← Chapters

အခန်း (၁၁၂)

Vol. 8 Ch. 112

အခန်း (၁၁၂)

Vol. 8 Ch. 112

လုရွှယ်ယင် ကိုယ်တိုင်တောင် မတွေးမိလိုက်ဘဲ ထိုခံစားချက်ကို ခံစား နေရသည်။

လုရွှယ်ယင် ဆက်ပြီး အလုပ်လုပ်ချင်စိတ် မရှိတော့ပေ။

အလုပ်လုပ်တာ အရမ်းကြာသွားလို့ နည်းနည်း စိတ်ကုန်လာတာများလား?

ဘာကြောင့်ရယ်မသိ သူမ လုံးဝ အလုပ် မလုပ်ချင်နေဘူး။

လုရွှယ်ယင် စားပွဲပေါ်က ဖုန်းကို ကောက်ယူလိုက်သည်။ သူမ လင်းဖေးဟန်ကို ဂရုစိုက်သွားဖို့ ပြောချင်သည်။

လုရွှယ်ယင် ဝီချက်ထဲကို ဝင်လိုက်တာနဲ့ လင်းဖေးဟန်ရဲ့ ပရိုဖိုင်က anime ကာတွန်းပုံ ပြောင်းသွားတာကို မြင်လိုက်ရတော့ သူမ မျက်မှောင်ထပ်ကြုတ်သွားသည်။

ကလေးဆန်လိုက်တာ!

သူဘာလို့ဒီလောက် ကလေးဆန် ရတာလဲ?

အကြောင်းအရင်းမရှိ သူမရဲ့ ခံစားနေရတဲ့ အပြစ်ရှိစိတ်ပင် တော်တော်လေး သက်သာ သွားခဲ့သည်။

သူမ ရိုက်ထားတဲ့ စာတွေကို ပြန်ဖျက်ပစ်လိုက်သည်။

လုရွှယ်ယင် ပရိုဖိုင်ပုံကို အကြာကြီး စိုက်ကြည့် နေပြီးနောက်မှာ နောက်ဆုံးတော့ ဝီချက်က ထွက်လိုက်သည်။ ထိုအကြောင်းတွေးနေတာ ရပ်လိုက်ပြီး အလုပ်ဆက်လုပ်လိုက်တော့သည်။

တစ်ချိန်ထဲ တစ်ညထဲမှာ ယဲ့ဖန်း တစ်ယောက် မတူညီတဲ့ အဖြစ်အပျက်ကို တွေ့ကြုံနေသည်။

ထိုအချိန်မှာ ရှပ်အဖြူရောင် ဝတ်ထားသော ယဲ့ဖန်းသည် ပါးစပ်တွင် စီးကရတ် တစ်လိပ် ခဲထားသည်။ နှလုံးသားထဲမှာ ဖြစ်ပေါ်နေသော မရေမတွက်နိုင်တဲ့ ပူဆွေးမှုတွေ၊ စိတ်အလို မကျမှုတွေနဲ့ ကောင်းကင်ပေါ်ကို မော့ကြည့် နေခဲ့သည်။

ဇာတ်လိုက်ရဲ့ တောင်အောက်ဆင်းတဲ့ ဇာတ်ကြောင်းက သွေဖယ်သွားခဲ့သည်။ ယဲ့ဖန်း တောင်အောက် ဆင်းလိုက်ရင် အမျိုးသမီး CEO၏ သက်တော်စောင့် ဖြစ်လာမယ်လို့ တွေးထားပေမဲ့ လက်ရှိမှာ ဒီလောက်ကျယ်ပြောတဲ့ ​မြို့ထဲမှာ သွားစရာ မရှိတဲ့သူဖြစ်နေရသည်။

ယဲ့ဖန်းစဥ်းစားလို့ ပြီးသွားတော့ အကြည့်ဖယ်ကာ အငှားယူထားတဲ့ နေအိမ်ဘက်ကို ပြန်လှည့်လိုက်သည်။ ဒါပေမဲ့ လမ်းကြားထဲမှ မမျှော်လင့်ဘဲ ကြားလိုက်ရသော အကူအညီတောင်းသံက သူ့အာရုံကို ဆွဲဆောင်သွားခဲ့သည်။

“ မလုပ်နဲ့! ကယ်ကြပါ! နင်ဘာလုပ်တာလဲ?”

