← Chapters

အခန်း (၁၀၆)

Vol. 8 Ch. 106

အခန်း (၁၀၆)

Vol. 8 Ch. 106

လျိုရှောက်မင်းဆီက သတင်းကောင်းကို ကြားလိုက်ရတော့မှ လင်းဖေးဟန် အသက်ဝဝ ရှုနိုင်တော့သည်။ သူ ခေါင်းညိတ်ပြပြီး ပြုံးလိုက်ကာ

“ ကျေးဇူးပါ မစ္စလျို”

လျိုရှောက်မင်း ပြုံးကာ ပြန်ဖြေလိုက်သည်။

“ မစ္စတာလင်း ယဥ်ကျေးလွန်းနေပါပြီ”

လျိုရှောက်မင်းထံတွင် လင်းဖေးဟန်အတွက် အမြင်ကောင်းရှိသည်။ ကျင်းပိုင်မြို့ လင်းမိသားစုက လင်း​ဖေးဟန်ဆိုတာကို သူမ ကြားဖူးနေတာ ကြာပြီ။ လင်းဖေးဟန်ကို အေးစက်ပြီး စည်းမသိတဲ့သူလို့ သူမ ထင်ခဲ့မိတာ အခုတော့ အ​မြင်အကြီးကြီး ပြောင်းသွားခဲ့ရပြီ။

အခု လင်း​ဖေးဟန်သည် နှိမ့်ချတတ်ပြီး ကျိုးကြောင်းလဲသင့်သလို သတင်းတွေ ထဲက အတိုင်း မောက်မာတဲ့သူ တစ်ယောက် မဟုတ်ဘူး။

“ မစ္စတာလင်း ကိစ္စ မရှိတော့ဘူးဆိုရင် ငါသွားပြီး နားတော့မယ်”

“ဟုတ်ကဲ့ အရင်သွားနားလိုက်ပါဗျ”

ဒီခွဲစိတ်မှုမှာ လျိုရှောက်မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားတွေ အများကြီး ထည့်ထားရသည်။ ဒါ့အပြင် သူမက အရွယ်လဲ ရနေပြီမို့ အခု အနည်းငယ် မောပန်းနေပြီလေ။

အနည်းငယ် စကား​ပြောပြီးတာနဲ့ လျိုရှောက်မင်း အနားယူဖို့ ထွက်သွားလိုက်သည်။

လင်းဖေးဟန် သူ့ရဲ့ လက်သီးကို တင်းတင်း ဆုတ်ထားမိသည်။ သူ့ရဲ့ခံစားချက်ကို ဖော်ပြဖို့ ခဲယဥ်းသည်။

စွန်းရှင်းယွဲ့ရဲ့ ခွဲစိတ်မှုက အောင်မြင်သွားပြီ ဆိုတော့ သူမ သာမာန်သူလို လမ်းပြန်လျှောက်နိုင်တော့မည်။ သူ့ရဲ့ အပ်စိုက် ပညာကိုပါ ပေါင်းလိုက်မယ်ဆိုရင် သိပ်မကြာခင်မှာပဲ သူမ သာမာန်လူလို လမ်းလျှောက်နိုင်မယ်လို့ သူယုံသည်။

အဆောင်ခန်းဘက်ကို ပြန်တွန်းသွားခံရတဲ့ ငြိမ်းချမ်းစွာ အိပ်မောကျနေသော စွန်းရှင်းယွဲ့ကို လင်းဖေးဟန် ကြည့်နေမိသည်။ သူ့မျက်နှာထက်တွင် တားမရသော အပြုံးတို့ ဖြစ်ပေါ်နေခဲ့သည်။

ဒီသန်မာပြီး နူးညံ့သစ်လွင်တဲ့ ကောင်းမလေးက နောက်ဆုံးတော့ ​လောကဓံရဲ့ နှိပ်စက်မှုကနေ လွန်မြောက်ပြီး သာမာန်လူလို လမ်းလျှောက်နိုင်တော့မည်။

အခန်းထဲတွင် ပန်းရနံ့တို့မွှေးပျံ့နေသည်။ နှင်းဆီဖြူအိုးလေးက ဒီနေ့မှ ပိုမွှေးနေသလို လင်း​ဖေးဟန် ခံစားနေရသည်။

လင်း​ဖေးဟန် စွန်းရှင်းယွဲ့ကို သေချာ ဂရုစိုက်ပေး နေလိုက်သည်။ မကြာခင်မှာပဲ သူမ နိုးလာခဲ့သည်။

စွန်းရှင်းယွဲ့ရဲ့ နွေဦးလိုကြည်လင်တဲ့ မျက်လုံးများ ပွင့်လာခဲ့ပြီး သူမကို အပြုံး အပြည့်နဲ့ စီးမိုးပြီးကြည့်နေတဲ့ လင်းဖေးဟန်ကို အရင်မြင်လိုက်ရသည်။ သူမရဲ့ စိတ်ထဲ ငြိမ်းချမ်းသွားသည်။

“ အစ်ကိုလင်း..”

