← Chapters

အခန်း (၈၆-၉၀)

Vol. 6 Ch. 86-90

အခန်း (၈၆-၉၀)

Vol. 6 Ch. 86-90

စာစဉ် ၆။ အခန်း ၈၆ နတ်ဆိုးဂိုဏ်း ရောက်လာတယ်..

လုရှောင်ယန် : "???"

ဝမ့်ခိုက်က တကယ်ပဲ ခွေးတစ်ကောင်လား?

သို့သော်... တစ်ခုခုတော့ မှားနေပုံရသည်။

ဒီမတိုင်ခင်က ဝမ့်ခိုက်ဟာ သူ့ရဲ့ရုပ်သွင်အမှန်ကို ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့သလို သူ၏ ခန္ဓာကိုယ်ထဲတွင် အမြဲရှိနေခဲ့သည်။ သူ့တွင် အသိစိတ်သက်သက်သာ ရှိသည်။

ယခုမူ သူအမှန်တကယ် သန်မာလာခဲ့သည်။ မြင်းနက်တွေရဲ့ ကံကောင်းမှုကို စုပ်ယူထားတာကြောင့် များလား? ဤစုပ်ယူမှုသည် ဝမ့်ခိုက်အား ပုံသဏ္ဍာန်ဖွဲ့နိုင်သည်အထိ ပိုမိုသန်မာလာစေသည်လား?

ဒါပေမယ့် ဘာကြောင့်များ ခွေးအဖြစ် ပေါ်လာရတာလဲ?

ဘာလို့ ခွေးလဲ? ကြက်၊ ဘဲ၊ ငါးတို့ ဘာတို့ မဟုတ်ဘဲနဲ့လေ။

ဤအခိုက်အတန့်တွင်၊ လုရှောင်ယန်သည် ဝမ့်ခိုက်၏ဝိသေသလက္ခဏာနှင့် ပတ်သက်၍ စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်နေသည်။

ဝမ့်ခိုက်သည် သူ့အား စိတ်ကျေနပ်စေရန် ခွေးတစ်ကောင် ဖြစ်လာသည်ဟု သူ မယုံပေ။ ထိုသို့ဆိုလျှင် သူသည် အလွန်နှိမ့်ချလွန်းသည် မဟုတ်ပေလော။

ထို့အပြင် ဝမ့်ခိုက်၏နည်းလမ်းများသည် သာမန်မဟုတ်ပေ။

ပထမဦးစွာ၊ သူသည် သိုင်းဘုရင်အဆင့်လက်နက်များ၊ သိုင်းဘုရင်အဆင့် ကျင့်ကြံခြင်းနည်းလမ်းများ၊ သိုင်းဘုရင်အဆင့် အစီအရင်များနှင့် ဆေးဖက်ဝင်ဆေးပြားများကို တိုက်ရိုက် ပေးအပ်နိုင်သည်... ဤအရာများအားလုံးသည် မြင်းနက် ၊ ရှောင်ပိုင်၏ ရတနာများထက်ပင် ပိုလို့ကောင်းသည်။

ဒါက ရှောင်ပိုင်ရဲ့ ကံကောင်းမှုက ဝမ့်ခိုက်ကို မယှဉ်နိုင်ဘူးလို့ ဆိုလိုလိုက်တာပဲ။

ဒုတိယအနေနဲ့ သူသည် လုရှောင်ယန်ကို ရှောင်ပိုင်ကိုသတ်ခိုင်းပြီး တစ်ဖက်လူရဲ့ကံကို လုယူကာ သူ့အဆင့်ကိုမြှင့်တင်ဖို့ အစပြုခဲ့သည်။

တခြားမြင်းနက်များတွင်တော့ ဤကဲ့သို့ လုယူရန်ရည်ရွယ်ချက် သို့မဟုတ် လုယူနိုင်သောအရည်အချင်း မရှိနိုင်ဘူးလို့တော့ ထင်သည်။

လုရှောင်ယန် မျက်လုံးများကို ခဏတာမှိတ်ထားလိုက်ပြီးနောက် ဝမ့်ခိုက်ကို စိုက်ကြည့်လိုက်သည်။

"ဝမ့်ခိုက်၊ မင်းဘယ်ကလာတာလဲ? မင်းရဲ့အထောက်အထားကဘာလဲ? မင်းကိုဘယ်သူဖန်ဆင်းတာလဲ?"

ဝမ့်ခိုက်သည် ခေါင်းစောင်းကာ လုရှောင်ယန်ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။

[...မသိဘူး။ ငါသတိရလာကတည်းက သခင့်ကိုမတွေ့မချင်း အာကာသအချိန်မြစ်ထဲမှာ လျှောက်သွားနေခဲ့တာ။]

"ဒါဆို ဘာလို့ငါလဲ? တခြားသူတွေမရဘူးလား? မင်းရဲ့နည်းလမ်းတွေနဲ့ ဘယ်သူ့ကို မင်းရဲ့သခင်အဖြစ်ရွေးချယ်ခဲ့ပါစေ ကြီးကျယ်ခမ်းနားတဲ့ အရာတွေကို မင်းလုပ်နိုင်လိမ့်မယ်မဟုတ်လား?"

ဝမ့်ခိုက် ခေါင်းခါလိုက်သည်။

[မဟုတ်ဘူး၊ ဝမ့်ခိုက်က တခြားလူတွေနဲ့ ပေါင်းစည်းလို့မရဘူး။ ဝမ့်ခိုက်က သခင်နဲ့ပဲ ပေါင်းစည်းလို့ရတယ်။ အခြားသက်ရှိသတ္တဝါတွေနဲ့ ဝမ့်ခိုက် အတင်းအကြပ် ပေါင်းစည်းမိရင်၊ သူတို့တွေ တိုက်ရိုက်ပေါက်ကွဲပြီး ဝိညာဉ်တောင်မကျန်သေဆုံး ရလိမ့်မယ်]

ဤအရာက လုရှောင်ယန်ကို မျက်မှောင်ကြုတ်သွားစေသည်။ "ဒါဆို ငါနဲ့ဆို ဘာလို့ ပေါင်းစည်းလို့ရတယ်လို့ သိတာလဲ?" ဝမ့်ခိုက်သည် စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းယမ်းပြန်သည်။

[အတိအကျတော့ သိပ်မသေချာဘူး၊ ဒါပေမယ့် သခင်နဲ့တွေ့တုန်းက သခင်နဲ့မပေါင်းစည်းခင် သခင့်ရဲ့ခန္ဓာကိုယ်ထဲက ဆွဲဆောင်မှုတစ်ခုက ငါ့ကို သခင့်ရဲ့ခန္ဓာကိုယ်ထဲကို တိုက်ရိုက်စုပ်ယူသွားလိုက်တယ်ဆိုတာပဲသိတယ်။ ဒါပေမယ့် ဒီတစ်ကြိမ် ကံကောင်းခြင်းတွေ ရပြီးနောက်မှာတော့ သခင့်ကို သိကြာပြီ ဖြစ်တဲ့ ခံစားချက်ကို ခံစားလိုက်ရတယ်]

လုရှောင်ယန် သူ၏နားထင်များကို ပွတ်လိုက်သည်။

ဒီ ဝမ့်ခိုက်က ဘာမှ သိပုံမရဘူး။ မေးလည်း အသုံးမဝင်ဘူး။

သို့သော် သူ၏စကားမှ တစ်စုံတစ်ခုကို ယောင်ဝါးဝါး ဆင်ခြင်သုံးသပ်၍ ကောက်ချက်ချနိုင်သည်။

ပထမဆုံးအနေနဲ့ သူ၏ကိုယ်အထဲမှာ ဝမ့်ခိုက်ကို ဆွဲဆောင်နိုင်တဲ့ တခြားအချက်တွေ ရှိကောင်းရှိနိုင်တယ်။

လုရှောင်ယန်သည် ဤသည်ကို သံသယရှိခဲ့တာ ကြာပြီဖြစ်သည်။

သူသည် အရာအားလုံးကို အလွန်လျင်မြန်စွာ သင်ယူနိုင်ပြီး ထိုအချက်မှာ အလွန်ယုတ္တိမဲ့လွန်းလှသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဝိညာဉ်ကူးပြောင်းလာသူဖြစ်ပြီး ဤကမ္ဘာ၏ ဇာတိမဟုတ်သောကြောင့်ပင်။ သူ၏ သိုင်းပညာကို နားလည်မှုဟာ ဒီကမ္ဘာပေါ်က ကျင့်ကြံသူတွေထက် နိမ့်ကျနေသင့်ပေမယ့် သူသည် အလွန်ထူးခြားသည်။ ကျင့်ကြံခြင်းနည်းလမ်းများ၊ အစီအရင်ဖွဲ့စည်းပုံများနှင့် အခြားကျင့်ကြံခြင်းလမ်းကြောင်းများကို အခြားသူများထက် ပိုမိုလွယ်ကူစွာ နားလည်ခဲ့သည်။

အကယ်၍ သူ့တွင် အရှက်ခွဲသူ ဖြတ်သွားဖြတ်လာများ ဒီ့ထက်ပိုရှိပါက လုရှောင်ယန်သည် သူ့ကိုယ်သူ အဓိကဇာတ်လိုက်ဟုပင် သံသယရှိမိလိမ့်မည် ။

ဤအချက်သည် ဝမ့်ခိုက်နှင့် ပေါင်းစည်းရတဲ့ အကြောင်းရင်းဖြစ်နိုင်ချေ များသည်။

ဒုတိယအနေနှင့် မြင်းနက်တို့၏ ကံကြမ္မာကို စုပ်ယူပြီးနောက် ဝမ့်ခိုက် ပုံသဏ္ဍာန်ပေါ်လာရုံသာမက သူ၏အရင်က အမှတ်တရတချို့ကိုလည်း ရရှိလိုက်သလိုပင်။

လုရှောင်ယန်သည် ဝမ့်ခိုက်၏လျှို့ဝှက်ချက်ကိုမရှာဖွေမီ ဝမ့်ခိုက် ရှေ့ဆက်အဆင့်မြှင့်ရန်နှင့် နောက်ထပ်မှတ်ညဏ်များပြန်လည်ရရှိဖို့ကူညီရန်အတွက် နောက်ထပ်မြင်းနက် အနည်းငယ်ကိုသတ်ဖို့စီစဉ်ရတော့မည်။

ဤနှုန်းဖြင့် သူသည် ဗီလိန်၏လမ်းကြောင်းပေါ် ပိုရောက်သွားလိမ့်မည်။

"ဝမ့်ခိုက်၊ မင်း အခုတောင် ပုံသဏ္ဍာန်ပေါ်နေပြီဆိုတော့ သိသာတဲ့ တိုးတက်မှုတွေ ရှိလာလား?”

[ဟုတ်ကဲ့။ သခင်နဲ့ ငါက ကျင့်ကြံဆင့် အတူတူ မျှဝေပါတယ်။ သခင့်ရဲ့ ကျင့်ကြံခြင်းနည်းလမ်း၊ အစီအရင်ဖွဲ့စည်းခြင်းနဲ့ အခြားစွမ်းရည်တွေကို ငါ အသုံးပြုနိုင်သလို ငါထုတ်ဖော်နိုင်တဲ့ ခွန်အားကလည်း သခင်နဲ့ အတူတူပါပဲ။ နောင်ကျရင် သခင့်ကို ကူညီနိုင်မှာပါ]

"အဲဒါကောင်းတယ်။ ငါ စိတ်ဝိညာဉ်ရှိတဲ့သားရဲတစ်ကောင်ကို မွေးမြူထားသလို ခံစားရတယ်။ ဒါပေမယ့် မင်းက ပိုယုံကြည်စိတ်ချရတယ်။”

လုရှောင်ယန် ခေါင်းညိတ်လိုက်သည်။ ဝမ့်ခိုက်သည် သူနှင့်အတူ တိုက်ခိုက်နိုင်ပြီး တူညီသော တိုက်ခိုက်ရေးစွမ်းရည်ရှိသောကြောင့် ၎င်းသည် စတုတ္ထအဆင့် ဘုရင်အဆင့် ကျွမ်းကျင်သူနှစ်ဦး၏ ခွန်အားနှင့် ညီမျှသည်။ အများအားဖြင့် ဝမ့်ခိုက်သည် တိုက်ခိုက်လေ့မရှိပေ။ အရေးကြီးသောအခိုက်အတန့်တွင် သူသည် လွတ်မြောက်ရန် သို့မဟုတ် ရန်သူအား ပြင်းထန်သော ထိုးနှက်ချက်ဖြင့် ကိုင်တွယ်ဖြေရှင်းရန် အရန်အဖြစ် ဆောင်ရွက်နိုင်သည်။

ဝမ့်ခိုက်က ဆက်လက်၍ ပြောလာသည်။ [ထူးချွန်သူတွေကို ရှာဖွေနိုင်တဲ့ ရှာဖွေမှုအပိုင်း အကွာအဝေးကိုလည်း ချဲ့ထွင်နိုင်ခဲ့ပါပြီ]

လုရှောင်ယန်၏ မျက်လုံးများ တောက်ပသွားတော့သည်။ အခြားပါရမီရှင်တစ်ဦးကို ရှာဖွေခြင်းသည် သေချာပေါက် အကောင်းဆုံးတိုးတက်မှုပင်။

"ဒီတော့တွေ့လား?"

