← Chapters

အခန်း (၆၆-၇၀)

Vol. 5 Ch. 66-70

အခန်း (၆၆-၇၀)

Vol. 5 Ch. 66-70

စာစဉ် - ၅။ အခန်း ၆၆ ရှောင်ပိုင်၏မကျေနပ်ချက်

"ဘာ..."

ရှောင်ပိုင် ထိုစကားပြောလိုက်သည်နှင့် ချက်ချင်းဆိုသလို လူတိုင်း တုန်လှုပ်သွားကြသည်။ "ရှောင်ပိုင်က တကယ်ပဲ လိပ်နက်ဂိုဏ်းရဲ့ မြတ်မြတ်သော မိန်းမပျိုနဲ့ လက်ထပ်ချင်နေတာလား? ငါကြားလိုက်တာ မှန်ရောမှန်ရဲ့လား?"

“သူ အရမ်းကြိုးစားပြီး ပွဲတိုင်း ပထမနေရာကို ရခဲ့တယ်ဆိုတာ အံ့သြစရာမရှိတော့ပါဘူး။ လတ်စသတ်တော့ အလှလေးကို ပိုင်ဆိုင်ယူချင်နေတာပဲ။”

"ဒါပေမယ့်၊ ရှောင်ပိုင်ရဲ့ အရည်အချင်းက မြင့်မားလွန်းတော့ လိပ်နက်ဂိုဏ်းကတောင် သူ့ကို ငြင်းပယ်နိုင်မှာ မဟုတ်ဘူးမလား?"

သိုင်းပညာလောကတွင် ပါရမီသည် အလွန်ရှားပါးသော ကြွယ်ဝမှုဖြစ်သည်ကို လူတိုင်း ကောင်းကောင်းသိကြသည်။

အခင်းအကျင်းပညာရပ်တွင် ရှောင်ပိုင်၏အောင်မြင်မှုများသည် နတ်ဘုရားသဖွယ်ဖြစ်သည်မှာ ရှင်းပြီး လူတိုင်းကို အထက်စီးကကြည့်နေသလိုပင်။ အခြေခံအားဖြင့် မျိုးဆက်သစ်လူငယ်မည်သူမဆို သူ့ကို မယှဉ်နိုင်ကြပေ။

အနာဂတ်တွင်၊ သူသည် ကြီးမြတ်သောကျိုး တစ်ခုလုံးတွင် အကျော်ကြားဆုံး အခင်းအကျင်းသခင် ဖြစ်လာနိုင်ဖွယ်ရှိသည်။

ထို့ကြောင့်၊ ချင်ကျီမော့ကိုလက်ထပ်ရန်မှာ ရူးနှမ်းသောအိပ်မက်မဟုတ်ပေ။

ချင်ကျီမော့နှင့် သူမဆရာဖြစ်သည့် လိပ်နက်ဂိုဏ်းချုပ်တို့ အနည်းငယ် အံ့အားသင့်သွားကြသည်။

ဆရာ၊တပည့်နှစ်ယောက်သည် ရှောင်ပိုင် ဤကဲ့သို့တောင်းဆိုချက်မျိုးပြုလာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြပေ။

သို့သော်လည်း လိပ်နက်ဂိုဏ်းချုပ်သာ လုရှောင်ယန်၏ အောင်မြင်မှုများအား မသိခဲ့ပါက ရှောင်ပိုင်အား အမှန်တကယ် စဉ်းစားပေးမိလိမ့်မည်ဟု ဆိုရပေမည်။

ရှောင်ပိုင်ကို သူ၏တပည့်နှင့်လက်ထပ်ခြင်းမပြုမီ သူ၏ ဒုတိယ တပည့်အရင်ဖြစ်စေနိုင်သည်။ ၎င်းသည် ပို၍ပင် ပျော်ရွှင်ဖွယ်ကောင်းပြီး လိပ်နက်ဂိုဏ်းသည် အနာဂတ်တွင် အစွမ်းထက်သော အခင်းအကျင်းသခင်အလောင်းအလျာများကို ပိုင်ဆိုင်နိုင်ကြောင်းလည်း ပို၍သေချာသွားစေမည်။

ချင်ကျီမော့မှာမူ လုရှောင်ယန်ကို မတွေ့ခဲ့ရင် သူမ၏ နှလုံးသားသည်လည်း တုန်လှုပ်မည်မဟုတ်သလို ဘယ်ယောက်ျားကိုမှ သူမ နှစ်သက်မှာ မဟုတ်ပေ။ သူမ၏ဆရာက သူ့ကိုလက်ထပ်ဖို့ ပြောလျှင် သူမ သေချာပေါက် လက်ထပ်လိမ့်မည်။ နောက်ဆုံးတွင် သူမသည် သူမ၏ အုပ်ထိန်းသူစကားကို နားထောင်ရမည်။

သို့သော် ယခု သူမကို မပြောနှင့် လိပ်နက်ဂိုဏ်းချုပ်ပင် ရှောင်ပိုင်ကို အထင်သေးနေသည်။ သူ၏ အဖိုးတန်တပည့်ဖြစ်သူသည် ရှောင်ပိုင်လိုလူကို အဘယ်ကြောင့်လက်ထပ်ရမည်နည်း။

ထို့ကြောင့် အသက်ပြင်းပြင်းရှူပြီးနောက် လိပ်နက်ဂိုဏ်းချုပ်က လေးလေးနက်နက် ပြန်ပြောလိုက်သည်။

“ကျီမော့က ငယ်ရွယ်သေးပြီး ကိုယ်ခံပညာနဲ့ အစီအရင်တွေ ကျင့်ကြံရတာကို ဝါသနာပါတယ်။ လောလောဆယ် အိမ်ထောင်မပြုချင်သေးဘူး။ ဒါကြောင့် လက်ရှိအချိန်မှာ မင်းရဲ့တောင်းဆိုမှုကို ငါသဘောမတူဘူး။"

ယခုအချိန်တွင် ရှောင်ပိုင်နှင့် ရောက်ရှိလာသူအားလုံး မထိန်းနိုင်ဘဲ အံ့အားသင့်သွားသည်။

လိပ်နက်ဂိုဏ်းချုပ်မှ ရှောင်ပိုင်၏တောင်းဆိုမှုကို အမှန်တကယ် ငြင်းဆိုမည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။

ရှောင်ပိုင် ကဲ့သို့သော ပါရမီရှင်တစ်ဦးကို တွေ့ရန် အလွန်ရှားပါးကြောင်း နားလည်ထားရမည်ဖြစ်သည်။

ရှောင်ပိုင် ခေတ္တမျှ နှုတ်ဆိတ်သွားသည်။

“ မြင့်မြတ်သော မိန်းမပျိုကျီမော့ကိုလက်ထပ်ဖို့ အဆိုပြုချက်ကို စိတ်ရင်းမှန်နဲ့ပြောတာပါ ။ ဂိုဏ်းချုပ်ကြီး၊ ဒီအခွင့်အရေးကို ပေးပါ။ ကျုပ် လိပ်နက်ဂိုဏ်းကို ဝင်ဖို့ ဆန္ဒရှိပါတယ်”

ကံမကောင်းစွာဖြင့် သူ အငြင်းခံရဆဲဖြစ်သည်။

"မင်း လိပ်နက်ဂိုဏ်းကို ဝင်ချင်တယ်ဆိုရင်တော့ ပြဿနာမရှိပါဘူး။ အခင်းအကျင်းပညာရပ်မှာ မင်းရဲ့အောင်မြင်မှုတွေက အလွန်စွမ်းလွန်းပါတယ်။ ငါ မင်းကို ဒီအခွင့်အရေး ပေးလို့ရပြီး မင်းရဲ့ ဆရာဖြစ်ဖို့ အကြီးအကဲတစ်ယောက်၊ ခေါင်းဆောင် ဒါမှမဟုတ် တောင်သခင်တွေကိုတောင် ရွေးချယ်ခွင့်ပေးလို့ရတယ်။ ဒါပေမယ့် ကျီမော့ကိုလက်ထပ်လိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ သူမ အခုချိန်ထိ အိမ်ထောင်မပြုချင်သေးဘူးလို့ပဲ ပြောရမယ်။”

ဂိုဏ်းချုပ်ထံမှ နှစ်ကြိမ်ဆက်တိုက် ငြင်းပယ်ခံရပြီးနောက် ရှောင်ပိုင်၏ မျက်လုံးများတွင် အေးစက်သောအမူအရာ ပေါ်လာသည်။

သူသည် သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူ၏ လူပြန်ဝင်စားခြင်း ဖြစ်သည်။ သူသည် သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူမဟုတ်တော့သော်လည်း၊ သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူတစ်ဦးအနေဖြင့် သူ၏မာနမှာ ရှိနေဆဲဖြစ်သည်။

သို့သော်လည်း ဤလိပ်နက်ဂိုဏ်းချုပ်က သူ့ကို အကြိမ်ကြိမ် ငြင်းဆိုခဲ့ပြီး အနည်းငယ် ဒေါသထွက်စေခဲ့သည်။

သို့သော် သူသည် သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူမဟုတ်တော့ပါ။ သူ၏ကျင့်ကြံဆင့်သည် တောင်ပင်လယ် ဒသမအဆင့်တွင်သာရှိသည်။ တစ်ဖက်သားကို တွန်းလှန်ရန် အနည်းငယ် တုန်လှုပ်နေသေးသည်။

အကယ်၍ သူသည် သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်ခဲ့ပါက၊ တဖက်လူသည် ကျီမော့၏ဆရာဟုတ်၊ မဟုတ်ကို သူ ဂရုမစိုက်နေမည်ပင် မဟုတ်ပေ။ သူသည် တစ်ဖက်သားကို တစ်ချက်ရိုက်ရုံဖြင့် သတ်ပစ်ခဲ့မည်မှာ ကြာပြီဖြစ်သည်။ သို့ပေမယ့် ရှောင်ပိုင်သည် ဤကိစ္စကို ငြိမ်ခံနေမည်မဟုတ်ပေ။ ကျီမော့ကို ခေါ်ယူရန် ဆုံးဖြတ်ခဲ့သည်။ သူ့မှာ တခြားနည်းလမ်းတွေလည်း ရှိသည်။

နောက်အခိုက်အတန့်တွင် နောက်ထပ် အဖြူရောင်လူအရိပ်လေးသည် လေထဲမှ ဝင်ရောက်လာသည်။ သူသည် မရောက်ခင်ကတည်းက ရယ်မောနေသည်။ “ဟ-ဟ…ဂိုဏ်းချုပ်၊ အဲ့လောက် အလောတကြီးငြင်းစရာမလိုပါဘူး..။ တကယ်တော့ ကျီမော့က အနှစ်သုံးဆယ်ကနေ လေးဆယ်လောက်အထိ ကျင့်ကြံပြီးနေပြီပဲ။ ပြောရရင် သူ့ရဲ့ တာအိုအဖော် ရှာဖို့ အချိန်တန်ပါပြီ။”

"သူကဘယ်သူလဲ? ဂိုဏ်းချုပ်ကို ဒီလိုပုံစံနဲ့ ဘယ်လိုပြောရဲတာလဲ?”

လူအုပ်ထဲမှ တစ်ယောက်က မနေနိုင်ဘဲ မေးသည်။ နောက်အခိုက်အတန့်တွင် တစ်ယောက်ယောက်က သူ၏အင်္ကျီလက်ကို ဆွဲကိုင်လိုက်သည်။

“မနှောက်ယှက်နဲ့။ ဒါက လိပ်နက်ဂိုဏ်းရဲ့ ပထမအကြီးအကဲပဲ။ သူကလည်း အလွန် အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟ။”

"ဟစ်! ပထမအကြီးအကဲက ရှောင်ပိုင်ရဲ့ အောင်သွယ်အဖြစ် လုပ်ပေးမယ်လို့ ငါမမျှော်လင့်ထားဘူး။"

"ဒီလိုဆိုရင် ရှောင်ပိုင်က အလှလေးကို လက်ဝယ်ပိုင်ဆိုင်ရမယ့်ပုံပဲ။"

ပထမအကြီးအကဲသည် လူတိုင်း ဆွေးနွေးနေကြစဉ်မှာပဲ စင်မြင့်သို့ ရောက်ရှိလာသည်။

လိပ်နက်ဂိုဏ်းချုပ်က သူ၏မျက်လုံးတွေကို ကျဉ်းမြောင်းလိုက်သည်။

"ပထမအကြီးအကဲ မင်းဘာကိုဆိုလိုတာလဲ?"

