အပိုင်း (၂၇၇)
Vol. 19 Ch. 277
"ကောင်းကင်မူလလောကကြီး ဟုတ်လား"
တော်ဝင်သူတော်စင်၏ အမူအရာသည် ပြောင်းလဲသွားခဲ့၏။ သူသည် မသေချာမရေရာသလို ပြောလိုက်၏။ "အင်ပါယာပြောနေတာ ကောင်းကင် လျှို့ဝှက် နန်းဆောင်ရဲ့ သခင်လား"
"ကောင်းကင် လျှို့ဝှက် နန်းဆောင် ဟုတ်လား"
"ကောင်းကင်လျှို့ဝှက်နန်းဆောင်ပဲ"
အင်ပါယာမိုယွမ် ၏ မျက်နှာပေါ်ရှိ ကြွက်သားများသည် တုန်ယင်သွား၏။ သူ၏ ခန္ဓာကိုယ်တွင် အမဲရောင် အလင်းတန်းများပင် တောက်ပလာခဲ့၏။ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိထားလျှင်တောင်မှ သူသည် ကြောက်မက်ဖွယ်ရာ အော်ရာများကို ထုတ်ဖော်နိုင်နေသေး၏။ ပြီးနောက် အသာလှည့်ပြီး ခြောက်ကပ်ကပ် အသံဖြင့် မေးမြန်းလိုက်သည်။ "ကောင်းကင်လျှို့ဝှက် နန်းဆောင်နဲ့ ပတ်သက်ပြီးတော့ တစ်ခုခုကို သိခဲ့လား"
"ဒါက "
တော်ဝင်သူတော်စင်သည် အေးစက်သွားသလို ခံစားလိုက်ရ၏။ တော်ဝင်အင်ပါယာတစ်ယောက်၏ ဖိအားကို သူ ကြံ့ကြံ့ခံ ရင်ဆိုင်နေရ၏။ သူသည် လက်ထဲတွင် ရှိနေသည့် ကျောက်စိမ်းပြားကို အသာကမ်းပေးကာ ပြောလိုက်၏။
“ လောကဖြတ်သန်းပြီးတဲ့နောက်မှာ ကောင်းကင်မူလလောကကြီးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ကျုပ်တောက်လျှောက် ရှာဖွေခဲ့တယ်။ သူတို့ဆီမှာ အင်ပါယာမရှိတဲ့ ဂိုဏ်းတော်တော်များ တည်ရှိနေတာကို အတည်ပြုနိုင်ခဲ့တယ်။ ကောင်းကင်လျှို့ဝှက် နန်းဆောင်တစ်ခုတည်း။"
သူသည် တွန့်ဆုတ်နေသည်။
"ကောင်းကင်လျှို့ဝှက် နန်းဆောင်က ဘာဖြစ်လဲ" အင်ပါယာမိုယွမ်သည် တင်းမာခက်ထန်သည့် လေသံဖြင့် မေးခွန်းထုတ်လိုက်၏။
ထိုလူသည် သူ့အား ဖိအားအဖြစ် ခံစားရစေ၏။ အင်မော်တယ်နှင့် နီးကပ်စွာ တည်ရှိသူတစ်ယောက်ပင်။ သူ့အနေဖြင့် အစစ်အမှန်ပင် တည်နေရာဖြတ်သန်းကာ သွားရောက်ချင်စိတ် ရှိ၏။ သို့ပေမဲ့ မဖြစ်နိုင်ချေ။ အင်ပါယာဖြစ်ပြီးနောက် သူသည် တားမြစ်တည်နေရာ ငါးခုကို သွားရောက် လည်ပတ်ခဲ့၏။ များပြားလွန်းသည့် အတွေ့အကြုံများကို သူ ရရှိခဲ့ပြီး ဖြစ်သည်။ အင်မော်တယ်အဆင့်သို့ ချဉ်းကပ် ရောက်ရှိနေသည့် လူဟူ၍ သူ မမြင်ဖူးခဲ့ချေ။ အင်ပါယာထိပ်ဆုံးအဆင့် မွန်းစတားအိုကြီးများသာ ရှိပြီး ၎င်းတို့သည်လည်း အင်မော်တယ် တစ်ယောက် ဖြစ်ရန်အတွက် သတိမေ့လိုက်လို့ရသည့် အခြေအနေမျိုးပင်။ ၎င်းတို့သည ဤမျှ နေထိုင်နိုင်ရန်အတွက် အသက်ကို ထူးခြားသည့် နည်းလမ်းများဖြင့် ဆွဲဆန့်ထားရသူများ ဖြစ်ကြ၏။ တစ်ချို့ဆိုလျှင် အသက်ရှည်ရန်အတွက် ခေါင်းတလားထဲတွင် ဝင်အိပ်နေသည့် အခြေအနေမျိုးပင် တည်ရှိနေ၏။
"ဒီကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်က ပြိုင်ဖက်ကင်းပဲ"
တော်ဝင်သူတော်စင်သည် ခဏလောက် စဉ်းစားကာဖြင့် ပြောလိုက်သည်။ "ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ရဲ့ အားအင်အဆင့်က ကြောက်စရာကောင်းတယ်။ ဒါပေမဲ့ သူက လှုပ်ရှားတိုက်ခိုက်မှု နှစ်ခုတည်းကိုပဲ ပြုလုပ်ဖူးတယ်။ တစ်ခုက နတ်ဘုရားအပြစ်ပေးမှု ကပ်ဘေးကို ခေါ်ထုတ်တာပဲ။ နောက်တစ်ကြိမ်ကတော့ ကွာစီအင်ပါယာတစ်ယောက်ကို သတ်ဖြတ်လုနီးပါးအခြေအနေထိ လုပ်ခဲ့တာ။
ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က သံသယဖြစ်စရာ မလိုအောင် အင်ပါယာတစ်ယောက် ဖြစ်တာကို ကျုပ်အတည်ပြုနိုင်တယ်။ ကောင်းကင်မူလလောကကြီးရဲ့ သတင်းအချက်အလက်တွေနဲ့ ကျုပ်ရဲ့ တွက်ချက်မှုအရ ဆိုရင် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်က အင်ပါယာဖြစ်လာနိုင်တဲ့ ကွာစီအင်ပါယာမျိုး ကိုတောင်မှ ဖိနှိပ်စွမ်း ရှိတယ်။
လက်ရှိ ကောင်းကင်မူလလောကကြီးဆီမှာ အင်ပါယာနှစ်ယောက် ရှိနေတယ်။ ပြီးတော့ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်က ဂိုဏ်းကဏ္ဍတွေကြားမှာ ဝင်ပြီးတော့ မရှုပ်ထွေးဘူး။ ကြည့်ရတာ သူကအေးစက်ပြီးတော့ မထူးခြားတဲ့ လူတစ်ယောက်လိုပဲ။
ကောင်းကင်မူလလောကကြီးက မိုင်သန်းနဲ့ချီတဲ့ တည်နေရာပိုင်နက်ကို ပိုင်ဆိုင်တယ် ဆိုပေမဲ့ ကောင်းကင်မူလလောကထဲမှာ ရှိနေတဲ့ အတွင်းရေးကိစ္စတွေကို ဘာတစ်ခုမှ ဝင်မစွက်ဖက်ဘူး။ ကြည့်ရတာ သူက ကောင်းကင်မူလလောကရဲ့ ကိစ္စရပ်တွေကို စိတ်မဝင်စားတဲ့ပုံပဲ။ အင်ပါယာ …. ကျုပ်တို့ ခရမ်းရောင် နက်နဲလောကကြီးအတွက် ဒါက အခွင့်အရေးတစ်ခုပဲ"
တော်ဝင်သူတော်စင်သည် အားတက်သရောဖြင့် ပြောလိုက်၏။ ကောင်းကင်မူလလောကကြီး၌ အင်ပါယာ နှစ်ယောက်သာ ရှိ၏။ တစ်ယောက်သည် ပါဝင်စွက်ဖက်ခြင်း မရှိပေ။ နောက်တစ်ယောက်သည် အခုမှ အင်ပါယာဖြစ်လာသည့်ပုံပင်။ ဤကဲ့သို့သော အခွင့်အရေးမျိုးကို နှစ်သန်းပေါင်းများစွာ ကြာလျှင်တောင်မှ တစ်ကြိမ် ကြုံရလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ သူသည် အင်ပါယာမိုယွမ်၏ ဒဏ်ရာများကို ကြည့်ရှုရင်း အားငယ်သွားခဲ့၏။
"ကောင်းကင်မူလလောကကြီးက အင်ပါယာသုံးယောက် ရှိနေတယ်"
အင်ပါယာမိုယွမ်သည် လေးလေးနက်နက် အမူအရာဖြင့် ပြောလိုက်၏။ နဂါးကလန်မှ လူတစ်ယောက်သည် သူတို့၏ လောကထဲတွင် အင်ပါဟာတစ်ယောက် ဖြစ်လာခဲ့၏။ ထို့ကြောင့် ၎င်း၏ နောက်လိုက်များသည် သတင်းအချက်အလက်များကို မစုဆောင်းမိခြင်းသာ ဖြစ်ပေလိမ့်မည်။
"သုံးယောက် ဟုတ်လား"
