← Chapters

အခန်း (၁၁၁)

Vol. 8 Ch. 111

အခန်း (၁၁၁)

Vol. 8 Ch. 111

လုရှော့ချွန်း ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“ ရှောင်ယင်က အခု ဒုတိယထပ်မှာ အလုပ် လုပ်နေလောက်တယ်။ ဒုတိယထပ်ရဲ့ ဘယ်ဘက်က အညိုရောင်တံခါးဆီကို သွားလိုက်ပါ”

“ဟုတ် ကျေးဇူးပါ အန်ကယ်”

ဒုတိယထပ်ရဲ့ အလုပ်ခန်းရှေ့ကို ရောက်တဲ့ အခါမှာ လင်းဖေးဟန် တံခါးခေါက်ပြီး နူးညံ့စွာ ပြောလိုက်သည်။

“ မင်း အထဲမှာရှိလား?”

လင်းဖေးဟန်ရဲ့ စကားသံအဆုံးမှာ နဂိုက ကြားနေရသော စာရိုက်သံသည် ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။ ခဏလောက် တိတ်ဆိတ်နေပြီးမှ အတွင်းကနေ ဖျော့တော့သောအသံတစ်ခု ထွက်လာသည်။

“ ဝင်ခဲ့ပါ!”

လင်းဖေးဟန် ဖြည်းညှင်းစွာ တံခါးဖွင့်လိုက်တာနဲ့ ရုံးခန်းထိုင်ခုံမှာ ထိုင်နေသော လန်းဆန်းပြီးလှပနေတဲ့ အမျိုးသမီးလေးကို မြင်လိုက်သည်။ ပန်းရောင် ညအိပ်ဝတ်စုံဝတ်ထားပြီး အင်္ကျီလက်စကို ခေါက်တင်ထားသော သူမသည် ကြာပန်းဖြူကဲ့သို့ ဖြူဖွေးပိန်ပါးသော လက်မောင်းတစ်စုံကို ဖော်ထုတ်ထားသည်။

ထိုအချိန်မှာ လုရွှယ်ယင်သည် လက်ထဲမှာ ဘောပင်တစ်ချောင်းကိုင်ထားပြီး စာရွက်တစ်ခုပေါ်မှာ တစ်ခုခုကို ရေးနေတာပင်။

လင်းဖေးဟန် ရယ်မိသွားသည်။ လုရွှယ်ယင် ဘာမှ ပြောမလာပေ။

လုရွှယ်ယင် ရဲ့ ထူးဆန်းစွာ အလုပ်လုပ်နေပုံကို သူ ဆက်မကြည့်နိုင်တော့တာမို့ စကားစ လိုက်သည်။

“ မင်း မနက်ကော ညကော အလုပ်လုပ်နေတာလား? ပင်ပန်း တော့မှာပဲ”

လင်း​ဖေးဟန် လုရွှယ်ယင်ကို နောက်ကျော ပေးလိုက်ရင်း ပြင်သစ်ပုံစံ ပြတင်းပေါက်ဆီကို သွားကာ အပြင်က ညရှုခင်းကို ကြည့်ရင်း ပြောလိုက်သည်။

ညလေပြေက သူ့မျက်နှာကို ဖြတ်တိုက် သွားခဲ့သည်။ အေးမြလိုက်တာ..

“ နင်ဘာလိုချင်လို့လဲ?”

လုရွှယ်ယင် ခေါင်းပင် ထောင်မလာခဲ့ပေ။ အလုပ်ရှုတ်နေဆဲဖြစ်ပြီး စာရွက်ပေါ်မှာ ဟိုခြစ် ဒီခြစ် လုပ်နေဆဲပင်။

မိန်းမဆိုတာ အငြိုးထားတတ်တဲ့ သတ္တဝါတွေ ဖြစ်တဲ့အလျောက် အစောပိုင်းက အဖြစ်အပျက်ကို လုရွှယ်ယင် မှတ်မိနေဆဲ ဖြစ်သည်။

ပြီးတော့ သူမရဲ့အိမ်ကအလုပ်ခန်းထဲကို မိသားစုကလွဲပြီး အရင်ဆုံးဝင်လာဖူးသူက သူဖြစ်နေပြန်သည်။ လင်းဖေးဟန်ပဲ။

