အခန်း (၁၁၁-၁၁၅)
Vol. 8 Ch. 111-115
စာစဉ် ၈။ အခန်း ၁၁၁ မင်းရဲ့အတွေးက စိတ်ကူးတစ်ခုသက်သက်ပဲ..
"အကြီးအကဲလု၊ ကျွန်တော်တတ်နိုင်တာမရှိတော့ဘူး။"
လုရှောင်ယန်သည် မထိန်းနိုင်ပဲ မျက်မှောင်ကြုတ်မိသည်။
“ခရမ်းရောင် ငြိမ်းချမ်းရေး တော်ဝင်နန်းတော်မှာ ဒီလောက်အာဏာနည်းနည်းလေးတောင် မရှိဘူးလား?”
ကျီဝူရှင်းသည် သူ၏နှာခေါင်းကို ကုတ်လိုက်သည်။
“အဲဒီလို ပြောလို့မရဘူး။ တိုင်လန်က ဘုရင်ကျန်းပေရဲ့ ကျောထောက်နောက်ခံရှိတယ်။ သူက ကျွန်တော့်အဖေထက် အသက်ကြီးပြီး ကျွန်တော့်အဖေထက် နည်းနည်းလေး အဆင့်အတန်းမြင့်တယ်။ တစ်ချိန်တည်းမှာပဲ သူ့သားတော်ကလည်း ဘုရင်တစ်ပါးပဲ။"
အရေးအကြီးဆုံးကတော့ သူ့သမီးက လက်ရှိ ဧကရာဇ်ရဲ့ ကြင်ယာတော်ပါ။ သူ့မြေးမလေးက လင်းဖေးကိုကြိုက်တဲ့ မင်းသမီးလည်းဖြစ်တဲ့ မင်းသမီးရူယန် ပါ။”
တိုင်လန်က ဘုရင်ကျန်းပေ ပျိုးထောင်ပေးထားတဲ့ လက်အောက်ငယ်သားတစ်ဦးပါ။ တိုင်လန်က ဘုရင်ကျန်းပေရဲ့ တခြား သားမက်တော် ဖြစ်လာဖွယ်ရှိတယ်လို့ဆိုကြတယ်။ ဒီအရာကြောင့် သူက နည်းနည်းမှ မကူညီချင်တာ ဖြစ်နိုင်တယ်။”
ကျီဝူရှား အနည်းငယ်ရှက်သွားသည်။
"ဆရာကြီး၊ ကျွန်မကြောင့် အကြီးဆုံးအစ်ကိုကြီး မလွတ်မြောက်နိုင်တာ..."
လုရှောင်ယန် ခေါင်းယမ်းလိုက်သည်။
“ဒါ မင်းအပြစ်မဟုတ်ဘူး။ အာဏာ ပြိုင်ဆိုင်မှုတွေက နေရာတိုင်းမှာ ရှုပ်ထွေးနေတယ်။”
မူလက သူ မတိုက်ခိုက်ချင်ပေ။ သို့သော် ယခု သူ မတိုက်ခိုက်ပါက ဤကိစ္စကို ဖြေရှင်းရန် နည်းလမ်းမရှိဟု ထင်ရသည်။
ဟုတ်ပါသည်။ သူသည် သူ၏အစွမ်းအစကို ထုတ်သုံးမည်မဟုတ်ပါ။ ဤအခန်းထဲတွင် ကျီဝူရှား
အပြင် ကျီဝူရှင်းနှင့် တိုင်လန်တို့လည်း ရှိနေသေးသည်… လုရှောင်ယန်သည် သူ၏ခွန်အားတွေကို လူများစွာရှေ့မှာ ထုတ်ပြဖို့ မဖြစ်နိုင်သလို တရားရုံးတော်တက်ခွင့်ရှိသည့် တိုင်လန်ကို တိုက်ရိုက်သတ်ဖို့လည်း မဖြစ်နိုင်ပါ။
၎င်းသည် ကျောက်တုံးကို မပြီး သူ၏ ခြေထောက်ပေါ် ပစ်ချလိုက်တာနှင့် အတူတူပင်။
သို့သော်လည်း လုရှောင်ယန်သည် တိုင်လန်ကို မကိုင်တွယ်နိုင်ဟု မဆိုလိုပေ။
ကျီဝူရှင်းတို့မောင်နှမအကြပ်ရိုက်နေပြီး တိုင်လန် ကျေနပ်နေသည်။
ရုတ်တရက် လုရှောင်ယန်၏မျက်လုံးထဲတွင် ထူးဆန်းသောအမူအရာတစ်ခု ပေါ်လာသည်။
သူ၏ မျက်စံအိမ်များသည် တစ်ခုကနေ နှစ်ခု၊ သုံးခုအထိ ဖြစ်လာသည်။
သူ၏ မျက်စံအိမ်များသည် ပုလဲအရွယ်အစားမှ ပဲတီစိမ်းအရွယ်သို့ ပြောင်းလဲကာ ရွှေစင်ဖြစ်လာသည်။
ကျန် မျက်လုံးအပိုင်း အားလုံး ဖြူသွားသည်။
လုရှောင်ယန်၏ မျက်လုံးများ ပြောင်းလဲသွားသောအခါ ဤနေရာတစ်ခုလုံးသည် မရည်ရွယ်ဘဲ ပုံပျက်သွားသည်။ နောက်အခိုက်အတန့်တွင် ကျီဝူရှင်းနှင့် တိုင်လန်၏အမူအရာများ ချက်ချင်းအေးခဲသွားသည်။ ချက်ချင်းဆိုသလိုပဲ သူတို့၏ အမူအရာတွေမှာ မူမမှန်မှုတွေ အမျိုးမျိုး အဆက်မပြတ်ပေါ်လာသည်။ ဒေါသ၊ ထိတ်လန့်မှု၊ အံ့သြမှု၊ အရှက်တရား... အတိုချုပ်ပြောရလျှင် ဒါဟာ အရောင်အသွေးစုံနေသည်။
ကျီဝူရှားသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူမ မထိန်းနိုင်ဘဲ ထိတ်လန့်သွားသည်။ သူမသည် သူမ၏ဆရာကိုကြည့်ကာ ချက်ချင်းပင် မထိန်းနိုင်ဘဲ မျက်မှောင်ကြုတ်သွားခဲ့သည်။
ဆရာ... လှုပ်ရှားလိုက်တာလား?
ဒါပေမယ့်... သူဘာလုပ်နေတာလဲ?
သူသည် မည်သည့် စိတ်ဝိညာဉ်စွမ်းအင် အတက်အကျမျှ မထုတ်လုပ်ခဲ့ပေ။ သူမ လုံးဝ အာရုံမခံစားနိုင်ပေ။
သို့သော် သူမ၏အစ်ကိုနှင့် တိုင်လန်တို့အတွက်တော့ အပြောင်းအလဲတစ်ခု အမှန်တကယ် ဖြစ်ပေါ်ခဲ့သည်။
ကျီဝူရှား အံ့ဩနေစဉ် သူမဆရာ၏မျက်လုံးတွေသည် ပုံမှန်ပြန်ဖြစ်သွားသည်။
ကျီဝူရှင်း ရုတ်တရက် ရယ်လိုက်သည်။
"တိုင်လန် ငါက မင်းအတွက် အရမ်းလေးစားစရာကောင်းနေလား? ငါ မင်းကို ဆန့်ကျင်နိုင်တဲ့အရာကိုဆုပ်ကိုင်ထားသေးတယ် ဆိုတာ မမေ့ပါနဲ့။ အဲဒီတုန်းက မင်းနဲ့ အာကေရှားဂိုဏ်းက မိန်းမကြားက အကျည်းတန်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ငါပြောစရာ မလိုတော့ဘူး မဟုတ်လား။ ဒီကိစ္စကို ဘုရင်ကျန်းပေ ကို သတင်းပို့ရင် မင်း ဘုရင်ကျန်းပေရဲ့ သားမက် ဖြစ်လာနိုင် သေးတယ်လို့ မင်းထင်လား? မင်း လုပ်နိုင်လိမ့်မယ်လို့ မင်းထင်လား?"
တိုင်လန် ၏အမူအရာသည် ရုတ်တရက် အေးစက်သွား၏။
"ကျီဝူရှင်း၊ မင်းကန်းမတက်နဲ့။ အဲဒီကိစ္စအတွက် ငါမင်းကို အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၃၀,၀၀၀ ပေးခဲ့တယ်။ မင်းတစ်သက်လုံး ဒီအကြောင်းကို ဘယ်တော့မှ ထပ်မပြောတော့ဘူးလို့ မင်းငါ့ကို ကတိပေးထားတယ်လေ...။"
“ဟီးဟီး… ဒီနေ့ ငါမင်းကို နည်းနည်းပါးပါးပဲ တောင်းဆိုတာပါ။ ဒါတောင် မင်းက မိုက်မဲတဲ့ စကားတွေ ပြောနေပြီ။ ငါ့ကို မင်းအတွက် လျှို့ဝှက်ထားပေးချင်နေသေးတာလား? အဲဒါ ဖြစ်နိုင်တယ်လို့ မင်းထင်လား? ငါ မင်းကို အခါနှစ်ဆယ်အသက်ရှုဖို့အချိန်လောက် စဉ်းစားဖို့ အချိန်ပေးမယ်။ ပြီးရင် ငါလိုချင်တဲ့အဖြေကို ငါကြားချင်တယ်။ မဟုတ်ရင် အကျိုးဆက်ကို ကိုယ်တိုင်စဉ်းစားပါ။”
ကျီဝူရှား: "???"
သူမ မျက်ခုံးပင့်ကာ အံသြသွားသည်။
ဘာတွေဖြစ်ကုန်တာလဲ?
သူမဆရာ၏ မျက်လုံးများသည် ခဏတာ ပြောင်းလဲသွားသည်။ ထို့နောက်တွင် သူမ၏အစ်ကိုနှင့် တိုင်လန်က သူမ လုံးဝနားမလည်သည့် အဓိပ္ပါယ်များစွာပါသောစကားများ ပြောနေသည်။
ထို့အပြင် သူမအစ်ကိုက တိုင်လနေ၏ အားနည်းချက်ကို ဆုပ်ကိုင်ထားပုံရသည်။
ခဏနေဦး...
