စည်းမှုသည် အင်အားစုဆောင်းရန် အချိန်မလိုအပ်ပေ။ ဝိညာဉ်ကျောက်များ မထည့်လျှင် မည်သည့် အရှိန်အဝါမှ ထွက်လာမည်မဟုတ်ပေ။ ဝိညာဉ်ကျောက်တုံးများကို အသက်သွင်းမှသာ ၎င်းသည် အရှိန်အဝါတစ်ခု ထုတ်လွှတ်မည်ဖြစ်သည်။ ထို့ကြောင့် ရှာဖွေတွေ့ရှိမည်မဟုတ်ပေ။

သို့သော်လည်း သိုင်းဘုရင်အဆင့်အစီအရင်များသည် အလွယ်တကူ အာရုံစိုက်လာစေမည်ဖြစ်သည်။

သူ၏လက်ထဲက အစီအရင်ကို ကြည့်ရင်း လုရှောင်ယန် မျက်တောင်ခတ်လိုက်သည်။ သူ ရုတ်တရက် တစ်စုံတစ်ခုကို တွေးလိုက်မိသည်။

ထို့နောက် သူ၏နှုတ်ခမ်းထောင့်များသည် ပဟေဠိဆန်စွာ ကွေးသွားသည်။

"နှောက်ယှက်ဖို့အချိန်တန်ပြီ။"

လုရှောင်ယန်သည် ချက်ချင်းပင် စတင်တိုက်ခိုက်ပြီး အစီအရင်ကို နှောင့်ယှက်ခဲ့သည်။

ဤအစီအရင်သည် အကူးအပြောင်းအစီအရင် ဖြစ်သည်။ ၎င်းသည် နတ်ဆိုးဂိုဏ်းက ကျွမ်းကျင်သူများ၏ ခွန်အားကို လွှဲပြောင်းပေးနိုင်သည်။ ထို့အတူ၊ ၎င်းသည် လုရှောင်ယန်၏ ခွန်အားကို တစ်ဖက်သို့ လွှဲပြောင်းပေးနိုင်သည်။

လုရှောင်ယန်သည် ပထမဆုံး အစီအရင် ဖွဲ့စည်းတည်ဆောက်ပုံကို ပြောင်းလဲခဲ့ပြီး အကူးအပြောင်း၏ ဦးတည်ချက်ကို ပြောင်းလဲခဲ့သည်။ ဤနည်းဖြင့် တစ်ဖက်က ဤနေရာသို့ ဘာမှမလွှဲပေးနိုင်ပဲ တစ်ဖက်ကို လွှဲပေးနိုင်သည်။

ဖွဲ့စည်းပုံကို ပြောင်းလဲပြီးနောက် လုရှောင်ယန်သည် ပစ္စည်းများကို ထုတ်ယူကာ မြေပြင်ပေါ်ရှိ ဝိညာဉ်ကျောက်တုံးများစွာကို ထုတ်ရန် သူ၏ ဝိညာဉ်စွမ်းအင်ကို အသုံးပြုခဲ့သည်။ သူသည် ၎င်းတို့အားလုံးကို တိုက်ခိုက်ရေးပုံစံအစီအရင်အဖြစ် ရေးထွင်းပြီး ဝိညာဉ်ကျောက်များ ပြန်လည် မြှုပ်နှံလိုက်သည်။

ထို့နောက် သူသည် တစ်ဖက်သား၏ အကူးအပြောင်းအစီအရင်ကို အသက်သွင်းရန် ချပ်ပြားတွင် ဝိညာဉ်ကျောက်တုံးများကို အသုံးပြုလိုက်သည်။ ထို့နောက် သူပြင်ဆင်ထားသည့် အစီအရင်များအားလုံးကို ကူးပြောင်းပေးလိုက်သည်။

တစ်ချိန်တည်းမှာပင် ကီလိုမီတာထောင်ပေါင်းများစွာဝေးသော တောင်တန်းကြီးတစ်ခု၌ အစီအရင်တစ်ခု ရုတ်တရက် တောက်ပလာသည်။

ဤအစီအရင်ပုံ လင်းလာသည်ကို မြင်လိုက်ရသည်နှင့် အလွန်အစွမ်းထက်သော လူများစွာသည် ဂူထဲမှ လျင်မြန်စွာ ပြေးထွက်သွားပြီး စိတ်လှုပ်ရှားနေသော အမူအရာများဖြင့် လေထဲ၌ ရပ်နေလေသည်။

“ အစီအရင်က လင်းလာပြီ။ နတ်ဆိုးအရှင်ကို နတ်ဆိုးဖိနှိပ်မျှော်စင်ကနေ ထွက်ဖို့ ကူညီရမည့်အချိန်ရောက်ပြီ!”

သို့သော် အကြီးအကဲတစ်ဦးသည် မျက်မှောင်ကြုတ်ကာ တွန့်ဆုတ်နေသည်။

“တကယ်လို့ ငါမှတ်မိတယ်ဆိုရင် လိပ်နက်ဂိုဏ်းရဲ့ အစီအရင် ဖွဲ့စည်းမှုစတာ ရက်အနည်းငယ်ပဲရှိသေးတယ် မဟုတ်လား? ပြိုင်ပွဲတွေ ပြီးသွားပြီလား? သူတို့က နတ်ဆိုးဖိနှိပ်မျှော်စင်ရဲ့ အစီအရင်ကို ပြန်ပြုပြင်နေကြပြီလား? ဒီအရှိန်က နည်းနည်းမြန်နေလားလို့။”

အခြားအကြီးအကဲများက ဤသို့ရှင်းပြသည် “သူတို့ အစောကြီးပြီးသွားလို့ နေမှာပေါ့။ နတ်ဆိုးအရှင်ကိုယ်တိုင်က နတ်ဆိုးဖိနှိပ်မျှော်စင်ကနေ ထွက်ဖို့ကြိုးစားရင်၊ အစီအရင်ကို စောစောပြန်ပြင်ဖို့ကလွဲလို့ သူတို့မှာ ရွေးချယ်စရာမရှိတော့ဘူးလေ။ ဘယ်သူသိနိုင်မလဲ"

"ဒါမှမဟုတ် အစီအရင်ဖွဲ့စည်းခြင်းအစည်းအဝေးက မပြီးသေးဘူး၊ ဒါပေမယ့် ငါတို့လူတွေက နတ်ဆိုးဖိနှိပ်မျှော်စင် အနားရောက်လာပြီး အစီအရင်ချပ်ပြား ကို အဲဒီပေါ်မှာ တင်ထားလိုက်နိုင်တာနေမယ်။"

“ဘာမှ တုံ့ဆိုင်းမနေနဲ့။ နတ်ဆိုးအရှင်ကို ကယ်တင်ဖို့ အခွင့်အလမ်းက ရှားပါတယ်။ ငါတို့ သေချာပေါက် လက်လွှတ်မခံနိုင်ဘူး။ အစီအရင်ကိုဖွင့်ပြီး ငါတို့ရဲ့ နတ်ဆိုးအရှိန်အဝါကို လွှတ်လိုက်။"

“ကောင်းပြီ”

သို့သော် ~

ဤနေရာတွင် အငူးအပြောင်းအစီအရင်ကို လူတိုင်းဖွင့်လိုက်သည်နှင့်၊ နောက်စက္ကန့်တွင် မရေမတွက်နိုင်သော ကျောက်ပြားများ ထွက်ပေါ်လာသည်။ "ဒါဘာတွေလဲ?"

လူတိုင်း အံ့ဩသွားကြသည်။ သို့သော် ကျောက်ပြားပေါ်တွင် ခင်းကျင်းထားသည့် အစီအရင်ကို မြင်သောအခါတွင် သူတို့၏ အမူအရာများ ချက်ချင်း ပြောင်းလဲသွားသည်။

"မကောင်းတော့ဘူး ဒါတွေအားလုံး တိုက်ခိုက်မှုအစီအရင်တွေပဲ။ မြန်မြန် ပြေး!” ကံမကောင်းစွာ သူတို့သည် ခြေတစ်လှမ်း နောက်ကျသွားသည်။ နောက်တစ်စက္ကန့်တွင်၊ ချိုင့်ဝှမ်းတစ်ခုလုံး မီးရောင်လင်းလာသည်။ တုန်လှုပ်ချောက်ချားဖွယ်ရာ ပေါက်ကွဲသံများ အဆုံးမသတ်နိုင်ဘဲ ငှက်များနှင့် တိရစ္ဆာန်များ ပျံသန်းထွက်ပြေးသွားသည်အထိ ဖြစ်ခဲ့သည်။ မရေမတွက်နိုင်သော ကျောက်တုံးကြီးများ လှိမ့်ဆင်းလာသဖြင့် တောင်ကြီးသည် မရပ်မနား တုန်ခါသွားသည်။

တောင်ကြီးတစ်ခုလုံးသည် ကမ္ဘာ၏အဆုံးသတ်ကို ကြုံတွေ့ခဲ့ရပုံရသည်။

“မဟုတ်ဘူး”

"လူယုတ်မာ၊ ဒါဘယ်သူလဲ? သေချာပေါက် သူ့ကို အပိုင်းပိုင်းဖြတ်ပြီး အသက်ရှင်လျက် အရေခွံနွှာပစ်မယ်။ သူ့အရိုးတွေကို မီးရှို့ပြီး သူ့ပြာတွေကို လွှင့်ပစ်မယ်!"

အော်ဟစ်သံများနှင့် ပေါက်ကွဲသံများသည် တဖြည်းဖြည်း ရပ်တန့်မသွားမီ အတန် ကြာမြင့်ခဲ့သည်။ ထို့အပြင် တောင်ကုန်းစောင်းပေါ်ရှိ ကျောက်တုံးများသည် ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။

နတ်ဆိုးဂိုဏ်းတစ်ခုလုံးကို ကြည့်လိုက်ရင် အဆင့်မြင့်သူ အများကြီး မသေခဲ့သော်လည်း အများစုမှာ ဒဏ်ရာရခဲ့သည်။ ထို့အပြင် အချို့မှာ ဒဏ်ရာအပြင်းအထန်ရခဲ့သည်။

ထိုအချိန်တွင် အစီအရင်မှ အေးစက်သော ရယ်မောသံ ရုတ်တရက် ထွက်ပေါ်လာသည်။

“မင်းတို့ နတ်ဆိုးဂိုဏ်းတွေက အကောင်းအဆိုးကို ခွဲခြားမသိကြဘူး၊ မင်းရဲ့နတ်ဆိုးအရှင်ကို ကယ်ချင်သေးတာလား? အိပ်မက်မက်နေလိုက်။"

အသံသည် ချိုင့်ဝှမ်းထဲတွင် တဟုန်ထိုး လှိုင်းထနေသော မိုးခြိမ်းသံနှင့်တူသည်။ နဖူးပေါ်ရှိ သွေးကြောများ ဖောင်းပွလာပြီး ဒေါသများ တက်လာသည်အထိ နတ်ဆိုးဂိုဏ်း၏ အကျော်အမော်များကို ဒေါသထွက်စေခဲ့သည်။

"လူမိုက်၊ မင်းဘယ်သူလဲ? မင်းမှာ သတ္တိရှိရင် မင်းနာမည်ကို ပြောလိုက်စမ်း! နောက်ကွယ်မှာ ပုန်းလျှိုးကွယ်လျှိုး လုပ်နေတာ ရပ်လိုက်!”

"ဟားဟား ဘာလဲ မင်းငါ့ကိုလက်စားချေချင်တာလား?"

"အခုမှ ကြောက်နေတာလား?"

"ငါသာဆိုရင် မင်းတို့ အရူးတွေကို ကိုင်တွယ်ဖို့ လာမှာမဟုတ်ဘူး။ မင်းတို့ အရူးတွေ နားထောင်စမ်း!"