လင်းဖေးဟန်က မသိရင် မကြာခဏ ရောက်ဖူး​နေသူလို ပြုမူနေသည်။ ထိုအရာက သူမကို နေမထိထိုင်မသာ ဖြစ်စေသည်။

လင်းဖေးဟန်သည် အရမ်းကို ပုံမှန်လို လုရွှယ်ယင်ရဲ့ ရုံးခန်းထဲ လှည့်ပတ် ကြည့်နေပြီး လျှောက်ထိကြည့်နေသေးသည်။

မကြာခင်မှာ လုရွှယ်ယင်ရဲ့ အနောက်ကို ရောက်လာခဲ့သည်။

လုရွှယ်ယင် ကိုယ်ကျုံ့သွားပြီး သတိကြီးစွာ အနောက်လှည့်ကာ လင်းဖေးဟန်ကို ကြည့်လိုက်သည်။ မျက်မှောင်ကြုတ်ကာ အေးစက်စက်ပြောလိုက်သည်။

“ နင်ဘာလို့ အရမ်းစိတ်ရှုတ်စရာ ကောင်းရတာလဲ? ငါနင့်ကို လျှောက်သွားမနေဖို့ ပြောမယ်!”

ဒီလင်းဖေးဟန်က အရမ်းစိတ်ရှုတ်ဖို့ ကောင်းတယ်။ ငါဒီလောက် ပါးလွှာတဲ့ အဝတ်ဝတ်ထားကို ဘေးတွေကို လျှောက်ကြည့် နေတယ်။ သူ မမြင်သင့်တာတွေ ​မြင်ချင်နေပြီး မရိုးအဘူး။ ငါသူ့ရဲ့ မျက်လုံးတွေကို ဖောက်ထုတ်ပစ်ရမယ်။

လင်းဖေးဟန် မတတ်နိုင်စွာ နှာခေါင်းကို ထိလိုက်ပြီး အနေခက်စွာ ပြုံးလိုက်သည်။

ကြည့်ရတာ သူ့ရဲ့မကောင်းတဲ့အတွင်းစိတ်က ဖော်ထုတ်ခံလိုက်ရပုံပဲ။ မတတ်နိုင်စွာ သူအနည်းငယ် နောင်တရသွားသည်။

သူမကိုတွေ့ဖို့ ငါ့မှာကောင်းမွန်တဲ့ အကြောင်းပြချက် မရှိဘူး။

လင်းဖေးဟန် ရွေးစရာ မရှိတော့ပဲ လုရွှယ်ယင်ရဲ့အရှေ့ကို သွားလိုက်ကာ ထိုင်ခုံတစ်ခုရှာပြီး ထိုင်လိုက်ရသည်။

“ မင်း မကြာခင်က လီယွင်လုံနဲ့ ပတ်သတ်ပြီး သဘောထားကွဲလွဲတာတွေ ရှိခဲ့သေးလား? ဟွားချွမ်းစီရင်စုက စက်ရုံကော ဘယ်လို နေလဲ?”

လုရွှယ်ယင် သူမလက်ထဲက အလုပ်တွေကို ချကာ လင်းဖေးဟန်ကို ကြည့်လိုက်သည်။

“ စက်ရုံမှာ ဘာပြဿနာမှလဲ မရှိဘူး။ ပြီးအဲ့ လူမိုက်တွေက အဲ့တည်းက ထပ်လဲမလာတော့ဘူး”

လုရွှယ်ယင်အနည်းငယ် မျက်မှောင်ကြုတ် သွားသည်။ ထို့နောက်တွင် ခဏလောက် တွေးပြီးပြောလိုက်သည်။

“ လီယွင်လုံနဲ့က… ဒီကိစ္စက ငါလူကိုယ်တိုင် တွေ့ပြီး မမေးကြည့်ရသေးဘူး။ ပြီး ငါတို့က ပူးပေါင်းထားတဲ့ အခြေအနေမှာမို့ စုံစမ်းဖို့ လူတစ်ချို့ကို လျို့ဝှက်ပြီးပဲ လွှတ်ထားတယ်။ လီယွင်လုံက အရမ်းရိုးရှင်းတဲ့ သူမို့ ဘာရလဒ်မှ ထွက်မလာခဲ့ဘူး”

