အပိုင်း (၂၆၉)
Vol. 19 Ch. 269
"လူသားကလန်မှာ အင်ပါရီယန် လက်နက်တောင် ရှိနေတာလား။ "
အသူရာဖီးနစ်ကလန်မှ ကလန်ခေါင်းဆောင်သည် သူ၏ မုတ်ဆိတ်မွှေးပွတ်နေသည့် လက်အား အောက်သို့ ချလိုက်မိ၏။ သူသည် ချက်ချင်းတုံ့ပြန်ရန် စဉ်းစားလိုက်၏။ လောက၌ တတိယ အဆင့်အတန်းတစ်ခုသို့ပင် ရောက်ရှိနေပြီဖြစ်သော လူသားမျိုးနွယ်အတွက် အင်ပါရီယန်လက်နက်ကို ပိုင်ဆိုင်ရန်မှာ မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။ ယခု လောကကြီး နှစ်ခုကြား စစ်ပွဲဖြစ်နေ၏။ လူသားမျိုးနွယ် တစ်ယောက်သည် အင်ပါရီယန်လက်နက်ကို ကိုင်ဆွဲကာဖြင့် သူတို့၏ အသူရာဖီးနစ်နယ်မြေထဲသို့ ရောက်ရှိလာခဲ့၏။
"မြန်မြန် အကာအကွယ်အစီအရင်ကို အသက်သွင်းလိုက်" အသူရာဖီးနစ်ကလန်မှ ကလန်ခေါင်းဆောင်သည် အော်ဟစ်လိုက်သည်။ ပုံမှန်အရဆိုလျှင် တောင်အကာအကွယ် အစီအရင်ဆိုသည်သည်မှာ စွမ်းအင် အလွန်အမင်း ကုန်ဆုံးတတ်သောကြောင့် အသက်သွင်းထားလေ့ မရှိချေ။ သို့ပေမဲ့ လက်ရှိအခြေအနေသည် ခြားနားလို့နေ၏။ လူသားမျိုးနွယ်မှ တစ်စုံတစ်ယောက်သည် အင်ပါရီယန်လက်နက်ကို ကိုင်ဆောင်ကာဖြင့် ရောက်ရှိလာခဲ့၏။ ကောင်းမွန်လှသည့် ရည်ရွယ်ချက် ရှိပုံမပေါ်ချေ။ အစီအရင်ကို အပြည့်အဝ အသက်သွင်းထားခြင်းသာ မရှိပါက ကျိန်းသေပေါက် နောက်ကျသွားပေလိမ့်မည်။
အပြင်ဖက်တွင် မုန့်ရှင်းကျီသည် နှာခေါင်းရှုံ့ကာဖြင့် ပထမဆုံးစကားကို ထုတ်ဖော်ပြောလိုက်၏။
"ဒါပထမဆုံး ဖျက်ဆီးရမယ့် ကလန်ပဲ"
ဘုန်း ….။
အသူရာနဂါးကြေးအိုးကြီးသည် တလက်လက်တောက်ပနေသော အလင်းတန်းများကို ထုတ်ဖော်ကာဖြင့် အရာအားလုံးကို တိုက်စားလျက် ရှိနေ၏။ ၎င်းသည် အားအင် အပြည့်အဝကို ထုတ်ဖော်ခြင်း မရှိခင်မှာပဲ အသူရာ ဖီးနစ်ကလန်မှ ကလန်သားများသည် မြေပေါ်သို့ လဲကျသွား၏။ ၎င်းတို့သည် ခုခံရန်ကြိုးစား၏။ သို့ပေမဲ့ အင်ပါရီယန် လက်နက်၏ စိတ်ဆန္ဒကို ခုခံရန် ကြိုးစားသည့်အခါမှာတော့ ၎င်းတို့၌ ခုခံရန် အားအင် ဟူ၍ တစက်မျှ မရှိတော့ချေ။
"ဒီလူသားက ကွာစီအင်ပါယာတစ်ယောက်ပဲ" တစ်စုံတစ်ယောက်သည် ထကာအော်ဟစ်လိုက်သည်။ အားလုံးသော သူတို့၏ မျက်နှာပေါ်တွင် တုန်လှုပ်သည့် အမူအရာများ ဖြစ်တည်လာခဲ့၏။
