အခန်း (၁၀၈)
Vol. 8 Ch. 108
လုရွှယ်ယင် ခေါင်းဆက်ငုံ့ထားပြီး ဘာမှ ပြန်မပြောပေ။
အချိန်အကြာကြီး ကြာမြင့်ပြီးနောက်မှာ လုသခင်ကြီး ဆက်မေးလာသည်။
“ ကျင်းပိုင်မြို့ရဲ့ လူငယ်တွေကြားမှာ ရှောင်ဟန်က အကောင်းဆုံးလို့ အဖိုးထင်တယ်။ သမီးမှာ ကောင်းတဲ့ ရွေးချယ်ထားတဲ့သူ မရှိဘူးဆိုရင် သူ့ကို စဥ်းစားကြည့်ပေးလို့ ရတယ်လေ။ ဒါနဲ့ အဖိုးရဲ့ ၇၈ နှစ်ပြည့် မွေးနေ့ပွဲက မကြာခင် လာတော့မှာ။ ရှောင်ဟန်ကို ပွဲတက်ဖို့ ဖိတ်လိုက်ပါအုံး”
လုရွှယ်ယင်, “....”
လုရွှယ်ယင် ဆက်ပြီး မနေရဲတော့တာမို့ နှုတ်ဆက်ပြီးတာနဲ့ တန်းပြန်ကာ ပြေးတော့သည်။
ထိုအချိန်မှာ လင်းဖေးဟန် ဆေးရုံက ထွက်လာပြီး ဆေးရုံ အပေါက်ဝတွင် ရှိနေခဲ့သည်။ အရှိန်နဲ့ ဂိတ်ပေါက်ကို ဖြတ်သွားသော လုရွှယ်ယင်ရဲ့ကားကို မြင်လိုက်ရသည်။
တစ်ချက်ကြည့်လိုက်ရုံနဲ့ လုရွှယ်ယင်ရဲ့ ကားကို သူမြင်သည်လေ။
ရုတ်တရက် အတွေးတစ်ခု သူ့ခေါင်းထဲ ဝင်လာခဲ့သည်။
အခြေအနေကို တည်ငြိမ်အောင် လုပ်ပြီး နောက်အစီအစဥ်တစ်ခု ဆွဲနိုင်အောင်လို့ လုရွှယ်ယင်နဲ့ ထပ်တွေ့ဖို့ရန် သူဆုံးဖြတ် လိုက်သည်။
လင်းဖေးဟန် ကားဆီကို အမြန်သွားကာ သူမကားကို အမှီလိုက်လိုက်သည်။
လုရွှယ်ယင် သူမရဲ့အိမ်ကိုပြန်နေတာ သူသိသည်။ သူ့ရဲ့ကားမောင်စကေးနဲ့ဆိုရင် ဖြတ်လမ်းကသွားလိုက်ပြီး သေချာပေါက် အမှီလိုက်နိုင်မှာပင်။
ဆယ်မိနစ်ကြာပြီးနောက်မှာ လင်းဖေးဟန် ကားကို ကားပါကင်တွင် ရပ်လိုက်သည်။ လုရွှယ်ယင် ဖြတ်သွားမဲ့ လမ်းမပေါ်ကို အပြေးသွားလိုက်သည်။
သူ့အနောက်က ကားဟွန်းတီးသံကို ကြားတော့ သူဖြည်းဖြည်းချင်း အနောက်ကို လှည့်ကြည့် လိုက်သည်။
သူ့ကို ဟွန်းတီးနေသော လုရွှယ်ယင်ရဲ့ ကားကို မြင်လိုက်ရသည်။
လုရွှယ်ယင် အနည်းငယ် ထူးဆန်းနေခဲ့သည်။ ကောင်းကင်က မည်းမှောင်နေပြီး လမ်းမကလဲ မလင်းပေ။ လူတွေလဲ အများကြီး ရှိနေသည်မို့ သူမ၏အမြင် သိပ်မကောင်းနေသော်လည်း လူအုပ်ကြားထဲမှ အမဲရောင်အရိပ်တစ်ခုကို သူမတွေ့လိုက်ရသည်။ တစ်ချက်ကြည့်လိုက်ရုံနဲ့ လင်းဖေးဟန်မှန်း သူမ မှတ်မိသွားသည်။
သူမအနည်းငယ် အံ့သြသွားခဲ့သည်။