[တစ်ယောက်တွေ့ထားပါတယ်။ သူ့အရည်အချင်းက ဖုန်းထျန်းယွမ်ထက် အများကြီး ပိုသန်မာတယ်]

"သူဘယ်မှာလဲ?"

[လက်ရှိ သူက မဟာကျိုး နန်းမြို့တော်မှာ ရှိနေပါတယ်]

“မဟာကျိုး နန်းမြို့တော်က နည်းနည်းဝေးတယ်။ သူ အရင် ငါ့ကိုလာရှာအောင်လုပ်ဖို့ သူ့ကို ဝိညာဉ်လမ်းညွှန် သုံးခိုင်းလိုက်ပါလား?"

[တောင်းပန်ပါတယ် သခင်၊ ဒါတော့ မဖြစ်နိုင်ပါဘူး။ ဘာလို့ဆို သူ့ရဲ့ ကျင့်ကြံဆင့်က မသန်မစွမ်းဖြစ်သွားရုံသာမက သူ့ခန္ဓာကိုယ်ကလဲ မသန်မစွမ်းဖြစ်သွားတာမလို့...။ သခင့်ကို လာရှာဖို့ လုံးဝမတတ်နိုင်ဘူး။ လာခဲ့ရင်တောင် မရောက်ခင် သေသွားလိမ့်မယ်]

လုရှောင်ယန် : “…”

“ဒီတပည့်က အဲ့လောက် အခြေအနေဆိုးလား? အဲဒီတုန်းက ယွင်လီကော တောင် ကျင့်ကြံဆင့်ပဲ မသန်စွမ်းဖြစ်သွားတာလေ၊ ဒီကောင်က သူ့ခန္ဓာကိုယ်ကိုတောင် မသန်စွမ်းဖြစ်သွားတယ်..."

[ဒါက နည်းနည်းတော့ ကြေကွဲစရာပါပဲ၊ ဒါပေမယ့် သူ့ရဲ့ အရည်အချင်းက လက်ရှိ တပည့်တွေအားလုံးထက် အများကြီး ပိုကောင်းပါတယ်]

"သေတာပဲ။"

လုရှောင်ယန်သည် ထိုစကားကိုကြားသောအခါ၊ မဟာကျိုး နန်းမြို့တော်သို့ သူ၏ခရီးစဉ်သည် ရှောင်လွှဲ၍မရမှန်း သူသိလိုက်သည်။

မေ့လိုက်ပါတော့။ မည်သို့ပင်ဆိုစေကာမူ၊ သူသည် ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ထွက်ခွာရန် အဆင်သင့်ဖြစ်နေပြီး ပိုမိုအားကောင်းသည့်နေရာကို ရှာဖွေချင်သည်။

ထို့အပြင် သူသည် ကျီဝူရှားကို အနိုင်ကျင့်ခဲ့သော မြင်းနက်ကို စုံစမ်းပြီး လေ့လာချင်သည်။

ရန်သူနှင့် မိမိကိုယ်မိမိ ကောင်းစွာသိမှသာ အောင်မြင်နိုင်မည်ဖြစ်သည်။

နန်းမြို့တော်သို့သွားသည့် ခရီးတစ်ခုတည်းတွင် ကိစ္စသုံးမျိုး လုပ်ဆောင်နိုင်သည်။ အရမ်းထိရောက်သည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်ဆိုးဂိုဏ်း၏ အပြင်ဘက်တွင် အနက်ရောင် နတ်ဆိုးအရှိန်အဝါများ တိတ်တဆိတ် စုရုံးလာသည်။ ပတ်ဝန်းကျင်သည် လေအေး ဖြတ်တိုက်သွားသလိုပင်။ ကြောက်စရာကောင်းလှသည်။

မကြာမီတွင် အနက်ရောင်နတ်ဆိုးအရှိန်အဝါသည် ပျောက်ကွယ်သွားကာ အရိုးစုအမှတ်အသားပါသော အနက်ရောင်ဝတ်ရုံ ၀တ်ဆင်ထားသူ တစ်ထောင်ခန့်လောက်ပေါ်လာခဲ့သည်။

ရှေ့မှ ဦးဆောင်သူ အနည်းငယ်၏ အရှိန်အဝါများသည် အလွန် အစွမ်းထက်သည်။ ၎င်းတို့တစ်ဦးစီသည် အာကာပြင်ပြိုကွဲခြင်း ပဉ္စမအဆင့်ကျွမ်းကျင်သူထက် မနိမ့်ကျကြပေ။

လူတိုင်းသည် တောင်ခြေရင်းသို့ရောက်လာကြပြီး နီမြန်းသောမျက်လုံးများက ကောင်းကင်နတ်ဆိုးဂိုဏ်း၏တောင်တန်းတစ်ခုလုံးကို စိုက်ကြည့်နေကြသည်။

“နတ်ဆိုးအရှင် ပြန်ပေါ်လာဖို့ ဒဏ်ရာများကို ပြုပြင်ရန်နှင့် ခွန်အားတိုးစေဖို့အတွက် ကျင့်ကြံသူတွေရဲ့ သွေးအနှစ်သာရ လိုအပ်တယ်။ ဒီနေ့ည အကြီးအကဲယဲ့ရှားက အဖွဲ့ကို ဦးဆောင်မယ်။ ငါတို့ ဂိုဏ်းခုနစ်ခုကို ကိုင်တွယ်ဖို့ အဖွဲ့ခုနစ်ဖွဲ့ ခွဲထားတယ်။ တစ်ခုက ကောင်းကင်နတ်ဆိုးဂိုဏ်း။ ငါတို့ လိုချင်တာက နတ်ဆိုးအရှင်ရဲ့ ဒဏ်ရာတွေကို ကုသဖို့ သူတို့ရဲ့သွေးအနှစ်သာရကို ရယူပြီး ငါတို့ မြင့်မြတ်သော နတ်ဆိုးဂိုဏ်းကို အထွတ်အထိပ်သို့ ပြန်လည်ပို့ဆောင်ဖို့ သူ့ရဲ့ အထွတ်အထိပ် ခွန်အားကို ပြန်လည်ရရှိစေဖို့ပဲ။ အားလုံး နားထောင်ကြ! ကောင်းကင်နတ်ဆိုးဂိုဏ်းက တစ်ယောက်မှ မလွတ်စေနဲ့! အားလုံးကို သတ်ပစ်!”

“ဟုတ်!”

အမိန့်ပေးပြီးနောက်၊ မြင့်မြတ်သော နတ်ဆိုးဂိုဏ်းမှ လူများသည် ၎င်းတို့၏ ဒန်ထျန်အတွင်းရှိ စွမ်းအင်တို့ကို ချက်ချင်း မြှင့်တင်လိုက်ကြပြီး ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ခြေရင်းရှိ ဂိုဏ်းကိုကာကွယ်ထားသည့် အစီအရင်သို့ တိုက်ရိုက် တွန်းလှန်ကြတော့သည်……

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၆။ အခန်း ၈၇ သနားစရာကောင်းသောနတ်ဆိုးဂိုဏ်ကလူများ...

ငါးမိနစ်ကြာပြီးနောက်…

"ဝူး..ဝူး...မေမေ၊ သား အမေ့ကိုစိတ်ပျက်စေမိပြီ ကျွန်တော်က မိသားစုအတွက် အရှက်ရစေတယ်! မကျင့်ကြံနိုင်လို့ နတ်ဆိုးဂိုဏ်းနဲ့သာပူးပေါင်းခဲ့ရတာပါ။ ဒါပေမယ့် လူတစ်ယောက်ကိုမှ မသတ်ရသေးပါဘူး။"

“ငါ နတ်ဆိုး အရှင် ဖြစ်သွားပြီ။ ဟားဟားဟား... ဒီညတော့ ငါ့အိပ်ရာကို နွေးစေဖို့ အဆိပ်တစ်ထောင်ဂိုဏ်းရဲ့ သခင်ကို ခေါ်ရမယ်။ မြင့်မြတ်သော နတ်ဆိုးဂိုဏ်းရဲ့ နံပါတ်တစ်အလှလေးက ငါ့အပိုင်ဖြစ်လာလိမ့်မယ်!”

"သတ်! ငါ့စကားကို နာခံတဲ့သူတွေ ကြီးပွားပြီး၊ ဆန့်ကျင်တဲ့သူတွေ သေကြရမယ်။ ငါက ကမ္ဘာမှာ နံပါတ်တစ် ကျွမ်းကျင်သူပဲ!"

ဤမြင်ကွင်းကိုမြင်လိုက်ရသောအခါတွင် နတ်ဆိုးဂိုဏ်းမှာ အာကာပြင်ပြိုကွဲခြင်းအဆင့် ကျွမ်းကျင်သူငါးယောက်၏ နဖူးပေါ်မှ ချွေးစေးများထွက်ကျလာသည်။ ရုတ်တရက် အအေးဓာတ်က ခြေထောက်ကနေ ခေါင်းပေါ်အထိရောက်လာသည်။

ကောင်းကင်နတ်ဆိုးလို ဂိုဏ်းငယ်လေး၏ အရိုးရှင်းဆုံးသော ထင်ယောင်ထင်မှား အစီအရင်တွင် နတ်ဆိုးဂိုဏ်းမှ အကျော်အမော်များ ဤမျှလောက်ပမာဏအထိ ရှုံးနိမ့်လိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ကြပေ။

ယခုအခါ နတ်ဆိုးဂိုဏ်းမှ အကျော်အမော်များ အားလုံး ထင်ယောင်ထင်မှား အစီအရင်တွင် ပိတ်မိနေပြီး သူတို့ကိုယ်သူတို့ ဘာလုပ်နေသည်ကို လုံးဝသတိမထားမိကြတော့ပေ။

ဂလု..

အကြီးအကဲတစ်ဦးသည် မနေသာပဲ မေးသည်။ “ဒီလိုအခြေအနေမျိုးနဲ့ ကျုပ်တို့တွေ ဘာဆက်လုပ်ကြမလဲ?"

ကျန်လူများက အံကြိတ်လိုက်ကြပြီး၊ “ဘာကြောက်စရာရှိလို့လဲ? ငါတို့မှာ အကြီးအကဲယဲ့ရှားအပ်နှင်းထားတဲ့ ကောင်းကင်ဘုံ ထိပ်တန်းအဆင့်ရှိတဲ့ နတ်ဆိုးအဆွေပုတီးစေ့ ရှိတယ်။ အဲ့တာက ထင်ယောင်ထင်မှားအစီအရင်အားလုံးကို ချိုးဖျက်ရာမှာ အထူးအသုံးပြုရတဲ့ပစ္စည်းပဲ။” ပြောပြီးသည်နှင့် ထိုအကြီးအကဲသည် အနက်ရောင်ပုတီးစေ့ကို အစီအရင်ထဲကို ချက်ချင်းပစ်ချလိုက်သည်။

ပုတီးစေ့မှနေပြီး အနက်ရောင်အလင်းတန်းကို ပစ်လွှတ်လိုက်ကာ နောက်အခိုက်အတန့်တွင်ပဲ နတ်ဆိုးဂိုဏ်းမှ အကျော်အမော်များသည် တဖြည်းဖြည်းနှင့် သူတို့၏အာရုံတွေကို ပြန်လည်ရရှိလာသည်။

နတ်ဆိုးဂိုဏ်းမှ အကျော်အမော်များ သည် အမှန်တကယ်ပင် နတ်ဆိုးဂိုဏ်းမှ အကျော်အမော်များ ဖြစ်ထိုက်သည်။ သူတို့သည် အချိန်တိုတိုအတွင်း ထပ်မံစုရုံးပြီး ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဝင်ပေါက်ကို ထပ်မံတိုက်ခိုက်သည်။

ယခုအချိန်တွင် မြင့်မြတ်သော နတ်ဆိုးဂိုဏ်းမှ လူများကို ကောင်းကင်နတ်ဆိုးဂိုဏ်းကလည်း ရှာဖွေတွေ့ရှိသွားကြပေပြီ။

တပည့်များသည် ထိတ်လန့်သွားပြီး၊ ဂိုဏ်းချုပ်နှင့် အကြီးအကဲများ၏ ညွှန်ကြားချက်များကို ထူးထူးခြားခြား အလေးအနက်တောင်းခံနေကြသည်။ "ဂိုဏ်းချုပ်၊ သူတို့က နတ်ဆိုးဂိုဏ်းကလား?"

ဂိုဏ်းချုပ်ချန်၏ မျက်လုံးများသည် အဆက်မပြတ် ပုတ်ခတ်ပုတ်ခတ်ဖြစ်လို့နေသည်။

“နောက်ဆုံးတော့ နတ်ဆိုးဂိုဏ်းကလူတွေ လှုပ်ရှားပြီလား။ လိပ်နက်ဂိုဏ်းမှာ ဖြစ်ပျက်ပြီးနောက် နတ်ဆိုးဂိုဏ်းက အနှေးနဲ့အမြန် တစ်ကျော့ပြန်စလာမယ်လို့ ခန့်မှန်းထားပြီးသားပါ။ ဒီနေ့လို မြန်မြန်ရောက်လာမယ်လို့တော့ မမျှော်လင့်ထားဘူး။" အကြီးအကဲထျဲ့သည် လေးနက်သောအမူအရာဖြင့် “ကျွန်တော်တို့ အခုဘာလို့ အကူအညီမယူရမှာလဲ?”

