အခန်း (၉၉)
Vol. 8 Ch. 99
လုရွှယ်ယင် လင်းဖေးဟန်ကို အထက်အောက် စုံဆန် ကြည့်လိုက်သည်။ လင်းဖေးဟန် ဒီနေ့ လယ်သာရှုးဖိနပ် မစီးဘဲ သာမာန် ဖိနပ်ပါးသာ စီးထားတာကို သူမတွေ့လိုက်ရသည်။
ဖြစ်နိုင်တာ ဒီနေ့ တစ်ခုခု မှားနေမှာကို ကြိုသိလို့များ ဖိနပ်ပါး ပြောင်းစီးလာတာလား?
အခြေအနေမကောင်းရင် လှည့်ပြေးရအောင် လို့လေ?
ထွက်ပြေးလဲရပါတယ်။ အကုန်လုံးက လူသားတွေပဲ။ ကြောက်တဲ့အချိန် ဆိုတာတော့ ရှိမှာပေါ့။
နည်းဗျူးဟာကြီး သုံးဆယ့်ခြောက်ခုမှာ ထွက်ပြေးခြင်းက အကောင်းဆုံး နည်းဗျူဟာ လို့တောင် ဘိုးဘေးတွေပြောခဲ့ဖူးတယ် မဟုတ်ဘူးလား?
ဒါပေမဲ့ ပြေးမယ်ဆိုလဲ ငါ့ကို အသိလေးတော့ ပေးသင့်တယ်မလား?
ငါ့ကိုလဲ အနည်းဆုံးတော့ ပြင်ဆင်ခွင့် ပေးခဲ့သင့်တယ်လေ။ နင်က ဖိနပ်အပါးနဲ့ ပြေးလို့ရတယ်။ ငါက ဘယ်လိုလုပ်ရ တော့မှာလဲ?
ငါဒီနေ့လဲ ဒေါက်ဖိနပ် ဝတ်ထားတာ!
လုရွှယ်ယင် ထွက်ပြေးဖို့ တွေးနေတာမှန်း လင်းဖေးဟန် မသိခဲ့ပေ။
သူမ ဘာတွေးနေလဲ သိရင်တောင် လင်းဖေးဟန် ဝင်ပြောမိမှာတော့ မဟုတ်ဘူး။
လုရွှယ်ယင် သူ့နောက်ကိုလိုက်လာပြီး လုပ်စရာကလဲ ဘာမှ မရှိဘူးလေ။ သူ့ရဲ့ လုပ်ဆောင်မှုတွေကို ထိုင်စောင့်နေရုံပဲ သူမ လုပ်နိုင်မှာ။
ကားထဲရှိ လေထုသည် ရုတ်တရက် ထပ်မံ တိတ်ဆိတ်သွားသည်။ လုရွှယ်ယင်၏ ဖုန်းထမြည်ပြီး တိတ်ဆိတ်မှုကို ဖြိုခွင်းသွားတဲ့ အချိန်အထိ ဘယ်သူမှ စကား မပြောခဲ့ပေ။
“ သူဋ္ဌေးလု ကိစ္စကြီးဖြစ်နေပြီ။ လူမိုက်အုပ်စုက လူတွေခေါ်လာပြီး ကျွန်တော်တို့ စက်ရုံထဲကို ပြေးဝင်သွား ကြတယ်။ အနည်းဆုံး လူဆယ့်နှစ်ယောက်လောက် ရှိတယ်။ အခု ကျွန်တော်တို့စက်ရုံရဲ့ လုံခြုံရေးတွေနဲ့ အခြေအတင် ဖြစ်နေကြတယ်။ သူတို့က ကျွန်တော်တို့ကို စက်တွေအားလုံး ပိတ်ပြီး အလုပ်ရပ်စေချင်နေကြတာဗျ”
“ ကျွန်တော် အလုပ်သမားတွေကို လွှတ်ပြီး ခုခံခိုင်းထားပေမဲ့ ကျွန်တော်လဲ ဆက်ပြီး မထိန်းနိုင်တော့ဘူး။ သူဋ္ဌေးလု အမြန်လာ ပါတော့”