စွန်းရှင်းယွဲ့ဘာကို တွေးနေလဲ သိတာမို့ လင်းဖေးဟန် ပြုံးကာ သူမရဲ့စကားကို ဖြတ်ပြောလိုက်သည်။

“ စကားမပြောဘဲ ကောင်းကောင်း နားလိုက်ပါ။ စိတ်မပူနဲ့။ ခွဲစိတ်မှု အောင်မြင်တယ်”

ထိုစကားကိုကြားတော့ စွန်းရှင်းယွဲ့ အနည်းငယ် လန့်သွားသည်။ သူမ မျက်လုံးထဲသို့ စိတ်လှုပ်ရှားမှုတို့ ဝင်ရောက်လာသည်။

ဟုတ်တယ်။ ငါနောက်ဆုံးတော့ သာမာန်လူလို လမ်းပြန်လျှောက်နိုင်ပြီ။ ဘယ်တုန်းကမှ စိတ်ကူးတောင် မယဥ်ရဲခဲ့တဲ့ ကိစ္စက နောက်ဆုံးတော့ ငါ့ဆီမှာ ဖြစ်လာခဲ့ပြီ။

ဒါတွေအားလုံးက အစ်ကိုလင်းနဲ့ ဆုံခဲ့ရလို့ပဲ။

ငါဘယ်လောက်တောင် ကံကောင်းလိုက် သလဲ?

ထိုသို့တွေးမိပြီး လင်းဖေးဟန်နဲ့ အကြည့်ချင်းဆုံသော အခါမှာ သူမရဲ့ မျက်နှာက ရုတ်တရက် နီရဲသွားသည်။ စွန်းရှင်းယွဲ့ရဲ့ မျက်လုံးစပ်ပါ အနည်းငယ် ရဲလာပြီး မျက်ရည်များ စီးကျလာတော့သည်။

“ အစ်ကိုလင်း… အစ်ကိုလင်း.. ဒါက အမှန်ပဲ မလား? ကျွန်မ လမ်းပြန်လျှောက်နိုင်ပြီ..”

စွန်းရှင်းယွဲ့ အလွန် စိတ်လှုပ်ရှားနေခဲ့သည်။

တစ်ကယ်တော့ စွန်းရှင်းယွဲ့သည် အမြဲတမ်း စိတ်ဓာတ်မာတဲ့သူ တစ်ယောက်ဖြစ်ခဲ့သည်။

အတိတ်က ကားမတော်တဆမှုက သူမ မိဘတွေရဲ့ အသက်အပြင် ခြေထောက်ကိုပါ ဆုံးရှုံးစေခဲ့တာတောင်မှ ခက်ခက်ခဲခဲနဲ့ ကြိုးစား ရှင်သန်ခဲ့သည်။

သူမရဲ့ ဘဝမှာ မရေမတွက်နိုင်တဲ့ အခက်အခဲ ဒုက္ခတွေ ရင်ဆိုင်ခဲ့ရတာတောင်မှ သူမထံတွင် ပျော်တတ်ပြီး အကောင်းမြင်တတ်သော နှလုံးသားတစ်ခုရှိသည်။

သူမရဲ့ ခြေထောက်ကို လက်လျော့ပြီးတာ ကြာပြီဆိုပေမဲ့လဲ အမှန်တော့ သူမရဲ့ စိတ်ထဲ ဟိုးအနက်ရှိုင်းဆုံးနေရာမှာ မျှော်လင့်ချက် ရောင်ခြည်အနည်းငယ်တော့ ရှိနေဆဲပင်။

တစ်ရက်တော့ သူမရဲ့ဝှီးချဲကို ဘေးဖယ်ပြီး သာမာန်လူလို လမ်းလျှောက်နိုင်မယ်လို့ သူမ အမြဲတမ်း မျှော်လင့်နေခဲ့သည်။

