← Chapters

အပိုင်း (၂၈၀)

Vol. 19 Ch. 280

အပိုင်း (၂၈၀)

Vol. 19 Ch. 280

“စနစ်”

လီယွင်သည် စိတ်ထဲမှပြောလိုက်၏။ “မုန့်ရှင်းကျီ တစ်ယောက် ဒီလောကထဲမှာ အင်ပါယာအဖြစ် ဖြစ်လာနိုင်ဖို့ အခွင့်အလမ်းတွေ ရှိသေးလား ကြည့်ရအောင်”

[ဒင်… မုန့်ရှင်းကျီ တစ်ယောက် အင်ပါယာအဖြစ် အောင်အောင်မြင်မြင် ဖြစ်လာရန်အတွက် ရှာဖွေမှုသည် တွေ့ရှိပါပြီ]

[အင်မော်တယ်ကျွန်း - အသေးစိတ် သိရှိရန် ကောင်းကင်လျှို့ဝှက်အမှတ် ရှစ်သန်း ကုန်ကျမည်]

[ထာဝရမြို့ - အသေးစိတ် သိရှိရန် ကောင်းကင်လျှို့ဝှက်အမှတ် ရှစ်သန်း ကုန်ကျမည်]

[နတ်ဆိုးနယ်မြေ - အသေးစိတ် သိရှိရန်အတွက် ကောင်းကင်လျှို့ဝှက်အမှတ် ငါးသန်း ကုန်ကျမည်]

[ဖျက်ဆီးခြင်းတော်ဝင်အင်ပါယာ၏သင်္ချိုင်း - အသေးစိတ် သိရှိရန်အတွက် ကောင်းကင်လျှို့ဝှက်အမှတ် လေးသန်း ကုန်ကျမည်]

“အင်း လင်းရှောင်ထက် တစ်ခုပိုသေးတာပဲ”

လီယွင်က ပြောဆိုလိုက်၏။ သို့ပေမဲ့ အခွင့်အရေး တစ်ခုချင်းစီတိုင်းသည် သာမာန်ထက်ပိုသည့် ဈေးနှုန်းများ တည်ရှိနေခဲ့၏။ ဈေးအနည်းဆုံးသည် ဖျက်ဆီးခြင်းတော်ဝင်အင်ပါယာ၏ သင်္ချိုင်းပင်ဖြစ်သည်။ ထိုအရာပင်လျှင် ကောင်းကင်လျှို့ဝှက်အမှတ် လေးသန်းတိတိ တောင်းဆိုလျက်ရှိနေ၏။ အထဲတွင် မည်မျှ များပြားလှသည့် ရတနာများတည်ရှိနေမည်ကို နတ်ဘုရားများသာလျှင် သိရှိပေလိမ့်မည်။

“စနစ်... မုန့်ရှင်းကျီ တစ်ယောက် ခရမ်းရောင်နက်နဲလောကမှာ အင်ပါယာတစ်ယောက် ဖြစ်လာနိုင်မဲ့ အခွင့်အရေးတွေကို စစ်ဆေးကြည့်ရအောင်” လီယွင်က စုံစမ်းလိုက်၏။

မုန့်ရှင်းကျီ တစ်ယောက် ခရမ်းရောင် နက်နဲလောကတွင် အင်ပါယာတစ်ယောက် ဖြစ်လာရန် အခွင့်အရေး တည်ရှိနေပြီး အခွင့်အရေးသည် ဈေးကြီးသည်ဆိုပါက သူ့အနေနှင့် ဖျက်ဆီးခြင်းတော်ဝင်အင်ပါယာ၏ သင်္ချိုင်းကိုသာ ရွေးချယ်ရန်ရှိတော့သည်။

[ဒင်… မုန့်ရှင်းကျီတစ်ယောက် ခရမ်းရောင်နက်နဲလောကထဲတွင် အင်ပါယာတစ်ယောက် ဖြစ်လာရန် အခွင့်အရေး အောင်မြင်စွာ ရှာဖွေတွေ့ရှိခဲ့သည်]

[ကောင်းကင်ကံကြမ္မာ အင်မော်တယ်တောင်ကြား - အသေးစိတ် သိရှိရန်အတွက် ကောင်းကင်လျှို့ဝှက် အမှတ် ရှစ်သိန်းခုနှစ်သောင်း လိုအပ်သည်]

[ကြွေကျခြင်း အင်မော်တယ်ရှေးဘုရားကျောင်း - အသေးစိတ် သိရှိရန်အတွက် ကောင်းကင်လျှို့ဝှက်အမှတ် ရှစ်သန်း ကုန်ကျမည်]