ပထမအကြီးအကဲက ပြုံးပြီး ပြောသည်။

"ဂိုဏ်းချုပ်၊ ကျုပ် ရှောင်ပိုင်ကို ကျွန်တော့်တပည့်အဖြစ် လက်ခံလို့ ရတယ်။ အခင်းအကျင်းပညာရပ်မှာ ရှောင်ပိုင်ရဲ့ အောင်မြင်မှုများကို ခင်ဗျားလည်းသိတယ်။ ကျီမော့နဲ့ တွဲကျင့်ကြံနိုင်ရင် သူက ကျုပ်တို့ရဲ့ လိပ်နက်ဂိုဏ်းကို အနာဂတ်မှာ သေချာပေါက် တောက်ပစေမှာပါ။”

“ဒါတင်မကဘူး၊ သူတို့နှစ်ယောက် လက်ထပ်ပြီး လက်တွဲဖော်ဖြစ်လာရင် ကျီမော့ရဲ့ ကျင့်ကြံဆင့်ကို လုံးဝထိခိုက်စေမှာ မဟုတ်ပါဘူး။ ဂိုဏ်းချုပ် ဘယ်လိုထင်ပါလဲ?"

လိပ်နက်ဂိုဏ်းချုပ်သည် ဤမြေခွေးအို၏မျက်လုံးကိုတည့်တည့်ကြည့်ကာ ရှောင်ပိုင်အတွက် ဘာ့ကြောင့်ပြောပေးနေရတာလဲဆိုတာကို သိချင်နေသည်။

သို့သော် အလွန်ခက်ခဲပါသည်။ ရှောင်ပိုင်သည် ဤမြေခွေးအိုကို သူ့ဘက်ပါအောင်ဆွဲဆောင်နိုင်သည့် အရည်အချင်းရှိသည်ကို သူမသိခဲ့ပေ။

သို့သော် သူ၏တပည့်၏ ပျော်ရွှင်မှုကို ဤကဲ့သို့ ဖျက်ဆီးပစ်ရန် သူ လုံးဝသဘောမတူပေ။

“ရှင်းရှင်းလင်းလင်း ပြောပြီးသားလို့ ထင်တယ်။ ကျီမော့က အခု ကျင့်ကြံဖို့ လိုအပ်ပြီး အိမ်ထောင်ပြုဖို့ မလိုအပ်သေးဘူး။”

နောက်ထပ် အပြင်းအထန် ငြင်းဆိုပြီးနောက် ပထမအကြီးအကဲနှင့် ရှောင်ပိုင် နှစ်ဦးစလုံး လစ်လျူရှု၍ မရတော့ပေ။

ဒါဟာ တတိယအကြိမ် ကြိုးစားမှုဖြစ်နေပါပြီ။ ငြင်းချက်သုံးရပ်သည် ဂိုဏ်းချုပ်၏ ရည်ရွယ်ချက်ကို သက်သေပြရန် လုံလောက်သည်။

ဂိုဏ်းချုပ်က ရှောင်ပိုင်ကို အဘယ်ကြောင့် အကြိမ်ကြိမ် ငြင်းဆိုသည်ကို သူတို့နှစ်ဦး နားမလည်နိုင်ပေ။

မည်သို့ပင်ဖြစ်စေ သူသည် အရမ်းကောင်းသည့်ရွေးချယ်စရာတစ်ခုဖြစ်သည်လေ။

အောက်က ပရိသတ်များလည်း အံ့အားသင့်သွားကြသည်။

ပထမအကြီးအကဲသည် ရှောင်ပိုင်ကိုကြည့်ကာ အနည်းငယ်သက်ပြင်းချလိုက်သည်။

“ဂိုဏ်းချုပ်က မလိုလားဘူးဆိုမှတော့ ငါတို့ လက်လျှော့ရုံပဲတတ်နိုင်တယ်။ ကြည့်ရတာ အရမ်း အလျင်လိုလွန်းသွားတဲ့ပုံပဲ။"

လိပ်နက်ဂိုဏ်းချုပ်က စကားစကိုဖြတ်ကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။

“ကောင်းပြီ၊ ဆုပေးပွဲ အခမ်းအနားကို ဆက်လုပ်ဖို့ လိုသေးတယ်။ အချိန်မဆွဲပဲ မြန်မြန်ထွက်သွားတော့ ...။"

“ဟုတ်ကဲ့။”

ပထမအကြီးအကဲသည် နာခံသွာဖြင့် ဘေးဘက်သို့ ဆုတ်သွားသည်။ ထို့နောက် လိပ်နက်ဂိုဏ်းချုပ်က ရှောင်ပိုင်ကို အေးစက်စွာကြည့်၍ ပြောသည် ။

"ရှောင်ပိုင် မင်းရဲ့ဆုလာဘ်ကို လိုချင်သေးလား? မဟုတ်ရင် မင်းကို အလိုအလျောက် ဆုံးရှုံးခြင်းလို့ ငါမှတ်ယူမယ်။ မင်းရဲ့ဆုကြေးကို ပေးမှာ မဟုတ်တော့ဘူး။"

ရှောင်ပိုင်၏ မျက်နှာသည် မနေနိုင်ဘဲ ပြင်းထန်စွာ တုန်လှုပ်သွားသည်။

သူသည် တကယ်ကို လူတစ်ယောက်ကို သတ်ချင်နေသည်။ သူသည် တစ်နေ့တွင် ဤကဲ့သို့ အရှက်ရလိမ့်မည်ဟု မထင်ခဲ့ပေ။

ယနေ့ အရှက်တရားသည် သူ့ဘဝ၏ ကျောက်တိုင်တွင် တံဆိပ်ရိုက်ခံရတော့မည်။

သို့သော် သူလည်း အားကိုးရာမဲ့ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လက်ရှိသူသည် ပြန်လည်မွေးဖွားလာခဲ့ပြီး တောင်ပင်လယ်အဆင့် ကျင့်ကြံသူလေးတစ်ဦးသာ ဖြစ်ခြင်းကြောင့်ဖြစ်သည်။

သူ့အား ခွန်အားတိုးစေရန်အတွက် ဤအရင်းအမြစ်များ လိုအပ်သေးသည်။

ထို့ကြောင့် မကျေမနပ်ဖြစ်နေသော်လည်း ခေါင်းယမ်းကာ သက်ပြင်းသာချနိုင်ခဲ့သည်။

"ကျုပ် ပေးတဲ့ဆုကို လက်ခံဖို့ ရွေးချယ်ပါတယ်။"

လိပ်နက်ဂိုဏ်းချုပ်သည် ဆုလာဘ်များကို တစ်ခုပြီးတစ်ခု ပေးအပ်သည်။ ဆုပေးပွဲပြီးတာနဲ့ သူ့ကို မျက်နှာမလွှဲဘဲ ချက်ချင်းနှင်လွှတ်လိုက်လေတော့သည်။

"အခုဆင်းသွားလို့ရပြီ……"

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် - ၅။ အခန်း ၆၇ ဆုံးဖြတ်ရခက်နေရင် ဆက်စဉ်းစားမနေပါနဲ့တော့

လိပ်နက်ဂိုဏ်းချုပ်၏ စကားကိုကြားသောအခါ ရှောင်ပိုင်၏ မျက်လုံးထဲတွင် အေးစက်သော အရိပ်အယောင်တစ်ခု တောက်ပလာသည်။

သူသည် လိပ်နက်ဂိုဏ်းချုပ်ကို ပြန်မဖြေဘဲ လှည့်ကာ ထွက်ခွာသွားခဲ့သည်။

သူ၏ စိတ်နေစိတ်ထားအရ သူသည် လိပ်နက်ဂိုဏ်းချုပ်ကို မြှောက်ပင့်ပေးမည်မဟုတ်ပေ။ သူသည် တစ်ချိန်က သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူဖြစ်သည်။ သူသည် သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူမဟုတ်တော့သော်လည်း၊ သူ၏မာနမှာ ရှိနေဆဲဖြစ်သည်။

လိပ်နက်ဂိုဏ်းချုပ်သည် သူထွက်ခွာသွားသည့် နောက်ကျောကို ကြည့်ပြီး မတတ်သာပဲ ခေါင်းကို ခါယမ်းလိုက်သည်။

ရှောင်ပိုင်လို မာနကြီးပြီး အထက်စီးဆန်သည့် ယောက်ျားတစ်ယောက်နှင့် သူ၏ တပည့်ကို လက်ထပ်ပေးရန်ငြင်းပယ်လိုက်ခြင်းမှာ မှန်ကန်သည့် ရွေးချယ်မှုဟုတွေးမိသွားသည်။

ရှောင်ပိုင်ကိုသာ သူမနှင့် လက်ထပ်ခွင့်ပေူခဲ့လျှင် အနာဂတ်တွင် သူမကို သူဘာလုပ်မည်ဆိုတာ ဘယ်သူသိနိုင်မည်နည်း..။

ဆုပေးပွဲကို ဆက်လက်ကျင်းပသည်။ ရှောင်ပိုင်သည် မည်သူမျှ မမြင်နိုင်သော ထောင့်တစ်နေရာဆီသို့ လျှောက်သွားသည်။ ပထမအကြီးအကဲသည် ပတ်ပတ်လည်ကို ကြည့်လိုက်ရာ မည်သူမျှ ဂရုမစိုက်သည်ကို တွေ့လိုက်ရသောကြောင့် တိတ်တဆိတ် လျှောက်သွားပြီး ရှောင်ပိုင်၏ နောက်တွင် ရပ်လိုက်သည်။

"ဘာတွေဖြစ်နေတာလဲ.."

ရှောင်ပိုင် အေးစက်စွာ မေးလိုက်သည်။ သူ၏လေသံမှာ အထက်စီးဆန်ပြီး ကြီးကျယ်မှုများဖြင့် ပြည့်နေသည်။

ပထမအကြီးအကဲ၏ မျက်ခုံးများ အနည်းငယ် မြင့်သွားသော်လည်း ပြန်ဖြေလိုက်တုန်းပင်။

“ငါလည်း မသိဘူး။ ယုတ္တိရှိရှိပြောရရင် ဂိုဏ်းချုပ်က မင်း လက်ထပ်ဖို့ အဆိုပြုတာကို သဘောတူသင့်တယ်။ အခင်းအကျင်းပညာရပ်မှာ မင်းရဲ့အောင်မြင်မှုက သံသယဖြစ်စရာမရှိဘူး၊ ဒါ့ကြောင့် သူ မငြင်းသင့်ဘူး။ ငါ ရှေ့ထွက်ပြီး ကူညီပေးရမယ်လို့တောင် မမျှော်လင့်ထားဘူး။ အခုတော့ ငါ ဒီ့ထက်ပိုပြီး လုပ်ခဲ့ရင်တောင် သူစိတ်ပြောင်းမှာမဟုတ်ဘူး။”

"ဒီအခြေအနေထိဖြစ်ရအောင် တစ်ခုခု မှားယွင်းသွားပုံပေါ်တယ်။"

ပထမအကြီးအကဲ သက်ပြင်းချပြီး ပြောသည်။

“လောလောဆယ်တော့ ငါတို့ အများကြီး လုပ်လို့မရဘူး။ ငါတို့ဂိုဏ်းချုပ် စိတ်တိုနေပြီဆိုတာ မင်းလည်းမြင်သားပဲ။ ငါ့မှာလည်း ပုံမှန်ဆို မျက်နှာသာပေးခံရပေမယ့် တကယ်ပြသနာတက်ရင် ကောင်းတာမရှိဘူး..။”

“တစ်ခုပဲရှိတော့တယ်။ ဒုတိယအစီအစဉ်ကို အကောင်အထည်ဖော်ရတော့မယ် ထင်တယ်”

"အိုး... ဘာအစီအစဉ်လဲ?"

