အခန်း (၁၀၁)
Vol. 8 Ch. 101
“ Fuck! စောက်ရှက်မရှိတဲ့ကောင်! မင်းငါပြောတာ မကြားဘူးလားကွ”
အလုပ်သမားသည် အရမ်းကြောက်သွားပြီး မြေကြီးပေါ် ဒူးထောက်ချကာ ခွင့်လွှတ်ဖို့ တောင်းခံတော့သည်။
“ အကိုကြီး ကျွန်တော် မှားသွားပါတယ်.. ထပ်မလုပ်တော့ပါဘူး။ ကျွန်တော် ထပ်မလုပ် တော့ပါဘူး!”
အလုပ်လုပ်နေကြတဲ့ လူအများကြီးလဲ မလုပ်ရဲကြတော့ပေ။ သူတို့မျက်နှာထက်တွင် ကြောက်ရွံ့မှုတို့ ပြည့်လာသည်!
“ အိုကြီးအိုမကောင်! အသက်ကြီးပြီး လာမောက်မာပြနေတာလား? မင်းငါ့ကို အဖက်မလုပ်ဘဲ ဘာလုပ်ချင်တာလဲကွ? ငါ့ကို မလေးမစား လုပ်လိုက်တာလား?”
လူမိုက်ကောင်သည် အလျော့ပေးလိုစိတ် မရှိစွာပဲ အလုပ်သမားများရဲ့မျက်နှာကို အားသိပ်မထည့်ပဲ တစ်ချက်ချင်း ရိုက်သည်။
အလုပ်သမားကြီးသည် ခေါင်းရမ်းပြီး တုန်ရီနေတဲ့အသံနဲ့ပြောလိုက်သည်။
“ မလုပ်ရဲပါဘူး..မလုပ်ရဲပါဘူး.. မလုပ်တော့ပါဘူး”
“ Fuck! မင်းငါ့ကို ပြန်ခံပြောရဲတယ်ပေါ့! မင်း မလေးမစား လုပ်နေတာပဲ! ငါ့ကိုစိတ်တိုအောင် လုပ်နေတာလား အခု!!”
အနောက်က လူမိုက်တစ်ယောက်က သစ်သားတုတ်ကို ကောက်ယူပြီး အလုပ်သမားရဲ့ ခါးကိုရိုက်ချလိုက်သည်။
“ အား!”
အော်သံကြီးနဲ့အတူ အလုပ်သမားသည် မြေပြင်ပေါ်ပြုတ်ကျသွားပြီး ဘောလုံးတစ်လုံးကို ကွေးသွားခဲ့သည်။
ဒါကိုမြင်တော့ လုရွှယ်ယင် မနေနိုင်စွာ အရှေ့ပြေးသွားပြီး အော်လိုက်သည်။
“ ရပ်စမ်း! နင်တို့တွေ ရာဇဝတ်မှု ကျူးလွန်နေတာပဲ။ အဲ့ဒါသိလား!!”
သစ်တောထဲက တေးသီဆိုတဲ့ ငှက်ဝါလေးတစ်ကောင်လို လုရွှယ်ယင်၏ အသံက စူးရှကာ ထွက်ပေါ်သွားသည်။ ဒါပေမဲ့ သစ်တောရဲ့ဆောင်းရာသီလိုမျိုး အလွန့်အလွန် အေးစက်နေခဲ့သည်။
ထိုအသံကိုကြားတော့ လူမိုက် အယောက်ခြောက်ဆယ်ကျော်သည် ချက်ချင်း လှည့်ကြည့်လိုက်ကြသည်။ ချက်ချင်းပဲ သူတို့ရဲ့ ခေါင်းတွေကို ရှေ့ပြန်မလှည့်နိုင်တော့ပေ။
“ Fuck! ဒီကောင်မလေး ဘယ်ကပေါ်လာတာလဲ? စောက်ရမ်း လန်းတယ်!”
