← Chapters

အခန်း (၁၅၁-၁၅၅)

Vol. 11 Ch. 151-155

အခန်း (၁၅၁-၁၅၅)

Vol. 11 Ch. 151-155

စာစဉ် ၁၁။ အခန်း ၁၅၁ သိုင်းဘုရင်အဆင့် တက်လှမ်းနိုင်ချေရှိသူ၏ အရည်အချင်း

"ဆဌမမြောက် အစ်ကို၊ ဒီတစ်ခါ ဘယ်သူအနိုင်ရမလဲ ခန့်မှန်းကြည့်။"

"ဘယ်သူဖြစ်နိုင်မှာမလို့လဲ။ အခြေခံအားဖြင့်တော့ အိမ်ရှေ့စံမင်းသားသားရဲ့ နေရာကတော့ သေချာတယ်။ မမျှော်လင့်ထားတာတစ်ခုမှမဖြစ်ဘူးဆိုရင် တတိယနဲ့ ပဉ္စမမင်းသားတွေက ဒုတိယနဲ့ တတိယအဆင့် ဖြစ်ကြလိမ့်မယ်။ အဲဒီနောက်မှာတော့ လင်းဖေး ဖြစ်လိမ့်မယ်။"

ဘုရင်ကျီနျဉ်က မထိန်းနိုင်ဘဲ သက်ပြင်းချကာ စိတ်ပျက်သည့်လေသံနှင့် ပြောလိုက်သည်။

"ငါတို့ တော်ဝင်နန်းတော်က သားစဉ်မြေးဆက်တွေက မျိုးရိုးအမည်မတူတဲ့ ကောင်စုတ်လေးထက် နိမ့်ကျလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး။"

"ဒါနဲ့ ပတ်သက်ပြီး ငါတို့ ဘာမှ လုပ်လို့ မရဘူး၊ ဘယ်လိုပဲဖြစ်ဖြစ်၊ ပထမ နာမည်တွေက ငါတို့နဲ့ ဘာမှမဆိုင်ပါဘူး။ အလယ်နဲ့ နောက်ကို စောင့်ကြည့်ဖို့ပဲ လိုတာပါ။"

"ငါ့သား ဝူရှန်က ထိပ်တန်းဆယ်ယောက်ကို ဝင်နိုင်မယ်လို့ မျှော်လင့်တယ်။ ငါ့ကို သိပ်အရှက်မကွဲပါစေနဲ့။"

"ခက်ပါတယ်။ ပထမတန်းဂိုဏ်းတွေက မြင့်မြတ်သောသားတော်များနဲ့ မြင့်မြတ်သောမိန်းမပျိုတွေ အများအပြားလာတဲ့အကြောင်း ငါကြားထားတယ်။ သူတို့ရဲ့ အခွင့်အလမ်းတွေက အတော်လေးကောင်းပါတယ်။"

"ဥပမာအားဖြင့်၊ အဇူရာနဂါးဓားနန်းတော်ရဲ့ မြင့်မြတ်သောသားတော် လျှို့ချန်းယွေ့က အကြီးအကဲအဇူရာနဂါးကနေ ဆင်းသက်လာတဲ့ အဇူရာနဂါးဓားတာအိုကို နားလည်သဘောပေါက်ခဲ့တယ်။ သူ့ ကျင့်ကြံဆင့်က စိတ်ဝိညာဉ်သန့်စစင်ခြင်း ပထမအဆင့်အထိ ရောက်သွားခဲ့ပြီဖြစ်ပြီး တော်ဝင်နန်းတော်က ငါတို့ သားသမီးတွေထက် နိမ့်ကျမှာမဟုတ်ဖူး။"

"လိပ်နက်ဂိုဏ်းရဲ့ မြင့်မြတ်သော မိန်းမပျို၊ ချင်ကျီမော့က လိပ်နက်ဂိုဏ်းက ဘိုးဘေးရဲ့ အမွေအနှစ်ကို လက်ခံရရှိခဲ့တယ်။ သူမရဲ့ လက်ရှိ ကျင့်ကြံဆင့်က တောင်ပင်လယ် ဒသမအဆင့်အထိ ရောက်ပြီမဟုတ်လား။ အာရုံစူးစိုက်ခံရလောက်တဲ့ ရလဒ်မဟုတ်လား။”

"ငါမှန်းတာမမှားရင် သူတို့နှစ်ယောက်က ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ကို ကျော်ပြီး ကောင်းကင်အဆင့်သတ်မှတ်ချက်ကို ဝင်ကြလိမ့်မယ်။ ကျန်တဲ့သူတွေကိုတော့ တစ်ယောက်ပြီးတစ်ယောက် ရှင်းပြမနေတော့ဘူး။"

ဘုရင်ကျီနျဉ်သည် မထိန်းနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်သည်။

ဘုရင်ထျန်းယွင် ထိုသို့ပြောတာကိုကြားတော့ သူ၏နှလုံးသားက ခုန်ပေါက်သွားပြီး ချက်ချင်း ဗလာဖြစ်သွားသည်။

ပထမတန်းဂိုဏ်းများ၏ ထူးချွန်ထက်မြက်သူများ ယခုလောက်အထိ အားကောင်းလာမည်ဟု သူ မမျှော်လင့်ထားပေ။

သို့သော် ဘုရင်တစ်ပါးအနေဖြင့် ပို၍ရှင်းလင်းပြတ်သားသည်။ သူ့မှာ မတူညီတဲ့ ကဏ္ဍပေါင်းစုံမှာ အသိပညာတွေ အများကြီးရှိနေဆဲပါ။

ယေဘူယျအားဖြင့်ပြောရရင် မင်းဆက်ဟာ အစပိုင်းမှာ သူတို့၏ သွေးသား စွမ်းအားကို အားကိုးသည်။ တည်ထောင်သူဧကရာဇ်၏ သွေးသားအရင်းစွမ်းအားသည် ၎င်းတို့အား လူတိုင်းကို ကျော်လွန်နိုင်စေခဲ့သည်။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ သွေး၏စွမ်းအားသည် တဖြည်းဖြည်း အားနည်းလာပြီး ပျောက်ကွယ်သွားမည်ဖြစ်သည်။

နောက်ဆုံးတော့ သူတို့ဟာ သာမန်လူတွေနဲ့ မခြားနားတော့ပေ။

ဧကရာဇ်မိသားစု၏ အသွေးအသားပါဝါသည် စတင်အားနည်းနေပြီဟု ထင်ရသည်။

သူ၏သားကို ကူညီဖို့ ကြိုစဉ်းစားသင့်လား။ သူ၏သားမြေးတွေအတွက်တွေးရင်း စိတ်ဓာတ်ကျနေသင့်သလား။

ဘုရင်ကျီနျဉ်သည် အဆင့်သတ်မှတ်ခံရသော နာမည်ကို စိုက်ကြည့်ရင်း သူ၏သားအတွက် ပိုထူးချွန်သော လက်တွဲဖော်ကို ရှာတွေ့ကာ ပိုမိုကောင်းမွန်သော အရည်အချင်းရှိသည့် ကလေးအနည်းငယ်ကို မွေးဖွားပေးသင့်သလားဟု စဉ်းစားနေစဉ် အလွန်ထူးဆန်းသော မြင်ကွင်းတစ်ခုကို ရုတ်တရက် မြင်လိုက်ရသည်။

မူလငြိမ်သက်နေသော အဆင့်များသည် ယခုအချိန်တွင် အမှန်တကယ် မြင့်တက်လာသည်။

အထူးသဖြင့်၊ ကောင်းကင်အဆင့်သတ်မှတ်ချက်တွင် မူလက ဒသမနေရာတွင်ရှိခဲ့သော သူ့သား၏အဆင့်သတ်မှတ်ချက်သည် ယခုအခိုက်အတန့်တွင် လျင်မြန်စွာ မြင့်တက်လာခဲ့သည်။

နဝမနေရာ၊ အဋ္ဌမ၊ သတ္တမ၊ ဆဋ္ဌမနေရာ… နောက်ဆုံး ပထမနေရာကို တိုးသွားသည်။

သူ့အဆင့်သတ်မှတ်ချက်၏နောက်တွင်၊ တောင်ပင်လယ်အဆင့်၏ ရှစ်ခုမြောက်အဆင့်က မိစ္ဆာသားရဲတစ်ကောင်ကို သတ်ခဲ့ပြီးပြီဟု ညွှန်ပြနေသော ထိတ်လန့်စရာကောင်းသောစာကြောင်းတစ်ခုရှိသည်။

ထိုအချိန်တွင် ဘုရင်ကျီနျဉ် မအံ့ဩမိဘဲမနေနိုင်ခဲ့ပေ။

သူ၏သားက ဘယ်အချိန်ကတည်းက ဒီလောက်တောင် ထူးချွန်နေခဲ့တာလဲ။

သူတို့အဖွဲ့သည် ရှေးဟောင်းတားမြစ်နယ်မြေအတွင်းသို့ ခဏသာဝင်ရောက်ခဲ့ပြီး အဋ္ဌမမြောက်အဆင့် တောင်ပင်လယ်အဆင့်မိစ္ဆာသားရဲကောင်ကို အမှန်တကယ် သတ်ခဲ့တာလား။

သူတောင် အခုမှ တောင်ပင်လယ်အဆင့်၏ နဝမအဆင့်ပဲရှိသေးတာ မဟုတ်ဘူးလား။

သူ၏လက်အောက်ငယ်သားတွေ၏အကူအညီနဲ့တောင်မှ တောင်ပင်လယ်အဆင့် အဆင့်ရှစ် မိစ္ဆာသားရဲကောင်ကို ဒီလောက်မြန်မြန်သတ်ပစ်ဖို့ မဖြစ်နိုင်ဘူးမဟုတ်လား။

ဖြစ်နိုင်မလား… ဒီမိစ္ဆာသားရဲဟာ မူလတည်းက ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး သားဖြစ်သူနှင့် တိုက်ဆိုင်စွာ ကြုံတွေ့ခဲ့ရတာကြောင့် သူ၏သားက အဲဒီမိစ္ဆာသားရဲကို ဖိနှိမ့်ခဲ့တာမျိူး ဖြစ်နိုင်သည်။

ဤရှင်းပြချက်မှသာလျှင် ဘုရင်ကျီနျဉ်အနေနှင့် ပို၍ ကျိုးကြောင်းဆီလျော်ကြောင်း ခံစားရစေသည်။

သို့သော် ဤအရာကို သူတွေးလိုက်သည်နှင့် နောက်တစ်စက္ကန့်တွင် မဝေးလှသော အခြားဘုရင်တစ်ပါးဖြစ်သော ဘုရင်ချီက ကျိန်ဆဲလိုက်သည်။

"ငါ့သား ဖန်းဟွာက နဝမအဆင့် တောင်ပင်လယ်အဆင့် မိစ္ဆာသားရဲတစ်ကောင်ကို မြန်မြန်သတ်လိုက်တာ၊ သူဘယ်လိုလုပ်လိုက်တာလဲ။"

ကျီနျဉ်သည် ကမန်းကတန်း လှည့်ကြည့်လိုက်သည်။ စင်စစ် ကျီဝူရှန်၏ ပထမနေရာကို အစားထိုးပြီးသွားပြီ။ လက်ရှိ ပထမနေရာကတော့ ချီနန်းတော်မှ ကျီဖန်းဟွာ ဖြစ်သည်။

ဒါတင်မကဘဲ အခြားသော မင်းသားတွေလည်း မထင်မှတ်ဘဲ ကြီးစိုးမှုကို ပြသခဲ့ပါသေးသည်။ သူတို့ အသီးသီးသည် တောင်တန်းပင်လယ်အဆင့် မိစ္ဆာသားရဲ တစ်ကောင်ကို သတ်ခဲ့ကြသည်။

တောင်ပင်လယ်အဆင့်မိစ္ဆာသားရဲသည် ဂေါ်ဖီထုပ်ကဲ့သို့ တန်ဖိုးမရှိသလိုပင်။

တော်ဝင်နန်းတော်၏ အိမ်ရှေ့စံမင်းသားသားနှင့် သူ၏ ညီအကိုများ အနေဖြင့် ယခုအချိန်တွင် တိုက်ပွဲ ရလဒ် မရှိသလောက် နည်းပါးနေကြတော့သည်။

ကျီဝူရှန်နှင့် တခြားသူတွေဟာ ဒဏ်ရာရသည့် တောင်ပင်လယ်အဆင့် မိစ္ဆာသားရဲအုပ်စုကို ကြုံတွေ့ခဲ့ရလို့ ဖြစ်မလား။

အဲဒါလည်း မဖြစ်နိုင်ဘူး။ ထိုအဆင့်ရှိ မိစ္ဆာသားရဲများသည် တစ်ကိုယ်တည်း နေထိုင်သည်မှာ သေချာသည်။ အုပ်စုဖွဲ့နေထိုင်ဖို့ဆိုတာ မဖြစ်နိုင်ပေ။

ထို့အပြင်၊ လူတိုင်း၏နှလုံးသားများ တဟုန်ထိုး ခုန်ပေါက်နေသကဲ့သို့ ကျီဝူရှန်သည် အခြားသော တောင်ပင်လယ် ဒဿာမအဆင့် မိစ္ဆာသားရဲကို သတ်ခဲ့ပြီး ကောင်းကင် အဆင့်သတ်မှတ်ချက်တွင် ပထမနေရာကို ပြန်လည်ရရှိခဲ့သည်။

