အခန်း (၁၄၆-၁၅၀)
Vol. 10 Ch. 146-150
စာစဉ် ၁၀။ အခန်း ၁၄၆ အကြီးဆုံးဆရာတူအစ်ကို တိုးတက်သွားပြီ
လုရှောင်ယန်သည် သူ၏ အတွေးအမြင်များကို စတင်အကောင်အထည်ဖော်ပြီး ကျီဝူရှား၊ ဖုန်းထျန်းယွမ်နှင့် လီချန်းရှန်ကို ဆင့်ခေါ်ခဲ့သည်။
သူတို့သုံးယောက်သည် လုရှောင်ယန် အနားသို့ လျင်မြန်စွာ စုရုံးလာကြသည်။
"မင်္ဂလာပါ ဆရာ" သူတို့ သုံးယောက် အရမ်း စိတ်လှုပ်ရှားနေတာကို တွေ့လိုက်ရသည်။
အချိန်တိုအတွင်း ဤကဲ့သို့သော အစွမ်းထက်သော ကျင့်ကြံမှုသို့ တိုးလာရန် သူတို့အားလုံး စိတ်လှုပ်ရှားမိကြသည်။ မြင့်မားသောကျင့်ကြံမှု ပိုင်ဆိုင်ခဲ့ဖူးသော လီချန်းရှန်ပင်လျှင် သူ၏နှလုံးခုန်သံကို ခံစားရသည်။
ဤဆရာသည် အလွန်တန်ခိုးကြီး၏။
ဤဆရာ၏ လက်အောက်တွင် ကျင့်ကြံခြင်းသည် ရိုးရှင်းလွန်းလှသည်။
လုရှောင်ယန်က သူ၏လက်ကို ဝှေ့ယမ်းပြီး သူတို့ သုံးယောက်ကို အရမ်းစိတ်မလှုပ်ရှားဖို့ ညွှန်ပြသည်။
"မင်းတို့အသံတွေကို တိုးလိုက်ဦး။ မင်းတို့ပြောတာကို လီကော မကြားပါစေနဲ့။"
သုံးယောက်သား မကူညီနိုင်ဘဲ ခေါင်းကို ငုံ့ထားလိုက်ကြသည်။
လုရှောင်ယန်က “ဒါက ဒီလိုပါ။ လီကောရဲ့ အရည်အချင်းက အမှန်တကယ် အနည်းငယ်နိမ့်ကျတယ်။ ဒါကြောင့် သူ့ရဲ့ တိုးတက်နှုန်းက မင်းတို့နဲ့ ယှဉ်လို့မရဘူး။
ဒါပေမယ့်၊ သူက မင်းတို့ရဲ့အကြီးဆုံး ဆရာတူအစ်ကိုလေ။ ဆိုတော့ သူ့မှာလည်း သိက္ခာရှိဖို့ လိုတယ်။ မင်းတို့သူ့ကို ပိုဂရုစိုက်ဖို့ ကြိုးစားသင့်တယ်။"
သူတို့သုံးယောက်သား ခေါင်းညိတ်ကြသည်။
"ဟုတ်လား။ စိတ်မပူပါနဲ့ ဆရာ။ အကြီးဆုံး ဆရာတူအစ်ကိုက များသောအားဖြင့် ကျွန်တော်တို့အပေါ် အရမ်းကောင်းပေးတယ်။ ကျွန်တော်တို့လည်း သူ့အပေါ် ကောင်းကောင်းဆက်ဆံမှာပါ။"
"အဲဒါကောင်းတယ်။ လီကောရဲ့ကျင့်ကြံဆင့်က လက်ရှိမှာ အာကာပြင်လေ့လာခြင်းအဆင့် ပထမအဆင့်ပဲ။ မင်းတို့က မင်းတို့ရဲ့ကျင့်ကြံမှုကို ချဲ့ကားမပြောကြနဲ့။ သူ့ယုံကြည်မှုကို မထိခိုက်စေနဲ့။ မဟုတ်ရင် ဒီအခက်အခဲကနေ သူပြန်မထနိုင်တော့မှာကို ကြောက်ရတယ်။ သူ့ရဲ့ စိတ်ဆန္ဒတွေ ပျောက်ကွယ်သွားတဲ့အခါ သူ့ရဲ့ သိုင်းပညာ ဘဝလည်း ကုန်ဆုံးသွားလိမ့်မယ်။”
“ဟုတ်ကဲ့။”
ထိုစကားပြောပြီး လုရှောင်ယန်သည် ဆေးသုံးလုံးကို ထုတ်ယူလိုက်သည်။
“ဒီဆေးသုံးလုံးက မြင့်မြတ်စိတ်ဝိညာဉ်စုစည်းခြင်းဆေးလုံး ၊ နတ်ဘုရားအဆင့် ဆေးဖက်ဝင်ဆေးတစ်မျိုးပဲ။ ဒါကလူတစ်ဦးရဲ့ ကျင့်ကြံမှုစွမ်းရည်ကို မြှင့်တင်ပေးနိုင်တယ်။ သုံးယောက်သား အရင်စားလိုက်...။ ခဏနေရင် လီကောကို နောက်ထပ်ဆေးတစ်လုံးပေးမယ်။ သူ့ကို ဆေး တစ်ခုပဲရှိတယ်လို့ပြောပြမယ်။ မင်းတို့ သုံးယောက် ငါ့ကို ထုတ်မပြနဲ့။"
သူတို့ သုံးယောက်သည် မထိန်းနိုင်ဘဲ နှလုံးတွေ တဆတ်ဆတ်တုန်ကာ ဦးရေပြားတွေ ထုံကျင်လာသည်။
သူတို့၏ဆရာသည် သိုင်းဘုရင်အဆင့် ဆေးများကိုစားခြင်းမှ နတ်ဘုရားအဆင့် ဆေးများကိုစားခြင်းသို့အဆင့်တက်သွားပြီလား။
ဘုရားသခင်၊ သူတို့၏ဆရာက ဘယ်လောက်တောင် တန်ခိုးကြီးသည်လဲ။
သူကိုယ်တိုင်ကိုက ထိုအဆင့်တည်ရှိမှုဖြစ်နေလို့ ဖြစ်နေလို့များလား။
ကျီဝူရှားသည် သူမ၏ လက်သီးငယ်များကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်ပြီး စကားမပြောနိုင်လောက်အောင် တုန်လှုပ်သွားခဲ့သည်။ သူမသည် သူမ၏ နှလုံးသားထဲတွင် မူကြမ်းတစ်ခုကို ပြင်ဆင်ထားပြီး ပြန်သည်နှင့် ၎င်းကို သူမ၏ မှတ်စုစာအုပ်ငယ်တွင် ချရေးရန် ပြင်ဆင်နေခဲ့သည်။
“မေလကုန်ခါနီး၊ နေသာတဲ့နေ့တစ်နေ့မှာ ဆရာက ကျွန်မတို့ကို မြင့်မြတ်စိတ်ဝိညာဉ်စုစည်းခြင်းဆေးလုံး တစ်လုံးစီ ပေးတယ်။ ကျွန်မတို့ရဲ့ ကနဦးခန့်မှန်းချက် မှားသွားခဲ့သည်။ ဆရာ့ကျင့်ကြံဆင့်သည် နတ်ဘုရားအဆင့်၏အထက် ဖြစ်သည်မှာ သေချာသည်၊ ၎င်းသည် သာမန်နတ်ဘုရားအဆင့်တောင် အကြောင်းကတော့ ကောင်းကင်ဘုံကိုပင် အံ့တုနိုင်သည့် ဆေးလုံးကိုဖော်စပ်နိုင်ဖို့ဆိုလျှင် သာမာန်အခြေခံနတ်ဘုရားအဆင့်ဖြစ်နေရုံနှင့် မလုံလောက်နိုင်သောကြောင့်ပင်။”
သူတို့ ဆေးလုံးတွေကို လက်ခံပြီး အလျင်အမြန် မျိုချလိုက်သည်။ ချဉ်ကာ ချိုမြိန်သော ပန်းသီးနံ့သင်းသင်းလေးရှိသည်။
ဆေးလုံးတွေကို မျိုချလိုက်ပြီး သူတို့၏ အတွေးတွေက ပိုသွက်လက်လာသလိုပင်။ သူတို့၏ စိတ်တွေ ကြည်လင်လာသလို ခံစားလိုက်ရသည်။
ယခင်က သိုင်းဘုရင်အဆင့် ဆေးဖက်ဝင်ဆေးကို သောက်သုံးသောအခါတွင် သိုင်းဘုရင်အဆင့် ကျွမ်းကျင်ပညာရှင်၏ စိတ်ဝိညာဉ်ဖြင့် သန့်စင်ထားသော်လည်း၊ ထို သိုင်းဘုရင်အဆင့် ဆေးများသည် ၎င်းတို့၏ စွမ်းရည်များကိုသာ တိုးပွားစေသည်။
ဆယ်နှစ်ကြာ ကျင့်ကြံပြီးနောက် ဧကရာဇ်ဝိဉာဉ်ဆေးလုံးသည် ဆယ်နှစ်ကြာအောင် ကျင့်ကြံခဲ့သည့် ခံစားချက် တစ်ခုတည်းသာ ပေးစွမ်းနိုင်မည်ဖြစ်သည်။ သဘာဝအားဖြင့်၊ ၎င်းသည် မြင့်မြတ်စိတ်ဝိညာဉ်စုစည်းခြင်းဆေးလုံးကဲ့သို့ ပြင်းထန်ရန် မဖြစ်နိုင်ပေ။
"ဘယ်လိုခံစားရလဲ။"
လုရှောင်ယန်က ပြုံးပြီး မေးသည်။
ဖုန်းထျန်းယွမ်က သူ၏နှုတ်ခမ်းကို သပ်လိုက်ပြီး “မမှည့်တဲ့ ပန်းသီးစိမ်းလို ချဉ်ချဉ်အရသာရှိပြီး အနည်းငယ် ပြင်းပါတယ်။ နည်းနည်းဆိုးတယ်။"
ကျီဝူရှားက အနည်းငယ် မျက်မှောင်ကြုတ်ကာ ပြောသည် "ဒါက နည်းနည်းတော့ ဆိုးပါတယ်။ အနည်းငယ်ခါးပြီး အခြားအရသာများလည်းရှိတယ်။ ဒါပေမယ့် စားလိုက်တာ အရမ်းမြန်တယ်။ အရသာတောင် မမြည်းစမ်းရသေးခင်မှာ ခန္ဓာကိုယ်ထဲကို စိမ့်ဝင်သွားတယ်။ ဆရာ ရှိသေးလား။ ဒီတစ်ခါတော့ အရသာခံနိုင်အောင် နောက်တစ်မျိုးပေးပါဦး။"
"ထွက်သွားစမ်း.."
