← Chapters

အခန်း (၁၀၇)

Vol. 8 Ch. 107

အခန်း (၁၀၇)

Vol. 8 Ch. 107

စွန်းရှင်းယွဲ့ ထိတ်လန့်သွားပြီး သူမရဲ့ မျက်လုံးတွေ ဝိုင်းစက်သွားသည်။

တစ်ဖြည်းဖြည်းနဲ့ အခိုက်အတန့်လေးမှာ ပျော်ဝင်သွားကာ သူမ၏ မျက်လုံးတို့ မှိတ်ကျ သွားခဲ့သည်!

အချိန်အကြာကြီး ကြာပြီးနောက်တွင်…

စွန်းရှင်းယွဲ့ရဲ့ မျက်နှာသည် ပန်းသီးမှည့် တစ်လုံးကဲ့သို့ နီရဲနေခဲ့သည်။

လင်းဖေးဟန် စွန်းရှင်းယွဲ့ကို ကြည့်ပြီး မထိန်းနိုင်စွာ ပြုံးလိုက်သည်။

“ဟုတ်ပြီ နောက်ကျနေပြီ။ မင်းအရင်ဆုံး ကောင်းကောင်းနားသင့်တယ်။ ကို အရင်ပြန်နှင့်မယ်။ ကို လုပ်စရာ တစ်ချို့ ရှိသေးတယ်။ မင်း အရေးကြီးကိစ္စရှိရင် အားသောင်ကို ရှာလို့ရတယ်။ သူအပြင်မှာ ရှိတယ်”

“ ဟုတ်ကဲ့!”

စွန်းရှင်းယွဲ့ နာခံမှုအပြည့်နဲ့ နူးညံ့စွာ အဖြေ ပေးလိုက်သည်။

ထွက်သွားပြီဖြစ်သော လင်းဖေးဟန်ရဲ့ နောက်ကျောကို ကြည့်ရင်း စွန်းရှင်းယွဲ့ရဲ့ နှလုံးသားထဲတွင် ပျော်ရွှင်မှုတို့ ပြည့်နှက် နေသည်။

ယနေ့တွင် လုရွှယ်ယင်သည် ညနေ ခုနှစ်နာရီအထိ အလုပ်လုပ်နေခဲ့ပြီးနောက် ကုမ္ပဏီမှ ထွက်လာခဲ့သည်။

အလုပ်ဆင်းပြီးနောက်မှာ သူမအိမ်ကို တန်းမပြန်ခဲ့ပေ။ သူမအဖိုး နေတဲ့ လျိုဖန်း တောင် ရှိတဲ့နေရာကို သွားလိုက်သည်။

လုသခင်ကြီးသည် အသက်ကြီးပြီး ကျန်းမာရေး သိပ်မကောင်းတော့သောကြောင့် လုမိသားစုပိုင် ဗီလာတွင် နေထိုင်ခဲ့သည်။ ဒါပေမဲ့ သူ့ရဲ့ဖျားနာမှုကို လင်းဖေးဟန်က ကုသပြီးနောက်မှာ ဗီလာမှာ နေရတာ မကြိုက်တဲ့အတွက် တောင်အနီးတွင် ကျေးလက်သဘာဝကို ခံစားရင်း နေထိုင်နေတာပင်။

လျိုဖန်း တောင်ပေါ်တွင် အိမ်ဟောင်းတစ်ခု ရှိသည်။ လုသခင်ကြီး၏ ကွဲပြားတဲ့ နေထိုင်ပုံအရ သူသည် မြို့ပြကြီးများကို မနှစ်သက်ပေ။ ဆူညံပြီး မကောင်းသလို လေထုလဲညစ်ညမ်းတာမို့ သူ့အတွက် နေထိုင်ရတာ အဆင်မပြေဘူး။

လျိုဖန်း တောင်တွင် နေထိုင်ရတာက သူ့ကို ပျော်ရွှင်စေသည်။ တောင်က လှရုံတင်မကပဲ ရေကောင်းမြေကောင်း ဖြစ်သလို ရှုရှိုက်ရသော လေထုကပင် သူ့အတွက် ချိုမြသည်။

လုသခင်ကြီး၏ အမြင်တွင် ဒီနေရာက မြို့ပြကြီးများထက် ပိုကောင်းသည်။

လုသခင်ကြီးအပြင် အလွန်ရိုးရှင်းသော အစေခံတစ်ယောက်သာ ရှိသည်။ လုအိမ်တော်ရဲ့ အရင်အိမ်ထိန်းဖြစ်ပြီး လုသခင်ကြီးရဲ့ နေ့စဉ်ကိစ္စများကို ဂရုစိုက် ပေးသည်။

