အပိုင်း (၂၇၆)
Vol. 19 Ch. 276
ဘုန်း
ကျယ်လောင်လှသော မိုးခြိမ်းသံကြီး ထွက်ပေါ်လာခဲ့ပြီး လက်သီးအလင်းတန်းများ ကျဆင်းလာခဲ့၏။ ကောင်းကင် နှင့်မြေပြင် တစ်ခုလုံး ပြိုလဲပြီး မြေပြင်တစ်ခုလုံး ကွဲအက်ကုန်၏။ ပထမတစ်ချက် ထိလိုက်ရုံနှင့်တင် မီးခိုးရောင် ဝတ်စုံနှင့်လူသည် အနောက်ဘက်သို့ လွင့်စင်သွားလေ၏။ မျက်စိတမှိတ်အတွင်းတွင်ပင်လျှင် ရေတွက်လို့ မရအောင် များပြားလှသော ကြယ်စင်စုများကို တိုက်ဖြတ်ကာဖြင့် အဝေးဆုံး တည်နေရာဆီသို့ လွင့်စင်သွား၏။
ကြည့်ရှုနေသည့် လူများအားလုံးသည် အသက်ကိုပင် ရဲရဲ မရှူနိုင်တော့ချေ။ တစ်ဖက်လူသည် မသေဆုံးဘူး ဆိုလျှင်တောင်မှ အသက်တစ်ဝက်လောက်ကတော့ ကုန်ဆုံးသွားလောက်သည်။
ချက်ချင်းဆိုသလိုပဲ ဘုန်း၊ ဘုန်း ဆိုသည် အသံကျယ်ကြီး နှစ်ခုက ထပ်မံ ထွက်ပေါ်လာ၏။
ခရမ်းရောင်နက်နဲလောကကြီး တစ်ခုလုံး တုန်ခါသွားခဲ့ပြီးသည့်နောက် မိုယွမ်အင်ပါယာနန်းတော်သည် ကြမ်းတမ်း လှသည့် လက်သီးအလင်းချက်ကြီးအောက်တွင် ကွဲကြေလျက် ရှိနေလေ၏။ အင်ပါယာ၏ စိတ်ဆန္ဒတစ်ခုလုံးသည် မြေပြင်၏ အတွင်းပိုင်းဆီသို့ တိုးဝင်ပျောက်ကွယ်သွားလေသည်။
ထိုနည်းလည်းကောင်းပင်။ ရွှေရောင် လက်သီးချက်ကြီးသည် အင်ပါယာတိုင် နန်းတော်ကြီးကို ဖျက်ဆီးလေ၏။ မကြာခင်မှာပဲ အင်ပါယာတိုင်၏ နန်းတော်ကြီးသည် အမှုန့်အဖြစ်သို့ ပြောင်းလဲသွားသည်သာမက အနီးအနားတွင် ရှိနေသည့် ဥက္ကာခဲ ကြယ်စင်စု တော်တော်များများပင်လျှင် ပျက်စီးကုန်လေ၏။
တစ်ရက်အတွင်းမှာပဲ အင်ပါယာသုံးယောက်တို့သည် ကြီးကြီးမားမား ထိခိုက်သွားခဲ့ကြသည်။ တကယ့်ကို ကြီးမားလှသည့် တိုက်ခိုက်ချက်ကြီးကို ရင်ဆိုင်ခဲ့ရသည် ဖြစ်သောကြောင့် ခရမ်းရောင်နက်နဲလောကကြီးတွင် ရှိနေသည့် သက်ရှိသတ္တဝါပေါင်း များစွာတို့သည် ရေခဲရေနှင့် အပက်ခံရလိုက်သလိုပင် တည်နေရာတွင် အေးခဲလျက် ရှိနေကြသည်။
သူတို့သည် တည်နေရာကို ဖြတ်သန်းကာဖြင့် ကောင်းကင်မူလလောကကြီးသို့ သွားရောက်ကာ တိုက်ခိုက်လျက် ရှိနေ၏။ သို့ပေမဲ့ ကြည့်ရသည်မှာ တစ်ဖက်လောက၏ အင်ပါယာတစ်ယောက်တည်းကပင်လျှင် သူတို့ ခရမ်းရောင်နက်နဲလောကကြီး တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိနေလေ၏။ သူတို့ မည်ကဲ့သို့ ဆက်လက်ကာ တိုက်ခိုက်ရမည်နည်း။
