အခန်း (၁၁၆-၁၂၀)
Vol. 8 Ch. 116-120
စာစဉ် ၈။ အခန်း ၁၁၆ သူ့ကိုထောင်ချောက်ဆင်
"အိုး.. တစ်ချက်ကြည့်လိုက်ရအောင်။"
၀တ်စုံဖြူဝတ်ထားသည့် ယွဲ့ယင်းသည် လင်းဖေးအပေါ် ပြောင်းလဲမှုများရှိမရှိ စုံစမ်းရန် သူမ၏နည်းပညာများကို ချက်ချင်းအသုံးပြုလိုက်သည်။
သို့သော်လည်း အချိန်အတော်ကြာ လေ့လာပြီးနောက် လင်းဖေးတွင် အမှားအယွင်းတစ်စုံတစ်ရာ မတွေ့ရပေ။
“မင်းမှာ ဘာမှ ပြသနာမရှိပါဘူး။ မင်းလျှောက်ထင်နေတာလား။"
"ပြဿနာမရှိဘူးလား။ ဆရာ သေချာလား။ အနီးကပ်ထပ်ကြည့်ချင်သေးလား။ ကျွန်တော်ကတော့ တစ်ခုခု မှားနေပြီလို့ ရှင်းရှင်းလင်းလင်း ခံစားရတယ်။”
"မင်း...ငါ့စွမ်းရည်ကို သံသယဝင်နေတာလား။"
ဝတ်ရုံဖြူဝတ် ယွဲ့ယင်း၏ လေသံမှာ အနည်းငယ် အေးစက်သွားသည်။
လင်းဖေး၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ခါသွားပြီး ချက်ချင်းပင် တောင်းပန်လိုက်သည်။
“ကျွန်တော် မလုပ်ရဲပါဘူး။ ကျွန်တော်အပြောမှားသွားတာပါ။ ဆရာ၊ ခွင့်လွှတ်ပါ။”
ဝတ်ရုံဖြူဝတ် ယွဲ့ယင်း၏ လေသံသည် နောက်ဆုံးတွင် အနည်းငယ်ပျော့သွားသည်။
ထို့နောက် သူမက ဆက်ပြောသည်၊
“ဒီနေ့ လေလံပွဲကို စောင့်ကြည့်ရမယ်။ သိုင်းဘုရင်အဆင့် ရတနာကို အခြားသူတွေလက်ထဲ မကျရောက်စေနဲ့။ ဒီလိုမှမဟုတ်ရင် ဒီအခွင့်အရေးကို လက်လွတ်ဆုံးရှုံးလိုက်တာက မင်းအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုပဲ။”
"စိတ်မပူပါနဲ့ ဆရာ။ ကျွန်တော် သေချာပေါက် ဒီသိုင်းဘုရင်အဆင့် ရတနာကို ရပါလိမ့်မယ်။"
"ကောင်းပြီ၊ ဆက်လုပ်ပါ။ ငါ့စိတ်ဝိညာဉ်ကို ဆက်ပြီးပြုပြင်ရမယ်။ တခြားဘာမှမရှိရင် လောလောဆယ် ငါ့ကို မခေါ်နဲ့။"
“ဟုတ်ကဲ့။”
ပြန်ဖြေပြီးနောက် ဝတ်ရုံဖြူဝတ် ပုံရိပ်သည် လင်းဖေး၏ ကြေးလက်စွပ်ထဲသို့ တစ်ဖန်ဝင်ရောက်သွားသည်။
လင်းဖေးသည် အစီအရင်ကို ချက်ချင်းဖယ်ရှားပြီး ပထမအဆင့် ကောင်းကင်ဘုံ သီးသန့်ခန်းရှိရာ အပေါ်ထပ်သို့ တက်သွားသည်။
သူထွက်သွားပြီးနောက် လုရှောင်ယန်သည် မျက်လုံးများကို မှေးကျင်းလိုက်ပြီး ထောင့်တစ်နေရာမှ ခွဲခြမ်းစိတ်ဖြာသည်။
"ကျစ်..ကျစ်၊ ငါထင်တဲ့အတိုင်းပဲ။ တဖက်သူက သူ့လက်စွပ်ထဲမှာ လူအိုကြီးတစ်ယောက်ရှိတယ်။ ဒါပေမယ့် ဒီလူအိုကြီးက အဘိုးကြီးမဟုတ်ပဲ၊ အဘွားကြီးဖြစ်မယ်လို့မထင်ထားဘူး။ သူမရဲ့ လေသံနဲ့ သူမ
ဘယ်လောက်မာနထောင်လွှားနေသလဲဆိုတာကို ကြည့်လိုက်ရင် အနည်းဆုံးတော့ သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူတစ်ယောက်လို့ ငါထင်တယ်။
သူမက သူမရဲ့ ဝိညာဉ်ကို ပြုပြင်ချင်တယ်လို့ပြောတယ်။ လင်းဖေးက သူ့အတွက် ထူးမြတ်သည့်ခုနှစ်ပါးသောနှင်းကြာပန်းကို ဝယ်ပေးရမှာပေါ့?”
လုရှောင်ယန်သည် မျက်ခုံးကို ပွတ်ကာ ခေါင်းကိုက်လျက် ပြောသည် ။
“ငါမမှားရင် ဒီအဘွားကြီးက သေရေးရှင်ရေးမှာ အသက်ကယ်စေတဲ့ နည်းလမ်းတစ်ခုခုတော့ ရှိမယ်ထင်တယ်။ ငါတို့ သူမကို အရူးအမူးတိုက်ခိုက်ရင် တဖက်သူက သိုင်းဘုရင်အဆင့် တိုက်ခိုက်မှုကိုတောင် ထုတ်လိုက်နိုင်တယ်။ ဒါဆို ဒုက္ခရောက်လိမ့်မယ်။”
လုရှောင်ယန်သည် ယခုအချိန်အထိ သိုင်းဘုရင်အဆင့် တိုက်ခိုက်မှုကို တစ်ခါမျှ မကြုံဖူးသော်လည်း ဉာဏ်မရှိသည့်လူတော့မဟုတ်ပေ၊ ၎င်းသည် မည်မျှ အစွမ်းထက်မည်ကို ဝေဝေဝါးဝါး ခန့်မှန်းနိုင်သည်။
ဤသည်မှာ သာမန်လူတစ်ယောက် ကိုင်တွယ်ဖြေရှင်းနိုင်သည့် အရာမဟုတ်သည်မှာ သေချာသည်။
သူ့တွင် သိုင်းဘုရင်အဆင့်လက်နက်တွေ အများကြီးရှိလျှင်ပင် သူ၏ ကျင့်ကြံဆင့်သည် သိုင်းဘုရင်အဆင့် မရောက်ခင်တွင် ၎င်းတို့၏ ခွန်အားကို အပြည့်အဝ မထုတ်နိုင်သေးပေ။
“မေ့လိုက်ပါ၊ အခုတော့ မလောသေးပါဘူး။ ဒီလေလံပွဲမှာ သိုင်းဘုရင်အဆင့်ရတနာတစ်ခုရှိတယ်လို့ သူမပြောတယ်ဆိုတော့၊ အဲ့တာက အမှန်ဖြစ်ရမယ်။ သူတို့မရခင် ဒီ သိုင်းဘုရင်အဆင့်ရတနာကို သွားဝယ်တာ ပိုကောင်းပါတယ်။"
ထိုသို့တွေးပြီး လုရှောင်ယန်သည် မျက်နှာဖုံးနှင့် ဝါးဦးထုပ်ကို ချက်ချင်းဝတ်ပြီး လေလံပွဲ၏ အနောက်ဘက်ကို ရောက်လာသည်။
"မင်္ဂလာပါ ဆရာ။ ကျွန်တော်တို့ လေလံပွဲရဲ့ အနောက်ဘက်က လူစိမ်းတွေကို ဒီတိုင်းဝင်ရောက်ခွင့်မပြုပါဘူး။ လေလံပွဲမှာ ပါဝင်ချင်တယ်ဆိုရင်တော့ လေလံခန်းမရှေ့ကို သွားပါ။ အဲဒီမှာ အထူးခုံတွေအပြင် ဝိညာဉ်စွမ်းအင်လက်ဖက်ရည်နဲ့ အဆာပြေတချို့လည်း ရှိပါတယ်။”
မျက်နှာဖုံးသည် လူတစ်ဦး၏အသံကို ပြောင်းလဲနိုင်သောကြောင့် လုရှောင်ယန်သည် အခြားသူကသူ၏အသံကို မှတ်မိမည်ကို စိုးရိမ်နေစရာမလိုပေ။
“လေလံပွဲမှာ ပါဝင်ဖို့ ငါ ဒီလာတာ မဟုတ်ဘူး။ ငါ ဒီကို တစ်ခုခုလေလံတင်ဖို့ လာတာ"
“ဟီးဟီး… စိတ်မကောင်းပါဘူးဗျာ။ ဒီနေ့ လေလံတင်ရောင်းချမယ့် ပစ္စည်းတွေက သတ်မှတ်ပြီးသွားပါပြီ။ ဒါ့ကြောင့် တစ်စုံတစ်ခုကို လေလံတင်လိုရင်၊ ဒီနေ့လေလံပွဲ ပြီးဆုံးသည်အထိ စောင့်ပြီး နောက်တစ်ကြိမ် လေလံပွဲအတွက် မင်းရဲ့ပစ္စည်းကို စာရင်းသွင်းမှပဲရမယ်။"
"အိုး ဟုတ်လား ဒါဆို အဆင့်မြင့် ကောင်းကင်ဘုံလက်နက်ဆိုရင်ရော...။”
ထိုသို့ပြောပြီးသည်နှင့် တစ်ဖက်သား၏အမူအရာက ရုတ်တရတ်ပြောင်းသွားသည်။ "သင် ဘာပြောလိုက်တာလဲ.."
"မင်းငါပြောတာကိုကြားပါတယ်။"
တစ်ဖက်သား၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး “ကျေးဇူးပြုပြီး ကျွန်တော့နောက်ကို လိုက်ခဲ့ပါ ဆရာ” ဟု ချက်ချင်း ပြောသည်။
မျက်နှာဖုံးအောက်ရှိ လုရှောင်ယန်၏ နှုတ်ခမ်းထောင့်သည် အနည်းငယ် ကွေးညွတ်သွားသည်။
ကောင်လေး၊ မင်း ငါ့ကို ကိုင်တွယ်နိုင်မယ် ထင်နေတာလား။
မဟာကျိုး နန်းမြို့တော်၏ လေလံတင်ရောင်းချသည့်အိမ်များတွင်ပင် အဆင့်မြင့် ကောင်းကင်ဘုံ လက်နက်များကို နေ့တိုင်း လေလံတင် ရောင်းချနိုင်ခြင်းမရှိပေ။
ဤအရာသည် အလွန် ရှားပါးပြီး အများစုမှာ အဆင့်မြင့်အရာရှိများ၊ မင်းသားများသာပိုင်ဆိုင်သည်။
အခြေခံအားဖြင့် အပြင်မှာ ရောင်းချသည့် အရာတွေသည် နက်နဲမှုအဆင့်နှင့် အဝါရောင်အဆင့် ပစ္စည်းတွေဖြစ်သည် ။
အဆင့်အတန်းမြင့်သော ကောင်းကင်ဘုံအဆင့် လက်နက်မဆိုထားနှင့် ကမ္ဘာမြေအဆင့် လက်နက်တစ်ခုသည်ပင် လူများစွာ ပြိုင်လုရန် လုံလောက်နေပြီဖြစ်သည်။
ထို့အပြင်၊ လုရှောင်ယန်တွင် သူ၏တောင်တန်းနှင့်မြစ်ပန်းချီတွင် သိမ်းဆည်းထားသည့် မရေမတွက်နိုင်သော အဆင့်မြင့် ကောင်းကင်ဘုံ ပစ္စည်းများရှိသည်။
ဤကိစ္စကို သူ လုံးဝ ဂရုမစိုက်ပေ။ သူ၏မျက်လုံးထဲတွင် ကောင်းကင်ဘုံလက်နက်များသည် အခြေခံအားဖြင့် အမှိုက်များဖြစ်သည်။
ဤအချိန်မျိုးတွင် သူ ထုတ်သုံးသည်မှာ အံ့ဝင်ခွင်ကျဖြစ်သည်။
လုရှောင်ယန်သည် တစ်ဖက်လူနောက်သို့ လိုက်ကာ ဒုတိယထပ်ရှိ အဆောက်အအုံသို့ အမြန်ဆုံးရောက်ရှိလာသည်။ တဖက်လူက ဆံပင်ဖြူနှင့် မုတ်ဆိတ်မွေးရှိသော အဘိုးအိုနှင့် မိတ်ဆက်ပေးသည်။
"ဆရာ၊ ကျွန်တော်တို့ လေလံအိမ်ရဲ့မန်နေဂျာ လီချန်းထျန်ပါ။ ကျွန်တော် သင့်ကို ဘယ်လို ခေါ်ရမလဲ သိနိုင်မလား။"
"ဖုန်းအောက်ထျန်း..။"
လုရှောင်ယန်သည် ဖုန်းထျန်းယွမ် ၏ ဦးလေး၏ နာမည်ကို ပေါ့ပေါ့တန်တန် အသုံးချကာ သူတို့ကို ရှုပ်ထွေးစေလိုက်သည်။
“ဒါဆို ကျင့်ကြံသူဖုန်းပေါ့။ သင်က အဆင့်မြင့် ကောင်းကင်ဘုံလက်နက်ကို လေလံပစ်ချင်တယ်လို့ ကြားတယ်။"
"မှန်တယ်။"
သူစကားပြောပြီးသည်နှင့် လုရှောင်ယန်သည် အဆင့်မြင့် ကောင်းကင်ဘုံဓားကို ပစ်ပေးလိုက်သည်။
ဟစ်..