ချက်ခြင်းပင်၊ နန်းတော်ခြောက်ခု၏ အမွေဆက်ခံသူများသည် အတူတကွ ပူးပေါင်းလုပ်ဆောင်ကြပြီး ထူးခြားသောရလဒ်များကို ရရှိခဲ့ကြသည်။ ရံဖန်ရံခါတွင်၊ ၎င်းတို့သည် အစွမ်းထက်သော မိစ္ဆာသားရဲများကို သတ်ပြီး ကောင်းကင်အဆင့်၏ ထိပ်တန်းခြောက်နေရာကို အခိုင်အမာ စောင့်ကြပ်ကာ အခြားမည်သူ့ကိုမျှ ဝင်ရောက်ခွင့်မပေးဘဲ နေလေ့ရှိသည်။

၎င်းတို့ လှည့်စားသည်ဟု လူတိုင်းက သံသယရှိနေကြသကဲ့သို့ပင် နန်းတော်၏ အိမ်ရှေ့စံမင်းသားသားသည် နောက်ဆုံးတွင် တောင်ပင်လယ်အဆင့် တန်ခိုးကြီးသော မိစ္ဆာသားရဲတစ်ကောင်ကို စတင်သတ်ပစ်ခဲ့သည်။

သို့သော်ငြားလည်း တော်ဝင်နန်းတော် အမွေဆက်ခံသူ ခြောက်ဦး၏ ပြတ်ပြတ်သားသား နှိပ်ကွပ်ခြင်းကို ခံနေရဆဲဖြစ်ပြီး နောက်ထပ် မတိုးတက်နိုင်တော့ပေ။

ဤအခိုက်အတန့်တွင် နန်းတော်ခြောက်ခုသည် ဖြစ်ပျက်နေသည့်အရာများကို မသိနိုင်သေးပါက အသက်ရှင်နေထိုင်ရခြင်းအကြောင်းကို မေ့သွားနိုင်သည်။

"ဝူရှန်၊ ဒီကောင်လေး သူ့ရဲ့ ကျင့်ကြံမှုကို အမှန်တကယ် ဖုံးကွယ်ထားတာပဲ။"

…

"ဖန်းဟွာ ၊ ဒီကောင်မလေး။ သူ ဘယ်တုန်းက စိတ်ဝိညာဉ်သန့်စင်ခြင်းအဆင့်ကို ကျော်ဖြတ်နိုင်သွားတာတုန်း။ ငါ့ကိုတောင် ဖုံးကွယ်ထားဝံ့တယ်။"

…

"ကျီချင်ရှန်း၊ မင်းထွက်လာတာနဲ့ ငါမင်းရဲ့ဖင်ကိုဘယ်လိုရိုက်မလဲဆိုတာ စောင့်ကြည့်လိုက်စမ်း။"

…

ဘုရင်များသည် မျက်ရည်များဖြင့် ပြုံးပြီး ထုတ်ဖော်မပြနိုင်လောက်အောင် စိတ်လှုပ်ရှားနေကြသည်။

ထိုအချိန်တုန်းက သူတို့အားလုံး ရာဇပလ္လင်အတွက် တိုက်ပွဲဝင်နေချိန်တွင် မဟာကျိုးအင်ပါယာ၏ လက်ရှိဧကရာဇ်မင်းထံ ရှုံးနိမ့်သွားခဲ့သည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် အကောင်းဆုံးသော အရင်းအမြစ်များကို မရနိုင်ဘဲ ဧကရာဇ်အဆင့်ကျွမ်းကျင်သူများ ဖြစ်လာနိုင်ခြင်းမရှိပေ။ ယခုတွင် ၎င်းတို့သည် ဘုရင်ဘွဲ့ခံများသာ အပ်နှင်းခံရနိုင်ပြီး ဧကရာဇ်ထက် နိမ့်ကျသည်။

ထို့ကြောင့် သူတို့၏သားစဉ်မြေးဆက်များမှာလည်း နိမ့်ကျကြသည်။

စင်စစ် ဧကရာဇ်တစ်ပါးသည် ဧကရာဇ်အဆင့်ကျင့်ကြံသောအခါ၊ သူတို့၏သွေးသားစွမ်းအားများ ပိုမိုအားကောင်းလာပြီး သူတို့၏စွမ်းရည်များလည်း အားကောင်းလာမည်ဖြစ်သည်။ ထို့အပြင် ကျင့်ကြံမှု အရင်းအမြစ်များမှာလည်း ကွဲပြားပြီး ကြီးမားသော ကွာခြားမှုလည်း ရှိသည်။

နန်းတော်များသည် အမွေဆက်ခံသူ တစ်ဦးတည်းကိုသာ ပြုစုပျိုးထောင်နိုင်သည်။ ဥပမာအားဖြင့်၊ ခရမ်းရောင်ငြိမ်းချမ်းရေး ဧကရာဇ်နန်းတော်သည် ကျီဝူရှန်ကိုသာ ပြုစုပျိုးထောင်နိုင်သည်။

ကျီဝူရှင်း၏နေ့စဉ်အသုံးစရိတ်များသည် တစ်လလျှင် သောင်းချီသောအဆင့်နိမ့်ဝိညာဉ်ကျောက်တုံးများထက်နည်းပြီး သူ၏ကိုယ်ပိုင်အိမ်လည်းမရှိပေ။

သို့သော်လည်း မင်းသမီးရူယန်၏ လစဉ်ကုန်ကျစရိတ်မှာ ရာနှင့်ချီသော အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများဖြစ်သည်။ မင်းသမီးလေး၏ နေအိမ်တည်ဆောက်မှုအတိုင်းအတာသည် တော်ဝင်နန်းတော်တစ်ခုထက် မနိမ့်ပေ။

ထို့အပြင် အိမ်ရှေ့စံမင်းသား သို့မဟုတ် သူ၏ မောင်နှမများ ကျင့်ကြံခြင်းသည် ယေဘုယျအားဖြင့် စိတ်ဝိညာဉ်သန့်စင်ခြင်းအဆင့် အထက်တွင် ရှိသော်လည်း ဧကရာဇ် နန်းတော်မှ ဆင်းသက်လာသူ ကျင့်ကြံမှုသည် ယေဘုယျအားဖြင့် စိတ်ဝိညာဉ်သန့်စင်ခြင်းအဆင့်အောက်တွင်သာ ရှိနေသည်။

သူတို့၏ အမျိုးအနွယ်များကြား ခြားနားမှုသည်သာ တိုးလာပေလိမ့်မည်။

ယခုတွင်၊ ကျီဝူရှန်နှင့် အခြားသူများသည် အိမ်ရှေ့စံမင်းသားနှင့် သူ၏မွေးချင်းများကို ဖိနှိမ်ရန် ထူးကဲသော စွမ်းရည်နှင့် ခွန်အားကို အမှန်တကယ် ပြသခဲ့ကြသည်။ ဘုရင်ကျီနျဉ်နှင့် တခြားသူတွေ ဘယ်လိုမှ စိတ်မလှုပ်ရှားပဲမနေနိုင်ပေ။

မဟာကျိုးအင်ပါယာ ဧကရာဇ်၏ ရှေ့တွင် သူတို့သည် တစ်ကြိမ် ရှုံးနိမ့်ခဲ့ဖူးသည်။

သို့သော်၊ သူတို့၏ကလေးသည် မဟာကျိုးအင်ပါယာ ဧကရာဇ်၏ သားသမီးများကို အနိုင်ယူခဲ့သည်။

၎င်းသည် အလွန်လှပသော တစ်ကျော့ပြန်ဖြစ်ရပ် ဖြစ်လာခဲ့သည်။

အဲဒါတွေတင်မကသေးပေ။ ဒီအခိုက်အတန့်တွင် လေဟာနယ်တံခါးဝ အပြင်ကလူတွေအားလုံး အံ့သြသွားပြီး ဆွေးနွေးစပြုလာကြသည်။

…

ရှေးဟောင်းတားမြစ်နယ်မြေတွင်၊ လုရှောင်ယန်သည် သူ၏စမ်းသပ်မှုအစီအရင်ကို စတင်ဖွဲ့စည်းနေပြီဖြစ်သည်။

ဝိုင်းရံခံရပြီးနောက် လင်းဖေးသည် သေချာပေါက် လွတ်မြောက်သွားမည်ပင်။

သို့သော်လည်း လုရှောင်ယန်သည် သူဘယ်ကို လွတ်မြောက်မည်ကို အတိအကျ မခန့်မှန်းနိုင်ပေ။

ထို့ကြောင့်၊ ရှောင်ပိုင်နှင့် သူလုပ်ခဲ့သည့်အတိုင်း ထောက်လှမ်းမှုအစီအရင်ကို ကြိုတင်သတ်မှတ်ထားလိုသည်။

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၁၁။ အခန်း ၁၅၂ တိုက်ပွဲစတင်ပြီ

လုရှောင်ယန်၏ အစီအရင် အားကောင်းမှုသည် ဆက်လက်တိုးလာသည်နှင့်အမျှ၊ ယခုအခါ ကျယ်ပြန့်သော စစ်ဆေးခြင်းအစီအရင်ကို ဖန်တီးရန်အတွက် အဆင့်နိမ့်ဝိညာဉ်ကျောက်တစ်လုံးသာ လိုအပ်နေပြီဖြစ်သည်။

ကံကောင်းထောက်မစွာ၊ သူ၏ အစီအရင်ဖွဲ့စည်းခြင်းစွမ်းရည်သည် အားကောင်းခဲ့သည်။ ဒီလိုမှမဟုတ်ရင် သူဒီလိုလုပ်တိုင်း ဝိညာဉ်ကျောက်တုံးတွေ ဘယ်လောက်ပေးရမယ်ဆိုတာကို ဘယ်သူသိနိုင်မှာလဲ။

ဝိညာဉ်ကျောက်တုံးတွေ အများကြီးကုန်သွားရင် ဒုက္ခဖြစ်လိမ့်မည်။ နောက်ဆုံးတွင်၊ သူ့တွင် ဝိညာဉ်ကျောက်များ အလုံအလောက်မရှိပေ။

"ကျီဝူရှန်နဲ့ တခြားသူတွေကို ဒီတစ်ကြိမ်တက်ဖို့ ကူညီပေးပြီးတာနဲ့ ဝိညာဉ်ကျောက်တုံးတွေ ထပ်ရဖို့ နည်းလမ်းကို ငါစဉ်းစားရလိမ့်မယ်။ ဆင်းဆင်းရဲရဲနေရတာ အရမ်းခက်တယ်။"

ညည်းညူပြီးနောက် လုရှောင်ယန်သည်လည်း အစီအရင်ဖွဲ့စည်းခြင်းကို အပြီးသတ်ခဲ့သည်။

သူလှည့်ပြီး နောက်တစ်နေရာမှာ နောက်ထပ် အစီအရင်ဖွဲ့စည်းမှုတစ်ခုကို တည်ဆောင်ခါနီးမှာ မတော်တဆမှုတစ်ခု ရုတ်တရက် ဖြစ်သွားသည်။

ကျားခေါင်းနှင့် အလွန်ကြံ့ခိုင်သော အသွင်အပြင်ရှိသော လူ့ခန္ဓာကိုယ်ရှိသော ကျားမိစ္ဆာသားရဲသည် သူ့နှင့် မဝေးလှသောနေရာတွင်ရှိနေသည်။

လူနှင့် ကျားသည် တစ်ယောက်ကို တစ်ယောက် ကြည့်နေသည်။

လူသားအဖြစ် ပြောင်းလဲနိုင်သော ကျားသားရဲသည် ဖန်တီးခြင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ ၎င်းသည် အလွန်အစွမ်းထက်သည်။

“လူသားတွေက… အရသာရှိတယ်…”

တစ်ဖက်သားက လျှာသပ်လိုက်ပြီး ပါးစပ်ကနေ မပီမပြင်စကားတချို့ပြောလာသည်။ သူ၏ သားရဲမျက်လုံးများက သွေးဆာနေသော အလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။

လူသားများသည် မိစ္ဆာသားရဲများ အမဲလိုက်ခြင်းကို နှစ်သက်ကြပြီး ၎င်းတို့၏ ကျင့်ကြံမှုတွင် ကူညီပေးရန်အတွက် မိစ္ဆာအမြုတေများ၊ အမွေးများ၊ သွေးအနှစ်သာရနှင့် ရိုးတွင်းခြင်ဆီတို့ကို ရယူကြသည်။

မိစ္ဆာသားရဲများသည် ၎င်းတို့၏ ခွန်အားကို မြှင့်တင်ရန်အတွက် လူသားများကို မျိုချရန် နှစ်သက်ကြသည်။

ထို့ကြောင့် ကျားနတ်ဆိုးဟိန်းဟောက်ပြီးနောက်၊ ထိုလူသားကို ချက်ချင်းသတ်ဖြတ်လိုစိတ်တို့က ကြီးမားသော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ လုရှောင်ယန်ဆီသို့ ဦးတည်သွားခဲ့သည်။

အုန်း..

