← Chapters

အပိုင်း (၂၇၁)

Vol. 19 Ch. 271

အပိုင်း (၂၇၁)

Vol. 19 Ch. 271

ခရမ်းရောင်နက်နဲလောက

အကန့်အသတ်မဲ့ ကျယ်ပြောလွန်းလှသည့် ကြယ်ကောင်းကင်ယံထက်၌ ခမ်းနားထည်ဝါလွန်းလှသည့် မိုးကောင်းကင် နန်းတော်များသည် တစ်ခုချင်းစီ အစီအတန်းလိုက် တည်ရှိလို့ နေသည်။ အဝေးမှ လှမ်းကာ ကြည့်ရှုလိုက်မည် ဆိုလျှင် ကောင်းကင်ဘုံ၏ အဆောက်အဦများ ကဲ့သို့ပင်။

နန်းတော်များသည် တည်နေရာအနှံ့တွင် ပျံ့ကျဲလျက် ရှိနေပြီး ကျောက်စိမ်းများနှင့် ဖန်တီးပြုလုပ်ထားသည့် ကျောက်လှေကားလက်ရန်းများသည် အတိုင်းသားဖြင့် မျက်စိစူးလောက်အောင် ထီးထီးကြီး ရှိနေ၏။ လမ်းများသည် ကျယ်ပြောလွန်းလှပြီး ဥပဒဟို သွားလာလျက် ရှိနေသည့် လူများလည်း ရှိနေ၏။

နန်းတော်၏ အလယ်ဖက်တွင်တော့ တိမ်ပေါ်ရောက်သည်အထိ ထိုးထွက်ကာဖြင့် မားမားမတ်မတ် တည်ရှိနေသည့် နန်းတော်ကြီး တစ်ခု ရှိနေပြီး ခေတ်အဆက်ဆက် ဖြတ်သန်းလာပြီး အိုမင်းရင့်ရော်လျက် ရှိသည့် အခြေအနေမျိုး၌ တည်ရှိနေသည်ဆိုလျှင်တောင်မှ ခမ်းနားထည်ဝါလွန်းလှသည့် အော်ရာများကိုတော့ ထုတ်ဖော်နေသေးသည်။

နန်းတော်၏ အတွင်းဘက်တွင်တော့ နဂါးဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက်သည် မြေပေါ်တွင် ဒူးထောက်ကာ ထိုင်လျက်ရှိ၏။ ၎င်း၏ နှုတ်ခမ်းများသည် လှုပ်ရှားလျက် ရှိနေလေ၏။ တစ်စုံတစ်ခုကို ရေတွက်လျက် ရှိနေသည့်ပုံပင်။

နန်းတော်၏ ဟိုးအတွင်းပိုင်း တည်နေရာတွင် ရှုပ်ထွေးလှသည့် မျဉ်းများ တည်ရှိနေပြီး တစ်စုံတစ်ယောက် သည် ထိုနေရာတွင် ထိုင်လျက် ရှိနေ၏။ လေဟာနယ် တစ်ခုလုံးသည် တွန့်လိမ်လျက် ရှိနေလေ၏။ ဟောခန်း၏ထောင့် တည်နေရာ တစ်ခုလုံးတွင် ဆန်းကြယ်လှသည့် အော်ရာများ ထွက်ပေါ်နေ၏။ သက်ရှိ သတ္တဝါများ အားလုံးကို ငုံ့မိုးကြည့်နေသည့် သက်ရှိနတ်ဘုရားတစ်ပါး ရောက်ရှိနေသကဲ့သို့ပင်။