ဓားသည် ထူးကဲသော အငွေ့အသက်များ ပြည့်နှက်နေသည်ကို မြင်လိုက်ရသဖြင့် လီချန်းထျန် ချက်ချင်း ထပ်ခါထပ်ခါ အော်ပြောလိုက်သည်။
“ဘယ်လောက်ကောင်းတဲ့ဓားလဲ။ ကျင့်ကြံသူဖုန်းက ဒီလောက်ကောင်းတဲ့ဓားကို ကိုယ်တိုင်အတွက် သိမ်းမထားချင်လို့လား။"
လုရှောင်ယန် ခေါင်းယမ်းလိုက်သည်။
“ငါ့ရဲ့ ကျင့်ကြံမှုအရ ဒီဓားကို သုံးရတာ နည်းနည်းတော့ ဖြုန်းတီးရာကျတယ်။ ဒါ့အပြင် ငါ ပစ်မှတ်ထားခံရရင် ဒီဓားကို ငါကိုယ်တိုင် ကာကွယ်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့် ငါ့ရဲ့ လိုအပ်ချက်အတွက် သာမာန်ပစ္စည်းအနည်းငယ်နဲ့ လဲလှယ်နိုင်မယ်လို့ ထင်ပါတယ်။”
"အင်း...။ ကျင့်ကြံသူဖုန်းသည် အမှန်ကို ရဲရင့်တာပဲ။ သာမာန်လူတစ်ယောက်က အဆင့်မြင့် ကောင်းကင်ဘုံဓားကို ရောင်းချဖို့ ဆန္ဒမရှိမှာ သေချာတယ်။ ဒီအရာကြောင့် လူအချို့တောင် သေဆုံးနိုင်တယ်။ ဒါပေမယ့် ကျင့်ကြံသူဖုန်းက ဒါကို လေလံပွဲအတွက် တိုက်ရိုက်ထုတ်ကာ သာမန်ကျင့်ကြံမှုအရင်းအမြစ်တွေနဲ့ လဲလှယ်နိုင်ခဲ့တယ်။ ဒီသတ္တိက တကယ်ကို ချီးကျူးစရာပါ။”
"ဒီလို လုပ်ပါလား ကျင့်ကြံသူဖုန်း။ ဒါတွေအားလုံးက ဒီနေ့ လေလံပွဲအတွက် ပစ္စည်းတွေပါ။ တစ်ခုခုကို လိုချင်ရင် လွတ်လွတ်လပ်လပ် ရွေးချယ်နိုင်ပါတယ်။”
လုရှောင်ယန်က ခေါင်းညိတ်ပြပြီး လှမ်းကြည့်သည်။
ဤနေရာတွင် 'ပစ္စည်းကောင်း' အစုအဝေးတစ်ခုရှိသည်။
ဟုတ်ပါသည်၊ ဤပစ္စည်းကောင်းဟု ခေါ်သည့် အရာတွေသည် နက်နဲမှုအဆင့်နှင့် အဝါရောင်အဆင့်ပစ္စည်းတွေပဲ ဖြစ်သည်။ ကောင်းကင်ဘုံ အဆင့်တစ်ခုခုကို ရှာတွေ့ဖို့ အလွန်ခဲယဉ်းလှသည်။
လုရှောင်ယန်၏ မျက်လုံးထဲတွင် ဤအရာများသည် သဘာဝအတိုင်း ဘာမှမဟုတ်ပေ။
အမှိုက်ပုံကြီးဟုဆိုလျှင် ချဲ့ကားပြောခြင်း မဟုတ်ပါ။
သို့သော် လင်းဖေး၏ဆရာက ထိုကဲ့သို့ပြောသောကြောင့် ဤနေရာတွင် ရတနာတစ်ခုရှိရမည်။ ထို့အပြင်၊ ထိုရတနာသည် ထင်ထင်ရှားရှားမပေါ်လွင်သော အလွန်သာလွန်သော ရတနာတစ်ခုဖြစ်ပေလိမ့်မည်။ ဤနည်းဖြင့် လင်းဖေးသည် ၎င်းကို ချိုသာသောစျေးနှုန်းဖြင့် ဝယ်ယူနိုင်ပြီး ကြီးမားသောအားသာချက်ကို ရယူနိုင်သည်။
ဤမျှလောက် မျှော်လင့်ထားသင့်သည်။
မကြာခင်မှာပင် လုရှောင်ယန်ဟာ မြေပြင်ပေါ်၌ ကျောက်စိမ်းတုံးတစ်တုံးကို တွေ့လိုက်သည်။ ရိုးရိုးရှင်းရှင်း ဘာအရှိန်အဝါမှ မရှိနေ။
သို့သော် လုရှောင်ယန်သည် သာမန်လူမဟုတ်ပေ။
ရတနာရှာတာလိုမျိုး အသေးအမွှားကိစ္စလေးတွေကိုတောင် မကိုင်တွယ်နိုင်ရင် ဒီလိုလောကကြီးထဲ သူ ရှင်သန်နိုင်မှာတောင် မဟုတ်ပေ….
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၈။ အခန်း ၁၁၇ ချောက်ချရတာ နေလို့ကောင်းတယ်
စစ်မှန်သောအမြင်အာရုံသုံးပါးကို အသက်သွင်းခြင်းဖြင့် လုရှောင်ယန်သည် ကွဲအက်နေသောကျောက်စိမ်းတွင် အမှန်တကယ်ပင် သိုင်းဘုရင်အဆင့်ခြင်ဆီပါ၀င်ကြောင်း ချက်ချင်းသတိပြုမိသည်။
၎င်းသည် ထိပ်တန်းအရာတစ်ခုဖြစ်သည်။
သိုင်းဘုရင်အဆင့် သွေးဆေးလုံးကို သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူ၏ သွေးအနှစ်သာရဖြင့် သန့်စင်ထားကြောင်း သိထားရမည်။ အခြားတစ်ဖက်တွင်၊ သိုင်းဘုရင်အဆင့် သွေးဆေးလုံးသည် ဘေးထွက်ဆိုးကျိုးမရှိဘဲ ၎င်းတို့၏ ကျင့်ကြံမှုကို နယ်ပယ်ငယ်တစ်ခု တိုးမြှင့်နိုင်မည်ဖြစ်သည်။
ဒါဆို သိုင်းဘုရင်အဆင့် ခြင်ဆီကကော ဘယ်လိုလဲ။
သိုင်းဘုရင်အဆင့်ခြင်ဆီသည် သွေးအနှစ်သာရထက် အဆများစွာ အားကောင်းသောကြောင့်၊ ၎င်းကို ဆေးဖက်ဝင်ဆေးလုံးအဖြစ် သန့်စင်ထားပါက၊ ၎င်းသည် သိုင်းဘုရင်အဆင့်သွေးဆေးလုံးထက် များစွာ အားကောင်းနိုင်မည်ဖြစ်သည်။
ထို့အပြင် ဤကျောက်စိမ်းတုံးကြီးသည် လေလံတင်ရောင်းချလျှင်တောင်မှ အလယ်အလတ်တန်းစား ဝိဉာဉ်ကျောက်တုံး ထောင်ဂဏန်းမျှဖြင့်သာ ရောင်းချနိုင်မည်ဖြစ်သည်။ ဤပမာဏကိုပင် ဈေးကြီးသည်ဟု ယူဆရမည်။
ထို့ကြောင့် လင်းဖေးသည် ဤပစ္စည်းမှ မည်မျှ အကျိုးအမြတ်ရနိုင်သည်ကို စိတ်ကူးကြည့်နိုင်သည်။
အမှန်မှာ၊ ဟက်ကာများ၏ နည်းလမ်းများသည် ကျိုးကြောင်းဆီလျော်မှု မရှိပေ။
မကျေမနပ်ဖြစ်ပြီး ရွံရှာစိတ်ဝင်ပြီးနောက် လုရှောင်ယန်သည် ကျောက်စိမ်းထဲမှ သိုင်းဘုရင်အဆင့် ခြင်ဆီအား ထုတ်ယူခဲ့သည်။
သူသည် လုံလောက်သော စွမ်းအားရှိသောကြောင့် လေလံပွဲစီစဥ်သူသည် သူ၏လုပ်ရပ်ကို လုံးဝမမြင်နိုင်ပေ။
“ဒီကျောက်စိမ်းတုံးကို သိုင်းဘုရင်အဆင့် အပျက်အစီး အပြင်ဘက်က ကျင့်ကြံသူတစ်ယောက်က ကောက်ယူခဲ့တာပါ။ အဲဒါကို ကျွန်တော်တို့ စုံစမ်းပြီးပါပြီ။ အထဲမှာ ဘာရှိလဲ မသိပေမယ့် ဒါဟာ သာမန် အစိတ်အပိုင်းတစ်ခုတော့ မဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။”
လုရှောင်ယန် တည်ငြိမ်စွာပြုံးလိုက်သည်။
ဤအရာသည် သဘာဝအားဖြင့် သာမန်အရာမဟုတ်ပေ။ နောက်ဆုံးတွင်၊ ၎င်းတွင် သိုင်းဘုရင်အဆင့် ခြင်ဆီပါရှိသည်။ ကောင်းကင်ဘုံ လင်နက်မပြောနှင့် သူတော်စင်အဆင့်ပစ္စည်းပင် ဒါလောက် တန်ဖိုးရှိမှာမဟုတ်ပေ။
သို့သော် ယခု... သူသည် သိုင်းဘုရင်အဆင့်ခြင်ဆီကို ထုတ်ယူပြီးနောက်၊ ၎င်းသည် အမှန်တကယ်ပင် အမှိုက်ဖြစ်သွားသည်။
“သာမန်လား သာမန်မဟုတ်ဘူးလားတော့ မသိဘူး။ လက်တွေ့ကျတဲ့ အရာတစ်ခုပဲ လိုချင်တယ်။”
ထိုစကားပြောပြီး သူသည် ကျောက်စိမ်းတုံးကို တိတ်တဆိတ် ပြန်ပစ်ချလိုက်ပြီး လဲလှယ်မှုပြီးမြောက်ရန် အခြားဆေးလုံးများနှင့် လက်နက်အချို့ကို ရွေးချယ်ခဲ့သည်။
ထို့နောက် လုရှောင်ယန်သည် လေလံပွဲ၏အနောက်ဘက်မှ ထွက်ခွာသွားပြီး ကျီဝူရှားနှင့်ဆုံရန် အပြင်ဘက် လေလံခန်းမသို့ ရောက်ရှိလာသည်။
“ဆရာ၊ လေလံပွဲစတော့မယ်။”
လုရှောင်ယန် ခေါင်းညိတ်လိုက်သည်။
"ဝိညာဉ်ကျောက်တုံးတွေ ယူလာခဲ့လား။"
“ယူခဲ့ပါတယ်၊ ဒါပေမယ့် အများကြီးတော့ မဟုတ်ဘူး။ အဆင့်မြင့်ဝိညာဉ်ကျောက်တုံး ၃၀,၀၀၀ ၄၀,၀၀၀ လောက်ပဲ။ ဒါဟာ နှစ်တွေအတွင်း တပည့်ရဲ့ စုဆောင်းငွေတွေပါ။"
“ဒါဆို လုံလောက်ပြီ။”
လုရှောင်ယန်သည် အကြမ်းဖျင်းအဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၁.၁ သန်းခန့် ပိုင်ဆိုင်မှုရှိသည်။