ဖုန်းကိုင်ပြီးတာနဲ့ ဘာမှတောင် မပြောရသေးဘဲ စက်ရုံမန်နေဂျာ၏ ငိုသံတွေကိုသာ လုရွှယ်ယင် ကြားလိုက်ရသည်။
လုရွှယ်ယင်၏ အေးစက်စက် မျက်နှာတွင် နောက်ဆုံးတော့ ကြောက်ရွံ့မှု တစ်ချို့ ထွက်ပေါ်လာပြီး သူမ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ ဘယ်လိုဖြစ်တာလဲ? သူတို့ကို ရန်မစဖို့ ငါမပြောခဲ့ဘူးလား? ငါးမိနစ်လောက်ပဲ ရအောင် ထိန်းထား။ ငါအခုလာမယ်”
မန်နေဂျာ စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်သည်။
“ သူဋ္ဌေးလု ကျွန်တော်တို့ လုံးဝကို ရန်မစ ခဲ့ဘူး။ သူတို့အရင် ရန်စကြတာ။ ကျွန်တော်တို့ အလုပ်သမားတွေကို ရိုက်နေတာ တွေ့တော့ သူတို့ကို ခြောက်တဲ့အနေနဲ့ ရဲခေါ်ဖို့ လုပ်တာတောင် သူတို့က နည်းနည်းမှ မကြောက်ကြဘူး။ ရန်လဲစသလို ခြိမ်းလဲ ခြောက်ကြတယ်။ ကျွန်တော်တစ်ကယ်ကို ဘာလုပ်ရမယ် မသိတော့ဘူး..!”
မန်နေဂျာသည် အမြန်ပြောလိုက်သည်။ အခြေအနေက အရေးကြီးနေတာ သိသာလှသည်။
ဖုန်းတစ်ဖက်က ဆူညံသံတွေကို နားထောင် ရသလောက် လူမိုက်တွေက အော်ဟစ် နေပုံပဲ။
“- ီးလိုကောင်တွေ! ငါ့ပိုင်နက်ထဲလာပြီး စက်ရုံ ဖွင့်ရဲရလား? ငါ့ခွင့်ပြုချက် ရထားလား? ဒီနေ့ ပြဿနာကို ရှင်းဖို့ တစ်သန်းယူပြီး ရောက်မလာ နိုင်ရင် မင်းတို့ကို ဘယ်တော့မှ လွှတ်ပေးမှာ မဟုတ်ဘူး။ ဒေါင်လိုက်ရောက်လာပေမဲ့ အလျားလိုက် ဒီနေရာကနေ ပြန်ထွက်သွားရမယ်မှတ်”
“ဟုတ်တယ် အကိုကြီးပြောတာ မှန်တယ်။ ဒီကိစ္စအတွက် ငါတို့ကို ဖြေရှင်းချက် ပေးရမယ်”
“ ဟိုကောင် မင်းဘယ်သူ့ကို ဖုန်းဆက် နေတာလဲ?”
“ ယူလိုက်စမ်း!”
“- ီးပဲ!”
ချက်ချင်းပဲ ဖုန်းကျသွားတော့သည်။
တစ်ဖက်က အခြေအနေတွေကို လုရွှယ်ယင် ခံစားလိုက်မိသည်။ ဒီလူတွေက တစ်ကယ် ရမ်းကားကြတာပဲ။
လျိုရှစ်လင်းကို အရင်ခေါ်လိုက်သင့်လား သူမ တွေးနေခဲ့သည်။ မြို့တော်ဗျူရိုက လူတွေ အရင်သွားထားပေးလို့ ရသည်လေ။ ရေရှည် ဖြေရှင်းချက် မဟုတ်တောင် အနည်းဆုံး အခြေအနေကို ထိန်းချုပ်နိုင်ပြီး အလုပ်သမားတွေ ဒဏ်ရာမရအောင် ကာကွယ်လို့ရမည်!.