အဓိကအားအင် ဂိုဏ်းများပင်လျှင် ရောက်ရှိမလာသေးပေ။ အင်ပါယာသုံးယောက်တို့သည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိနေခဲ့ပြီဖြစ်၏။ တစ်ဖက်မှ ထိုအင်ပါယာသည်သာမက တားမြစ်တည်နေရာထဲတွင် ရှိနေသည့် တချို့သော မွန်းစတားအိုကြီးများ၊ စွမ်းအားမြင့် ကျင့်ကြံသူကြီးများပါ ထွက်ပေါ်လာသည်ဆိုပါက ၎င်းတို့သည် ဘာမှပင် ပြုလုပ်နိုင်မည် မဟုတ်ဘဲ အခန့်သား သေဆုံးခြင်းအဖြစ်သို့ ရောက်ရှိပေလိမ့်မည်။
အားလုံးသော သူတို့သည် ကောင်းကင်ယံတွင် ရှိနေသည့် ကြီးမားလွန်းလှသည့် လက်ကြီးကို ကြည့်ရှုပြီးသည့်နောက် အသက်ပင် ရဲရဲ မရှူရဲကြချေ။ ထိုအရာကြီး ပျောက်ကွယ်သွားမှသာလျှင် စိတ်သက်သာရာ ရသလို အသက်ရှူမိကြ၏။
ထိုအင်ပါယာသည် တည်နေရာဖြတ်သန်းကာ ရောက်ရှိလာရန် ရည်ရွယ်ချက်ရှိပုံ မပေါ်ချေ။ ထိုအရာသည် ကံကောင်းခြင်း တရားသာလျှင် ဖြစ်၏။ တစ်ဖက်လူသာ မလာဘူးဆိုပါက ခရမ်းရောင်နက်နဲ လောကကြီးအတွက် မျှော်လင့်ချက် တည်ရှိနေသေးသည်။
“ခင်ဗျားတို့ ပြောခဲ့တာ အင်ပါယာမိုယွမ် လက်အောက်မှာ ရှိနေတဲ့ လက်ရွေးစင်တပ်ခွဲတွေက ကောင်းကင်မူလ လောကကြီးမှာ တားဆီးလို့မရအောင် ဖြစ်နေပြီဆို” ခရမ်းရောင်နက်နဲလောကထဲမှာတော့ ရှေးဂိုဏ်းတစ်ခုဆီမှ လူသည် နာနာကျင်ကျင် အမူအရာဖြင့် ပြောဆိုလိုက်၏။
ထိုကဲ့သို့ ကောင်းမွန်လှသည့် သတင်းနှင့်အတူ အဘယ်ကြောင့် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ကျင့်ကြံသူ တစ်ယောက်က ရုတ်တရက်ကြီး ပေါ်ပေါက်လာရသနည်း။ ထိုအင်ပါယာသည်သာ လှုပ်ရှားသည်ဆိုပါက နယ်မြေ ဖြတ်သန်းကာ သွားရောက်တိုက်ခိုက်လျက် ရှိနေသည့် ကျင့်ကြံသူများသည် အသက်ရှင်သန်ရန် အခွင့်အရေးပင် ရှိပါမည်လား။ တစ်ချက်ကြည့်လိုက်ရုံနှင့်တင် အားလုံးသောသူတို့သည် သေဆုံးသွားနိုင်သည်။
