အခန်း (၁၇၁-၁၇၅)
Vol. 12 Ch. 171-175
စာစဉ် ၁၂။ အခန်း ၁၇၁ ဆရာတူအစ်ကိုကြီးနဲ့ ငါ သဘောတူညီမှုရခဲ့တယ်
"ဖေဖေ၊ စိတ်မပူပါနဲ့။ ဒီသူငယ်ချင်းက မဟာကျိုးမှာ လေလံအိမ်ဖွင့်နိုင်တဲ့အတွက် ဈေးနှုန်းက ကျိန်းသေပေါက် မနည်းပါဘူး။ အခု၊ ထိပ်တန်း ကောင်းကင်ဘုံအဆင့် လက်နက် စျေးကွက်ပေါက်ဈေးက အဆင့်မြင့်ဝိညာဉ်ကျောက် ၈၀၀,၀၀၀ ဝန်းကျင်ဖြစ်ပြီး အကာအကွယ်ပစ္စည်းတွေက အဆင့်မြင့်ဝိညာဉ်ကျောက် ၅၀၀,၀၀၀ ဝန်းကျင်ပါ။ သူတော်စင်အဆင့် လက်နက်တွေအတွက်မူလစျေးနှုန်းက ၂ သန်းအထက်ဖြစ်တယ်။ ပစ္စည်းတွေရဲ့စျေးနှုန်းတွေကို မှတ်ထားပြီး အချိန်တန်ရင် ယူလာပေးမယ်။ ”
လုရှောင်ယန် ခေါင်းညိတ်လိုက်သည်။
"မှန်တယ်။ အဲဒါဆို မင်း ဒါတွေကို ယူသွားပါ။”
“ကျေးဇူးတင်ပါတယ် ဖေဖေ။”
ရို့လန်သည် မဟာကျိုး တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သော နတ်ဆိုးအရှင်က အခြားသူအား ဖခင်အဖြစ် ရည်ညွှန်းသည့်ပုံစံကို လှမ်းကြည့်လိုက်သည်။ သူမသည် ကြောင်အနေသည်။
ဤသူသည် သူမသိသော နတ်ဆိုးအရှင်ဟုတ်သေးရဲ့လား။
နတ်ဆိုးအရှင်၏ မောက်မာမှုတွေ ဘယ်ရောက်သွားသည်လဲ။ နတ်ဆိုးအရှင်၏ တန်ခိုးနှင့် ကြီးစိုးမှုသည် ဘယ်ရောက်သွားတာတုန်း။
သူမ၏ အတွေးများကို လျစ်လျူရှုကာ လင်းရှင်းယွဲ့သည် သိုလှောင်အိတ်ကို ချက်ချင်းထုတ်ကာ လက်နက်များနှင့် ချပ်ဝတ်တန်ဆာများအားလုံးကို သိမ်းသွားခဲ့သည်။
ထို့နောက် သူမသည် လုရှောင်ယန် ပေးသည့် အစီအရင်တွင် အကာအကွယ်ပေးမည့် သင်္ကေတကိုယူကာ သူမလက်အောက်ငယ်သား ရို့လန် နှင့်အတူ တောင်ပေါ်မှ အမြန်ထွက်ခွာသွားသည်။
လုရှောင်ယန်သည် သူမ ပြန်မလာမည်ကို မကြောက်ပေ။
ပထမဦးစွာ လုရှောင်ယန်သည် ဤအရာများကို မမက်မောပေ။ ယခု သူသည် သိုင်းဘုရင်အဆင့် မဟုတ်သေးသောကြောင့် လုရှောင်ယန်သည် ဤအရာများကို လုံးဝဂရုမစိုက်ပေ။
ဒုတိယအနေနဲ့ လူတိုင်းက လောဘကြီးသည်။ သူပြသခဲ့သော ခွန်အားသည် အလွန် အစွမ်းထက်သည်။ လင်းရှင်းယွဲ့သာ ရူးမနေလျှင် သူမ သူ့ကို ထားသွားမည်မဟုတ်သည်မှာ သေချာသည်။
နောက်ဆုံးတွင်၊ ဤ အာကာပြင်ပြိုကွဲခြင်းတူသည် ဆွဲဆောင်မှုရှိသော အရာ မဟုတ်လော။
ထို့အပြင်၊ ဤ သိုင်းဘုရင်အဆင့်ကျင့်ကြံနည်းလမ်းများသည် ဆွဲဆောင်မှုရှိသည်မဟုတ်လော။
လင်းရှင်းယွဲ့သည် ဤအရာများကို အလိုရှိသရွေ့ သူမ ပြန်လာမည်ဖြစ်သည်။ လုရှောင်ယန်သည် သူမကို လှည့်ဖြားရန် ဤအရာများကို ငါးစာအဖြစ်လည်း အသုံးပြုနိုင်သည်။
သူ့ဘဏ္ဍာကို ထုတ်ပြပေမယ့် သူမကို မပေးဘူး။ သူမကိုရှုပ်နေသလိုပင်၊ သူမသည် ၎င်းကိုမြင်နိုင်သော်လည်း မထိနိုင်ဘဲ၊ ၎င်းကို ပို၍ပင်တောင့်တစေသည်။
ထို့နောက် သူမသည် ဖုန်းအောက်ထျန်းကို နာခံစွာ တိုက်ခိုက်မည်။
…
တစ်ဖက်တွင်၊ မဟာကျိုး နန်းမြို့တော်မှ ကီလိုမီတာ ၅,၀၀၀ ကွာဝေးသော မြို့ငယ်လေးတွင် မရင်းနှီးသောဧည့်သည်နှစ်ဦးကို ကြိုဆိုခဲ့သည်။ သူတို့နှစ်ယောက်လုံးသည် အင်္ကျီအရှည်နှင့် ဝါးဦးထုပ်များကို ၀တ်ဆင်ထားသည်။ ၎င်းတို့မှာ ယွင်လီကောနှင့် ကျီဝူရှားတို့ဖြစ်သည်။
"ဒါက လင်းမိသားစုနေထိုင်တဲ့ မြို့ငယ်လေးလား။"
"မှန်တယ်။"
ကျီဝူရှားက အောက်ကိုငုံ့ကြည့်လိုက်ပြီး သူမ၏မျက်လုံးများက ရှုပ်ထွေးသောအမူအရာတစ်ခုကို ထုတ်ဖော်နေသည်။
သူမသည် တစ်ချိန်က ဤနေရာတွင် နေထိုင်ခဲ့ပြီး အရှက်ရခဲ့ဖူးသည်။ သူမကို မကြိုက်တဲ့သူတစ်ယောက်၏ စေ့စပ်ထားသူဖြစ်ဖို့ တွန်းအားပေးခံခဲ့ရသည်။
နောက်ကွယ်မှာ ချုပ်ကိုင်သူရှိလျှင်တောင်မှ တဖက်သူက လင်းဖေး၏အမေဖြစ်နေတုန်းပင်။
သူမသည် ဤနေရာ၌ အခြားသူများ၏ သနားညှာတာမှုကို တောင်းခံရသော ရုပ်သေးရုပ်တစ်ရုပ်လိုပင်။ သူမသည် သေးငယ်ပြီး အားကိုးရာမဲ့သည်။
သို့သော် ဤနေရာသည် ပျက်စီးတော့မည်ဖြစ်သောကြောင့် အရေးမကြီးပါ။
လင်းမိသားစု သေဆုံးရပြီး ဤမြို့ငယ်လေးကို ဖျက်ဆီးပစ်ရမည်။
လင်းမိသားစုတွင် မြင်းနက်တစ်ဦး ထွက်ပေါ်လာနေပြီဖြစ်သည်။ မြင်းနက်၏ အစွမ်းသည် အံ့အားသင့်စရာပင်။ အကယ်၍ နောက်ထပ် မြင်းနက် မွေးဖွားလာပါက လည်းပင်းကိုတိုက်ရိုက်ရှင်းလင်းပြီး ဖယ်ရှားရန် စောင့်ဆိုင်းနိုင်သည်။
မဟာကျိုးကိုတောင် ငြိစွန်းနိုင်လောက်တဲ့အထိပင်။
“အစ်ကိုကြီး၊ စလိုက်ရအောင်။ ဆရာက ငါတို့ကို ခေါ်နေပြီဆိုတာ ငါ့ဝိညာဉ်က ခံစားနိုင်တယ်။”
"ကောင်းပြီ။ ငါ ဒီမြို့ကို ကောင်းကင်ကို တိုက်ရိုက်ဖောက်ခွဲဖို့ သိုင်းဘုရင်အဆင့် လက်နက်ကို အသုံးပြုပြီး ဘယ်သူမှ မလွတ်မြောက်စေဖို့ အကောင်းဆုံးကြိုးစားမယ်။ မင်းက အပြင်မှာ စောင့်။ ဘယ်သူမှမလွတ်စေရဘူး။ တစ်ယောက်ယောက်က တကယ်ထွက်ပြေးနိုင်ရင် သတ်ပစ်လို့ရတယ်။”
"နားလည်ပါတယ်။"
ကျီဝူရှားသည် ယွင်လီကော၏ သိုင်းဘုရင်အဆင့် လက်နက်ကို အသုံးပြုခွင့်ပေးရန် ချက်ချင်းပင် ဘေးဘက်သို့ ဆုတ်သွားခဲ့သည်။
ယွင်လီကော ငုံ့ကြည့်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။ အတွေးတစ်ခုဖြင့် သူသည် သူ၏ သိုင်းဘုရင်အဆင့်သံချပ်ကာနှင့် ရှေးဟောင်းတိုက်ပွဲနတ်ဘုရားလှံတံကို ဆင့်ခေါ်ခဲ့သည်။
သူ၏ လက်ရှိအင်အားဖြင့် သိုင်းဘုရင်အဆင့်လက်နက်၏ စွမ်းအားကို အပြည့်အဝ မထုတ်နိုင်သေးပါ။ အဘယ်ကြောင့်ဆိုသော် သူသည် ဝိညာဉ်စွမ်းအင်ကို စုပ်ယူလိုက်သော အရှိန်နှင့် ရှေးဟောင်းတိုက်ပွဲနတ်ဘုရားလှံတံထဲသို့ ဝိညာဉ်စွမ်းအင်များ ထိုးသွင်းသည့် အရှိန်နှစ်ခုလုံး မလုံလောက်သောကြောင့် ဖြစ်သည်။
ကံကောင်းထောက်မစွာ၊ သူ့ဆရာက သူ့ကို သိုင်းဘုရင်အဆင့် သံချပ်ကာတစ်ခု ပေးခဲ့သည်။
သိုင်းဘုရင်အဆင့်ချပ်ဝတ်တန်ဆာကို ရရှိပြီးနောက်၊ ၎င်းသည် သူ၏ ခံစစ်စွမ်းရည်ကို မြှင့်တင်ပေးနိုင်ရုံသာမက သူ၏ ဝိညာဉ်စွမ်းအင်၏ စုပ်ယူမှုအမြန်နှုန်းကိုလည်း တိုးမြင့်စေနိုင်သည်။
ဤနည်းအားဖြင့်၊ သူသည် ရှေးဟောင်းတိုက်ပွဲနတ်ဘုရားလှံတံ ထဲသို့ လုံလောက်သော စွမ်းအင်ကို လောင်းထည့်နိုင်သည်။
ရှေးဟောင်းဧကရာဇ်ကျမ်းကို လှည့်ပတ်လိုက်ကာ ယွင်လီကောသည် သိုင်းဘုရင်အဆင့် လက်နက်ထဲသို့ စွမ်းအင်ကို အရူးအမူး လောင်းထည့်လိုက်သည်။ ကမ္ဘာကြီးကို တုန်လှုပ်စေသော သိုင်းဘုရင်အဆင့် လက်နက်၏ စွမ်းအားသည် ကောင်းကင်တွင် တိမ်တိုက်များကို နေရာအနှံ့ ပျံ့နှံ့သွားစေခဲ့သည်။
လှံသည် အခြားနေငယ်တစ်ခုကို ဖန်ဆင်းလိုက်သကဲ့သို့ ရွှေရောင်ဖျော့ဖျော့ အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
ကျီဝူရှားသည် ဤမြင်ကွင်းကိုမြင်သောအခါတွင် သူမ၏မျက်လုံးများက မနာလိုသောအမူအရာကို ထုတ်ဖေါ်တာ မထိန်းနိုင်ပေ။
သူမဆရာက သူမကို သိုင်းဘုရင်အဆင့် လက်နက်နဲ့ ချပ်ဝတ်တန်ဆာ အစုံအလင်ကို ဘယ်အချိန်မှာ ပေးနိုင်မလဲ။
သူမ တကယ်ကို မနာလိုဖြစ်မိသည်။
သူမ၏အကြီးဆုံးဆရာတူအစ်ကို၏လက်ရှိကျင့်ကြံဆင့်သည် အာကာပြင်လေ့လာခြင်းအဆင့်၏ ပဉ္စမအဆင့်တွင်သာရှိသည်။ သို့သော် သူသည် သိုင်းဘုရင်အဆင့် လက်နက်ကို အသုံးပြုသောအခါ၊ သူထုတ်လွှတ်သော ခွန်အားသည် ဖန်တီးမှုဘုံတစ်ခုလုံးကိုပင် ကျော်လွန်သွားခဲ့သည်။ အာကာပြင်ပြိုကွဲခြင်းအဆင့် ကလူတွေတောင် သူ့ကို လွယ်လွယ်နဲ့ မထိဝံ့ကြပေ။
၎င်းသည် သိုင်းဘုရင်အဆင့် လက်နက်၏ အစွမ်းသတ္တိဖြစ်သည်။ ယွင်လီကောသည် အဆင့်ကြီးနှစ်ခုကို ဆက်တိုက်ကျော်ဖြတ်ရန် မခက်ခဲပေ။
ဟုတ်ပါတယ်၊ ယွင်လီကော၏ကျင့်ကြံဆင့် တိုးလာတာနဲ့အမျှ သူ ကျော်တက်နိုင်တဲ့ အဆင့်အရေအတွက်လည်း လျော့ကျသွားပါလိမ့်မည်။ နောင်တွင်၊ သူသည် အာကာပြင်ပြိုကွဲခြင်းအဆင့်သို့ အမှန်တကယ်ရောက်ရှိသောအခါ၊ အနှစ်သာရခိုင်မြဲခြင်းအဆင့်က တစ်စုံတစ်ဦးကိုသာ တိုက်ခိုက်နိုင်မည်ဖြစ်သည်။
သို့သော် အနည်းဆုံးတော့ သူသည် ယခုအခါ အာကာပြင်လေ့လာခြင်း ပဉ္စမအဆင့်တွင်သာ ရှိသေးသည်။ အာကာပြင်ပြိုကွဲခြင်းအဆင့် တိုက်ခိုက်မှုကို လွှတ်နိုင်သည်မှာ သူ့အတွက် ဘယ်လောက်ကျေနပ်စရာကောင်းသည်လဲ။
ဤအခိုက်အတန့်တွင်၊ မြို့ငယ်လေးရှိ ကျင့်ကြံသူများသည် ကောင်းကင်၌ မူမမှန်မှုကို သဲသဲကွဲကွဲ ရှာဖွေတွေ့ရှိခဲ့ကြသည်။
နောက်ဆုံးတော့၊ ရှေးဟောင်းတိုက်ပွဲနတ်ဘုရားလှံတံက အရမ်းလန်းသည်။ ကောင်းကင်၌ သီးခြား နေလုံးငယ်နှင့်တူ၏။
"အဲဒါဘာလဲ"
"ဘာလို့ ကောင်းကင်မှာ နေလုံးသေးသေးလေး နှစ်ခုထပ် ရှိနေတာလဲ။"
"မှန်တယ်။ ဘာလို့ သေးငယ်တဲ့ နေနှစ်စင်း ရှိနေရတာလဲ။"
လူတိုင်း ကြည့်ရန် ရပ်လိုက်သည်နှင့် ကောင်းကင်ယံ၌ ရှေးဟောင်းတိုက်ပွဲနတ်ဘုရားလှံသည် ရုတ်တရက် ပြုတ်ကျကာ ကောင်းကင်ယံကိုထိုးဖောက်လာသည်။
ဤအခိုက်အတန့်တွင် ဤကမ္ဘာပေါ်တွင် စူးရှတောက်ပသော ရွှေရောင်အလင်းတန်းတစ်ခုသာ ကျန်တော့သည်။
ကောင်းကင်က ထက်ရှသည့် ဓားတစ်လက်သဖွယ် အောက်ဘက်မြို့ငယ်လေးဆီ တိုက်ရိုက်ဆင်းသက်လာသည်။
လူတိုင်း တုံ့ပြန်သည့်အချိန်၌ နောက်ကျနေပြီဖြစ်သည်။
ဓားအလင်းတန်းသည် မြေပြင်ကို ပြင်းထန်စွာ ရိုက်ခတ်သွားသည်။ တခဏအတွင်းမှာပင် အလင်းသည် အရာအားလုံးကို မျိုချလိုက်ပြီး လျင်မြန်စွာ ပျံ့နှံ့သွားသည်။ တုန်ခါမှုလှိုင်း သည် ၃၆၀ ဒီဂရီ ထောင့်ချိုးဖြင့် ဦးတည်ရာအရပ်ရပ်သို့ လျင်မြန်စွာ ရွေ့လျားသွားသည်။
အရှိန်က အရမ်းမြန်တာကြောင့် အဆောက်အဦတွေသည် လှိုင်းလုံးတွေနှင့် ထိတွေ့လိုက်သည်နှင့် တိုက်ရိုက် ကွဲအက်သွားသည်။ ထို့နောက် အဆောက်အအုံအပိုင်းအစများကို လျင်မြန်စွာ ပွတ်တိုက်ကာ ပြင်းထန်သော အပူရှိန်ကြောင့် အရာအားလုံးကို မော်လီကျူးအဆင့် ဖုန်မှုန့်များအဖြစ်သို့ လောင်ကျွမ်းစေခဲ့သည်။
အုန်း~~
မြေပြင်တစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားသည်။ အဝေးက မြို့ငယ်လေးတစ်မြို့လုံး အလင်းရောင်တွေ ဖုံးလွှမ်းနေပြီ။ ဒီလှုပ်ရှားမှုက မြို့ငယ်လေးကို တိုက်ရိုက် ဖျက်ဆီးခဲ့သည်။
ခဏအကြာတွင် မြို့ငယ်လေး၏ အပြင်ဘက် လေထုသည် ပုံပျက်ပန်းပျက်ဖြစ်ပြီး ကျင့်ကြံသူနှစ်ဦး ရုတ်တရက် ပေါ်လာသည်။ သူတို့ နှလုံးခုန်မြန်ပြီး ပြင်းပြင်းထန်ထန် မောစပြုလာကြသည်။
“ဘုရားသခင်၊ ဘယ်ကြီးမားတဲ့ မြင်းနက်က တစ်မြို့လုံးကို တစ်ချက်လှုပ်ရုံနဲ့ ဖျက်ဆီးပစ်လိုက်တာလဲ။ ကြောက်စရာကောင်းလွန်းတယ်။”
“ကံကောင်းထောက်မစွာပဲ၊ ငါတို့နှစ်ယောက်ဟာ အကွာအဝေးနေရာလွတ် ခုန်ခြင်းအတွက် သွေးလောင်ကျွမ်းခြင်းအနုပညာကို အသုံးပြုခဲ့လို့သာပေါ့။ မဟုတ်ရင် ငါတို့ အခု ကောင်းကင်ဘုံကို တက်ရတော့မှာ သေချာတယ်။”
သူစကားပြောပြီးသည်နှင့် သူတို့နှစ်ဦးသည် အပေါ်မှ ကြီးမားသော ဖိအားတစ်ခုအား ရုတ်တရက် ခံစားလိုက်ရသည်။
"မကောင်းတော့ဘူး"
သူတို့နှစ်ဦး၏ အမူအရာများ သိသိသာသာ ပြောင်းလဲသွားသည်။ နောက်တစ်ကြိမ်လွတ်မြောက်ရန် သွေးလောင်ကျွမ်းခြင်းအနုပညာကို အသုံးပြုနေကြသော်လည်း အချိန်နှောင်းနေပြီဖြစ်သည်။
ဖီးနစ်ကြွေးကြော်သံနှင့်အတူ သူတို့နှစ်ဦးသည် အမှုန်အမွှားတစ်ခုမျှ မကျန်ခဲ့ဘဲ ချက်ချင်းပင် ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားသည်။
ဟား...
