← Chapters

အခန်း (၁၆၁-၁၆၅)

Vol. 11 Ch. 161-165

အခန်း (၁၆၁-၁၆၅)

Vol. 11 Ch. 161-165

စာစဉ် ၁၁။ အခန်း ၁၆၁ ကြိုက်တဲ့အချိန် ဓါးထုတ်

"မဟုတ်ဘူး၊ ငါတို့က ပုန်ကန်နေတာမဟုတ်ဘူး။ ရိုင်းစိုင်းတဲ့စကားတွေ ရပ်လိုက်။"

ကျီနျဉ်က ချက်ချင်းပြန်ပြောလိုက်သည်။

တတိယမင်းသားက ထပ်မေးသည်။

"မင်း ငြင်းရဲသေးတာလား။ မင်းရဲ့သား ကျီဝူရှန်နဲ့ မင်းရဲ့သမီး ကျီဝူရှားက သူတို့ရဲ့ ကျင့်ကြံဆင့်ကို ဖုံးကွယ်ထားတယ်။ ဒါက ဘာအဓိပ္ပာယ်လဲ။"

"သူတို့ ဖုန်းကွယ်တာ ငါ့ခရမ်းရောင် ငြိမ်းချမ်းရေးတော်ဝင်နန်းတော်နဲ့ ဘာဆိုင်လို့လဲ၊ ငါလည်း သိတာမှမဟုတ်တာ။"

"မင်း မင်းလိမ်နေတာ..."

ထိုစကားကို ပြောပြီးသည်နှင့် ဘုရင်ကျီနျဉ်က ချက်ချင်းပဲ နှာခေါင်းရှုံ့လိုက်သည်။ ဘုရင်အဆင့် ကျွမ်းကျင်သူတစ်ဦး၏ ဖိအားသည် တိုးမြင့်လာပြီး တတိယမင်းသားကို တိုက်ရိုက်ဖိနှိပ်လိုက်သည်။ တတိယမင်းသား၏လည်ချောင်းသည် သံဓာတ်အရသာတစ်ခုရလိုက်ပြီး သွေးတစ်ပွက်ကို ထွေးထုတ်လိုက်သည်။

"ကျီထျန်းဖုန်း မင်းရဲ့လေသံကိုသတိထား။ ဘာပဲပြောပြော ငါမင်းရဲ့ဦးလေးပဲ။ မင်းက ဝါငယ်တယ်။ မင်းဧကရာဇ်မိသားစုရဲ့ မင်းသားတစ်ယောက်ဖြစ်နေတာနဲ့ပဲ ငါ့ကို မခန့်လေးစား မလုပ်နဲ့။"

"ခင်ဗျား…"

တတိယမင်းသားက တစ်ခုခုပြောချင်သေးသော်လည်း အိမ်ရှေ့စံမင်းသားသားက သူ့ကို ဆွဲထားလိုက်သည်။

"တော်လောက်ပြီ၊ တတိယညီလေး ရိုင်းစိုင်းမနေနဲ့။"

သူပြောပြီးသည်နှင့် တပြိုင်နက် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လက်ကို နောက်ပစ်လိုက်သည်။

"ဦးလေးကျီနျဉ်၊ ကျီဝူရှန်နဲ့ တခြားသူတွေ ဖုန်းကွယ်ထားတာကို မေ့ထားလိုက်ပါ။ အခုတော့ မဟာကျိုးအင်ပါယာ အိမ်ရှေ့စံမင်းသားသားတစ်ယောက်အနေနဲ့ လင်းဖေးကို လိုက်ဖမ်းဖို့ ရှေးဟောင်း တားမြစ်နယ်မြေထဲကို အမြန်ဝင်ဖို့ ဘုရင်တွေကို အမိန့်ပေးတယ်။"

ကျီနျဉ် : "???"

သူ၏ခေါင်းထဲတွင် မေးခွန်း အမှတ်အသားတွေ ပေါ်လာသည်။

"လင်းဖေး သေနေပြီလေ၊ ငါတို့က သူ့ကို ဘယ်လိုလိုက်ဖမ်းနိုင်မှာလဲ။"

"ခင်ဗျား ဘာပြောလိုက်တယ်?"

အိမ်ရှေ့စံမင်းသားသား၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။ ဘုရင်ကျီနျဉ်သည် လူတိုင်း၏နောက်ကွယ်ရှိ လေဟာနယ်တံခါးမှ ကောင်းကင်အဆင့်သတ်မှတ်ချက်ကို ထောက်ပြခဲ့သည်။

"ဒီမှာကြည့်၊ လင်းဖေးက သေနေပြီ။ မင်းတို့ မထွက်ခင် အစောပိုင်းလေးကပဲ သူသေသွားပြီ။"

လူတိုင်း၊ အထူးသဖြင့် ရူယန်သည် လှည့်ကြည့်လိုက်စဥ် သူတို့၏ မျက်လုံးတွေက ချက်ချင်းပဲ ကျဉ်းမြောင်းသွားသည်။ သူမသည် မူးလဲလုမတတ်ပင်။

အိမ်ရှေ့စံမင်းသားသည် လက်သီးများကို ဆုပ်ထားသည်။

"ဟင့်အင်း၊ တစ်ယောက်ယောက်က သူ့ဆီအရင်ဖမ်းမိသွားတယ်။ လူတွေကို ချက်ခြင်းလိုက်ရှာခိုင်းလိုက်။ သူအသက်ရှင်နေတယ်ဆိုရင် သူ့ကိုတွေ့ချင်တယ်၊ သူသေရင် သူ့အလောင်းကို ငါတွေ့ချင်တယ်။"

ဘုရင်ကျီနျဉ်က ဒေါသတကြီးနဲ့ "ရှေးဟောင်းတားမြစ်နယ်မြေဟာ အမှီအခိုကင်းပြီး ကျယ်ပြောလွန်းတယ်။ ဘယ်လိုလုပ် စုံစမ်းရမှာလဲ။"

"သေစမ်း...ဒါဆို လင်းဖေးရဲ့လက်ထဲက သိုင်းဘုရင်အဆင့်လက်နက်ကို ဘယ်တော့မှ ရှာတွေ့နိုင်မှာ မဟုတ်တော့ဘူးလား။"

ထိုသို့ပြောပြီးသည်နှင့် အားလုံးက အံ့သြသွားကြသည်။

"သိုင်းဘုရင်အဆင့် လက်နက်၊ သိုင်းဘုရင်အဆင့်လက်နက်တစ်ခု!"

"ဘုရားသခင် သိုင်းဘုရင်အဆင့်လက်နက်က ရှေးဟောင်းတားမြစ်နယ်မြေထဲ တကယ်ကြီးပေါ်လာခဲ့တယ်။"

ထိုအချိန်တွင် လူတိုင်း၏မျက်လုံးတွေက နီရဲလာပြီး ဂနာမငြိမ်ဖြစ်သွားသည်။

ထိုအချိန်တွင် ရှေးဟောင်းတားမြစ်နယ်မြေကို စောင့်ကြပ်နေသော အဖိုးအိုသည် ချောင်းဆိုးလာသည်။

ချောင်းဆိုးသံနှင့်အတူ တတ်သိပညာရှင်များအားလုံး၏ နှလုံးသားများ တုန်လှုပ်ခြောက်ခြားသွားကာ သူတို့၏စိတ်များသည် ချက်ချင်းပင် ပိုမိုကြည်လင်လာသည်။

ဤနေရာကို စောင့်ကြပ်နေသော ဧကရာဇ်အဆင့်ကျွမ်းကျင်ပညာရှင်တစ်ယောက်ရှိနေသည်။

သူရှိနေလျှင် ဘယ်သူ ပြသနာရှာဝံ့မည်လဲ။

လူတိုင်း တံတွေးမျိုချလိုက်ပြီး ဖြည်းညှင်းစွာ ပြန်ထိုင်လိုက်ကြသည်။

ထို့နောက် ဧကရာဇ်အဆင့် ကျွမ်းကျင်ပညာရှင်က ဆက်လက်၍ "ရှေးတားမြစ်နယ်မြေရဲ့ စမ်းသပ်မှုက ဒီနေရာမှာပဲ ပြီးဆုံးသွားပါပြီ။ ငါ လူတိုင်းရဲ့ တိုကင်တွေမှာ နေရာကူးပြောင်းခြင်း အစီအရင်ကို အသက်သွင်းပြီးပြီ။ သူတို့အားလုံး ထွက်လာတော့မှာပါ။ ဂိုဏ်းချုပ်များ ပြန်ခေါ်သွားကြပါ။"

ထိုစကားပြောပြီးသည့် နောက်တွင် လေထုက ကမောက်ကမ ဖြစ်သွားတော့သည်။ ထို့နောက် အဖြူရောင်မီးများ လင်းထိန်သွားသည်။ ရှေးဟောင်း တားမြစ်နယ်မြေအတွင်းသို့ ဝင်ရောက်လာသူတိုင်းကို နေရာကူးပြောင်းခြင်းခံခဲ့ရသည်။

ထို့နောက် ဧကရာဇ်အဆင့်ကျွမ်းကျင်သူသည် ရှေးဟောင်းတားမြစ်နယ်မြေထဲသို့ သူ့ဘာသာသူ ဝင်ရောက်ကာ အဆင်ပြေစွာ ချိတ်ပိတ်ခဲ့သည်။

ယခုအချိန်တွင် သူမှလွဲ၍ အခြားမည်သူမျှ ရှေးဟောင်းတားမြစ်နယ်မြေသို့ ထပ်မံဝင်ရောက်နိုင်ခြင်း မရှိသည့်အပြင် ရှေးဟောင်းတားမြစ်နယ်မြေအတွင်း အခြေအနေကို မည်သူမျှ နားမလည်နိုင်ပေ။

အပြင်ဘက်ရှိ ဂိုဏ်းပေါင်းစုံမှ သခင်များက ဒေါသတကြီး ထွက်နေကြသည်။ သို့သော် ဧကရာဇ်မိသားစု၏ တန်ခိုးကိုရင်ဆိုင်ရလျှင် မည်သူက ဘာလုပ်နိုင်မည်နည်း။

တကယ်တမ်းပြောရလျှင် သူတို့တွင် ဧကရာဇ်အဆင့် ကျွမ်းကျင်သူတွေ မရှိပေ။

ထိုအခိုက်တွင် ရူယန်၏ မျက်လုံးများသည် သွေးကဲ့သို့ နီရဲနေလေသည်။ သူမသည် လင်းဖေး သေဆုံးမှုအတွက် ကျီဝူရှန်နှင့် အခြားသူများအပေါ် အားလုံးကို အပြစ်တင်ခဲ့သည်။

"ကျီဝူရှန် နင့်ကြောင့်သာမဟုတ်ရင် ငါ့ရဲ့ လင်းဖေး သေမှာမဟုတ်ဘူး။ မင်းရဲ့သွေးနဲ့ပြန်ပေးဆပ်ရမယ်။

ကျီဝူရှန်နှင့် အခြားသူများ လှောင်ပြောင်ကြသည်။

"ဒါ ငါတို့နဲ့ ဘာဆိုင်လို့လဲ၊ ငါတို့က သူ့ကို မသတ်ဘူး။ မင်း ငါတို့ သူ့ကို သတ်တာ မင်းမြင်လိုက်လား။"

"ငါမင်းကိုသတ်မယ်။"

ရူယန်ကအော်ပြီး တိုက်ခိုက်ရန်ပြင်လိုက်စဥ် အိမ်ရှေ့စံမင်းသားသားက သူမကို တားလိုက်သည်။

"ရူယန်၊ နောက်ပြန်ဆုတ်။ ငါဖြေရှင်းလိုက်မယ်။"

ထိုသို့ပြောပြီးသည်နှင့် သူသည် အေးစက်စက် အကြည့်ဖြင့်ကြည့်ကာ ပြောသည် ။

"ကျီဝူရှန်၊ မင်းတို့တွေက လင်းဖေးကို တမင်တကာ ပစ်မှတ်ထားခဲ့တဲ့အတွက် လင်းဖေး ပျောက်ကွယ်သွားပြီး သိုင်းဘုရင်အဆင့်လက်နက် ဆုံးရှုံးခဲ့ရတယ်။ မင်းဟာ ဧကရာဇ်နန်းတော်ကိုတောင် တိုက်ခိုက်ခဲ့ပြီး ဧကရာဇ်မိသားစုရဲ့ ငြိမ်းချမ်းမှုကို လူသိရှင်ကြား နှောင့်ယှက်ခဲ့တယ်။ အခု မဟာကျိုးအင်ပါယာ အိမ်ရှေ့စံမင်းသားသား အနေနဲ့ ဒီနေ့ကစပြီး မင်းတို့အားလုံး အကျဉ်းချခံရပြီး အနှစ် ၅၀ လုံးလုံး မထွက်ရဘူးလို့ ငါကြေညာတယ်။"

အိမ်ရှေ့စံမင်းသားသည် မအပေ။ ကျီဝူရှန်နှင့် ကျန်သူတွေ လုပ်ခဲ့တာတွေကို အခြေခံပြီး ကွပ်မျက်ဖို့ မဖြစ်နိုင်ပါ။ သူတို့သည် အလွန်လေးနက်သော အဓိကအချက်ကို မချိုးဖောက်ခဲ့ပေ။

ထို့အပြင် ဘုရင်ကျီနျဉ်နှင့် အခြားအကြီးအကဲများက သဘောမတူပေ။

သူသည် ကျီဝူရှန်နှင့် အခြားသူများကိုကောင်းကင်အကျဉ်းထောင်၌ ထောင်သွင်းပြီး သူတို့ကို အစီအရင်များဖြင့် နှိပ်စက်ရန် ဆုံးဖြတ်လိုက်သည်။ အနှစ် ၅၀ ကြာလျှင် မသေဘူးဆိုလျှင်တောင် သူတို့၏ ကျင့်ကြံဆင့်မှာ ကြီးကြီးမားမား အဟန့်အတားဖြစ်လိမ့်မည်။ ဧကရာဇ်မိသားစု၏သားမြေးများနှင့် တော်ဝင်နန်းတော်များ၏သားမြေးများကြားတွင် ကျင့်ကြံမှုကွာဟချက်သည် အနှစ် ၅၀ ဆိုလျှင် လုံလောက်ပါသည်။

ထိုအချိန်တွင်၊ ကျီဝူရှန်နှင့် အခြားသူများသည် လုံးဝ ချိနဲ့သွားမည်ဖြစ်သည်။ ဂရုစိုက်ရန်ပင် မလိုတော့ပေ။

ရူယန်သည် ဤရလဒ်ကိုကြားသောအခါ ချက်ချင်းပင် ငြင်းဆန်ခဲ့သည်။

"အစ်ကို၊ ငါမလိုချင်ဘူး။ ငါ သူတို့ကိုသတ်ပြီး ငါ့အစ်ကိုလင်းဖေးအတွက် လက်စားချေရမယ်။"

"ပါးစပ်ပိတ်ထား!"

