← Chapters

အခန်း (၇၇၅-၇၇၇)

Vol. 52 Ch. 775-777

အခန်း (၇၇၅-၇၇၇)

Vol. 52 Ch. 775-777

"လုံခွင်း.. မင်းစကားက ဘာအဓိပ္ပါယ်လဲ.."

လုံယွင်၏ မျက်နှာက ရုတ်တရက် အေးစက်သွားခဲ့သည်။

"အကိုကျန်းချန်က ငါ့ရဲ့မိတ်ဆွေပဲ.. သူ့ကို ဒီကနေ မောင်းထုတ်ဖို့ မင်းမှာ ဘာအရည်အချင်းရှိလို့လဲ.."

"စိတ်မကောင်းပါဘူး.. ငါ့မှာတကယ်ပဲ အဲဒီလို အရည်အချင်းရှိတယ်.. အကြီးအကဲချုပ် ထွက်သွားစဥ်က နဂါးနက်ကုန်သွယ်ရေးအဖွဲ့ရဲ့ ဌာနချုပ်ကို စောင့်ရှောက်ဖို့ ငါ့ကို တာဝန်ပေးခဲ့တယ်.. ဒါကြောင့် ငါက အခု နဂါးနက် ကုန်သွယ်ရေးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေကို ချပိုင်ခွင့်ရှိတယ်"

လုံခွင်းက အေးစက်စွာပြုံး၍ ပြောလိုက်သည်။

"အခုအချိန်မှာ နဂါးနက် ကုန်သွယ်ရေးအဖွဲ့က အခက်အခဲအကျပ်အတည်းတွေနဲ့ ပြည့်နှက်နေတယ်.. ရေရေရာရာ ဇစ်မြစ်မသိရတဲ့ လူတစ်ယောက်ကို နဂါးနက် ကုန်သွယ်ရေး အဖွဲ့ရဲ့ ဌာနချုပ်မှာ နေထိုင်ခွင့် မပေးနိုင်ဘူး.."

တကယ်တမ်းတွင် ဤတစ်ခေါက် နဂါးနက် ကုန်သွယ်ရေးအဖွဲ့ရင်ဆိုင်နေရသော အကျပ်အတည်းသည် လုံခွင်းနှင့် သူ၏ နောက်မှ ကြိုးကိုင်သူများက ဖုန်းရှင်း ကုန်သွယ်ရေးအဖွဲ့နှင့် အတူ ပူးပေါင်းပြီး စီစဥ်ခဲ့ခြင်း ဖြစ်သည်။

ယခု လုံယွင်တို့ မောင်နှမနှစ်ယောက်က နဂါးနက်ကုန်သွယ်ရေးအဖွဲ့သို့ အောင်မြင်စွာ ပြန်ရောက်လာခဲ့ရာ သူတို့၏ အစီအစဥ်များသည် ပျက်စီးလုနီးပါး ဖြစ်သွားခဲ့သည်။

ဖုန်းဟောင်ထျန်း၏ အင်အားသည် လုံယွင်တို့ မောင်နှမနှစ်ယောက်ကို ကိုင်တွယ်ရန် လုံလောက်၏။

သို့သော်လည်း မမျှော်လင့်သည့် ဖြစ်ရပ်များ ဖြစ်သွားခဲ့သည်။

သူ၏‌ရှေ့မှ ထူးဆန်းသည့်လူငယ်သည် လုံယွင်တို့ မောင်နှမနှစ်ယောက်ကို ဖုန်းဟောင်ထျန်း၏ တားဆီးမှုကနေ လွတ်မြောက်အောင် ကူညီပေးခဲ့သူ ဖြစ်၏။

ယခုအခါတွင် သူသည် နောက်ထပ် မတော်တဆမှုများ မဖြစ်စေရန်အတွက် လုံယွင်တို့ မောင်နှမနှစ်ယောက်ကို ထိန်းချုပ်ထားချင်ပြီး လုံထျန်းဝူနှင့် ပေးမတွေ့ချင်ခဲ့ပေ။

