← Chapters

အပိုင်း (၂၈၃)

Vol. 19 Ch. 283

အပိုင်း (၂၈၃)

Vol. 19 Ch. 283

ကျယ်ပြောလှသည့် ကြယ်တည်နေရာကြီး တစ်ခုလုံးတွင် မြင်ကွင်းတစ်ခုလုံးသည် ဆိုးရွားစုတ်ပြတ်လျက် ရှိနေ၏။ အပျက်အစီးပုံများ၊ နန်းတော်အစိတ်အပိုင်းများနှင့် ပြည့်နှက်နေလေ၏။ ဤအရာသည် အင်ပါရီယာတိုင် နန်းတော် တည်ရှိခဲ့သော တည်နေရာဖြစ်ပြီး ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ လက်သီးချက် တစ်ချက်တည်းကြောင့် အရာအားလုံး ပျက်စီးခဲ့ရ၏။

ပြန်လည်ကာ တည်ဆောက်ချင်သည် ဆိုပါက အရင်အတိုင်း ပြန်ဖြစ်ရန်အတွက် နှစ်မည်မျှ ကြာမြင့်မည် ဖြစ်ကြောင်း မည်သူမှ မသိရှိနိုင်ချေ။ နတ်ဘုရားပစ္စည်းများကို ရယူရန် အသုံးပြုရသည့် ကုန်ကျစရိတ်သည် အဓိကဂိုဏ်းကြီးဆိုရင်တောင်မှ မွဲပြာကျသွားစေနိုင်သည်။

ကံကောင်းစွာဖြင့် အင်ပါယာတိုင်သည် တော်ဝင်အင်ပါယာတစ်ယောက်ဖြစ်ပြီး ရေတွက်၍ မရအောင် များပြားလှသည့် အင်အားစုနှင့်် အဆုံးအစမဲ့ ပိုင်နက်ကို ပိုင်ဆိုင်သော လူတစ်ယောက်ဖြစ်၏။ ထို့ကြောင့် အင်ပါယာတိုင်နန်းတော်ကြီးကို ပြန်လည် တည်ဆောက်ရန်အတွက် လိုအပ်သည့် ပစ္စည်းများကို ထောက်ပံ့နိုင်စွမ်း ရှိနေ၏။

တစ်စုံတစ်ခုတည်းသော ဂိုဏ်းကဏ္ဍတစ်ခု၏ အားအင်ကို အမှီအခိုပြု၍ တည်ဆောက်မည် ဆိုပါက အသစ်ကဲ့သို့အရာမျိုး ပြန်လည် ဖြစ်တည်လာမည် မဟုတ်ချေ။ သို့ပေမဲ့ ပြန်လည်တည်ဆောက်နိုင်သည် ဆိုလျှင်တောင်မှ ယခင်တုန်းကကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလှသည့် အော်ရာများသည် ထွက်ပေါ် နေတော့မည် မဟုတ်ပေ။

အင်ပါယာတိုင်နန်းတော်နှင့် မနီးမဝေး ကြယ်ကောင်းကင်ယံ အထက်တွင်တော့ ရှေးကြယ်ကြီးတစ်ခုက တည်ရှိလို့နေခဲ့ပြီး ထိုနေရာတွင် အလွန်ဆန်းကြယ်လှသည့် လူနှစ်ယောက်သည် ဘေးချင်းကပ်ကာ ရပ်လျက် ရှိနေကြ၏။

ဘယ်ဘက်တွင် ရှိနေသည့် လူသည် နတ်ဘုရားရွှေနှင့် ဖန်တီးပြုလုပ်ထားသည့် တိုက်ပွဲဝင် ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး ၎င်း၏ခန္ဓာကိုယ်မှ အေးစက်သည့် ရောင်စဉ်ရောင်တန်းများ ထုတ်လွှတ်နေ၏။ လှုပ်ရှားမှု တစ်ခုချင်းစီတိုင်းသည် ပြိုင်ဘက်ကင်းလှသည့် အော်ရာများ ထွက်ပေါ်လျက် ရှိနေပြီး ၎င်းသည် အားလုံးသောသူတို့ကို ငုံ့ကာ ကြည့်ရှုနေသည့် ကောင်းကင် အင်ပါယာတစ်ပါးကဲ့သို့ပင်။