အိမ်ရှေ့စံမင်းသားသည် သူ၏လက်ကိုလွှဲကာ ရူယန်၏ မျက်နှာကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။

ဒီအရူးမက တကယ်ကို မိုက်မဲလွန်းသည်။

သူမသည် ကျီဝူရှန်ကိုသတ်နိုင်စွမ်းရှိပါရဲ့လား။

အရူး...

ကောင်းကင်အကျဉ်းထောင်တွင် သူတို့ကို ချိတ်ပိတ်ထားလျှင် အချိန်အလုံအလောက် ရပြီဖြစ်ပြီး သူတို့ကို သတ်နိုင်ပြီဖြစ်သည်။

ကံမကောင်းစွာပင် သူစီစဉ်ထားသည့် အစီအစဉ်တွေသည် စီစဉ်ထားသည့်အတိုင်း ဖြစ်မလာပေ။

လုရှောင်ယန်သည် ယနေ့ကိစ္စအား တားဆီးရန် ဤအစီအစဉ်ကို ရေးဆွဲထားပြီးဖြစ်သည်။ လုရှောင်ယန်ဘက်က တစ်ဖက်လူကို သူ၏ဆန္ဒအတိုင်း လုပ်ခွင့်မပေးနိုင်ပေ။

ဘုရင်ကျီနျဉ်နှင့် အခြားဘုရင်တို့သည် ဒေါသတကြီးဖြင့် ချက်ခြင်းအော်ကြသည်။

"ကျီထျန်းမင်၊ ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးမနေနဲ့။ ဒီဘုရင်တွေအားလုံးရှေ့မှာ မင်းက တော်ဝင်နန်းတော်တွေရဲ့သားမြေးတွေကို ကောင်းကင်အကျဉ်းထောင်ထဲကို လူသိရှင်ကြား ပို့ချင်နေတာလား။ မင်း ငါတို့ကို အလေးအနက်မထားဘူးလား"။

စကားပြီးသည်နှင့် အိမ်ရှေ့စံမင်းသားသားက လှောင်ပြောင်သည်။

"ဘာလဲ၊ ကျီဝူရှန်နဲ့ တခြားသူတွေက ဧကရာဇ်မိသားစုရဲ့ ဥပဒေတွေကို ချိုးဖောက်ခဲ့တာ။ ဦးလေး၊ ခင်ဗျားက ဘက်လိုက်ဖို့ ကြိုးစားနေတာလား။ အဲဒါဆို ရက်စက်လို့ဆိုပြီး အပြစ်မတင်ပါနဲ့။"

ဂိုဏ်းအသီးသီးက လူတွေက ထွက်မသွားကြပေ။ သူတို့သည် မဟာကျိုးအင်ပါယာ ဧကရာဇ်မိသားစုကို မကျေမနပ်ဖြစ်နေကြသည်။ ဤအခိုက်အတန့်တွင် မဟာကျိုးအင်ပါယာ ဧကရာဇ်မိသားစုသည် ယုတ္တိမတန်ဘဲ တော်ဝင်နန်းတော်များနှင့် တိုက်ခိုက်နေခြင်းကို မြင်သောအခါတွင် စောင့်နေရန် ဆုံးဖြတ်လိုက်ကြသည်။

မကြာခင်မှာပင် ကျီထျန်းမင်က သူ၏လက်ထဲက ရွှေရောင်သင်္ကေတတစ်ခုကို ဖြိုခွဲလိုက်သည်။

တိုကင်သည် ကွဲအက်သွားပြီး လေထဲတွင် ပျံ့လွင့်နေသော ရွှေရောင်အသွင်သို့ ပြောင်းလဲသွားသည်။

ရင်တုန်စရာကောင်းသော ဖိအားတစ်ခုသည် တဖြည်းဖြည်း ပျံ့နှံ့သွားပြီး ကြီးမားလှသော ရောင်ဝါဖြင့် ရွှေရောင်ရုပ်ပုံသဏ္ဍာန် ဖြစ်ပေါ်လာသည်။

ဤရုပ်ပုံပေါ်လာသည်နှင့် တပြိုင်နက် ရောက်ရှိလာသူအားလုံး၏ အမူအရာများ ချက်ချင်းပြောင်းလဲသွားကာ အလွန်ဖိအားများ ခံစားလာရသည်။

လူငယ်အများအပြားသည် ဤဖိအားကို မခံနိုင်ဘဲ နေရာတွင်ပင် ဒူးထောက်လိုက်ကြသည်။

ဘုရင်ကျီနျဉ်နှင့် အခြားသူများပင်လျှင် အလွန်သိက္ခာရှိသော ဤရုပ်ပုံလွှာကို ရင်ဆိုင်ရသောအခါတွင် လေးနက်သော အမူအရာများ ရှိခဲ့သည်။

ထိုရုပ်ပုံသည် ဘုရင်ကျီနျဉ်နှင့် အခြားသူများကို ခံစားချက်ကင်းမဲ့စွာကြည့်ကာ ချက်ခြင်းပင် လူတိုင်း၏ နှလုံးခုန်နှုန်းကို မြန်စေသည်။

"ကျီနျဉ် ၊ ထျန်းယွင် မင်းတို့က နည်းနည်းလွန်လွန်းတယ်…"

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၁၁။ အခန်း ၁၆၂ ခွင့်ပြုချက်ရပြီ

ကျီနျဉ်နှင့် တခြားသူတွေသည် အံ့သြသွားသော်လည်း ဘာမှ မပြောရဲကြပေ။

မည်သို့ပင်ဆိုစေကာမူ တဖက်သူသည် ဧကရာဇ်ဖြစ်သည်။

ဧကရာဇ်အဆင့် ကျွမ်းကျင်သူဖြစ်ရုံသာမကဘဲ မဟာကျိုးအင်ပါယာ၏ဧကရာဇ်ဖြစ်သည်။

သူသည် တော်ဝင်မိသားစု အကြီးအကဲအုပ်စုမှလွဲ၍ မဟာကျိုးအင်ပါယာ တစ်ခုလုံးတွင် တရားဝင်နှင့် အလေးစားရဆုံးဖြစ်သည်။

ဘုရင်ကျီနျဉ်နှင့် အခြားသူများကို ဟိန်းဟောက်သွားပြီးနောက်၊ မဟာကျိုးအင်ပါယာ ဧကရာဇ်သည် ကျီဝူရှန်နှင့် အခြားသူများကို စိုက်ကြည့်လာသည်။

"ဧကရာဇ်မိသားစုရဲ့ စည်းလုံးညီညွတ်မှုကိုချိုးဖောက်မှုအတွက် မင်းတို့အားလုံးမှာ အပြစ်ရှိတယ်။"

အပြစ်ရှိသော စီရင်ချက်နှင့် သတ်ဖြတ်လိုသည့်အော်ရာအနည်းငယ်ကို ထုတ်လွှတ်လိုက်ခြင်းကြောင့် လက်ရှိ,ရှိနေသည့် သူများကို ကြောက်ရွံ့ထိတ်လန့်စေခဲ့သည်။

ဒါက ကျွမ်းကျင်သူတစ်ယောက်ရဲ့ ခြိမ်းခြောက်မှုပင်။

လူတစ်ဦး၏ ကျင့်ကြံမှုသည် အဆင့်တစ်ခုသို့ ရောက်သောအခါ ၎င်းတို့သည် အခြားသူများ၏ ရှေ့တွင် ကြီးမားသော တောင်ကြီးတစ်ခုသဖွယ် ဖြစ်နေပြီး အခြားသူများ အသက်မရှူနိုင်တော့ပေ။

သို့သော်လည်း မဟာကျိုးအင်ပါယာဧကရာဇ်သည် တွက်ချက်မှု မှားယွင်းသွားခဲ့သည်။

သူ၏ အရှိန်အဝါက ကျီဝူရှန်နှင့် တခြားသူတွေကို မကြောက်ရွံ့စေခဲ့ပေ။ ဆန့်ကျင်ဘက်အနေနှင့် နန်းတော်အမွေဆက်ခံသူ အနည်းငယ်သည် တစ်ချိန်တည်းတွင် ရှေ့သို့ တိုးလာကာ မဟာကျိုးအင်ပါယာ ဧကရာဇ်ကို တည့်တည့်ကြည့်သည်။

"မဟာကျိုးအင်ပါယာ တော်ဝင်မိသားစုရဲ့ ကျီဝူရှန်..."

"မဟာကျိုးအင်ပါယာ ဧကရာဇ်မိသားစုရဲ့ ကျီချင်ရှန်း..."

"မဟာကျိုးအင်ပါယာ ဧကရာဇ်မိသားစုရဲ့ ကျီဖန်းဟွာ..."

"မဟာကျိုးအင်ပါယာ တော်ဝင်မိသားစုရဲ့ ကျီလော့ယွင်..."

"မဟာကျိုးအင်ပါယာ တော်ဝင်မိသားစုရဲ့ ကျီချင်ရှန်း..."

"မဟာကျိုးအင်ပါယာ တော်ဝင်မိသားစုရဲ့ ကျီထျန်းရှို့..."

"မဟာကျိုးအင်ပါယာ အိမ်ရှေ့စံမင်းသားကြီးကို စိန်ခေါ်ပါတယ်။"

"ဘုရားသခင်၊ သူတို့ ရူးများသွားသလား။"

လူအုပ်ကြီးသည် ချက်ချင်းထိတ်လန့်သွားသည်။

လူတိုင်းက သူတို့ကို ထိတ်လန့်စွာကြည့်ကာ သူတို့၏မျက်နှာများသည် အံ့သြမှုများဖြင့် ပြည့်နှက်နေသည်။

မဟာကျိုးအင်ပါယာ တော်ဝင်မိသားစုတွင် တော်ဝင်နန်းတော်မှဆင်းသက်လာသူတိုင်း အိမ်ရှေ့စံမင်းသားသားကို စိန်ခေါ်နိုင်သည်ဟူသော စည်းကမ်းချက်ရှိသည်။

သို့သော် ဤအရာများသည် စည်းကမ်းများသာဖြစ်သည်။ ရှေးခေတ်ကတည်းက အိမ်ရှေ့စံမင်းသားကို ဘယ်သူကများ စိန်ခေါ်ရဲခဲ့လို့လဲ။

အိမ်ရှေ့စံမင်းသားသားသည် ဧကရာဇ်မိသားစုတွင် အထူးချွန်ဆုံးလူငယ်ဖြစ်ကြောင်း သိထားရမည်ဖြစ်သည်။

သူက ထက်မြက်ပြီး အစွမ်းထက်လွန်းသည်။ သူသည် အခြားသူများ မျက်လုံးမဖွင့်နိုင်သည့်အထိ စူးရှ တောက်ပသော နေမင်းကြီးနှင့်တူသည်။

သို့သော်လည်း ယနေ့တွင်၊ ကျီဝူရှန်နှင့် အခြားသူများသည် ကျီထျန်းမင်၏ အိမ်ရှေ့စံမင်းသားနေရာကို လူသိရှင်ကြား စိန်ခေါ်နေကြသည်။

ဤကဲ့သို့ အဖြစ်အပျက်မျိုးသည် မဟာကျိုးအင်ပါယာ ဧကရာဇ်မိသားစုသမိုင်းတွင် ပထမဆုံး အကြိမ်ဟု ဆိုနိုင်သည်။

အိမ်ရှေ့စံမင်းသား၏အမူအရာသည် ချက်ချင်းပြောင်းလဲသွားသည်။

"ကျီဝူရှန် မင်းဘယ်လိုတောင်သတ္တိရှိတာလဲ။"

ကျီဝူရှန်က ရယ်မောပြီး "ကျွန်တော် ဒီစကားလုံးတွေကို ပြောပြီးသားဆိုတော့ ဘာကြောက်စရာရှိလို့လဲ၊ မဟာကျိုးအင်ပါယာ ရဲ့ ဘိုးဘွားတွေရဲ့ စည်းကမ်းအရ၊ တော်ဝင်နန်းတော်တွေရဲ့ သားစဉ်မြေးဆက်အနေနဲ့ စိန်ခေါ်ဖို့ အရည်အချင်းပြည့်မီတယ်။ အိမ်ရှေ့စံမင်းသား ဟုတ်တယ်မလား။"

မဟာကျိုးအင်ပါယာဧကရာဇ်ပုံရိပ်သည် ခဏတာ တိတ်ဆိတ်သွားပြီး ကျီဝူရှန်နှင့် အခြားသူများကို စူးစိုက်စိုက်ကြည့်နေကာ သူ၏မျက်လုံးများ အေးစက်သွားသည်။

"မဟာကျိုးအင်ပါယာမှာ တကယ်ပဲ ဒီ စည်းကမ်း ရှိတယ်။ ဒါပေမယ့်၊ မဟာကျိုးအင်ပါယာ ဘိုးဘွားတွေရဲ့ စည်းမျဉ်းအရ စိန်ခေါ်သူတွေဟာ အင်ပါယာ နန်းတော် ရှစ်ခုက လာရမှာ ဖြစ်သလို၊ အသက် ၅၀ မတိုင်ခင် အနည်းဆုံး စိတ်ဝိညာဉ် သန့်စင်ရေးအဆင့်မှာ ဖြစ်ရမယ်။"

"မင်းတို့ကို နည်းနည်းသက်ညှာပြီး အမွေဆက်ခံသူ ရှစ်ယောက်အစား သင့်လျော်တဲ့အခြေအနေတွေနဲ့ သားစဉ်မြေးဆက် ရှစ်ယောက်ကို စုစည်းခိုင်းမယ်ဆိုရင်တောင် မင်းလုပ်နိုင်မှာလား။"

သူပြောပြီးသည်နှင့် ကျီဝူရှားက ထွက်လာသည် ။

"ဘုရင်မင်းမြတ်၊ သင့်ရဲ့သက်ညှာမှုကို ကျေးဇူးတင်ပါတယ်၊ အဲဒါဆို ဝူရှားလည်း မဟာကျိုးအင်ပါယာရဲ့ ရာဇပလ္လင်အတွက် ပြိုင်ပါမယ်။"

သူမစကားပြောပြီးသည်နှင့် ကျီဝူရှားသည် သူမ၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ သူမသည် စိတ်စိတ်ဝိညာဉ်သန့်စင်ခြင်းအဆင့်၏ အရှိန်အဝါကိုသာ ထုတ်လွှတ်ခဲ့သော်လည်း၊ ၎င်းသည် လူများစွာကို တညီတညွတ်တည်း မှင်သက်စေခဲ့သည်။

"ဘုရားသခင် သူမက တကယ်ကြီး စိတ်ဝိညာဉ်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူပဲ။"

"ခရမ်းရောင် ငြိမ်းချမ်းရေး ဧကရာဇ်နန်းတော်က အစွမ်းထက်လွန်းတယ် မဟုတ်လား။ စိတ်ဝိညာဉ်သန့်စင်ခြင်းအဆင့် ပါရမီရှင်နှစ်ဦး တစ်ပြိုင်နက် ပေါ်လာတယ်။"

ဘုရင်ကျီနျဉ်သည်လည်း ထိတ်လန့်သွားသည်။

သူ၏သမီးလည်း စိတ်ဝိညာဉ်သန့်စင်ခြင်းအဆင့်မှာ ရှိနေသည်။ သူ၏ သားသမီးတွေ ဤမျှ အရည်အချင်း ရှိကြသည်လား။

သူကရော ဘာကြောင့် မသိခဲ့တာလဲ။

သို့သော် မကြာမီမှာပင် သူ၏ခန္ဓာကိုယ်သည် တစ်ခုခုကို တွေးမိသလိုမျိုး ရုတ်တရက် တုန်လှုပ်သွားသည်။

"သူလား..."