ထိုအချိန်တွင် တုန်လှုပ်ချောက်ချားဖွယ် ပေါက်ကွဲသံသည် ကီလိုမီတာ ၅၀၀ ပတ်၀န်းကျင်တွင် ကြီးမားသော အပြောင်းအလဲကို ဖြစ်စေသည်။

ဤကြောက်မက်ဖွယ်ကောင်းသော အတက်အကျကို ခံစားရပြီး ကျင့်ကြံသူအများအပြားသည် ကြောက်ရွံ့တုန်လှုပ်ခြင်းကို မတားဆီးနိုင်ကြပေ။

"ဘယ်လောက်တောင် အစွမ်းထက်တဲ့ ခွန်အားလဲ။ ဒီခွန်အားက ဖန်တီးခြင်းအဆင့် ကျွမ်းကျင်သူထက် နိမ့်ကျမှာ မဟုတ်ဘူး"

…

"အဲဒီမှာ ဘယ်သူတိုက်ခိုက်နေတာလဲ၊ မဟာကျိုးအင်ပါယာ ဧကရာဇ်မိသားစုရဲ့ အကြီးအကဲလား၊ ဒါမှမဟုတ် အစွမ်းထက်တဲ့ မိစ္ဆာသားရဲကျွမ်းကျင်သူလား။"

…

ထိုအချိန်တွင် အမျိုးမျိုးသော သဘောထားများ ရှိခဲ့သည်။ သို့သော် ဖြစ်ပျက်နေတာကို ဘယ်သူမှ မသိကြပေ။

လုရှောင်ယန်သည် အခြားသူအား သတ်ပြီးနောက်တွင်၊ သူသည် နှစ်ပိုင်းကွဲသွားသော ကျားအရေခွံတစ်ပိုင်း၊ မိစ္ဆာသားရဲအမြုတေတစ်ပိုင်း၊ သွေးအနှစ်သာရနှင့် ရိုးတွင်းခြင်ဆီအနည်းငယ်ကို သူ၏ တောင်တန်းနှင့် မြစ် ပန်းချီတွင် ထည့်လိုက်သည်။

"ဒီတစ်ခေါက် ငါ တိုက်ခိုက်တာပြင်းသွားတယ်။ နောက်တစ်ခါ ပြိုင်ဘက်ရဲ့ စိတ်ဝိညာဉ်ကို ကွဲအက်စေပြီး သူ့အရေပြားကို ဖယ်ရှားပေးဖို့ စစ်မှန်သောအမြင်အာရုံသုံးပါးကို သုံးရင် ပိုကောင်းလိမ့်မယ်။ ပြီးပြည့်စုံသော ဖန်တီးခြင်းအဆင့် ကျားသားရေက ကောင်းကင်ဘုံအဆင့် ကာကွယ်ရေးရတနာ လုပ်လို့ရတယ်။"

…

ဤနည်းဖြင့်၊ ရှေးဟောင်းတားမြစ်နယ်မြေတွင် တစ်လလုံးနေထိုင်ပြီးနောက်၊ လုရှောင်ယန်သည် နောက်ဆုံးတွင် အချင်းဝက် ကီလိုမီတာ ၅၀၀၀ ရှိသည့် ထောက်လှမ်းမှုအစီအရင်ကို တည်ထောင်ခဲ့သည်။ လင်းဖေး၏ခြေရာများကို ရှာဖွေတွေ့ရှိပြီးသည်နှင့် သူသည် လွတ်မြောက်ရန်အခွင့်အရေးမရှိဖို့ သေချာစေရန် ချက်ခြင်းပြန်ပို့ကာ သတ်ပစ်နိုင်သည်။

ဤကာလအတွင်း သူသည် မရေမတွက်နိုင်သော အဆင့်မြင့် မိစ္ဆာသားရဲများကို သတ်ဖြတ်ခြင်းကိုလည်း ပြုလုပ်ခဲ့သည်။

တစ်လကြာပြီးနောက် ကျီဝူရှန်နှင့် အခြားသူများသည် လင်းဖေး၏တည်နေရာကို ရှာဖွေတွေ့ရှိခဲ့သည်။

ထိုလူသည်လက်ရှိတွင် ညောင်ပင်ကြီးတစ်ပင်အောက်တွင် အေးအေးဆေးဆေး ကျင့်ကြံနေသည်။

သူ၏ဘေးတွင် မင်းသမီးရူယန်နှင့် မင်းသမီးရူယန်၏ ကျေးကျွန်တွေ ရှိသည်။

ကျီဝူရှန်နှင့် တခြားသူတွေ ရောက်လာတာကို မြင်တော့ မင်းသမီးရူယန်၏ အမူအရာက ချက်ချင်း တင်းမာလာပြီး သူမ သတိထားလိုက်သည်။

"ကျီဝူရှန် နင်ကဘာလို့ဒီကိုရောက်နေတာလဲ။"

ကျီဝူရှန်က သူမကို လှမ်းကြည့်သော်လည်း လျစ်လျူရှုလိုက်သည်။ ထို့နောက် လင်းဖေးကို အကဲခတ်လိုက်သည်။

"သူဟာ ရှေးဟောင်းအမွေအနှစ်တချို့ကို ကောင်းကောင်းနားလည်တယ်။ သစ်ပင်တစ်ပင်ကနေ ရှေးဟောင်းအမွေကို အလွယ်တကူရနိုင်တယ်။ ဒီခွေးကောင်က တကယ်ကံကောင်းတယ်။"

ကျီဝူရှားက လေးလေးနက်နက် ပြောလိုက်သည် ။

"ဒါက အရမ်းပုံမှန်ပါပဲ။ ဆရာ ပြောတာက လင်းဖေးလိုမျိုး ဟက်ကာတစ်ယောက်အတွက် ဒါက သာမန်အရာပဲ။"

"သူ ဒီအမွေကို လုံးလုံးလျားလျား စုပ်ယူလိုက်ရင် သူ့ရဲ့ ခွန်အားတွေ အများကြီး တိုးလာမှာ မဟုတ်လား။"

"ဒါကြောင့် ငါ တို့ သူ့ကို မစုပ်ယူနိုင်ခင် အရင်သတ်ရမယ်။"

"တိုက်ကြ…"

အနက်ရောင်ဝတ်ရုံဝတ် ယွင်လီကောထံမှ အမိန့်ပေးသံနှင့်အတူ လူတိုင်းသည် ၎င်းတို့၏ သက်ဆိုင်ရာ အရှိန်အဝါများကို ချက်ချင်း ထုတ်လွှတ်လိုက်ကြသည်။

မင်းသမီးရူယန်၏အမူအရာသည် သိသိသာသာပြောင်းလဲသွားပြီး သူမခန္ဓာကိုယ်တွင်းရှိ ခွန်အားများကို ချက်ချင်းဖြန့်ကျက်လိုက်သည်။

"ကျီဝူရှန်၊ နင်ဘယ်လိုတောင်သတ္တိရှိတာလဲ၊ သူ့ကိုထိရင် ငါ နင့်ကိုသတ်မှာ...။"

"ဒါကတော့ မင်းမှာ အရည်အချင်းရှိမရှိပေါ်မှာပဲ မူတည်သေးတယ်။"

သူပြောပြီးတာနဲ့ ကျီဝူရှန်နဲ့ တခြားသူတွေက စကားရပ်ပြီး ချက်ချင်းရောက်လာသည်။

"သေလမ်းရှာနေတာပဲ..."

ရူယန်က အေးစက်စက်အော်ပြီး လက်သီးနဲ့ထိုးသည်။ လှိုင်းလုံးများသည် ပျံ့လွင့်သွားကာ လေကို အထိန်းအကွပ်မရှိ တုန်လှုပ်သွားစေသည်။

ကံမကောင်းစွာပဲ၊ သူမသည် စိတ်ဝိညာဉ်သန့်စင်ခြင်း ဒုတိယအဆင့်တွင်ရှိသော်လည်း ကျီဝူရှန်သည် စိတ်ဝိညာဉ်သန့်စင်ခြင်းအဆင့်၏ပဉ္စမအဆင့်တွင်ရှိနေပြီဖြစ်သည်။ သူမ မည်သို့ ခုခံနိုင်မည်နည်း။

လက်သီးနှစ်ခု ထိပ်တိုက်မိသည့်အခိုက်တွင်၊ မီးသည် ပေါက်ကွဲသွားပြီး လျှပ်စီးလက်သွားသည်။ ရူယန်၏ ခန္ဓာကိုယ်ကို ချက်ချင်း လွင့်ပျံသွားစေသည်။

သူ၏နောက်တွင် နေထိုင်သည့် မင်းသမီးလေးသုံးယောက်သည် ရှေ့ကို အမြန်လျှောက်လာပြီး ရူယန်ကို ကယ်တင်လိုက်သည်။

သူတို့ သုံးယောက်လုံးသည် အာကာပြင်ပြိုကွဲခြင်းအဆင့်တွင် ရှိနေကြသည်။ အနှစ်တစ်ရာအတွင်းမှာ ဒီအဆင့်ကိုရောက်ဖို့ သူတို့အတွက် အတော်လေးကို အထင်ကြီးစရာဖြစ်နေပါပြီ။

ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်သည် အသက် ၂၀၀ ရှိနေပြီဖြစ်ပြီး အာကာပြင်ပြိုကွဲခြင်းအဆင့်တွင်သာ ရှိနေဆဲဖြစ်ကြောင်း သိထားရမည်ဖြစ်သည်။

သူတို့သုံးယောက်က ရူယန်ကို ကယ်တင်ခဲ့ပေမယ့် ရူယန်၏ မျက်နှာတစ်ပြင်လုံး ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

"ကျီဝူရှန်၊ မင်းက တကယ်တော့ စိတ်စိတ်ဝိညာဉ်သန့်စင်ခြင်းအဆင့်ရဲ့ ပဉ္စမအဆင့်မှာ ရောက်နေတာပဲ။ ဒီလောက် အစွမ်းထက်တဲ့အဆင့်ကို ဘယ်တုန်းက ကျော်ဖြတ်ခဲ့တာလဲ။"

တော်ဝင်နန်းတော်၏ အမွေဆက်ခံသူသည် အိမ်ရှေ့စံမင်းသားနှင့် သူ၏ ညီအစ်မများထက် နိမ့်ကျသည်မှာ လူသိရှင်ကြား အသိအမှတ်ပြုသည့်အချက်ဖြစ်သည်။ သူမသည် သူတို့ကြားတွင် အတော်လေး အားနည်းနေသော်လည်း သူမသည် တော်ဝင်နန်းတော်မှ ဆင်းသက်လာသူတစ်ဦးမဟုတ်ပေ။

ယခုမူ ကျီဝူရှန်သည် သူမအား အလွန်အမင်း ထိတ်လန့်စေသော ခွန်အားကို ပြသလိုက်သည် ။

"သူမနဲ့ အရေးမပါတဲ့ စကားတွေ တော်လိုက်ပါ။ လင်းဖေးရဲ့ အမွေကို အရင် ဖျက်ဆီးကြ။"

ယွင်လီကောသည် ကျီဝူရှန်အနားမှ ပြေးထွက်လာခဲ့သည်။ လှံတစ်ချောင်းကို လက်ဖြင့်ကိုင်ကာ တရားထိုင်နေသော လင်းဖေးဆီသို့ နဂါးတစ်ကောင်ကဲ့သို့ တွန်းထုတ်လိုက်သည်။

မြင်းနက်တွေနဲ့ ဆက်ဆံတဲ့အခါ စကားလုံးတွေ ဖြုန်းတီးနေစရာ မလိုဘူးလို့ သူ့ဆရာက ပြောထားသည်။ လေကုန်ခံခြင်းသည် အရာအားလုံးကို ဆုံးရှုံးစေနိုင်သည်။

သူသည် သူ၏လက်စွပ်ကို မြှောက်လိုက်ပြီး တစ်ဖက်လူကို ဦးစွာသတ်ရန် တိုက်ရိုက်ကြိုးစားခဲ့သည်။

ရူယန် ချက်ချင်း တုန်လှုပ်သွားပြီး အေးစက်စွာ အော်လိုက်သည်။

"ငါ့အစ်ကို လင်းဖေး ကိုကာကွယ်ပေးကြ။"

သူဤသို့ပြောပြီးသည်နှင့် မင်းသမီးလေး၏ဘက်ရှိ အာကာပြင်ပြိုကွဲခြင်းအဆင့်မှ ကျွမ်းကျင်သူတစ်ဦးသည် ချက်ချင်းတိုက်ခိုက်ပြီး ယွင်လီကောကို ရပ်တန့်ရန် ကြိုးပမ်းခဲ့သည်။

သို့သော် သူ မလှုပ်ရှားမီတွင် ထိတ်လန့်တုန်လှုပ်ဖွယ် ဓားတန်းတစ်ခု ပြိုကျလာသည်။

"ငါကမှ မင်းရဲ့ပြိုင်ဘက်။"

တိုက်ခိုက်ခဲ့သူမှာ လီချန်းရှန် ဖြစ်သည်။

သူ့ရဲ့ ကျင့်ကြံမှုဟာ ဖန်တီးခြင်းအဆင့်၏ ပထမအဆင့်မှာ ဖြစ်ပြီး သူ့မှာ နတ်ဘုရားအဆင့် ဓါးဝိညာဉ် နဲ့ သူတော်စင် အဆင့် လက်နက်တစ်ခု ပါရှိသည်။ သူ့ထက် သန်မာသည့်သူကို တိုက်ဖို့က လုံးဝအလွယ်လေးပင်။