"အသုံးမဝင်ပါဘူး။ နတ်ဆိုးဂိုဏ်းက တိုက်ခိုက်ဖို့ သတ္တိရှိတယ်ဆိုတော့ ကြိုတင်အစီအစဉ်ရှိထားပြီးသားဖြစ်ရမယ်။ အခုအချိန်မှာတော့ အနီးပတ်ဝန်းကျင်က ဂိုဏ်းတွေလည်း ငါတို့လိုပဲ တိုက်ခိုက်ခံနေရတာ ဖြစ်နိုင်တယ်။”

"ဒါဆို ကျွန်တော်တို့ ဘာလုပ်သင့်လဲ။ ဒီအတိုင်း သူတို့ရောက်လာမှာကို အေးအေးဆေးဆေး ထိုင်စောင့်နေရမှာလား?”

ဂိုဏ်းချုပ်ချန်သည် အသက်ပြင်းပြင်းရှူကာ လေးနက်သောအမူအရာဖြင့်ပြောသည်။ "ဟုတ်တယ်၊ ငါတို့က အေးအေးဆေးဆေးထိုင်နေလို့မရဘူး။ ဒါပေမယ့်၊ ရှောင်ယန်ချထားတဲ့ ဂိုဏ်းကာကွယ်တဲ့အစီအရင်က အချိန်အတိုင်းအတာတစ်ခုအထိတော့ ဆက်တောင့်ခံထားနိုင်ဦးမှာပဲ။ ဒီအတောအတွင်း ဂိုဏ်းကတပည့်ငယ်တွေကို တောင်နောက်ဘက်သို့ ချက်ချင်းပို့ဆောင်ဖို့ လူငယ်အကြီးအကဲတွေကို ခိုင်းလိုက်။ နတ်ဆိုးဂိုဏ်းရဲ့စိန်ခေါ်မှုကို လက်ခံဖို့အတွက်ကတော့ အကြီးအကဲအဖွဲ့ ငါ့နောက်လိုက်ခဲ့ပါ။"

သူစကားပြောပြီးသည်နှင့် ဂိုဏ်းချုပ်ချန်၏ နောက်ကွယ်မှ နူးညံ့သော ရယ်မောသံထွက်ပေါ်လာသည်။

“ဂိုဏ်းက ဒုက္ခရောက်နေပြီ တပည့်တွေက တာဝန်ရှိတယ်။ ကျွန်တော်တို့ထွက်ပြေးရင် ဂိုဏ်းချုပ်က ကျွန်တော်တို့ကို ဘယ်လိုကာကွယ်နိုင်မှာလဲ?"

"ဒါက နတ်ဆိုးဂိုဏ်းပဲ မဟုတ်လား? အရင်က သူတို့ကို မသတ်ဖူးတာလည်းမဟုတ်ဘူး။”

“ဂိုဏ်းချုပ်၊ အနည်းဆုံး ငါတို့သေရုံပေါ့။ တပည့်အတွက် မြေသုံးပေကို ထားပေးဖို့ မမေ့ပါနဲ့။”

ကောင်းကင်နတ်ဆိုးဂိုဏ်း၏ တပည့်များသည် ရဲရင့်စွာ ရှေ့သို့တိုးလာကာ ဂိုဏ်းချုပ်ချန်၏နောက်တွင် ရပ်လိုက်ကြသဖြင့် ဂိုဏ်းချုပ်ချန်၏ မျက်လုံးများ ထိန်းမနိုင်သိမ်းမရ နီရဲလာခဲ့သည်။

“တပည့်ကောင်းတွေ...တပည့်ကောင်းတွေပဲ!”

ထို့နောက် ဝမ်းနည်းမှုကို တဖြည်းဖြည်းပယ်ဖျောက်ကာ “ကောင်းပြီ၊ အဲ့တာဆို နတ်ဆိုးဂိုဏ်းကို တိုက်ခိုက်ဖို့ ငါ့နောက်ကို လိုက်ခဲ့ကြ။”

ငါးမိနစ်ခန့်ကြာသော်။

အုန်း..အုန်း..အုန်း..

ပြင်းထန်သော ပေါက်ကွဲသံနှင့်အတူ၊ နတ်ဆိုးဂိုဏ်း၏ ထိပ်တန်းပုဂ္ဂိုလ်များ အခြေအနေဆိုးဝါးစွာ ထွက်ပြေးသွားသည့်အထိ အရိုက်ခံရသည်။

"ခွေးကောင်. ခွေးကောင်......"

နတ်ဆိုးဂိုဏ်း၏ အာကာပြင်ပြိုကွဲခြင်းအဆင့် အကြီးအကဲများသည် ဒေါသကြောင့် ပြိုလဲလုနီးပါး ဖြစ်နေကြသည်။

ဤသည်မှာ ကောင်းကင်နတ်ဆိုးဂိုဏ်းငယ်တစ်ခုမျှသာဖြစ်သည်။ သို့သော် သူတို့၏ အစီအရင်တွေကတော့ တကယ်ကို ရက်စက်ကြမ်းကြုတ်လှသည်။

ယခင်က၊ ထိုထင်ယောင်ထင်မှားအစီအရင်သည် ဤဂိုဏ်းကလူတွေ၏ အကောင်းဆုံး အစီအရင်ဟုထင်ခဲ့သည်။ အဆုံးတွင်၊ မျက်စိတစ်မှိတ်အတွင်းတွင် ဒုတိယမြောက် အစီအရင်တစ်ခုကို ကြုံတွေ့ရမည်ဟု မမျှော်လင့်ခဲ့ပေ။ ယခင်အစီအရင်မှာ ထင်ယောင်ထင်မှား အစီအရင် ထက် ပို၍ပင် ဒုက္ခပေးသည်။

ဤသည်မှာ စစ်မှန်သော တိုက်ခိုက်မှု အစီအရင်ဖြစ်ပြီး သတ်ဖြတ်နိုင်စွမ်းအပြည့်ပင်။

“အားလုံးပဲ လူစုခွဲကြ! ညနတ်ဆိုးအကြီးအကဲ ကျုပ်ကို လက်ဆောင်ပေးခဲ့တဲ့ အစီအရင်ဖြိုခွင်းခြင်းဆူးတောင်ကို အသုံးပြု ကြည့်မယ်။”

“ကောင်းလိုက်တာ၊ အစီအရင် ဖြိုခွင်းတဲ့ ဆူးတောင် တကယ်ရှိတာပဲ။ အစီအရင် ဖြိုခွင်းတဲ့ဆူးကို အထူးပစ္စည်းတစ်ခုနဲ့ ပြုလုပ်ထားတာ။ အဲ့တာရဲ့ စွမ်းရည်က အဆင့်နိမ့် သူတော်စင်အဆင့် ကျွမ်းကျင်သူထက် မလျော့ဘူး။ အစီအရင်တွေရဲ့ ရန်သူပဲ။ တစ်ကြိမ်ပဲ သုံးလို့ရပေမယ့် လုံလောက်တယ်။”

နတ်ဆိုးဂိုဏ်းမှလူများ ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြသည်။

ထိုအကြီးအကဲသည် အချိန်မဆွဲနေဘဲ ချက်ချင်းစတင်လိုက်ကာ အစီအရင် ဖြိုခွင်းခြင်း ဆူးထဲသို့ ဝိညာဉ်စွမ်းအင်ကို ထည့်သွင်းလိုက်သည်။ ဝိညာဉ်စွမ်းအင်သည် တာအို အစီအရင်ကို လှုံ့ဆော်ပေးသည်။ တခဏချင်းမှာပင် အစီအရင် ဖြိုခွင်းခြင်းဆူးသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဒုတိယအလွှာကို ဖြိုခွင်းပစ်လိုက်လေသည်။

ပြင်းထန်သောပေါက်ကွဲသံနှင့်အတူ၊ ဒုတိယအစီအရင်ကိုနောက်ဆုံးတွင် နတ်ဆိုးဂိုဏ်း အကြီးအကဲမှဖျက်ဆီးပစ်နိုင်ခဲ့သည်။

ထိုအချိန်တွင်၊ နတ်ဆိုးဂိုဏ်းသည် လုရှောင်ယန်၏ အစီအရင်နှစ်ခုကို ဆက်တိုက်ချိုးဖျက်ပြီးနေပြီဖြစ်သည်။

ထို့အတွက်ကြောင့်လည်း သူတို့သည် ရတနာနှစ်ပါးကို အသုံးပြုခဲ့ရလေသည်။ သေချာပေါက် ကြီးမားသည့် ဆုံးရှုံးမှုကို ခံစားခဲ့ရသည်။

ယခုအချိန်တွင် နတ်ဆိုးဂိုဏ်းမှ လူများသည် ပြင်းထန်စွာ ဒေါသထွက်နေပြီဖြစ်သည်။

“ကောင်းကင်နတ်ဆိုးဂိုဏ်းကို ဖျက်ဆီးပစ်ကြ။ တကယ်ကို ငါတို့ကို မျက်နှာပျက်အောင် လုပ်ရဲကြတာပဲ။ ဒါပေမယ့် ဒီတစ်ခါတော့ ဘယ်သူမှ မင်းတို့ကို ကယ်နိုင်မှာ မဟုတ်တော့ဘူး။ ငါ့ရဲ့မြင့်မြတ်တဲ့ နတ်ဆိုးဂိုဏ်းက မင်းရဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းကို ဒီနေ့ပဲ ဖျက်ဆီးပစ်မယ်။ သတ်!” အမိန့်တစ်ခုဖြင့် နတ်ဆိုးဂိုဏ်းမှ အကျော်အမော်များ သည် ကောင်းကင်နတ်ဆိုးဂိုဏ်း၏ဝင်ပေါက်သို့ ပြေးသွားကာ အော်ကြသည်။

ငါးမိနစ်အကြာတွင် ထောင်နှင့်ချီသော နတ်ဆိုးဂိုဏ်းမှ အကျော်အမော်များ အားလုံး တတိယမြောက် အစီအရင်ရှေ့တွင် ငြီးငြူကြလေတော့သည်။

သူတို့အားလုံး တတိယအလွှာ အစီအရင်တွင် ပိတ်မိနေကြခြင်းပင်။

“သေစမ်း. .ကောင်းကင်နတ်ဆိုးဂိုဏ်း. ကောင်းကင်နတ်ဆိုးဂိုဏ်းက ကျင့်ကြံသူတွေအားလုံးကို သတ်ပစ်မယ်!"

“မအော်နဲ့။ ဆဲလိုက်တာလား ?ဘာလို့ ကြက်သွန်ဖြူကို အများကြီးစားထားတာလဲ။ ကြက်သွန်ဖြူ အနံ့ ရတယ်။”

"အကြီးအကဲ ငါတို့ကို မြန်မြန်ကယ်ပါ"

နတ်ဆိုးဂိုဏ်း အကြီးအကဲများသည် ၎င်းတို့၏ဘဝကို သံသယဝင်နေပြီဖြစ်သည်။

ဘာတွေဖြစ်နေတာလဲ...

အိပ်မက်မက်နေကြတာလား? ဤသည်မှာ ကောင်းကင်နတ်ဆိုးဂိုဏ်းငယ်တစ်ခုမျှသာဖြစ်သည်။

ကောင်းကင်နတ်ဆိုးဂိုဏ်း သေးသေးလေးမှာ ဘာလို့ အစွမ်းထက်တဲ့ အစီအရင်တွေ အများကြီး ရှိနေတာလဲ?

ဤအစီအရင်များထဲမှ တစ်ခုသည် တောင်တံခါးတစ်ခုလုံးကို ကာကွယ်နိုင်သည်။ သို့တိုင်၊ ဤအခိုက်အတန့်တွင် ဤ အစီအရင်များကို အတူတကွ စုစည်းထားပြီး ရိုးရိုးရှင်းရှင်း မထင်မှတ်နိုင်သော အကျိုးသက်ရောက်မှုများကို ပြသသည်။

ယခုအချိန်တွင် နတ်ဆိုးဂိုဏ်းအကြီးအကဲအချို့သည် ဆုတ်ခွာရန် ကြံရွယ်နေပြီဖြစ်သည်။

"ငါတို့ထွက်သွားရမယ့်အချိန်ရောက်ပြီ!"

သို့သော်~~

အစီအရင် ဖြိုခွင်းတဲ့ ဆူး ကိုသုံးတဲ့ ပညာရှင်က အေးစက်စက် အသုံးအနှုန်းနှင့် ပြောသည်၊

"ဘယ်သူ ထွက်သွားရဲလဲ ကြည့်ရအောင်! နတ်ဆိုးအရှင်က ကျုပ်တို့ ကောင်းကင်နတ်ဆိုးဂိုဏ်းကို သတ်ဖြတ်ပြီးပြန်လာမှာကို စောင့်မျှော်နေသေးတယ်၊ ဒါမှပဲ ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ကျင့်ကြံသူတွေရဲ့ သွေးအနှစ်သာရကို အသုံးပြုပြီး နတ်ဆိုး ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ဖို့ အကူအညီဖြစ်မယ်။ နတ်ဆိုးဂိုဏ်းက တပည့်တွေဖြစ်ပြီး ဘယ်လိုလုပ်များ အလွယ်တကူ အရှုံးပေးရတာလဲ?”