ကျီနျဉ်သည် အရူးမဟုတ်ပေ။ တခြားသူတွေက သူ၏သားနှင့်သမီး ဘယ်အဆင့်ရောက်နေမှန်း မသိကြပေ။ သို့သော် ဖခင်တစ်ယောက်အနေဖြင့် မသိတာ မည်သို့ ဖြစ်နိုင်မည်နည်း။

သို့သော် ဤကောင်လေးက သူ့သားနှင့်သမီးကို ဒီအဆင့်အထိ ပြုစုပျိုးထောင်ပေးနိုင်သည်အထိ အစွမ်းထက်လွန်းသည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

ကြောက်စရာကောင်းလွန်းသည်။

ထိုလူကို ဒေါသမထွက်စေရန် နောင်တွင် သူသည်လည်း ရိုရိုကျိုးကျိုးနေရတော့မည်ထင်။

မဟာကျိုးအင်ပါယာဧကရာဇ်ရုပ်ပုံ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်တို့ ပိုတိုးလာခဲ့သည်။

မူလက သူသည် ကျီဝူရှန်နှင့် အခြားသူများကို မျက်နှာပျက်စေလိုသည်။

ထို့ကြောင့် သူသည် ကန့်သတ်ချက်များကို ဖယ်ရှားခဲ့ပြီး အမွေဆက်ခံသူရှစ်ယောက်အစား တော်ဝင်နန်းတော်ရှစ်ပါး၏ သားမြေး ရှစ်ယောက်ဆိုလျှင်ကိုရပြီဟု ကျီဝူရှန်ကို ပြောခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကျီဝူရှန်သည် အသက် 50 နှစ်အောက် စိတ်ဝိညာဉ်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူ ရှစ်ဦးကို ရှာမတွေ့နိုင်သည်မှာ သေချာသောကြောင့်ဖြစ်သည်။

ထိုအချိန်တွင် ကျီဝူရှားပေါ်လာဖို့ သူ မမျှော်လင့်ထားပါ။

ကံကောင်းထောက်မစွာ၊ ကျီဝူရှား၏အကူအညီဖြင့်ပင် ၎င်းတို့တွင် ခုနစ်ဦးသာရှိသေးသည်။ အိမ်ရှေ့စံမင်းသားကို စိန်ခေါ်နိုင်ခြင်း မရှိသေးပေ။

သားဖြစ်သူ၏ အဆင့်အတန်းကို အလွယ်တကူ မခြိမ်းခြောက်နိုင်ခဲ့ကြပေ။

"မင်းနဲ့တောင် ခုနစ်ယောက်ပဲ ရှိသေးတာ။ မင်းတို့ လိုအပ်ချက်တွေ မပြည့်သေးဘူး။"

သို့သော် ထိုအချိန်တွင် သူ့နောက်မှ အသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။

"ဖေဖေ၊ ကျွန်တော်လည်း ပါဝင်ချင်ပါတယ်။"

မဟာကျိုးအင်ပါယာ ဧကရာဇ် အံ့အားသင့်သွားကာ အခြားသော ဧကရာဇ်မိသားစု မင်းသားများကလည်း ထိတ်လန့်သွားပြီး ချက်ချင်းပင် ပဟေဋ္ဌိဖြစ်ခဲ့ကြသည်။

မနီးမဝေးတွင် ကျီဝူရှား၏ နှုတ်ခမ်းထောင့်က ကော့တက်သွားသည်။

ဒါကလည်း သူမဆရာ၏ အစီအစဉ်ထဲမှာပဲ ရှိသေးသည်။

သူမပါဝင်သရွေ့ ရူယန် က သေချာပေါက် ပါဝင်မှာပင်။

ရူယန်သည် လင်းဖေး၏ အရုပ်ဖြစ်နေပြီဖြစ်သည်။ သူသည် သူမ၏ နှလုံးသားကို ဖမ်းစားပြီး သူမ၏ ဉာဏ်ရည်ကို နိမ့်ကျစေခဲ့သည်။

ယခုအချိန်တွင် သူမသည် လင်းဖေး သေဆုံးမှုအတွက် ကျီဝူရှားကို အပြစ်တင်ထားပြီးဖြစ်သည်။

ထို့ကြောင့် သူမ မပါဝင်ပဲမနေနိုင်သည်မှာ သေချာသည်။

ဤနည်းဖြင့် လူရှစ်ဦးဖြင့် စိန်ခေါ်မှုသည် မှန်ကန်ပါသည်။

တတိယမင်းသားက အော်သည်။

"ရူယန် မင်းဘာလုပ်နေတာလဲ ချက်ချင်းပြန်လာခဲ့။"

ကျီဝူရှန်က ဝင်ပြောလိုက်သည်။

"မဟာကျိုးအင်ပါယာ တော်ဝင်မိသားစုရဲ့ ဘိုးဘွားစည်းကမ်းမှာ ဧကရာဇ်မိသားစုရဲ့သားမြေးတွေကို စိန်ခေါ်ရာမှာ ပါဝင်ခွင့်မပြုဘူးလို့ မပြောခဲ့ပါဘူး။ အခု ရူယန်နဲ့ဆို ပါဝင်ယှဉ်ပြိုင်သူ ရှစ်ယောက်ရှိနေပါပြီ။"

မဟာကျိုးအင်ပါယာ ဧကရာဇ်သည် သတ်ဖြတ်လိုစိတ် တဖြည်းဖြည်း ပျံ့နှံ့လာကာ သူ၏ ကျောနောက်မှ လက်သီးများကို တင်းတင်းဆုပ်ထားလိုက်သည်။

သူ၏သမီးက ဒီလောက်အရေးကြီးတဲ့ အခိုက်အတန့်မှာ ရှုပ်ထွေးအောင်လုပ်လိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။

ဤအခိုက်အတန့်တွင် တော်ဝင်မိသားစုအပြင် ကမ္ဘာပေါ်ရှိ ပထမတန်းဂိုဏ်းများအားလုံးလည်း ရှိနေသည်။

ဤအချိန်တွင် သူ၏စကားကို ပြန်ပြောလျှင် သူ၏ပုံရိပ်ကို အကြီးအကျယ် ထိခိုက်သွားလိမ့်မည်။

ထိုအချိန်တွင်၊ သူသည် သူ၏သားကို ကာကွယ်ရန်အတွက် မဟာကျိုးအင်ပါယာ ဘိုးဘေးများ၏ စည်းကမ်းကို ချိုးဖောက်ခဲ့သည်ဟု ကမ္ဘာပေါ်ရှိလူတိုင်းက ထင်ကြလိမ့်မည်။

မဟာကျိုးအင်ပါယာ တော်ဝင်မိသားစု၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်မှာ အလွန်အန္တရာယ်များသော ကိစ္စဖြစ်သည်။ တိုင်းပြည်ကို အုပ်ချုပ်ရာမှာ အရေးအကြီးဆုံးက ဂုဏ်သိက္ခာပင်။

ဒါက အကြီးအကဲအဖွဲ့ကို ဒေါသထွက်စေလောက်အောင်ပင်။

အကြီးအကဲအုပ်စုကို ဒေါသထွက်စေခြင်းသည် သူ၏သွေးသားအတွက် အလွန်ဆိုးရွားလှသည်။

ဧကရာဇ်မင်းမျိုး၏ ကိစ္စရပ်များကို ဧကရာဇ်တစ်ပါးတည်းက ဆုံးဖြတ်ခဲ့ခြင်းမဟုတ်ပါ။ ဘယ်မှာပဲဖြစ်ဖြစ် အဖွဲ့အားကောင်းလေ၊ အဖွဲ့လိုက်လုပ်ဆောင်မှုကို ပိုအားကိုးရလေပါပဲ။

မဟာကျိုးအင်ပါယာ ဧကရာဇ်မိသားစုတစ်ခုလုံးတွင် မရေမတွက်နိုင်သော အကိုင်းအခက်များသည် လွန်ခဲ့သောနှစ်ပေါင်းတစ်သောင်းအတွင်း ပေါ်လာခဲ့ပြီး မရေမတွက်နိုင်သော ကျွမ်းကျင်သူများ ပေါ်လာခဲ့သည်။

ဒါပေမယ့် သူသဘောတူပြန်ရင်လည်း သူ့သားသေသွားနိုင်သည်။

ဤနည်းအားဖြင့် သူ၏သွေးသားသည် နောင်တွင် ဧကရာဇ်မိသားစုတွင် ပြန်လည်ထမြောက်လိုပါက ခက်ခဲပေလိမ့်မည်။

ထို့ကြောင့် သူ့သားနှင့် သူ၏သွေးသားအရင်းမြစ်များ၏ အနာဂတ်အကျိုးများနှင့် အရင်းအမြစ်များကို ထောက်၍ ကြီးလေးသောရာဇ၀တ်မှုတစ်ခုကို ကျူးလွန်ဖို့ ရွေးချယ်စရာမရှိပေ။ သူသည် ဧကရာဇ်မိသားစု၏ ဂုဏ်သိက္ခာနှင့် ဧကရာဇ်၏ဂုဏ်သိက္ခာကို ဆုံးရှုံးရမည်ဆိုလျှင်ပင် ဤစိန်ခေါ်မှုကို ရပ်တန့်ရမည်ဖြစ်သည်။

သို့သော် သူသည် ဤစိန်ခေါ်မှုကို တားဆီးရန်ပြောနေချိန်တွင် သိမ်မွေ့သောအသံသည် ဧကရာဇ်မြို့တော်၏ ဦးတည်ရာမှ ရုတ်တရက်ထွက်ပေါ်လာသည်။

"ခွင့်ပြုချက်ရပြီ။"

စကားလုံးတစ်လုံးတည်းနှင့် ဒီကမ္ဘာကြီးက ချက်ချင်း တိတ်ဆိတ်သွားသည်။

ထို့နောက်မှာတော့ ဘယ်သူမှ မခုခံနိုင်ခဲ့ပေ။

ထိုအသံသည် မဟာကျိုးအင်ပါယာ ဧကရာဇ်မိသားစု၏ အားအကောင်းဆုံးအဖွဲ့ဝင်၏အသံဖြစ်သည်။

ဤရိုးရှင်းသောစကားလုံးဖြင့် ကျီဝူရှန်၏စိန်ခေါ်မှုကို အတည်ပြုပေးခဲ့သည်….