လင်းဖေးကို ကောင်းကောင်းပညာပေးရန် သူပြင်ဆင်ထားသည်။
မကြာခင်မှာ တရားဝင်လေလံပွဲ စတင်ခဲ့ပြီ။
ယခင်အကြိမ်အနည်းငယ်တွင် လေလံတင်ရောင်းချသည့်ပစ္စည်းများအားလုံးသည် သေးငယ်ပြီး ငြီးငွေ့ဖွယ်ကောင်းသည်။ လုရှောင်ယန်သည် တချက် မကြည့်သော်လည်း ဤလူတွေသည် ပြင်းပြင်းထန်ဖန် တိုက်ခိုက်နေကြသည်။
နောက်တော့ ပစ္စည်းကောင်းတွေ တဖြည်းဖြည်း ရောက်လာသည်။
ပထမဦးစွာ၊ ၎င်းသည် အရည်အသွေးမြင့် ကမ္ဘာမြေအဆင့် ကာကွယ်ရေး ဓမ္မရတနာ၊ ခရမ်းရောင်ရွှေသော့ချပ်ဝတ်တန်ဆာဖြစ်သည်။ ဝတ်ဆင်သောအခါတွင်၊ ၎င်းသည် လေနှင့်မီးလျှပ်စီးတို့ကို ရှောင်ရှားနိုင်ပြီး ဝိညာဉ်စွမ်းအင်စုပ်ယူမှုအမြန်နှုန်းကို တိုးမြှင့်ကာ အချို့သောတိုက်ခိုက်မှုများကိုပင် ခုခံနိုင်သည်။
ဒါကိုမြင်တော့ လုရှောင်ယန်သည် မျက်လုံးတွေကို မှိတ်ထားပြီး အာရုံခြောက်ပါးကို ပိတ်ဆို့လိုက်သည်။ သူသည် ခေါင်းမော့ကာ ထိုင်ခုံပေါ် ပြန်လှဲကာ အနားယူလိုက်သည်။
“သိပ်မကြာခင် ကျောက်စိမ်းအညံ့စားကို စပြီး လေလံတင်တဲ့အခါ ငါ့ကို ပြောပြဖို့ မမေ့နဲ့။”
“ဟုတ်ကဲ့ ဆရာ။”
ကျီဝူရှား ပြန်ဖြေပြီးသည့်နောက်တွင် သူမဘေးနားက လူတွေသည် အရူးအမူး လေလံဆွဲနေကြသည်။ “အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၁၅၀၀၀ ငါပေးမယ်။”
"အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၂၀,၀၀၀ ပေးမယ်။"
“အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၂၃၀၀၀နဲ့ ထိပ်တန်းဝိညာဉ်ကျောက်တုံး ၅၀၀ ငါပေးမယ်။”
ဤလူများသည် ရူးသွပ်စွာ အော်ဟစ်ကြပြီး အားလုံး အကောင်းဆုံး လုပ်ဆောင်နေကြသည်ဟု ဆိုနိုင်သည်။ သူတို့သည် နေရာတွင်ပင် သူသေကိုယ်သေ တိုက်ခိုက်ရန်ထက် ဘာမှမလိုချင်တော့သည့်ပုံစံများပင်။
ဤသည်မှာ မဟာကျိုး နန်းမြို့တော် လေလံပွဲဖြစ်သည်ဟူသောအချက်ကြောင့်မဟုတ်ပါက၊ ဤလူများသည် တကယ်ထတိုက်နိုင်သည်။
သို့သော်ငြားလည်း ဤပစ္စည်း၏ လူကြိုက်များမှုသည် အတော်လေး မြင့်မားနေသေးသည်။
အမွှေးတိုင်တစ်တိုင် ကုန်စာအချိန်တွင် တိုက်ပွဲ ပြီးဆုံးသွားသည်။ ထိုမှသာ အာကာပြင်ပြိုကွဲခြင်းအဆင့်ကျွမ်းကျင်သူမှ ရရှိခဲ့ခြင်းဖြစ်သည်။
တစ်ဖက်သား၏ ရီစရာကောင်းသည့်အပြုံးကို ကြည့်လိုက်တော့ သူသည် သူချစ်ရသည့် အရုပ်တစ်ရုပ်ကို ရရှိထားသည့် ကလေးတစ်ယောက်လိုပင်။
ပထမအဆင့် သီးသန့်ခန်းမှ မင်းသမီးရူယန်က တည်ငြိမ်စွာ ပြုံးပြီး ပြောသည်၊
"ကံမကောင်းတာ၊ အဲ့တာက အဆင့်မြင့် ကမ္ဘာမြေအဆင့် လက်နက်တစ်ခုဖြစ်နေလို့။ ကောင်းကင်ဘုံ အဆင့်မြင့်လက်နက်တစ်ခုဆိုရင်၊ ကျွန်မက သင့်တော်တဲ့လက်နက်တစ်ခုလုပ်ဖို့အတွက် အစ်ကို လင်းဖေးကို ပေးမှာသေချာတယ်။"
လင်းဖေးက သူမကို ပြန်မဖြေပေ။ သူသည် ကျီဝူရှား၏ နောက်ကျောကိုပဲ ငုံ့ကြည့်နေသည်။
ကျီဝူရှားက သူ့ကို တိတ်တဆိတ် လှည့်ကြည့်လိမ့်မည်ဟု သူ မူလက ထင်ခဲ့သည်။
သို့သော်လည်း ကျီဝူရှားသည် သူ့ကို ကြည့်ရန် ရည်ရွယ်ချက်ပင် မရှိခဲ့ဟု သူ မမျှော်လင့်ခဲ့ပေ။ ဒါက လင်းဖေးကို နားမလည်နိုင်လောက်အောင် စိတ်ပျက်သွားစေသည်။
ကျီဝူရှားကိုအနိုင်ယူခြင်းသည် အဓိပ္ပါယ်မရှိတော့သလိုပင်။
ဒါက သူမျှော်လင့်ထားသလို မဟုတ်ဘူး။ မိန်းမတွေက သန်မာတာကို မကြိုက်ဘူးလား။
ကျီဝူရှားကိုအနိုင်ယူပြီးနောက် ကျီဝူရှားသည် သူ့ကိုအားကိုးချင်နေသင့်သည်။ အဲဒီတုန်းက သူနှင့် စေ့စပ်ပွဲဖျက်ခဲ့တာကိုတောင် နောင်တရသင့်သည်။
ဒါပေမယ့် ကျီဝူရှားက ဘာလို့ လုံးဝ ဂရုမစိုက်တာလဲ။
ဒါက လင်းဖေးကို ကူကယ်ရာမဲ့ ဖြစ်သွားစေသည်။
သို့သော် အဓိက အဖြစ်အပျက် စတင်နေပြီဖြစ်သောကြောင့် စဉ်းစားရန် အချိန်မရှိပေ။
“ဒါက ရှေးဟောင်းကျောက်စိမ်းပဲ။ ဒါက သိုင်းဘုရင်အဆင့် အပျက်အစီးကနေတွေ့ခဲ့တာ။ ကျွန်တော်တို့ အကဲဖြတ်ပြီးနောက် ဒီရှေးဟောင်းကျောက်စိမ်းက အလွန်တန်ဖိုးရှိကြောင်း တွေ့ရှိရတယ်။ ဒါရဲ့အစဈေးက သုညဖြစ်ပေမယ့် လေလံတင်တိုင်း နောက်ဆုံးအကြိမ်ထက် အနည်းဆုံးအဆင့်မြင့်ဝိညာဉ်ကျောက် ၁၀၀ ပိုများရပါမယ်။ လေလံဆွဲမှု အခု စပြီ။”
“အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၁၀၀၀။”
သူပြောပြီးသည်နှင့် တစ်စုံတစ်ယောက်က လှမ်းအော်သည်။
ဒီဈေးက သိပ်မများပါ။ တဖက်သူက ပေါ့ပေါ့ပါးပါးပဲ လေလံဆွဲသည်။
အော်သံပြီးသည်နှင့် တပြိုင်နက် ကောင်းကင်ဘုံမှ ဂုဏ်ယူသော အသံတစ်ခု ထွက်ပေါ်လာသည်။
“အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၂၀၀၀။”
ထိုသို့ပြောလိုက်သည်နှင့် ချက်ချင်းဆိုသလို လူအများ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။
“ဒါက ပထမအဆင့် ကောင်းကင်ဘုံ အခန်းထဲကပဲ။ မင်းသမီးရူယန်နဲ့ လင်းဖေးရှိတဲ့အခန်း မဟုတ်ဘူးလား။”
“အဲဒါ သူတို့ပဲ။ မင်းသမီးရူယန်က ဒီလောက်ဆိုးတဲ့ ကျောက်စိမ်းတုံးကို သဘောကျမယ်လို့ မမျှော်လင့်ထားဘူး။”
"မင်းသမီးရူယန်တို့သဘောကျတဲ့ဟာ မဆွဲတာ ပိုကောင်းပါတယ်။ ဘာပဲပြောပြော၊ ဒီအရာက ကောင်းတဲ့အရာ မဟုတ်ပါဘူး။ အဲဒါကို ယူလည်း ငါတို့အတွက် အမှိုက်ပဲ။”
ဤနည်းဖြင့် လူတိုင်းသည် လျင်မြန်စွာ သဘောတူညီမှုတစ်ခု ရရှိခဲ့သည်။
သူတို့အားလုံး ဒီကျောက်တုံးကြီးကို မင်းသမီးရူယန်နဲ့ လင်းဖေးကို ပေးမယ်လို့ ဆုံးဖြတ်လိုက်ကြသည်။
ပထမအဆင့်သီးသန့်ခန်းတွင် လင်းဖေး၏ နှုတ်ခမ်းထောင့်သည် အနည်းငယ် ကွေးညွှတ်နေပြီဖြစ်သည်။
ဤရှေးဟောင်းကျောက်စိမ်းကို လွယ်လွယ်ရရန် သူ မမျှော်လင့်ခဲ့ပေ။
တကယ်ပဲ လွယ်သည်လား။ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၂၀၀၀ မျှသာ ပေးဆောင်ပြီးနောက် ၎င်းကို ရရှိတော့မည်လား။
အံ့သြစရာကောင်းလိုက်တာ။
လင်းဖေးသည် သူ၏ဆရာ ပေးအပ်သည့် တာဝန်ကို အောင်အောင်မြင်မြင် ပြီးမြောက်တော့မည်ဟု တွေးနေစဉ်တွင် သူ တစ်ခါမှ မကြားခဲ့ဖူးသော အသံတစ်ခု အောက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။
“အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၁၀,၀၀၀”
လင်းဖေး: "???"