တုန်ယင်နေသော အသက်ရှုသံကို ထုတ်လိုက်ပြီး ကျီဝူရှားသည် သူမ၏ သူတော်စင်လက်နက်ကို ဖြည်းညှင်းစွာ ဖယ်ထုတ်ကာ မြို့ငယ်လေးဆီသို့ ပြေးသွားခဲ့သည်။
သူမရောက်သောအခါ ယွင်လီကောသည် မြေပြင်ပေါ်ရှိ ကျောက်တုံးကြီးကို ကြည့်နေလေသည်။
ဤကျောက်တုံးပေါ်တွင် ကြီးမားသော ‘လင်း' ဟူသော စကားလုံးကို ရေးထိုးထားသည်။ သာမန်ကျောက်တုံးကြီးတစ်ခုလို ထင်ရသော်လည်း ယခုလေးတင် ပြင်းထန်သော ပေါက်ကွဲသံကြီးအောက်တွင် တစ်မြို့လုံး ပြာများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ဒီကျောက်တုံးကြီးကတော့ အရင်အတိုင်းပါပဲ။
“ညီမငယ်၊ လာကြည့်ပါဦး။ ဒီကျောက်တုံးကြီး ဘာဖြစ်နေတာလဲ။ လင်းမိသားစုစုမှ တစ်ခုခုဖြစ်ပုံရသည်။"
ကျီဝူရှားသည် သူမ၏ အကြည့်ကို လွှဲလိုက်ပြီး အနည်းငယ် အံ့သြသွားသည် ။
“ဒီကျောက်တုံးကို လင်းမိသားစုစုက သူတို့ရဲ့ တပည့်တွေရဲ့ အရည်အချင်းကို စမ်းသပ်ဖို့ သုံးတယ်။ လင်းမိသားစုစုထဲက တစ်ယောက်ယောက်ရှိနေသရွေ့တော့ သူတို့ရဲ့စွမ်းရည်တွေကို စမ်းသပ်ဖို့ ဒီကျောက်တုံးကို အသုံးပြုနိုင်တယ်။ တဖက်သူက လင်းမိသားစုစုက မဟုတ်ရင် အလုပ်မဖြစ်ဘူး။ ဒီကျောက်တုံးက တော်တော်အစွမ်းထက်မယ်လို့ မမျှော်လင့်ထားဘူး။ သိုင်းဘုရင်အဆင့် လက်နက်၏တိုက်ခိုက်မှုကို တကယ်ကြီး ခုခံနိုင်စွမ်းရှိတယ်။"
ယွင်လီကောသည် ကျောက်တုံးကြီးကို လှည့်ပတ်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။ သူသည် သူ၏ သိုင်းဘုရင်အဆင့်လက်နက်ကို ထုတ်ကာ အနီးကပ် အကွာအဝေးတွင် ထိုးဖောက်ခဲ့သည်။
ကျောက်တုံးကို အလွယ်တကူ ထိုးဖောက်ပြီး ဖြိုခွဲနိုင်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
“ဒီကျောက်တုံးက အရမ်းထူးဆန်းတယ်။ ဝိညာဉ်စွမ်းအင်တိုက်ခိုက်မှုတွေကိုခံနိုင်ရည်ရှိပေမယ့် ဝိညာဉ်စွမ်းအင်အသုံးမပြုတဲ့လက်နက်ကိုရင်ဆိုင်ရတဲ့အခါကျ အလွယ်တကူကွဲအက်သွားနိုင်တယ်။ ပစ္စည်းက ထူးခြားပုံပေါ်တယ်။”
သူစကားပြောပြီးသည်နှင့် သူ့လက်ကောက်ဝတ်ကို လှန်လိုက်ပြီး ရှေးဟောင်းတိုက်ပွဲနတ်ဘုရားလှံတံ သည် ချက်ချင်းပင် ကျောက်ဆောင်ကြီးကို ဖြိုခွဲပစ်လိုက်သည်။
ချွမ်း..
ကျောက်တုံးကို ဖြိုခွဲလိုက်သည့်အခိုက်တွင် ရေပုံးတစ်ပုံးကဲ့သို့ ထူထဲသော မိုးကြိုးတစ်ခု ကောင်းကင်မှ ရုတ်တရက် ပြုတ်ကျပြီး ကျောက်တုံးကို မြေပြင်ပေါ်သို့ ထိမှန်သွားသည်။
ခဏကြာတော့ ကျောက်တုံးအပိုင်းအစဟာ အနီရောင်သွေးနီရေတွေအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ကို တက်လာခဲ့သည်။
ယွင်လီကော : "..."
ကျီဝူရှား : "..."
ကျီဝူရှား က "ဒါက မက်ဆေ့ချ်ပို့တာမဟုတ်လား။ ဒါ့အပြင် ကြည့်ရတာ အခြားကမ္ဘာကို သတင်းပို့တာ ဖြစ်ရမယ်..မဟုတ်မှ...နတ်ဘုရားကမ္ဘာ....။”
သူစကားပြောပြီးသည်နှင့် တပြိုင်နက် ယွင်လီကောသည် ကျီဝူရှား ရှေ့မှာ ဒူးထောက်ထိုင်လိုက်ပြီး သူ့မျက်လုံးများ မှိန်သွားသည်။
“ညီမ ကယ်ပါဦး။ ဒီအကြောင်းကို ဆရာ သိသွားရင် သူငါ့ကို သတ်မှာ သေချာတယ်။ ဝူး…”
လုရှောင်ယန် အမုန်းဆုံးအရာက ရန်သူကို လွတ်မြောက်စေခြင်းနှင့် သတင်းပေါက်ကြားခြင်းဖြစ်သည်။
ရန်သူကို သတ်လိုက်တိုင်း မည်သူ့ကိုမှ သိခွင့်မပေးဘဲ အဆင်သင့်ဖြစ်နေမည်။
ထိုသို့ဆိုလျှင် အကုန်သေသွားလျှင်ပင် လုရှောင်ယန် လုပ်မှန်း မည်သူမျှ သိကြမည်မဟုတ်ပေ။
သို့သော် ယွင်လီကောသည် ဘာမှန်း မသိသည့်အရာတစ်ခုကို လွတ်မြောက်စေခဲ့သည်။
ပို၍ကြောက်စရာကောင်းသည်မှာ ဤအရာသည် နတ်ဘုရားကမ္ဘာသို့ တိုက်ရိုက်ရောက်ရှိသွားခြင်းပင် ဖြစ်သည်။
နတ်ဘုရားကမ္ဘာမှ တန်ခိုးကြီးသောရန်သူကို ဆွဲဆောင်ခဲ့မည်ဆိုလျှင် တွေးကြည့်၍မရနိုင်တော့ပေ။
သူ့ဆရာက ဒါကိုသိရင် သူ့အသက်ဆုံးရှုံးသွားနိုင်သည်။
ကျီဝူရှားကတော့ ခဏမျှ တိတ်ဆိတ်သွားသည်။
"အဲဒါ မကောင်းဘူးမဟုတ်လား။ အစ်ကို ဒီလောက်ကြီးမားတဲ့ အမှားတစ်ခု လုပ်လိုက်ပြီ။ ဆရာ့ကို မပြောပြရင် ဆရာ သိသွားတဲ့အခါ ညီမ တာဝန်လည်း ကင်းမှာမဟုတ်တော့ဘူးလေ။”
“ဒါဆို… ဆရာ စိတ်ကောင်းဝင်နေတဲ့အချိန်မှာ ပြောပြပေးနိုင်မလား။ ဒီလိုအခြေအနေမျိုးမှာ အနည်းဆုံးတော့ အသက်ရှင်ဖို့ အခွင့်အရေးရလိမ့်မယ်။”
ကျီဝူရှား ခေါင်းယမ်းလိုက်သည်။
"မဖြစ်ဘူး၊ ဆရာက ငါ့အပေါ် ဒေါသ ထွက်လာရင် ဘယ်လိုလုပ်မလဲ။"
“မင်းသိတာကို မပြောပြရင် ရပါတယ်။ ငါတစ်ယောက်ပဲသိတာလို့ သူ့ကို ပြောလိုက်မယ်။ မင်းမသိရင် ဒါက မင်းနဲ့မဆိုင်ဘူး။"
“ဒါလည်း ရမှာမဟုတ်ဘူး။ နောက်တစ်ခုက ဆရာက ညီမ အလေးစားဆုံး ပုဂ္ဂိုလ်ပါ။ ဒါကို ဆရာ့ဆီကနေ ဖုံးကွယ်လို့ မရဘူး။”
"မင်းကို ငါ့လှံနဲ့ ကစားခွင့်ပေးမယ်လေ…"
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၁၂။ အခန်း ၁၇၂ ရှေးဟောင်း ကြေးနီခန်းမ
"ဘယ်လောက်ကြာကြာလဲ?"
“မင်းလိုချင်သလောက်။ လိုချင်သလောက် အချိန်မရွေး ကစားလို့ရတယ်။”
" မင်းကိုယ်တိုင်ပြောတာနော်။ ညီမကို အရင်လာဘ်ထိုးတာ။ ညီမဘက်က စတောင်းတာမဟုတ်ဘူး "
"စိတ်မပူပါနဲ့ ငါဘာလုပ်နေလဲ သိပါတယ်။"
“ဟေး ညီမတို့က တပည့်တွေဆိုပေမယ့် နှုတ်အားဖြင့် သဘောတူညီချက်တစ်ခုရရုံနဲ့ မလုံလောက်ဘူး။ ညီမ အာမခံချက်ရေးပြီး မင်းလက်မှတ်ထိုးလို့ရတယ်။"
"ပြဿနာမရှိဘူး။"
ကျီဝူရှားသည် သူမ၏ သိုလှောင်အိတ်ထဲမှ မှတ်စုစာအုပ်ငယ်ကို အမြန်ထုတ်ယူကာ အာမခံချက်တစ်ခုကို အမြန်ရေးခဲ့သည်။ ယွင်လီကောသည် မကြည့်ဘဲ တိုက်ရိုက်လက်မှတ်ထိုးခဲ့သည်။
ကျီဝူရှားက ပြုံးပြီး အာမခံစာကို ပြန်ရုတ်လိုက်တယ်။ ထို့နောက် သူမ လက်ညှိုးကို ကောက်ကွေးလိုက်သည်။ ယွင်လီကော၏ မျက်နှာသည် နာကျင်မှုများဖြင့် ပြည့်နှက်နေသည်။ အဆုံးတွင်၊ သူသည် ရှေးဟောင်းတိုက်ပွဲနတ်ဘုရားလှံတံ ကို တုံ့ဆိုင်းစွာ လွှဲအပ်ဆဲဖြစ်သည်။
“ညီမငယ်၊ မင်းရဲ့ကတိကို လိုက်နာရမယ်။”
"ဟုတ်ပါတယ်။ ဆရာ မင်းကို သတ်ချင်ရင် ညီမ သူ့ကို တားမယ်။”
ယွင်လီကော: "???"
"ညီမငယ် နင်ဘာကိုဆိုလိုတာလဲ။ ဆရာ့ကိုပြောမှာလား။"
"ဟုတ်တယ်။ ဒီလောက်ကြီးမားတဲ့ အမှားတစ်ခုကို ဆရာ့ကို ချက်ချင်းပြောဖို့ လိုအပ်တယ်။ တစ်ခုခုမှားသွားရင် ငါတို့အားလုံး သေသွားလိမ့်မယ်။”
"ဒါပေမယ့် ငါ အာမခံလက်မှတ် ရေးထိုးလိုက်တာပဲ။"
“မင်း အာမခံစာမှာ ရေးထိုးခဲ့တယ်၊ ဒါပေမယ့် မင်းကို သက်ညှာတဲ့ ပြစ်ဒဏ်ကို ရအောင် ညီမ ကူညီရမယ် ဆိုတဲ့ စာကိုပဲ ရေးထားတယ်။ မင်းကို ဖုံးကွယ်ဖို့ ကူညီစရာ မလိုဘူး။"
“အေး၊ ဒီလိုဆိုရင် ငါလည်း ဆရာ့ဆီ ပြန်သွားပြီး ဝန်ခံလို့ရတယ်။ ဂျူနီယာညီမလေး မင်းက အရမ်းလှည့်စားတတ်တာ ဆရာ သိလား။"
“ဆရာ မသိပေမယ့် အစ်ကိုကြီးတော့ သိထားလို့ရတယ်။”
"ဒါဆို ငါ့ကို ရက်စက်တဲ့သူလို့ အပြစ်မတင်နဲ့။"
နာရီဝက်အကြာ…
“ညီမလေး၊ ငါ့ကို မရိုက်နဲ့။ နာကျင်တယ်…နာတယ်…”
ကျီဝူရှားသည် ယွင်လီကောကိုစီးပြီး နားရွက်ကိုဆွဲလိုက်သည်။
"မင်းက ငါ့ကို ဖုံးကွယ်ခိုင်းချင်သေးလား၊"
ယွင်လီကော၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်နှက်နေပြီး ခေါင်းကို ထပ်ခါတလဲလဲခါလိုက်သည်။
"မဟုတ်ဘူး။ မဟုတ်ဘူး။"
"မှန်တယ်။ အဆုံးမှာတော့ မင်းက ကြီးမားတဲ့အမှားတစ်ခုကို ကျူးလွန်ခဲ့သူပဲ။ ဖုံးကွယ်ချင်သေးရင် မင်း အမှားတွေ ထပ်လုပ်မိလိမ့်မယ်။"
“ဆိုရိုးစကားအတိုင်းပြောရရင် ရိုးသားမှုက ကရုဏာဖြစ်စေတယ်။ လှည့်စားတာရဲ့ အကျိုးသက်ရောက်မှုက ပြင်းထန်တယ်။"
“ဆရာ့ကိုတော့ စိတ်မပူပါနဲ့။ သေချာပေါက် လိမ္မာပါးနပ်စွာ ကူညီပေးပါ့မယ်။ အများဆုံး ဆရာ မင်းကို မသေမရှင်လောက် ရိုက်ခိုင်းပြီး အသေမသတ်အောင်ပြောပေးမယ်။ အဆင်ပြေရဲ့လား။"
ယွင်လီကောက ဘာပြောနိုင်မလဲ။ သူ ခေါင်းညိတ်ပြကာ သူ့မျက်လုံးထဲတွင် မျက်ရည်စများဖြင့် သဘောတူနိုင်တော့သည်။
ထိုမှသာ ကျီဝူရှားသည် သူ့ကို လွှတ်လိုက်ပြီး ကလေးအား ချော့နေသကဲ့သို့ သူ့နားရွက်များကို ပွတ်သပ်ကာ ကူညီပေးခဲ့သည်။
“ဒါဆို သွားကြရအောင်။ ဆရာ့ကို သွားရှာသင့်တယ်။ ဆရာ့ကို မစောင့်ခိုင်းနဲ့။"
သူမစကားပြောပြီးသည်နှင့် ကျီဝူရှားသည် လေပေါ်သို့တက်ကာ ထွက်ခွာသွားခဲ့သည်။
ကျီဝူရှား၏နောက်ကျောကိုကြည့်ရင်း ယွင်လီကော သည် မြေပြင်မှ တွားတက်လာပြီး လက်သီးများကို ဆုပ်ထားကာ မျက်လုံးများနီရဲလာသည်။
“လုံ့လစိုက်ရမယ်။ ငါပြန်ထရမယ် ပထမဆုံး ပန်းတိုင်လေးတစ်ခု ချမှတ်ရမယ်။ သုံးနှစ်အကြာမှာ၊ ငါ ငါ့ရဲ့ ဂျူနီယာညီမကို ကျော်လွန်ပြီး ကျီရွှေ့တောင်ထိပ်ရဲ့ အကြီးဆုံးအစ်ကိုအဖြစ် ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရမယ်။”
…
တစ်ဖက်တွင်၊ နတ်ဆိုးဂိုဏ်း၏ ပင်မစခန်းရှိ ရှေးလူဝံမျိုးနွယ်အနီး၊ ရို့လန်သည် စာရွက်စာတမ်းတစ်ခုနှင့်အတူ ဗဟိုနေရာသို့ လျှောက်သွားခဲ့သည်။
“နတ်ဆိုးအရှင် ကျွန်မ စုံစမ်းပြီးပါပြီ။ ဒီအမျိုးသမီးက တိမ်တိုက်ငယ်ဂိုဏ်းလို့ခေါ်တဲ့ ဂိုဏ်းတစ်ခုက အမျိုးသမီးကြီးတစ်ဦးရဲ့ သမီးဖြစ်ပြီး ကောင်းကင်တိမ်တောင်တွင် နေထိုင်တဲ့ ဖြတ်သွားဖြတ်လာကျင့်ကြံသူပါ။ တိမ်တိုက်ငယ်ဂိုဏ်း ဖျက်ဆီးခံရပြီးနောက် သူမက ဟိုစီနီယာကိုရှာဖွေဖို့ ကောင်းကင်တိမ်တောင်ကိုသွားခဲ့တယ်။ အဲဒီအကြီးအကဲရဲ့နာမည်က’လု’ဖြစ်ပြီး သူ့နာမည်က လုတရှန်းပါ။"
"သူမအခုဘယ်မှာလဲ။"
"လောလောဆယ်တော့ မသိဘူး။"
လင်းရှင်းယွဲ့၏အမူအရာသည် ရုတ်တရက် အေးစက်သွားသည်။
“ငါ့အမိန့်ကို ပြန်ပါ။ မြင့်မြတ်သောဂိုဏ်းရဲ့ တပည့်အပေါင်းကို စည်းရုံးရမယ်။ အဲဒီမိန်းမကို ငါတို့ရှာရမယ်။ သူ့ကိုတွေ့ရင် ကရုဏာမထားဘဲ သတ်ပစ်လိုက်ပါ။ သူမရဲ့ အရိုးတွေကို မီးရှို့ပြီး ပြာများကို ဖြန့်ကြဲပါ။ သူ့ဝိညာဉ်ကိုတောင် ချန်မထားနဲ့။"
“ဟုတ်ကဲ့။”
ရို့လန် က ပြန်ဖြေပြီး သူမစိတ်ထဲ သက်ပြင်းရှည်ကြီး ချလိုက်သည်။ ဤသည်မှာ နတ်ဆိုးဂိုဏ်းမှ နတ်ဆိုးအရှင် ဖြစ်သည်။
သူမက ပြတ်သားပြီး ဘယ်တော့မှ မနှောင့်နှေးပါ။
ယခင်က လုရှောင်ယန်ကို ဖခင်ဟုခေါ်သော နာခံမှုရှိသော မိန်းကလေးသည် သူမကို နတ်ဆိုး အရှင်အတုနောက်သို့ လိုက်ခဲ့သလားဟု ရိုးရှင်းစွာ တွေးမိစေခဲ့သည်။
“ဒါ့အပြင်၊ သူတော်စင်လက်နက်၊ ကောင်းကင်ဘုံ လက်နက်တွေနဲ့ သံချပ်ကာတွေ အားလုံးကို ဝေပေးလိုက်။ ခွန်အားအလိုက် ခွဲပြီး အမြင့်ဆုံးအဆင့်က စတင်ဝေပါ။ မြင့်မြတ်သော နတ်ဆိုးဂိုဏ်းက ကျွမ်းကျင်သူတွေ အားလုံးကို ကိုယ်ကိုယ်ကို လက်နက်တပ်ဆင်စေပါ။ ဒီတစ်ခါတော့ ရှေးလူဝံအနွယ်က သူတို့ရဲ့ မောက်မာမှုကို ထိန်းသိမ်းဖို့ ဘယ်လိုကြံရွယ်ထားလဲဆိုတာ ကြည့်ချင်တယ်။”
"နားလည်သဘောပေါက်ပါပြီ။"
“ငါကတော့ ငါ့ဒဏ်ရာတွေကို ကုသဖို့ ငါ့ အဖ........ အကြီးအကဲက ပေးခဲ့တဲ့ ဆေးကိုသောက်ရမယ်။ အပြင်ထွက်တော့။ တခြားဘာမှမရှိရင် ငါ့ကို မနှောင့်ယှက်နဲ့။"
လင်းရှင်းယွဲ့က “အဖေ” ဟု ထပ်မံခေါ်ဆိုလုနီးပါးပင်။ ဟုတ်ပါတယ်၊ နီးပါးဟုသာ အသုံးပြုခဲ့သည်။ ကံကောင်းထောက်မစွာ၊ သူမအချိန်မီရပ်တန့်ခဲ့သည်။ မဟုတ်ရင် လုရှောင်ယန်သာ ထပ်ပြီး အကျိုးရှိနေလိမ့်မည်။
တစ်ဖက်တွင်တော့ ရို့လန်သည် အနည်းငယ်ထူးဆန်းသည်ဟု ခံစားမိသည်။ သို့သော် သူမ ဘာ ထူးဆန်းသည်ကို မသိခဲ့ပါ။ သူမ ခေါင်းတညိတ်ပြီးနောက် ဗဟိုတဲထဲမှ ဆုတ်ခွာသွားခဲ့သည်။
“နတ်ဆိုးအရှင်က ထိုလူကို 'အဖေ' ဟု ခုဏက ထပ်၍ ခေါ်လိုက်တာများလား။”
ခဏအကြာတွင် သူမ ခေါင်းယမ်းသည်။
“မဟုတ်ဘူး၊ နတ်ဆိုးအရှင်က သရုပ်ဆောင်ရုံပဲ။ ဒီပတ်ဝန်းကျင်မှာ ဟိုလူမရှိရင် အဲ့လူကို သူမ 'အဖေ' လို့ မခေါ်ချင်တာ သေချာတယ်။
"ဘာပဲပြောပြော သူက ငါတို့ရဲ့ မြင့်မြတ်တဲ့ နတ်ဆိုးဂိုဏ်းရဲ့ နတ်ဆိုး အရှင်ပဲ!"