မုန့်ရှင်းကျီ လှုပ်ရှားလိုက်သည်နှင့် ၎င်း၏အော်ရာများသည် အပြည့်အဝ ထွက်ပေါ်လာခဲ့၏။ လုံးဝ ဖုံးကွယ်၍ မရနိုင်တော့ချေ။ ကွာစီအင်ပါယာ ဆိုသည်မှာ အလုံးစုံ အားကောင်းလှသည့် လူတစ်ယောက်ဖြစ်၏။ ကွာစီအင်ပါယာ တစ်ယောက်သည် အင်ပါရီယန်လက်နက်ကို ကိုင်ဆောင်ကာဖြင့် ရောက်ရှိလာခဲ့ပြီး သူတို့၏ တောင်ကာကွယ်ခြင်းကို ဖျက်ဆီးနေခြင်းမှာ တစ်ကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။
"ကျုပ်တို့ကလန်ရဲ့ အစီအရင်က ကွာစီအင်ပါယာအဆင့်ပဲ ရှိတယ်။ ရန်သူ့ဆီမှာ အင်ပါရီယန်လက်နက် ရှိနေတယ်။ ဘယ်လိုလုပ်ရမလဲ"
"မြန်မြန် မိုယွမ် အင်ပါရီယန် နန်းတော်ကို သတင်းပို့တော့"
"ကလန်ခေါင်းဆောင် "
အသူရာဖီးနစ်ကလန်၏ ဘိုးဘေးနယ်မြေထဲ၌ အခြေအနေတစ်ခုလုံးသည် ရှုပ်ထွေးလျက် ရှိနေ၏။ သူတို့သည် ကျောက်စိမ်းပြား ကို ထုတ်ယူကာဖြင့် သတင်းပို့ရန် ပြင်ဆင်လိုက်၏။
ဘုန်း ….။
အသူရာနဂါးကြေးအိုးကြီးသည် ရောင်စဉ် အလင်းတန်းများနှင့်အတူ ကျဆင်းလာခဲ့၏။ ချက်ချင်းဆိုသလိုပင် ကောင်းကင်နှင့် မြေကြီးတစ်ခုလုံးသည် ကွဲအက်သွားလေ၏။ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အော်ရာများသည် ဒီရေလှိုင်းများကဲ့သို့ပင် တိုက်စားလျက် ရှိနေပြီး ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် တိုက်ခိုက်ချက်သည် တည်နေရာတစ်ခုလုံးကိုပင် ပျက်စီးသွားစေ၏။ မြေပြင်တစ်ခုလုံး၌ အက်ကွဲကြောင်းကြီးများနှင့် ပြည့်နှက်နေ၏။ ကမ္ဘာပျက်သော မြင်ကွင်းတစ်ခုသည် အားလုံး၏ ရှေ့၌ ပေါပေါက်လာခဲ့၏။
ရေတွက်၍မရအောင် များပြားလှသည့် အဆောက်အဦများ၊ နတ်ဘုရားတောင်ထွတ်များ သည် အမှုန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့ကြ၏။ အသူရာဖီးနစ်ကလန်၏ ဘိုးဘေးကုန်းမြေ အတွင်းဘက်တွင်တော့ ရေတွက်၍မရအောင် များပြားလှသည့် သတ္တဝါများသည် အော်သံတစ်ချက်ပင် မထွက်လိုက်ရဘဲ သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြသည်။
သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူအနည်းငယ်သာလျှင် အသက်ရှင်ကျန်ရစ်ခဲ့၏။ သို့ပေမဲ့ ထိုသူတို့ အားလုံးသည်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားခဲ့ပြီး သွေးများအန်ထွက်ကာဖြင့် လဲလျောင်းလျက် ရှိကြ၏။ လောကကြီးသည် သေဆုံးခြင်း၏ အဆုံးသတ်ဆီသို့ ရောက်ရှိလုမတတ်ပင်။
ဝုန်း …….