သူ မကူညီနိုင်ဘဲ အံ့ဩသွားသည်။ ထို့နောက် အောက်ကိုငုံ့ကြည့်လိုက်သည်။ တဖက်လူသည် ကျီဝူရှား၏ဆရာ လုရှောင်ယန်မှလွဲ၍ အခြားမဟုတ်ပေ။
ဒါက သူ့ကို မျက်မှောင်ကြုတ်စေသည်။
ဒီကောင် ဘာလုပ်နေတာလဲ။
ရှေးဟောင်းကျောက်စိမ်းကို ဘာအတွက် ဝယ်ချင်တာလဲ။
ရှေးခေတ် ကျောက်စိမ်းရဲ့ လျှို့ဝှက်ချက်ကို သူသိလို့လား။
ဒီလိုလဲ မမှန်ပေ။
ဤရှေးဟောင်းကျောက်စိမ်း၏သခင်မှာ သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူဖြစ်သည်။
လုရှောင်ယန်က ဘာမလို့လဲ။
သူသည် ဂိုဏ်းငယ်တစ်ခုမှ ကျင့်ကြံခဲ့သော အကြီးအကဲတစ်ဦးမျှသာဖြစ်သည်။
ဤရှေးဟောင်းကျောက်စိမ်း၏တန်ဖိုးအမှန်ကို သူမည်သို့သိနိုင်မည်နည်း။
အားကောင်းမောင်းသန် သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူဖြစ်ပြီး သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူများစွာနှင့်လည်း ပတ်သက်သည့် သူ၏ဆရာကဲ့သို့ တစ်ဦးတည်းသာ ထိုသို့ သိနိုင်မည်ဖြစ်သည်….
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၈။ အခန်း ၁၁၈ အကြံအစည်ကအဆုံးမရှိဘူး..
အတန်ကြာစဉ်းစားပြီးနောက် လုရှောင်ယန်တွင် ဘာမှားလို့မှားနေမှန်း လင်းဖေး မသိနိုင်ခဲ့ပေ။
သို့သော် ဤရှေးဟောင်းကျောက်စိမ်းကိုတော့ ရယူရန် ဆုံးဖြတ်ခဲ့သည်။
ထို့ကြောင့် အသက်ရှူထုတ်ပြီးနောက် လင်းဖေးက “အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၂၀,၀၀၀” ဟု ဆက်ပြောသည်။
မမျှော်လင့်ဘဲ သူစကားပြောပြီးသည်နှင့် လုရှောင်ယန်က “အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၅၀,၀၀၀”
“ဟစ် သူရူးနေတာလား?"
“တကယ်ကြီး သူက ဒီလို မကောင်းတဲ့အရာအတွက် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၅၀,၀၀၀ကို လေလံဆွဲတယ်?”
ကျီဝူရှားလည်း အနည်းငယ် ထိတ်လန့်သွားပြီး “ဆရာ အဲဒါက ကျောက်စိမ်းတုံးပဲလေ။ ကျွန်မတို့အဲ့အတွက် ပိုက်ဆံအများကြီးသုံးစရာ မလိုဘူးမဟုတ်လား။”
လုရှောင်ယန် ပြုံးလိုက်သည်။
"စိတ်မပူပါနဲ့ ငါကစားနေတာ။ နောက်ဆုံးတော့ တစ်စုံတစ်ယောက်က ပေးချေသွားလိမ့်မယ်။”
ကျီဝူရှား မျက်မှောင်ကြုတ်ပြီး အနည်းငယ် အံ့ဩသွားသည်။ သို့သော်၊ သူမ၏ဆရာတွင် ထိုအရာများကို လုပ်ဆောင်ရခြင်း၏ အကြောင်းရင်း သေချာပေါက်ရှိမည်ကိုသိသောကြောင့် သူမ ဆက်မမေးတော့ပါ။
စင်စစ် လုရှောင်ယန်သည် တကယ်ကို ယုံကြည်မှုအပြည့်ရှိသည်။
သူသည် ကျောက်စိမ်းထဲမှ သိုင်းဘုရင်အဆင့် ခြင်ဆီကို ထုတ်ယူပြီးဖြစ်သည်။ ကျောက်စိမ်းသည် အမှန်ပင် အမှိုက်သရိုက်တစ်ခုဖြစ်သည်။
သို့သော်လည်း လင်းဖေးသည် ထိုအရာကို မသိခဲ့ပေ။ သိုင်းဘုရင်အဆင့် ခြင်ဆီက ကျောက်စိမ်းထဲမှာ ရှိနေဆဲလို့ သူထင်နေသည်။
၎င်းသည် သိုင်းဘုရင်အဆင့် ခြင်ဆီ ဖြစ်သည်။
လင်းဖေး မမိုက်မဲသရွေ့တော့ သူ စွန့်လွှတ်လိုစိတ်မရှိမှာ သေချာသည်။
စင်စစ် ဝိညာဉ်ကျောက်ဆယ်သန်းကျလျှင်ပင် သူသည် ဆက်ပြီး စျေးပေးနေဦးမည်ပင်၊ ဘယ်လိုပဲဖြစ်ဖြစ် သူသည် နောက်ဆုံးမှာ လင်းဖေးကို သတ်ပစ်မှာ သေချာသည်။ ထို့ကြောင့် သူနှင့် အရင်ရှုပ်မည်။ နောက်ဆုံးတွင် သူတို့သည် လူမြင်ကွင်းတွင်ဖြစ်သည်။ တဖက်သူက သူ့ကို စိတ်ရှိသလို လုပ်နိုင်မှာမဟုတ်ပေ။
ရူယန်ကို ကျီဝူရှားအား ဤနေရာသို့ စဝင်ကာစက အနိုင်ကျင့်ဖို့ ဘယ်သူက တမင်တကာ ခိုင်းလို့လဲ။
လုရှောင်ယန်သည် သူ၏တပည့်ကို မိုက်မဲသည့် ဝက်တစ်ကောင်က အနိုင်ကျင့်ခြင်းကို ဘယ်လိုခွင့်ပြုနိုင်မည်လဲ။
ဒုတိယထပ်တွင် လင်းဖေး၏မျက်နှာသည် မည်းမှောင်နေပြီဖြစ်သည်။
သို့သော် လိုက်နာရန်ကလွဲ၍ ရွေးချယ်စရာမရှိပေ။
“အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၆၀,၀၀၀”
လုရှောင်ယန်သည် သူ၏လက်ကို ထပ်မြှောက်လိုက်သည်။
“အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၂၀၀,၀၀၀”
"ဘာ.. သူ ရူးနေပြီ"
"ဒီလိုအမှိုက်တစ်ခုအတွက် အဆင့်မြင့်ဝိညာဉ်ကျောက်တုံး ၂၀၀,၀၀၀ကို သူ အကုန်အကျခံသုံးနေတာလား။"
လူတိုင်း အံသြသွားကြသည်။ လေလံပွဲရှိလူများလည်း အံသြသွားကြသည်။ ဤကျောက်စိမ်းသည် အလွန်ဆုံးမှ အဆင့်မြင့် ဝိညာဥ်ကျောက်တုံး ထောင်ဂဏန်းခန့်သာ တန်ဖိုးရှိမည်ဟု ခန့်မှန်းခဲ့ကြသည်။ မျက်စိတစ်မှိတ်အတွင်း ၂၀၀,၀၀၀နှင့် ရောင်းထွက်ဖို့ မမျှော်လင့်ထားပေ။
ဒါက အရမ်းရူးတာပဲ မဟုတ်လား။
ဒုတိယထပ်ရှိ အခန်းတွင် လင်းဖေးက သူ၏ကုလားထိုင်ကို ရိုက်လိုက်ပြီး “မင်း မလွန်လွန်းဘူးလား။” ဟု အေးစက်စွာ ပြောလိုက်သည်။
လုရှောင်ယန်သည် လှည့်တောင်မကြည့်ဘဲ ဘာသိဘာသာ ပြုံးလိုက်သည်။
"မင်းက ရယ်စရာကောင်းအောင်လုပ်နေတာလို့ မထင်ဘူးလား။ ပစ္စည်းတွေဝယ်ဖို့ ငါတို့အားလုံး ဒီကိုလာတာ။ ဒီအရာက မင်းမိသားစုနဲ့လည်း မသက်ဆိုင်ဘူး။ ငါက ဘာလို့မဝယ်နိုင်ရတာလဲ။"
“ပြီးတော့ မင်းက ငါ့တပည့်နဲ့ စေ့စပ်ခဲ့ဖူးတယ်။ စေ့စပ်ပွဲကို ဖျက်သိမ်းလိုက်ပေမယ့် မင်းတို့နှစ်ယောက်က မျိုးဆက်တစ်ခုတည်းလေ။ ငါက မင်းရဲ့ အကြီးအကဲလို့လဲ မှတ်ယူလို့ရတယ်။ ငါ့ကိုတွေ့ရင် အကြီးအကဲလို့ခေါ်ရမှန်းတောင် မသိတော့ဘူး။ ဒါက မင်းသားကြင်ယာတော်ရဲ့ စံနှုန်းပဲလား။”
လူတိုင်း အံသြသွားသော်လည်း နှလုံးသားထဲမှာ သိနေပြီးသားပင်။
လုရှောင်ယန်သည် ကျီဝူရှား၏ ဒေါသကို ဖြေဖျောက်ရန် ကူညီနေသည်။
ယခင်က မင်းသမီးရူယန်သည် ကျီဝူရှား၏ရှေ့တွင် တမင်တကာ မောက်မာခဲ့သည်။ ယခု လုရှောင်ယန်သည် လင်းဖေးနှင့် တိုက်ခိုက်ရန် ဤအခွင့်အရေးကို အသုံးပြုနေသည်။
“ဆရာ ။”
ကျီဝူရှား၏ မျက်လုံးများသည် အနည်းငယ်နီလာသည်။
လုရှောင်ယန်က သူမမျက်နှာကို ဆွဲညစ်လိုက်သည်။
"ဘာအတွက် ငိုနေတာလဲ။ ငါက ငါ့တပည့်ကို အနိုင်ကျင့်နိုင်တဲ့ တစ်ဦးတည်းသောလူပဲ။ တခြားဘယ်သူမှ လုပ်လို့မရဘူး။”
ကျီဝူရှားသည် ခေါင်းညိတ်ကာ မျက်ရည်များကို သုတ်ရန် ခေါင်းငုံ့လိုက်သည်။ ခေါင်းကို ပြန်မော့ကြည့်လိုက်တော့ သူမမျက်နှာက ယုံကြည်မှုအပြည့်နှင့်ဖြစ်သည်။
သူမဆရာရှိနေမှတော့ ဘာကို ကြောက်ရမှာလဲ။
မင်းသမီးရူယန်၏အမူအရာမှာ မကောင်းသော်လည်း လင်းဖေး၏လက်ကို ဆုပ်ကိုင်ကာ နှစ်သိမ့်နေဆဲပင်။
"အစ်ကို လင်းဖေး၊ ကျွန်မတို့ သူ့ကို ရှုံးလို့မရဘူး။"
လင်းဖေးသည် မင်းသမီးရူယန်၏လက်ကို ထိလိုက်သည်။
"ရူယန် ကျေးဇူးတင်ပါတယ်။ မင်းက အမြဲတမ်း ငါ့အပေါ် အရမ်းကောင်းတယ်။"
မင်းသမီးရူယန်၏ မျက်နှာသည် အနည်းငယ်နီနေပြီး ခေါင်းကို အနည်းငယ်ငုံ့ကာ ရှက်ရွံ့စွာပြောသည်။
"အစ်ကို လင်းဖေး၊ ဘာလို့ ကျွန်မကို ကျေးဇူးတင်တာလဲ။ ရှင်က ကျွန်မလူလေ။ သေချာပေါက် ရှင့်ကို လူမြင်ကွင်းမှာ အရှက်မရ စေချင်ဘူး။”
ခေတ္တရပ်ပြီးနောက် သူမ၏မျက်လုံးများ တင်းမာလာသည်။
"ဘယ်သူမှ ငါ့ယောက်ျားကို အနိုင်ကျင့်လို့ မရဘူး။"
တခြားသူတွေက ဒီစကားတွေကို မကြားနိုင်သော်လည်း လုရှောင်ယန်၏ ကျင့်ကြံမှုဟာ အလွန်အစွမ်းထက်သည့်အတွက် သူသည် သဘာဝအတိုင်း ကြားလိုက်ရသည်။
ဒါကိုကြားတော့ သူ အန်ချင်နေပြီ။
မြင်းနက်များ၏ အမျိုးသမီးများအားလုံးသည် တကယ့်ကို အရူးမများပင်ဖြစ်သည်။
ဤမင်းသမီးရူယန်သည် ဖိနပ်လျက်သူ ဖြစ်သည်မှာ ရှင်းသည်။
ကံကောင်းထောက်မစွာ၊ သူမသည် မင်းသမီးလေးတစ်ယောက်သာဖြစ်သည်။ အကယ်၍ သူမသည် မဟာကျိုး အင်ပါယာ၏ ဧကရီဖြစ်ပါက၊ သူမသည် ယခုအချိန်တွင် မဟာကျိုး အင်ပါယာတစ်ခုလုံးကို လင်းဖေးအား ပေးအပ်ပြီး သူ၏ ကျောနှင့် ခြေထောက်များကို နှိပ်နယ်ရန်အတွက် ကလေးများကိုပင် မွေးဖွားပေးလိမ့်မည်။
အရေးအကြီးဆုံးမှာ သူမသည် သူ၏မောင်းမဆောင်ကို တည်ဆောက်ပေးပြီး အမျိုးမျိုးသော အမျိုးသမီးတွေနှင့် ဖြည့်ဆည်းပေးပါလိမ့်မည်။
မိန်းမတစ်ယောက်အနေနှင့် ထိုသို့လုပ်တာ အလွန်စက်ဆုပ်ရွံရှာဖွယ်ကောင်းလိမ့်မည်။
လုရှောင်ယန်သည် ချစ်ခြင်းမေတ္တာနှင့် တော်စပ်ခြင်းသည် ဆက်ဆံရေးတစ်ခု၏ အခြေခံအုတ်မြစ်ဖြစ်သည်ဟု အမြဲတွေးခဲ့သည်။
အမျိုးသားရော အမျိုးသမီးပါ ချစ်ခြင်းမေတ္တာမှ တော်စပ်ခြင်းဆီသို့ ကူးရန် ကြိုးပမ်းအားထုတ်သင့်သည်။
ထိုသို့လုပ်ဖို့၊ အပြန်အလှန်လေးစားမှုလိုသည်။
သို့သော်လည်း ဤမြင်းနက်များသည် အခြေခံအားဖြင့် ဖုန်းအားသွင်းကြိုးများကဲ့သို့ဖြစ်ပြီး ၎င်းတို့သွားလေရာ၌ ကပ်ခြင်းဖြစ်သည်။ သူ တကယ်ကို အန်ချင်လာသည်။
“အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၂၁၀,၀၀၀”
ယခုအချိန်တွင် မင်းသမီးရူယန်သည် လင်းဖေးအတွက် အော်နေပြီဖြစ်သည်။
လုရှောင်ယန်က အထင်အမြင်သေးစွာဖြင့် ပြုံးလိုက်သည်။
“အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတစ်သောင်းပဲ ထပ်ထည့်ရုံပဲလား။ ဒါက လုံးဝ ပျော်စရာမကောင်းဘူး။ ဝိညာဉ်ကျောက်တုံး တစ်သန်း!"