တဲထဲတွင် လင်းရှင်းယွဲ့သည် သူမ၏ လက်ဖဝါးတွင် ဆေးလုံးများပါရှိသော ကြွေပုလင်းငယ်ကို ပွတ်သပ်ကြည့်ရာ သူမ၏ မျက်လုံးများသည် မိန်းကလေးတစ်ယောက်၏ နူးညံ့သိမ်မွေ့မှုကို ပေါ်လွင်စေသည်။
"မင်းသာ ငါ့အဖေ တကယ်ဖြစ်ရင် ဘယ်လောက်ကောင်းလိုက်မလဲ။"
ဘယ်လောက်ပဲ အစွမ်းထက်တဲ့ အမျိုးသမီးဖြစ်ပါစေ၊ သူမဟာ အမျိုးသမီးတစ်ယောက် ဖြစ်နေဆဲပါပဲ။ ဤမျှကြီးမားသောဂိုဏ်းကြီး၏ ဝန်ထုပ်ဝန်ပိုး မည်မျှလေးလံသည်ကိုမျှ မည်သူမျှ မသိခဲ့ကြပေ။
လူတိုင်း၏နားလည်မှုအရ၊ သူမသည် မျက်တောင်မခတ်ပဲ လူသတ်သော၊ ရက်စက်ကြမ်းကြုတ်သော၊ ကောင်းကင်ဘုံကို အံတုသော ကျင့်ကြံဆင့်တစ်ခုရှိခဲ့သည်။
နတ်ဆိုးဂိုဏ်း၏ နတ်ဆိုး အရှင်၏ ကြီးမားသောတန်ခိုးအောက်တွင် ပုန်းအောင်းနေသည့် သူမသည် မိန်းမဖြစ်သည် ဟူသောအချက်ကို မည်သူမျှ မစဉ်းစားဖူးကြပေ။
သူမသည် ပျော့ပျောင်းသော တစ်ဖက်ခြမ်းလည်း ရှိလိမ့်မည်။ သူမကို ပြုစုစောင့်ရှောက်ဖို့ တစ်စုံတစ်ယောက်လည်း လိုအပ်နေပါသည်။
အသက်ပြင်းပြင်းရှူပြီးနောက် လင်းရှင်းယွဲ့သည် သူမ၏စိတ်ကို အမြန်ငြိမ်သက်စေပြီး ဆေးအနည်းငယ်ကို မျိုချလိုက်ကာ သူမ၏ဒဏ်ရာများကို စတင်ကုသသည်။
ယခုအချိန်တွင် သူမသည် ဆွေမျိုးများအကြောင်းကို တွေးတောရန် အားလပ်ချိန်မရှိပေ။ သူမ အခုလိုအပ်နေတာက သူမဒဏ်ရာတွေကို ကုသဖို့ပါပဲ။
…
အချိန်တွေ တဖျပ်ဖျပ်ကုန်ပြီး မျက်စိတစ်မှိတ်အတွင်း ရက်ပေါင်းများစွာ ကုန်ဆုံးသွားသည်။ မဟာကျိုး တစ်ခုလုံးတွင် မရေမတွက်နိုင်သောကိစ္စများ ပရမ်းပတာ ဖြစ်နေပြီး စနစ်တကျ ဆောင်ရွက်နေရသည်။
ပန်းဖြူအချို့သည် ရှေးလူဝံမျိုးနွယ်၏ ဘိုးဘွားခန်းမဆောင်၏ အလင်းတန်းတွင် ချည်နှောင်ထားသောကြောင့် ကြေကွဲဖွယ်ကောင်းစေသည်။
ဘိုးဘွားခန်းမထဲမှာ စိတ်ဝိညာဉ်သစ်သားပြားနှစ်ပြား ရှိနေသည်။
ဘယ်ဘက်ခြမ်းတွင် “ချစ်သူ ကျီယွင်” ဟူသော စကားလုံးများကို ရေးထားသည်။ ညာဘက်ခြမ်းတွင် "ချစ်သူ ချင်းယွီ" ဟူသော စာလုံးကို ရေးထားသည်။
အားကြီးသောလူရုပ်သဏ္ဍာန်သည် ဘိုးဘွားခန်းမအလယ်၌ ဂုဏ်ယူဝံ့ကြွားစွာ ကျောနောက်သို့ လက်ပစ်၍ မတ်တပ်ရပ်နေ၏။ သူ့အမူအရာက အေးစက်ပြီး အုံ့မှိုင်းနေပြီး၊ သူ၏နီရဲသောမျက်လုံးများသည် ရက်စက်ကြမ်းကြုတ်သော သတ်ပစ်ရန် ရည်ရွယ်ချက်ကို ဖော်ထုတ်ပြသနေသည်။
သူ့အနောက်တွင် အစိမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးတစ်ဦး မတ်တပ်ရပ်နေပြီး သူ့ကို ချစ်ခင်စွာ စိုးရိမ်စွာ ကြည့်နေလေသည်။
"အစ်ကို အောက်ထျန်း၊ သိပ်စိတ်မဆိုးပါနဲ့။ သေလွန်တဲ့သူတို့က အသက်ပြန်ရှင်လာနိုင်မှာ မဟုတ်ဘူး။ ကျွန်မတို့ လုပ်စရာတွေ အများကြီး ကျန်ပါသေးတယ်။”
သူသည် စိတ်ဝိညာဉ်သစ်သားပြားနှစ်ပြားကို စိုက်ကြည့်ကာ မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်ထားကာ လက်သီးတင်းတင်းဆုပ်ထားသည်။
"ပထမတစ်ယောက်က ကျီယွင်။ နောက် ချင်းယွီ။ နတ်ဆိုးဂိုဏ်းကြောင့် ချစ်ရသူ နှစ်ယောက် ဆက်တိုက်သေဆုံးခဲ့ရတယ်။ ငါလက်စားမချေရင် ငါက လူပီသတော့မှာ မဟုတ်ဘူး။"
အစိမ်းရောင်ဝတ်စုံဝတ်ထားသော အမျိုးသမီးသည် ပေါ့ပေါ့ပါးပါး ရှေ့သို့ လျှောက်သွားကာ ဖုန်းအောက်ထျန်း၏ ကျယ်ဝန်းပြီး တင်းကျပ်သော ရင်ဘတ်ပေါ်တွင် ခေါင်းလေးကို မှီထားသည်။
"လုယိက ကျွန်မညီမနှစ်ယောက်အတွက် လက်စားချေဖို့ အစ်ကိုအောက်ထျန်းနဲ့ သေချာပေါက် လိုက်ခဲ့ပေးမှာပါ။"
ဖုန်းအောက်ထျန်းသည် လုယိ၏ ခေါင်းလေးကို ကြည့်ကာ ခေါင်းညိမ့်လိုက်သည်။ သူသည်
သူမ၏လှပသောဆံပင်ကို ပွတ်သပ်ကာ အပြစ်ရှိကြောင်း အရိပ်အမြွက်ပြောခဲ့သည်၊
"တောင်းပန်ပါတယ် လုယိ။ မင်းက ငါနဲ့ အမြဲရှိနေခဲ့ပြီး နှစ်ပေါင်းများစွာ တိတ်တဆိတ် ပံ့ပိုးပေးခဲ့တယ်။ ဒါပေမယ့် မင်းကို ငါ့အချစ်တွေ အကုန်မပေးနိုင်ခဲ့ဘူး။"
လုယိ ခေါင်းယမ်းကာ ချိုသာစွာပြုံးလိုက်သည်။
"အစ်ကို့ အချစ်တွေအားလုံးကို မလိုချင်ပါဘူး။ အစ်ကိုအောက်ထျန်းနဲ့ပဲနေချင်တယ်။ အဝေးက နေအစ်ကိုအောက်ထျန်းကို နေ့တိုင်း သဘောကျနေရရင်ကို ကျေနပ်နေမှာပါ။”
ဖုန်းအောက်ထျန်းသည် အလွန်ထိမိပြီး ညင်သာစွာပြောခဲ့သည်၊
“စိတ်မပူပါနဲ့။ ငါ့မှာ မိန်းမဘယ်လောက်ပဲရှိရှိ ငါ့အချစ်က မိန်းမတိုင်းအပေါ် တန်းတူပါပဲ။ မင်းပိုင်တဲ့ ငါ့အချစ်က ဘယ်တော့မှ လျော့သွားမှာ မဟုတ်ဘူး။"
လုယိက ခေါင်းညိတ်ပြပြီး သူမမျက်နှာက ရွှင်မြူးနေသည် ။
"ငါသိပါတယ်။ အစ်ကို အောက်ထျန်းက အကောင်းဆုံးပါ။ အစ်ကို့ရဲ့နှလုံးသားထဲမှာ ကျွန်မအမြဲရှိနေမယ်။"
ထိုနူးညံ့သိမ်မွေ့ပြီး ကြည်နူးစရာကောင်းသော အသွင်အပြင်သည် ဖုန်းအောက်ထျန်းကို နားမလည်နိုင်သော တွန်းအားတစ်ခု ဖြစ်ပေါ်လာသဖြင့် ရူးသွပ်ဖြစ်စေသည်။
သို့သော် သူတွေးနေစဉ်မှာပင် ခရမ်းရောင်အဝတ်အစား ၀တ်ထားသော သူတစ်ယောက်သည် လေးနက်သောအမူအရာဖြင့် ဘိုးဘွားခန်းမထဲသို့ ဝင်လာသည်။
“အောက်ထျန်း၊ ရှေ့တန်းမှာ အခြေအနေက အရမ်းဆိုးတယ်။ ငါတို့ရဲ့ အခြားအဖွဲ့တစ်ဖွဲ့က နတ်ဆိုးဂိုဏ်းရဲ့ ဖျက်ဆီးခံခဲ့ရတယ်။ တပည့်တစ်ယောက် လွတ်သွားတာ ကံကောင်းတယ်။ နတ်ဆိုးဂိုဏ်းမှ ကျွမ်းကျင်သူများက ကောင်းကင်ဘုံ လက်နက်တွေနဲ့ သူတော်စင်အဆင့်လက်နက်တွေကို တပ်ဆင်ထားပုံရတယ်လို့ သူက ဆိုတယ်။ သူတို့ဘယ်ကရတာလဲသိချင်မိတယ်။"
ဒါကိုပြောပြီးတာနဲ့ ဖုန်းအောက်ထျန်းက ချက်ချင်းဒေါသထွက်သွားသည်။ သူ၏သတ်ဖြတ်လို့သည့်အော်ရာတို့က ပို၍ ပျံ့နှံ့သွားကာ မိန်းကလေးနှစ်ယောက် မကူညီနိုင်ဘဲ အနည်းငယ် တုန်လှုပ်သွားကာ ဆံပင်များ ထောင်လာသည်။
“ကြည့်ရတာ နတ်ဆိုးဂိုဏ်းက သူတို့ရဲ့ စည်းစိမ်ဥစ္စာတွေကို သုံးခဲ့တာဖြစ်မယ်။ အဲ့တာက နှစ်ထောင်ပေါင်းများစွာ အမွေဆက်ခံခဲ့တဲ့ ဂိုဏ်းတစ်ခုပဲ။ သူတို့အတွက် ငွေရှိတယ်ဆိုတာ ဖြစ်သင့်ပါတယ်။ ဒါပေမယ့် ငါနဲ့ လက်နက်ပြိုင်နေတာလား။ နတ်ဆိုးဂိုဏ်းဆယ်ခု ပေါင်းစပ်ထားရင်တောင် ငါ့ဖိနပ်ကို သယ်ဖို့ မလုံလောက်ဘူး။”
"ငါ ဖုန်းအောက်ထျန်းက နတ်ဆိုးဂိုဏ်းကို သေချာပေါက် ဖျက်ဆီးပစ်နိုင်လိမ့်မယ်။ ”
ကြီးကျယ်ခမ်းနားသော စကားလုံးများကိုကြားကာ မိန်းကလေးနှစ်ယောက် မူးလဲမတတ်ပင်။ ဖုန်းအောက်ထျန်းကို အရူးအမူး သဘောကျစွာ ကြည့်နေကြသည ။
သူတို့၏ လက္ခဏာတွေ အားလုံးက မတူကြပေ။ တချို့က ဂုဏ်ရှိသည်။ တချို့က အလယ်အလတ်ဖြစ်သည်၊ တချို့က ကျင့်ကြံခြင်းတွင် ပါရမီတွေ ရှိကြသည်။ သူတို့၏ အသွင်အပြင်များသည် ကောင်းကင်ဘုံကိုပင် အံတုကာ စံတင်လောက်သော အလှများဟု သတ်မှတ်နိုင်သည်။
သူတို့တွင် သဘောကျနှစ်သက်သူများလည်း မချို့တဲ့ခဲ့ကြပါ။ သို့သော်လည်း အကြောင်းတစ်ခုခုကြောင့် သူတို့၏မျက်လုံးများတွင် ဖုန်းအောက်ထျန်းမှလွဲ၍ အခြားယောက်ျားများအားလုံးကို ငြီးငွေ့ပုံရသည်။
"ဒါဆို ကျွန်မတို့ အခု ဘာလုပ်ရမှာလဲ။"
“အဲဒီဂိုဏ်းတွေကို ပို့လိုက်ပါ။ ငါက သူတို့ကို အကြောင်းပြချက်မရှိဘဲ အကျိုးအမြတ်တွေ ပေးနေတယ်လို့ ထင်နေသလား။ ငါ့ပစ္စည်းတွေ အများကြီး ယူထားကြတာ ကြိုးစားပစ်းစားလုပ်ပေးရမှာပေါ့...။ ရှေးလူဝံမျိုးနွယ်အတွက် အချိန်ဆွဲပြီး သူတို့ နတ်ဆိုးဂိုဏ်းကို တိုက်ခိုက်ပါစေ။ ငါ ရှေးလူဝံအနွယ်ကို ထပ်ပြီး အားကောင်းစေချင်ပြီး ငါဘယ်လောက် အစွမ်းထက်တယ်ဆိုတာ နတ်ဆိုးဂိုဏ်းကို အသိပေးချင်တယ်။”
"ကောင်းပြီ! ငါသွားပြီးတော့ အမိန့်ထုတ်လိုက်မယ်။"
ခရမ်းရောင်ဝတ် အမျိုးသမီးက ထွက်သွားပြီးနောက် ဖုန်းအောက်ထျန်းသည် လုယိ၏အသားကို ပြင်းပြင်းထန်ထန် ညှစ်လိုက်ကာ လုယိ ညည်းညူသည်။ သူမ၏ လှပသော မျက်နှာသည် နီရဲနေပြီး နူးညံ့သော ရေမြွေတစ်ကောင်လို ဖြစ်သွားသည်။
"အစ်ကိုအောက်ထျန်း ~"
ဖုန်းအောက်ထျန်းသည် သူ့ကိုယ်သူ ထိန်းမနိုင်သိမ်းမရ ဖြစ်နေသည်။ သို့သော် သူ့ကန့်သတ်ချက်များကို သူသိနေသေးသည်။ အသက်ပြင်းပြင်းရှူပြီးနောက် သူမ၏တင်ပါးလေးကို ပွတ်သပ်ကာ တုန်လှုပ်သွားစေသည်။
“ကောင်းပြီ ဒီနေ့တော့ မဟုတ်ဘူး။ အရင်သွားလိုက်ပါ။ လေးနက်တဲ့ကိစ္စတွေကို စလုပ်တော့မယ်။ ငါ နတ်ဆိုးဂိုဏ်းကို ဖြေရှင်းပြီးရင် မင်းကို ကောင်းကောင်းကျွေးမွေးမယ်လို့ ငါအာမခံတယ်။"
လုယိသည် ရှက်ကိုးရှက်ကန်း ခေါင်းညိတ်ပြပြီး ဘိုးဘွားခန်းမမှ အလွန်နာခံစွာ ထွက်သွားခဲ့သည်။
ထိုအခိုက်တွင် ဖုန်းအောက်ထျန်းလည်း အသက်ပြင်းပြင်းရှူကာ ထူးဆန်းသော အမူအရာတစ်ခု ပြုလုပ်ခဲ့သည်။ နောက်အခိုက်အတန့်တွင် ရှေးဟောင်းကြေးခန်းမကြီးတစ်ခု သူ့ရှေ့တွင် ချက်ချင်းပေါ်လာသည်။
မဆိုင်းမတွဘဲ သူ တိုက်ရိုက် ပြေးဝင်သွားသည် ။
လုရှောင်ယန်သာ ဒီမှာရှိနေရင် သူ သက်ပြင်းချမိမှာ သေချာပါတယ်။ ဤအရာသည် တောင်တန်းနှင့် မြစ် ပန်းချီနှင့် အနည်းငယ် နှိုင်းယှဉ်နိုင်သည်။ ၎င်းတို့နှစ်ခုစလုံးသည် နေရာလွတ် တရားဓမ္မရတနာများ ဖြစ်ကြသည်ပင်….