“ငါ့နာမည်က ဘယ်တော့မှ မပြောင်းလဲဘူး။ ငါက ကျန်းမြို့က ရှောင်ပိုင် ...။"

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၅။ အခန်း ၆၂ သိုင်းဘုရင်အဆင့်သွေးဆေးလုံး

"ရှောင်ပိုင် လား?.."

"မှန်တယ် စကားမစပ်၊ ငါက အစီအရင် ဖွဲ့စည်းခြင်းအစည်းအဝေးမှာ ပထမနေရာ ရရှိခဲ့တယ်။ ရက်အနည်းငယ်အတွင်း၊ ငါက နတ်ဆိုးဖိနှိပ်မျှော်စင်က နတ်ဆိုးချိတ်ပိတ်ခြင်းအစီအရင်ကို ပြန်လည်ပြုပြင်ရန်အတွက် ဖြောင့်မတ်သောကျင့်ကြံသူတွေကို ဦးဆောင်မှာ။ ငါတို့ဖြောင့်မှန်တဲ့ကျင့်ကြံသူတွေရဲ့ ဖျက်ဆီးတာမခံချင်ရင် တတ်နိုင်သမျှ စောစောပုန်းအောင်းနေတာ အကောင်းဆုံးပဲ။”

"မင်း ရှောင်ပိုင်၊ ငါတို့ရဲ့ မြင့်မြတ်တဲ့ နတ်ဆိုးဂိုဏ်းက မင်းနှင့် မသက်ဆိုင်ဘူး။ မင်းဘာလို့ ငါတို့ကို ဒီလိုလုပ်တာလဲ?"

မထီမဲ့မြင်ပြုသော ရယ်သံတစ်ခု မထွက်ပေါ်လာမီ အစီအရင်သည် တစ်ခဏမျှ တိတ်ဆိတ်သွားသည်။

"ဟားဟား...ငါ့ဘ၀မှာ ငါဘာကြောင့် လုပ်ခဲ့တာလဲဆိုတာ ဘယ်တုန်းကမှ မရှင်းပြဖူးဘူး!"

ထိုစကားအပြီး အစီအရင်၏ အလင်းရောင်သည် တဖန်ပျောက်ကွယ်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လုရှောင်ယန်သည် တစ်ဖက်တွင် အစီအရင် ပိတ်ထားပြီး ၎င်းတို့ကို လုံးဝလျစ်လျူရှုလိုက်သောကြောင့်ဖြစ်သည်။

"ရှောင်ပိုင် မင်းလူယုတ်မာ! ငါ့ရဲ့ မြင့်မြတ်တဲ့ အနတ်ဆိုးဂိုဏ်းက မင်းကို သေတဲ့အထိ တိုက်ခိုက်မယ်!"

“ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ ကြီးမြတ်သောကျိုးက ဂိုဏ်းတွေကို နှောက်ယှက်ဖို့ ထွက်သွားတဲ့ အဖွဲ့များအားလုံး၊ ပြန်မလာကြသေးနဲ့။ မင်းတို့အားလုံး ငါ့အတွက် ရှောင်ပိုင်ကို သွားသတ်ကြ!"

"ငါတို့ ရှောင်ပိုင်ရဲ့ အရိုးတွေကို မီးရှို့ပြီး သူ့ပြာတွေကို ဝဲပစ်ကြမယ်!"

“ဟုတ်ကဲ့ပါ!”

လုရှောင်ယန်ဘက်တွင်…

သူသည် သူ့အတွက် တစ်ခြားလူတစ်ယောက်ကို လွှဲချလိုက်ပြီးနောက် သူ၏လက်ထဲတွင်ရှိသော အစီအရင်ကို ဖယ်ရှားပြီး အစီအရင်ချပ်ပြားကို သိုလှောင်အိတ်ထဲသို့ တိတ်တဆိတ် စွန့်ပစ်လိုက်သည်။

သူ သိပ်ဂရုမစိုက်သော်လည်း ဤပစ္စည်းသည် သူတော်စင်အဆင့်ပစ္စည်းတစ်ခု ဖြစ်နေတုန်းပင်။ နောင်တွင်၊ သူ၏ အဖိုးတန်တပည့်များကို ပေးနိုင်သေးသည်။

ထို့နောက် စခန်းသို့ပြန်သွားပြီး ရှောင်ပိုင်ကို ကိုင်တွယ်ရန် ပြင်ဆင်တော့သည်။

ရှောင်ပိုင်၏ လက်ရှိ အင်အားသည် တောင်ပင်လယ်အဆင့်၏ ပြီးပြည့်စုံသော အဆင့်တွင် ရှိနေသည်။ သူသည် စိတ်ဝိညာဉ် သန့်စင်ရေးနယ်ပယ်သို့ ရောက်ရန် ခြေတစ်လှမ်းသာ ဝေးသည်။

သူ၏ လက်ရှိ အတော်ဆုံးတပည့် ဖုန်းထျန်းယွမ်ပင်လျှင် ဤကျင့်ကြံဆင့်သို့ မရောက်သေးပေ။

ဖုန်းထျန်းယွမ်သည် တောင်တန်းပင်လယ် ပဉ္စမအဆင့်တွင်ရှိနေပြီဖြစ်ပြီး ကျီဝူရှားသည် တောင်ပင်လယ်ဒုတိယအဆင့်ကိုကျော်ဖြတ်ကာ တတိယအဆင့်သို့ရောက်ရှိတော့မည်ဖြစ်သည်။

ယွင်လီကော၏ ကျင့်ကြံဆင့်သည် တောင်တန်းပင်လယ်ဘုံ၏ ပထမအဆင့်သို့သာ ရောက်သေးသည်။

ထို့အပြင် တဖက်လူသည် ယွင်လီကော၏ ရန်သူဖြစ်သည်။ ဤကိစ္စကို ယွင်လီကောက ကိုင်တွယ်ဖြေရှင်းရမည်မှာ သေချာပါသည်။

ယွင်လီကောကို အဓိက တိုက်ခိုက်သူအဖြစ် ခွင့်မပြုပါက၊ သူ၏ အာဃာတကို ကြေအေးစေနိုင်မည် မဟုတ်ပေ။ နောင်တွင်၊ သူပို၍ ကျင့်ကြံဆင့်မြင့်လာသောအခါတွင် စိတ်ဝိဝညာဉ်နတ်ဆိုးများ ရှိလာမည်မှာ မလွဲမသွေပင်။

တကယ်ကိုမကောင်းသည့်အခြေအနေမျိုးပင်။ လုရှောင်ယန်သည် ယွင်လီကောကို နှစ်ထောင်ပေါင်းများစွာ ကျင့်ကြံပြီး သူ့အတွက် အတွေ့အကြုံရမှတ်များ ပိုမိုစုဆောင်းနိုင်ရန် ကူညီပေးနိုင်ရန် မျှော်လင့်နေဆဲဖြစ်သည်။

ယွင်လီကော၏ ကျင့်ကြံဆင့်ကို သူမည်ကဲ့သို့ တိုးမြှင့်ပေးနိုင်မည်နည်း။

သူ၏အရည်အချင်းသည် သူတို့သုံးယောက်ထဲတွင် အဆိုးဆုံးပင်။ သိုင်းဘုရင်အဆင့်သို့ရောက်ရန် အရည်အချင်းရှိသော်လည်း သိုင်းဘုရင်အဆင့်ကို အဆင့်များခွဲခြားထားဆဲဖြစ်သည်။ ထို့အပြင် သိုင်းဘုရင်အဆင့် ကျင့်ကြံသူများသည် သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူများမဟုတ်ကြပေ။

သူကောင်းကောင်းမကျင့်ကြံနိုင်လျှင် ဖြတ်လျှောက်မျှသာဖြစ်မည်။

လုရှောင်ယန် သူ၏နားထင်ကို ပွတ်ပြီး ခေါင်းကိုက်လာတော့သည်။

ဤအခိုက်အတန့်တွင်ပင် သူ့တပည့်များ၏ ကျင့်ကြံဆင့်မြင့်လာ၍ ရရှိသော လက်ဆောင်အိတ်ငယ်များကို သာမန်ကာလျှံကာ လက်ခံလိုက်သည်။

အလယ်အလတ်တန်းစား သူတော်စင်အဆင့် မိန့်လုချပ်ပြား x 1

ထိပ်တန်း ကောင်းကင်ဘုံ အဆီအနှစ်ခြောက်ဆေးလုံး x 1000

အဆင့်မြင့် သူတော်စင်အဆင့် ခရမ်းရောင် ရွှေနဂါးသံချပ်ကာ x 1

အဆင့်နိမ့် သူတော်စင်အဆင့် ပင်လယ်ဖြိုလက်ဝါး x 1

လက်ဆောင်များသည် အလွန်ကောင်းလှသည်။ ထို့နောက် လုရှောင်ယန် လက်ဆောင်အိတ်ကြီးကို ဖွင့်ကြည့်လိုက်ပြန်သည်။

အဆင့်နိမ့် သိုင်းဘုရင်အဆင့် ဆေးဖက်ဝင်ဆေး - သိုင်းဘုရင်အဆင့်သွေးဆေးလုံး x 10

“သေစမ်း၊ သိုင်းဘုရင်အဆင့် ဆေးဖက်ဝင်ဆေး။ ဒီဆေးလုံးက အရမ်းမိုက်တာပဲ!”

လုရှောင်ယန်သည် သိုင်းဘုရင်အဆင့် ဆေးဖက်ဝင်ဆေးလုံးကို ပထမဆုံးအကြိမ် လက်ခံရရှိခြင်းဖြစ်သည်။ ၎င်းသည် အဆင့်နိမ့် ဆေးဖက်ဝင် ဆေးတစ်မျိုးသာ ဖြစ်သော်လည်း အလွန်ရှားပါးသော တည်ရှိမှု ဖြစ်နေဆဲဖြစ်သည်။

သိုင်းဘုရင်အဆင့် ဆေးဖက်ဝင်ဆေးလုံး၏တန်ဖိုးသည် သေမျိုးကမ္ဘာတတ်နိုင်သည်၏ အလွန်ဖြစ်နေပြီကို သိရှိထားရမည်ဖြစ်သည်။

ရှေးခေတ်က သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတွေ အများကြီးရှိစဉ်ကတောင် လူတိုင်းသည် သိုင်းဘုရင်အဆင့် ဆေးဖက်ဝင်ဆေးကို အလွယ်တကူ မရနိုင်ပေ။

ယခုအချိန် သိုင်းဘုရင်အဆင့် ပညာရှင်တွေထက်တောင် သိုင်းဘုရင်အဆင့် ဆေးလုံးတွေက ပိုလို့ပင်ရှားပေသည်။

ယခုအချိန်မှာတော့ ကြီးမြတ်သောကျိုးမှာ သူတော်စင်ဆေးလုံးကိုရလျှင်ပင် သူ့အတွက် ကံကောင်းနေပြီဖြစ်သည်။

ကောင်းကင်ဘုံ ဆေးဖက်ဝင်ဆေးလုံးများစွာရှိသော်လည်း ကောင်းကင်ဘုံနှင့် သူတော်စင်အဆင့်အကြား ဖြတ်ကျော်၍မရနိုင်သော ကွာဟချက်ကြီးတစ်ခုရှိသည်။ သို့သော် လုရှောင်ယန်သည် ဤတစ်ကြိမ်တွင် သိုင်းဘုရင်ဆေးလုံးတစ်လုံးကို ရရှိခဲ့သည်။