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၁၁။ အခန်း ၁၆၃ ဒါက ငါငယ်ငယ်က လုပ်ခဲ့တဲ့အမှားပဲ

လုရှောင်ယန်၏ နောက်ဆုံးပန်းတိုင်သည် ပြီးမြောက်အောင်မြင်လို့သွားခဲ့သည်။

ပထမ၊ သူသည် ကျီဝူရှန်နှင့်ကျန်သူများ၏ အလားအလာကိုပြသရန် ရှေးဟောင်းတားမြစ်နယ်မြေကို အသုံးပြုလိမ့်မည်။

၎င်းတို့တွင် လုံလောက်သော အလားအလာနှင့် ခွန်အားများရှိနေသရွေ့၊ ၎င်းတို့သည် ဧကရာဇ်မိသားစုထိပ်ရှိ အကြီးအကဲအုပ်စု၏အာရုံကို သဘာဝအတိုင်း အလွယ်တကူ ရရှိနိုင်မည်ဖြစ်သည်။

ထိုလူများသည် ဧကရာဇ်မိသားစု မင်းသား သို့မဟုတ် တော်ဝင်နန်းတော်မှ ဆင်းသက်လာသူဖြစ်မည်ကို ဂရုမစိုက်ပေ။ မည်သို့ပင်ဆိုစေကာမူ ၎င်းတို့အားလုံးတွင် မဟာကျိုးအင်ပါယာ ဧကရာဇ်မိသားစု၏ သွေးရင်းများ ရှိသည်။ လူတစ်ဦး၏ အရည်အချင်းသည် လုံလောက်စွာ အစွမ်းထက်သရွေ့၊ ၎င်းတို့သည် ထိပ်တန်း ကျွမ်းကျင်သူတစ်ဦးအဖြစ် အလွယ်တကူ ကြီးပြင်းလာနိုင်သည်။ ဒါက သူတို့လိုအပ်တဲ့အရာပင်။

အဖွဲ့တစ်ဖွဲ့၏အကျိုးကျေးဇူးများသည် လူတစ်ဦးချင်း သို့မဟုတ် လူအနည်းငယ်၏အကျိုးကျေးဇူးထက် အမြဲကြီးမားပါသည်။

…

ရှေးဟောင်းတားမြစ်နယ်မြေတွင်၊ ဧကရာဇ် ဒုတိယအဆင့်မှ ကျွမ်းကျင်သူအစောင့်သည် သိုင်းဘုရင်အဆင့်လက်နက်၏တည်နေရာကို အလျင်အမြန်ရှာဖွေနေခဲ့သည်။

ယခုအချိန်တွင် သူသည် ရှေးဟောင်း တားမြစ်နယ်မြေတွင် သူ တစ်ဦးတည်းသာ ရှိသည်။ ထို့အပြင်၊ သူသည် မဟာကျိုးအင်ပါယာ ဧကရာဇ်မိသားစု၏ အကြီးအကဲအုပ်စု၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။ သိုင်းဘုရင်အဆင့် လက်နက်ကို ရရှိပြီးနောက် မည်သူမျှ သူ့ထံမှ လုယူမည်မဟုတ်ပေ။

ဒါက အကာအကွယ်မဲ့ ကိတ်မုန့်ကြီးကို ရှေ့မှာ ချထားခြင်းခံရသူတစ်ယောက်နှင့် အတူတူပါ။

"ဒီ သိုင်းဘုရင်အဆင့် လက်နက်က ဘယ်မှာလဲ။"

ဘာရလဒ်မှမရှိဘဲ နေ့တစ်ဝက်ကျော် ရှာဖွေပြီးနောက် အုပ်ထိန်းသူ အကြီးအကဲသည် မျက်မှောင်ကြုတ်မိသည်။

ယုတ္တိရှိရှိပြောရလျှင် လင်းဖေး သေဆုံးနေပြီဖြစ်သောကြောင့် သိုင်းဘုရင်အဆင့် လက်နက်တွင် ပိုင်ရှင်မရှိသင့်ပေ။ ၎င်းကို ၎င်း၏သခင်က ဖိနှိပ်ထားမည်မဟုတ်သလို ၎င်း၏ အရှိန်အဝါကိုလည်း တမင်တကာ ဖုံးကွယ်ထားမည်မဟုတ်ပေ။

သိုင်းဘုရင်အဆင့် လက်နက်၏ အရှိန်အဝါသည် မည်မျှအားကောင်းသနည်း။

သဲလွန်စတစ်ခုမျှသာ ပေါက်ကြားခဲ့လျှင်ပင် အလွန်သိသာထင်ရှားနေပေလိမ့်မည်။ သူဘာလို့ ဘာမှမခံစားရတာလဲ။

လုရှောင်ယန်သည် သူ၏တောင်တန်းနှင့် မြစ် ပန်းချီကားမှ ထွက်လာခဲ့သည် ။

အကြီးအကဲ- "???"

လုရှောင်ယန်: "???"

နှစ်ယောက်သား တယောက်ကို တယောက် ဇဝေဇဝါဖြင့် ကြည့်နေကြသည်။

"ငါ လူသား ကျင့်ကြံသူအားလုံးကို နေရာကူးပြောင်းပေးပြီးပြီ။ မင်း ဘာလို့ ရှေးဟောင်း တားမြစ်နယ်မြေထဲမှာ ရှိနေတာလဲ။"

ခဏငြိမ်သက်ပြီးနောက် သူအသိဝင်လာပြီး အေးစက်စွာ မေးခွန်းထုတ်သည်။

လုရှောင်ယန် ခဏလောက်စဉ်းစားပြီးနောက် တစ်စုံတစ်ခုကို ခန့်မှန်းမိသွားသည်။

လင်းဖေးကို ဖမ်းမိသောအခါ လင်းဖေးသည် သိုင်းဘုရင်အဆင့် လက်နက်ကို ကိုင်ဆောင်ထားသည်။ ဆိုလိုသည်မှာ လင်းဖေးသည် သူ့တွင် သိုင်းဘုရင်အဆင့်လက်နက်တစ်ခုရှိသည်ဟူသောအချက်ကို ဖော်ထုတ်ပြီးသားဖြစ်သည်။

ဒီသတင်းသာ ပြန့်နှံ့သွားမယ်ဆိုရင် မဟာကျိုးအင်ပါယာ ဧကရာဇ်မိသားစုထဲကို ဝင်ရောက်ရှာဖွေဖို့ မဖြစ်နိုင်ဘူး။

"ငါ မင်းကို မေးခွန်းတစ်ခုမေးနေတယ်လေ မင်းနားမကြားဘူးလား။"

လုရှောင်ယန် တွေးနေစဉ်မှာပင် တစ်ဖက်သား၏ အသံက ထပ်၍ ထွက်ပေါ်လာပြန်သည်။

လုရှောင်ယန်သည် သူ၏ တောင်တန်းနှင့် မြစ် ပန်းချီကားကို ထပ်မံမဖွင့်မီ နှစ်စက္ကန့်ကြာ တိတ်ဆိတ်နေခဲ့သည်။

…

တစ်ဖက်တွင်၊ ခရမ်းရောင်ငြိမ်းချမ်းရေး ဧကရာဇ်နန်းတော်အား လေ့လာရာတွင် ဘုရင်ကျီနျဉ်သည် ကျီဝူရှား၏မျက်လုံးများကို စိုက်ကြည့်နေသည်။

အဖေနှင့်သမီးသည် တစ်နာရီခန့် ရှေ့မတိုးနောက်မဆုတ် ဖြစ်နေသည်။

အဆုံးတွင် ဘုရင်ကျီနျဉ်သည် ပထမဆုံး အရှုံးပေးပြီး တိတ်ဆိတ်မှုကို ချိုးဖျက်ခဲ့သည်။

သူသည် သက်ပြင်းတိုတိုချကာ ပြောရုံသာတတ်နိုင်သည်။

"တော်တော်ကြာနေပြီ။ မင်းဆရာအကြောင်း ငါ့ကို မပြောပြချင်သေးဘူးလား။"

"ဖေဖေ၊ ဘာလို့ အစ်ကိုကြီးကို မမေးတာလဲ။"

ကျီနျဉ်သည် ဒေါသတကြီးဖြင့် သူမကို စိုက်ကြည့်နေသည်။

"အဲဒါ မင်းရဲ့ဆရာပဲ၊ မင်းအစ်ကိုက ဘယ်လောက်သိမှာလဲ၊ မင်းကိုမေးရင် ပိုကောင်းမှာမဟုတ်ဘူးလား။"

ကျီဝူရှား အသက်ပြင်းပြင်းရှူပြီး တင်းကျပ်သောအမူအရာဖြင့်ပြောသည်။

“အဖေ၊ ဘာပဲဖြစ်ဖြစ် သမီး ဆရာ့ကို သစ္စာမဖောက်ပါဘူး၊ သမီးအပေါ်ထားတဲ့ ဆရာ့ရဲ့ စေတနာက တောင်ကြီးတစ်ခုလို လေးလံပါတယ်။ သူ့ကြောင့်သာ မဟုတ်ရင် သမီးဘဝရဲ့ လက်ရှိအခြေအနေကို ရောက်ဖို့ မဖြစ်နိုင်ပါဘူး။ အဲဒီအစား သမီးကို အပြစ်ပေးရင် တစ်သက်လုံး တောင်းပန်နေပါ့မယ်။"

ကျီနျဉ်သည် သူ၏နားထင်ကို ပွတ်သပ်လိုက်သည်။

"အေး၊ ငါ ဒီသမီးကို ဘာမှမလုပ်ပေးတာ နှစ်တွေကြာနေပြီ။"

"အဖေ တောင်းပန်ပါတယ်။"

"တောင်းပန်စရာ မလိုပါဘူး။ တကယ်တော့ မင်းမပြောရင်တောင် ငါ ခန့်မှန်းလို့ ရပါတယ်။ လင်းဖေးကို မင်းရဲ့ဆရာ သတ်တာမဟုတ်လား၊ မင်းဆရာကလွဲရင် တခြား သူ့ကို သတ်နိုင်မယ့်လူကို ငါတကယ် မစဉ်းစားနိုင်တော့ဘူး။"

"ဒါ့အပြင်၊ မထင်မှတ်ဘဲ ဘာမှမဖြစ်ခဲ့ရင်၊ လင်းဖေးရဲ့ သိုင်းဘုရင်အဆင့်လက်နက်ဟာ သူ့လက်ထဲကို ရောက်သွားနိုင်မှာပဲလေ။

"အစတုန်းက ငါ သူ့ကို အထင်မကြီးခဲ့ပါဘူး၊ ဒါပေမယ့် လွန်ခဲ့တဲ့ ရက်အနည်းငယ်က အကြီးအကဲမင်ကျဲ့ကို ကိုင်တွယ်တုန်းက သိုင်းဘုရင်အဆင့် လက်နက်ရှိတဲ့ကောင်လေးက ဘယ်သူလဲဆိုတာကို ငါသိချင်သွားတယ်။ မင်းနဲ့ မင်းအစ်ကိုရဲ့ ကျင့်ကြံမှု အားကောင်းလာတာကို ငါမြင်လိုက်ရတော့ တစ်ခုခုကို ယောင်ဝါးဝါး မှန်းဆမိသွားတယ်။ ဒါတင်မကဘူး သူတို့ ရှေးဟောင်းတားမြစ်နယ်မြေကို သွားတဲ့အခါ မင်းရဲ့ဆရာတူ အစ်ကိုနှစ်ယောက်က မင်းဆရာနဲ့ ကွဲပြားတဲ့အဝတ်အစားတွေကို ၀တ်ထားကြတယ်။ ဒါပေမယ့် တခြားသူတွေဆီကနေ သူတို့ရဲ့ အထောက်အထားတွေကိုလည်း ဖုံးကွယ်ထားတယ်။

“မူလက ငါ့မှာ တကွဲတပြားဖြစ်နေတဲ့အချက်အလက်တွေပဲ ရှိခဲ့တာ။ အဲဒါ မင်းရဲ့ဆရာလို့ လုံးလုံးမခန့်မှန်းဝံ့ခဲ့ဘူး။

"ဒါပေမယ့် မင်းရဲ့ဆရာက တွက်ချက်မှု လွဲနေတယ်။”

"အဲဒါက သူခေါ်လာတဲ့ စတုတ္ထတပည့်က လီချန်းရှန်ပဲ။"

ကျီဝူရှား အနည်းငယ် အံ့သြသွားသည်။

"ဖေဖေ ဆရာတူမောင်လေးကို သိလား။"

ဘုရင်ကျီနျဉ်သည် ရယ်ရမလို ငိုရမလို လမ်းပျောက်နေသည်။

"မင်းအဖေကို ဘယ်လိုထင်နေတာလဲ၊ ငါက မဟာကျိုးရဲ့ ဘုရင်ပဲ။ လီချန်းရှန်လို ထူးချွန်တဲ့ ပါရမီရှင်တစ်ယောက်အကြောင်း ငါ မသိဘူးလို့ ထင်နေတာလား။ သိပ်ရယ်စရာကောင်းတာ မဟုတ်ဘူးလား။"

လီချန်းရှန်သည် နွမ်းပါးပြီး တောင်းရမ်းရန် ဧကရာဇ်မြို့၌ နေရာချထားခံခဲ့ရသည်။

"မင်းရဲ့ဆရာက သူ့လို အသုံးမဝင်တဲ့ သူတောင်းစားကိုတောင် ပြန်ပြီး အသုံးဝင်အောင် လုပ်နိုင်ခဲ့တယ်။ ဒါ့ပြင် သူ့ရဲ့ ကျင့်ကြံမှုဟာ တစ်လအတွင်းမှာ လျင်မြန်စွာ တိုးတက်လာခဲ့တယ်။ မင်းရဲ့ဆရာရဲ့ နည်းလမ်းတွေကို သက်သေပြပြီးနောက် နတ်ဘုရားတွေတောင် ရှက်သွားမှာကို ငါကြောက်တယ်။"

ကျီဝူရှားက အသက်ပြင်းပြင်းရှူပြီး ဂါရဝပြုလိုက်သည်။

"ဖေဖေ ကျေးဇူးပြုပြီး ဒီကိစ္စကို လျှို့ဝှက်ထားပေးပါ။ ဒီသတင်းပေါက်ကြားလာပါက ဆရာက အဖေ့ကို နှုတ်ပိတ်သွားမှာ သေချာပါတယ်။ အဖေက ဒါကို မထိန်းနိုင်ရင် မဟာကျိုးအင်ပါယာတောင် အဖေ့ကို ကာကွယ်နိုင်မှာ မဟုတ်ဘူး။"

ဒါကိုကြားတော့ ဘုရင်ကျီနျဉ်၏ ခန္ဓာကိုယ် တုန်လှုပ်သွားပြီး သူ့နှလုံးသားထဲမှာ မုန်တိုင်းတစ်ခု တိုးဝင်လာခဲ့သည်။

ကျီဝူရှားသည် ဧကရာဇ်မိသားစု၏ နောက်ခံကို အတိအကျ မသိပါ။ သို့သော်လည်း ကျီဝူရှားသည် ဧကရာဇ်မိသားစု မည်မျှ သြဇာကြီးမားသည်ကို သိနေဆဲဖြစ်သည်။

သူမ သိသော်လည်း၊ ထိုသို့ပြောလာသေးပုံအရ သူမ၏ဆရာဖြစ်သူ လုရှောင်ယန်သည် ဘုရင်ကျီနျဉ် စိတ်ကူးထားသည်ထက် များစွာ သန်မာသည်ဟု ဆိုလိုသည်မဟုတ်လား။

အသက်ပြင်းပြင်းရှူပြီးနောက် ဘုရင်ကျီနျဉ်က သူ၏ရင်ထဲက ထိတ်လန့်မှုကို မျိုသိပ်လိုက်ပြီး "စိတ်မပူပါနဲ့။ ငါက ကျိုး ရဲ့ ဘုရင်ဖြစ်ပေမဲ့၊ ငါက မင်းနဲ့ ဝူရှန်ရဲ့ ဖခင်ပါ။ ငါက ဘာမှ အန္တရာယ်ပြုမှာ မဟုတ်ဘူး။ ဒီတစ်ခါတော့ အကြီးအကဲက ရာဇပလ္လင်အတွက် ပြိုင်ဆိုင်မှုကို အတည်ပြုလိုက်ပြီ။ မင်းရဲ့ ဆရာလည်း အကြံအစည်တွေ ချမှတ်ထားပြီ မဟုတ်လား။”

