အပိုင်း (၂၇၈)
Vol. 19 Ch. 278
"စာရင်း ဟုတ်လား"
အင်ပါယာမိုယွမ်သည် လက်ထဲတွင် ရှိနေသည့် ကျောက်စိမ်းပြားကို လှမ်းကာကြည့်ရှုလိုက်၏။ သူသည် အခြေအနေကို နားလည်သွားမိ၏။ စာရင်းထဲတွင် ကောင်းကင် မူလလောကကြီးထဲတွင် ရှိနေသည့် ပါရမီရှင်များ ပါဝင်နေပြီး ဤစာရင်းသည် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင် ထုတ်ဖော်ထားသည့် စာရင်းသာ ဖြစ်သည်။
ဤအရာသည် သူတို့အတွက် အခွင့်အရေးပင် ဖြစ်လေ၏။ ကောင်းကင်မူလလောကကြီးကို ပွင့်ပွင့်လင်းလင်း မတိုက်ခိုက်ရဲဘူးဆိုလျှင် နောက်ကွယ်မှ ချောင်းမြောင်း တိုက်ခိုက်နိုင်၏။ သူတို့အနေဖြင့် မဟာ ဗျူဟာများကို ရေးဆွဲနိုင်၏။ သို့ပေမဲ့ ဤစာရင်းထဲတွင် ပါဝင်သူများသည် ကာကွယ်သူများနှင့် စောင့်ရှောက်ခြင်း ခံထားရမည် မဟုတ်ပါလား။
သို့ပေမဲ့ ထိုသို့ဆိုလျှင်တောင်မှ သူတို့သည် ဤစာရင်းကို သိရှိပြီးဖြစ်၏။ ဤစာရင်း၏ နောက်ကွယ်တွင် ရှိနေသည့် အင်အားစုများကိုလည်း သူတို့ သတိပြုရပေလိမ့်မည်။ တစ်ဖက်လူများကို သတ်ဖြတ်ခြင်းဆိုသည်မှာ ခက်ခဲလှသည် ဆိုသော်လည်း သေသေချာချာ ပြုလုပ်ပါက မအောင်မြင်နိုင်စရာ အကြောင်းတော့ မရှိချေ။
"နဂါးပြာကလန်ရဲ့ ကွာစီအင်ပါယာကို အဲဒီ ကောင်းကင်ပါရမီရှင် စာရင်းရဲ့ ထိပ်ဆုံးမှာ ရှိတဲ့သူ ယုရှင်းချန်ကို သတ်ဖြတ်ဖို့ လွှတ်လိုက်တော့။" အင်ပါယာမိုယွမ်သည် သေသေချာချာ စဉ်းစားကာ ပြောလိုက်၏။
"ကောင်းကင်မူလလောကကြီးရဲ့ သက်ရှိတွေကြောင့် နဂါးပြာကလန်တစ်ခုလုံး သတ်ဖြတ်ခံလိုက်ရပြီ ဆိုတဲ့အကြောင်းလဲ ပြောလိုက်အုန်း"
ဤလှုပ်ရှားမှုသည် တကယ့်ကို သေဒဏ်ချခြင်းနှင့်ပင် ဆင်တူလှ၏။ အားလုံးတို့သည် သတိအပြည့်နှင့် ပြုလုပ်ရန် လိုအပ်သည်။ သူတို့သည် တကယ့်ကို ပါရမီထူးချွန်သောလူများကို သတ်ဖြတ်ရန် လိုအပ်နေ၏။ သတင်းအချက်အလက်များကို စုစည်းပြီးနောက် ယုရှင်းချန်သည် တော်ဝင်အင်ပါယာအဆင့် အင်ပါယာ အစီအရင်ဖြင့် ကာကွယ်ခြင်းကို ခံထားရ၏။ သို့ပေမဲ့ အင်ပါရီယန်လက်နက် ကိုင်ဆောင်ထားသော ကွာစီအင်ပါယာတစ်ယောက်နှင့် ရင်ဆိုင်ရသည့် အခါမှာတော့ သူမသည် ဘာမှ လုပ်နိုင်လိမ့်မည် မဟုတ်ချေ။ အစီအရင်ကို ဖျက်ဆီးလိုက်ပါက အထဲတွင် ရှိနေသည့် သူမသည်လည်း သက်သာလှမည် မဟုတ်ချေ။