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၁၂။ အခန်း ၁၇၃ တကယ်တော့ငါ့မှာ ဘယ်သူ့ကိုမှမပြောတဲ့လျှို့ဝှက်ချက်ရှိတယ်..
ဖုန်းအောက်ထျန်းသည် ရှေးဟောင်းကြေးခန်းမထဲသို့ ဝင်ကာ ခန်းမအတွင်းရှိ လက်နက်များ၊ ဆေးလုံးများ၊ ပစ္စည်းများ နှင့် ကျင့်ကြံနည်းလမ်းများ တောင်လို အပုံလိုက်ရှိနေသည်ကို ကြည့်လိုက်သည်။ သူ၏နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးသွားကာ သူ၏မျက်လုံးများက အဆုံးမဲ့ ယုံကြည်မှုကို ဖော်ထုတ်လာသည်။
အဲဒီတုန်းက သူသည် ရှေးလူဝံမျိုးနွယ်က လူတွေ၏ ချောက်ကမ်းပါးကနေ ပစ်ချခြင်းခံခဲ့ရသည်။ သို့သော်၊ ထိုဘေးဒဏ်မှ အကျိုးခံစားခွင့်နှင့် ဤရှေးဟောင်းကြေးခန်းမကို ရရှိရန် သူဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပါ။
ဤရှေးဟောင်းကြေးခန်းမသည် ရှေးဟောင်းဂိုဏ်းတစ်ခု၏ ဘဏ္ဍာတိုက်ဖြစ်သည်။ ၎င်းသည် သိုင်းဘုရင်အဆင့် နေရာလွတ် ဓမ္မရတနာပင်။
ထို့အပြင်၊ မရေမတွက်နိုင်သော ရတနာများပါ ရှိသည်။
ရှေးဟောင်းကြေးခန်းမ၏ လက်နက်ဝိညာဉ် အမွေကို ရယူပြီးနောက်၊ သူသည် ဤနေရာရှိ ရတနာအားလုံးကို အသုံးပြုပိုင်ခွင့်ရှိသည်။
ဤနေရာရှိ ရတနာများကို မှီခိုအားထားပြီး ဖုန်းအောက်ထျန်း၏ ခွန်အားသည် တောက်လျှောက် တိုးလာသည်။ အဆုံးတွင် သူသည် ရှေးလူဝံမျိုးနွယ်သို့ ပြန်သွားကာ ရှေးလူဝံမျိုးနွယ်ကို ပြန်လည်ရယူကာ အကြီးအကဲအသစ်ဖြစ်လာရန် အစ်ကိုဖြစ်သူကို အောင်မြင်စွာသတ်ပစ်ခဲ့သည်။
လက်ရှိ သူ့မှာ မြင့်မားသည့် ကျင့်ကြံဆင့် ရှိပြီး လက်အောက်ငယ်သား အများအပြား ရှိရုံသာမကဘဲ သူ့အတွက် ဘာမဆို လုပ်လိုသည့် နတ်မိမယ်အုပ်စုလည်း ရှိသည်။
ရှေးဟောင်းကြေးခန်းမက သူ့အတွက် အရာအားလုံးကို ပေးထားတယ်လို့ ဆိုနိုင်သည်။
ဤရှေးဟောင်း ကြေးခန်းမ တည်ရှိနေသရွေ့၊ ဖုန်းအောက်ထျန်းသည် ဤကမ္ဘာပေါ်တွင် မည်သူမျှ မိမိနှင့် ယှဉ်နိုင်မည်မဟုတ်ဟု ခံစားမိသည်။
တစ်နေ့တွင် သူသည် ဤကမ္ဘာပေါ်တွင် အပြင်းထန်ဆုံးသော ကျွမ်းကျင်ပညာရှင် ဖြစ်လာလိမ့်မည်။
"လက်နက်ဝိညာဉ်၊ သူတော်စင်လက်နက် ၂၀ခု၊ ကောင်းကင်ဘုံ လက်နက် ၅၀ခု ၊ ကောင်းကင်ဘုံ ဆေးလုံး ၁,၀၀၀ နဲ့ ငါ့အတွက် အဆင့်နိမ့် သူတော်စင်အဆင့် ဆေးလုံး ၅၀ ကို ပြင်ဆင်ထားပါ။"
ခဏအကြာတွင် အစိမ်းရောင် အရိပ်တစ်ခု ပေါ်လာပြီး ဖုန်းအောက်ထျန်းကို ဦးညွှတ်လိုက်သည်။
“ဟုတ်ကဲ့ သခင်။”
ဖုန်းအောက်ထျန်း၏ ပါးစပ်ထောင့်သည် အနည်းငယ် ကွေးသွားကာ သူ့မျက်လုံးများက အထက်စီးဆန်သော အမူအရာ ပေါ်လွင်နေသည်။
“နတ်ဆိုးဂိုဏ်း၊ မင်းတို့စောင့်နေ..။ ငါ့ကို ရန်စတဲ့သူတွေက သေတာထက် ပိုဆိုးတဲ့ ဘဝကို ရစေမယ်ဆိုတာ ငါ ဖုန်းအောက်ထျန်းက မင်းကို အသိပေးမှာပါ။”
…
နတ်ဆိုးဂိုဏ်း၏ ဗဟိုကွပ်ကဲမှုတဲတွင် ရက်အနည်းငယ်ကြာ သက်သာလာပြီးနောက် လင်းရှင်းယွဲ့သည် နောက်ဆုံးတွင် သူမ၏မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။
လွန်ခဲ့သည့်ရက်အနည်းငယ်က သူမ၏ဒဏ်ရာကြောင့် အနည်းငယ်မှိန်သွားခဲ့သော သူမ၏မျက်လုံးများသည် ယခုအချိန်တွင် ပြန်လည်တောက်ပနေပြီဖြစ်သည်။ တကယ်တော့ သူတို့ထဲမှာ လျှပ်စီးလက်နေတဲ့ အရိပ်အယောင်တွေတောင် ရှိနေသည်။
သူမ၏ လက်သီးများကို ဆုပ်ကိုင်လိုက်ကာ သူမ၏ ခန္ဓာကိုယ်အတွင်း အရှိန်အဟုန်ပြင်းပြင်း အရှိန်အဝါကို ခံယူရင်း နှုတ်ခမ်းထောင့်က တွန့်ကွေးသွားသည်။
"မဆိုးပါဘူး။ ငါ့ရဲ့ ကျင့်ကြံမှုက တော်တော်ပြန်ကောင်းနေပြီ။ ငါ့ရဲ့ အထွတ်အထိပ် ခွန်အားကို မရနိုင်သေးပေမယ့်၊ ငါ ၉၀% ပြန်ကောင်းလာခဲ့ပြီး ဧကရာဇ်အဆင့်ရဲ့ ဆယ်ခုမြောက်အဆင့်ကို ကျင့်ကြံနိုင်နေပြီ။"
"ရို့လန် "
သူမအတွေးတွေကို ပို့ပြီး နောက်အခိုက်အတန့်တွင် ရို့လန်သည် ကြီးမားသည့် တဲကြီးဆီကို ချက်ချင်းရောက်လာပြီး မြေကြီးပေါ်မှာ ဒူးထောက်လိုက်သည်။
"မင်္ဂလာပါ နတ်ဆိုး အရှင်။"
"ဒီရက်ပိုင်း တိုက်ပွဲက ဘယ်လိုလဲ။"
“နတ်ဆိုး အရှင်၊ တိုက်ပွဲအခြေအနေက အလွန်ကောင်းပါတယ်။ လက်နက်ပစ္စည်းတွေ ပြောင်းလဲပြီးနောက် မူလက ဆုတ်ခွာနေရတဲ့ မြင့်မြတ်တဲ့ နတ်ဆိုးဂိုဏ်းရဲ့ တိုက်ခိုက်ရေးစွမ်းရည်က မရေမတွက်နိုင်သော အဆင့်များ တိုးလာခဲ့တယ်။ ပစ္စည်းပြောင်းပြီးနောက် ပထမနေ့မှာ၊ အကြီးအကဲဟေးမော့က ဖုန်းအောက်ထျန်းရဲ့ အမျိုးသမီးကိုတောင် သတ်ခဲ့ပြီး သူမ ဝိညာဉ်ကို ဖြိုခွဲခဲ့တယ်။ ဖုန်းအောက်ထျန်းအတွက် သူမရဲ့ ဝိညာဉ်ခြေရာကိုတောင် မထားခဲ့ပါဘူး။"
“လွန်ခဲ့တဲ့ နှစ်ရက်က ဖုန်းအောက်ထျန်းဟာ လက်အောက်ခံဂိုဏ်းခွဲတွေကို စစ်တိုက်စေဖို့ စတင်နေပြီလို့ ကြားတယ်။ ရှေးလူဝံမျိုးနွယ်ရဲ့ တပည့်အများအပြားက လွန်ခဲ့သော နှစ်ရက်အတွင်း ကျွန်မတို့ရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတယ်လို့ ထင်ပါတယ်။”
“ကောင်းပြီ!”
လင်းရှင်းယွဲ့၏ မျက်လုံးများသည် ရွှင်မြူးစွာဖြင့် တောက်ပလာသည်။
ရှေးလူဝံမျိုးနွယ်၏ ရက်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရပြီးနောက်၊ သူမသည် နောက်ဆုံးတွင် သူမ၏ဦးခေါင်းကို မော့ကာ ယခင်မကျေနပ်ချက်များကို ချေဖျက်နိုင်ခဲ့သည်။
“ငါ့အမိန့်ကို ပြန်ဖြန့်ပြီး တန်ပြန်တိုက်စစ်ကို အပြည့်အဝလုပ်ဆောင်ပါ။ ရှေးလူဝံမျိုးနွယ်ရဲ့ လက်အောက်ခံ မျိုးနွယ်စုတွေကို တစ်ကြိမ်တည်း ဖျက်ဆီးပစ်ဖို့ အခွင့်အရေးကို ဆုပ်ကိုင်ထားရမယ်။”
“ဟုတ်”
“ဒါတွေအကုန်လုပ်ပြီးရင် ငါနဲ့အတူ ကောင်းကင်တိမ်တောင်ကိုသွားဖို့ ပြင်ဆင်ပါ။”
"ဘာအတွက်များလဲ။"
ရို့လန် က အနည်းငယ် အံ့သြသွားသည်။
လင်းရှင်းယွဲ့၏ အကြည့်မှာ အေးစက်လာသည်။
"ဘာအတွက် ဟုတ်လား။ ငါ့အမိန့်ကို ဘယ်အချိန်ကစပြီး ပြန်မေးမြန်းဖို့ လိုအပ်လာတာလဲ။”
ထိုစကားကိုကြားသော် ရို့လန်၏နှလုံးတွေ တုန်လှုပ်သွားပြီး ချက်ချင်းပဲ ခေါင်းငုံ့လိုက်သည်။
“ကျွန်မ..ကျွန်မ အပြစ်ရှိပါတယ်။”
လင်းရှင်းယွဲ့က ပေါ့ပါးသော နှာမှုတ်သံနှင့်အတူ
"ငါ မင်းကို အခုတော့ ခွင့်လွှတ်လိုက်မယ်။ နောင်မှာ မင်း ထပ်ပြီး မိုက်မဲတဲ့ စကားတွေ ပြောရဲရင် ငါ့ကို နှလုံးသားမဲ့တယ်လို့ အပြစ်မတင်နဲ့။"
"နားလည်သဘောပေါက်ပါပြီ။"
“နတ်ဆိုးဂိုဏ်းရဲ့ ရတနာပြခန်းထဲမှာ အဆင့်အမြင့်ဆုံး ဝိညာဉ်ကျောက်တုံး သန်း ၂၀ ရှိတယ်။ အားလုံးကို ယူခဲ့ပါ။"
“ဟုတ်ကဲ့။”
အမိန့်ထုတ်ပြီးနောက်၊ ရို့လန်သည် အမြန်ပြင်ဆင်ပြီး လင်းရှင်းယွဲ့နှင့်အတူ ကောင်းကင်တိမ်တောင်သို့ ဦးတည်သွားခဲ့သည်။
ထိုအချိန်၌ ကောင်းကင်တိမ်တောင်ခြေရင်း၌ စုတ်ပြတ်နေသော အဝတ်အစားများဝတ်ထားသော ကျင့်ကြံသူ အမျိုးသမီးငယ်သည် ထိုနေရာတွင် ရပ်နေ၏။
"အဖေ၊ ရှောင်ယွီ ပါ။ ဖေဖေ ထွက်လာပြီး လာတွေ့ပါဦး။”
ဤရုန်းရင်းဆန်ခတ်ကိုကြားသောအခါ လုရှောင်ယန်သည် အစီအရင်သို့ ချက်ချင်း နေရာကူးပြောင်း လိုက်သည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် လုရှောင်ယန်သည် တဖက်သူအား လုတရှန်း၏သမီးအဖြစ် အသိအမှတ်ပြုခဲ့သည်။
သူမ၏ ပြန့်ကားသော မျက်နှာနှင့် နွားလို မျက်လုံးများသည် သူ့အဖေနှင့် အတူတူပင်။ သူမတွင် မုတ်ဆိတ်မွေးများသာ မပါရှိခြင်းဖြစ်သည်။
လုရှောင်ယန်ကိုတွေ့လိုက်သောအခါ တစ်ဖက်သား၏မျက်လုံးများက မကူညီနိုင်ဘဲ လင်းလက်လာသည်။
လုရှောင်ယန်သည် အလွန်ချောမောသည်။ ပြောစရာမရှိလောက်အောင် သူ၏ ကျင့်ကြံမှုဟာ အလွန်မြင့်မားပုံပေါ်ပြီး သူ၏အရှိန်က အရမ်းမြန်တာကြောင့် သူရောက်လာတာကိုတောင် သူမ မမြင်နိုင်ခဲ့ပါ။
အရေးအကြီးဆုံးကတော့ သူ၏ခန္ဓာကိုယ်က အလင်းရောင်အနည်းငယ်ကို ထုတ်လွှတ်လိုက်ပါသေးသည်။ ဒါက သူ့တွင် ဓမ္မရတနာများ ရှိသည်ဟု ဆိုလိုခြင်းပင်။
သူမသာ သူနဲ့အတူရှိနေခဲ့မယ်ဆိုရင် သူမဟာ ရှုပ်ထွေးနေတဲ့ ဒီကမ္ဘာကြီးမှာ အေးချမ်းစွာနေထိုင်နိုင်မှာ သေချာသည်။
"ဖေဖေ၊ နောက်ဆုံးတော့ မင်းကိုတွေ့ပြီ။"
လုရှောင်းယွီ အော်လိုက်ပြီး အပြေးအလွှားသွားတော့မည်။ လုရှောင်ယန် က သူ့လက်ကို မြှောက်လိုက်ပြီး သူမကို မလှမ်းမကမ်းမှာ ပိတ်ဆို့လိုက်သည်။
"ရပ်လိုက်ပါ မင်းဘာပြောနေတာလဲ မင်းက ငါ့သမီး မဟုတ်ဘူး။ ငါမင်းနဲ့လုံးဝမတူဘူးဆိုတာ မင်းမမြင်ဘူးလား"
"ဖေဖေ သင်ဘာကိုပြောနေတာလဲ ငါက မင်းရဲ့သမီးလေ။ မင်း ငါ့ကို မကြိုက်လို့ ငါ့ကို အသိအမှတ်မပြုချင်ဘူးလား။"
"ရပ်ပါ၊ ငါမင်းအဖေမဟုတ်ဘူး။ မင်းက အနည်းဆုံး အသက် ၄၀ ကနေ ၅၀ ဖြစ်ရမယ်။ မင်းက ငါ့အမေထက်တောင် အသက်ကြီးသေးတယ်။ မင်းအဖေက ရှေးလူဝံမျိုးနွယ်ကို သွားခဲ့တယ်။ အဲဒီကိုသွားပြီး သူ့ကိုရှာပါ။"
အမှန်တော့ လုရှောင်းယွီသည် လုရှောင်ယန်ကို သူမတွေ့လိုက်သည်နှင့် သူသည် သူမ၏အဖေမဟုတ်ကြောင်း ပြောနိုင်သည်။ သူမဟာ ရုပ်ဆိုးလွန်းတာကြောင့် သူမမှာ ငယ်ရွယ်ပြီး ချောမောတဲ့ ဖခင်တစ်ယောက် ဘယ်လိုရှိနိုင်မလဲ။ ထုံးစံအတိုင်း၊ မဖြစ်နိုင်ဘူး။
သို့သော် လုရှောင်ယန် သည် သူမ အဖေမဟုတ်ကြောင်းပြောသည်ကို သူမကြားလိုက်သောအခါ လုရှောင်းယွီ သည် ပို၍ပင် စိတ်လှုပ်ရှားလာသည်။
သူသာ ငါ့အဖေမဖြစ်နိုင်ရင် ငါ့ကလေးရဲ့အဖေဖြစ်ရတာ ပိုကောင်းမှာမဟုတ်ဘူးလား။
လုရှောင်ယန်သည် ရုပ်ချောပြီး ရတနာများ ရှိပြီး အစွမ်းထက်သည်။ သူ့လိုလူကို ရှာရခက်သည်။
ထို့ကြောင့် သူမက အတင်းအော်ကာ.. “ငါ ဂရုမစိုက်ဘူး။ ဘာပဲဖြစ်ဖြစ် မင်းက ငါ့အဖေဖြစ်ပြီး ငါက မင်းရဲ့သမီးပါ။ မင်းက အခု ငါ့ရဲ့ တစ်ဦးတည်းသော မိသားစုပဲ။ မင်းငါ့ကို ဂရုမစိုက်ရင် ငါ့အမေကို သွားရှာလို့ရတယ်။"
"ဒါဆို ငါ မင်းကို ပို့ပေးမယ်။"
သူမ စကားပြောပြီးသည်နှင့် လုရှောင်ယန်သည် တစ်ဖက်လူမတုံ့ပြန်မီ သူ့လက်ဖဝါးကို တိုက်ရိုက်ပုတ်လိုက်သည်။
အုန်း..