လုရှောင်ယန်လည်း သိုင်းဘုရင်အဆင့်သွေးဆေး၏အကျိုးသက်ရောက်မှုကို ချက်ချင်းစစ်ဆေးကြည့်လိုက်သည်။

သိုင်းဘုရင်အဆင့်သွေးဆေးလုံးကို သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူ၏ သွေးအနှစ်သာရကို အသုံးပြု၍ တီထွင်ခဲ့သည်။ ဆေးလုံးတိုင်းမှာ အစွမ်းထက်ပြီး သန့်စင်တဲ့ စွမ်းအင်တွေ ပါဝင်သည်။ ၎င်းသည် သိုင်းဘုရင်အဆင့်အောက်ရှိလူများအား ၎င်းတို့၏ ကျင့်ကြံဆင့်ကို တိုးမြှင့်နိုင်စေသည်။ ကျင့်ကြံဆင့်နည်းလေ၊ ကျင့်ကြံဆင့် မြင့်လာစေလေပင်၊ ထို့အပြင် အဆိပ်အတောက်ဖြစ်စေသော ဘေးထွက်ဆိုးကျိုးလည်း မရှိပေ။ သို့သော် လူတစ်ဦးစီသည် ဆေးတစ်လုံးသာ သောက်နိုင်သည်။ သာမန်ဆေးလုံးများသည် နှလုံးသွေးကြောကို ပျက်စီးစေနိုင်သည်။ သို့မဟုတ်ပါက ကျင့်ကြံသူသည် ဆေးဖက်ဝင်ဆေးလုံးများကို အလွန်အကျွံအားကိုးပြီး ကျင့်ကြံခြင်းနည်းလမ်းကို ခန္ဓာကိုယ်အတွင်း စုပုံလောက်အောင် အသုံးမပြုစေဘဲ ချို့ယွင်းချက်တစ်ခု ဖြစ်လာနိုင်သည်။

သိုင်းဘုရင်အဆင့်သွေးဆေးကမူ ၎င်းကို စိုးရိမ်စရာမရှိပါ။

၎င်းသည် သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူ၏သွေးအနှစ်သာရမှ သန့်စင်ထားသည်။

ဤသွေးအနှစ်သာရအတွင်းမှ စွမ်းအင်သည် သန့်စင်ရုံသာမက၊ ညံ့ဖျင်းသော အခြေခံရှိသူများကို ၎င်းတို့၏ခြင်ဆီဆေးကြောရာတွင်လည်း ကူညီပေးနိုင်သည်။ ထို့အပြင်၊ ၎င်းတွင် သိုင်းဘုရင်အဆင့် ကျွမ်းကျင်ပညာရှင်၏သိုင်းစွမ်းရည်ပါ၀င်သောကြောင့် သိုင်းပညာရှင်တစ်ဦးသည် ၎င်းတို့၏အဆင့်ကိုသာ တိုးမြှင့်ခြင်းပြီး သိုင်းပညာကို မတိုးတက်လာတာမျိုး မဖြစ်သည်မှာ သေချာပါသည်။

ဤသည်မှာ သိုင်းဘုရင်အဆင့်သွေးဆေးလုံးကို အဆင့်နိမ့် သိုင်းဘုရင်အဆင့်ဆေးလုံးဟု သတ်မှတ်ရခြင်း၏ အကြောင်းရင်းဖြစ်သည်။

ကံမကောင်းစွာဖြင့်၊ လူတစ်ဦးသည် ၎င်းတို့၏ တစ်သက်တာတွင် ဆေးတစ်လုံးသာ သောက်နိုင်သည်။

သို့သော်လည်း ကောင်းသည်။

အကယ်၍ သူသည် ၎င်းကို ရက်အကန့်အသတ်မရှိ သောက်သုံးနိုင်လျှင် ဤဆေးလုံးသည် အလွန်အစွမ်းထက်မည်ဖြစ်သည်။ မည်သည့်မိသားစုမျိုးနွယ်စုတွင်မဆို သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူများရှိပါက၊ ဖြတ်သွားဖြတ်လာ သိုင်းဘုရင်အဆင့်ကျင့်ကြံသူများကို သိုင်းဘုရင်အဆင့်သွေးဆေးကို သန့်စင်ရန်အတွက် ဖမ်းဆီးကာ သွေးများကိုအတင်းအကြပ်စုပ်ယူခံရနိုင်သည်။ ဤကဲ့သို့ဖြစ်ခဲ့လျှင် ကမ္ဘာကြီးက ကမောက်ကမ ဖြစ်လိမ့်မည်။

လုရှောင်ယန်သည် နောက်ထပ်တွေးတောရန် စိတ်မ၀င်စားနိုင်တော့ပေ။ သူသည် သိုင်းဘုရင်အဆင့်သွေးဆေးကို ချက်ချင်းထုတ်ယူလိုက်သည်။

သူ၏လက်ဖဝါးကိုဖွင့်လိုက်သောအခါ ဆေးလုံးသည် ရွှေအိုရောင်ရှိပြီး ခရမ်းရောင်နက်နက်ပုံစံများဖြင့် ရေးထိုးထားသည်။ ဤဆေးသည် သေးငယ်သော်လည်း၊ လူများကို လျှော့မတွက်ဝံ့အောင် အလွန်ကြီးမားသော ဂုဏ်အသရေကို ထုတ်လွှတ်နိုင်သည်။

ကျင့်ကြံဆင့်နည်းလွန်းရင် ဤဆေးကို ပေါ့ပေါ့ဆဆ မစားဝံ့ကြပေ။

ကံကောင်းထောက်မစွာ၊ လုရှောင်ယန်သည် သိုင်းဘုရင်အဆင့်သွေးဆေးကို တိုက်ရိုက်မျိုချနိုင်လောက်အောင် အစွမ်းထက်သည်။

သို့သော် သူ၏ပါးစပ်ထဲထည့်ထားပြီး မျိုချလို့မရခင် သိုင်းဘုရင်အဆင့်သွေးဆေးသည် သူ၏ပါးစပ်ထဲတွင် ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ရုတ်တရက် ပြောင်းလဲသွားကာသူ၏ပါးစပ်ထဲမှ ထွက်ပြေးသွားသည်။ "ဟမ်.. ဒီဆေးလုံးက အသိစိတ်ရှိတယ်။"

လုရှောင်ယန် အနည်းငယ် အံသြသွားသည်။ ဤဆေးလုံးကို ကိုယ်ပိုင်အသိဉာဏ်ရှိဖို့ မမျှော်လင့်ထားပေ။ ၎င်းသည် သိုင်းဘုရင်အဆင့် ဆေးဖြစ်ရန် အမှန်တကယ်ထိုက်တန်လှသည်။

ကံမကောင်းစွာပဲ၊ လုရှောင်ယန် ရှေ့တွင် ထွက်ပြေးဖို့ကြိုးစားသည်မှာ အရူးတစ်ယောက်၏ အိပ်မက်တစ်ခုပင်။

သူသည် ကြီးမြတ်သော အာကာပြင်ပြိုကွဲခြင်းခြေလှမ်းကို အသက်သွင်းပြီးနောက်၊ သိုင်းဘုရင်အဆင့်သွေးဆေးကို ချက်ခြင်းလိုက်ကာ ပါးစပ်ထဲသို့ တိုက်ရိုက်ပစ်ထည့်ပြီး ဝါးချလိုက်သည်။

ဆေးလုံးကွဲထွက်သွားသည့်အခိုက်တွင် ပြင်းထန်သည့် ဝိညာဉ်စွမ်းအင်များသည် လုရှောင်ယန်၏ နှလုံးသွေးကြောနှင့် ဒန်ထျန် အတွင်းသို့ ရုတ်ချည်း ပြေးဝင်လာသည်။ အလွန်နွေးထွေးသော သွေးအရှိန်အဝါသည် သူ၏ခန္ဓာကိုယ်ကို ဆေးကြောပြီး သိုင်းလမ်းကြောင်းကို မကြုံစဖူး ကောင်းစွာ နားလည်နိုင်ကာ သူ၏ စိတ်အာရုံနယ်ပယ်ကို အားကောင်းစေသည်။

နောက်အခိုက်အတန့်တွင် လုရှောင်ယန်၏ ခန္ဓာကိုယ်ထဲ ကြီးထွားမှုသည် ရုတ်တရက် ပြင်းထန်စွာ မြင့်တက်လာတယ်။

အဆင့်တက်ခြင်း…

အနှစ်သာရခိုင်မြဲခြင်း ပဉ္စမအဆင့်အဆင့်။ အနှစ်သာရခိုင်မြဲခြင်း ဆဌမအဆင့်အဆင့်။ တစ်ခါတည်းနှင့် အဆင့်ကြီးနှစ်ဆင့်ကို ဆက်တိုက်ဖြတ်ကျော်သွားခြင်းပင်။

လုရှောင်ယန် သက်ပြင်းတစ်ချက်ချကာ အလွန်ပျော်ရွှင်သွားသည် ။

ဤကဲ့သို့ ကျင့်ကြံဆင့်တိုးလာသည်မှာ ကျေနပ်စရာ ကောင်းလွန်းသည်။ မိမိကျင့်ကြံဆင့်ကို တိုးပွားစေရန် ကိုယ်တိုင်ကျင့်ကြံရန် မလိုအပ်ပေ။

ထို့အပြင်၊ ၎င်းသည် သူ၏အခြေခံကို လုံးဝမထိခိုက်စေပဲ၊ ချီသွေဖည်မှုဒဏ်ကိုလည်း မခံစားစေရပေ။

“ဒီဆေးနဲ့ဆို ငါ့တပည့်တွေရဲ့ ကျင့်ကြံဆင့်လဲ တရှိန်ထိုးတိုးလာနိုင်တယ် မဟုတ်လား? အဲဒီအခါ လီကောက ရှောင်ပိုင်ကို အနိုင်တိုက်နိုင်လောက်ပြီ။"

“ပြီးတော့.. သူတို့သုံးယောက်က ကျင့်ကြံဆင့်တိုးဖို့ ဒီဆေးလုံးကို စားသုံးရင်၊ ငါ့ရဲ့ ကျင့်ကြံဆင့်လည်း ထပ်ပြီးတိုးလာမယ်။ ဒီလိုသာဆို သိုင်းဘုရင်အဆင့်ဆေးလုံးတွေ အများကြီးစားလိုက်တာနဲ့ တူမသွားဘူးလား။"

"စကားမစပ်၊ ဘာပြောပြော၊ သိုင်းဘုရင်အဆင့်သွေးဆေး နှစ်လုံး စားလို့မရနိုင်ဘူးဆိုတာ သေချာလား? ငါ့မှာ အများကြီးရှိသေးတာပဲ။ နောက်တစ်လုံးလောက် စမ်းကြည့်ရအောင်….."