လုရွှယ်ယင်ရဲ့ နတ်သမီးဆန်တဲ့ မျက်နှာလေးကို မြင်တော့ အကုန်လုံး အံ့သြပြီး မယုံနိုင် ဖြစ်သွားကြသည်။ စိတ်ကူးယဥ်ဖွယ် ဖြစ်လွန်းလောက်အောင်ကို သူမက လှသည်။ ဒီလောက်လှတဲ့သူမျိုး သူတို့တစ်ခါမှ မတွေ့ဖူးဘူး။
လူမိုက်တွေရဲ့ ပြင်းထန်တဲ့ အကြည့်များနဲ့ ရင်ဆိုင်ရတော့ လုရွှယ်ယင် အနောက် ဆုတ်လိုက်မိပြီး လက်သီးကို တင်းနေအောင် ဆုတ်ထားလိုက်သည်။
အဲ့ဒီလူမိုက်တွေရဲ့ တဏှာဆန်တဲ့ အကြည့်များကို သူမအရမ်း ကြောက်နေ ပေမဲ့လဲ အရှေ့တည့်တည့်မှာ သူမ အလုပ်သမားတွေ အရိုက်ခံနေရတာကို ဒီတိုင်း ရပ်ကြည့်မနေနိုင်ဘူး။ ဘော့စ်တစ်ယောက် အနေနဲ့ အလုပ်သမားတွေ အရှေ့မှာ အားနည်းပုံ ပြလို့မရဘူး!
လုရွှယ်ယင်ထပ်ပြီး အော်လိုက်သည်။
“ နင်တို့ကောင်တွေက ဥပဒေမဲ့ ရမ်းကား နေကြတာပဲ! နေ့ခင်းကြောင်တောင်ကြီး လူရိုက်နေကြတယ်”
“ ဟုတ်ပြီ အလှလေး! ပြောနေတာ ရပ်တော့!”
ခေါင်းဆောင်လူမိုက်က လုရွှယ်ယင်ရဲ့ စကားကို ဖြတ်ချလိုက်ပြီး တောက်လောင်နေတဲ့ မျက်လုံးများနဲ့ ရှေ့တိုး လာသည်။
ဒါကိုမြင်တော့ လင်းဖေးဟန် အရှေ့တိုးကာ လုရွှယ်ယင်ကို ပြန်ဆွဲယူလိုက်ပြီး ခေါင်းဆောင် လူမိုက်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
လူမိုက်သည် အရှေ့ကို ဆက်တိုးလာသည်။ ဒါပေမဲ့ သူ့ရဲ့မျက်လုံးတွေက လုရွှယ်ယင်ကို ကြည့်မနေတော့ပေ။ အဲ့ဒီအစား လင်းဖေးဟန်ကို ကြည့်နေခဲ့တာပင်! သူ အံ့သြတကြီးပြောလိုက်သည်။
“ ဘယ်လိုလုပ် မင်းက.. အရမ်း ချောနေရတာလဲ?”
လင်းဖေးဟန် ကယ်ရာမဲ့စွာ ခေါင်းရမ်းလိုက်ပြီး ခါးသက်စွာ ပြုံးလိုက်သည်။
“ တစ်ကယ်တော့ အဲ့ဒီမေးခွန်းက ငါ့ကို အမြဲဒုက္ခပေးနေတာ”
လုရွှယ်ယင် ကြောင်သွားသည်။ ဒီလူတွေ ဘာကို ဆိုလိုတာလဲ? ငါက ဆွဲဆောင်မှု မရှိလို့လား?
