← Chapters

အခန်း (၁၁၀)

Vol. 8 Ch. 110

အခန်း (၁၁၀)

Vol. 8 Ch. 110

လင်း​ဖေးဟန် ခဏလောက် တွေးလိုက်ကာ

“ အန်ကယ်လု ကျွန်တော့်မှာ အကြံရှိပြီးသားပါ။ ကျွန်တော် ဆေးဝါးဆိုင်ရာ ဘရန်းတစ်ခု ဖန်တီးချင်တယ်။ ဆေးဝါးရဲ့ ဈေးနှုန်းက ပုံမှန်ဆေးတွေထက် လျော့ရမယ်။ ပါဝင်ပစ္စည်းကတော့ မပြောင်းရဘူး။ စီးပွားရေး ဗျူဟာကို သုံးပြီး ကုန်ကျဈေးကို အမြင့်ဆုံးထိ သုံးလိုက်ပြီး နောက်ဆုံးကျ ဈေးကွက်တစ်ခုလုံးကို လက်ဝါးကြီးအုပ်မယ်။ ဒါဆို အနာဂတ်မှာ လူတွေ ချောင်းဆိုးတိုင်း တွေးမိမှာက ကျီကျစ် ချောင်းဆိုးပျောက်ဆေးပဲ”

စကားဆုံးသွားတာနဲ့ လုရှော့ချွန်း မျက်မှောင် ကြုတ်သွားသည်။

သူ အလွန်ကို အံ့အား သင့်သွားရသည်။ လင်း​ဖေးဟန် အခုလို လက်ဝါးကြီး အုပ်ဖို့ တွေးလိမ့်မယ်လို့ သူ မထင်ခဲ့မိပေ။ နည်းလမ်းကောင်းပဲ။ ဒါပေမဲ့ ရင်းရမဲ့ငွေက အလွန်များမှာအမှန်ပင်။ ဒီနည်းလမ်းကို သုံးချင်ရင် တောင့်တင်းတဲ့နောက်ခံနဲ့ တောင့်တင်းတဲ့ ငွေကြေးအထောက်အပံ့ကို လိုအပ်မှာ။

လင်းဖေးဟန်ရဲ့ ရည်မှန်းချက်ကိုလဲ သူ အံ့သြ မိသည်။ လင်းဖေးဟန်ရဲ့ ရည်မှန်းချက်က သေးသေးလေး မဟုတ်ဘူး!

လင်းဖေးဟန်ရဲ့ အကြံက စိတ်ချရတဲ့ အကြံမဟုတ်ဘူးလို့ ပြောမရဘူး။ တစ်ကယ်ကို အကျိုးရှိတဲ့ နည်းလမ်းတစ်ခု ဖြစ်သည်။ အချိန်တိုအတွင်းမှာ ဈေးကွက်ကို ထိုးဖောက်နိုင်ဖို့ အကျိုးအရှိဆုံး နည်းလမ်း ဆိုလဲဟုတ်သည်။ သူတောင် တတ်နိုင်မှာ မဟုတ်ဘူး။ လု မိသားစု တစ်ခုလုံးတောင် တတ်နိုင်မှာမဟုတ်ဘူး။

ယေဘုယျပြောရရင် လင်းဖေးဟန် သူနဲ့ ပူးပေါင်းလိုက်ပြီး ဈေးကိုနှိမ့်ချလိုက်ကာ ဈေးကွက်ဖျက်နိုင်သရွေ့ ဆေးဝါးလောကရဲ့ ချောင်းဆိုးပျောက်ဆေး ဈေးကွက်ကို လက်ဝါးကြီးအုပ်နိုင်မှာပင်။ သာမာန် ပြည်သူတွေက ဈေးနည်းတဲ့ ထုတ်ကုန်က ဈေးကြီးထုတ်ကုန်ထက် ပိုကောင်းမှန်း သိသွားရင် ဈေးကြီးထုတ်ကုန်ကို ဝယ်မည့် သူရှိအုံးမည်လား?