ညာဘက်ခြမ်းတွင် ရှိနေသည့်လူမှာတော့ ရိုးရှင်းသည့် မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထားခဲ့၏။ ၎င်း၏ ဆံနွယ်များသည် အနောက်ဘက်ဆီသို့ တစ်ခုချင်းစီ ကျဆင်းလျက်ရှိနေပြီး ထိုဆံနွယ်များသည် အမဲရောင် တောက်ပြောင်လျက် ရှိနေ၏။ ထိုဆံနွယ်တစ်ခုချင်းစီတိုင်းသည် ကောင်းကင်ဓားသွားများကဲ့သို့ပင် လင်းလက်နေသည်။

“ကျုပ်အရင်တုန်းက ဖွင့်လှစ်ခဲ့တဲ့ တည်နေရာ လမ်းကြောင်းက ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင် ကြောင့် အလုံးစုံ ပျက်စီးသွားပြီ။ ဒီတော့ ဒီတစ်ကြိမ်မှာ ကျုပ်တို့ ဘယ်လိုသွားရမလဲ ဆိုတာကို ကြိုတင်ပြင်ဆင်ဖို့သင့်တယ် ထင်တယ်” ကောင်းကင်ဝမ်းနည်းခြင်း အင်ပါယာသည် ပြောဆိုလိုက်၏။

သူ၏အသံသည် ဓားသွားနှစ်ခု ခြစ်နေသကဲ့သို့ တကျိကျိနှင့်ပင်။ သူ၏ ခန္ဓာကိုယ် အရောင်အဆင်း တစ်ခုလုံးသည် ဖြူရော်လျက် ရှိနေလေ၏။ သူသည် နှစ်ထောင်ပေါင်း များစွာကြာအောင် နေအလင်းနှင့် မထိတွေ့ရသူ တစ်ယောက်ကဲ့သို့ပင်။ ၎င်း၏ မဲနက်လျက် ရှိနေသည့် မျက်လုံး တစ်စုံသည် တောက်ပလွန်းလှသည့် အမဲရောင် ကျောက်ရိုင်းတုံးကြီး နှစ်ခုကဲ့သို့ပင်။ ဆန်းကြယ်လှသော ရောင်စဉ်ရောင်ဝါများ ကို ထုတ်လွှတ်နေသည်။

“ခင်ဗျား ဒဏ်ရာရထားတယ်” အင်ပါယာတိုင်သည် လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ ရပ်လျက်ရှိနေ၏။ ၎င်း၏ ခန္ဓာကိုယ်စီမှ ရွှေရောင်အလင်းတန်းများ ထုတ်ဖော်နေ၏။

“ကိစ္စမရှိဘူး”

ကောင်းကင်ဝမ်းနည်းခြင်း အင်ပါယာသည် လက်ကို ယမ်းခါပြီးသည့်နောက် တည်ငြိမ် အေးချမ်းစွာ ပြောလိုက်သည်။ “အင်မော်တယ်အဆင့်ကို ရောက်လုနီးပါး တစ်စုံတစ်ယောက်ကို မျက်မြင်တွေ့ခဲ့ရတာ စိတ်ကျေနပ်စရာပဲ။ သေရမယ် ဆိုရင်တောင်မှ ကျုပ်ဆီမှာ နောင်တရှိမှာ မဟုတ်ဘူး”

“ခင်ဗျားရဲ့ လက်ရှိအခြေအနေအရ ကောင်းကင်မူလလောကထဲကို သွားဖို့မပြောနဲ့။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင် နောက်တစ်ကြိမ်လောက် ထပ်ရိုက်လိုက်ရင်ကို သေသွားနိုင်တယ်” အင်ပါယာတိုင်သည် ထူးမခြားနားသလို မှတ်ချက်ပြုလိုက်၏။