ထိုသူ၏ အောက်မှာ ရှိနေသည့်လူသည် ဖိနှိပ်ခြင်းကို ခံထားရသောကြောင့် မျက်နှာတစ်ခုလုံး ဖြူလျော်လျက် ရှိနေပြီး အသက်ရှူမဝဘဲ ဖြစ်လို့နေခဲ့၏။ ထိုလူသည် တစ်စုံတစ်ခုကို ရွတ်ဖတ်ပြီးပြီးချင်းမှာပဲ ဖြူလျော်နေသည့် မျက်နှာနှင့် အတူ ခေါင်းနှင့်မြေပြင်ကို ထိလိုက်၏။ နဖူးစပ်တွင် ရှိနေသည့် ချွေးစေးများသည် မြေပေါ်သို့ တပေါက်ပေါက် နှင့် ပြုတ်ကျလျက် ရှိနေ၏။ အပြင်းအထန် ထိတ်လန့်ကြောက်ရွံ့နေသည်ပုံပင်။

“အိမ်ရှေ့စံမင်းသား”

ခဏလောက် ကြာပြီးသည့်နောက် ခပ်သဲ့သဲ့ အသံတစ်ခုက ထွက်ပေါ်လာ၏။ ထိုအသံသည် ဟိုးနှစ်ပေါင်းများစွာမှာ ပျံ့နှံ့ရောက်ရှိလာသည့် အသံကဲ့သို့ပင် ပဲ့တင့်ထပ်လျက်ရှိနေ၏။ “ခုဏတုန်းက ဘာပြောခဲ့တာလဲ။ ကွာစီအင်ပါယာ တစ်ယောက်က ငါ့ရဲ့ဌာနေထဲကို ကျူးကျော် ဝင်ရောက် လာတယ် ဟုတ်လား”

“ဟုတ်ပါတယ်”

နဂါးဝတ်စုံနှင့်လူသည် ဦးခေါင်းကို ငုံ့လျက် ရှိနေတုန်းပင်။ သူ့အနေနှင့် မြေပေါ်တွင် ကပ်ကာဖြင့် စကားလုံးများကို မနည်းဖျစ်ညှစ်ကာ ပြောဆိုလျက် ရှိနေသည်။ သူ၏ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အင်ပါယာအဖေနှင့် ရင်ဆိုင်ရသည့် အချိန်တွင် ငိုရမလား၊ ရယ်ရမလားပင် မသိချေ။

အင်ပါယာအဖေသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှချေ၏။ ခရမ်းရောင်နက်နဲလောကကြီး တစ်ခုလုံးကိုပင် လွှမ်းမိုးသိမ်းပိုက်ချင်သည့် လူတစ်ယောက်ဖြစ်၏။ ထို့အပြင် ကောင်းကင်မူလလောကကြီးကိုလည်း လွှမ်းမိုးသိမ်းပိုက် ချင်သေး၏။ သူ၏ ထိန်းချုပ်မှုအောက်တွင် လောကကြီး နှစ်ခုလုံးကို ထားချင်သည့် ရည်မှန်းချက် ကြီးမားလှသည့် လူတစ်ယောက်ပင်ဖြစ်သည်။ ၎င်းသည် သမိုင်းမှတ်တမ်းတွင် ရှိသည့် ရှားရှားပါးပါး လူမျိုးပင်။

“ငါ နားလည်ပြီ”

ရိုးရှင်းလွန်းလှသည့် စကားစုသည် ကောင်းကင်တာအို၏ အသံများပင် ပါဝင်လျက် ရှိနေလေ၏။ နန်းတော်ကြီး တစ်ခုလုံးသည် အင်မော်တယ်၏ အော်ရာများနှင့်အတူ တုန်ခါသွားခဲ့၏။ ရှေးဆန်လှသည့် သင်္ကေတ များသည် ကောင်းကင်ယံထက်၌ ကြယ်ကဲ့သို့ပင် တဖျတ်ဖျတ် တောက်ပလာခဲ့လေ၏။

“ဟင်း...”