"ဘာ ဝိညာဉ်ကျောက်တုံးတစ်သန်း"
"ဘုရားသခင်၊ ဒီကောင်က ဘယ်သူလဲ။ သူ့တပည့်အတွက် မျက်နှာမပျက်ဖို့အတွက် သူက အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်သန်းကို တကယ် စွန့်ပစ်ခဲ့တယ်။ မင်းမှာ ပိုက်ဆံရှိရင်တောင် ဒီလိုမဖြုန်းတီးသင့်ဘူး။"
ကျီဝူရှား လည်း ထိတ်လန့်သွားသည်။ သူမ၏ဆရာသည် အရန်အစီအစဉ်အချို့ရှိနိုင်သည်ကို သူမသိသော်လည်း သူမ အံ့သြမိသေးသည်။ သို့သော်လည်း သူမသည် သူ့ကို မစည်းရုံးဝံ့ပေ။
“ဆရာ၊ ဘာလုပ်နေတာလဲ။”
လုရှောင်ယန် ဆိုးသွမ်းစွာ ပြုံးလိုက်သည်။
"စိတ်မပူပါနဲ့၊ တစ်စုံတစ်ယောက်က ပေးချေမယ်လို့ ငါအာမခံတယ်။"
"ဒါပေမယ့် ဆရာ တွက်တာ မှားရင် ဘယ်လိုလုပ်မလဲ။"
"ငါတို့ဘာလုပ်နိုင်မလဲ။ လေလံခေါ်ပြီးပြီ။ စောင့်ကြည့်ရုံပါပဲ။”
မင်းသမီးရူယန်လည်း အံသြသွားသည်။ လုရှောင်ယန်သည် ဝိညဥ်ကျောက်တစ်သန်းကို တကယ်ပေးမည်ဟု သူမမျှော်လင့်ခဲ့ပေ။
ဒါက အရမ်း ထုတ်ပြနေတာပဲ။ ဝိညာဉ်ကျောက်တုံး တစ်သန်းသည် သူမအတွက် အများကြီးဖြစ်သည်။
သူမသည် လင်းဖေးကိုကြည့်ကာ လင်းဖေး၏အမူအရာသည် အလွန်ရုပ်ဆိုးလွန်းသည်ကို သဘောပေါက်လိုက်သည်။
"အစ်ကို လင်းဖေး၊ ကျွန်မတို့ ဒါကို ဘာလို့ မဝယ်ပဲထားလိုက်လို့မရတာလဲ။ ဒီဈေးနဲ့ဆို မျက်နှာရဖို့အတွက်ဆိုရင်တောင် မတန်ဘူး။”
လင်းဖေးသည် အောက်တွင် လုရှောင်ယန်ကို စူးစူးစိုက်စိုက်စိုက်ကြည့်ကာ သူ၏မျက်လုံးများတွင် အေးစက်မှုတစ်ခု ပေါ်လာသည်။
ဟုတ်ပါသည် သူဒီလိုနဲ့တော့ လုံးဝအရှုံးမပေးနိုင်ပေ။
သိုင်းဘုရင်အဆင့် ကျွမ်းကျင်ပညာရှင်၏ သိုင်းဧကရာဇ်ဘုံ ခြင်ဆီကို ကျောက်စိမ်းထဲတွင် ဝှက်ထားကြောင်း သိထားသည်။
အကယ်၍ သူသာ အဆိုပါ သိုင်းဘုရင်အဆင့်ခြင်ဆီကို ရယူနိုင်ခဲ့ပါက၊ သူ၏ ကျင့်ကြံမှုသည် စိတ်ကူးမယဉ်နိုင်သော အဆင့်အထိ တိုးလာမည်ဖြစ်သည်။
ထို့အပြင်၊ ၎င်းသည် သူ၏ခန္ဓာကိုယ်အတွက် အလွန်ကောင်းမွန်စေမည်ဖြစ်သည်။
နောင်တွင် သူသည် သိုင်းပညာလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်မည်ဖြစ်သည်။
"ရူယန်၊ ထပ်ပြီး ကမ်းလှမ်းလိုက်ပါ။"
"အမ်.. ဒါပေမယ့်…”
“ဒါပေမယ့် မရှိဘူး။ နောက်တစ်ခါကျ ပြန်ပေးပါ့မယ်။”
“ဒါဆို…ကောင်းပြီ။”
သူမချစ်သူက ထိုသို့ပြောနေပြီမို့ ရူယန် သည် အံကြိတ်ပြီးသာ ပြောနိုင်သည်။
“အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်သန်းတစ်သောင်း။”
ကျီဝူရှား လုံးဝ အံသြသွားတော့သည်။
ရူယန်က တကယ် ထပ်ပေးတာလား။
သူမဆရာက အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်သန်းကို ကမ်းလှမ်းပြီးပြီ၊ သို့သော် သူမထပ်ပေးသေးတာလား။
သူမ ရူးနေပြီလား..
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၈။ အခန်း ၁၁၉ ဒေါသထွက်နေတဲ့ လင်းဖေး
"အဆင့်မြင့် ဝိညာဉ်ကျောက် တစ်သန်းနဲ့ တစ်သိန်း" အားလုံး ထိတ်လန့်နေကြစဉ်မှာပဲ လုရှောင်ယန်က ထပ်ပြီးအော်လိုက်သည်။
ကျီဝူရှားသည် နေရာတွင်ပင် သတိလစ်တော့မလို ခံစားလိုက်ရသည်။
သူမသည် မထိန်းနိုင်ပဲ သူမ၏ဆရာသည် သေလမ်းရှာနေသည်လားဟုပင်တွေးမိသွားသည်။
သူမဆရာက အဆင့်မြင့်ဝိဉာဉ်ကျောက်တုံး တစ်သန်းနှင့် တစ်သိန်းကို လေလံဆွဲပြီးဖြစ်သည်။ တဖက်လူက ဆက်ပေးဦးမည်လား။
သူမ၏ဆရာသည် ထိုတန်ဖိုးအကုန်လုံးကို သူ့ဘာသာ ပေးချေရမည်ဟု သူမ ခံစားမိသည်။
အခြားပရိသတ်များကလည်း တုန်လှုပ်ခြောက်ခြားသွားကြသည်။
မင်းသမီး ရူယန် ဒေါသထွက်သွားသည်။
"ဒီလူယုတ်မာ။ ငါ သူ့ကို တကယ်သတ်ချင်နေပြီ.."