ကျီဝူရှား တစ်စုံတစ်ခုကို သတိရသွားသလို ရုတ်တရက် တုန်လှုပ်သွားသည်။
ဒါဟာ ထင်ယောင်ထင်မှားဖြစ်စေတဲ့ နည်းပညာတစ်ခုပဲ။
သူမ၏ဆရာကို ပထမဆုံးအကြိမ်တွေ့စဉ်က၊ သူမသည် ကျီရွှေ့တောင်ခြေတွင် သူမဆရာ၏ ထင်ယောင်ထင်မှားအစီအရင်၌ ပိတ်မိနေခဲ့သည်။ အဖွားလီကဲ့သို့သော ဖန်တီးမှုအဆင့် ကျွမ်းကျင်သူတစ်ဦးပင်လျှင် သူမဆရာ၏ထင်ယောင်ထင်မှားအစီအရင်ကို မချိုးဖျက်နိုင်ခဲ့ပေ။ ဤအရာကနေ သူမဆရာ၏ အမြင်လှည့်စားမှုအစီအရင် မည်မျှ အစွမ်းထက်သည်ကို တွေ့မြင်နိုင်သည်။
သို့သော် ထိုအချိန်တွင်၊ သူမ၏ဆရာသည် ကြီးမားသောအစီအရင်ကို အသုံးပြု၍ အားကောင်းသောထင်ယောင်ထင်မှားဖြစ်စေရန် ဖန်တီးခဲ့ခြင်းဖြစ်သည်။
ယခုမူ သူမဆရာသည် ပို၍ပင် အစွမ်းထက်လာလေပြီ။ သူမအစ်ကိုနှင့် ကောင်းကင်အကျဉ်းထောင်မှုး တိုင်လန်ကိုပင် မျက်တောင်တချက်ခတ်၍ မှတ်ညဏ်အတုတွေကို ဖန်တီးနိုင်သည်။
အစ်ကိုဖြစ်သူ၏ ကျင့်ကြံဆင့်သည် အလွန်မြင့်မားခြင်းမရှိပဲ တောင်တန်းပင်လယ်ဘုံ၏ ပဉ္စမအဆင့်တွင်သာ ရှိသော်လည်း တိုင်လန်သည် အနှစ်သာရခိုင်မြဲခြင်း ပထမအဆင့် ကျွမ်းကျင်သူဖြစ်ကြောင်း သိရှိထားရမည်။
သူတို့၏ ခွန်အားသည် အထွတ်အထိပ်သို့ ရောက်ပြီဟု မပြောနိုင်သော်လည်း ၎င်းတို့သည် အလွန်ရှားပါးသော ကျွမ်းကျင်သူများ ဖြစ်နေဆဲဖြစ်သည်။
သို့သော် သူတို့သည် သူမဆရာရှေ့တွင်မူ လုံး၀ တောင့်မခံနိုင်ပေ။ အကြည့်တစ်ချက်က သူတို့၏မှတ်ညဏ်တွေကို ပြောင်းလဲပစ်နိုင်လောက်အောင်ပင်။
ဤနည်းလမ်းသည် တကယ်ကို ကြောက်စရာကောင်းလွန်းသည်။
မဟုတ်ဘူး၊ သူမပြန်ရင် သူမမှတ်စုစာအုပ်ငယ်လေးထဲမှာ ရေးမှတ်ထားရမယ်။
သူမ၏ဆရာ၏ထင်ယောင်ထင်မှားဖန်တီးမှုနည်းလမ်းများသည် အံ့မခန်းပင်။
သူမ တွေးနေစဉ်မှာပင် အခါနှစ်ဆယ်အသက်ရှူချိန်ကျော်သွားပြီဖြစ်သည်။ တိုင်လန် အရှုံးပေးလိုက်သည်။
လက်သီးများကို တင်းတင်းဆုပ်ကာ အံကြိတ်၍ “ဒါက နောက်ဆုံးအကြိမ်ပဲ။ ဒါက နောက်ဆုံးအကြိမ်ပဲ.... ကျီဝူရှင်း .....မင်းငါ့ကို ထပ်ခြိမ်းခြောက်ဖို့ သတ္တိရှိရင် မင်း ခရမ်းရောင် ငြိမ်းချမ်းရေး တော်ဝင်နန်းတော်ရဲ့ အမွေဆက်ခံသူဖြစ်ရင်တောင် မင်းကို ငါ ခွင့်မလွှတ်ဘူးဆိုတာ သေချာတယ်။"
ကျီဝူရှင်း ရယ်မောလိုက်သည်။
"စိတ်မပူပါနဲ့ ငါက ဒီလောက် အရှက်မဲ့တာ မဟုတ်ဘူး။ ဒါပြီးရင် နောက်တစ်ခါ မရှိတော့ဘူးလို့ အာမခံပါတယ်။”
"ဟမ့်.."
တိုင်လန်သည် အေးစက်စွာ နှာမှုတ်လိုက်ပြီး ကျီဝူရှင်း ၏လက်ထဲသို့ တိုကင်တစ်ခုကို ပစ်ချလိုက်သည်။
“ဒီသင်္ကေတကိုယူသွားပြီး သူ့ကိုထုတ်လိုက်ပါ။ တတိယအဆင့်၊ အခန်း ၂၅၀ ...။
"မင်းရဲ့ သဘောထားကြီးမှုအတွက် ကျေးဇူးတင်ပါတယ် တိုင်ကော။ နောက်ကျ ဇာမဏီစားသောက်ဆိုင်မှာ မင်းအတွက် စားသောက်ပွဲကို ငါသေချာပြင်ဆင်ထားမယ်။ ကျေးဇူးတင်ပါတယ် တိုင်ကော။"
တိုင်လန်က ပြန်မဖြေပေ။ ရှင်းပါသည်၊ သူ ကျီဝူရှင်းနှင့် မပတ်သက်ချင်တာ ရှင်းလို့နေသည်။
ကျီဝူရှင်းသည် ဘာမှ မပြောဘဲ တိုက်ရိုက် ထွက်သွားသည် ။
လုရှောင်ယန်နှင့် ကျီဝူရှားတို့က နောက်မှ အနီးကပ်လိုက်ကြသည်။
တိုင်လန်၏ တံခါးမှထွက်သွားပြီး အဝေးသို့ရောက်ပြီးနောက် ကျီဝူရှင်းသည် သူ၏လက်ထဲမှ တိုကင်ကို အနိုင်ရသောအမူအရာဖြင့် ကစားသည်။
"ဘယ်လိုလဲ အကြီးအကဲလု ကျွန်တော်မဆိုးဘူးမဟုတ်လား? တိုကင်ယူရတာ အရမ်းလွယ်တယ်။"
လုရှောင်ယန်က ခေါင်းညိတ်လိုက်ပြီး ကျီဝူရှားသည်တော့ ဆွံ့အသွားသည်။ ဤအရူး ဒုတိယအစ်ကိုက သူ့မဆရာရှေ့မှာ ကြွားလုံးထုတ်နေတုန်းပဲ။ တိုင်လန်၏ အားနည်းချက်ကို ဆုပ်ကိုင်ကာ တိုကင်ရယူစေခဲ့သူမှာ သူမဟုတ်၊ သူမ၏ဆရာဖြစ်မှန်း ယခုထိ သူ မသိခဲ့ပေ။
သူမ၏ဆရာသည် သူနှင့် တိုင်လန်၏မှတ်ညဏ်များကို အကြည့်တစ်ချက်ထဲနှင့် ပြောင်းလဲပစ်လိုက်သည်။ ဤသို့ဖြင့် သူသည် တိုင်လန်၏ အားနည်းချက်ကို ဆုပ်ကိုင်ခဲ့သည်။
တကယ်တမ်းတော့ သူတို့ နှစ်ယောက်ကြားမှာ ဘာမှ မဖြစ်ခဲ့ပါဘူး…..
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၈။ အခန်း ၁၁၂ လောင်မင်ရဲ့ ဆုံးရှုံးမှု
သို့သော် ယင်းကိုတွေ့ကြုံပြီးနောက် ကျီဝူရှားသည် လုရှောင်ယန်အပေါ် အနည်းငယ်ပို၍ လေးစားလာကာ ကြောက်ရွံ့မှုလည်း ခံစားရသည်။
ငါ့ဆရာက ဘယ်လောက်တောင် တန်ခိုးကြီးလိုက်လဲ?
ငါ့ဆရာအတွက် ကန့်သတ်ချက်ဆိုတာ ဘယ်မှာလဲ?
သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူတောင်မှ သူမဆရာရဲ့ ခွန်အားနဲ့ မထိုက်တန်ဘူးလို့ သူမ ခံစားခဲ့ရသည်။
သူမ၏ဆရာသည် သေမျိုးကမ္ဘာကို ကျော်လွန်ခဲ့သည်မှာ ကာလအတန်ကြာပြီး သိုင်းဘုရင်အဆင့်ကို အတော်လေး ကျော်လွန်နိုင်ခဲ့ခြင်းကြောင့် ဖြစ်နေမလား?
ဒါကိုတွေးပြီး ကျီဝူရှားသည် မထိန်းနိုင်ဘဲ တုန်လှုပ်သွားသည်။
သူမ၏ မှတ်ညဏ်အချို့ကို ဆရာဖြစ်သူက ပြုပြင်မွမ်းမံခြင်း ရှိမရှိကိုပင် သူမ သံသယဝင်လာမိသည်။ သူမရဲ့ လက်ရှိမှတ်ညဏ်အချို့ဟာ အစစ်အမှန်မဟုတ်တာ ဖြစ်နိုင်သလား?
ဒါကိုတွေးကြည့်ရင်း သူတို့သုံးယောက်သည် ကောင်းကင်အကျဉ်းထောင်၏ တတိယအဆင့်ကို ရောက်နေလေပြီ။
ကောင်းကင်အကျဉ်းထောင်ထဲသို့ ရောက်သွားသည်နှင့် တပြိုင်နက် လုရှောင်ယန်သည် မထိမ်းနိုင်ဘဲ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
စင်စစ် ဤထောင်ထဲတွင် နတ်ဆိုးအငွေ့အသက်တွေ ရှိနေသည်။
ဤနတ်ဆိုး ရောင်ဝါသည် ကောင်းကင်အကျဉ်းထောင်ရှိ အေးစက်သော ရောင်ဝါဖြင့် ဖုံးကွယ်ထားပြီး ၎င်းကို ပေါင်းစပ်ထားသည်။ ဒါကြောင့် သာမာန်လူတွေက ဒါကို လွယ်လွယ်နဲ့ မခံစားနိုင်ကြပေ။
သို့သော် လုရှောင်ယန်ကတော့ အလွယ်တကူ ပြောပြနိုင်သည်။
စစ်မှန်သောအမြင်အာရုံသုံးပါးကို အရပ်မျက်နှာဆယ်ခုတည်မြဲခြင်းနှင့် ပေါင်းစပ်ပြီးနောက်၊ ယခုအခါ အရာအားလုံးကို သူမြင်နိုင်ပြီဖြစ်သည်။
သို့သော် ကောင်းကင်အကျဉ်းထောင်ရှိ နေရာတိုင်းတွင် အစီအရင်များ ရှိသည်။ စင်စစ် အခန်းတိုင်းတွင် အစီအရင်တွေရှိသည်။
ဤအခြေအနေတွင်၊ နတ်ဆိုး သို့မဟုတ် အတုမရှိသော တာအိုသည် ၎င်းတို့၏ နတ်ဆိုးရောင်ဝါများကို စိမ့်ဝင်စေရန် မဖြစ်နိုင်ပေ။
ဤအခိုက်အတန့်တွင် ဤကဲ့သို့ ကြွယ်ဝသော နတ်ဆိုးရောင်ဝါသည် ကောင်းကင်အကျဉ်းထောင်မှ ထွက်ပေါ်လာသည်။ ထို့အပြင် နတ်ဆိုးရောင်ဝါသည် အအေးရောင် ရောင်ဝါနှင့်ပင် ရောနှောနေသဖြင့် အခြားသူများက အာရုံမခံစားနိုင်ပေ။ တစ်ခုခု ဖြစ်ပျက်တော့မည်ဟု ထင်ရသည်။
"ဆရာ၊ ဘာဖြစ်တာလဲ?"