သူသည် သူ၏ ဘေးတစ်ဖက်တွင် ရှိနေသည့် ကောင်းကင်ဝမ်းနည်းခြင်း အင်ပါယာနှင့်ပတ်သက်၍ ယဉ်ယဉ်ကျေးကျေး ဆက်ဆံခြင်းမရှိချေ။ သူ၏ မျက်လုံးထဲမှာတော့ ဤလူသည် အရူးတစ်ယောက်ကဲ့သို့ပင်။ အရာအားလုံးကို ကြိုတင်ကာ စဉ်းစားတွေးတော ပြုမူနိုင်ခဲ့သည့် လူတစ်ယောက်ဖြစ်သည် ဆိုလျှင်တောင်မှ အထင်ကြီးစရာ မရှိချေ။

တစ်ဖက်လူသည် အားကောင်းလှသည့် အင်ပါယာ ဖြစ်သည် ဆိုလျှင်တောင်မှ သူ့ကဲ့သို့သော အင်ပါယာတိုင်နှင့် တိုက်ခိုက်ရန် အရည်အချင်း အပြည့်မီချေ။ ထို့ပြင် အင်ပါယာတိုင်ဆိုသည်မှာ ကောင်းကင်နှင့်မြေပြင်တစ်ခုလုံးကို အုပ်စိုးလွှမ်းမိုးနိုင်သူ တစ်ယောက်ဖြစ်၏။ ရှုံးနိမ့်တတ်သူ တစ်ယောက် မဟုတ်ချေ။ ရှုံးနိမ့်သွားသည် ဆိုလျှင်တောင်မှ အရှက်တကွဲ မရှုံးနိမ့်ပေ။

ယခု သူသည် ရှုံးနိမ့်ခဲ့ပြီးသည့်နောက် သူ၏ ဂုဏ်သိက္ခာများကို ပြန်လည်ရယူရန် ဆုံးဖြတ်လျက် ရှိနေလေ၏။ သူသည် ထိုအရာကို ကြံ့ကြံ့ခံ ရင်ဆိုင်ရပေလိမ့်မည်။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ကို အနိုင်ယူနိုင်ဖို့ မဖြစ်နိုင်ဘူး ဆိုလျှင်တောင်မှ သူသည် သူ၏ ဂုဏ်သိက္ခာကို ပြန်လည်ရရှိရန်အတွက် အခြားသော အရာတစ်ခုကို ပြန်လည်ကာ ပြုလုပ်ရပေလိမ့်မည်။

မထင်မှတ်ထားလောက်အောင်ဘဲ ကောင်းကင်ဝမ်းနည်းခြင်း အင်ပါယာသည် သူ့ဆီသို့ လာရောက်ကာဖြင့် သူ၏ တည်နေရာလမ်းကြောင်းကို အသုံးပြုချင်ကြောင်း ပြောဆိုခဲ့၏။ အင်ပါယာတိုင်သည် ကောင်းကင်ဝမ်းနည်းခြင်း အင်ပါယာတစ်ယောက် မိုယွမ်ဆီကို မသွားဘဲ အဘယ့်ကြောင့် သူ့ဆီ လာရသနည်းအား မေးမြန်းချင်မိ၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ သူသည် သူ၏အတွေးများကို ထုတ်ဖော်ကာ မမေးမြန်းတော့ချေ။ ဤအတိုင်း ခပ်မဆိတ်သာ နေထိုင်လိုက်၏။