“ ဘာလဲ? ငါတို့ဘာလုပ်နေတယ် မင်းထင်လဲ? မစ္စတာ ပ က မင်းကို လှတယ် ထင်နေလို့သာ မဟုတ်ရင် ဒီနေ့ထိ မင်းကို ဒီတိုင်းထားမယ် ထင်နေလား?”

“ ငါဒီနေ့ မင်းဆီကိုလာခဲ့တာက မစ္စတာ ပ က အခု ကောလိပ်ကျောင်းသူတွေကို မကြိုက်တော့လို့ပဲ။ တွေးကြည့်စမ်းပါ။ မင်း မစ္စတာ ပ နောက်ကို လိုက်မယ်ဆိုရင် အနာဂတ်မှာ မင်းအတွက် အကျိုးအမြတ် တွေကြည့်ပဲ!”

“ ငါပြောမယ် အနားမလာနဲ့လို့! နင်တို့ ပြစ်မှု ကျူးလွန်နေတာပဲ”

“ဖြန်း!”

ရိုက်သံတစ်ချက်နဲ့အတူ မိန်းကလေးရဲ့ အော်သံသည် လမ်းကြားထဲ ဟိန်းသွားသည်။

“ ရိုးအချင်ယောင် ဆောင်ပြနေတယ်။ မင်းနေ့တိုင်း ဒီလောက်ပြင်ဆင်နေတာ ယောက်ျားတွေကို ဆွဲဆောင်ဖို့ မဟုတ် ဘူးလား? ဘာလဲ? မစ္စတာ ပ က မင်းနဲ့ မတန်ဘူးထင်နေလား ခွေးမ?”

“ကယ်ကြပါ! ကယ်ကြပါ!”

လမ်းကြားထဲမှ ပြတ်ကြားပြတ်ကြား ထွက်ပေါ်လာသော စကားသံတို့ကြောင့် ယဲ့ဖန်းရဲ့ မျက်နှာ ဖျော့သွားသည်။

တစ်ကယ်တော့ သူအခုလို ကိစ္စမျိုးကို အာရုံစိုက်ရမှာ ပျင်းလွန်းသည်။ ဒါပေမဲ့ တစ်ဖက်က မိန်းကလေး ဖြစ်နေသလို အော်သံတွေက အတော်​လေး လှုံ့ဆော်နိုင်နေသည်။ ဒီလို လှပတဲ့ ညလေးမှာ အလှလေးကို ကယ်ပေးပြီး သူ့ရဲ့အချစ်တွေ ပြပေးတာ ကိစ္စကောင်းပဲလေ။

ယဲ့ဖန်း အပြေးသွားလိုက်ပြီး လူအုပ်ကို အော်လိုက်သည်။

“ ရပ်စမ်း! မင်းတို့ ဘာလုပ်နေကြတာလဲ?”

ယဲ့ဖန်း လမ်းကြားထဲ ပြေးဝင်သွားလိုက်တော့ တုတ်တွေကိုင်ထားကြတဲ့ လူငယ်တစ်အုပ်ကို မြင်လိုက်ရသည်။

ဒီကောင်တွေက လက်ထဲမှာ တုတ်ကိုယ်စီ ကိုင်ထားကြပြီး ထောင့်တစ်ထောင့်မှာ ကြိုးထုတ်ခံထားရပြီး ကြောက်လန့်နေတဲ့ မျက်နှာနဲ့ မိန်းကလေးကို ပြန်ပေးဆွဲမဲ့ပုံပဲ။

“ ဟေ့ကောင် မင်းကဒီနေရာမှာ အလုပ်လုပ်တဲ့ ကောင်လား? သူများကိစ္စ ဝင်မရှုတ်ဖို့ ငါမင်းကို အကြံ ပေးလိုက်မယ်။ ငါတို့က မစ္စတာ ပရဲ့ လက်အောက်ကသူတွေပဲ။ မင်း မစ္စတာ ပ ကို သိလား? သူက ဖန်းချန်းဧရိယာ တစ်ခုလုံးရဲ့ ဘုရင်ပဲကွ!”