"တစ်ချိန်တည်းမှာပဲ လူသားမျိုးနွယ်တွေကိုပဲ မတိုက်ခိုက်ဖို့ သတင်းပေးလိုက်။ ပင်လယ်တည်နေရာကိုလည်း တိုက်လို့" အင်ပါယာမိုယွမ်သည် အေးစက်စက် ပြောလိုက်၏။
သူ၏နောက်လိုက်များသည် သတင်းအချက်အလက် များစွာကို စုစည်းလာခဲ့၏။ ထိုထဲတွင် ကောင်းကင်လျှို့ဝှက်နန်းဆောင်သည် လူသားမျိုးနွယ်တည်နေရာထဲတွင် တည်ရှိ၏။ ထို့ကြောင့် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည် လူသားမျိုးနွယ်၏ အင်ပါယာတစ်ယောက် ဖြစ်ပေလိမ့်မည်။
လူသားမျိုးနွယ်များကို ရန်ပြုတိုက်ခိုက်ခြင်း ဆိုသည်မှာ ညဏ်ပညာရှိလှသည့် တိုက်ခိုက်ခြင်း မဟုတ်ပေ။ အင်ပါယာဖြစ်လာသော နဂါးတစ်ကောင်သည် ထိုပင်လယ်တည်နေရာတွင် တည်ရှိနေကြသောကြောင့် ပင်လယ်တည်နေရာများကို တိုက်ခိုက်ခြင်းသည် အကောင်းမွန်ဆုံး ရည်ရွယ်ချက်ပင် ဖြစ်၏။
တစ်ဖက်လူ၏ ကျင့်ကြံခြင်း မတည်ငြိမ်တုန်း သတ်ဖြတ်နိုင်မည် ဆိုပါက ပြဿနာအားလုံးကို ကာကွယ်ပြီးသား ဖြစ်ပေလိမ့်မည်။ နဂါးသည် ပင်လယ်ထဲသို့ ဆုတ်ခွာသွားခဲ့ပြီ ဖြစ်၏။ ထို့ကြောင့် ပင်လယ်ကိုသာ ဖိတိုက်မည် ဆိုပါက အောင်မြင်နိုင်သည်။
အင်ပါယာမိုယွမ်သည် ကောင်းကင်လျှို့ဝှက် နန်းဆောင်၏ စိတ်နေစိတ်ထား မည်သို့ရှိသည်ကို စမ်းသပ်ချင်၏။ နန်းဆောင်သခင် သာ ဝင်ရောက်လှုပ်ရှားပါက အင်ပါယာမိုယွမ်သည် ကောင်းကင်မူလလောကကြီးကို လွှမ်းမိုးမည့် အစီအစဉ်အား ခဏတာ ရပ်ဆိုင်းရပေလိမ့်မည်။ နန်းဆောင်သခင်သာ လျစ်လျူရှုထားပါက ကျိန်းသေပေါက် နယ်မြေဖြတ်ကျော်ကာ ကျူးကျော်စစ် ဆင်နွဲရပေလိမ့်မည်။
တော်ဝင်သဲကန္တာရမြို့
အောင်းရွှမ် နှင့် မုန့်ရှင်းကျီတို့သည် အပြင်ဘက်ဆီသို့ လမ်းလျှောက်ထွက်လာကြ၏။ ပတ်ဝန်းကျင်တစ်ခုလုံး ပြောင်းလဲနေသည်ကို မြင်ရသည့် အချိန်မှာတော့ ၎င်းတို့၏ အမူအရာသည် ကြောင်အသွားခဲ့ကြ၏။ အချိန်အတိုင်းအတာတိုအတွင်း သူတို့၏မြေသည် ဤကဲ့သို့ ပြောင်းလဲသွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။