သက်ပြင်းချသံကြီး ပေါ်ပေါက်လာခဲ့၏။ ရှုပ်ထွေးလှသည့် မြူများကြားထဲတွင် ကျောက်စိမ်းကဲ့သို့ သွယ်လျလှသည့် လက်တစ်ခုသည် ရှေ့ဆီသို့ ရောက်ရှိလာ၏။ ထိုလက်ကို အသာတောက်လိုက်တော့ သွေးတစ်စက်သည် လေဟာနယ်ထဲ၌ ပေါ်ပေါက်လာခဲ့၏။ ထိုသွေးစက်သည့် မြန်မြန်ဆန်ဆန်ဖြင့် အသွင်ပြောင်း ပြီးသည့်နောက် လူငယ်တစ်ယောက်၏ အသွင်သဏ္ဍာန်မျိုး ဖြစ်တည်လာသည်။

ထိုလူသည် ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခရမ်းရွှေရောင်သရဖူကို ဆောင်းထား၏။ ၎င်း၏ ထူးမခြားနားလှသည့် မျက်လုံးများဆီမှ လောကကြီးတစ်ခုလုံး၏ ဖျက်ဆီးခြင်း၊ မွေးဖွားခြင်းကို ကြုံခဲ့ရသည့် အရှိန်အဝါမျိုး ထွက်ပေါ်လျက် ရှိနေ၏။

ခဏလောက် တိတ်ဆိတ်ငြိမ်သက်နေသည် ဆိုသော်လည်း ၎င်း၏ လှုပ်ရှားမှု၊ ၎င်း၏ ပြုမူဆောင်ရွက်မှုများသည် ပြိုင်ဘက်ကင်း စွမ်းရည်များ ပါဝင်လျက် ရှိနေ၏။ အင်ပါယာတစ်ယောက် ဆင်းသက်လာပြီးသည့်နောက် ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးသည် မည်သို့မှ မနေနိုင်ခဲ့ချေ။ တဝုန်းဝုန်းနှင့် လှုပ်ခါလာခဲ့သည်။

အပြင်လောကဆီသို့ ခြေတစ်လှမ်း လျှောက်ထွက်လိုက်သည့် အချိန်မှာတော့ ကောင်းကင်ယံတစ်ခုလုံးသည် ကွဲအက်သွားခဲ့၏။ ပြီးသည့်နောက် ထိုအက်ကွဲကြောင်းကြီးထဲသို့ ခြေတစ်လှမ်း လှမ်းကာဖြင့် ပျောက်ကွယ်သွားခဲ့ လေ၏။

ဤအတောအတွင်း လျှပ်စီးများလင်းလက်လျက်ရှိနေသော တည်နေရာကြီး၏ အတွင်းမှာတော့ မုန့်ရှင်းကျီသည် လေဟာနယ်ထဲ၌ မတ်မတ်ရပ်လျက် ရှိနေ၏။ ၎င်း၏ မျက်နှာသည် ပြုံးရွှင်လျက် ရှိနေ၏။ ၎င်း၏ လက်ထဲတွင် ရှိနေသည့် သိုလှောင်လက်စွပ် ခုနှစ်ကွင်းကို ကြည့်ရှုပြီးသည့်နောက် သူသည် နှစ်ပေါင်းတစ်သန်းလောက် ပိုမိုကာ ငယ်ရွယ်သွားသကဲ့သို့ပင် ခံစားနေမိ၏။ တက်ကြွ၍ ဖျက်လတ်လာခဲ့လေသည်။ ဤသိုလှောင်လက်စွပ် ခုနှစ်ကွင်းသည် ဂိုဏ်းအရင်းအမြစ် ခုနှစ်ခုကို ဖျက်ဆီးခဲ့သည်ဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်လေ၏။ ထိုဂိုဏ်းဂဏ အသီးသီးတို့၏ အရင်းအမြစ်များသည် သူ၏လက်ထဲသို့ ရောက်ရှိလာခဲ့သည်။