"လုံခွင်း.. အကိုကျန်းချန်က ငါ့အသက်ကို ကယ်တင်ခဲ့တဲ့အပြင် နဂါးနက်ကုန်သွယ်ရေးအဖွဲ့ရဲ့ အမြင့်ဆုံးအဆင့် အထူးဧည့်သည်လည်း ဖြစ်တယ်.. နဂါးနက် ကုန်သွယ်ရေးအဖွဲ့ရဲ့ ခေါင်းဆောင်တောင် သူ့ကို နဂါးနက်ကုန်သွယ်ရေး အဖွဲ့ကနေ မောင်းထုတ်ဖို့ အရည်အချင်းမရှိမှာကို ငါစိုးရိမ်မိတယ်"

လုံယွင်က မထီမဲ့မြင် အမူအရာဖြင့် ပြုံးကာ ပြောလိုက်သည်။

ထို့နောက် သူက ကျန်းချန် ဘက်သို့ မျက်နှာမူကာ ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။

"အကိုကျန်းချန် ငါ့ဝမ်းကွဲအကိုက မင်းရဲ့ အထောက်အထားကို သိချင်နေတယ်ဆိုမှတော့ မင်းသူ့ကို ပြသပေးလိုက်ပါ"

ကျန်းချန်က ရှည်ရှည်ဝေးဝေး ပြောမနေတော့ဘဲ နဂါးနက် ကျောက်စိမ်းတံဆိပ်ပြားကို နောက်တစ်ကြိမ် ထုတ်ယူ၍ ပြသလိုက်သည်။

"နဂါးနက် ကျောက်စိမ်းတံဆိပ်ပြားပါလား.. မင်း.. မင်းမှာ ဘာလို့ နဂါးနက် ကျောက်စိမ်းတံဆိပ်ပြား ရှိနေရတာလဲ"

ကျန်းချန်၏ လက်ထဲမှ နဂါးနက်‌ ကျောက်စိမ်းတံဆိပ်ပြားကို မြင်လျှင် လုံခွင်းသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားပြီး ချက်ချင်းပင် အံ့သြတုန်လှုပ်သွားခဲ့သည်။

"လုံခွင်း.. ဒါက နဂါးနက် ကျောက်စိမ်းတံဆိပ်ပြား ဆိုတာ မင်းသိတယ် ဆိုကတည်းက ညီနောင်ကျန်းက နဂါးနက် ကုန်သွယ်ရေးအဖွဲ့မှာ ဘယ်လို အနေအထားကို ကိုယ်စားပြုတယ် ဆိုတာ မင်းသိသင့်တယ်"

လုံယွင်က ဝင့်ကြွားစွာ ပြောလိုက်သည်။

"အခု ငါတို့ နဂါးနက်ကုန်သွယ်ရေးအဖွဲ့မှာ ဘယ်သူက အာဏာအရှိဆုံးလည်း ဆိုတာ နားလည်ပြီလား"

"မဟုတ်ဘူး.. ဒါမဖြစ်နိင်ဘူး.."

လုံခွင်းက စိတ်ထဲကနေ ကြောက်လန့်နေမိသည်။

နဂါးနက် ကျောက်စိမ်းတံဆိပ်ပြား ဆိုသည်မှာ နဂါးနက် ကုန်သွယ်ရေးအဖွဲ့၏ အမြင့်ဆုံးတံဆိပ်ပြား ဖြစ်သည်။

ထိုတံဆိပ်ကို မြင်တွေ့ရခြင်းသည် ခေါင်းဆောင်ကို တွေ့ရသည်နှင့် မခြားပေ။

တံဆိပ်ပြားကို ကိုင်ဆောင်သူသည် နဂါးနက် ကုန်သွယ်ရေး အဖွဲ့ခေါင်းဆောင် ရရှိသည့် အခွင့်အရေးများကို ကျင့်သုံးနိုင်သည်။

လုံယွင်တို့နှင့်အတူ ပါလာသော အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် နဂါးနက် ကုန်သွယ်ရေးအဖွဲ့၏ နဂါးနက် ကျောက်စိမ်းတံဆိပ်ပြားကို ပိုင်ဆိုင်ထားလိမ့်မည်ဟု လုံခွင်း ဘယ်လိုမှ မထင်ထားခဲ့ပေ။

အဘိုးကြီး လုံထျန်းဝူသည် အစောပိုင်းကတည်းက သူတို့၏ လှုပ်ရှားမှုကို သတိထားမိပြီး လျှို့ဝှက်စွာ လက်ဦးမှု ယူထားခြင်း ဖြစ်နိုင်ပါသလော..