လင်းဖေးဟန် ခေါင်းညိတ်လိုက်သည်။ လုရွယ်ယင် စုံစမ်းထားပြီး ဘာမှရှာမတွေ့တာကို သူသိထားပြီးသားပင်။

ဘာလို့ဆို လီယွင်လုံက လုံးဝကို ရှေ့တစ်မျိုး၊ နောက်တစ်မျိုး လူစားမျိုး ဖြစ်တဲ့အပြင် ကျင်းပိုင်ရဲ့ ​မြေအောက်လောကနဲ့ ပတ်သတ်ပြီး လုရွှယ်ယင် နည်းနည်းတောင် မနားလည်သေးဘူး။ ဒီလောက် နှစ်အကြာကြီး ဖုံးထားတဲ့ လီယွင်လုံရဲ့ အတိတ်ကို ရှာတွေ့ဖို့ဆိုတာ မဖြစ်နိုင်ဘူး။

လီယွင်လုံလို ​မြေခွေးအိုက အလွယ်တကူ စုံစမ်းလို့ရအောင် စားပွဲပေါ် ဘယ်အဆင်သင့် တင်ထားပေးမလဲ?

လင်းဖေးဟန်ရဲ့ လက်ရှိအကြံက အလွန်ရိုးရှင်းသည်။ စောင့်ပြီး ပွဲကြည့်မယ်။

လီယွင်လုံ စိတ်မရှည်တော့တဲ့အထိ စောင့်ပြီးမှ လက်ဦးမှုယူပြီး တိုက်ခိုက်မည်။

ဒါ့အပြင် ငါစက်ရုံမှာ ပြထားတဲ့ စကေးတွေက လီယွင်လုံရဲ့ နားထဲကို ရောက်ပြီးသွားလောက်ပြီ။

ဒီကောင်​က လူကောင်းမဟုတ်ဘူး။ ကိစ္စကောင်း တစ်ခုခုကို သိမ်းထားတာ ဖြစ်ရမယ်။

အဲ့အချိန်မှ ငါနဲ့ လုရွှယ်ယင်ကို တိုက်ခိုက်ဖို့ စီစဥ်ထားတာလို့ထင်တယ်။ ဒါပေမဲ့ လီယွင်လုံ ဘယ်မှာတိုက်ခိုက်ဖို့ ရွေးချယ်မယ်ကို ငါမသိဘူး။

ဒီလိုဖြစ်လာရပြီး လီယွင်လုံ ထွက်ပေါ်လာရခြင်းက ငါ့ရဲ့ လုပ်ရပ်တွေက ဇာတ်ကြောင်းကို ပြောင်းလဲစေလိုက်လို့ပဲ။

ဇာတ်ကြောင်းကို ခေါင်းထဲမှာ စဥ်းစားနေရင်း လင်းဖေးဟန် ပြောလိုက်သည်။

“ ငါ့ရဲ့မိတ်ဆွေတစ်ချို့ကို ဆက်သွယ်ထားပါ ရစေ။ မင်း ဒီကာလမှာ သတိထားရမယ်”

ဇာတ်ကြောင်းအရ ဆက်ကြုံရမဲ့ ကိစ္စတစ်ချို့နဲ့ လုမိသားစု အနာဂတ်မှာ ကပ်ဘေးကြုံရမှာကို လင်းဖေးဟန် သိသည်။

ဒါပေမဲ့ သူထိုသို့ သွားပြောလိုက်လို့မှ မရတာ။

လုရွှယ်ယင်က အရမ်းထူးချွန်တဲ့ မိန်းကလေးပဲ။ ဒီလိုကိစ္စမျိုးကို ရည်ရွယ်ပြီး ဖြစ်ဖြစ်၊ မရည်ရွယ်ပဲဖြစ်ဖြစ် ထုတ်ဖော်မိ သွားတာနဲ့ သူမအရင် လက်ဦးမှုယူပြီး တစ်ဖက်ကို တိုက်ခိုက်လိုက်တာနဲ့တင် ဘာ ကပ်ဘေးမှ ဖြစ်လာတော့မှာ မဟုတ်ဘူး။

ဒါဆို ငါက ဘာသွားလုပ်ရတော့မှာလဲ?

ငါက အလှလေးကိုကယ်ရမဲ့ သူရဲကောင်းလေ!