“ဒီလောကထဲမှာ ကျုပ်ရဲ့လမ်းစဉ်က အဆုံးသတ်တော့မှာလေ။ တခြားလောကတွေကပဲ ကျုပ်ကို ပိုမို တိုးတက်အောင် ခွင့်ပြုပေးနိုင်မယ်။ ကျုပ်ရဲ့ အစောပိုင်းနှစ်တွေကတည်းက ခရမ်းရောင်နက်နဲလောကကြီးရဲ့ တည်နေရာအနှံ့ကို လှည့်လည်ကာ ခရီးသွားလာခဲ့တယ်ဆိုပေမဲ့ အင်မော်တယ်အဆင့်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် အငွေ့အသက်တွေကို တစ်ခုမှ ရှာဖွေမတွေ့ရှိခဲ့ဘူး”

ကောင်းကင်ဝမ်းနည်းခြင်း အင်ပါယာက ရှင်းပြလိုက်သည်။ “တခြားရွေးချယ်စရာမရှိဘူးဆိုတော့ ကျုပ် ကောင်းကင်မူလ လောကထဲသို့သွားရမယ်။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ရဲ့ စွမ်းအင်တွေကို မျက်မြင်တွေ့ပြီးတဲ့နောက်မှာ သူက ကျုပ်ကို အဆင့်တက်နိုင်အောင် ကူညီပေးနိုင်တယ်လို့ အလိုလို သိနေတယ်”

သူ၏ ဘဝတစ်ခုလုံးသည် ဓားလမ်းစဉ်ပေါ်၌သာ လျှောက်လှမ်းခဲ့သူဖြစ်၏။ သူ့၌ မည်သည့် မိသားစု၊ သူငယ်ချင်း၊ ရန်သူမှ မရှိချေ။ သူနှင့် ဓားသာလျှင်ရှိ၏။ သူသည် ဂိုဏ်းကဏ္ဍတစ်ခုကို ဘယ်တုန်းကမှ မတည် ထောင်ခဲ့ချေ။ သူတစ်ယောက်တည်းကသာလျှင် ခရမ်းရောင်နက်နဲလောကကြီး၏ ထူးခြားလှသည့် ဂိုဏ်းကဏ္ဍ တစ်ခုဖြစ်၏။ သူ့အား မည်သူမျှ မယှဉ်ပြိုင်နိုင်ခဲ့ချေ။

“ခင်ဗျားရဲ့ ဒီဆုံးဖြတ်ချက်က သေလမ်းရှာနေတာနဲ့အတူတူပဲ” အင်ပါယာတိုင်သည် နှာခေါင်းကို ရှုံ့လိုက်၏။

အင်မော်တယ်အဆင့်ဆီသို့ ရှာဖွေခြင်းဆိုသည်မှာ ကောင်းမွန်လှသည့်အရာ မဟုတ်ချေ။ အဘယ့်ကြောင့် ဆိုသော် ၎င်း၏ တည်နေရာလမ်းကြောင်းကလည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သောကြောင့်ပင်။ ယခု သူ၏ တည်နေရာ လမ်းကြောင်းကို အသုံးပြုပြီး ကောင်းကင်မူလလောကကြီးဆီသို့ သွားရောက်ရန် အခွင့်အရေးတော့ရှိ၏။ သို့သော်ငြား တည်နေရာလမ်းကြောင်းထဲ ဝင်ရောက်ပြီးနောက် အလှည့်အပြောင်း အနည်းငယ်ကြုံရနိုင်၏။ ကောင်းကင်မူလ လောကထဲသို့ သူတို့ ခြေချ နိုင်ပါ့မလား ဆိုသည်မှာ မသေချာပေ။

“မဟုတ်သေးဘူး”

ကောင်းကင်ဝမ်းနည်းခြင်းအင်ပါယာသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “ကျုပ်ရဲ့ အထင်အရဆိုလျှင် ကောင်းကင်မူလလောကကြီးကို လွှမ်းမိုးချင်တဲ့ ခင်ဗျားရဲ့ ရည်ရွယ်ချက်ကသာ သေလမ်းရှာနေတာပဲ။ ဖြစ်နိုင်တာက”

သူကဆက်ပြောလိုက်သည်။ “ခင်ဗျားနဲ့ မိုယွမ်က ခရမ်းရောင်နက်နဲ လောကကြီးကို ကပ်ဘေးတွေ ယူဆောင်လာမဲ့လူတွေပဲ”