လုံခွင်းက သူ၏ စိတ်ထဲမှကြောက်ရွံ့မှုကို အတင်းအကြပ် ဖိနှိပ်လိုက်ပြီး နောက်တွင် သူ၏ မျက်လုံးထဲ၌ အေးစက်စက်အလင်းရောင်တစ်ခု ဖျပ်ခနဲ ပေါ်လာခဲ့သည်။

ဤကောင်လေး ရှိနေလျှင် ဤတစ်ခေါက် သူတို့၏ အစီအစဥ်တွင် ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်သည်။

သို့ဖြစ်ရာ မည်သို့သော အကြောင်းရှိရှိ ထိုကောင်လေးကို ဖယ်ရှားရလိမ့်မည် မဟုတ်ပါလား။

ထိုသို့မဟုတ်ဘဲ သူတို့၏ အစီအစဥ် ပျက်သုဥ်းသွားလျှင် နဂါးနက် ကုန်သွယ်ရေးအဖွဲ့ တစ်ခုလုံး၌ သူတို့အတွက် နေစရာနေရာ မရှိတော့မည်ကိုပင် စိုးရိမ်ရ၏။

"လုံယွင် မင်းအတော်ရဲတင်းပါလား.. နဂါးနက် ကုန်သွယ်ရေးအဖွဲ့ရဲ့ အမြင့်ဆုံး တံဆိပ်ပြားကိုတောင် အတုလုပ်ရဲတယ်.. နဂါးနက် ကျောက်စိမ်းတံဆိပ်ပြားက ခေါင်းဆောင်ရဲ့ လက်ထဲမှာပဲ အမြဲရှိနေတယ်.. ဘာမှမသက်ဆိုင်တဲ့ အပြင်လူရဲ့ လက်ထဲမှာ ပေါ်လာဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး.."

လုံခွင်းက ခပ်ထေ့ထေ့ဖြင့် အရှက်မရှိ အော်ငေါက်လိုက်သည်။

မကြာခင်မှာပင် သူက ကျန်းချန်ကို သတ်ဖြတ်လိုသော အမူအရာဖြင့် စိုက်ကြည့်ကာ ပြောလိုက်၏။

"ကောင်လေး.. မင်းက တကယ်ပဲ လုံယွင်နဲ့ပူးပေါင်းပြီး နဂါးနက် ကျောက်စိမ်းတံဆိပ်ပြားကို အတုလုပ်ခဲ့တယ်.. တံဆိပ်ပြားအတုကို အားကိုးပြီး နဂါးနက် ကုန်သွယ်ရေးအဖွဲ့ရဲ့ ဌာနချုပ်မှာ ရမ်းကားလို့ရမယ်လို့ ထင်နေတာလား.. မင်း အသက်မရှည်ချင်တော့ဘူး ထင်တယ်"

ထိုစကားကိုကြားလျှင် ကျန်းချန်က မထီမဲ့မြင် ပြုံးလိုက်သည်။

"ပထမတစ်ချက်.. မင်းတို့ နဂါးနက် ကုန်သွယ်ရေးအဖွဲ့ရဲ့ တံဆိပ်ပြားတွေကို ငါအတုလုပ်ဖို့ စိတ်မဝင်စားဘူး.. ဒုတိယအချက်.. ငါ့အနေနဲ့ တံဆိပ်ပြားအတု လုပ်ရင်တောင် မင်းက ငါ့ကို ဘာလုပ်နိုင်မှာမို့လို့လဲ"

ထို့နောက် ကျန်းချန်၏ မောက်မာသော အသံသည် လုံခွင်း၏ နားထဲသို့ တိုက်ရိုက် ပဲ့တင်ထပ်သွားခဲ့သည်။

"ငါအခု မင်းတို့ရဲ့ ခေါင်းဆောင်ကို သွားတွေ့မယ်.. မင်းမသေချင်ဘူးဆိုရင် ငါ့ရှေ့ကနေ ချက်ချင်းထွက်သွားစမ်း.."