[အင်မော်တယ်ကုန်းမြေ - အသေးစိတ် သိရှိရန်အတွက် ကောင်းကင်လျှို့ဝှက်အမှတ် ရှစ်သန်းကုန်ကျမည်]

[ရှေးအင်ပါယာ၏အမွေအနှစ် - အသေးစိတ်သိရှိရန်အတွက် ကောင်းကင်လျှို့ဝှက်အမှတ် ငါးသိန်းနှစ်သောင်း ကုန်ကျမည်]

[နက်နဲကြယ်နယ်မြေ - အသေးစိတ်သိရှိရန်အတွက် ကောင်းကင်လျှို့ဝှက်အမှတ် သုံးသန်းကုန်ကျမည်။ အထူးမှတ်ချက် - ဤနေရာတွင် မြေအင်မော်တယ်လောကဆီသို့ ဝင်ရောက်သည့် ဝင်ပေါက်တစ်ခုရှိပြီး အသေးစိတ် သိရှိရန်အတွက် ကောင်းကင်လျှို့ဝှက်အမှတ် နှစ်သန်းတိတိ လိုအပ်သည်]

“ဟမ်” လီယွင်သည် မျက်ခုံးပင့်လိုက်မိ၏။ အံ့အားသင့်စရာ ကောင်းလှစွာဖြင့် ခရမ်းရောင်နက်နဲ လောကထဲတွင် ရှိနေသည့်အခွင့်အရေးသည် ပိုမိုကာ ဈေနည်းပြီး ကောင်းကင်လျှို့ဝှက်အမှတ် တစ်သန်း နီးပါးလောက် သက်သာလျက် ရှိနေ၏။ တကယ်ကို ကောင်းမွန်လှသည့် ရွေးချယ်စရာပင်။

လီယွင်အနေနှင့် ထိုအရာသည် ဈေးပေါသည်သာမက ထပ်တိုးသတင်းအချက်အလက်လည်း ပါဝင်လျက် ရှိနေကြောင်း သိရှိလိုက်၏။ အထူးသဖြင့် နက်နဲကြယ်နယ်မြေ ဆိုသည့်နေရာ တစ်ခု ထပ်ပေါင်းလာခြင်းဖြစ်၏။

ခရမ်းရောင်နက်နဲလောကကြီး၌ ကြယ်ကြွေ အင်မော်တယ် ရှေးဘုရားကျောင်းကဲ့သို့သော အခွင့်အရေးမျိုး အဘယ့်ကြောင့် တည်ရှိနေသနည်း ဆိုသည်ကို ယခင်တုန်းက သူ သေချာ စဉ်းစားခဲ့ဖူးသည်။

ကြွေကျခြင်း အင်မော်တယ်ရှေးဘုရားအကြောင်း၊ အင်မော်တယ်တိုက်ပွဲ နယ်မြေ၊ ကောင်းကင်ကံကြမ္မာ အင်မော်တယ်တောင်ကြားကဲ့သို့သော အခွင့်အရေးများ၌ အဘယ့်ကြောင့် အင်မော်တယ် ဆိုသော စကားလုံး ပါဝင်နေရသနည်း ဆိုသည်ကို သူက သိချင်နေမိ၏။

ဤနေရာများသည် အစစ်အမှန်ပင် အင်မော်တယ်များ၏ လောကတစ်ခုနှင့် ဆက်စပ်နေသည့်အရာများ သာလျှင် ဖြစ်ပေလိမ့်မည်။ ထို့ပြင် သူ၏လက်ရှိ လောကကြီးကိုပင် သက်ရောက်လာပေလိမ့်မည်။

ဟုတ်ပေ၏။ လက်ရှိလောကကြီးဆိုသည့် နေရာ၌ ကောင်းကင်မူလလောကကြီးကို ဆိုလိုခြင်း မဟုတ်ပေ။ ရှုပ်ထွေးကြယ်ပင်လယ် ကို ရည်ညွှန်းခြင်း ဖြစ်သည်။ ရှုပ်ထွေးကြယ်ပင်လယ်သည် သက်ရှိသတ္တဝါများ အားလုံး သေဆုံးနိုင်သည့် ကြားလောကငယ် တစ်ခုသာလျှင်ဖြစ်ပြီး ကောင်းကင်မူလ လောကကြီးအနေနှင့် ထိုလောကငယ်နှင့် ပေါင်းစပ်နိုင်ပါက တစ်ခုတည်းအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။