အံ့အားကြီးစွာဖြင့် ထွက်လျှောက်လာပြီးနောက် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီ ဦးတည်လိုက်သည်။ အထဲသို့ ဝင်ရောက်ပြီးသည့်နောက် အောင်းရွှမ်သည် ချက်ချင်းပဲ ဦးညွှတ်ကာ ပြောလိုက်၏။ "ကူညီပေးတဲ့အတွက် စီနီယာ့ကို ကျေးဇူးတင်ပါတယ်။ "
ဘေးဖက်တွင် ရှိနေသည့် မုန့်ရှင်းကျီကလည်း ဦးညွှတ်ကာ ပြောလိုက်သည်။ "မုန့်ရှင်းကျီကလည်း အသက်ကယ်တဲ့အတွက် စီနီယာ့ကို ကျေးဇူးတင်ပါတယ်"
ပြောနေတုန်းမှာပဲ ၎င်းတို့သည် သိုလှောင်လက်စွပ်များကို ထုတ်ယူကာဖြင့် စားပွဲပေါ်သို့ တင်လိုက်၏။ ပြီးနောက် သံပြိုင်ဆိုသလိုပဲ ပြောလိုက်၏။ "ကျေးဇူးတင် လက်ဆောင်ပါ။ ကျေးဇူးပြုပြီး လက်ခံပေးပါ စီနီယာ"
လီယွင်သည်သာ နောက်ဆုံးအချိန်၌ ဝင်ရောက် တိုက်ခိုက်ခြင်းမပြုပါက အောင်းရွှမ်အနေဖြင့် အချိန်ခဏသာ ခုခံထားနိုင်မည်ဖြစ်ပြီး မုန့်ရှင်းကျီ မှာ လုံးဝ အသက်ရှင်နိုင်လိမ့်မည် မဟုတ်ချေ။ ကွာစီအင်ပါယာ တစ်ယောက်အနေဖြင့် အင်ပါယာသုံးယောက်၏ တိုက်ခိုက်ခြင်းကို ခံရပါက အရိုးမှုန့်အဖြစ်သို့ ပြောင်းလဲသွားမှာ သေချာသည်။
"ကြည့်ရတာ ခင်ဗျားတို့နှစ်ယောက်က ခရမ်းရောင်နက်နဲလောကဆီကို သွားတဲ့ခရီးစဉ်မှာ အကျိုးအမြတ် တော်တော်များများ ရရှိခဲ့တဲ့ပုံပဲ"
လီယွင်သည် လက်စွပ်များကို အသာသိမ်းပြီးနောက် တစ်ဖက်လူများ၏ ကိုယ်ရေးအကျဉ်းကို ကြည့်ရှုလိုက်၏။
“ဒါတွေအားလုံးက စီနီယာရဲ့ကျေးဇူးကြောင့်ပါပဲ” အောင်းရွှမ်သည် ကျေးဇူးတင်စွာဖြင့် ပြောဆိုလိုက်၏။
တစ်ချိန်တည်းမှာပဲ သူ၏နှလုံးသားထဲတွင် ခံစားချက် တချို့ကလည်း တည်ရှိလို့နေခဲ့၏။ ခရမ်းရောင် နက်နဲလောကဆီသို့ ဦးတည်မသွားခင်ပင် သူသည် ကွာစီအင်ပါယာ တစ်ယောက်သာလျှင် ဖြစ်၏။ သို့ပေမဲ့ ပြန်လာသည့် အချိန်မှာတော့ နဂါးအင်ပါယာတစ်ယောက် အဖြစ်သို့ အသွင်ပြောင်းလဲခဲ့ပြီဖြစ်ပြီး သက်ရှိ သတ္တဝါများအားလုံးကို ဖိနှိပ်ထားနိုင်စွမ်း ရှိလာခဲ့သည်။