“တစ်နှစ်လောက် အပြင်ထွက်ပြီး လေ့ကျင့်မယ်။ တစ်နှစ်အတွင်း ကျုပ် အနည်းဆုံး အာကာပြင်ပြိုကွဲခြင်းအဆင့်အထိ ရောက်ရမယ်။ အဲဒီအခါကျ နောက်တစ်ခေါက်ထပ်လာပြီးတော့ လက်ထပ်ခွင့်တောင်းမယ်။ ဒီနှစ်အတွင်း ခင်ဗျားလည်း လုံ့လစိုက်ထုတ်ပြီး သူ့ထက်ကျင့်ကြံဆင့်သာလွန်အောင် အားထုတ်ထား။ အဲ့ဒါမှ ခင်ဗျား ကျုပ်ကို ကူညီနိုင်မှာ။"

"ခဏနေဦး၊ မင်းပဲ ငါ့ကို ဘုရင်အဆင့်ရောက်အောင် အရင်ကူညီမယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား? ငါ ဘုရင်အဆင့်ကို ရောက်ရင် ဂိုဏ်းထဲမှာ ပိုပြီးပြောရေးဆိုခွင့်ရှိလိမ့်မယ်။ မင်းနဲ့ ချင်ကျီမော့ကို လက်ထပ်ပေးဖို့ ဂိုဏ်းချုပ်ကိုလည်း ဖြောင့်ဖျလို့ ရနိုင်မယ်ထင်တယ် ဟုတ်တယ်မလား.."

"ဟမ့်၊ ခင်ဗျားရဲ့ အရည်အချင်းက အရမ်းညံ့လို့ ဘုရင်အဆင့်ကို အချိန်တိုအတွင်း မရောက်နိုင်ဘူး။ ကျုပ် အပြင်ထွက်ပြီး လေ့ကျင့်တာက ပိုကောင်းပါတယ်။ ပိုပြီးလည်း စိတ်ချရတယ်။”

"မင်း.."

ပထမ အကြီးအကဲသည် အလွန်ဒေါသထွက်သွားတော့သည်။

"ရှောင်ပိုင် ၊ မင်းစကားကိုမင်း မတည်ပါလား။ ငါ မင်းကို ကူညီပြီးပြီ။ မင်းပဲ မင်းကို ကူညီရင် ငါ့ကို ဘုရင်အဆင့်ရောက်အောင် ကူညီပေးမယ်ဆို .."

ရှောင်ပိုင်က သူ့ကို အလွန်အမင်း ရွံရှာစွာ ကြည့်လိုက်သည်။

"ကျုပ်ကိုကူညီခဲ့တာမှန်ပေမယ့် ခင်ဗျားကောင်းကောင်းမလုပ်ခဲ့ဘူးလေ။ ဒါ့ကြောင့် ခင်ဗျားကို ကျေးဇူးကြွေးမတင်စရာအကြောင်းမရှိဘူး။"

“ပြီးတော့ ခင်ဗျား ကျုပ်ရှေ့မှာ စကားကို လက်လွတ်စပယ်မပြောပါနဲ့ ။ ခင်ဗျား နတ်ဆိုးဂိုဏ်းက နတ်ဆိုးအရှင်ရဲ့ ကျင့်ကြံခြင်းနည်းလမ်းကို တိတ်တဆိတ် လေ့ကျင့်ပြီး ခင်ဗျားရဲ့ခန္ဓာကိုယ်ထဲ မကောင်းဆိုးဝါး အရှိန်အဝါတွေ ဖြစ်ပေါ်စေခဲ့တယ်။ ကျုပ်သာ ခင်ဗျားကို ကယ်တင်နိုင်တဲ့လူပဲ။ နောင်မှာ ခင်ဗျား ကျုပ်ရှေ့ မရိုမသေနဲ့ စိတ်မချမ်းသာအောင် လုပ်ရဲရင် ကျုပ် ခင်ဗျားကို ဆက်ပြီး ကူညီမှာလား မကူညီဘူးလားဆိုပြီး ဘေးဖယ်ထားလိုက်ဦး ခင်ဗျားအကြောင်းကို အားလုံးသိအောင် ပြောပြလိုက်မယ်။ ပထမအကြီးအကဲတစ်ယောက်အနေနဲ့ ချက်ချင်းသေဒဏ်ချခံရမှာ မလွဲမသေပဲ။”

ရှောင်ပိုင် ပြောပြီးသည်နှင့် ဖြည်းညှင်းစွာ ထွက်သွားသည်။

"ချင်ကျီမော့ကို ကူညီစောင့်ရှောက်ပေးဦး။ မူမမှန်တာတွေရှိရင် အချိန်မရွေးအကြောင်းကြားပေး။”

ရှောင်ပိုင်၏ တဖြေးဖြေးထွက်ခွာသွားသည့်ပုံရိပ်ကိုကြည့်ရင်း၊ ပထမအကြီးအကဲသည် လက်သီးများကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ပြီး သတ်ပစ်လိုစိတ်များ တဖြည်းဖြည်းပျံ့နှံ့လာသည်။ "ဒီမိုက်ရိုင်းတဲ့ ရှောင်ပိုင်! ငါ့ကို ခြိမ်းခြောက်ဖို့တောင် သတ္တိရှိပြီး ငါ့ကို ခွေးတစ်ကောင်လိုတောင် အမိန့်ပေးသွားသေးတယ်။ ငါ မင်းကို လောလောဆယ်တော့ မာနကြီးခွင့်ပေးထားလိုက်မယ်။ ငါ့ခန္ဓာကိုယ်ထဲက မကောင်းဆိုးဝါးအငွေ့အသက်တွေကို ဖယ်ရှားပြီးတဲ့နေက မင်းရဲ့သေနေ့ပဲ။”

လုရှောင်ယန် ဘက်တွင်၊ သူသည် ကောင်းကင်နတ်ဆိုးဂိုဏ်း၏တဲ၌ ကျင့်ကြံနေသောကြောင့် အပြင်ဘက်တွင် ဖြစ်ပျက်ခဲ့သမျှကို လုံးလုံးမသိလိုက်ပေ။

လက်ရှိသူသည် အနှစ်သာရခိုင်မြဲခြင်း အဋ္ဌမအဆင့်သို့ ရောက်သွားခဲ့ပြီဖြစ်သည်။ သူ၏အောင်မြင်မှုသည် အရမ်းမြန်သောကြောင့် နေ့တိုင်း အားအင်တွေပြည့်နေပြီး လုံ့လစိုက်ထုတ်ကာကျင့်ကြံခဲ့တယ်။ တပည့်တွေနှင့် သူသည် အတူတကွ ကျင့်ကြံခဲ့သည်။ ဒါကြောင့် သူတို့၏ ခန္ဓာကိုယ်ထဲရှိ ကျင့်ကြံဆင့်သည် အချိန်တိုင်း တိုးလာနေသည်ကို တွေ့နေရသည်။

သို့သော် သူ တရားထိုင်နေစဉ်တွင် တဲအပြင်ဘက်မှ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

"ခွင့်ပြုပါ၊ ဒါက ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ တဲလား။ အထဲမှာ တစ်ယောက်ယောက်ရှိလား?"

လုရှောင်ယန် မျက်လုံးကို အနည်းငယ်ဖွင့်ကာ ကျင့်ကြံခြင်းကို ရပ်လိုက်သည်။ ထို့နောက် သူသည် တဲထဲမှ ထွက်လာပြီး ရောက်လာသူမှာ လိပ်နက်ဂိုဏ်း၏ တပည့် အမျိုးသမီးတစ်ယောက် ဖြစ်သည်ကို တွေ့လိုက်ရသည်။

"မင်းက....."

တစ်ဖက်လူက နူးညံ့စွာပြုံးပြီး ပြောသည်။ "မင်္ဂလာပါ၊ ရှင်က လုရှောင်ယန်၊ ကျင့်ကြံသူလု ဟုတ်လား မေးလို့ရမလား?"

လုရှောင်ယန် ခေါင်းညိတ်လိုက်သည်။

တစ်ဖက်လူက သူမ၏အင်္ကျီထဲက စာအိတ်ကို ချက်ချင်းထုတ်ပြီး သူ့ဆီ ပေးသည်။

'နို့' အနံ့ အရမ်းပြင်းတာပဲ။

“တစ်ယောက်ယောက်က ဒါကို ရှင့်ကို ပေးခိုင်းလိုက်တယ်။ ကြည့်ရှုနိုင်မယ်လို့ မျှော်လင့်ပါတယ်။"

"ကျုပ်ကို ပေးခိုင်းတာ ဘယ်သူလဲ?"

တစ်ဖက်သားက ထူးထူးခြားခြား ပြုံးပြသည်။

“ကျွန်မ ရှင့်ကို မပြောနိုင်ဘူး။ သိချင်ရင် စာအိတ်ကို ကိုယ်တိုင်ဖွင့်ကြည့်လိုက်ပါ။”

လုရှောင်ယန်သည် သူ၏လက်ကို ဝိညာဉ်စွမ်းအင်ဖြင့် ရစ်ပတ်ပြီး တဖက်လူ၏ စာအိတ်ကို လက်ခံရယူခြင်းမပြုမီ တစ်ခဏမျှ ငြိမ်သက်နေခဲ့သည်။

တစ်အချက်မှာ သူသည် တစ်ဖက်လူက စာအိတ်ပေါ်တွင် အဆိပ်များ လိမ်းကျံလာမည်ကို စိုးရိမ်နေပါသည်။ နောက်တစ်ချက်အနေနှင့်လည်း စာအိတ်ကို တဖက်လူက သိမ်းထားခဲ့သည့်နေရာကို မုန်းသည်။

လေးလေးနက်နက်ပြောရလျှင် စာကို သူမ၏အင်္ကျီလက်ထဲ ထည့်ထားလို့မရဘူးလား? သူမဘာကြောင့်များ အဲ့ဒီနေရာမှာမှထားရသည်လဲ။ စာအိတ်ကိုလက်ခံရရှိသောအခါ တစ်ဖက်လူက ချက်ခြင်းလှည့်၍ ထွက်သွားသည် ။ လုရှောင်ယန်သည် စာအိတ်ကိုပင် မဖွင့်ဘဲ သူ၏ စိတ်အာရုံကို တိုက်ရိုက်အသုံးပြုခဲ့သည်။

“မြောက်ပိုင်းဒေသရဲ့ ထိပ်မှာ တွေ့မယ်။ မင်းရောက်လာတဲ့အထိ ငါစောင့်နေမယ်။"

ထိုစကားများကိုမြင်ပြီးနောက် လုရှောင်ယန် မတတ်သာပဲ ချက်ခြင်းပင် စတင်တွေးတော့သည်။

“ငါ့ကို မြောက်ပိုင်းဒေသရဲ့ ထိပ်မှာ တွေ့ဆုံဖို့ ဘယ်သူက တောင်းဆိုမှာလဲ? ဒီဂိုဏ်းထဲမှာ ငါ့အသိ သူငယ်ချင်းအများကြီး မရှိပါဘူး။"

"သူတို့ ငါ့ကို ချောင်းမြောင်းတိုက်ခိုက်ချင်နေတာများလား? အဲဒါ မမှန်သေးဘူး။ ဒါက လိပ်နက်ဂိုဏ်း လေ။ ဘယ်သူက ဒီမှာ ဒုက္ခရှာရဲမှာလဲ?”

"ဒါပေမယ့် တဖက်လူက ဘယ်သူလဲ? မိတ်ဆွေလား ရန်သူလား? ယောက်ျားလား မိန်းမလား..."