မိုယွမ်အင်ပါယာနန်းတော်၏ အတွင်းမှာတော့ တည်နေရာအက်ကွဲကြောင်းကြီးက တည်ရှိလို့ နေခဲ့၏။ ထိုအရာသည် အင်ပါယာတစ်ယောက် ဖြစ်ပြီးသည့်နောက် အင်ပါယာမိုယွမ် ဖန်တီးခဲ့သည် တည်နေရာ လမ်းကြောင်း တစ်ခုသာလျှင်ဖြစ်၏။ ၎င်းအက်ကွဲကြောင်းကြီး၏ အနားတွင် အင်ပါယာအဆင့် အစီအရင် တစ်ခုက တည်ရှိနေပြီး အောက်ဘက်တွင်တော့ ယစ်ပုလ္လင်တစ်ခုနှင့်အတူ စောင့်ကြပ်ထား၏။
မိုယွမ်အင်ပါယာနန်းတော် ပျက်စီးသွားခဲ့ပြီဆိုလျှင်တောင်မှ ဤတည်နေရာလမ်းကြောင်းကြီးက မြဲမြဲတည်ရှိလျက် ရှိနေသေး၏။ တခြားသော အင်ပါယာများ ဤတည်နေရာဆီသို့ ရောက်ရှိလာခြင်းအား သေသေချာချာ ကာကွယ်ထား၏။ သို့ပေမဲ့ ကြည့်ရသည်မှာ သူ၏ စီစဉ်မှုများ အားလုံးတို့သည် မလိုအပ်သည့် အရာကဲ့သို့ပင်။
မိုယွမ်အင်ပါယာနန်းတော်သည် အမှုန်အဖြစ်သို့ ပြောင်းလဲသွားခဲ့တော့မည် ဆိုလျှင်တောင်မှ တည်နေရာ အက်ကွဲကြောင်းကြီးကတော့ မထိမခိုက်ဘဲ တည်ရှိနေ၏။ မာကျောလွန်းလှသည့် ရွှေကဲ့သို့ပင်။ ထိုတည်နေရာ အက်ကွဲကြောင်းကြီးသာ ပျောက်ကွယ်သွားသည်ဆိုပါက နယ်မြေဖြတ်သန်းကာ သွားရောက်တိုက်ခိုက်နေကြသည့် လူများအားလုံးသည် စိတ်ပျက်ဝမ်းနည်းစွာဖြင့် ထကာ ငိုနေပေလိမ့်မည်။
လက်ရှိ အခြေအနေမှာတော့ တည်နေရာ အက်ကွဲကြောင်းဆီမှ တော်ဝင်သူတော်စင်တစ်ယောက်က ထွက်ပေါက် လာ၏။ ၎င်း၏လက်ထဲတွင် ကျောက်စိမ်းပြားတစ်ခုကို ကိုင်ဆောင်ထားသည်။ ၎င်းသည် စိတ်လှုပ်ရှားနေသည့် အမူအရာမျိုး တည်ရှိနေသည် ဆိုလျှင်တောင်မှ အထဲသို့ ဝင်ဝင်လာချင်းမှာပဲ အေးခဲသွားမိ၏။
ကောင်းကင်ယံတွင် မတ်မတ်ရပ်လျက် ရှိနေပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ကြည့်ရှုကာဖြင့် နဝေတိမ်တောင် ဖြစ်မိ နေသည်။ ဤနေရာသည် ဘယ်နေရာနည်း။ မိုယွမ်အင်ပါယာနန်းတော် ဘယ်ရောက်သွားသနည်း။ သူ့နားတွင် ရှိနေသည့် အင်ပါယာအဆင့် အစီအရင်ကြီးကလည်း မရှိတော့ချေ။ အောက်ခြေတွင် ရှိနေသည့် ယစ်ပုလ္လင်ကြီး ကလည်း အက်ကွဲကြောင်းများနှင့် ပြည့်နှက်နေသည်။
တစ်ချက်ကြည့်လိုက်သည်နှင့် အရင်က ဘာတွေရှိခဲ့သည်ဆိုသည်ကို သေသေချာချာ မသိလောက်အောင်ပင် ပျက်စီးသွားခဲ့လေပြီဖြစ်သည်။ အင်ပါယာတစ်ယောက်၏ တိုက်ခိုက်ချက်အောက်တွင် အရာအားလုံး ပျက်စီး ပျောက်ကွယ်သွားသကဲ့သို့ပင်။