"ဒါပေမယ့်... ဒါပေမယ့် ဒီ အစီအရင်ကိုတောင် ငါတို့ ဖြတ်လို့မရဘူးလေ။ ကောင်းကင်နတ်ဆိုးဂိုဏ်းက လူတွေကို ငါတို့ဘယ်လို သတ်နိုင်မှာလဲ?" အကြီးအကဲက သူ့ကို အလွန်အမင်း အထင်အမြင်သေးစွာ စိုက်ကြည့်နေသည်။

" ဘာများ ခက်ခဲနေလို့လဲ? ဒါဟာ သေးငယ်တဲ့ အစီအရင် ဖွဲ့စည်းမှုတစ်ခုသာသာပဲ။”

သူစကားပြောပြီးသည်နှင့် ကြေးမှန်တစ်ချပ်ကို ထုတ်ယူကာ ကြေးမုံကို စွမ်းအားမြှင့်တင်ရန် အစီအရင်ဖွဲ့စည်းပုံတစ်ခုကို အသုံးပြုပြီး လုရှောင်ယန် ချထားသည့် အစီအရင်၏ တတိယအလွှာသို့ ပစ်ပေါက်လိုက်လေသည်။

တခဏချင်းမှာပင် လမ်းကြောင်းအရပ်ရပ်ကို အလင်းထိခတ်ပြီး မမြင်နိုင်သည့် အတက်အကျတစ်ခုက မြေပြင်ပေါ်မှာ ကြီးမားတဲ့ အက်ကွဲကြောင်းကြီးကို ချက်ချင်းဖြစ်ပေါ်သွားစေခဲ့သည်။ ထို့အတွက်ကြောင့် လုရှောင်ယန်၏အစီအရင်သည်လည်း ဆက်လက်တောင့်မခံနိုင်တော့ဘဲ နောက်ဆုံးတွင် ကွဲအက်သွားတော့သည်….

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၆။ အခန်း ၈၈ သိုင်းကွက် တစ်ခု

"ဘယ်လောက်တောင် အစွမ်းထက်လဲ?"

နတ်ဆိုးဂိုဏ်းသားများ၏ မျက်စံအိမ်တွေကြုံ့သွားကြကြသည်။ ထိုမှန်မှ ထုတ်လွှတ်သော အရှိန်အဝါသည် မည်မျှ အစွမ်းထက်ကြောင်း လူတိုင်း ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့သည်။

၎င်းသည် အနည်းဆုံး အဆင့်နိမ့် သူတော်စင်အဆင့် လက်နက်ဖြစ်သည်။ "အကြီးအကဲ၊ ဒီလက်နက်ကဘာလဲ?"

အကြီးအကဲစစ်ထူက လှောင်ရယ်လိုက်ကာ၊

“အဲဒါက နတ်ဆိုးအလင်းကြေးမုံ၊ နတ်ဆိုးအရှင်က ငါ့ကို ကိုယ်တိုင်ကိုယ်ကျ ပေးခဲ့တာ။ အဲ့တာနဲ့ဆို သူတော်စင်အဆင့် အောက်က ဘယ်အစီအရင်မဆို သူ့အလိုလို ပြိုပျက်သွားလိမ့်မယ်။"

"ဟစ်... အကြီးအကဲစစ်ထူက နတ်ဆိုးအရှင်ရဲ့ အသိအမှတ်ပြုမှုကို အမှန်တကယ် ရယူနိုင်ခဲ့တာပဲ!”

"ငါတို့မြင့်မြတ်သောဂိုဏ်းက အရှင်စစ်ထူရဲ့ အနာဂတ်က အကန့်အသတ်မရှိပဲဟေ့!"

ထိုမှသာလျှင် အကြီးအကဲစစ်ထူသည် ကောင်းကင်နတ်ဆိုးဂိုဏ်းကို ဖျက်ဆီးပြီး နတ်ဆိုးအရှင်အတွက် ကျင့်ကြံသူများ၏ သွေးအနှစ်သာရကို စုဆောင်းရန် အဘယ်ကြောင့် အသဲအသန် လိုချင်သည်ကို အားလုံး နားလည်သွားကြသည်။ သူတို့ရဲ့ ဆက်ဆံရေးကြောင့်ပဲပေါ့။

အကြီးအကဲစစ်ထူက ပြုံးပြီး သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

“ငါက ကံကောင်းပြီး နတ်ဆိုးအရှင်ရဲ့ မျက်နှာသာပေးမှုကို ခံယူရတာ။ ကောင်းပြီ၊ စကားတွေပြောမနေနဲ့တော့..။ ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ကျင့်ကြံသူတွေကို သတ်ပစ်ပြီး နတ်ဆိုးအရှင်အတွက် သွေးအနှစ်သာရ စုဆောင်းလိုက်ကြ!"

“ဟုတ်!”

အမိန့်တစ်ခုအောက်တွင်ပင် နတ်ဆိုးဂိုဏ်း၏ ထိပ်သီးများသည် အမဲလိုက်တော့မည့် ဝံပုလွေများကဲ့သို့ ကောင်းကင်နတ်ဆိုးဂိုဏ်းဆီသို့ ဒုန်းဆိုင်းထွက်သွားကြသည်။

တောင်စောင်းရှိ ကောင်းကင်နတ်ဆိုးဂိုဏ်းမှ လူများသည် တောင်ခြေရင်းမှ ပြင်းထန်သော လူသတ်ငွေ့တို့ကို သတိပြုမိကြကာ ဖိအားတွေ တိုးလာတာကို ချက်ချင်း ခံစားလိုက်ရသည်။

သူတို့ စိတ်နှလုံးသားထဲမှာ အသင့်ပြင်ထားပြီးသားဖြစ်သော်လည်း တိုက်ပွဲတကယ်စပြီး နတ်ဆိုးဂိုဏ်းထိပ်သီးတွေ ချဉ်းကပ်လာသည့်အခါမှာတော့ ဖိအားတွေက သူတို့၏ စိတ်ကူးစိတ်သန်းထက် အဆပေါင်းများစွာ ကျော်လွန်နေပြီဆိုတာကို ခံစားသိရှိလိုက်ကြသည်။

“သတ်!”

လူသတ်ရန် အမိန့်ကိုကြားသော် ဂိုဏ်းချုပ်က ဓားရှည်ကြီးကို သူ၏လက်ထဲမှာ တင်းတင်းကြပ်ကြပ်ဆုပ်ထားပြီး အံကြိတ်လိုက်သည်။

“ကောင်းကင်နတ်ဆိုးဂိုဏ်းက တပည့်အားလုံး နားထောင်ကြ။ ယနေ့ညမှာ ကျုပ်တို့တွေ ဂိုဏ်းကို ကာကွယ်ဖို့အတွက် တိုက်ပွဲဝင်ကြရတော့မယ်။ ဒီကနေ့တိုက်ပွဲမှာ ပါဝင်ကြတဲ့သူအားလုံးဟာ ကျုပ်တို့ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဂုဏ်အသရေပဲ။ ကောင်းကင်နတ်ဆိုးဂိုဏ်းအတွက် နတ်ဆိုးတွေကို သတ်ပစ်ကြ!”

ဂိုဏ်းချုပ်က ပြောပြီးသည်နှင့် သက်မတစ်ချက်ချလိုက်သည်။ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ တပည့်များသည်လည်း ရက်စက်ကြမ်းကြုတ်သော ကျားများကဲ့သို့ နတ်ဆိုးဂိုဏ်း၏ ထိပ်သီးများဆီသို့ ပြေးသွားကြသည်။ မီတာတစ်သောင်း၊ မီတာတစ်ထောင်၊ မီတာတစ်ရာ၊ ဆယ်မီတာ...

နှစ်ဘက်စလုံး နီးကပ်လာပြီ။ နောက်ဆုံးတွင် သေမင်း၏ အရှိန်အဝါ ပြင်းထန်စွာ ပေါက်ကွဲထွက်လာသည်။

အုန်း...

ဤသည်မှာ ရှင်ခြင်းနှင့်သေခြင်းကြားတိုက်ပွဲဖြစ်သည်။ ဘယ်သူမှ နောက်ဆုတ်၍မရပေ။ နှစ်ဦးနှစ်ဖက် ထိပ်တိုက်တွေ့လိုက်သည်နှင့် ချက်ချင်းစတင်တိုက်ခိုက်ကြတော့သည်။

ကျင့်ကြံခြင်းနည်းလမ်းမျိုးစုံကြောင့် ဖြစ်ပေါ်လာသော အလင်းတန်းများနှင့် နောက်ဆက်တွဲလှိုင်းများသည် တိုက်မိပြီး ပေါက်ကွဲသွားသည်။ တိုက်ပွဲသည် အထွတ်အထိပ်သို့ ရောက်လာသည်။

ကောင်းကင်နတ်ဆိုးဂိုဏ်း မှလူများသည် နတ်ဆိုးဂိုဏ်း၏တိုက်ခိုက်မှုကို ချက်ချင်းနှိပ်ကွပ်ရန်နှင့် တဖက်သူ၏ရှေ့တိုးမှုကိုတားဆီးရန် အရေအတွက်နှင့်ခွန်အားကိုအမှီပြုကြသည်။

သို့သော်….

၎င်းသည် နှစ်စက္ကန့်အောက်သာ ကြာသည်။

နှစ်စက္ကန့်အကြာတွင် ရုတ်တရက် အခြေအနေပြောင်းသွားသည်။

နတ်ဆိုးဂိုဏ်း၏ ထိပ်သီးများသည် တစ်ဆင့်ပြီးတစ်ဆင့် ရှေ့တိုးလာပြီး တိုက်ပွဲသာ အသာစီးပြန်လည်ရရှိလာသည်။ သူတို့သည် ကောင်းကင်နတ်ဆိုးဂိုဏ်း၏ အကြီးအကဲများနှင့် တပည့်များကို အရူးအမူး သတ်ဖြတ်ကြသည်။

နတ်ဆိုးဂိုဏ်း၏ ကျင့်ကြံမှုသည် 'မြန်' ဟူသော စကားလုံးကို အလေးပေးသည်။ နတ်ဆိုးဂိုဏ်း၏တိုက်ပွဲများတွင်လည်း 'ရက်စက်သော' ဟူသောစကားလုံးကိုအလေးပေးထားသည်။

ဖြောင့်မတ်သောလမ်းစဉ်မှ လူများသည် ဆယ်နှစ်ကြာအောင် ကျင့်ကြံပြီးမှသာ စိတ်ခန္ဓာသန့်စင်ခြင်းအဆင့်သို့ ဖြတ်ကျော်နိုင်မည်ဖြစ်သည်။ သို့သော်လည်း နတ်ဆိုးဂိုဏ်းမှလူများသည် ဆယ်နှစ်ကြာ ကျင့်ကြံပြီးနောက် ဆရာသခင်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပေမည်။ ၎င်းသည် နှစ်ဘက်ကြားမှ အသိသာဆုံး ခြားနားချက်ပင်။

ထို့အပြင် နတ်ဆိုးဂိုဏ်းသည် တိုက်ပွဲများတွင် နာကျင်မှုကို မကြောက်ပေ။ သူတို့၏ ကျင့်ကြံခြင်းနည်းလမ်းများသည် သွေး၊ နာကြည်းမှု၊ ညစ်ညမ်းသော အရှိန်အဝါ၊ မကောင်းသော အရှိန်အဝါ စသည်တို့ကိုပင် စုပ်ယူခဲ့သည်။ ထို့ကြောင့် တိုက်ပွဲဝင်သောအခါတွင် ၎င်းတို့၏ ခွန်အားများ မကျဆင်းသွားရုံသာမကဘဲ ဆက်လက်တိုးလာမည်ဖြစ်သည်။

"သူတို့ကိုသတ် နတ်ဆိုးဂိုဏ်းသားရဲတွေကို မလွှတ်လိုက်နဲ့!"

ဂိုဏ်းချုပ်ချန်သည် ဆရာသခင်အဆင့် နတ်ဆိုးကျင့်ကြံသူအား ဓားတစ်ချောင်းတည်းဖြင့် သတ်ပြီးနောက်တွင် ဂိုဏ်းသားများ၏ စိတ်ဓာတ်ကို မြှင့်တင်ရန် ချက်ချင်းပင် ကျယ်လောင်စွာ အော်လိုက်သည်။

သို့သော် သူအော်သံပြီးသည်နှင့်အမျှ နတ်ဆိုးဂိုဏ်းအကြီးအကဲအချို့သည် အမှောင်ထုထဲတွင် စုရုံးလာကြသည်။

“ဘယ်လို မာနကြီးတဲ့ လေသံလဲ! ဒုတိယအဆင့်လောက်ရှိတဲ့ အမှိုက်တွေကို ဖြိုခွဲပစ်နိုင်တာနဲ့ သူ့ကိုယ်သူ တအား အထင်ကြီးနေတာ!"