အချိန်အတော်ကြာ စဉ်းစားပြီးနောက် လုရှောင်ယန်သည် သူနားမလည်နိုင်မှန်း သိသွားသည်။ ထိုအကြောင်းသည် သူ့ကို အမှန်ပင် ခေါင်းကိုက်စေသည်။

ထို့ကြောင့် သူ၏လက်ထဲမှ စာကို စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်ပြီးနောက် လုရှောင်ယန်သည် မီးတောက်အနည်းငယ်ကို ဖန်တီးလိုက်ပြီး စာအိတ်ကို မီးရှို့လိုက်သည်။

ဘယ်လိုရွေးရမှန်း မသိတဲ့အခါ၊ ရွေးချယ်တာကို စွန့်လွှတ်လိုက်တာ အကောင်းဆုံးပါပဲ။

အခု သူ့မှာ စာအိတ်မရှိတော့သည့်အတွက် စိတ်ပူစရာ မလိုတော့ဘူးဆိုသည့် သဘောပဲပေါ့။

လုရှောင်ယန်သည် ကိုယ့်ကိုယ်ကိုယ် ဉာဏ်ကြီးရှင်တစ်ဦးကဲ့သို့ပင် ခံစားလိုက်ရသည်။

လုရှောင်ယန်တစ်ယောက် ကောက်ကျစ်စွာပြုံးပြီး တဲထဲသို့ လှည့်ဝင်လာခဲ့သည်။ သူသည် ဆက်လက်၍ တရားထိုင်ကာ ကျင့်ကြံခဲ့သည်။

တစ်ချိန်တည်းမှာပင် လိပ်နက်ဂိုဏ်းမှ အမျိုးသမီးတပည့်သည် စာကို ပေးပို့ပြီးနောက် လိပ်နက်ဂိုဏ်း၏ မြောက်ပိုင်းဒေသ ထိပ်သို့ ချက်ချင်း ပြန်သွားသည်။

“မြင့်မြတ်သော မိန်းမပျို၊ စာအိတ်ကို လုရှောင်ယန်ကို ပေးပြီးပါပြီ။ အခုလောက်ဆို စာအိတ်ထဲက အကြောင်းအရာတွေကို သူမြင်ပြီးပြီနေမှာပါ။ သူ ဒီကိုလာနေတာ ဖြစ်နိုင်တယ်။"

ချင်ကျီမော့၏ နှုတ်ခမ်းထောင့်များသည် အနည်းငယ် ကွေးညွတ်သွားသည်။

"နားလည်ပြီ။ မင်းသွားလို့ရတယ်။ ငါ့အမိန့်မရှိရင် မြောက်ပိုင်းဒေသရဲ့ ထိပ်ကို ခြေချခွင့်မရှိဘူး”

“ဟုတ်ကဲ့….”

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် - ၅။ အခန်း ၆၈

သူမလက်အောက်ငယ်သား ထွက်သွားပြီးနောက်၊ ချင်ကျီမော့ သူမ၏မျက်နှာကိုလက်နှင့်အုပ်ပြီး မြက်ခင်းပြင်ပေါ်တွင် ထိုင်ကာ လကို ငေးမောကြည့်လိုက်သည်။

ဒီအချိန်မှာ သူမဟာ အရူးတစ်ယောက်လိုပါပဲ။ သူမသည် အကြောင်းပြချက်မရှိဘဲ ရယ်မောကာ မျက်နှာနီမြန်းနေသည်။

သူမသည် လိပ်နက်ဂိုဏ်း၏ မြင့်မြတ်သော မိန်းမပျိုဖြစ်သည်မှာ အမှန်ပင်ဖြစ်သော်လည်း၊ ယောက်ျားတစ်ယောက်အပေါ်တွင် ဤကဲ့သို့ မခံစားခဲ့ဖူးပေ။ ဤကဲ့သို့သောခံစားချက်မျိုး ခံစားလာရသည့်အခါတွင် သူမ၏ အိုင်ကျူသည် တဖြည်းဖြည်း ကျဆင်းလာသည်ကိုတောင် သတိမထားမိပါပေ။

“ငါဘယ်သူလဲဆိုတာ မသိသေးလောက်ဘူး။ သူငါ့ကိုဒီမှာတွေ့ရင် အံ့သြသွားမလားလို့ သိချင်မိတယ်။"

"သူ ဘာအရောင် ကြိုက်လဲမသိဘူး။ ငါဒီနေ့အဖြူရောင်ဝတ်စုံဝတ်ထားတယ်။ အဖြူရောင်ကို မကြိုက်ဘဲများနေမလား။"

"တွေ့တဲ့အခါ သူ့ကို ငါ ဘယ်လိုနှုတ်ဆက်ရမလဲ? 'မင်္ဂလာပါ ငါက ချင်ကျီမော့' ဒါမှမဟုတ် 'ထပ်တွေ့ကြပြန်ပြီနော်။ ဟေး ငါ ချင်ကျီမော့ပါ။"

“ပထမတစ်မျိုးက အရမ်းပုံမှန်ဆန်တယ်၊ ဒုတိယတစ်မျိုးကတော့ အရမ်းမိုက်ပုံရတယ်။ တကယ်တော့ ငါ သူ့ကို စကားတောင် မပြောဖူးဘူးပဲ။”

ချင်ကျီမော့ မျက်မှောင်ကြုတ်ပြီး အတော်လေး အကျပ်ရိုက်သွားသည်။

ကောင်းကင်မှာ လရောင်တွေ တရိပ်ရိပ်ရွေ့လျားနေကာ အချိန်တွေက တစ်စက္ကန့်ပြီးတစ်စက္ကန့် ကုန်ဆုံးသွားသည်။

မကြာခင် နှစ်နာရီကုန်ဆုံးသွားလေသည်။

"နေဦး သူဘာလို့ဒီကို မရောက်သေးတာလဲ? အလုပ်များနေလို့ ဖြစ်နိုင်တာပဲ။ ငါနည်းနည်းထပ်စောင့်ရမယ်။"

မကြာမီ နောက်ထပ် နှစ်နာရီကြာသွားသည်။ “သူ မလာသေးဘူး။ သူဒီနေ့ အလုပ်အရမ်းရှုပ်နေတာဖြစ်မယ်။ အစီအရင်ဖွဲ့စည်းရေး အစည်းအဝေးက ဒီနေ့မှ ပြီးတာဆိုတော့လေ...။”

နောက်ထပ်နှစ်နာရီအကြာတွင် ချင်ကျီမော့သည် သံသယဝင်နေပြီဖြစ်သည်။

"သူ မလာချင်တာဖြစ်နိုင်မလား.. မေ့လိုက်ပါ၊ စောသေးတာပဲ။ ကျွန်မ ရှင့်ကို နောက်ထပ် နှစ်နာရီလောက် ထပ်စောင့်မယ်။ ရှင် အစွမ်းကုန်ကြိုးစားပြီး ကျွန်မ ရှေ့မှာ မြန်မြန်ပေါ်လာဖို့ မျှော်လင့်တယ်။"

"လုရှောင်ယန် ဘာလုပ်နေတာလဲ? တစ်ယောက်ယောက်နဲ့ စကားပြောနေရလို့ဆိုရင်တောင် ပြီးသင့်နေပြီမဟုတ်ဘူးလား?”

“မိုးလင်းခါနီးပြီ။ ငါပြန်ရမှာလား ဒါပေမယ့်... သူလာနေလို့ ငါ့ကိုမတွေ့ရင် ဘယ်လိုလုပ်မလဲ? ထားလိုက်ပါ၊ ငါစောင့်မယ်။"

အနောက်ဘက်မှ လကွယ်သွားသောအခါ၊ အရှေ့ဘက်၌ စူးရှသော အလင်းတန်းပေါ်လာကာ နေ့၏ ကုလားကာကို ပွင့်စေခဲ့သည်။ ခရမ်းရောင် တိမ်တိုက်တွေ အရှေ့ဘက်တွင် ပေါ်လာသည်။ ချင်ကျီမော့တစ်ယောက် မေးလေးထောက်ပြီး ကောင်းကင်ကို မှေးမော့ကြည့်လိုက်သည်။

ထိုအချိန်တွင် သူမ၏နောက်က မြက်ခင်းပြင်၌ ရုတ်တရက် လှုပ်ရှားသွားတယ်။

"ရှောင်ယန် ရှင်ရောက်ပြီလား?"

ချင်ကျီမော့ ရုတ်တရက် ထရပ်လိုက်ပြီး သူမ၏နောက်ကို လှမ်းကြည့်လိုက်သည်။ သို့သော် သူမကို စာပို့ရန် ကူညီပေးသော တပည့်ကိုသာ မြင်လိုက်ရသည်။

သူမ၏မျက်နှာပေါ်ရှိ မျှော်လင့်ချက်များအားလုံးသည် စိတ်ပျက်မှုအဖြစ်သို့ ချက်ချင်းပြောင်းသွားသည် ။

သူမသည် နာကျင်သလို ခံစားလိုက်ရသည်… သို့သော် သူမ မျက်ရည်မကျအောင် ထိန်းထားဆဲပင်။

နောက်တစ်ခုက သူမ၏လက်အောက်ငယ်သားရှေ့တွင် ငိုလျှင် ရှက်စရာကောင်းသည်။ တဖက်သူက မီးသွေးကဲ့သို့ မည်းနေသော ချင်ကျီမော့၏မျက်နှာကို ကြည့်လိုက်သည်။ သူမသည် မတတ်သာပဲ နှလုံးခုန်မြန်လာသည်။ သူမ ဘာအမှားလုပ်မိလို့လဲ။ မြင့်မြတ်သော မိန်းမပျို အဘယ်ကြောင့်များ မျက်နှာ အလွန်မကောင်းရသနည်း။

မြင့်မြတ်သော မိန်းမပျိုက သူမကို သတ်များ သတ်တော့မည်လား။

“ မြင့်မြတ်သော ...မိန်းမပျို၊ ပြန်ကြရအောင်။ မနက်ရောက်နေပြီ။"

ချင်ကျီမော့ သူမကို စူးစူးစိုက်စိုက်စိုက်ကြည့်ပြီး ပြောသည် ။

"မင်း ငါ့စာကို ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ အကြီးအကဲလုကို ပို့ပေးခဲ့တာလား?"

"အမ်.. ဟုတ်ပါတယ်။ မင်းရဲ့အမိန့်ကို အကောင်အထည်ဖော်ဖို့ ကျွန်မသေချာပေါက် အစွမ်းကုန်လုပ်ပါတယ်၊ မြင့်မြတ်သော မိန်းမပျို..။ ကျွန်မ သူ့ဆီ သီးသန့် ပေးလိုက်တာပါ။" ချင်ကျီမော့ မေးစေ့ကို ကိုင်ကာ မျက်မှောင်ကြုတ်လိုက်သည်။

“ဒါက ထူးဆန်းတယ်။ မင်း သူ့ကို စာပေးခဲ့ရင် သူ ဘာလို့မလာတာလဲ?"

"ထားလိုက်တော့၊ ငါကိုယ်တိုင်ပဲ သွားကြည့်မယ်။"

ထိုသို့တွေးပြီး ချင်ကျီမော့သည် သူမ၏ခြေထောက်ကို အသာအယာ တစ်ချက်ဆောင့်လိုက်ကာ တောင်ပေါ်ကနေ ချက်ချင်း ပြေးဆင်းသွားသည်။

များမကြာမီ သူမသည် ကောင်းကင်နတ်ဆိုးဂိုဏ်း၏ တဲဆီသို့ ရောက်လာသည်။

ဤအချိန်တွင် စခန်းရှိလူအများစုသည် ၎င်းတို့၏ တဲများကို သိမ်းပြီး ၎င်းတို့၏ ဂိုဏ်းသို့ ညတွင်းချင်း အမြန်ပြန်နေကြသည်။

ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ရလဒ်များသည် ဤတစ်ကြိမ်တွင် အတော်လေး ကောင်းမွန်သောကြောင့် တဲကို မသိမ်းရသေးပေ။

စင်စစ် ဤသည်မှာ နှစ်ပေါင်းများစွာအတွင်း ကောင်းကင်နတ်ဆိုးဂိုဏ်းက ယခုလို တစ်တိုင်းပြည်လုံးဆိုင်ရာစုဝေးပွဲတွင် အဆင့်၃၂ နေရာကို ပထမဆုံး ရရှိခဲ့ခြင်း ဖြစ်သည်။

ချင်ကျီမော့ ရောက်ရှိလာသောအခါ၊ အကြီးအကဲထျဲ့သည် ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဆိုင်းဘုတ်ကို သူ၏အင်္ကျီလက်နှင့် သုတ်ကာ အပြင်ဘက်တွင် ရှိနေသည်။ "မင်္ဂလာပါ အကြီးအကဲ။"

"မင်္ဂလာပါ.."