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၅။ အခန်း ၆၃ မင်းနာမည်က လုရှောင်ယန်ပေါ့

သိုင်းဘုရင်အဆင့်သွေးဆေးလုံးကို သောက်လိုက်ပြီးနောက်တွင် အကန့်အသတ်မရှိသော ဝိညာဉ်စွမ်းအင်များ ချက်ချင်းထွက်ပေါ်လာသည်။

လုရှောင်ယန်၏ ခန္ဓာကိုယ်သည် ဝိညာဉ်စွမ်းအင်တို့ကို အရူးအမူး စုပ်ယူနေပြန်သည်။ သူ၏ခန္ဓာကိုယ်ထဲတွင် ကျင့်ကြံခြင်းတွေ တဖန်ပြန်မြင့်လာသော်လည်း တိုးနှုန်းသည် အရင်ကထက် အဆမတန် ယုတ်လျော့သွားသည်။ ဝိညာဉ်စွမ်းအင်များစွာသည် သူ့ဘာသာ ပျက်ပြယ်သွားသည်။

သို့သော်လည်း အဆုံးတွင်၊ ၎င်းသည် လုရှောင်ယန်အား အနှစ်သာရခိုင်မြဲခြင်း သတ္တမမြောက်အဆင့်သို့ ရောက်ရန် လုပ်ပေးနိုင်ဆဲဖြစ်သည်။

“သိုင်းဘုရင်အဆင့်သွေးဆေးက တစ်သက်မှာတစ်ကြိမ်ပဲ သောက်သုံးနိုင်တဲ့ ဆေးမဟုတ်ဘူးဘဲ။ အဲဒီအစား ဆက်သောက်ရင် အာနိသင်က တဖြည်းဖြည်း လျော့ကျသွားတယ်။ နည်းနည်းလောက်သာ ထပ်သောက်လိုက်ရင်၊ သာမာန်ဆေးလုံးတွေ သောက်တာနဲ့ အာနိသင်အတူတူပဲ ဖြစ်သွားတော့မယ်။”

“ဒါက သိုင်းဘုရင်အဆင့်သွေးဆေးလုံး တစ်လုံးကတင် လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ပြောင်းလဲပြီးသားဖြစ်နိုင်လို့ပဲ။ သိုင်းဘုရင်အဆင့် သွေးဆေးလုံးတွေ အများကြီးစားတာက ဖြုန်းတီးနေတာပဲ ဖြစ်လိမ့်မယ်။"

လုရှောင်ယန် သူ၏နားထင်ကို ပွတ်သပ်လိုက်သည်။

စောစောသိခဲ့လျှင် သူသည် စကားနားထောင်ပြီး ဒုတိယဆေးလုံးတစ်လုံးကို မစားဘဲနေပေလိမ့်မည်။ အကယ်၍ သူသည် တပည့်တစ်ဦးကိုရှာတွေ့ပြီး စားခိုင်းပါက၊ အခြားသူသည် သိုင်းဘုရင်အဆင့်သွေးဆေးလုံး၏ အစွမ်းသတ္တိကို သေချာပေါက် အရယူနိုင်မည်ဖြစ်သည်။

ထိုအခါတွင် တစ်ဖက်က ကျင့်ကြံဆင့်တိုးလာသည်နှင့်အမျှ သူ၏ ကျင့်ကြံဆင့်လည်း တိုးလာမည်။

ဟင်း ~~~

သူ ဆုံးရှုံးသွားသည်ပဲ။

"ဝမ့်ခိုက်၊ နောက်တစ်ကြိမ် လက်ဆောင်အိတ်ထဲမှာ သိုင်းဘုရင်အဆင့် သွေးဆေးလုံးတွေ ထပ်ထည့်လို့ရလား? ဒါမှမဟုတ် လူတစ်ယောက်ရဲ့ ကျင့်ကြံဆင့်ကို တိုးမြင့်ပေးနိုင်တဲ့ သိုင်းဘုရင်အဆင့်သွေးဆေးလုံးလိုမျိုး ဆေးဖက်ဝင်ဆေးတွေထည့်ပေးလို့ရလား?"

[မရပါဘူး သခင်။ အရာအားလုံးက ကျပန်းပါပဲ။ အထဲမှာ ဘာတွေပါလဲ ရွေးလို့မရဘူး။ ဒါ ကျွန်တော့်ရဲ့ စည်းကမ်းပဲ]

"မင်းကို နောက်ထပ် မြင်းနက်တစ်ယောက် သတ်ပေးမယ်လေ"

[ဆရာ၊ မင်းက ကျွန်တော့ကို ခက်ခဲအောင်လုပ်နေတာပဲ]

"နှစ်ယောက်..။"

“မေ့လိုက်ပါ၊ မင်းကို အားကိုးလို့မရဘူး။ မင်းမှာ တကယ်အရည်အချင်းရှိတယ်ဆိုရင် ငါ့ကို အထွတ်အထိပ်ရောက်အောင် တစ်ခါတည်း မြှင့်တင်ပေးနိုင်တယ်လေ။"

လုရှောင်ယန်သည် သိုင်းဘုရင်အဆင့်သွေးဆေးလုံးအကြောင်း မတွေးတော့ဘဲ သူ့ဘာသာသူ ကျင့်ကြံတော့သည်။

လာမည့်ရက်အနည်းငယ်တွင်၊ သူ၏အခြေခံအချိန်ဇယားသည် ပြိုင်ပွဲတွင် ပါဝင်ပြီး သတ်မှတ်ထားသောအဆင့် ၃၀ ရရှိရန်ဖြစ်သည်။ ထို့နောက် ကျင့်ကြံရန် သူ၏အခန်းသို့ ပြန်သွားခဲ့သည်။ ဤကဲ့သို့ ထပ်ခါထပ်ခါဖြစ်နေသည်။ ဆယ်ရက်အကြာတွင်၊ လုရှောင်ယန်၏ ကျင့်ကြံဆင့်သည် တိုးလာပြီး အနှစ်သာရခိုင်မြဲခြင်းအဆင့် အဌမအဆင့်သို့ ရောက်ရှိသွားသည်။

သူ့တပည့်တွေ ကြိုးကြိုးစားစား‌ လေ့ကျင့်နေကြခြင်းကြောင့်လည်းပါမည်။

သို့သော်လည်း လုရှောင်ယန်သည် မည်သည့် မောက်မာမှုမျှ မရှိခဲ့ဘဲ တည်ငြိမ်နေဆဲပင်။

ဤဆယ်ရက်အတွင်း၊ အစီအရင်ပြိုင်ပွဲသည် နောက်ဆုံးတွင် ပြီးပြည့်စုံစွာ ပြီးဆုံးသွားခဲ့တော့သည်။

မျှော်လင့်ထားသည့်အတိုင်း အစီအရငရေးဆွဲခြင်းပြိုင်ပွဲတွင် ပထမနေရာရရှိသူသည် ရှောင်ပိုင် ပင်။

လုရှောင်ယန်သည် ယင်းနှင့်ပတ်သက်ပြီး မည်သည့်ခံစားချက်မျှမရှိပေ။

အဓိကမှာ သူနာမည်ကြီးမဖြစ်ချင်၍ပင်။ မဟုတ်လျှင် ရှောင်ပိုင်က ပထမအချီမှာ အနိုင်ရခဲ့ရင်တောင် လုရှောင်ယန်၏ စုစုပေါင်းရမှတ်က ပိုမြင့်နေလိမ့်မည်။

၎င်းသည် စစ်မှန်သည့် ခွန်အားဖြစ်သည်။

အစီအရငရေးဆွဲခြင်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ပြီးနောက် တစ်ခုတည်းသော အရာမှာ ဆုချီးမြှင့်ပွဲဖြစ်သည်။ လုရှောင်ယန်သည် ထိုပွဲကိုကြည့်ရန် စိတ်မ၀င်စားပေ။ ဒါကြောင့် ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဧည့်ဆောင်တွင်ပဲ ဆက်လက် ကျင့်ကြံသည်။

တစ်ချိန်တည်းမှာပင် ယနေ့နံနက်တွင် လှပသောမိန်းကလေးတစ်ဦးသည် လိပ်နက်ဂိုဏ်းကို ဝင်ရောက်ခဲ့သည်။

သူမ၏ အဆင့်အတန်းသည် အလွန်မြင့်မြတ်ပုံပေါက်သည်။ သူမကို ဘယ်သူမှ မတားရဲကြပေ။

လူတိုင်း ဦးညွှတ်လိုက်ကြသည်။

မကြာမီ သူမသည် လိပ်နက်ဂိုဏ်း၏ခန်းမဆောင်သို့ရောက်ရှိလာပြီး သူမအား မည်သူမှ တားဆီးခြင်းမပြုသေးပေ။

ခန်းမထဲသို့ သူမရောက်သောအခါ အလွန်သိက္ခာရှိသောသူတစ်ဦး နေရာကူးပြောင်းကာ ထွက်လာသည်။

သူသည် လေးထောင်ကျကျမျက်နှာပေါက်မျိုးရှိပြီး အရပ်မှာတော့ ရှစ်ပေရှိသည်။ အနက်ရောင် ၀တ်ရုံကိုမှ ရွှေချည်ထိုးများဖြင့် ဝတ်ဆင်ထားကာ အလွန်မွန်မြတ်သောပုံပေါက်သည်။

သူမကို မြင်လိုက်ရတော့ သူ၏တည်ငြိမ်သောမျက်နှာသည် စိတ်အေးသွားပုံရကာ အနည်းငယ်ပြုံးလာသည်။

"ကျီမော့ ၊ နောက်ဆုံးတော့ မင်းပြန်လာပြီ။"

ချင်ကျီမော့က ဂါရဝပြုပြီးပြောသည်။

“ဆရာ၊ တပည့် အသုံးမကျပါဘူး။ နတ်ဆိုးဂိုဏ်းက ရှင်ကျန်ရစ်သူတွေရဲ့ ခြုံခိုတိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ဒဏ်ရာအပြင်းအထန် ရခဲ့ပါတယ်။ အခုတော့ တပည့် ကုသပြီးသွားပါပြီ၊ အချိန်မီ ဂိုဏ်းထဲကို ပြန်မလာနိုင်ခဲ့တဲ့အတွက် ခွင့်လွှတ်ပါ ဆရာ။"

“လွန်ခဲ့တဲ့ ရက်အနည်းငယ်က မင်းကို ငါပေးခဲ့တဲ့ အကာအကွယ် အစီအရင်ကို မင်း သုံးလိုက်ပြီဆိုတာ ငါ ခံစားခဲ့ရတယ်။ မင်းဂိုဏ်းထဲကို အချိန်မီပြန်မလာနိုင်တဲ့အတွက် မင်းနတ်ဆိုးဂိုဏ်းရဲ့ တိုက်ခိုက်တာခံနေရမယ်လို့ ငါမျှော်လင့်ထားပြီးသား။ ဒါပေမယ့် ဒီလောက်ပြင်းထန်မယ်လို့ မမျှော်လင့်ထားဘူး။”

“တကယ်တော့ ဒီတစ်ကြိမ် ဆရာ့ဆီ အသက်ရှင်လျက် ပြန်မလာနိုင်ပဲနေတော့မလို့။ ဒါပေမယ့် ကျွန်မ အတော်လေး ကံကောင်းခဲ့ပြီး ကျွန်မကို ကူညီခဲ့တဲ့ တာအိုမိတ်ဆွေတစ်ယောက်နဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါကြောင့် ဆရာ့ဆီ ပြန်မလာခင်မှာ ဒဏ်ရာ သက်သာလာရတာ ကံကောင်းတယ်။”

"အိုး သူက ဘယ်ဂိုဏ်းကလဲ? သူ့နာမည်သိလား? ငါ့ရဲ့ လိပ်နက်ဂိုဏ်းက မင်းရဲ့အသက်ကို ကယ်တင်ခဲ့တဲ့အတွက် သူ့ကို ကျေးဇူးဆပ်ရမယ်။"

ချင်ကျီမော့သည် ထိုချောမောသော မျက်နှာကို တွေးပြီး သူမ၏ မျက်နှာ အနည်းငယ် ပူလောင်လာသည်။

“တပည့်… တပည့် သူဘယ်သူလဲဆိုတာ မသိဘူး။ သူ့နာမည် ဒါမှမဟုတ် သူ့နောက်ခံကို မပြောပြဘူး။ တကယ်တော့ ကာကွယ်ရေးအစီအရင်ကို ဖောက်ခွဲလိုက်ပြီးနောက်၊ တစ်ချိန်လုံး မေ့မြောနေခဲ့တယ်။ အိပ်ရာက နိုးလာတော့ သူ ထွက်သွားမှန်း သိလိုက်တယ်။ ဖြစ်နိုင်တာက သူက တပည့်ကို ကယ်တင်ပြီး ထားမသွားခဲ့တာနေမယ်။ တပည့်ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအင်တွေ ပုံမှန်အတိုင်း လည်ပတ်နေချိန်အထိ တပည့်ကို ဂရုစိုက်ခဲ့တယ်။”

"ဟုတ်လား။ နောင်တစ်ချိန်မှာ သူနဲ့ဆုံတွေ့ခွင့်ရရင် သူ့ကို ထပ်ပြီး ကျေးဇူးတင်လိုက်ပါ။ မင်းလည်း အချိန်မီပြန်လာပါတယ်။ အစီအရင်ပြိုင်ပွဲက ပြီးဆုံးသွားပြီး ဆုပေးပွဲ အခမ်းအနား စတင်တော့မယ်။ အမည်စာရင်းကို ကြည့်ကြည့်လိုက်။ ခဏနေတော့ ငါနဲ့အတူ ဆုပေးပွဲ အခမ်းအနား ကူလုပ်ပေး...”