တစ်ကယ်တော့ လုရွှယ်ယင် ကားကို မရပ်ချင်ခဲ့ပေ။ အခုအချိန်မှာ လင်းဖေးဟန် မြင်သွားရင် ရှက်ဖို့ကောင်းမှာလေ။
သူမ အလွန်ညစ်ပတ်နေခဲ့လို့ဖြစ်သည်။ လက်တစ်ဖက်က ညစ်ပတ်နေပြီး မောင်းသူဘေးခုံပေါ်မှာ အားလူးသီးထုတ် အကြီးကြီးရှိသည်။
ဒီကိစ္စသာ ပျံ့သွားပြီး လူသိသွားရင် တစ်ကယ်ကို လူပြောစရာ ကိစ္စကြီး ဖြစ်သွားမှာ။
သတင်းခေါင်းစဥ်ကိုပါ သူမ တွေးမိသွားပြီ။
“ထိတ်လန့်ဖွယ်သတင်း! လုအုပ်စုရဲ့ အေးစက်တဲ့ နတ်ဘုရားမ လုရွှယ်ယင်က တစ်ကယ်ကတော့ အာလူးစားရတာကြိုက်တယ်”
လင်းဖေးဟန်က သတင်းလိုက်ဖွမဲ့သူ မဟုတ်ရင်တောင်မှ အခုမြင်ကွင်းက သူမကို အမြဲခြောက်လန့်နေမှာ။
သူမ မူလက ကားအရှိန်ရပ်လိုက်ပြီး လင်းဖေးဟန်ကို မမြင်သလို ဟန်ဆောင် ခဲ့သည်။
ဒါပေမဲ့ လင်းဖေးဟန် သူမကို တွေ့ပြီး သေချာ တစ်ဖက်လှည့်တာလား၊ ဒါမှမဟုတ် သတိ မမူမိလို့လား ဆိုတာ မသေချာပေ။ လင်းဖေးဟန် ဦးတည်ရာပြောင်းပြီး သူမကို ကျော်တက်ဖို့ခက်ခဲအောင် လုပ်လိုက်သည်။
လင်းဖေးဟန်နဲ့ နီးသထက် နီးလာတာမို့ သူမ အရှိန်ကိုရှော့ရင်း ရှော့ရင်းနဲ့ နောက်ဆုံး တွန့်ဆုတ်စွာ ကားရပ်လိုက်ရသည်။
သူမ မမြင်သလို ဟန်မဆောင်ရဲတော့ပေ။ လင်းဖေးဟန် မေးလာရင် သူမရှင်းပြဖို့ ခက်မည်လေ။
ကားရပ်တာနဲ့ လင်းဖေးဟန် အရှက်မဲ့စွာ လျှောက်လာပြီး ကားတံခါးခေါက်ကာ တောက်ပစွာပြုံးလိုက်သည်။ ဖြူဖွေးဖွေး သွားတန်းနှစ်ခုက အမှောင်ထဲမှာ အနည်းငယ် ကြောက်မက်ဖွယ် ဖြစ်နေခဲ့သည်။
ကားပြတင်းက ဖြေးဖြေးချင်းကျသွားပြီး လုရွှယ်ယင်၏ အေးစက်စက် မျက်နှာ ထွက်ပေါ်လာခဲ့သည်။
“ မစ္စလု အလုပ်ဆင်းတာ အရမ်းနောက်ကျတာပဲ”
သူမအဖိုး၏ စကားကြောင့်လား ဘာလားတော့ မသိ၊ အခုချိန်မှာ အမှောင်ထဲက လင်းဖေးဟန်ရဲ့ ပုံစံက အနည်းငယ် မှုန်ဝါးဝါး ဖြစ်နေသလိုပင်။ လင်းဖေးဟန် အနည်းငယ် ချွေးထွက်နေခဲ့သည်။ ယောက်ျားဆန်တဲ့ အရှိန်အဝါနဲ့ လင်းဖေးဟန်က သူမကို အနည်းငယ် ရင်ထဲထိသွားစေသည်။
လုရွှယ်ယင်ရဲ့ နလုံးသားက စတင် အလုပ်လုပ်လာသည်။
အချိန်အကြာကြီး မှင်သက်နေပြီးနောက်မှာ လုရွှယ်ယင် မေးလိုက်သည်
“ မစ္စတာလင်း လေ့ကျင့်ခန်း လုပ်နေတာလား? ဘာလို့ရုံးဝတ်ကြီးနဲ့ လေ့ကျင့်ခန်း လုပ်နေတာလဲ?”