လင်းဖေး၏ မျက်လုံးများမှာလည်း အလွန်အေးစက်နေသည်။
သူသည် သူ၏လက်သီးတွေကို ဆုပ်ထားသည်။
"ရူယန်၊ ထားလိုက်ပါ၊ ဈေးက အရမ်းမြင့်တယ်။ ဒီတစ်ခါတော့ ကံဆိုးတယ်လို့ မှတ်ယူထားလိုက်ပါ။"
ရူယန်က "တောင်းပန်ပါတယ် အစ်ကိုလင်းဖေး တောင်းပန်ပါတယ် ရှင့်ကို စိတ်ပျက်မိလို့ တောင်းပန်ပါတယ်"
သူမသသည် ဝိညာဉ်ကျောက်တုံး ၁.၂ သန်းကို မတတ်နိုင်လို့ မဟုတ်ပါ။ စင်စစ် မင်းသမီးတစ်ပါးသည် နှစ်ပေါင်းများစွာ စုဆောင်းထားသည့်အရာများ ရှိနေဆဲပင်။
သို့သော် ပြဿနာမှာ ဤပစ္စည်းသည် ကျောက်တုံးကြီးတစ်ခုသာ ဖြစ်နေခြင်းပင်။
ဝိညာဉ်ကျောက်တုံး ၁.၂ သန်းသည် မင်းသမီးလေး၏ အိမ်တော်အတွက် လအနည်းငယ်ကြာအောင် သုံးစွဲဖို့ပင် လုံလောက်သည်။
မင်းသမီးတစ်ပါးဆိုလျှင်တောင် ဤကြောင်တောင်တောင် ကျောက်တုံးတစ်တုံးဝယ်ဖို့ ပိုက်ဆံအများကြီး အကုန်အကျခံရသည်ကို နှလုံးနာကျင်မိမည်ဖြစ်သည်။
သူမသည် တခြားသူများကို သူမ၏အဆင့်အတန်းကိုအားကိုးပြီး အနိုင်ကျင့်၍ မရပေ။
ဤသည်မှာ မဟာကျိုးလေလံအိမ်ဖြစ်ပြီး ၎င်း၏နောက်ကွယ်တွင် တော်ဝင်မိသားစု၏ ပံ့ပိုးမှုလည်းရှိသည်။ ၎င်းသည် သူမကဲ့သို့ မင်းသမီးလေးတစ်ပါးက ဝင်ရှုပ်နိုင်သည့် အရာမဟုတ်ပါ။ ထိုအခြေအနေမျိုးတွင် သူမသည် လေလံပွဲ၏ ဂုဏ်သိက္ခာကို ထိခိုက်စေမည်ဖြစ်သည်။ ထိုသို့ဆိုလျှင် သူမအဖေတောင်မှ သူမကို လွယ်လွယ်နှင့် လွှတ်ပေးမှာ မဟုတ်ပေ။
သူမသည် တိုင်းပြည်ဂုဏ်သိက္ခာကို မဖျက်ဆီးနိုင်သလို တော်ဝင်မိသားစုအပေါ် ယုံကြည်မှုကိုလည်း ချိုးဖျက်၍ မရပါ။ ဤသည်မှာ အခြေခံအုတ်မြစ်ဖြစ်သည်။
လင်းဖေးသည် ထိုကျောက်အတွင်းတွင် သိုင်းဘုရင်အဆင့်ခြင်ဆီရှိနေကြောင်း သူမအား ပြောပြထားလျှင် တစ်မျိုးဖြစ်လိမ့်မည်။
ထိုသို့ဆိုလျှင် သူမသည် အကုန်အကျခံပြီး ဝယ်ပေးလိမ့်မည်။
ကံမကောင်းစွာ၊ လင်းဖေးသည် သူမကို ပြောပြဖို့မဖြစ်နိုင်ပေ။
"ကောင်းပြီ၊ အဲဒါက ကြောင်တောင်တောင် ကျောက်တုံးကြီးပဲ ငါတို့ လေလံရှုံးတော့လဲ ဘာဖြစ်လဲ။" လင်းဖေးက သူမကို နှစ်သိမ့်လိုက်သည်။
ဤသို့ပြောသော်လည်း သူ၏မျက်လုံးများထဲတွင် လူသတ်ချင်စိတ်များ ပေါ်လာသည်။
သိုင်းဘုရင်အဆင့်ခြင်ဆီကို စွန့်လွှတ်ရန်မှာ သေချာပေါက် မဖြစ်နိုင်ပေ။
သို့သော် ဝိညာဉ်ကျောက်တုံး တစ်သန်းကို အလွယ်တကူ ရှာမရရှိနိုင်ပေ။ ဝိညာဉ်ကျောက်တုံးများသည် ရူယန်နှင့်သာသက်ဆိုင်သော်လည်း၊ သူမသည် သူ၏မိန်းမဖြစ်နေဆဲပင်။
သူသည်လည်း ထိုမျှလောက်သော ဝိညာဉ်ကျောက်တုံးများကို စွန့်လွှတ်လိုစိတ် မရှိပါ။
လုရှောင်ယန်ကို သတ်ပြီး ကျောက်စိမ်းကို ပြန်ယူဖို့ သူ စိတ်ကူးထားပြီးသားပင်။
လုရှောင်ယန်ကို သတ်လိုက်ခြင်းက သူ့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေမှာ မဟုတ်ပါ။
ထို့အပြင် လုရှောင်ယန်သည် ကျီဝူရှား၏ဆရာဖြစ်သည်။ သူ အသတ်ခံရလျှင် သူ၏ ကံဆိုးမှုကိုသာအပြစ်တင်နိုင်သည်။
လုရှောင်ယန်သည် သူတို့၏ စကားတစ်ခွန်းမကျန် အကုန်ကြားသည်။
လင်းဖေး၏ အတွေးများကို သူ မှန်းဆထားပြီးသားဖြစ်သည်။
တစ်ဖက်က သူ့ကိုသတ်ဖို့ ကြိုးစားနေတာ သေချာသည်။
လောကတွင် မရေမတွက်နိုင်သော မြင်းနက်များ ရှိသည်။ သူတို့သည် ပုံစံအမျိုးမျိုးရှိသည်။ သို့သော် အရေးကြီးဆုံးမှာ သူတို့အားလုံးသည် အလွန်တစ်ကိုယ်ကောင်းဆန်ကြသည်။
သူတို့၏ အကျိုးစီးပွားပါနေသရွေ့ ပမာဏနည်းနည်းလေးပဲ ဖြစ်ပါစေ လွှတ်ပေးမည် မဟုတ်ပေ။
အကောင်းဆုံးအခြေအနေမှာ သူတို့သည် တစ်စုံတစ်ယောက်၏ ခြေလက်တွေကို ချိုးဖျက်ပြီး သူတို့၏ ကျင့်ကြံမှုကို ထိခိုက်စေခြင်းဖြစ်သည်။ အဆိုးဆုံးမှာ၊ သူတို့သည် ထိုသူ၏ မိသားစုများနှင့် မျိုးနွယ်စုတစ်ခုလုံးကိုပင် ဖျက်ဆီးပစ်နိုင်သည်။
လုရှောင်ယန်သည် ချမ်းသာသော ဒုတိယမျိုးဆက် အမွေဆက်ခံသူ ဗီလိန်ဖြစ်ခဲ့ပါက၊ သူသည် သူ၏ ရုပ်အလောင်းကို ပြင်ဆင်ရန် အခေါင်းပြင်ဖို့ ပြန်လာနေရပြီဖြစ်သည်။
ကံမကောင်းစွာ...သူက ထိုသို့မဟုတ်ပေ။
သူသည် ကြောင်အနေသော လေလံဆွဲသူကိုကြည့်ကာ ပြုံးနေ၏။
"ဟေး အခု.. ကြေညာလို့ရပြီလား ဘယ်သူကမှထပ်မပေးတော့ဘူးနော်။ မြန်မြန်လုပ်တော့။ ငါ့ကိုအဲ့ပစ္စည်းပေး...။ ငါ ဖျက်ဆီးပစ်ချင်လို့..."
လေလံဆွဲသူ၏ မျက်နှာသည် ပြင်းထန်စွာ တုန်လှုပ်သွားသည်။
"မင်း ဝိညာဉ်ကျောက်တုံး တစ်သန်းကျော်လောက် တန်ဖိုးရှိတဲ့ အရာတစ်ခုကို ချိုးချင်တာလား။"
လုရှောင်ယန်က အလေးအနက်ထားပြောသည်။
"ဟုတ်ပါတယ်။ ဒီလိုအမှိုက်မျိုးက အသုံးမဝင်ပါဘူး။ အဲဒါနဲ့ ငါဘာဆက်လုပ်ရမလဲ။ ခွဲပြီးရင် လူတိုင်းကို အမှတ်တရအဖြစ် ငါ လက်ဆောင်ပေးမယ်။"
ထိုသို့ပြောပြီးသည်နှင့် လင်းဖေး၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ လုရှောင်ယန် သည် ကျောက်စိမ်းကို ခွဲလိုက်ပါက၊ အထဲမှာရှိသော သိုင်းဘုရင်အဆင့် ခြင်ဆီသည် လွတ်မြောက်သွားလိမ့်မည်။ ထိုသို့ဆိုလျှင် သူ ကျောက်စိမ်းကို ဘယ်လို ယူတော့မလဲ။
လုရှောင်ယန်ကို ကျောက်စိမ်းကို ချိုးဖျက်ဖို့ နေနေသာသာ ကျောက်စိမ်းကို သူ မရနိုင်အောင်လုပ်ရမည်။
"စိတ်ဝိညာဉ်ကျောက် ၁.၂ သန်း၊ ငါ ဝိညာဉ်ကျောက်တုံး ၁.၂ သန်း ပေးမယ်။"
လင်းဖေးက ထိုသို့အော်လိုက်သည်နှင့်...
ကျီဝူရှားသည် တုန်လှုပ်ခြောက်ခြားသွားသည်။
မင်းသမီးရူယန်သည်လည်း အံသြသွားသည်။
တခြားသူတွေ၏ ဦးနှောက်တွေသည် မှိုလို ဖြစ်သွားသည်။
သူက ဈေးထပ်တက်သည်။
၁.၁ သန်း နှင့်ပင် မလုံလောက်ဘူးလား။ အမှန်တကယ် ကြီး 1.2 သန်းအထိရောက်ရှိခဲ့သည်။
ဒါက လင်းဖေး ရူးနေတာလား။
လုရှောင်ယန်သည် မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်သည်။
"ငါ့မှာ ဝိညာဉ်ကျောက်တုံး ၁.၁ သန်းပဲရှိတယ်။ ငါ့တပည့်၊ ဒီနေ့ မင်းကို ဂုဏ်ယူအောင် မလုပ်နိုင်ခဲ့ဘူး။ ငါ့ကို အပြစ်မတင်ပါနဲ့။"
ကျီဝူရှား၏ လှပသော မျက်နှာသည် မထိန်းနိုင်ပဲ ပြင်းထန်စွာ တုန်လှုပ်သွားသည်။
ဆရာက ဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာလား။
လင်းဖေးသည် အဘယ်ကြောင့် စျေးတက်သည်ကို သူမ မသိသော်လည်း...၎င်းသည် သေချာပေါက်သူမ၏ဆရာကြောင့်ဖြစ်သည်။
သူမဆရာက လင်းဖေးကို အမြဲစစ်ဆေးသည်။ လင်းဖေးသည် စျေးနှုန်းကို ကျိန်းသေ တိုးပေးမည်ဟု သူသေချာသိသည်။
ယခုအချိန်တွင်၊ ကျီဝူရှားသည် လုရှောင်ယန်ကို ပို၍လေးစားလာသည်။
သူမ၏ဆရာသည် အနာဂတ်ကိုပင် ခန့်မှန်းနိုင်သည်။
သူမဆရာ၏ ကန့်သတ်ချက်က ဘယ်မှာလဲ။
သူ ဘယ်လောက်တောင် အစွမ်းထက်သည်လဲ။
သူမပြန်ရောက်သောအခါတွင် ၎င်းကို သူမ၏မှတ်စုစာအုပ်ငယ်တွင် မှတ်တမ်းတင်ထားရမည်။
သူမဆရာက သေချာပေါက်ကို အရမ်းမိုက်လွန်းသည်။
အပေါ်ထပ်တွင် ရူယန်သည် သူမဘေးနားရှိ လင်းဖေးကို ထိတ်လန့်စွာ ကြည့်လိုက်သည်။ သူမ နားမလည်နိုင်တော့ပေ။
"အစ်ကို လင်းဖေး ရှင် ဘာလုပ်နေတာလဲ။"
လင်းဖေး အံကြိတ်ကာ "ရူယန်၊ ငါမင်းကို မပြောပြနိုင်သေးပေမယ့် ငါ့ကိုယုံပါ။ဒီကျောက်စိမ်းက သာမန်မဟုတ်ဘူး။ အဲဒါကို ရယူရမယ်။ တစ်နေ့ ငါ လုံးဝ အစွမ်းထက်လာတဲ့အခါ မင်းကို မရေမတွက်နိုင်တဲ့ ဝိညာဉ်ကျောက်တုံးတွေကို ငါ သေချာပေါက် ပေးမယ်။" ထိုစကားကိုကြားသော် ရူယန်၏ မျက်လုံးတွေထဲတွင် အဆုံးမဲ့ စွဲလန်းမှုတွေ ပေါ်လာသည်။
"ကောင်းပြီ အစ်ကို လင်းဖေး၊ ကျွန်မ ယုံပါတယ်။"
နောက်ဆုံးတွင် ရူယန်၏အကူအညီဖြင့် လင်းဖေးသည် ကျောက်စိမ်းကိုရရှိပြီး လေလံအောင်ခဲ့သည်။ ကျန်လေလံပွဲများတွင် ဆက်လက်ပါဝင်ခြင်းမရှိပေ။
အဓိက ဇာတ်ကောင် မရှိတော့သည့်အခါ လုရှောင်ယန်သည် သဘာဝအတိုင်း ဆက်နေချင်စိတ် မရှိတော့ပေ။
သူပြန်လာပြီး သိုင်းဘုရင်အဆင့်ခြင်ဆီကို သန့်စင်ရန် နည်းလမ်းရှာရဦးမည်။
"ဝူရှား၊ ငါတို့လည်း ပြန်ရအောင်။"
"ဟုတ်ကဲ့။"
ဆရာနှင့် တပည့် ထွက်သွားပြီးနောက်၊ လေလံပွဲသည် လုရှောင်ယန်၏ အဆင့်မြင့်ကောင်းကင်ဘုံဓားကို လေလံတင်ရောင်းချသည်။
ထိုအချိန်တွင် လေလံပွဲတစ်ခုလုံး ရူးသွပ်သွားပြန်သည်။
လင်းဖေးဘက်တွင် ရူယန်၏ မင်းသမီးလေး စံအိမ်သို့ ပြန်ရောက်ပြီးနောက် သူ၏ လျှို့ဝှက် ကျင့်ကြံခန်းသို့ ချက်ချင်း ဝင်ခဲ့သည်။
နောက်အခိုက်အတန့်တွင် သူသည် ကျောက်စိမ်းကို ချက်ချင်းထုတ်ယူပြီး သိုင်းဘုရင်အဆင့် ခြင်ဆီကို ထုတ်ယူရန် ကြိုးစားသည်။
အစီအရင်ဖွဲ့စည်းပြီးနောက် လင်းဖေးက ကျောက်စိမ်းအကာအကွယ်ကို ဖြုတ်လိုက်သည်။
သို့သော် သူသည် သိုင်းဘုရင်အဆင့်ခြင်ဆီအား ထုတ်ယူခါနီးတွင် ကျောက်စိမ်းသည်အလွတ်ဖြစ်နေကြောင်း သူတွေ့ရှိခဲ့ရသည်။
လင်းဖေး : ....