ဤဓားအလင်းတန်း ခုတ်ထစ်လိုက်တာနဲ့ ရာသီဥတုက သိသိသာသာ ပြောင်းလဲသွားသည်။ ဓားအလင်းတန်းသည် ချက်ချင်းပင် မီတာတစ်သောင်းအထိ ပျံ့နှံ့သွားပြီး အောက်သို့ ဖိသွားသည်။ ၎င်း၏ အရှိန်အဝါသည် ထူးကဲလှသဖြင့် မင်းသမီးလေးဘက်မှ အာကာပြင်ပြိုကွဲခြင်းအဆင့်မှ ကျွမ်းကျင်သူသည် လင်းဖေးကို ကူညီကာ လီချန်းရှန်ကို တွန်းလှန်ရန် ရွေးချယ်စရာမရှိစေတော့ပေ။

မင်းသမီးရူယန်၏ဘက်က အာကာပြင်ပြိုကွဲခြင်းအဆင့် ကျွမ်းကျင်ပညာရှင် နှစ်ဦးကိုလည်း ဖုန်းထျန်းယွမ်၊ ကျီဝူရှားနှင့် အခြားသူများ ဝိုင်းရံထားသည်။ မင်းသမီးရူယန် ကိုယ်တိုင်တောင် ကျီဝူရှန်၏ လိုက်ဖမ်းပြီး ရိုက်နှက်ခြင်းကို ခံနေရသည်။ ယွင်လီကောကို ရပ်တန့်ပြီး လင်းဖေးကို ကာကွယ်ရန် သူမလက်မအားနိုင်ပေ။

ယွင်လီကော၏ လှံအလင်းသည် လင်းဖေး ထံသို့ နီးကပ်လာသည်။ မီတာတစ်သောင်း၊ မီတာတစ်ထောင်၊ မီတာတစ်ရာ... နောက်ဆုံးတွင်၊ လင်းဖေးကို ထိုးဖောက်ရန် ဆယ်မီတာသာကွာဝေးသည်။

အမှန်မှာ၊ မျက်နှာဖုံးအောက်ရှိ ယွင်လီကော၏ နှုတ်ခမ်းထောင့်သည် သူ၏အောင်ပွဲအား ကြိုတင်ဂုဏ်ပြုရန် အနည်းငယ် ကွေးကောက်နေပြီဖြစ်သည်။

သို့သော်~~

ဤအခိုက်အတန့်တွင် ရွှေဓားတန်းတစ်ခု ကောင်းကင်မှ ရုတ်တရက် ပြုတ်ကျလာသည်။ ပိုမြန်သော အရှိန်နှင့် ပို၍ပင် ပြင်းထန်သော အင်အားဖြင့်၊ ၎င်းသည် ယွင်လီကော၏ မျက်နှာဆီသို့ တည့်တည့် ဦးတည်သွားခဲ့ပြီး ဤလွယ်ကူသော အောင်မြင်မှုကို စွန့်လွှတ်ကာ ခုခံရန် လှည့်ထွက်စေခဲ့သည်။

လှံနှင့် ဓားတန်းတို့သည် တိုက်မိပြီး ကြီးကျယ်ခမ်းနားသော အငွေ့အသက်များ ပျံ့နှံ့သွားကာ တုန်လှုပ်ချောက်ချားဖွယ် ပေါက်ကွဲသံတစ်ခုအဖြစ် ယွင်လီကော ဆုတ်ခွာသွားခဲ့သည်။

နောက်ဆက်တွဲလှုပ်ခတ်မှုက သူ၏အနီးသို့ ကျရောက်လာသည်နှင့်အမျှ ရောင်ဝါသည် လင်းဖေးပေါ်သို့ ဆင်းသက်တော့မည်ကို မြင်လိုက်ရသောအခါ အသွင်တစ်ခုသည် အဝါရောင်စပါးအုံးမြွေဝတ်ရုံနှင့် လင်းဖေး ရှေ့ တစ်မီတာအကွာတွင် ချက်ချင်းပေါ်လာသည်။ သူ၏လက်ကို မြှောက်လိုက်ပြီး ရောင်ဝါကို ပိတ်ဆို့လိုက်သည်။

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၁၁။ အခန်း ၁၅၃ ကမ္ဘာကြီးကို တစ်ယောက်တည်းရင်ဆိုင်မယ်

"ငါတို့ရဲ့ မဟာကျိုးအင်ပါယာရဲ့သားမက်ကို မင်းက ဘယ်လို လွယ်လွယ်နဲ့ တိုက်ခိုက်နိုင်မှာလဲ။"

သူ၏ အေးစက်သော စကားလုံးများသည် လူတိုင်း၏ နှလုံးသားကို နစ်မြုပ်သွားစေခဲ့ပြီး ရူယန်သည် အလွန်စိတ်လှုပ်ရှားသွားကာ မျက်လုံးများ နီရဲလာသည်။

ထိုအချိန်က အစ်ကိုလင်းဖေးကို ဆုံးရှုံးရတော့မည်ဟု သူမ တွေးမိလုနီးပါးပင်။

"တတိယအစ်ကို"

သူမက ကျီဝူရှန်ကို လက်ဖဝါးဖြင့် နောက်ပြန်ဆုတ်ခိုင်းပြီး နှစ်ဖက်ပြန်ဆုတ်သွားသည်။ ကျီဝူရှန်နှင့် အခြားသူများ၏ အမူအရာများမှာ အနည်းငယ် ရုပ်ဆိုးသွားသည်။

"ဟင့်အင်း ငါတို့က အရမ်းနီးနေပြီကွ။ ငါတို့မှာ နောက်ထပ်တစ်စက္ကန့်ရှိရင် လင်းဖေးကို ငါတို့သတ်နိုင်လိမ့်မယ်။"

ကျီဝူရှားက "အစ်ကို၊ မထိတ်လန့်ပါနဲ့။ ငါ့ဆရာက ဒါက ပုံမှန်ပဲလို့ ပြောတာ။ လင်းဖေးလို တည်ရှိမှုဟာ အန္တရာယ်ကျရောက်နေတဲ့အချိန်မျိုးမှာ သူ့ကို ကာကွယ်ပေးမယ့်သူတစ်ယောက်ရှိမှာ သေချာတယ်။ သူ့ကို လွယ်လွယ်နဲ့ သတ်နိုင်ရင် ငါတို့ရဲ့ကြိုးစားမှုက တန်ဖိုးရှိမှာ မဟုတ်ဘူး။ "

"ဖွီး...ရွံရှာစရာ"

ကျီဝူရှန် တံတွေးထွေးသည်။

ဤအရာနှင့် လှည့်စားခြင်းအကြား ကွာခြားချက်မှာ အဘယ်နည်း။

တရားထိုင်သည့်အခါ အာရုံခြောက်ပါးကို လုံးလုံးလျားလျား ပိတ်ဆို့ပြီး နှလုံးသွင်းရသည်။

ထိုသို့သော အခြေအနေသည် ဓားဖြင့် ခုတ်ထစ်ကာလည်ပင်းကို ဖောက်ထုတ်မည့် ရန်သူကို စောင့်ဆိုင်းနေခြင်းနှင့် ညီမျှသည်။

နောက်ဆုံးတွင် သူသည် လုံးဝမလှုပ်ရှားဘဲနှင့် မသက်ဆိုင်သောလူများက တယောက်ပြီးတယောက် ကူညီကြသည်။

ဘာကြောင့် ဒီလိုဖြစ်တာလဲ။

ယခုအချိန်တွင်၊ ရူယန်သည် တတိယမင်းသား၏ဘက်သို့ ဆုတ်သွားခဲ့ပြီဖြစ်သည်။ သူမက လင်းဖေးကို စိုးရိမ်တကြီးနဲ့ အရင်ဆုံးကြည့်သည်။ လင်းဖေး အဆင်ပြေတယ်ဆိုတာ မြင်ပြီးနောက် သူမ သက်ပြင်းချပြီး တတိယမင်းသားကို ကျေးဇူးတင်သည်။

"တတိယအကို၊ လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ မင်းမလာဘူးဆိုရင်တော့ အစ်ကိုလင်းဖေးက သေချာပေါက် အသက်ရှင်မှာ မဟုတ်ဘူး။"

တတိယမင်းသားက ဟစ်အော်လိုက်သည်။

"စိတ်မပူပါနဲ့၊ ငါတို့ရဲ့ တော်ဝင်မိသားစုဝင်တွေကို ဘယ်သူမှ မထိရဘူး။"

သူစကားပြောပြီးသည်နှင့် ကျီဝူရှန်ကို အေးစက်စွာ ငေးကြည့်ရင်း ပြောလိုက်သည် ။

"ကျီဝူရှန်၊ ဒါက ဘာအဓိပ္ပာယ်လဲ၊ ဧကရာဇ်မင်းရဲ့သားမက်ကို တိုက်ခိုက်တာ ဘာအပြစ်လဲဆိုတာ မင်းသိလား။"

ကျီဝူရှန် က အေးစက်စွာပြောသည်။

"လင်းဖေးက ငါ့ညီမကို အရှက်ရစေတုန်းက မင်းဘာလို့ ဒီစကားမပြောတာလဲ။ ဒီနေ့ လင်းဖေး သေရမယ်။ ကောင်းကင်တောင်မှ ငါ့ကို တားလို့မရဘူး။"

"ဘယ်လို မာနကြီးမှုမျိုးလဲ။"

တတိယမင်းသားလေး စကားမပြောခင်မှာ ဂုဏ်သိက္ခာရှိသည့် အသံတစ်ခု ကောင်းကင်ကနေ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။ ထို့နောက် လူတိုင်းသည် ခြေသည်းလေးချောင်းတပ်ထားသော စပါးအုံးမြွေဝတ်ရုံကို ဝတ်ဆင်ကာ လက်နောက်ပစ်၍ ဖြည်းညင်းစွာ ဆင်းသက်သည်ကို မြင်ကြသည်။

သူ၏ဘေးတွင် တခြားမင်းသားတွေ ရှိသေးသည်။

"မင်းက တော်ဝင်နန်းတော်ရဲ့ အမွေဆက်ခံသူသာသာပဲ၊ ဒါပေမယ့် မင်းအရမ်းမာနကြီးဖို့ သတ္တိရှိနေတုန်းပဲ။ ဧကရာဇ်မိသားစုဟာ အလှဆင်မှုတစ်ခုလို့ မင်းတကယ်ထင်နေတာလား။"

ယွင်လီကောနှင့် အခြားသူများ၏ အမူအရာများသည် လေးနက်စပြုလာသည်။

"ဆရာပြောတာ မှန်တယ်။ ငါတို့ အရေးမပါတဲ့ စကားတွေ ရပ်ပြီး လင်းဖေးလို မြင်းနက်ကို အမြန် သတ်ပစ်ရမယ်။ အခုတော့ ငါတို့ အခွင့်အရေး လွတ်သွားပြီ။ ဧကရာဇ် မိသားစု ရောက်လာတော့ ငါတို့ သူ့ကို မသတ်နိုင်တော့ဘူး။"

လာတဲ့လူတွေက တော်ဝင်မိသားစုဝင်တွေချည်းဘဲ။ သူတို့၏ အစေခံတွေလည်း လိုက်ပါလာခဲ့သည်။ ဤကျွန်များအားလုံးသည် အနှစ်တစ်ရာနီးပါး အသက်ရှင်နေထိုင်ခဲ့ကြပြီး ထူးထူးခြားခြား ကျွမ်းကျင်သူများဖြစ်ကြသည်။

ယွင်လီကောက သူထွက်ပြေးသင့်သလားဟုတောင် တွေးမိလာသည်။

နောက်ဆုံးတော့ သူ၏ဆရာက သူတို့မနိုင်ရင် ပြေးသင့်တယ်လို့ ပြောခဲ့သည်။

သို့သော်လည်း ယခုအချိန်တွင် အလင်းတန်းများစွာသည် နေရာပေါင်းစုံမှ လျင်မြန်စွာ စုရုံးလာခဲ့သည်။

"အရှင့်သား၊ ဂုဏ်သိက္ခာရှိတဲ့ ကျိုးတော်ဝင်မိသားစုအနေနဲ့ အပြင်လူကို ကာကွယ်ဖို့ ကိုယ့်အဆင့်အတန်းကို နှိမ့်ချတာ သိက္ခာကျလွန်းတယ်လို့ မထင်ဘူးလား။"

အိမ်ရှေ့စံမင်းသားသားနှင့် အခြားသူများသည် ရောက်ရှိလာသော လူများကို ကြည့်ကာ သူတို့၏ မျက်လုံးများကို မကျဉ်းမြောင်းပဲ မနေနိုင်ပေ။

ပဉ္စမမင်းသားသည် ချက်ချင်းပင် ရှေ့သို့ တိုး၍ ကြိမ်းမောင်းသည်။

"ကျီချင်ရှန်း၊ ကျီဖန်းဟွာ... မင်းတို့က ပုန်ကန်ချင်နေတာလား။"