အခန်း(၇၇၅)ပြီး၏။

အခန်း(၇၇၆)

"ကောင်လေး.. မင်း ဒီလောက်တောင် သေချင်နေမှတော့ ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်"

လုံခွင်း၏ မျက်နှာက အေးစက်သွား၏။

သူက ချက်ချင်းပင် လက်ကို ဝှေ့ယမ်းလိုက်သည်။

"လာကြစမ်း.. ဒီကျူးကျော်သူကို သင်ခန်းစာ ပေးလိုက်ကြ"

လုံခွင်း၏ အမိန့်ပေးသံဆုံးသည်နှင့် နဂါးနက်ကုန်သွယ်ရေးအဖွဲ့မှ အနက်ရောင်ဝတ်စုံဝတ်လူ ဆယ်ယောက်ကျော်က အလျင်အမြန် ပြေးထွက်လာပြီး ကျန်းချန်တို့ လေးယောက်ကို ဝိုင်းရံထားလိုက်ကြသည်။

ဤအနက်ရောင်ဝတ်စုံဝတ် လူများသည် အလွန်ပင် အင်အားကြီးမားသည်။

သူတို့ထဲတွင် အားအနည်းဆုံးသူပင် စွမ်းအင်သိပ်သည်းခြင်း သတ္တမအဆင့်တွင် ရှိသည်။

သူတို့လူစုထဲမှ ​အားအကောင်းဆုံး အရှိန်အဝါရှိသည့် နှစ်ယောက် သုံးယောက်၏ အင်အားသည်ပင် စွမ်းအင်သိပ်သည်းခြင်း နဝမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။

"အတင့်ရဲတယ်.. ငါ လုံယွင်က နဂါးနက်ကုန်သွယ်ရေး အဖွဲ့ရဲ့သခင်လေးပဲ.. ငါ့ဧည့်သည်ကို ဘယ်သူထိရဲလဲ"

လုံယွင်က သူ့ပတ်ဝန်းကျင်မှ အနက်ရောင်ဝတ်စုံဝတ် လူများကို လှမ်းကြည့်ကာ အော်ဟစ်လိုက်သည်။

"လုံယွင်.. မင်းက နဂါးနက် ကုန်သွယ်ရေးအဖွဲ့ရဲ့ သခင်လေးဖြစ်နေလဲ သူတို့က မင်းရဲ့အမိန့်ကို နာခံမှာ မဟုတ်ဘူး"

"ဒီနဂါးနက်အစောင့် ဆယ်ယောက်ကျော်က ငါ လေ့ကျင့်ပေးထားတဲ့ လူတွေပဲ"

"မင်း မပြောနဲ့.. မင်းအဖေ ဒီကို ရောက်လာရင်တောင် သူတို့ကို အမိန့်ပေးနိုင်မှာ မဟုတ်ဘူး"

လုံခွင်းက လုံယွင်ကို မဲ့ပြုံး ပြုံး၍ လှမ်းကြည့်ကာ ပြောလိုက်သည်။

"ဒီသခင်လေးဆိုတဲ့ကောင်ကို ဂရုစိုက်မနေနဲ့..သူ့ဘေးက ငတိကိုသာ မြန်မြန် ရှင်းပစ်လိုက်"

"ဆရာလေး လုံခွင်း.. ဒါတော့ နည်းနည်း လွန်သွားပြီ"

ထိုအချိန်တွင် လုံယွင်ဘေးမှ ဦးလေးကျန်းသည် ရှေ့သို့ အနည်းငယ် တိုးလိုက်ပြီး လုံခွင်းကို လှမ်းကြည့်ကာ ပြောလိုက်၏။