အားနည်းသော လုရှောင်းယွီသည် လုရှောင်ယန်၏ ပြာအဖြစ်သို့ တိုက်ရိုက်ပြောင်းခြင်းခံခဲ့ရသည်။
လုရှောင်ယန်သည် မတုံးအပေ။ လုရှောင်းယွီ ဘာတွေစီစဉ်နေတယ်ဆိုတာကို သူ သဘာဝကျကျ ပြောပြနိုင်သည်။
သာမန်လူသာဆိုလျှင် လုရှောင်ယန်သည် သူမကို သတ်မည်မဟုတ်ပေ။ သို့သော်လည်း လုတရှန်း၏ တည်နေရာကို ပြောပြပြီးနောက်၊ သူမသည် သူ့ကို အပူကပ်ချင်နေသေးသည်၊ သူ့ကို အခွင့်ကောင်းယူကာ သူ့အပေါ် ကြံစည်ချင်သေးသည်။ ဒါကိုတော့ သူသည်းမခံနိုင်ပါ။
လုရှောင်းယွီကို ကိုင်တွယ် ပြီးနောက်၊ အလင်းတန်းနှစ်ခုသည် အဝေးမှ လျင်မြန်စွာ ချဉ်းကပ်လာသည်။
လင်းရှင်းယွဲ့နှင့် ရို့လန်မှလွဲ၍ အခြားမဟုတ်ပါ။
သူတို့နှစ်ဦးရောက်လာပြီးနောက် လုရှောင်ယန်ကိုတွေ့လိုက်သောအခါတွင် သူတို့၏နှလုံးသားများ ချက်ခြင်း အခုန်မြန်လာသည်။
"ဖေဖေ၊ ဘာလို့ တောင်ခြေမှာရောက်နေတာလဲ။ တစ်ယောက်ယောက်နဲ့တွေ့နေတာလား။"
“မဟုတ်ဘူး၊ သူခိုးသေးသေးလေး ငါသူ့ကို ရိုက်ပြီးပြီ။”
“အိုး၊ အဲဒါကောင်းတယ်။”
လင်းရှင်းယွဲ့ သက်ပြင်းတစ်ချက်ချလိုက်သည်။ အခု သူမ အကြောက်ဆုံးက လုရှောင်ယန်က လုရှောင်းယွီကို တွေ့မှာကိုဖြစ်သည်။
သူမ၏ အထောက်အထားကို သိသွားလျှင် လုရှောင်ယန် ဒေါသထွက်ပြီး ဖုန်းအောက်ထျန်းကို မတိုက်ခိုက်မီတွင် သူမသည် တိုက်ရိုက် အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် အရိုက်ခံရပေမည်။
“မင်း အပြင်ထွက်တာ ရက်အနည်းငယ်ရှိပြီ။ ဒီလက်နက်တွေကို မင်းရောင်းခဲ့တာလား။"
လင်းရှင်းယွဲ့က ပြုံးပြီးပြောသည် "အားလုံး ကုန်သွားပြီ။ ထိပ်တန်းဝိညာဉ်ကျောက်တုံး စုစုပေါင်း သန်း ၂၀ ..။"
လုရှောင်ယန်၏ မျက်လုံးများ တောက်ပလာသည်။ ထိပ်တန်းဝိညာဉ်ကျောက်များ သန်း ၂၀ သည် အဆင့်မြင့်ဝိညာဉ်ကျောက်များ ၂ ဘီလီယံနှင့်ညီမျှသည်။
အမှန်ကတော့ သူမရှုံးရုံသာမက အမြတ်လည်း နည်းနည်းရခဲ့သည်။
သို့သော် သူသည် ပဟေဋ္ဌိဖြစ်ဟန်ဆောင်သည်။ “ဒါဆို မင်းသူတို့ကို ထိပ်တန်းဝိညာဉ်ကျောက်တုံး သန်း ၂၀ နဲ့ ရောင်းလိုက်တာပဲ။ မဆိုးပါဘူး။ ဒါပေမယ့် ပြောရလျှင် မင်းက မိန်းမပျိုတစ်ယောက်ပဲ။ ပစ္စည်းတွေ အများကြီးရောင်းပြီး ဝိညာဉ် ကျောက်တွေ အများကြီးရပြီးမှ မင်းဆီက ဘာလို့ ဘယ်သူမှ မလုယက်တာလဲ။”
သူသည် ဤမေးခွန်းများကို တမင်မေးနေသေးသည်။ မဟုတ်ရင် လင်းရှင်းယွဲ့ တစ်ခုခုကို သေချာပေါက် ခံစားမိလိမ့်မည်။
လင်းရှင်းယွဲ့သည် လုရှောင်ယန်၏ သံသယကို မျှော်လင့်ထားသည်မှာ ကြာလှပြီဖြစ်သောကြောင့် တန်ပြန်အရေးယူရန် သူမ စဉ်းစားထားပြီးသားပင်။
သူ မေးတာကိုကြားတော့ သူမက ချက်ချင်းပြန်ဖြေသည် “အိုး… တကယ်တော့ ကျွန်မရဲ့ ကျင့်ကြံမှုအဆင့်က မဆိုးပါဘူး။ နောက်ပြီး ကျွန်မ အပြင်မှာ သူငယ်ချင်းတွေ အများကြီး ဖွဲ့ထားတာ နှစ်ပေါင်းများစွာရှိပြီ။ ကျွန်မကို သဘောကျပြီး လိုက်ချင်တဲ့သူတွေလည်း အများကြီးရှိတယ်။ ဒါ့ကြောင့် ယေဘူယျအားဖြင့်ပြောရရင် ဒီဒေသက လူတွေထဲ ကျွန်မကိုထိဝံ့သူနည်းတယ်။”
“ဒါတင်မကဘူး၊ ဒီလေလံအိမ်က မဟာကျိုး အင်ပါယာရဲ့ သင့်လျော်တဲ့လေလံပွဲပါ။ သူတို့ဘာမှ မလုပ်ဝံ့တာ အသေအချာပဲ။”
လုရှောင်ယန် ခေါင်းညိတ်လိုက်သည်။
"ဟုတ်လား။ ဒီနှစ်တွေထဲ အပြင်မှာ မင်း ကောင်းစွာလုပ်ဆောင်နေပုံရတယ်။ ဒါပေမယ့် မာနမကြီးပါနဲ့။ ဒီကမ္ဘာမှာ ပိုကောင်းတဲ့သူအမြဲရှိတယ်ဆိုတာ မင်းသိထားရမယ်။ ကျွမ်းကျင်သူနဲ့တွေ့ရင် အရမ်းအန္တရာယ်များတယ်။”
လင်းရှင်းယွဲ့သည် အလွန်နာခံစွာဖြင့် ခေါင်းညိတ်လိုက်သည်။
“အဖေပြောတာမှန်တယ်။ စိတ်ထဲမှာ သေချာမှတ်မိနေမှာပါ။ ဒါက ထိပ်တန်း ဝိညာဉ်ကျောက်တုံး သန်း ၂၀ ပါ။ ကျေးဇူးပြုပြီး ကြည့်ပေးပါ အဖေ။"
လုရှောင်ယန်သည် ဝိညာဉ်ကျောက်တုံးများကို တိုက်ရိုက်ပြန်ယူကာ ဘာသိဘာသာပြောသည်၊
“အဆင်ပြေပါတယ်။ မင်းက ငါ့သမီးပဲ။ ငါ မင်းကို သံသယရှိဖို့ လိုသလား။ တောင်ပေါ်တက်ရအောင်။"
ထိုစကားကြောင့် သူသည် တောင်ပေါ်သို့ ချက်ချင်းတက်သွား၏။
ရို့လန် အံသြသွားသည်။ ဤသူသည် နတ်ဆိုးအရှင်ဟုတ်ရဲ့လား သူမ မသိတော့ပေ။
သူမက သူ့ကို “အဖေ” လို့ ဆက်ခေါ်သည်။ တစ်ယောက်ယောက်က မသိရင် လင်းရှင်းယွဲ့ဟာ လုရှောင်ယန်၏သမီးလို့ တကယ်ပဲ ထင်ကောင်းထင်နိုင်သည်။
လင်းရှင်းယွဲ့သည် သူမ၏ ရင်ဘတ်ကို လက်ဖြင့် ပွတ်လိုက်ပြီး ဘယ်ညာ ယိမ်းထိုးသွားသည် ။
"ရို့လန်၊ ငါ့ရဲ့ စွမ်းဆောင်ရည်က အခု ဘယ်လိုလဲ။ ငါ့ကိုယ်ငါ ဖော်ထုတ်ခဲ့သလား။"
ရို့လန်က သူမကို လက်မထောင်ပြသည်။
“ကျွန်မတို့ ဖော်ထုတ်မှာ မဟုတ်ဘူး။ နတ်ဆိုးအရှင် ရဲ့ စွမ်းဆောင်ချက်က တကယ်ကို ကောင်းပါတယ်။
ကမ္ဘာပေါ်မှာ ဒီလိုလုပ်နိုင်တဲ့သူတွေ အများကြီးမရှိဘူး။ တဖက်သူက နတ်ဘုရားဖြစ်ရင်တောင်မှ အရှင့်ကို သူ့သမီးလို့ ထင်ကောင်းထင်လိမ့်မယ်၊ အရှင် သရုပ်ဆောင်တာကို သူသေချာပေါက်ပြောနိုင်မှာမဟုတ်ဘူး။”
လင်းရှင်းယွဲ့၏ နှုတ်ခမ်းထောင့်စွန်းမှာ ကွေးညွတ်သွားသည်။
ဒါဆို လုံလောက်သွားပြီ။
သူမသည် ကောင်းမွန်စွာပြုမူပြီး လုရှောင်ယန်သည် သူ့သမီးဖြစ်ကြောင်း ယုံကြည်နေသရွေ့ သူမသည် ဤနေရာကို နေ့တိုင်းလာနိုင်သည်။
ကောင်းကင်ဘုံက အဖေတစ်ယောက် သူမကို ပေးခဲ့သည့် ခံစားချက်က သူမအတွက် ကြီးမားတဲ့ အခွင့်အရေးတစ်ခု ဖြစ်နိုင်တယ်လို့ သူမ ခံစားရသည်။
ဤအခိုက်အတန့်တွင် ရို့လန်က မကူညီနိုင်ဘဲ တိုးတိုးလေးမေးသည်။
“ဒါပေမယ့် နတ်ဆိုးအရှင် ဒါက အနည်းငယ် နှိမ့်ချသလို ဖြစ်သည် မဟုတ်ပါလော။ တကယ်တော့ အရှင့်ရဲ့အဆင့်အတန်းက အရမ်းဂုဏ်ယူစရာကောင်းပြီး သူက အရှင့်ရဲ့ အဖေအစစ်မဟုတ်ဘူး။ သူ့ကို အခွင့်ကောင်းယူခွင့်ပေးလိုက်တော့မှာလား။"
လင်းရှင်းယွဲ့ က ခေါင်းခါလိုက်သည်။
“အဲ့ဒါတော့လည်း မှန်ပါတယ်။ တကယ်တမ်းပြောရရင် ငါ့မှာ နှစ်ပေါင်းများစွာ ဝှက်ထားခဲ့တဲ့ လျှို့ဝှက်ချက်တစ်ခုရှိတယ်။ ပြင်ပလူတွေ မသိကြဘူး….”
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၁၂။ အခန်း ၁၇၄ ဖုန်းအောက်ထျန်း၏လုပ်နိုင်စွမ်း
ရို့လန်: "???"
ရို့လန် အနည်းငယ် ပဟေဋ္ဌိဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် လင်းရှင်းယွဲ့က ဆက်ပြောသည်။
“တကယ်တော့ ငါက မိဘမဲ့ပါ။ ယခင်နတ်ဆိုး အရှင်က မွေးစားပြီးနောက်တွင် ငါ့ မျိုးရိုးအမည်ကို သူ့ နာမည် ပြောင်းခဲ့တယ်။ အရင်တုန်းက ငါ့နာမည်က ‘လင်း’ မဟုတ်ဘူး။ ငါ့နာမည်က ‘လု’ ပါ”
ရို့လန်: “…”
လင်းရှင်းယွဲ့သည် သူမ၏ သေးသွယ်သော ကျောက်စိမ်းနှင့်တူသော လက်ကို မြှောက်လိုက်ပြီး ဆံပင်များကို နားရွက်နောက်ပို့လိုက်သည်။ သူမ၏ နဂိုက အေးစက်နေသည့် ဆံပင်ပုံစံက ယခုအချိန်တွင်တော့ နာခံမှုရှိသည့် မိန်းကလေးတစ်ယောက်လို ဖြစ်နေတော့သည်။
“ဒါ့အပြင်… အကြီးအကဲလုကိုတွေ့လိုက်ရတာနဲ့ သူနဲ့ အရမ်းရင်းနှီးသလို ခံစားရတယ်။ ငါ သူ့ကို အရင်က တွေ့ဖူးပြီးသားဖြစ်ရမယ်။"
ပြောပြီးသည်နှင့် သူမသည် တောင်ပေါ်သို့ တက်သွားသည်။
ရို့လန်သည် နေရာတွင်ပင် ထိတ်လန့်ကာ ရပ်ကျန်နေခဲ့လေသည်။
နတ်ဆိုးအရှင်သည် သူ့ကိုယ်သူအတွက် အကြောင်းပြချက်ရှာနေသလား မသိပေ။ သို့သော် နတ်ဆိုးအရှင်သည် အမှန်တကယ် မေတ္တာကင်းမဲ့နေမှန်း သူမ သိသည်။
သူတို့နှစ်ဦး တောင်ပေါ်သို့ ရောက်ပြီးနောက်တွင် လင်းရှင်းယွဲ့သည် အိမ်ရှိ အမှိုက်များကို အလွန်နာခံစွာ သန့်ရှင်းရေးလုပ်သည်။ လုရှောင်ယန်သည် ခြံဝင်းအတွင်းရှိ လျောင်းစက်တစ်ခုပေါ်တွင် ထိုင်ကာ နေရောင်အောက်တွင် ခိုနေသည်။
အမှိုက်ကို သန့်ရှင်းရေးလုပ်ပြီးနောက် လင်းရှင်းယွဲ့က မကူညီနိုင်ဘဲ တိုးတိုးလေးပြောသည်။
"အဖေ၊ မင်းရဲ့ ကျင့်ကြံမှုက အရမ်းအားကောင်းနေပုံရတယ်။ မင်းဘာလို့ ဒီတောင်မှာ ပုန်းနေတာလဲ။ ဘာလို့ အပြင်ထွက်ပြီး ဂုဏ်သတင်းမဆောင်တာလဲ။"
လုရှောင်ယန်က သူမကို မော့ကြည့်လိုက်သည်။
"ဒီလိုမျိုး တစ်ခါမှ မလုပ်ဖူးဘူးထင်လား။"
ဟစ်..