ကျီချင်ရှန်းက အေးစက်စွာပြောလိုက်သည်။

"ချဲ့ကားမပြောနဲ့။ ဘာပုန်ကန်မှုလဲ။ ငါတို့က လင်းဖေးကို သတ်ချင်နေတာပဲ၊ ငါတို့က မင်းသမီးရူယန်ကို ထိခဲ့သလား။ အိမ်ရှေ့စံမင်းသားသား၊ မင်းနဲ့ မင်းရဲ့ ညီအစ်ကိုတွေက အပျော်အပျက် ဝင်ပါလာတာ။ အဲဒါအတွက် ငါတို့ကို အပြစ်တင်လို့မရဘူးလေ။"

"မင်းတို့တွေ အသက်ရှင်ရတာ ပင်ပန်းနေပြီထင်တယ်။ ငါ မင်းကို သင်ခန်းစာမပေးရင် မင်းတို့ အကောင်းအဆိုးကိုခွဲခြားသိမှာမဟုတ်ဘူး။"

တတိယမင်းသားသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ တိုက်ခိုက်လုဆဲဆဲတွင် လင်းဖေး၏ အသံသည် သူ့နောက်မှ သစ်ပင်အောက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။

"တတိယညီအကို၊ ငါ့အတွက် သူတို့ဒီလာတာဆိုတော့ သူတို့ ကျေနပ်အောင်လုပ်ပေးရတာပေါ့။ ဘာလို့စိတ်ရှုပ်ခံနေမှာလဲ။"

လူတိုင်း အံ့အားသင့်ပြီး လှည့်ကြည့်လိုက်သည်။ လင်းဖေး မျက်လုံးဖွင့်လိုက်သည်နှင့် သူ၏မျက်လုံးအိမ်ထဲ လျှပ်စီးကြောင်းနှစ်ခု အဆက်မပြတ် တောက်လောင်နေကာ လူတိုင်းကို ထိတ်လန့်သွားစေသည်။

ပိုထိတ်လန့်စရာကောင်းတာက သူ၏အငွေ့အသက်က စိတ်ဝိညာဉ်သန့်စင်ခြင်းအဆင့်၏ တတိယအဆင့်ကို တကယ်ရောက်တဲ့အထိ မြင့်တက်သွားခြင်းပင်။

"ကောင်းလိုက်တာ၊ မင်းရဲ့ ကျင့်ကြံမှုဟာ ထပ်ပြီး တိုးလာပြီ။"

တတိယမင်းသားက မထိန်းနိုင်ဘဲ အော်သည်။ လင်းဖေးကတော့ သူ၏နှုတ်ခမ်းတွန့်ကာ ဂုဏ်ယူစွာ ပြုံးပြလိုက်သည် ။

"ရှေးဟောင်းအမွေကို ရလို့ ကံကောင်းသွားတာပါ။"

ရှိရှိသမျှလူတိုင်း အတန်ငယ် ချဉ်သွားကြသည်။

ဒါက သာမာန်ကံမဟုတ်ပါ။ အမှန်မှာ၊ ရှေးခေတ်အမွေသည် မည်မျှတန်ဖိုးရှိသနည်း။

၎င်းသည် သိုင်းဘုရင်အဆင့် ကျင့်ကြံနည်းလမ်း ပင်ဖြစ်နိုင်သည်။

ယခုတစ်ကြိမ် ရှေးဟောင်း တားမြစ်နယ်မြေအတွင်းသို့ ဝင်ရောက်လာသူ လေးငါးဦးသာ ရှေးဟောင်း အမွေအနှစ်များကို ရရှိနိုင်မည်ဟု ဆိုနိုင်သည်။ ဒါက မတန်တဆ ဖြစ်နေတုန်းပင်။

လင်းဖေးသည် ထိုလူများထဲမှ တစ်ယောက်ဖြစ်ခဲ့သည်။ ဘယ်လောက်ကံကောင်းခဲ့သည်လဲ။

ရိုးရိုးရှင်းရှင်း စကားစမြည်ပြောပြီးနောက် လင်းဖေးသည် သူ့လက်များကို ကျောနောက်သို့ ချက်ချင်းချထားကာ ရှေ့သို့ ဖြည်းညှင်းစွာ ခြေလှမ်းလိုက်သည်။ ရှေ့ကိုရောက်လာပြီး လူတိုင်းကို ငေးကြည့်ရင်း သူ့မျက်လုံးတွေက ငြိမ်သက်နေသည်။

"အဲဒါက တခြားသူတွေလို့ထင်ခဲ့တာ။ ဟိုအရင်တုန်းက ငါ့ကို ရှုံးခဲ့တဲ့လူတွေပဲ။"

ထိုစကားကို ပြောပြီးသည်နှင့် ယမ်းမှုန့်နံ့သည် ချက်ချင်း လေထဲသို့ တိုးလာသည်။

ကျီချင်ရှန်း၊ ကျီဖန်းဟွာနှင့် အခြားသူများ အားလုံးသည် လင်းဖေး၏ အရှက်ခွဲခြင်းကို ခံခဲ့ရသည်။ ဤအခိုက်အတန့်တွင် သူတို့၏မျက်လုံးထဲတွင် ရက်စက်စွာသတ်ဖြတ်လိုစိတ်များ ရှိနေသည်။

လင်းဖေးသည် သူတို့ကို မထီမဲ့မြင် စိုက်ကြည့်ကာ သူတို့ကို အလေးအနက်မထားပေ။

"ငါတို့ တိုက်တော့မယ်ဆိုတော့ ပွင့်ပွင့်လင်းလင်း တိုက်ကြစို့။ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုတွေမှာ မြင့်မြတ်တဲ့ အရည်အချင်း မရှိဘူး။"

ခေတ္တနားပြီးနောက်..

"မေ့လိုက်ပါ၊ မင်းတို့ ငါ့ကို တစ်ယောက်တည်း တိုက်ခိုက်ဝံ့မယ် မထင်ဘူး။ အဲတော့ မင်းတို့ အတူတူ တိုက်ခိုက်လို့ ရတယ်။ ငါ လင်းဖေး မင်းတို့နဲ့ ကစားပေးမယ်။"

"ဘာ.. သူရူးနေတာလား။"

တတိယမင်းသားနှင့် တခြားသူတွေ၏ အမူအရာတွေ သိသိသာသာ ပြောင်းလဲသွားသည်။

"တစ်ယောက်တည်း လူတွေအများကြီးကို သူဘယ်လိုလုပ်နိုင်မှာလဲ။"

"မှန်တယ်။ သူက စိတ်ဝိညာဉ်သန့်စင်ခြင်း တတိယအဆင့်မှာ ရှိနေပေမယ့် ကျီဝူရှန်နဲ့ တခြားသူတွေကလည်း စိတ်ဝိညာဉ်သန့်စင်ခြင်းအဆင့်ရဲ့ အရှိန်အဝါကို ထုတ်လွှတ်နေတယ်။ သူသေချင်နေတာလား။"

မင်းသမီးရူယန်သည် သူမ၏ နှုတ်ခမ်းများကို ဖွကာ ပြုံးလိုက်သည်။

"တတိယအစ်ကို၊ ပဉ္စမအစ်ကို၊ စိတ်မပူပါနဲ့။ အစ်ကို လင်းဖေးက ဒီလိုပြောတဲ့အတွက် သူ့မှာ လုံလောက်တဲ့နည်းလမ်းတွေရှိရမယ်။ သူက အယုံအကြည်မရှိတဲ့အရာကို ဘယ်တော့မှမလုပ်ဘူး။ သူဒီလိုပြောတဲ့အတွက် သေချာပေါက် တဖက်သူကို အနိုင်ယူနိုင်လိမ့်မယ်။ "

ပဉ္စမမင်းသားသည် လေးနက်သောအမူအရာဖြင့်ပြောသည်။

"ရူယန် မင်းကဘာလို့ သူ့ကိုဒီလောက်ယုံရတာလဲ။"

"... ငါ့ရဲ့ ပင်ကိုယ်သိစိတ်ကို အခြေခံပြီး.."

"ပင်ကိုယ်သိစိတ်။"

"ဟုတ်တယ်။"

ရူယန်က ဒါကို အခိုင်အမာပြောပြီးနောက် မင်းသားလေးများ၏ နှလုံးသားတွေ တဟုန်ထိုး ခုန်သွားသည်။

သူတို့ညီမကို ဒီလိုပြောဝံ့အောင် လင်းဖေးက ဘယ်လောက် အစွမ်းထက်ခဲ့သည်လဲ။

တစ်ဖက်တွင်၊ ကျီဝူရှား၏ဘက်ရှိလူတိုင်းက အထင်အမြင်သေးစွာ ပြုံးပြကြသည်။

"ဒီကောင်၊ ဘယ်လောက်တောင် မာနကြီးတာလဲ။ သူက ငါတို့အားလုံးကို တစ်ယောက်တည်း တိုက်ခိုက်ချင်တာလား။"

"ဟုတ်တယ်။ ငါတို့ အတူတူ တိုက်ခိုက်ရင် သူက ဒါကို ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး။"

ယွင်လီကောက မျက်မှောင်ကြုတ်ဖို့ ကို မထိန်းနိုင်ခဲ့ပါ။ ဒီမြင်ကွင်းက နည်းနည်းရင်းနှီးသလို ခံစားလိုက်ရသည်။

အဲဒီတုန်းက ရှောင်ပိုင်က သူ့ကို စိန်ခေါ်တုန်းကလည်း ဒီလိုပါပဲ။ လူတိုင်းက သူ့ကို ချီးကျူးကြပြီး ရှောင်ပိုင်ကို မယုံကြပေ။ နောက်ဆုံးတွင် ရှောင်ပိုင်သည် သူ့ကိုအနိုင်ယူပြီး ယွင်မိသားစုတစ်ခုလုံးကိုပင် ဖျက်ဆီးပစ်လိုက်သည်။

ယခု ကျီချင်ရှန်းနှင့် အခြားသူများသည် လင်းဖေးကို ဤကဲ့သို့ လျှော့တွက်နေကြသည်ကို မြင်လိုက်ရသောအခါတွင် သူ့အား အန္တရာယ်ကြီးတစ်ခု ကို ခံစားလိုက်ရစေသည်။

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၁၁။ အခန်း ၁၅၄ သူမ ငါ့ကိုတကယ်သတ်ချင်တာလား

"ရပ်လိုက်၊ ရပ်လိုက်၊ စကားတွေ ရပ်လိုက်။ အခုချိန်ကစပြီး လင်းဖေးကို ငါတို့ အနိုင်ယူနိုင်တယ်လို့ ဘယ်သူမှ မပြောရတော့ဘူး။"

ယွင်လီကောက ကမန်းကတန်းပြောပြီး သူ၏အသံကို လူတိုင်းဆီ ပို့လိုက်သည်။

လူတိုင်းက မထိန်းနိုင်ဘဲ မျက်မှောင်ကြုတ်ကာ အနည်းငယ် ပဟေဠိဖြစ်နေကြသည်။

"လင်းဖေးကို ငါတို့အနိုင်ယူနိုင်တယ်လို့ ဘာလို့ပြောမရတာလဲ။"

ကျီဝူရှန်က မထိန်းနိုင်၍မေးမိသည်။

“အရင်တုန်းက ဆရာက ချက်ချင်းလုပ်ကြံသတ်ဖြတ်ဖို့ပြောတုန်းက ဘာကိုဆိုလိုမှန်း မသိသေးခဲ့ပေမယ့် အခုနောက်ဆုံးတော့ နားလည်သွားပြီ။ သူ့ကို အနိုင်ယူနိုင်မယ်လို့ ပြောတိုင်း ငါတို့အဆုံးမှာသူ့ကိုရှုံးရတယ်။ သေချာစဉ်းစားကြည့်။ မင်းတို့အရင်တုန်းက ဒီလိုအခြေအနေမျိုး ကြုံဖူးလားဆိုတာ။"

ဒီစကားကို ကြားသည်နှင့် လူတိုင်း၏ နှလုံးသားများ တုန်လှုပ်ခြောက်ခြား သွားသည်။

အမှန်ပဲ၊ တကယ်ကို ထိုအတိုင်းဖြစ်ခဲ့ပုံပင်။

အစပိုင်းတွင် သူတို့အားလုံး လင်းဖေးကို ရှုံ့ချခဲ့ကြသည်။ သို့သော် အဆုံးတွင် လင်းဖေးမှ သင်ခန်းစာပေးခြင်းကိုခံခဲ့ရသည်။

လုရှောင်ယန်နှင့် သူ၏အကူအညီကြောင့်သာမဟုတ်ပါက၊ သူတို့သည် တောင်ပင်လယ်အဆင့်တွင်သာ ရှိနေပေလိမ့်မည်။ သူတို့သည် ဝိညာဉ်သန့်စင်ခြင်းအဆင့်သို့ မည်သို့ရောက်ရှိနိုင်မည်နည်း။

"အကြီးအကဲလု၊ သင်က တကယ်ကို ဉာဏ်ကောင်းတဲ့ ကျွမ်းကျင်သူပါ။ သင်က ဒီအကြောင်းကို လုံးဝ နားလည်တယ်။"

" အကြီးအကဲလုက အစွမ်းထက်လွန်းတယ်။ ငါပြန်လာပြီးရင် ငါ့ပေါင်ခြေရင်းမှာ အကြီးအကဲလုရဲ့ပုံတူကို တက်တူးထိုးဖို့ နတ်ဆိုးသွေးကိုသုံးဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါဆို ငါ သူ့ကို အမြဲတမ်းကြည့်နေလို့ရပြီ၊ ရေချိုးခန်းထဲမှာ လဲလျောင်းနေတဲ့အခါတိုင်း ဒါမှမဟုတ် ဆေးကြောတဲ့အခါတိုင်း...။"

