အခန်း (၁၃၁-၁၃၅)
Vol. 9 Ch. 131-135
စာစဉ် ၉။ အခန်း ၁၃၁ Go pokemon အဲ့တာမင်းပဲ
“ဝင်လာ၊ တံခါးက သော့မခတ်ထားဘူး။”
နောက်အခိုက်အတန့်တွင်၊ ကျီဝူရှင်းသည် ဝိညာဉ်စွမ်းအင်ဝိုင်ပုလင်းနှစ်ပုလင်းကိုယူဆောင်ပြီး လုရှောင်ယန်၏အခန်းထဲသို့ဝင်ခဲ့သည်။
“စီနီယာ…”
ကျီဝူရှင်း တစ်ခုခုပြောတော့မည်ပြင်နေစဉ် လုရှောင်ယန်၏အကြည့်ကိုတွေ့လိုက်ရသည်။
ထိုအချိန်တွင် သူ၏စိတ်ဝိညာဉ်တစ်ခုလုံး လွတ်ထွက်သွားပြီး သူ၏အသိစိတ်တစ်ခုလုံးကို လုရှောင်ယန်က လုံးဝထိန်းချုပ်ထားလိုက်သည်။
သူတစ်ခါမှ မကြုံဖူးသည့် မှတ်ညဏ်တစ်ခု သူ့စိတ်ထဲတွင် ပေါ်လာသည်။
"ငါက မင်းဘဝရဲ့ အရေးကြီးဆုံးလူပဲ..."
သူတို့နှစ်ဦးသည် သုံးစက္ကန့်ထက်မနည်း ရှေ့မတိုးနောက်မဆုတ် ဖြစ်နေသည်။ တုန်တုန်ယင်ယင်ဖြင့် ကျီဝူရှင်းသည် မြေပြင်ပေါ်တွင် ဒူးထောက်ထိုင်ချလိုက်ပြီး မျက်လုံးများနီရဲကာ မျက်နှာပေါ်မှ မျက်ရည်များ စီးကျလာသည်။
"ဖေဖေ ကျွန်တော် အဖေ့ကို လိုက်ရှာနေတာ ကြာပြီ! နှစ်အတော်ကြာအောင် ခရမ်းရောင်ငြိမ်းချမ်းရေး ဧကရာဇ်နန်းတော်မှာ ပုန်းအောင်းနေပြီး အဖေ့ကို တစ်ချိန်လုံး လွမ်းနေခဲ့တာ။”
လုရှောင်ယန်: "???"
သူသည် ကျီဝူရှင်းနှင့် အဆက်အသွယ်ပြတ်နေတာကြာပြီဖြစ်သည့် ကျီဝူရှင်း အရေးကြီးသည့်လူတစ်ယောက်ဟုသာ မှတ်ဉာဏ်ကို ပေးခဲ့သည်။ ကျီဝူရှင်းက သူ့ကို ခရမ်းရောင်ငြိမ်းချမ်းရေး ဧကရာဇ်နန်းတော်မှာ ထားရစ်ခဲ့သည့် သူ၏အဖေအရင်းအဖြစ် အမှန်တကယ် စိတ်ကူးယဉ်လိမ့်မည်ဟု ဘယ်သူသိမည်လဲ။
အဲဒါကို မေ့လိုက်ပါ၊ အဲဒါကို နောက်တစ်ကြိမ် ထပ်လုပ်ပြီး သူ့ကို တခြားမှတ်ညဏ်ပေးလိုက်တာက ပိုကောင်းသည်။
"ငါက မင်းအဖေမဖြစ်နိုင်ဘူး။ ထွက်သွား။ အခု ဘာမှမဖြစ်ခဲ့ဘူး။”
“ဟုတ်ကဲ့။”
ကျီဝူရှင်းသည် လုရှောင်ယန်၏ တံခါးကို ဖြည်းညှင်းစွာဖွင့်ကာ ထွက်သွားသည်။ ခဏကြာတော့ သူ၏အသံက တံခါးအပြင်ဘက်ကနေ ထွက်ပေါ်လာပြန်သည်။
"အကြီးအကဲလု၊ ရှိလား။ ကျွန်တော့်မှာ စိတ်ကို အာဟာရဖြည့်ပေးပြီး သွေးလည်ပတ်မှုကို လျှော့ချပေးနိုင်တဲ့ ဖုန်းယွင်ဂိုဏ်းက ဝိုင်ကောင်းတွေရှိတယ်။ အကြီးအကဲရဲ့ ယန်ခွန်အားကိုလည်း တိုးစေနိုင်တယ်။ မြည်းစမ်းလို့ရအောင် ကျွန်တော်ယူလာပေးတာ။"
“လာ၊ တံခါးက သော့မခတ်ထားဘူး။”
ကျီဝူရှင်းသည် တံခါးကိုတွန်းပြီး ဝင်လိုက်သည်။ မြေပြင်ပေါ်ရှိ ဝိညာဉ်စွမ်းအင်ဝိုင်ပုလင်းနှစ်ပုလင်းကို သူ မြင်လိုက်ရသောအခါ ချက်ချင်းပင် အံ့အားသင့်သွားသည်။
"အယ်…"အကြီးအကဲမှာ ဖုန်းယွင်ဂိုဏ်းက ဝိညာဉ်စွမ်းအင်ဝိုင် ဘာလို့ရှိနေတာလဲ။"
သူ၏လက်ကို ငုံ့ကြည့်ကာ အော်ဖို့ကိုမထိန်းနိုင်တော့ပေ။
"အယ် ငါ့ဝိုင်ဘယ်မှာလဲ? ငါယူလာတဲ့ ဝိညာဉ်စွမ်းအင်ဝိုင်က ဘယ်မှာလဲ။ အကြီးအကဲ၊ ကျွန်တော်ပြန်သွားပြီး သင့်အတွက် နှစ်ပုလင်း ထပ်ယူလိုက်မယ်။"
ထိုစကားပြောပြီး ကျီဝူရှင်းသည် လျင်မြန်စွာ ထွက်ပြေးသွားသည်။
လုရှောင်ယန် : “…”
"မေ့လိုက်ပါ၊ ဒီ ကျီဝူရှင်းက သိပ်ညဏ်ကောင်းကျပုံမပေါ်ဘူး။"
ထိုအချိန်က၊ လုရှောင်ယန်၏ အစီအရင်ဖွဲ့စည်းပုံကို စမ်းသပ်မည်ဟု အခိုင်အမာပြောဆိုပြီးနောက် သူ့ကိုယ်သူ အရူးဖြစ်စေသည်။ နောက်ဆုံးတွင် ပေါက်ကွဲမှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး ပြန်လည်ကောင်းမွန်ရန် တစ်လကြာခဲ့ရသည်။
သူသည် အသုံးမဝင်သည့် အသင်းဖော် ဖြစ်လာနိုင်သည်။
ယေဘူယျအားဖြင့်ပြောရလျှင် သူကဲ့သို့သော ဗီလိန်၏လက်အောက်ငယ်သားများကို ဂရုတစိုက်ရွေးချယ်ရမည်ဖြစ်သည်။ သူ ပေါ့လျော့မှုခဲ့လျှင်၊ အသင်းဖော်ဆိုးနဲ့ တွေ့ရလိမ့်မည်။ ဤအသင်းဖော်သည် မြင်းနက်များအတွက် အတွေ့အကြုံနှင့် လက်နက်ပစ္စည်းများကို အရူးအမူး ပေးလိမ့်မည်။
ကျီဝူရှင်းသည် ဤကဲ့သို့ဖြစ်နိုင်ချေရှိပြီး လုရှောင်ယန်အနေနှင့် သူ့ကိုရွေးချယ်၍မရပေ။
လုရှောင်ယန်သည် သူ၏ခြံဝင်းထဲမှ ထွက်သွားပြီး ကျီဝူရှား၏ မင်းသမီးလေးနေအိမ်အပြင်ဘက်ပါ ရောက်သွားကာ အနည်းငယ် အကူအညီမဲ့နေသည်။
“ငါက အမြဲတမ်း ကောင်းကင်နတ်ဆိုးဂိုဏ်းမှာ ကျင့်ကြံခဲ့ပြီး တောင်ပေါ်ကနေ ဘယ်တော့မှ မထွက်ခွာခဲ့ဘူး။ ငါ့မှာ အဆက်အသွယ် လုံးဝမရှိတဲ့အပြင် အခြားသူတွေအကြောင်းလည်း သိပ်မသိဘူး။ ရုပ်သေးရှာချင်ရင်တောင် သင့်တော်တဲ့သူကို ရှာမတွေ့ဘူး။”
သူသည် ဤသို့ အတွေးများနေချိန်တွင် လုရှောင်ယန်သည် တော်ဝင်နန်းတော်၏ သိုင်းပညာပြိုင်ကွင်းသို့ ရောက်ရှိနေပြီဖြစ်သည်။
သိုင်းပညာရှင်များကြား တိုက်ပွဲတွင်၊ အပေါ့စားတိုက်ခိုက်မှုသည် ကျောက်တုံး တစ်လုံးကို ဖြိုခွင်းနိုင်ပြီး ပိုမိုပြင်းထန်သော တိုက်ခိုက်မှုသည် မြေကြီးကို ဖြိုခွင်းနိုင်သည့်အားဖြစ်သည်။ ထို့ကြောင့် အဆောက်အဦများ ပျက်စီးခြင်းမှ ကာကွယ်ရန်အတွက် အချို့သော မိသားစုကြီးများသည် သိုင်းပညာပြိုင်ကွင်းတစ်ခု တည်ဆောက်ရန်အတွက် အထူးအစီအရင်ဖွဲ့စည်းမှုများကို အသုံးပြုကြသည်။
ဤနည်းဖြင့် ၎င်းတို့သည် အပျက်အစီးကို ကာကွယ်ရုံသာမက ကျင့်ကြံခြင်း၏ ပန်းတိုင်ကိုလည်း အရောက်လှမ်းနိုင်သည်။
မွန်းတည့်ချိန်နီးပြီဖြစ်၍ လူအများစုက အနားယူနေကြသည်။ သို့သော် ထိုနေရာ၌ ပူပြင်းသောနေရောင်အောက်တွင် ကျင့်ကြံနေသည့် လူတစ်ဦးရှိနေသည်။
သူ၏အရိုးအသက်ကို ကြည့်ရသလောက် သူ၏အသက်သည် ၃၀ လောက်ရှိသင့်ပြီး ကျီဝူရှင်းနှင့် မတိမ်းမယိမ်းပင်။
သို့သော်၊ သူ၏ ကျင့်ကြံမှုအဆင့်သည် ကျီဝူရှင်းထက် များစွာ အားကောင်းပြီး၊ သူသည် တောင်ပင်လယ် နဝမအဆင့်တွင်ပင် ရှိနေပြီဖြစ်သည်။
သူ၏ ကြွက်သားများသည် နေရောင်အောက်တွင် အရောင်လက်ကာ တောက်ပနေသည်။
“ဒီကောင်လေးရဲ့ အရည်အချင်းက မဆိုးဘူး။ သူက အလယ်အလတ်တန်းစား သူတော်စင်အဆင့် ကျင့်ကြံခြင်းနည်းလမ်းကိုပဲ ကျင့်ကြံတာတောင် ဒီအသက်အရွယ်မှာ တောင်ပင်လယ် နဝမအဆင့်ကို ရောက်နိုင်တာ မဆိုးဘူး။ သူက လီကောထက် အဆင့်တစ်ဆင့်လောက်ပဲ နိမ့်မယ်။ သူ့ကို Aအဆင့် ကျွမ်းကျင်သူအဖြစ် အကဲဖြတ်လို့ရမယ်။"
တစ်စုံတစ်ယောက်စကားပြောနေသည်ကို ကြားလိုက်ရ၍ဖြစ်မည် တစ်ဖက်သူက ကျင့်ကြံတာကို ရပ်လိုက်ပြီး လုရှောင်ယန်ကို ကြည့်လိုက်သည်။ သူ မတတ်နိုင်ဘဲ အနည်းငယ် ထိတ်လန့်သွားသည်။ ထို့နောက် သူသည် လမ်းလျှောက်လာပြီး လုရှောင်ယန်ဆီသို့ ဂါရဝပြုလိုက်သည်။