လုရှောင်ယန် ဒေါသတကြီး အော်ထုတ်လိုက်တော့သည်။
သူက ဆေးလုံးတွေရဲ့ အာနိသင်ကို မေးလိုက်ခြင်းဖြစ်သည်။ သူတို့နှစ်ယောက်ဘာတွေပြောနေတာလဲ။
လူမိုက်နှစ်ယောက်က သူ့ကို လှည့်စားဖို့တောင် ကြိုးစားနေသေးသည်။ သူ၏ဆေးလုံးတွေကို လိမ်တောင်းဖို့ စောလွန်းနေပါသေးသည်။
လီချန်းရှန်က အနည်းငယ် မျက်မှောင်ကြုတ်ပြီး ပြောသည် "ကျွန်တော့ရဲ့ အရည်အချင်းက နည်းနည်း တိုးလာတာကို ခံစားရတယ်၊ ဒါပေမယ့် သက်ရောက်မှုက ကြီးကြီးမားမားတော့ မဟုတ်ဘူး။"
လုရှောင်ယန် ခေါင်းညိတ်လိုက်သည်။
"မင်းမှာ နတ်ဘုရားအဆင့် ဓါးဝိညာဉ်ရှိပြီးသားမို့ မင်းရဲ့ အရည်အချင်းက အရမ်းမြင့်နေပြီလေ။ နတ်ဘုရားအဆင့် ဆေးဖက်ဝင်ဆေးလုံးက မင်းရဲ့ခွန်အားကို အများကြီးမတိုးစေပါဘူး၊ ဒါပေမယ့် အာနိသင်ရှိရင် ကောင်းပါတယ်။”
လီချန်းရှန် ခေါင်းညိတ်လိုက်သည်။
“ဒါပေမယ့် ဒီနည်းက နည်းနည်းတော့ ဖြုန်းတီးရာကျတယ်။ နောက်ဆုံးတော့၊ ဒါဟာ လူတစ်ယောက်ရဲ့ ပင်ကိုယ်စွမ်းရည်ကို မြှင့်တင်ပေးနိုင်တဲ့ ဆေးဖက်ဝင်ဆေးတစ်မျိုးပါ။ ဒီဆေးလုံးကြီး ပြန့်နှံ့သွားရင်တော့ မဟာကျိုးတစ်ခုလုံးနဲ့ တိုက်ကြီးတစ်ခုလုံးကိုတောင် ရူးသွပ်သွားစေနိုင်ပါတယ်။ သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူတွေတောင် ဒီနတ်ဘုရားအဆင့်ပစ္စည်းအတွက် တိုက်ပွဲဝင်ကျလိမ့်မယ်။”
လုရှောင်ယန် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
“အဆင်ပြေပါတယ်။ မင်းရဲ့ ခွန်အားတွေ တိုးရင်ကို ကောင်းပါတယ်။"
လီချန်းရှန် တိတ်ဆိတ်သွားသည်။ သူ၏ဆရာက ပိုချွေတာသင့်သည်ဟု မူလက ထင်ခဲ့သည်။ သို့သော် သူ အတွေးလွန်နေပုံရသည်။ သူ့ဆရာ၏ ကြွယ်ဝမှုသည် သူ၏စိတ်ကူးနိုင်စွမ်းကို ကျော်လွန်နေသည်။
သူစကားပြောနေစဉ် ယွင်လီကောလည်း ရောက်လာသည်။
"မင်္ဂလာပါ ဆရာ။ ဆရာတူညီလေး ညီမလေးတို့က မြန်လှချည်လား။"
"အာ့၊ ကျွန်တော်တို့က အစောကြီးထဲက ထွက်လာတာ။"
“ဟစ်၊ မင်းတို့တွေ တံခါးပိတ်ကျင့်ကြံတာကနေ မြန်မြန်ထွက်လာတာ။ မင်းတို့ရဲ့ ကျင့်ကြံခြင်းက ဘယ်လောက်မြန်လိုက်သလဲ။"
သုံးယောက်သား လက်ကို ထပ်ခါတလဲလဲ ဝှေ့ယမ်းကြသည်။
“အဲလောက်မမြန်ဘူး။ ငါက အာကာပြင်လေ့လာခြင်း တတိယအဆင့်မှာပဲရှိသေးတာ၊ ဆရာတူ မောင်လေးထျန်းယွမ်က စတုတ္ထအဆင့်တွင်ရှိတယ်။ ဆရာတူ မောင်လေးချန်းရှန်က ပိုသန်မာပြီး အာကာပြင်လေ့လာခြင်းအဆင့်ရဲ့ ပဉ္စမအဆင့်ကို ရောက်နေပြီ။”
ယွင်လီကော၏ မျက်လုံးများ ချက်ချင်း တောက်ပလာသည်။
သူသည် အာကာပြင်လေ့လာခြင်းအဆင့်၏တတိယအဆင့်တွင်သာရှိသော်လည်း၊ သူ၏ဆရာတူညီမများနှင့်ဆရာတူ ညီလေးများအားလုံးသည်ယခင်က သူ့ထက်ပိုမိုမြန်ဆန်စွာတိုးတက်ခဲ့သည်။ ယခုဆိုလျှင် သူသည် သူ၏ဒုတိယဆရာတူညီမကို လိုက်မှီပြီးဖြစ်ပြီး တတိယဆရာတူညီ၏ ကျင့်ကြံမှုနှင့် မဝေးလှပေ။ သူသည် ၎င်းတို့နှင့် အဆင့်သေးတစ်ခုနှစ်ခုမျှသာ ဝေးကွာတော့သည်။
ကောင်းပြီ၊ မျှော်လင့်ချက်ရှိသွားပြီ။ ဤတစ်ကြိမ်တွင် သူသည် သူ၏ကျောကို ဖြောင့်မတ်စွာထားပြီး ကျီရွှေ့တောင်ထိပ်၏ အကြီးဆုံးဆရာတူအစ်ကိုအဖြစ် ယုံကြည်ချက်ရှိရှိနေနိုင်ပေပြီ။
"မဆိုးပါဘူး။ မင်းတို့ အရမ်းကြိုးစားခဲ့ကြပါတယ်။"
“အကြီးဆုံးအစ်ကိုရဲ့ ကျင့်ကြံမှု ဘယ်လောက်တိုးလာသလဲ။”
ယွင်လီကောက ချောင်းဟန့်လိုက်ပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
“အများကြီး မတိုးဘူး။ ငါက ဆရာတူညီမ ဝူရှားနဲ့အတူတူပါပဲ။ ငါက အာကာပြင်လေ့လာခြင်းအဆင့် တတိယအဆင့်ပါ။"
"အကြီးဆုံးအစ်ကိုကြီး အရမ်းတော်တာပဲ"
“အကြီးဆုံးအစ်ကိုရဲ့ ကျင့်ကြံဆင့်က အရင်က အညံ့ဆုံးဖြစ်ပေမယ့် အခုချိန်မှာတော့ ဒုတိယအကြီးဆုံး ဆရာတူအစ်မကိုတောင် လိုက်မှီနေပြီ။ ကြည့်ရတာ မကြာခင် ငါ့ကိုတောင် ကျော်သွားလိမ့်မယ်။”
“အကြီးဆုံး ဆရာတူအစ်ကိုက တကယ်ကို အကြီးဆုံး ဆရာတူအစ်ကိုပီသတယ်။ အနာဂတ်မှာအကြီးဆုံး ဆရာတူအစ်ကိုကို ကျွန်တော့်ရဲ့ စံပြအဖြစ် သေချာပေါက် သတ်မှတ်ပြီး ပိုကြိုးစားသွားမှာပါ။"
ယွင်လီကော၏ ယုံကြည်မှုတို့ တိုးပြီးရင်းတိုးလာတော့သည်။ ဤအခိုက်အတန့်တွင် သူသည် တိုးတက်လာတော့မည်ဟုခံစားရပြီး ထိုအခိုက် လုရှောင်ယန်က မြင့်မြတ်သော အာရုံစူးစိုက်မှု ဆေးလုံးကို ထုတ်၍ သူ့ထံသို့ ပေးကမ်းလိုက်သည် ။
"မင်းငါ့ကိုတကယ်စိတ်ပျက်အောင်မလုပ်ဘူး။ ဒါက မြင့်မြတ်သော အာရုံစူးစိုက်မှု ဆေးလုံး၊ နတ်ဘုရားအဆင့် ဆေးဖက်ဝင်ဆေးလုံးပဲ။ ခက်ခက်ခဲခဲ ပြင်ထားရတယ်။ မင်းအတွက်…"
“ဟစ် ဒါက မသင့်တော်ဘူးလား။ ဆရာ၊ ကျွန်တော့ရဲ့ ညီအကို မောင်နှမတွေက မယူဘူး။ ကျွန်တော်ယူရတာ နည်းနည်းလွန်နေပြီမဟုတ်လား။"
လုရှောင်ယန်က သူ၏လက်ကို ဝှေ့ယမ်းပြီး "အဲဒါက မင်းက အကြီးဆုံး ဆရာတူ အစ်ကိုမို့လို့။ အရင်စားသင့်တယ်။ အနာဂတ်မှာ သူတို့ကို ပိုပေးမယ်။"
"ဆရာ"
ယွင်လီကော၏ ခန္ဓာကိုယ် တုန်လှုပ်သွားပြီး မျက်လုံးများ အနည်းငယ်နီလာသည်။
သူ၏ဆရာက သူ့ကို အချစ်ဆုံးဟု ခံစားရသည်။ သူသည် သူ့ဆရာ၏ အယုံကြည်ရဆုံး တပည့်ဖြစ်နေဆဲပင်။
အသက်ပြင်းပြင်းရှူပြီးနောက် သူသည် ကျီဝူရှားနှင့် အခြားသူများဆီသို့ ဂါရဝပြုပြီး "ညီမငယ်၊ ညီငယ်တို့ တောင်းပန်ပါတယ်။ ဆရာပေးတဲ့လက်ဆောင်ကို မငြင်းဝံ့ပါဘူး။ ငါမင်းတို့အစား ဒီမြင့်မြတ်စိတ်ဝိညာဉ်စုစည်းခြင်းဆေးလုံးကို အရင်မြည်းစမ်းကြည့်မယ်။"
"လုပ်ပါ။"
ယွင်လီကောသည် ဆေးလုံးအား တစ်ကျိုက်တည်း မျိုချလိုက်ပြီး သူ၏မျက်နှာမှာ ကြည်နူးမှုနှင့် ပြည့်နေသည်။
“အို၊ နတ်ဘုရားအဆင့်ဆေးလုံးပီသတယ်၊ ဆရာ့ ဆေးလုံးက တကယ် အရသာရှိပြီး ပါးစပ်ထဲတွင် အရည်ပျော်နေတယ်။ အေးမြမှုရှိပြီး အသီးအနှံရနံ့ကိုတောင် ပေးစွမ်းပါတယ်။ ချိုမြိန်တဲ့ခံစားမှုက နွေဦးမက်မွန်သီးစားနေသလို ခံစားရတယ်။”
လုရှောင်ယန် : “…”
ကျီဝူရှား : "..."
ဖုန်းထျန်းယွမ် : "..."
လီချန်းရှန်: "အကိုကြီး၊ အဲ့တာက... ချိုသလား။"
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၁၀။ အခန်း ၁၄၇ ဒုတိယအကြိမ်တိုက်ပွဲ
"မှန်တယ် အရမ်းချိုတယ်။ ဆရာ့ရဲ့ ဆေးလုံးတွေရဲ့ အရသာက မဆိုးဘူး။ ဆရာ့ရဲ့ အဂ္ဂိရတ်ကျွမ်းကျင်မှုအရဆိုရင် ဘယ်သူကမှ ယှဉ်ဝံ့မှာမဟုတ်ဘူး။ မင်းတို့က ဆရာကြီးနဲ့ အကြာကြီးမနေဖူးလို့ရယ်။ အနာဂတ်ကျ သိလိမ့်မယ်။"
လုရှောင်ယန်ပင် သူပြောတာကို ယုံလုနီးပါးပင်။
ယွင်လီကော၏ပါးပြင် ကြွက်သားများ တုန်ယင်နေသည့် နာကျင်မှုကြောင့်သာ မဟုတ်ပါက ဖုန်းထျန်းယွမ်နှင့် ကျီဝူရှားသည် ယခင်က သူ့အား လိမ်ညာခဲ့ကြောင်းပင် သံသယဖြစ်မိပေလိမ့်မည်။
သို့သော် လုရှောင်ယန်၏ နှလုံးသားသည် အမှန်တကယ် နွေးထွေးလှသည်ဟု ဆိုရပေမည်။
ဤတပည့်များအားလုံးသည် သူ့ကို အလွန်ကြည်ညိုကြသော်လည်း ယွင်လီကောသာလျှင် အသိတတ်ဆုံး၊ ဂရုတစိုက်အရှိဆုံး၊ နားလည်မှုအရှိဆုံးနှင့် ဒုက္ခမပေးဆုံးဖြစ်သည်။
ကျီဝူရှား ၊ ဖုန်းထျန်းယွမ်နှင့် လီချန်းရှန် တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ယွင်လီကောကို မထီမဲ့မြင်ပြုရန် မထိန်းနိုင်ပေ။
အကြီးဆုံး ဆရာတူအစ်ကို၏ ဘောမပုံမှာ အမှန်ပင် နှိမ့်ချလွန်းလှသည်။
သူတို့၏ဆရာ ကို လေးစားမှုရှိရမည်။ သို့သော် သူတို့အားလုံးသည် အရွယ်ရောက်ပြီး ထူးချွန်သူများဖြစ်သည်။ မြင်းနက်s တွေကလွဲရင် သူတို့မယှဥ်နိုင်တာ တခြားဘာရှိလဲ။
သို့ရာတွင် သူတို့၏အကြီးဆုံးဆရာတူအစ်ကို၏နှိမ့်ချသောအသွင်အပြင်သည် ၎င်းတို့၏စံနှုန်းများကို အနည်းငယ်နိမ့်ကျစေသည်ဟု ခံစားရသည်။
သို့သော်၊ သူတို့သုံးယောက်သည် ယွင်လီကော၏ ဘောမနေသော ပုံစံကို မထီမဲ့မြင်ပြုနေကြစဉ် လုရှောင်ယန်သည် ရှေးဟောင်းတိုက်ပွဲနတ်ဘုရားလှံကို ထုတ်လိုက်သည်။
"လီကော၊ မင်းက ဒီလမှာ တော်တော်ကို ခက်ခက်ခဲခဲ ကျင့်ကြံနေခဲ့တာ ငါသိတယ်။ မြင့်မြတ်စိတ်ဝိညာဉ်စုစည်းခြင်းဆေးလုံးအပြင် ဆရာက မင်းကို သိုင်းဘုရင်အဆင့်လက်နက်နဲ့ ဆုချဖို့ ပြင်ဆင်ထားတယ်။ ဒီ သိုင်းဘုရင်အဆင့်လက်နက်ကိုယူထား သုံးတော့မသုံးနဲ့။ ပေါ့ပေါ့ပါးပါးပဲ၊ ငါပေးခဲ့တဲ့ တခြားလက်နက်တွေကိုပဲ သုံးပါ။ ထိပ်တန်းကျွမ်းကျင်သူနဲ့တွေ့ရင် မင်းရဲ့အသက်ကိုကယ်ဖို့ ဒီ သိုင်းဘုရင်အဆင့် လက်နက်ကိုထုတ်သုံးပါ။"
"ဟုတ်ကဲ့ပါ ဆရာ၊ ဆရာ့ရဲ့ ဆုံးမစကားတွေကို သေချာမှတ်ထားပါ့မယ်။"
ကျီဝူရှား :"…"
ဖုန်းထျန်းယွမ်:"…"
လီချန်းရှန်:"…"
ထောင်ပေါင်းများစွာသော အတွေးများက သူတို့သုံးယောက်၏ခေါင်းထဲကို ဖြတ်ပြေးသွားသည်။
ဒါက ဘယ်လိုလုပ်ပြီး အလုပ်ဖြစ်သွားတာလဲ။ တစ်ခုခုများမှားသွားလား။ ဘောမလိုက်ရုံဖြင့် သိုင်းဘုရင်အဆင့် လက်နက်ကိုရသွားတာလား။
သေစမ်း၊ သူတို့ သတိလက်လွတ်ဖြစ်ခဲ့သည်။