ကျီဝူရှား ခေါင်းညိတ်လိုက်သည်။ ဒါကိုတော့ သူမ ဖုံးကွယ်ထားဖို့ မလိုပေ။

"သမီးရဲ့ ဆရာက အစ်ကို့ကို ရာဇပလ္လင်ကို အမွေဆက်ခံစေချင်တယ်။ သူက အစ်ကို့ကို ခွန်အားတိုးစေဖို့ ထပ်မံကူညီလိမ့်မယ်။"

ဘုရင်ကျီနျဉ်၏အမူအရာမှာ အနည်းငယ်စိုးရိမ်နေသည်။

"မင်းရဲ့ သခင်ရဲ့ ကျင့်ကြံနည်းလမ်းက မှန်ကန်သလား။"

ခေတ္တရပ်ပြီးနောက်တွင် သူ၏ အဓိပ္ပါယ်မှာ ပြည့်စုံလုံလောက်မှု မရှိဟု ခံစားရပုံရသည်။

"ငါဆိုလိုတာက မင်းရဲ့အခြေခံအုတ်မြစ်ကို ထိခိုက်ပျက်စီးစေပြီး အနာဂတ်မှာ တိုးတက်ဖို့ ခက်ခဲစေမှာလား။"

ကျီဝူရှားက ပြုံးပြီး ပြောသည် ။

"စိတ်မပူပါနဲ့ ဖေဖေ၊ ဆရာက သူ့လူတွေကို ဘယ်တော့မှ ဒုက္ခမပေးဘူး။ အစ်ကို့ကို ခွန်အားတိုးအောင် ကူညီပေးတဲ့ သူ့ရဲ့ ရည်ရွယ်ချက်က သေချာပေါက် ဖြူစင်တယ်။ ထိခိုက်မှု မရှိဘူး။"

"ကောင်းပါတယ်၊ ဒါပေမယ့် မင်းရဲ့ဆရာက အစွမ်းထက်ပေမယ့် မင်းသတိထားရဦးမယ်။ သူ လင်းဖေးကိုသတ်လိုက်တာကနေ ဘေးဥပါဒ်ဖြစ်စေမှာ သေချာတယ်။ မင်းတို့အားလုံး သေသွားနိုင်တယ်။"

ကျီဝူရှား ရုတ်တရက် ထိတ်လန့်သွားသည်။

"ဘာကိုဆိုလိုတာလဲ ဖေဖေ။"

ဘုရင်ကျီနျဉ်သည် ကုလားထိုင်ပေါ်မှ နောက်ပြန်လှဲကာ အသက်ပြင်းပြင်းရှူရင်း သူ့မျက်လုံးများသည် လွမ်းဆွတ်ခြင်းသို့ နစ်မြုပ်သွားခဲ့သည်။

"ဒါက ဇာတ်လမ်းရှည်ကြီးပါ။ ပြောရမယ်ဆိုရင် ငယ်ငယ်က လုပ်ခဲ့တဲ့ အမှားတစ်ခုလို့ပဲ ပြောလို့ရတယ်…."

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၁၁။ အခန်း ၁၆၄ တုတ်ချောင်းနဲ့ပင်လယ်

“နွေဦးပေါက်ခါနီးအချိန်လောက်ဖြစ်မယ်။ အဲဒီတုန်းက အဖေက ဘုရင်ဘွဲ့ အပ်နှင်းခြင်း မခံရသေးဘူး။ ရာထူးတာဝန်တွေ ထမ်းဆောင်ဖို့ အမိန့်ထုတ်ခံရတယ်။ အဲဒီတုန်းက ငယ်ငယ်ရွယ်ရွယ်နဲ့ အဖုအထစ်တွေရှိခဲ့တယ်။ ငါ အာကေရှား ဂိုဏ်းမှာ ရက်အတော်ကြာ နေခဲ့ပြီးတော့ မိန်းမတစ်ယောက်နဲ့ တွေ့ခဲ့တယ်။"

“ငါက မြှာပွေသူတစ်ယောက်ဖြစ်ပြီး အမျိုးသမီးတစ်ယောက်ရဲ့ သွေးဆောင်မှုကို မခုခံနိုင်ခဲ့ဘူး။

“နောက်တော့ သမီးလေးမွေးရင် လင်းမိသားစုကို မွေးစားဖို့ လွှတ်လိုက်မယ်လို့ ကျိန်ဆိုခိုင်းခဲ့တယ်။ ဒါ့အပြင် သမီးကို ပြန်ခေါ်ပြီး လင်းမိသားစုနဲ့ စေ့စပ်ထားတာကိုလည်း ဖျက်သိမ်းဖို့ လုပ်ရမယ်လို့လဲပြောတယ်။"

"ဘာ..."

ကျီဝူရှား၏အမူအရာသည် မိုးကြိုးထိမှန်သွားသလို ပြောင်းလဲသွားသည်။

သူမနှင့် လင်းဖေးတို့ကြားတွင် ရှေးကပင် သတ်မှတ်ထားခဲ့သည်ကို သူမ မမျှော်လင့်ခဲ့ပေ။

"အဖေ၊ အဲဒီအချိန်က ဘုရင်အဆင့် ကျွမ်းကျင်သူ မဟုတ်သေးရင်တောင် အဖေ့ရဲ့ ကျင့်ကြံမှုအရ ခြိမ်းခြောက်ခံရမှာ မဟုတ်ဘူးမလား၊ အဲဒါပြီးရင် ဧကရာဇ်မိသားစုကို အကြောင်းကြားလို့ရတယ် မဟုတ်ဘူးလား၊ ဧကရာဇ်မိသားစုက ဒီအကြောင်းမသိဘူးလား။"

ဘုရင်ကျီနျဉ်သည် ခေါင်းခါယမ်းကာ သူ၏မျက်နှာသည် နွမ်းနယ်သောအမူအရာတစ်ခုကို ပေါ်လွင်စေသည်။

"ဒါက အသုံးမဝင်ဘူး။ တဖက်သူရဲ့ အင်အားက အားကောင်းလွန်းတယ်။ ဧကရာဇ်မိသားစုကတောင် သူ့ကို ဘာမှ မလုပ်နိုင်ဘူး။ အဲဒီတုန်းက သူက ဧကရာဇ်အဆင့်ကျွမ်းကျင်သူဖြစ်နေပြီ။"

"ဘုရားသခင်..."

ကျီဝူရှား၏ အမူအရာမှာ ပို၍ပင် တုန်လှုပ်သွားသည် ။

တဖက်သူသည် အမှန်တကယ်ပင် ဧကရာဇ်အဆင့် ကျွမ်းကျင်သူဖြစ်သည်။

ဧကရာဇ်အဆင့် ကျွမ်းကျင်ပညာရှင်တစ်ယောက်သည် ဤအရာအားလုံး၏နောက်ကွယ်တွင် ရှိနေသလား။

"ဖေဖေ၊ သူက ဘယ်သူလဲ။"

ဘုရင်ကျီနျဉ်က လေးနက်သောအမူအရာဖြင့်ပြောသည်။

"သူမ လင်းဖေးရဲ့မိခင်ဖြစ်ပြီး ... အာကေရှားဂိုဏ်းရဲ့တည်ထောင်သူ- နာလန်ဟုန်ယွီပဲ။"

…

တစ်ချိန်တည်းမှာပင်၊ အာကေရှားအဖွဲ့ခွဲတစ်ခုတွင် နာလန်ဟုန်ယွီသည် လျောင်းနေသောကုလားထိုင်ပေါ်တွင် လဲလျောင်းနေပြီး သူမလက်အောက်ငယ်သားများစုဆောင်းထားသော အချက်အလက်များကို ဖတ်နေခဲ့သည်။

သူမ လဲလျောင်းနေသောကြောင့် သူမ၏ အနီရောင်ဝတ်စုံသည် အနည်းငယ်တင်းကျပ်နေပြီး သူမ၏လှပသောရုပ်သွင်ကို ပေါ်လွင်စေသည်။

ထိုပျင်းရိသောအကြည့်သည် ပြည့်တန်ဆာတစ်ဦးရှိသင့်သည့် အရိပ်အယောင်ကို ထုတ်လွှတ်လိုက်ရုံသာဖြစ်သည်။

သူမဘေးမှာ တာဝန်ထမ်းဆောင်နေသူတွေအားလုံးက သူမကိုကြည့်ပြီး ရှက်နေကြသည်။

သူတို့အားလုံးက အမျိုးသမီးတွေပင်ဖြစ်သော်လည်း နာလန်ဟုန်ယွီသည် အရိုးထဲထိစွဲမက်ဖွယ်ကောင်းလွန်းနေသည်။

"လွန်ခဲ့တဲ့ ၂၈ နှစ်က လုရှောင်ယန်ဟာ ကောင်းကင်နတ်ဆိုးဂိုဏ်း မှာ စွန့်ပစ်ခံခဲ့ရပြီး ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ မွေးစားခံခဲ့ရပါတယ်။ သူ့ရဲ့ ကျင့်ကြံမှုဟာ လက်ရှိမှာ စိတ်ဝိညာဉ်အဆင့်ရောက်နေပါပြီ။"

"ကောင်းကင်နတ်ဆိုးဂိုဏ်းမှာ လုရှောင်ယန်က ယွင်လီကောကို သူ့တပည့်အဖြစ်...”

"လိပ်နက်ဂိုဏ်းမှာ၊ ရှောင်ပိုင်က အစီအရင်ပြိုင်ပွဲမှာ ပထမနေရာရရှိခဲ့ပြီး လုရှောင်ယန်က ၁၈ ပွဲစလုံးမှာ အဆင့် ၃၀ ရရှိခဲ့တယ်။”

"ရှောင်ပိုင် သေပြီလား။ ဖုချိုးကျဲယ်သွေးသောက်အဖွဲ့က လူ ၃ ယောက်က သတ်လိုက်တာလား။"

"စိတ်ဝင်စားဖို့ကောင်းတာက သူက အဲဒါကို ဖုချိုးကျဲယ်သွေးသောက်အဖွဲ့လို့ နာမည်ပေးလိုက်တယ်။ ဒီလုရှောင်ယန်က ငါနဲ့တူတဲ့ အရပ်က လာတာနေမယ်။

"သူ ကျီဝူရှားကို တပည့်အဖြစ်လက်ခံခဲ့တယ်...”

"တစ်စုံတစ်ယောက်က ရှေးမျောက်ဝံမျိုးနွယ် ဖုန်းထျန်းယွမ်ရဲ့ အမွေဆက်ခံသူကို ကောင်းကင်နတ်ဆိုးဂိုဏ်းမှာ မြင်ဖူးတယ်...”

"အရိုးဖြူနတ်ဆိုးဂိုဏ်းက ညတွင်းချင်း ပျောက်ကွယ်သွားတယ်...”

"နတ်ဆိုးဂိုဏ်းက ကောင်းကင်နတ်ဆိုးဂိုဏ်းအနီးက ကြီးမားတဲ့ဂိုဏ်းအနည်းငယ်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်။ ကောင်းကင်နတ်ဆိုးဂိုဏ်းကပဲ အဆင်ပြေတယ် အဲဒီနေ့မှာ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဘိုးဘေးပေါ်လာတယ်...”

"ရှောင်ပိုင်နဲ့ လင်းဖေးတို့ရဲ့ အချက်အလက်တွေကို လူနှစ်ယောက်က စုံစမ်းစစ်ဆေးခဲ့ပြီး တစ်ယောက်က ကောင်းကင်နတ်ဆိုးဂိုဏ်းအကြီးအကဲ လီတောက်ယန် အယောင်ဆောင်ပြီး နောက်တစ်ယောက်ကတော့ ယွင်လီကော...”

"နန်းမြို့တော်ရဲ့ ကောင်းကင်ဘုံအကျဉ်းထောင်မှာ နတ်ဆိုးဂိုဏ်းရဲ့ မိစ္ဆာကျင့်ကြံသူတွေ ထွက်ပြေးသွားတဲ့အခါ သိုင်းဘုရင်အဆင့် လှံကိုင်ထားတဲ့ ဧကရာဇ်အဆင့်က ကျွမ်းကျင်ပညာရှင်တစ်ဦးနဲ့ တွေ့ခဲ့တယ်..."