လင်းရှင်းယွဲ့က မထိန်းနိုင်ဘဲ အော်ပြောလိုက်သည်။
"အဖေက ဘယ်မင်းဆက်ကို ထူထောင်ခဲ့တာလဲ။"
"မင်းဆက်ဆိုတာ ဘာလဲ။ ကမ္ဘာကြီးက အရမ်းကြီးတယ်။ အနည်းဆုံး အင်ပါယာတစ်ခု ထူထောင်ဖို့ လိုတယ်။”
လင်းရှင်းယွဲ့နှင့် ရို့လန်သည် ချက်ချင်းပင် တုန်လှုပ်သွားသည်။
သူတို့၏ရှေ့က အကြီးအကဲလုက တကယ်ပဲ အင်ပါယာကို ထူထောင်ခဲ့တာလား။
လုရှောင်ယန်က ဘာပဲဖြစ်ဖြစ် လိမ်ညာခြင်းဖြစ်သည်။ အဘယ်ကြောင့် လိမ်ညာခြင်းတွင် အကန့်အသတ်တွေလုပ်နေရမည်နည်း။
" အဲဒါတွေအားလုံးက အတိတ်ကပဲ။ ပြောစရာ မလိုပါဘူး။”
သို့သော်လည်း လင်းရှင်းယွဲ့သည် ဤကမ္ဘာကြီးကိုတုန်လှုပ်စေသော အတင်းအဖျင်းများကို လက်မလွှတ်ချင်ခဲ့ပေ။
"ဖေဖေ၊ မင်းအရင်က အင်ပါယာကို ထူထောင်ခဲ့ရင် အခု ဘာကြောင့် ဒီတောထဲမှာ ပုန်းနေရတာလဲ။"
လုရှောင်ယန်က ခေါင်းခါပြီး အားကိုးရာမဲ့သော အမူအရာ ပေါ်လာသည်။
“မင်းက ငယ်သေးတယ်ဆိုတော့ နားမလည်ဘူး။ ဒီကမ္ဘာကြီးမှာ ကံကောင်းလွန်းတဲ့ လူတချို့ရှိတယ်။ သူတို့၏ ကျင့်ကြံဆင့်က အလွန်အားနည်းနိုင်တယ်၊ သူတို့ အရည်အချင်းတွေက အမှိုက်ဖြစ်နိုင်ပြီး၊ သူတို့ တစ်နေ့တာလုံး လှောင်ပြောင်ခံရနိုင်တယ်။ ဒါပေမယ့်၊ သူတို့မှာ ကံကောင်းခြင်းများစွာ ရှိတယ်။ မင်းရဲ့ ကျင့်ကြံမှု ဒါမှမဟုတ် နောက်ခံ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ဒီလိုလူနဲ့ ကြုံရပြီဆိုရင် …. ငါပြောမယ်.. ဒါတွေအားလုံးက အသုံးမဝင်တော့ဘူး။”
လင်းရှင်းယွဲ့၏နှလုံးသည် အရူးအမူးခုန်နေသည်။
"တကယ် ဒီကမ္ဘာမှာ ဒီလိုလူရှိလား။"
"မှန်တယ်။ အဲဒါကြောင့် လုံခြုံတာက ပိုကောင်းတယ်လို့ ပြောတာပါ။ ငါ့ဘုန်းတန်ခိုးကြီးချိန်က လွန်နေပြီ။ အခု ငါလုပ်ရမှာက ဖြည်းဖြည်းချင်း ကျင့်ကြံပြီး အဲဒီအဆင့်ကို ကျော်ဖြတ်ဖို့ အခွင့်အလမ်းကို စောင့်နေတာ။ အခြား အကျိုးကျေးဇူးတွေ၊ ကြွယ်ဝမှုတွေနဲ့ စွမ်းအားတွေ အားလုံးက ခဏတာပဲ။ ငါအဲ့တာတွေကို ကြုံဖူးတာကြာပြီ။"
“ဒါဆို အဖေ့က ဘယ်အင်ပါယာကို ဖန်ဆင်းခဲ့တာလဲ သိချင်လိုက်တာ။”
လုရှောင်ယန် သည် အသက်ပြင်းပြင်းရှူပြီး ၄၅ ဒီဂရီ ထောင့်ချိုးဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်သည်။
“ဒါတွေအားလုံးက အတိတ်မှာပဲ ရှိတယ်။ ဘာအကြောင်းတွေပြောနေမှာလဲ။"
"ကျွန်မက ဖေဖေ့ကို လှမ်းကြည့်ချင်တယ်။ အဖေ့ ရဲ့ဂုဏ်ကို အောက်မေ့ချင်တယ်"
"မေ့လိုက်ပါ။ အင်ပါယာ ပြိုလဲတာ ကြာပြီ။ မင်းလည်း ရှာတွေ့နိုင်မှာ မဟုတ်ဘူး။”
"ဒါဆို အဖေ့မှာ ဘွဲ့တံဆိပ်မရှိဘူးလား။"
“ဟုတ်တယ်… ဟိုတုန်းက လူတွေက ငါ့ကို ကောင်းကင်ဘုံနတ်ဘုရားလို့ ခေါ်ကြတယ်”
အုန်း ...
ယခုအချိန်တွင် ရို့လန် သို့မဟုတ် လင်းရှင်းယွဲ့ ပင်ဖြစ်ပါစေ၊ သူတို့နှစ်ဦးစလုံး မိုးကြိုးပစ်ခံလိုက်ရပုံရသည်။
လုရှောင်ယန်က သူ့အင်ပါယာကို ထူထောင်လိုက်ပြီလို့ ပြောတဲ့အခါ တစ်စုံတစ်ခုကို ခန့်မှန်းမိပေမယ့် လုရှောင်ယန်ဟာ သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူဖြစ်ကြောင်း သူတို့တကယ် အတည်ပြုလိုက်တဲ့အခါမှာတော့ သူတို့ မကူညီနိုင်ဘဲ ထိတ်လန့်နေကြဆဲပါ။
သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူ။
အဲဒါက ဒဏ္ဍာရီဆန်ဆန်တည်ရှိမှု၊ ဒီကမ္ဘာမှာ အပြင်းထန်ဆုံးပါ။
ရှေးခေတ်ကတည်းကပင် မရေမတွက်နိုင်သောလူများသည် မိုင်သန်းပေါင်းများစွာအတွင်း ထိပ်တန်းတည်ရှိမှုဖြစ်လာစေရန် မမောမပန်းလုပ်ဆောင်ခဲ့ကြသည်။ သူတို့သည် သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူဖြစ်လိုပြီး ကမ္ဘာကြီးကို နှိမ့်ချလိုကြသည်။
သို့သော် ယခုအခိုက်တွင်၊ သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူတစ်ဦးသည် ၎င်းတို့ရှေ့တွင် လဲလျောင်းနေခဲ့ပြီ။
ရို့လန် မကူညီနိုင်ဘဲ တိုးတိုးလေးမေးမိသည်။
" အကြီးအကဲလု ၊ မင်းတစ်သက်မှာ ချစ်သူဘယ်နှစ်ယောက်ရှိပြီလဲ ငါမေးလို့ရမလား။ မင်းမှာ လျှိုကွေ့ဖုန်းလို့ခေါ်တဲ့ ချစ်သူရှိလား။"
လုရှောင်ယန် : “…”
လင်းရှင်းယွဲ့သည် ရို့လန်ကို ချက်ချင်းပင် ပြင်းပြင်းထန်ထန် စိုက်ကြည့်သည်။
ထို့နောက် သူမက “သူ့ကို လျစ်လျူရှုလိုက်ပါ။ ကျွန်မ မေးစရာရှိတယ်။ နတ်ဆိုးဂိုဏ်းနဲ့ ရှေးလူဝံမျိုးနွယ်တို့ကြား တိုက်ပွဲအတွက် တွေးထားတာရှိလား။ ဘယ်သူအနိုင်ရလောက်လဲ။"
“ပြောစရာတောင် မလိုပါဘူး၊ ရှေးဟောင်းလူဝံမျိုးနွယ်”
လင်းရှင်းယွဲ့: "???"
ရို့လန် မကူညီနိုင်ဘဲ ပဟေဌိဖြစ်သွားသည်။
"ဒါပေမယ့် နတ်ဆိုးဂိုဏ်းက လွန်ခဲ့တဲ့ ရက်အနည်းငယ်က တောင်ခြေရင်းမှာ အကျိုးကျေးဇူးတွေ အများကြီးရခဲ့ပုံရတယ်။"
“ဒါက ယာယီပဲလေ။ ငါ မင်းကို အမှန်အတိုင်းပြောမယ်။ များစွာသော အရာများကို တွေ့ကြုံပြီးနောက် စည်းမျဉ်းတစ်ခု နိဂုံးချုပ်ခဲ့တယ်။
"ရှောင်၊ ယဲ့၊ ချူ၊ လင်း၊ ဖုန်း၊ ဆု၊ လု၊ လီ၊ ချန်... ဒါ့မဟုတ် အောက်ထျန်း၊ လျန်ချန် နဲ့ ယိထျန်းဆိုတဲ့ နာမည်ရှိသူတွေက အခြေခံအားဖြင့် အချဉ်မဟုတ်ဖူး။ များသောအားဖြင့် သူတို့မှာ ကံကောင်းခြင်းတွေ ရှိတယ်။
“ဥပမာ၊ ဒီရှေးလူဝံအနွယ်ရဲ့ အကြီးအကဲကို ဖုန်းအောက်ထျန်းလို့ ခေါ်ပုံရတယ် ဟုတ်တယ်ဟုတ်။ ”
လင်းရှင်းယွဲ့ ခေါင်းညိတ်လိုက်သည်။
"သူ့ပတ်ဝန်းကျင်မှာ လှပတဲ့ မိန်းမတွေ အများကြီးရှိလား။ သူတို့အားလုံးက အစွမ်းထက်တဲ့ မိန်းကလေးတွေဖြစ်ပေမယ့် ခင်ပွန်းကို မျှဝေဖို့ ဆန္ဒရှိနေကြတုန်းပဲမလား။”
လင်းရှင်းယွဲ့ နှင့် ရို့လန် တို့သည် တစ်ယောက်ကိုတစ်ယောက် ထိတ်လန့်တကြားကြည့်နေကြသည်။ လုရှောင်ယန် ပြောတာတွေက တကယ်တော့ လုံးဝ မမှားပေ။
“အဲဒါအပြင် သူ့မှာ ကြီးမားတဲ့ ရတနာတွေ ရှိတယ်မလား၊ သူ့မှာ အဆုံးမရှိတဲ့ ရတနာသိုက်တစ်ခု ရှိပုံရတယ်။”
လင်းရှင်းယွဲ့ နှင့် ရို့လန်၏နှလုံးသားများသည် ပို၍ပင် ပြင်းထန်စွာ ခုန်ပေါက်လာခဲ့သည်။
“ဒါ့အပြင် သူက အရမ်း မာနကြီးပြီး ခွန်အားလည်း သိပိမရှိဘူး။ ဒါပေမယ့် အကြောင်းတစ်ခုခုကြောင့် သူက ဖျက်ဆီးလို့မရနိုင်ဖြစ်နေတုန်းပဲ။”
ဒါကိုကြားတော့ လင်းရှင်းယွဲ့၏ မျက်နှာဟာ လုံးဝ ဖြူဖပ်ဖြူရော်ဖြစ်နေပါပြီ။
မှန်တယ်၊ သူမအဖေ လုံးဝ မှန်သည်။
ထိုအချိန်တွင်၊ သူမသည် ဖုန်းအောက်ထျန်း၏ပထမအဆင့်တွင် သူမ၏ခွန်အားဖြင့် လုံးလုံးသတ်ပစ်ရန်အတွက် ရှေးဟောင်းလူဝံမျိုးနွယ်သို့ ကိုယ်တိုင်ကိုယ်ကျ သွားရန်ရွေးချယ်ခဲ့သည်။ သို့သော်လည်း ဖုန်းအောက်ထျန်းသည် သိုင်းဘုရင်အဆင့် လက်နက်ကို ဖောက်ခွဲပြီး ပြင်းထန်စွာ ဒဏ်ရာရစေမည်ဟု သူမ မျှော်လင့်ခဲ့ပေ။
လုရှောင်ယန်၏ဆေးလုံးကြောင့်သာမဟုတ်ပါက၊ သူမ၏ဒဏ်ရာများသည် များစွာသက်သာလာမည်မဟုတ်ပေ။
“အဖေက ဒီလိုလူမျိုးကို တကယ်သိတယ်။ ဖေဖေအရင်က ဒီလိုကြုံဖူးလို့လား။”
လုရှောင်ယန်သည် လေးနက်သောအမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။
" ‘ခွေးတိုင်းဟာ သူ့နေ့ရက်ဆိုတာရှိတယ်၊ ဆင်းရဲသားတွေကို အနိုင်ကျင့်မနေနဲ့’ ဆိုတဲ့ စကားကို ကြားဖူးလား။”
လင်းရှင်းယွဲ့က ခေါင်းခါလိုက်သည်။
သူမသည် အနှစ်တစ်ထောင်ကြာအောင် ချိတ်ပိတ်ခံရသည့်အတွက် လင်းဖေး ဖန်တီးခဲ့သော စကားအကြောင်းကို သဘာဝကျကျ မသိပေ။
“တစ်ခါက လူငယ်တစ်ယောက်က ဒီလိုပြောဖူးတယ်။ နှစ်အနည်းငယ်အတွင်း သူက ဆန်ကုန်မြေလေးကနေ ဧကရာဇ်ယန် ဖြစ်လာခဲ့တယ်။ ငါ သူအနိုင်ယူတာကို ခံခဲ့ရတယ်။"
ဟစ်...
လင်းရှင်းယွဲ့နှင့် ရို့လန်တို့သည် ၎င်းတို့၏ ဦးရေပြားများ ထုံကျင်သွားသည်ကို ခံစားခဲ့ရပြီး ၎င်းတို့၏ ဝိညာဉ်များသည် ပေါက်ကွဲတော့မည်ကို ခံစားခဲ့ရသည်။
နှစ်အနည်းငယ်အတွင်း ထိုသူသည် ဘာမှမဟုတ်သူဖြစ်နေရာကနေ ဧကရာဇ်မင်းမြတ်ဖြစ်သွားခဲ့သည်။
ဒါက သိပ်ရယ်စရာကောင်းတာမဟုတ်ဘူးလား။ နှစ်ရာ၊ ထောင်၊ သောင်း၊ သောင်းနဲ့ချီပြီး အလုပ်ကြိုးစားခဲ့ကြတဲ့ လူတွေကကော...။
ဖုန်းအောက်ထျန်းလည်း ထိုကဲ့သို့သောလူတစ်ယောက်ဟု ထင်လိုက်ရာ လင်းရှင်းယွဲ့၏ ခေါင်းသည် ပို၍ပင် နာကျင်လာသည်။
ခေတ္တရပ်ပြီးနောက် အံကြိတ်ကာ မထိနိးနိုင်တော့ပေ။
"ဖုန်းအောက်ထျန်းကို အနိုင်ယူဖို့ နည်းလမ်းမရှိဘူးလား။"
လုရှောင်ယန်သည် လင်းရှင်းယွဲ့ကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စွာ မေးသည် " မင်းဘာလို့ မေးခွန်းတွေ အများကြီးမေးနေတာလဲ။ မင်းက နတ်ဆိုးဂိုဏ်းက မလို့လား။"
လင်းရှင်းယွဲ့သည် ထိတ်လန့်သွားကာ ဖုံးကွယ်ရန် ချောင်းဆိုးလိုက်သည်။
“ကျွန်မက နည်းနည်း စပ်စုကြည့်တာပါ။ ဖေဖေ၊ ပြောကြည့်ပါဦး။"
သူမစကားပြောနေစဉ်တွင် သူမသည် ရှေ့သို့တစ်လှမ်းတိုးကာ လုရှောင်ယန်၏ပခုံးများကို နှိပ်နယ်ရန် စတင်လုပ်ဆောင်ခဲ့သည်။
ဒီမြင်ကွင်းကို မြင်လိုက်ရတော့ ရို့လန်၏ မျက်နှာငယ်လေးက တုန်လှုပ်ချောက်ချားသွားမှုကို မထိန်းနိုင်ခဲ့ပါ။
ဤသည်မှာ သူမ၏ မှတ်ညဏ်ထဲက နတ်ဆိုးအရှင်လား။
ဒါက အကြီးအကဲလု၏ နာခံမှုရှိပြီး ဂရုစိုက်တတ်သည့် သမီးလေးဆိုတာ အထင်အရှားပင်။
"ကောင်းပြီ ငါက မင်းအဖေဆိုတော့ မင်းကိုရှင်းပြမယ်။ ဖုန်းအောက်ထျန်းကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် မင်းက အဆောတလျင် မကိုင်တွယ်ရဘူး။ မင်း အတတ်နိုင်ဆုံး ဆိုးသွမ်းနေရမယ်။
ဘယ်လိုပဲ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော လှုပ်ရှားမှုမျိုးဖြစ်နေပါစေ၊ မင်းရဲ့ တိုက်ခိုက်မှုအားလုံးကို တစ်ပြိုင်နက် အသုံးပြု။ သူ့ကို သတ်ဖို့ ရည်ရွယ်ချက်နဲ့ တိုက်ခိုက်တယ်။ သနားညှာတာတာ သို့မဟုတ် လေကို မဖြုန်းတီးနဲ့။ သူအရိုက်မခံရခင်မှာ သူ့ဆီမှာ တခြားလှည့်ကွက်တွေရှိမှန်း မသိတာကြောင့် ဘဝင်မြင့်မနေရဘူး။
မဟုတ်ရင် လေထဲက ရောက်လာသူတစ်ဦးက သူ့ကို ကယ်တင်တာမျိုးတောင် ဖြစ်နိုင်တယ် ဒါမှမဟုတ် သူက ပွဲကို တခဏချင်း ပြောင်းလဲနိုင်တဲ့ လျှို့ဝှက်နည်းပညာအချို့ ရှိကောင်းရှိနိုင်တယ်။
ဒါ့အပြင်၊ နတ်ဆိုးဂိုဏ်းကလူတွေက ရှေးလူဝံမျိုးနွယ်ကို ကိုင်တွယ်ရာမှာ လောဘမကြီး သင့်ဘူးလို့ ထင်တယ်။ နှစ်ဖက်တပ်တွေ ထိပ်တိုက်တွေ့ရင် တိုက်ပွဲပြီးရင် ပြေးရမယ်။ နောက်ဆုံးတော့၊ ရှေးဟောင်းလူဝံမျိုးနွယ် တပည့်တွေရဲ့ နောက်လှိုင်းကို ပိုပြီးပျက်စီးအောင် ကိုင်တွယ်ဖို့ သိပ်နောက်ကျမှာ မဟုတ်ပါဘူး။”
လင်းရှင်းယွဲ့ : "..."