ကျီဝူရှားသည် လုရှောင်ယန်၏ မူမမှန်မှုကို သတိပြုမိပြီး လုရှောင်ယန်က ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။
“ဘာမှမဟုတ်ဘူး။”
ကျီဝူရှင်းသည် လုရှောင်ယန်က ထောင်ထဲက အေးစက်နေသည့် အရှိန်အဝါကြောင့် စိတ်မသက်မသာဖြစ်နေသည်ဟု နားလည်မှုလွဲနေသည်။
" အကြီးအကဲလု၊ နေလို့မကောင်းဘူးလား? ဒါက ပုံမှန်ပါပဲ။ ကောင်းကင်အကျဉ်းထောင်မှာ အစီအရင်တစ်ခုရှိတယ်။ ကျွန်တော်တို့လို ကျင့်ကြံသူတွေ ဝင်လာရင် ကျွန်တော်တို့ရဲ့ ခွန်အားတွေ အားလုံးကို ဖိနှိပ်ချုပ်ချယ်ပြီး ကျွန်တော်တို့ကို သာမန်လူတွေလိုဖြစ်စေတယ်။ ကောင်းကင်အကျဉ်းထောင်ကို ပထမဆုံးရောက်တုန်းက အရမ်းအေးပြီး စိတ်မသက်မသာ ခံစားခဲ့ရတယ်။ ဒါပေမယ့် အဲဒါကို လိုက်လျောညီထွေဖြစ်အောင်လုပ်ဖို့ပဲလိုတယ်။”
ကျီဝူရှား၏ နှုတ်ခမ်းထောင့်သည် မထိန်းနိုင်ဘဲ ပြင်းထန်စွာ တွန့်ချိုးသွားသည်။
သူမတကယ်ပဲ ဒုတိယအစ်ကိုကို သူ့ကိုယ်သူ အရှက်မခွဲဖို့ သတိပေးချင်သည်။
သူမ၏ဆရာသည် သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူ သို့မဟုတ် ထို့အထက်ဖြစ်တည်မှု ဖြစ်နိုင်ခြေကို ဘေးဖယ်ထားလျှင်ပင် သူ၏ အစီအရင် အောင်မြင်မှုများသည် သာမန်လူတစ်ဦး နှိုင်းယှဉ်နိုင်သည့်အရာမဟုတ်ပေ။
ရိုးရိုးသားသားပြောရလျှင် သူမ၏ဆရာသည် စိတ်ဝိညာဉ်နယ်ပယ်တွင်သာရှိလျှင်ပင် ထောင်တွင်းအစီအရင်သည် သူမ၏ဆရာကို ဖိနှိပ်ရန်နေနေသာသာ ချုပ်ထားနိုင်မည်ပင်မဟုတ်ကြောင်း ကျီဝူရှား ပြောရဲသည်။
သို့သော်၊ သူမ၏ဆရာ၏ စရိုက်သည် အမြဲတမ်း ပုန်းလျိုးကွယ်လျိုးနေသည်။ သူမ၏ ဆရာသည် သူ၏ကျင့်ကြံဆင့်ကို မဖော်ထုတ်နိုင်ခဲ့သောကြောင့် သူမ သူ့အကြောင်းကို သေချာပေါက် မကြွားဝါနိုင်ပေ။
သုံးယောက်သား တတိယထပ်ကို ရောက်သွားသည်။ အခန်း ၂၅၀ သို့ရောက်ရှိပြီးနောက်၊ ကျီဝူရှင်းသည် ယွင်လီကောကိုထုတ်ရန်အတွက် တိုကင်ကိုအသုံးပြုခဲ့သည်။
လုရှောင်ယန်ကိုမြင်လိုက်သည်နှင့် ယွင်လီကော၏မျက်ရည်များသည် ထိန်းမနိုင်သိမ်းမရ ချက်ချင်းကျဆင်းသွားသည်။
“ဝူး… ဆရာ၊ နောက်ဆုံးတော့ ဆရာ ဒီကို ရောက်နေပြီ။ နောက်ရက်အနည်းငယ်ကြာရင် ကျွန်တော်အေးခဲသေလိမ့်မယ်။ ဒီနေရာက ကြောက်စရာကောင်းလွန်းတယ်။ ဝူး…”
“အဟမ်း… ငါမင်းကို မကယ်ရင် ဘယ်သူကကယ်မှာလဲ?”
လုရှောင်ယန်သည် သူ၏အရှက်ကို ဖြေလျှော့ရန် ပေါ့ပေါ့ပါးပါး ချောင်းဆိုးလိုက်သည်။
အာကေရှားအဖွဲ့တွင် လင်းဖေးကို စုံစမ်းရန် ယွင်လီကောကို ခိုင်းစေခြင်းမပြုပါက တဖက်လူသည် ဤကဲ့သို့ အဆုံးသတ်မည်မဟုတ်ပေ။
သို့သော် ရှက်ရွံ့မှုသည် ယာယီသာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အလွန်သိပ်သည်းသော မကောင်းဆိုးဝါး ရောင်ဝါသည် ယွင်လီကော၏ ဦးခေါင်းထက်တွင် စုဝေးနေသောကြောင့်ဖြစ်သည်။ ၎င်းသည် သူ့ခေါင်းနောက်ကျောကို ဖိနှိပ်ထားပြီး သူ၏ အသိစိတ်ပင်လယ်ကို အဆက်မပြတ် ကျူးကျော်လို့နေသည်။
အကယ်၍ သူသာ ရက်အနည်းငယ်ကြာမှ ရောက်ရှိလာပါက၊ ဤနတ်ဆိုး အငွေ့အသက်သည် ယွင်လီကော၏ အသိစိတ်ပင်လယ်ထဲသို့ လုံးလုံးလျားလျား ပေါင်းစပ်သွားပေလိမ့်မည်။
ထိုအချိန်တွင်၊ ယွင်လီကောသည် ယင်(ဖုတ်)ကောင်ကဲ့သို့ လူများကိုသတ်သော နတ်ဆိုးကျင့်ကြံသူ ဖြစ်လာလိမ့်မည်။ သူ့မှာ ကိုယ်ပိုင်အတွေးတွေမရှိသလို နတ်ဆိုးသခင်အတွက် စွမ်းအင်တွေပဲ ပေးချင်နေတာမျိုးဖြစ်လာမည်။ သူသည် နတ်ဆိုးသခင်ကို သေသည်အထိ ကာကွယ်ပေးလိမ့်မည်။
လုရှောင်ယန် အလွန်ဒေါသထွက်သွားတော့သည်။
ယွင်လီကော၏ အရည်အချင်းသည် မည်မျှပင် ညံ့ဖျင်းနေပါစေ၊ သူသည် သူ၏ တပည့်ဖြစ်နေဆဲပင်။ ယွင်လီကောသည် သူ၏ တပည့်ဖြစ်သည်။ အမှန်မှာ၊ တစ်ရက်အတွက် ဆရာ၊ ဘဝအတွက် ဖခင်ဖြစ်သည်။
တဖက်သူက သူ၏ အဖိုးတန်တပည့်တော်အား အမှန်တကယ် ပစ်မှတ်ထားခဲ့သည်။ ဒါကို သူဘယ်လိုခံနိုင်ရည်ရှိနိုင်မလဲ?
မဆိုင်းမတွဘဲ လုရှောင်ယန်သည် စစ်မှန်သောအမြင်အာရုံသုံးပါးကို တိုက်ရိုက်အသက်သွင်းလိုက်သည်။
ခြေရာမဲ့ပုံရိပ်ယောင်ကျင့်စဉ်နှင့် စစ်မှန်သောထုတ်ဖော်ခြင်းကျင့်စဉ်တို့၏အကူအညီဖြင့်၊ သူသည် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာကို တိုက်ရိုက်ထိခိုက်စေနိုင်သည်။
တစ်စက္ကန့်...
တစ်စက္ကန့် (သို့) တစ်စက္ကန့်မျှပင် မကြာလိုက်ဘဲ၊ ကောင်းကင်ဘုံအကျဉ်းထောင်၏ တတိယအဆင့်တစ်ခုလုံး၏ နတ်ဆိုးအငွေ့အသက်သည် လုရှောင်ယန်၏ စိတ်ဆန္ဒကြောင့် ချက်ချင်း ကွဲအက်သွားသည်။
ဒါတွေအားလုံးလုပ်ပြီးတဲ့အခါ လုရှောင်ယန်က ယွင်လီကောရဲ့ခေါင်းကို ပုတ်ပြီး နှစ်သိမ့်လိုက်သည်။
“ကောင်းပြီ မငိုနဲ့။ ငါရှိတယ်မဟုတ်ဘူးလား? ငါရှိနေသရွေ့ မင်းကိုဘယ်သူမှ အနိုင်ကျင့်လို့ မရဘူး။"
ယွင်လီကောက သူ၏မျက်ရည်တွေကို သုတ်လိုက်ပြီး ခပ်တင်းတင်းလေး ခေါင်းညိတ်လိုက်သည်။
ကျီဝူရှင်းသည် ၎င်းတို့ကြားရှိ သခင်နှင့်တပည့်ဆက်ဆံရေးကို အလွန်မနာလိုမိသွားသည်။ သို့သော် တကယ်တမ်းတွင်တော့ သူ ဒီလိုမျိုး ဆက်ဆံရေးမျိုး မလိုချင်ပေ။
အကြောင်းအရင်းကတော့ရှင်းလှသည်။ သူ့မျက်လုံးများထဲတွင် လုရှောင်ယန်သည် (စိတ်)အလွန်အားနည်းပြီး ယွင်လီကော၏ ကျင့်ကြံမှုမှာလည်း အလွန်အားနည်းနေသည်။
အဆင့်သေးသေးလေး တစ်ခု တိုးတက်လာရုံ သို့မဟုတ် ဝိညာဉ်ကျောက်တုံးအနည်းငယ် ရရှိရုံမျှဖြင့် ၎င်းတို့သည် အလွယ်တကူ စိတ်လှုပ်ရှားမည်ဖြစ်သည်။
လွယ်လွယ်နှင့် ကျေနပ်နိုင်ကြသည်။
သူသည်တော့ ဤကဲ့သို့ လုံးဝမဖြစ်နိုင်ပေ။ ဘာပဲပြောပြော သူသည် အင်ပါယာနန်းတော်၏ သခင်လေးဖြစ်ပြီး သူလိုချင်သမျှကို ရယူနိုင်သည်။ လုရှောင်ယန်ထက် အဆတစ်ရာ သာလွန်သော ဆရာကို ရှာတွေ့နိုင်မည်ဟု သူယုံကြည်သည်။
ထို့ကြောင့်၊ ဆရာနှင့်တပည့်ကို နွေးထွေးမှုခဏပေးပြီးနောက် ကျီဝူရှင်းက “အကြီးအကဲလု ကျွန်တော်တို့အချိန်က အကန့်အသတ်ရှိတယ်။ မင်းရဲ့ခံစားချက်တွေကို နားလည်ပါတယ်။ ဒါပေမယ့် ကောင်းကင်အကျဉ်းထောင်ကနေ အရင်ထွက်သွားရအောင်။”
လုရှောင်ယန် ခေါင်းညိတ်လိုက်သည်။
"ငါတို့ အရင်ထွက်သွားသင့်တယ်။ ဒီနေရာက အကြာကြီးနေရမယ့်နေရာမဟုတ်ဘူး။”
သူပြောပြီးတာနဲ့ အားလုံးက လှည့်ပြီး ထွက်သွားကြသည်။
တစ်ချိန်တည်းမှာပင်၊ ကောင်းကင်အကျဉ်းထောင်၏ အနက်ရှိုင်းဆုံး ၁၃ထပ် ရှိ အကြီးအကဲမင်ကျဲ့၏ အချုပ်ခန်းတွင် အနီရောင် မျက်လုံးတစ်စုံ ရုတ်တရက် ပွင့်လာသည်။
ဖူး...