လုရွှယ်ယင် အထဲကို ဝင်သွားလိုက်တဲ့ အခါမှာ ပန်းပင်များကို ရေလောင်းနေသော လုသခင်ကြီးကို တွေ့လိုက်ရသည်။

“ဖိုးဖိုး သမီးရောက်ပြီ”

အဖိုးလု အနောက်လှည့်လိုက်သောအခါ လှမ်းလာနေသော မြေးမ ဖြစ်သူကို မြင်လိုက်ရသည်။ အဖိုးလုသည် တက်ကြွစွာ ပြောလိုက်သည်။

“ ကောင်မလေး ရောက်ပြီလား? မှန်တယ်။ လာ မြန်မြန်လာထိုင်။ ဖိုးဖိုးက ဘာမှ မလုပ်ပေးနိုင်လို့ စိတ်မကောင်းဖြစ်နေခဲ့တာ။ သမီးအဲ့နေရာကနေ အားလူးတွေ တူးသွားပြီး အိမ်ယူသွားလိုက်ချေ။ သမီးအဖေ နံရိုးအားလူးနှပ် လုပ်ပေးလိမ့်မယ်”

အဖိုးလုသည် အလွန်သန်မာဖြတ်လတ်နေသည်။ လင်းဖေးဟန်၏ ကုသမှုအပြီးမှာ သာမာန်ထက်ကို သန်မာသွားခဲ့တာပင်။

ဒါကိုမြင်တော့ လုရွှယ်ယင် သက်ပြင်း တစ်ချက်ချလိုက်သည်။ သူမအဖိုးက အကုန်ကောင်းသည်။ ဒါပေမဲ့ သူမကို မြင်တိုင်း အပင်စိုက်ခိုင်းရင်စိုက်ခိုင်း၊ မဟုတ်ရင် အပင်မှ ခူးသွားခိုင်းပြီး အကြိမ်တိုင်း သူမ၏ အဝတ်အစားအသစ်များကို ပေအောင် လုပ်လိမ့်မည်။

ဒါပေမဲ့လဲ သူမ မငြင်းနိုင်ဘဲ လုပ်ရဆဲပင်။

နေရာတွင် ရပ်မြဲရပ်နေပြီး မလာတော့တဲ့ လုရွယ်ယင်ကို ကြည့်ပြီး လုသခင်ကြီးသည် ထပ်လောလိုက်ရသည်။

“ဒီကိုမြန်မြန်လာလေ။ မင်းတို့ လူငယ်တွေက ရုံးခန်းမှာ အမြဲထိုင်နေတာ ကျန်းမာရေး ထိတယ်။ မြန်မြန် လေ့ကျင့်ခန်းလုပ်လိုက်။ ငယ်တုန်း မလုပ်ခဲ့ရင် ကြီးကျမှ ဖျားနာ နေမယ်”

လုရွယ်ယင် ကူကယ်ရာမဲ့စွာပဲ သူမရဲ့ ဘောင်းဘီရှည်ကို လိပ်တင်ပြီး ဒေါက်ဖိနပ် ချွတ်လိုက်သည်။ ခြေဗလာနဲ့ သီးနှံစိုက်ခင်းထဲကို ဝင်သွားလိုက်သည်။

ပေါက်တူးအသေးလေးကို ကိုင်ကာ ထိုင်လိုက်ပြီး အာလူးစတင် တူးလိုက်သည်။

အခုချိန်မှာ အာလူးတစ်လုံး တူးရချိန်တိုင်းက သူမအတွက် ဆယ်မီလီယံလောက် ငွေရှာရတာထက် ပိုခက်ခဲကြောင်း ခံစား နေရသည်။

ရိုးရိုးသားသားပြောရရင် ဒါက သူမရဲ့ ချို့ယွင်းတဲ့ အပိုင်းများလားပဲ?