ခေါင်းဆောင်သည် လင်းဖေးဟန် ကိုကြည့်နေရင်း သူ့ကိုယ်သူအရမ်း ရုပ်ဆိုးတယ်လို့ ခံစားမိလာသည်။ ဒါကြောင့် နေကာမျက်မှန် ထုတ်ကာ အရင်တပ်လိုက်သည်။
ဘာကိုမှ ယှဥ်မနေရင် စိတ်ဒုက္ခရောက်စရာ မလိုတော့ဘူး။
ခေါင်းဆောင် လူမိုက်က ပြောလိုက်သည်။
“ ကိုရီးယား ဆာဂျရီတွေ အရမ်း ကောင်းလို့ဖြစ်မယ်။ ငါ့ကိုလိပ်စာပြော၊ ငါလဲနည်းနည်းပြင်ကြည့်မယ်”
လင်းဖေးဟန် ခပ်ဖျော့ဖျော့ပြုံးလိုက်ကာ
“ ဒါက လုံးဝ ပင်ကိုယ်ပဲ။ ဘယ်သူမှ ငါ့ရဲ့ အလှတရားကို အတုခိုးလို့ မရဘူး”
ဒါကိုကြားတော့ ခေါင်းဆောင် လူမိုက် အံ့သြသွားသည်။ ဖြူစွတ်နေတဲ့ မျက်နှာနဲ့ ခြေလှမ်းများစွာ အနောက်ကိုပြန်ဆုတ်သွားသည်။
ဘာကြောင့်လဲ!
ဘာကြောင့် ဒီကောင်က အရမ်း ချောနေရတာလဲ!
ဘုရားသခင်က မတရားဘူး!
ထိုအချိန်မှာ လင်းဖေးဟန်ရဲ့ မျက်လုံးတည့်တည့်ကို စိုက်ကြည့်ရဲတဲ့ သတ္တိပင် သူ့မှာ မရှိတော့ချေ။
ငါရှုံးသွားပြီ!
မစခင်မှာတည်းက ငါဟာရှုံးသွားခဲ့ပြီပဲ!
ငါက အခုမှ အပိုင်း ၁ ရေးမလို့ကို လင်းဖေးဟန် ဆိုတဲ့ကောင်က အဆုံးသတ်ကို ပြောပစ်လိုက်ပြီ။
လင်းဖေးဟန် ထိုလူနဲ့ဆက်ပြီး စကားမပြော ချင်တော့တာမို့ စက်ရုံပိုင်ရှင်လေသံနဲ့ လှမ်းပြောလိုက်သည်။
“ ငါကဒီစက်ရုံရဲ့ ဘော့စ်ပဲ။ မင်းကငါ့အလုပ်သမားတွေကို ရိုက်နေပုံပဲ”
“ အဲ့ဒါအပြင် မင်းတို့လူ ဆယ်ယောက်ကျော်လောက်နဲ့ ရွာရဲ့ တစ်ခုတည်းသော လမ်းကိုပါ ပိတ်ထားသေးတယ်။ မင်းရဲ့လမ်းကို ပိတ်တာလို့ပါ ပြောပြီးဖြတ်သန်းခ တောင်းနေသေးတယ်?”
“ငါ့ကို ကျိုးကြောင်းမရှိတဲ့သူလို လာမပြောနဲ့”
“ ငါက ဖြတ်သန်းခ တောင်းရုံတင်မကပဲ ငါ့လူတွေ အများကြီးကိုပါ ခေါ်လာတယ်။ ငါဒီကိုဖြေရှင်းချက် နားထောင်ဖို့ ရောက်လာတာပဲ။ ဒီတော့ မင်းတို့တွေ ငါ့ကို လမ်းထိန်းသိမ်းခ တစ်သန်းအပြင် လယ်စိုက်ရတဲ့ အဖိုးအခကိုပါ ပြန်ပေးရမယ်။ လူတစ်ယောက်ဆီကို တစ်သောင်းယွမ် ပေးရမှာကို လူက အယောက် ရှစ်ဆယ်ဆိုတော့ ရှစ်သိမ်းပေါ့။ စုစုပေါင်း 1.8 မီလီယံပေးရမယ် မင်းတို့”
ထိုစကားကိုကြားလိုက်ရတော့ ရှိနေတဲ့ လူမိုက်တွေအကုန် ဂုဏ်ယူမိပြီး အလွန် ပျော်ရွှင်သွားကြသည်။
တစ်ကယ်ကို ခေါင်းဆောင်က ခေါင်းဆောင်ပါပဲ။ အစတည်းက တစ်သန်းကျော် တောင်းပစ်လိုက်တယ်။
လင်းဖေးဟန် ထိုစကားကိုကြားတော့ ကျယ်လောင်စွာ ရယ်ပစ်လိုက်သည်။ အရမ်း မရယ်ရလွန်းဘူးလား? ဒါလူကို ခြိမ်းလား ခြောက်လား လုပ်နေတာပဲ။
လင်းဖေးဟန် မဲ့လိုက်ကာ
“ အချိန်ဖြုန်းမနေနဲ့။ ငါ့မှာမင်းတို့အတွက် ပိုက်ဆံမရှိဘူး။ သေတာရှင်တာတွေလဲ ငါ ဂရုမစိုက်ဘူး။ မင်းတို့ လုပ်ချင်တာသာလုပ်လိုက်”
ဒါကိုကြားတော့ ခေါင်းဆောင်ရဲ့ မျက်လုံးတွေ တောက်သွားသည်။
ကောင်းတယ်။ ငါလိုချင်တာ ဒါပဲ။
တစ်ကယ်ကို သူလိုချင်နေတာ အဲ့ဒါပဲ။
လင်းဖေးဟန်ရဲ့ ချောမောနေမှုကြီးကို သူတော်တော်လေး မနာလိုနေတာမို့ ရိုက်ပစ် ချင်နေတာကြာခဲ့ပြီ။ အခု လင်းဖေးဟန်ကပါ ပြောလာပြီဆိုတော့..