သူတို့၏အကြီးဆုံး ဆရာတူအစ်ကိုဖြစ်သူ၏ ဘောမခြင်း နည်းဗျူဟာသည် အလွန်ပုပ်သိုးသည်ဟု မူလက ထင်ခဲ့ကြသည်။ မမျှော်လင့်ဘဲ၊ ဤနည်းဗျူဟာသည် သူ့ဆရာ၏အရသာနှင့် ကိုက်ညီသည်။
အမှန်ပင်၊ ထိုနည်းဗျူဟာသည် လက်တွေ့လုပ်ဆောင်သောအခါတွင် ကြောက်စရာအကောင်းဆုံးဖြစ်သည်။
"ဆရာ၊ ဆရာ့ရဲ့ အဂ္ဂိရတ်ပညာဟာ ကမ္ဘာပေါ်မှာ တကယ်ကို အကောင်းဆုံးပါ။ ဆရာရဲ့ ဆေးဖက်ဝင်ဆေးလုံးတွေကိုလည်း စောင့်မျှော်နေပါတယ်။"
ဖုန်းထျန်းယွမ်၏ သင့်လျော်သော အမူအရာကြောင့် ကျီဝူရှားနှင့် လီချန်းရှန် ဆက်ပြီး ငြိမ်မနေနိုင်တော့ပေ။
သို့သော် သူတို့နှစ်ဦး စကားမပြောမီ လုရှောင်ယန်က ဝင်ပြောလိုက်သည်။
"ဒါဆိုလဲ စောင့်မျှော်နေဦး။ ဆရာ့ ဆေးလုံး သန့်စင်ရေးနည်းစနစ်က နည်းနည်းတော့ အတွေ့အကြုံ လိုအပ်သေးတယ်။ ဘာပဲပြောပြော ငါလုပ်ထားတဲ့ ဆေးတွေက ချဉ်ပြီး ခါးနေတာ ငါ့ရဲ့ ကျွမ်းကျင်မှုကို အသုံးချဖို့ လိုသေးတယ်။"
သုံးယောက်သား ချက်ခြင်းပင် မျက်ရည်များ ဖုံးလွှမ်းသွားသည်။
စောစောထသည့် ငှက်က ပိုးကောင်ပိုစားရတယ်လို့ မကြားဖူးဘူးလား။
အကြီးဆုံး ဆရာတူအစ်ကို၏ ကျင့်ကြံမှုနှင့် အရည်အချင်းများသည် သူတို့ထက် နိမ့်ကျသော်လည်း သူသည် ထိပ်တန်း သိုင်းဘုရင်အဆင့်လက်နက်ကို ရရှိခဲ့သည်။
အကြီးဆုံး ဆရာတူအစ်ကို၏ခံစားချက်တွေကို သူတို့ဆရာက အရမ်းဂရုစိုက်ပြီး သူ့အပေါ် စေတနာထားတာ အံ့သြစရာမဟုတ်တော့ပေ။ အကြီးဆုံးဆရာတူအစ်ကိုက ဘောမတာ အရမ်းတော်နေတာကိုး။
သူ၏ ကျွမ်းကျင်မှုဖြင့်၊ သူသည် သူတို့၏ဆရာ၏မျက်နှာသာကို လုံး၀အနိုင်ရခဲ့သည်။ ဆရာ၏ မျက်နှာသာပေးမှု အားလုံးက သူ့အပေါ် အာရုံစူးစိုက်နေခဲ့သည်။
လုရှောင်ယန် က သူတို့ကို ငေးကြည့်ရင်း "ကောင်းပြီ၊ ။ လင်းဖေးကို သတ်ဖို့က ငါတို့ ဖုချိုးကျဲယ်သွေးသောက်အဖွဲ့ရဲ့ ဒုတိယအဆင့်ပဲ။ အဲဒါက အရမ်းအရေးကြီးပြီး ငါတို့ သတိလွတ်လို့မရဘူး။ ငါစီစဉ်ပြီးသွားပြီ။ မင်းတို့ သေချာ လိုက်နာရမယ်။ မင်းတို့ လေးယောက်က သတိလက်လွတ်လို့ မရဘူး။ ငါ့အစီအစဉ်ကို တင်းတင်းကျပ်ကျပ် အကောင်အထည်ဖော်ရမယ်။"
"ဟုတ်ကဲ့ ဆရာ။"
ထို့နောက် လုရှောင်ယန်သည် သူတော်စင်အဆင့် ချပ်ဝတ်တန်ဆာနှင့် သူတော်စင်အဆင့် လက်နက်များကို ၎င်းတို့တစ်ဦးစီအား ပေးအပ်ခဲ့သည်။
ယခင်က ၎င်းတို့တွင် သာမန်လူများနှင့်ကိုင်တွယ်ရာတွင် ထုတ်ယူနိုင်သော ကောင်းကင်ဘုံလက်နက်များ ရှိခဲ့သည်။ သို့သော်လည်း လင်းဖေးကို ကိုင်တွယ်ရန် ကောင်းကင်ဘုံလက်နက်များကို အသုံးပြုရန် ၎င်းတို့အတွက် အနည်းငယ် ခက်ခဲနိုင်မည်ဖြစ်သည်။ လင်းဖေးမှာ သိုင်းဘုရင်အဆင့် လက်နက်တစ်ခုရှိနေတာ သေချာသည်။
သို့သော်လည်း လင်းဖေးသည် သိုင်းဘုရင်အဆင့်လက်နက်ကို ပေါ့ပေါ့ဆဆ မထုတ်ဝံ့ပေ။ စင်စစ် သူ အာရုံစိုက်မခံချင်၍ပင် မဟုတ်ရင် သူ သေချာပေါက် မဟာကျိုးတော်ဝင်မိသားစု၏ လုယက်ခြင်းခံရမှာ သေချာသည်။
သို့သော် သူ့တွင် သူတော်စင်လက်နက် ရှိနေသေးပြီး ပထမဦးစွာ တိုက်ခိုက်ရန် အသုံးပြုမည်ဖြစ်သည်။
ကောင်းကင်ဘုံ လက်နက်များသည် သူတော်စင်အဆင့် လက်နက်ကို တိုက်ခိုက်ရန် အရည်အချင်းမပြည့်မီပါ။ ထို့ကြောင့် လုရှောင်ယန် သည် ၎င်းတို့တစ်ဦးစီအတွက် သူတော်စင်အဆင့် လက်နက်တစ်ခုကို ပြင်ဆင်ခဲ့သည်။
ထို့အပြင် လုရှောင်ယန်သည် ယွင်လီကောကို သိုင်းဘုရင်အဆင့် လက်နက်ကိုပင် ပေးအပ်ခဲ့သည်။ လင်းဖေးသည် သူ၏ သိုင်းဘုရင်အဆင့် လက်နက်ကို မထုတ်ရင်တော့ အကောင်းဆုံးပင်။ သို့သော် သူလုပ်လျှင်ပင် သူတို့လေးယောက်သား ကြောက်နေဖို့မလိုအပ်ပေ။
သူသည် လူတိုင်းအား သိုင်းဘုရင်အဆင့် လက်နက်ကို မပေးရခြင်း အကြောင်းရင်းမှာ ၎င်းတို့လေးဦးသည် လင်းဖေးကို မသတ်နိုင်ခြင်းကြောင့် ဖြစ်သည်။
သူတို့လေးယောက်မှာ အလွန်အစွမ်းထက်သည့် အရည်အချင်းတွေရှိသော်လည်း သူတို့၏ ကံကြမ္မာက လင်းဖေးထက် လုံးဝ နိမ့်ကျသည်။ ထို့ကြောင့် လင်းဖေးသည် မည်သို့ပင်ဆိုစေကာမူ နောက်ဆုံးတွင် လွတ်မြောက်သွားမည်ဖြစ်သည်။
ဤသည်မှာ ကံကြမ္မာသားတော်တို့အတွက် စည်းမျဉ်းဖြစ်သည်။
ဒုတိယအနေဖြင့် သိုင်းဘုရင်အဆင့်လက်နက်၏ အရှိန်အဝါသည် အလွန်အားကောင်းသည်။ အကယ်၍ သိုင်းဘုရင်အဆင့် လက်နက်များ အများအပြား တစ်ချိန်တည်း ပေါ်လာပါက၊ ၎င်းသည် မဟာကျိုး တော်ဝင်မိသားစု၏ အာရုံစိုက်မှုကို သေချာပေါက် ဆွဲဆောင်နိုင်မည်ဖြစ်သည်။ ထိုအချိန်တွင် သူ့ကို ဖော်ထုတ်လို့တောင် ရသွားနိုင်သည်။ နောက်ဆုံးတွင်၊ သူသည် မဟာကျိုး ဧကရာဇ်မိသားစုကို ဆန့်ကျင်ရန်ပင်ဖြစ်နိုင်သည်။
ထုံးစံအတိုင်း သူတို့ထဲက အနည်းစုက ရှေ့တန်းမှာ တိုက်ခိုက်ကြလိမ့်မည်။ သူတို့သည် လင်းဖေးကို ဦးစွာတိုက်ခိုက်ပြီး သူ၏အင်အားကို လျှော့ချလိုက်မည်။ သူ့ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေပြီး သူ၏ ကံကောင်းမှုကို ကျဆင်းစေနိုင်ရင် အကောင်းဆုံးပင်။
ထို့နောက် လုရှောင်ယန်သည် လျှို့ဝှက်နည်းပညာများဖြင့် လင်းဖေး ထွက်ပြေးခြင်းမှ တားဆီးရန် အပြင်တွင်နေမည်။ နောက်ဆုံးတွင်၊ သူသည် လင်းဖေးကို အောင်မြင်စွာသတ်ပစ်ပြီး ဝိညာဉ်တစ်ခုတောင် မကျန်ရစ်စေဘဲ သူ၏သေဆုံးမှုကို သေချာစေသည်။
ဒါတွေအားလုံးကို စီစဉ်ပြီးသည်နှင့် လုရှောင်ယန်က ကျီဝူရှန်ကို အဖွဲ့ထဲကို ဝင်ဖို့ စီစဉ်ပေးသည်။
ရှေးဟောင်း တားမြစ်နယ်မြေတွင် ဧကရာဇ်မိသားစု၏ တပည့်များနှင့် တော်ဝင်နန်းတော် အသီးသီး၏ တပည့်များသာမက အခြားသော ပထမတန်းဂိုဏ်းခွဲများစွာ၏ တပည့်များလည်း တက်ရောက်ကြမည်။
ဥပမာအားဖြင့် လိပ်နက်ဂိုဏ်းကဲ့သို့သော ဂိုဏ်းများပင်။
သူတို့၏ အထက်တန်းစား တပည့်များ၏ ကျင့်ကြံမှု အဆင့်မှာလည်း မနိမ့်ကျပေ။ သူတို့အားလုံးသည် အခွင့်အရေးကို ရှာဖွေရန် ရှေးဟောင်းတားမြစ်နယ်မြေသို့ ရောက်လာကြသည်။
ကျီဝူရှားသည် တော်ဝင်မိသားစုဝင်တစ်ဦးဖြစ်ပြီး နေရာတစ်ခုကို ပိုင်ဆိုင်သည်။ ကျီဝူရှင်းနှင့် တခြားသူတွေမှာလည်း သူတို့ကိုယ်ပိုင်နေရာတွေရှိကြပြီး သူတို့ရွေးချယ်ထားသည့် အစေအပါးတွေကနောက်မှ လိုက်ကြသည်။
ယွင်လီကော၊ ဖုန်းထျန်းယွမ်နှင့် လီချန်းရှန်တို့သည် ကျီဝူရှား၏ အခြွေအရံများအဖြစ် ဟန်ဆောင်ခဲ့ကြသည်။
ကျီဝူရှန်သည် အမွေဆက်ခံသူဖြစ်ပြီး ဧည့်သည်နေရာ သုံးနေရာရှိသည်။ တစ်ဖက်တွင် ကျီဝူရှားသည် ဧည့်သည်နေရာတစ်ခုသာရှိသည်။ လုရှောင်ယန်အား ဧည့်သည်နေရာပေးပြီးနောက် လူတိုင်းသည် ရှေးဟောင်းတားမြစ်နယ်မြေထဲသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ကြသည်။
ခရမ်းရောင် ငြိမ်းချမ်းရေး ဧကရာဇ်နန်းတော်မှ လူအချို့ကလည်း စောဒကတက်ကြသည်။
နောက်ဆုံးတော့ သူတို့ငါးယောက်ထဲမှာ ကျီဝူရှားကလွဲလို့ ကျန်တဲ့သူတွေက အားလုံးက အပြင်လူတွေပါ။ ဤအပြင်လူများကိုပင် ရှေးဟောင်းတားမြစ်နယ်မြေသို့ သွားခွင့်ပေးထားသောကြောင့် ခရမ်းရောင်ငြိမ်းချမ်းရေး ဧကရာဇ်နန်းတော်ရှိ လူငယ်များသည် နေရာလွတ်မရှိသောကြောင့် အနည်းငယ်စိတ်မကောင်းဖြစ်ခဲ့ကြသည်။
သို့သော် ကျီဝူရှန်၏တောင်းဆိုမှုအောက်တွင် ၎င်းတို့သည် အားကိုးရာမဲ့နေသည်။ ကျီဝူရှန်သည် ဧကရာဇ်နန်းတော်၏ အမွေဆက်ခံသူဖြစ်သည်။ သူတို့၏ဖခင်ဘုရင်ကျီနဉ်ပင်လျှင် သူ၏အရင်းနှီးဆုံးသားအကြီးဆုံးကို မျက်နှာသာပေးရသည်။
အားလုံးစုပြီး ရှေးဟောင်းတားမြစ်နယ်မြေသို့ ထွက်ခွာခဲ့ကြသည်။
…
တစ်ဖက်မှာတော့ မင်းသမီးရူယန်၏ လျှို့ဝှက်ခန်းထဲမှာ လင်းဖေးက မျက်လုံးတွေကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
ဟား…
ညစ်ညမ်းသောလေကို ရှုရှိုက်ရင်း ပြုံးလိုက်မိသည်။
"နောက်ဆုံးတော့ ငါကျော်ဖြတ်ပြီးသွားပြီ။ စိတ်ဝိညာဉ်သန့်စင်ခြင်းရဲ့ ပထမအဆင့်။ တောင်ပင်လယ်အဆင့်ရဲ့ အထွတ်အထိပ် ဒသမအဆင့်ကနေ စိတ်ဝိညာဉ်သန့်စင်ခြင်း ပထမအဆင့်ကို ရောက်ဖို့ တစ်လပဲ အချိန်ယူခဲ့ရတယ်။ ဒီအရှိန်နဲ့ တိုးတက်လာတဲ့သူတွေ အများကြီး မဟုတ်ဖူးမလား။”
မဟာကျိုးအင်ပါယာတွင် အပြင်းထန်ဆုံးသော ပါရမီရှင်အုပ်စုသည် ရူယန်နှင့် သူမ၏ မွေးချင်းများအပါအဝင် မဟာကျိုး ဧကရာဇ်၏ တိုက်ရိုက်သားမြေးများဖြစ်သည်။ “
သူတို့သည် စိတ်ဝိညာဉ်သန့်စင်ခြင်းဘုံအထက်တွင်လည်း ကျင့်ကြံမှုများရှိခဲ့ကြသော်လည်း ၎င်းတို့အားလုံးသည် ဧကရာဇ်မိသားစုဝင်များဖြစ်သည်။ ၎င်းတို့သည် ငယ်စဉ်ကတည်းကပင် ကျင့်ကြံခဲ့ပြီး ယင်းအဆင့်သို့ အချိန်တိုတိုအတွင်း မတက်လှမ်းမီ ၎င်းတို့ကို ထောက်ပံ့ရန် များပြားလှသော အရင်းအမြစ်များ ရှိခဲ့သည်။ “
"ငါ့အတွက်ကတော့ လွန်ခဲ့တဲ့ သုံးနှစ်ကနေ လေးနှစ်အတွင်းမှာပဲ တက်လာခဲ့တယ်။
လေးနှစ်အကြာမှာ၊ ငါက မွေးဖွားမှုအဆင့်မှသည် စိတ်ဝိညာဉ် သန့်စင်ရေးဘုံ၏ ပထမအဆင့်သို့ ရောက်ခဲ့တယ်။ ဒီအောင်မြင်မှုက ဧကရာဇ်မိသားစုရဲ့ တိုက်ရိုက်သားစဉ်မြေးဆက်တွေကို အရှက်ကွဲစေလောက်အောင်ပါပဲ….”