“ကောင်းပြီ ငါ့လက်တွေ ယားနေတာနဲ့အတော်ပဲ၊ မင်းနဲ့ အတူကစားတာပေါ့!"

တစ်ချိန်တည်းမှာပင်၊ ကျီရွှေ့ တောင်ထိပ်၏ တောင်ခြေတွင် လူရိပ်အနည်းငယ်ပေါ်လာသည်။

အမှောင်ထုထဲမှ အရိပ် တစ်ခုက မနေနိုင်ပဲ တိုးတိုးလေး ပြောသည်။

“ဆရာ၊ ဒီနေ့ ဂိုဏ်းက နတ်ဆိုးဂိုဏ်းရဲ့ တိုက်ခိုက်တာခံရပြီး အန္တရာယ်ကျရောက်နေတယ်ဆိုရင် သူတို့ကို ထောက်ပံ့ဖို့ ရှေ့တန်းကို ဘာလို့ မသွားကြတာလဲ? ကျွန်တော်တို့ဘာလို့ ဦးလေးဆရာလုရဲ့ ကျီရွှေ့ တောင်ထိပ်ကို လာတာလဲ?"

သူစကားပြောပြီးသည်နှင့် တစ်ဖက်လူ၏ မျက်လုံးပြူးကြည့်သည်ကို လက်ခံရရှိလိုက်သည်။

"ထောက်ပံ့ပေးတာလား? မင်းတို့ ငါတို့ကလား? ကိုယ့်ကျင့်ကြံဆင့်ကို ဘာကြောင့် ပြန်မကြည့်တာလဲ? မင်းက မွေးဖွားမှုအဆင့်ရဲ့ တတိယအဆင့်။ မင်းက ချိတ်ဆက်မှုအဆင့်တောင် မရောက်သေးဘူး၊ တိုက်ပွဲမှာပါဝင်တဲ့ဖို့ အနိမ့်ဆုံး ချိတ်ဆက်မှုအဆင့်ကိုရောက်နေမှဖြစ်မှာ။ မင်းက ကိုယ့်သေလမ်းကိုယ်ရှာနေတာလား?"

"ဆရာ၊ တရှန်း မလုပ်နိုင်ပေမယ့် ဆရာကကော။ ဆရာက အနည်းဆုံး စိတ်ဝိညာဉ် တတိယအဆင့်လေ။ ဆရာကျ ဘာလို့မကူညီတာလဲ?" ဒီတစ်ကြိမ်မှာတော့ ချန်တရှန်းဟာ မျက်လုံးပြူးခံရရုံနဲ့တင် မပြီးတော့ဘဲ အဲဒီအစား သူ့ဆရာ၏ ခေါင်းခေါက်ခြင်းကို ခံလိုက်ရသည်။

"သောက်ရူး၊ မင်း ငါ့ကို အသက်အရမ်းရှည်တယ်လို့ ထင်နေတာလား? မင်းငါ့ကိုသေစေချင်နေတာလား? စိတ်ဝိညာဉ်တတိယအဆင့် အရမ်းအစွမ်းထက်ပါတယ်လို့ပြောလား? ငါသွားမယ်ဆိုရင်တောင် သေမှာပဲ။ ငါသေရင် မင်းကို ဘယ်သူက သနားမှာလဲပဲကြည့်ချင်တယ်။”

"ဒါဆို ကျွန်တော်တို့က ဆရာဦးလေးလုရဲ့ ကျီရွှေ့ တောင်ထိပ်ကို ဘာလို့ ရောက်နေတာလဲ?"

"ဟင်း မင်းက ငယ်သေးတယ်။ မင်း နားမလည်သေးဘူး။ တိုတိုပြောရရင် တစ်ခုကိုပဲ သိထား။ ကောင်းကင်နတ်ဆိုးဂိုဏ်းမှာ ပြဿနာတစ်ခုခုကြုံရင် ပုန်းဖို့ ကျီရွှေ့တောင်ထိပ်ကိုသာ သွား။ သေချာပေါက် ဘေးကင်းလိမ့်မယ်။ ကျီရွှေ့တောင်ထိပ်ကတောင် မလုံခြုံရင် ကောင်းကင်နတ်ဆိုးဂိုဏ်း တစ်ခုလုံး ဘေးကင်းမှာ မဟုတ်ဘူး။”

အတိုချုပ်ပြောရလျှင်တော့ ဒီညအတွက် သူတို့တွေ အန္တရာယ်မှလွတ်မြောက်မည်သာ။ "နတ်ဆိုးဂိုဏ်း ဆုတ်ခွာသွားရင်၊ မင်းကို အာကေရှား ဂိုဏ်းဆီ ခေါ်သွားပေးမယ်။"

အာကေရှားဂိုဏ်းသည် ကြီးမားသောဂိုဏ်းတစ်ခုဖြစ်သည်။ အကြီးအကဲ နတ်မိမယ်ဟုန်ယွီသည်လည်း ရက်စက်ကြမ်းကြုတ်သူဖြစ်သည်။ နတ်ဆိုးဂိုဏ်းသည် လက်ရှိအချိန်တွင် သူတို့အား ရန်စရန် သတ္တိမရှိသည်မှာ သေချာသည်။ " အဲ့တာဆို ငါတို့ အာကေရှားဂိုဏ်း ပုန်းလို့လဲရမယ်။"

ချန်တရှန်းကတော့ ခေါင်းကိုသာ ကုတ်လိုက်သည်။

"ဒါပေမယ့် အာကေရှား ဂိုဏ်းက ဘာလို့ ကျွန်တော်တို့ကို ကာကွယ်ပေးမှာ သေချာနေတာလဲ?"

"ဟ-ဟ၊ ငါက အာကေရှား အဖွဲ့ခွဲရဲ့ အမြင့်မြတ်ဆုံးအထူးဖောက်သည်ပါ။ သေချာပေါက် သူတို့ ကာကွယ်ရမှာပေါ့။"

“ဟစ်၊ ဆရာက တကယ်ကို အစွမ်းထက်တယ်။”

ကျီရွှေ့ တောင်ထိပ်တွင် လုရှောင်ယန်သည် ကောင်းကင်နတ်ဆိုးဂိုဏ်း၏အဓိကတောင်ထွတ်ပေါ်ရှိ စစ်မြေပြင်ကို ရပ်ကြည့်နေရင်း ကူကယ်ရာမဲ့ဖြစ်နေသည်။

ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ဤလူများသည် နတ်ဆိုးဂိုဏ်းကို သေချာပေါက် အနိုင်မယူနိုင်ပေ၊ ဒါကိုတောင် ဘာလို့များ တောင်အနောက်ဘက်ကနေ ထွက်မပြေးကြရတာလဲ?

မည်သို့ပင်ဆိုစေကာမူ သူ၏ခုခံခြင်းအစီအရင်နှင့်သာဆိုလျှင် သူတို့ လွတ်မြောက်ရန် အချိန်အလုံအလောက်ရသည်။

သို့သော် သူတို့သည် နတ်ဆိုးဂိုဏ်းကို ဇွတ်အတင်း တွန်းလှန်နေကြသည်။

လုရှောင်ယန်သည် မူလက နတ်ဆိုးဂိုဏ်း၏ နတ်ဆိုးအရှင်အကြောင်း များများစားစား မသိသောကြောင့် ပြဿနာမရှာလိုခဲ့ပေ။

အကြောင်းကတော့ အတော်အတန်ကျော်ကြားသော သူများသည် အခြေခံအားဖြင့် ရိုးရိုးရှင်းရှင်း ဇာတ်ကောင်များ မဟုတ်သောကြောင့် ဖြစ်သည်။

သူက မြင်းနက် လား? ဒါမှမဟုတ် ထိပ်တန်း ဗီလိန် လား?

ဘာပဲဖြစ်ဖြစ် ထိုနှစ်မျိုးလုံးကို ရန်စဖို့ဆိုတာက ရိုးရှင်းတဲ့ ကိစ္စတော့ မဟုတ်ဘူး။

သို့သော်၊ သူသည် ကောင်းကင်နတ်ဆိုးဂိုဏ်းတွင် ဆယ်နှစ်....ဆယ်နှစ် လုံးလုံး နေခဲ့သည်။

သူ၏နှလုံးသားက အစက အေးစက်နေရင်တောင် အခု ပူနွေးလို့လာပေပြီ။

သူ၏ဂိုဏ်းတူညီအစ်ကိုများအား နတ်ဆိုးဂိုဏ်းက သတ်ဖြတ်ခြင်းကို မမြင်ချင်ပေ။ "မေ့လိုက်တော့… ငါတစ်ခါပဲလုပ်မယ်။ နောက်ဆုံးတော့ ဂိုဏ်းချုပ်နဲ့ တခြားသူတွေက ငါ့အပေါ် တကယ်ကောင်းခဲ့ကြတာပဲ။ လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း ငါ့ကို ပြုစုပျိုးထောင်ခဲ့တဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းကို ပြန်ပေးဆပ်ဖို့ တာဝန်ယူရမယ်။"

ထိုသို့တွေးပြီး လုရှောင်ယန်သည် အနက်ရောင်အင်္ကျီနှင့် မျက်နှာဖုံးကို ၀တ်ဆင်လိုက်သည်။

သူကူညီခဲ့လျှင်တောင် သူ၏အထောက်အထားကို ဖော်ထုတ်လို့ မရပေ။

ကောင်းကင်နတ်ဆိုးဂိုဏ်းက ထိုလူတွေက သူ၏ ခွန်အားအမှန်ကို မြင်ခဲ့လျှင် သူတို့ ရူးသွားမှာ မဟုတ်ဘူးလား။

အရုဏ်မတက်မီမှာပဲ သူသည် ဆယ်နှစ်ကြာ ကျင့်ကြံပြီးနောက် ဘုရင်အဆင့်ကျွမ်းကျင်သူဖြစ်လာသည့် သတင်းသည် မဟာကျိုးအင်ပါယာတစ်ခုလုံးသို့ ပျံ့နှံ့သွားဖွယ်ရှိပေသည်…

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၆။ အခန်း ၈၉ သူက ကြယ်ကောင်းကင်ကလာတာ

လုရှောင်ယန်၏ အရှိန်အဝါ ကို ခံစားလိုက်ရသဖြင့် ယွင်လီကော နှင့် ကျန်တပည့်နှစ်ယောက်လုံး ချက်ချင်းရောက်လာကြသည်။

"ဆရာ ကျွန်တော်တို့ကို အတူတူ လိုက်စေချင်လား?"

လုရှောင်ယန် ခေါင်းယမ်းလိုက်သည်။

“မလိုအပ်ဘူး။ ငါတို့ အထောက်အထားတွေက လူများရင် ပိုသိသာတယ်။ ငါတစ်ယောက်တည်း လုံလောက်တယ်။ မင်းတို့ အဆင်သင့်ပြင်ထားကြ။ ဒါပြီးရင် တောင်ပေါ်ကဆင်းပြီး မဟာကျိုး နန်းမြို့တော်ကို သွားမယ်။"

ထိုစကားကိုကြားသော် သူတို့သုံးယောက် အထူးသဖြင့် ကျီဝူရှား အံ့သြသွားသည်။

သူမဆရာသည် သူမ၏ ကိစ္စများကို စတင်ကိုင်တွယ်တော့မည်ကို သူမသိလိုက်သည်။

ရှေ့မှာ တိုက်ပွဲက ဆက်ဖြစ်နေတုန်းပင်။ ကောင်းကင်နတ်ဆိုးဂိုဏ်း တပည့်များ၏ ကျင့်ကြံဆင့်မှာ အမှန်တကယ် နည်းပါးလွန်းပြီး နတ်ဆိုးဂိုဏ်း၏ ထိပ်သီးများကို တွန်းလှန်နိုင်ခြင်း မရှိပေ။ နှစ်ဘက်ကြား တိုက်ပွဲက အဖြေရှိပြီးသား ပုစ္ဆာတစ်ပုဒ်လိုဖြစ်နေသည်။ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ အကြီးအကဲများ အဆက်မပြတ်ကျဆုံးခြင်းနှင့်အတူ၊ ကောင်းကင်နတ်ဆိုးဂိုဏ်း ဖျက်ဆီးခြင်းခံရမည်မှာ အသေအချာပင်။ နတ်ဆိုးဂိုဏ်းမှအကြီးအကဲ အနည်းငယ်က သူတို့ရှေ့က တိုက်ပွဲကို ကြည့်ပြီး လေးစားသည့်အမူအရာမျိုး ထုတ်ဖော်လိုက်ကြသည်။

"ဒီကောင်းကင်နတ်ဆိုးဂိုဏ်းက ဒီလောက်ကြာကြာခံနိုင်ရည်ရှိမယ်လို့ ငါမမျှော်လင့်ထားဘူး။"

“ဒါပေမယ့် ယုံကြည်အားထားရာဂိုဏ်းက တိုက်ပွဲကတော့ ပြီးနေလောက်ပြီ။ ငါတို့တွေလဲ အကြီးအကဲယဲ့ရှားရဲ့ အပြစ်တင်မခံရအောင် အချိန်အကြာကြီးဆွဲနေလို့ မဖြစ်တော့ဘူး။”

“ဒါဆိုရင် ကောင်းနတ်ဆိုးဂိုဏ်းရဲ့ဂိုဏ်းချုပ်နဲ့ ဘိုးဘေးအကြီးအကဲကို အကြီးအကဲစစ်ထူတိုက်နေရာမှာ ငါသွားကူညီပေးလိုက်မယ်။”

ပြောရင်းဆိုရင်းဖြင့်ပင် နတ်ဆိုးဂိုဏ်းမှလူသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သူ၏ အာကာပြင်ပြိုကွဲခြင်း ဆဌမမြောက်အဆင့်၏ အရှိန်အဝါသည် တစ်ချိန်တည်းတွင် ပေါက်ကွဲသွားသည်။

တစ်ဖက်သား၏ အားကောင်းမောင်းသန် အရှိန်အဝါကို အာရုံခံလိုက်ရသဖြင့် ဂိုဏ်းချုပ်ချန်နှင့် ဘိုးဘေးအကြီးအကဲတို့၏ အမူအရာများ ပြောင်းလဲသွားသည် သူတို့၏ နှလုံးသားများသည် အလွန်နာကျည်းသွားသည်။

“ဘယ်လောက် အစွမ်းထက်လိုက်လဲ?”