ရို့လန် “…”
နှစ်ယောက်သား ချက်ခြင်းပင် နေရာတွင်ပင် ထိတ်လန့်သွားကြသည်။
သူတို့သည် နတ်ဆိုးဂိုဏ်းမှ ဖြစ်ကြသော်လည်း သွေးဆာနေပြီး သတ်ဖြတ်ခြင်းမှာ အများဆုံးဖြစ်သည်။ သို့သော်လည်း အခြားဂိုဏ်းများမှ လူများနှင့် နှိုင်းယှဉ်ပါက အနည်းငယ် ပေါ့ပေါ့ပါးပါး ရှိနေဆဲဖြစ်သည်။
အားနည်းသူတွေကို အနိုင်ကျင့်ဖို့ အရေအတွက်ကိုသုံးပြီး ယုတ်မာသည့် နည်းလမ်းတချို့ကို သုံးသည့်အတိုင်းအတာအထိလုပ်နိုင်သည်။
သို့ရာတွင်၊ အကယ်၍ ၎င်းတို့သည် ဤကဲ့သို့သော စစ်ပွဲအဆင့်တိုက်ပွဲကို အမှန်တကယ်ဆင်နွှဲပါက၊ နတ်ဆိုးဂိုဏ်း၏ တပည့်များသည် သေသည်အထိ တိုက်ခိုက်ရန် ပို၍ လိုလားကြသည်။ မိမိကိုယ်ကို ဖျက်ဆီးခြင်း သို့မဟုတ် သေဆုံးခြင်းတို့ကို စိတ်ထဲမထားခဲ့ကြပေ။
နောက်ဆုံးတွင် နတ်ဆိုးဂိုဏ်းက ရက်စက်ကြမ်းကြုတ်ခြင်းအပေါ် အလေးပေးဖော်ပြခဲ့သည်။ ရန်သူကို သတ်ဖို့အတွက် သူတို့အသက်ကိုတောင် စတေးပြီး ဘာမဆိုလုပ်သည်။
သို့သော် ... လုရှောင်ယန်၏နည်းလမ်းများနှင့် နှိုင်းယှဉ်ပါက ၎င်းတို့သည် ဖြောင့်မတ်သည်ဟု အဘယ်ကြောင့် ယူဆရသနည်း။
လုရှောင်ယန်၏နည်းလမ်းများသည် ရိုးရိုးရှင်းရှင်း အရှက်ကင်းမဲ့သည် ။
ခဏအကြာတွင် လင်းရှင်းယွဲ့သည် သူမ၏ ထိတ်လန့်မှုကြောင့် နောက်ဆုံးတွင် အသိဝင်လာသည်။
“အဖေရဲ့ နည်းဗျူဟာက ဆန်းသစ်ပါတယ်။”
"ကောင်းပြီ ငါခဏအလုပ်ရှုပ်နေရမယ်။ တစ်ခုခုရှိရင် ကိုယ်တိုင်ဖြေရှင်းပါ။ ငါ့ကို မနှောင့်ယှက်နဲ့။"
“ဟုတ်ကဲ့။”
လုရှောင်ယန်သည် ယွင်လီကောနှင့် အခြားသူများ သူနှင့် မဝေးကြောင်း ခံစားနိုင်သည်။ နောက်တရက် နှစ်ရက်ကြာရင် သူတို့ရောက်လာလိမ့်မည်။
သူသည် မဟာတာအိုဝင်စားခြင်းကို ယာယီပေါင်းစပ်ကာ တောင်တန်းနှင့်မြစ် ပန်းချီတွင် အချိန်စီးဆင်းမှုကို နှေးကွေးစေရန် တောင်နှင့် မြစ်ပန်းချီတွင် တစ်ခုခုကို ကြိုတင် ပြင်ဆင်ထားရသည်။ ဤနည်းအားဖြင့်၊ ယွင်လီကော နှင့် ကျန်သူတို့၏ခွန်အားကို မြှင့်တင်ရန် သူသည် အချိန်ပိုရနိုင်သည်။
အပြင်ဘက်မှာတော့ ရို့လန်က မကူညီနိုင်ဘဲ တိုးတိုးလေးပြောလာသည်။
"နတ်ဆိုးအရှင်၊ အကြီးအကဲလုရဲ့ တိုက်ခိုက်ရေးနည်းက လူရမ်းကား တိုက်ခိုက်တာနဲ့တူတယ်လို့ ဘာလို့ခံစားရတာလဲ။"
လင်းရှင်းယွဲ့သည် သူမ၏ မျက်ခုံးကို ပွတ်သပ်ကာ စကားသိပ်မပြောနိုင်ပေ။
“ငါလည်း သိပ်မသေချာဘူး။ ဒါပေမယ့် ငါ့အဖေက သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူတစ်ယောက်ဖြစ်တဲ့အတွက် သူ့မှာ အကြောင်းပြချက်တွေရှိနေတာ သဘာဝပါပဲ။”
ရို့လန်သည် ခဏမျှ တိတ်ဆိတ်သွားသည်။ နတ်ဆိုးအရှင်သည် ယခု သူမ၏ စရိုက်နှင့် လုံး၀ ရောထွေးနေပုံရသည်။
“နတ်ဆိုးအရှင် ကျွန်မတို့ အခု ဘယ်လိုဆက်လုပ်ကြမလဲ။"
လင်းရှင်းယွဲ့ ခဏလောက်စဉ်းစားပြီး ချက်ချင်းပြောသည် "မူရင်းနည်းလမ်းအတိုင်း အရင်တိုက်ကြစို့။ ဘာပဲပြောပြော ငါတို့ အခုအချိန်မှာ အားသာချက်ရှိတယ်။ ရှေးလူဝံတွေရဲ့ တုံ့ပြန်ပုံကို အရင်ကြည့်ရအောင်။ ရှေးလူဝံမျိုးနွယ်ကို အောင်အောင်မြင်မြင် ဖျက်ဆီးနိုင်ကောင်း ဖြစ်နိုင်တယ်။”
လုရှောင်ယန်သည် ထိုကဲ့သို့ ပြောခဲ့သော်လည်း၊ သူပြောသောစကားသည် လင်းရှင်းယွဲ့၏ နားလည်မှုထက် များစွာကျော်လွန်နေသေးသည်။ လုရှောင်ယန် ပြောသည့်အတိုင်း သူမသည် သူမ၏ လောကအမြင်ကို ချက်ချင်းဆန့်ကျင်ပြီး လုပ်ဆောင်ရန်မှာလည်း မဖြစ်နိုင်ပေ။
သို့သော်~~
ဤအခိုက်အတန့်တွင် အနက်ရောင်အလင်းတန်းသည် မိုးကုတ်စက်ဝိုင်းမှ ရုတ်တရက် ပျံသန်းလာပြီး လင်းရှင်းယွဲ့၏လက်ထဲသို့ ကျရောက်လာသည်။
လင်းရှင်းယွဲ့၏ မျက်စံများသည် ချက်ချင်းပင် ကျဉ်းမြောင်းသွားတော့သည်……
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၁၂။ အခန်း ၁၇၅ ငါ့ရဲ့ အထင်ကြီးစရာ (တုံးအတဲ့) တပည့်တွေ
ရို့လန်က နည်းနည်းတော့ အံ့သြသွားသည်။
“အရှင်၊ ဘာဖြစ်နေတာလဲ၊”
လင်းရှင်းယွဲ့သည် အနက်ရောင်အလင်းတန်းကို လက်ခံရရှိခဲ့ပြီး သူမ၏အမူအရာသည် အလွန်လေးနက်နေခဲ့သည်။
“အကြီးအကဲဟေးမော့ သေပြီ။”
"ဘာ.. ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။"
ရို့လန်၏ မျက်လုံးများသည် ချက်ချင်းပင် ကျဉ်းမြောင်းသွားသည်။
မြင့်မြတ်သော နတ်ဆိုးဂိုဏ်းတွင်၊ နတ်ဆိုးအရှင်၏ လက်အောက်တွင် ထိပ်တန်း ကျွမ်းကျင်သူ သုံးဦးရှိသည်။ သူတို့ အသီးသီးသည် ဧကရာဇ်အဆင့် ကျွမ်းကျင်သူများ ဖြစ်ကြသည် ။
အကြီးအကဲမင်ကျဲ့သည် ၎င်းတို့အနက်မှ တစ်ဦးဖြစ်သော်လည်း လုရှောင်ယန်၏ အသတ်ခံခဲ့ရပြီးဖြစ်သည်။
အခု အကြီးအကဲဟေးမော့လည်း အသတ်ခံရတော့ နောက်ဆုံး အရိုးစုမယ်ပဲ ကျန်တော့သည်။
ဒါဟာ နတ်ဆိုးဂိုဏ်းအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုပင်။
"နတ်ဆိုးအရှင် ဖုန်းအောက်ထျန်း ကိုယ်တိုင် တိုက်ခိုက်ခဲ့တာလား။"
"မဟုတ်ဘူး၊ အကြီးအကဲဟေးမော့ ပေးပို့တဲ့ အချက်အလက်အရ၊ ရှေးလူဝံမျိုးနွယ်ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ စစ်တပ်က သူ့ကို ရိုက်နှက်သတ်ဖြတ်တာ...။"
ခဏအကြာတွင်၊ လင်းရှင်းယွဲ့သည် သက်ပြင်းတစ်ချက်ချကာ သူမ၏မျက်လုံးများသည် နှလုံးသားထဲမှ မြတ်နိုးခြင်းအရိပ်အယောင်ကို ပေါ်လွင်လာခဲ့သည်။
“အရင်တုန်းကတော့ အဖေ နောက်ပြောင်တယ်လို့ ထင်ခဲ့တာ။ အခုတော့ ဖေဖေပြောတာ မှန်နေပုံရတယ်။ ဖုန်းအောက်ထျန်းရဲ့ နည်းလမ်းတွေက တကယ် အဆုံးမရှိဘူး။ ငါတို့တွေ သူ့ကို ဒီလို ထိပ်တိုက်ရင်ဆိုင်ရင် နတ်ဆိုးဂိုဏ်းက အနိုင်ရဖို့ လုံးဝမျှော်လင့်ချက် မရှိဘူး။ ငါ့အဖေပြောခဲ့တဲ့ နည်းဗျူဟာကို အကောင်အထည်ဖော်ဖို့ အချိန်တန်ပြီ။”
ရို့လန်သည် ခဏမျှ တိတ်ဆိတ်သွားသည်။ တစ်ဖက်သူကို “အဖေ” လို့ပဲ ဘာကြောင့် ပိုပိုသုံးလာတာလဲ။
စကားလုံးအနည်းငယ်တွင် 'အဖေ' ဟူသော စကားလုံး သုံးကြိမ်ပေါ်လာသည်။
သူမသည် အဆိပ်သင့်ပြီး ပိုနက်ရှိုင်းစွာ နစ်မြုပ်သွားသလို ခံစားရသည်။
မေ့လိုက်ပါ၊ သူမဖြစ်ပါစေ။ မည်သို့ပင်ဆိုစေကာမူ အိပ်မက်မှ နိုးထလာမည့်နေ့ ရောက်ရှိလာပေလိမ့်မည်။ အနည်းဆုံးတော့၊ အခုအချိန်မှာ ရို့လန်က နတ်ဆိုးအရှင်ကို ဒီလှပတဲ့ အိမ်မက်ကို ရစေချင်သည်။
မကြာခင်မှာပဲ သူတို့နှစ်ဦးဟာ လုရှောင်ယန်၏ တံခါးပိတ်ကျင့်ကြံမှုကို အခွင့်ကောင်းယူပြီး ကောင်းကင်တိမ်တောင်ကို တိတ်တဆိတ် ထွက်ခွာသွားကြသည်။
ဒါတွေအားလုံးဟာ လုရှောင်ယန်၏ မျက်လုံးအောက်က မလွတ်ခဲ့ပါဘူး။
အမှန်မှာ၊ သူ၏ တိတ်တဆိတ် ခွင့်ပြုချက်ကြောင့် မဟုတ်ပါက၊ နတ်ဆိုးဂိုဏ်းမှ အလင်းတန်းနက် သတင်းစကားသည် ဤနေရာတွင် ထုတ်လွှင့်ခွင့်ရလိမ့်မည် မဟုတ်ပေ။
“ဒီ ဖုန်းအောက်ထျန်းရဲ့ နည်းလမ်းတွေက တကယ်ကို အဆုံးမဲ့ပါပဲ။ ပုံစံပြောင်းသွားတဲ့ ဖုန်းအောက်ထျန်းဆိုတော့ အနိုင်ယူဖို့ ခက်ခဲလိမ့်မယ်။ ချောက်ကမ်းပါးပေါ်က ပြုတ်ကျပြီးနောက်၊ သူများတွေက ကျင့်ကြံနည်းလမ်း၊ ဆေးဝါးအချို့နဲ့ လက်နက်များကိုသာ ကောက်ယူနိုင်ခဲ့တယ်။ ဒီကောင်က ရတနာ တဲတစ်လုံးကို ကောက်ယူခဲ့တာ ဖြစ်နိုင်တယ်။ နောက်ဆုံးတော့ သူက ပညာရှင်ပေါင်းများစွာကို ဖန်တီးနိုင်ခဲ့တယ်။”
သူသည် ခေတ္တနားပြီး နောက်တဖန် ပြန်စဉ်းစားပြီး ပြောသည် ။
“ကံကောင်းတာက နတ်ဆိုးဂိုဏ်းက ငါ့ကို ဒီအချိန်မှာ တွန်းလှန်ဖို့ ကူညီပေးခဲ့တယ်။ ဖုန်းအောက်ထျန်းကို နှောင့်နှေးစေပြီး သူ့ကို အချိန်တိုအတွင်း ကျင့်ကြံခြင်းမှ တားဆီးခဲ့တယ်။ မဟုတ်ရင် သူ့ကိုသာ အချိန်နည်းနည်း ပေးမိလိုက်ရင် သူ့ဖိနပ်ကို သယ်ပေးရမှာ စိုးရတယ်။ ဖုန်းအောက်ထျန်းရဲ့ ဝှက်ဖဲကို ဖော်ထုတ်နိုင်ခဲ့တဲ့ နတ်ဆိုးဂိုဏ်းရဲ့ ကျေးဇူးကြောင့်ပဲ။"
လုရှောင်ယန်သည် အာကေရှားဂိုဏ်းကို ယခုမှသတိရနေသည်။ သူသည် ဝိညာဉ်ကျောက်တုံး အနည်းငယ်ကို သုံးစွဲရုံဖြင့် သူလိုချင်သော အချက်အလက်ကို ဝယ်ယူနိုင်မည်ဖြစ်သည်။ တဖက်သူ၏ အချက်အလက်ဖြင့်၊ သူသည် ဟက်ကာများ၏ အမျိုးအစားများနှင့် အနီးစပ်ဆုံး ခွန်အားကို ပိုင်းဖြတ်နိုင်ပြီး ၎င်း၏ တိုက်ပွဲအစီအစဉ်ကို အကောင်အထည်ဖော်ရန် နည်းလမ်းကို တွေးတောနိုင်ခဲ့သည်။
သို့သော် လင်းဖေး သေသည်မှာ ရက်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ လင်းဖေးရဲ့ အမေက ဘာလို့မရောက်သေးတာလဲ။
တစ်ခုခုဖြစ်သွားနိုင်တာလား။ သူ့အမေ ဆုံးသွားပြီလား။
ဒါ မဖြစ်သင့်ဘူး မဟုတ်လား။
နောက်ဆုံးတော့ သူ့အမေက ဒီလို အကြံအစည်ရှိသူပါ။ သူ့အမေက တခြားသူတွေရဲ့ လုပ်ကြံမှုကို ဘယ်တော့မှ ခံရမှာ မဟုတ်ဘူး။
လုရှောင်ယန်သည် နတ်မိမယ်ဟုန်ယွီကို အလွန်ကြောက်နေသေးသည်။ မြင်းနက်တွေထက် သူမကို ပိုကြောက်သည်။
ပထမအချက်မှာ နတ်မိမယ်ဟုန်ယွီသည် သူ့ကဲ့သို့ ဝိညာဉ်ကူးပြောင်းသူဖြစ်နိုင်ဖွယ်ရှိသည်။
ဒုတိယအနေနဲ့ နတ်မိမယ်ဟုန်ယွီက သူ့ထက် အများကြီး ပိုကြောက်စရာကောင်းသည်။ သူသည် ဘာသိဘာသာနေကာ ဖြည်းဖြည်းမှန်မှန် ကျင့်ကြံခဲ့သည်။ သို့သော် သူမသည် ပို၍ အထင်ကြီးစရာ ကောင်းသည်။ သူမသည် တိုက်ရိုက် မြင်းနက်များကို စတင်ဖန်တီးခဲ့ပြီး ၎င်းတို့ကိုယ်တိုင်ပင် မွေးထုတ်ပေးခဲ့သည်။
လုရှောင်ယန်သည် သူ ထိုကဲ့သို့သော နည်းဗျူဟာကို အကောင်အထည်ဖော်နိုင်ခြင်း မရှိဟု ယုံကြည်သည်။
အနည်းဆုံးတော့ သူကိုယ်တိုင် ကလေးယူဖို့ သတ္တိမရှိခဲ့ဘူး။
လင်းဖေး၏မိခင်သည် ရိုးရိုးရှင်းရှင်း ရက်စက်ကြမ်းကြုတ်သူတစ်ဦးဖြစ်သည်။
လုရှောင်ယန်သည် မေးခွန်းတစ်ခုကိုပင် တွေးနေမိသည်။ ထိုအမျိုးသမီးသည် လက်တွေ့ ပြင်ဆင်မှုများ ပြုလုပ်နိုင်ပါသလား။ သူမသည် လင်းဖေး တစ်ဦးထက်ပို၍ မွေးဖွားခဲ့သည်လား။
မျိုးစေ့ချခြင်းဟုခေါ်သော နည်းလမ်းတစ်ခုရှိပုံရသည်ကို သူမှတ်မိနေသေးသည်။ တစ်ကြိမ်လျှင် ကလေး သန်း ၁၀၀ မွေးဖွားနိုင်သည်။ ကလေးများ၏ လိင်ကိုပင် ရွေးချယ်နိုင်သည်။ တစ်ဝက်လောက်က သားလေးတွေဖြစ်ပြီး ကျန်တစ်ဝက်က သမီးတွေဖြစ်အောင်တောင်မှ လုပ်နိုင်ကြပါသေးသည်။
သို့သော် ထိုသို့မဖြစ်သင့်ပေ။ အမှန်တော့၊ သူမမှာ အရည်အချင်းရှိရင်၊ သူမဟာ မြင်းနက် ဖန်တီးဖို့ မလိုအပ်ပါဘူး။ သူမသည် နှစ်စဉ် ကလေးမွေးနိုင်ပြီး ရာနှင့်ချီသော သို့မဟုတ် ထောင်နှင့်ချီသော ကလေးများကို မွေးနိုင်သည်။
သူတို့တစ်ဦးစီသည် စိတ်ဝိညာဉ်အဆင့်အထိသာ ကျင့်ကြံခဲ့ကြသော်လည်း၊ သိုင်းဘုရင်အဆင့်သည် ၂၀ ဘီလီယမ်သော စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများ၏ ပေါက်ကွဲခြင်းကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။
သူသည် ကြိုတွေးလွန်းနေသည်။ လောလောဆယ် ဖုန်းအောက်ထျန်းကို ဦးစွာအာရုံစိုက်ရန် ဆုံးဖြတ်လိုက်သည်။
[လာ၊ လာပါပြီ သခင်၊ ငါ ဒီမှာပါ]
“ဝိညာဉ်လမ်းညွှန်အကျိုးသက်ရောက်မှုကို အားကောင်းစေပြီး ယွင်လီကောနဲ့ တခြားသူတွေကို ခေါ်တာ အရှိန်မြှင့်ပါ။ သူတို့ကို ဒီနေရာကို မြန်မြန်ရောက်အောင် လုပ်ပေး။ တခြားသူတွေရဲ့ ကျင့်ကြံမှုက အရမ်းအားကောင်းနေပြီ၊ ဒါပေမယ့် သူတို့က အချိန်ဖြုန်းနေတုန်းပဲ။”
[နားလည်ပါပြီ။ စိတ်ဝိညာဉ်လမ်းညွှန်အကျိုးသက်ရောက်မှုသည် တိုးလာနေသည်။ ၎င်းသည် နှစ်ဆ၊ သုံးဆတိုးလာနေသည်... ခွန်အားမလုံလောက်ခြင်း၊ စိတ်ဝိညာဉ်လမ်းညွှန် အကျိုးသက်ရောက်မှုသည် ကျရှုံးခဲ့ပြီး တုံ့ပြန်မှုတစ်ခု ခံစားခဲ့ရသည်။ လက်ရှိ စိတ်ဝိညာဉ်လမ်းညွှန် အကျိုးသက်ရောက်မှုက အရင်ကထက် တစ်ဝက်လောက် လျော့ကျသွားလိမ့်မယ်။"
လုရှောင်ယန် : “…”
"ဝမ့်ခိုက် ၊ ငါမင်းကို တစ်နေ့လောက် ထမင်းကျွေးမယ်"
[တကယ်လား၊ စားချင်တာပေါ့၊ သခင်ရဲ့၊ ဘာဟင်းလဲ]
"ခွေးသားကင်၊ ခွေးနံရိုး၊ ခွေးသားခေါက်ဆွဲ၊ ခွေးအသားစွပ်ပြုတ်၊ ခွေးသားဟော့ပေါ့၊ ခွေးသားအအေးဟင်း၊ အမွှေးနံ့သာငါးမျိုးရှိသော ခွေးသား၊ စပ်သော ခွေးသား၊ ဆားဖြူးသော ခွေးသား၊ ..."