ဒါပေါ့။ ငါက ဘယ်ချို့ယွင်းရမှာလဲ? ပါးစပ်တစ်ချက် ဟတာနဲ့ ဆယ်မီလီယံ ရှာနိုင်သည်။ တစ်ကယ်ကို အဖိုးက ဒီလောက် ကြီးတဲ့အချိန်ကျမှ ဘာလို့ အေးဆေး ဘဝကို မပျော်မွေ့ပဲ တောင်ပေါ်လာပြီး လယ်သမား လုပ်နေလဲဆိုတာ နားမလည်နိုင်ဘူး။ ဘယ်သူမှ မနေတဲ့နေရာမှာ ပျော်နေတယ်။

ကြည့်နေရင်းနဲ့ အဖိုးလု မနေနိုင်စွာ လုရွှယ်ယင်ဆီကို လျှောက်လာပြီး ညွှန်ကြားချက် ထုတ်ရတော့သည်။ အချိန်အကြာကြီး ညွှန်ကြားသင်ပြမှုများ အပြီးမှာ နောက်ဆုံးတော့ လုရွှယ်ယင် ပြီးမြောက်သွားခဲ့ပြီ။

ယွမ်သိန်းချီတန်သော ဝတ်စုံက အခုချိန်မှာ ညစ်ပေသွားခဲ့ပြီ။ သူမရဲ့ ဖြူဖွေးဖွေး မျက်နှာထက်တွင် ချွေးနဲ့ဖုန်များစွာ ပေနေသည်။

ထို့နောက်တွင် အဖိုးဖြစ်သူရဲ့ နောက်ကနေ ရေတွင်းဆီကို လိုက်သွားပြီး ခြင်းတစ်ဝက် ရေဆွဲလိုက်သည်။ သူမရဲ့ ခြေတွေ လက်တွေနဲ့ မျက်နှာကို ဆေးကြောပြီးနောက်မှာ ညစာစားချိန်ရောက်သွားခဲ့ပြီ။

ညစာသည် ရိုးရှင်းလှသည်။ အားလူးချိုဟင်း၊ သခွားသီးနဲ့ ဆန်ပြုတ်ပင်။

နောက်ဆုံးတော့ တိတ်ဆိတ်တဲ့ ညစာ ချိန်လေးကို ရောက်ခဲ့ပြီပင်။ ထမင်းဝိုင်းတွင် ဘယ်သူမှ စကားမပြောကြပေ။ ထမင်းစားချိန်နဲ့ အိပ်ချိန်တွင် စကားမပြော ရဘူးဆိုသော အဖိုးလုရဲ့ စည်းကမ်းကြောင့် ဖြစ်သည်။

လုရွှယ်ယင်သည် သူမခေါင်းထဲရှိ အတွေးများကို စဉ်းစားနေရင်း အစားအသောက်ကို ခါးသက်စွာ ဝါးနေခဲ့သည်။

နောက်ဆုံး လုသခင်ကြီး၏ ဇိမ်ကျသော ညစာချိန် ပြီးသွားမှသာ လုရွှယ်ယင် ပြောလိုက်သည်။

“ဖိုးဖိုး သမီးဒီကိုလာတာ တစ်ခုခု ပြောချင်လို့ပါ”

ထိုစကားကိုကြားသော နောက်မှာ အဖိုးလုသည် ချောင်းနှစ်ကြိမ် သည်းသွားသည်။ အခါးရည်ကို သောက်လိုက်ပြီးနောက်တွင် ဖြေးညှင်းစွာ ပြောလိုက်သည်။

“ မင်း ဘော်ဒီဂတ်အကြောင်းကို ပြောနေတာလား?”

လုရွှယ်ယင် အနည်းငယ် ရှုတ်ထွေးသွားပြီး ခေါင်းငုံ့ကာ ပြောလိုက်သည်။

“ဟုတ်တယ်။ ဖိုးဖိုး ဘယ်လိုသိတာလဲ?”

လုသခင်ကြီး ခါးသက်စွာ ပြုံးလိုက်ကာ ဆံပင်ဖွလိုက်သည်။ ထို့နောက်တွင် ကူကယ်ရာမဲ့စွာ ခေါင်းယမ်းလိုက်ပြီး

“ မင်းတို့ လူငယ်တွေကတော့လေ ငါ မသိသလို ဟန်ဆောင်လို့ ရအုံးမှာလား?”