ဒီကောင်တွေက ပရမ်းပတာတွေပင်။

သူတို့က ဟွမ်လောင်ပရဲ့ လက်အောက်က သူတွေပဲ။ ဟွမ်လောင်ပရဲ့ တိုက်ရိုက် လက်အောက်က မဟုတ်ဘဲ တစ်ဆင့်ခံ ဖြစ်နိုင်သည်။ မဟုတ်ရင် ယဲ့ဖန်းကို သိကြမှာပေါ့။

သူတို့ကိုယ်သူတို့ ဟွမ်လောင်ပရဲ့ ဘယ်နှစ်ယောက်မြောက် လက်အောက်ခံမှန်းတောင် သိကြတာ မဟုတ်ဘူး။

ယဲ့ဖန်း လုံးဝ မကြောက်တာကို တွေ့တော့ လူမိုက်တစ်ကောင်က ခါးကြားရှိ အိတ်ဆောင်ဓားကို ထုတ်လိုက်သည်။ ဓားတစ်ယမ်းယမ်းနဲ့ ယဲ့ဖန်းကို သတိ ပေးလိုက်သည်။

“ ယဲ့ဖန်း.. ငါ့ကိုကယ်ပါ သူတို့ငါ့ကို ပြန်ပေး ဆွဲတော့မယ်!”

“စိတ်မပူနဲ့ ရှောင်ယွင် ဘယ်သူမှမင်းကို ခေါ်သွားလို့မရဘူး”

ယဲ့ဖန်း လမ်းကြားထဲ ဝင်လိုက်တဲ့အခါမှာ ဖမ်းခံထားရတဲ့ ကောင်မလေးက လျိုရှုယွင်မှန်း တွေ့လိုက်သည်။

ယဲ့ဖန်းရဲ့ မျက်လုံးတွေက ပုံမှန်နဲ့မတူစွာ အေးစက်သွားပြီး အသံမြည်လာတဲ့အထိ အားနဲ့ လက်သီးဆုတ်လိုက်သည်။

ဒီကောင်တွေနဲ့ အရေးမပါတဲ့ စကားတွေ ပြောပြီး အချိန်မဖြုန်းချင်တော့ဘူး။

ပြီး ဟွမ်လောင်ပ ဆိုတဲ့ကောင်က နောက်ပိုင်း မောက်မာလာပါ့လား?

ဒါပေမဲ့ ယဲ့ဖန်း လှုပ်တောင် မလှုပ်ရှား ရသေးချေ။ ထိုကောင်တွေရဲ့ တုံ့ပြန်နှုန်းက သူမှန်းထားတာထက် ပိုနေသည်။

“ ဒါက အကိုကြီးယဲ့ပဲ။ မင်းက အကိုကြီးယဲ့လား?”

“ တစ်ကယ် တောင်းပန်ပါတယ်။ အကိုကြီးယဲ့ဖန်းမှန်း မသိလိုက်လို့ပါ။ ကျွန်တော်တို့က သာမာန်အသေးစား လူမိုက်လေးတွေပါပဲ။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ တစ်မိသားစုတွေပဲ မလား?”

ယဲ့ဖန်းရဲ့ နာမည်ကို ကြားတာနဲ့ လူမိုက်တွေ ထိတ်လန့်ပြီး မယုံနိုင်လောက်အောင် ဖြစ်သွားရသည်။

များစွာတဲ့ လူမိုက်တွေ အားလုံး လက်နက်တွေ မြေပေါ်ပစ်ချကာ ယဲ့ဖန်းဆီ အပြေးသွားပြီး ခွင့်လွှတ်ဖို့ တောင်းခံကြတော့သည်။

“ တစ်ကယ်ကို တောင်းပန်ပါတယ် အကိုကြီးယဲ့။ ကျွန်တော်တို့ မသိဘဲ ခံလိုက်ရတာပါ။ အကိုကြီးယဲ့မှန်း အစောတည်းက သိခဲ့ရင် အခုလို အရဲကိုးရဲမှာ မဟုတ်ပါဘူး”

“ အကိုကြီးယဲ့ ကျွန်တော် တို့မှားသွားပါတယ်! အခွင့်အရေးထပ်ပေးလို့ ရမလား?”