အကြီးအကဲထျဲ့က ဝမ်းသာအားရ နှုတ်ဆက်ပြီး လှည့်ကြည့်လိုက်သည်။ မကြည့်ရင်ကောင်းပေမယ့် ကြည့်လိုက်တော့ သူချက်ချင်း ထိတ်လန့်သွားသည်။

“မင်း...က… မင်းက လိပ်နက်ဂိုဏ်းရဲ့ မြင့်မြတ်သော မိန်းမပျို မဟုတ်လား?”

ချင်ကျီမော့ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"ဟုတ်ပါတယ်၊ ကျွန်မပါ။ ဘာဖြစ်လို့လဲ?"

“အိုး ဘာမှမဖြစ်ပါဘူး။ မင်းဘာလို့ ငါတို့ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ တဲကို လာတာလဲ?"

"ဘာမှမဟုတ်ပါဘူး။ ရှင်တို့ဂိုဏ်းရဲ့ အကြီးအကဲလုရှောင်ယန်ကို တွေ့ချင်လို့။ အခု တဲထဲမှာ အကြီးအကဲလုရှောင်ယန် ရှိလားလို့ မေးပါရစေ။"

“သြော် ဒါပေါ့၊ ငါ မင်းအတွက် သူ့ကို အခုချက်ချင်း သွားခေါ်လိုက်မယ်။"

ထိုစကားပြောပြီး အကြီးအကဲထျဲ့သည် တဲထဲသို့ အမြန်ပြေးသွားသည်။

“ဂိုဏ်းချုပ်၊ သတင်းထူး!”

ဂိုဏ်းချုပ်ချန်နှင့် အခြားသူများသည် သူတို့၏ ပစ္စည်းများကို ထုပ်ပိုးပြီး ယနေ့ည ကောင်းကင်နတ်ဆိုးဂိုဏ်းသို့ ပြန်တော့မည်ဖြစ်သည်။ အကြီးအကဲထျဲ့ ရုတ်တရက် အော်ဟစ်ကာ ပြေးဝင်လာသည်ကို မြင်လိုက်ရတော့ သူတို့အားလုံး အနည်းငယ် အံ့သြသွားကြသည်။

"အကြီးအကဲထျဲ့၊ မင်းဘာလို့အလျင်လိုနေတာလဲ?"

အကြီးအကဲထျဲ့က ဂိုဏ်းချုပ်ချန်၏လက်မောင်းကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ပြီးမှ စကားပြောနိုင်တော့သည်။ "ဂိုဏ်းချုပ်၊ အပြင်မှာ ရှောင်ယန်ကို ရှာနေတဲ့တစ်ယောက်ယောက်ရှိတယ်။ ဘယ်သူလဲ ခန့်မှန်းကြည့်။"

"ဘယ်သူမို့လို့လဲ?"

"လိပ်နက်ဂိုဏ်းရဲ့ မြင့်မြတ်သော မိန်းမပျို ချင်ကျီမော့" "ဘာ! မြင့်မြတ်သောမိန်းမပျိုချင်!?"

လူတိုင်း တုန်လှုပ်သွားကြသည်။

"အတည်ပြောနေတာလား..."

"အတည်ပါ။ တကယ်ပြောနေတာ...။ သူမ တံခါးအပြင်ဘက်မှာ ရှိနေတယ်။ မယုံရင် မင်းရဲ့စိတ်အာရုံကို သုံးပြီး မင်းကိုယ်တိုင်မြင်အောင်ကြည့်ကြည့်။"

လူတိုင်းသည် သူတို့၏ စိတ်အာရုံများကို ချက်ချင်း သုံးလိုက်ကြသည်။ အတည်ပြုပြီးနောက် ချက်ချင်းပင် တုန်လှုပ်သွားကြသည်။

အမှန်ပင် တဖက်လူသည် ချင်ကျီမော့ ဖြသ်သည်။

"သူမက ရှောင်ယန်ကို ဘာလို့ လာရှာတာလဲ?"

"သူမနဲ့ ရှောင်ယန်မှာ လျှို့ဝှက်ချက်တစ်ခုခုရှိနေလို့လား?"

ပထမအကြီးအကဲ၏ မျက်လုံးများသည် အဆက်မပြတ် မျက်တောင်ခတ်နေသည်။

" ခန့်မှန်းမနေနဲ့တော့...။ မြန်မြန်သွားပြီး သူ့ကို ကြိုဆိုဖို့ ရှောင်ယန်ကို ပြောလိုက်။"

"ဟုတ်တယ် ရှောင်ယန်ကို အမြန်အကြောင်းကြားလိုက်!"

အကြီးအကဲအုပ်စုသည် လုရှောင်ယန်၏အခန်းဆီသို့ ချက်ချင်းသွားကာ အော်ဟစ်လိုက်သည်။

ဤတဲများပေါ်ရှိ အထည်များကို အစီအရင်များဖြင့် တည်ဆောက်ထားသည်။ သူတို့သည် ကွန်ကရစ်ထက်တောင် ပိုခိုင်မာသည်။ အခန်းငယ်တိုင်းသည် အမှန်တကယ်ပင် သိုဝှက်ထားသည်။

"ရှောင်ယန် မြန်မြန်ထွက်လာခဲ့..။"

လုရှောင်ယန်သည်လည်း သူ့အခန်းတံခါးနားမှာ လူတွေရှိနေသည်ကို ခံစားမိလိုက်သည်။ အကြီးအကဲများ အော်ဟစ်လာသည်နှင့် သူလည်း အစီအရင်များကို ဖယ်ရှားပြီး ခန်းဆီးကို ဖွင့်လိုက်သည်။

"ဂိုဏ်းချုပ်၊ ကျွန်တော်တို့ပြန်ကြတော့မှာလား ကျွန်တော့်မှာထုပ်ပိုးစရာဘာမှမရှိဘူး။ ချက်ချင်းသွားလို့ရတယ်။"

ဂိုဏ်းချုပ်ချန်သည် အသာအယာ ချောင်းဆိုးလိုက်သည်။

“ငါတို့ မသွားသေးဘူး။ အပြင်မှာ တစ်ယောက်ယောက်က မင်းကို ရှာနေတယ်။"

"တစ်ယောက်ယောက် ကျွန်တော့ကိုလိုက်ရှာနေတာလား?"

လုရှောင်ယန် အနည်းငယ် အံ့ဩသွားသည်။

"ဘယ်သူလဲ.."

"မင်းသွားပြီးရင်သိမှာပါ"

လုရှောင်ယန် ပို၍ပင် ပဟေဠိဆန်သွားသည်။ ဂိုဏ်းချုပ််နဲ့ တခြားသူတွေက ဘာကြောင့် ဒီလောက် လျှို့ဝှက်ရသည်လဲ?

သို့သော် သူသည် တဲထဲမှ ထွက်လာလိုက်သေးသည်။

ဂိုဏ်းချုပ်နှင့် အခြားလူများသည်တော့ သူ၏နောက်တွင် ကျန်ခဲ့ကာ ချက်ချင်းဆွေးနွေးခန်းဝင်တော့သည်။

"လိပ်နက်ဂိုဏ်းရဲ့ မြင့်မြတ်သောမိန်းမပျိုက ရှောင်ယန်ကို ကိုယ်တိုင်လာတွေ့မယ်လို့ မမျှော်လင့်ထားဘူး။ သူတို့ရဲ့ ဆက်ဆံရေးက ထူးထူးခြားခြား ဖြစ်ပုံပဲ။”

“လိပ်နက်ဂိုဏ်းရဲ့ မြင့်မြတ်သောမိန်းမပျိုက ထူးကဲတဲ့ အဆင့်အတန်းရှိတယ်။ အနာဂတ်မှာ သူမက လိပ်နက်ဂိုဏ်းရဲ့ဂိုဏ်းချုပ်ဖြစ်လာနိုင်ဖွယ်လည်း ရှိသေးတယ်။ ရှောင်ယန်နဲ့ သူနဲ့ မိတ်ဆွေ ဖြစ်နေတာက ကျုပ်တို့ရဲ့ကောင်းကင်နတ်ဆိုးဂိုဏ်းအတွက် အရမ်းကောင်းတဲ့ကိစ္စပဲ။ ဒါပေမယ့် ရှောင်ယန်ရဲ့ အဆင့်အတန်းက အရမ်းနိမ့်နေတော့ အခြားသူများရဲ့ လှောင်ပြောတာကို ခံရနိုင်တယ်။ ရှောင်ယန်ရဲ့ အဆင့်အတန်းကို မြှင့်တင်ဖို့ နည်းလမ်းတစ်ခု စဉ်းစားသင့်တယ် မဟုတ်ဘူးလား။”

“ဒါပေမယ့် အခု သူက အကြီးအကဲအုပ်စုရဲ့ အဖွဲ့ဝင်ဖြစ်နေပြီလေ။ ဒီ့ထက် ပိုမြင့်တဲ့ ရာထူး မရှိဘူး။”

လူတိုင်းက မျက်မှောင်ကြုတ်ပြီး တွေးနေကြစဉ် ပထမအကြီးအကဲက အကြံတစ်ခု စဉ်းစားမိပုံရသွားကာ အသက်ပြင်းပြင်းတစ်ချက်ရှူပြီး စူးစူးစိုက်စိုက်ကြည့်ကာ ပြောသည် ။

"ဂိုဏ်းချုပ်၊ ကျုပ်မှာ အတင့်ရဲသွားသလိုပုံပေါ်မယ့် အကြံတစ်ခုရှိတယ်။"

"အိုး ကျေးဇူးပြုပြီး ပြောပြပါ ပထမအကြီးအကဲ။”

"ဂိုဏ်းချုပ်၊ မင်းဘာလို့များ ရာထူးကိုမစွန့်လွှတ်လိုက်တာလဲ…."

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် - ၅။ အခန်း ၆၉ ဒီတော့ ငါ့ကိုသဘောကျတယ်ပေါ့?

ဂိုဏ်းချုပ်ချန် တစ်ခုခုပြန်မပြောခင် ခဏတာမျှတိတ်ဆိတ်လို့သွားခဲ့သည်။

"ပထမအကြီးအကဲ မင်း.. ရှောင်ယန် ကို ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်စေချင်လို့လား..."

"ဟုတ်တယ် ကျွန်တော်ဆိုလိုချင်တာအဲ့တာပဲ။" ပထမအကြီးအကဲ ခေါင်းညိမ့်ပြီးရှင်းပြသည်။

" ရှောင်ယန်ရဲ့ကျင့်ကြံဆင့်ကနိမ့်ပေမယ့် အဲ့တာ သူကငယ်သေးလို့လေ.. ပြီးတော့ အကုန်လုံးလည်း သူ့ရဲ့ အခင်းအကျင်းပညာရပ် အရည်အချင်းကိုတွေ့မြင်ခဲ့ကြတာပဲ ပြီးတော့ လိပ်နက်ဂိုဏ်းရဲ့မြင့်မြတ်သောမိန်းမပျိုနဲ့လည်း သူက သူငယ်ချင်းတွေ ဖြစ်နေတယ်။ ဆိုတော့ သူ့ကို ဂိုဏ်းချုပ်လုပ်ခိုင်းတာက ကျွန်တော်တို့ ကောင်းကင်နတ်ဆိုးဂိုဏ်းကို မနစ်နာစေပါဘူး.."

"ဂိုဏ်းချုပ်ကတော့ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဘိုးဘေး အကြီးအကဲဖြစ်လာပြီး ကျင့်ကြံခြင်းကို အာရုံစိုက်လို့ရတာပဲ။"

ဂိုဏ်းချုပ်၏မျက်လုံးထဲတွင် အကျိုးအကြောင်းတွေးတောကာ လွန်ဆွဲနေပုံပေါ်သည်။

"ဒါပေမယ့် ငါက အသက်တစ်ရာပဲရှိသေးတယ်၊ ငါ့ဘဝရဲ့ ထိပ်ဆုံးကိုရောက်ရမယ့်အချိန်မှာမှ ပင်စင်ယူရတော့မှာလား?"