"ဒီအငယ် ကျီဝူရှန်က အကြီးအကဲကို နှုတ်ဆက်ပါတယ်။"
"မင်း..ငါ့ကိုသိတာလား။"
ကျီဝူရှန် ခေါင်းယမ်းလိုက်သည်။
"ဒီအငယ်က အကြီးအကဲကို တစ်ခါမှ မမြင်ဖူးပေမယ့် အကြီးအကဲမှာ ကျွန်တော့်ညီမရဲ့ အရှိန်အဝါရှိတယ်။ အကြီးအကဲက ကျွန်တော့ညီမရဲ့ ခြံဝန်းထဲကလာတာလို့ ယူဆရတယ်။ ဒါ့အပြင်၊ အကြီးအကဲရဲ့ အရှိန်အဝါကနေ သင်က အေးဆေးပြီး ထူးခြားတယ်လို့ ပြောနိုင်တယ်။ ဒါ့ကြောင့်၊ အကြီးအကဲက ဝူရှားရဲ့ ဆရာဖြစ်မယ်လို့ ကျွန်တော် အတည်ပြုဝံ့ပါတယ်။"
လုရှောင်ယန်၏ မျက်လုံးများ တောက်ပလာသည်။
ဒီကောင် ... အလားအလာ ရှိတယ်။ သူ့ဦးနှောက်က အရမ်းအသုံးဝင်တယ်။
သို့သော်လည်း ဤအရာတစ်ခုတည်းက သူ့အတွက် တဖက်လူကို လက်အောက်ငယ်သားအဖြစ် လက်ခံရန် မလုံလောက်ပါ။
ပိုပြီးတော့ စောင့်ကြည့်ဖို့ လိုပါသေးသည်။
ထို့ကြောင့် လုရှောင်ယန်သည် သူ၏လက်ကို နောက်ပစ်ပြီး တည်ငြိမ်စွာ ပြုံးလိုက်သည်။
"မှန်တယ်။ ငါက ဝူရှားရဲ့ဆရာပါ။ မင်းက ဘယ်မင်းသားလဲ။"
"ကျွန်တော်က ခရမ်းရောင်ငြိမ်းချမ်းရေး အင်ပါယာနန်းတော်ရဲ့ အကြီးဆုံးမင်းသားပါ။"
"ဒါဆို မင်းက ဘုရင်ကျီနဉ်ရဲ့ အကြီးဆုံးသားပဲ။ ဒီလို ဂုဏ်သိက္ခာရှိတဲ့ သူတစ်ယောက်အနေနဲ့ ဘာကြောင့် ဒီအချိန်မှာ တစ်ယောက်တည်း ကျင့်ကြံနေရတာလဲ။ မင်း အနားယူရမှာ မဟုတ်ဘူးလား။"
ကျီဝူရှန်က "တော်ဝင်နန်းတော်ရဲ့ အကြီးဆုံးသားဖြစ်တဲ့အတွက် ကျွန်တော်က တခြားသူတွေလို ပျင်းလို့မရပါဘူး။"
ခေတ္တနားပြီးနောက် သူက ဆက်ပြောသည်။ “ပြီးတော့ ကျွန်တော်က ကျွန်တော့်ကျင့်ကြံမှုမှာ အတားအဆီးနဲ့ ကြုံတွေ့နေရပါတယ်။ ဒါကြောင့် အလုပ်ပိုကြိုးစားရမယ်။”
လုရှောင်ယန်၏ မျက်လုံးများက သဘောကျမှု အရိပ်အမြွက် ပေါ်လာသည်။
မဆိုးပါဘူး၊ လုံးဝမဆိုးပါဘူး။
ဦးနှောက်နှင့် ကြိုးစားအားထုတ်မှုတွေ ရှိခြင်းကြောင့် သူဟာ အသုံးဝင်သည့် အသင်းဖော်တစ်ယောက် ဖြစ်လာမှာ သေချာသည်။
ထိုသို့တွေးပြီး လုရှောင်ယန်က ဆက်ပြောလိုက်သည်။ “ငါ တချက်ကြည့်ကြည့်လိုက်တာ.. မင်းရဲ့ ကျင့်ကြံခြင်းနည်းလမ်းက ဒြပ်စင်ငါးခုနဲ့ သက်ဆိုင်တယ်။ ဒြပ်စင်ငါးခုက မင်းခန္ဓာကိုယ်ရဲ့ ကလီစာငါးပါးကို ကိုင်တွယ်ဖြေရှင်းဖို့ အချင်းချင်း တွန်းအားပေး ထိန်းကျောင်းပေးတယ်။ ကျင့်ကြံခြင်းလမ်းတစ်လျှောက် တန်ပြန်မှုအကျိုးတွေကို ရခဲ့မှာပါ။ ဒါပေမယ့်မင်းဟာ အပြန်အလှန် ဘဝကို အဆုံးစွန်အထိ ကျင့်ကြံခဲ့ပြီးပြီ၊ ဒါပေမယ့် တစ်ခုကိုတစ်ခု တန်ပြန်ဖို့ မလေ့ကျင့်ရသေးဘူး။ မှတ်ထား မင်း အဲ့တာတွေကို ပေါင်းစပ်နိုင်ပေမယ့် ခွဲခြားလို့မရဘူး။ အားလုံးကို သန့်စင်ပြီး လွတ်လွတ်လပ်လပ် ထိန်းချုပ်နိုင်မှသာ နောက်တစ်ဆင့်တက်နိုင်မှာ...။"
ကျီဝူရှန်၏ မျက်လုံးများ အနည်းငယ် လှုတ်ခတ်သွားသည်။ သူသည် ခဏလောက်စဉ်းစားပြီး ကျင့်ကြံနည်းလမ်းကို ချက်ချင်းပြန်လေ့ကျင့်သည်။
အစတွင် နည်းနည်းအဆင်မပြေပေ။ သို့သော် နောက်ပိုင်းတွင် တဖြည်းဖြည်း ပိုကောင်းလာသည်နှင့်အမျှ လျှောလျှောရှူရှူ လုပ်ဆောင်နိုင်လာသည်။
အမွှေးတိုင်တစ်ဝက်ကုန်စာမျှ ကြာပြီးသည့်နောက် ကျီဝူရှန်၏နှလုံးသွေးကြော၏အတက်အကျအသံကြောင့် အဆုံးမဲ့ပျော်ရွှင်မှုသည်လည်း သူ၏မျက်နှာပေါ်သို့ တိုးဝင်လာသည်။
တစ်ချိန်တည်းမှာပင် တုန်လှုပ်ချောက်ချားသွားသည်။
လုရှောင်ယန်က တကယ်ကို အစွမ်းထက်လွန်းသည်။ စကားအနည်းငယ်ပြောရုံဖြင့် သူကို တိုးတက်အောင် ကူညီပေးခဲ့သည်။
ပြီးပြီးချင်းမှာပဲ ကျီဝူရှန်သည် လုရှောင်ယန် ရှေ့ ချက်ချင်းရောက်လာပြီး လုရှောင်ယန်ကို ဦးညွှတ်လိုက်သည်။
“လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲ။ ကျွန်တော် အရမ်းကျေးဇူးတင်တယ်။"
လုရှောင်ယန်သည် ပို၍ပင် ကျေနပ်သွားသည်။ ဒီကျီဝူရှန်ရဲ့ အရည်အချင်းက တကယ်မဆိုးပါဘူး။
ကောင်းပြီ။
မင်းဆိုရတယ်။
“ခေါင်းကို မော့ပါ။”
လုရှောင်ယန်၏ စကားကိုကြားတော့ ကျီဝူရှန် ချက်ချင်း မော့ကြည့်လိုက်သည်။ လုရှောင်ယန်၏ မျက်လုံးများနှင့် ဆုံတွေ့လိုက်သည့်အခိုက်တွင် သူ၏စိတ်သည် လွတ်ကင်းသွားသည်။
ထို့နောက်တွင်၊ ကြီးကျယ်ခမ်းနားသော အသွင်အပြင်သည် သူ၏စိတ်ထဲတွင် ပိုကြီးမားလာပြီး သူ၏ဝိညာဉ်နှင့် အသိစိတ်တို့ကို လုံးလုံးလျားလျား လွှမ်းမိုးသွားလေသည်။
ဒီအချိန်ကစပြီး ကျီဝူရှန်၏နှလုံးသားထဲတွင် လုရှောင်ယန်ကို နတ်ဘုရားအဖြစ် လေးစားတော့မည်ဖြစ်သည်။
စစ်မှန်သောအမြင်အာရုံသုံးပါးမှတစ်ဆင့် လုရှောင်ယန်သည် ကျီဝူရှန်၏လေးစားမှုကို သတ်မှတ်ပေးခဲ့ပြီး တစ်ဖက်ကိုထိန်းချုပ်ရန် လွယ်ကူစေသည်။ နောင်တွင်၊ ပြင်ပကိစ္စများကို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ပါက၊ ကျီဝူရှန်ကို နောက်ကွယ်မှ ထိန်းချုပ်နိုင်မည်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ငြိမ်သက်နေသော မဟာကျိုးနန်းမြို့တော်ရှိ နေရာတစ်ခုမှ ထိတ်လန့်တုန်လှုပ်ဖွယ် ပေါက်ကွဲသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။
ဒုန်း.....
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၉။ အခန်း ၁၃၂ နတ်ဆိုးကောင် ထောင်ထဲကထွက်လာပြီ..
“နှစ်ပေါင်း ၇၀၀ ရှိပြီ။ နောက်ဆုံးတော့ ငါလွတ်မြောက်ပြီ။ ဟားဟားဟား…”
ကောင်းကင်အကျဉ်းထောင်အောက်တွင် အနက်ရောင်နတ်ဆိုး အငွေ့အသက်သည် တဖြည်းဖြည်း မြင့်တက်လာသည်။ အကြီးအကဲမင်ကျဲ့သည် လေထုထဲသို့ ခြေလှမ်းပြီး ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လာသည်။
ပြင်းထန်သောဖိအားသည် လူတိုင်းကို တုန်လှုပ်စေခဲ့သည်။ ကောင်းကင်အကျဉ်းထောင်ကို စောင့်ကြပ်နေသည့် စစ်သားတွေက သူ့ကို ချက်ချင်း ဝိုင်းရံလိုက်ကြသည်။
ကောင်းကင်အကျဉ်းထောင် ဦးစီးမှူးတိုင်လန်သည် ထိုဒဏ်ကို ပထမဆုံး ခံခဲ့ရသည်။
"အကြီးအကဲမင်ကျဲ့၊ မင်း သတ္တိရှိလှချည်လား။ မင်းတကယ်ပဲ ကောင်းကင်အကျဉ်းထောင်ကို ဖျက်ဆီးဝံ့တယ်ပေါ့။”
“နားညီးတယ်။”
အကြီးအကဲမင်ကျဲ့ တချက်ကြည့်လိုက်သည်နှင့် ပေါက်ကွဲသံနှင့်အတူ တိုင်လန်သည် လွင့်ပျံသွားခဲ့သည်။
လေထဲတွင် သူသည် ရင်ဘတ်ကိုဖိကာ ပါးစပ်မှ သွေးများ ထွက်ကျလာသည်။ သူ၏အမူအရာမှာ လွန်ကဲစွာ တုန်လှုပ်သွားသည် ။
အုန်း...