သူမဘဝရဲ့ နောက်ဆုံး အချိန်ထိတောင် တောင်းနေမိမဲ့ ဆုတောင်း တစ်ခုပင်။

အခုတော့ သူမရဲ့ ဆုတောင်းက ပြည့်လာခဲ့ပြီ။ သူမရဲ့ခြေထောက်တွေလဲ အောင်မြင်စွာ ကုသ ပြီးသွားပြီ။

လင်းဖေးဟန်ဆီက ကြားရတဲ့အခါမှာ သူမ အိပ်မက် မက်နေမိသလိုပင် ခံစားခဲ့ရသည်။

စွန်းရှင်းယွဲ့ရဲ့ မျက်လုံးတွေ နီရဲနေပြီး ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှု၊ ရှုတ်ထွေးနေတဲ့ ခံစားချက်များစွာက သူမရဲ့ နှလုံးသားကို ထိန်းချုပ်ရခက်အောင် လုပ်နေခဲ့သည်။

စွန်းရှင်းယွဲ့ရဲ့ ပုံစံကိုကြည့်ပြီး လင်း​ဖေးဟန် မနေနိုင်စွာ ရင်ထဲခံစားလိုက်ရသည်။

ခြေထောက် ပြန်ကောင်းဖို့က ဒီကောင်မလေး အတွက် ဘယ်လောက် အရေးပါလဲ ဆိုတာရယ်၊ သူမ ဘယ်လောက်တောင် လိုချင်နေခဲ့တဲ့ အရာလဲဆိုတာ သူသိသည်!

အခု သူမရဲ့ အိပ်မက်က ပြည့်သွားပြီဆိုတော့ သူမ ဘယ်လောက်တောင် စိတ်လှုပ်ရှားနေမလဲ မှန်းဆလို့တောင် ရမှာမဟုတ်ဘူး။

လင်းဖေးဟန် စွန်းရှင်းယွဲ့ရဲ့ ခေါင်းကို အသာလေးရိုက်ကာ နူးညံ့စွာပြောလိုက်သည်။

“ ရှောင်ယွဲ့ အများဆုံး နှစ်လပဲ.. နှစ်လပြီးရင် မင်းရဲ့ခြေထောက်က ပုံမှန်ပြန်ဖြစ်သွားပြီ။ ဒီကာလမှာ မင်းရဲ့ခန္ဓာကိုယ်ကို ပြန်ထူထောင်ဖို့ အတွက် ကိုကူညီပေးမယ်။ ကယ်လ်စီယမ် ဓာတ်ပါတဲ့ အစာတွေနဲ့ ဗီတာမင် အစုံလဲ မင်းသောက်သင့်တယ်..”

လင်းဖေးဟန်ရဲ့ စိုးရိမ်တကြီး အကြံပေးချက်များကို စွန်းရှင်းယွဲ့ နားထောင်နေပြီး လင်းဖေးဟန်က စိတ်ရှုတ်ဖို့ ကောင်းတယ်လို့ သူမ မခံစားမိပေ။ ဖော်ပြလို့ မရတဲ့ ရင်ထဲနင့်နေသော ခံစားချက် တစ်ခု ဖြစ်ပေါ်နေခဲ့သည်။

သူမတို့ အချိန်အများကြီး မကုန်ဆုံးရသေးပေမဲ့ စွန်းရှင်းယွဲ့ရဲ့ နှလုံးသားမှာ သူမတို့ သိကျွမ်းနေတာ ကြာမြင့်နေသကဲ့သို့ပင်။ လင်းဖေးဟန် သူမအတွက် လုပ်ပေးတာ အားလုံးကို တွေ့ခဲ့ ရသည်။

လင်း​ဖေးဟန်ရဲ့ ညွှန်ကြားချက်များကို နားထောင်အပြီးမှာ သူမရဲ့မျက်နှာက ရှက်သွေးဖြာလာသည်။

“ အစ်ကိုလင်း..ကျွန်မ… ကျွန်မ ရှင့်ကို.. ဖက်လို့ရမလားဟင်?”