“အင်း.. ကွာစီအင်ပါယာလက်နက် ဆယ်ခု၊ ထိခိုက်ထားတဲ့ အင်ပါရီယာ လက်နက် တစ်ခုနဲ့ ကွာစီအင်ပါယာအဆင့် သိုင်းနည်းစနစ် တော်တော်များများ၊ ဒါတွေနဲ့ဆိုရင် ငါ အင်ပါယာတစ်ယောက် ဖြစ်လာဖို့ အခွင့်အရေးကို လဲလှယ်ဖို့ လုံလောက်ပြီ မဟုတ်လား” မုန့်ရှင်းကျီက စဉ်းစားလိုက်သည်။ အပေါ်ကိုမော့ကာ ကြည့်ရှုပြီးသည့်နောက် အဆုံးအစမဲ့သော ကောင်းကင်ယံကို မြင်ရလေ၏။ ထိုအထဲတွင် တောက်ပလှသည့် အသက်ဓာတ်စွမ်းရည်များ ထွက်ပေါ်လျက် ရှိနေ၏။

“ကြည့်ရတာ ငါရောက်နေတဲ့ နေရာက ကောင်းကင်ယံထက်မှာ လွင့်မျောနေတဲ့ ကုန်းမြေကြီး တစ်ခုပဲ ထင်တယ်။ ခရမ်းရောင်နက်နဲလောကကြီးက တကယ့်ကို ကျယ်ပြောလွန်းတာပဲ” မုန့်ရှင်းကျီသည် ရေရွတ်လိုက်မိသည်။

ခရမ်းရောင်နက်နဲလောကကြီးနှင့် သူရောက်ရှိလာရာ လောကကြားသည် ကွာခြားလွန်းလှချေ၏။ ကောင်းကင်မူလ လောကကြီးသည့် ပြည့်စုံသည့် ကုန်းမြေတစ်ခုဖြစ်ပြီး ခရမ်းရောင်နက်နဲလောကကြီးမှာတော့ ရေတွက်လို့ မရအောင် များပြားလှသည့် ကြယ်စင်စုများ တည်ရှိနေ၏။ ထိုကြယ်စင်စုများ ကြားထဲတွင် သက်ရှိသတ္တဝါများ နေထိုင်နေကြောင်း သူ အာရုံခံနိုင်၏။

ဤမြင်ကွင်းသည် ကောင်းကင်မူလလောကကြီး၌ အလွန်တရာ ရှားပါးလှသည့် အရာမျိုးပင် ဖြစ်လေ၏။ တချို့သော ရှေးဟောင်းအင်အားစုများသည် ထိုကဲ့သို့သော ဥက္ကာခဲ ကြယ်မျောကြီးများပေါ်တွင် သွားရောက် နေထိုင်တတ်ကြသည် ဆိုသော်လည်း ရှားရှားပါးပါးပင်။

“အင်း.. တစ်ခုကို ထပ်ပြီးတော့ သုတ်သင်ရှင်းလင်းပြီးရင် ငါပြန်ရမယ်”

မုန့်ရှင်းကျီသည် ခေါင်းကို မော့ပြီးသည့်နောက် ကြယ်စင်စုတစ်ခုဆီသို့ လှမ်းကာကြည့်လိုက်၏။ သူ၏ နှလုံးသားထဲတွင် တိတ်တဆိတ် ကြိတ်ကာ ပြောလိုက်သည်။ “ဒါ နောက်ဆုံးတစ်ခုပဲ။ ဒါကို ဖျက်ဆီးပြီး ထွက်မသွားဘူးဆိုရင် ဒီလောကကြီးရဲ့ တော်ဝင်အင်ပါယာတွေ သတိပြုမိသွားမှာ စိုးရတယ်”

“အင်း... နောက်ဆုံးတစ်ခုပဲ”

