← Chapters

အခန်း (၁၀၄)

Vol. 8 Ch. 104

အခန်း (၁၀၄)

Vol. 8 Ch. 104

လင်းဖေးဟန် တစ်ခွန်းတောင် ပြန်မပြောတော့ပေ။ တိတ်ဆိတ်ခြင်းက ရွှေပဲ။ လုရွှယ်ယင်ကိုပဲ တွေးခိုင်းလိုက်ရအောင်။ မင်းဘာတွေးတွေး မင်းထင်သလိုပဲ!

လင်းဖေးဟန်ရဲ့ ပုံစံကိုမြင်တော့ လုရွှယ်ယင်ရဲ့ မျက်လုံးတွေ အနည်းငယ် တန့်သွားသည်။ လင်းဖေးဟန်ရဲ့ ချောမောတဲ့ မျက်လုံးထဲကို ခဏကြာ စိုက်ကြည့်နေမိပြီးနောက်မှာ သူမ တစ်ဖက်ကို အကြည့်လွှဲလိုက်ကာ

“ အခုတင် အဲ့ဒီလူမိုက်ပြောသွားတာ ဒီကိစ္စ နောက်ကွယ်ကလူက လီယွင်လုံလို့ မလား?”

လင်းဖေးဟန် ခပ်ဖျော့ဖျော့ ပြုံးကာ နှာခေါင်းကို တစ်ချက်ထိပြီး ပြောလိုက်သည်။

“ ဘာလို့လဲ? ပြဿနာ တစ်ခုခုရှိလို့လား? လီယွင်လုံနဲ့ မင်းနဲ့က ပူးပေါင်းထားတဲ့ ဆက်ဆံရေးလို့ ငါမှတ်မိနေတာပါ”

လုရွှယ်ယင် ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ တစ်ကယ်ထူးဆန်းတယ်။ လီယွင်လုံက ဖန်းချန်းဧရိယာက ဆိုပေမဲ့ ငါသူနဲ့ အရမ်း မရင်းနီးဘူး။ ငါတို့ ဒီနှစ်ထဲမှာ ပရောဂျက်တွေ အများကြီးပေါင်းလုပ်ဖူးတယ်။ ဒါပေမဲ့ များသောအားဖြင့် ငါက ကူညီပေးရတာမျိုးပဲ။ အခုတစ်ခေါက် ဒီစက်ရုံမှာ သူ့ရှယ်ယာလဲ ပါတယ်။ စိတ်ဝင်စားမှု အမြင်ဘက်က ကြည့်မယ်ဆိုလဲ ဒီတစ်ခေါက် ကိစ္စမှာ သူ့အနေနဲ့ ဝင်ပါစရာ စိတ်တက်ကြွလောက်မဲ့ ကိစ္စမျိုးလဲ မရှိဘူး”

လင်းဖေးဟန် ထပ်ပြောလိုက်သည်။ သူ့ရဲ့ နတ်အကြားအမြင်အရ ဒီတစ်ခေါက်မှာ ဘာတွေ ဖြစ်နေလဲ သူသေချာ သိတာပေါ့။ ဒါပေမဲ့ လုရွှယ်ယင်ကို ပြောပြဖို့တော့ ရယ်ရွယ်ချက် မရှိဘူး။ စကားအများကြီး ပြောမိရင် မလိုအပ်တဲ့ သံသယတွေကို ခေါ်ဆောင်မိနိုင်တယ်။

လင်းဖေးဟန်သည် မောင်းသူဘက်ခြမ်း ကားတံခါးကို ဖွင့်လိုက်ပြီး ပြောလိုက်သည်။

“ သွားရအောင်။ ကားထဲဝင်ပြီးမှ ပြောကြမယ်။ ဒီကိစ္စကို သေချာ ရှင်းပြီးသွားပြီဆိုတော့ ငါတို့လဲ ပြန်သင့်ပြီ”

လုရွှယ်ယင် အမြန်ပြောလိုက်ရသည်။

“ နင်ဒီတစ်ခေါက် အမြန်မောင်းလို့ မရဘူးနော်”

လုရွှယ်ယင် ဝင်ထိုင်ပြီးတာနဲ့ ခါးပတ်ပတ်ပြီးအမြန် ပြောလာခြင်းပင်။

“ ကောင်းပါပြီ”

လင်းဖေးဟန်ရဲ့ နှုတ်ခမ်းတွေ ကွေးတက်သွားသည်။ ဒီမိန်းမက တစ်ကယ် ဟန်ဆောင်ကောင်းတာပဲ။

အစောက သေချာပေါက်ကို ကြိုက်နေပုံ ပေါက်ပေမဲ့ အခုကျ ရွံရှာနေပြန်ပြီ။ ဒီမိန်းမက တစ်ကယ်ကို စိတ်နှစ်ခွ ဖြစ်နေတာပဲ။