“တော်ဝင်အင်ပါယာကော”
တော်ဝင်သူတော်စင်သည် မျှော်လင့်တကြီးဖြင့် လှမ်းကာ အော်ဟစ်လိုက်၏။ သို့ပေမဲ့ အချိန်အတော်ကြာသည်အထိ မည်သည့် တုံ့ပြန်မှုကိုမှ မကြားရချေ။
“သွားပြီပဲ”
ချက်ချင်းဆိုသလိုပဲ သူ၏ အားအင်တစ်ခုလုံးသည် ယုတ်လျော့သွားသလို ခံစားလိုက်မိ၏။ တော်ဝင် သူတော်စင် သည် ၎င်း၏ နှလုံးသားထဲတွင် အေးစက်သည့် ခံစားချက်များကို ခံစားလိုက်ရ၏။ သူတို့ နယ်မြေ ဖြတ်သန်းကာ သွားတိုက်ခိုက်သည့် ခရီးစဉ်အတွင်း အင်ပါယာမိုယွမ်သည် ဆိုးရွားလှသည့် ရန်သူနှင့် ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်ခဲ့ရပုံပေါ်၏။
အင်ပါယာမိုယွမ်ပင်လျှင် ဆိုးရွားလှသည့် အခြေအနေဆီသို့ ရောက်ရှိနေ၏။ ရန်သူသည် မည်မျှ ကြောက်မက်ဖွယ်ရာ ကောင်းလိုက်သနည်း။
နန်းတော်ကြီးတစ်ခုလုံးကိုပင် ဤကဲ့သို့ အခြေအနေမျိုးဖြစ်အောင် ဖျက်ဆီးထားသည့်အပြင် အင်ပါယာအဆင့် အစီအရင်ကြီး ပင်လျှင် ဖျက်ဆီးခြင်းကို ခံထားရသည်။
“အင်ပါယာတိုင်လား။ ဒါမှမဟုတ် ကောင်းကင်ငိုကြွေးခြင်း အင်ပါယာများလား” တော်ဝင်သူတော်စင်က သုံးသပ် လိုက်၏။ ခရမ်းရောင်နက်နဲလောကကြီးထဲတွင် အင်ပါယာ လေးယောက်တို့ ပူးတွဲတည်ရှိ၏။ ပထမဦးဆုံး ပေါ်ပေါက်လာခဲ့သည့် အင်ပါယာသည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး ကျင့်ကြံခြင်းလောကအတွင်း လှုပ်ရှားမှု မရှိတော့ချေ။
တချို့က ပြောကြသည်မှာ တခြားသော လောကဆီသို့ ထွက်ခွာသွားခဲ့သည် ဟူ၍ပင်။ တချို့မှာတော့ အသက်အရွယ် အိုမင်းလွန်းသောကြောင့် သေဆုံးခါနီး အခြေအနေဆီသို့ ရောက်ရှိနေသည်ဟု ပြောကြ၏။ ပထမဦးဆုံး အင်ပါယာကလွဲလျှင် လက်ရှိအခြေအနေမှာတော့ အင်ပါယာမိုယွမ်၏ နန်းတော်ကို ပျက်စီးသွားအောင် ပြုလု်ပနိုင်သည့် အားအင်အဆင့်ရှိ အင်ပါယာဆိုသည်မှာ တခြားသော နှစ်ယောက်သာလျှင် ရှိ၏။
၎င်း၏ စိတ်ထဲတွင် မတူညီသည့် အတွေးများ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာလျက် ရှိနေတုန်းမှာပဲ မြေပြင် တစ်ခုလုံးသည် ကွဲအက်လျက် ရှိနေသည့် တည်နေရာပျက်အတွင်းမှ သွေးအလိမ်းလိမ်းဖြင့် လူတစ်ယောက် ထလာလေသည်။