သူ၏ခေါင်းထဲတွင် မေးခွန်း အမှတ်အသားတွေနှင့် ပြည့်နေသည်။
ဘာတွေဖြစ်နေတာလဲ..
သိုင်းဘုရင်အဆင့် ခြင်ဆီ ဘယ်မှာလဲ။
သူ့ရဲ့ သိုင်းဘုရင်အဆင့် ခြင်ဆီဘယ်မှာလဲ။
အချိန်အတော်ကြာ အံသြသွားပြီးနောက် သူ၏ဆရာကို ချက်ချင်းခေါ်လိုက်သည်။
အဖြူရောင်၀တ်စုံနှင့် အလှလေးသည် လွန်စွာ မကျေမနပ် ဖြစ်နေသော အမူအရာဖြင့် တဖြည်းဖြည်း ပေါ်လာသည်။
"ဖေးအာ၊ ဘာမှ အရေးမကြီးဘူး ဆိုရင် ငါ့ကို မခေါ်ပါနဲ့ ၊ မင်း ငါ့ကို ဘာလို့ ထပ်ခေါ်တာလဲ?"
လင်းဖေးက "ဆရာ၊ ကျွန်တော် တော်တော်ဒုက္ခရောက်နေတယ်။ ဒီကျောက်စိမ်းထဲမှာ သိုင်းဘုရင်အဆင့် ခြင်ဆီ မရှိဘူး။"
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒီကျောက်စိမ်းထဲမှာ လောင်ကျွမ်းကောင်းကင်ဧကရာဇ်ရဲ့ ခန္ဓာကိုယ်ထဲက အကောင်းဆုံးရိုးတွင်းချဉ်ဆီပါရှိပါတယ်။ တစ်နေ့မှာ သူ့ကိုယ်သူ ရှင်ပြန်ထမြောက်ဖို့အတွက် သူ့ခန္ဓာကိုယ်ထဲက ထုတ်ယူထားတာကို ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။"
"ကျီဝူရှားရဲ့ဆရာကြောင့်လား။ သူဒီနေ့ကျွန်တော့်ကို ဆိုးဆိုးရွားရွားလှည့်စားပြီး လေလံဆွဲခဲ့တယ်။ အဲဒါက သူပဲဖြစ်ရမယ်။ သူက ဒီနောက်ကွယ်မှာရှိနေတဲ့သူပဲ။"
အဖြူရောင်ဝတ်ရုံဝတ် ယွဲ့ယင်းက ခေါင်းယမ်းလိုက်သည်။
"မင်း အတွေးလွန်နေတာ။ ကျောက်စိမ်းပေါ်က လောင်ကျွမ်းကောင်းကင်ဧကရာဇ်က ချထားတဲ့ အစီအရင်ကို ချိုးဖျက်နိုင်စွမ်း သူ့မှာ မရှိပါဘူး။ မင်းကိုတောင် ကံကောင်းလို့ ငါသင်ပေးခဲ့တာ။ မဟုတ်ရင် မင်းတောင် ဒီအစီအရင် ကို ချိုးဖျက် နိုင်မှာမဟုတ်ဘူး….."
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၈။ အခန်း ၁၂၀ ကြည့်ရတာ ငါဒီ လုရှောင်ယန်ကို သင်ခန်းစာပေးရမယ့်ပုံပဲ
"ဒါဆို ဘာဖြစ်တာလဲ? ဒီ သိုင်းဘုရင်အဆင့်ခြင်ဆီက အချိန်ကြာလို့ ခြောက်ခမ်းသွားတာလား။"
အဖြူရောင်ဝတ် ယွဲ့ယင်းက ခေါင်းယမ်းလိုက်ပြန်သည်။
"ဒါမဖြစ်နိုင်ဘူး။ သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူတစ်ယောက်ရဲ့ ရိုးတွင်းခြင်ဆီဟာ သာမန်မဟုတ်ဘူး။ အနှစ်တစ်သောင်းကျော်ရင်တောင် ပျက်စီးမှာမဟုတ်ဘူး။ ငါ ဟိုလူယုတ်မာ ဖန်ထျန်း ရဲ့လှည့်စားတာ ခံခဲ့ရပုံပဲ။ သူက သူ့ သိုင်းဘုရင်အဆင့် ခြင်ဆီကို ကျောက်စိမ်းထဲ လုံးဝမသိမ်းဆည်းခဲ့ဘူး...။"
“သူ့ရဲ့ သိုင်းဘုရင်အဆင့် ခြင်ဆီကို တခြားတစ်နေရာရာမှာ သိမ်းဆည်းထားတာမျိုး ဖြစ်နိုင်တယ်။ ဒီကျောက်စိမ်းက ဟန်ဆောင်မှုတစ်ခုပဲ။”
"ဒါဆို ကျွန်တော်တို့ အခု ဘာလုပ်သင့်လဲ။ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၁.၂ သန်းကို ကျွန်တော်သုံးစွဲခဲ့တယ်။ ကျွန်တော်တို့ ဒါကို လက်လွှတ်လိုက်ရမှာလား။”
လင်းဖေးသည် သူ၏လက်သီးများကို တင်းတင်းထားပြီး ဒါကို လက်မခံချင်ပါ။
ဝတ်ရုံဖြူဝတ် ယွဲ့ယင်းက ခေါင်းခါလိုက်သည်။
"မင်းရဲ့ စိတ်အခြေအနေက အရမ်းအားနည်းနေသေးတယ်။ အဲဒါက အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၁.၂ သန်းပဲရှိတယ်။ အဲဒါက ဘယ်လောက်တန်မှာမလို့လဲ။ မင်းသိုင်းဘုရင်အဆင့် ကျွမ်းကျင်သူဖြစ်လာရင် ဒါတွေက ရွှံ့တွေနဲ့ မခြားဘူး။"
"ဒါပေမယ့် ကျွန်တော် ကျီဝူရှား ရဲ့ဆရာ့ဆီ လှည့်စားခံခဲ့ရတယ်။ ဆရာ ဒါကို ကျွန်တော် ဒီအတိုင်းမထားနိုင်ဘူး။"
၎င်းမှာ အဆင့်မြင့်ဝိညာဉ်ကျောက်တုံး ၁.၂ သန်းဖြစ်သည်။
လုရှောင်ယန် ကြောင့်သာမဟုတ်ပါက၊ သူသည် ဤကျောက်စိမ်းကိုရရှိရန် အဆင့်မြင့်ဝိဉာဉ်ကျောက်တုံး ၁,၀၀၀ မှ ၂,၀၀၀ အထိသာ လိုအပ်မည်ဖြစ်သည်။
ဆုံးရှုံးမှုတစ်ခု ဖြစ်ခဲ့သော်ငြားလည်း ဝိညာဉ်ကျောက်တုံး တစ်ထောင် သို့မဟုတ် နှစ်ထောင် ကခံသာသည်။ သို့သော် ဝိညာဉ်ကျောက်တုံး တစ်သန်းကျော် ဆုံးရှုံးခြင်းသည် ကြီးမားသော ဆုံးရှုံးမှုတစ်ခု ဖြစ်နေဆဲပင်။
ဝတ်ရုံဖြူဝတ် ယွဲ့ယင်းသည် လင်းဖေး၏ စွမ်းဆောင်မှုကို မကျေနပ်သဖြင့် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
ဒါလေးက အသေးအမွှားကိစ္စလေးပါ။ သူဒါဆုံးရှုံးတော့ရော ဘာဖြစ်သလဲ။
အရေးကြီးဆုံးက သူ၏နှလုံးသားနှင့် စိတ်ဝိညာဉ်ကို ကျင့်ကြံခြင်းအတွက်သာ မြှပ်နှံထားရန်ဖြစ်သည်။ သိုင်းဘုရင်အဆင့် အထိကျင့်ကြံရန်အတွက်သာ အာရုံစိုက်သင့်သည်။
"ထားလိုက်ပါ၊ အဲ့ဒီလိုဆို... အဲဒီ့ကောင်ကို သင်ခန်းစာတစ်ခု သင်ပေးရုံပေါ့...။"
"စိတ်အေးအေးထား၊ နောက်လကျ၊ မဟာကျိုးရဲ့ ရှေးဟောင်းတားမြစ်နယ်မြေကို ဖွင့်လှစ်တော့မယ်။ မင်းရဲ့ ကျင့်ကြံမှု မြန်မြန်ဆန်ဆန် တိုးရမယ်။ ဒီနည်းနဲ့သာ မင်းရှေးဟောင်းတားမြစ်နယ်မြေမှာ အဆင့်အတန်းမြင့်တဲ့ အဆင့်ကို ရရှိနိုင်ပြီး မြင့်မားတဲ့ ဆုလာဘ်ကို ရယူနိုင်မှာ။"
"ကျွန်တော်နားလည်ပါတယ်။"
လင်းဖေး၏ နှုတ်ခမ်းထောင့်များသည် အနည်းငယ် ကွေးညွတ်သွားသည်။ သူကိုယ်တိုင် လုရှောင်ယန်ကို ကိုင်တွယ်မည်မဟုတ်သော်လည်း သူ၏ဆရာက သူ့ကို ကိုင်တွယ်ပါကလည်း ထူးမခြားနားပင်ဖြစ်လိမ့်မည်။ လုရှောင်ယန် ဒုက္ခရောက်အောင် လုပ်နိုင်သရွေ့ အဆင်ပြေသည်။
ထို့အပြင် သူ၏ဆရာသည် လုရှောင်ယန်ကို မသေရင်တောင် အနည်းဆုံး ပြင်းထန်စွာ ဒဏ်ရာအောင်လုပ်လိမ့်မည်။ ထိုလူ သူ၏ဘဝတစ်သက်တာလုံး မသန်စွမ်းဖြစ်သွားရလိမ့်မည်။
ယနေ့ သူ၏ အရှက်ကွဲမှုကို အနည်းနှင့်အများ တုံ့ပြန်နိုင်ပြီ..။
ထိုသို့ဆိုလျှင် သူကတော့ သူ၏ အတွေးအမြင်များကို ကျင့်ကြံမှုတိုးတက်လာစေရန်နှင့် မဟာကျိုး အင်ပါယာ၏ ရှေးဟောင်းတားမြစ်နယ်မြေတွင် ပါဝင်ရန်သာ လုံးလုံးလျားလျား အာရုံစိုက်နိုင်မည်ဖြစ်သည်။
မဟာကျိုး၏ ရှေးဟောင်းတားမြစ်နယ်မြေသည် ရှေးခေတ်ကတည်းက ရှိသော တားမြစ်နယ်မြေဖြစ်သည်။ ကမ္ဘာမြေကို မမှီခိုသောနေရာဖြစ်သည်။
မဟာကျိုး သိုင်းပညာရှင်များ လေ့ကျင့်ရန် နှစ်တစ်ရာလျှင် တစ်ကြိမ် ဖွင့်လှစ်မည်ဖြစ်သည်။
အဆင့်သတ်မှတ်ခြင်းသို့ ဝင်ရောက်နိုင်သည့် သိုင်းပညာရှင်များသည် ကောင်းမွန်သော သတ်မှတ်ထားသည့်ဆုလာဘ်ကို ရရှိမည်ဖြစ်သည်။ အဆင့်ပိုမြင့်လေ ဆုလာဘ်များ ပိုကောင်းလေလေဖြစ်သည်။
သို့ရာတွင်၊ ၎င်းသည် အမှန်တကယ်တော့ မဟာကျိုး၏ ဘိုးဘေး သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူတစ်ဦးမှ တည်ဆောက်ထားသည့် လေ့ကျင့်ရေးကွင်းဖြစ်ကြောင်း သူ၏ဆရာက ပြောပြခဲ့သည်။ အထဲမှာ ရတနာတွေ အများကြီးရှိသည်။
သူဝင်ရောက်နိုင်သရွေ့ သူ၏အဆင့် မမြင့်ဘူးဆိုလျှင်တောင် သူ၏ဆရာအကူအညီနှင့် စည်းစိမ်ဥစ္စာတွေ အများကြီးရနိုင်ပါသေးသည်။ အဲဒါက ဆုတွေထက် ပိုကောင်းမှာ မဟုတ်ဘူးလား။