စကားတစ်ခွန်းနှင့်ပင် ပြောင်းလဲသွားမှုသည် ကြောက်ခမန်းလိလိပင်။ လောကကြီးကို ဖြတ်သန်းပြီးသည့် နောက်မှာတော့ သူ၏ရှေ့တွင် ရှိနေသည့် စီနီယာမှလွဲ၍ လူ မည်မျှများများသည် သူ့အား ခြိမ်းခြောက်နိုင်မည်နည်း။
ခရမ်းရောင်နက်နဲလောကဆီမှ အင်ပါယာသုံးယောက်တို့ ဝိုင်းဝန်းတိုက်ခိုက်ခြင်းသာ မဟုတ်သည်ဆိုပါက သူ့အနေနှင့် ကောင်းကင်မူလလောကကြီးဆိုသည်မှာ အထင်အမြင်သေး၍ မရနိုင်သည့် အရာမဟုတ်ကြောင်း တစ်ပွဲတစ်လမ်းလောက် အကဲစမ်းမိမှာ သေချာ၏။
တွေးကြည့်ပြီးသည့်နောက် အောင်းရွှမ်သည် လီယွင်ကို ကြိတ်ကာ ခိုးကြည့်လိုက်လေ၏။ မျက်နှာပြင် ဘက်တွင် တည်ငြိမ်လျက်ရှိနေပြီး သူ၏ အစစ်အမှန်ခံစားချက်များ မျက်နှာပြင်ပေါ်၌ ပေါ်ပေါက်မလာခဲ့ချေ။
တည်နေရာလမ်းကြောင်းကို ဖြတ်သန်းရောက်ရှိလာနိုင်သည့် မုန့်ရှင်းကျီလို မဟုတ်ဘဲ သူသည် ခရမ်းရောင်နက်နဲလောကကြီးထဲတွင် ရှိနေသည့်အရာအားလုံးကို ကြည်ကြည်လင်လင် ရှင်းရှင်းလင်းလင်း မြင်ခဲ့ရ၏။ စီနီယာ၏ တိုက်ခိုက်ချက် တစ်ခုတည်းနှင့်ပင်လျှင် အင်ပါယာသုံးယောက်တို့သည် ဆိုးဆိုးဝါးဝါး ဒဏ်ရာရရှိခဲ့သည်။
ဤအဆင့်စွမ်းအင်များသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှပြီး သူ၏ နှလုံးသားကိုပင် တုန်ယင်စေခဲ့၏။ ဤလက်သီးချက်သည်သာ တိုက်ရိုက်ဆိုသလို သူ့ကို ထိုးနှက်မည်ဆိုပါက အောင်းရွှမ်သည် အသက်ရှင်နိုင်လိမ့်မည် မဟုတ်ဟု တွက်ချက်ပြီးဖြစ်၏။
ထို့ပြင် စီနီယာအနေနှင့် လောကကို ဖြတ်သန်းကာ တိုက်ခိုက်သည့်အချိန်တွင် အားပြည့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မည်သူမျှ အာမ မခံနိုင်ချေ။ ဟုတ်ချင်မှလည်း ဟုတ်ပေလိမ့်မည်။ လင်းရှောင်ကို တိုက်ခိုက်ချက် တစ်ခုတည်းနှင့် ဖိနှိပ်ခဲ့စဉ်က စီနီယာသည် အားအင်များကို ချွေတာထားခဲ့ခြင်းဖြစ်ကြောင်း သူက သိရှိသွား၏။ ယနေ့ အဖြစ်အပျက်အနေနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် ထိုစဉ်က တိုက်ခိုက်ချက် ဆိုသည်မှာ လျော့ပေါ့ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိသာထင်ရှားလှသည်။