"အဲ့တာက… ရပါတယ်။ ဒါပေမယ့် ရှောင်ယန်က သူ့ရဲ့အဆင့်အတန်းကြောင့် မြင့်မြတ်သောမိန်းမပျိုနဲ့ ရှေ့ဆက်လို့မရရင် နှမြောစရာကောင်းလွန်းတယ်လေ"

ထိုစကားကိုကြားသော် ဂိုဏ်းချုပ်၏အမူအရာပြောင်းလဲသွားပြီး သူ ချက်ချင်း လေးလေးနက်နက်ပြောသည်။

"ငါပြန်သွားပြီးရင် ရာထူးကဆင်းပေးပြီး ကောင်းကင်နတ်ဆိုးဂိုဏ်း ဂိုဏ်းချုပ်နေရာကို ရှောင်ယန်ကိုလွှဲပေးလိုက်မယ်။" ရှောင်ယန်သာ လိပ်နက်ဂိုဏ်းရဲ့ မြင့်မြတ်သောမိန်းမပျိုနဲ့ နောက်တဆင့်တက်နိုင်ရင် ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့အဆင့်ကအများကြီးမြင့်သွားမှာ..

ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ အောင်မြင်မှုအတွက် သူဘာကြောင့်ဂိုဏ်းချုပ်လုပ်နေရမည်လဲ။ ထိုအစား ရာထူးကဆင်းပြီး ဘိုးဘေး အကြီးအကဲလုပ်လိုက်မည်။

ကြည့်ရတာ သူ့တစ်သက် ကောင်းကင်နတ်ဆိုးဂိုဏ်း၏အောင်မြင်မှုကို မြင်ရတော့မည်ထင်သည်။

လုရှောင်ယန် တဲထဲမှထွက်လာသည်နှင့် ချင်ကျီမော့ကိုတွေ့လိုက်ရသည်။

သူ မတတ်သာပဲ အနည်းငယ် အံ့သြသွားသည်။

"မင်းပဲကိုး.."

လုရှောင်ယန်သည် တဖက်လူမှာ ချင်ကျီမော့ဖြစ်မည်ဟုမမျှော်လင့်ခဲ့ပေ။

သူ ဤမိန်းကလေးကို မှတ်မိနေသေးသည်။

ထိုအချိန်က သူမ သေလုမျောပါးဖြစ်နေပြီး သူတရွတ်တိုက်ဆွဲခေါ်တာကိုပါခံခဲ့ရသေးသည်။ အကြိမ်တိုင်း ဝက်ဝံနက်နှစ်ကောင် ပြန်ပို့တာခံရသည်။

နောက်ဆုံးတွင် သူသည် သူမကိုမြေမြှပ်ခဲ့ပြီး ဝက်ဝံနက်နှစ်ကောင်က တူးပြီးတော့ ဂူဝကိုလာပို့ခဲ့သေးသည်။ နောက်ဆုံးတွင် သူ ဒီအတိုင်းထွက်သွားခဲ့သည်။

သူသည် ဤမိန်းကလေးကသူ့ကိုလာရှာမည်ဟုမမျှော်လင့်ခဲ့ပေ။ ချင်ကျီမော့ က သူ့ကို ရွှင်ရွှင်ပျပျ ပြုံးပြလာသည်။

"ဘာလို့လဲ ကျွန်မကို ဒီနေရာမှာတွေ့တာ အံ့သြသွားတာလား"

လုရှောင်ယန် ခေါင်းညိမ့်သည်။

"ငါနည်းနည်း အံ့အားသင့်သွားတယ်"

ဤအချိန်တွင် မနီးမဝေးရှိလူများသည် လှမ်းကြည့်နေကြသည်။

"အဲ့တာ လိပ်နက်ဂိုဏ်းရဲ့ မြင့်မြတ်သောမိန်းမပျိုမလား? သူမက ဒီမှာဘာလာလုပ်တာလဲ?"

"ဒါနဲ့ ဘယ်သူ့ကိုစကားပြောနေတာလဲ?"

"အဲ့တာကောင်းကင်နတ်ဆိုးဂိုဏ်းက လုရှောင်ယန် မဟုတ်လား? ဒီတစ်ခေါက်ပွဲမှာ သူရလဒ်တွေကောင်းတယ်လေ။ အဆင့် ၃၀ ဝန်းကျင်လောက်ရတယ်။" လုရှောင်ယန် အနည်းငယ် မျက်မှောင်ကြုတ်လိုပ်သည်။ သူသည် တဖက်သူကို လိပ်နက်ဂိုဏ်းရဲ့ မြင့်မြတ်သောမိန်းမပျို ဖြစ်မည်ဟုမသိခဲ့ပေ။ သူမ ဘယ်လိုလုပ် သူ့ကိုရှာတွေ့နိုင်သည်လဲ နားလည်သွားတော့သည်။

သို့သော် မိန်းကလေးတွေက အရမ်းအလုပ်ရှုပ်လှသည်။ သူမရောက်လာသည်နှင့် လူတွေကလှမ်းကြည့်နေကြပြီ။ ၎င်းသည် သူ့ကိုပါ အလွယ်လေး လူသိများစေနိုင်သည်။

"ဘာကိစ္စလဲ? ကိစ္စမရှိရင်ပြန်တော့။ ငါ ပြန်ဖို့ အထုပ်အပိုးတွေပြင်ရဦးမယ်။ ငါတို့ ကောင်းကင်နတ်ဆိုးဂိုဏ်းက ခဏနေပြန်တော့မှာ.."

"အာ..ကောင်းကင်နတ်ဆိုးဂိုဏ်းက အစောကြီးပြန်တော့မှာလား.."

လုရှောင်ယန် ခေါင်းညိမ့်လိုက်သည်။

"ဒါပေါ့ ပြိုင်ပွဲကပြီးသွားပြီပဲ ဘာလို့ဆက်နေရဦးမှာလဲ.. ငါတို့က နတ်ဆိုးချိတ်ပိတ်ခြင်းအစီအရင်မှာမပါဝင်ဘူးလေ။"

ထိပ်တန်းစာရင်း၏ ထိပ်ဆုံးအယောက်နှစ်ဆယ်နှင့်တင် နတ်ဆိုးချိတ်ပိတ်ခြင်းအစီအရင်ကိုချရန် လုံလောက်သည်။ သေချာပေါက်ပင် လိပ်နက်ဂိုဏ်း၏ အပြီးအကဲများက ဦးဆောင်မည်ဖြစ်သည်။ သူတို့သည် အဓိက အင်အားစုပင်ဖြစ်သည်။

သို့သော် လိပ်နက်ဂိုဏ်း တစ်ခုတည်း အစီအရင်ကိုလုပ်ရန်မှာအရမ်းအန္တရာယ်များသည်။ အကယ်၍ အကြီးအကဲတစ်ဦးဦးကို နတ်ဆိုးကထိန်းချုပ်နိုင်ခဲ့လျှင် နတ်ဆိုးချိတ်ပိတ်ခြင်းအစီအရင် ပျက်ပြယ်သွားပြီး နတ်ဆိုးအရှင်လွတ်မြောက်သွားနိုင်သည်။

ထို့ကြောင့် အခြားဂိုဏ်းများမှ အစီအရင်သခင်များ စုဆောင်းခြင်းမှာ ထပ်တိုးလုံခြုံရေးအတွက် အာမခံချက်ဖြစ်သည်။

ပထမအဆင့်ရှောင်ပိုင်က လိပ်နက်ဂိုဏ်းမှထွက်သွားခဲ့လျှင်ပင် အစားဝင်ရန်မှာ လုရှောင်ယန်၏အလှည့်မဟုတ်ပေ။ သူသည် အဆင့်၃၂ ဖြစ်သည်လေ..။

ချင်ကျီမော့သည် လုရှောင်ယန် ပြန်တော့မည်ဆို၍ ဘာကြောင့်မှန်းမသိပဲ အနည်းငယ် စိတ်ဓါတ်ကျသွားသည်။

သူမသည် လုရှောင်ယန် ကိုကြည့်၍ နှုတ်ခမ်းကိုက်ကာပြောသည်။

"အကြီးအကဲလု ကျွန်မတို့ ခဏလောက် သီးသန့်စကားပြောလို့ရမလား.."

"အဲ့လိုလုပ်ဖို့လိုလို့လား.. ငါတို့ကမရင်နှီးဘူးလေ။ ပြီးတော့..ယောကျ်ားနဲ့မိန်းမ ဆိုတော့ မသင့်တော်ဘူး"

"အချိန်အများကြီးမယူပါဘူး..ခဏလေးပါ "

ချင်ကျီမော့၏ တောင်းဆိုနေသောလေသံသည် လုရှောင်ယန်ကို တစ်စုံတစ်ခုမှားယွင်းနေကြောင်း ခံစားရစေသည်။

သို့သော် ဘယ်အရာကလွဲမှားနေသည်လဲ သူမသိပေ။

သို့သော်လည်း ဘေးပတ်ဝန်းကျင်တွင် လှမ်းကြည့်သူပိုမိုများပြားလာသည်။ လုရှောင်ယန်သည် ထိုလူများက မဟုတ်တမ်းတရား အတင်းပြောပြီး သူ၏ ဖြူစင်မှုကိုစွန်းထင်းစေမည်စိုး၍ ခေါင်းညိမ့်ပြီးသဘောတူလိုက်ရုံသာတတ်နိုင်သည်။

"ကောင်းပြီ..ခဏလေးပဲမလား။ ငါပြန်လာရင်ထုပ်ပိုးရဦးမှာ.." ထိုသို့ပြောပြီး လုရှောင်ယန်သည် ခုန်၍ ကောင်းကင်ပေါ်ပျံကာ လိပ်နက်ဂိုဏ်း၏ တောင်ထိပ်သို့သွားသည်။

ချင်ကျီမော့သည်လည်း အလွန်ပျော်ပြီး အနောက်မှလိုက်လာသည်။

သူတို့နှစ်ဦး မြန်ဆန်စွာ အနီးရှိတောင်ထိပ်သို့ ရောက်လာသည်။

"မင်းမှာပြောစရာ တခုခုရှိရင်ပြောလိုက် ငါအချိန်သိပ်မရှိဘူး.."

လုရှောင်ယန် တိုက်ရိုက်ပြောလိုက်သည်။ ချင်ကျီမော့က အရင်ဆုံး ဂါရဝပြုပြီးကာမှ စကားစပြောသည်။ " ကျီမော့က အကြီးအကလု ကျွန်မကို ပစ်မထားပဲ တစ်လလုံး အနားမှာထားပြီး စောင့်ရှောက်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။"

"အာ??"

လုရှောင်ယန် အံ့ဩသွားပြီး သူ၏စိတ်ထဲတွင် မေးခွန်းများဖြင့် ပြည့်နေသည်။

သူမကို ဘယ်တုန်းက သူ ကယ်တင်ခဲ့တာလဲ? ဘယ်တုန်းက သူမအနားမှာ နေပြီးစောင့်ရှောက်ပေးခဲ့တာလဲ? ဘယ်တုန်းကများ သူမကို တစ်လလောက် ပြုစုခဲ့မိလို့လဲ?