တော်ဝင်သူတော်စင်သည် အံ့အားသင့်သွားမိ၏။ အင်ပါယာ၏ ကျယ်ပြောလှသော အသိပညာနှင့် သတင်းအချက်အလက် ရယူနိုင်စွမ်းကို သူက အသိအမှတ်ပြုပြီး ဖြစ်၏။ ခရမ်းရောင် နက်နဲလောကတွင် နေထိုင်တုန်းမှာပဲ ကောင်းကင်မူလလောကထဲရှိ အရာအားလုံးကို သိရှိနေ၏။ တစ်ဖက်လောကထဲတွင် အင်ပါယာသုံးယောက် တည်ရှိနေသည်ကိုတောင်မှ သိရှိနေ၏။
"အင်ပါယာ … သူတို့က အင်ပါယာသုံးယောက် ရှိနေပြီဆို ဘာလို့ ကျုပ်တို့ရဲ့ တိုက်ခိုက်မှုကို မခုခံနိုင်ရတာလဲ။ သူတို့က ကျုပ်တို့ထက် အားကောင်းတာတော့ မဖြစ်နိုင်ဘူး။ ကျုပ်တို့ ဆက်ပြီးတော့ လှုပ်ရှားရမယ်"
တော်ဝင်သူတော်စင်၏ အမြင်အရ ဆိုလျှင် ၎င်း၏ အင်ပါယာသည် ပြင်းပြင်းထန်ထန် ရိုက်နှက်ထားခြင်းသည် ခရမ်းရောင်နက်နဲလောကမှ လူများကြောင့်ပင်။ ကောင်းကင်မူလလောကကြီးကို ဆက်လက်တိုက်ခိုက်သွားပါက အကောင်းမွန်ဆုံး အခြေအနေကို ရောက်ရှိသွားနိုင်သည်။
"မလိုတော့ဘူး။ အစောတုန်းက ဒီအင်ပါယာကို တိုက်ခိုက်သွားတဲ့လူက ကောင်းကင်လျှို့ဝှက် နန်းဆောင်ရဲ့ သခင်ပဲ"
အင်ပါယာမိုယွမ်သည် တင်းမာခက်ထန်စွာ ပြောလိုက်၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင် ပါဝင်ပက်သက်ခြင်းသည် လျှို့ဝှက်ချက်တစ်ခု မဟုတ်ချေ။ ခရမ်းရောင် နက်နဲလောကမှ လူများအားလုံး သိရှိပြီးဖြစ်၏။ အနည်းငယ် မေးမြန်းလိုက်သည်နှင့် ဖြတ်သွားဖြတ်လာပင်လျှင် ထိုစကားကို ပြောဆိုနိုင်မှာ သေချာ၏။
အင်ပါယာမိုယွမ်သည် လွယ်လွယ်ကူကူ ရှုံးနိမ့်ခဲ့သည် မဟုတ်ပေ။ အင်မော်တယ်အဆင့်တွင် ရှိနေသည့် လူတစ်ယောက်ကို ရှုံးနိမ့်ခဲ့ခြင်းမှာ ရှက်စရာ မဟုတ်ချေ။
"ကောင်း … ကောင်းကင်လျှို့ဝှက်နန်းဆောင် ဟုတ်လား"
တော်ဝင်သူတော်စင်၏ မျက်နှာတစ်ခုလုံးသည် အေးခဲသွားခဲ့၏။ သူသည် အံ့အားတသင့် ဖြစ်လို့နေခဲ့၏။ သူတို့၏ အင်ပါယာကို ဒဏ်ရာရအောင် ပြုလုပ်ခဲ့သူသည် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင် ဖြစ်လို့နေခဲ့၏။ ဘယ်လိုဖြစ်ပြီး တည်နေရာကို ဖြတ်သန်းကာဖြင့် တခြားသော အင်ပါယာတစ်ယောက်ကို ဤကဲ့သို့ဖြစ်အောင် ပြုလုပ်ခဲ့ရသနည်း။
"ကောင်းကင်မူလလောကကြီးအတွက် စီစဉ်ထားတာတွေကို ခဏဆိုင်းထားလိုက်အုံး။ အလျင်စလို မလုပ်နဲ့" အင်ပါယာမိုယွမ်သည် ဖြည်းညှင်းစွာ ပြောဆိုလိုက်၏။ သူ၏ မျက်လုံးထဲတွင် ကြောက်လန့်သည့် အမူအရာများ ပေါ်ပေါက်လျက် ရှိနေတုန်းပင်။