နောက်အခိုက်အတန့်တွင် သူသည် ပါးစပ်မှ သွေးများ အန်ထွက်လာပြီး သူ၏ နီမြန်းသော မျက်လုံးများသည် အားပြင်းမှုနှင့် အားနည်းမှုကြားမှ တောက်ပသော အလင်းရောင်များဖြင့် အဆက်မပြတ် မှိတ်တုတ်မှိတ်တုတ် လင်းလက်နေလေသည်။
“ဟင့်အင်း၊ တစ်စုံတစ်ယောက်က ငါ့ရဲ့ နတ်ဆိုး အငွေ့အသက်ကို တကယ်ကြီး တွေ့သွားတာပဲ။ ဒါ့အပြင်၊ တခဏချင်း၊ သူက ငါ့နတ်ဆိုးအငွေ့အသက်ရဲ့ ဆယ်ပုံတစ်ပုံကို ဖျက်ဆီးပစ်ခဲ့တယ်။ ခြေရာလက်ရာတောင် မချန်ထားဘူး။ ဒီလူက ရက်စက်တာ သေချာတယ်။”
“ ဒါပေမယ့် မာနမကြီးနေပါနဲ့။ ငါ့ရဲ့နတ်ဆိုးအငွေ့အသက်ကို တခြားအထပ်အားလုံးကို ဖြန့်ပြီးသွားပြီ။”
“ဒီနှစ်ရက်အတွင်းမှာ ဒီမှာရှိတဲ့လူတိုင်းကို နတ်ဆိုးတွေအဖြစ် ပြောင်းလဲဖို့ သင့်တော်တဲ့အခွင့်အရေးကို ငါရွေးချယ်မယ်။ ဒါဆိုရင် မင်းသေလိမ့်မယ်။”
လုရှောင်ယန်သည် တစ်ဖက်လူ ဘာလုပ်ရန် ကြံစည်နေသည် မသိပေ။
သို့သော် သူသိလျှင်ပင် ဂရုမစိုက်ပေ။
သူ၏စကားအရ ကောင်းကင်ကြီးပြိုကျလျှင်တောင် ထိန်းထားဖို့ ပိုသန်မာတဲ့သူ ရှိလိမ့်မည်။ ဒုက္ခကို တက်ကြွစွာရှာဖွေရန် သူစိတ်မ၀င်စားပေ။
တစ်ဖက်လူက သူ၏တပည့်မြတ်ကို တိုက်ခိုက်တာကြောင့်သာ သူ အခု တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် သူသည် သူ၏တပည့်ကို ကာကွယ်ပြီး တစ်ဖက်သားအား ရက်စက်ကြမ်းကြုတ်သောသင်ခန်းစာကို သင်ပေးခဲ့သည်။
တစ်ဖက်လူက သူနှင့် ပြဿနာရှာဖို့ မလာတာ ကောင်းမည်။ သို့ပေမယ့် သူ လာရဲလျှင် ဟီးဟီး...
တစ်ဖက်လူကို ခေါင်းတလားထဲ ထည့်ပစ်မှာတော့ သေချာသည်။
သို့သော်လည်း တစ်ဖက်က သူ့ကို မမြင်ဖူးပေ။ နှစ်ယောက်သား မျက်နှာချင်းဆိုင်တွေ့လျှင်တောင် တစ်ယောက်နှင့်တစ်ယောက် မှတ်မိနိုင်မှာမဟုတ်ဘူးဟု သူသိနေသည်…..
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၈။ အခန်း ၁၁၃ လင်းဖေး၏အချက်အလက်
လုရှောင်ယန်နှင့် အခြားသူများ အိမ်ပြန်ချိန်ရောက်တော့ ညဉ့်နက်နေပြီဖြစ်သည်။ လူတိုင်း စကားသိပ်မပြောဖြစ်ကြဘဲ အခန်းထဲသို့ ပြန်သွားကြသည် ။
လုရှောင်ယန်သည် ယွင်လီကောနှင့် အတူနေခဲ့သည်။ သူသည် ယွင်လီကောကို ဒဏ်ရာများ ကုသရန်အတွက် ဆေးအနည်းငယ်ကို အရင်ပေးသည်။
"ဆရာ ဒီတစ်ခါ သတိမထားမိလို့ မင်းကို ဒုက္ခဖြစ်စေမိပြီ။"
ယွင်လီကော၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်နှက်နေသော်လည်း သူ ခေါင်းကို ပြင်းပြင်းထန်ထန် ခါနေဆဲဖြစ်သည်။
“ဆရာ က သိပ်သဘောကောင်းတယ်။ နည်းနည်းလေး ဒုက္ခရောက်တာ ဘာဖြစ်မှာမလို့လဲ? ဒါပေမယ့် ဆရာဦးလေးလီရဲ့ အထူးကတ်က လိပ်နက်ဂိုဏ်းရဲ့ အာကေရှားအဖွဲ့ခွဲမှာ ဘာလို့ ဒီလောက်အသုံးစရိတ်စံချိန်တင်ရှိနေရတာလဲ မေးချင်တာ..။ ဆရာဦးလေးလီက လိပ်နက်ဂိုဏ်းကို တစ်ခါမှ မရောက်ဖူးဘူးမလား?"
လုရှောင်ယန် ယွင်လီကောကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ "မင်းဘာကိုဆိုလိုတာလဲ.. ရိုက်ခံချင်နေတာလား? အဲဒီတုန်းက အာကေရှားအဖွဲ့ ကို ငါသွားရတဲ့ အကြောင်းရင်းက ရှောင်ပိုင် အကြောင်း သတင်းရယူဖို့။ ဒီလိုမှမဟုတ်ရင် ရှောင်ပိုင်ကို အမှားအယွင်းမရှိအောင် ဘယ်လိုလုပ်အနိုင်ယူနိုင်မှာလဲ?"
"ဟုတ်လား။ ကျွန်တော်က ဆရာ အထီးကျန်မှုကို မခံစားန်ုင်လို့ သွားပျော်တယ်ထင်နေတာ...။”
လုရှောင်ယန်သည် ခဏမျှ တိတ်ဆိတ်သွားသည်။
"မင်းရဲ့ သိုင်းဘုရင်အဆင့် ကျင့်ကြံခြင်းနည်းလမ်း မရှိတော့ဘူး။"
သူစကားပြောပြီးသည်နှင့် ယွင်လီကောသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ရိုးသားစွာပြောသည် "ဆရာ.. ဉာဏ်ရည်ထက်မြက်ပြီး၊ ဆွဲဆောင်မှုရှိကာ၊ ချောမောပြီး ချစ်စဖွယ်ကောင်းသူတစ်ယောက်အနေနဲ့ ဒီလိုအဆင့်နိမ့်တဲ့အရာကိုမလုပ်သင့်ပါဘူး…”
လုရှောင်ယန် : “…”
ဤအခိုက်အတန့်တွင်၊ ယွင်လီကော၏ ကျင့်ကြံမှုစွမ်းရည်သည် အခြားသူများအား ခြေသလုံးဖက်တတ်သည့်စွမ်းရည်ဖြင့် လဲလှယ်လိုက်ကြောင်း ရုတ်တရက် သံသယဖြစ်မိသည်။
“ကောင်းပြီ၊ နောက်နေတာ ရပ်တော့။”
သူသည် သူ၏လက်ကို မြှောက်လိုက်ပြီး ယွင်လီကော၏ ခန္ဓာကိုယ်ထဲကို ရွှေရောင်အလင်းတန်းတစ်ခုကို ပစ်လွှတ်လိုက်သည်။ “ဒီကျင့်ကြံခြင်းနည်းလမ်းကို စစ်နတ်ဘုရား၏အနုပညာ လို့ခေါ်တယ်။ ဒါက အရန်ကျင့်ကြံခြင်းနည်းလမ်းတစ်ခုသာဖြစ်ပေမယ့် တိုက်ပွဲမှာ မင်းရဲ့ခွန်အားကို အဆက်မပြတ်တိုးလာစေမှာပါ။ ဒါ့အပြင် မင်းရဲ့ကျင့်ကြံမှုက တဖက်လူတွေလို အစွမ်းထက်ခြင်းမရှိရင်တောင် မင်းကို အနိုင်မယူနိုင်ဘူး။ ဒါ့အပြင် အချိန်ကြာလာသည်နှင့်အမျှ မင်းရဲ့တိုက်ခိုက်ရေးစွမ်းအားက ပိုမိုအားကောင်းလာမှာ။ ဒီတိုးတက်မှုက ကန့်သတ်ချက်မရှိဘူး။ တဖက်လူကို မသတ်မချင်း မင်းရဲ့ ခွန်အားတွေ တိုးလာလိမ့်မယ်။”
ယွင်လီကော၏နှလုံးတုန်လှုပ်သွားပြီး ချက်ချင်းပင် ပြုံးနေတာရပ်လိုက်သည်။
“ကျေးဇူးတင်ပါတယ် ဆရာ။”
လုရှောင်ယန်က ခေါင်းညိတ်ပြီး ဆက်ပြောသည်။ "စစ်နတ်ဘုရား၏အနုပညာက အရမ်းအစွမ်းထက်ပေမယ့် တိုက်ပွဲမှာ မင်းရဲ့ လေ့ကျင့်မှုကိုပဲ တိုးမြှင့်ပေးနိုင်တယ်။ ပုံမှန်အားဖြင့်၊ မင်းက မင်းရဲ့အခြေခံကျင့်ကြံမှုကို တိုးမြှင့်ဖို့နဲ့ ကျင့်ကြံရာမှာကူညီဖို့ အဲ့တာကိုအသုံးပြုရမယ်။ ဒါ့အပြင် မင်းရဲ့ ပင်ကိုယ်စွမ်းရည်က တကယ်တော့ မထူးချွန်ပါဘူး။ အနာဂတ်မှာ မင်းရဲ့ ကျင့်ကြံမှုကို ပိုကြိုးစားရမယ်။"
"စိတ်မပူပါနဲ့ ဆရာ။ အတတ်နိုင်ဆုံး လုံ့လစိုက်ထုတ်မှာ သေချာပါတယ်။ ကျီရွှေ့တောင်ထိပ်ရဲ့အကြီးဆုံးဆရာတူအစ်ကို၏ဘွဲ့ကို ကျွန်တော်သေချာပေါက်အရှက်ရစေမှာမဟုတ်ပါဘူး..။”
“အင်း.. ပြန်ပြီး ကျင့်ကြံပါ။”
“ဟုတ်ကဲ့။”
ယွင်လီကော ထွက်သွားပြီးနောက်၊ လုရှောင်ယန်သည် မတတ်နိုင်ပဲ သူ၏မျက်ခုံးကြားရှိနေရာကို ပွတ်သည်။
“လင်းဖေးရဲ့ အချက်အလက်ကို မရခဲ့တာ နှမြောစရာပဲ။ ငါကိုယ်တိုင်လုပ်ရလိမ့်မယ်ထင်တယ်။"
သို့သော် ယနေ့ ကောင်းကင်အကျဉ်းထောင်တွင် သူကြုံတွေ့ရသော ရောင်ဝါ၏ စွမ်းအားကို လျှော့တွက်၍မရပေ။ တဖက်သူက နတ်ဆိုးဂိုဏ်းကလားဟု သူသိချင်သည်။ ထိုသို့သာဆိုလျှင် နတ်ဆိုးဂိုဏ်း၏ အင်အား ချဲ့ထွင်သည့်အရှိန်က နည်းနည်းမြန်သည်။
" နတ်ဆိုးဂိုဏ်းက ကြီးမားတဲ့ လှုပ်ရှားမှုတစ်ခုအနှေးနဲ့အမြန်လုပ်မယ်ထင်တယ်..။”
ထို့နောက် ခေါင်းယမ်းပြန်သည်။
"မေ့လိုက်ပါ၊ ငါဂရုမစိုက်ဘူး။ ဒီလိုကြီးမားတဲ့ကိစ္စက တော်ဝင်မိသားစုအတွက် စဉ်းစားရမယ့်အရာပဲ။ ငါနဲ့ဘာဆိုင်လဲ။ နောက်ဆုံးတော့၊ ငါက လူမသိသူမသိ ကျင့်ကြံသူလေးပဲကို။”
အနားယူရန် သူ၏အခန်းသို့ ပြန်ခါနီးတွင် ကျီဝူရှားသည် လုရှောင်ယန် အနားတွင် မွှေးပျံ့သောလေနှင့်အတူ တစ်ဖန်ပေါ်လာသည်။
“ဆရာ။”
"ဘာလို့ ပြန်မကျင့်ကြံတာလဲ?"