လူမှုပတ်ဝန်းကျင်အတွက် ကောင်းတဲ့အရာလဲ ဖြစ်သလို အကြံကောင်းလဲ ဆိုပေမဲ့ လက်တွေ့ ပေးဆပ်ရမဲ့အရာက ရက်စက်လွန်းလှသည်။

ဒီနည်းလမ်းအရ ဆေးဝါးလောကထဲကို သူတို့တွေ အလုံးအရင်းနဲ့ ဝင်ရောက်လိုက်လို့ ရသည်။ လူတွေကို သူတို့ရဲ့ ပါးစပ်ဖျားက အစာလုစားသလို ဖြစ်မိသွားပြီး လူထုကြားမှာ ဆူညံမှုတစ်ချို့တောင် ဖြစ်ကောင်းဖြစ်စေ နိုင်အုံးမည်။

လု မိသားစုနဲ့ လင်း မိသားစုရဲ့ တစ်ဖက်ထဲ ပူးပေါင်းမဲ့ အင်အားနဲ့ဆိုရင် ထိုအသေးအမွှား လေးတွေကို လျစ်လျူရှုလို့ ရသည်။

ဒါပေမဲ့ အခက်အခဲဆုံး အရာက ဒါပဲ… ရင်းနီးငွေ! ပိုက်ဆံပဲ!

အခုလို ပုံအောပြီး ဈေးကွက် ဖျတ်နိုင်ဖို့ဆိုရင် ငွေပမာဏအများကြီး လိုအပ်သည်။

လက်ရှိမှာ ထိုရင်းနီးမြုပ်နှံမှုက သူ့ရဲ့ လုပ်နိုင်စွမ်းအပြင်မှာ ရှိနေသည်။

ထိုအချိန်မှာ လုရှော့ချွန်း အနည်းငယ် စိတ်လှုပ်ရှားလာရသည်။ သဲကန္တာရထဲမှာ ရောက်နေပြီး ရေလိုအပ်နေချိန်မှာ ရုတ်တရက် အိုအေစစ်ကို တွေ့သွားပေမဲ့လဲ ဘယ်လောက် လမ်းလျှောက်လျှောက် မရောက်နေသလိုပဲ။ နောက်ဆုံးတော့ အကုန်လုံးက အချည်းအနှီးပဲ။

လုရှော့ချွန်း ဆေးလိပ်ကို ခပ်ပြင်းပြင်း ရှိုက်လိုက်ပြီး အငွေ့တွေ အပြင်ထုတ်ကာ ကူကယ်ရာမဲ့စွာ ခေါင်းရမ်းလိုက်သည်။

“ ရှောင်ဟန် မင်းရဲ့အကြံက တည့်တိုးဆန်ပြီး ထိန်းချုပ်မှုမရှိဘူးလို့ ပြောလို့ရတယ်။ ဆိုးတယ်လို့ ပြောလို့ရသလို အရမ်း အံ့သြဖွယ်ရာ ဖြစ်တယ်လို့လဲ ပြောရပြန်တယ်။ ဒါပေမဲ့ အန်ကယ့်မှာ တစ်ကယ်ကို ငွေအဲ့လောက် မရှိဘူး”

လင်းဖေးဟန် ကိုယ့်ဘာသာ တွေးလိုက်သည်။

“အန်ကယ့်မှာ ငွေမလောက်တာ သိတာပေါ့။ အန်ကယ့်မှာသာ ငွေလောက်နေရင် ငါ ဘာလို့ပြောနေရမှာလဲ? အဲ့လိုမှမဟုတ်ရင် ငါ လုရွှယ်ယင်နဲ့ ဘယ်ပူးပေါင်းနိုင်တော့မလဲ?”

လင်း​ဖေးဟန် ထိုသို့ စိတ်ထဲက ပြောနေ ခဲ့ပေမဲ့ အပြင်ပန်းတွင် အနည်းငယ် ရှက်ရွံ့နေဟန် ဆောင်လိုက်ကာ

“ တစ်ကယ်တော့လေ ကျွန်တော် အကြာကြီးတွေးခဲ့ပြီး နောက်ဆုံးမှ ပြီးပြည့်စုံတဲ့ အစီအစဥ်နဲ့လာခဲ့တာပါ။ အန်ကယ့်ကို ဒီအစီအစဥ်က သေချာပေါက် အောင်မြင်မဲ့အစီအစဥ်ဆိုတာ အာမခံပြီး ပြောရဲတယ်။ ကျွန်တော် အ​ဖေနဲ့လဲ ဆွေးနွေးထား ပြီးသား။ အန့်ကယ်ဆီမှာ တစ်ကယ်တော့ သိပ်အသုံးမဝင်တဲ့ စတော့ တစ်ချို့ရှိနေတာပဲ၊ အဲ့တာတွေကို ရောင်းလိုက်ပြီး ဒီမှာဘာလို့ အကုန် မမြုပ်နှံ ရမှာလဲ?”