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၁၀။ အခန်း ၁၄၈ ရှေးဟောင်းလျှို့ဝှက်တားမြစ်နယ်မြေ ဖွင့်ခြင်း
လင်းဖေး ပြောတာ မှန်သည်။
တော်ဝင်မိသားစုရှိ အချို့သော ဉာဏ်ကြီးရှင်များသည် ၎င်းတို့၏အသွေးအသားနှင့် မဟာကျိုး တော်ဝင်မိသားစု၏ အရင်းအမြစ်များအကူအညီဖြင့် စိတ်ဝိညာဉ်သန့်စင်ခြင်းနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်နိုင်သည်။
သို့သော်လည်း လင်းဖေးကဲ့သို့ မြင့်မားသောအဆင့်ရှိသူများကို တိုက်ခိုက်ရန် နည်းလမ်းမရှိပေ။
လင်းဖေးသည် သိုင်းဘုရင်အဆင့်ကျင့်ကြံခြင်းနည်းလမ်းကို ကျင့်ကြံခဲ့ပြီး သူ့တွင် တစ်ခုထက်မကရှိသည်။
သူ၏ဆရာဖြစ်သော သိုင်းဘုရင်အဆင့် ယွဲ့ယင်းသည် ရှေးခေတ်က သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူများကြားတွင် ထိပ်တန်း လုပ်ကြံသတ်ဖြတ်သူဖြစ်သည်။ သူမသည် တိုက်ပွဲတွင် အတွေ့အကြုံများစွာရှိသည်။
နှစ်ဖက်စလုံးတွင် တူညီသော အရင်းအမြစ်များနှင့် အင်အားများ ရှိသော်လည်း ယွဲ့ယင်းသည် တဖက်သူကို အနိုင်ယူနိုင်သေးသည်။
ဒါ့အပြင် လင်းဖေးဟာ ကံကောင်းခြင်းများစွာကို ရရှိခဲ့သည်။
ဥပမာအားဖြင့်၊ သူသည် တစ်ချိန်က လမ်းဘေးဆိုင်တွင် သိုင်းဘုရင်အဆင့်ဓားကို ရဖူးသည်။ ၎င်းသည် ရှေးခေတ်က မက်မွန်ပွင့်ဓားဧကရာဇ်ဟုခေါ်သော သိုင်းဘုရင်အဆင့်မှ ကျွမ်းကျင်သူတစ်ဦး၏ ကျန်ရစ်ခဲ့သော လက်နက်တစ်ခုဖြစ်သည်။
နောက်ဥပမာတစ်ခုကတော့ သူသည် ရှေးခေတ်သိုင်းပညာ သင်္ချိုင်းတစ်ခုတွင် တစ်ချိန်က ကျင့်ကြံခြင်းနည်းလမ်းကို ရရှိခဲ့ဖူးသည်။ ထိုကျင့်ကြံခြင်းနည်းလမ်းသည် လူတစ်ဦးအား ၎င်းတို့၏အခြေခံအုတ်မြစ်ကို ထိခိုက်ခြင်းမရှိစေဘဲ အချိန်တိုအတွင်း အဆင့်တစ်ခုလုံးမှ ၎င်းတို့၏ခွန်အားကို တိုးပွားစေနိုင်သည်။
လက်ရှိကမ္ဘာတွင် အဆင့်နိမ့် ကျင့်ကြံခြင်းနည်းလမ်းများနှင့် နှိုင်းယှဉ်ပါက ကျင့်ကြံဆင့် တိုးလာစေရန် သွေးအနှစ်သာရကို လောင်ကျွမ်းစေသော ကျင့်ကြံခြင်းနည်းလမ်းသည် အဆမရေမတွက်နိုင်အောင် အားကောင်းနေသည်။
၎င်းအပြင် သူသည် သိုင်းဘုရင်အဆင့် နေရာကူးပြောင်းခြင်းနည်းပညာကို ပိုင်ထားသည်။ အချိန်ကန့်သတ်ချက်ရှိ၍ တစ်နေ့လျှင် တစ်ကြိမ်သာ အသုံးပြုနိုင်သော်လည်း ၎င်းသည် ရှင်သန်ရန် လုံလောက်ပါသေးသည်။
အကယ်၍ သူသည် အင်အားကြီးသောရန်သူကို ကြုံတွေ့ရပြီး ၎င်းကို အမှန်တကယ် မကိုင်တွယ်နိုင်ပါက ကီလိုမီတာ ၅၀၀ အကွာသို့ နေရာကူးပြောင်းကာ ခေတ္တလွတ်မြောက်နိုင်သည်။
ဟုတ်ပါသည်၊ ဒါတွေက အသက်ကယ်နည်းတွေပဲ ဖြစ်သည်။ လင်းဖေးသည် အလွန်အမင်း မယုံကြည်နိုင်သော သတ်ဖြတ်မှုတစ်ခုလည်း ရှိသည်။
သူ၏ ဆရာယွဲ့ယင်းသည် ထိုလှုပ်ရှားမှုကို အသုံးပြုပါက ဒသမအဆင့် ဧကရာဇ်အဆင့် ကျွမ်းကျင်သူကိုပင် သတ်ပစ်နိုင်ကြောင်း တစ်ချိန်က မှတ်ချက်ပေးခဲ့ဖူးသည်။
အရေးကြီးဆုံးမှာ သူဘယ်သူ့ကိုမှ မပြောဖူးသည့် အရာတစ်ခုလည်း ရှိသည်။ အဲဒါက သူ၏ဆရာတောင် မသိတဲ့ကိစ္စပင်။
ဤအရာသည် သူ၏ အလွန်ကံကောင်းခြင်းပင်။
သူ့၏ကံကောင်းမှုက သာမန်လူသားတွေအတွက် မထင်မှတ်လောက်အောင်ပင်။
လေလံပွဲတစ်ခုမှာ ပါဝင်ခြင်း၊ ကျွမ်းကျင်သည့် သင်္ချိုင်းကို သွားလည်တာ သို့မဟုတ် တစ်ခုခုဝယ်ရင် မထင်မှတ်ထားသည့် အရာတစ်ခုကို ဝယ်နိုင်မယ်ဆိုတာ သူသိခဲ့တာ ကြာပါပြီ။
အကယ်၍ ကျင့်ကြံမှုတွင် ပိတ်ဆို့မှုများ ကြုံတွေ့ပါက၊ သူ၏ စိတ်သဘောထားကို အနည်းငယ် ပြောင်းလဲပါက ၎င်းကို တိုက်ရိုက် ကျော်ဖြတ်နိုင်မည်ဖြစ်သည်။ သူ ဘယ်တုန်းကမှ အတားအဆီးမရှိခဲ့ပေ။
အကယ်၍ သူသည် မည်သည့်အချိန်၌ဖြစ်စေ မည်သည့်နေရာ၌ဖြစ်စေ အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့ရပါက၊ အစိုးရိမ်ရဆုံးအခိုက်အတန့်တွင် ၎င်းကိုဖြေရှင်းရန် နည်းလမ်းအမြဲရှိမည်ဖြစ်သည်။
ကျေးဇူးရှင်တစ်ဦး၏အကူအညီကြောင့်ဖြစ်စေ သို့မဟုတ် အခြေအနေစိုးရိမ်ရသည့်အခိုက်အတန့်တွင် အခြေအနေကိုဖြေရှင်းရန်နည်းလမ်းကို မတော်တဆတွေ့ရှိခဲ့ခြင်းကြောင့်ဖြစ်သည်။
တခါတရံတွင် အခြေအနေကို မည်သို့ဖြေရှင်းရမည်ကို လုံးဝနားမလည်နိုင်ပေ။ သို့သော်လည်း ထိုကိစ္စကို အောင်အောင်မြင်မြင် ဖြေရှင်းနိုင်ဆဲဖြစ်ပြီး လုံခြုံစိတ်ချစွာ ရပ်တည်နိုင်မည်ဖြစ်သည်။
တကယ်တော့ သူသည် လမ်းများပေါ်တွင် လမ်းလျှောက်ရုံဖြင့် အဆင့်မြင့်သော ဝိညာဉ်ကျောက်တုံးအချို့ကိုပင် ကောက်ယူနိုင်သည်။
ဘာကြောင့်လဲဆိုတာ မသိပေမယ့် မကြာသေးမီအချိန်ကစလို့ သူ၏ကံကြမ္မာက အရင်ကလောက် မကောင်းဘူးလို့ ထင်ရသည်။ သို့သော် သူ၏ကံကြမ္မာသည် သာမန်လူများထက် အဆများစွာ အားကောင်းနေသေးသည်။
ဥပမာအားဖြင့်၊ မနေ့ညက သူသည် သူ့ခြံဝန်းအတွင်း လမ်းလျှောက်ပြီး အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးနှစ်တုံးကို ကောက်ယူခဲ့သည်။
သူ၏ကံက သိပ်ကောင်းလွန်းသည်။
ဤသည်မှာ သူ၏ အမည်မသိ ဝှက်ဖဲ ဖြစ်သည်။
ဤဝှက်ဖဲချပ်များဖြင့် လင်းဖေးသည် မဟာကျိုး ဧကရာဇ်မိသားစုကိုပင် ရှုံ့ချဝံ့သည်။
သူ၏ဆရာပြောသလိုပဲ၊ သူသည် အနာဂတ်တွင် သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူဖြစ်လာရန် ရည်မှန်းထားသည်။
သို့သော် သူ၏ဆရာက ဘယ်မှာလဲ၊
လင်းဖေး မထိန်းနိုင်ပဲ မျက်မှောင်ကြုတ်မိသည်။
"ကျွန်တော် အထီးကျန်နေတာ တစ်လလောက်ရှိပြီ။ ဆရာ ဘာလို့ ပြန်မလာသေးတာလဲ၊ သူက ဝိညာဉ်ခန္ဓာကိုယ်ပဲလေ။ ဘာလို့ အပြင်မှာ ဒီလောက်ကြာနေတာလဲ။"
သို့သော် အချိန်အတော်ကြာ စဉ်းစားပြီးနောက် သူ့ဆရာ ဘာကြောင့် ပြန်မလာခဲ့သည်ကို သူ အဖြေရှာမရပေ။ သူ ခေါင်းခါရုံသာ တတ်နိုင်သည်။
"မေ့လိုက်ပါ၊ ဘယ်လိုပဲဖြစ်ဖြစ်၊ ငါ့ဆရာက သိုင်းဘုရင်အဆင့်အကြွင်းအကျန်ဝိညာဉ်ပါပဲ။ သူမရဲ့ လေ့ကျင့်မှုဟာ အဆင့် တစ်ဆယ် ဘုရင်အဆင့် ကျွမ်းကျင်သူနဲ့ နှိုင်းယှဉ်နိုင်ပြီး သူမဟာ ပိုမြင့်တဲ့အဆင့်ကို တိုက်ခိုက်နိုင်ပါတယ်။ မဟာကျိုး တစ်ခုလုံးမှာ သူ့ကို ဘယ်သူကမှ နိုင်သူမရှိပါဘူး။ ငါ့ဆရာ ဒဏ်ရာရမှာကို စိတ်ပူနေစရာမလိုဘူး။"
ထိုအချိန်တွင် မင်းသမီးရူယန်၏အသံသည် လျှို့ဝှက်ခန်းအပြင်ဘက်မှ ထွက်ပေါ်လာသည်။
"အစ်ကို လင်းဖေး၊ အထဲမှာရှိလား။"
"ကောင်းပြီ ငါ အခု အပြင်လာခဲ့မယ်။"
အသက်ပြင်းပြင်းရှူရင်း လင်းဖေး ထွက်သွားပြီး ရူယန်၏မျက်လုံးများကို ကြည့်လိုက်သည်။
"အစ်ကို လင်းဖေး၊ တစ်လတောင်ရှိပြီ။ ရှင် ပိုချောလာပုံရတယ်။"