သူမရရှိသောအချက်အလက်များကို တစ်ခုပြီးတစ်ခု ခွဲခြမ်းစိတ်ဖြာပြီးနောက် နာလန်ဟုန်ယွီ၏အမူအရာသည် တဖြည်းဖြည်း လေးနက်လာသည်။

"အဲဒါကိုကြည့်ရတာ၊ ဒီလုရှောင်ယန်က ငါနဲ့တူတဲ့ အထောက်အထားရှိတယ်။ ငါတို့နှစ်ယောက်စလုံး အဲဒီနေရာက လာခဲ့တာ။ ကောင်းကင်က တကယ်ကို ဘက်လိုက်တယ်။ ငါတို့နှစ်ယောက်စလုံးက ဝိညာဉ်ကူးပြောင်းသူတွေဖြစ်ပြီး သူကတော့ ရွေးချယ်ထားခံရသူဖြစ်ပေမယ့် ငါကတော့ ဘယ်သူမှ မဟုတ်ဘူး။”

"ဒါပေမယ့် ဒီလုရှောင်ယန်ဟာ ပုန်းကွယ်နေတဲ့ ဘီလူးတစ်ကောင်ဆိုတာ သေချာတယ်။ မဟုတ်ဘူး၊ သူက အသက်နှစ်ဆယ်ကျော်သာရှိသေးပြီး ငယ်ရွယ်တဲ့ ပုန်းကွယ်နေတဲ့ ဘီလူးတစ်ကောင်လို့ပဲ ယူဆနိုင်တယ်။”

"မဟာကျိုးတစ်ခုလုံးမှာ အာကေရှားဂိုဏ်းကို စိမ့်ဝင်အောင် မလုပ်ထားနိုင်ရင် သူ့အကြောင်း အချက်အလက်ကို ငါ ရှာလို့ မတွေ့နိုင်ဘူး။"

အချက်အလက်တွေက ပြန့်ကျဲလွန်းသည်။ ၎င်းတို့ထဲမှ တစ်ခု သို့မဟုတ် နှစ်ခုကို ဖတ်လိုက်လျှင် လုရှောင်ယန်အကြောင်းကို အလွယ်တကူ ခန့်မှန်းရန် မဖြစ်နိုင်သေးပေ။

တစ်စုံတစ်ယောက်သည် အရာအားလုံးကို ပေါင်းစည်းရန် အချက်အလက်များစွာ လိုအပ်သည်။ တစ်ချိန်တည်းမှာပင်၊ လုရှောင်ယန်၏လျှို့ဝှက်ချက်ကို နားလည်ရန် နာလန်ဟုန်ယွီကဲ့သို့ ဝိညာဉ်ကူးပြောင်းသူ၏ အသိညဏ်ကိုလည်း လိုအပ်သေးသည်။

"လုရှောင်ယန်က ရွေးချယ်ခံထားရတဲ့သူဆိုတော့ သူ့မှာ ငါသေချာမသိရတဲ့ ဝှက်ဖဲတွေရှိမယ်။ အဲဒါတွေက ဘာလဲဆိုတာ ငါမသိဘူး၊ ဒါပေမယ့် သေချာပေါက် အစွမ်းထက်တယ်။ သူက အရမ်းမိုက်တဲ့အတွက် ငါကျက်သီးတောင်ထတယ်။"

"ကနဦးထင်မြင်ယူဆချက်အရ သူ့ကျင့်ကြံဆင့်က ဧကရာဇ်အဆင့်ထက် မြင့်မားလိမ့်မယ်။ ဒါပေမယ့် သူ့ရဲ့ သတိရှိသောစရိုက်ကို ဆင်ခြင်ကြည့်ရင် သူက သူ့ခွန်အားကို ဖုံးကွယ်ထားနိုင်ဖွယ်ရှိတယ်။ ဒါပေမယ့် သူက ရယ်စရာကောင်းလောက်အောင် အစွမ်းထက်မှာမဟုတ်ဘူး။ မဟုတ်ရင် ရှေးမျောက်ဝံအနွယ်ကို မျိုးသုဥ်းပစ်တာကြာလှပြီ။”

“ဒါ့အပြင် သူက မြင်းနက် တွေရဲ့ ရန်သူတွေကို စုဆောင်းနေပုံရတယ်။ ဘာကြောင့်လဲတော့ မသိဘူး၊ ဒါပေမယ့် ဒါကို အသုံးချဖို့က ငါ့အတွက် ပြီးပြည့်စုံတယ်။”

"လုရှောင်ယန် မင်းက တကယ်ရွေးချယ်ခံရတာဆိုရင်တောင် ငါ နာလန်ဟုန်ယွီက မင်းကို ငါ့ရဲ့ သမုဒ္ဒရာထဲမှာ နစ်စေမယ်။"

…

ထိုအချိန်တွင်၊ လုရှောင်ယန်သည် တောင်တန်းနှင့်မြစ် ပန်းချီမှ ထွက်လာပြီး ရှေးဟောင်းတားမြစ်နယ်မြေမှ ထွက်ခွာသွားခဲ့သည်။

အကြီးအကဲ၏ ချိတ်ပိတိအစီအရင်သည် သူ့အတွက် ကလေးကစားစရာနှင့်တူသည်။

အခြားသူများက မဖွင့်နိုင်သော်လည်း လုရှောင်ယန်က ၎င်းကို အားစိုက်ထုတ်ဖွင့်လိုက်သည်။

ခရမ်းရောင်ငြိမ်းချမ်းရေး ဧကရာဇ်နန်းတော်သို့ ပြန်လာ၍ တပည့်အချို့ကို မေးမြန်းသောအခါတွင် အရာအားလုံးကို သဘာဝကျကျ နားလည်လာသည်။

လုရှောင်ယန် စီစဉ်ထားသည့်အတိုင်း အရာအားလုံး အကောင်အထည်ဖော်နေသောကြောင့် သူ့ကို အလွန်ပျော်ရွှင်စေသည်။

သို့သော်လည်း ကျီဝူရှားက သူ့ကို ပြောပြသောအခါ လုရှောင်ယန်၏နှလုံးသည် ရုတ်တရက် ခုန်သွားသည်။ နောက်တော့ သူ့စိတ်တွေ ရှုပ်ထွေးသွားသည်။

"ဆရာ၊ လင်းဖေးရဲ့အမေက ကျွန်မတို့ကို တိုက်ခိုက်နိုင်တယ် ပြင်ဆင်ထားရအောင်....။"

"ရပြီ။ မင်းထွက်သွားလို့ရတယ်။"

"ဟုတ်ကဲ့။"

ကျီဝူရှား ထွက်သွားပြီးနောက် လုရှောင်ယန်သည် ချက်ချင်းပင် လေးလေးနက်နက် တွေးတောမိသွားသည်။

အာကေရှားအဖွဲ့ကို ပထမဆုံးသွားတုန်းက အာကေရှားအဖွဲ့ခွဲ၏ ဘိုးဘေး နတ်မိမယ်ဟုန်ယွီသည် ဝိညာဉ်ကူးပြောင်းသူဖြစ်နိုင်တယ်လို့ သူ ခန့်မှန်းထားပြီးသားပါ။

သို့သော် တဖက်သူက လင်းဖေး၏ မိခင်အရင်းဖြစ်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ထို့အပြင်၊ တဖက်သူက လင်းဖေးနှင့် စေ့စပ်ထားသူအား တမင်တကာ ဖန်တီးခဲ့ပြီး သူမ၏မိသားစုမှ ဖမ်းစားခြင်းခံရသည်ဟု ထင်ယောင်ထင်မှားဖြစ်စေသည့် လှည့်စားမှုကို ဖန်တီးရန် သူမ၏ခွန်အားကိုပင် အားကိုးခဲ့သည်။

ဤနည်းဖြင့် လင်းဖေးကို ဧကရာဇ်အဆင့်အထိ ကျင့်ကြံရန် စေ့ဆော်မှုသည် အပြည့်အဝ ပြည့်စုံသွားခဲ့သည်။

ဒီနည်းဗျူဟာက အမှန်ကို ကောင်းလှသည်။

လုရှောင်ယန်သည် သူ၏ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် အန္တရာယ်ကို ခံစားခဲ့ရသည်။

သူတို့နှစ်ယောက်လုံးဟာ တူညီတဲ့ နောက်ခံကနေ လာခဲ့ကြခြင်းဖြစ်သည်။ ထုံးစံအတိုင်း နှစ်ဖက်စလုံးက တူညီတဲ့လှည့်ကွက်တွေကို သိသည်။

ပိုကြောက်စရာကောင်းတာက တဖက်သူက သူ့ထက် နှစ်ပေါင်းများစွာ စောပြီး ရောက်လာတာဖြစ်ပြီး သူမ၏ ကျင့်ကြံမှု ခွန်အားကလည်း ပိုသန်မာသည်။

ဒီအခြေအနေက အန္တရာယ်များလွန်းသည်။ လုရှောင်ယန်သည် ၎င်းကို ကျော်ဖြတ်နိုင်မည်မဟုတ်ဟု ခံစားမိသည်။

ဤအခိုက်အတန့်တွင်၊ လုရှောင်ယန်သည် ဤနေရာမှ ထွက်ခွာပြီး သူ့တပည့်များနှင့်အတူ သိုင်းဘုရင်အဆင့် ကျင့်ကြံနိုင်သည်အထိ ပုန်းအောင်းရန် နေရာရှာရန်ပင် စိတ်ကူးမိသွားသည်။

သို့သော် ဤအရာသည် လက်တွေ့မကျကြောင်း သူသိသည်။

လင်းဖေးကို သတ်ပြီးနောက် တစ်ဖက်လူက သူ့ကို သတိထားမိလိမ့်မည်။ တစ်ဖက်လူက မဟာကျိုးအင်ပါယာ ထဲရောက်လာပြီး သူ သတိမထားမိအောင် ပုန်းနေတာတောင် ဖြစ်နိုင်သည်။

ထို့အပြင် ရှေးမျောက်ဝံမျိုးနွယ်မှ ဖုန်းအောက်ထျန်းနှင့် လီချန်းရှန်၏ ရန်သူဟောင်းတို့ နှစ်ဦးစလုံးသည် လျင်မြန်စွာ သန်မာလာကြလိမ့်မည်။ နှစ်အနည်းငယ်ကြာပြီးနောက်တွင် ၎င်းတို့သည် အဆမတန်တိုးတက်လာကြဖွယ်ရှိသည်။

ထိုအချိန်တွင် သူသည် ၎င်းတို့ကို သတ်ချင်သော်လည်း သတ်ရန် အခွင့်အရေးရှိတော့မည် မဟုတ်ပေ။ ဖုန်းထျန်းယွမ်နှင့် လီချန်းရှန်တို့ ဤနေရာတွင် ရှိနေကြောင်းကို သိပါက ၎င်းတို့သည် အနှေးနှင့်အမြန်ဆိုသလို တိုက်ခိုက်ကြမည်ဖြစ်သည်။

အဲဒီအခါ သူဘာလုပ်ရမလဲ။

သူသေတာကို စောင့်နေရမှာလား။

သူတို့မလာလျှင်ပင် သူကျင့်ကြံရမည် မဟုတ်လား။

ဝမ့်ခိုက်နှင့် သူ၏တပည့်တွေမရှိရင် သူ၏ခွန်အားတွေ တိုးလာဖို့ဆိုသည်မှာ စိတ်ကူးယဉ်မှုသက်သက်ပင်။

အရေးကြီးဆုံးမှာ ခြိမ်းခြောက်မှု ကြုံလာသည့်အခါ ခြိမ်းခြောက်မှုကို အပြီးတိုင် ဖယ်ရှားပစ်ရမည်။ ဤသည်မှာ အလုံခြုံဆုံးနည်းလမ်းဖြစ်သည်။

လုရှောင်ယန်သည် သူ၏ လက်ရှိ အပြင်းထန်ဆုံးလက်နက်ဖြစ်သည့် နတ်ဘုရားအဆင့် လက်နက် တောင်နတ်ဘုရားကျောက်တိုင်ကို ပွတ်သပ်လိုက်သည်။

နတ်ဘုရားလက်နက်၏ အစွမ်းထက်သော နတ်တန်ခိုးသည် သူ့အား ပို၍ ရဲရင့်စေသည်ဟု ခံစားရစေသည်။

"ငါဆုံးဖြတ်ပြီးပြီ။ သူ့ကို ငါ့တုတ်ကို မြည်းစမ်းကြည့်ခိုင်းမယ်…."

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၁၁။ အခန်း ၁၆၅ ညစ်ညမ်းတဲ့တပည့်

နောက်ရက်အနည်းငယ်ကြာသည်အထိ လုရှောင်ယန်သည် ဆက်ပြီး ကျင့်ကြံခြင်းမရှိပါ။ ယင်းအစား၊ သူသည် တပည့်များအား ၎င်းတို့၏ သက်ဆိုင်ရာ သိုင်းဘုရင်အဆင့် ကျင့်ကြံနည်းလမ်း များကို ပိုမိုကျွမ်းကျင်စေရန်နှင့် ပြီးပြည့်စုံသောအဆင့်အထိ ကျင့်ကြံနိုင်စေရန် လမ်းညွှန်ပေးနေသည်။

သူတို့၏ရန်သူတွေဟာ အားကောင်းလာခဲ့သည်။ အကယ်၍ သူသည် သူ၏တပည့် အနည်းငယ်ကို ခွန်အားတိုးအောင် မလုပ်ပေးပါက၊ လုရှောင်ယန်အနေနှင့် ထိုလူများကို အနိုင်မယူနိုင်တော့မည်ကို စိုးရိမ်ရသည်။

ကျီဝူရှန်အတွက်မူ လုရှောင်ယန်သည် သူ့ကို သင်မပေးဘဲ သူ့ကို သိုင်းဘုရင်အဆင့် ခြင်ဆီဆေး တစ်လုံးသာ ပေးခဲ့သည်။

ဘာပဲပြောပြော ကျီဝူရှန်သည် သူ၏တပည့်မဟုတ်သလို ကျီဝူရှန်၏ ကျင့်ကြံဆင့်သည် သူ၏ကိုယ်ပိုင် ကျင့်ကြံဆင့်ကိုပါ မတိုးနိုင်ပေ။ ထို့ကြောင့် သူသည် ထိုအိမ်ရှေ့စံမင်းသားကျီထျန်းမင်ကို တိုက်ထုတ်နိုင်စေရန်အတွက်သာ သူ့ကို ကျင့်ကြံဆင့် တိုးမြင့်လာစေရန် ဆေးဖက်ဝင်ဆေးလုံးကို သာမန်ကာလျှံကာ ပေးခဲ့သည်။

ဤနည်းဖြင့် တစ်လအကြာတွင်၊ အဖိုးတန်တပည့်အနည်းငယ်၏ ကျင့်ကြံဆင့်မှာ များစွာတိုးတက်လာခဲ့သည်။

ယွင်လီကော၏ ကျင့်ကြံဆင့်သည် အာကာပြင်လေ့လာခြင်းအဆင့်၏ ပဉ္စမအဆင့်သို့ တိုးလာခဲ့ပြီး ကျီဝူရှား၏ ကျင့်ကြံဆင့်သည် အာကာပြင်လေ့လာခြင်းအဆင့်၏ အဋ္ဌမအဆင့်သို့ တိုးလာကာ ဖုန်းထျန်းယွမ်၏ ကျင့်ကြံဆင့်သည် အာကာပြင်လေ့လာခြင်း၏ ပြီးပြည့်စုံသော ဒသမအဆင့်သို့ တိုးလာသည်။ သူသည် ဖန်တီးခြင်းအဆင့်သို့ ဝင်ရောက်ရန် ခြေတစ်လှမ်းသာဝေးတော့သည်။

လီချန်းရှန်အနေနှင့်မူ ဖန်တီးခြင်းအဆင့်၏ စတုတ္ထအဆင့်သို့ ဖြတ်ကျော်သွားခဲ့ပြီဖြစ်သည်။

ဤသည်မှာ မြင့်မြတ်စိတ်ဝိညာဉ်စုစည်းခြင်းဆေးလုံးကို စားသုံးခြင်းနှင့် ၎င်းတို့၏ စွမ်းရည်များ တိုးပွားလာခြင်းတို့နှင့် ဆက်စပ်နေပေမည်။

ဘာပဲပြောပြော သူတို့၏စွမ်းရည်သည် အရင်ထဲကအလွန်အားကောင်းနေတာဖြစ်ပြီး အားလုံးသည် သိုင်းဘုရင်အဆင့်သို့ရောက်ရှိရန် အလားအလာရှိပြီးသားဖြစ်သည်။