လုရှော့ချွန်း အကြာကြီးတွေးပြီးနောက်မှာ ဒီကိစ္စက အောင်မြင်နိုင်သည်လို့ တွေးမိသည်။

ထို့နောက်မှာ လုရှော့ချွန်း ထပ်မေးလိုက်သည်။

“ ကောင်းပြီ ရှောင်ဟန် အန့်ကယ်ကို ပမာဏ ပြောလိုက်ပါ။ ဒါမှ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်နိုင်အောင်လို့”

လင်းဖေးဟန် လက်ငါးချောင်း ဖြန့်ပြလိုက်သည်။

500 မီလီယံလား? မဆိုးပါဘူး။

လုရှော့ချွန်း ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ 500 မီလီယံအထိ တိုးသွားတာလား? အဲ့လောက်က အန်ကယ် လုပ်နိုင်ပါတယ်”

လင်းဖေးဟန် ခေါင်းရမ်းကာ ပြောလိုက်သည်။

“ မများပါဘူး 5 ဘီလီယံလောက်တော့ သွားမှာ!”

“ဖွီ!”

လုရှော့ချွန်း အခါးရည်တွေ သည်းတော့မလို့ကို ဖြစ်သွားသည်။

လုရှော့ချွန်း လင်းဖေးဟန်ရဲ့ မျက်နှာကို ကြည့်ကာ အကြာကြီးတွေးတောလိုက်သည်။ နောက်ဆုံးတော့ လင်းဖေးဟန်ရဲ့ ဆိုလိုရင်းကို သူနားလည်သွားခဲ့သည်။

ဒီကောင်လေးက သေချာကြီးကို သူနဲ့ပူးပေါင်း ချင်နေတာ မဟုတ်ဘူး။ ရှောင်ယင်နဲ့ ပူးပေါင်း ချင်နေတာ။

မိန်းမလှနဲ့တွေ့တာနဲ့ သစ္စာရှိမှုကို မေ့သွားတဲ့ကောင်ပဲ!

ဒါပေမဲ့ ငါကြိုက်တယ်။ မင်းတို့ လူငယ်တွေပဲ။ ကိုယ်ကြိုက်တဲ့ကောင်မလေးကို လိုက်ဖို့ဆို ရှိသမျှ အကုန်ထုတ်ကြိုးစား ရမှာပေါ့။ ငါလဲ ငယ်ငယ်တုန်းက အဲ့အတိုင်းပဲ။

မြေခွေးအိုကြီး လုရှော့ချွန်း ချက်ချင်းပဲ ပြောလိုက်သည်။

“ အိုး အရမ်းများတာပဲ။ ဒါကသာ လု အုပ်စုရဲ့ မြုပ်နှံမှုဆိုရင် အသင့်အတင့် အနေအထားဆိုပေမဲ့ အခုက ငါ့ရဲ့ သီးသန့် မြုပ်နှံမှုလေ။ ငါကုမ္ပဏီကိုလဲ တောင်းဆိုလို့ မရဘူး”

“ငါမင်းကို ကူညီပေးမယ် ကောင်လေး။ ငါ ရှောင်ယင်ကို မေးပါရစေ။ ရှောင်ယင်သာ သဘောတူခဲ့ရင် ဒီကိစ္စ အောင်မြင်ပြီ”

လုရှော့ချွန်း ထိုသို့သာ ပြောလိုက်ရတာ၊ သူ့နှလုံးသားကတော့ သွေးစိမ်းရှင်ရှင် ထွက်နေရသည်။

ငါက မိန်းမကြောက်ပဲ။ ငါ့အိမ်ရဲ့ အမျိုးသမီး နှစ်ယောက်က အသက်ရှင်နေကြတဲ့ ငါ့ရဲ့ ဘိုးဘေးလေးတွေ! ငါတစ်ကယ် သူတို့ စိတ်ဆိုးအောင် မလုပ်ရဲဘူး။

ကုမ္ပဏီမှာတော့ ငါက အားကြီးပြီး ရှိန်ဖို့ကောင်းတဲ့ ကျားပေါ့။

ငါ့ရာထူးအရ အမှားတစ်စုံတစ်ရာလဲ မကျူးလွန်ဖူးသလို ကုမ္ပဏီကို အမြဲ အကျိုးအမြတ်ရအောင် လုပ်ပေးခဲ့တယ်။

ဒါပေမဲ့ ငါရှာသမျှ ငွေတွေကို လက်ပူရအောင်တောင် မကိုင်ရသေးဘူး။ ဘိုးဘေးလေးနှစ်ယောက်အတွက် အညီအမျှ ခွဲပေးရတယ်။ အထူးသဖြင့် ငါ့မိန်းမပဲ။