ပြင်းထန်သောပေါက်ကွဲသံနှင့်အတူ တိုင်လန်သည် အံကြိတ်ကာ “အကြီးအကဲမင်ကျဲ့၊ အရမ်းမောက်မာမနေနဲ့။ တော်ဝင်မိသားစုက မင်းကို လွှတ်ထားမှာမဟုတ်ဘူး။”
“ဟားဟား… တော်ဝင်မိသားစု..ဟုတ်လား... တော်ဝင်မိသားစုက တန်ခိုးကြီးတော့ရောဘာဖြစ်လဲ။ ကောင်းကင်အကျဉ်းထောင်တစ်ခုလုံးက ဖြောင့်မတ်တဲ့ ကျင့်ကြံသူအားလုံးကို လျှို့ဝှက်နည်းပညာကို အသုံးပြုပြီး နတ်ဆိုးအငွေ့အသက်တွေကူးစက်စေပြီးပြီ။ သူတို့ထဲမှာ ကျင့်ကြံဆင့်မြင့်တဲ့သူတွေ မရှားပါဘူး။ အခု သူတို့အားလုံးက ငါ့ရဲ့ လက်အောက်ခံတွေ ဖြစ်လာကြပြီ။ တော်ဝင်မိသားစုက ငါ့ကိုဖမ်းချင်ရင်တောင် လွယ်မှာမဟုတ်ဘူး။”
ခေတ္တနားပြီးနောက်၊ အကြီးအကဲမင်ကျဲ့က ဆက်ပြောသည်။ “အားလုံးပဲ နားထောင်ပါ။ ငါတို့ လူစုခွဲ သွားကြမယ်။ မြို့ပြင်မှာ ငါနဲ့ပြန်တွေ့မယ်။”
ထိုအမိန့်ကြောင့် ထောင်တွင်းရှိ ကျင့်ကြံသူအားလုံးသည် ချက်ချင်းပင် ပျံတက်ပြီး လေထဲသို့ ပျောက်ကွယ်သွားကြသည်။
တိုင်လန်၏နှလုံးသား တုန်လှုပ်သွားသည်။
နတ်ဆိုးကျင့်ကြံသူများ ပေါ်လာပြီး အရပ်ရပ်သို့ ပျံ့နှံ့သွားသည်။ မဟာကျိုး တော်ဝင်မိသားစုသည် ၎င်းတို့အားလုံးကို ရှင်းပစ်ရန် လုံးဝမဖြစ်နိုင်ပေ။ အများစုမှာ ထောင်မှ လွတ်မြောက်ကြမည်ဖြစ်သည်။
ပြီးသွားပြီ။ မဟာကျိုးမှ လူမည်မျှသေဆုံးတော့မည် မသိပေ။ နတ်ဆိုးဂိုဏ်းက ဘယ်လောက် အားကောင်းလာမည်လဲ။
သူသည် တံဆိပ်ပြားကို အသက်သွင်းပြီး အကြီးအကဲမင်ကျဲ့ကို ဦးစွာဖမ်းဆီးဖို့ ရှောင်လွှဲ၍မရသောပိုက်ကွန်တစ်ခုကို ချရန် ဤနေရာမှ သတင်းကို ပို့ကာ၊ နန်းမြို့တော်မှ ကျွမ်းကျင်သူများကို အကူအညီတောင်းရန်ပြင်လိုက်သည်။ ထိုစဉ် အရှိန်အဝါတစ်ခုက သူ့အပေါ်သို့ ရုတ်တရက် ကျရောက်လာကာ အကြီးအကဲမင်ကျဲ့သည် တိုင်လန်၏နှလုံးသားကို ခြေထောက်ဖြင့် ကန်လိုက်သည်။
"မင်းက အကူအညီ လှမ်းတောင်းချင်တယ်ပေါ့။ ငါမင်းကိုဒီလိုလုပ်ခွင့်ပေးမယ်လို့ မင်းထင်လား။"
တိုင်လန်သည် အကြီးအကဲမင်ကျဲ့ကို စူးစိုက်ကြည့်နေစဉ် သူ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ တိုင်လန်တစ်ယောက် သူ အဆုံးသတ်ရတော့မည်ဖြစ်သောကြောင့် တုန်လှုပ်သွားသည်ဟု အကြီးအကဲမင်ကျဲ့က ထင်မြင်ခဲ့သည်။ သို့သော် အမှန်မှာ သူသေဆုံးချိန်၌ လုရှောင်ယန် သူ၏စိတ်ထဲတွင် ထည့်သွင်းထားခဲ့သည့် မှတ်ညဏ်များ ရုတ်တရက် ပျက်သုဉ်းသွားခဲ့ခြင်းကြောင့်ဖြစ်သည်။ စစ်မှန်သောအမြင်အာရုံသုံးပါး၏ အကျိုးသက်ရောက်မှုသည် သူသေဆုံးခြင်းနှင့်အတူ ပျောက်ကွယ်သွားသည်။
ဤအခိုက်အတန့်တွင်၊ သူ့ကို ထိတ်လန့်စေမည့်အရာမှာ အကြီးအကဲမင်ကျဲ့ မဟုတ်ဘဲ လုရှောင်ယန်ပင်။
ဒီကောင်က ဘယ်သူလဲ။
သူဘာကြောင့် တခြားသူတွေရဲ့မှတ်ညဏ်တွေကို ပြောင်းလဲနိုင်ခဲ့တာလဲ။
အအေးဓာတ်က သူ့စိတ်တစ်ခုလုံးကို ပျံ့နှံ့သွားသည်။
နှိုင်းယှဉ်ကြည့်လျှင် သူ၏သေဆုံးမှုနှင့် အကြီးအကဲ မင်ကျဲ့ လွတ်မြောက်မှုသည် အရေးမပါပုံရသည်။
ကံမကောင်းစွာပဲ၊ သူ့မှာ ဒီလျှို့ဝှက်ချက်ကို ပြောပြဖို့ အခွင့်အရေး မရှိတော့ဘူး။
တစ်ချိန်တည်းမှာပင်၊ လုရှောင်ယန်သည် ခရမ်းရောင်ငြိမ်းချမ်းရေး တော်ဝင်နန်းတော်၏ရင်ပြင်တွင် သူ၏ထိန်းချုပ်မှုအောက်တွင်ရှိပြီးသား ကျီဝူရှန်ကို ပညာပေးနေသည်။
“ဒီနေ့ကစပြီး ငါတို့က တစ်ယောက်နဲ့တစ်ယောက် မသိကြဘူး။ အပြင်လူတွေရှေ့မှာ၊ မင်းငါ့ကို မသိဘူးလို့ ဟန်ဆောင်ပြီး ငါမရှိသလို ဆက်ဆံပါ။ နားလည်ပါသလား။"
"နားလည်သဘောပေါက်ပါတယ်။"
လုရှောင်ယန်သည် ကျီဝူရှန်၏ဂုဏ်သိက္ခာကို မြှင့်တင်ပြီး သူ့ကို တော်ဝင်မိသားစုအတွင်း အလန်းစားဖြစ်တည်မှုဖြစ်လာစေရန် လိုလားသည်။
ဤနည်းဖြင့် သူ့ကို မဟာကျိုး တော်ဝင်မိသားစုက တန်ဖိုးထားမည်ဖြစ်သည်။
မဟာကျိုး တော်ဝင်မိသားစုကို ဆက်ခံမည့်သူသည် တော်ဝင်နန်းတော်တွင် နေထိုင်သူများမှဟူ၍ တသွေမတိမ်းဆုံးဖြတ်ထားခြင်းမရှိပါ။ စင်စစ် တော်ဝင်သွေးရင်းရှိသူတိုင်းသည် မဟာကျိုး၏ မဟာဧကရာဇ်ဖြစ်လာဖို့ အခွင့်အလမ်းရှိကြသည်။
ဥပမာအားဖြင့်၊ ဘုရင်ကျီနဉ်သည် သူ၏ဘိုးဘေးများသည် ဧကရာဇ်နေရာအတွက် တစ်ခါမျှ မတိုက်ပွဲဝင်ခဲ့သောကြောင့် ဘုရင်ဘွဲ့ကိုသာ အပ်နှင်းခံခဲ့ရသည်။ သို့သော် တော်ဝင်မိသားစု၏သွေးသည် သူ၏အသွေးအသားထဲတွင် စီးဆင်းနေဆဲဖြစ်သည်။
သို့သော် ရာဇပလ္လင်အတွက် ယှဉ်ပြိုင်ရန်အတွက် ဘုရင်မင်းမြတ်၏မိသားစုမှ အဖိုးကြီးများ၏ အာရုံစူးစိုက်မှုကို ဆွဲဆောင်ရန် လုံလောက်သော အရည်အချင်းရှိရန် လိုအပ်သည်။
ကျီဝူရှန်သည် တုနှိုင်းမရသည့် ကောင်းကင်ကို အံတုနိုင်သည့် စွမ်းရည်ကို ပြသနိုင်လျှင် သူ့တွင် မဟာကျိုး၏ ရာဇပလ္လင်အတွက် ယှဉ်ပြိုင်နိုင်တဲ့ အရည်အချင်းတွေ ရှိလာမှာ ဖြစ်ပါသည်။ လုရှောင်ယန်ကတော့ နောက်ကွယ်မှာ ပုန်းပြီး ဒါတွေအားလုံးကို ထိန်းချုပ်ထားလိမ့်မည်။
ဤနည်းဖြင့် လုရှောင်ယန်သည် မဟာကျိုး အင်ပါယာတွင် အလွန်သာယာသောဘဝတစ်ခုကို ရရှိမည်ဖြစ်သည်။ ဘာသိဘာသာ နေထိုင်ရင်း ကျင့်ကြံမှု မြန်မြန်ဆန်ဆန် တိုးလာနိုင်သည်။
သူ တစ်ခုခုလုပ်ခဲ့လျှင်လည်း မဟာကျိုးတော်ဝင်မိသားစု၏ နာမည်ကို အသုံးပြု၍ သူ့ကိုယ်သူ မထုတ်ဖော်ပဲနေနိုင်သည်။
၎င်းသည် ကောင်းကင် နတ်ဆိုးဂိုဏ်းတွင် နေထိုင်ခြင်းနှင့် လုံးဝ ကွဲပြားသည်။
ကောင်းကင်နတ်ဆိုးဂိုဏ်းတွင် လုရှောင်ယန်သည် ခံရသူဖြစ်သည်။ ဂိုဏ်းတစ်ခုခုဖြစ်ခဲ့၍ တစ်ခုခုလုပ်ခိုင်းလျှင် သူလုပ်ရမည်။
ဥပမာအားဖြင့်၊ ဂိုဏ်းအတွက် အစီအရင် ဖွဲ့စည်းမှုများကို ပြန်လည်တည်ဆောက်ပေးခြင်း သို့မဟုတ် လိပ်နက်ဂိုဏ်း၏ အစီအရင် ဖွဲ့စည်းခြင်းတွင် ပါဝင်ခြင်း...
ယခုမူ၊ သူသည် ကျီဝူရှန်ကို ကောင်းမွန်စွာ ပြုစုပျိုးထောင်ပေးရန်သာ လိုတော့သည်။ ဤနည်းဖြင့် မဟာကျိုး တော်ဝင်မိသားစုတစ်ခုလုံး၏ ကျန်ရှိသော အကြီးအကဲများအားလုံးကို ကိုင်တွယ်ဖြေရှင်းပေးမည်ဖြစ်သည်။
သူ့မှာ အကြွင်းမဲ့ ချုပ်ကိုင်နိုင်သည့်အာဏာရှိလိမ့်မည်။
မဟာကျိုး မပျက်စီးသရွေ့ သူကြိုက်သလို ဘာကိုမှဂရုမစိုက်ပဲနေနိုင်သည်။ သူ့အတွက် အမြဲတမ်း ပေါ့ပေါ့ပါးပါးနေဖို့က ပြဿနာမဟုတ်တော့ပေ။
သူ့မှာ ဘာမှလုပ်စရာမရှိတဲ့အခါ မြင်းနက် တချို့ကို သတ်ပစ်နိုင်သည်။
ပြီးပြည့်စုံတယ်။
“ဒါက သိုင်းဘုရင်အဆင့် သွေးဆေးလုံး။ မင်းရဲ့ ကျင့်ကြံမှု တိုးလာဖို့ ယူပြီး စားလိုက်။ သိုင်းဘုရင်အဆင့် ကျင့်ကြံခြင်းနည်းလမ်းဖြစ်တဲ့ တိုက်ပွဲနတ်ဘုရားအနုပညာကိုလည်း သင်ပေးမယ်။ အဲ့ဒါကို ကျင့်ကြံပါ။ လာမယ့်လမှာ ရှေးဟောင်းတားမြစ်နယ်မြေ ဖွင့်လိမ့်မယ်။ ရှေးဟောင်းတားမြစ်နယ်မြေမှာ တောက်ပစေဖို့ သေချာစေရမယ်၊ ပြီးရင် တော်ဝင်မိသားစုက မင်းရဲ့အဆင့်အတန်းကို အသိအမှတ်ပြုစေရမယ်။"
"နားလည်ပါပြီ အကြီးအကဲလု။ သင့်ရဲ့သွန်သင်ချက်တွေကို သေချာမှတ်ထားပြီး ကျွန်တော်ခွန်အားရှိသမျှနဲ့ ကျင့်ကြံမယ်။ သင့်ရဲ့အမိန့်ကို နာခံဖို့ ကျွန်တော်အချိန်တိုင်း အဆင်သင့်ဖြစ်နေမှာပါ။" လုရှောင်ယန် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
“ဆက်လုပ်ပါ။”
“ဟုတ်ကဲ့။”
ကျီဝူရှန်သည် သူ၏ ခွန်အားကို မြှင့်တင်ရန် အမြန်ပြန်သွားသည်။
လုရှောင်ယန်က သူ့ကို ထိန်းချုပ်ပြီးနောက် လုရှောင်ယန် ပြောသမျှသည် သူ့အတွက် ကျိုးကြောင်းဆီလျော်မှုရှိသည်။ ပြီးမြောက်အောင် အစွမ်းကုန် လုပ်ရမည်ဆိုသည့် အမိန့်တွေ အားလုံးကို ပေးခဲ့သည်။
သူထွက်သွားပြီးနောက် လုရှောင်ယန်၏အကြည့်သည် ကောင်းကင်အကျဉ်းထောင်ဆီသို့ ဦးတည်သွားသည်။
ယခုပင် သူသည် ကောင်းကင်အကျဉ်းထောင်၏ ဦးတည်ရာမှ ကြီးမားသော အငွေ့အသက်များ တဟုန်ထိုး ထွက်လာသည်ကို သူ ခံစားလိုက်ရသည်။ ပြောစရာမလိုအောင် သေချာပေါက် ဟိုကောင်ပဲဖြစ်ရမည်။
သို့သော်လည်း လုရှောင်ယန်သည် ပျော်ပွဲရွှင်ပွဲတွင် ပါဝင်ရန် မပြင်ဆင်ခဲ့ပေ။
သူသည် သူ၏ စည်းမျဉ်းဟောင်းအတိုင်းပင်။ ကောင်းကင်ကြီး ပြုတ်ကျရင်တောင် ထိန်းထားမည့် အရပ်မြင့်မြင့်လူရှိလိမ့်မည်။ ထိုအရာက သူနဲ့ ဘာဆိုင်လို့လဲ။
ထိုအစား သူသည် သူ၏တပည့်တွေဆီသွားပြီး သိုင်းဘုရင်အဆင့် ဝိညာဉ်ဆေးလုံးကို ပေးလိုက်သည်။
သိုင်းဘုရင်အဆင့် ဝိညာဥ်ဆေးလုံးသုံးခုသာရှိသောကြောင့် လုရှောင်ယန်သည် သူမစားခဲ့ပါ။
Li Changsheng ကမူ လုရှောင်ယန် သည် သူ့ကိုပေးဖို့ အဆင်သင့်မဖြစ်သေးပေ။ သူ့တွင် နတ်ဘုရားအဆင့် ဓါးဝိညာဉ် ရှိပြီး သူ၏ သိုင်းပညာကို နားလည်နိုင်စွမ်းမှာ မနည်းလှပေ။ သူ၏အရည်အချင်းက အလွန်အစွမ်းထက်သည်။ ဒီပစ္စည်းကိုစားခြင်းက သက်ရောက်မှုရှိသော်လည်း သိပ်ထိရောက်မှုရှိမည်မဟုတ်ပေ။
သူသည် သိုင်းဘုရင်အဆင့် ဝိညာဉ်ဆေးလုံးများ ထပ်မံရရှိလာမှသာ သူ့အား ပေးကမ်းလျှင်လည်း အချိန်နှောင်းမည်မဟုတ်ပါ။
ထို့ကြောင့် လုရှောင်ယန်သည် သိုင်းဘုရင်အဆင့် ဝိညာဉ်ဆေးလုံးအား ယွင်လီကော၊ ကျီဝူရှားနှင့် ဖုန်းထျန်းယွမ်တို့အား ပေးခဲ့သည်။
ဆေးလုံးကို ရရှိသော သူတို့ သုံးဦးသည် လွန်စွာ တုန်လှုပ်သွားပြန်သည်။
"ဆရာက သိပ်တော်တာပဲ မဟုတ်ဘူးလား။ သိုင်းဘုရင်အဆင့် သွေးဆေးလုံးနဲ့ သိုင်းဘုရင်အဆင့် ခြင်ဆီဆေးလုံးကို စားပြီးပြီ။ အခု သိုင်းဘုရင်အဆင့် ဝိညာဉ်ဆေးလုံးတောင် ပေါ်လာပြီ။ ငါတို့က အဲဒါတွေကို အကုန်လုံး မြည်းစမ်းခဲ့ပြီးပြီ။”
"ဆရာက သိုင်းဘုရင်အဆင့် ကျွမ်းကျင်ပညာရှင်တစ်ဦးကို သတ်ပြီး အရှင်လတ်လတ် အရေခွံစုတ်ပစ်ပြီး သူ့ကို ဆေးဖက်ဝင်ဆေးလုံးအဖြစ် ပြန်လည်သန့်စင်ရန်ထားတာများလား... "
"အဲဒါအမှန်ပဲ။ ဆရာ့ ကျင့်ကြံမှုက သိုင်းဘုရင်အဆင့်ကို သေချာပေါက် ကျော်လွန်နေပြီ။"
ကျီဝူရှားသည် သူမ၏ မှတ်စုစာအုပ်လေးကို တိတ်တဆိတ် ထုတ်ယူလိုက်သည်။
"မဟာကျိုး ပြက္ခဒိန်၏ ၂၀၂၁ နှစ် မေလ ၁၄ ရက်နေ့တွင် မိုးရွာခဲ့သည်။ ဆရာက သိုင်းဘုရင်အဆင့် ကျွမ်းကျင်ပညာရှင်ကိုသတ်ခဲ့ပြီး သိုင်းဘုရင်အဆင့် သွေးဆေးလုံး၊ သိုင်းဘုရင်အဆင့် ခြင်ဆီဆေးလုံးနှင့် သိုင်းဘုရင်အဆင့် ဝိညာဉ်ဆေးလုံးတို့ကို ပြန်လည်သန့်စင်ရန်အတွက် ထိုသူ့ကို အရှင်လတ်လတ် အရေခွံခွာခဲ့သည်။
ယနေ့အချက်အလက်ကို အခြေခံ၍ ဆရာ့ရဲ့ ယခင် သိုင်းဘုရင်အဆင့် သွေးဆေးလုံးကိုလည်း ထိုသိုင်းဘုရင်အဆင့်ကျွမ်းကျင်သူထံမှ ရရှိခဲ့ကြောင်း ကောက်ချက်ချရသည်။ ကနဦးထင်မြင်ယူဆချက်တစ်ခုအရ ဆရာက သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူနှစ်ဦးထက်မနည်းကို သတ်ပစ်ခဲ့သည်။"
“ဆရာမှာ ဒဏ်ရာတော့ မရှိပါ။ ကျွန်မတို့ရဲ့ ကနဦးခန့်မှန်းချက်အရ ဆရာ့ရဲ့ အစွမ်းက သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူကို နှိမ်နင်းဖို့ လုံလောက်ပါတယ်။"
"အကျဉ်းချုံးရလျှင် ဆရာသခင်ဟာ သိုင်းလောကဒဏ္ဍာရီထဲကို ခြေချပြီး အထွတ်အထိပ်နေရာကို နေလောက်ပြီ…."