မြင့်မြတ်စိတ်ဝိညာဉ်စုစည်းခြင်းဆေးလုံးသည် ၎င်းတို့၏ စွမ်းရည်များကို ပို၍ တိုးပွားစေပြီး အချို့သော မြင်းနက်များထက် ၎င်းတို့အား ပိုမိုအားကောင်းစေသည်။

အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးနှစ်တုံးထဲနှင့် သိုင်းဘုရင်အဆင့် လက်နက်ကို ဝယ်နိုင်ခြင်း၏ ကံကောင်းခြင်းမှလွဲ၍ ၎င်းတို့သည် မြင်းနက်များနှင့် အခြားရှုထောင့်မှ ယှဉ်လျှင် နိမ့်ကျခြင်းမရှိဟုဆိုနိုင်သည်။

လုရှောင်ယန်၏လမ်းညွှန်မှုနှင့် သူပေးခဲ့သော သန့်စင်ထားပြီးသောဆေးလုံးများနှင့်အတူ ၎င်းတို့သည် အချိန်တိုအတွင်း ခွန်အား တိုးလာခဲ့သည်။

လုရှောင်ယန်သည် သိုင်းပညာနားလည်မှုမလုံလောက်မှုကြောင့် ချီသွေဖည်ခြင်းခံရမည်ကို မကြောက်ပေ။

သူတို့သည် သိုင်းနားလည်မှုပါဝင်သော သိုင်းဘုရင်အဆင့် ဝိညာဉ်ဆေးလုံးစားထားခဲ့သည်။

သူတို့၏ ကျင့်ကြံဆင့် ကြီးထွားလာသည်နှင့်အမျှ လုရှောင်ယန်၏ ခွန်အားသည် နောက်ဆုံးတွင် ဧကရာဇ်အဆင့်၏ ပြီးပြည့်စုံသော ဒသမအဆင့်သို့ ရောက်သွားသည်။ သူသည် မြင့်မြတ်သောဘုံသို့ လှမ်းရန် ခြေတစ်လှမ်းသာ ဝေးတော့သည်။

တစ်လအတွင်း ဝမ့်ခိုက်၏ အဆင့်မြှင့်တင်မှုသည် အောင်မြင်စွာ ပြီးဆုံးခဲ့သည်။

ဒီမနက်တွင် လုရှောင်ယန် ရေချိုးခန်းသွားချင်သလိုမျိုး ခံစားရပြီး ဝမ့်ခိုက်သည် သူ၏ဗိုက်ထဲကနေ တွားသွားထွက်လာသည်။

ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲကာ တွားသွားလာသည်။

[သခင်၊ သခင် ငါ အဆင့်မြှင့်နေတာ တစ်လလောက်ရှိပြီ။ မတွေ့ရတာ တစ်လလောက်ရှိပြီ။ အရမ်းလွမ်းနေသလား]

ဝမ့်ခိုက်သည် သူ၏ကိုယ်ခန္ဓာအသွင်ပြောင်းကာ လုရှောင်ယန်၏အိပ်ရာအနီးသို့ ပြေးသွားပြီး အလံတိုင်ကဲ့သို့ အမြီးလေးကို ဝှေ့ယမ်းလိုက်သည်။

သူအများကြီးကြီးထွားလာပုံရသည်။ အရင်တုန်းက လသားအရွယ် ခွေးကလေးလို့ ပြောရင် အခု နှစ်လကနေ သုံးလသားအရွယ် ခွေးကလေး ဖြစ်နေပါပြီ။

သူ၏ပုံပန်းသဏ္ဍာန်ကို ကြည့်လျှင် သာမန် ခွေးတစ်ကောင်လိုပင်။ လုရှောင်ယန်သည် ဝံပုလွေနှင့်တူသောခွေးများကို အမှန်တကယ်မနှစ်သက်ပေ။ သူကြီးပြင်းလာသောအခါ အလွန်ချောမောလိမ့်မည်ဟု သူထင်သည်။

ကံကောင်းထောက်မစွာ၊ သူသည် ဟက်စကီးမဟုတ်ပေ။ ယင်းကပင် ကောင်းကင်ဘုံမှ ကောင်းချီးတစ်ခုဟု ယူဆရသည်။ လုရှောင်ယန်သည် ဤအရာကို ကျေနပ်နေပြီဖြစ်သည်။

"ဒီတစ်ကြိမ် အဆင့်မြှင့်ပြီး မင်းမှာ အထူးအရည်အချင်းတွေ ရှိလာလား။"

[ရှိတယ်၊ ရှိတယ်၊ ဒီတခေါက် အဆင့်မြှင့်ပြီးတော့၊ ရှာဖွေနိုင်တဲ့ တပည့်တွေရဲ့ အတိုင်းအတာက တိုးလာတယ်၊ ဒါတင်မကဘဲ ဆုလာဘ်တွေလည်း ပိုမြင့်လာတယ်။ အဲဒါအပြင် တချို့အချိန်ကာလတစ်ခုအထိ သခင့်ကို အထိအခိုက်ကနေအကာအကွယ်ပေးနိုင်ပါတယ်။ ကိုယ်ခံစွမ်းအားအချိန်ကို သခင့်ရဲ့ ကျင့်ကြံဆင့်နဲ့ ပြုပြင်ပေးမှာပါ။ဒါက ငါ့ရဲ့ စွမ်းရည်အသစ်ပဲ။ ဒါပေမယ့် သခင်ကြီးနဲ့ ဘုံတူတဲ့သူဆီက အထိအခိုက်ကိုပဲ ကာကွယ်နိုင်မှာပါ။ ပိုမြင့်တဲ့သူဆီက အထိအခိုက်ကိုတော့မကာကွယ်နိုင်ပါဘူး..]

"ဒါဆို ဒီခံနိုင်ရည်က ဘယ်လောက်ကြာမလဲ။"

[တစ်စက္ကန့်လောက်]

"မင်းငါ့ကို စော်ကားနေတာထင်တယ်။"

[မဟုတ်ဘူး သခင်..တကယ်လေးနက်ပြောနေတာပါ]

"ကောင်းပါတယ်၊ ကျွမ်းကျင်သူတွေကြားက တိုက်ပွဲက မြန်ဆန်တယ်။ တစ်စက္ကန့်လည်း လုံလောက်ပါတယ်။ အဲဒါက ဘာမှမရှိတာထက် ပိုကောင်းတယ်။ ယွင်လီကောရဲ့ ကျင့်ကြံဆင့်တိုးတက်မှုဇယားကို ပြပါ။"

[ကောင်းပါပြီ သခင်]

လုရှောင်ယန်ဟာ သူတို့ရဲ့ ကျင့်ကြံဆင့်အချက်အလက်တွေကို သိပြီးသားဖြစ်၍ ဂရုမစိုက်ပါ။

လက်ဆောင်အိတ်သေးသေးလေးတွေကို သူ တိုက်ရိုက်လက်ခံပြီး ဖွင့်ကြည့်လိုက်သည်။

အလယ်အလတ်တန်းစား သိုင်းဘုရင်အဆင့် ဝိညာဉ်ဆေးလုံး x 471

အဆင့်နိမ့် သိုင်းဘုရင်အဆင့် အမြုတေဆေးလုံး x 250

သိုင်းဘုရင်အဆင့် အမြုတေဆေးလုံးကို သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူ၏ ပြာများမှ သန့်စင်ထားပြီး အလွန်အစွမ်းထက်သော စွမ်းအင်များဖြင့် ပြည့်နှက်နေသည်။ ဝိညာဉ်စွမ်းအင်ဖြင့် လောင်ကျွမ်းခံရပြီးနောက်၊ ၎င်းသည် သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူ၏ သာမန်တိုက်ခိုက်မှုနှင့် နှိုင်းယှဉ်နိုင်သော ပေါက်ကွဲမှုတစ်ခု ထုတ်ပေးနိုင်သည်။

၎င်းကို အဆင့်မြင့် သူတော်စင်အဆင့် မိုးကြိုးပေါက်ကွဲဆေးလုံး၏ အားဖြည့်ဗားရှင်းဟု ယူဆနိုင်သည်။

"ကောင်းတယ်။ သာမန် သိုင်းဘုရင်အဆင့် တိုက်ခိုက်မှုနဲ့သာ ယှဉ်နိုင်ပေမယ့်၊ သာမန်လူတစ်ယောက်အနေနဲ့ ခံနိုင်ရည်ရှိမယ့်အရာတော့ မဟုတ်ဘူး။"

အဆင့်မြင့် နတ်ဘုရားအဆင့် Black Tortoise Divine Armour တစ်ခု ။

မြင့်မြတ်လိပ်နက်ချပ်ဝတ်သည် ရှေးနတ်သားရဲ၏ လိပ်နက်ခွံမှ သန့်စင်ထားသော အထူးမြင့်မြတ်သော ချပ်ဝတ်တန်ဆာဖြစ်သည်။ ၎င်းတွင် အလွန်အစွမ်းထက်သော ခံစစ်စွမ်းရည်များရှိသည်။ ၎င်းသည် သိုင်းဘုရင်အဆင့် လိပ်နက်စစ်မှန်သောချပ်ဝတ်၏ အဆင့်မြှင့်တင်ထားသောဗားရှင်းနှင့် အနည်းငယ်ဆင်တူပါသည်။

"ဒါကလည်း မဆိုးပါဘူး။ ခံစစ်ချပ်ဝတ်တန်ဆာက အရေးကြီးတဲ့အချိန်တွေမှာ အသက်ရှင်ဖို့အတွက်အသုံးကျတယ်။"

ယွဲ့ယင်းကို တိုက်ခိုက်ရန် ထင်ယောင်ထင်မှား နည်းပညာကို အသုံးပြုခဲ့သည့် ယခင်အချိန်ကို ပြန်သတိရမိသည်။ သူသည် သိုင်းဘုရင်အဆင့်အဆင့် ချပ်ဝတ်တန်ဆာအလွှာကိုသာ ဝတ်ဆင်ထားသောကြောင့် ပျော့ကွက်ထိသွားခဲ့သည်။ ယခုအချိန်တွင် လုရှောင်ယန်သည် သိုင်းဘုရင်အဆင့် ချပ်ဝတ်တန်ဆာ အလွှာနှစ်လွှာကို ချက်ချင်းဝတ်ဆင်လိုက်သည်။ အတွင်းမှာ တစ်ခုနှင့် အပြင်မှာ တစ်ခုဖြစ်သည်။

သူသည် သေရမှာကို ကြောက်တာမဟုတ်ပါ။ အမှန်တော့ ရှေးစကားက မှန်သည်။ သူ၏ခန္ဓာကိုယ်နှင့် အရေပြားသည် မိဘများနှင့် သက်ဆိုင်ပြီး အလွယ်တကူ မပျက်စီးစေသင့်ပေ။

ထို့အပြင်၊ သူသည် ဖုန်းထျန်းယွမ်၏ မပျက်စီးနိုင်သော ရွှေကိုယ်ထည်နှင့် ဝမ့်ခိုက်၏ ပျက်စီးမှုကိုယ်ခံစွမ်းအားကို အသုံးပြုနိုင်သည်။ သူရပ်ပြီး တခြားသူတွေကို တိုက်ခိုက်ခွင့်ပေးရင်တောင် တစ်ဖက်လူက သူ၏ခုခံမှုကို ဖြတ်ကျော်ဖို့ မလွယ်ပေ။

ဒါဟာရိုးရှင်းစွာပြီးပြည့်စုံသည်။

ထို့နောက် သိုင်းဘုရင်အဆင့် လက်နက်အနည်းငယ် ထပ်မံရရှိလာသည်။ သူ့တွင် ကျင့်ကြံနည်းလမ်း မရှိသေးပေ။ သို့သော်လည်း ယခုတွင် သူသည် လက်ဆောင်အိတ်ငယ်များမှပင် နတ်ဘုရားအဆင့် ပစ္စည်းတစ်ခုကို ရနိုင်သဖြင့် ၎င်းနှင့်ပတ်သက်၍ စောဒကတက်စရာ မရှိပေ။

အားလုံးကို သိမ်းပြီးသည်နှင့် လုရှောင်ယန်က ထပ်မေးသည်။

"ဝမ့်ခိုက်၊ မင်းနောက်ထပ်ကံကောင်းမှုတစ်ခုကို ရောနှောပြီးတော့ မင်းမှတ်ဉာဏ်အသစ်တွေ ရခဲ့သလား၊ ကံကောင်းမှုရဲ့စွမ်းအားကို စုပ်ယူတိုင်း အသစ်တစ်ခုကို မှတ်မိတယ်မလား။"

ဝမ့်ခိုက်က ခေါင်းညိတ်လိုက်သည်။

[အဆုံးမဲ့အမှောင်ထုကို မြင်ခဲ့တယ်။ ဒီအမှောင်ထဲမှာ သခင်က မရေမတွက်နိုင်တဲ့ လူတွေနဲ့ တိုက်ပွဲဝင်နေတယ်]

လုရှောင်ယန်က ခဏလောက် နှုတ်ဆိတ်နေခဲ့သည်။ "မင်းငါ အရိုက်ခံရတာကို ကြည့်နေတာလား။"

[အင်း... မသိဘူး၊ ဒါပဲ မှတ်မိတယ်]

"ကောင်းပြီ။"

လုရှောင်ယန်သည် ဤအခြေအနေသည် အများအားဖြင့် သူ့တွင် ယခင်ဘဝရှိနေသည်ဟု ခန့်မှန်းခဲ့သည်။ ဤယခင်ဘဝတွင် မည်သူမည်ဝါဖြစ်သည်ကို သူ မသိရပေ။

သို့သော်လည်း သူ့အရင်ဘဝက သူ့စရိုက်က မကောင်းဘူးလို့ ယူဆသည်။ နောက်ဆုံးတော့ သူ့ကို လူတစ်စုက ရိုက်နှက်ပြီး... သူ၏အရင်ဘဝက လူတစ်စု၏ ရိုက်နှက်ခြင်းကို ခံခဲ့ရခြင်းကြောင့်သာ ဤဘဝတွင် သတိကြီးစွာထားသည့် စရိုက်လက္ခဏာ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်နိုင်မလား။