“ဟုတ်လား”

အင်ပါယာတိုင်က နှုတ်ခမ်းမဲ့လိုက်သည်။ ပြီးနောက် အင်ပါယာတိုင်သည် သဘောမတွေ့သလိုပင် ပြောဆိုလိုက်၏။ “ကျုပ် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက် တချို့ကို စုံစမ်းထားတယ်။ ကျုပ်တို့ကို ပြဿနာမရှာဘူးဆိုရင် ကျုပ်တို့လုံခြုံတယ်။ ခွန်လွန်လေဟာနယ်မှာ ရှိတဲ့ အမျိုးသမီးအင်ပါယာကတော့ နှစ်ပေါင်းများစွာ ပေါ်မလာခဲ့တာ ကြာပြီ။ သူတို့နှစ်ယောက် ဝင်ရောက် လှုပ်ရှားတိုက်ခိုက်မှု မပြုလုပ်သရွေ့ ကောင်းကင်မူလလောကကြီးကို ထိန်းချုပ်ဖို့ဆိုတာ ပန်းခြံထဲကို လမ်းလျှောက်သွားသလို လွယ်ကူတယ်ကွ။ ပြီးတော့ တည်နေရာကို ဖြတ်သန်းရောက်ရှိတဲ့အချိန်မှာ ကျုပ်တို့ အနေနဲ့ ကောင်းကင်မူလလောကကြီးကို ဖျက်ဆီးဖို့ ကြိုးစားတာမဟုတ်ဘူး။ အုပ်စိုးဖို့ပဲ ကြိုးစားတာ။ ကျုပ်တို့အနေနဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ရဲ့ ညွှန်ကြားချက်ကိုသာ လိုက်နာနိုင်မယ်ဆိုလျှင် ကောင်းကင်မူလလောကကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်ဖို့ဆိုတာ ဖြစ်သင့်ဖြစ်ထိုက်တဲ့အရာ ဖြစ်လာလိမ့်မယ်”

“ခင်ဗျား တွေးသလောက် ရိုးရှင်းမှာ မဟုတ်ဘူး” ကောင်းကင်ဝမ်းနည်းခြင်းအင်ပါယာက ပြန်လည် တုံ့ပြန်လိုက်သည်။

“ဟမ့်”

အင်ပါယာတိုင်က နှာခေါင်းရှုံ့လိုက်၏။ “ကျင့်ကြံခြင်းလောကတွေဆိုတာက တောရိုင်းဥပဒေတွေကို ကျင့်သုံးတာပဲ။ အားကောင်းတဲ့သူက အားနည်းသူကို အနိုင်ယူတာ သဘာဝပဲ။ ခရမ်းရောင်နက်နဲလောကကြီး က သိုသိုသိပ်သိပ်နဲ့ နေထိုင်နေတယ်ဆိုပေမဲ့ ကပ်ဘေးအန္တရာယ်အားလုံးကို ရှောင်ရှားနိုင်ပြီလား”

“သတိမမေ့နဲ့အုံး။ ကောင်းကင်မူလလောကရဲ့ အရင် တော်ဝင်အင်ပါယာက သူ့ရဲ့ပြိုင်ဘက် အဆင့်တူ ကျင့်ကြံသူချင်းကို တိုက်ခိုက်နိုင်ရုံသာမကဘူး။ ကောင်းကင်မူလလောကကြီးထဲမှာ တိုက်ပွဲ တည်နေရာတစ်ခုကို ရှာတွေ့ခဲ့သေးတယ်။ ဒီတိုက်ပွဲတည်နေရာကို အင်မော်တယ်တိုက်ပွဲတည်နေရာလို့ ခေါ်တယ်။ ဒါနဲ့ ပတ်သက်ပြီး ခင်ဗျားနားလည်သင့်သလောက် နားလည်ပြီး ဖြစ်မှာပါ”

All Chapters