“ အချိန်ပေးတာနဲ့ အကိုကြီးယဲ့ကို တစ်နပ် ဝယ်ကျွေးပါ့မယ်။ ဒီနေ့ညစာ သွားစား ကြရအောင်။ တစ်ထိုင်ထဲ သုံးခွက်သောက်ပြီး အပြစ်ခံပါ့မယ်!”

ခယ တောင်းပန်ပြီး ဖင်မ နေကြတဲ့ အောက်က လူမိုက်တစ်အုပ်နဲ့ အနောက်မှာ ရှိတဲ့ လျိုရှုယွင်ကို လှမ်းကြည့်လိုက်ပြီး ယဲ့ဖန်း မျက်နှာပေါ်က ကြောက်မက်ဖွယ် ​အကြည့်က ရုတ်တရက် ပြောင်းသွားခဲ့သည်။ ယဲ့ဖန်းရဲ့ နှလုံးသားထဲက အမည်မသိ မီးတောက်တစ်ခုက ဒေါသကြောင့် တောက်လောင်နေသည်။

fuck! ဒီကောင်တွေက အရမ်းဉာဏ်ပြေး နေတာပဲ။ သူ့ရဲ့ ဒီရက်ပိုင်း ဖြစ်ပေါ်နေရတဲ့ စိတ်အဆင်မပြေမှုတွေကို ဒီသူတောင်းစား တွေဆီ ပုံချဖို့ လုပ်ထားပေမဲ့ ဒီကောင်တွေ သူ့ကို တန်းမှတ်မိသွားမယ်လို့ ထင်မထားဘူး။

ဒါ့အပြင် သူက အစက အလှလေးကို ကယ်တဲ့ သူရဲကောင်းလုပ်မလို့ပင်။ ဒီသူတောင်းစားတွေက အစက မောက်မာ လွန်းပြီး သူ့ကို အလှလေးကိုကယ်မဲ့ သူရဲကောင်း လုပ်ဖို့ တောင်းဆိုခဲ့သည်။ အခုကျ ရုတ်တရက်ကြီး လေးစား ပြနေသည်။သေစမ်း! သူ စီစဥ်ထားတယ်လို့ လျိုရှုယွင် မတွေးလောက်ဘူးလား?

“ ရှောင်ယွင် မင်းအရင်သွားနှင့်။ ငါဒီကိစ္စကို ပြီးမှမင်းကို ရှင်းပြမယ်”

ယဲ့ဖန်း လျိူရှုယွင်ကို ချည်ထားတဲ့ ကြိုးတွေကို သွားဖြည်ပေးလိုက်သည်။

“ ကျေးဇူးပါ”

လျိုရှုယွင် ယဲ့ဖန်းကို တစ်ချက်ကြည့်ပြီးတာနဲ့ အနောက်လှည့်ပြီး အမြန်ထွက်သွားသည်။

လျိုရှုယွင် အနည်းငယ် စိတ်လှုပ်ရှား နေရသည်။ သူမ ယဲ့ဖန်းကို ယုံကြည်သင့်လား မသေချာတော့ပေ။ ယဲ့ဖန်းရဲ့​ပုံစံက အနည်းငယ် ကြောက်ဖို့ကောင်းတာနဲ့ သူမ ထွက်ပြေး လာခဲ့မိသည်။

ယဲ့ဖန်းကို အကြိမ်ကြိမ် တွေ့ဖူးသည်။ အချင်းချင်း သိကျွမ်းပြီးနောက်မှာ လျိူရှင်ယွင်ရဲ့ ယဲ့ဖန်း အပေါ် ခံစားချက်တွေက ပိုကောင်းခဲ့ပေမဲ့ အခုတော့ ခံစားချက်အားလုံး လေထဲမှာ ပျောက်ကွယ်သွားခဲ့ရပြီ။

“ ဟူး”

ယဲ့ဖန်း လေရှုသွင်းလိုက်ပြီး လက်ချိုးလိုက်သည်။ မြေပြင်ပေါ်က ဘေ့စ်ဘော တုတ်ကို ကောက်ကိုင်လိုက်သည်။ ချိန်ကြည့်လိုက်တော့ ပေါ့နေသေးတာနဲ့ အုတ်နီခဲကို ကောက်ပြီး လူအုပ်ထဲ ပြေးလိုက်တော့သည်။

စာစဉ်ပြီး၏

All Chapters