လူတိုင်း၏ နှလုံးသားထဲတွင် ကျီဖန်းဟွာကို လက်မ ထောင်ချင်ကြသည်။

ဤအမျိုးသမီးသည် အမှန်တကယ် အကြီးအကဲလု၏ပုံတူကို နတ်ဆိုးသွေးဖြင့် သူမ၏ပေါင်ပေါ်တွင် တက်တူးထိုးချင်ခဲ့သည်။ သူမ၏ အရေပြားကို စုတ်ဖြဲမပစ်ရင် ဒီတက်တူးကို ဖျက်နိုင်မှာမဟုတ်ဘူးဟု သူတို့က ယူဆသည်။

သူမက တကယ်ကို အထင်ကြီးစရာကောင်းလွန်းသည်။

အကြီးအကဲလုသည် ယခုမှစပြီး ပင်လယ်ကမ်းစပ်တွင် နေထိုင်နေရသကဲ့သို့ ခံစားရမည်လားဟု သူတို့ တွေးတောမိကြသည်။

စင်စစ် သူအဲဒီမှာနေမယ်ဆိုရင် နေ့တိုင်း ပင်လယ်လိုပဲ မွှေးကြိုင်နေလိမ့်မည်။

လီချန်းရှန်၏ မျက်နှာပေါ်ရှိ ကြွက်သားများသည် မထိန်းနိုင်ဘဲ ပြင်းထန်စွာ တုန်လှုပ်သွားခဲ့သည်။

"နင်တို့တွေ မိုက်မဲတဲ့စကားတွေ တော်နိုင်မလား၊ ငါတို့က လင်းဖေးကို သတ်ဖို့ ဒီကိုရောက်နေတာ။"

ထိုစကားကို ပြောပြီးသည်နှင့် အားလုံးက အာရုံတွေကို ပြန်လည် စုစည်းလိုက်သည်။

"ဒါဆို ငါတို့ အခု ဘာလုပ်သင့်လဲ အတူတူ တိုက်ခိုက်ချင်လား။"

"မဟုတ်ဘူး ငါလုပ်မယ်။"

အရေးကြီးသောအခိုက်အတန့်တွင် ကျီဝူရှားသည် ရှေ့သို့ထွက်လာသည်။

ဖုန်းထျန်းယွမ်သည် မထိန်းနိုင်ဘဲ အနည်းငယ် စိတ်ပူသွားသည်။

"ဆရာတူအစ်မ၊ မင်း တစ်ယောက်တည်း လုပ်လို့မရဘူး ဟုတ်တယ်မလား၊ ငါတို့ အဖွဲ့လိုက် တိုက်လို့ရရင် ငါတို့ တစ်ယောက်ချင်း မတိုက်သင့်ဘူး။"

ကျီဝူရှား သည် အဝေးမှ လင်းဖေး ကို စိုက်ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"ဒါက သူ့ပတ်ဝန်းကျင်မှာ မင်းသားနဲ့ မင်းသမီးတွေ အများကြီးရှိလို့။ ငါတို့ အတူတူ တိုက်ခိုက်ပြီး လင်းဖေးက အားနည်းချက်တစ်ခု ဖြစ်သွားရင် သူတို့ ပါဝင်တိုက်ခိုက်မှာ သေချာတယ်။ ဒါပေမယ့် တစ်ယောက်ချင်း တိုက်ပွဲဖြစ်ရင် သူတို့မှာ တိုက်ခိုက်ဖို့အခွင့်အရေး ရှိမှာ မဟုတ်ဘူး။ "

တစ်ဦးချင်းတိုက်ပွဲတွင် လင်းဖေးသည် လူတိုင်းရှေ့တွင် သူ၏ သိုင်းဘုရင်အဆင့် လက်နက်ကို အသုံးပြုဝံ့မည်မဟုတ်ပေ။ နောက်ဆုံးတွင်၊ သူသည် သူ၏ဝှက်ဖဲများကို ပေါ့ပေါ့ဆဆ မသုံးဝံ့ပေ။ အုပ်စုလိုက်ရန်ပွဲနှင့် နှိုင်းယှဉ်ပါက သူ့ကို ဤနည်းဖြင့် ချုပ်နှောင်ထားရန် ပိုလွယ်ကူမည်ဖြစ်သည်။

“ပြီးတော့ သူ့ကိုသတ်ဖို့က ငါ့အတွက် အရမ်းခက်ခဲတယ်။ ဒီအခွင့်အရေးကို အသုံးချပြီး သူ့ကိုအားကုန်အောင်လုပ်မယ်။ အရေးကြီးတဲ့အခိုက်အတန့်မှာ လူတိုင်းက လင်းဖေးကို တိုက်ခိုက်ဖျက်ဆီးဖို့ အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ထားဖို့ လိုတယ်။ ပြီးရင် ငါတို့ပြေးမယ်။ ဧကရာဇ်မိသားစုက ငါတို့ကို အခွင့်ကောင်းမယူစေနဲ့။”

ကျီဝူရှန် ခေါင်းညိတ်လိုက်သည်။

"ဝူရှား ပြောတာ မှန်တယ်။ ငါတို့ အကြီးစားတိုက်ပွဲကို မဖန်တီးရင် လင်းဖေးကို အနိုင်ယူဖို့ ပိုလွယ်လိမ့်မယ်။ မဟုတ်ရင် အခြေအနေကို အခွင့်ကောင်းယူထားရင် ငါတို့အတွက် ပိုအန္တရာယ်များလိမ့်မယ်။ ဝူရှား တစ်ယောက်တည်းတိုက်တာက ဧကရာဇ်မိသားစုဝင်တွေ ပါဝင် တိုက်ခိုက်တာကနေ တားဆီးကာကွယ်ပေးတယ်။"

"ကောင်းပြီ"

ကျီဝူရှားက ခေါင်းညိတ်ပြီး ထွက်သွားသည်။

"လင်းဖေး၊ ဒါတွေအားလုံးက ငါတို့နှစ်ယောက်နဲ့စခဲ့တာ။ ဒီနေ့ ငါတို့နှစ်ယောက်ရှင်းကြတာပေါ့။"

ရှေ့သို့တက်လှမ်းရန် မစောင့်နိုင်သော ကျီဝူရှားကိုကြည့်ရင်း လင်းဖေး၏မျက်လုံးများသည် ရှုပ်ထွေးသောအမူအရာတစ်ခုရှိနေသည်။

ယခုအချိန်တွင် လင်းဖေး တွေးနေသည်မှာ ကျီဝူရှားသည် စေ့စပ်ပွဲကို ဖျက်သိမ်းလိုက်ခြင်းအတွက် နောင်တရနေမည်လားဟုပင်။

ပထမတော့ သူမက သူ့ကို အမှိုက်ဟု ထင်ပြီး သူ့ကို စိတ်မကူးခဲ့ပေ။

စေ့စပ်ကြောင်းလမ်းခြင်းကို ရုတ်သိမ်းပြီးနောက်တွင် သူမသည် သူ့ကို ရှုံးနိမ့်သွားခဲ့ပြီး နောက်ဆုံးတွင် သူ့ကို ချစ်မိသွားကြောင်း သိလိုက်ရသည်။

စင်စစ် ဘယ်အမျိုးသမီးက ဉာဏ်ကြီးရှင်တွေ၊ ကျွမ်းကျင်သူတွေကို မကြိုက်လို့လဲ။

ထို့ကြောင့် အခု သူ့ကို တိုက်ခိုက်ချင်တာ သူ့ကို ဆွဲဆောင်ဖို့လား။

သူသည် အသက်ပြင်းပြင်းရှူရင်း မျက်လုံးကိုမှိတ်ပြီး ခံစားချက်ကင်းစွာပြောလိုက်သည်။

"ရူယန်၊ နောက် ဆုတ်လိုက်ပါ။ ဒီတိုက်ပွဲက ကျီဝူရှားနဲ့ ငါ့အတွက်ပဲ။"

ရူယန်က ခေါင်းညိတ်ပြပြီး တော်ဝင်မိသားစုကို ချက်ချင်းပြန်ဆုတ်ခိုင်းလိုက်သည်။ ကျီဝူရှန်နှင့် အခြားသူများလည်း သူတို့နှစ်ဦးအတွက် နေရာပေးရန် တစ်ချိန်တည်းတွင် ဆုတ်ခွာသွားသည်။

သို့သော်လည်း သူတို့အားလုံးသည် ၎င်းတို့၏ ဝိညာဉ်စွမ်းအင်များကို လျှို့ဝှက်စွာ ဖြန့်ကျက်ကာ အချိန်မရွေး တိုက်ခိုက်ရန် ပြင်ဆင်နေကြသည်။

ထို့နောက် လင်းဖေးက မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။ သူ့တွင် ရှုပ်ထွေးသည့်အမူအရာတွေ မရှိတော့ပေ။ ၎င်းကို သတ်ဖြတ်ရန်ရည်ရွယ်ချက်တို့ဖြင့် အစားထိုးလိုက်သည်။

သူသည် အချစ်ကြောင့်ဖြစ်စေ၊ အမုန်းကြောင့်ဖြစ်စေ၊ ကျီဝူရှားသည် ဘယ်တော့မှ သူနှင့် အတူမနေနိုင်သည့်သူတစ်ယောက်ဖြစ်နေသည်ဟု သူမကို အသိပေးချင်သည်။

အဲဒီတုန်းက မင်းငါ့ကို လျစ်လျူရှုခဲ့တယ်။ အခု မင်းက ငါနဲ့ မထိုက်တန်တော့ပြီ။

လင်းဖေးသည် ကျီဝူရှားအား သူမ မည်မျှပင် သူ၏ အာရုံစိုက်မှုကိုရရန် ကြိုးစားအားထုတ်နေပါစေ သူ သူမ ကို ဂရုမစိုက်ကြောင်း သိစေချင်သည်။

"တိုက်…"

သူစကားမဆုံးခင်တွင် အလွန်အေးစက်သည့် အအေးဓာတ်နှင့် ရောထွေးနေသည့် ကျီဝူရှား၏ ဓားအလင်းတန်းက သူ၏ရှေ့ကို ရောက်နေပါပြီ။

လင်းဖေး၏ ဆံပင်များသည် ရုတ်တရက် အဆုံးထိ ထောင်သွားသည်။

ဒီအမျိုးသမီးက သူ့အာရုံကို ဆွဲဆောင်ဖို့ ကြိုးစားနေတာမဟုတ်ဘူးဆိုတာ လင်းဖေး ရုတ်တရက် သဘောပေါက်သွားသည်။ သူမက သူ့ကို အစစ်အမှန် သတ်ပစ်ချင်နေခြင်းပင်။

သူမ တကယ်ကို သတ်ပစ်ချင်နေသည်။

ဓားမှသတ်ဖြတ်ရန် ရည်ရွယ်ချက်ကို သတိပြုမိသောအခါ လင်းဖေးသည် လုံးဝ သတိမလွတ်ဝံ့တော့ပေ။ သူသည် ကျီဝူရှား၏ဓားကို ချက်ချင်းရှောင်လိုက်သည်။

ကံမကောင်းစွာ၊ ကျီဝူရှားသည် သူ၏လုပ်ရပ်ကို ခန့်မှန်းထားပြီးသားဖြစ်ပုံရသည်။ သူမ၏ လက်ကောက်ဝတ်ကို လွှဲလိုက်ခြင်းဖြင့် ဓားသည် သူ့ရင်ဘတ်ပေါ်သို့ အကြင်နာမဲ့စွာ တိုက်ရိုက်ထိသွားသည်။ ပြင်းထန်သော သက်ရောက်မှုသည် ချက်ချင်းပင် သူ့ကို မီတာပေါင်းများစွာ အကွာအဝေးသို့ လွင့်သွားစေခဲ့သည်။

လင်းဖေး၏ သွေးအနည်းငယ်တိုးလာသည်။

သို့သော် သူ၏သွေးအနှစ်သာရထက် ပိုရှုပ်ထွေးနေသောအရာမှာ သူ၏ဦးနှောက်ဖြစ်သည်။

ဘာတွေဖြစ်နေတာလဲ။

ဤတိုက်ပွဲ၏ ခံစားချက်က သူ ရင်းနှီးပြီးသားဖြစ်သည်။

သူသည် ရှေးဟောင်း နံပါတ်တစ် သိုင်းဘုရင်အဆင့် လုပ်ကြံသတ်ဖြတ်သူ ယွဲ့ယင်းက ပြုစုပျိုးထောင် ပေးထားသူဖြစ်သည်။ သူ၏ တိုက်ခိုက်ရေး အာရုံခံနိုင်စွမ်းသည် သာမန် သိုင်းပညာရှင်တို့နှင့် နှိုင်းယှဉ်နိုင်ဖို့ မဖြစ်နိုင်ပေ။

ကျီဝူရှား၏ ဓားတိုက်ခိုက်မှုကို သူ အခုလေးတင် အနီးကပ် အကွာအဝေးတွင် ရှောင်နိုင်ဖို့ သူ၏ဆရာ သင်ပေးထားသည့် တိုက်ခိုက်ရေး နည်းစနစ်ကို အသုံးပြုခဲ့သည်။