လင်း​ဖေးဟန် ခဏလောက် မှင်သက် သွားခဲ့သည်။ သူ သဘောမတူရသေးခင် မှာပဲ စွန်းရှင်းယွဲ့ ထလိုက်ပြီး လင်းဖေးဟန် လက်မောင်းကြားထဲကို ဝင်လိုက်သည်။

လင်းဖေးဟန် ပိုပြီး မှင်သက်သွားရသည်။

ကောင်မလေးရဲ့ ကိုယ်သင်းနံ့လေးက သူ့နှာခေါင်းထဲ ဝင်ရောက်ကျီစယ် လာခဲ့သည်။

ရေမွှေးထက်တောင် မွှေးသေးတဲ့ အရမ်းကောင်းတဲ့ ကိုယ်သင်းနံ့လေးပဲ။

လင်းဖေးဟန် စိတ်လှုပ်ရှားလာရသည်။ အချိန်မကျသေးဘူး…

ခန္ဓာကိုယ်နှစ်ခုက နီးကပ်စွာ ထိတွေ့ထားကြပြီး သန်မာတဲ့ နှလုံးခုန်သံကို စွန်းရှင်းယွဲ့ ကြားနိုင်သည်။ အရမ်းကို မြန်လွန်းသည့် နှလုံးခုန်သံပင်။

လှပတဲ့ မိန်းကလေးက ရင်ခွင်ထဲ ရောက်နေတော့ လင်းဖေးဟန် ပိုပြီး သတိ လွတ်နေခဲ့သည်။

စွန်းရှင်းယွဲ့က လူမှုလောကထဲကို ဝင်ရောက်ခဲ့တာ ကြာပြီဆိုပေမဲ့ အခုချိန်မှာတော့ သူမက တော်တော်လေး မရင့်ကျက်သေးဘဲ ရိုးအလွန်းတယ်လို့ ပြောရမည်။ ဒါပေမဲ့ သူမရဲ့ ရိုးရှင်းတဲ့ ဒီလှုပ်ရှားမှုကိုက လင်းဖေးဟန်အတွက် အရမ်း ဆွဲဆောင်နိုင်နေပြီး သူ့ရဲ့နှလုံးသားက ယားယံလာရသည်။

သူ့ရဲ့ ထိန်းချုပ်နိုင်စွမ်းက လွတ်ချင်နေပြီ။

အရင်တစ်ခေါက်ကလဲ တူညီတဲ့ နည်းလမ်း ကိုသုံးပြီး စွန်းရှင်းယွဲ့ သူ့ကို ဆွဲဆောင်ခဲ့တာကို လင်းဖေးဟန် အမှတ်ရသွားသည်။

ဒီကောင်မလေးဆီက နှစ်ကြိမ်တောင် သူခံလို​က်ရတာပဲ။

အဆင်မပြေတော့ဘူး။ သူများတွေ သိသွားရင် ဥက္ကဋ္ဌလင်းရဲ့ ရာဇဝင်က ရှက်စရာဖြစ်သွားလိမ့်မယ်။

အဆင်မပြေတော့ဘူး။ ငါပြန်ပြီး တိုက်စစ် ဆင်မှ ဖြစ်တော့မယ်။

လင်းဖေးဟန် ခေါင်းငုံ့ကာ စွန်းရှင်းယွဲ့ရဲ့ နားထဲကို လေမှုတ်လိုက်သည်။

စွန်းရှင်းယွဲ့ ယားသွားပြီး သူမရဲ့​ခေါင်းကို အနောက်ပြန်ဆုတ်လိုက်သည်။

ထိုအချိန်မှာ လင်းဖေးဟန်ရဲ့ ဆွဲဆောင်မှု ရှိလှသော အသံထွက်လာသည်။

“ ဖက်ရုံလောက်နဲ့ ဘယ်လုံလောက်မှာလဲ?”

စွန်းရှင်းယွဲ့ရဲ့ မျက်နှာက ပိုပြီးနီသွားကာ သူမ တိုးတိုးလေး ပြောလိုက်သည်။

“ ဒါဆို… အစ်ကိုလင်းက ဘာလိုချင်တာလဲ?”

အစ်ကိုလင်း လိုချင်တာက…

မဟုတ်ဘူး။ အစ်ကိုလင်းက အဲ့လိုလူမျိုး လုံးဝ မဟုတ်ဘူး။

အစ်ကိုလင်း တောင်းဆိုလို့ ငါသဘော တူခဲ့ရင်တောင်မှ ဒီနေရာက ဆေးရုံပဲ!

အိုး! အရမ်းရှက်ဖို့ ကောင်းတာပဲ!

စွန်းရှင်းယွဲ့ တွေးနေချိန်မှာပဲ လင်းဖေးဟန်ရဲ့ နှုတ်ခမ်းတွေက စွန်းရှင်းယွဲ့ထံကို ကျူးကျော် သွားတော့သည်။

All Chapters