ကျီဝူရှားသည် စာရွက်ကို လက်နှစ်ဖက်နှင့် ကောက်ယူပြီး လုရှောင်ယန်ကို ပေးလိုက်သည်။
“ဆရာက ကျွန်မအတွက် အများကြီး အားထုတ်ထားတာ။ ကျွန်မကိုယ်ပိုင် ကျင့်ကြံမှုကို ဘယ်လိုဂရုစိုက်နိုင်မလဲ။ လင်းဖေး အကြောင်း အချက်အလက်တွေ စုဆောင်းဖို့ ကျွန်မရဲ့ ဒုတိယအစ်ကိုကို အကူအညီတောင်းထားတယ်။ အခြေခံအားဖြင့် ဒီအတိုင်းပဲ ဆိုတော့ ဘာမှ လွဲချော်မှု မရှိသင့်ဘူး။”
လုရှောင်ယန် ခေါင်းညိတ်လိုက်သည်။
“မင်းက ကြင်နာလွန်းတယ်။ ပြန်သွားပြီး ကျင့်ကြံပါ။ တန်ပြန်အစီအမံတွေ မဆွေးနွေးခင် အချက်အလက်တွေကို ကြည့်လိုက်မယ်။”
“ဟုတ်ကဲ့။”
ကျီဝူရှား ထွက်သွားပြီးနောက် လုရှောင်ယန်သည် အချက်အလက်များကို ယူဆောင်လာပြီး စတင်ဖတ်ရှုရန် အခန်းထဲသို့ ဝင်ရောက်ခဲ့သည်။
လင်းဖေး ၊ယောက်ျားလေး ၊ ဝူကျိမြို့သား..
အစီရင်ခံစာ၏ ပထမတစ်ဝက်သည် အခြေခံအားဖြင့် အလွန်ငြီးငွေ့စရာကောင်းပြီး လင်းဖေး၏ အခြေခံအချက်အလက်များနှင့် ပြည့်နေသည်။ သို့သော် လုရှောင်ယန်သည် ၎င်းကို လက်လွတ်မခံဘဲ ဂရုတစိုက်ဖတ်သည်။
မြင်းနက်ကို ကိုင်တွယ်ဖြေရှင်းရာတွင် အနည်းငယ်မျှ သတိမထားမှုက အသက်ဆုံးရှုံးသည့် အဖြစ်အပျက်ကို ဖြစ်စေနိုင်သည်။
ထို့ကြောင့် လုရှောင်ယန်သည် ဤကိစ္စကို သတိလက်မလွှတ်ဝံ့ပေ။
"လင်းမိသားစုသည် ဝူကျိ မြို့ဇာတိမဟုတ်ပါ။ ယင်းအစား၊ သူတို့သည် လွန်ခဲ့သောနှစ်ပေါင်းများစွာက အခြားတစ်နေရာမှ ပြောင်းရွှေ့လာခဲ့ကြသည်… ဒီ… ဒါက ရှေးကျတဲ့ အင်အားဆုတ်ယုတ်နေတဲ့ မိသားစုတစ်ခု များလား? သာမာန်ဇာတ်ကြောင်းတွေအရ၊ သူတို့ရဲ့မိသားစုက အရင်က သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူကို မွေးထုတ်ပေးခဲ့တာမျိုးလား? ဒါပေမယ့် ဒီ သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူ ကွယ်လွန်သွားပြီလား မသိဘူး။ ဒီပညာရှင်သေသွားရင်တော့ လွယ်လိမ့်မယ်။ ဒါပေမယ့် ဒီပညာရှင်က နတ်ပြည်တက်သွားတယ်ဆိုရင်တော့ အနာဂတ်မှာ သတိထားရမယ်။”
လုရှောင်ယန်သည် လင်းဖေးကို လွှတ်ပေးရန် မစဉ်းစားခဲ့ပေ။ လင်းဖေးကို သတ်ခြင်းသည် ရှောင်လွှဲ၍မရပေ။
သူ့ကိုသတ်ပစ်ခြင်းက ဝမ့်ခိုက်ကို တိုးတက်စေပြီး လက်ဆောင်အိတ်တွေ၏ အရည်အသွေးကို ပိုကောင်းအောင် ကူညီပေးနိုင်သည်ဆိုသည့်အချက်ကို ဘေးဖယ်ထားလျှင်ပင် တစ်ဖက်လူက သူ၏တပည့်၏ သေလောက်သည့် ရန်သူဖြစ်နေတာကြောင့် လင်းဖေးကို လွှတ်ပေးဖို့ မဖြစ်နိုင်ပါ။
လုရှောင်ယန်သည် လူဆိုးတစ်ယောက်မဟုတ်သော်လည်း သူသည် လူကောင်းမဟုတ်သည်မှာ သေချာသည်။
ရန်သူတွေ ခြိမ်းခြောက်နေသရွေ့တော့ သူတို့ကို လွှတ်မထားမှာ သေချာသည်။
“လင်းဖေးရဲ့အမေနဲ့ ပတ်သက်ပြီးတော့ သတင်းအချက်အလက် သိပ် မရှိပါဘူး။ ဒါပေမယ့် လင်းဖေးက သူ့အမေက သူ့မိသားစုကို အတင်းပြန်ခဲ့ရတယ်လို့ ပြောဖူးတယ်။
ပုံမှန်မြင်းနက်တွေရဲ့ ထုံးစံအတိုင်း လင်းဖေးရဲ့အမေ မိသားစုက လင်းမိသားစုထက် အများကြီး ပိုသန်မာလောက်တယ်။"
သို့သော် လုရှောင်ယန် လုံးဝမစိုးရိမ်ပါ။
ထိုသို့သောအခြေအနေတွေကြောင့် လင်းဖေးသည် အနာဂတ်တွင် သူ၏အဖိုး အိမ်ကို ကြွားလုံးထုတ်၊ အရှက်ခွဲပြီး သူ၏အမေကို ကယ်တင်ဖို့ သေချာပေါက်သွားပေလိမ့်မည်။
ထို့ကြောင့် လင်းဖေး၏မိခင်မိသားစုသည် အလွန်တန်ခိုးကြီးမည်မဟုတ်ပေ။ အနည်းဆုံး၊ သူတို့မှာ သိုင်းဘုရင်အဆင့် ကျွမ်းကျင်ပညာရှင်တစ်ယောက်မှ မရှိတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
ထို့အပြင် လင်းဖေး၏မိခင်မိသားစုသည် လင်းဖေးအတွက် လက်စားချေမည်မဟုတ်သည်မှာ သေချာသည်။
သို့သော်လည်း လင်းဖေး၏မိခင်က တိုက်ခိုက်ပြီး လုရှောင်ယန်က သူမကို သတ်လိုက်မည်ဆိုပါက တဖက်သူ၏မိသားစုက သေချာပေါက် လက်စားချေမည်ဖြစ်သည်။
လုရှောင်ယန် ငုံ့ကြည့်လိုက်ပြန်သည်။
ကျန်အချက်အလက်များသည် အခြေခံအားဖြင့် ပိုမိုပုံမှန်ဖြစ်သည်။
ရှောင်ပိုင် ကဲ့သို့ပင်၊ ဤလူသည် အမှိုက်ဟု အခြားသူများ ထင်မှတ်ထားသော ဓားတစ်ချောင်းကို တစ်ကြိမ်ဝယ်ခဲ့ဖူးသည်။ သဘာဝကျကျကပဲ သူသည် ရတနာတစ်ပါးကို ရရှိသွားပြီး၊ ၎င်းသည် သိုင်းဘုရင်အဆင့် လက်နက်မဟုတ်သော်လည်း၊ ၎င်းသည် အနည်းဆုံး သူတော်စင်အဆင့်လက်နက်ဖြစ်သည်။
လုရှောင်ယန်သည် သူ့ပြိုင်ဘက်၏ အင်အားကို လွန်ကဲစွာ တွက်ကြည့်လေ့ရှိသည်။ ထို့ကြောင့် ၎င်းအား သိုင်းဘုရင်အဆင့် လက်နက်တစ်ခုအဖြစ် မှတ်ယူခြင်းသည် ပို၍ယုံကြည်စိတ်ချရသည်။
သူ၏ခန့်မှန်းချက်က မြင့်လျှင် ပိုသတိထားရလိမ့်မည်။ ဤနည်းဖြင့် သူသည် တိုက်ပွဲ၏ အောင်မြင်မှုကို ပိုသေချာစေနိုင်သည်။
တစ်ဖက်က အားနည်းသွားရင်တော့ ပိုကောင်းတာပေါ့။
လင်းဖေး၏ကျင့်ကြံဆင့်သည် တောင်ပင်လယ် ဒသမအဆင့်တွင်ဖြစ်သည်။
မြင့်မားပုံမပေါ်ပေမယ့် တဖက်သူက သူ့ရဲ့ ကျင့်ကြံမှုကို ဖုံးကွယ်ထားခဲ့တာ ဖြစ်နိုင်သည်။ မြင်းနက်များသည် ညဏ်များပြီး ဆိုးရွားလှသည်။ သူတို့သည် အားနည်းဟန်ဆောင်ရာတွင် တော်သည်။ သူတို့၏ အမှန်တကယ် ကျင့်ကြံဆင့်နှင့်ပတ်သက်ပြီး လုရှောင်ယန်သည် တဖက်သူနှင့် တွေ့ဆုံပြီးမှသာ သိရှိနိုင်မည်…..
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၈။ အခန်း ၁၁၄ ပထမတိုက်ပွဲ
ကျန်အချက်အလက်များမှာ လင်းဖေး၏ ကျင့်ကြံခြင်းနည်းလမ်းများ၊ ဆေးဖက်ဝင်ဆေးပြားများနှင့် အခြားအရာများအကြောင်း အခြေခံအချက်အလက်များဖြစ်သည်။
လုရှောင်ယန်သည် ၎င်းတို့ကို တစ်ခုပြီးတစ်ခု ခွဲခြမ်းစိတ်ဖြာပြီး အကဲဖြတ်သည်။
သူသည် မြင်းနက်တစ်ယောက်မှန်း ငြင်းစရာ မလိုပေ။
မြင်းနက်များသည် အဆင့်မြန်မြန်တက်နိုင်ပြီး၊ မကောင်းဆိုးဝါးများကိုသတ်နိုင်ပြီး ရတနာများကို အလွယ်တကူ ရယူနိုင်သည်။
မြင်းနက်များသည် ထူးချွန်ထက်မြက်သည့် အရည်အချင်းတွေနှင့် အခြေခံကောင်းတွေ ရရှိကြသည်။ သူတို့၏ ကျင့်ကြံမှုသည်လည်း ဆယ်ဆ ပိုမြန်သည်။
၎င်းတို့သည် ဆေးပြားသန့်စင်ခြင်း၊ လက်နက်သန့်စင်ခြင်းနှင့် အစီအရင်ဆိုင်ရာ ကျွမ်းကျင်သူများဖြစ်သည်။ သူတို့သည် သူတို့၏လက်စွပ်အတွင်းရှိ ဆရာအိုများကို အမြဲအားကိုးနိုင်သည်။ ဆရာအိုကြီးတွေ၏ လမ်းညွှန်မှုအပြင် သူတို့တွင် အိမ်မွေးတိရစ္ဆာန်အဖြစ် နတ်သားရဲတွေလည်း ရှိသေးသည်။
သူတို့သည် ကြက်ပေါင်ကို ပေးအပ်ခြင်းဖြင့် မြင့်မြတ်သောမိန်းမပျို သို့မဟုတ် မင်းသမီးများ၏
နှလုံးသားကို အနိုင်ယူနိုင်သည်။
လုရှောင်ယန်သည် ဤအရာအားလုံးကို နှလုံးသားထဲကပင် တပ်အပ်သိနေသည်။
အမှန်တော့၊ ဒီလို ရယ်စရာကောင်းတဲ့ စွမ်းရည်တွေ မရှိရင် မြင်းနက်တွေလို့ ဘယ်လိုခေါ်မလဲ။
တစ်ခုတည်းသောအချက်မှာ မြင့်မြတ်သောမိန်းမပျိုများကို ကြက်ပေါင်ဖြင့် လှည့်စားနိုင်သည်ဆိုသည်ကို သူသံသယရှိခြင်းပင်ဖြစ်သည်။
ကြက်ပေါင်က အရမ်းကောင်းနေလို့လား?