ထို့နောက်တွင် သူမ လင်းဖေးဟန်ကို လှည့်ကြည့်လိုက်သည်။ လင်းဖေးဟန်ကို အရမ်းတွေ ယုံကြည်မိတာကို တစ်ကယ် နောင်တရမိသည်။
အဆုံးကျ သူက အားကိုးလို့ကို မရဘူး။ ဒီလိုဖြစ်မယ်မှန်းသာ သိရင် လုံခြုံရေးဋ္ဌာနက အစောင့်တွေကို ခေါ်လာလိုက်ပါတယ်…
သူမနဲ့ အတူ လုံလောက်တဲ့လူတွေသာ ပါလာရင် အကောင်းဘက်ထိ မရောက်နိုင်တောင် အနည်းဆုံးတော့ အခြေအနေကို ထိန်းနိုင်အုံးမည်။
လုရွှယ်ယင် ဖုန်းခေါ်တော့မည့် အချိန်မှာပဲ လင်းဖေးဟန်ရဲ့ စကားသံကို သူမ ကြားလိုက်ရသည်။
“ ရဲကိုမခေါ်နဲ့။ ငါဒီကိစ္စကို ရအောင်ဖြေရှင်းပေးမယ်။ ငါ့ကိုယုံပါ!”
ထိုစကားကိုကြားတော့ လုရွှယ်ယင် ချက်ချင်း ဒေါ်သထွက်လာသည်။ လင်းဖေးဟန်ကို အေးစက်စွာ ကြည့်ကာ ဆောင်းလေထဲ ဒေါသတို့ ရောနေသံဖြင့် ပြောလိုက်သည်။
“ နင်ကလား? နင်ကဘာတွေ ဖြေရှင်းနိုင်မှာ မလို့လဲ? ငါ့အလုပ်သမားတွေ အရိုက်ခံနေရတာကို ငါကဘယ်လို စိတ်မလှုပ်ရှားပဲ နေနိုင်မှာလဲ? ငါမေးမယ်..နင်ဘာတွေ ဖြေရှင်းနိုင်မှာလဲပြော? သူတို့ကို ဂေးတွေ ထင်နေလား? နင့်မြင့်တာနဲ့ ချောမောလွန်းတဲ့ ရုပ်ရည်မှာ ကြွေဆင်း သွားမယ် မှတ်နေလား? အဲ့ဒီအုပ်စုလိုက်ကို နင်က ယှဥ်နိုင်မှာမလို့လား?”
ထိုစကားတွေကို ကြားတော့ လင်းဖေးဟန် ချေပစရာတွေ အများကြီးဖြစ်သွားသည်။
အမျိုးသမီးကောင်း တွေက မဆဲတတ်ဘူး ဘယ်သူ ပြောလဲ? ရိုင်းဆိုင်းတဲ့ အသုံးတစ်ခု ပါအောင် ဆဲပြသွားလိမ့်မယ်!
လင်းဖေးဟန် လုရွှယ်ယင်ကို စိုက်ကြည့်ပြီး ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
“ မင်းငါ့ကိုယုံရင် ဖုန်းမခေါ်နဲ့”
ဒါပေမဲ့ သိသာစွာပဲ လင်းဖေးဟန်ကို သူမ မယုံပေ။ တန်းပြီး လျိုရှစ်လင်းကို ဖုန်းခေါ် လိုက်လေသည်။
မကြာခင်မှာပဲ ဖုန်းဝင်သွားပြီး တစ်ဖက်က ကိုင်လိုက်သည်။
“ ရှောင်ယင်ပါ။ ကျွန်မဆီကို လာပေးလို့ အဆင်ပြေမလား?”
လုရွှယ်ယင် ဖုန်းတောင် ခေါ်နေတာကို တွေ့တော့ လင်းဖေးဟန်လဲ ဘာပြောရမှန်း မသိတော့ပေ။ သူမကို လွှတ်သာ ထားလိုက် တော့သည်။
လျိုရှစ်လင်းရဲ့ အသံကို လုရွှယ်ယင် ဖုန်းထဲက နားထောင်နေရင်း ဘေးရှိလင်းဖေးဟန်ကို သူမ လှည့်ကြည့်လိုက်သည်။ ထို့နောက်မှာ ခြောက်စက္ကန့်လောက် တိတ်ဆိတ်သွားပြီးမှ ပြန်ပြောလိုက်သည်။
“ ဆောရီးပါအန်ကယ်လျို ကျွန်မ ဖုန်းမှားဆက် မိသွားတယ်။ အန်ကယ် အလုပ်အရင်သွား လိုက်ပါ။ ကျွန်မ မနှောက်ယှက်တော့ဘူး။ အချိန်ရရင် အန်ကယ့်ဆီ လက်ဖက်ရည်သောက်ဖို့ လာလည်ပါအုံးမယ်”
“ဟဟ ရှောင်ယင် ဟုတ်ပြီ။ ဒုက္ခတွေ့နေရင် ဖုန်းသာဆက်လိုက်နော်။ ယဥ်ကျေးနေဖို့ မလိုပါဘူး!”