တစ်ကယ်ကို အဲ့ကောင်က အရမ်းချောပြနေတော့ ငါက တစ်ဆင့် နိမ့်သလို ခံစားရတယ်။
ငါမင်းကိုဒီနေ့ မချောတော့အောင် လုပ်ပေးရမယ်။
“ ကောင်းပြီ။ ညီလေးက ဒေါ်သကြီးပုံပဲ။ ဒီလိုဆိုမှတော့ ဒီအကိုကြီးက အခွင့်အရေး ပေးရမှာပေါ့။ ငါ့ကို အနိုင်ကျင့်တယ် မပြောနဲ့။ မင်းအတွက် လမ်းနှစ်လမ်းရှိတယ်။ တစ်ခုက တစ်ယောက်ထဲနဲ့ ငါတို့ကို စိန်ခေါ်၊ နောက်တစ်ခုက အုပ်စုလိုက်တိုက်လိုက်။ ငါတို့မင်းကို ဘယ်လိုနေနေ ရိုက်မှာပဲ။ ကြိုက်တဲ့တစ်ခုရွေးလိုက်!”
လင်းဖေးဟန် အနောက်လှည့်ပြီး လုရွှယ်ယင်ကို ကြည့်လိုက်သည်။ လုရွှယ်ယင်ရဲ့ မျက်နှာတွင် ကြောက်ရွံ့မှု တစ်စုံတစ်ရာ မရှိသလို ဘာခံစားချက်မှ မရှိတာကို သူတွေ့လိုက်ရသည်။ လင်းဖေးဟန် အနည်းငယ် စိတ်သက်သာသွားသည်။ သူ ပြုံးလိုက်ပြီး ခေါင်းဆောင်ကို ကြည့်ပြီး ခေါင်းရမ်းလိုက်ကာ
“ မဟုတ်ဘူး! ငါတစ်ခုကိုမှ မရွေးဘူး။ ငါမင်းနဲ့ မတိုက်ချင်ဘူး”
“ငါက ဒီကလေးက အရမ်းအားကြီးလိမ့်မယ် တွေးနေတာ တစ်ကယ့်တစ်ကယ်ကျ အလှပန်းအိုး ဖြစ်နေတာပဲ။ ကြောက်နေတာပဲ။ ဟဟ ကြောက်နေတာပဲကွ”
လူမိုက်အားလုံး ရယ်လိုက်ကြသည်။ လင်းဖေးဟန်က ကြောက်နေတာလို့ သူတို့ ထင်နေကြသည်။
လင်းဖေးဟန်ကို ခေါင်းကို အနည်းငယ် ယမ်းကာ မဲ့လိုက်ပြီး
“ မဟုတ်ဘူး။ မှားနေပြီ။ ငါပြောတာ ငါမင်းနဲ့ မတိုက်ချင်ဘူး၊ မင်းကိုသတ်ချင်တာပဲ!”