မိန်းမတစ်ယောက်က ပါးစပ်က ငြင်းနေရင်တောင်မှ တစ်ကယ်က လိုချင်နေတာပဲ ဆိုတဲ့ ပြောစကားက တစ်ကယ် မှန်သည်! စာမေးပွဲ ဖြေရင် သေချာ မှတ်ထားရမဲ့ အချက်ပဲ။

ဒါပေမဲ့ သူ လုရွှယ်ယင်ကိုလဲ ပြောပြီးသွားပြီမို့ ဒီတစ်ခေါက်တော့ အမြန်မောင်းဖို့ မစဉ်းစား တော့ပေ။

ငါ လင်းဖေးဟန်က စကားတည်တဲ့သူပဲ။ လင်းဖေးဟန်ကားကို ဖြေးဖြေးပဲ မောင်းလိုက်ကာ ဂရုတစိုက်ပြောလိုက်သည်။

“ ဒီကိစ္စနဲ့ပတ်သတ်ပြီး တစ်ခုခု ရှိရမယ်။ သေချာပေါက် ငါ သူများတွေဆီက ကောလဟာလ တစ်ချို့ ကြားထားပေမဲ့ ငါ့မှာ သက်သေမရှိဘူး။ ဒါကြောင့် ငါမင်းကို ပြောမှာမဟုတ်ဘူး။ ဒါပေမဲ့ မင်းအဲ့ဒီ လီယွင်လုံကို သတိထားပါ”

လီယွင်လုံက လင်းဖေးဟန်ကို ဘာလို့ ချောက်ချရတာလဲ? အကြောင်းအရင်းက ရိုးရှင်းပါသည်။

ဒီကာလအတွင်းမှာ လင်းဖေးဟန်နဲ့ လုရွှယ်ယင်တို့ရဲ့ စေ့စပ်ပွဲပျက်တဲ့ ကိစ္စက ကျင်းပိုင်တစ်မြို့လုံး ပျံ့သွားခဲ့ပြီး အဲ့ဒါက လီယွင်လုံရဲ့ စိတ်ဓာတ်ကို တိုက်ရိုက် လှုံ့ဆော် သွားခဲ့သည်။ သတင်းကို ကြားပြီးတည်းက လီယွင်လုံ စတင်ပြင်ဆင်ခဲ့ပြီး လုရွှယ်ယင်ရဲ့ စည်းစိမ်ကို ကြံဖို့ လုပ်နေတာပင်။

တွေးလိုက်တာနဲ့ ဘယ်နေရာက ပြဿနာလဲ ဆိုတာ လင်းဖေးဟန် တန်းသိသည်။

ဒါပေမဲ့ ဒီကိစ္စမျိုးက ပြဿနာကြီး ဖြစ်ရင်တောင်မှ လုရွှယ်ယင်ကို တန်းပြီး ဝန်ခံလိုက်လို့ မရဘူး။

တစ်ချို့ကိစ္စတွေက သေချာ ရှင်းပြလို့ မရဘူး။ ပြီး လုရွှယ်ယင်က ယုံကြည်မှာလဲ မဟုတ်ဘူး။

ဒါကြောင့်မို့ လင်းဖေးဟန် ပြောပြဖို့ မဆုံးဖြတ် တော့ပဲ လုရွှယ်ယင်ကို သတိသာ ပေးလိုက်တော့သည်။

လုရွှယ်ယင်က အရမ်းတော်တာမို့ ဒီကိစ္စကို အမှားမရှိဘဲ ကိုင်တွယ်နိုင်လိမ့်မည်။

အမှားဖြစ်သွားရင်တောင် သူမ ဖြေရှင်း နိုင်ပါသည်။

ဒါပေမဲ့ လင်းဖေးဟန်အတွက် အခုချိန်မှာ ဒီကိစ္စတွေကို ဂရုစိုက်နေဖို့ အချိန်မရှိပေ။ ဘာလို့ဆို သူ့မှာ အကြီးဆုံး ပြဿနာကောင်ကြီး ယဲ့ဖန်း ရှိနေသည်။

လီယွင်လုံကလဲ လူသိများတဲ့ ကာရိုက်တာ ဖြစ်နေတောင် သူ့ရဲ့နောက်ခံနဲ့ သန်မာမှုက လင်းဖေးဟန်နဲ့ လုံးဝ မယှဥ်နိုင်နေဘူးလေ။

လီယွင်လုံက အိုသွားပြီးဖြစ်တဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်ရင် လင်းဖေးဟန်က လတ်ဆတ်တဲ့ အသားလေးပဲ။