ယနေ့တွင် နဂါးနက်ကုန်သွယ်ရေး အဖွဲ့၏ သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူများ အားလုံးသည် ယုတ္တိသိပ်မကျသော အကြောင်းပြချက်များဖြင့် ရွှေ့ပြောင်းခံခဲ့ရပြီး လုံခွင်း တစ်ယောက်တည်းသာ နဂါးနက်ကုန်သွယ်ရေး အဖွဲ့၏ ဌာနချုပ်ကို ကာကွယ်ရန် ကျန်ရစ်ခဲ့သည်။

ထိုအတွက်ကြောင့် လုံမောင်နှမကို ဖုန်းဟောင်ထျန်း၏ နှောင့်ယှက်မှုမှ အကူအညီပေးရန် မည်သူမျှ ဌာနချုပ်တွင် ရှိမနေခဲ့ကြပေ။

လုံခွင်းကလည်း ဌာနချုပ်ကို ကာကွယ်ရမည်ဟု အကြောင်းပြကာ လျစ်လျူရှုခဲ့သည်။

ယခုအခါတွင် လုံယွင်တို့မောင်နှမသည် အံ့ဖွယ်တိမ်တိုက်ဂိုဏ်းမှ ရရှိခဲ့သည့် ဆဋ္ဌမအဆင့် ကုသရေး ဆေးလုံးနှင့်အတူ နဂါးနက်ကုန်သွယ်ရေး အဖွဲ့ကို ပြန်ရောက်လာခဲ့သည်။

သို့တိုင် လုံခွင်းသည် သူတို့ကို တားဆီးနေဆဲပင်။

ဖြစ်ရပ်တစ်ခုလုံးသည် အစမှ အဆုံးတိုင် လျှို့ဝှက်ကြံစည်မှု၏ အငွေ့အသက်ကို ဖော်ပြနေခဲ့၏။

ထိုအခြေအနေကို အတွေ့အကြုံ ကြွယ်ဝသည့် ဦးလေးကျန်းသည် အဘယ်ကြောင့် သတိမပြုမိဘဲ နေပါမည်နည်း။

လုံခွင်းက ဦးလေးကျန်းကို ဘုကြည့် လှမ်းကြည့်လိုက်သည်။

သူ့မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားခဲ့၏။

"ကျန်းရှန့်.. မင်းက ငါ့လုပ်ရပ်ကို တားချင်တာလား"

"ဆရာလေးလုံခွင်း.. ဒီညီငယ်လေးက နဂါးနက်ကျောက်စိမ်း တံဆိပ်ပြားကို ကိုင်ဆောင်ထားတဲ့ အတွက် အနည်းဆုံးတော့ ဒီလိုမျိုး သူ့ကို မဆက်ဆံသင့်ဘူး...နဂါးနက် ကျောက်စိမ်းတံဆိပ်ပြားက အစစ်အမှန် ဟုတ်မဟုတ်ဆိုတာ အကြီးအကဲတွေ ပြန်လာရင် သိရမှာပဲ.မဟုတ်လား"

ကျန်းရှန့်က လုံခွင်းကို တည်ငြိမ်စွာ ပြောလိုက်သည်။

"ဒီညီငယ်လေးရဲ့ လက်ထဲက နဂါးနက် ကျောက်စိမ်းတံဆိပ်ပြားသာ အစစ်အမှန်ဆိုရင် ဆရာလေးလုံခွင်း အကျိုးဆက်ကို တာဝန်မယူနိုင်မှာ ကျွန်တော် စိုးရိမ်မိတယ်"

"ဟမ့်.. အကျိုးဆက်တွေ ရှိရင် ငါ တစ်ယောက်တည်း ခံယူလိုက်မယ်.. မင်း ဘာမှ စိတ်ပူစရာ မလိုဘူး"