ကောင်းကင်မူလလောကကြီးသည် ထိုနေရာနှင့် နီးနီးကပ်ကပ် တည်ရှိနေသောကြောင့်သာ သာမာန်ထက် ပိုမိုကာ ထူးခြား သွားခဲ့ခြင်းပင်။ သာမာန်လူများ အနေနှင့် နားမလည်နိုင်သော်လည်း ကွာစီအင်ပါယာနှင့် အထက် ကျင့်ကြံသူများ အနေနှင့် ထိုအထဲကိုဝင်ရောက်ကာဖြင့် အခွင့်အရေးများကို ရှာဖွေနိုင်စွမ်းရှိနေသည် ဆိုသည်မှာ ထူးခြားချက်ပင်။

ဤကဲ့သို့ ထူးခြားလွန်းလှသည့် တည်နေရာလောကကြီးထဲတွင် အင်ပါယာတစ်ယောက်ဖြစ်လာရန်အတွက် များစွာသာ အခွင့်အရေးများ တည်ရှိနေ၏။ အချက်အလက်အားဖြင့် အရင် ရှုပ်ထွေးကြယ် ပင်လယ်ထဲတွင် ရှိနေသည့် အခွင့်အရေးများသည် ဈေးပေါနေသည် ဆိုခြင်းမှာ ရှာဖွေတွေ့ရှိရန် ခက်ခဲလွန်းသောကြောင့်သာ ဖြစ်ပေလိမ့်မည်။

“စနစ်... မုန့်ရှင်းကျီက နက်နဲကြယ်နယ်မြေထဲကို ဝင်ရောက်မယ် ဆိုရင် မြေအင်မော်တယ်လောကမှာ ရှိနေတဲ့ သက်ရှိသတ္တဝါတွေနဲ့ ကံဆိုးပြီး ကြုံတွေ့နိုင်ချေမျိုး ရှိနေသေးလား” လီယွင်က မေးမြန်းလိုက်၏။

ဤအရာကို သူ သေသေချာချာ ရှင်းရှင်းလင်းလင်း သိရှိရန် လိုအပ်သည်။ တည်နေရာ၏ နာမည်တွင် အင်မော်တယ်ဆိုသည့် စာလုံးတစ်လုံး ပါဝင်နေသည်ဆိုခြင်းမှာ ဟန်ပြသက်သက် မဟုတ်နိုင်ပေ။ မုန့်ရှင်းကျီ သည် မြေအင်မော်တယ်လောကဆီမှ ရောက်ရှိလာသည့် တစ်စုံတစ်ယောက်နှင့် အမှတ်မထင် တွေ့ဆုံခဲ့သည် ဆိုလျှင် အင်မော်တယ်တစ်ယောက် ဖြစ်မလာခင်တွင် စောစောစီးစီး သေဆုံးသွားနိုင်သည်။

[လက်ခံသူ စိတ်ချထားပါ။ နက်နဲကြယ်နယ်မြေရဲ့ တည်နေရာလမ်းကြောင်းက စွန့်ပစ်ထားခဲ့တာ ကြာပြီလေ။ လူတော်တော်များများကလည်း ဒါကိုမေ့နေကြပြီ။ ကွာစီအင်ပါယာရဲ့ အထက်မှာရှိနေတဲ့ ဘယ်သူမဆို တည်နေရာကို ဖြတ်သန်းသွားလာခြင်း မရှိခဲ့ဘူး]

“ဪ” လီယွင်သည် မျက်ခုံးကို ပင့်လိုက်မိ၏။ စနစ်၏ စကားလုံးများ ကြားထဲတွင် ယိုကွက်တစ်ခု ရှိနေကြောင်းကို သူ သတိပြုမိ၏။ ကွာစီအင်ပါယာ၏အထက် မည်သူမျှသည် ဒီနေရာကို ဖြတ်သန်း ရောက်ရှိလာခြင်း မရှိဆိုသည်မှာ ကွာစီအင်ပါယာ၏ အောက်တွင်ရှိနေသည့် သက်ရှိသတ္တဝါများမှာတော့ ရောက်ရှိလာနိုင်စွမ်းရှိသည့် ဖြစ်နိုင်ချေ ရှိသည်ဟူသည့် အဓိပ္ပာယ်ပင်။

အရာအားလုံးသည် ထင်မှတ်သည့်အတိုင်းသာ ဆိုပါက ကွာစီအင်ပါယာထက် ပိုမိုကာ အားနည်းသည့် တော်ဝင်သူတော်စင်များသည် ဤတည်နေရာ လမ်းကြောင်းကို ဝင်ရောက်ဖူးခြင်းမျိုး ရှိပေလိမ့်မည်။

“တကယ်လို့ တော်ဝင်သူတော်စင် ဆိုရင်တောင်မှ ထိန်းချုပ် ကိုင်တွယ်လို့ ရနေသေးတာပဲ”