လီယွင်လုံက ကျော်ကြားလာတာ ကြာပြီဖြစ်တဲ့ သရုပ်ဆောင် တစ်ယောက်မို့ လင်းဖေးဟန်လို လူငယ်ထက် ဖန်အင်အား ပိုတောင့်ရင်တောင်မှ လင်းဖေးဟန်ရဲ့ သန်မာမှုက သူ့ထက် အများကြီး သာသည်။ အိုနေတဲ့ သရုပ်ဆောင်က အိုသွားလို့ပဲလေ။

အကြမ်းဖက်မှုကိုသုံးပြီး လင်းဖေးဟန် အေးဆေး ရှင်းပစ်လိုက်လို့ရသည်။

သူ့မှာသန်မာမှု ရှိသည်။

လီယွင်လုံရဲ့ လှုပ်ရှားမှုကို သိနေရသရွေ့ အရိပ်ထဲကနေ အေးဆေး သတ်နေလို့ ရသည်။

ဒါပေမဲ့ အကြမ်းဖက်မှုက ပြဿနာ အများကြီးကို ရှင်းနိုင်ရင်တောင်မှ လင်းဖေးဟန်အနေနဲ့ ဘယ်အရာကိုမှ မလိုအပ်ဘဲ အကြမ်းဖက်မှုနဲ့ ဖြေရှင်းရတာကို မကြိုက်ဘူး။

အချိန်မကျသေးဘူးလေ။

လင်းဖေးဟန်ရဲ့ သတိပေးစကားကို ကြားတော့ လုရွှယ်ယင် ခေါင်းညိတ်လိုက်သည်။ သဘောတူညီမှုလို့ ယူဆလို့ရသည်။

ဒါပေမဲ့ လုရွှယ်ယင်မှာ အလွယ်တကူ မယုံကြည်တတ်တဲ့ အကျင့်တစ်ခု ရှိသည်။

ဒီကိစ္စနောက်က လူက တစ်ကယ်ပဲ လီယွင်လုံ ဟုတ်ရဲ့လား?

သူမနဲ့ လီယွင်လုံရဲ့ ပူးပေါင်းမှုကို ဖျက်ဆီး ရအောင်လို့ လူမိုက်ကောင်က အမှန်ကို မပြောသွားခဲ့ဘူးလို့ သူမထင်သည်။

အဲ့ဒါထက်က လင်းဖေးဟန်က ဂန်းစတားရဲ့ စကားကို အတည်ပြုခြင်း မရှိဘဲ သူကြားဖူးတဲ့ သတင်းတစ်ချို့နဲ့ပဲ ဒီကိစ္စကို လီယွင်လုံ လုပ်ခဲ့တာလို့ သတ်မှတ်ခဲ့တာပဲ။ ဒါကြီးက နည်းနည်း ဖြစ်နိုင်ချေ မရှိဘူး။

ဒါပေမဲ့ လင်းဖေးဟန်နဲ့ ပြိုင်မငြင်းနေဘဲ ဒီကိစ္စကို သူမစိတ်ထဲတွင်သာ ထားလိုက်သည်။

လမ်းတစ်လျှောက်လုံး သူတို့ စကား မပြောခဲ့ကြဘဲ လင်းဖေးဟန် လုရွှယ်ယင်ကို တန်းပြီး လုအုပ်စုကို ပို့ပေးခဲ့သည်။

သူမကို ပို့ပေးပြီးတာနဲ့ လင်းဖေးဟန်ကတော့ အိမ်ကိုတန်းပြန်ပြီး အတွင်းရေးမှူးမလေးကို အဝတ်လျှော်ပေးဖို့ရန် ခေါ်ထားလိုက်သည်။

လူရိုက်ရတဲ့ အလုပ်က ပျော်ဖို့တော့ ကောင်းပါတယ်။ ဒါပေမဲ့ စက်ရုံရဲ့ ပတ်ဝန်းကျင်က ဆိုးဝါးလှတာမို့ သူ့ကိုယ်သူ ညစ်ပတ်နေတယ်လို့ လင်းဖေးဟန် ခံစား နေရသည်။

အတွင်းရေးမှူးမလေးက အချိန်ကိုက် ရောက်လာခဲ့ပြီး သူတို့တွေ ရေအတူ ချိုးလို့ ရသွားခဲ့သည်။ လျှို့ရှင်းယာလဲ တစ်နေကုန် အလုပ်များနေခဲ့တာမို့ ဒီလိုပူပြင်းတဲ့ ရာသီဥတုမှာ ချွေးထွက်နေမှာပဲလေ။