သိုင်းဘုရင်အဆင့် ယွဲ့ယင်း၏ တိုက်ခိုက်ရေးပုံစံမှသာလျှင် စိတ်ဝိညာဉ်သန့်စင်ခြင်းအဆင့်၏ တတိယအဆင့်တွင်ရှိသော သူ့ကို တိုက်ခိုက်ခြင်းကို ရှောင်လွှဲနိုင်မည်ဖြစ်သည်။

သို့သော် ကျီဝူရှား၏ သူ့ကို တိုက်ခိုက်သည့်နည်းလမ်းသည် သူ့ကို လေ့ကျင့်ပေးနေသည့် သူ၏ဆရာ၏ တိုက်ခိုက်သည့် နည်းလမ်းနှင့် ဘာကြောင့် ဆင်တူရသည်လဲ။

စင်စစ် ဒါက သိုင်းဘုရင်အဆင့် ယွဲ့ယင်း၏ ဝိညာဉ်ကနေ သန့်စင်ထားသည့် သိုင်းဘုရင်အဆင့် ဝိညာဉ်ဆေးလုံးကို စားသုံးပြီးနောက် ကျီဝူရှားရဲ့ သိုင်းရည်ရွယ်ချက်က ယွဲ့ယင်း၏ တိုက်ခိုက်ရေး အလေ့အထတွေနဲ့ သဘာဝတွေပါ ရောထွေးသွားတာကြောင့်ပင်။

လင်းဖေး နောက်ထပ် မတွေးနိုင်ခင်တွင် ကျီဝူရှားက ထပ်ပြီး တိုက်ခိုက်နေပြီ။

ယခုအချိန်တွင် လင်းဖေးသည် လုံးဝဂရုမစိုက်ပဲမနေဝံ့ပေ။ သူသည် သူ့၏ခန္ဓာကိုယ်အတွင်း ကျင့်ကြံနည်းလမ်းကို ချက်ချင်းဖြန့်ဝေပြီး ကျီဝူရှားကို တိုက်ခိုက်ရန်အတွက် သူ၏သိုလှောင်အိတ်မှ ကောင်းကင်ဘုံအဆင့်ဓားတစ်ချောင်းကို ပေါ့ပေါ့ပါးပါး ထုတ်ယူလိုက်သည်။

အဝေးမှ မင်းသမီးရူယန်သည် ဒေါသတကြီးဖြင့် လက်သီးများကို တင်းတင်းဆုပ်ကာ အေးစက်စွာပြောသည် ။

"ဒီ ကျီဝူရှားက တော်တော်လေး အရှက်ကင်းမဲ့သူပဲ။ သူမက စကားမဆုံးခင်မှာ အစ်ကို လင်းဖေးကို အလစ်ဝင်တိုက်ခိုက်ခဲ့တယ်။"

တတိယမင်းသားက လှောင်ပြောင်သည်။

"စိတ်မပူပါနဲ့။ လူတစ်အုပ်လုံး လင်းဖေးကိုတိုက်ခိုက်ရင်တောင်မှ သူရှုံးမှာ စိုးရိမ်ဖို့မလိုဘူး။ ဒါပေမယ့် ကျီဝူရှား တစ်ယောက်တည်းကို ဘာကြောက်ဖို့ လိုလို့လဲ။"

ပဉ္စမမင်းသားလေးကလည်း...

"မှန်တယ်။ လင်းဖေးက တစ်ထောင်မှာတစ်ယောက် တွေ့ဖို့ခဲယဉ်းတဲ့ ထိပ်တန်း ပါရမီရှင် တစ်ယောက်ပါ။ သူ စိတ်ဝိညာဉ် သန့်စင်ခြင်း တတိယအဆင့်ကို ရောက်ဖို့ နှစ်အနည်းငယ်ပဲ အချိန်ယူခဲ့ရတယ်။ သူ့ရဲ့ အရည်အချင်းက အထင်ကြီးစရာကောင်းပြီး သူ့ရဲ့ အခွင့်အလမ်းတွေက ပိုလို့တောင် အထင်ကြီးစရာပါပဲ။ ကျီဝူရှားက သူ့ကို တကယ် မနိုင်နိုင်ပါဘူး။"

ရူယန်က ခေါင်းညိတ်ပြကာ နှုတ်ခမ်းထောင့်ကကွေးညွတ်ကာ သူမ၏ စိတ်ထဲတွင် ပျားရည်တွေနှင့် ပြည့်နေသလိုပင် ချိုနေသည်။

"မှန်တယ်။ ငါ့အစ်ကိုလင်းဖေးက မယုံနိုင်လောက်အောင်ပါပဲ။ ကျီဝူရှားက သူ့ကို ချောင်းမြောင်းတိုက်ခိုက်တာတောင်မှ ငါ့အစ်ကို လင်းဖေးရဲ့ သတ်တာခံရမှာပါပဲ။"

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၁၁။ အခန်း ၁၅၅ နောက်ဆုံးအခြေအနေထိတွန်းပို့ခံရတယ်

ကျီဝူရှားနှင့် လင်းဖေးတို့သည် လုံးဝမဆုတ်ခွာဘဲ အပြန်အလှန် ထိုးနှက်ကြသည်။

တိုက်ပွဲစတင်သည်နှင့် တပြိုင်နက် တိုက်ပွဲသည် အထွတ်အထိပ်သို့ တိုက်ရိုက်ရောက်သွားသည်။

ကျီဝူရှား၏နောက်တွင် ဖီးနစ်သဏ္ဍာန်တစ်ခုသည် မီတာများစွာမြင့်သည်။ သူမ တိုက်ခိုက်စဉ်တွင်၊ ဤအသွင်သည် လျှို့ဝှက်ဆန်းကြယ်ပြီး ဂုဏ်သိက္ခာရှိစွာ ကခုန်နေခဲ့သည်။

စစ်မှန်သော ဇာမဏီကိုးပါးအသွင်ပြောင်းခြင်းသည် ၎င်း၏ ခွန်အားအပြည့်ဖြင့် ဖြန့်ကျက်ခဲ့သည်။ သူမ၏ အရှိန်သည် မြန်လွန်းလှသည်။

လေထဲတွင် မီးနီရောင်နှင့် ရွှေရောင်ဖျော့ဖျော့ အလင်းတန်းများကိုသာ မြင်နိုင်ကြသည်။ ထိုနှစ်ခုသည် အဆက်မပြတ် ရောယှက်လိုက် ကွဲကွာလိုက်ဖြစ်နေသည်။

အလင်းတန်းများ တိုက်မိတိုင်း လေထုသည် တုန်ခါသွားပြီး အလင်းလှိုင်းများ ပျံ့နှံ့သွားသည်။ မိုင်တစ်ရာအတွင်းရှိ အရာအားလုံးသည် ဤအတက်အကျကြောင့် ထိခိုက်ခဲ့ရသည်။

အပြင်ဘက်ရှိ ပရိသတ်များသည် ပြင်းထန်သော လေများ ထိခတ်ခံရကာ ၎င်းတို့၏ အဝတ်အစားများ ရှုပ်ပွသွားသည်အထိ ဖြစ်လာသည်။

လူတိုင်းသည် ၎င်းတို့ရှေ့မှ စွမ်းအင် အတားအဆီးအဖြစ် ၎င်းတို့၏ ဝိညာဉ်စွမ်းအင်ကို လှည့်ပတ်ကာ တွန်းလှန်ရန် မှတပါး ရွေးချယ်စရာမရှိပေ။

တတိယမင်းသားက အေးစက်စက်ပြောသည်။

"ဒီ ကျီဝူရှားရဲ့ အစွမ်းက ဒီလောက် အစွမ်းထက်မယ်လို့တောင် မမျှော်လင့်ထားဘူး။ ဒီတော်ဝင်နန်းတော်တွေက သူတို့ရဲ့ ခွန်အားကို ကောင်းကောင်း ဖုံးကွယ်ထားတာ သေချာတယ်။"

အိမ်ရှေ့စံမင်းသားသား၏ မျက်လုံးများသည် အဆက်မပြတ် ကျဉ်းမြောင်းနေသည်။

ကျီဝူရှန်၊ ကျီဝူရှားနှင့် အခြားသူများ၏ ခွန်အားများက သူ့ကို အန္တရာယ် အရိပ်အယောင် ခံစားမိစေသည်။

တစ်ဖက်သူက မရိုးသားစိတ်ရှိနေတာ သေချာသည်။

စစ်မြေပြင်တွင် လင်းဖေးနှင့် ကျီဝူရှားအကြား တိုက်ပွဲမှာလည်း တုန်လှုပ်ချောက်ချားစရာကောင်းနေခဲ့သည်။

လင်းဖေး သည် သူ၏ဆရာယွဲ့ယင်း သင်ပေးခဲ့သော လအရိပ်ဧကရာဇ်အနုပညာကို ထုတ်လွှတ်ရန် သူ၏ ခွန်အားကို အပြည့်အဝ အသုံးပြုခဲ့သည်။

ဓားတန်းများသည် ငွေရောင်မြွေများကဲ့သို့ ကခုန်လျက်၊ လျှပ်စီးကြောင်းကဲ့သို့ အဆုံးမသတ်နိုင်သော အရှိန်အဟုန်ဖြင့် ပေါ်လာသည်။

သူတိုက်ခိုက်လိုက်တိုင်း လေထဲမှာ ရောင်ဝါတွေနဲ့ ပြည့်နေမှာ အသေအချာပင်။ ၎င်းသည် ကျီဝူရှား၏ထွက်ပြေးလမ်းကြောင်းအားလုံးကို ပိတ်ထားပြီး သူမ၏ခန္ဓာကိုယ်ရှိ သေစေလောက်သည့်နေရာများအားလုံးဆီသို့ ဦးတည်သွားခဲ့သည်။

ကျီဝူရှားက သူ့ကို တကယ်သတ်ချင်နေမှန်းသိပြီးနောက် လင်းဖေးလည်း မထိန်းတော့ပါ။

ကျီဝူရှားသည်လည်း ပေါ့လျော့မနေဝံ့ပေ။ ရှောင်ပိုင်၏ တိုက်ပွဲမှ မြင်းနက်များ၏ အစွမ်းကို သူမ နားလည်ထားပြီးဖြစ်သည်။

ကောင်းကင်ယံတွင် ပြည့်လျှံနေသော ဓားအလင်းတန်းကို ရင်ဆိုင်ရင်း သူမသည် စစ်မှန်သော ဇာမဏီကိုးပါးအသွင်ပြောင်းခြင်း ၏ နောက်ဆုံးလှုပ်ရှားမှုကို ချက်ချင်းအသုံးပြုခဲ့သည်။

သူမ၏နောက်ကွယ်ရှိ ဖီးနစ်သဏ္ဍာန်သည် ၎င်း၏အတောင်ပံများကို ချွန်ထက်သောအော်သံဖြင့် ဖြန့်ကျက်ထားသည်။ ၎င်းသည် ဓားအလင်းတန်းနှင့် တိုက်ရိုက် တိုက်မိသွားသည်။

အုန်း..အုန်း..အုန်း..

ကောင်းကင်တွင် မရေမတွက်နိုင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ မီးတောက်များသည် အရာခပ်သိမ်းကို ဝါးမျိုသွားသော ကြီးမားသော ရွှေရောင်ဘောလုံးများ ဖြစ်ပေါ်လာသည်။ ထို့နောက်တွင်၊ ဤရွှေရောင်အလင်းဘောလုံးများကို အလင်းဘောလုံးအသစ်များက တစ်ဖန် ဝါးမြိုသွားခဲ့သည်။

"အခွင့်အရေးကောင်းပဲ။"

လင်းဖေး၏ မျက်လုံးများ အေးစက်သွားသည်။ သူသည် လအရိပ်ဧကရာဇ်အနုပညာ၏ ရုတ်ချည်းခြေလှမ်းကို အသုံးပြုပြီး အဓိကဧရိယာကို ချက်ချင်း ထိုးဖောက်ဝင်ရောက်ခဲ့သည်။ သူသည် မလှမ်းမကမ်းကို ဖြတ်ကျော်ကာ ကျီဝူရှား၏နောက်သို့ ရောက်လာပြီး ဓါးနှင့် ခုတ်ချလိုက်သည်။

"သေစမ်း။"

မျှော်လင့်ထားသည့်အတိုင်း၊ ဓားအလင်းတန်းသည် ကျီဝူရှား၏ ခန္ဓာကိုယ်ကို လျှပ်စီးလက်သလို ဖောက်ဝင်သွားသည်။

သို့သော်လည်း သွေးထွက်သံယို မြင်ကွင်း မပေါ်ခဲ့ပေ။ ထိုအစား ကျီဝူရှားရဲ့ ပုံပန်းသဏ္ဍာန်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

"မကောင်းတော့ဘူး။"

လင်းဖေး၏ မျက်လုံးများသည် ကျဉ်းမြောင်းလာပြီး ချက်ချင်းပင် တုံ့ပြန်ခဲ့သည်။ ကျီဝူရှားသည်လည်း သူမ၏ လှုပ်ရှားမှုနည်းပညာကို အသုံးပြုခဲ့သည်။

စဉ်းစားရန်အချိန်မရှိပဲ လင်းဖေးလည်း ချက်ချင်းဆုတ်ခွာသွားသည်။

နောက်အခိုက်အတန့်တွင် သူရှိနေသည့်နေရာကို ဓားဖြင့်ခုတ်လိုက်သည်။

အုန်း...