လီယွင်သည် စိတ်ထဲမှာ ပြောလိုက်၏။ မုန့်ရှင်းကျီ၏ အားအင်အဆင့်ဖြင့် တော်ဝင် သူတော်စင် တစ်ယောက်ကိုမှ မကိုင်တွယ်နိုင်ဘူးဆိုရင် ကွာစီအင်ပါယာအဆင့် ကျင့်ကြံခြင်းသည် အသုံးမဝင်ဖြစ်နေမည် မဟုတ်ပါလား။

“စနစ်... နက်နဲကြယ်နယ်မြေရဲ့အတွင်းမှာ အင်ပါယာတစ်ယောက် ဖြစ်လာနိုင်တဲ့ အခွင့်အရေးတွေ၊ သတင်းအချက်အလက်တွေကို ဆက်ပြီးစစ်ဆေးလိုက်။ ပြီးတော့ အခွင့်အရေးကို ရယူဖို့အတွက် လုံခြုံတဲ့ လမ်းစဉ်တစ်ခုရော ပေါ့”

[ဒင်.. ကောင်းကင်လျှို့ဝှက်အမှတ် သုံးသန်းကို ထုတ်နှုတ်လိုက်၏]

“သုံးသန်းဟုတ်လား”

လီယွင်သည် ဆွံ့အသွားမိသည်။ “သောက်ကျိုးနည်း”

ဤအခွင့်အရေး၏ တန်ဖိုး တစ်ခုတည်းကပင်လျှင် သုံးသန်းတိတိ ကုန်ကျနေ၏။ ဤကဲ့သို့ ဖြစ်မည်မှန်း သိသည် ဆိုပါက ဖျက်ဆီးခြင်း တော်ဝင်အင်ပါယာ၏ သင်္ချိုင်းကိုသာ ပိုမိုဝယ်ယူလိုက်သင့်၏။

ထိုသို့ဆိုလျှင် မုန့်ရှင်းကျီ၏ ဂိုဏ်းခြောက်ခုဆီမှ ရရှိခဲ့သည့် အမွေအနှစ်များကို ရယူပြီး ကောင်းကင်လျှို့ဝှက် အမှတ် နှစ်သန်း‌ကျော်ကို ရှာဖွေနိုင်ပေလိမ့်မည်။ ဤအရာသည် ကြီးမားသည့် ဆုံးရှုံးမှုပင်။ အကျိုးအမြတ် ကြီးကြီးမားမား မရရှိခဲ့ချေ။ သူစစ်ဆေးခဲ့သည့် သတင်းအချက်အလက်များ ထဲတွင် အလွန်ဈေးကြီးလှသည့် အရာပင်ဖြစ်သည်။

မုန့်ရှင်းကျီသည် ဂိုဏ်းခြောက်ခုဆီမှ အရင်းအမြစ်များကိုသာ ပေးအပ်ခဲ့ခြင်း မရှိသည်ဆိုပါက သူသည် အဆုံးစွန်ထိ ဆုံးရှုံးတော့မှာ ဖြစ်၏။ လီယွင်သည် ကျောက်စိမ်းပြားတစ်ခုကို လက်ထဲ၌ကိုင်ထားရင်း အထဲက အကြောင်းအရာများကို ကြည့်ရှုလိုက်၏။ ရုတ်တရက် သူက နားလည်သွားမိ၏။

ခရမ်းရောင်နက်နဲလောကဆီမှ အရင်အင်ပါယာချန်ခဲ့သော အခွင့်အရေးတစ်ခုဖြစ်ပြီး ထိုသူသည် မြေအင်မော်တယ်လောကကြီးဆီသို့ သွားနိုင်စွမ်းရှိနေသည့် တည်နေရာလမ်းကြောင်း တစ်ခု ကိုလည်း ဖွင့်လှစ်ခဲ့၏။ ၎င်းသည် ထိုလမ်းကိုလည်း အသုံးပြုပြီး မြေအင်မော်တယ်လောကကြီးဆီသို့ ဝင်ရောက်ခဲ့၏။ မသွားခင်၌ နက်နဲအင်ပါရီယာ နန်းတော်၏ အထဲတွင် သူ၏အမွေအနှစ်များကို ချန်ရစ်ခဲ့သည်။

တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပဲ ဤနန်းတော်ထဲကို ဝင်လို့ရသည့် လမ်းသည် တစ်ခုတည်းသာလျှင်ရှိ၏။ ထိုလမ်းသည် လီယွင်တစ်ယောက် စစ်ဆေးခဲ့သည့် လမ်းသာလျှင် ဖြစ်၏။

All Chapters