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၉။ အခန်း ၁၃၃ ငါ့ကိုရန်စပြီးပြေးလို့ရမယ်ထင်လား..
သူ၏တပည့်များအားလုံးသည် မဟုတ်မဟပ်တွေပြောတတ်ကြောင်း လုရှောင်ယန်ကတော့ဖြင့် မသိခဲ့ပါ။ သူတို့အား ဆေးလုံးများပေးပြီးနောက် လုရှောင်ယန် သူ၏အခန်းသို့ ပြန်လာပြီး အလုပ်ရှုပ်နေခဲ့သည်။
ဦးစွာ၊ သူသည် ငွေလခြမ်းဓါးနှစ်ချောင်းကို ကိုင်တွယ်ဖြေရှင်းရမည်။
သိုင်းဘုရင်အဆင့် လက်နက်များအနေနှင့် ၎င်းတို့အားလုံးသည် ဒေါသအနည်းငယ်ထွက်နေသည်မှာ ပြောစရာမလိုပင်မလိုချေ။
လုရှောင်ယန်သည် ၎င်းအတွက် လေကုန်မခံပေ။ မြင့်မြတ်သောသစ်သားမီးလှံကို ကိုင်တွယ်ပုံကဲ့သို့ပင်၊ မခံနိုင်တော့သည့်တိုင်အောင် သူတို့ကို ဦးစွာရိုက်လေ၏။ ထို့နောက် သူတို့သည် သဘာဝအတိုင်း နာခံလာကြသည်။
ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် လုရှောင်ယန်သည် နောက်ဆုံးတွင် သူ၏စိတ်ကို ငြိမ်သက်စေပြီး သူ၏ သိုင်းဘုရင်အဆင့် ခြင်ဆီဆေးလုံးကို မျိုချလိုက်ပြီး စတင် ကျင့်ကြံခဲ့သည်။
သိုင်းဘုရင်အဆင့် ခြင်ဆီဆေးလုံးသည် သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်လာသည်နှင့် တပြိုင်နက် ကြီးမားသော စွမ်းအင်တစ်ခုသည် လုရှောင်ယန်၏ နှလုံးသွေးကြောနှင့် ဒန်ထျန်တို့ကို ချက်ချင်း ထိုးဖောက်ဝင်ရောက်သွားသည်။ သိုင်းဘုရင်အဆင့် ခြင်ဆီဆေးလုံး၏ သန့်စင်မှုနှင့် စုပ်ယူမှုကို အရှိန်မြှင့်ရန် သူ၏ခန္ဓာကိုယ်ရှိ သိုင်းဘုရင်အဆင့် ကျင့်ကြံခြင်းနည်းလမ်းများစွာကို ဖြန့်ဝေခြင်းသည်လည်း သူ့အတွက် အလွန်သင့်လျော်သွားသည်။
သိုင်းဘုရင်အဆင့် ခြင်ဆီဆေးလုံးသည် သိုင်းဘုရင်အဆင့် သွေးဆေးလုံးနှင့် ကွဲပြားသည်။ သိုင်းဘုရင်အဆင့် သွေးဆေးလုံးသည် ခန္ဓာကိုယ်ကို အကောင်းဆုံးဖြစ်အောင် စွမ်းဆောင်ပေးနိုင်သော်လည်း အကောင်းဆုံးဖြစ်အောင်ပြုလုပ်ခြင်း၏ အကျိုးသက်ရောက်မှုသည် အလွန်ပြင်းထန်ခြင်းမရှိသည့်အပြင် လူတစ်ဦး၏ အသွေးအသားကို အဓိကအားဖြင့် အကောင်းဆုံးဖြစ်အောင် ပြုလုပ်ပေးသည်။
သို့သော်၊ သိုင်းဘုရင်အဆင့် ခြင်ဆီဆေးလုံးသည် လူတစ်ဦး၏အရိုးများကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးသည်။
သူ၏အရိုးတွေကို မြှင့်တင်ပေးနိုင်သည်။
ဆက်တိုက်ကွဲအက်နေသောအသံများနှင့်အတူ လုရှောင်ယန်သည် သူ၏အရိုးများ၏သိပ်သည်းဆသည် အရူးအမူးတိုးလာသည်ကို ခံစားလိုက်ရသည်။
သူ၏ခန္ဓာကိုယ်ထဲတွင် ကျင့်ကြံမှုက နောက်ဆုံးမှာ မြင့်မားသည့်အဆင့်ကို ရောက်သွားသည်။
ဘုရင် ဒသမအဆင့်။
သူသည် ဘုရင် ဒသမအဆင့်ကို ကျော်လွန်သွားသည်။
ဧကရာဇ်နယ်ပယ် ပထမအဆင့်။
သူ၏ ကျင့်ကြံမှုသည် တစ်ခါတည်းနှင့် အဆင့်သေးနှစ်ခု တိုးလာခဲ့သည်။
အကယ်၍ သိုင်းဘုရင်အဆင့် ခြင်ဆီဆေးလုံးကြောင့်သာ မဟုတ်ပါက လုရှောင်ယန်သည် နေ့ရောညပါ ကျင့်ကြံခဲ့လျှင်ပင် ဤအဆင့်နှစ်ခုကို ဖြတ်ကျော်ရန် နှစ်ဝက်ကျော် လိုအပ်မည်ဟု လုရှောင်ယန် ခန့်မှန်းရသည်။
ယခုမူကား သုံးရက်မျှသာ ရှိသေး၏။ အချိန်တွေ အများကြီး လျော့သွားသည်။
မျက်လုံးဖွင့်လိုက်သည်နှင့် တစ်ခန်းလုံး ထိခိုက်သွားပုံရသည်။ ကွဲအက်သံများ ထွက်ပေါ်လာသည်။
ဘုရင်ဆိုတာ ဘာလဲ။
ဘုရင်တစ်ပါးသည် ကြီးမားသော နယ်မြေကို လွှမ်းမိုးထားသူတစ်ဦးဖြစ်သည်။ မိုင်တစ်သန်းအတွင်းမှ လူတိုင်းက သူ့ဆီ ဦးညွှတ်ကြလိမ့်မည်။
ဧကရာဇ်ဆိုတာကကော ဘာလဲ။
ဧကရာဇ်တစ်ပါးသည် အင်ပါယာတစ်ခုလုံးကို လွှမ်းမိုးထားသူတစ်ဦးဖြစ်သည်။ ဧကရာဇ်သည် အမိန့်ကို ထုတ်ပြန်ရုံဖြင့် ရန်သူများကို ချက်ချင်းသတ်နိုင်သည် ။
ဘုရင်တစ်ပါးသည် အခြားသူများကို နှိမ်နှင်းနိုင်သော်လည်း ၎င်းတို့ကို ကိုယ့်ကိုကိုယ်သတ်သေစေခြင်းမလုပ်နိုင်ပါ။
သို့သော် ဧကရာဇ်သည်ကတော့ လုပ်နိုင်စွမ်းရှိသည်။
ဆိုရိုးစကားအတိုင်း ဧကရာဇ်တစ်ပါးသည် ဘုရင်တစ်ရာကို အနိုင်ယူနိုင်သည်။
ဤသည်မှာ ဧကရာဇ်အဆင့်ကျွမ်းကျင်သူ၏ ခွန်အားဖြစ်သည်။
လုရှောင်ယန်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွတ်သွားသည်။ သူသည် အတွေးတစ်ခုဖြင့် သူ့၏န္ဓာကိုယ်သည် တိတ်တိတ်ဆိတ်ဆိတ်နှင့် ခြံဝင်းထဲတွင် ချက်ချင်းပေါ်လာသည်။
စစ်မှန်သောအမြင်အာရုံသုံးပါးကိုတော့ မသုံးခဲ့ပါ။ ကြီးမြတ်သောအာကာပြင်ပြိုကွဲခြင်းခြေလှမ်းများကို စုပ်ယူပြီးနောက်၊ သူသည် စစ်မှန်သောအမြင်အာရုံသုံးပါးဖြင့် ချက်ချင်း နေရာကူးပြောင်းနိုင်နေပြီဖြစ်သည်။
ခုဏက သူ၏ခန္ဓာကိုယ် ခြံဝင်းထဲကို ချက်ခြင်းရောက်မလာခင် သူ၏စိတ်ထဲမှာ ထိုအကြောင်းကို တွေးရုံသာတွေးခဲ့သည်။
“ဒါက ဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ယောက်ရဲ့ ခွန်အားလား။ တကယ်ကို ဘုရင်အဆင့် ကျွမ်းကျင်သူထက် အများကြီး အားကောင်းတာပဲ။”
သူ ဘုရင်အဆင့်မှာရှိနေစဉ်တုန်းက စိတ်ဖြင့် နေရာကူးပြောင်း၍ မရပေ။ နေရာကူးပြောင်းရန် ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်တွေကို လှည့်ပတ်ရန် လိုအပ်သည်။
အခြားတစ်ဖက်တွင်၊ ဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦးသည် အလုပ်ပြီးမြောက်ရန် ၎င်းတို့၏ခန္ဓာကိုယ်ကို လှုပ်ရှားရန်မလိုပဲ တွေးတောရန်သာ လိုအပ်သည်။
သူ၏အရှိန်က နှစ်ဆကျော် တိုးသွားသည်။
သို့သော် ကျင့်ကြံနည်းကို အသုံးပြုမည်ဆိုပါက ပိုမိုမြန်ဆန်မည်ဖြစ်သည်။
လုရှောင်ယန် လက်သီးများကို တင်းတင်းဆုပ်ထားမိသည်။
“ဒါက ဧကရာဇ်နယ်ပယ် ပထမအဆင့်ရဲ့ ခွန်အားပဲ။ လီကောနဲ့ အခြားသူတွေ သိုင်းဘုရင်အဆင့် ခြင်ဆီဆေးလုံးကို ချေဖျက်ပြီးရင်တော့၊ ငါ အနည်းဆုံး အဆင့် အနည်းငယ်တိုးမြှင့်နိုင်ပါသေးတယ်။ အချိန်တန်ရင် ဘယ်လောက်ထိ အထင်ကြီးလောက်မလဲလို့ သိချင်မိတယ်။”
ကျင့်ကြံမှုမြင့်မားလေလေ မိမိ၏အဆင့်ကို တိုးမြင့်ရန် ခက်ခဲလေလေဖြစ်သည်။
သူသည် လုံးလုံးလျားလျား ခွန်အားအပြည့်ရရှိရန် သိုင်းဘုရင်အဆင့် ခြင်ဆီဆေးလုံး ဆေးငါးလုံးကို သူကိုယ်တိုင် စားနိုင်သော်လည်း သူ၏ ကျင့်ကြံမှု တိုးလာသည်နှင့်အမျှ ကျန်ဆေးလုံးလေးလုံးသည် အစွမ်းထက်တော့မည်မဟုတ်ပေ။ ထိုဆေးလုံးတစ်ခုစီသည် သူ၏ ကျင့်ကြံမှုကို အဆင့်နှစ်ဆင့်တိုးမြှင့်နိုင်မည်မဟုတ်ပေ။