“ဟုတ်ကဲ့။”

ချင်ကျီမော့ ပြန်ဖြေပြီး သူမ၏ဆရာလက်ထဲက နာမည်စာရင်းကို ယူလိုက်သည်။ သူမသည် ဖြည်းဖြည်းချင်း ဖတ်လိုက်သည်။ သူမသည် လွန်ခဲ့သော ရက်အနည်းငယ်က ဤနေရာသို့ မရောက်ရှိသေးသည့်အတွက် လူများစွာကို မသိပါ။ ဆုပေးပွဲ အခမ်းအနားတွင် သူမမှားပြောခဲ့မိလျှင် အဆင်မပြေဖြစ်လိမ့်မည်။

ထို့ကြောင့် သူမသည် အမည်စာရင်းကို ကြိုတင်ကြည့်ရှုရန် လိုအပ်သည်။

လိပ်နက်ဂိုဏ်းချုပ်က စိတ်ဝင်တစားနှင့် ပြောသည်။

"ဒီတခေါက် အစီအရင် ပြိုင်ပွဲက အရင်နှစ်တွေထက် အများကြီး ပိုစိတ်လှုပ်ရှားစရာကောင်းတယ်။ အခင်းအကျင်းရေးဆွဲတဲ့ဘက်မှာ ပါရမီရှင် အမှန်တကယ်ကို ပေါ်ထွန်းလာခဲ့တယ်။ အစီအရင်ပိုင်းမှာ သူ့ရဲ့စွမ်းရည်က အရမ်းအစွမ်းထက်ပြီး အောင်မြင်တဲ့ပုံစံကလည်း အလွန်နက်နဲတယ်။ သူ့ရဲ့ အစီအရင်ခွန်အားက မင်းထက် မနိမ့်ကျဘူးလို့ ဆိုနိုင်တယ်။ ကျင့်ကြံဖို့သာ အချိန်ပိုပေးနိုင်ရင်၊ သူက ငါ့အဆင့်ကို အမီလိုက်ဖို့ အခွင့်အရေးတောင် ရလာနိုင်တယ်။"

"အိုး..."

ချင်ကျီမော့သည် အံ့အားသင့်စွာဖြင့် မျက်ခုံးပင့်လိုက်သည်။

သူမဆရာ၏ အစီအရင်ရေးဆွဲခြင်းတွင် အကောင်းဆုံးဖြစ်ကြောင်း သူမသိသည်။ သူမ၏ဆရာသည် တဖက်လူအား ဤကဲ့သို့ မြင့်မားသောအကဲဖြတ်မှုကို ပေးခဲ့သောကြောင့်၊ ထိုသူသည် စစ်မှန်သောအရည်အချင်းရှိရမည်။

သူမသည် ရှောင်ပိုင်ထံ လှမ်းကြည့်လိုက်မိသည်။

သို့သော်လည်း သူမသည် ခေတ္တမျှသာကြည့်၍ အကြည့်လွှဲလိုက်သည်။

သူမသာ လုရှောင်ယန်နှင့် မတွေ့ဆုံခဲ့ဘဲ သူချထားသည့် ဝိညာဉ်စွမ်းအင်စုစည်းမှုအစီအရင်ကို မတွေ့ခဲ့လျှင်၊ ချင်ကျီမော့သည် ထိုသူကို သေချာပြန်ကြည့်မိသွားနိုင်သည်။

ကံမကောင်းစွာပဲ၊ ချင်ကျီမော့သည် လုရှောင်ယန်၏ အစီအရင်ဖွဲ့စည်းမှုကို မြင်ပြီးဖြစ်ကာ သူ့ကို နောက်တစ်ကြိမ် မကြည့်တော့သည်မှာ သဘာဝကျသည်။

ချင်ကျီမော့ စာရွက်ကို လှန်လိုက်ပြီး ထိုလူများ၏ နာမည်နှင့် ပုံပန်းသဏ္ဍာန်များကို အမြန်မှတ်မိလိုက်သည်။

သို့သော်

စာမျက်နှာ ၃၂ သို့ လှန်လိုက်သောအခါတွင် သူမ၏ အသက်ရှူသံများ ချက်ချင်း အေးခဲသွားပြီး သူမ၏ နှလုံးခုန်သည် တဖြည်းဖြည်း မြန်လာသည်။

"ဒါ သူပဲ! တကယ် သူပဲ!”

"လုရှောင်ယန်၊ ကောင်းကင်နတ်ဆိုးဂိုဏ်း။ ရှင့်နာမည်က လုရှောင်ယန်တဲ့လား။ နာမည်ကောင်းပဲ။ ရှင့်နာမည်က ရှင့်လိုပဲ ဘာကိုမှဂရုမစိုက်ဘဲ သဘာဝကျတယ်”

ချင်ကျီမော့ နှုတ်ခမ်းကို ခပ်ဖွဖွကိုက်ကာ ပြုံးလိုက်သည်။ ထို့နောက် သူမသည် အနည်းငယ် အံ့ဩသွားသည်။ "ဒါပေမယ့် ရှင် ဘယ်လို အဆင့် ၃၂ ရတာလဲ။ ရှင့်ရဲ့ခွန်အားနဲ့ဆို ပထမနေရာကိုရဖို့က ပြဿနာမဟုတ်ဖူးလေ။"

စင်စစ် လုရှောင်ယန်သည် အဆင့် ၃၀ ဟု ယူဆရသည်။ သို့သော် ယခင်နှစ်ကျော့တွင်၊ အကြီးအကဲထျန်က ယှဉ်ပြိုင်ခဲ့ဖူးသည်။ သူသည် ထိုနှစ်ကျော့တွင် ခွက်ခွက်လန် ရှုံးနိမ့်ခဲ့ရသောကြောင့် ပျမ်းမျှအားဖြင့် လုရှောင်ယန်၏ စုစုပေါင်းအဆင့်သည် ၃၂ သို့ ကျဆင်းသွားသည်……

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၅။ အခန်း ၆၄ ခွေးတောင်မှ သူ့နေ့ရက်ရောက်လာနိုင်တယ်

လိပ်နက်ဂိုဏ်းချုပ်သည် သူ့တပည့်၏အမူအရာကိုကြည့်ကာ အနည်းငယ် ပဟေဠိဖြစ်သွားသည်။

"ကျီမော့ မင်းဘာကြည့်နေတာလဲ?"

ချင်ကျီမော့လည်း လုရှောင်ယန်၏ရုပ်ပုံကို လက်ညှိုးထိုးပြပြီး ပြောသည် ။

“ဆရာ၊ ဒီလူက ဘာလို့ အဆင့် ၃၂ ရတာလဲ?” လိပ်နက်ဂိုဏ်းချုပ် မျက်မှောင်ကြုတ်သွားသည်။ "သူက အရမ်း အစွမ်းထက်နေလို့လား?"

“အရမ်း အစွမ်းထက်တယ်ပေါ့!” ချင်ကျီမော့ လေးနက်သော အမူအရာဖြင့် ပြန်ပြောသည်။

"မင်း...သူ့ကိုသိလား?"

"ဟုတ်တယ် ဆရာ ရိုးရိုးသားသားပြောရရင် ၊ သူက ကျွန်မရဲ့ ကျေးဇူးရှင်ပါ။"

"အိုး..."

“သူက နတ်ဆိုး ကျင့်ကြံသူတွေလက်ကနေ ကယ်တင်ပြီး ကျွန်မကို ရှင်သန်ခွင့်ပေးခဲ့တဲ့သူပါ။ ဒါပေမယ့် သူက ကျွန်မကို ကယ်တင်ပြီးနောက် အလျင်စလို ထွက်သွားတယ်။ သူ့ဂိုဏ်းကိုလည်း အရင်က ခြုံခိုတိုက်ခိုက်ခံရဖူးတယ်ထင်တယ်၊ ဒါကြောင့် သူ ဂိုဏ်းနဲ့ ကွဲသွားတာဖြစ်မယ်။ ကျွန်မကို ကယ်တင်ပြီးတဲ့နောက် သူက အခင်းအကျင်းပြိုင်ပွဲမှာ ပါဝင်ဖို့ အမြန်လာခဲ့တယ်။”

"ဟုတ်လား။ ဒါပေမယ့် ဒါက သူ့ရလဒ်တွေနဲ့ ဘာဆိုင်လို့လဲ? ဒါက တရားမျှတတဲ့ ပြိုင်ပွဲပါပဲ။”

"သူ…"

ချင်ကျီမော့ တစ်ခုခုပြောမိတော့မည့်အချိန် သူမသည် လုရှောင်ယန်၏ခွင့်ပြုချက်မရှိဘဲ ဤကဲ့သို့ သူ၏ အစီအရင်ဖွဲ့စည်းမှုစွမ်းအားကိုဖော်ပြပါက သူအလွန်စိတ်မကောင်းဖြစ်လိမ့်မည်ဟု သတိဝင်လာသည်။

ထိုသို့တွေးမိပြီး ချက်ခြင်း စကားပြောင်းသွားသည်။

"သူ့ရဲ့ အစီအရင်ဖွဲ့စည်းမှုကို ကံကောင်းလို့တစ်ခါမြင်ဖူးပြီး သူ့ရဲ့ ခွန်အားကို သိမြင်ခဲ့ရပါတယ်။"

"အိုး.. ဟုတ်လား.."