နတ်ဆိုးဂိုဏ်းသည် ဤတိုက်ပွဲကိုအဆုံးသတ်ရန် အဆင်သင့်ဖြစ်နေကြပြီဟု သူတို့နှစ်ဦး နားလည်ကြသည်။

သူတို့သည် အာကာပြင်ပြိုကွဲခြင်း ပဉ္စမအဆင့်အထက် ကျွမ်းကျင်သူကိုပင် မနည်း တွန်းလှန်နေရပြီး အချိန်အတော်ကြာဆွဲနေခဲ့သည်။

ယခု သူတို့နှစ်ဦးသည် ခုတ်ထစ်ခြင်းခံရရန် စောင့်ဆိုင်းနေသော ငါးများကဲ့သို့ပင်။

"ဆရာဦးလေး၊ ကြည့်ရတာ ကောင်းကင်နတ်ဆိုးဂိုဏ်းက ငါတို့မျိုးဆက်မှာ တကယ်ပဲ ပျက်ဆီးရမယ့်ပုံပဲ... အားလုံးက ငါ့ကြောင့်ပဲ..."

ဂိုဏ်းချုပ်ချန်၏ အသံသည် နာကျည်းမှုအချို့ကို ဖော်ပြသည်။

“ဒါ မင်းအပြစ်မဟုတ်ဘူး။ နောက်ဆုံး နတ်ဆိုးအရှင် ပေါ်လာတဲ့အခါ ငါတို့ပဲ ဒုက္ခရောက်မှာ မဟုတ်ဘူး။ မဟာကျိုးတစ်ခုလုံးရှိ မရေမတွက်နိုင်သော ဂိုဏ်းတွေ ဖျက်ဆီးခံရတော့မယ်။” ခေတ္တနားပြီးနောက် သူက ဆက်ပြောသည်။ "ရှောင်ချန် ၊ ခဏနေရင် လွတ်မြောက်ဖို့အခွင့်အရေးရအောင် ငါ့ရဲ့စိတ်ဝိညာဉ်ကို ဖောက်ခွဲလိုက်မယ်။ ဒီအခွင့်အရေးသုံးပြီး လွတ်အောင်လုပ်။”

"ဘာ.. ဆရာဦးလေး ခင်ဗျား.....”

ဂိုဏ်းချုပ်ချန်၏ မျက်စံအိမ်များသည် ကျဉ်းမြောင်းလာသည်။

“နောက်ထပ်နှစ်ပေါင်းများစွာ ဖြတ်ကျော်ဖို့ မျှော်လင့်ချက်မရှိတော့ဘူး။ ငါ့ရဲ့သက်တမ်းက ကုန်ဆုံးနေပြီ။ နတ်ဆိုးဂိုဏ်းမရှိရင်တောင်မှ ငါမသေခင်အချိန်နည်းနည်းပဲရှိတော့တယ်။ ဒါပေမယ့်၊ မင်းကမတူဘူး။ မင်းမှာ တိုးတက်ပြီး အသက်ပိုရှည်ဖို့ မျှော်လင့်ချက်ရှိသေးတယ်။ ရှင်သန်သွားပါ။ မဟာကျိုးအင်ပါယာက နတ်ဆိုးဂိုဏ်းကို ချေမှုန်းပြီးတဲ့အထိ စောင့်ပြီး ငါတို့ဂိုဏ်းကို ပြန်လည်ထူထောင်ပေးပါ။"

ဂိုဏ်းချုပ်ချန်၏ မျက်လုံးများ နီရဲလာပြီး မျက်ရည်များ ဝေ့ဝဲနေသည်။

“ဆရာဦးလေး၊ ငါက ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ဂိုဏ်းချုပ်ပါ။ ကောင်းကင်နတ်ဆိုးဂိုဏ်း တပည့်များစွာကို စွန့်စားခိုင်းပြီး ဘယ်လို တစ်ယောက်တည်း လွတ်မြောက်နိုင်မှာလဲ?"

“ယောက်ျားတစ်ယောက်အနေနဲ့ တာဝန်ယူရမယ်။ မင်းရဲ့ စိတ်ခံစားမှုတွေက မင်းရဲ့ ဆုံးဖြတ်ချက်တွေကို ထိခိုက်စေလို့ မရဘူး။...သွား...”

သူစကားပြောပြီးသည်နှင့် ရူးသွပ်သော ဝိညာဉ်စွမ်းအင်သည် အဘိုးကြီး၏ ခန္ဓာကိုယ်မှ ရုတ်တရက် အရူးအမူး ထွက်ပေါ်လာသည်။

သို့သော်လည်း ယခုအချိန်တွင်တော့ နတ်ဆိုးဂိုဏ်းဘက်မှ ပိုမိုအားကောင်းသော အလင်းတန်းနှစ်ခု တိုးလာသည်။

"ငါတို့ မင်းကို လွတ်မြောက်ဖို့ အခွင့်အရေးပေးမယ်လို့ မင်းထင်နေတာလား? မင်းရဲ့ စိတ်ဝိညာဉ်ကို ကိုယ်တိုင်ဖျက်စီးချင်တယ်ပေါ့။ ငါတို့ထိုင်ကြည့်နေမယ်လို့များ ထင်နေလား?"

ဒီအာကာပြင်ပြိုကွဲခြင်းအဆင့် ကျွမ်းကျင်သူနှစ်ဦးသည် အားကောင်းတဲ့ သွေးအနှစ်သာရ ရှိတယ်။ ငါတို့ ဂိုဏ်းချုပ် နတ်ဆိုးအရှင်အတွက် အာဟာရ ကောင်းကောင်း ကျွေရးမယ်။”

"မင်းရဲ့ ကံကြမ္မာကို လက်ခံလိုက်တော့!"

အာကာပြင်ပြိုကွဲခြင်း ပဉ္စမအဆင့်အထက် ကျွမ်းကျင်သူလေးဦးသည် တစ်ချိန်တည်းတွင် တိုက်ခိုက်ခဲ့ပြီး ဘိုးဘေးအကြီးအကဲ ပေါက်ကွဲတော့မည့် စိတ်ဝိညာဉ်ကို တိုက်ရိုက်နှိမ်နင်းလိုက်သည်။

ချက်ချင်းဆိုသလိုပဲ သူတို့လေးယောက်က တပြိုင်နက်တည်း တိုက်ခိုက်သည်။

ဘိုးဘေးအကြီးအကဲသည် အာကာပြင်ပြိုကွဲခြင်း တတိယအဆင့် ကျွမ်းကျင်သူဖြစ်လျှင်ပင်၊ သူ့တွင် ရှင်သန်ရန် အခွင့်အလမ်းမရှိနိုင်တော့ကြောင်း ကြိုမြင်နေပေပြီ။

"ဆရာဦးလေး!"

ဂိုဏ်းချုပ်ချန်၏ မျက်လုံးများ နီရဲလို့နေသည်။

ပထမ အကြီးအကဲ၏ မျက်လုံးများလည်း နီရဲလာခဲ့သည်။ ကောင်းကင်နတ်ဆိုးဂိုဏ်းတစ်ခုလုံး ဝမ်းနည်းပူဆွေးကာ စိတ်ပျက်လက်ပျက်ဖြစ်နေရသည်။ နတ်ဆိုးဂိုဏ်းသည် အစွမ်းထက်လွန်းသဖြင့် သူတို့ လုံးဝပြန်မတိုက်ခိုက်နိုင်ပေ။

အရွယ်ရောက်ပြီးသူနဲ့ ရန်ဖြစ်ရင်း ကလေးသေရသလိုပါပဲ။

နတ်ဆိုးဂိုဏ်းမှ လူအနည်းငယ်၏ မျက်လုံးများသည် ဝံ့ကြွားနေပြီး သွေးဆာနေသော တောက်ပမှုကို ဖော်ထုတ်နေပြီဖြစ်သည်။

အောင်မြင်ရန် နီးနေပြီဟု ထင်ရသည်။

သို့သော်~~

ထိုအရေးကြီးလှသည့်အခိုက်အတန့်တွင်။

ရုတ်တရက် ဓားအလင်းတန်းတစ်ခု အလျားလိုက် ပေါ်ထွက်လာပြီး လေထုဖြတ်တောက်သွားကာ တခဏချင်းမှာပဲ နတ်ဆိုးဂိုဏ်း ကျွမ်းကျင်သူလေးယောက်၏ တိုက်ခိုက်မှုကို ချေမှုန်းပစ်သည်။

အုန်း..

အလင်းသည် ပေါက်ကွဲသွားပြီး နေ့ခင်းဘက်ရောက်သွားသကဲ့သို့ ကောင်းကင်နတ်ဆိုးဂိုဏ်းတောင်တန်းတစ်ခုလုံးကို လင်းထိန်သွားစေသည်။

ဓားရောင်ခြည်သည် အားကောင်းလွန်းသောကြောင့် ၎င်းတို့၏တိုက်ခိုက်မှုများကို ဖြိုခွဲပြီးနောက် ရပ်တန့်သွားခြင်းမရှိပေ။ ယင်းအစား၊ နတ်ဆိုးဂိုဏ်းဝင် အနည်းငယ်သော အကြီးအကဲများကို ဆက်လက်တိုက်ခိုက်ခဲ့သည်။

"မကောင်းတော့ဘူး။" နတ်ဆိုးဂိုဏ်း အကြီးအကဲအနည်းငယ်သည် ဓားအလင်းတန်းမှ ကူးစက်လာသော အဖျက်စွမ်းအားကို သတိပြုမိပြီး ချက်ချင်းပင် ထိတ်လန့်သွားကြသည်။ ဒီအချိန်မှာ သူတို့မျက်နှာပေါ်က ဝံ့ကြွားနေမှုများက ကြောက်လန့်တကြား အဖြစ်ပြောင်းသွားသည်။

လုံးဝသတိမလျော့ရဲဝံ့ဘဲ သူတို့လေးယောက် အမြန်ကာကွယ်လိုက်ကြသည်။

ကံမကောင်းစွာ ဤဓားအလင်းတန်းသည် အံ့သြစရာကောင်းလွန်းသည်။ အာကာပြင်ပြိုကွဲခြင်း ပဉ္စမအဆင့်အထက် အကြီးအကဲလေးယောက်ပင်လျှင်၎င်းကိုအတူတကွမခုခံနိုင်ခဲ့ကြပေ။

ဓားအလင်းတန်းက တဖျပ်ဖျပ်တောက်ပြီး ဒီအခိုက်လေးတွင် အချိန်သည်လည်း ရပ်တန့်သွားသလို။ နတ်ဆိုးဂိုဏ်းအကြီးအကဲ လေးဦးသည် ထိုနေရာတွင် ရပ်သွားကာ သူတို့၏မျက်နှာပေါ်တွင် အမူအရာများ ချက်ချင်း အေးခဲသွားသည်။

ခဏအကြာတွင်တော့ ခပ်လှမ်းလှမ်းမှ တောင်ကြီးတစ်လုံးသည် တောင်စောင်းတစ်လျှောက် လျောကျလို့လာခဲ့သည်။ ပြောရလျှင်တော့ တောင်၏ခါးလည်ကနေပြီး ထက်ဝက်လုံး ဖြတ်တောက် ခံလိုက်ရခြင်းဖြစ်သည်။

ပြင်းထန်သော လေပြင်းများ တိုက်ခတ်လာပြီး လေလှိုင်းများ တဟုန်ထိုး တက်လာသည်။ ကောင်းကင်မှာ တိမ်တွေ လွင့်စင်သွားသည်။ နောက်ဆုံးတွင် အာကာပြင်ပြိုကွဲခြင်း ပဉ္စမအဆင့်အထက် ကျွမ်းကျင်သူလေးယောက်သည် လူတိုင်းရှေ့တွင် တစ်စစီဖြစ်သွားကြသည်။

ကလစ်..ကလစ်..