မည်သို့ပင်ဆိုစေကာမူ အဆိုပါ ဦးနှောက်မရှိသော အမျိုးသမီးများသည် ဤမြင်းနက်များအပေါ် ကြွေဆင်းသွားကြမည်ပင်။
လုရှောင်ယန်သည် ဤအချက်အလက်များကိုဖတ်ပြီး လင်းဖေးကို ရှောင်ပိုင်ထက် ပိုအားကောင်းသော မြင်းနက်အဖြစ် အကဲဖြတ်ခဲ့သည်။
ရှောင်ပိုင်သည် သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူ၏ လူဝင်စားဖြစ်ပြီး သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူ၏ မှတ်ညဏ်ရှိသော်လည်း သူ တစ်ယောက်တည်း ရုန်းကန်နေရဆဲဖြစ်သည်။ သူ့မှာ ဘာနောက်ခံ၊ ဘာတစ်ခုမှ မရှိပေ။
လင်းဖေးကမူ မတူပေ။ သူ၏ လက်စွပ်ထဲကတစ်ယောက်သည် ရှောင်ပိုင်ထက် မနိမ့်ကျနိုင်ပေ။ ဆိုလိုသည်မှာ လင်းဖေးသည် သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူ၏ အတွေ့အကြုံလည်း ရှိသည်။
ထို့အပြင် လင်းဖေး၏လက်စွပ်ရှိ ဆရာအိုသည် စစ်မှန်သော သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူ၏တိုက်ခိုက်မှုကိုပင် ထုတ်လွှတ်နိုင်မည်ဖြစ်သည်။
ထို့အပြင် လင်းဖေးသည် မဟာကျိုး တော်ဝင်မိသားစု၏ ကြင်ယာတော်လည်းဖြစ်သည်။ လုရှောင်ယန် သူ့အား တစ်ခုခုလုပ်ရန် အနည်းငယ်အခက်အခဲရှိလိမ့်မည်။ လင်းမိသားစုနှင့် သူ၏ နောက်ကွယ်ရှိ အမေဘက်က အဖွားမိသားစုတို့သည်လည်း ခြိမ်းခြောက်မှုများ ရှိနေသည်။
ဒါက လုရှောင်ယန်ကို အနည်းငယ် ခေါင်းကိုက်စေသည်။
အဘယ်ကြောင့်ဆိုသော် သူသည် ပြဿနာတစ်ခုကို ယောင်ဝါးဝါးဖြင့် ခန့်မှန်းမိသောကြောင့်ဖြစ်သည်။
အဲ့ဒါကတော့ လင်းဖေး၏ အလုံးစုံစွမ်းအားသညိ ရှောင်ပိုင်ထက် အများကြီး ပိုသန်မာသည်။
ဖုန်းထျန်းယွမ်၏ ဦးလေး ဖုန်းအောက်ထျန်းသည် လင်းဖေးထက် ပိုသန်မာမည်လားဟု သူ တွေးနေမိသည်။
လီချန်းရှန် ရန်စခဲ့သော မြင်းနက်လည်း ရှိသေးသည်... သူသည် အဇူရာကြာပန်းဓားဂိုဏ်း တစ်ခုလုံးကို တွန်းလှန်ခဲ့ပြီး လီချန်းရှန်၏ဖခင်၊ အဇူရာကြာပန်းဓားဂိုဏ်း၏ အရှင်သခင်ကို သတ်ခဲ့ပြီး လီချန်းရှန်ကိုပင် မသန်မစွမ်းဖြစ်စေခဲ့သည်။
သူနဲ့ ရှုပ်ဖို့ မလွယ်ကူပေ။
"ကြည့်ရတာ သွားရမယ့်လမ်းက အရမ်းရှည်နေသေးတာပဲ။"
ဤအခိုက်တွင်၊ လုရှောင်ယန်သည်လည်း အချက်အလက်၏ နောက်ဆုံးစာမျက်နှာသို့ ကြည့်လိုက်သည်။
"အယ် ဒီ လင်းဖေးက မနက်ဖြန် နန်းမြို့တော် လေလံပွဲကို သွားမှာလား?"
လုရှောင်ယန်သည် မျက်လုံးများကို အနည်းငယ်မှေးကျင်းလိုက်သည်။
"ပုံမှန်အားဖြင့်၊ လင်းဖေးလို မြင်းနက်တွေ လေလံပွဲသွားရင် ရှားပါးရတနာတစ်ခု ပေါ်လာမှာ သေချာတယ်။ အဲဒီအခါကျရင် သေချာသွားကြည့်ရမယ်။ မဟုတ်ရင် ရတနာသစ်တွေ ရနိုင်တယ်။ ဟုတ်တယ်၊ ဒါကို မဖြစ်အောင် တားနိုင်ရင် အကောင်းဆုံးပါပဲ။ ဒါမှ ရှုံးနိုင်ခြေ နည်းသွားမယ်။”
ထိုသို့တွေးရင်း လုရှောင်ယန်သည် အချက်အလက်အားလုံးကို ဖယ်ရှားလိုက်ပြီး တရားထိုင်ပါတော့သည်။
သူလုံးဝမအိပ်ခဲ့ပေ။
ဒုတိယနေ့စတင်သောအခါ လုရှောင်ယန်သည် ကျီဝူရှားကို ချက်ချင်းသွားတွေ့သည်။
“ဝူရှား ဒီနေ့ မကျင့်ကြံနဲ့တော့။ နန်းမြို့တော် လေလံပွဲကို ငါနဲ့အတူ လိုက်ခဲ့။"
"နန်းမြို့တော်လေလံပွဲ။"
ကျီဝူရှား အနည်းငယ် အံ့သြသွားသည်။ သူမသည် ယမန်နေ့က သတင်းအချက်အလက်များကို မြင်ခဲ့ရသောကြောင့် လင်းဖေးသည် ယနေ့ နန်းမြို့တော်လေလံပွဲကို သွားမည်ကို သိထားသည်။
သို့သော် သူမဆရာက ထိုသို့ပြောသည့်အတွက် သူ့မှာ အကြောင်းပြချက်ရှိမှာ သေချာသည်။
ထို့ကြောင့် ကျီဝူရှားသည် သိပ်မစဉ်းစားနေတော့ဘဲ ပြန်ဖြေလိုက်သည်။
“ဟုတ်ကဲ့။”
ထို့နောက် ၎င်းတို့နှစ်ဦးသည် ခရမ်းရောင်ငြိမ်းချမ်းရေး အင်ပါယာနန်းတော်မှ ထွက်ခွာကာ နန်းမြို့တော်လေလံပွဲသို့ ရောက်ရှိခဲ့သည်။
လေလံပွဲရုံတွင် လူတွေ လာလိုက်သွားလိုက်နှင့် အလုပ်ရှုပ်နေကြကာ လူတွေ ပြည့်ကျပ်နေသည်။
နန်းမြို့တော် လေလံပွဲ၌ မရေမတွက်နိုင်သော ရှားပါးရတနာများ ရှိသည်။ လူတိုင်းက အခွင့်အလမ်းတွေကို ရှာချင်ကြသည်မှာသဘာဝပင်။
ဆရာနှင့်တပည့် နှစ်ယောက်လုံး အရမ်းမထင်မရှားဖြစ်နေသည်။ သို့သော်လည်း ကျီဝူရှားသည် နာမည်ကြီးလွန်းသောကြောင့် ဖြစ်နိုင်သည် သူမကို မှတ်မိပြီး ထောက်ပြသူများလည်း ရှိသေးသည်။
"ကြည့်စမ်း၊ အဲဒါ ခရမ်းရောင် ငြိမ်းချမ်းရေး တော်ဝင်နန်းတော်ရဲ့ မင်းသမီး ကျီဝူရှားပဲ။"
"အဲဒါသူမလား...ကျစ် ကျစ်... သူမက တော်တော်လှတယ်။ ကံမကောင်းစွာပဲ၊ သူမက မိုက်မဲပြီး လင်းဖေးလို သာလွန်ကောင်းမွန်တဲ့ ပါရမီရှင်တစ်ဦးကို လွဲချော်ခဲ့တယ်။ အခုတော့ လင်းဖေးက ဧကရာဇ်မင်းမြတ်ရဲ့ သားမက်ဖြစ်လာပြီ။ သူမကို လက်ထပ်တာထက် အဆပေါင်းများစွာ ပိုကောင်းပါတယ်။”
“ဘုရားသခင်က တရားမျှတတယ်။ သူမကို လှပအောင် ဖန်တီးထားပေမယ့် ဦးနှောက်ကောင်းကောင်း မပေးခဲ့ဘူး။”
ဒီစကားတွေကိုကြားတော့ ကျီဝူရှား လက်သီးတွေကို တင်းတင်းကြပ်ကြပ် ဆုပ်ထားရင်း မျက်နှာက မည်းမှောင်နေပြီး မျက်ရည်တွေ ယိုစီးလုနီးပါး ဖြစ်နေသည် ။
သူမနှင့်လင်းဖေးတို့ စေ့စပ်ပွဲ ဖျက်ရခြင်း အကြောင်းရင်းမှာ လင်းဖေး၏ အားနည်းသော ကျင့်ကြံမှုကြောင့် မဟုတ်ပါ။ လင်းမိသားစုက သူမကို ဒုက္ခရောက်နေချိန် စေ့စပ်ရန် အတင်းအကျပ်ခိုင်းစေသောကြောင့်သာ ဖြစ်သည်။
ထိုအချိန်တွင် သူမ မငြင်းဆန်နိုင်ခဲ့ပေ။
နောက်ပိုင်းတွင် သူမသည် ခရမ်းရောင်ငြိမ်းချမ်းရေး တော်ဝင်နန်းတော်သို့ ပြန်ရောက်သောအခါ စေ့စပ်ပွဲကို ဖျက်သိမ်းရန် ခရမ်းရောင်ငြိမ်းချမ်းရေး အင်ပါယာနန်းတော်၏ အင်အားကို အသုံးပြုခဲ့သည်။ ခရမ်းရောင်ငြိမ်းချမ်းရေး တော်ဝင်နန်းတော်မရှိသည့်တိုင် အောင်အောင်မြင်မြင် ကျင့်ကြံပြီးနောက် လင်းမိသားစုအား ပေးခဲ့သော လင်းဖေးနှင့် စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းဦးမည်ဖြစ်သည်။
လင်းဖေးကို သူမ မကြိုက်ပေ။
ထိုအချိန်တုန်းက စေ့စပ်ပွဲကို ဖျက်သိမ်းခဲ့သော်လည်း မောက်မာသည့် သဘောထားမျိုး မရှိခဲ့ပါ။ ထို့အပြင် သူမသည် စေ့စပ်ကြောင်းလမ်းမှုကို အဆုံးသတ်ရန်အတွက် လင်းမိသားစုထံသို့ ရက်ရောသောလက်ဆောင်များ ယူဆောင်လာခဲ့သည်။
သို့သော်လည်း ယခုအခါ သူမသည် နန်းမြို့တော်တစ်ခုလုံး၏ ဟာသဖြစ်လာခဲ့သည်။ သူမသည် မာနကြီးပြီး ကျေးဇူးကန်းသူဖြစ်လာသည်။
ဒေါသတွေထွက်နေချိန်မှာပင် နွေးထွေးသည့်ခံစားမှုတစ်ခုက သူမ၏ခေါင်းပေါ်ကို ဖြည်းဖြည်းချင်းဆင်းလာပြီး ခေါင်းလေးကို ပွတ်သပ်ပေးသည်။