လုရွှယ်ယင် မဲ့လိုက်ပြီး ဆူပုတ်ပုတ် ပြောလိုက်သည်။

“ ဖိုးဖိုး သူက ဘော်ဒီဂတ်ပဲ ဟုတ်လို့လား? ဘာလို့သူ့ကို အဲ့လိုမျိုးဆက်ဆံရတာလဲ? ဒါ့အပြင် သူ့မှာ မကောင်းတဲ့ အကျင့်လဲ ရှိသေးတယ်။ သူက တဏှာကြီးရုံတင်မကပဲ ပြဿနာရှာရတာလဲ ကြိုက်သေးတယ်။ သမီးသူ့ရဲ့ အရှုတ်တွေကို လိုက်ရှင်းနေရမှာ။ ကောင်းကောင်း မရှင်းနိုင်ရင် အနာဂတ်ကျ သမီးကိုပါ ပြန်ဒုက္ခပေးမှာလေ”

အဖိုးလု ထိုစကားကို ကြားသောအခါမှာ မျက်မှောင်ကြုတ်သွားပြီး ခါးသက်စွာ ပြုံးလိုက်သည်။

“ ရှောင်ယင် ရှောင်ယင် ငါ့ရဲ့ကြီးမားလှတဲ့ ကျေးဇူးတရားက အခုတော့ အလကား ဖြစ်သွားရပြီ။ အဖိုးရဲ့ ကောင်းမွန်တဲ့ ရည်မှန်းချက်ကို ရှောင်ယင် မမြင်ဘူး!”

“ ဒီကလေးက တစ်ကယ်ပဲ မကောင်းတဲ့သူလား?”

အဖိုးလု ထပ်မေးလိုက်သည်။

လုရွှယ်ယင် မျက်မှောင်ကြုတ်သွားသည်။

လုသခင်ကြီး ထပ်မပြောတော့ဖို့ လုပ်လို​က်သည်။

​မြေးမဖြစ်သူရဲ့ ဒေါသကို သိစွာပင် သူထပ်ပြောမိလို့ကတော့ ပေါက်ကွဲ ခံရနိုင်သည်။

လုသခင်ကြီး စကားလမ်းကြောင်းလွှဲကာ မေးလိုက်သည်။

“ ဒါနဲ့ ​ရှောင်ဟန် ဒီရက်ပိုင်း ဘယ်လိုနေလဲ?”

“ဟမ်?” လင်းဖေးဟန်ရဲ့ ယုံကြည်မှုရှိသော အပြုံးက ရုတ်တရက် သူမအာရုံထဲ ပေါ်လာခဲ့သည်။

ခေါင်းထဲမှ လင်းဖေးဟန်ရဲ့ မျက်နှာကို အမြန်မောင်းထုတ်လိုက်ကာ သူမပြောလိုက်သည်။

“ အရင်အတိုင်းပါပဲ”.

“အာ..”

အဖိုးလုသည် ကြာမြင့်စွာ သက်ပြင်းချပြီး နောက်တွင် ပြောလိုက်သည်။

“ တစ်ကယ်ပဲ မင်းတို့လူငယ်တွေရဲ့ အတွေးတွေကို မသိတော့ဘူး”

“အရင်တုန်းက သမီးသူ့အကြောင်း ပြောရင် သမီးရဲ့လေသံက သူ့ကိုသတ်ပစ်ချင် နေသလိုမျိုးကို မာကြောနေတာ။ ဒီနေ့ အရမ်းပြောင်းသွားပါလား? သမီးရဲ့လေသံက တည်ငြိမ်နေတယ်။ ဒီကိစ္စက နည်းနည်း ရှုတ်ထွေးတယ်လို့ အဖိုးထင်တယ်။ တစ်ကယ် မရိုးရှင်းဘူး!”

“ဖိုးဖိုး ဘာတွေ ပြောနေတာလဲ?!”

နီရဲနေတဲ့ မျက်နှာနဲ့ လုရွှယ်ယင် ပြောလိုက်သည်။

အဖိုးလုသည် လက်ယမ်းလိုက်ကာ

“ ဟုတ်ပြီ ဟုတ်ပြီ ဒီအကြောင်းကို မပြောကြတာပေါ့။ မင်းတို့ လူငယ်တွေ အကြောင်းကို ငါမေးလို့လဲ မရဘူး။ ဒါပေမဲ့ အဖိုးပြောမယ်။ သမီးရဲ့ နှလုံးသားထဲမှာ သတ်မှတ်မှုတစ်ခု ချထားတာ ကောင်းမယ်။ အဲ့အချက်နဲ့ ကိုက်တာတွေ့ရင် သမီးရဲ့ နှလုံးသားက သိလာမှာပါ”

All Chapters