သို့သော် ကနဦး ခန့်မှန်းချက်အရ၊ ၎င်းတို့သည် သူ့အား အဆင့်သေး အနည်းဆုံး လေးခု တိုးစေမည်ဖြစ်သည်။
သို့သော်၊ ယွင်လီကောနှင့် အခြားသူများ၏ အရည်အချင်းသည် သူ့ထက် နိမ့်ကျသည်။ သူ့လောက် သိုင်းဘုရင်အဆင့် ကျင့်ကြံခြင်းနည်းလမ်းနှင့် လက်နက်လည်း မများပေ။ ထို့ကြောင့် သိုင်းဘုရင်အဆင့်ကို ကျင့်ကြံရန် သူတို့အတွက် အချိန်ယူပိုယူရမည်။
ကနဦးခန့်မှန်းချက်အရ၊ ၎င်းတို့သည် လကုန်တွင် ဆေးလုံးများကို သန့်စင်မှုအပြီးသတ်နိုင်မည်ဖြစ်သည်။
သို့သော် အရေးမကြီးလှပေ။ ရှေးဟောင်းတားမြစ်နယ်မြေရှိ အစီအစဉ်နှစ်ခုကို မနှောင့်နှေးစေသရွေ့ အဆင်ပြေသည်။
ထိုအချိန်တွင် ဧကရာဇ်နန်းတော်မှ ရုန်းရင်းဆန်ခတ်မှုတစ်ခု ထွက်ပေါ်လာသည်။
“နတ်ဆိုးကျင့်ကြံသူ ရှိတယ်။”
“အဲ့ဒါက နတ်ဆိုးဂိုဏ်းရဲ့ ကောင်းကင်ဘုရင် သွေးနတ်ဆိုးပဲ။ အာကာပြင်ပြိုကွဲခြင်းအဆင့် အောက်ကလူတိုင်း နောက်ဆုတ်ကြတယ်။ သူက အကြီးအကဲ မင်ကျဲ့ရဲ့ အချစ်ဆုံးတပည့်ဖြစ်ပြီး အလွန်နက်နဲတဲ့ ကျင့်ကြံမှုရှိတယ်။ အာကာပြင်ပြိုကွဲခြင်းအဆင့်အောက်က လူတွေက သူ့ကို ယှဉ်နိုင်စရာ မရှိဘူး။”
ဆူညံသံများနှင့်အတူ ပြင်းထန်သော ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။
လုရှောင်ယန်ကတော့ မတတ်နိုင်ဘဲ ခေါင်းသာယမ်းလိုက်သည်။
သုံးရက်ရှိပြီဖြစ်ပြီး ဧကရာဇ်မြို့တော်ရှိ နတ်ဆိုးဂိုဏ်း၏ အကြွင်းအကျန်များကို ဖမ်းမမိသေးပေ။ ဒီတစ်ခါတော့ နန်းမြို့တော်က တော်တော်ဒုက္ခရောက်နေပုံပါပဲ။
ဒါပေမယ့် ဒါက သူနဲ့ ဘာဆိုင်လို့လဲ။
အမှန်မှာ၊ သူသည် ကောင်းကင်နတ်ဆိုးဂိုဏ်း၏ လှည့်လည်ကျင့်ကြံသူတစ်ဦးသာဖြစ်ပြီး နန်းမြို့တော်၏ မြင့်မြတ်သူတစ်ဦးမဟုတ်ပေ။
သို့သော်~~
လုရှောင်ယန် အနားယူရန် သူ၏အခန်းသို့ ပြန်ခါနီးတွင် သွေးရောင်အသွင်သည့် နံရံပေါ်မှ ရုတ်တရက် ဆင်းသက်လာသည်။
"အင်း.."
လုရှောင်ယန် မျက်ခုံးပင့်လိုက်ပြီး တစ်ဖက်သား၏ ဆိုးသွမ်းသောအသံကို ကြားသောအခါ လှည့်တောင်မကြည့်ပေ။
“ဆရာ့ဆီသွားဖို့ သွေးကန်ကူးပြောင်းခြင်းအစီအရင်ကို အသက်သွင်းဖို့ လူတစ်ယောက်ရဲ့သွေးကို ငါ လိုနေသေးတယ်။ ဟီးဟီး… မင်းလုပ်ရမယ်။”
ချက်ခြင်းပင် တဖက်သူက သူ၏လက်ကို လက်(ခြေ)သည်းရှည်ကြီးမားအဖြစ်ပြောင်းပြီး လုရှောင်ယန်၏ နောက်ကျောကို ထိုးဖောက်လိုက်သည်။
သွေးရောင်ကြယ်ရောင်,ရောင်ဝါသည် ခြေသည်းကို ဖုံးလွှမ်းထားသည်။ လေထု စုတ်ဖြဲခံရသည့် အသံသည် နားထဲကိုစူးရှနေသည်။ လေထုထဲရှိ ဝိညာဉ်စွမ်းအင်များပင် သွေးခြေသည်းများကြောင့် ပျက်စီးသွားခဲ့သည်။ ဤလှုပ်ရှားမှုသည် မည်မျှ အစွမ်းထက်မည်ကို တွေးကြည့်နိုင်သည်။
ကောင်းကင်ဘုရင် သွေးနတ်ဆိုးသည် အသာစီးရသောအမူအရာဖြင့် နှုတ်ခမ်းထောင့်များသည် ကွေးညွတ်သွားသည်။
ဤသည်မှာ သူ၏ အမြင့်ဆုံးသော အဆုံးစွန်သော နည်းပညာ၊ ထိပ်တန်း ကောင်းကင်ဘုံအဆင့် ကျင့်ကြံခြင်းနည်းလမ်း-သွေးအစွယ် ဖြစ်သည်။
သူသည် သူ၏လက်ချောင်းအရိုးများထဲသို့ အဆင့်နိမ့် ကောင်းကင်ဘုံ ကျွမ်းကျင်သူနှင့် နှိုင်းယှဉ်နိုင်သော အစွမ်းသတ္တိရှိသည့် ထောင်စုနှစ် ဥက္ကာခဲ အပ်တစ်ချောင်းကျင့်စဉ်ကိုလည်း ကျင့်ကြံခဲ့သည်။ နှစ်ခုစလုံးကို တပြိုင်တည်းအသုံးပြုလိုက်သည်နှင့် အလွန်ရက်စက်ကြမ်းကြုတ်သွားတော့သည်။
အာကာပြင်ပြိုကွဲခြင်း ပဉ္စမအဆင့်သို့ ရောက်ရှိနေသော ပညာရှင်တစ်ဦးပင်လျှင် ဤတိုက်ကွက်ကြောင့် ပြင်းထန်စွာ ဒဏ်ရာရသွားမည်ဖြစ်သည်။
အာကာပြင်ပြိုကွဲခြင်းအဆင့်၏ သတ္တမအဆင့်သူတောင်မှ သူ့ကို ထိပ်တိုက်မတိုက်ဝံ့ပေ။
အာကာပြင်ပြိုကွဲခြင်းအဆင့်၏ ကိုးအဆင့်အထက်ကျင့်ကြံမှုရှိသူသာလျှင် ဤတိုက်ကွက်ကို လက်ခံရန် အရည်အချင်းပြည့်မီသည်။
နှစ်တွေကြာလာစည်နှင့်အမျှ သူ၏လုပ်ရပ်ကြောင့် လူတွေ မရေမတွက်နိုင်အောင် သေဆုံးခဲ့ရသည်။
ယနေ့တွင် အခြားလူတစ်ဦးသည် ၎င်းခြေသည်းအောက်၌ သေဆုံးမည်ဖြစ်သည်။
သို့သော်!!
သူ၏ တိုက်ခိုက်မှုသည် လုရှောင်ယန် အနီးသို့ ရောက်ရှိလာပြီး သူနှင့် ငါးမီတာသာ ကွာဝေးသည်နှင့်အမျှ သူသည် အလွန်ပြင်းထန်သော အရာတစ်ခုနှင့် ထိတွေ့မိသွားပုံရသည်။
ဒါက…
တခဏချင်းမှာပဲ မီးပွားတွေ ပျံ့သွားသည်။
သူ့သွေးခြေသည်းက လုံးဝကို မဖောက်နိုင်ပေ။
ကောင်းကင်ဘုရင်သွေးနတ်ဆိုး : "???"
ထိုအချိန်တွင် မရေမတွက်နိုင်သော မေးခွန်းအမှတ်အသားများ သူ၏ခေါင်းထဲတွင် ချက်ချင်း ပေါ်လာသည်။
သေစမ်း သူ တကယ့်ဟာနဲ့တွေ့သွားတာလား။
ငါးမီတာအကွာတွင်ရှိနေသော်လည်း တဖက်သူသည် အာကာပြင်ပြိုကွဲခြင်း ပဉ္စမအဆင့် ကျွမ်းကျင်သူတစ်ဦးကို ပြင်းထန်စွာ ဒဏ်ရာရစေသည့် စွမ်းအားပြည့်တိုက်ခိုက်မှုကို အမှန်တကယ် ခုခံနိုင်ခဲ့သည်။
ဤလူ၏ ကျင့်ကြံမှုသည် အနှစ်သာရခိုင်မြဲခြင်းအဆင့် ထက်သာလွန်နေပေသည်။
ဒီလူဟာ အနည်းဆုံး ဘုရင်အဆင့်ထက် ကျင့်ကြံဆင့် မြင့်သူ ဖြစ်ရမည်။
ခရမ်းရောင်ငြိမ်းချမ်းရေး အင်ပါယာနန်းတော်၏ ထိပ်တန်းတည်ရှိမှုကို သူ၏ဆရာ အကြီးအကဲမင်ကျဲ့ကိုလိုက်ရန် စေလွှတ်ထားသည် မဟုတ်လော။
ဒီကောင် ဘယ်ကလာတာလဲ။
မဟုတ်ဘူး၊ ဒါက စဉ်းစားရမယ့်အချိန်မဟုတ်ဘူး။
တခဏအတွင်းမှာပင် ကောင်းကင်ဘုရင် သွေးနတ်ဆိုး၏ စိတ်ထဲမှာ မရေမတွက်နိုင်သော အတွေးများ ပေါ်လာသည်။ ထို့အပြင် တုန်လှုပ်ခြောက်ခြားခြင်းမရှိဘဲ ထွက်ပြေးသင့်သည်ဟု ချက်ခြင်းသဘောပေါက်လိုက်သည်။
သူ လုံးဝမတွန့်ဆုတ်ဝံ့ပေ။ သူသည် သွေးကန်ကူးပြောင်းခြင်းအစီအရင်ကို အသက်သွင်းရန်အတွက် လုရှောင်ယန်၏သွေးကိုအသုံးပြုရန် မူလကစီစဉ်ထားခဲ့သည်။ သို့သော် ယခုတော့ ထိုအကြောင်းကိုပင် သူ,မတွေးဝံ့တော့ပေ။
ထို့ကြောင့်၊ သူသည် သူ၏သွေးအနှစ်သာရကိုသာ ဖောက်ထုတ်ပြီး သွေးကန်ကူးပြောင်းခြင်းအစီအရင်ကို အသက်သွင်းရန် ပြင်ဆင်လိုက်သည်။
သို့သော်~~
သူဘာမှ မလုပ်ခင် လုရှောင်ယန်က နောက်ပြန်လှည့်ကြည့်လိုက်သည်နှင့် သူ၏ခန္ဓာကိုယ်ထဲက သွေးတွေ ပေါက်ကွဲသွားတော့သည်။
ဘန်း.....
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၉။ အခန်း ၁၃၄ နတ်ဆိုးကျင့်ကြံသူ အစုအဝေး
ကောင်းကင်ဘုရင် သွေးနတ်ဆိုး : "???"