သူ၏ မျက်လုံးထဲတွင် ကောင်းကင်မူလလောကကြီးမှ အားလုံးသောသူတို့သည် သာမန်သာဖြစ်၏။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်မှာတော့ မဟုတ်ပေ။ ဘာမှန်းမသိဘဲ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ကို ဒေါသထွက်အောင် ပြုလုပ်ပါက ရိုက်ချက်တစ်ခုတည်းနှင့် သူတို့ကို သတ်ဖြတ်နိုင်သည်။ အနည်းဆုံး တစ်ချက်တည်းနှင့် မလုံလောက်လျှင်တောင်မှ သုံးလေးချက်ဆိုလျှင် သူတို့သေဆုံးသွားနိုင်၏။
အဆုံးသတ်မှာတော့ သူတို့သည် ခဏလောက် ဆိုင်းထားမှ ဖြစ်ပေလိမ့်မည် ။ အဘယ့်ကြောင့်ဆိုသော် သူ၏ ဒဏ်ရာများက မသက်သာသေးသလို အင်ပါယာတိုင်၏ ဒဏ်ရာများကလည်း ပေါ့သေးသေး မဟုတ်ပေ။ လက်သီးချက်ကို တိုက်ရိုက်ရင်ဆိုင်ရင်း သေမလိုပင် ဖြစ်ခဲ့ရသည်။
"ကောင်းပြီ"
တော်ဝင်သူတော်စင်က ဦးညွှတ်လိုက်၏။ ပြီးနောက် ထပ်ပြောလိုက်၏။ "ကျုပ် ရခဲ့တဲ့ သတင်း အချက်အလက်တွေအရဆိုရင် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်က ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကိုပါ တွက်ချက်နိုင်တဲ့ပုံပေါ်တယ်"
“ဟမ် ….”
အင်ပါယာမိုယွမ်သည် တစ်ချက်လှမ်းကြည့်ကာ ပြောလိုက်သည်။ "ဆက်ပြော"
"ကောင်းကင်မူလလောကထဲမှာ အင်ပါယာတစ်ယောက် ဖြစ်လာနိုင်တဲ့သူတွေစာရင်းကို ထုတ်ဖော်ထားတယ်။ ဒီစာရင်းကို ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က ထုတ်ဖော်ထားတာပဲ။ ဒီစာရင်းအတိုင်း ကျုပ်တို့လိုက်မယ် ဆိုရင် "
တော်ဝင်သူတော်စင်၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုခြင်း ဆန္ဒများနှင့် ပြည့်နှက်လာခဲ့၏။ ၎င်း၏ ရည်ရွယ်ချက်သည် ရိုးရှင်းလွန်းလှ၏။ ကောင်းကင်မူလလောကကြီးကို အချိန်တိုအတွင်း မသိမ်းပိုက်နိုင်ဘူး ဆိုလျှင်တောင်မှ ၎င်းတို့သည် ထိုစာရင်းထဲတွင် ရှိနေသည့် လူများကို တိုက်ခိုက်လိုက်ပါက ကောင်းကင်မူလလောကကြီးသည် တိုက်ခိုက်စရာ မလိုဘဲ အချိန်တန်ပါက အလိုလို ပြိုလဲသွားပေလိမ့်မည်။
နှစ်ပေါင်းများစွာ ပါရမီရှင်များ မပေါ်ပေါက်လာပါက နိမ့်ကျသည့် လောကကြီးအဖြစ်သို့ ရောက်ရှိသွားပေလိမ့်မည်။ ထိုသို့ဆိုလျှင် အင်ပါယာတစ်ယောက်နှင့်ပင် တစ်ဖက်လောကကို လွှမ်းမိုးချုပ်ကိုင်နိုင်လိမ့်မည်။
"ဒါက ကောင်းကင်ပါရမီရှင်စာရင်းရဲ့ ထိပ်ဆုံးမှာ ရှိနေတဲ့လူပဲ။ ဒီလူက ခန့်မှန်းလို့မရအောင် ဆန်းကြယ်လှပြီး တော်ဝင်သူတော်စင်တစ်ယောက် ပြန်လည်မွေးဖွားလာတာ ဖြစ်နိုင်တယ်။ ကောင်းကင်ပါရမီရှင် စာရင်းသာမကဘူး။ အင်ပါယာ ဆက်ခံသူ စာရင်းကိုပါ လွှမ်းမိုးထားတယ်။ သူမကိုသာ သုတ်သင်နိုင်မယ်ဆိုရင် ခရမ်းရောင် နက်နဲလောကကြီးရဲ့ အနာဂတ်က ကျိန်းသေပေါက် တောက်ပလာမှာပဲ။" တော်ဝင်သူတော်စင်သည် အဓိပ္ပာယ်ပါသည့် လေသံဖြင့် ပြောဆိုလိုက်၏။