လင်းဖေး ပြုံးပြီး ရူယန်၏ ပန်းနုရောင်မျက်နှာကို ပွတ်သပ်လိုက်သည်။
" အအမလေး ...မင်းလည်း အရမ်းလှလာတယ်။"
"အစ်ကိုလင်းဖေးက ကျွန်မကို ပျော်ရွှင်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာ သိတယ်။"
"မဟုတ်ဘူး၊ ငါတကယ်ပြောတာ။ ရူယန်ဟာ အမြဲတမ်း ငါ့ရဲ့အဖိုးတန်တဲ့ အချစ်ဆုံး။"
…
ကံကောင်းစွာပဲ လုရှောင်ယန်က ထိုစကားများကို မကြားလိုက်ပါ။ မဟုတ်ပါက၊ သူသည် သူ၏ ရွှမ်ယွမ်ဓားကို တိုက်ရိုက်ထုတ်ပြီး ဤလူယုတ်မာနှစ်ဦးကို လမ်းပေါ်၌ပင် သတ်ပစ်နိုင်မည်ဖြစ်သည်။
ဒါက လုရှောင်ယန် ရွံရှာဆုံးအရာဖြစ်သောကြောင့်ပါ။ ဒါဟာ နှစ်ဦးနှစ်ဖက်ချစ်ခင်ကြင်နာနေသည့် ဆက်ဆံရေးမျိုးမဟုတ်ဘဲ အ,အတစ်ယောက်ကို လှည့်စားနေတဲ့ ဟန်ဆောင်မှုတစ်ခုပင်။
ကံမကောင်းစွာပဲ၊ ဒီအ,အက သွေးဆောင်ဖြားယောင်းခံရတာကို သဘောကျသည်။
သူတို့၏ ဆက်ဆံရေးက အာဆင်းနစ်ထက်တောင် ပိုအဆိပ်သင့်သည်။
…
အချိန်တွေက မျက်စိတစ်မှိတ်အတွင်း ကုန်သွားကာ မျက်စိတစ်မှိတ်အတွင်းမှာလည်း မနက်မိုးလင်းနေပြီ။
ထူးထူးခြားခြား ကျင့်ကြံထားသော လူများသည် မဟာကျိုး နန်းမြို့တော်၏ အနောက်မြောက်ထောင့်ရှိ ချိုင့်ဝှမ်းတစ်ခုတွင် စုရုံးရောက်ရှိနေပါသည်။
ဤချိုင့်သည် ရှေးဟောင်းတားမြစ်နယ်မြေသို့ ဝင်ပေါက်ဖြစ်သည်။
ရှေးဟောင်း တားမြစ်နယ်မြေသည် မဟာကျိုး၏ မည်သည့်နေရာတွင်မျှ တည်ရှိခြင်း မရှိပေ။ မမှီခိုသောနေရာ၌ရှိခဲ့သည်။
ဤချိုင့်ဝှမ်းကို ဖြတ်ကျော်သွားရုံမျှဖြင့် ရှေးဟောင်းတားမြစ်နယ်မြေသို့ ဝင်ထွက်သွားလာနိုင်သည်။
ဤအခိုက်အတန့်တွင် မဟာကျိုး ဧကရာဇ်မိသားစုနှင့် တော်ဝင်နန်းတော်အသီးသီးမှလူများအပြင် မဟာကျိုး အင်ပါယာ၏ ပထမတန်းစားဂိုဏ်းခွဲများစွာ၏ တိုက်ရိုက်ဆက်ခံသူများ အားလုံးသည် ဤနေရာတွင် စုရုံးခဲ့ကြသည်။
ရှေးဟောင်းတားမြစ်နယ်မြေဖွင့်လှစ်ရန် တာဝန်ခံမှာ ဧကရာဇ်မိသားစု၏ အကြီးအကဲဖြစ်သည်။
သူ၏ ကျင့်ကြံမှုသည် ဧကရာဇ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
သူသည် ရှေးဟောင်းတားမြစ်နယ်မြေကို စောင့်ကြပ်နေသော မဟာကျိုး၏ အကြီးအကဲတစ်ဦးဖြစ်သည်။ သူ၏ခွင့်ပြုချက်မရှိဘဲ၊ မည်သူမျှ ရှေးဟောင်းတားမြစ်နယ်မြေသို့ အလွယ်တကူဝင်ရောက်နိုင်မည်မဟုတ်ပေ။
နံနက် ၁၀ နာရီခန့်တွင် ချိုင့်ဝှမ်း၌ တရားထိုင်ရင်း မျက်လုံးကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။ ထို့နောက် သူ့လက်ကို ကျောနောက်သို့ ပစ်ထားကာ အောက်ဘက်ရှိ လူများကို မျက်နှာမူရန် လေထဲသို့ ခုန်တက်သွားသည်။
"ရှေးဟောင်း တားမြစ်နယ်မြေ ဖွင့်တော့မယ်။ မဖွင့်ခင် စည်းကမ်းတွေကို ပြောပြမယ်။"
“တော်ဝင်မင်းမျိုးနွယ်ဝင် မင်းသားမင်းသမီးများ၊ နန်းတော်တွင်းမှ မှူးမတ်များနှင့် မင်းသမီးများ၊ ပထမတန်းဂိုဏ်းအသီးသီး၏ သန့်ရှင်းသောသားတော်များနှင့် သူတော်စင်များသည် အသက်တစ်ရာထက်မပိုသော ကာလပတ်လုံး ဝင်ရောက်နိုင်တယ်။"
"ဧကရာဇ်မင်းမျိုးရဲ့ အိမ်ရှေ့မင်းသားက အခြွေအရံငါးဦးကို ယူဆောင်လာနိုင်တယ်။ အခြားတော်ဝင်မိသားစုမှ သုံးဦးသာ ယူဆောင်လာနိုင်တယ်။ နန်းတော်များရဲ့ အမွေဆက်ခံသူက အခြွေအရံသုံးဦးစီ ယူဆောင်လာနိုင်တယ်။ ပထမတန်းဂိုဏ်းရဲ့ မြင့်မြတ်သောသားတော်နှင့် မြင့်မြတ်သော သမီးတော်များအတွက် တစ်ဦးစီက အခြွေအရံ နှစ်ဦးစီ ယူဆောင်လာနိုင်တယ်။ အခြွေအရံအားလုံးက အသက်တစ်ရာထက် ပိုမနေရ။
"ဒီစည်းမျဉ်းကို မဟာကျိုး အင်ပါယာရဲ့ ဘိုးဘေးတွေက ချမှတ်ခဲ့တာပါ။ အဲဒါက မဟာကျိုး အင်ပါယာရဲ့ စည်းမျဉ်းပါ။ ဘယ်သူမဆို ဖောက်ဖျက်ရင် ပွဲချင်းပြီး အသတ်ခံရမှာ ဖြစ်ပြီး ညှာတာမှု မရှိဘူး။"
"နောက်တစ်ခုကတော့၊ ရှေးဟောင်းတားမြစ်နယ်မြေကို အခုပဲ စတင်ဖွင့်လှစ်ပါပြီ။"
ကြွေးကြော်သံနှင့်အတူ ချိုင့်ဝှမ်းတွင် တံခါးမကြီး ပွင့်လာသည်။ ဤတံခါးသည် ကြေးဝါရောင်ဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းလှသည်။
တံခါးအတွင်းမှ ရောင်ဝါသည် လူတို့၏သွေးများကို ယောင်ဝါးဝါးနှင့် မသက်မသာဖြစ်စေသည်။
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၁၀။ အခန်း ၁၄၉ အရပ်မျက်နှာအစုံမှ စုစည်းခြင်း
နှစ်တစ်ရာအတွင်း ဖွင့်လှစ်ခဲသော ရှေးဟောင်းတားမြစ်နယ်မြေသည် နောက်ဆုံးတွင် ဖွင့်လှစ်နိုင်ခဲ့သည်။ ဧကရာဇ်မိသားစု၏ တိုက်ရိုက်ဆက်ခံသူများ၊ အမျိုးမျိုးသော တော်ဝင်နန်းတော်များနှင့် ပထမတန်းစားဂိုဏ်းများ အသီးသီး တိုးဝင်လာကြသည်။
ဤသည်မှာ မဟာကျိုးအင်ပါယာ၏ အရေးကြီးဆုံးအခွင့်အရေးဖြစ်ပြီး မည်သူမျှ လက်လွှတ်လိုက်မည်မဟုတ်ပေ။
လုရှောင်ယန် ရှေးဟောင်းတားမြစ်နယ်မြေထဲသို့ ဝင်လိုက်သည်နှင့် တပြိုင်နက် ဝမ့်ခိုက်၏ အသံသည် သူ့စိတ်ထဲတွင် ထွက်ပေါ်လာသည်။
[ဒင်... မြင်းနက်ကို ခံစားလိုက်ရတယ်။ သခင် ကျေးဇူးပြု၍ သတ်လိုက်ပါ။ သတ်ပြီးရင် ဆုတွေ အများကြီးရပါလိမ့်မယ်]
လုရှောင်ယန်သည် အနည်းငယ်ထူးဆန်းသလို ခံစားလိုက်ရသည်။ သူပထမဆုံးအကြိမ် မြင်းနက်တွေကိုမြင်တိုင်း ဝမ့်ခိုက်က ဘာမစ်ရှင်မှ မပေးခဲ့ဘူး။ ယင်းအစား၊ ဝမ့်ခိုက်သည် နောက်ပိုင်းတွင် မစ်ရှင်များ ထုတ်ပေးရန် စောင့်ဆိုင်းနေခဲ့သည်။ ဝမ့်ခိုက်မှာ လှည့်ကွက်အချို့ရှိပါသလား။
"ဝမ့်ခိုက်၊ မင်း မစ်ရှင်တွေ ထုတ်ပေးဖို့ စောင့်နေတာလား။ ဘယ်လိုဖြစ်လို့လဲ။"
[သခင်၊ မြင်းနက်တွေအားလုံးကို ကောင်းကင်က ကာကွယ်ထားပြီး သူတို့ရဲ့ ကံကြမ္မာကို ပိတ်ဆို့ထားပါတယ်။ သူတို့ရဲ့ ကံတရားက အစွမ်းထက်ပေမယ့် ပြင်ပကမ္ဘာရဲ့ ထောက်လှမ်းမှုနည်းလမ်းတွေကို အသုံးပြုတဲ့အခါမှာတော့ သူတို့ရဲ့ ဝိညာဉ်စွမ်းအင်ကို အသုံးပြုပြီးမှသာ သိရှိနိုင်မှာ ဖြစ်ပါတယ်။ ကံကောင်းခြင်း သဲလွန်စတွေ ပေါက်ကြားပြီး ငါ့ကိုပါ ဖော်ထုတ်နိုင်သွားလိမ့်မယ်]
"ဟုတ်လား။"
လုရှောင်ယန်သည် သူ့နှလုံးသားထဲတွင် လှောင်ပြောင်နေရုံမှတပါး မတတ်နိုင်ပေ။ ဟက်ကာများပီသစွာ ကောင်းကင်ဘုံကပင် သူတို့ကို ကူညီခဲ့သည်။
သို့သော် လူတိုင်းကို တိုက်ခိုက်ရန် အမိန့်မပေးပေ။
လင်းဖေးကို သတ်ရန် စိတ်မရှည်သော်လည်း၊ ဤနေရာသည် ရှေးဟောင်းတားမြစ်နယ်မြေသို့ ဝင်ပေါက်ဖြစ်သည်။ အပြင်မှာ စောင့်ကြပ်နေသဘ့် ဧကရာဇ်အဆင့် ကျွမ်းကျင်သူ တစ်ယောက်ထက်မက ရှိနေသည်။