သူ့ကိုယ်သူ အားပေးပြီးသည့်နောက် မုန့်ရှင်းကျီသည် လေဟာနယ်ထဲသို့ လှမ်းတက်လိုက်၏။ လမ်းတစ်ဝက်မှာတော့ ကြေးအိုးကြီးကို အသာလှည့်ကာဖြင့် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် စွမ်းအင်များကို ထုတ်ဖော်လိုက်၏။

ဘုန်း ....။

ကျယ်လောင်လှသည့် အသံကြီး ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေပြင်တစ်ခုလုံး ပေါက်ကွဲသွားခဲ့၏။ ကြီးမားသည့် ပြိုလဲမှုများ ဖြစ်တည်သွားပြီးသည့်နောက် လေဟာနယ်ကြီး တစ်ခုလုံးသည်လည်း ပြိုလဲသွားခဲ့၏။

“အမ်”

မုန့်ရှင်းကျီသည် မျက်မှောင်ကုတ်လိုက်၏။ တစ်စုံတစ်ခု မှားယွင်းသွားပုံပေါ်၏။ သူ၏ အရင်တိုက်ခိုက်ချက် အကြောင်းကို သူကောင်းကောင်း နားလည်၏။ အင်ပါရီယာ လက်နက် ကျဆင်းသည်နှင့် ကြယ်စင်စုများ အားလုံးသည် အစိတ်စိတ် အပိုင်းပိုင်း ဖြစ်သွားရမှာ သေချာ၏။ တစ်စုံတစ်ယောက်၏ တားဆီးခြင်းကို ခံရစရာ အကြောင်းမရှိချေ။

မုန့်ရှင်းကျီ၏ မျက်ခမ်းစပ်များသည် တုန်ယင်သွားခဲ့၏။ သူ၏ စိတ်တစ်ခုလုံးသည် လှုပ်ရှားသွား၏။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် ရှိနေသည့် အမွေးအမျှင်များပင်လျှင် ထောင်ထသွားခဲ့သည်။

“မင်း... ဒီလောကကြီးရဲ့ သက်ရှိ မဟုတ်ဘူး”

အေးစက်ပြီး ကြမ်းတမ်းလွန်းလှသည့် အသံသည် ကောင်းကင်နှင့် မြေကြီးကြားမှ ထွက်ပေါ်လာသည်။ ထိုအသံသည် ကြားရသူတိုင်း၏ ကျောရိုးမကြီးကိုပင် စိမ့်တက်သွားစေခဲ့၏။

အသူရာကြေးအိုးကြီးအောက်တွင် လူငယ် တစ်ယောက်သည် မတ်မတ်ရပ်လျက် ရှိနေ၏။ ဤကဲ့သို့သော အခြေအနေမျိုးတွင် ၎င်းသည် တိုက်ခိုက်ချက်ကို ဝင်ရောက်ကာ ခုခံထားခြင်းဖြစ်၏။ လက်တစ်ဖက်ဖြင့် အသူရာနဂါးကြေးအိုးကြီးကို ကိုင်ဆောင်ထားပြီး တခြားတစ်ဖက်နှင့် ပွစာကျဲလျက် ရှိနေသည့် ဆံနွယ်များကို အသာစည်းနှောင်လိုက်သေးသည်။

ဤလူငယ်သည် ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားခဲ့ပြီး အင်မော်တယ်တစ်ယောက်၏ ရောင်စဉ်ရောင်ဝါများကို ထုတ်ဖော်လျက် ရှိနေလေ၏။ ရေတွက်လို့ မရအောင် များပြားလှသည့် အလင်းတန်းများသည် လေဟာနယ်ထဲမှ ထိုးခွင်းကာဖြင့် ၎င်းဆီသို့ ကျဆင်းလာလေ၏။ အင်ပါယာတစ်ယောက်၏ စိတ်ဆန္ဒသည် ဒီရေလှိုင်းများကဲ့သို့ တည်နေရာအနှံ့ဆီသို့ ပျံ့နှံ့သွား၏။

“တော်ဝင်အင်ပါယာလား”

All Chapters