၎င်း၏ ဆံပင်များသည် ပွစာကျဲလျက် ရှိနေပြီး ခန္ဓာကိုယ်တစ်ခုလုံး၌လည်း ဒဏ်ရာဒဏ်ချက် ပရပွဖြင့် ဖြစ်သည်။။ အလင်းတန်းများ ထွန်းတောက်လျက် ရှိနေသည်ဆိုလျှင်တောင်မှ ထိုအလင်းတန်းများသည် ၎င်း၏ ဒဏ်ရာများကို ပြန်လည် ကုစားရန် မတတ်နိုင်သေးချေ။
“တော်... တော်ဝင်အင်ပါယာ” တော်ဝင်သူတော်စင်သည် ထကာ အော်ဟစ်လိုက်၏။ သူသည် ချက်ချင်း မှတ်မိ သွားခဲ့၏။ ချက်ချင်းပဲ အလောတကြီးဖြင့် ပြေးသွားပြီးသည့်နောက် အင်ပါယာမိုယွမ်ကို ဖေးမကူညီလိုက်၏။ ခေါင်းကိုငုံ့ပြီးသည့်နောက် အင်ပါယာမိုယွမ်၏ ဒဏ်ရာများကို သေသေချာချာ လေ့လာကြည့်ရှုလိုက်၏။
တော်ဝင်သူတော်စင်၏ နှလုံးသားထဲတွင် ကြောက်မက်ဖွယ်ရာကောင်းသည့် ခံစားချက်များ ရရှိလာ၏။ ကျင့်ကြံခြင်း လောကတွင် အင်ပါယာများကို မဆိုနှင့် သူတော်စင်အဆင့် ကျင့်ကြံသူများပင်လျှင် လက်များ၊ ခြေများ ပြန်ပေါက် နိုင်သည့် အစွမ်းကို ပိုင်ဆိုင်ကြ၏။ အင်ပါယာအဆင့်၌ သွေးတစ်စက်ကျန်ရှိသည် ဆိုလျှင်တောင်မှ ပြန်လည်မွေးဖွားနိုင်စွမ်း ရှိသည်။
သို့ပေမဲ့ ထိုကဲ့သို့သော စွမ်းရည်များကို ပိုင်ဆိုင်သည့် အင်ပါယာသည် ဤကဲ့သို့ သနားစရာကောင်းလှသည့် အခြေအနေမျိုးထိအောင် ရိုက်နှက်ခြင်းကို ခံခဲ့ရ၏။ ဒဏ်ရာများသည် မြန်မြန်ဆန်ဆန် ပြန်လည် ကောင်းမွန်လာခြင်း မရှိပေ။ ကြည့်ရသည်မှာ အခြေခံတစ်ခုလုံး ဒဏ်ရာရရှိသွားသည့်ပုံပင်။
“တော်ဝင်အင်ပါယာ အဆင်ပြေရဲ့လား” တော်ဝင်သူတော်စင်သည် တီးတိုးမေးမြန်းလိုက်၏။
ကောင်းကင်မူလလောကကြီးမှာ ဒီလိုပုဂ္ဂိုလ်မျိုး ရှိတယ်။ ဒဏ္ဍာရီလာအဆင့်နဲ့ ခြေတစ်လှမ်းသာ ကွာဝေးတဲ့လူပဲ။ သူတကယ်ပဲ အင်မော်တယ် ဖြစ်တော့မှာလား။
အင်ပါယာမိုယွမ်သည် မတုံ့ပြန်ခဲ့ချေ။ သူသည် ထွက်ပေါ်လာလာ ချင်းမှာပဲ အဝေးတွင် ရှိနေသည့် တည်နေရာလမ်းကြောင်းကြီးကို လှမ်းကြည့်လျက် ရှိသည်။ သူ၏ မျက်လုံးထဲတွင်တော့ နက်နဲလွန်းလှသည့် ကြောက်လန့်ခြင်းတရားများ ထွန်းတောက်လျက် ရှိနေသည်။