ချင်ကျီမော့က လေးနက်သောအမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။

"သူ့ရဲ့ အစီအရင်ဖွဲ့စည်းမှု ခွန်အားကို ဘာကြောင့် ဖုံးကွယ်ချင်မှန်း မသိပေမယ့်၊ အစီအရင်ချရာမှာ သူ့ရဲ့ အောင်မြင်မှုတွေက ဒါက သေချာပေါက် အကန့်အသတ်မဟုတ်ပါဘူး။"

"မင်းဒီလိုပြောတယ်ဆိုတော့ သူဘယ်လောက်ကောင်းလဲဆိုတာ ငါတကယ်ကြည့်ချင်တယ်"

ထိုသို့ပြောပြီးသည်နှင့် လိပ်နက်ဂိုဏ်းချုပ်သည် သူ့လူတွေကို လုရှောင်ယန်၏ အစီအရင်ပုံစံကို ယူဆောင်လာဖို့ ချက်ချင်း အမိန့်ပေးလိုက်သည်။

အစီအရင်ကို သူပထမဆုံးမြင်ရစဉ်တွင် အနည်းငယ် ပဟေဋ္ဌိဖြစ်သွားသည်။ ဤ အစီအရင် ဖွဲ့စည်းမှုသည် သာမန်ဖြစ်ပြီး လုံးဝ ထူးထူးခြားခြားမဟုတ်ပေ။

သို့သော် အနည်းငယ် ကြည့်ပြီးနောက်တွင်မူ မူမမှန်သော ခံစားချက်တစ်ခု ရလာသည်။ မကြာလိုက်ပါဘဲ သူ၏မျက်နှာပေါ်ရှိ မထီမဲ့မြင်ပြုမှုတို့သည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး လေးနက်လာသည်။

ဆိုရိုးစကားအတိုင်း ပညာရှင်တစ်ဦးသည် ခြားနားချက်ကို အလွယ်တကူ ပြောပြနိုင်သည်။

အခင်းအကျင်းပညာရပ်တွင် လိပ်နက်ဂိုဏ်းချုပ်၏အောင်မြင်မှုများကို ဖော်ပြရန်ပင်မလိုအပ်ပေ။ လိပ်နက်ဂိုဏ်းသည် အခင်းအကျင်းပညာရပ်အပေါ် အဓိကအလေးပေးသည့်ဂိုဏ်းဖြစ်သည်။

အစီအရင်များတွင် အောင်မြင်မှုကင်းမဲ့ပြီး မိမိ၏ ကျင့်ကြံခြင်းကိုသာ အားကိုးနေပါက၊ လိပ်နက်ဂိုဏ်း၏ဂိုဏ်းချုပ်သေချာပေါက် မဖြစ်နိုင်ပေ။

သူ၏ အစီအရင်ဖွဲ့စည်းမှု ခွန်အားသည် ကြီးမြတ်သောကျိုးတစ်ခုလုံးတွင် အဆင့်အမြင့်ဆုံးဟု ဆိုနိုင်သည်။

ထို့ကြောင့်၊ သူ့လိုအဆင့်ရှိသော အစီအရင်သခင်များသည် ကွဲပြားခြားနားသောအရာများကို မြင်နိုင်ကြသည်မှာ သဘာဝကျသည်။

ထိပ်တန်း အစီအရင်သခင်များအားလုံးတွင် အစီအရင်ရေးဆွဲရာတွင် ၎င်းတို့၏ ကိုယ်ပိုင် စိတ်ဝိညာဉ် ရှိကြသည်။ လက်ရေးလှရေးဆရာကဲ့သို့ပင်၊ သူတို့သည် မည်မျှပင် ဟန်ဆောင် ဖုံးကွယ်ကာ သူတို့၏ စွမ်းရည်ကို တမင်တကာ လျှော့ချလျှင်ပင်၊ နှစ်ပေါင်းများစွာ အရိုးစွဲနေသော အလေ့အထနှင့် ခံစားချက်များကို မဖုံးကွယ်နိုင်ပေ။

လုရှောင်ယန်၏ အစီအရင်ဖွဲ့စည်းပုံမှာလည်း အလားတူပင်။

အစီအရင်လမ်းကြောင်း၌ သူ၏ အောင်မြင်မှုတို့သည် လွန်စွာထူးခြားလှသည်။ ရလဒ်အနေဖြင့်၊ အလယ်အလတ်အဆင့် အစီအရင်ဖန်တီးရန် သူ၏ခွန်အားကို တမင်တကာ ဖိနှိပ်ထားသော်လည်း ဖုံးကွယ်၍မရနိုင်သော အရှိန်အဝါတစ်ခု ရှိနေသေးသည်။ ၎င်းသည် ထိပ်တန်း အစီအရင်သခင်နှင့် သက်ဆိုင်သည့် ထူးခြားသော အရှိန်အဝါဖြစ်သည်။

အတုအပလုပ်သည့်တိုင် သူသည် အလွန်ထူးချွန်သူဖြစ်သည်။ ရလဒ်အနေနှင့်၊ သူ့တပည့်၏သတိပေးချက်ကြောင့်သာ မဟုတ်လျှင် သာမန်ကာလျှံကာကြည့်ပါက လိပ်နက်ဂိုဏ်းဂိုဏ်းချုပ်ကဲ့သို့သော အဆင့်မြင့်အစီအရင်ဆရာသည်ပင် သေချာပေါက် ခွဲခြားနိုင်မည်မဟုတ်ပေ။

လိပ်နက်ဂိုဏ်းချုပ်တစ်ယောက် သူ၏မျက်ခုံးတွေကို ပွတ်ရင်း အံ့ဩထိတ်လန့်နေဟန်ပေါ်နေသည်။

“ကြည့်ရတာ ဒီကောင်က တကယ် ဖုန်းကွယ်ထားပုံပဲ။ ငါ့ရဲ့ခွန်အားကြောင့်မဟုတ်ရင် ငါဘာမှ သတိမထားမိလိုက်မှာတောင် စိုးရတယ်။"

“အစကတော့၊ ရှောင်ပိုင်ဟာ နှစ်ရာပေါင်းများစွာအတွင်း ကြီးမြတ်သောကျိုးမှာပေါ်လာတဲ့ ရှားပါးပါးရမီရှင်လို့ ငါထင်ခဲ့တယ်။ ဒါပေမယ် ဒီလုရှောင်ယန်နဲ့ နှိုင်းယှဉ်ရင် ရှောင်ပိုင်က လိုအပ်နေသေးတာပဲ။ ရှောင်ပိုင်တောင်မှ သူနဲ့ မယှဉ်နိုင်ဘူးလို့ ဆိုနိုင်တယ်။ အစီအရင်ဖွဲ့စည်းမှုများမှာ သူ့ရဲ့အောင်မြင်မှုတွေက ကြီးမြတ်သောကျိုးတစ်ခုလုံးမှာ တစ်ယောက်ပဲရှိတယ်လို့တောင် ဆိုရမယ် ။”

စကားပြောနေစဉ်တွင် လိပ်နက်ဂိုဏ်းချုပ်သည် လက်မ,မထောင်မိဘဲ မနေနိုင်ခဲ့ပေ။

ချင်ကျီမော့၏ နှုတ်ခမ်းထောင့်မှာ အနည်းငယ် ကွေးသွားပြီး သူမ၏ မျက်နှာသည် အနည်းငယ်နီနေသည်။ သူမသည် ချီးကျူးခံရသကဲ့သို့ အလွန်ပျော်ရွှင်နေပါသည်။

သို့သော် သူမသည် မသိဟန်ဆောင်ကာ တမင်တကာ မေးလိုက်သည်၊

"ဆရာ၊ အဲဒါက ချဲ့ကားတာလား?"

လိပ်နက်ဂိုဏ်းချုပ်က ခေါင်းခါသည်။

“ဒါ တကယ်ကို ချဲ့ကားတာမဟုတ်ဘူး။ သူ့ အစီအရင်ဖွဲ့စည်းမှုစွမ်းရည်ကို အတုလို့တောင် ငါ မခွဲခြားနိုင်ခဲ့ဘူး။ ဒါ ငါ့ထက်သာတဲ့ ခွန်အားတွေ မဟုတ်ဘူးလား? ပြီးတော့ ကြီးမြတ်သောကျိုးတစ်ခုလုံးမှာ ငါ့ထက်သာလွန်တဲ့ အစီအရင်တွေနဲ့ အောင်မြင်သူတွေ ဘယ်နှစ်ယောက်ရှိလို့လဲ?"

အစီအရင်ဖွဲ့စည်းမှုများတွင် လုရှောင်ယန်၏အောင်မြင်မှုများသည် ကြီးမြတ်သောကျိုး အင်ပါယာတွင် နံပါတ်တစ်ဖြစ်သင့်သည်။

သူမ၏ဆရာက ထပ်ခါတလဲလဲ အတည်ပြုပြီးနောက်၊ ချင်ကျီမော့သည် ပို၍ပင် ပျော်သွားသည်။ သို့သော်လည်း သူမသည် သူ့ကို သတိပေးရန် မမေ့ခဲ့ပေ။

“ဒါပေမယ့် ဆရာ သူက သူ့ရဲ့ အစီအရင်ဖွဲ့စည်းမှု အောင်မြင်မှုတွေကို အခြားသူတွေကို မသိစေချင်ဘူး။ ဆိုတော့ ဆရာ ဘယ်သူ့ကိုမှ မပြောရဘူး။ မဟုတ်ရင် ဆရာ့ကို ခွင့်မလွှတ်ဘူး။"

လိပ်နက်ဂိုဏ်းချုပ်သည် သူ့အဖိုးတန် တပည့်လေး၏ အသံကို ကြားသောအခါ အနည်းငယ် ထိတ်လန့်သွားသည်။ သူသည် ရယ်ရမလား ငိုရမလား မသိတော့ပေ။

“ကောင်မလေး၊ မင်း သူ့ကို အရမ်း အထင်ကြီးနေတာပဲ။ မင်း သူ့ကို သဘောကျသွားတာများ ဖြစ်နေမလား?"

"အာ..."

ချင်ကျီမော့ ခေါင်းကို ထပ်ခါထပ်ခါယမ်းရင်း သူမ၏ မျက်နှာသည် ချက်ချင်းနီရဲသွားသည်။

“ဆရာကလည်း ၊ မဟုတ်တဲ့စကား မပြောပါနဲ့။ ကျွန်မက... ကျွန်မအသက်ကို ကယ်တင်ခဲ့တဲ့အတွက် သူ့ကို ကျေးဇူးဆပ်ချင်တာပါ"

“အို၊ ငါသိပြီ။”

လိပ်နက်ဂိုဏ်းချုပ်သည် ခါးသီးသလို ခံစားရသည်။ သူ့အဖိုးတန် တပည့်လေး၏ အမူအရာကို ကြည့်လျှင်၊ အသက်ကို ကယ်တင်၍ ကျေးဇူးဆပ်ရုံသက်သက် မည်သို့ဖြစ်နိုင်မည်နည်း။

သက်ပြင်းချမိသည်။ မိန်းကလေးတွေ အသက်ကြီးလာလျှင် စောင့်ရှောက်ဖို့ခက်လှသည်။

ချင်ကျီမော့သည် အနည်းငယ် အပြစ်ရှိသလိုခံစားရပြီး သူမ၏ ဆရာ မျက်လုံးများကို မကြည့်ဝံ့တော့ပေ။ လုရှောင်ယန်ကို သူမ သဘောမကျကြောင်း ပြောခြင်းသည် လက်တွေ့မကျပေ။

အဘယ်ကြောင့်ဆိုသော် လုရှောင်ယန်သည် သူမအား ကယ်တင်ခဲ့သော သူရဲကောင်းတစ်ဦးသာမက အစီအရင်ဖွဲ့စည်းမှုတွင် အလွန်အစွမ်းထက်သော ပါရမီရှင်တစ်ဦးလည်းဖြစ်သည်။

အမျိုးသားတွေသည် ချောမောလှပသည့် အမျိုးသမီးတွေကို သဘောကျသလို အမျိုးသမီးတွေကလည်း အစွမ်းထက်သော အမျိုးသားတွေကို နှစ်သက်ကြသည်။

ဤသည်မှာ ဘယ်သောအခါမှ မပြောင်းလဲသော နိယာမဖြစ်သည်။

လိပ်နက်ဂိုဏ်းချုပ်က ဆက်ပြောလာသည်။ “ဒါပေမယ့် ဒီကလေးက ထိပ်တန်းအဆင့် အစီအရင် ညဏ်ကြီးရှင်ပဲ။ အခုလက်ရှိနာမည်မကြီးသေးပေမယ့် ၊ သူရဲ့နာမည်က အနှေးနဲ့အမြန်ကမ္ဘာကြီးကို လှုပ်ခတ်စေလိမ့်မယ်။ မင်း သူ့ကို ကောင်းကောင်း မိတ်ဖွဲ့ဖို့ လိုသေးတယ်။ ကံကြမ္မာလှည်းဘီးက တစ်ပတ်ပြန်လည်လာတတ်တယ်ဆိုတာ သိထားရမယ်။ နွမ်းပါးတဲ့လူငယ်တွေကို အနိုင်ကျင့်မနေပါနဲ့။”