ရုတ်တရက်၊ လုရှောင်ယန်၏ စိတ်ထဲတွင် အကြံတစ်ခု တွေးလိုက်မိသည်။

ချင်ကျီမော့သည် ယခင်က သတိမေ့မြောနေခဲ့သည်။ ထိုလတွင် ဘာဖြစ်ခဲ့သည်ကို သူမ မသိသလို သူမကို မြေမြှပ်ခဲ့ကြောင်းကိုတောင် မသိခဲ့ပေ။

အဆုံးတွင် သူထွက်သွားသောအခါ သူမသည် သတိလစ်ရာမှနိုးလာပြီး နားလည်မှုလွဲသွားနိုင်သည်။ သူမကို ကယ်တင်ပြီး တစ်လလောက် ပြုစုစောင့်ရှောက်ခဲ့တာလို့ သူမထင်နေတာဖြစ်နိုင်သည်။

အခု သူနားလည်သွားပြီ။ မဟုတ်လျှင်၊ ဒီကြက်ကလေးက အကြောင်းပြချက်မရှိဘဲ သူ့ကို ဘာလို့ရှာမည်လဲ။

"အင်းပါ..။ စိတ်မပူပါနဲ့။ ဘာမှမဖြစ်ပါဘူး။”

လုရှောင်ယန်၏မျက်နှာသည် မနီသွားသလို ဤအသက်ကယ်ခြင်းကျေးဇူးကို သူလက်ခံရသောကြောင့် ရင်လည်းမခုန်ပေ။ တစ်ဖက်သားက သူ့ကို ကျေးဇူးတင်သည်ဆိုလျှင်၊ သူမဆီကနေ ဝိညာဉ်ကျောက်တုံး အနည်းငယ်ကို လက်ခံရလျှင်လည်း သူ့အတွက် မဆိုးပေ။

သူဝန်ခံသည်ကိုကြားပြီးနောက် ချင်ကျီမော့သည် ပို၍ပင် ရင်ထဲထိသွားသည်။

"ဘယ်လိုလုပ် ဘာမှမဖြစ်ရမှာလဲ? ရှင် ကျွန်မအသက်ကို ကယ်ခဲ့တယ်။ ကျွနိမ ရှင့်ကိုကျေးဇူးတင်ရမှာပေါ့...။"

လုရှောင်ယန် အပြစ်တင်ချင်သလို ခံစားလိုက်ရသည်။ သူမ ဘာကြောင့် သူ့ကို နှုတ်နဲ့ပဲ ကျေးဇူးတင်နေရတာလဲ? ငွေပေးချေမှုက ဘယ်မှာလဲ? လေးလေးနက်နက်ပြောရရင် ဘာအဓိပ္ပါယ်ရှိလို့လဲ? ကျေးဇူးတရားက ဘယ်လောက်တန်ဖိုးရှိနေလို့လဲ?

ခဏအကြာတွင် သူမ နှလုံးသားထဲက စိတ်လှုပ်ရှားမှုကို မျိုသိပ်လိုက်ပြီး ဆက်ပြောသည်။

"အကြီးအကဲလု ရှင် မနေ့ညက ဘာလို့ မြောက်ပိုင်းဒေသရဲ့ ထိပ်ကို ဘာလို့ မလာတာလဲ?"

"ငါသိပြီ... မနေ့ကစာက မင်းပို့တာပေါ့"

ချင်ကျီမော့ အကြိမ်ကြိမ် ခေါင်းညိတ်ပြလိုက်သည်။

"မြောက်ပိုင်းဒေသရဲ့ထိပ်မှာ ကျွန်မ တစ်ညလုံး ရှင့်ကို စောင့်ခဲ့တယ်။"

သူမ၏ အနည်းငယ် ရှက်ရွံနေသော အမူအရာကို မြင်လိုက်ရသောအခါ လုရှောင်ယန်၏ မျက်နှာသည်တော့ ပြင်းထန်စွာ တွန့်ရှုံ့သွားခဲ့သည်။

သူသည် မတုံးအပေ။ ထိုအမူအရာကိုမြင်ပြီးနောက်တောင် ချင်ကျီမော့ သူ့ကို သဘောကျနေကြောင်း နားမလည်သေးပါက၊ သူသည်လည်း တို့ဟူးဖြင့် မိမိကိုယ်ကိုယ် သတ်သေသင့်သည်။

၎င်းသည် သူ့ကိုယ်သူ ပါးရိုက်လိုက်သလို ဖြစ်သွားသည်။

အစကနေ အဆုံးထိ သူသည် သူမကို ကယ်တင်ဖို့ ဘယ်တုန်းကမှ မတွေးခဲ့မိပေ။ နောက်ဆုံးတော့ သူမဟာ အခြေအနေကို နားလည်မှုလွဲမှားပြီး သူ့ကို ချစ်မိသွားခဲ့သည်။

တကယ့်ကို လွမ်းမောဖွယ်ရာဇာတ်ကွက်ပင်….

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် - ၅။ အခန်း ၇၀

"တခုခုတော့လွဲနေပြီ။" လုရှောင်ယန် တစ်ခုခုမှားနေပြီဟု ရုတ်တရက် ခံစားလိုက်ရသည်။

မနေ့ညက သူသည် ဂိုဏ်းချုပ်နှင့် အခြားသူများ ဆွေးနွေးနေသည့် စကားသံများမှတဆင့် ရှောင်ပိုင်သည် လိပ်နက်ဂိုဏ်း၏ မြင့်မြတ်သော မိန်းမပျိုထံ လက်ထပ်ခွင့်တောင်းခြင်း ကျရှုံးခဲ့ကြောင်းကို သူကြားခဲ့ရသည်။

သူ၏ယခင်ဘဝက ချင်ကျီမော့သည် ရှောင်ပိုင်၏ဆရာဖြစ်သည်မဟုတ်လား..။ သူမကြောင့် သူသည် သိုင်းဘုရင်အဆင့်ရောက်အောင် ကျင့်ကြံခဲ့ပြီး သူမကို ရှာဖွေရန် ပြန်လည်မွေးဖွားခဲ့သည်။

အချက်အလက်တွေလွဲမှား၍ ချင်ကျီမော့သည် သူက သူမအား ကယ်တင်ခဲ့သည်ဟု ထင်သွားသည်။ ထို့အတွက်ကြောင့် ချင်ကျီမော့သည် ရှောင်ပိုင်၏ လက်ထပ်ခွင့်တောင်းမှုကို ငြင်းဆိုခဲ့သည်။

ဟား...

ရုတ်တရက် လုရှောင်ယန်၏ အသက်ရှူသံတို့ အနည်းငယ် မြန်လာသည်။ သူသည် မြင်းနက်၏ အကြံအစည်ကို တစ်နည်းနည်းနဲ့ ပျက်ဆီးစေခဲ့သည်ဟု ခံစားရသည်။

သူ့အတွက်သာမဟုတ်ပါက ရှောင်ပိုင်၏ လက်ထပ်ခွင့်တောင်းမှု အောင်မြင်ဖို့ အခွင့်အလမ်းမြင့်မားသည်မှာ သေချာသည်။

ရှောင်ပိုင်၏ ကံကြမ္မာက သူ့ကြောင့် ပျက်စီးသွားသည်ဟု ဆိုလိုသည်မဟုတ်လား?

ယခုအချိန်တွင် ရှောင်ပိုင်သည် လိပ်နက်ဂိုဏ်းကနေ ထွက်သွားလောက်ပြီထင်။ နတ်ဆိုးဂိုဏ်းကလူတွေက သူ့ကို သေချာပေါက် ရှာကြလိမ့်မည်။ နတ်ဆိုးဂိုဏ်းမှ ကျွမ်းကျင်သူများစွာဖြင့် သူ့ကို မသတ်နိုင်ခဲ့လျှင်တောင်မှ ဒဏ်ရာ ရစေနိုင်မည်ဖြစ်သည်။

ဤအခိုက်အတန့်တွင် သူသည် အကောင်းဆုံးအစီအစဉ်ဆွဲနိုင်သရွေ့ ရှောင်ပိုင်ကိုသတ်ရန် အကောင်းဆုံးအခွင့်အရေးဖြစ်သည်။

ဝမ့်ခိုက်၏မစ်ရှင်က ရှောင်ပိုင်ကို သတ်ပြီး သူ၏ကံကြမ္မာကို လုယူခြင်းဖြင့် ဆုလာဘ်များစွာကို ရရှိစေသည်ဟု ဆိုသည်။

လက်ဆောင်ကောင်းကောင်းမည်မျှရမည်ကို သူ သိချင်မိသည်။

"အကြီးအကဲလု၊ ဘာဖြစ်လို့လဲ?"

"ဘာမှမဟုတ်ပါဘူး။ ကိုယ်ရေးကိုယ်တာကိစ္စ တစ်ခုခုကို တွေးမိလိုက်လို့။ စကားမစပ်၊ မင်းမှာ တခြားကိစ္စရှိသေးလား? မရှိရင် ငါပြန်တော့မယ်။ မင်းရဲ့ကျေးဇူးကို ငါလက်ခံလိုက်ပြီ။"

လုရှောင်ယန် ထွက်သွားတော့မည်ကိုမြင်လိုက်ရတော့ ချင်ကျီမော့ အနည်းငယ်ပူပန်သွားသည်။ ထို့ကြောင့် သူ့ကိုအမြန်တားလိုက်တားကာ၊ "အကြီးအကဲလု ခဏနေပါဦး..။ ကျွန်မ… ကျွန်…”

"မင်းတကယ်ပဲ ဘာပြောချင်နေတာလဲ? ခပ်မြန်မြန်လေး ပြောလို့ရမလား?"

လုရှောင်ယန် အနည်းငယ် စိတ်မရှည်တော့ပေ။

ချင်ကျီမော့မှာတော့ အနည်းငယ် နာကျင်သလို ခံစားရသည် ။

ယောက်ျားတော်တော်များများက သူမကို စကားပြောချင်ပေမယ့် အခွင့်မသာကြပေ။ လုရှောင်ယန်၏အမြင်မှာကျမှ ဘာကြောင့် သူမကတန်ဖိုးမရှိရသည်လဲ?

သို့သော် လုရှောင်ယန် ထွက်သွားပြီဆိုလျှင် သူမ ဝန်ခံရန် အခွင့်အရေး မရှိတော့မည်ကို သူမ သိသည်။

ထို့ကြောင့် အသက်ပြင်းပြင်းရှူပြီး လေးနက်သောအမူအရာဖြင့် ပြောသည် ။

“တကယ်တော့ ကျွန်မ ရှင့်ကိုတွေ့ချင်တာက ကျေးဇူးတင်တာအပြင် တခြားအကြောင်းတခုရှိသေးတယ်။ အကြီးအကဲလုက ကျွန်မကိုပစ်မထားပဲ အန္တရာယ်ကကယ်တင်ပြီး စောင့်ရှောက်ပေးခဲ့ကတည်းက ကျွန်မ ရှင့်ကို အကောင်းမြင်ခဲ့တယ်။ ပြီးတော့ ရှင်က ရှင့်ရဲ့ အောင်မြင်မှုနဲ့ ဂုဏ်သတင်းကိုပါ ဝှက်ထားပြီး ကျွန်မဆီကလည်းဘာကိုမှမတောင်းဆိုခဲ့ဘူး..၊ ရှင့်ရဲ့ အဲ့ဒီစိတ်ဓါတ်က ကျီမော့ကို အရမ်းသဘောကျစေတယ်။ ဆိုရိုးစကားအတိုင်း အကြွေးရှိရင် ပြန်ဆပ်ရမယ်။ ကျီမော့ရဲ့ဘဝက အကြီးအကဲလု အပိုင်ပါပဲ..။"

လုရှောင်ယန် ပြောစရာစကားမဲ့သွားသည်။ ဤမိန်းကလေးက သူ့ကို လှည့်စားဖို့ ကြိုးစားနေတာလား?

သူက အလိုက်တသိ တုံ့ပြန်သည်။ "မင်းငါ့ရဲ့ အစေခံဖြစ်ချင်တယ်လို့မပြောနဲ့နော်။ ဒါကြီးက အဆင်မပြေဘူး။ မင်းက လိပ်နက်ဂိုဏ်းရဲ့ မြင့်မြတ်သော မိန်းမပျိုပဲ။ မင်းကို သူများတွေ ဂရုစိုက်ရင် အဆင်ပြေပေမယ့် မင်းငါ့ရဲ့ အစေခံဖြစ်လာလို့မရဘူး။ ငါ မလိုချင်ဘူး။”

ချင်ကျီမော့၏မျက်နှာသည် ဆိုးဆိုးရွားရွားတွန့်ရှုံ့သွားပြီး အမြန် လက်ကိုဝှေ့ယမ်းလိုက်သည်။

“မဟုတ်ဘူး၊ မဟုတ်ဘူး၊ အကြီးအကဲလု၊ နားလည်မှုမလွဲပါနဲ့။ ဒါ ကျွန်မဆိုလိုချင်တာမဟုတ်ဘူး။ ကျွန်မဆိုလိုတာက… ရှင် ကျွန်မရဲ့… ယှဉ်တွဲကျင့်ကြံဖော် ဖြစ်လာချင်လား?"