ရေအတူချိုးရင် ရေကုန်သက်သာသည်။

အာဖရိကရဲ့ မိတ်ဆွေတွေ အများကြီး ရေမသောက်နိုင်ကြဘူး။ ငါ လင်း​ဖေးဟန်က ကြင်နာပြီး ဂရုစိုက်တတ်တဲ့သူမို့ ရေကုန် သက်သာအောင်လုပ်ပြီး ခြောက်သွေ့တဲ့ နေရာကို ထောက်ပံ့မှု ပြုပေးရမယ်။

အတွင်းရေးမှူး မလေးနဲ့ ခဏကြာ အချိန်ဖြုန်းပြီးနောက်မှာ သူမသည် အမြန် အဝတ်ဝတ်ပြီး ထွက်သွားခဲ့သည်။

သူမက အခု ကုမ္ပဏီမှာ တာဝန်အများကြီးကို ယူထားရတာမို့ အလုပ်များသည်။

လင်းဖေးဟန် ဂိမ်းကစားတော့မလို့ လုပ်နေချိန်မှာပဲ ရုတ်တရက် သူ့ဖုန်းက အသိပေးချက် တက်လာခဲ့သည်။ စွန်းရှင်းယွဲ့ထံမှ ဖြစ်လေသည်။

“ အကိုလင်း ကျွန်မကို အဖော်ပြုပေးလို့ ရမလားဟင်? ကြောက်လို့ပါ”

ထိုမက်ဆေ့ကိုမြင်မှ ဒီနေ့က စွန်းရှင်းယွဲ့ရဲ့ ခွဲစိတ်ရမဲ့နေ့ဆိုတာကို လင်းဖေးဟန် သတိရသွားခဲ့သည်။ ဒီလို အရေးကြီးနေ့ကို သူ မေ့သွားမိတာပဲ။ အနာဂတ်ကျရင် အရေးကြီး ကိစ္စတွေအကုန် ချရေးထားသင့်နေပြီ။

“ ကိုယ်မကြာခင် လာခဲ့မယ်”

.

မက်ဆေ့ ပို့ပြီးတာနဲ့ လင်းဖေးဟန် အဝတ်ပြင်လိုက်သည်။

ကုတ်အရှည်တစ်ထပ် ထပ်ဝတ်လိုက်ကာ အားသောင်ကို ဆေးရုံလိုက်ပို့ခိုင်းလို​က်သည်။

စွန်းရှင်းယွဲ့ရဲ့ ခွဲစိတ်မှုအတွက် တာဝန်ခံ ဆရာဝန်မသည် လျိုရှောက်မင်းဖြစ်သည်။ သူမက ပေကျင်းရဲ့ အတော်ဆုံး ပရော်ဖက်ရှင်နယ် အရိုးကျွမ်းကျင် ဆရာဝန်ပင်။

သူမက အခုနှစ်မှာ အသက်ခြောက်ဆယ် ရှိမှာမို့ အတွေ့အကြုံလဲ တော်တော် ကြွယ်နေပြီ။ မရေမတွက်နိုင်တဲ့ အရိုးခွဲစိတ်မှု များစွာကို သူမလုပ်ခဲ့ဖူးသည်။

လင်းဖေးဟန် ကြိုးစားမှု တစ်ချို့ ထုတ်ထားလို့ မဟုတ်ရင် အိမ်မှာအနားယူပြီး မြေးထိန်းနေပြီ ဖြစ်သော ဆရာဝန်မကြီး လျိုရှောက်မင်းကို ဖိတ်နိုင်မှာ မဟုတ်ပေ။

ဆေးရုံနဲ့လဲ လင်းဖေးဟန် သေချာ စီစဥ် ထားပြီးသားဖြစ်သည်။

သူ့အနေနဲ့ အထူး လုပ်စရာတော့ မရှိတော့ပေ။ စွန်းရှင်းယွဲ့ကို အထူးအဆောင်ရဲ့ VIP ခန်းမှာ ပို့ထားပေးပြီးသားပင်။

ပတ်ဝန်းကျင်က သန့်ပြီး တိတ်ဆိတ်တာမို့ ကျင်းပိုင်ရဲ့ ကြယ်ငါးပွင့် ထိပ်သီးဟိုတယ်နဲ့တောင် ယှဥ်လို့ရသည်။

လင်းဖေးဟန် အပြေးရောက်လာတာကို မြင်တော့ စွန်းရှင်းယွဲ့ အနည်းငယ် ရှက်သွားသည်။

“ အကိုလင်း ကျွန်မကြောင့်နဲ့ အများကြီး ဒုက္ခခံဖို့ မလိုပါဘူး။ ကျွန်မ အဲ့လောက် မပျော့ပါဘူးရှင်။ သာမာန် အဆောင်မှာပဲ နေလို့ရပါတယ်”

All Chapters