ကျီဝူရှား အံ့ဩသွားသည်။ သူမ မော့ကြည့်လိုက်တော့ သူမဆရာက သူမခေါင်းသေးသေးလေးကို ပွတ်ပေးနေတာကို တွေ့လိုက်ရသည်။
“အများကြီး စဉ်းစားနေဖို့ မလိုပါဘူး။ သူတို့ပြောချင်တာကို ပြောပါစေ။ မင်းရဲ့ အနာဂတ်က သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်လာဖို့နဲ့ ကမ္ဘာပေါ်ရှိ သန်းပေါင်းများစွာသောလူများ၏ အသက်နှင့်သေဆုံးမှုကို ထိန်းချုပ်ဖို့ပဲ။ လင်းဖေးက မင်းဘဝမှာ ဖြတ်သွားဖြတ်လာတစ်ဦးပဲ။ ဒါမှမဟုတ် မင်းတိုးတက်ဖို့ စိန်ခေါ်မှုတစ်ခုပါပဲ။”
"မင်း သိုင်းဘုရင်အဆင့်ကိုကျင့်ကြံ ပြီးရင် အရာအားလုံး ပျောက်ကွယ်သွားလိမ့်မယ်။ အဲဒီအချိန်မှာ လူတိုင်းက မင်းကို အလေးစားဆုံးနဲ့ မနာလိုတဲ့မျက်လုံးနဲ့ ကြည့်လိမ့်မယ်။”
“ဆရာ…”
ကျီဝူရှား၏ လေသံ အနည်းငယ် တုန်သွားသည်။ သူမ၏ဆရာ၏စကားများက သူမအား ဤလူများက ငေးကြည့်နေသော်လည်း နွေးထွေးမှုတစ်ခုခံစားရစေသည်။ သူမသည် ဆိပ်ကမ်းတစ်ခုသို့ ရောက်ရှိပြီး နောက်ဆုံးတွင် သူမ၏ မကျေနပ်ချက်အားလုံးကို ဖုံးကွယ်ထားနိုင်သကဲ့သို့ပင်။ သူမ၏ အကာအကွယ် အားလုံးကို ဖယ်ရှားနိုင်ပြီဟုပင် ခံစားခဲ့ရသည်။
ဘာလို့လဲဆိုတော့ ဒီလူတွေရဲ့စကားတွေက သူမကို မထိခိုက်စေနိုင်တော့ဘူး။
လုရှောင်ယန် ပြုံးလိုက်သည်။
“ဝင်ကြရအောင်။”
“ဟုတ်”
ကျီဝူရှားက လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။ သူမ၏ ရင်ဘတ်သည် အနည်းငယ် လှုပ်ခါသွားသော်လည်း မကူညီနိုင်ပေ။
သို့သော် ဆရာနှင့် တပည့် လေလံပွဲဝင်ခါနီးတွင် လူအုပ်ကြီး ရုတ်တရက် တုန်လှုပ်သွားသည်။
"အင်း၊ ကြည့်စမ်း၊ အဲဒါ လင်းဖေး။"
"သူ့အနားက မင်းသမီးရူယန် မဟုတ်လား။”
“တကယ့်ကို ပြီးပြည့်စုံတဲ့အတွဲပဲ။”
"လင်းဖေးက တကယ့်ကို ကျွန်တော်တို့ရဲ့ စံပြပုဂ္ဂိုလ်ပဲ။ သူက အောက်ခြေကတက်လာပြီး မင်းသမီးရဲ့ စေ့စပ်ပွဲကို ဖျက်သိမ်းဖို့ တွန်းအားပေးခံခဲ့ရပေမယ့် မင်းသမီးလေးကို လက်ထပ်လိုက်ရတယ်။ သူက ဘဝမှာ တကယ့်ကို အောင်နိုင်သူပဲ။”
အားလုံးပြောနေကြသည့်အတိုင်း ချောမောလှပသော မိန်းမချောလေးသည် အဝေးမှ ဖြည်းညှင်းစွာ ဖြတ်လျှောက်လာသည်။
သူတို့နှစ်ယောက် လျှောက်သွားတိုင်း လူတိုင်းက သူတို့အတွက် လမ်းဖယ်ပေးကြသည်။ အလွန်လေးစားစရာကောင်းပြီး ဂုဏ်ကျက်သရေရှိပုံရသည်။
သို့သော်လည်း ယခုအချိန်တွင် ထိုနှစ်ယောက်သည် လုရှောင်ယန် အနားတွင် ကျီဝူရှားကို တွေ့လိုက်ရသည်။
ခဏလောက် ထိတ်လန့်သွားပြီးနောက် လင်းဖေး၏ အကြည့်သည် အခြားနေရာသို့ ရွေ့သွားသည်။ သူ ကျီဝူရှားကို နောက်တစ်ကြိမ် မကြည့်သလို ကျီဝူရှားကလည်း သူ့ကို မကြည့်ခဲ့ပေ….
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၈။ အခန်း ၁၁၅ ခံစားချက်မကောင်းဘူး
ကျီဝူရှား၏အမူအရာသည် လုရှောင်ယန်ကို ခံစားချက်ကောင်းစေသည်။
ပုံမှန်အတိုင်းပြောရလျှင် သာမာန်ဇာတ်ကြောင်းတိုးတက်မှုအရ ကျီဝူရှားသည် လင်းဖေးကိုပြန်တွေ့သောအခါတွင် အမူအရာနှစ်ခုရှိလိမ့်မည်။
ပထမတစ်ခုမှာ မုန်းတီးသောအမူအရာဖြစ်သည်။
လင်းဖေးသည် သူမကို အနိုင်ယူပြီး သူမ၏ဂုဏ်သိက္ခာကို ထိခိုက်စေသောကြောင့် သူမသည် မြို့တော်တစ်ခုလုံး၏ လှောင်ပြောင်စရာ ပစ်မှတ် ဖြစ်လာခဲ့ခြင်းကြောင့်ပင်။
ဒုတိယတစ်ခုမှာ နှမြောတသအမူအရာဖြစ်သည်။
လင်းဖေးကို ထားခဲ့ပြီး သူနှင့် စေ့စပ်ပွဲဖြတ်ခဲ့သည့်အတွက် သူမ နောင်တရခြင်းမျိုးလည်း ဖြစ်နိုင်သည်။
ထိုနောင်တကြောင့် သူမ မပိုင်ဆိုင်နိုင်တော့သည့်သူ့အပေါ် သူ့အပေါ် ချစ်ခြင်းမေတ္တာတွေ ပေါက်ဖွားလာနိုင်သည်အထိပင်။
သူမ ပိုစိတ်ဆင်းရဲလေလေ လင်းဖေး၏ အချစ်ကို ပြန်လည်ရယူလိုလေလေဖြစ်သည်။ သို့သော်လည်း ဤအရာသည် လင်းဖေးက သူမကို ပို၍ အထင်သေးပြီး ပို၍လျစ်လျူရှုအောင်တွန်းပို့မည်သာဖြစ်သည်။
အဆုံးတွင် သူမသည် လင်းဖေးကိုစိတ်ထဲထည့်ပြီး တစ်သက်လုံး တစ်ကိုယ်တည်းနေသွားမည်ဖြစ်သည်။ သာသနာ့ဘောင်ထဲဝင်သွားမျိုးခြင်းတောင် ဖြစ်နိုင်သည်။
ယခုမူ ကျီဝူရှားသည် သူ့ကိုကြည့်ဖို့ကိုပင် စိတ်မ၀င်စားတော့ပေ။ ဆိုလိုသည်မှာ လင်းဖေး၏ ကံကြမ္မာသည် ပြောင်းလဲနေပြီဖြစ်သည်။
ဒါက အရမ်းကောင်းတဲ့အရာပဲ။
ယခင်က သူ ရှောင်ပိုင်ကို ကိုင်တွယ်စဉ်က လုရှောင်ယန်သည် မြင်းနက်၏ အကြံအစည်ကို ဝင်ရောက်စွက်ဖက်ပါက ထိုမြင်းနက်၏ ကံကောင်းမှုတစ်စိတ်တစ်ပိုင်းကို သိသိသာသာ လျော့ပါးသွားလိမ့်မည်ဖြစ်ကြောင်း ယခင်က တွေ့ရှိခဲ့သည်။
ဤနည်းအားဖြင့်၊ မြင်းနက်များသည် တိုက်ပွဲအတွင်း ကောင်းကင်ဘုံကို အံတုနိုင်သော မတော်တဆများ ဖြစ်ပေါ်စေတော့မည်မဟုတ်ပေ။
ဥပမာအားဖြင့်၊ တိုက်ခိုက်သူအား ပါးရိုက်ပြီး မြင်းနက်ကို ကယ်တင်ရန် ကျွမ်းကျင်ပညာရှင်တစ်ဦး ခုန်ထွက်လာခြင်းမျိုးကို ကာကွယ်နိုင်သည်။
သို့သော် သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် မကြည့်ချင်ကြသော်လည်း သူတို့နှစ်ယောက်ကို ဆက်သွယ်နေသည့် အရာတစ်ခုတော့ ရှိနေတုန်းပင်။
ဥပမာအားဖြင့်၊ မင်းသမီးရူယန်သည် ကျီဝူရှားကိုမြင်ပြီးနောက်၊ သူမ၏နှုတ်ခမ်းထောင့်များသည် ချက်ချင်းပင် ကွေးတက်သွားသည်။ သူမသည် လင်းဖေး၏လက်မောင်းကို ပွေ့ဖက်ကာ ကျီဝူရှား၏ဘေးနားသို့ တမင်ဆွဲခေါ်လိုက်သည်။
"အစ်ကို လင်းဖေး၊ ဒီမှာ သူငယ်ချင်းဟောင်းနဲ့ တွေ့ရမယ်လို့ မမျှော်လင့်ထားဘူး။"
လင်းဖေးသည် ကျီဝူရှားကို အမူအရာကင်းမဲ့စွာ တစ်ချက်ကြည့်ကာ တုံ့ပြန်သည်။
သာမန်အမျိုးသမီးတစ်ယောက်ဆိုလျှင်၊ ဤလျစ်လျူရှုသောအသုံးအနှုန်းကြောင့် သူတို့ကို အနည်းငယ်စိတ်ပျက်စေလိမ့်မည်။ သို့သော် မင်းသမီးရူယန်သည် လုံးဝ ထိုသို့မဖြစ်ပေ။
လုရှောင်ယန် လုံးဝမအံ့သြမိပေ။
သူမကဲ့သို့ အမျိုးသမီးတစ်ဦးသည် ယခုအချိန်တွင် လင်းဖေး၏လက်ပါးစေဖြစ်နေပြီဖြစ်သည်။ သူမ ဒူးထောက်ထိုင်ချလိုက်ပြီး လင်းဖေး၏ခြေဖဝါးများကို နမ်းလိုက်လျှင်ပင် သူ အံ့သြလိမ့်မည်မဟုတ်ပေ။
မင်းသမီးရူယန်သည် ကျီဝူရှားကို ငေးကြည့်ရင်း ပြုံးလိုက်သည်။
"ကျီဝူရှား ပြောရရင် ငါမင်းကို ကျေးဇူးတင်မိတယ်။ မင်း အစ်ကိုလင်းဖေးကို စွန့်လွှတ်လိုက်တာကြောင့်သာမဟုတ်ရင် ငါ အစ်ကို လင်းဖေး နဲ့ ပေါင်းနိုင်မှာမဟုတ်ဘူး။”
ကျီဝူရှား၏ အမူအရာမှာမပြောင်းလဲပဲ တည်ငြိမ်စွာ ပြန်ဖြေသည် ။