သူတို့လေးယောက်၏ အလောင်းသည် ခါးမှာ ထက်ဝက်ပြတ်လို့နေသည်။

ထို့နောက် သူတို့၏ ခန္ဓာကိုယ်အပေါ်ပိုင်းသည်တော့ အသေကောင်ကဲ့သို့ ပြုတ်ကျသွားသည်။

သာမာန်တိုက်ခိုက်မှုတစ်ခုသာဖြစ်လျှင် ၎င်းတို့၏ခန္ဓာကိုယ်များကို ဖြတ်တောက်ပစ်နိုင်မည်မဟုတ်ပေ။ အာကာပြင်ပြိုကွဲခြင်းအဆင့် ကျွမ်းကျင်သူများအနေဖြင့် ၎င်းတို့၏ အစွမ်းထက်သော အသက်ရှင်နိုင်စွမ်းသည် ၎င်းတို့အား သေစေမည်မဟုတ်ပေ။ ထို့အပြင်၊ ၎င်းတို့သည် အလောင်းများကို အကောင်းအတိုင်းပြန်လည်ရရှိရန် အခွင့်အလမ်းရှိနေဆဲဖြစ်သည်။

သို့သော်လည်း ထိုဓားလှိုင်းဖြင့် တိုက်ခိုက်ခြင်းသည် ၎င်းတို့၏ ခန္ဓာကိုယ်များကို ပြတ်ထွက်စေရုံသာမက ဝိညာဉ်များကိုပါ ဖျက်ဆီးခံရစေသည်။

ဤအခိုက်အတန့်တွင် ပြင်းထန်သောတိုက်ပွဲတစ်ခုတွင်ပါဝင်ခဲ့သည့် ကောင်းကင်နတ်ဆိုးဂိုဏ်းသည် ချက်ချင်းတိတ်ဆိတ်သွားကာ အပ် ပြုတ်ကျသံတောင် ကြားရလောက်သည်။

နတ်ဆိုးဂိုဏ်း၏ ထိပ်သီးများ၊ အခြားသော အကြီးအကဲများ သို့မဟုတ် ကောင်းကင်နတ်ဆိုးဂိုဏ်းမှ လူများပင်ဖြစ်ပါစေ၊ ဤအချိန်တွင် ၎င်းတို့အားလုံး နေရာတွင်ပင် ထိတ်လန့်သွားကြသည်။

တဖက်လူသည် ဓားတစ်ချက်လှုပ်ရုံဖြင့် အာကာပြင်ပြိုကွဲခြင်းအဆင့်၏ ပဉ္စမအဆင့်အထက်

ကျွမ်းကျင်သူလေးဦးကို သတ်ပစ်ခဲ့သည်။ သူတို့အတွက်၊ ထိုသို့သောခွန်အားသည် နတ်ဘုရားနှင့် ညီမျှနေပြီဖြစ်သည်။

အနှစ်သာရခိုင်မြဲခြင်း အစောပိုင်းအဆင့် ကျွမ်းကျင်သူတောင်မှ ထိုသို့ ပေါ့ပေါ့ပါးပါး လုပ်နိုင်မှာ မဟုတ်ဘူး မဟုတ်လား။

ကောင်းကင်နတ်ဆိုးဂိုဏ်း မပြောနှင့်၊ ပတ်ဝန်းကျင်က ဂိုဏ်းတွေတောင် အနှစ်သာရခိုင်မြဲခြင်းအဆင့်ရဲ့ အလယ် သို့မဟုတ် နှောင်းပိုင်းအဆင့် ထိပ်တန်းကျွမ်းကျင်သူတွေ မရှိပေ။

အဲဒါဘယ်သူလဲ.. ဘယ်လိုလူကများ ဒီလိုအံ့ဖွယ်ဖြစ်ရပ်မျိုး လုပ်နိုင်တာလဲ?

ဘိုးဘေးအကြီးအကဲ၊ ဂိုဏ်းချုပ်ချန်နှင့် အခြားသော ကျွမ်းကျင်သူအချို့သည် ပိုမိုခိုင်မာသော စိတ်ပိုင်းဆိုင်ရာအခြေအနေ ရှိနေသည်မှာ ထင်ရှားသည်။ ထို့ကြောင့် သူတို့၏ တုံ့ပြန်မှုက တခြားသူတွေထက် ပိုမြန်သည်။

သူတို့ ချက်ချင်း လှည့်ကြည့်လိုက်ပြီး ဓားသွားလာရာကို ဦးတည်လိုက်ကြသည်။ သို့သော် ချက်ချင်းဆိုသလို သူတို့၏ မျက်စံအိမ်များသည် ကျဉ်းမြောင်းသွားကြသည်…

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၆။ အခန်း ၉၀ လိုက်လျောညီထွေနေတတ်ဖို့သင်ရမယ်

မည်းမှောင်သောညကောင်းကင်တွင် အနက်ရောင်ဝတ်ရုံနှင့် ဝါးဦးထုပ်ဆောင်းထားသည့် အသွင်တစ်ခုက ခြေလှမ်းတလှမ်းချင်း ဖြတ်လျှောက်လာသည်။

သူ၏အမြန်နှုန်းသည် မြန်သည်ဟု ယူဆ၍မရသော်လည်း ခြေလှမ်းတိုင်းသည် မြေပြန့်ပေါ်တွင် လမ်းလျှောက်နေသလိုပင်။ သူလှမ်းလိုက်သည့်အခါတိုင်း လေထုသည် တဆတ်ဆတ်တုန်နေပုံရသည်။

တစ်ချိန်တည်းမှာပင် ခြေလှမ်းတစ်လှမ်းချင်းစီ နီးကပ်လာသည်နှင့်အမျှ လူတိုင်းသည် အသက်ရှူကြပ်စေသည့် ဖိအားများ တိုးလာသည်ဟု ခံစားရသည်။

သူသည် တစ်ယောက်တည်းဖြစ်သော်လည်း ပြင်းထန်သည့် အရှိန်အဝါရှိသည့် တောင်ကြီးတစ်ခုလိုပင်။

နတ်ဆိုးဂိုဏ်းမှ လူများ အားလုံး ချွေးစေးများ စိုရွှဲကာ တုန်လှုပ်နေကြသည်။

“အကြီးအကဲက ဘယ်သူလဲလို့ မေးပါရစေ။ ကျွန်တော်တို့ မြင့်မြတ်သော နတ်ဆိုးဂိုဏ်းကို ဘာကြောင့် ပစ်မှတ်ထားရတာလဲ?"

လုရှောင်ယန်ဝတ်ဆင်ထားသည့် မျက်နှာဖုံးသည် လူတစ်ဦး၏အသံကို ပြောင်းလဲစေနိုင်သောကြောင့် သူ စကားမပြောပဲနေစရာမလိုပေ။

“လွန်ခဲ့တဲ့ နှစ်တစ်ထောင်တုန်းက ကောင်းကင်နတ်ဆိုးဂိုဏ်းကို ငါတည်ထောင်ခဲ့တယ်။ အနှစ်တစ်ထောင်ကြာတော့ မင်းတို့က ဒီကိုလာပြီး ငါ့တပည့်တွေ တပည့်ကြီးတွေကို သတ်ဖို့ ကြိုးစားကြတယ်။ အခုလည်း မင်းငါ့ကို ဘာလို့ မင်းရဲ့ နတ်ဆိုးဂိုဏ်းကို ပစ်မှတ်ထားနေတာလဲလို့တောင် မေးနေသေးတယ်။ ရယ်စရာကြီးလို့ မထင်ဘူးလား?"

"ဘာ... မင်းက ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဘိုးဘေးသခင်လား?"

လူတိုင်း၏ အမူအရာများ သိသိသာသာ ပြောင်းလဲသွားသည်။

ကောင်းကင်နတ်ဆိုးဂိုဏ်းမှ လူများသည် အလွန်ဝမ်းမြောက်သွားကြသည်။ တစ်ချို့သည် စိတ်လှုပ်ရှား၍ ငိုတောင် ငိုကြသည်။

"ဘိုးဘေးသခင်.. အဲဒါ ငါတို့ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ တည်ထောင်သူ ဘိုးဘေးသခင်ပဲ...”

“ဘိုးဘေးသခင်က တကယ်ပဲ အသက်ရှင်နေသေးတာလား? ငါတို့ ကယ်တင်ခံရပြီ!"

လုရှောင်ယန်၏ အရှိန်အဝါ အားကောင်းလာသည်နှင့် သူ၏ သတ်ဖြတ်ရန် ရည်ရွယ်ချက်သည် တဖြည်းဖြည်း ပိုပို၍ အားကောင်းလာသည်ကို ခံစားမိသဖြင့် နတ်ဆိုးဂိုဏ်းမှလူများ အလွန်ထိတ်လန့်သွားကြသည်။

“အကြီးအကဲ၊ အကြီးအကဲက ဒီမှာရှိနေတုန်းဆိုတာ ကျွန်တော်တို့ တကယ်မသိခဲ့ဘူး။ ကျွန်တော်တို့ရဲ့ ပြစ်မှားမှုအတွက် ခွင့်လွှတ်ပါ။ ကျွန်တော်တို့ မြင့်မြတ်သောနတ်ဆိုးဂိုဏ်းက ကောင်းကင်နတ်ဆိုးဂိုဏ်းကနေ အခုထွက်ခွာသွားမှာဖြစ်ပြီး ဒီဂိုဏ်းကို နောက်ထပ်မတိုက်ခိုက်တော့ပါဘူး။"

"ဒီကိုရောက်နေပြီဆိုတော့ ဘာလို့ဒီလောက်မြန်မြန်ထွက်သွားချင်ရတာလဲ? ငါ မင်းတို့ကို လွှတ်လိုက်ရင် ငါ့ရဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းကို တခြားသူတွေက လှောင်ရယ်ကြမှာမဟုတ်ဖူးလား?"

“အကြီးအကဲ၊ ငါတို့နတ်ဆိုးအရှင်ကို မကြောက်ဘူးလား? အကြီးအကဲက ကျွန်တော်တို့ကိုသတ်ရင် နတ်ဆိုးအရှင်က ကောင်းကင်နတ်ဆိုးဂိုဏ်းကို လွှတ်ပေးမှာ မဟုတ်ဖူး။ အကြီးအကဲရဲ့ ကျင့်ကြံမှုက အတော်လေး နက်ရှိုင်းတယ်ဆိုရင်တောင် ကျွန်တော်တို့ရဲ့ မြင့်မြတ်တဲ့ နတ်ဆိုးဂိုဏ်းရဲ့ နတ်ဆိုးအရှင်နဲ့ ယှဉ်နိုင်မှာ မဟုတ်ဘူးမလား?”

"သောက်ရေးမပါတာတွေ တော်တော့!"

လုရှောင်ယန်သည် စကားဆက် မပြောတော့ပေ။ သူ၏ခန္ဓာကိုယ်ထဲရှိ ရှေးဟောင်းဧကရာဇ်ကျမ်းသည် အစွမ်းကုန် လည်ပတ်သွားပြီး သူ၏ အရှိန်အဝါသည် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ “ပြေး..”

လုရှောင်ယန် ၏ အရှိန်အဝါနှင့် ပြင်းထန်သော သတ်ဖြတ်လိုစိတ်တို့ကို ခံစားသိရှိလိုက်ရာ လူတိုင်းဆက် မနေဝံ့ကြတော့ပေ။

စကားများများမပြောပဲ လှည့်၍ ပြေးကြတော့သည်။

ဂိုဏ်းချုပ်ချန်၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။

“ဘိုးဘေးသခင် ကျွန်တော်တို့ သူတို့ကို ထွက်ပြေးခွင့်ပေးလို့မရဘူး။ သူတို့ လွတ်မြောက်ပြီး နတ်ဆိုးအရှင်ကိုသာ ခေါ်လာရင် ကျွန်တော်တို့ ကောင်းကင်နတ်ဆိုးဂိုဏ်း လုံးဝ ပျောက်ကွယ်သွားလိမ့်မယ်။”

"စိတ်မပူပါနဲ့ ငါ့ရှေ့မှာ သူတို့ ပြေးနိုင်မှာ မဟုတ်ဘူး။"

သူစကားပြောပြီးသည်နှင့် လုရှောင်ယန်သည် ရှေ့တစ်လှမ်းတိုးကာ စစ်မှန်သောဇာမဏီကိုးပါး အသွင်ပြောင်းခြင်းမှ ကောင်းကင်နှင့် မြေကြီးကြားရှိ ဇာမဏီဖမ်းခြင်း၏ တတိယမြောက်လှုပ်ရှားမှုကို အကောင်အထည်ဖော်လိုက်သည်။

ထွက်ပြေးနေသော နတ်ဆိုးဂိုဏ်းအကြီးအကဲများသည် နောက်လှည့်ကြည့်လိုက်ရာ လုရှောင်ယန်သည် သူတို့နောက်သို့ မလိုက်လာသည်ကို မြင်လိုက်ကြပြီး သက်မချလိုက်ကြသည်။

သို့သော်လည်း ဤအခိုက်အတန့်တွင် လုရှောင်ယန်၏ကြီးမားသောလက်သည် လေထုကို တိတ်တဆိတ်ဆုပ်ကိုင်လိုက်သည်ကို တွေ့လိုက်ရသည်။ နောက်အခိုက်အတန့်တွင် ကြီးကျယ်ခမ်းနားသော စွမ်းအားတစ်ခု ရုတ်တရက် လေထဲမှ ထွက်ပေါ်လာပြီး သူတို့အားလုံးကို လွှမ်းမိုးချုပ်ကိုင်ကာ ကောင်းကင်နတ်ဆိုးဂိုဏ်းဆီသို့ ပြန်ဆွဲခေါ်ခဲ့သည်။

“မဟုတ်ဘူး!!!”