သူတို့ကို ဂရုမစိုက်ဘူးဆိုရင်တောင် ဒီမှာ လူတွေ အများကြီးပဲ။ အကယ်၍ သူတိုက်ခိုက်ခဲ့ပါက၊ သူ၏ သိုင်းဘုရင်အဆင့် လက်နက်ကို ဖော်ထုတ်လိုက်လျှင် ကြီးမားသော ရုန်းရင်းဆန်ခတ်ဖြစ်စေမည် မဟုတ်ပေလား။
လုရှောင်ယန်သည် ထိုမျှမမိုက်မဲခဲ့ပေ။
ဝင်ပြီးနောက်၊ သူသည် သူ၏အတွေးများကို ချက်ချင်းထုတ်ပြီး ကျီဝူရှန်၊ ကျီချင်ရှန်း၊ ကျီဖန်းဟွာနှင့် တော်ဝင်နန်းတော်အမျိုးမျိုး၏ အခြားဆက်ခံသူများကို ရှေးဟောင်းတားမြစ်နယ်မြေ၏ အတွင်းပိုင်းသို့ ဦးတည်စေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ထိုနောက်ပိုင်းတွင် သူသည် သူ၏ရုပ်သေးရုပ်များကို အိမ်ရှေ့မင်းသားကို စိန်ခေါ်ရန် အရည်အချင်းပြည့်မီရန် လိုသေးသောကြောင့်ဖြစ်သည်။ ထိုနည်းအားဖြင့်၊ သူသည် အမှောင်ထဲတွင် ပုန်းအောင်းနေသော ဧကရာဇ်မိသားစုဟောင်း၏ အသိအမှတ်ပြုမှုနှင့် ထောက်ခံမှုကို ပထမဆုံးရရှိစေနိုင်သည်။
ကျီဝူရှန်နဲ့ တခြားသူတွေ အမြန်ထွက်သွားတာကို သူကြည့်နေချိန်မှာတော့ တော်ဝင်မိသားစုထဲက အိမ်ရှေ့မင်းသားနဲ့ သူ့ညီအစ်ကိုတွေဟာ မထိန်းနိုင်ပဲ မျက်ခုံးပင့်ကြသည်။
အထူးသဖြင့် ထူးခြားသောအသွင်အပြင်နှင့် ခြေသည်းလေးချောင်းရှိသော စပါးအုံးမြွေအင်္ကျီနှင့် အမျိုးသားတစ်ဦးသည် အန္တရာယ်အရှိဆုံးသော အကြည့်များကို ကြည့်နေခဲ့သည်။
မဟာကျိုး ဧကရာဇ်မိသားစု၏ အုပ်ချုပ်မှုမှာ ဧကရာဇ်မင်းသည် လက်သည်းငါးချောင်းရှိသော ရွှေနဂါးဝတ်ရုံကို ၀တ်ဆင်ရမည်ဖြစ်ပြီး အိမ်ရှေ့မင်းသည် လက်သည်း လေးခုပါသော ရွှေနဂါးဝတ်ရုံကို ၀တ်ဆင်ရမည်ဖြစ်သည်။
"ထူးဆန်းတာက ကျီဝူရှန်နဲ့ တခြားသူတွေက ဒီအချိန်မှာ ဘာလို့ အရမ်းတက်ကြွနေကြတာလဲ။ ရှေးဟောင်းတားမြစ်နယ်မြေမှာ အခွင့်အရေးကြီးကြီးမားမားရှိပေမယ့် အခွင့်အလမ်းတွေကလည်း ကြီးမားတဲ့အန္တရာယ်တွေနဲ့ တွဲလျက်ပါပဲ။ ဒီလို အရူးအမူးရှေ့ဆက်ပြီး သေရမှာကို မကြောက်ဘူးလား။"
"အရှင့်သား၊ သူတို့ကို ဂရုမစိုက်ပါနဲ့၊ သူတို့က တော်ဝင်နန်းတော် မင်းသားတွေပဲ၊ သူတို့က ငါတို့ဖိနပ်ကို ဆောင်ဖို့ အရည်အချင်းတောင် မရှိသေးဘူး။ ငါတို့က သူတို့ကို ဘာလို့ ဂရုစိုက်ရမှာလဲ၊ သွားကြရအောင်။"
အိမ်ရှေ့မင်းသားက ခေါင်းညိတ်သည်။
တစ်ခုခုမှားနေပြီဆိုတာကို သူ ယောင်ဝါးဝါးခံစားမိသော်လည်း လက်ညှိုးထိုးမပြနိုင်ပေ။ ညီအစ်ကိုတွေ၏ စကားကိုသာ နားထောင်ပြီး အခွင့်အလမ်းတွေကို ရှာဖွေဖို့ပဲ အာရုံစိုက်ခဲ့သည်။
၎င်းတို့သည် မဟာကျိုး၏ အသန်မာဆုံး ပါရမီရှင်များဟု ဆိုနိုင်သည်။
ကျီဝူရှန်နှင့် အခြား တော်ဝင်နန်းတော်များ၏ အမွေဆက်ခံသူများသည် ပြီးပြည့်စုံသော တောင်ပင်လယ်အဆင့်အောက်တွင်ရှိကြသည်။ သူတို့အတွက်ကတော့ သူတို့အားလုံးဟာ စိတ်ဝိညာဉ် သန့်စင်ရေးအဆင့်၏ အထက်မှာ ရှိနေကြသညိ။
ဤသည်မှာ အိမ်ရှေ့မင်းနှင့် တော်ဝင်နန်းတော်၏ အမွေဆက်ခံသူကြား ခြားနားချက်ဖြစ်သည်။
သူတို့နှစ်ယောက်စလုံးသည် မင်းမျိုးမင်းနွယ်တွေဖြစ်သော်လည်း သူတို့ကြားက ခြားနားချက်က ကမ္ဘာခြားပါသည်။
အရင်းအနှီး၊ အမျိုးအနွယ်၏ ခွန်အား… ကဏ္ဍပေါင်းစုံတွင် အိမ်ရှေ့မင်းသားသည် သာလွန်သည်။
အခြားသော ပထမတန်းဂိုဏ်းများ၏ မြင့်မြတ်သောသားတော်များနှင့် မြင့်မြတ်သော အပျိုတော်များအတွက် ၎င်းတို့၏ ကျင့်ကြံမှုအဆင့်သည် တော်ဝင်နန်းတော်များ၏ အမွေဆက်ခံသူများထက် အနည်းငယ်နိမ့်ကျကာ ၎င်းတို့၏ အင်အားသည် တောင်ပင်လယ်အဆင့်၏ ပဉ္စမအဆင့်တွင် ဖြစ်နိုင်သည်။
ထို့ကြောင့် ၎င်းတို့၏ အဆင့်အတန်းများဖြင့် အိမ်ရှေ့မင်းနှင့် သူ၏ ညီအကိုတော်များသည် လူတိုင်းကို နှိမ့်ချရန် အရည်အချင်းပြည့်မီသည်။ သူတို့သည် အခြားသူများကို အလေးအနက်ထားရန် လုံးဝမလိုအပ်ပေ။
ဧကရာဇ်မင်း၏သားမက်ဖြစ်သည့် လင်းဖေးသည် သဘာဝကျကျပဲ သူတို့နှင့်အတူရှိနေသည်။
ထို့အပြင် လင်းဖေး၏ ထူးချွန်ထက်မြက်သော စွမ်းရည်နှင့် လျင်မြန်သော ကျင့်ကြံမှုတို့ကြောင့် အိမ်ရှေ့စံမင်းသားသည် လင်းဖေးအား အသိအမှတ်ပြုခဲ့ပြီး မိသားစုကဲ့သို့ ဆက်ဆံခဲ့သည်။ သူနှင့် သူ၏မောင်နှမတွေက သူ့ကို အရှက်ရစေရန်၊ မထီမဲ့မြင် မလုပ်ခဲ့ကြပါ။
သို့သော် သူသည် သူတို့ကဲ့သို့ မာနမကြီးဘဲ အခြားသူများကိုလည်း သိပ်ဂရုမစိုက်ပေ။ ယင်းအစား သူသည် မဝေးလှသော အမျိုးသမီးတစ်ဦးကို စူးစူးစိုက်စိုက်စိုက်ကြည့်နေသည်။
"အဲဒီဝတ်စုံရဲ့ပုံစံက... လိပ်နက်ဂိုဏ်း ဖြစ်ပုံရတယ်၊ ဟုတ်တယ်၊ လိပ်နက်ဂိုဏ်းက ဘယ်တုန်းက ဒီလောက် အစွမ်းထက်တဲ့ ဉာဏ်ကြီးရှင်ကို မွေးထုတ်ပေးတာလဲ။"
တခြားသူတွေ မပြောနိုင်ပေမယ့် အဆုံးမဲ့ အဓိပ္ပါယ်ရှိတဲ့ လင်းဖေးက ဒါကို ရှင်းရှင်းလင်းလင်း မြင်သည်။
အမျိုးသမီး၏ ကျင့်ကြံမှုသည် တောင်ပင်လယ်အဆင့်၏ ပြီးပြည့်စုံသော တောင်ပင်လယ် ဒသမအဆင့်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။
အကယ်၍ ဤအဆင့်ကို အိမ်ရှေ့မင်းသားနှင့် သူ၏ ညီအကိုတော်များ အဆင့်တွင် ထားရှိပါက၊ တဖက်သူသည် ပထမတန်းဂိုဏ်း၏ မြင့်မြတ်သော မိန်းမပျိုသာဖြစ်ကြောင်း မဆိုထားနှင့် အနည်းငယ် ထိတ်လန့်စရာ ဖြစ်နေပါပြီ။
သူမှလွဲ၍ ထိုကဲ့သို့ တန်ခိုးကြီးသောကံကောင်းသူများ ရှိသေးသလော။
မကြာခင်မှာပင် လင်းဖေးက ခေါင်းခါလိုက်သည်။
မဟုတ်ဘူး၊ ဒီလောကမှာ သူ့ထက် ကံကောင်းတဲ့သူ ဘယ်လိုရှိနိုင်မလဲ။
သူသည် သူ၏ခြံဝင်းအတွင်း၌ ခြေလှမ်းနှစ်လှမ်းဖြင့် လမ်းလျှောက်ရုံဖြင့် ဝိညာဉ်ကျောက်ခဲများကို ကောက်ယူနိုင်သူတစ်ဦးဖြစ်သည်။
ဤကမ္ဘာကြီးတွင် ကံတရားအရ လင်းဖေးကို မည်သူမျှ ယှဉ်ပြိုင်ဝံ့မည်မဟုတ်ပေ။
"အစ်ကိုလင်းဖေး ဘာလို့ ခေါင်းခါနေတာလဲ။"
"ဘာမှမဟုတ်ပါဘူး၊ တစ်ခုခုကို တွေးမိသွားလို့ပါ။"
သူက မေးခွန်းကို ရှောင်လိုက်သည်။ သူစကားပြောလေ ပိုရှုပ်လေပဲ။ ရူယန်ကို အရာအားလုံးကို သိအောင်ပြောဖို့ မလိုအပ်ပါ။
နောက်ဆုံးတော့ သူမက သူ၏မိန်းမပဲလေ။
ထိုစကားပြောပြီး လိပ်နက်ဂိုဏ်းမှ အမျိုးသမီးကို တစ်ချက်ကြည့်လိုက်သည်။ ရူယန်နဲ့ ယှဉ်ရင် သူမရဲ့ အသွင်အပြင်နဲ့ အရှိန်အဝါက လုံးဝ မနိမ့်ကျဘူးလို့ ပြောရမည်။
အထူးသဖြင့်၊ သူမ၏ ရင်ဘတ်အရွယ်အစားသည် ရူယန်ထက်ကြီးသည်။
နှိုင်းယှဉ်ကြည့်လျှင် ရူယန်၏ ရင်ဘတ်သည် ရထားဖြင့် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ကြေမွထားပုံရသည်။
တစ်ခုတည်းသော အားနည်းချက်မှာ တဖက်သူ၏ ကျင့်ကြံမှုသည် ရူယန်ထက် နိမ့်ကျနေခြင်းဖြစ်သည်။