ဓားအလင်းတန်းသည် ပေါက်ကွဲသွားကာ လေထဲတွင် ဝိညာဉ်စွမ်းအင်များကို ပေါက်ကွဲစေသည်။ တဟုန်းဟုန်းတောက်နေသော အပူလှိုင်းကို ခံစားလိုက်ရသဖြင့် လင်းဖေးသည် မရှောင်သာဘဲ ထိုလမ်းကြောင်းအတိုင်း ဖြတ်သွားသည်။

ယခုအချိန်တွင် ကျီဝူရှားသည် သူမ၏တိုက်ခိုက်မှုကို ပြီးမြောက်ခဲ့ပြီး သူမ၏ ခွန်အားသစ်ကို ထုတ်လွှတ်နိုင်ခြင်းမရှိသေးပေ။ လင်းဖေးသည် ဤလမ်းကြောင်းအတိုင်း ခုတ်ထစ်ခြင်းဖြင့် တစ်စုံတစ်ခုကို ထိမှန်နိုင်လိမ့်မည်ဟု ကြိုတွက်ခဲ့သည်။

ကံမကောင်းစွာဖြင့်…

သူ့တွင် စိတ်ကူးညဏ် ကောင်းသော်လည်း လက်တွေ့က အရမ်းကြမ်းတမ်းသည်။

ဓားအလင်းတန်းသည် ကျိုးကျလာသည့်အခိုက် ကျီဝူရှား၏ ခေါင်းပေါ်သို့ ကျရောက်သွားသည်။

သို့သော်လည်း ကျီဝူရှားသည် သူမ၏လက်ထဲရှိ ဓားကို ပိုမိုမြန်ဆန်စွာ အရှိန်မြှင့်လိုက်ပြီး လင်းဖေး၏ဓားကို ပိတ်ဆို့လိုက်သည်။

ဒုန်း..

သူတို့နှစ်ယောက် တိုက်မိသည့်အခိုက်တွင် လင်းဖေး ရုတ်တရက် တုန်လှုပ်သွားသည်။ သူ မထိန်းနိုင်ဘဲ တုန်လှုပ်သွားရသည်။

မဟုတ်ဘူး၊ အခုလေးတင် သူ၏ လုပ်ကြံမှုမှာ သေချာပေါက် တစ်ခုခု မှားနေပြီ။ ထိုတိုက်ခိုက်မှုကြောင့် သူသည် ကျီဝူရှားကို အလွယ်တကူ ဒဏ်ရာရစေနိုင်သည်။

အဘယ်ကြောင့်ဆိုသော် သူသည် လအရိပ်ဧကရာဇ်အနုပညာ၏ အရှိန်မြှင့်နည်းပညာကို အသုံးပြုခဲ့ခြင်းကြောင့်ဖြစ်သည်။

လအရိပ်ဧကရာဇ်အနုပညာသည် လုပ်ကြံသတ်ဖြတ်ခြင်း၏ အဆုံးစွန်သော နက်နဲမှုပါရှိသော သိုင်းဘုရင်အဆင့် ကျင့်ကြံနည်းလမ်းတစ်ခုဖြစ်သည်။

၎င်း၏အမြန်နှုန်းမှာ သေချာပေါက် ပြိုင်ဘက်ကင်းသည်။ ၎င်းသည် အဆင့်ကြီးတစ်ဆင့်မြင့်သောသူထက်ပင် သာနိုင်သည်။

သို့သော်လည်း ကျီဝူရှားက ၎င်းကို တားဆီးနိုင်ခဲ့သည်။

ဒါက ဘာကို ဆိုလိုတာလဲ။ ဆိုလိုသည်မှာ ကျီဝူရှား၏ ကျင့်ကြံနည်းလမ်းသည် လအရိပ်ဧကရာဇ်အနုပညာထက် လုံးဝ မနိမ့်ကျပေ။ ထို့အပြင် ကျီဝူရှား၏ ကျင့်ကြံဆင့်သည် သူ့အထက်တွင် ရှိနေသည်။

"မင်းဘာလုပ်ခဲ့တာလဲ၊ မင်းမှာ ဒီအဆင့်ရဲ့ ကျင့်ကြံနည်းလမ်းကို ဘာလို့ရှိနေတာလဲ၊ မင်းရဲ့ ကျင့်ကြံဆင့် ဘာလို့ ဒီလောက်မြန်မြန် တိုးလာတာလဲ။"

ကျီဝူရှားသည် သူမ၏ လက်ကောက်ဝတ်ကို ဆန့်ထုတ်လိုက်ပြီး လင်းဖေးကို ဖယ်လိုက်သည်။

"အဲ့ အကြောင်းကို ငရဲမင်းကြီးကို မေးလိုက်။"

လင်းဖေးကို ဖယ်ခိုင်းပြီးနောက် ကျီဝူရှားက သူ့ကို တိုက်လိုက်ပြန်သည်။

"ဒါလေးကြောင့် မင်းကို ကြောက်သွားလိမ့်မယ် မထင်နဲ့ ဟား။"

ကြွေးကြော်သံနှင့်အတူ သူသည် သူ၏ ဝှက်ဖဲချပ်—ဟိန်းဟောက်သံနည်းစနစ်...ကိုထုတ်လိုက်သည်။

ဤကျင့်ကြံနည်းလမ်းကို အသုံးပြုပြီးနောက်၊ သူ၏ ကျင့်ကြံဆင့်သည် အဆင့်ကြီးတစ်ခုလုံး ဆက်တိုက်တိုးလာမည်ဖြစ်သည်။

အဝေးမှ မင်းသမီးရူယန်သည် လင်းဖေး၏အဆင့် အဆက်မပြတ် တက်လာသည်ကို ခံစားလိုက်ရပြီး ချက်ချင်းပင် စိတ်လှုပ်ရှားစွာ ခုန်လိုက်သည်။

"အစ်ကို လင်းဖေးက သူ့ရဲ့ ခွန်အားကို အပြည့်သုံးနေတယ်။ ကျီဝူရှားကတော့ ဒီတစ်ခါ သေမှာ သေချာတယ်။"

သူ၏အဆင့် တိုးလာသည်နှင့်အမျှ သူတို့နှစ်ဦးကြား တိုက်ပွဲက ပိုပိုပြီး ပြင်းထန်လာသည်။ ကျီဝူရှန်နှင့် တခြားသူတွေအပြင် အိမ်ရှေ့စံမင်းသားသားနဲ့ တခြားသူတွေကတော့ သည်းမခံနိုင်တော့ပေ။ အဝေးက ကြည့်နေကြပြီး နောက်ဆုတ်သွားကြသည်။

"ဘယ်လောက်တောင် အစွမ်းထက်လဲ။ လင်းဖေးရဲ့ လျှို့ဝှက်နည်းစနစ်က ရိုးရိုးရှင်းရှင်းကို အစွမ်းထက်လွန်းတယ်။ သူ့ရဲ့ လက်ရှိ ကျင့်ကြံဆင့်ဟာ အာကာပြင်လေ့လာခြင်းအဆင့်ရဲ့ တတိယအဆင့်ထက် မနိမ့်ဘူးလို့ ငါခံစားရတယ်။"

"ဒါပေမယ့်... ဒါပေမယ့် ကျီဝူရှားက ဘာလို့ မရှုံးသေးတာလဲ၊ သူမ တကယ်ပဲ ဆက်နေနိုင်သေးတယ်။"

"သူမရဲ့ ကျင့်ကြံဆင့်တိုးလာဖို့အတွက် လျှို့ဝှက်နည်းတချို့ကိုလည်း အသုံးပြုတာနေမယ်။ ဒီနှစ်ယောက်က တကယ်ကို ကြောက်စရာကောင်းလွန်းတယ်။ ကောင်းကင်ကြီး မှောင်သွားတဲ့အထိ တိုက်ခိုက်ကြမှာလား။"

"အမှန်ပဲ။ ကျီဝူရှားလည်း လျှို့ဝှက်နည်းပညာတစ်ခုခုကို သုံးထားတာနေမယ်။"

တော်ဝင်မိသားစုဝင်များသည် ဤနည်းဖြင့်သာ သူတို့ကိုယ်သူတို့ နှစ်သိမ့်နိုင်ကြသည်။ အဘယ်ကြောင့်ဆိုသော် ကျီဝူရှား ၏ လက်ရှိ အင်အားသည် အာကာပြင်လေ့လာခြင်းအဆင့်တွင် ရှိနေသည်ကို သေချာပေါက် မယုံကြည်နိုင်သောကြောင့် ဖြစ်သည်။

အဲဒါက လုံးဝ လက်တွေ့မဆန်ဘူး။

သူတို့ မယုံကြည်နိုင်ဘူး ။

စစ်မြေပြင်တွင် လင်းဖေးသည် လျှို့ဝှက်နည်းပညာကို အသုံးပြုပြီးနောက်၊ သူ၏ ကျင့်ကြံဆင့်တိုးလာကာ သူ့ယုံကြည်မှုလည်း တဖန်ပြန်လည် မြင့်တက်လာခဲ့သည်။

"ကျီဝူရှား၊ မင်းရဲ့လမ်းက ဆုံးသွားခဲ့ပြီပဲ။ အခုအချိန်အထိ ငါ့ကို ဒီလှုပ်ရှားမှုကို သုံးဖို့ ဘယ်သူကမှ မစွမ်းဆောင်နိုင်သေးဘူးကွ။ မင်း ငါ့ကို ဒီလိုအတင်းအကျပ်သုံးခိုင်းနိုင်ခဲ့တာကိုက ဂုဏ်ယူသင့်နေပြီ။ ဒီအချိန်ကစပြီး မင်း ငြိမ်းချမ်းစွာ သေနိုင်ပြီ။"

သို့သော် သူပြောပြီးသည်နှင့် ကျီဝူရှားသည် ရုတ်တရက် သူ့ကို ကန်ထုတ်လိုက်သည်။

"ငါမင်းကိုပြောခဲ့သား…"

သူစကားမဆုံးခင်မှာ ကျီဝူရှား၏ခြေထောက်က သူ၏ရင်ဘတ်ကို ထိပြီး ပျံသွားပြန်သည်။

ကြီးမားသော စွမ်းအားသည် လင်းဖေး ၏ ရင်ဘတ်ကို တုန်ခါသွားစေကာ ဒေါသတကြီး ထွက်လာသည်။

"ဘာ.. မဖြစ်နိုင်ဘူး။"

လင်းဖေး အံသြသွားသည်။ သူ၏ ကျင့်ကြံဆင့်သည် အာကာပြင်လေ့လာခြင်းအဆင့်၏ တတိယအဆင့်သို့ တိုးနေပြီဖြစ်သည်။ ကျီဝူရှား၏ ကန်ချက်က သူ့အပေါ် ဘယ်လိုသက်ရောက်မှုရှိတညတုန်း။ သူသွေးတောင်အံ့မိတော့မည်။

ဒါဟာ ရိုးရိုးရှင်းရှင်း ယုတ္တိမရှိပါ။

လင်းဖေး တုန်လှုပ်ခြောက်ခြားနေချိန်တွင် ကျီဝူရှားက လှည့်ပြီး ပါးရိုက်လိုက်သည်။ ဓားအလင်းတန်းမှ ဖီးနစ်အော်ဟစ်သံ ထွက်လာပြန်သည်။ တိုက်ခိုက်မှုအရှိန်သည် အလွန်လျင်မြန်ပြီး စွမ်းအားမှာလည်း ထူးကဲလှသည်။ လင်းဖေးကို ထိုးဖောက်လိုက်လျှင် သူ့အား ဒဏ်ရာကြီးကြီးမားမား ရရှိစေမည်ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ လင်းဖေးက ငုတ်တုတ်ထိုင်ချလိုက်ပြီး ဓားအလင်းတန်းက သူ့ခေါင်းပေါ်က လွင့်ပျံသွားပြီး အလယ်မှာရှိတဲ့ ဆံပင်တွေကို တိုက်ရိုက်ဖြတ်ပစ်လိုက်သည်။

သူ့အား ထိတ်ကွက်ဆံပင်ပုံစံအသစ်တစ်ခုရပြီးနောက် လင်းဖေးသည် အလွန်ဒေါသထွက်ကာ ကျိန်ဆဲလုနီးပါးဖြစ်ခဲ့သည်။

လူတိုင်းသည် ကွင်းပြင်ရှိ တိုက်ပွဲကို စူးစူးစိုက်စိုက်စိုက်ကြည့်ကာ အနည်းငယ်ပို၍ အာရုံစိုက်ကြသည်။ စိတ်တို့စိတ်ကို မလျှော့ချရဲကြပေ။

ခြုံထည်အောက်မှ ယွင်လီကော ၏ မျက်နှာသည် အနည်းငယ် ထူးဆန်းနေသည်။

"ထူးဆန်းတယ်၊ ငါတို့နှစ်ယောက်စလုံးက အာကာပြင်လေ့လာခြင်းအဆင့်ရဲ့ တတိယအဆင့်မှာဘဲ။ ဆရာတူညီမ ရဲ့တိုက်ခိုက်မှုက ငါ့ထက်အများကြီးပိုပြင်းထန်တယ်လို့ ဘာလို့ခံစားရတာလဲ။"

All Chapters