ဝမ့်ခိုက် : [...]
[အင်း သခင်၊ ငါ ထပ်ကြိုးစားကြည့်ပါ့မယ်။ စိတ်ဝိညာဉ်လမ်းညွှန် အကျိုးသက်ရောက်မှုသည် တိုးလာနေသည်။ လောလောဆယ် နှစ်ဆတိုးနေတယ်... အခု 2.5 ဆ တိုးလာတယ်။ ဒီအဆင့်အထိပဲ အရင် ခေတ္တ တိုးပေးမယ်။ ဆက်တိုးရင် တစ်ခုခု ထပ်ဖြစ်မှာကို ကြောက်တယ်]
"ဒါဆို အခုလောက်နဲ့ပဲ ထားလိုက်ရအောင်။"
လုရှောင်ယန် သည် ခေါင်းကိုက်နေသည်။ အကြောင်းတစ်ခုခုကြောင့် သူ အနည်းငယ် စိတ်မသက်မသာ ခံစားခဲ့ရသည်။
ဖုန်းအောက်ထျန်း သို့မဟုတ် လင်းဖေး၏မိခင်ကြောင့်လားမသိ။ မည်သို့ပင်ဆိုစေကာမူ သူသည် မကြာသေးမီက စိတ်ဓာတ်ကျနေခဲ့ပြီး ကောင်းစွာမအိပ်ခဲ့ပေ။
"မေ့လိုက်ပါ၊ ငါအလုပ်ပြန်လုပ်တော့မယ်။"
…
တစ်ဖက်တွင်၊ မဟာကျိုး နယ်စပ်ရှိ တိမ်မည်းတောင်၌ လူနှစ်ဦး ရုတ်တရက် ရောက်လာသည်။
"ဟား ငါတို့က နောက်ဆုံးတော့ ဒီကိုရောက်ပြီ။"
“တိမ်မည်းတောင်က မဟာကျိုးနဲ့ တောင်ဘက်ချီ နယ်နိမိတ်ဖြစ်ပြီး မဟာကျိုးရဲ့ အနောက်မြောက်ဘက်တွင် တည်ရှိတယ်။ ဒီခရီးစဉ်က သိပ်မကြာပါဘူး၊ ကျွန်တော်တို့ နှစ်ယောက် အများကြီး ကြီးစားခဲ့တာပဲ။”
သူတို့နှစ်ဦးသည် အငယ်ဆုံးညီမ ကျူးကောကျီချုံကိုရှာဖွေရန် လုရှောင်ယန်၏ တောင်းဆိုမှုကိုလက်ခံခဲ့သော ဖုန်းထျန်းယွမ်နှင့် လီချန်းရှန်မှလွဲ၍ သေချာပေါက် တခြားသူမဖြစ်နိုင်ပေ။
နှစ်ယောက်သား ချိုင့်ဝှမ်းထဲ ရောက်သွားကြသည်။ ၎င်းတို့၏ ပထဝီဝင်တည်နေရာကြောင့် ဤနေရာသည် တစ်နေ့လျှင် ၂၄ နာရီလုံးလုံးနီးပါး မှောင်လို့နေသည်။ သူတို့နှစ်ဦးကဲ့သို့ အလွန်အစွမ်းထက်သော ကျင့်ကြံဆင့်ရှိသော ကျင့်ကြံသူများသည်သာ ဤမှောင်မိုက်သောနေရာတွင် ၎င်းတို့၏ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်းမြင်နိုင်ကြသည်။
အမှောင်ထဲတွင် နီမြန်းသော အလင်းတန်းများစွာ ယောင်ဝါးဝါး လင်းလက်နေသည်။ ၎င်းတို့သည် တိမ်မည်းတောင်၏ သတ္တဝါများဖြစ်သည်။
အရင်းအမြစ်များရှားပါးပြီး တိုက်ပွဲများဖြစ်ပွားနေသည့် တိမ်မည်းတောင် လိုနေရာမျိုးတွင် သက်ရှိသတ္တဝါအားလုံးနီးပါးသည် သွေးဆာလာကြသည်။
ဤအခိုက်အတန့်တွင်၊ ဤနေရာရှိ သက်ရှိသတ္တဝါများသည် ဖုန်းထျန်းယွမ်နှင့် လီချန်းရှန်ကို သားကောင်အဖြစ် ဆက်ဆံလိုနေကြသည်မှာ ထင်ရှားသည်။
လီချန်းရှန်က အော်ဟစ်ပြီး သူ့ဓားကို လွှတ်လိုက်သည်။ အန္တရာယ်၏အစွန်းတွင် အချိန်အတော်ကြာနေထိုင်ပြီး အလွန်အကဲဆတ်သော ဆဋ္ဌမအာရုံများရှိသည့် ဤသတ္တဝါများသည် ထိတ်လန့်မှုကို ချက်ချင်းခံစားရသည်။
တုံ့ဆိုင်းခြင်းမရှိဘဲ သက်ရှိသတ္တဝါအားလုံး အော်ဟစ်ပြီး ချက်ချင်း လှည့်ထွက်ပြေးကြသည်။
ဖုန်းထျန်းယွမ်က မနာလိုတဲ့ အမူအရာ ထုတ်ဖော်လိုက်ပါသည်။
"ဆရာတူညီလေးရဲ့ ဓားဝိညာဉ်က အမှန်ပင် ဂုဏ်သတင်းနဲ့ထိုက်တန်ပါတယ်။"
လီချန်းရှန် တည်ငြိမ်စွာပြုံးလိုက်သည်။
“ဓားဝိညာဉ်က နတ်ဝိညာဉ်အမျိုးအစားဖြစ်လို့ ခြိမ်းခြောက်မှုက အလွန်အားကောင်းတယ်။ သေမျိုးကမ္ဘာရှိ သက်ရှိသတ္တဝါများအတွက် ခုခံဖို့ဆိုတာ သဘာဝအားဖြင့် ခက်ခဲတယ်။ ဒါပေမယ့်၊ သိုင်းဘုရင်အဆင့် အထွတ်အထိပ်၊ လူတစ်ဦးက နတ်ဘုရားတစ်ပါးဖြစ်လာရန် ဆင်းရဲဒုက္ခကိုကျော်ဖြတ်ပြီးနောက်တွင် ၎င်းတို့၏ကိုယ်ပိုင်ဝိညာဉ်ကို မွေးထုတ်ပေးလိမ့်မယ်ဖြစ်ကြောင်း တစ်ခါက ကျွန်တော်သိရှိခဲ့ရတယ်။ အဲဒီအခါကျ အစ်ကိုဖုန်း၊ မင်းမှာလည်း မင်းရဲ့ ဝိညာဉ်တော် ရှိလိမ့်မယ် မဟုတ်လား။"
"အချိန်တန်လာတဲ့အခါ၊ အံ့သြစရာကောင်းတဲ့ နတ်ဝိညာဉ်တစ်ခု ရနိုင်မယ်လို့ ငါလည်း မျှော်လင့်တယ်။"
“အစ်ကိုဖုန်းက အရမ်းတော်တယ်။ မင်းသေချာပေါက် လုပ်မှာပါ။”
“အဟွတ်..အဟွတ်… ဆရာတူညီလေးက အဲ့လိုစကားကောင်းပြောမယ် မမျှော်လင့်ထားဘူး။ မင်းပြောခဲ့တဲ့စကားကြောင့် အနာဂတ်မှာ ပြဿနာတစ်ခုခုရှိခဲ့ရင် မင်းရဲ့ဝန်ထုပ်ဝန်ပိုးကို ခွဲဝေပေးမယ်လို့ ငါကတိပေးပါတယ်။"
"ကျေးဇူးတင်ပါတယ် အကြီးတန်းအစ်ကိုဖုန်း။"
နှစ်ယောက်သား ပျော်ပျော်ပါးပါး ဖလှယ်ကြပြီး အမှတ်အသားအတိုင်း ထိုနေရာသို့ အမြန်ရောက်သွားကြသည်။
“အမှတ်အသားက စပြီး တောက်နေတယ်။ ဒီနေရာ။ ပတ်ဝန်းကျင်က ယင်စွမ်းအင်က အလွန်ပြင်းထန်တယ်။ လျှို့ဝှက်ထားတာတွေ ရှိမလား။ မတော်တဆမှုတွေ မဖြစ်အောင် ဒီမှာပဲ မြန်မြန်ပြီးအောင် လုပ်ကြရအောင်။”
"ကောင်းပြီ ညီလေး၊ နောက်ပြန်ဆုတ်ပြီး ငါ့ကိုကြည့်။"
သူစကားပြောနေစဉ် ဖုန်းထျန်းယွမ်သည် သူ၏ သူတော်စင်လက်နက် ဖြစ်သော ရှန်းလုံတူကို ထုတ်ယူလိုက်သည်။
သူအရင်က ကောင်းကင်ဘုံလက်နက်တွေကို မသုံးတော့ပါ။ သူတော်စင်အဆင့် လက်နက်ရှိနေလျှင်၊ မည်သူက ကောင်းကင်ဘုံလက်နက်ကို ဆက်လက်အသုံးပြုမည်နည်း။
လီချန်းရှန် ဆုတ်ခွာသွားသည်ကို သတိပြုမိသောအခါ ဖုန်းထျန်းယွမ် ချက်ခြင်းပင် စတင်တိုက်ခိုက်လာသည်။
ကြွေးကြော်သံဖြင့် ဖုန်းထျန်းယွမ်သည် ဖျက်ဆီး၍မရသော ရွှေကိုယ်ထည်ကို အသုံးပြုခဲ့သည်။ ဖုန်းထျန်းယွမ်၏ ခန္ဓာကိုယ်မျက်နှာပြင်ပေါ်တွင် မြင့်မားသော ကြီးမားသော ဧရာမ ရွှေရောင်စွမ်းအင်များ ချက်ချင်းထွက်ပေါ်လာသည်။
ဖျက်ဆီး၍မရသောရွှေကိုယ်ထည်၏ မြှင့်တင်မှုနှင့်အတူ ဖုန်းထျန်းယွမ်၏ ကာကွယ်ရေးနှင့် ခွန်အားသည် လျင်မြန်စွာတိုးမြင့်လာပြီး အလွန်ကြောက်စရာကောင်းသော အဆင့်ကြီးတစ်ခုသို့ ရောက်ရှိသွားသည်။
ရွှေရောင်အလင်းတန်းသည် ချိုင့်ဝှမ်း၏တစ်ဝက်နီးပါးကို လင်းထိန်သွားကာ အမှောင်ထုကို အသုံးပြုခဲ့ကြသော မရေတွက်နိုင်သော သတ္တဝါများ အထိတ်တလန့်ဖြစ်ကာ မငြိမ်မသက်ဖြစ်လာသည်။
ချက်ခြင်းပင်၊ သူ၏တူသည် မြေပြင်ပေါ်သို့ ကျသွားသည်။
ကြီးမားသော စွမ်းအင်သက်ရောက်မှုသည် မြေပြင်သို့ ဝင်ရောက်သွားကာ ပတ်ဝန်းကျင်ရှိ ချောက်ကမ်းပါးများကို ချက်ချင်းပင် တုန်လှုပ်သွားစေသည်။ မရေမတွက်နိုင်သော အက်ကြောင်းများ စတင်ပျံ့နှံ့လာပြီး နှစ်ဖက်စလုံးရှိ ချောက်ကမ်းပါးများပြိုကျကာ ၎င်းတို့နှစ်ဦးကို အသက်ရှင်လျက် တစ်ခါတည်းမြှုပ်ပေးသွားတော့သည်။
ဖုန်းထျန်းယွမ် : "..."
လီချန်းရှန် : "..."
ခဏကြာတော့ လီချန်းရှန်က တိုးညှင်းစွာ အော်လိုက်သည်။ ဓားရောင်ဝါသည် ပျံ့နှံ့သွားပြီး ကျောက်တုံးအားလုံးကို ပြာအဖြစ်သို့ ခုတ်လှဲပစ်လိုက်သည်။ ထို့နောက် ဖုန်းထျန်းယွမ်၏ ဦးတည်ရာသို့ လှမ်းအော်လိုက်သည်။
"တတိယ စီနီယာအစ်ကို၊ မင်း အသက်ရှိသေးလား။"
အုန်း..
နောက်အခိုက်အတန့်တွင် ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ ဖုန်းထျန်းယွမ်သည် ကျောက်တုံးကြီးကို ဖြိုခွဲလိုက်ပြီး သူ၏ရုပ်သွင်ကို ထုတ်ဖော်လိုက်သည်။ သူ့ခြေဖဝါးအောက်က မြေပြင်က အရင်လို ပြန့်ကားနေဆဲပင်။
“အဟွတ်..၊ မြေပြင်က ဒီလောက်ကြမ်းမယ်လို့ မမျှော်လင့်ထားဘူး။ ဒီလှုပ်ရှားမှုကြောင့် နှစ်ဖက်စလုံးမှာရှိတဲ့ ချောက်ကမ်းပါးတွေ ကွဲကြေသွားပေမယ့် မြေပြင်က ဘာမှမဖြစ်ဖူး။”
လီချန်းရှန်သည် သူ့အကြည့်ကို လွှဲလိုက်ပြီး မျက်မှောင်ကြုတ်မိသည်။
“ဒီနေရာက နှစ်တစ်သောင်းကျော် မိုးရွာထားပုံရတယ်။ အမှောင်၊ ရေခဲစတဲ့ မကောင်းတဲ့ စွမ်းအားတွေကို စုပ်ယူထားပြီး ရိုးရိုးတောင်တန်းကျောက်ဆောင်တွေရဲ့ အတိုင်းအတာကို ကျော်လွန်နေပြီ။”
"ဒါဆို ငါတို့ ဘာလုပ်သင့်လဲ။ ဆရာတူညီမငယ်ကို ဒီမှာ မြှုပ်ထားတယ်။ ငါတို့ သူ့ကို မတူးနိုင်ရင် ငါတို့ ဆရာ့ကို သတင်းပို့နိုင်မှာ မဟုတ်ဘူး။”
“ကြိုးစားခွင့်ပြုပါ။ ဆရာတူ အစ်ကိုဖုန်း၊ နောက်ပြန်ဆုတ်ပါ။”
“ကောင်းပြီ၊ သတိထားပါ။”
ယခုတစ်ကြိမ်တွင် ဖုန်းထျန်းယွမ်သည် အသက်ရှင်လျှက် မြေမြှုပ်ခြင်းကို ရှောင်ရှားရန် လေထဲသို့ ပျံသန်းသွားခဲ့သည်။
လီချန်းရှန် အသက်ပြင်းပြင်းရှူပြီး သူ့ခွန်အားကို ထိန်းချုပ်ခြင်းကို ရပ်တန့်လိုက်သည်။ သူသည် ဓားဝိညာဉ်၏ အရှိန်အဝါကို လွှတ်ပေးခဲ့သည်။ ချိုင့်ဝှမ်းတစ်ခုလုံးတွင် ကြီးမားသော ဗုံးတစ်လုံး ပစ်ချလိုက်သလိုပင်။ မရေမတွက်နိုင်သော သတ္တဝါတို့သည် ကြောက်လန့်၍ အပြင်သို့ထွက်ပြေးကြသည်။
အရှိန်အဝါက အရင်ကထက် ပိုကြောက်စရာကောင်းသည်။
ထို့နောက် လီချန်းရှန်သည် သူ၏ ညာလက်ကို မြှောက်လိုက်ပြီး ထိပ်တန်း သူတော်စင်အဆင့် ဓားတစ်ချောင်း သူ၏လက်ဖဝါးတွင် ပေါ်လာသည်။
မြင့်မြတ်သောဓားပေါ်လာသည်နှင့်တပြိုင်နက် အလင်းရောင်သည် ကောင်းကင်ကိုချက်ချင်းထိုးဖောက်ကာ ချိုင့်ဝှမ်းတစ်ခုလုံးကို လင်းထိန်သွားသည်….