လုံခွင်းက နှာခေါင်းရှုံ့၍ အေးစက်စက် ပြောလိုက်သည်။

သူက ချက်ချင်းဆိုသလို သတ်ဖြတ်လိုစိတ်ဖြင့် ပြောလိုက်၏။

"ဘယ်သူ ငါ့လုပ်ရပ်ကိုတားရဲလဲ.. တားရဲတဲ့လူ ငါရှင်းပစ်မယ်.. ငါလုံခွင်းကို အချိန်တွေ လာမဖြုန်းနဲ့"

သူက မည်သည့် အကြောင်းပဲရှိရှိ နဂါးနက် ကျောက်စိမ်း တံဆိပ်ပြား ကိုင်ဆောင်ထားသည့် လူငယ်ကို ရှင်းပစ်မည် ဖြစ်သည်။

အကယ်၍ လုံယွင်တို့က ထိုကောင်လေးကို ကယ်တင်ချင်လျှင် သူက ဤအခွင့်အရေးကို အရယူ၍ လုံယွင်တို့ကို ဖမ်းဆီးထိန်းသိမ်းကာ လုံထျန်းဝူနှင့် တွေ့မရအောင် တားဆီးနိုင်မည် မဟုတ်ပါလား။

"အစ်ကိုကျန်းချန် စိတ်မကောင်းပါဘူး...ဒီလိုမျိုး ဖြစ်လာလိမ့်မယ်လို့ မထင်ထားမိဘူး"

"အကိုကျန်းချန် နဂါးနက်ကုန်သွယ်ရေး အဖွဲ့ကနေ ထွက်သွားလိုက်ပါ.. ကျွန်တော်တို့ အကိုကျန်းချန် အတွက် သူတို့ကို တားဆီးပေးထားမယ်"

သူတို့ကို ဝိုင်းရံထားသည့် နဂါးနက် အစောင့်များကို လှမ်းကြည့်ရင်း လုံယွင်၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

သူက ကျန်းချန်၏ အရှေ့တွင် အလျင်အမြန် ရပ်လိုက်ကာ ပြောလိုက်သည်။

"ဟားဟား.. မလိုအပ်ပါဘူး.. ဒီပုရွက်ဆိတ်တွေလောက်က စာဖွဲ့စရာမှမဟုတ်တာ"

"ငါ ဒီကို မင်းတို့အဖေနဲ့ တွေ့ချင်လို့ လာခဲ့တာ ဆိုပေမဲ့ ဒီလိုမျိုး ကြုံရလိမ့်မယ်လို့ မထင်ထားမိဘူး"

"ဒါပေမဲ့ ရောက်လာပြီဆိုမှတော့ မိတ်ဆွေဟောင်း တစ်ယောက်ရဲ့ မျက်နှာကို ထောက်ထားပြီး နဂါးနက်ကုန်သွယ်ရေး အဖွဲ့အတွက် အမှိုက်တွေကို ရှင်းလင်းပေးမယ်"

ကျန်းချန်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ထိုခဏမှာပင် သူ၏ ပုံရိပ်သည် နေရာမှာပင် ပျောက်ကွယ်သွားခဲ့သည်။

အခန်း(၇၇၆) ပြီး၏

အခန်း(၇၇၇)

ကျန်းချန်၏ ပုံရိပ်က ရုတ်တရက် ပျောက်ကွယ်သွားသဖြင့် လုံယွင်တို့က အံ့အားသင့်သွားခဲ့သည်။

နောက်ထပ် တခဏတွင် ကျန်းချန်၏ ပုံရိပ်သည် သူ့နေရာမှာပင် ပြန်ပေါ်လာသည်ကို တွေ့လိုက်ရ၏။

သို့သော် ထိုအချိန်၌ သူ့လက်ထဲတွင် သွေးရောင် ဓားရှည်တစ်လက် ရှိနေခဲ့သည်။

ဓားရှည်၏ ဓားထိပ်ကနေ နီစွေးသော သွေးများသည် တစ်စက်ပြီး တစ်စက် စီးကျနေခဲ့၏။

"ဘုတ်.. ဘုတ်.. ဘုတ်"

လုံယွင်နှင့် တခြားသူများက အံ့သြတုန်လှုပ်ပြီး မသေချာမရေရာ ဖြစ်နေချိန်တွင် ရုတ်တရက် မြေပြင်ပေါ် လဲကျသည့် အသံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။