အခုမှ သတိထားမိသလို ဟန်ဆောင်ကာ နှဖူးက ချွေးကိုသုတ်လိုက်ပြီး လင်းဖေးဟန် သဘာဝကျကျ ပြောလိုက်သည်။
“ ငါ အန်ကယ်လုကို ဒီနေ့သွားတွေ့မလို့ပဲ။ ကားက ရုတ်တရက် ပျက်သွားမယ် မထင်ခဲ့မိဘူး။ ဒါနဲ့ကြည့်လိုက်တော့ လူတွေလဲ အများကြီးရှိနေတာ မြင်တာနဲ့ လေ့ကျင့်ခန်းလို့ မှတ်ပြီးလာလိုက်တော့တာ”
လင်းဖေးဟန်ကို တုံ့ပြန်တဲ့အနေနဲ့ လုရွှယ်ယင် ခေါင်းညိတ်ပြလိုက်သည်။ ဒါပေမဲ့ လင်းဖေးဟန်က သူမရဲ့ကားပြတင်းကို အရှက်မဲ့စွာ ဆုတ်ကိုင်ထားဆဲ ဖြစ်ကာ ထွက်သွားမည့်ပုံမပေါ်ပေ။
လုရွှယ်ယင် ခဏလောက် တုံ့ဆိုင်းသွားပြီးနောက်တွင် နှုတ်ခမ်းကိုက်ကာ ပြောလိုက်သည်။
“ ဒါမှမဟုတ်… ငါနဲ့လိုက်ခဲ့ရင်ကော?”
လင်းဖေးဟန် ပြုံးပြီးပြောလိုက်သည်။
“ တစ်ကယ်တော့ ငါလဲအဲ့လိုဆိုလိုချင်တာ”
လင်းဖေးဟန် အခွင့်အရေးယူပြီး နှစ်ကြိမ်လောက် ပြုံးပြလိုက်သည်။ လုရွှယ်ယင်ရဲ့ ကားကို ပုံမှန်လိုပဲ ဖွင့်ကာ ဘေးခုံမှာ ဝင်ထိုင်လိုက်သည်။
မကြာခင်မှာပဲ သူ အားလူးထုတ်ကို သတိ ထားမိသွားခဲ့သည်။
ကားက ဖြေးညှင်းစွာ မောင်းနှင်နေခဲ့သည်။ နောက်ဆုံး အက်ဆီးဒန့် ပြီးတည်းက လုရွှယ်ယင် ကားအမြန်မမောင်းရဲတော့ပေ။
ကားထဲရှိ အနံ့အသက် ပိုကောင်းသွားအောင်လို့ ပြတင်းနှစ်ဖက်လုံးကို နည်းနည်းဆီ အောက်ချ ပေးလိုက်သည်။ ညဘက်မှာ ရာသီဥတုက နည်းနည်းပူသည်။ အပြင်က လေလေး နည်းနည်းဝင်ရင် ကားထဲမှာ နေသာ သွားမည်လေ။
လင်းဖေးဟန် အာလူးထုတ်ကိုကြည့်ကာ ပြောလိုက်သည်။
“ ဝိုး ဒါက အသီးအနှံကောင်းပဲ။ မင်းဘယ်က ရခဲ့တာလဲ?”