သို့သော် သူမ၏ အစမှတ်သည် ရူယန်ထက် နိမ့်သည်။ သူမ၏ အသွေးအသားစွမ်းအားနှင့် ကျင့်ကြံမှုအရင်းအမြစ်များသည် ရူယန်ထက် နိမ့်ကျသည်။
ဒါကြောင့် သူမ၏ အရည်အချင်းက မနိမ့်ကျဘူးလို့ ဆိုရမည်။ လိပ်နက်ဂိုဏ်း မှ ဤအမျိုးသမီးနှင့်သိကျွမ်းခွင့်ရရန် အချိန်ရှာသင့်သည်။
အနာဂတ်တွင် သူမကို လိုအပ်လာပေလိမ့်မည်။
ဤအခိုက်အတန့်တွင် တစ်ဖက်သားသည် တစ်စုံတစ်ခုကို ခံစားရပုံရသည်။ သူမ လှည့်ကြည့်လိုက်ပြီး လင်းဖေးကို ကြည့်လိုက်သည်။ လင်းဖေးကလည်း သူ့ကိုယ်သူ အချောမောဆုံးဟုထင်ရသည့်ပုံစံဖြင့် ပြုံးပြလိုက်သည်။
သို့သော် စင်စစ် သူ၏အပြုံးက တကယ်ကို ချောမောပြီး စွဲမက်စေသည်။ မဟုတ်ရင် သူက ရူယန်လို ခမ်းနားတဲ့ မင်းသမီးကို ဆွဲဆောင်နိုင်မှာတဲ့လား။
ကံမကောင်းစွာပဲ၊ သူ၏အပြုံးသည် အလွန်လှပသည်ဟု သူထင်ခဲ့သော်လည်း၊ ၎င်းသည် တစ်ဖက်သားကို ရွံရှာဖွယ်အမူအရာတစ်ခုကို ထုတ်ဖော်ပြသစေခဲ့သည်။ ထို့နောက် လှည့်ကြည့်လိုက်ကာ သူမ သူ့ကို မကြည့်တော့ပေ။
လင်းဖေးလည်း သူ့အပြုံးကိုချက်ချင်းပြန်ဖျောက်လိုက်ပြီး ချောင်းအသာဟန့်လိုက်သည်။
အနားက အောက်လက်ငယ်သား မိန်းမက မကူညီနိုင်ဘဲ တိုးတိုးပြောသည်။
"မြင့်မြတ်သော မိန်းမပျိုချင်၊ ဘာဖြစ်နေတာလဲ၊ မင်းနေမကောင်းဘူးလား။"
"ဘာမှမဟုတ်ပါဘူး၊ ငါက ယင်ကောင်တစ်ကောင်ကို မြင်လိုက်ရတော့ ရွံရှာစရာကောင်းတယ်။"
လိပ်နက်ဂိုဏ်း၏ မြင့်မြတ်သောမိန်းမပျိုဆိုသည်က သေချာပေါက် ချင်ကျီမော့ပင်ဖြစ်သည်။
လုရှောင်ယန်နှင့် ထိုအချိန်က သူမနှင့် ထိတွေ့ဆက်ဆံခဲ့ပြီးကတည်းက သူမသည် အစွမ်းကုန်ကြိုးစားပြီး ကျင့်ကြံမှုကို တိုးမြှင့်လုပ်ဆောင်ခဲ့သည်။
နောက်ပိုင်းတွင်၊ သူမသည် လိပ်နက်ဂိုဏ်း တည်ထောင်ခဲ့သော ဘိုးဘေး၏ အမွေကို ရရှိခဲ့ပြီး ဉာဏ်အလင်းရရှိခဲ့သည်။ သူမ၏တိုးတက်မှုသည် အလွန်လျင်မြန်ပြီး တောင်ပင်လယ်အဆင့်၏ ပြီးပြည့်စုံသော ဒသမအဆင့်သို့ ရောက်ရှိခဲ့သည်မှာ မကြာသေးပေ။
သူမ ဒီတစ်ကြိမ် ရှေးဟောင်း တားမြစ်နယ်မြေကို လာရတဲ့ အကြောင်းရင်းကတော့ သူမရဲ့ ခွန်အားတိုးဖို့ အခွင့်အလမ်းတွေ ရှာဖွေဖို့ပင်။
ယင်ကောင်ကို ဆိုက်ကြည့်မိဖို့ သူမ မမျှော်လင့်ထားခဲ့ပါ။ ၎င်းသည် တကယ့်ကို ရွံရှာစရာကောင်းလှသည်။
တဖက်သူက လုရှောင်ယန် လောက်ချောတာမဟုတ်သလို သူ၏ကာရိုက်တာက လုရှောင်ယန်ထက် ပိုဆိုးသည်။ သူ့တွင် လုရှောင်ယန်လို ထူးကဲသော ရောင်ဝါလုံးဝမရှိဘဲ အလွန်စိတ်ရှုပ်ရသည်….
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၁၀။ အခန်း ၁၅၀ နံပါတ်4 တစ်ယောက်ပဲ နာမည်ကြီးတယ်
ချင်ကျီမော့ သူမ၏ခေါင်းကို ခါယမ်းလိုက်ပြီး ဒီစိတ်အနှောက်အယှက်ဖြစ်စရာအကြောင်းကို တွေးမနေတော့ပေ။
စင်စစ် လူတိုင်းက လုရှောင်ယန်လောက် သတ္တိမရှိကြပါ။
သူမသည် မိမိကိုယ်မိမိ တိုးတက်စေရန်နှင့် လုရှောင်ယန်ကိုလိုက်ရန် သိုင်းဘုရင်အဆင့်သို့ တက်လှမ်းရန်သာ လိုအပ်သည်။
"သွားကြရအောင်။ ငါတို့ပိုင်တဲ့ အခွင့်အလမ်းတွေကို ရှာဖွေဖို့ ရှေးဟောင်းတားမြစ်နယ်မြေရဲ့ အနက်ပိုင်းကို သွားကြမယ်။"
"ဟုတ်ကဲ့။"
လိပ်နက်ဂိုဏ်းမှသုံးဦးသည်လည်း လူအုပ်နှင့်အတူ ဝင်ပေါက်တွင် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
ကျီဝူရှန်နှင့် အခြားသူများ အနက်ပိုင်းသို့ ရောက်ပြီးနောက် လုရှောင်ယန်သည် ချက်ချင်းပင် စတင်အမိန့်ပေးသည်။
"ကျီဝူရှန်၊ ကျီချင်ရှန်းနဲ့ ကျန်တဲ့သူတွေက အစမ်းစစ်ဆေးမှုကို ချက်ချင်းစလိုက်တော့။ ရှေးဟောင်းတားမြစ်နယ်မြေမှာ စမ်းသပ်မှုဟာ နတ်ဆိုးကောင်တွေကို သတ်ပစ်ဖို့ အဓိကထားတယ်။ မင်းများများသတ်လေ မင်းရဲ့အဆင့်က မြင့်လာလိမ့်မယ်။ မင်းတို့ ဒီစမ်းသပ်မှုမှာ အိမ်ရှေ့စံနဲ့ သူ့ရဲ့နောက်လိုက်တွေကို ဖိနှိပ်နိုင်ရင် မင်းတို့ ဂုဏ်သိက္ခာက အရမ်း တိုးတက်လာလိမ့်မယ်။ အဲ့တာက တော်ဝင် မိသားစုရဲ့ နောက်ကွယ်မှ ကြိုးကိုင်သူတွေက မင်းကို မကြိုက်တာကနေ တားဆီးပေးနိုင်တယ်။"
ဧကရာဇ်မိသားစု၏ နောက်ကွယ်မှ အကြီးအကဲများသည် အိမ်ရှေ့မင်းသား၊ အိမ်ရှေ့မင်း၏ ညီအစ်မများ သို့မဟုတ် တော်ဝင်နန်းတော်များ၏ အမွေဆက်ခံသူစသော ရာထူးတွေကို ဂရုမစိုက်ပေ။ သူတို့သည် အရည်အချင်းနှင့် ကျင့်ကြံမှုကိုသာ အာရုံစိုက်ကြသည်။
ထူးချွန်သောလူတစ်ဦးကို ဧကရာဇ်မင်းအဖြစ် ပြုစုပျိုးထောင်ရန်အတွက် တစ်ဖက်လူအား အခွင့်အာဏာပေးရန် လိုအပ်ရုံသာမက တစ်ဖက်သား၏ ကျင့်ကြံဆင့်ကို ဧကရာဇ်အဆင့်အထိတိုးပွားလာစေရန် ထိပ်တန်းအရင်းအမြစ်များကို ပံ့ပိုးပေးရန်လိုအပ်မည်ဖြစ်သည်။
ထို့ကြောင့် မဟာကျိုး ၏ဧကရာဇ်သည် ဧကရာဇ်ဖြစ်ရုံသာမက မဟာကျိုး ဧကရာဇ်မိသားစု၏ ဧကရာဇ်အဆင့် ကျွမ်းကျင်သူလည်း ဖြစ်သည်။
အိမ်ရှေ့မင်းသားအသစ်သည် လုံလောက်စွာ ထူးချွန်လျှင် ဥပမာ၊ သူသည် အသက် ၅၀နှစ်မတိုင်မီ အာကာပြင်ပြိုကွဲခြင်းအဆင့်သို့ ပထမဆုံးဖြတ်ကျော်ခဲ့မည်ဆိုလျှင်၊ သူသည် ဧကရာဇ်အသစ်အဖြစ် ခန့်အပ်ခံရပြီး ဧကရာဇ်မိသားစု၏ အရင်းအမြစ်များကို ရရှိမည်ဖြစ်သည်။
ဧကရာဇ်ဟောင်းသည် ထိုအကြီးအကဲအုပ်စု သို့ဝင်ရောက်ပြီး ယခင်အကြီးအကဲများ၏ခြေရာအတိုင်းလိုက်ကာ မဟာကျိုး၏ လျှို့ဝှက်အုပ်ထိန်းသူဖြစ်လာမည်ဖြစ်သည်။
"ဟုတ်ကဲ့။"
လူတိုင်းက ပြန်ဖြေကြားကြပြီးနောက် လုရှောင်ယန်သည် သူ၏တပည့်တွေကို ကြည့်လိုက်သည်။
"မင်းတို့တွေ နတ်ဆိုးကောင်တွေကို သတ်ပြီး ရာထူးတိုးဖို့ ကူညီပေးကြ။ ငါအရင်သွားလိုက်မယ်။ လင်းဖေးတစ်ယောက်တည်းရှိတဲ့အခါ ငါတို့က သူ့ကို ဝိုင်းပြီးသတ်ပစ်မယ်။"
"နားလည်ပါပြီ ဆရာ။"
သူတို့လေးယောက်ထဲတွင် လီချန်းရှန်က အသက်ပြင်းပြင်းရှူပြီး လက်သီးတွေကို အနည်းငယ် ဆုပ်ထားလိုက်သည်။
သုံးနှစ်၊ သုံးနှစ်ပြည့်ခဲ့ပြီ။
သူသည် သုံးနှစ်ကြာ မသန်စွမ်းဖြစ်ခဲ့ပြီး သုံးနှစ်ကြာ တိတ်ဆိတ်နေခဲ့သည်။
လွန်ခဲ့သည့် သုံးနှစ်က သူသည် အမှိုက်တစ်ခုလို နေထိုင်ခဲ့သည်။
အခုတော့ သူ၏ဆရာ အကူအညီနှင့် နောက်ဆုံးတော့ ထမြောက်သွားပါပြီ။ ထို့အပြင်၊ သူသည် ဖန်တီးမှုပထမအဆင့်အထိ ကျင့်ကြံခဲ့ပြီး နတ်ဘုရားအဆင့် ဓါးဝိညာဉ်ကိုပင်ရရှိခဲ့သည်။
လီချန်းရှန် အမည်သည် နောက်ဆုံးတွင် မဟာကျိုး တစ်ခုလုံးသို့ ပျံ့နှံ့သွားပြန်တော့မည်။
သို့သော် ထိုအချိန်တွင်ပဲ လုရှောင်ယန်က သူ့ကို လက်စွပ်တစ်ကွင်း ပစ်ပေးလိုက်သည်။
လီချန်းရှန်: "???"