လူတိုင်းသည် ရူးသွပ်စွာ အော်ဟစ်ကြသော်လည်း လုရှောင်ယန်၏ နောက်ပြန်ဆွဲခြင်းကို မလွန်ဆန်နိုင်ကြပေ။

လူတိုင်းကို ကောင်းကင်နတ်ဆိုးဂိုဏ်း၏ တောင်ထိပ်သို့ ပြန်ဆွဲခေါ်ပြီးသောအခါ လုရှောင်ယန်သည် သူ၏ဓားကို မြှောက်ကာ ရှေးဟောင်းဧကရာဇ်ကျမ်းကို ခွန်အားအပြည့်ဖြင့် သုံးလိုက်သည်။ သူ၏ဓားခုတ်ချက်မှ ဓားအလင်းတန်းသည် မီတာလေးထောင်ကျော်အထိ ပျံ့နှံ့သွားပြီး ည ကောင်းကင်ယံကို လင်းထိန်စေပြီး ကောင်းကင်ရှိ ကြယ်များကို တောက်ပစေသည်။

ဓားအလင်းတန်းသည် နတ်ဆိုးကျင့်ကြံသူအချို့အပေါ် ကျရောက်သွားပြီး ကျန်နတ်ဆိုးကျင့်ကြံသူများကို ဖုန်မှုန့်အဖြစ် တိုက်ရိုက်ပြောင်းလဲစေသည်။

ဓားအလင်းတန်းသည် အရှိန်အဟုန်မလျော့သွားပဲ နောက်ဆုံးတွင် မြေပြင်ပေါ်သို့ ကျသွားသည်။

အုန်း...

ကမ္ဘာကို တုန်လှုပ်စေသော ပေါက်ကွဲသံနှင့်အတူ၊ မြေပြင်သည် လုံးဝ ပျက်စီးသွားပြီး မီတာ ၆၀၀၀ ကျော် ရှည်လျားသော ချောက်ကြီးတစ်ခု ဖြစ်လာသည်။

ထိုအချိန်တွင် ကောင်းကင်နတ်ဆိုးဂိုဏ်းတစ်ခုလုံး ရူးသွပ်နေသည်။

"သက်တော်ရာကျော် ရှည်ပါစေ ဘိုးဘေးသခင်! သက်တော် ရာကျော်ရှည်ပါစေ!”

ဘိုးဘေး အကြီးအကဲဆိုလျှင် စိတ်လှုပ်ရှားလွန်း၍ မျက်ရည်များပင် ကျလာသည်။

“နှစ်ရာနဲ့ချီပြီးနောက် ဘိုးဘေးကို ထပ်တွေ့ရမယ်လို့ မမျှော်လင့်ထားဘူး… သူ့အစွမ်းကိုတောင် မြင်ခဲ့ရသေးတယ်။ ငါ့ဘဝက တန်ဖိုးရှိသွားပြီ။"

တောင်အောက်ရှိ နတ်ဆိုးဂိုဏ်းမှတပည့်သား အားလုံး ကြောင်အသွားကြသည်။ သူတို့ဂိုဏ်းက အကြီးအကဲတွေ အားလုံး သေကုန်ပြီဖြစ်၍ သူတို့ ဘယ်လို ဆက်တိုက်ရမည်လဲ?

သူတို့ ပြေးရုံသာ တတ်နိုင်သည်။

သူတို့၏ ကျင့်ကြံဆင့်သည် အကြီးအကဲများလောက် မမြင့်မားသော်လည်း သူတို့သည် အလွန်ထက်မြက်ပြီး ကြွက်များကဲ့သို့ ဖြန့်ပြေးတတ်ကြသည်။

ဤနည်းဖြင့် လုရှောင်ယန် သူတို့၏နောက်ကို လိုက်ခဲ့မည်ဆိုလျှင်ပင် သူတို့အားလုံးကို ချက်ခြင်း သတ်နိုင်မည်မဟုတ်ပေ။

ကံမကောင်းစွာ သူတို့ တွက်ချက်မှု မှားယွင်းခဲ့သည်။

လုရှောင်ယန်က ဘယ်သူမလို့ လဲ?

ယင်ကောင်သေးသေးလေးတွေကို သတ်ရင်တောင်မှ တစ်ဖက်သူ၏ အရိုးတွေကို မီးရှို့ပြီး ပြာကိုတောင် ဖြန့်ကြဲပစ်တတ်သည်။ ဤလူတွေကို သူ ဘယ်လို လွှတ်ပေးနိုင်မည်လဲ? စစ်မှန်သော ဇာမဏီကိုးပါး အသွင်ပြောင်းခြင်းကို ဖြန့်ကျက်ကာ ဇာမဏီခိုနားရာအကာအကွယ်အမှတ်ကို ဆင့်ခေါ်လိုက်သည်။ သူသည် တိုးတိုးလေးရေရွတ်ရင်း သူ၏လက်ထဲက ကြီးမားသည့် အမှတ်အသားကို ဖြိုချပစ်လိုက်သည်။ သိုင်းဘုရင်အဆင့် လက်နက်ကို ဘယ်သူ ခုခံနိုင်မည်လဲ?

ဇာမဏီခိုနားရာအကွယ်အကွယ်အမှတ်၏ စွမ်းအားသည် ဧရိယာ ငါးကီလိုမီတာကို ချက်ချင်း လွှမ်းခြုံသွားသည်။

နတ်ဆိုးဂိုဏ်း၏တပည့်သား ၁,၀၀၀ နီးပါး တစ်ဦးမျှ လုရှောင်ယန်၏ထိန်းချုပ်မှုအောက်မှ မလွတ်မြောက်ခဲ့ကြပေ။ ထိုသူတို့အားလုံး တိုက်ရိုက် ရိုက်သတ်ခံရသည်။

အုန်း...

ပေါက်ကွဲသံများသည် မိုးခြိမ်းသံကဲ့သို့ အဆက်မပြတ် ထွက်ပေါ်လာပြီး ကောင်းကင်နတ်ဆိုးဂိုဏ်း၏တောင်တစ်ခုလုံး တုန်ခါသွားစေသည်။

၎င်းသည် မရပ်တန့်မီ နှစ်မိနစ်ခန့် ဆက်လက်တုန်ခါနေခဲ့သည်။

သို့သော်၊ ငါးကီလိုမီတာရှည်လျားပြီး ကီလိုမီတာဒါဇင်များစွာနက်သောချောက်ကြီးကိုတော့ ပေါ်ပေါက်စေခဲ့ဆဲပင်။

အရာအားလုံးကို ဝါးမြိုချင်နေသော မြေကြီးထဲမှ အပေါက်ကြီးပွင့်သွားသလိုပင်။

ကောင်းကင်နတ်ဆိုးဂိုဏ်းက လူတွေသည် သူတို့၏ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းထားရပြန်သည်။

“ကောင်းလိုက်တာ!”

"ကျွန်တော်တို့ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဘိုးဘေးသခင်က တကယ့်ကို မျှော်လင့်ထားသလိုပါပဲ!"

"ဒီမှာ ဘိုးဘေးရှိနေမှတော့ ငါတို့ ဘယ်သူ့ကိုမှ ကြောက်စရာ မလိုတော့ဘူး။" "ငါတို့ ကောင်းကင်နတ်ဆိုးဂိုဏ်း တိုးတက်ဖို့ မျှော်လင့်ချက်ရှိသွားပြီ!"

နတ်ဆိုးဂိုဏ်း၏တပည့်သား အားလုံး အသတ်ခံရပြီးနောက်မှာတော့ လုရှောင်ယန်သည် ဇာမဏီခိုနားရာအကာအကွယ်အမှတ်ကို ပြန်လည်ရုပ်သိမ်းလိုက်သည်။ ကောင်းကင်ပေါ်တွင် ပျံဝဲနေသည့်က အကြီးအကဲတွေဖြစ်သည့် ဂိုဏ်းချုပ်ချန်၊ ပထမ အကြီးအကဲနှင့် တခြားသူတွေသည်.. ချက်ချင်း ပျံသန်းလာပြီး လေထဲမှာ ဒူးထောက်လိုက်ကြသည်။ " ဘိုးဘေးသခင်ကို နှုတ်ဆက်ပါတယ်။

ဘိုးဘေးသခင်ရဲ့အကူအညီနဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းကို အန္တရာယ်ကနေ ကယ်တင်နိုင်ခဲ့ပါပြီ။ ကျေးဇူးအထူးတင်ရှိပါတယ်။"

မျက်နှာဖုံးအောက်တွင် ဝှက်ထားသည့် လုရှောင်ယန်၏အမူအရာသည် တုန်လှုပ်သွားသည်။

အကြီးအကဲများစွာ သူ၏ရှေ့တွင် ဒူးထောက်နေကြသဖြင့် ၎င်းကို ကျင့်သားမရသေးပေ။

သို့သော်လည်း ဆက်လက်၍ သရုပ်ဆောင်ရသေးသည်။

ထို့ကြောင့် လုရှောင်ယန်သည် အသာအယာ ချောင်းဆိုးလိုက်ပြီး သူ၏လက်ကို နောက်ပစ်လိုက်သည်။

“မင်းတို့ ကောင်းကောင်းလုပ်ခဲ့တာပဲ။ ဒါပေမယ့် မင်းနည်းနည်းမိုက်မဲတယ်။"

လူတိုင်း အံ့ဩသွားကြသည်။

“ဘိုးဘေးသခင်၊ ကျွန်တော်တို့ကဂိုဏ်းကို ကာကွယ်ဖို့ တိုက်ပွဲဝင်ခဲ့တယ်။ ကျွန်တော်တို့ ဘယ်လို မိုက်မဲခဲ့တာလဲ"

လုရှောင်ယန် က သရော်လိုက်သည်။

"မင်းက အဲ့လိုပြောရဲတဲ့ သတ္တိရှိသေးတယ်လား? မင်းရဲ့ ချိနဲ့တဲ့ အင်အားနဲ့ နတ်ဆိုးဂိုဏ်းကို တိုက်ခိုက်ချင်သေးတယ်လား? ဒီလူ ၁၀၀၀ လောက်က နတ်ဆိုးဂိုဏ်းရဲ့ အစိတ်အပိုင်းငယ်လေးတင်ပဲ ဆိုတာသိလား? သူတို့ဂိုဏ်းရဲ့ အဓိကလူတွေ မပါဘူး။ ဒါ့အပြင် ဒီအုပ်စုလေးကိုတောင် မင်းတို့ အနိုင်ယူနိုင်မှာ မဟုတ်ဘူး။ ဘာလို့တိုက်နေမှာလဲ? မင်းသေချင်ရင်တောင် မင်းအသက်ကို မဖြုန်းသင့်ဘူး?"

လုရှောင်ယန်၏ ပြစ်တင်ရှုတ်ချခြင်းကို ခံရပြီးနောက် အားလုံးက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

စင်စစ် ဒါဟာ သူတို့၏အပြစ်မဟုတ်ပေ။ သူတို့သည် ကောင်းကင်နတ်ဆိုးဂိုဏ်းကို သူတို့၏အိမ်အဖြစ် သတ်မှတ်ခဲ့ကြသည်။ အခြားသူများ ကျူးကျော်ဝင်ရောက်လာသောကြောင့် သူတို့သည် သူတို့၏ အိမ်ကို ကာကွယ်သည်မှာ သဘာဝကျသည်။

သူတို့၏ ရှုပ်ထွေးသော အမူအရာများကို မြင်လိုက်ရသဖြင့် လုရှောင်ယန်သည် ကူကယ်ရာမဲ့ နဖူးကို ရိုက်ကာ “ဂိုဏ်းတစ်ခုအတွက် အရေးကြီးဆုံးအရာက လူသိလား.. လူ.. နားလည်လား? မင်းမှာ လူရှိသရွေ့ မင်းကြိုက်တဲ့ နေရာတိုင်းမှာ ဂိုဏ်းတစ်ခုကို ထူထောင်နိုင်တယ်။ ဒီတောင်ကြီးကို ဘာလို့စောင့်ကြပ်နေရမှာလဲ တောင်တွေကအသက်မရှိဘူး လူတွေကသာ အသက်ရှင်နေတယ်။ လိုက်လျောညီထွေဖြစ်အောင် သင်ယူရမယ်။"

“နတ်ဆိုးဂိုဏ်းလို အင်အားကြီးတဲ့ရန်သူကို ကြုံတွေ့ရင် မင်းလုပ်ရမှာက ဂိုဏ်းကို စောင့်ရှောက်တာမဟုတ်ဘဲ ထွက်ပြေးဖို့ပဲ။ နားလည်လား? နတ်ဆိုးဂိုဏ်းကလူတွေ ထွက်သွားပြီးတာနဲ့ မင်းပြန်လာပြီး ကောင်းကင်နတ်ဆိုးဂိုဏ်းကို ပြန်တည်ဆောက်လို့ရတယ် မဟုတ်ဘူးလား…."

***

စာစဉ် ၆ ပြီး၏။

All Chapters