လူကြီးလူကောင်း ဆန်ဆန် ပြောပြီးတာနဲ့ လျိုရှစ်လင်း ဖုန်းချလိုက်သည်။
လုရွှယ်ယင် ဖုန်းချလိုက်ပြီးနောက်တွင် သူမ မျက်နှာပေါ်ရှိ ယဥ်ကျေးလှသော အပြုံးသည် ပျောက်ကွယ်သွားသည်။ လင်းဖေးဟန်ကို အေးစက်စွာ ပြောလိုက်သည်။
“ ငါဒီတစ်ခေါက် နင့်ကို ယုံပေးလိုက်မယ်။ နင်ဒီကိစ္စကို ဖြေရှင်းလို့ရပြီ”
ပြောပြီးတာနဲ့ လင်းဖေးဟန်ကို လျစ်လျူရှု လိုက်သည်။
လုရွှယ်ယင်ရဲ့စကားကို ကြားတော့ လင်းဖေးဟန် အနည်းငယ် ဒေါသထွက် သွားပေမဲ့ သူမကို အာရုံစိုက်မနေချင် တော့ပေ။ ကားကိုပဲ အာရုံစိုက်ပြီး မောင်းနေ လိုက်တော့သည်။
ဒီမိန်းကလေးက တစ်ကယ်ကို ခွင့်လွှတ်ပေးလို့ မရဘူး။
လောကမှာ ဒါမျိုးပုံစံ အကူအညီတောင်းတဲ့သူ ရှိလား? မြင်ဖူးကြလား?
ငါ့ဘေးမှာ ထိုင်နေတာကို အဲ့လောက် ဒေါ်သကြီးပြနေတာ ဘယ်သူကမင်းနဲ့ ဒိတ်ရဲတော့မှာလဲ?
တစ်ကယ်ကို အရမ်းမှန်တဲ့ စကားပုံပဲ!
ဆံပင်ရှည်ပြီး အသိတရားမရှိဘူး!
ဒီလောက် ဂုဏ်မောက်နေတဲ့ မိန်းကလေးက ပြုပြင်ပေးဖို့ တစ်ကယ် လိုနေပြီ။
အပင်ငယ်ကို မထိန်းပေးရင် ဖြောင့်ဖြောင့်တန်းတန်း မကြီးထွားဘူးလို့ ပြောကြသလိုပဲ မိန်းကလေး တစ်ယောက်ကို နာအောင်လုပ်မပေးရင် အမြင့်ကနေ ပြုတ်ကျတတ်တယ်..
စောင့်နေလိုက်ပါ။ တစ်ရက်ကျမှ အိပ်ရာပေါ် ပစ်တင်ပြီး မင်းရဲ့တင်ပါးတွေ နီရဲလာတဲ့အထိ ရိုက်ပစ်မယ်။
အခုတော့ စောင့်နေလိုက်အုံး။ ငါခဏအတွင်း မင်းကို အံ့အားသင့်အောင် လုပ်ပေးမယ်။
လင်းဖေးဟန် စိတ်ထဲမှာ တွေးနေလိုက်သည်။ တစ်ဖက်က ကားမောင်းနေပေမဲ့ စိတ်ထဲကနေ စနစ်ကို ဆက်သွယ်လိုက်သည်။
“ စနစ် ငါ့ရဲ့ကားမောင်းစကေးကို အလယ်တန်းကနေ ထိပ်ဆုံးအဆင့်အဖြစ် အဆင့်မြင့်ချင်တယ်!”
“ ဒင် စနစ်မှ အသိပေးပါတယ်။ အသုံးပြုရဲ့ ကားမောင်းစကေးကို ထိပ်ဆုံးအဆင့်ရောက်အောင် လုပ်ချင်ရင် ပွိုင့် မလုံလောက်ပါဘူး။ အဆင့်မြှင့်ချင်တယ် ဆိုရင် ပွိုင့်တစ်ရာ သွင်းရမှာပါ။ လုပ်လို ပါသလား?”