သူ၏ခေါင်းထဲတွင် ထူးဆန်းသော မေးခွန်းတစ်ခု ပေါ်လာသည်။
"ဆရာ၊ ဒါက ဘာလဲ။"
လုရှောင်ယန် က အေးဆေးတည်ငြိမ်စွာပြောလိုက်သည်။
"ဒါက မင်းရဲ့ ခြုံထည်၊ ဦးထုပ်နဲ့ မျက်နှာဖုံး။ အဲ့ဒီမှာ ရေးထွင်းထားတဲ့ အစီအရင် အမျိုးမျိုးရှိတယ်။ မင်းဘယ်သူဖြစ်တယ် ဆိုတာကို ဖုံးကွယ်ထားနိုင်ရုံသာမက မင်းရဲ့ တိုက်ခိုက်ရေး စွမ်းအားကို မြှင့်တင်ပေးနိုင်တယ်။ အခုကစပြီး မင်းဝတ်ထားရမယ်။ ငါတို့တိုက်ခိုက်တိုင်း မင်းနာမည်ပြောခွင့်မရဘူး။ မင်းမှာကုဒ်နာမည်တစ်ခုပဲရှိတယ်။ မင်းဟာ ဖုချိုးကျဲယ်သွေးသောက်အဖွဲ့က နံပါတ်လေးပဲ။"
လီချန်းရှန်:"…"
"ဆရာ၊ ကျွန်တော်မဝတ်လို့မရဘူးလား"
"ကိစ္စမရှိပါဘူး၊ မင်းအရိုက်ခံနိုင်ရင် ပြော။"
လုရှောင်ယန်၏ ညာလက်သည် လက်သီးဆုပ်သွားသည်ကို လီချန်းရှန် မြင်လိုက်သည်။ သူ လက်စွပ်ကို ချက်ချင်းအသက်သွင်းပြီး ခြုံထည်၊ မျက်နှာဖုံးနှင့် ဦးထုပ်တို့ကို ဝတ်လိုက်သည်။
"ဒီအင်္ကျီရဲ့ပစ္စည်းက အရမ်းနူးညံ့တယ်။ ဆောင်းရာသီမှာ နွေးပြီး နွေရာသီမှာ အေးတယ်။ ဖြစ်နိုင်ရင် ဆရာ နောက်ထပ်တစ်ထည်ပေးမယ်လို့ မျှော်လင့်ပါတယ်။"
"အရေးမပါတဲ့စကားတွေ ရပ်လိုက်တော့၊ မင်း ချွတ်ရဲရင် မင်းဖင် ရောင်ရမ်းသွားတဲ့အထိ ရိုက်နှက်ပေးလို့ ငါအာမခံတယ်။"
ထို့နောက် လုရှောင်ယန်က ကျီဝူရှားကိုပြောသည်။
"ဝူရှား၊ မင်းဒီအချိန်အဝတ်အစားကိုဝတ်စရာမလိုပါဘူး။ ဒါကမင်းဟာခရမ်းရောင်ငြိမ်းချမ်းရေးအင်ပါယာနန်းတော်ရဲ့မင်းသမီးတစ်ပါးဖြစ်လို့ပဲ။ မင်း လီကောနဲ့ ကျန်တဲ့သူတွေလို အဝတ်အစားတွေကိုဝတ်ရင် တခြားသူတွေ ငါတို့ရဲ့အထောက်အထားတွေကို သတိထားမိလိမ့်မယ်။ "
"ဟုတ်ကဲ့။"
နောက်တစက္ကန့်တွင် ယွင်လီကောနှင့် ဖုန်းထျန်းယွမ် နှစ်ယောက်လုံး သူတို့၏အဝတ်အစားတွေကို ၀တ်ဆင်ကြသည်။
လူတိုင်းကို ၎င်းတို့၏တာဝန်များ ပေးအပ်ပြီးနောက်၊ လုရှောင်ယန်က ၎င်းတို့အား သွားခွင့်ပြုလိုက်သည်။ သို့မှသာ လူတိုင်းသည် နတ်ဆိုးသားရဲများကိုလိုက်လံရှာဖွေရန် ချက်ချင်းလူစုခွဲလိုက်ကြသည်။
ရှေးဟောင်း တားမြစ်နယ်မြေသို့ ရောက်ရှိလာသူ နှစ်မျိုးရှိသည်။
ပထမအမျိုးအစားမှာ အခွင့်အလမ်းများကို ရှာဖွေလိုသူများဖြစ်သည်။ ရှေးဟောင်း တားမြစ်နယ်မြေအတွင်း အခွင့်အလမ်းများစွာရှိခဲ့ပြီး၊ ဥပမာ- နောင်တော်များ ကျန်ရစ်ခဲ့သော ဓမ္မရတနာများ၊ ဆေးဖက်ဝင်ဆေးလုံးများ... သို့မဟုတ် ရှေးဟောင်းတားမြစ်နယ်မြေတွင် ရှိနှင့်ပြီးသား သဘာဝရတနာအချို့...
ဤအခွင့်အရေးများသည် လူတစ်ဦး၏ ကျင့်ကြံမှုအတွက် အလွန်အကျိုးရှိသည်။
ဤလူများသည် အဓိကအားဖြင့် ဂိုဏ်းပေါင်းစုံမှ မြင့်မြတ်သော သားတော်များနှင့် မြင့်မြတ်သော သမီးတော်များဖြစ်သည်။
၎င်းတို့၏ အရင်းအမြစ်များသည် မင်းမျိုးမင်းနွယ်များ၏ အရင်းအမြစ်များထက် နိမ့်ကျသောကြောင့် ကျင့်ကြံမှု အရင်းအမြစ် အများအပြားကို ရရှိရန် ဤအခွင့်အရေးကိုသာ အသုံးချနိုင်ကြသည်။
ဒုတိယအမျိုးအစားကတော့ နတ်ဆိုးသားရဲတွေကိုသတ်ပြီး သူတို့၏အဆင့်တိုးမြှင့်ဖို့ ဒီကိုလာတဲ့သူတွေပါ။
ဤလူများတွင် အဓိကအားဖြင့် ဧကရာဇ်မိသားစု၏ အိမ်ရှေ့မင်းသား၊ သူ၏မောင်နှမများနှင့် တော်ဝင်နန်းတော်အသီးသီး၏ သားမြေးများ ပါဝင်သည်။
၎င်းတို့တွင် အလွန်ရှားပါးသော သဘာဝရတနာများကဲ့သို့သော ကြွယ်ဝသော သယံဇာတများ ရှိသည်။ အခြားဂိုဏ်းများမှ ကျင့်ကြံသူများ မရနိုင်သောအရာများအပါအဝင် ၎င်းတို့တွင် အရာအားလုံးရှိသည်။
ထို့ကြောင့် ၎င်းတို့သည် တော်ဝင်မိသားစု၏ အကြီးအကဲအုပ်စုအား ၎င်းတို့၏အရည်အချင်းကို သက်သေပြရန် နတ်ဆိုးသားရဲများကို သတ်ရန်သာ လိုအပ်သည်။
ထို့အပြင် နတ်ဆိုးသားရဲများကို သတ်ဖြတ်ခြင်းဖြင့်၊ ဆေးဖက်ဝင်ဆေးလုံးများကို သန့်စင်ရန်နှင့် လက်နက်ပြုလုပ်ရန်အတွက် နတ်ဆိုးသားရဲအရေခွံများ၊ သားရဲအရေပြား၊ သွေးအနှစ်သာရ၊ ရိုးတွင်းခြင်ဆီနှင့် အခြားသော အရင်းအမြစ်များကိုလည်း ရရှိနိုင်သည်။
အလွန်အရေးကြီးသော နောက်ထပ်အကြောင်းရင်းတစ်ခုမှာ အဆင့်နိမ့်နတ်ဆိုးသားရဲများသည် တန်ဖိုးမရှိသောကြောင့်ဖြစ်သည်။ မြင့်မားသောအဆင့်ရှိ နတ်ဆိုးသားရဲများသည်လည်း အန္တရာယ်များလွန်းသည်။ သတိလက်လွတ်ဖြစ်လျှင် သေဖို့ အလားအလာ အရမ်းများသည်။
ထို့ကြောင့် အိမ်ရှေ့မင်း၊ သူ၏ မောင်နှမများနှင့် တော်ဝင်နန်းတော်များ၏ သားစဉ်မြေးဆက်များသာ နတ်ဆိုးသားရဲအမဲလိုက်ခြင်းဂိမ်းကို သတ္တိရှိရှိ ကစားနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
၎င်းတို့၏ ကျင့်ကြံမှု အဆင့်များသည် ဂိုဏ်းပေါင်းစုံမှ မြင့်မြတ်သောသားတော်များနှင့် မြင့်မြတ်သောသမီးတော်များထက် ပိုမိုအားကောင်းနေပြီဖြစ်သည်။
ခွန်အားသည် သူတို့၏ လုပ်ဆောင်ချက်များ၏ အခြေခံအုတ်မြစ်ဖြစ်သည်။
ဟုတ်ပါသည်၊ ဒါက တခြားသူတွေက နတ်ဆိုးသားရဲတွေကို တိုက်ခိုက်မှာမဟုတ်ဘူးဟု မဆိုလိုပေ။
မလွှဲသာမရှောင်သာ တိုက်ပွဲတစ်ခုကို ရင်ဆိုင်ရသောအခါတွင် တိုက်ပွဲဝင်ရတော့သည်။ နတ်ဆိုးသားရဲများသည် လူများကို ကိုက်စားရန် များများတွေးမည်မဟုတ်ပေ။
သူတို့တိုက်ခိုက်ရမည့် နောက်ထပ်အခြေအနေတစ်ခုကတော့ နတ်ဆိုးသားရဲတွေသည် သူတို့၏ အခွင့်အရေးကောင်း၏ အနီးတွင်ရှိနေချိန်ပါ။ ထို့နောက် ၎င်းတို့သည် နတ်ဆိုးသားရဲများကို တိုက်ခိုက်ရပေမည်။
…
တစ်ချိန်တည်းမှာပင် ရှေးဟောင်းတားမြစ်နယ်မြေအပြင်ဘက်တွင် မဟာကျိုးဘုရင်များနှင့် ဂိုဏ်းပေါင်းစုံမှ ဂိုဏ်းချုပ်များသည် ရှေးဟောင်းတားမြစ်နယ်မြေကို တိတ်တဆိတ် စောင့်ကြပ်နေကြသည်။
သူတို့သည် စာမေးပွဲခန်းအပြင်မှာ စောင့်နေသည့် မိဘတွေနှင့် အရမ်းတူသည်။
သူတို့၏ ပျင်းရိမှုကို ပြေလျော့စေနိုင်သည့် တစ်ခုတည်းသော အရာကတော့ လေဟာနယ်တံခါးဝ ရှိ အဆင့်သတ်မှတ်ချက် ဘုတ်နှစ်ခုပဲ ဖြစ်သည်။
ဘယ်ဘက်တံခါးကို ကောင်းကင်အဆင့် သတ်မှတ်ခြင်းဟုခေါ်သည်။ ယင်းတွင် မှတ်တမ်းတင်ထားသော နေရာအားလုံးနီးပါးမှာ အိမ်ရှေ့မင်း၊ သူ၏ ညီအစ်မများနှင့် တော်ဝင်နန်းတော်များ၏ သားစဉ်မြေးဆက်များသာ ဖြစ်သည်။
ညာဘက်ရှိ တံခါးကို ကမ္ဘာမြေအဆင့် သတ်မှတ်ချက် ဟုခေါ်သည်။ ယင်းတွင် မှတ်တမ်းတင်ထားသော နာမည်အများစုမှာ မဟာကျိုး၏ ဂိုဏ်းပေါင်းစုံမှ မြင့်မြတ်သော သားတော်များနှင့် မြင့်မြတ်သော သမီးတော်များဖြစ်သည်။
ဤသည်မှာ ရှေးဟောင်းတားမြစ်နယ်မြေသည် လူတိုင်း၏လုပ်ရပ်များကို စောင့်ကြည့်နိုင်သည်ဟု မဆိုလိုပါ။ ဝင်ရောက်လာသူတိုင်းသည် ၎င်းတို့နှင့်သက်ဆိုင်သည့် အထောက်အထားအမှတ်အသားကို ရရှိကြမည်ဖြစ်သည်။
နတ်ဆိုး သားရဲများကို သတ်သောအခါ၊ အထောက်အထား အမှတ်အသားသည် ဤကိစ္စကို မှတ်တမ်းတင်ထားလိမ့်မည်။
တချိန်တည်းမှာပင် လူသေရင် သူတို့၏ နာမည်စာရင်းကနေ ပျောက်ကွယ်သွားလိမ့်မည်။ ယင်းက ပြင်ပမှ အကြီးအကဲများသည် ၎င်းတို့၏ သားသမီးများ သို့မဟုတ် တပည့်များ၏ အခြေအနေကို အချိန်မရွေး နေရာမရွေး နားလည်ရန် ကူညီပေးပါလိမ့်မည်။
လေဟာနယ်တံခါးဝ အပြင်ဘက်တွင် အကောင်းဆုံးထိုင်ခုံများကို မဟာကျိုး၏ဘုရင်အနည်းငယ်အတွက် သဘာဝအတိုင်း သီးသန့်ထားသည်။
ဘုရင်ကျီနဉ်လည်း ပါဝင်သည်။
သူ၏ဘေးမှာ ထိုင်နေသည့်သူမှာ ဘုရင်ထျန်းယွင်ပင်။
သူတို့နှစ်ဦးသည် ယခင်က သာမာန်ဆက်ဆံရေးရှိခဲ့သည်။ သို့သော်၊ လွန်ခဲ့သည့်ရက်အနည်းငယ်က သူတို့နှစ်ဦးစလုံးသည် အကြီးအကဲမင်ကျဲ့ကိုတိုက်ခိုက်သည့် ခရီးတွင် ပါဝင်ခဲ့ကြသည်။ တိုက်ဆိုင်စွာပင်၊ သူတို့နှစ်ဦးစလုံး ထိုခရီးတွင် လက်တစ်ဖက်ဆုံးရှုံးသွားခဲ့သည်။
အဆုံးတွင်၊ ဤအရာကြောင့် အချင်းချင်း လျင်မြန်စွာ ရင်းနှီးလာကြသည်။
သူတို့ဟာ မတူညီသည့် မိခင်တွေကနေ မွေးဖွားလာပေမယ့် အလွန်ရင်းနှီးပုံရသည်…
***
စာစဉ် ၁၀ ပြီး၏။