သူ ပေါက်ကွဲသွားပြီ။
တစ်ဖက်လူကကြည့်ရုံနှင့် ပေါက်ကွဲသွားသည်။
သူ၏ခန္ဓာကိုယ်သည် သွေးစွန်းနေသော အခိုးအငွေ့များအဖြစ်သို့ ပေါက်ကွဲထွက်သွားပြီး သူ၏စိတ်ဝိညာဉ်သည်တော့ လေထဲတွင် ဖရိုဖရဲ ကျန်ရစ်ခဲ့သည်။
သူ၏ကျင့်ကြံမှုသည် အနှစ်သာရခိုင်မြဲခြင်းအဆင့်၏ပထမအဆင့်သို့ရောက်ရှိနေပြီဖြစ်သည်ကို သိရှိထားရမည်ဖြစ်သည်။
သူသည် ကောင်းကင်အကျဉ်းထောင်တွင် အချိန်အတော်ကြာနေခဲ့ပြီး အစီအရင်များကြောင့် ထိခိုက်နေသောကြောင့် ယခုအခိုက်အတန့်တွင် သူသည် အာကာပြင်ပြိုကွဲခြင်း ဆဌမအဆင့် တိုက်ခိုက်မှုသာ ထုတ်လွှတ်နိုင်သည်။ သို့သော် ပျော့ညံ့သည့်ထဲတော့ မပါသေးပေ။
အနည်းဆုံးတော့ သူသည် ကောင်းကင်နတ်ဆိုးဂိုဏ်းကဲ့သို့သော ဝေးလံခေါင်သီသော ဂိုဏ်းအချို့တွင် သူသည် ဂိုဏ်းချုပ် သို့မဟုတ် အကြီးအကဲတစ်ဦးပင် ဖြစ်လာနိုင်သည်။
သို့သော် လုရှောင်ယန်၏အကြည့်က သူ့ကို ပေါက်ကွဲစေခဲ့သည်။ တစ်ဖက်သားက သူ၏ ကျင့်ကြံနည်းကို သုံးဖို့တောင် မလိုပေ။
ဒီကျင့်ကြံမှု… အဆင့်နိမ့် ဘုရင်အဆင့် ကျွမ်းကျင်သူတောင်မှ လိုက်မှီမှာ မဟုတ်ဘူးမလား။
ဒီကောင်က တကယ်လူသားလား။
အေးစက်သောလေက တိုက်ခတ်လာကာ ကောင်းကင်ဘုရင် သွေးနတ်ဆိုး၏ ဝိညာဉ်သည် ချက်ချင်းနိုးထလာခဲ့သည်။
ခေတ္တမျှပင် ရပ်တန့်ရန် မတွေးဝံ့ပေ။ သူသည် လုရှောင်ယန် ဖောက်ခွဲခဲ့သည့် သွေးအနှစ်သာရကို သုံးပြီး သွေးကန်ကူးပြောင်းခြင်းအစီအရင်ကို တိုက်ရိုက်အသက်သွင်းခဲ့သည်။
သို့သော်~~
အစီအရင်မပေါ်ပေါက်ခင်မှာ လုရှောင်ယန်က သူ၏အကြည့်ဖြင့် တဖန်ပြန်ကြည့်လိုက်သည်။
ဒိုင်း..
ကောင်းကင်ဘုရင် သွေးနတ်ဆိုး၏ ဝိညာဉ်သည်လည်း အညစ်အကြေးများအဖြစ်သို့ ပေါက်ကွဲသွားသည်။
ကောင်းကင်ဘုရင် သွေးနတ်ဆိုး၊ အကြီးအကဲမင်ကျဲ့၏ အချစ်ဆုံးတပည့်၊ အနှစ်သာရခိုင်မြဲခြင်း ပထမအဆင့် ကျွမ်းကျင်သူဖြစ်ပြီး အခုတော့ လုံးဝပျက်စီးပျောက်ကွယ်သွားပေပြီ။
အစကတည်းက လုရှောင်ယန်ကို ရန်မစခဲ့ပါက လုရှောင်ယန်က သူ့ကို နှောက်ယှက်နေမှာ မဟုတ်ပေ။
လုရှောင်ယန်သည် သူ့ကို ကြောက်တာ မဟုတ်ဘဲ သူ့ဒုက္ခသူရှာရသည်ကို ပျင်းနေခြင်းသာဖြစ်သည်။
နောက်ဆုံးတော့ ဘဝမှာ ကောင်းကောင်းနေထိုင်ရတာက ပို အဆင်မပြေဘူးလား။
ထို့အပြင်၊ ဤလူသည် ထိခိုက်ဒဏ်ရာရနေသော ပထမအဆင့် အနှစ်သာရခိုင်မြဲခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦးသာဖြစ်သည်။ လောလောဆယ်တွင်၊ ဤလူသည် အာကာပြင်ပြိုကွဲခြင်းအဆင့်၏အစွမ်းသတ္တိကိုသာ ထုတ်လွှတ်နိုင်သည်။ သူ့အတွက်တော့ ဒီကောင်က ပုရွက်ဆိတ်တစ်ကောင်သာသာပင်။ ဒီလိုပုရွက်ဆိတ်ကို တိုက်ခိုက်ဖို့ သူတကယ်ကို စိတ်မဝင်စားပေ။
သို့သော် ဒီကောင်ကအရင် သူ့ကို တိုက်ခိုက်လာခဲ့သည်။
ဒါကိုတော့ ခွင့်မလွှတ်ပေးလို့မရပေ။
သူသည် အေးချမ်းသောဘဝနှင့် သူ့ကိုယ်ပိုင်အဆင့်ကို မဖော်ထုတ်ဘဲ အေးချမ်းစွာနေထိုင်ချင်သည်။
တကယ်တမ်း ရင်ဆိုင်ကြုံတွေ့လာရလျှင်တော့ သူ နောက်ပြန်မဆုတ်နိုင်ပေ။ ယောကျ်ားတစ်ယောက်သည် နောက်ပြန်မဆုတ်နိုင်ပေ။ အနိုင်ကျင့်ခံရရင် ပြန်တိုက်ရမည်။
ဒါကိုမှ ယောက်ျားတစ်ယောက်ဟုခေါ်သည်။
သို့သော်လည်း နောက်ထပ် ပြဿနာသေးသေးလေးတစ်ခု ရှိသေးသည်။
ထိုသို့ဖြစ်ရခြင်းအကြောင်းရင်းမှာ သွေးကန်ကူးပြောင်းခြင်းအစီအရင်သည် ကြီးမားသည့်အစီအရင်ကြီး ဖြစ်နေပြီဖြစ်သောကြောင့် ဖြစ်သည်။
လုရှောင်ယန် မကျေမနပ်ဖြစ်ကာ မျက်ခုံးပင့်လိုက်သည်။
ကောင်းကင်ဘုရင် သွေးနတ်ဆိုးကို သူ၏အကြည့်နှစ်ချက်ဖြင့် ပြာအဖြစ် ဖြိုခွဲလိုက်သော်လည်း လုရှောင်ယန်သည် အစီအရင်၏ တစ်ဖက်ခြမ်းတွင် မည်သူ ရှိသည်ကို မသိပေ။
အကယ်၍ တဖက်သူက ဤ အစီအရင်ကို လိုက်လာပြီး သူ့ကို တွေ့ရှိပါက၊ တဖက်သူက သူ့ကို ရှာဖွေတွေ့ရှိမည်မှာ မလွဲမသွေဖြစ်သည်။
မလုံခြုံတော့ဘူး။
သူ့ကို အန္တရာယ်ဖြစ်စေမည့် အချက်တွေအားလုံးကို ဖယ်ရှားပစ်ရမည်။
ထိုသို့တွေးတောရင်း လုရှောင်ယန်သည် မည်သူ့မျှ သူ၏ရောင်ဝါကိုမတွေ့ရှိအောင် ဟန့်တားဖို့ သူ့ရဲ့ဝန်းငယ်လေးကို ပိတ်ဆို့ အတားအဆီး အစီအရင်ကို အသုံးပြုလိုက်သည်။
ထို့နောက် လုရှောင်ယန် သည် ရှေးဟောင်းတိုက်ပွဲနတ်ဘုရားလှံတံကို ချက်ချင်းထုတ်သုံးပြီး ရှေးဟောင်းဧကရာဇ်ကျမ်းကို ခွန်အားအပြည့်ဖြင့် လှည့်ပတ်လိုက်ည်။ သူ၏လှံသည် တုန်လှုပ်သွားပြီး ကီလိုမီတာထောင်ပေါင်းများစွာကို ဖြတ်ကျော်ရန် လုံလောက်သော အလင်းတန်းတစ်ခုကို ပစ်လွှတ်လိုက်သည်။
သွေးကန်ကူးပြောင်းခြင်းအစီအရင်၏ ဥမင်လိုဏ်ခေါင်းထဲသို့ လှံအလင်းတန်းသည် အညှာအတာမဲ့စွာ စီးဆင်းသွားသည် ။
အကယ်၍ သူသည် အစီအရင်ကို တိုက်ရိုက်တိုက်ခိုက်ခဲ့ပါက၊ သူသည် အစီအရင်ကို တစ်ချက်ရွှေ့ရုံဖြင့် ဖျက်ဆီးနိုင်မည်ဖြစ်သည်။
သို့သော်လည်း အစီအရင်မှာ နေရာအကူးအပြောင်းအစီအရင် ဖြစ်သည်။ လုရှောင်ယန်သည် စိတ်ဝိညာဉ်လှိုဏ်ခေါင်းမှတဆင့် တစ်ဖက်လူက သူ့ကိုရှာမည်ကို ကြောက်သောကြောင့် အစီအရင်ကို တိုက်ရိုက်မတိုက်ခိုက်ခဲ့ပေ။ ယင်းအစား၊ အတွင်းပိုင်းဥမင်လိုဏ်ခေါင်းကို တိုက်ခိုက်ခဲ့သည်။
လုရှောင်ယန်သည် တစ်ဖက်လူက သူ့ကို လမ်းမှာတွေ့ဖို့ အခွင့်အလမ်းတောင် မရှိဘူးဆိုတာ သေချာစေချင်သည်။
"တိုက်ကွက်တစ်ခုက အလုပ်မဖြစ်ဘူးဆိုရင်၊ နောက်ထပ် တိုက်ကွက်အနည်းငယ်ကို ငါထပ်သုံးလိုက်မယ်။"
ထိုသို့တွေးတောရင်း လုရှောင်ယန်သည် ကူးပြောင်းခြင်းအစီအရင်၏ နေရာလွတ်လှိုဏ်ခေါင်းထဲကို လှံချက်အကြိမ်တစ်ရာကျော် ထိုးခဲ့သည်။
အုန်း..အုန်း..အုန်း..
ဧကရာဇ်အဆင့် ကျင့်ကြံဆင့်ကိုမှ ထိပ်တန်း သိုင်းဘုရင်အဆင့် လက်နက်နှင့် သိုင်းဘုရင်အဆင့် ကျင့်ကြံခြင်းနည်းလမ်းများကိုပါ ပေါင်းစပ်လိုက်ရာ သူထုတ်ဖော်လိုက်သည့် ခွန်အားကို စိတ်ကူးကြည့်နိုင်သည်။
နေရာလွတ်ဥမင်လိုဏ်ခေါင်းသည် သည်းမခံနိုင်တော့ဘဲ အက်ကွဲစပြုလာသည်။ ဒါကိုမြင်တော့ လုရှောင်ယန် စိတ်ပူနေတုန်းပင်။
ကောင်းကင်ဘုရင် သွေးနတ်ဆိုးသည် အကြီးအကဲမင်ကျဲ့ဆီသို့ သွားရန် အစီအရင်ကို အသုံးပြုလိုခဲ့သည်။ အကြီးအကဲမင်ကျဲ့၏ ကျင့်ကြံမှုသည် အလွန်အစွမ်းထက်သည်။ သူသည် ဘုရင်အဆင့်ကျွမ်းကျင်သူ သို့မဟုတ် ဧကရာဇ်အဆင့်ကျွမ်းကျင်သူဟုတ်မဟုတ် မသိနိုင်သေးပေ။
အစီအရင်မှတဆင့် ဤတိုက်ကွက်များကို ရိုးရိုးရှင်းရှင်း ပစ်လွှတ်နေမည်ဆိုလျှင် အားများစွာကုန်ခမ်းစေမည်မဟုတ်ပေ။
သို့သော်လည်း လုရှောင်ယန်၏ အဓိက ရည်မှန်းချက်မှာ ဥမင်လိုဏ်ခေါင်းကို ဖျက်ဆီးရန်ဖြစ်သည်။ ဒါက စွမ်းအင်အများကြီး ကုန်ဆုံးမည်။ ထို့အပြင်၊ ၎င်းသည် အဝေးတိုက်ခိုက်မှုတစ်ခုဖြစ်သောကြောင့် စတင်ချိန်တွင် သူအောင်မြင်နိုင်သည့် အမြင့်ဆုံးအကျိုးသက်ရောက်မှုကို မထုတ်နိုင်ခဲ့ပေ။
အတိုချုပ်ပြောရလျှင် တစ်ဖက်သို့ရောက်ပြီးနောက် တိုက်ခိုက်မှုသည် လုံလောက်စွာ အားကောင်းမည်မဟုတ်ပေ။ ဤဥမင်လိုဏ်ခေါင်း၏ အရှည်ကိုကြည့်ရင်း၊ တစ်ဖက်သို့ရောက်ပြီးနောက်၊ တိုက်ခိုက်မှု၏အင်အားသည် ဘုရင်အဆင့်၏ပထမအဆင့်တွင်သာရှိမည်ဟု သူခန့်မှန်းရသည်။
ဒါ့ပြင် တဖက်သူက သူ၏တိုက်ခိုက်မှုတွေကို ရှောင်သွားမယ်ဆိုရင်ကော။
မဖြစ်သေးဘူး၊ နောက်ထပ်တစ်ခုခုထပ်ထည့်ဦးမှပဲ။