"ဆရာ၊ ကျွန်တော့ကို အဲဒီကို လိုက်ပို့ပေးစေချင်လား။"
"မလိုပါဘူး ငါတစ်ယောက်တည်းသွားမယ်။"
သူပြောပြီးသည်နှင့် ၀တ်ရုံဖြူသည် ဝိညာဉ်ခန္ဓာကိုယ်ကို ခွဲလိုက်သည်။
လင်းဖေးက စိတ်ဝင်တစားဖြင့် "ဆရာ၊ အဲဒီကို မသွားဘူးလား။"
ဝတ်ရုံဖြူဝတ် ယွဲ့ယင်းက ရယ်မောလိုက်သည်။
"သေမျိုးတစ်ယောက်နဲ့ ရင်ဆိုင်ဖို့ ဘာလို့ ငါ့ရဲ့ပင်မဝိညာဉ်ခန္ဓာကို လိုအပ်ရမှာလဲ။ အတွေးတစ်ခုကတင် သူ့ဘဝတစ်ခုလုံးကို နောင်တရစေဖို့လုံလောက်တယ်။"
လင်းဖေး ခေါင်းညိတ်လိုက်သည်။
အမှန်မှာ၊ သူ့ဆရာ၏ ကျင့်ကြံမှုဖြင့် သူမ၏ အသိဉာဏ်အပိုင်းအစသည်ပင် လုံလောက်သည်ထက် ပိုနေပါသည်။ ဆရာက လုရှောင်ယန်ကို အထင်ကြီးသည်ဟုပင်ပြော၍ရသည်။
လုရှောင်ယန်ကမူ တော်ဝင်နန်းတော်သို့ ပြန်ရောက်ပြီးနောက် သူသည် ဆေးပြား ဖော်စပ်ရန်အတွက် သိုင်းဘုရင်အဆင့် ခြင်ဆီကို ချက်ချင်း စတင်အသုံးပြုသည်။
သူသည် တောင်တန်းနှင့် မြစ် ပန်းချီကားထဲကို တိုက်ရိုက် ဝင်ရောက်သည်။ ထိုသို့သောနည်းလမ်းဖြင့် ပုံမှန်မဟုတ်သည့် ဖြစ်စဉ်တွေ ဖြစ်ပေါ်လာသည့်အခါ တခြားသူတွေက သူ့ကို သံသယရှိမည် မဟုတ်ပေ။
ထို့နောက် လုရှောင်ယန်သည် ကျောက်စိမ်းမှရရှိသော သိုင်းဘုရင်အဆင့်ခြင်ဆီအား ထုတ်ယူခဲ့သည်။
သိုင်းဘုရင်အဆင့် ခြင်ဆီသည် အလွန်သေးငယ်သည်။ ထို့အပြင်၊ ဤအရာသည် အခြားသူ၏ ရိုးတွင်းခြင်ဆီ အကုန် မဟုတ်ပေ။ ထို့ကြောင့် အများကြီးမဟုတ်ပါ။ ပင်ပေါင်ဘောလုံး အရွယ်သာ ရှိသည်။
သို့သော် ပမာဏအနည်းငယ်သာရှိသော်လည်း ၎င်းမှထုတ်လွှတ်သော ဖိအားသည် အလွန်ပြင်းထန်သောကြောင့် နှလုံးခုန်မြန်စေသည်။
"ဒါက သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူတစ်ယောက်ရဲ့ ခွန်အားလား။ သူက တကယ်ကို အစွမ်းထက်လွန်းတယ်။ သူ့ရိုးတွင်းခြင်ဆီနည်းနည်းလေးကတောင်၊ ထုတ်လွှတ်လိုက်တဲ့ စွမ်းအားက ငါ့နှလုံးကို ပိုမြန်လာစေတယ်။ စစ်မှန်တဲ့ သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူကို ငါတွေ့ရင် ဘာဖြစ်သွားမလဲလို့ပဲ။"
လုရှောင်ယန် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။
သို့သော် သူ ထိတ်လန့်ခြင်းကို ချက်ချင်းရပ်တန့်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် သိုင်းဘုရင်အဆင့် ခြင်ဆီသည် အလွန်အားကောင်းသောကြောင့် နောက်ပိုင်းမှာ ရရှိလာမည့် အကျိုးကျေးဇူးတွေက ပိုအားကောင်းလာပြီဖြစ်သည်။
ထိုသို့တွေးပြီး သူသည် ရှင်းယွင်ချီတစ်ထောင်အိုးကို ထုတ်ယူလိုက်သည်။
ထို့နောက် သူသည် သိုင်းဘုရင်အဆင့် ခြင်ဆီကို အပိုင်းငယ်များခွဲရန် သူ၏ ဝိညာဉ်စွမ်းအင်ကို စတင်အသုံးပြုပြီး သိုင်းဘုရင်အဆင့် ခြင်ဆီဆေးလုံးကို စတင် သန့်စင်သည်။
သို့သော် ဤအခိုက်အတန့်တွင် ရိုးတွင်းခြင်ဆီမှ အလွန်အားကောင်းသော စွမ်းအားတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ဤအင်အားသည် အလွန်ပြင်းထန်ပြီး တောင်တန်းနှင့် မြစ် ပန်းချီကားထဲရှိ ပန်းများနှင့် သစ်ပင်များအားလုံးကို ဖျက်ဆီးလုနီးပါးဖြစ်သည်။
"မျိုးမစစ်...မင်းက ဘယ်သူလဲ။ ငါတို့ရဲ့ လောင်ကျွမ်းကောင်းကင်ဧကရာဇ်ရဲ့ သိုင်းဘုရင်အဆင့် ရိုးတွင်းခြင်ဆီကို ယူဖို့ မင်းဘယ်လိုတောင် သတ္တိရှိတာလဲ။"
လုရှောင်ယန် မကူညီနိုင်ဘဲ အနည်းငယ် ထိတ်လန့်သွားသည်။ တဖက်သူ၏ အသိဉာဏ်အကြွင်းအကျန်သည် သိုင်းဘုရင်အဆင့် ခြင်ဆီ နှင့် ဆက်စပ်နေမည်ဟု သူ မမျှော်လင့်ထားပေ။
ဒါက နည်းနည်းတော့ မမျှော်လင့်ထားဘူး။
သို့သော်လည်း တဖက်သူက မည်သူပင်ဖြစ်ပါစေ လုရှောင်ယန်က ထိုသူ၏အထက်စီးဆန်မှုကို သည်းခံမည်မဟုတ်သည်မှာ သေချာပါသည်။
တဖက်သူသည် သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်သောကြောင့် လုရှောင်ယန်သည် တဖက်သူအား လေးစားရန် လိုအပ်သည်။
ထို့ကြောင့် နောက်စက္ကန့်တွင် လုရှောင်ယန်သည် သူ၏ သိုင်းဘုရင်အဆင့် လက်နက်ကို တိုက်ရိုက်ဆင့်ခေါ်လိုက်သည်။
ရှေးဟောင်းတိုက်ပွဲနတ်ဘုရားလှံတံ၊ ဇာမဏီနားခိုရာအကာအကွယ်အမှတ်၊ အာကာပြင်ဖြိုခွဲတူ…
သိုင်းဘုရင်အဆင့် လက်နက်မျိုးစုံကို တစ်ချိန်တည်းမှာပင် အသက်သွင်းပြီး လောင်ကျွမ်းကောင်းကင်ဧကရာဇ်၏ ကျန်ရှိနေသေးသော အသိဉာဏ်ကို အံသြသွားစေသည်။
"သိုင်း… သိုင်းဘုရင်အဆင့် လက်နက်တွေလား... ဒါတွေက တကယ်ကြီး သိုင်းဘုရင်အဆင့် လက်နက်တွေလား။ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ၊ မဖြစ်နိုင်ဘူး"
ဤအခိုက်အတန့်တွင် လောင်ကျွမ်းကောင်းကင်ဧကရာဇ်၏အသိဉာဏ်အစိတ်အပိုင်းပင်လျှင် အံ့သြတုန်လှုပ်သွားမိသည်။
သူ၏ဘဝ၏ အထွတ်အထိပ်မှာတောင်မှ သူ့တွင် ဤကဲ့သို့ သိုင်းဘုရင်အဆင့် လက်နက်တွေ အများကြီး မရှိခဲ့ပေ။ အများဆုံးမှ သိုင်းဘုရင်အဆင့် လက်နက်နှစ်ခုသာရှိသည်။ တစ်ခုမှာကွဲနေသည်။ အတိအကျပြောရလျှင် သူ့တွင် သိုင်းဘုရင်အဆင့် လက်နက်တစ်မျိုးသာရှိသည်။ ထို့အပြင် ၎င်းတို့နှစ်ခုစလုံးသည် အဆင့်နိမ့် သိုင်းဘုရင်အဆင့် လက်နက်များဖြစ်သည်။
တစ်ဖက်တွင် လုရှောင်ယန်သည် သိုင်းဘုရင်အဆင့် လက်နက်အစုအဝေးကြီးကို လက်လွှတ်စပယ် ထုတ်ယူခဲ့သည်။
အရေးအကြီးဆုံးမှာ သူ၏ ကျင့်ကြံဆင့်သည် မမြင့်မားသလို သူသည် သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူလည်း မဟုတ်ပေ။
ဘာတွေဖြစ်နေတာလဲ...
အနှစ်တစ်ထောင်ကျော်ကြာပြီးနောက်၊ လူတိုင်းတွင် သိုင်းဘုရင်အဆင့် လက်နက်တစ်ခုပိုင်ဆိုင်သည့်အထိ သိုင်းလောကသည် ပြောင်းလဲနေပြီလား။
လောင်ကျွမ်းကောင်းကင်ဧကရာဇ်၏ ကျန်ရှိနေသေးသော အသိစိတ် ထုံထိုင်းနေစဉ် လုရှောင်ယန်၏တိုက်ခိုက်မှုသည် တစ်ချိန်တည်းတွင် ရောက်ရှိလာသည်။
သိုင်းဘုရင်အဆင့် တိုက်ခိုက်မှုအများအပြားသည် တစ်ချိန်တည်းတွင် တိုက်ခိုက်ကြသည်။ ယခုအချိန်တွင်၊ လောင်ကျွမ်းကောင်းကင်ဧကရာဇ်သည် မျိုးဆက် အဆက်ဆက် တည်ရှိခဲ့ရာမှ ကျန်ရှိနေသော စိတ်ဆန္ဒတစ်ခုသာဖြစ်သည်။ သူ၏ အရှိန်အဝါသည် အလွန်အားကောင်းသော်လည်း၊ သူသည် သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူကိုယ်တိုင်မဟုတ်သေးပေ။ လုရှောင်ယန်ကဲ့သို့ နတ်ဘုရားနှင့်တူသော တည်ရှိမှုကို သူ မည်သို့ ခုခံနိုင်မတဲ့လဲ။
အုန်း..
လောင်ကျွမ်းကောင်းကင်ဧကရာဇ်၏ ရိုးတွင်းခြင်ဆီနှင့်အတူ ကျန်ရှိနေသော အသိစိတ်သည် ရှင်းယွင်ချီတစ်ထောင်အိုးထဲသို့ ဆောင့်ကျသွားတော့သည်….
***
စာစဉ် ၈ ပြီး၏။