“ဝါး.. ကံကြမ္မာလှည်းဘီးက လှည့်သွားတယ်။ ဆင်းရဲသားတွေကို မနှိပ်စက်နဲ့! ဆရာ၊ ဆရာပြောခဲ့တဲ့စကားက အရမ်းအဓိပ္ပာယ်ရှိတယ်။"

လိပ်နက်ဂိုဏ်းချုပ်က ခေါင်းခါပြီး ရယ်ရမလား ငိုရမလား မသိတော့ပေ။

“ဒါတွေက ငါ့စကားမဟုတ်ဘူး။ ငါလည်း သူများဆီက ငှားသုံးတာ။"

"ဒါက ခရမ်းရောင်ငြိမ်းချမ်းရေးတော်ဝင်နန်းတော်ရဲ့ မင်းသမီးကျီဝူရှား အကြောင်းလေ။ သူက သာမန်လူများကြားထဲ နေထိုင်စဉ် တစ်ချိန်က ယောက်ျားတစ်ယောက်နဲ့ စေ့စပ်ခဲ့ဖူးတယ်။ အဲ့ဒီအချိန် ကျီဝူရှားကို ဧကရာဇ်နန်းတော်က ရှာတွေ့သွားတယ်။ သူတို့ရဲ့ အဆင့်အတန်းတွေက ကောင်းကင်နှင့် မြေကြီးလိုခြားနားနေတယ်။ နန်းတော်က သူမကို သဘာဝကျကျ စေ့စပ်ပွဲဖြတ်ခိုင်းတယ်။ အဲ့တာနဲ့ ကြီးကြီးမားမား လက်ဆောင်တစ်ခုပေးပြီး စေ့စပ်ပွဲကို ဖျက်သိမ်းဖို့ ရွေးချယ်ခဲ့တယ်။

အဆုံးမှာ လူငယ်က အရှက်ရသွားတယ်လို့ ခံစားမိပြီး ဒေါသတကြီး ကြိမ်းဝါးခဲ့တယ်။

နောက်ပိုင်း သုံးနှစ်အတွင်းမှာ ကျီဝူရှားကို တကယ်အနိုင်ယူပြီး နာမည်ကြီးလာခဲ့တယ်။ ဒီလိုနဲ့ ဒီစကားလည်း ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားခဲ့တယ်။ လူငယ်တော်တော်များများက အဲဒါကို သူတို့ရဲ့ဆောင်ပုဒ်အဖြစ် ရည်ညွှန်းချင်ကြတာပဲ။”

“ကျွန်မသိပါပြီ။”

ထိုအချိန်တွင် အဝေးမှ ခေါင်းလောင်းသံ ထွက်ပေါ်လာသည်။ ဆုပေးပွဲ အခမ်းအနား စတင်တော့မည်။

ချက်ချင်းဆိုသလို ချင်ကျီမော့လဲ အာရုံပြောင်းသွားကာ.. "ဆရာ၊ ကျွန်မ အရင် အဝတ်အစားလဲလိုက်ဦးမယ်။ အခမ်းအနားက စတော့မှာဆိုတော့။”

“အင်း သွား.. သွား….”

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် - ၅။ အခန်း ၆၅ လက်ထပ်ခွင့်တောင်းချင်တယ်

သူ၏ အဖိုးတန်တပည့်လေး ထွက်သွားသည်ကို ကြည့်ရင်း လိပ်နက်ဂိုဏ်းချုပ် တစ်ကိုယ်တည်းရေရွတ်မိသည်။

“ကျီမော့က အရွယ်ရောက်နေပြီ။ အိမ်ထောင်ရေးအကြောင်း ပြောရမယ့်အချိန်ရောက်လာပြီပဲ။ တကယ်တော့ လုရှောင်ယန်က မဆိုးပါဘူး။ အခုလို ငယ်ငယ်ရွယ်ရွယ်နဲ့တောင် အခင်းအကျင်းပညာရပ်မှာ သူ့ရဲ့ အောင်မြင်မှုတွေက အလွန်နက်နဲနေပြီ။ ငါတောင် သူ့ကို မယှဉ်နိုင်ဘူး”

“ပိုကြောက်စရာကောင်းတာက သူက အရမ်းငယ်သေးတာဘဲ။ သူ့ရဲ့အနာဂတ်တိုးတက်မှုက အကန့်အသတ်ရှိမှာမဟုတ်ဘူး။ အနာဂတ်မှာ သူ ဘယ်လောက်ထိ ကြောက်စရာကောင်းအောင်တော်လာမယ်ဆိုတာတောင် ငါလည်း မသိဘူး။ ကျီမော့သာ သူ့ကို လက်ထပ်နိုင်ရင် သူမအတွက် မကောင်းတာမရှိဘူး။”

“ဒါပေမယ့် ဒီကလေးရဲ့ လက်ရှိအခြေအနေကတော့ နည်းနည်းနိမ့်နေသေးတယ်။ ကောင်းကင်နတ်ဆိုးဂိုဏ်းအကြီးအကဲ…”

သူသည် ထိုအကြောင်းကို တွေးပြီးသည်နှင့် ခေါင်းကိုက်သလို ခံစားရပြီး သူ၏ နားထင်တွေကို ပွတ်သပ်လိုက်မိသည်။

"ထားလိုက်ပါ၊ ဆုပေးပွဲကို အရင်လုပ်ရမယ်။"

ကျင့်ကြံသူအများအပြားသည် ပြိုင်ပွဲကွင်းအတွင်း စုရုံးနေပြီဖြစ်သည်။

အားလုံးသည် နောက်ဆုံးရလဒ်ကို သိရှိပြီး အဆင့်သတ်မှတ်ချက်ကို မြင်ထားကြပြီးဖြစ်သော်လည်း လာမည့်ဆုများအတွက် မျှော်လင့်ခြင်းများဖြင့် ပြည့်နေဆဲဖြစ်သည်။

လူအုပ်ကြီးထဲတွင် အမျိုးမျိုးသော ဆွေးနွေးမှုများ ဆက်လက်ရှိနေသည်။

မရေမတွက်နိုင်သော အကြည့်များနှင့် ဝေဖန်မှုများသည် တစ်နေရာသို့ ဦးတည်နေသည်။

"ဒါဆို ရှောင်ပိုင်က ဒီတကြိမ်တော့ ကမ္ဘာတဝှမ်းလုံးမှာ နာမည်ကြီးလိမ့်မယ်။"

"အတိအကျပဲ။ ပွဲနှစ်ဆယ်လုံး ပထမနေရာကိုရခဲ့ပြီး ဒီပြိုင်ပွဲမှာ လုံးဝအပြတ်အသတ်ကို ပထမနေရာ ရရှိခဲ့တယ်လေ။ သူက တကယ်ကို အစွမ်းထက်လွန်းပါတယ်ကွာ။”

“အရေးကြီးဆုံးက သူက အခုမှ ငယ်ငယ်လေးပဲ ရှိသေးတယ်။ နောင်နှစ်ပေါင်းများစွာ ကျင့်ကြံခွင့် ပေးလိုက်ရင် သူ ဘယ်လောက် တိုးတက် လာမလဲသိချင်မိတယ်။”

“ကြောက်စရာကောင်းလွန်းတယ်။ ကံမကောင်းတာက ငါ အရင်က သူနဲ့ မခင်ခဲ့ဘူး။ ဒီလိုမှမဟုတ်ရင် သူ့ဆီက လမ်းညွှန်မှုတစ်ခုခုရနိုင်ခဲ့မှာ အဲ့ဒါဆိုရင် နောက်ထပ် အနှစ် ၂၀၀ ကျော်လောက် ကြွားလုံးထုတ်လို့ ရပြီ။”

ထိုစကားများကိုကြားလိုက်ရသော် လိပ်နက်ဂိုဏ်းချုပ်သည် သက်ပြင်းချမိသည်။

ဤလူတွေသည် အမှန်ပင် စံသတ်မှတ်ချက် နိမ့်လွန်းသည်။ ရှောင်ပိုင် တစ်ယောက်ကပင် သူတို့ကို တုန်လှုပ်အောင်လုပ်နိုင်သည်။

သို့သော်လည်း ရှောင်ပိုင်သည် လုရှောင်ယန်၏ဖိနပ်ထိပ်စာလောက်ပင် အရည်အချင်းမပြည့်မီကြောင်း မသိကြပေ။

လုရှောင်ယန်၏ ခွန်အား မည်မျှကြီးမားသည်ကို သိပါက သူတို့၏မေးရိုးများအားလုံး ပြုတ်ကျသွားနိုင်သည်။

သနားသောအမူအရာဖြင့် သူကိုယ်တိုင်ကိုက လုရှောင်ယန်၏ အစီအရင်ဖွဲ့စည်းမှုခွန်အားကို သူ သိလိုက်ရစဉ်က မည်မျှထိတ်လန့်သွားသည်ကို လုံးဝမတွေးမိပေ။

သူသည် ရှောင်ပိုင်ကို မျက်လုံးထောင့်ကနေ လှမ်းကြည့်လိုက်ပြီး ခေါင်းကို ခါကာ စိတ်ပျက်နေသည့် အမူအရာတွေ သူ၏မျက်လုံးထဲတွင် ပေါ်လွင်နေသည်။ ယခင်ကတော့ ရှောင်ပိုင်သည် ပြီးပြည့်စုံသည်ဟု ခံစားခဲ့ရသည်။

ကျင့်ကြံခြင်းဖြစ်စေ၊ အစီအရင်ဖွဲ့စည်းမှုခွန်အားဖြစ်စေ၊ သူသည် သာမာန်လူများနှင့် နှိုင်းယှဉ်လျှင် တော်လွန်းလှသည်။ ရှောင်ပိုင်သည် သူ၏ ကျင့်ကြံဆင့်ကို ဖုံးကွယ်ထားပြီး သူ၏ကျင့်ကြံဆင့်အမှန်သည် တောင်ပင်လယ် ဒသမအဆင့် ဖြစ်သည်ကို သူပြောနိုင်သည်။

ထိုအချိန်က၊ ရှောင်ပိုင်ကို သူ၏ ဒုတိယတပည့်အဖြစ် လက်ခံရန်ပင် စိတ်ကူးရှိခဲ့သည်။

သို့သော်လည်း ယခုတွင် အကြောင်းတစ်ခုခုကြောင့် ရှောင်ပိုင်သည် လုရှောင်ယန်လောက် မတော်ကြောင်း သူခံစားလိုက်ရသည်။

လုရှောင်ယန်၏ စစ်မှန်သော ခွန်အားသည် အလွန်ကြီးမားသော်လည်း သူသည် နှိမ့်ချတတ်သည်။ သူသည် ပြိုင်ဆိုင်ခြင်း မရှိပဲ လူမသိသူမသိနေရန်ပိုလိုလားသည်။ သူလိုလူသည်သာ ထိပ်တန်း ပါရမီရှင်တစ်ယောက် ဖြစ်လာနိုင်မည်မဟုတ်လား။ ဤ ရှောင်ပိုင်ကို ပြန်ကြည့်လျှင် သူသည် ရှုထောင့်တိုင်းက အဆင်ပြေသည်။ တစ်ခုတည်းသော ပြဿနာမှာ သူ၏ဒေါသကို မထိန်းချုပ်နိုင်ခြင်းဖြစ်သည်။ သူ၏ပုံစံသည် တစ်လောကလုံးကို ဂရုမစိုက်သလိုပင်။

စင်စစ်၊ တစ်ခါတလေတွင် သူ၏အပြောအဆိုသည် သိပ်လေးစားပုံမပြပေ။ ပင်ကိုယ်စွမ်းရည်နှင့် ထူးခြားသောအရည်အချင်းကို နှစ်သက်မြတ်နိုးသည့် ဖြောင့်မတ်သောဂိုဏ်းများ၏ ထိပ်တန်းပုဂ္ဂိုလ် လိပ်နက်ဂိုဏ်းချုပ်သာ မဟုတ်ပါက၊ ရှောင်ပိုင် မျက်နှာကို ဖြတ်ရိုက်ချင်နေပေလိမ့်မည်။

ဤအချိန်တွင် လူအုပ်ထဲက တစ်ယောက်က အော်သည်။

"ကြည့်စမ်း၊ အဲ့တာမြင့်မြတ်သောမိန်းမပျို ချင်ကျီမော့ပဲ!"