ကျယ်လောင်လှသည့် အသံကြီး ထွက်ပေါ်လာခဲ့ပြီး လက်ကျန် သူတော်စင်ဘုရင်များ၏ မျက်လုံးများသည် မှေးမှိန်သွားခဲ့၏။ ၎င်းတို့သည် ကောင်းကင်ယံဆီသို့ ကြည့်ရှုလိုက်ကြ၏။ သူတို့၏ ဖျက်ဆီးမရနိုင်သော ကွာစီအင်ပါယာအဆင့် အစီအရင်သည် တိုက်ခိုက်ချက် တစ်ခုတည်းနှင့် ပျက်စီးသွားခဲ့၏။ ထိုအပျက်အစီး အက်ကွဲကြောင်း မှတဆင့် ကွာစီအင်ပါယာသည် တစ်လှမ်းချင်း လှမ်းဝင်လာခဲ့၏။
"ခင်ဗျားဘယ်သူလဲ။ ခရမ်းရောင်နက်နဲလောကမှာ ရှိနေတဲ့ လူသားမျိုးနွယ်တွေက နလန်မထူနိုင်ခဲ့တာ အချိန်အတော်ကြာပြီ။ ကွာစီအင်ပါယာ တစ်ယောက် ရှိနေမှာ မဟုတ်ဘူး။ အင်ပါယာလက်နက် ကိုင်ဆောင်ထားတာ ဆိုရင် ပိုတောင်ဆိုးသေးတယ် " သူတော်စင်ဘုရင်သည် ကြောက်လန့်တကြားနှင့် ထကာအော်ဟစ်လိုက်၏။ သူတို့၏ သမိုင်းရှည်ကြာစွာ တည်ရှိခဲ့သည့် ရှေးဖီးနစ်ကလန်သည် ဖျက်ဆီးခံရလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။
"ခင်ဗျားရဲ့ မေးခွန်းကို ကျုပ်ဘယ်တော့မှ ပြန်ဖြေမှာ မဟုတ်ဘူး။ ကိုယ့်လမ်းကိုသာသွားတော့"
မုန့်ရှင်းကျီ၏ အမူအရာသည် မပြောင်းလဲချေ။ လက်တစ်ချက်ကို ဝေ့ယမ်းလိုက်သည့် အချိန်မှာတော့ တိုက်ခိုက်ချက်ကြီးတစ်ခု ထွက်ပေါ်လာပြီး ထိုသူအား သတ်ဖြတ်လိုက်လေ၏။ လက်ကျန်သူတော်စင်ဘုရင်များ အားလုံးတို့သည် မျက်စိတစ်မှိတ်အတွင်းမှာပဲ သေဆုံးသွားလေ၏။
ဤလူများအားလုံး သေဆုံးသွားပြီးနောက် မုန့်ရှင်းကျီသည် ကျောက်စိမ်းပြားတစ်ခုကို လှမ်းယူလိုက်၏။ နတ်ဘုရားအသိအမြင်များကို ထည့်သွင်း ကြည့်ရှုလိုက်ချိန်မှာတော့ အထဲတွင်ရှိနေသည့် စာများကို မြင်လိုက်ရ၏။ ထိုစာများသည် တစ်ဖက် ဆီသို့ မပို့ရသေးချေ။ လက်ခံသူသည် မည်သူဖြစ်ကြောင်း မသေချာလှသော်လည်း သူသည် ခန့်မှန်းနိုင်၏။ ကျောက်စိမ်းပြား အော်ရာများ၏ ပိုင်ရှင်သည် တခြားသောလောကဆီမှ တည်နေရာ လမ်းကြောင်းကို ဖန်တီးလိုက်သည့် အင်ပါယာသာ ဖြစ်လေသည်။
"ကျုပ်ရဲ့ရှေ့မှာ လျှို့ဝှက်ချင်သေးတယ် ဟုတ်လား။ တုံးအလွန်းတယ်" မုန့်ရှင်းကျီသည် နှာခေါင်းရှုံ့လိုက်၏။ သူ၏ရှေ့တွင် သတင်းပို့ရန် ကြံစည်နေခြင်းမှာ သေလမ်းရှာခြင်းနှင့်ပင် ဆင်တူနေသည် မဟုတ်ပါလား။