လိုဏ်ခေါင်းပြိုကျလုနီးပါးဖြစ်ပြီး ခင်းကျင်းအစီအရင်ကလည်း တုန်ခါနေပြီး လုရှောင်ယန်သည် ခြေရာမဲ့အစီအရင် ၊ စစ်မှန်သောထုတ်ဖော်ခြင်းနှင့်အတူ ရန်သူကိုလောင်ကျွမ်းပြာကျသွားစေမည့် လုံးဝမငြိမ်းသတ်နိုင်သော မီးတောက်များကို ချက်ချင်းထုတ်လွှတ်ကာ ရန်သူထံ ပို့သည်။
“ထာဝရမီးတောက်တွေတောင် ပို့ပြီးပြီ။ အခု အတော်လေး လုံခြုံသင့်ပြီ မဟုတ်လား။”
လုရှောင်ယန်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးတက်သွားသည်။ သူ၏လှံဖြင့်၊ အစီအရင်ကို ရှောင်ဖယ်ကာ ခြေရာများအားလုံးကို လုံးလုံးလျားလျား ဖျက်ဆီးပစ်လိုက်သည်။
ထို့နောက် တိုက်ပွဲနတ်ဘုရားလှံတံကိုအစီအရင်ထဲမှ ဖယ်ရှားလိုက်ပြီး လှည့်ထွက်လာခဲ့သည်။
“ထာဝရမီးတောက်က ရှုပ်ထွေးပြီး ငြီးငွေ့စရာကောင်းလွန်းတယ်။ ပိုကောင်းတဲ့နာမည်ကို စဉ်းစားရမယ်ထင်တယ်။ ဒါပေမယ့် နာမည်ပေးရတာ အဆင်မပြေဘူး။ ငါ့ဦးနှောက်ကို ထိခိုက်စေတယ်။"
နန်းမြို့တော်အပြင်ဘက်တွင် ကြီးမားသောတောင်တန်းကြီးတစ်ခုပေါ်၌ နတ်ဆိုး အငွေ့အသက်များ ထွက်ပေါ်လာသည်။
မရေမတွက်နိုင်သော နတ်ဆိုးဂိုဏ်းကျင့်ကြံသူများသည် တစ်စုံတစ်ခုကို စောင့်ဆိုင်းနေသကဲ့သို့ ဤနေရာတွင် စုရုံးခဲ့ကြသည်။
မကြာမီတွင် အလွန်ကြီးမားသော အနက်ရောင်တိမ်တိုက်ကြီးသည် နန်းမြို့တော်မှ ပျံတက်လာပြီး ချိုင့်ဝှမ်းထဲသို့ ဆင်းသက်လာသည်။
တိမ်မည်းတွေ ဆင်းလာသည်ကို မြင်သည်နှင့် နေရာတိုင်းက နတ်ဆိုးကျင့်ကြံသူတွေက ချက်ချင်း ကြွေးကြော်လိုက်ကြသည်။
“နန်းမြို့တော်ကနေ လွတ်မြောက်လာတဲ့အတွက် ဂုဏ်ယူပါတယ် အကြီးအကဲ မင်ကျဲ့။”
“ဟားဟား… ဒီတခေါက်မှာ ငါနဲ့ ပူးပေါင်းပြီး နန်းမြို့တော်ကနေ ထွက်ပြေးလာရတဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်။ အခုလို နန်းမြို့တော်ရဲ့ အာရုံကို လွှဲထားမှသာလျှင် နန်းမြို့တော်ကနေ လွတ်မြောက်ဖို့ အခွင့်အရေး ရတာ။”
“အကြီးအကဲ မင်ကျဲ့၊ ယဉ်ကျေးလွန်းနေပါပြီ။ကျုပ်တို့အားလုံးကို ခင်ဗျားတို့က ပျိုးထောင်လာတာဆိုတော့ ခင်ဗျားရဲ့ဝန်ထုပ်ဝန်ပိုးကို ဝေမျှတာ သဘာဝပဲ။"
အကြီးအကဲမင်ကျဲ့သည် နေရာတိုင်းရှိ နတ်ဆိုး ကျင့်ကြံသူများကို ကြည့်ရင်း ကျေနပ်စွာ ခေါင်းညိတ်သည်။
ဤလူများသည် မူလက အလွှာပေါင်းစုံမှဖြစ်သည်။ အချို့မှာ ဖြောင့်မတ်သူများဖြစ်ပြီး အချို့မှာ နတ်ဆိုးဂိုဏ်းဝင်များဖြစ်သည်။
သို့သော်လည်း ယခုတွင် သူ၏ နတ်ဆိုးရောင်ဝါကြောင့် သူတို့သည် သူ့အပေါ် သစ္စာစောင့်သိနေပေလိမ့်မည်။
ဤတိုက်ပွဲအပြီးတွင် သူသည် နန်းမြို့တော်ကို နှောင့်ယှက်နိုင်ရုံသာမကဘဲ မဟာကျိုး အင်ပါယာကိုလည်း များစွာဒုက္ခပေးခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ သူသည် ကောင်းကင်အကျဉ်းထောင်ကို ဖျက်ဆီးခဲ့ပြီး လက်အောက်ငယ်သားများစွာကို ရခဲ့သည်။
၎င်းတို့အနက် ကျင့်ကြံဆင့် အလွန်မြင့်မားသော ကျင့်ကြံသူများလည်း ပါဝင်သည်။
နတ်ဆိုးရောင်ဝါကူးစက်ပြီး နတ်ဆိုးကျင့်ကြံသူများ ဖြစ်လာပြီးနောက် ၎င်းတို့၏ ကျင့်ကြံမှု အရှိန်သည် တိုးလာခဲ့သည်။
အထင်ကြီးလောက်စရာ စွမ်းအားတစ်ခု ဖြစ်နေပါပြီ။ လအနည်းငယ်ကြာပြီးနောက်၊ ၎င်းသည် လျစ်လျူရှုရန် ခက်ခဲသော အလွန်အစွမ်းထက်သော အင်အားဖြစ်လာနိုင်သည်။
ထိုအချိန်တွင် နတ်ဆိုးဂိုဏ်းရှိ သူ၏ ဂုဏ်သိက္ခာသည် ပို၍ပင် မြင့်မားလာပေလိမ့်မည်။ နတ်ဆိုးအရှင် လက်ထက်တွင် နံပါတ်တစ် ပုဂ္ဂိုလ် ဖြစ်လာနိုင်သည် ။
အနှစ်ခုနစ်ရာ အကျဉ်းချခံရခြင်းသည် သူ၏ ဆန္ဒနှင့် ရည်မှန်းချက်ကို ချေမှုန်းခြင်း မပြုခဲ့ပေ။
အခုအချိန်တွင် သူသည် ထောင်က ထွက်လာပြီဖြစ်သည်။ သူ၏ ရည်မှန်းချက်သည်လည်း မီးတောက်ကဲ့သို့ တောက်လောင်နေပေပြီ။
ဤအခိုက်အတန့်တွင် အနီရောင်မီးတောက်တစ်ခုသည် အဝေးမှ ရုတ်တရက် လင်းလက်သွားသည်။
လူတိုင်း၏ အမူအရာများ ပြောင်းလဲသွားသည်။
"မကောင်းတော့ဘူး၊ ရန်သူ တိုက်ခိုက်လာပြီ။"
အကြီးအကဲမင်ကျဲ့သည် သူ၏ မုတ်ဆိတ်မွေးကို အသာအယာပွတ်ကာ ပြုံးလိုက်သည်။
“ထိတ်လန့်စရာ မလိုပါဘူး။ ဒါက သွေးကန်ကူးပြောင်းခြင်းအစီအရင်ပါ။ အဲ့တာက ငါ့အတွက် သီးသန့်အစီအရင်တစ်ခုပဲ။ ဒီအစီအရင်ကို အသုံးချနိုင်သူဟာ သေချာပေါက် ငါ့ရဲ့ တပည့်ဖြစ်မှာပါ….”
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၉။ အခန်း ၁၃၅ နှလုံးသွေး
အကြီးအကဲမင်ကျဲ့၏ စကားကိုကြားတော့ လူတိုင်း၏ နဂိုက စိုးရိမ်သောက စိတ်သည် ချက်ချင်း ပြေလျော့သွားသည်။ “ဒါဆို ဒါက အကြီးအကဲမင်ကျဲ့ရဲ့ တိုက်ရိုက်တပည့်လား။ "
“ အကြီးအကဲ မင်ကျဲ့ရဲ့တိုက်ရိုက်တပည့်က ကောင်းကင်ဘုရင် သွေးနတ်ဆိုးမဟုတ်လား။ သူက နတ်ဆိုးဂိုဏ်းရဲ့ ထိပ်တန်းပါရမီရှင်တစ်ဦးလေ။"
"အမှန်ပဲ။ သူက အသက်တစ်ရာအရွယ်မှာ အနှစ်သာရခိုင်မြဲခြင်း ပထမအဆင့် ကျွမ်းကျင်သူဖြစ်နေပြီ။ သူက နတ်ဆိုးဂိုဏ်း မျိုးဆက်သစ်ရဲ့ ထိပ်တန်းပါရမီရှင်ဆယ်ဦးထဲမှ တစ်ဦးအဖြစ်လည်း လူသိများတယ်။ သူ့ကို မဟာကျိုး ဧကရာဇ်မိသားစုက ဖမ်းပြီး ကောင်းကင်အကျဉ်းထောင်မှာ အကျဉ်းချခံရတာကြောင့်သာ မဟုတ်ရင် သူဘယ်လောက် အစွမ်းထက်မယ်ဆိုတာ ဘယ်သူသိနိုင်မလဲ။"
“ဒီတစ်ကြိမ်၊ အကြီးအကဲမင်ကျဲ့က သူ့ကို ကောင်းကင် အကျဉ်းထောင်ကနေ လွတ်မြောက်အောင် ကူညီပေးခဲ့တယ်။ သူ့ကို လုံ့လစိုက်ထုတ်ပြီး နတ်ဆိုးဂိုဏ်းကို ပြန်သွားစေဖို့ဖြစ်မယ်။ နောင်မှာ နတ်ဆိုးဂိုဏ်းရဲ့ ဉာဏ်ရည်ထက်မြက်တဲ့ အခြားပညာရှင်တစ်ဦးကို သေချာပေါက် ပြန်ပေါ်ထွက်လာဦးမှာပဲ။”
လူတိုင်း၏ ချီးမွမ်းသံကို ကြားသောအခါ၊ အကြီးအကဲမင်ကျဲ့၏ နှုတ်ခမ်းထောင့်များသည် အနည်းငယ် ကွေးသွားသည်။ သူ၏မုတ်ဆိတ်မွေးတွေကို ပွတ်သပ်ပြုံးပြရင်း သူ၏မျက်လုံးတွေက ကျေနပ်နေသည့် အမူအရာတွေကို ပေါ်လွင်စေသည်။
"ဒါပေါ့။ ငါ နှစ်သက်တဲ့ တပည့်က ဘယ်လိုလုပ် သာမန်လူ ဖြစ် နိုင်မလဲ။”
သို့သော် သူ့အသံ ထွက်လာသွားသည်နှင့် အစီအရင် ပွင့်လာသည်။ ပြီးချင်းမှာပဲ၊ ပြိုးပြိုးပြက်ပြက်လက်နေသည့် ဥက္ကာပျံနှင့်တူသည့် အလင်းတန်းတစ်ခုသည် အစီအရင်ကိုဖြတ်ကာ ချက်ခြင်းရောက်လာသည်။
၎င်း၏ အရှိန်သည် အလွန်လျင်မြန်လွန်းသဖြင့် လူတိုင်း တုံ့ပြန်ရန် အချိန်ပင် မရခဲ့ဘဲ ရှေ့သို့ ဦးတည်နေသော ရာနှင့်ချီသော တပည့်များကို ပြာများအဖြစ်သို့ တိုက်ရိုက်ပြောင်းလဲသွားစေခဲ့သည်။ မြေပြင်ပေါ်ရှိ အပင်များအားလုံးကိုလည်း ဖုန်မှုန့်ဖြစ်သွားစေသည်။ ဤအင်အားကြီးမားသောစွမ်းအားသည် အလင်းဖြတ်သွားသည့်နေရာတိုင်းတွင် မီတာထောင်ပေါင်းများစွာရှည်လျားပြီး မီတာဒါဇင်ပေါင်းများစွာနက်သော လျှိုကြီးတစ်ခုကို ဖန်တီးခဲ့သည်။
အုန်း..အုန်း..
နောက်ဆုံးတွင် အလင်းသည် ဆန့်ကျင်ဘက် လျှောစောက်ပေါ်သို့ ဆင်းသက်လာပြီး ကမ္ဘာကို တုန်လှုပ်စေသော ပေါက်ကွဲသံကို ထုတ်လွှတ်လိုက်သည်။ ထို့အပြင် တောင်များကို အလွယ်တကူ ဖောက်ထွင်းလို့သွားသည်။
တောင်ကြီးတစ်ခုလုံး ပြင်းထန်စွာ လှုပ်ခါစပြုလာသည်။
သို့သော်လည်း ဤကြီးမားသောအကျိုးသက်ရောက်မှု မငြိမ်သက်မီ၊ နောက်တစက္ကန့်တွင် အစီအရင်မှ နောက်ထပ် မီးလုံးများစွာ ပစ်လွှတ်ခဲ့ပြီး တောင်ကြီးကို မယုံနိုင်လောက်အောင် ဗုံးကြဲတိုက်ခိုက်တော့သည်။
အုန်း..အုန်း..အုန်း..
ပေါက်ကွဲသံများ ဆက်တိုက်ဖြစ်ပေါ်ပြီး တောင်ကို ဖုန်မှုန့်အဖြစ်သို့ ချက်ချင်းပေါက်ကွဲစေခဲ့သည်။
ဧရာမတောင်ကြီးတစ်ခု ပျက်စီးခဲ့ပြီး ဒုတိယ၊ တတိယ၊ စတုတ္ထ...