လုရှောင်ယန် အကြာကြီးတွေးပြီး ဘာမှ မစဉ်းစားနိုင်တော့ပေ။ သူသည် ခေါင်းယမ်းပြီး ဆက်တွေးမနေတော့ပေ။

မည်သို့ပင်ဆိုစေကာမူ ဝမ့်ခိုက်၏ မှတ်ဉာဏ်တို့သည် အဆက်မပြတ် ပြန်လည်ကောင်းမွန်လာခဲ့သည်။ သူမှတ်ညဏ်တွေအားလုံးကို ရယူနိုင်မယ့်နေ့ ရောက်လာလိမ့်မည်။

"ရှာဖွေမှုအပိုင်း တိုးလာတယ်လို့ မင်းပြောဖူးတယ်။ တပည့်သစ်တစ်ယောက်တွေ့ပြီလား။"

[ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ တစ်ခုပဲတွေ့တယ်။ အဲ့တစ်ခုက မဟာကျိုး ရဲ့ အနောက်မြောက်နယ်စပ်မှာ]

"အနောက်မြောက်နယ်စပ်က ကောင်းကင်နတ်ဆိုးဂိုဏ်းနဲ့ နီးသလားလို့ပါ။ အရင်က ဒီတပည့်ကို ဘာလို့မတွေ့တာလဲ။"

[ သခင်၊ ရှာဖွေမှုအပိုင်းအခြားက ပထဝီဝင်အဆင့် တစ်ခုတည်းမှာပဲ ကန့်သတ်ထားတာမဟုတ်ဘူး။ နယ်ပယ်တစ်ခုနဲ့တစ်ခုလည်းမတူဘူး။ ဥပမာအားဖြင့်၊ တပည့်တစ်ဦးက အခြားနေရာလွတ်တစ်ခုမှာ ချိတ်ပိတ်ခံနေရရင်၊ ငါ့ရဲ့ စွမ်းရည်က မမြင့်မားသေးရင် တပည့်ကို ရှာဖွေဖို့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် ငါ့စွမ်းရည်တွေ တိုးလာပြီးနောက်မှာတော့ ပိုလုပ်နိုင်လာတယ်။]

"ငါသိပြီ။ စိတ်ဝိညာဉ်လမ်းညွှန်မှုကို အသက်သွင်းပြီး ဒီတပည့်ကိုခေါ်လိုက်ပါ။"

[တောင်းပန်ပါတယ် သခင်၊ စိတ်ဝိညာဉ်လမ်းညွှန်မှုကို အသုံးမပြုနိုင်ပါဘူး]

လုရှောင်ယန်: "???"

[ သူမက သေတာကြာပြီ၊ အအေးလွန်ကဲတဲ့နေရာမှာ ချိတ်ပိတ်ခံထားရတယ်။ သူမဟာ ဖုတ်ကောင်ဖြစ်နေပြီ]

လုရှောင်ယန်:"…"

"မင်းငါ့ကို လှည့်စားနေတာလို့ ငါသံသယရှိပေမယ့် ငါသေချာမပြောနိုင်သေးဘူး။"

[ ဘာလို့ လိမ်ရမှာလဲ သခင်ရဲ့၊ သူ့အချက်အလက်တွေ ပို့ပေးပါ့မယ်]

လုရှောင်ယန်သည် တစ်ဖက်လူ၏ အချက်အလက်ကို လျင်မြန်စွာ မြင်လိုက်ရသည်။

ကျူးကောမိသားစု၏ အကြီးဆုံးသမီးဖြစ်သူ ကျူးကောကျီချုံသည် သူမ၏မိခင်ဖြစ်သူက ဖခင်ဖြစ်သူ၏ မယားငယ်ဖြစ်သူကြောင့် ဒေါသထွက်ပြီးသေရသည်မို့ သူမသည် သူမ၏ ဖအေတူမအေကွဲကို အလွန်တရာ မုန်းတီးခဲ့ပြီး အကြိမ်ကြိမ် အပြစ်ပေးခံခဲ့ရသည်။

မထင်မှတ်ဘဲ၊ သုံးနှစ်ကြာပြီးနောက်တွင် သူမ၏ညီမသည် ထိပ်တန်းကျွမ်းကျင်ပညာရှင်တစ်ဦးအဖြစ် သူမ၏အထောက်အထားကို ထုတ်ဖော်ခဲ့သည်။ ထို့နောက် သူမသည် ကျူးကောကလန်ကိုအနိုင်ယူပြီး ကျူးကောကျီချုံကိုသတ်ကာ အအေးလွန်ကဲသောနေရာတွင် ချိတ်ပိတ်ခဲ့သည်။ အနှစ် ၂၀၀ နီးပါးကြာပြီးနောက် သူမ၏အလောင်းသည် အသက်ပြန်ဝင်လာပြီး ကျန်းရှီဘုရင်၏ သွေးလမ်းကြောင်းကို ဖော်ထုတ်ခဲ့သည်။ သူမသည် ထိပ်တန်းဖုတ်ကောင်တစ်ယောက်ဖြစ်လာပြီး သူမ၏အရည်အချင်းမှာ ထျန်းယွမ်နှင့် ချန်းရှန် ကြားဖြစ်သည်။ တစ်နည်းဆိုရသော် သူမသည် စတုတ္ထအဆင့် ပါရမီရှင်တစ်ဦးဖြစ်သည်။

မိုက်လိုက်တာ၊ ဒီမိန်းကလေးက ဒဏ္ဍာရီလာ ခရော့မောက်ရဲ့ အမျိုးသမီးဗားရှင်းလား။

သို့သော် ဤတစ်ကြိမ် တပည့်သည် မည်သို့ပင်ဆိုစေကာမူ လီကောသည် ဘယ်သောအခါမှ အမြင့်ဆုံးဖြစ်ရန်အခွင့်အရေး မရှိတော့ပုံရသည်။

ဖုတ်ကောင်တစ်ယောက်ရဲ့ အရည်အချင်းကပင် သူ့ထက်မြင့်နေသေးသည်။

သူ ဘယ်လိုများယှဉ်ပြိုင်နိုင်တော့မလဲ။

တဖက်သူက ဖုတ်ကောင်ဖြစ်နေသည်ကိုကြားလိုက်ရုံဖြင့် လုရှောင်ယန်က မတုန်လှုပ်ပေ။

ဤခေတ်ကြီးတွင်ပင် စစ်စတမ်သည် ခွေးပုံစံဖြင့် ပေါ်လာနိုင်သည်။ ဖုတ်ကောင်တပည့်ကို လက်ခံခြင်းက ဘယ်လိုလုပ်ပြီးများ ထူးဆန်းဦးတော့မှာလဲ။

"ဒီနေရာက ကောင်းကင်နတ်ဆိုးဂိုဏ်းရယ် ရှေးဟောင်းလူဝံမျိုးနွယ်ရယ်နဲ့ သိပ်မဝေးဘူး။ ဒီလိုဆို ဘယ်လိုလဲ။ ဖုန်းအောက်ထျန်းကို ကိုင်တွယ်ဖို့ ဒီအခွင့်အရေးကို သုံးမယ်။ ဒါပေမယ့် နတ်ဆိုးဂိုဏ်းက သွားပြီးပြီလား ပြီးတော့ နှစ်ဖက်တိုက်ပွဲတွေဖြစ်ပြီးပြီလား သိချင်မိတယ်။"

ဒါကိုတွေးပြီး လုရှောင်ယန်က ယွင်လီကောနဲ့ တခြားသူတွေကို ဆင့်ခေါ်လိုက်သည်။

"မင်္ဂလာပါ ဆရာ။"

သူတို့က ဦးညွှတ်ကြသည်။

"လင်းဖေးကို သတ်ပြီးသွားပြီ၊ ဒါပေမယ့် လင်းဖေးရဲ့ မိသားစုကို မရှင်းနိုင်သေးဘူး။ လင်းမိသားစုက တစ်ယောက်ယောက်က လက်စားချေဖို့ ရောက်လာတာကို တားဆီးဖို့ လင်းမိသားစုကို ဖျက်စီးဖို့ တစ်ယောက်ယောက်ကို စေလွှတ်ဖို့ ပြင်ဆင်ထားတယ်။"

ကျီဝူရှား၊ ဖုန်းထျန်းယွမ်နှင့် လီချန်းရှန်တို့က သိပ်ဂရုမစိုက်ပါ။

လင်းဖေးကို ဆုံးရှုံးပြီးနောက် လင်းမိသားစုသည် ခြေသည်းများပြတ်သွားသော အမဲလိုက်ခွေးနှင့်တူသည်။ သူတို့က ခြိမ်းခြောက်မှု မဟုတ်တော့ပါ။

ရှိနေသူတိုင်း လင်းမိသားစုကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်သည်။

သို့သော်လည်း သူတို့သည် ဆရာ၏ အမိန့်ကို နာခံကြရသေးသည်။

သို့သော် သူတို့သုံးယောက် တွေးနေစဉ်တွင် ယွင်လီကောက သူ့လက်ကို အရင် မြှောက်ပြီးဖြစ်သည်။

"ဆရာ၊ ဒီတာဝန် ကျွန်တော့်ကို ပေးလိုက်ပါ။ အကြီးဆုံး ဆရာတူအစ်ကိုတစ်ယောက်အနေနဲ့၊ ဆရာ့ရဲ့ ပြဿနာတွေကို ကူညီဖြေရှင်းပေးရတာ ကျွန်တော့်အတွက် သဘာဝကျပါတယ်။"

လုရှောင်ယန် ခေါင်းညိတ်လိုက်သည်။

"ဒါဆို မင်းကို ငါအပ်လိုက်မယ်။ သေသေသပ်သပ်လုပ် ဘယ်သူမှ အသက်မရှင်စေနဲ့။"

"စိတ်မပူပါနဲ့ ဆရာ။ မစ်ရှင်ပြီးအောင်လုပ်မယ်လို့ ကတိပေးတယ်။"

ကျီဝူရှားနှင့် ကျန်နှစ်ယောက် ဆွံ့အနေသည်။ သူတို့၏အကြီးဆုံး စီနီယာအစ်ကိုက ဘောမတာအရမ်းတော်သည်။

ဒါဟာ သေးငယ်တဲ့ မစ်ရှင်တစ်ခုသာ ဖြစ်သည်။ သူ၏ စိတ်မရှည်သောအမူအရာအား ကြည့်ပြီး နှေးနှေးပြုမူပါက ဆရာ့ထံမှ အကျိုးတစ်စုံတစ်ရာ မရနိုင်မည်အား ကြောက်ရွံ့နေပုံရသည်။

သို့သော်လည်း မကြာမီတွင်၊ လုရှောင်ယန်သည် သိုင်းဘုရင်အဆင့် ခံစစ်ချပ်ဝတ်တန်ဆာနှင့် ဆေးဘက်ဆိုင်ရာ ဆေးပုလင်းအချို့ကို ထုတ်ယူသွားသည်ကို တွေ့လိုက်ရသည်။

"ဒီ သိုင်းဘုရင်အဆင့်ချပ်ဝတ်တန်ဆာကို အထဲမှာ ဝတ်ထား။ ပြီးရင် သူတော်စင်အဆင့်နဲ့ ကောင်းကင်ဘုံ ချပ်ဝတ်တန်ဆာကို အပြင်မှာ ဝတ်။ နောက်ထပ် အလွှာအနည်းငယ် ထပ်ဝတ်တာက ပိုသင့်လျော်တယ်။ နောက်ပြီး ဒီဆေးဖက်ဝင်ဆေးလုံးတွေမှာလည်း အနာကျက်စေတဲ့ ဂုဏ်သတ္တိတွေ ရှိတယ်။ မင်းရဲ့ တိုက်ခိုက်မှုကို တိုးစေနိုင်တဲ့ အချို့လည်း ရှိတယ်၊ အချိန်အတိုင်းအတာတစ်ခုအထိ စွမ်းအားရှိနေလိမ့်မယ်။ ဘုရင်အဆင့် ကျွမ်းကျင်သူတစ်ယောက်ရဲ့ စွမ်းအားပြည့်တိုက်ခိုက်မှုနဲ့ ယှဉ်နိုင်တဲ့ တိုက်ခိုက်မှုတွေကို တွန်းလှန်နိုင်တဲ့ တိုက်ခိုက်မှုအချို့လည်း ရှိတယ်။ အားလုံးက အဆင့်မြင့် သူတော်စင် အဆင့် မိုးကြိုးပေါက်ကွဲဆေးလုံးတွေပဲ။ ဝိညာဉ်စွမ်းအင်ကို လောင်ကျွမ်းအောင်လုပ်ပြီး ပစ်လိုက်ရင်ပေါက်ကွဲတယ်။"

"ကျေးဇူးတင်ပါတယ် ဆရာ"

ကျီဝူရှား: "???"

ဖုန်းထျန်းယွမ်: "???"

လီချန်းရှန်: "???"

သုံးယောက်သား ချက်ချင်းပင် ကူကယ်ရာမဲ့သော အမူအရာများ ပေါ်လာသည်။

အရင် အဖြစ်အပျက်တွေပြီး တော့ သူတို့ ဆရာကို ဘယ်လို ဘောမရ မလဲ ဆိုတာ သင်ယူ ပြီးပြီလို့ သူတို့ မူလ ထင်ခဲ့ကြသည်။ သို့သော် သူတို့၏အကြီးဆုံး စီနီယာအစ်ကိုထက် နိမ့်ကျသေးသည်ဟု သူတို့ မမျှော်လင့်ခဲ့ပေ။

အကြီးဆုံးအစ်ကိုသည် ဘောမရန်အခွင့်အရေးတိုင်းကို မည်သို့ဆုပ်ကိုင်ရမည်ကို အမှန်တကယ်သိသည်။

ဒါဟာ ရိုးရှင်းတဲ့ မစ်ရှင်တစ်ခုသာ ဖြစ်သော်လည်း အမှန်တကယ် အကျိုးကျေးဇူးများစွာကို ရရှိခဲ့သည်။ ထို့အပြင် သိုင်းဘုရင်အဆင့် ချပ်ဝတ်တန်ဆာလည်း ရခဲ့သည်။ သူတို့တကယ် မနာလိုဖြစ်မိကြသည်။

"အမ်...ဆရာ အကြီးဆုံးအစ်ကိုကြီး တစ်ယောက်တည်းသွားရမှာလား…."

***

စာစဉ် ၁၁ ပြီး၏။

All Chapters