ဘုန်း …..။
မုန့်ရှင်းကျီ၏ လက်ငါးချောင်းသည် ကျောက်စိမ်းပြားကို တစ်ခါတည်း ချိုးခြေလိုက်၏။ ပြီးနောက် သူ၏ နတ်ဘုရားအာရုံများသည် ပြန့်နှံ့သွားခဲ့ပြီး ရှေးဖီးနစ်ကလန်၏ ရတနာသိုက်တစ်ခုလုံးကို ရှာဖွေလိုက်၏။
"အင်း … မဆိုးဘူးပဲ" မုန့်ရှင်းကျီ၏ အပြုံးများသည် တောက်ပသွားခဲ့၏။ ပထဆုံး ဤနေရာသို့ ရောက်ရှိလာပြီး လုံလောက်သည့် အကျိုးအမြတ်ကို ရရှိခြင်းဖြစ်၏။ တခြားသော ကလန်အသီးသီးကို မြေလှန်ပစ်မည် ဆိုပါက သူ့အနေဖြင့် အင်ပါယာဖြစ်ရန် လွယ်ကူလာပေလိမ့်မည်။ ခရမ်းရောင် နက်နဲလောကဆီမှ အရင်းအမြစ်များကို သိမ်းယူပြီး ကောင်းကင်လျို့ဝှက် နန်းဆောင်ဆီမှ သတင်းအချက်အလက်များကို ဝယ်ယူကာ သူ၏ အားအင်အဆင့်ကို တိုးတက်အောင် ပြုလုပ်ခြင်းသည် အကျိုးအမြတ်များသော အရာပင် ဖြစ်လေသည်။
"စီနီယာရဲ့ လမ်းညွှန်ပေးမှုကို ကျေးဇူးတင်ရမယ် "
မုန့်ရှင်းကျီသည် ရှေးဖီးနစ်ကလန်ထဲတွင် ရှိနေသည့် အရင်းအမြစ်များကို သိမ်းဆည်းပြီးသည့်နောက် မြေပုံတစ်ခုကို ထုတ်ယူကာဖြင့် သေသေချာချာ စစ်ဆေးလိုက်၏။
"နောက်တစ်ခုက ကျားမဲဘုရင်ကလန်ပဲ"
နှစ်နာရီလောက်ကြာပြီးသည့်နောက် ….
ကျားမဲဘုရင်ကလန်သည် သုတ်သင်ခံလိုက်ရသည်။
နောက်ထပ် နှစ်နာရီလောက် ကြာပြီးသည့်အခါမှာတော့ ….
ခြေငါးချောင်း အစိမ်းရောင်မြင်းပျံကလန်သည် သုတ်သင်ခံလိုက်ရ၏။
တစ်ရက်တည်းမှာပင် မုန့်ရှင်းကျီသည် မိုင်သန်းနှင့်ချီ အကွာအဝေးကို သွားလာပြီး အဓိကဂိုဏ်းကြီး လေးခုကို သုတ်သင်ရှင်းလင်းပစ်လိုက်၏။ ထိုသတင်းသည် ခရမ်းရောင်နက်နဲလောကတစ်ခုလုံးကို ပြန့်နှံ့သွားခဲ့လေ၏။ တစ်ခုတည်းကို သုတ်သင်ရှင်းလင်းခြင်း ဆိုသည်မှာ ဖုံးကွယ်ထားနိုင်သည့် အရာဖြစ်သော်လည်း အချိန်အတိုင်းအတာတိုအတွင်း လေးခုလုံးကို သုတ်သင်ရှင်းလင်းလိုက်သောကြောင့် သတင်းကို ဖုံးဖိ၍ မရတော့ချေ။
ခရမ်းရောင်နက်နဲလောကမှ လူများသည် အရူးမဟုတ်ကြချေ။ ရှေးဖီးနစ်ကလန် ဖြစ်ခဲ့သည့် အရာများကို သူတို့က သိရှိပြီး ဖြစ်ကြ၏။ အခြေအနေကို သေသေချာချာ သုံးသပ်ခြင်း မပြုလုပ်ရသေးလျှင်တောင်မှ ဤကိစ္စသည် ရိုးရှင်းလှသည် မဟုတ်ကြောင်း သူတို့က သိရှိပြီးဖြစ်သည်။