ဤအင်အားသည် အလွန်လျင်မြန်ပြီး အားကောင်းလွန်းလှသည်။ မည်သူ့ကိုမျှ တုံ့ပြန်ရန် အခွင့်မရှိခဲ့ပေ။
ချိုင့်ဝှမ်းရှိ နတ်ဆိုးကျင့်ကြံသူများသည် ခုခံကာကွယ်ရန် အခွင့်အရေးပင် မရဘဲ ဖျက်ဆီးခံခဲ့ရသည်။
ကြေကွဲဖွယ် ငိုကြွေးသံကို ထုတ်ဖို့ အခွင့်အရေးတောင် မရခဲ့ကြပါ။ လှံအလင်းတန်းနှင့် တောင်တို့ တိုက်မိပေါက်ကွဲသံများသည် အဆက်မပြတ်ပေါ်ထွက်လို့နေသည်။ ကောင်းကင်နှင့် မြေကြီးကြားတွင် ပဲ့တင်ထပ်ကာ တိမ်များကို တုန်လှုပ်စေကာ လေနှင့် တိမ်များကို အရောင်ပြောင်းစေကာ ကမ္ဘာပေါ်တွင် ထူးဆန်းသည့် ဖြစ်စဉ်များ ပေါ်ပေါက်လာစေသည်။
ဤတိုက်ခိုက်မှုသည် ကူးပြောင်းခြင်းအစီအရင်၏ ဥမင်ကိုဖျက်ဆီးပြီးနောက် အားနည်းသွားသော်လည်း၎င်းသည် ဘုရင်ပထမအဆင့်၏ တိုက်ခိုက်အားတွင် ရှိနေဆဲဖြစ်သည်။
ထို့အပြင် စိတ်ဝိညာဉ်ကို ထိခိုက်ပျက်စီးစေနိုင်သော သိုင်းဘုရင်အဆင့် လက်နက်၏ ဖိအားလည်း ပါရှိသေးသည်။
ထို့ကြောင့် လှံအလင်းတန်းများ ဖြတ်သွားလေရာ၊ ဤနတ်ဆိုးကျင့်ကြံသူများ၏ ဝိညာဉ်များသည် တည်ရှိနေပေလိမ့်မည်။
အကြီးအကဲမင်ကျဲ့သည် လုံးဝ အံသြသွားသည်။ ဘာတွေဖြစ်နေတာလဲ သူ လုံးဝမသိတော့ပေ။
ဤသည်မှာ သွေးကန်ကူးပြောင်းခြင်းအစီအရင်ဖြစ်သည်။ သူ၏ တပည့်များသာ သင်ယူနိုင်သည့် အကူးအပြောင်းနည်းလမ်းပင်။ ပြင်ပလူများအတွက် လုံးဝမဖြစ်နိုင်ပေ။
ဘာကြောင့်လဲ။
သွေးကန်ကူးပြောင်းခြင်းအစီအရင်ကနေ ဘာကြောင့် ဒီလို ပြင်းထန်တဲ့ တိုက်ခိုက်မှုမျိုး ပေါ်လာတာလဲ။
ကောင်းကင်ဘုရင် သွေးနတ်ဆိုးက သူ့ကို သစ္စာဖောက်ခဲ့တာလား။
အဲ့ဒါကလွဲလို့ အကြီးအကဲမင်ကျဲ့သည် ကောင်းကင်ဘုရင် သွေးနတ်ဆိုးဟာ ဘာကြောင့် ဤအစီအရင်ကို အသက်သွင်းရလဲဆိုတာကို စဉ်းစားမရတော့ပေ။ ထို့အပြင်၊ အတွင်းတွင် ဘုရင်အဆင့်
ကျွမ်းကျင်သူနှင့် နှိုင်းယှဉ်နိုင်သည့် တိုက်ခိုက်မှုများစွာ ရှိသည်။
ထိုသို့ဖြစ်ဖို့အတွက် ကောင်းကင်ဘုရင် သွေးနတ်ဆိုးက အစီအရင်ကို သူ့ကိုယ်သူ စဖွင့်ဖို့ လိုအပ်ပါလိမ့်မည်။ ထို့အပြင်၊ တော်ဝင်မိသားစုမှ ဘုရင်အဆင့်ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့သည် တစ်ချိန်တည်းတွင် တိုက်ခိုက်နေရမည်ဖြစ်သည်။ ထို့အတွက်ကြောင့် တိုက်ခိုက်မှုများစွာကို ဥမင်မှကူးပြောင်းရဦးမည်။
ဒါပေမယ့် ဘာကြောင့်လဲ?
တဖက်သူက သူ့ကို ဘာကြောင့် သစ္စာဖောက်ရတာလဲ?
သူသည် တဖက်သူကို သူ၏သွေးသားရင်းချာကဲ့သို့ ဆက်ဆံခဲ့ပြီး အရာအားလုံးကို သင်ပေးခဲ့သည်။
ဒီကောင်ဘာကြောင့်ဒီလိုလုပ်တာလဲ။
ဤအခိုက်အတန့်တွင်၊ အကြီးအကဲမင်ကျဲ့၏နှလုံးသား ကွဲအက်သွားသည်။
"အကြီးအကဲမင်ကျဲ့ကိုကာကွယ်ကြ။"
နတ်ဆိုးကျင့်ကြံသူများသည် အလွန်သစ္စာစောင့်သိကြသည်။ နတ်ဆိုးရောင်ဝါ ကူးစက်ခံရပြီးနောက်၊ သူတို့သည် အကြီးအကဲမင်ကျဲ့ကို သူတို့၏နတ်ဘုရားအဖြစ် မြင်လုနီးပါးပင်။ သူ့အတွက် ငရဲနှင့် ပင်လယ်ကိုပင် ဖြတ်သန်းပေးနိုင်ကြသည်။
ကံကောင်းထောက်မစွာ၊ လှံအလင်းတန်းများစွာရှိသော်လည်း တစ်ရာခန့်သာ ရှိသေးသည်။ ကမန်းကတန်း ရှောင်တိမ်းပြီးနောက်၊ နတ်ဆိုးကျင့်ကြံသူများနှင့် အကြီးအကဲမင်ကျဲ့တို့သည် ကံကောင်းကာ လှံမီးများ မထိမှန်ကြပေ။
“ဟူး…”
နတ်ဆိုးကျင့်ကြံသူများသည် နောက်ဆုံးတွင် သက်ပြင်းကိုချကာ သူတို့၏ခန္ဓာကိုယ်သည် အေးစက်သောချွေးများဖြင့် စိုစွတ်နေလေသည်။
ယခုတိုက်ခိုက်မှုသည် ပြင်းထန်လွန်းလှသည်။ ပြင်းထန်လွန်းသဖြင့် သူတို့၏ ဝိညာဉ်များပင် တုန်လှုပ်သွားသည်။
သူတို့ရဲ့ ကျင့်ကြံမှုအဆင့်က မနိမ့်ဘူးလို့ ထင်နေရင်တောင် ထိုဓားတန်းနဲ့ ရင်ဆိုင်ရသည့်အခါ အသတ်ခံရမယ်လို့ သူတို့ ခံစားနေကြတုန်းပင်။ အတိုက်ခံရရင် သူတို့၏ ဝိညာဉ် ခြေရာတောင် မကျန်တော့ဘူးဟု ခံစားရသည်။
ကြောက်စရာကောင်းလွန်းသည်။
အားလုံးက ဝိုင်းကြည့်ကြပြီး နှလုံးသားတွေ အေးစက်သွားသလို ခံစားလိုက်ရသည်။
ယခုတစ်ကြိမ်တွင် နတ်ဆိုးကျင့်ကြံသူအများအပြားသည် ထောင်မှလွတ်မြောက်ခဲ့ကြသော်လည်း ထက်ဝက်ကျော်သည် နန်းမြို့တော်၌ သေဆုံးခဲ့ကြသည်။ နောက်တစ်ခုမှာ နန်းမြို့တော်တွင် ကျွမ်းကျင်သူတွေ အများကြီးရှိသည်။
သို့သော် လူအရေအတွက်များသောကြောင့် နန်းမြို့တော်ကနေ လွတ်မြောက်လာသူ ထောင်ပေါင်းများစွာ ရှိနေဆဲပါ။
သို့သော် ဤတိုက်ပွဲအပြီးတွင် ဆယ်ရာခိုင်နှုန်းအောက်သာ ကျန်တော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာ လူထောင်ဂဏန်းပဲ ကျန်တော့သည်။
လူတွေသည် ပုရွက်ဆိတ်တွေကဲ့သို့ ဖြစ်နေသည့် ဆန်းကြယ်သည့် ဤကမ္ဘာတွင် ဒီလူအနည်းစုသည် ကြီးမားသည့် တိုက်ပွဲ၏ ကွက်လပ်ကို ဖြည့်ဖို့တောင် မလုံလောက်ပေ။
ထို့အပြင် ၎င်းတို့ထဲမှ အချို့သည် ပို၍သတိရှိကြပြီး အချိန်မီ ရှောင်ထွက်သွားကြသည်။ မဟုတ်ရင် လူ ၁၀၀၀ အသက်ရှင်ခဲ့ရင်တောင် မဆိုးပါ။
"သွေးနတ်ဆိုး၊ မင်းဘာလို့ငါ့ကိုသစ္စာဖောက်တာလဲ။ ဘာကြောင့်လဲ။"
အကြီးအကဲမင်ကျဲ့သည် ကောင်းကင်သို့ မျှော်ကြည့်ကာ သက်ပြင်းချသည်။ သူ၏မျက်လုံးများသည် သွေးကဲ့သို့ နီရဲနေသည်။
ဤအခိုက်အတန့်တွင် သူသည် ဘယ်အရာက ဤအဖြစ်အပျက်ကို ဖြစ်ပေါ်စေခဲ့သည်ကို သတိမမူမိဘဲ သူ၏ချစ်တပည့်၏ သစ္စာဖောက်မှုကြောင့် အလွန်ဝမ်းနည်းနေပြီဖြစ်သည်။
လူတိုင်းက “အကြီးအကဲ မင်ကျဲ့၊ ကောင်းကင်ဘုရင် သွေးနတ်ဆိုးက လူမဆန်တဲ့ သစ္စာမဲ့သူပဲ။ အနာဂတ်မှာ သူနဲ့တွေ့ရင်၊ အကြီးအကဲမင်ကျဲ့အတွက် လက်စားချေဖို့ သူ့ကို သေချာပေါက် အပိုင်းပိုင်း စုတ်ပစ်မယ်။”
“အကြီးအကဲမင်ကျဲ့၊ စိတ်လျှော့ပါ။ ခင်ဗျားရဲ့ကျန်းမာရေးက ပိုအရေးကြီးတယ်။ အခု ခင်ဗျားက ကျွန်တော်တို့ရဲ့ ကျောရိုးပဲ။ ဒေါသကြောင့် စိတ်ကို မထိခိုက်စေနဲ့။"
လူတိုင်း၏ ဖြားယောင်းကြောင့် နောက်ဆုံးတွင် အကြီးအကဲမင်ကျဲ့၏ တင်းတင်းကြပ်ကြပ်ဆုပ်ထားသော လက်သီးများကို ဖြေးဖြေးချင်း ဖြေလျှော့ပေးခဲ့သည်။
အမှန်မှာ၊ သစ္စာဖောက်ခံရခြင်းသည် မုန်းစရာကောင်းသော်လည်း ယခုအခြေအနေတွင် ရွေးချယ်စရာမရှိတော့ပေ။
လူသည် နောက်ကို လှည့်မကြည့်ဘဲ ရှေ့သို့သာဆက်သွားရမည်။
သူသည် အနှစ်ခုနစ်ရာလုံးလုံး နေထိုင်ပြီးနောက် ကောင်းကင်အကျဉ်းထောင်မှ လွတ်မြောက်ခဲ့သည်။ သူယုတ်မာ၏ သစ္စာဖောက်မှုကြောင့် ဘယ်လိုကြောင့်များ စိတ်ဓာတ်ကျမိသွားရတာလဲ။
ယခု အရေးကြီးဆုံးအချက်မှာ နတ်ဆိုးဂိုဏ်းသို့ အမြန်ပြန်သွားပြီး နတ်ဆိုးအရှင်နှင့် တွေ့ဆုံရန်ဖြစ်သည်။
"မေ့လိုက်တော့။ ကိစ္စက ပိုအရေးကြီးတယ်။ မင်းပြောတာမှန်တယ်။ ဒေါသကြောင့် စိတ်မထိခိုက်စေရဘူး။”
သို့သော်~~
ယခုအချိန်တွင် မတော်တဆမှုတစ်ခု ထပ်မံဖြစ်ပွားခဲ့သည်။
အကူးအပြောင်း အစီအရင်သည် တဖျပ်ဖျပ်ဖျပ်ခတ်နေပြီး ပျက်စီးတော့မည်ပင်။ သို့သော် သူတို့ ထိတ်လန့်သွားရသည်မှာ ဖျတ်လတ်သော ရွှေရောင်မီးတောက်တစ်ခုသည် ရုတ်တရက် ပျံ့နှံ့လာပြီး လူများစွာအပေါ်သို့ ကျရောက်လာသည်။
အေးစက်စွာ လှောင်ပြောင်ခြင်းမပြုမီ လူတိုင်းက ပထမဆုံး အံ့ဩသွားကြသည်။
"မဟာကျိုး တော်ဝင်မိသားစုက အခု ဘာလုပ်နေတာလဲ။ တိုက်ခိုက်နေကြသေးတာလား။ ငါတို့အလောင်းတွေကို ပြာဖြစ်အောင် မီးရှို့ဖို့ စီစဉ်နေတာလား။”
"ကံမကောင်းစွာပဲ၊ ငါတို့အားလုံး အသက်ရှင်နေသေးတယ်။ ဒီမီးတောက်တွေက ရိုးရိုးရှင်းရှင်းလေးပဲ။”
"မဟာကျိုး ဧကရာဇ်မိသားစုက လျှို့ဝှက်ဆန်းကြယ်ဖို့ကိုသာ သိတယ်။"
သူတို့စကားပြောနေစဉ်တွင် လူအများအပြားသည် မီးတောက်များကို ငြိမ်းသတ်ရန်အတွက် ၎င်းတို့၏ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်ကို အသုံးပြုရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်…..
***
စာစဉ် ၉ ပြီး၏။