ပြဿနာ မရှိတော့ရင် လုရွှယ်ယင်ကို ဘယ်လို ကယ်ပြီး သူမရဲ့ နှလုံးသားကို သိမ်းပိုက်ရမှာလဲ?

သူရဲကောင်းလုပ်ပြီး အလှလေးကို ကယ်ရတဲ့ အကွက်မျိုးက သူရင်းနီးနေပြီးသား ဖြစ်သလို ကျွမ်းလဲကျွမ်းကျင်ပြီးသား။

လုရွှယ်ယင် မနေနိုင်စွာ လင်းဖေးဟန်ကို စိုက်ကြည့်နေလိုက်သည်။ သူမ မျက်လုံးထဲသို့ အရောင်တစ်ချို့ ဖြတ်ပြေးသွားသည်။

သူမ ဘာမှမပြောတော့ဘဲ အင်းဟုသာ သာမာန်ကာရံ အသံပြုပေးလိုက်သည်။

“ အိုခေ အခုတော့ ဒီလောက်ပါပဲ။ ဘာကိစ္စမှ မရှိရင် ငါသွားတော့မယ်”

လင်း​ဖေးဟန် ပြုံးပြီး.လုရွှယ်ယင်ကို နှုတ်ဆက် လိုက်သည်။

လုရွှယ်ယင်ရဲ့ လက်က စားပွဲပေါ်မှာ နာခံစွာ ရှိနေဆဲပင်။ သူမ တစ်ကယ်တော့ လက်ပြန်ပြ ချင်ပေမဲ့ တစ်ယောက်ယောက်က ဖိထားသကဲ့သို့ မလှုပ်ရှားနိုင်နေပေ။

ဒီလိုနဲ့ လုရွှယ်ယင် တစ်ယောက်ထဲ မတုန်မလှုပ်ဖြစ်နေချိန်မှာ လင်းဖေးဟန်ရဲ့ ပုံရိပ်က တစ်ဖြည်းဖြည်း ပျောက်ကွယ် သွားလေသည်။

အဆုံးမှာ တံခါးကို သိမ်မွေ့စွာ ပိတ်လိုက်သံနဲ့ သူမတစ်ယောက်ထဲ အခန်းထဲ ကျန်ခဲ့တော့သည်။

ရုံးခန်းခုံမှာ ထိုင်နေဆဲဖြစ်သော လုရွှယ်ယင်ရဲ့ ပုံစံက တစ်ခုခုကို တွေးတောနေပုံရှိသည်။ အချိန်ကြာမြင့်စွာ ဗလာ​ဖြစ်နေပြီးနောက်မှာ သူမ အမြန် မတ်တပ်ထရပ်လိုက်သည်။ ပြင်သစ်ပြတင်းပေါက်နားကို သွားပြီး လိုက်ကာအကွယ်ကနေ အပြင်ကို ချောင်း ကြည့်လိုက်သည်။

အပြစ်ရှိစိတ်ကို ခံစားနေရတာပင်။

အမှောင်ထုထဲကနေ တစ်ဖြည်းဖြည်း အဝေးကို သွားနေသော လင်းဖေးဟန်ရဲ့ ပုံရိပ်ကို မြင်နေရသည်။

လင်းဖေးဟန်ရဲ့ အမှောင်ထဲက ပုံက မှုန်ဝါးနေခဲ့သည်။ လမ်းမီးတိုင်ရဲ့ အလင်းများက နေမင်းကြီးကဲ့သို့သော သူ့ရဲ့ အရှိန်အဝါအောက်မှာ တိမ်မြုပ်နေသည်။

လင်းဖေးဟန် လမ်းတစ်လျှောက် သွားနေတာ သူမမြင်သည်။ ခြေလှမ်းတွေက မြန်သထက် မြန်နေပြီး အသံမထွက်ဘဲ ပြေးနေသကဲ့သို့ နောက်ဆုံးတွင် ပျောက်ကွယ်သွားခဲ့သည်။

နောက်ဆုံးတော့ လင်းဖေးဟန် ထွက်သွားလိုက်ပြီ။

လုရွှယ်ယင် အခန်းထဲမှာ စိတ်ပျက်စွာ ကျန်နေခဲ့သည်။

သူမဘာလို့ စိတ်ပျက်နေရတာလဲ? တစ်စုံတစ်ခုက လစ်ဟာနေသလို ခံစားနေခဲ့ရ၏

All Chapters