ထိုစကားကြောင့် လူတိုင်း၏အကြည့်တွေသည် ချင်ကျီမော့ထံ ကျရောက်သွားသည်။

လှပသောအဆင်းရူပကာ..

ရင်သပ်ရှုမောဖွယ် အလှပဂေး..။

တာအိုသိုင်းလောကတွင် အမျိုးသမီးတိုင်းသည် ကြည့်ကောင်းပြီးလှပသည်။ သူတို့၏မျက်နှာပေါ်တွင် ရယ်စရာကောင်းသော သို့မဟုတ် အမည်းစက် အမာရွတ်များ မရှိသလောက်နည်းပါးသည်။ သူတို့၏ ခန္ဓာကိုယ်တွင်းရှိ အညစ်အကြေးများကို ကျင့်ကြံစဉ်တွင် သူတို့ခန္ဓာကိုယ်မှ ဖယ်ရှားခဲ့သည်။ နတ်သမီးတွေလို လှပသည်ဟု ပြော၍ရသည်။

သို့သော် မြင်လိုက်ရသည့်အခိုက်အတန့်တွင် လူတိုင်း၏အာရုံကိုဖမ်းစားနိုင်သည့် ထိပ်တန်းအလှမယ်အချို့ ရှိပါသေးသည်။

ဤအမျိုးသမီး ကျင့်ကြံသူများသည် လှပသော ဆယ်လီများကဲ့သို့ပင် ဖြစ်သည်။ သူတို့သည် လှပသော်လည်း ချမ်းသာကြွယ်ဝသည့် လူ့အဖွဲ့အစည်း၏ ထိပ်တန်း မမလေးများ၏ဘေးတွင်ရပ်မည်ဆိုလျှင် သူတို့သည် လုံးဝမှေးမှိန်သွားလိမ့်မည်။ အဓိက ကွာခြားချက်မှာ အရှိန်အဝါ ဖြစ်သည်။

၎င်းသည် သက်ရှိသတ္တဝါအားလုံးကို ချေမှုန်းနိုင်သည့် ထူးခြားသော အရှိန်အဝါဖြစ်သည်။

ချင်ကျီမော့ ထွက်လာသည်နှင့် ရှောင်ပိုင်လည်း မျက်လုံးဖွင့်လိုက်သည် ။

သူ၏အကြည့်သည် စူးရှမနေပဲ၊ ညင်သာစွာ တောက်ပနေရုံ အကြည့်မျိုးဖြသ်သည်။

ထိုအကြည့်တွင် လွမ်းဆွတ်ခြင်း၊ မြတ်နိုးခြင်း၊ အပြစ်ရှိခြင်း၊ စွဲလန်းခြင်း... နှင့် ... ပိုင်ဆိုင်လိုခြင်း၏ အရိပ်အယောင်များ ပါဝင်သည်။

သူသည် အသက်ပြင်းပြင်းရှူပြီး ဖြည်းညှင်းစွာ တစ်ကိုယ်တည်းပြောလိုက်သည်။

“ဆရာ… နှစ်ပေါင်း ၃၀၀၀ ရှိပြီ။ ရှောင်ပိုင် ၊ နောက်ဆုံးတော့ ဆရာ့ကို ပြန်တွေ့ပြီ။"

သူ၏မျက်လုံးတွေသည် အနည်းငယ်နီနေသော်လည်း သူ၏အကြည့်တွေက တဖြည်းဖြည်း ခိုင်မာလာသည်။

“ဒီဘဝမှာတော့ ပိုင်အာက ဆရာ့ကို အဖော်ပြုပြီး တသက်လုံး အတူ နေစေရမယ်။ နောက်တစ်ကြိမ် ဆရာ့ကို ဘယ်သူကမှ မတိုက်ခိုက်နိုင်အောင် ပိုင်အာ ဖန်တီးပေးမယ်.."

"ဒါ့အပြင် ဆရာ့ကို ကူညီပြီး လိပ်နက်ဂိုဏ်းကို ကာကွယ်ဖို့ ကျွန်တော် သေချာပေါက် လုပ်ပေးမယ်။ ဆရာ စောင့်နေပါ...။”

ဤအခိုက်အတန့်တွင်၊ မြင့်မားသောစင်မြင့်ပေါ်တွင် လိပ်နက်ဂိုဏ်းမှ အကြီးအကဲတစ်ဦးသည် စတင်ဟောပြောနေပြီဖြစ်သည်။ စကားပုလ္လင်တွေ အများကြီးခံနေပေမယ့် လူတော်တော်များများက တကယ့်ကို အလေးအနက်ထား နားထောင်သည်ဟု ဆိုရမည်။ ဥပမာအားဖြင့်၊ ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ဂိုဏ်းချုပ်ချန်နှင့် အကြီးအကဲအနည်းငယ်တို့သည် မတ်တတ်ထရပ်၍ ဂရုတစိုက်နားထောင်ကြသည်။

"တော်သေးတယ် ရှောင်ယန်၊ ငါတို့ ၃၂ နေရာကိုရခဲ့လို့ ပြီးတော့ ထိပ်တန်းအဆင့် ၅၀လုံးကို လိပ်နက်ဂိုဏ်းက ဆုချီးမြှင့်မယ်တဲ့။ ငါတို့ ကောင်းကင်နတ်ဆိုးဂိုဏ်းကလည်း ခဏနေရင် ဆုလက်ခံရယူဖို့ စင်မြင့်ပေါ်တက်ရလိမ့်မယ်။”

အကြီးအကဲ အနည်းငယ်သည် စိတ်လှုပ်ရှားစွာ လက်ကို ဆုပ်ကိုင်ထားကြသည်။

ကြီးမြတ်သောကျိုးတစ်ခုလုံး၏ ဂိုဏ်းအားလုံးနီးပါးရှေ့တွင် သူတို့သည် ဆုချီးမြှင့်ခံရတော့မည်ဖြစ်သည်။ ၎င်း၏ အဓိပ္ပါယ်မှာ သာမန်မဟုတ်သည်မှာ သေချာပါသည်။

မနေ့ညက အထူးအစည်းအဝေးတစ်ခုတွင် သူတို့ပြန်လာသည့်အခါ ရှောင်ယန်၏ လက်မှတ်ကို သေချာဘောင်သွင်းပြီး ကောင်းကင်နတ်ဆိုးဂိုဏ်း၏ခန်းမတွင် ထားဖို့ ဆုံးဖြတ်ထားပြီးသားပင်။ ဤနည်းအားဖြင့် နောင်တွင် အခြားဂိုဏ်းများ၏ အကြီးအကဲများ လာရောက်လည်ပတ်သောအခါတွင် ဤလက်မှတ်ကို တွေ့နိုင်မည်ဖြစ်သည်။

သူ စိတ်လှုပ်ရှားနေချိန်တွင် လိပ်နက်ဂိုဏ်းမှ အကြီးအကဲသည် စကားပြောပြီးသွားကာ ဆုအား တရားဝင် စတင်ပေးအပ်တော့သည်။

“နောက်တစ်ခုကတော့ ဆုပေးပွဲ အခမ်းအနားကို တရားဝင် စတင်လိုက်ပြီလို့ ကြေညာပါတယ်။ ဤ အစီအရင်ဖွဲ့စည်းမှုအစည်းအဝေးရဲ့ ပထမဆု ရရှိသူ ကျန်းမြို့မှ ရှောင်ပိုင်ကို ဆုလက်ခံရယူရန် စင်မြင့်ပေါ်သို့ ကြိုဆိုလိုက်ကြပါစို့။"

ရှောင်ပိုင်သည် သူ၏လက်သီးတွေကို တင်းတင်းဆုပ်လိုက်ပြီး မြင့်မားသည့် ပလက်ဖောင်းပေါ်ကို မတက်ခင် သက်ပြင်းတစ်ချက်ချလိုက်သည်။

လိပ်နက်ဂိုဏ်းချုပ်သည် သူ့ကို ချီးကျူးဂုဏ်ပြုဖို့ အစချီသည်။

"ရှောင်ပိုင်၊ ဒီ အခင်းအကျင်းဆိုင်ရာစုဝေးပွဲမှာ ပထမနေရာကို ရရှိတဲ့အတွက် ဂုဏ်ယူပါတယ်။ ငါတို့ရဲ့ လိပ်နက်ဂိုဏ်းက ကောင်းကင်ဘုံ ထိပ်တန်းအဆင့် အစီအရင်၊ ကောင်းကင်ဘုံ ထိပ်တန်းအဆင့် ကျင့်စဉ်နဲ့ ကောင်းကင်ဘုံ ထိပ်တန်းအဆင့် လက်နက်တို့ကို သင့်အား ဆုချမှာပဲဖြစ်တယ်။"

ဟာ..

လိပ်နက်ဂိုဏ်းချုပ် ဆုကြေးကို ပြောနေသည်ကိုကြားသော် လူတိုင်း၏ ဦးရေပြားတွေ ထုံကျင်သွားသည်။

ဤဆုလာဘ်သည် အလွန်ရက်ရောလွန်းသဖြင့် လူတိုင်းကို မနာလို ငြူစူကာ သရေကျလုမတတ် ဖြစ်ရသည်။

သို့သော်လည်း ရှောင်ပိုင်၏ အမူအရာမှာ တည်ငြိမ်ပြီး ဘာမှမထူးခြားပေ။

သူသည် တစ်ချိန်က သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်ခဲ့ပြီး ထိုအရာများကို အဘယ်ကြောင့် ဂရုစိုက်ရမည်နည်း။

သူပြန်မဖြေတာကိုမြင်သော် လိပ်နက်ဂိုဏ်းချုပ်သည် မနေနိုင်ပဲ မျက်ခုံးပင့်မိသည်။

"ရှောင်ပိုင် မင်းကဘာလို့ဘာမှမပြောတာလဲ? ဒါတွေကို မကြိုက်လို့ လား?"

ရှောင်ပိုင် ခေါင်းယမ်းလိုက်သည်။

"မဟုတ်ပါဘူး။ တကယ်တော့ ဒီဆုတွေအတွက် ကျုပ် ဒီကို လာခဲ့တာ မဟုတ်ဘူး။ အဲဒီအစား တခြားကိစ္စအတွက် လာခဲ့တာ။"

"အိုး.. အဲဒါဘာလဲ.."

ရှောင်ပိုင်က ချင်ကျီမော့ကို ကြည့်ပြီး ညင်သာစွာ ပြုံးလိုက်သည်။

“ကျုပ် တစ်ခုတောင်းဆိုဖို့ ရောက်လာတာပါ။ လိပ်နက်ဂိုဏ်းက မြင့်မြတ်သော မိန်းမပျိုချင်ကျီမော့ကို လက်ထပ်ခွင့်တောင်းချင်ပါတယ်…….."

***

All Chapters