စီနီယာသည်သာ အားအင်အဆင့်အပြည့်အစုံကို ထုတ်ဖော်ကာ အသုံးပြုမည်ဆိုလျှင် မည်မျှ ကြမ်းတမ်းလိမ့်မည်နည်း။ စီနီယာသည် သူ၏ အစစ်အမှန်စွမ်းအင်များကို ဖုံးကွယ်ထားလေသည်လား။
“အောင်းရွှမ် ... နဂါးအင်ပါယာ ခင်ဗျားပြောတာ အမှန်ပဲ” မုန့်ရှင်းကျီသည် ဘေးတစ်ဖက်ဆီမှ ဝင်ရောက်ကာ ပြောဆိုလိုက်၏။ မည်မျှကြာမြင့်သေးသနည်း။ ရက်အနည်းငယ်အတွင်းမှာပဲ သူနှင့် တူညီသည့် အဆင့်တွင် တည်ရှိနေသည့် လူတစ်ယောက်သည် ယခု သူမော့ကြည့်ရသည့် လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ ပြိုင်ဘက်နှစ်ယောက်ကြားတွင် သူသည် အခြေအနေတစ်ခု၌ ကျန်ရစ်ခဲ့ပြီး တစ်ခြားသော လူတစ်ယောက်မှာမူ အင်ပါယာအဆင့်ဆီသို့ တက်လှမ်းသွားခဲ့ပြီ ဖြစ်သည်။
“စီနီယာ.... ဒီဂျူနီယာဆီမှာ မေးချင်နေတာ ရှိပါတယ်” အောင်းရွှမ်သည် အားတက်သရော ဖြစ်လို့နေခဲ့၏။ သူသည် ဒဏ်ရာများ ပြန်လည် မကောင်းမွန်သေးဘူး ဆိုလျှင်တောင်မှ ထိုအရာများသည် အရေးကြီးသည့် အရာ မဟုတ်ဟု ခံစားမိနေ၏။
ကောင်းကင်မူလလောကကြီးထဲတွင် သူသည် ပြိုင်ဘက်ကင်း ကျင့်ကြံသူတစ်ယောက်အဖြစ် သုံးသပ်၍ ရနေပြီဖြစ်၏။ စိတ်ပူနေသည်မှာ ခရမ်းရောင်နက်နဲလောကဆီမှ အင်ပါယာများ ရောက်ရှိလာမလား ဆိုသည်ပင်။
ဟုတ်ပေသည်။ တော်ဝင်သဲကန္တာရမြို့၏ အောက်တွင်ရှိနေသည့် တည်နေရာလမ်းကြောင်းကို ဖြတ်သန်းကာ တစ်ဖက်လူများသည် ရောက်ရှိလာရဲလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ တော်ဝင်ဓားဂိုဏ်း၏ အနီးအနားတွင် တခြားသော တည်နေရာ လမ်းကြောင်း တစ်ခုက တည်ရှိနေသေး၏။
အင်ပါယာ သုံးယောက်တို့ ပူးပေါင်းကာဖြင့် နယ်မြေကို ဖြတ်သန်းကာ ရောက်ရှိ တိုက်ခိုက်မည်ဆိုပါက သူ့အနေနှင့် ကျိန်းသေပေါက် ခုခံနိုင်လိမ့်မည် မဟုတ်ချေ။ ထို့ပြင် ဤကဲ့သို့သော ဖြစ်နိုင်ချေကလည်း များပြားလှ၏။
စီနီယာ၏ တိုက်ခိုက်ချက်သည် အဟန့်အတား အတားအဆီးတစ်ခုသာလျှင် ဖြစ်၏။ တစ်ဖက်လူများသည် စီနီယာ့ကို ဘာမှလုပ်ရဲလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ သူ့ကဲ့သို့သောသူများ အတွက်ဆိုလျှင်တော့ .......