“မဖြစ်ချင်ဘူး”

လုရှောင်ယန် ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။

ချင်ကျီမော့: "???..."

မရေတွက်နိုင်သော မေးခွန်း အမှတ်အသားများသည် သူမ၏ ခေါင်းလေးထဲတွင် ချက်ချင်း ပေါ်လာသည်။

"ဘာကြောင့်လဲ?"

သူမ မနေနိုင်ဘဲ မေးလိုက်သည်။

သူမသည် လိပ်နက်ဂိုဏ်း၏ မြင့်မြတ်သော မိန်းမပျိုဖြစ်ပြီး လှပသောရုပ်ရည်ရှိသည်။ သူမ၏ ကျင့်ကြံဆင့်မှာ မနိမ့်ပဲ အခင်းအကျင်းပညာရပ်တွင်လည်း သူမ၏ အောင်မြင်မှုများသည် မျိုးဆက်သစ်လူငယ်များကြားတွင် ထိပ်တန်းအဆင့်ဖြစ်သည်။

သူမလိုအသွင်အပြင်၊ အရည်အချင်း၊ အဆင့်အတန်းနှင့် နောက်ခံရှိသူတစ်ဦးသည် အမှန်တကယ်ပင် ညှာတာမှုကင်းစွာ ပြတ်ပြတ်သားသား ငြင်းပယ်ခံခဲ့ရသည်။ လုရှောင်ယန် ပခုံးတွန့်လိုက်သည်။

“မဖြစ်ချင်ဘူးဆိုတာ မဖြစ်ချင်လို့ပေါ့။ ဘာလို့ရှင်းပြရမှာလဲ?"

"ဒါပေမယ့် ကျွန်မတကယ်သိချင်တယ်... ကျွန်မကမလှလို့လား ဒါမှမဟုတ် အရည်အချင်းမပြည့်ဝလို့လား? ဒါမှမဟုတ် လိပ်နက်ဂိုဏ်း ရဲ့ မြင့်မြတ်သော မိန်းမပျိုအဖြစ် ကျွန်မက ရှင်နဲ့ မထိုက်တန်ဘူးလို့ ထင်လို့လား?"

လုရှောင်ယန် ခေါင်းကိုက်သွားသည်။ ချင်ကျီမော့၏ သဘောထားကို ကြည့်ရသည်မှာ တစ်ဖက်လူက သူမကို မရှင်းပြပါက ထွက်သွားခွင့်မပြုဖို့ ဆုံးဖြတ်ထားကြောင်း သူပြောနိုင်သည်။

သူမက အရမ်းဒုက္ခပေးတတ်တယ်ဆိုတာသာ သူသိခဲ့လျှင် အဲဒီတုန်းက သူ ပိုရက်စက်ခဲ့လိမ့်မည်။ "ကောင်းပြီ မင်းအဲ့လောက် ဆိုးဆိုးဝါးဝါး သိချင်နေရင် ငါပြောပြမယ်။"

“ငါက မာနကြီးတဲ့သူတစ်ယောက်။ ဒီလိုမျိုး ငါ့ ဘဝကို ပေါ့ပေါ့တန်တန် မစွန့်လွှတ်ချင်ဘူး။

ပထမဆုံးအနေနဲ့ မင်းက ငါနဲ့လက်ထပ်ချင်တယ်ဆိုရင် ခန်းဝင်ပစ္စည်းအများကြီးရှိရမယ်။

ငါတို့ဂိုဏ်းက မကြာခင်ကပဲ မင်္ဂလာဆောင်ခဲ့တာ တစ်ဖက်လူရဲ့ ခန်းဝင်ပစ္စည်းက အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၂၀၀,၀၀၀ တဲ့။ ဒါပေမယ့် ပြဿနာက တဖက်လူက သာမန်လူတစ်ယောက်။ မင်းကကျ လိပ်နက်ဂိုဏ်းရဲ့ မြင့်မြတ်သောမိန်းမပျိုဆိုတော့ မင်းရဲ့ ခန်းဝင်ပစ္စည်းက အဆင့်မြင့် ဝိညာဉ်ကျောက်တုံး သန်းရာပေါင်းများစွာ ဘာလို့မပေးရမလဲ? နည်းနည်းပဲ ပေးရင် ငါ မျက်နှာပျက်မယ်။ ငါက ပိုပေးခိုင်းရင်တောင် မင်း မတတ်နိုင်ဘူး။

နောက်တစ်ချက်ကတော့ အိမ်ထောင်ပြုပြီးရင် ကိုယ့်ဘာသာ ဂိုဏ်းဖွဲ့မယ်။ မင်းရဲ့ လိပ်နက်ဂိုဏ်းမှာ နေစေချင်တယ်လို့တော့ ငါ့ကို မပြောနဲ့။ ဒါမှမဟုတ် မင်းက ငါတို့ရဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းမှာ နေချင်တာလား။

ငါလက်ထပ်ပြီးရင် ငါ့မှာ ကိုယ်ပိုင်ဂိုဏ်းတစ်ခုရှိမယ်လို့ ငါ ကတိပြုထားတယ်။ ဒါ့အပြင်၊ ဂိုဏ်းကြီးတစ်ခုဖြစ်ရမယ်။ ငါလိုချင်တာက ဂိုဏ်းသေးသေးလေးမဟုတ်သလို လိပ်နက်ဂိုဏ်းက နန်းတော်ငယ်လေးတစ်ခုလည်း မဟုတ်ဘူး။ ငါ့ကိုယ်ပိုင်ဂိုဏ်းက အကြီးဆုံးနန်းတော်မှာ ငါနေချင်တယ်။

ငါ့ကလေးကို သူမွေးပြီးရင် တခြားသူတွေကို 'သခင်လေး' လို့ မခေါ်စေချင်ဘူး။ တခြားသူတွေက ငါ့ကလေးကို 'သခင်လေး' လို့ ခေါ်စေချင်တယ်။ နောက်ပြီး မင်းရဲ့လက်ရှိကျင့်ကြံဆင့်က ဘယ်လောက်လဲ။ မင်းက တောင်ပင်လယ်အဆင့်မှာပဲ ရှိတယ်။ ဒီလိုမျိုး နိမ့်ကျတဲ့ ကျင့်ကြံဆင့်နဲ့ လက်ထပ်ပြီးရင် ငါ့ကို ဘယ်လိုကာကွယ်မလဲ? အနာဂတ်မှာ ဧကရီအချို့က ငါ့ကို သဘောကျပြီး သိမ်းပိုက်သွားရင်၊ မင်း ငါ့ကို ကာကွယ်နိုင်မှာမဟုတ်ဘူး။”

“မင်းကိုယ်မင်းပြန်ကြည့်ဦး။ မင်းမှာ ကျင့်ကြံဆင့် ရော ခန်းဝင်ပစ္စည်းပါ မရှိဘူး။ မင်းမှာ ကိုယ်ပိုင်ဂိုဏ်းလည်းမရှိဘူး။ ဘယ်လိုလုပ်ပြီး ငါက လုံခြုံတယ်လို့ခံစားရမှာလဲ? မင်းရဲ့ ယှဉ်တွဲကျင့်ကြံဖော်ဘယ်လိုဖြစ်နိုင်မှာလဲ?"

ထိုစကားကိုကြားပြီးနောက် ချင်ကျီမော့၏နှလုံးသားသည် အေးခဲသွားသည်။

သူမသည် နှုတ်ခမ်းကို ကိုက်ရင်း မျက်လုံးတွေ နီရဲနေသည်၊

"ကျင့်ကြံဆင့်မြင့်မြင့်၊ ခန်းဝင်ပစ္စည်းအပြည့်အစုံနဲ့ ကိုယ်ပိုင်ဂိုဏ်းမရှိရင် ကျွန်မမှာချစ်ဖို့ အရည်အချင်းမရှိဘူးလို့ ပြောနေတာလား? ဒါပေမယ့် ကျွန်မ ရှင့်ကို အရမ်းကြိုက်တယ်လေ။"

"ဝန်ခံတာလောက်ကတော့ လူတိုင်းလုပ်တတ်တာပဲ။ ကျေးဇူးဆပ်ချင်ရင် လက်တွေ့ပြလေ။ အချစ်ဆိုတာ စကားလုံးတွေနဲ့ ရရှိနိုင်တဲ့အရာ မဟုတ်ဘူး။ အချစ်ဆိုတာ ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ ဆောက်တည်ရတဲ့ဟာ...”

“ကျွန်မ…”

ချင်ကျီမော့တစ်ယောက် လုရှောင်ယန် ကြောင့် ပြောစရာစကားမဲ့သွားသည်။ သူမ၏ မျက်လုံးများ နီရဲနေပြီး မျက်ရည်များ ရစ်သီလာကာ ဘယ်အချိန်မဆို ကျလာနိုင်သည်ဟု ခြိမ်းခြောက်နေသည်။

လုရှောင်ယန်သည် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

“ကောင်းပြီ၊ မငိုနဲ့တော့။ မင်း ငါ့ကို ရက်စက်တဲ့ပုံပေါက်အောင် လုပ်နေတာပဲ။ ဒီလိုဆို ဘယ်လိုလဲ? ငါ မင်းကို အခွင့်အရေးပေးမယ်။ အနှစ်တစ်ရာအတွင်း မင်းသိုင်းဘုရင်အဆင့်အထိ ကျင့်ကြံနိုင်ပြီး မင်းရဲ့ကိုယ်ပိုင်ဂိုဏ်းရှိလာတယ်ဆိုရင် မင်းငါ့ကိုလာရှာနိုင်တယ်။ အဲဒီအချိန်မှာ မင်း ငါ့ကိုလိုက်ဖို့ အခွင့်အရေးပေးမယ်လို့ စဉ်းစားထားတယ်။"

ချင်ကျီမော့၏ မျက်လုံးများသည် ရုတ်တရက် တောက်ပလာပြီး မျက်ရည်များကို အင်္ကျီလက်နှင့် သုတ်လိုက်သည်။

"ရှင် တကယ်ပြောနေတာလား?"

လုရှောင်ယန် ခေါင်းညိတ်လိုက်သည်။

“တကယ်..”

“ကောင်းပြီ ကျွန်မပြန်ပြီး ကျင့်ကြံမယ်။ အနှစ်တစ်ရာအတွင်း ရှင့်ကိုသေချာပေါက်လာတွေ့မယ်။"

သူမ ထိုစကားပြီးသည်နှင့် ချင်ကျီမော့သည် အသက်ပြင်းပြင်းရှူကာ တောင်ပေါ်မှ ချက်ချင်းပြေးဆင်းသွားခဲ့သည်။ လုရှောင်ယန်သည် သူမ၏ နှလုံးသားထဲက မီးကို တောက်လောင်စေခဲ့သည်။

အမျိုးသမီးများသည် တခါတရံတွင် ထိုသို့သော လှုံ့ဆော်မှုများ လိုအပ်သည်။

သူမအဝေးကိုပြေးနေတာကိုကကည့်ပြီး လုရှောင်ယန်သည် အထင်အမြင်သေးစွာ မျက်စောင်းထိုးလိုက်သည်။ "အရူး၊ ဒါကို ဘယ်လိုလုပ်ယုံနိုင်တာလဲ?"

အနှစ်တစ်ရာအတွင်း သိုင်းဘုရင်အဆင့်ကိုရောက်အောင် ကျင့်ကြံမယ်တဲ့လား? ငါ့ကိုနောက်နေတာလား? မင်းကိုယ်မင်း မြင်းနက် ထင်နေလား?

မင်းက မြင်းနက် ဆိုရင်တောင် ဘာလုပ်ရမှာလဲ?

ပြီးတော့…နှစ်တစ်ရာနေရင် မင်း ငါ့ကိုရှာတွေ့နိုင်မှာတဲ့လား…

All Chapters