ထို့နောက်မှာ လုရွှယ်ယင်ကို ထပ်ကြည့်လိုက်ပြီး အနည်းငယ် အံ့အားသင့်စွာ ပြောလိုက်သည်။
“ မင်း အပင်စိုက်လာတာလား?”
“အင်း”
လုရွှယ်ယင်ရဲ့မျက်နှာတွင် ဘာဖော်ပြချက်မှ မရှိဘဲ ရိုးရှင်းသော အဖြေတစ်ခုသာ ပေးခဲ့သည်။ သူမ၏ မျက်လုံးသည် ရှေ့တည့်တည့်ကိုကြည့်ကာ ကားမောင်းတာမှာပဲ အာရုံစိုက်နေပြီး ပုံမှန်ထက် ပိုအေးစက်နေခဲ့သည်။
နောက်ဆုံးတော့ လင်းဖေးဟန် သိသွားပြီး ထုတ်ပါမေးလာပြီ။ အရမ်းရှက်ဖို့ ကောင်းတာပဲ။
ထိုအချိန်မှာ လင်းဖေးဟန်ကို အာရုံစိုက်လိုစိတ် သူမမှာ မရှိတော့ပေ။ သူမခေါင်းထဲတွင် အဖိုးဖြစ်သူပြောခဲ့သော စကားများသာ တစ်ဝဲလည်လည်ဖြစ်နေပြီး တစ်ခဏအတွင်း ခံစားချက်များစွာ ဖြစ်ပေါ်နေရသည်။ ပိုဆိုးသည်မှာ လင်းဖေးဟန်အခု သူမကားပေါ်တွင် ရှိနေသည်။ ဒါက ပစ္စည်းခိုးနေတာပေမဲ့ ပိုင်ရှင်ရဲ့စောင့်ကြည့်မှုအောက်မှာ ပစ္စည်း ခိုးနေရသလိုမျိုးပဲ။ ခံစားလို့ မကောင်းစွာဘဲ လုရွှယ်ယင်ကို အနည်းငယ် မသက်မသာ ဖြစ်စေခဲ့သည်။
“အာလူးကကောင်းတယ်။ အာရဟာဓာတ် ပေါတယ်။ အာလူးထဲက ဗီတာမင် C ဓာတ်က အစေ့အဆံတွေထက် ပိုကောင်းတယ်။ အာလူးထဲက ပရိုတိန်းနဲ့ သကြားဓာတ်ကလဲ သာမာန် သီးနှံတွေထက် ပိုများတယ်။ တော်တော်အကျိုးပေးတဲ့ အသီးလို့ ပြောလို့ ရတယ်။ အာလူးများများ စားပေးတာ ခန္ဓာကိုယ်အတွက် ကောင်းတယ်”
လင်းဖေးဟန် ပြောနေရင်း ထိုင်ခုံခါးပတ် ပတ်လိုက်ကာ အလွန်ပျော်နေပုံပေါက်သည်။
ဒီဇိမ်ခံကားက သူ့ကားထက်တောင် ပိုကောင်း သေးသည်။ ထိုင်ခုံတွေကိုက သားရေ အစစ်နဲ့လုပ်ထားတာပင်။ ဒီကောင်မလေး စည်းစိမ်ခံတတ်သားပဲ။
လုရွှယ်ယင် လင်းဖေးဟန်ကို ကြည့်ပြီး အနည်းငယ် အံ့သြသွားသည်။ တစ်ဖက်ကို အမြန် အကြည့်လွှဲလိုက်ကာ
“ မစ္စတာလင်းက အသီးအနှံတွေနဲ့ ပတ်သတ်ပြီး သိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
လင်းဖေးဟန်ရယ်လိုက်ကာ
“ ဒါပေါ့ စားလို့ရတဲ့ အရာမှန်သမျှနဲ့ ငါရင်းနီးတယ်လေ။ အစားအသောက်က လူတွေက ပထမဦးစားပေးအရာပဲ။ စားသောက်ခြင်းက ဘဝရဲ့ အရေးအပါဆုံးပဲ။ ငါကောင်းကောင်း လေ့လာထားရမှာပေါ့”