နောက်တခဏတွင် လုံယွင်နှင့် တခြားသူများ အတွက် ကြောက်လန့် တုန်လှုပ်ဖွယ် ကိစ္စတစ်ရပ် ဖြစ်ပေါ်လာ၏။

သူတို့ဆီ ဝင်ရောက်တိုက်ခိုက်မည့် နဂါးနက် အစောင့်အဖွဲ့သည် ဤအချိန်တွင် မြေပြင်ပေါ်၌ ထူးဆန်းစွာ လဲလျောင်းနေကြပြီ ဖြစ်သည်။

သူတို့၏ လည်ပင်းတွင် ကြောက်မက်ဖွယ်ကောင်းသော ဓားချက်ဖြင့် အလှီးခံထားရသည့် သွေးစွန်း ​ဓားဒဏ်ရာ ​တစ်ခု ရှိနေ၏။

ထိုသွေးစွန်း ဓားဒဏ်ရာကနေ သွေးများ ပန်းထွက်နေသောကြောင့် သူတို့၏ ရင်ဘတ်သည် ဆိုးဆေးရိုက်ထားသလို ဖြစ်နေခဲ့သည်။

ဤနဂါးနက် အစောင့်များ၏ အမူအရာများသည် ကြောက်ရွံ့တုန်လှုပ်နေပုံရပြီး သေဆုံးခါနီးတွင် ကမ္ဘာပေါ်ရှိ ကြောက်စရာအကောင်းဆုံး အရာကို တွေ့ကြုံခဲ့ရသလိုမျိုး ဖြစ်နေခဲ့၏။

သူတို့ရှေ့မှ ထူးဆန်းသော မြင်ကွင်းကြောင့် ပတ်ဝန်းကျင်သည် တစပြင်နှယ် တိတ်ဆိတ်သွားခဲ့သည်။

ထိုအချိန်တွင် ကျန်းချန်ကို လှမ်းကြည့်နေသည့် အကြည့်များ၌ မယုံနိုင်လောက်အောင် အံ့အားသင့်နေသော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့၏။

"အရမ်းကို အင်အားကြီးမားလွန်းတယ်"

"အကို ကျန်းချန်က ကြောက်မက်ဖွယ် ထူးချွန်တဲ့ မွန်းစတားတစ်ဦးပဲ"

လုံယွင်က သူ့ရှေ့မှ မြင်ကွင်းကို ငေးကြည့်ကာ အချိန်အတော်ကြာ မှင်တက်သွားခဲ့သည်။

ကျန်းချန်က ထူးခြားသော တိုက်ခိုက်ရေးစွမ်းရည်ရှိပြီး ဖုန်းဟောင်ထျန်းကို တစ်ကွက်တည်းဖြင့် အနိုင်ယူနိုင်သည့် အင်အားမျိုး ရှိမှန်း သူသိ၏။

သို့သော်လည်း ဤမျှအထိ အားကောင်းမည်ဟု မထင်ထားခဲ့ပေ။

နဂါးနက်အစောင့် ဆယ်ယောက်ကျော်တွင် အနိမ့်ဆုံးအဆင့်သည် စွမ်းအင်သိပ်သည်းခြင်း သတ္တမအဆင့် ဖြစ်ပြီး အမြင့်ဆုံး အဆင့်သည် စွမ်းအင်သိပ်သည်းခြင်း နဝမအဆင့် ဖြစ်သည်။

သိုင်းသခင်နယ်ပယ် ပထမအဆင့် ကျင့်ကြံသူ တချို့ပင် နဂါးနက် အစောင့်ဆယ်ယောက်ကျော်၏ ဝိုင်းရံပိတ်ဆို့မှုကို ရင်ဆိုင်ရလျှင် ဖြေရှင်းဖို့ အတော်လေး အားစိုက်ရပေလိမ့်မည် မဟုတ်ပါလား။