"မင်းပျော်တာ ကောင်းပါတယ်။ ဒါပေမယ့် မင်းငါ့ကို ပြောစရာ မလိုပါဘူး။ ငါက ခရမ်းရောင်ငြိမ်းချမ်းရေး အင်ပါယာနန်းတော်ရဲ့ မင်းသမီးလေးပဲလေ။ မင်းငါ့ကို ကြွားလုံးထုတ်ဖို့ မတန်ပါဘူး။ နောက်ပြီး ငါ သူ့ကို လုံးဝ မကြိုက်ဖူး။"
ထိုသို့ပြောပြီးသည်နှင့် လင်းဖေး၏ မျက်လုံးများသည် အနည်းငယ်ပြောင်းလဲသွားသည်။ သူသည် ကျီဝူရှားကို အံ့အားသင့်ပြီး စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။
ယခင်က သူသည် ကျီဝူရှားကို အထင်သေးနေသည်။ သို့သော်လည်း ကျီဝူရှားသည် သူ့ကို စိတ်မဝင်စားကြောင်း ကြားသိရပြီးနောက်တွင် ထူးဆန်းသော ခံစားချက်တစ်ခု ခံစားရသည်။
ဤမြင်ကွင်းကို လုရှောင်ယန် သေချာမြင်လိုက်သည်။
မထိန်းနိုင်ဘဲ သူ၏နှလုံးသားထဲတွင် ကျိန်ဆဲမိသည်။
ဤလင်းဖေးသည် အလွန်စက်ဆုပ်ဖွယ်ကောင်းသည်။
ကျီဝူရှားသာ သူ့အပေါ် ခံစားချက်ရှိပါက၊ သူသည် ကျီဝူရှားကို တချက်ပင် ပြန်လှည့်ကြည့်မည် မဟုတ်ပေ။ သို့သော် ယခု ကျီဝူရှားက သူ့ကို မတုံ့ပြန်ချင်တော့သဖြင့် အနည်းငယ် ယားယံလာသည်။
ကျီဝူရှားကို သူ လက်ခံခဲ့လျှင်ပင် သူမဟာ သူ့၏မောင်းမဆောင်ထဲက မိန်းကလေးအများကြီးထဲက တစ်ယောက်သာ ဖြစ်နိုင်မည်။ ခဏအကြာတွင် သူမသည် အမှိုက်ပုံးလို ထောင့်တစ်နေရာမှာ ပစ်ချခံရလိမ့်မည်။
မင်းသမီးရူယန်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ ကျီဝူရှား၏ စကားတွေက သူမ,မလိုချင်တဲ့ အမှိုက်ကို ကောက်လိုက်သလို ထင်ရသည်။
မူလက သူမသည် ကျီဝူရှားကို အရှက်ခွဲကာ သူမ၏ အစ်ကိုလင်းဖေးအတွက် လက်စားချေလိုခဲ့သည်။ သို့သော် ထိုကဲ့သို့ အခြေအနေမျိုးဖြင့် အဆုံးသတ်ရန် သူမ မမျှော်လင့်ခဲ့ပေ။ မင်းသမီးရူယန်သည် သဘာဝကျကျပဲ အနည်းငယ် မကျေမနပ် ဖြစ်သွားရတော့သည်။
သို့သော် သူမ လျင်မြန်စွာ နှာခေါင်းရှုံ့လိုက်သည်။
“ကျီဝူရှား၊ တစ်ခါတလေ ခေါင်းမာတာက အသုံးမဝင်ဘူး။ မင်းက ခေါင်းမာနေတာလား ဒါမှမဟုတ် တကယ် ဂရုမစိုက်တာလား ငါမသိပေမယ့် မင်းအနေနဲ့ အစ်ကို လင်းဖေးနဲ့ အတူရှိဖို့ အခွင့်အရေးမရှိတော့ဘူး။ မဟုတ်ဖူးလား အစ်ကို လင်းဖေး..."
လင်းဖေးက ခေါင်းညိတ်လိုက်သည်။ သူသည်တစ်ခုခု မှားနေပြီဟု ယောင်ဝါးဝါး ခံစားမိသည်။
ယနေ့မှ ရူယန်၏ စကားများသည် အနည်းငယ် ထူးဆန်းပြီး သူ့ကို စိတ်အနှောက်အယှက် ဖြစ်စေသည်ဟု အဘယ်ကြောင့် ခံစားရသနည်း။ မျက်နှာနှစ်ခွ မိန်းမကဲ့သို့ စကားပြောနေသည်။
သူမသည် များသောအားဖြင့် ထိုသို့သောလူမဟုတ်ပေ။ သူမသည် အလွန်ထက်မြက်ပြီး ရက်ရောသော အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမသည် သူ့ကို အရမ်းကြိုက်သော်လည်း များသောအားဖြင့် ထိုသို့ မဟုတ်ပေ။
ဒီနေ့ကျမှ သူမ ဉာဏ်ရည်က နည်းနည်းကျသွားသည်ဟု သူဘာကြောင့်ခံစားရသည်လဲ။
သို့သော်လည်း အဆုံးတွင် လင်းဖေးသည် ထိုကိစ္စကို မိန်းမများ၏မနာလိုမှုအပေါ် အပြစ်တင်လိုက်ပြီး သိပ်မစဉ်းစားတော့ပေ။
“လေလံပွဲစတော့မယ်။ ဝင်ရအောင်။"
"ဟုတ်ကဲ့ အစ်ကို လင်းဖေး၊ ဝင်ကြရအောင်...။ ပထမအဆင့် ကောင်းကင်ဘုံ သီးသန့်ခန်းကို ပြင်ဆင်ဖို့ တစ်ယောက်ယောက်ကို ပြောထားပြီးပြီ။"
လင်းဖေးက ခေါင်းညိတ်ပြပြီးနောက် သူတို့နှစ်ယောက်သား လေလံပွဲသို့ ၀င်သွားကြသည်။
သူတို့နောက်မှာ လူတော်တော်များများက ဆက်လက် ဆွေးနွေးကြသည်။
"လင်းဖေးက တကယ့်ကို ငါတို့ရဲ့ စံပြပုဂ္ဂိုလ်ပဲ။ မင်းသမီးလေးရဲ့ နှလုံးသားကို ရအောင်ယူနိုင်တာက တကယ်ကို အံ့သြစရာကောင်းတယ်။”
“အဲဒီလိုတွေ မစဉ်းစားပါနဲ့။ လင်းဖေးက လူအယောက် တစ်သန်းမှာ တစ်ယောက်ပဲဖြစ်နိုင်တဲ့ ပါရမီရှင်လေ။ ငါတို့က သူနဲ့ ဘယ်လို ယှဉ်နိုင်မှာလဲ..။ ငါတို့ လူ့သက်တမ်းရဲ့ အဆတစ်ရာလောက် အသက်ရှင်နေရင်တောင်မှ ငါတို့ သူ့ကို လိုက်မမီနိုင်ဘူး။”
လေလံပွဲသို့ ဝင်ရောက်နေပြီဖြစ်သော လင်းဖေးသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
သူသည် သူ၏ခန္ဓာကိုယ်ထဲမှ တစ်ခုခု ဆုံးရှုံးသွားသလို ခံစားလိုက်ရသော်လည်း လက်ညှိုးထိုးမပြနိုင်ပေ။
ရူယန်သည် လင်းဖေး၏ မူမမှန်မှုကို လျင်မြန်စွာ သတိပြုမိပြီး မေးသည်။
"အစ်ကို လင်းဖေး ဘာဖြစ်နေတာလဲ။"
လင်းဖေး ခေါင်းခါလိုက်သည်။
“မသိဘူး၊ ငါလည်းသေချာမသိဘူး။ တစ်ခုခုမှားနေသလို ခံစားရတယ်။ ဒီလိုလုပ်ပါလား။ သီးသန့်အခန်းကို အရင်သွားလိုက်ပါ။ လက်ဖက်ရည်တစ်ခွက်သောက်ပြီး နောက်မှဝင်ခဲ့မယ်"
"ကောင်းပြီ အစ်ကို လင်းဖေး။"
ရူယန် အပေါ်ထပ်တက်ပြီးနောက် လင်းဖေးသည် ချက်ချင်းပင် ပျောက်သွားကာ ဘေးနားရှိ အခန်းငယ်လေးတစ်ခုထဲသို့ ဝင်ရောက်သွားခဲ့သည်။ သူသည် သူ၏ အရှိန်အဝါနှင့် အသံကို ပိတ်ဆို့ရန် ခံစစ်အစီအရင်ကိုလည်း ဖွဲ့စည်းလိုက်သည်။
ထို့နောက် သူ၏လက်ရှိ ကြေးလက်စွပ်ထဲသို့ စိတ်ဝိညာဉ်စွမ်းအင်အချို့ကို ဖြည်းညှင်းစွာ သွင်းလိုက်သည်။
နောက်အခိုက်အတန့်တွင် လက်စွပ်သည် ဖြည်းညှင်းစွာ တောက်ပလာပြီး အဖြူရောင် ၀တ်ရုံနှင့် လှပသော အသွင်တစ်ခု လင်းဖေးရှေ့တွင် ပေါ်လာသည်။
"မင်္ဂလာပါ ဆရာ။"
ဝတ်ရုံဖြူ အလှလေးသည် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
"ဖေးအာ မင်းက ဘာလို့ ငါ့ကို ရုတ်တရက် ခေါ်တာလဲ။ ငါ မင်းကို မပြောခဲ့ဘူးလား။ စိတ်အေးအေးထားပြီး ကျင့်ကြံချင်တယ်။ ငါ့ဝိညာဉ်ခန္ဓာကို ပြန်ပြီး ပြုပြင်ချင်တယ်။ အရေးမပါတဲ့ကိစ္စတွေအတွက် ငါ့ကို မနှောင့်ယှက်ပါနဲ့လို့...။"
လင်းဖေးက ဆက်လက်၍ “ဆရာ၊ ကျွန်တော် တောင်းပန်ပါတယ်။ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာမဟုတ်ပါဘူး။ ဒါပေမယ့် အကြောင်းတစ်ခုခုကြောင့် ဒီနေ့ ကျီဝူရှားကို ပြန်တွေ့တဲ့အခါ တစ်ခုခုမှားနေပြီလို့ တောက်လျှောက် ခံစားခဲ့ရတယ်။ အဲဒါ ဘာလဲဆိုတာတော့ နားမလည်ပေမယ့် နည်းနည်း စိုးရွံ့နေသလို ခံစားရတယ်။”
အဖြူရောင်ဝတ်ရုံဝတ်ဆင်ထားသည့် ယွဲ့ယင်း၏ အမူအရာမှာ အနည်းငယ် အေးစက်သွားသည်။
"မင်း သူ့ကို မမေ့နိုင်သေးလို့လား။ မိန်းမတစ်ယောက်ကိုတောင် လက်မလျှော့နိုင်ဘူးဆိုရင် မင်းရဲ့ သိုင်းနှလုံးသားက ဘယ်လောက် ခိုင်မာနိုင်မလဲ။”
လင်းဖေးက ခေါင်းခါသည်။
"ဆရာ၊ မှားနေပြီ။ ကျွန်တော် ကျီဝူရှားကို မမေ့တာ လုံးဝမဟုတ်ဘူး။ ပြီးတော့ ဒီခံစားမှုက စိုးရိမ်နေတဲ့ခံစားချက်မျိုး။ တစ်ခုခုက ကျွန်တော့်ကို နောက်ပြန်လှည့်လို့မရတဲ့ ပျက်စီးမှုဖြစ်စေသလိုမျိုးပါ…..”