ဒီတစ်​ကြိမ်မှာ ငါက ကစားပွဲကို ပြောင်းပြန် ​လှည့်ပြီး ကိုယ့်ကိုယ်ကို သက်သေပြချင် ခဲ့ပေမဲ့ ငွေက မလောက်ပြန်ဘူး။

လုရှော့ချွန်း ကူကယ်ရာမဲ့စွာ ခေါင်းရမ်း လိုက်သည်။ ကြည့်ရတာ သူ့ရဲ့ ရင်းနီးမြုပ်နှံတဲ့ အိပ်မက်လေးက အိပ်မက်အဖြစ်ပဲ ရှိနေရတော့မဲ့ ပုံပဲ။

ရင်းနီးမြုပ်နှံမှုလောက က အန္တရာယ်များတယ်။ မိတ်ဆွေဖွဲ့တဲ့ အချိန် သတိထားဖို့လိုတယ်။

အမှန်ပဲ။

လင်းဖေးဟန်ဆိုတဲ့ ညံ့ဖျင်းတဲ့ ကောင်စုတ်လေးက သူ့ကို မျှော်လင့်ချက်တွေ ပေးသွားတာ။

လင်းဖေးဟန်ရဲ့ ပုခုံးကို လုရှော့ချွန်း ပုတ်လို​က်ကာ အပြုံးတစ်ခုနဲ့ ပြောလိုက်သည်။

“ စိတ်မပူပါနဲ့။ မင်းရဲ့အကြံကို ငါအရမ်း ကြိုက်တယ်။ သေချာပေါက် အလုပ်ဖြစ်မှာပါ။ ရှောင်ယင် မင်းကို သဘောမတူစရာ အကြောင်းမရှိဘူး”

“ အခု အဲ့ဒီကိစ္စတွေကို ရှောင်ယင် ကိုင်တွယ် နေတာ။ ငါက ကုမ္ပဏီကို မမေးတာကြာပြီ။ အဲ့ကနေ ငါဘယ်လောက် ရနိုင်တယ်က ငါလဲအာမခံပြီး မပြောနိုင်နေဘူး”

လင်းဖေးဟန် ခေါင်းညိတ်ကာ အပြုံးနဲ့ပြန်ဖြေ လိုက်သည်။

“ ဒါဆို အန်ကယ့်ကိုပဲ ဒုက္ခပေးပါတော့မယ်။ ဒါ့အပြင် မကြာခင်မှာ လင်း အုပ်စုက ထပ်ပြီး ရင်းနှီးမှုတွေ လုပ်အုံးမှာပါ။ အန််ကယ် လိုအပ်တာမျိုးရှိရင် တတ်နိုင်သလောက် သေချာပေါက် ဆက်သွယ်လိုက်ပါ့မယ်။ ဒီကိစ္စကိုတော့ ကျွန်တော့်ကို စိတ်သာ ချထားလိုက်ပါ”

လင်း အုပ်စုမှာ ထပ်ပြီး ရင်းနှီးမှုတွေ လုပ်တာ မလုပ်တာ သိပ်စိတ်မဝင်စားပေမဲ့ လင်းဖေးဟန်ရဲ့ စကားတွေကတော့ သူ့ကို ခံစားလို့ကောင်းစေသည်။

ဒီရှောင်ဟန်က တစ်ကယ်ကို လူကောင်းလေးပဲ။

လုရှော့ချွန်းပြုံးကာ ပြောလိုက်သည်။

“ကောင်းပြီ”

လင်းဖေးဟန် လုရှော့ချွန်းကို စကားအနည်းငယ် ထပ်ပြောပြီးနောက်မှာ ပြောလိုက်သည်။

“ ဟုတ် အန်ကယ်။ ဒါကို ဒီတိုင်းပဲ ထားတာပေါ့။ ရှောင်ယင်မှာ လုပ်စရာတွေ ရှိနေသေးတယ်။ ကျွန်တော် သွားရှာ လိုက်အုံးမယ်”

လု အိမ်ထိရောက်လာတာ လုရှော့ချွန်းနဲ့ ဒီကိစ္စ ဆွေးနွေးဖို့ သေချာပေါက် ဘယ်ဟုတ်မလဲ? ငါ လင်းဖေးဟန်က ဘယ်လိုလူမျိုးလဲ မသိသေး ဘူးလား?

All Chapters