သို့သော် ကျန်းချန်သည် နဂါးနက် အစောင့်များကို မျက်တောင်တစ်ခတ် အတွင်း ချက်ချင်း သတ်ပစ်လိုက်သည်။

မှန်ပါသည်၊ ဤသည်မှာ နဂါးနက်အစောင့်တိုင်းကို ဓားတစ်ကွက်တည်းဖြင့် လျှပ်တပြက် သတ်ပစ်လိုက်ခြင်း ဆိုလည်းမမှားပေ။

ဓားကွက်နှင့် လှုပ်ရှားမှုက ခန့်မှန်း၍ မရသော အဆင့်ကိုရောက်မှသာ ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းဆောင်ရည်ကို ထုတ်ပြနိုင်မည် ဖြစ်သည်။

"ကောင်လေး.. မင်း.. မင်း ဘယ်သူလဲ"

သူ့ပတ်ဝန်းကျင်တွင် သေဆုံးနေသည့် နဂါးနက်အစောင့် ဆယ်ယောက်ကျော်ကို လှမ်းကြည့်ရင်း လုံခွင်း၏ မျက်လုံးထဲတွင် အံ့သြသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။

"ငါ ဘယ်သူလဲဆိုတာ အရေးမကြီးဘူး"

ကျန်းချန်က ခံစားချက်ကင်းမဲ့သော လေသံဖြင့် ပြောလိုက်သည်။

"အရေးကြီးတာက မင်း ငါ့ကို ဒုက္ခပေးဖို့ မစဥ်းစားခဲ့သင့်ဘူး.. အခု ငါ မင်းကို ရွေးချယ်ခွင့်ပေးမယ်.. သေမလား ဒါမှမဟုတ် သိုင်းစွမ်းအားကို ကိုယ့်ဘာသာကိုယ် ဖျက်ဆီးမလား.. နှစ်ခုထဲက တစ်ခုကို ရွေးလိုက်"

"ကောင်လေး.. မင်းသိပ်ပြီး မောက်မာမနေနဲ့"

"မင်းရဲ့ အင်အားက ငါထင်ထားတာနဲ့ လုံးဝ ကွာခြားတယ်ဆိုပေမဲ့ ဒီလောက်က ငါ့အတွက် ဘာမှ မဟုတ်သေးဘူး"

"အဲဒီ အသုံးမကျတဲ့ အမှိုက်အုပ်စုလို ငါက အသုံးမကျဘူးလို့ မင်းထင်နေတာလား?"

လုံခွင်း၏ အမူအရာက အလွန်ပင် အေးစက်နေခဲ့သည်။

"မင်းရဲ့ အင်အားက သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူ ရှေ့မှာ ဘာမှ မဟုတ်ဘူးဆိုတာ ငါမင်းကို ပြပေးမယ်"

"ချီး.. သိုင်းသခင်နယ်ပယ် အဆင့် ကျင့်ကြံသူက ဘာများ အံ့သြစရာ ကောင်းနေလို့လဲ"

"မင်းက သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့် အထက်က ကျင့်ကြံသူ ဆိုရင်တော့ ငါ မင်းကို ဂရုစိုက်ရလိမ့်မယ်.. သိုင်းသခင်နယ်ပယ် ပထမအဆင့်နဲ့တော့ မင်းက ငါနဲ့ မျက်နှာချင်းဆိုင်ဖို့တောင် အရည်အချင်း မရှိဘူး"

ကျန်းချန်က လုံခွင်းကို မထီမဲ့မြင် ကြည့်နေခဲ့၏။

သူ၏ မောက်မာသော စကားသံသည် ပတ်ဝန်းကျင်တွင် ချက်ချင်း ပဲ့တင်ထပ်သွားခဲ့သည်။

"မင်းက သိုင်းသခင် နယ်ပယ်က အမှိုက်တစ်စပဲ.. မင်းလိုလူမျိုး နှစ်ယောက် ဆိုရင်တောင် ငါက ဓားတစ်ကွက်တည်းနဲ့ ဖြေရှင်းနိုင်တယ်"

အခန်း(၇၇၇) ပြီး၏

All Chapters