← Chapters

ရခဲ့သည့် ပစ္စည်းများကို ခွဲဝေခြင်း

Vol. 18 Ch. 239

ရခဲ့သည့် ပစ္စည်းများကို ခွဲဝေခြင်း

Vol. 18 Ch. 239

ကြားလိုက်ရသည့် စကားကြောင့် ထျဲ့နန်ဟွေ့တစ်ယောက် အလွန်အံ့သြမှင်သက်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။

သဘာဝ စိတ်ဝိဥာဥ်တစ်ယာက်က ထိုစားစရာများကိုသာ တောင်းဆိုပြီး သူ့မြေးမလေး၏ ဒဏ်ရာကို ကုသပေးမည်ဟု ပြောခဲ့သည်လား ။

၎င်းက သဘာဝ စိတ်ဝိဥာဥ်ပင် ဟုတ်ပါသေးရဲ့လား။

သဘာဝ စိတ်ဝိဥာဥ်ပုံ ဟန်ဆောင်ထားသည့် ရွာထိပ်မှ အဒေါ်ကြီး တစ်ယောက်များလား ...

ထျဲ့နန်ဟွေ့က မည်သို့မှ ပြန်မပြောဘဲ ဆွံ့အနေသည်ကို တွေ့သောအခါ ပန်းလင်က မျက်မှောင်ကြုံ့၍ ထပ်ပြောလိုက်သည်။

" ဘာလဲ .. မပေးချင်ဘူးလား ၊၊ ဒါဆိုလဲ ရတယ်လေ ၊.. ပြန်တော့မယ် "

ပန်းလင်က ထိုသို့ ပြောပြီးသည်နှင့် နောက်လှည့်ကာ ထွက်သွားမည့်ဟန် ပြင်လိုက်သည်။

" ခဏ လေး နေပါဦးပါဗျာ၊ ကျုပ် ပေးပါ့မယ် ။ အခု ချက်ချင်းကို သွားဝယ်လိုက်ပါ့မယ်။ အခု ဒီမှာခဏလေးပဲ စောင့်နေခဲ့ပေးပါဗျာ "

ထျဲ့နန်ဟွေ့က ချက်ချင်း အော်ပြောလိုက်သည်။

သူက ထိုသို့ ပြောပြီးသည်နှင့် အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းသွားကာ ပျောင်ပိုင်မြို့ထဲသို့ သက်သုတ်ရိုက် ထွက်သွား၏။

ခဏကြာပြီးနောက်တွင်မူ .. ထျဲ့နန်ဟွေ့တစ်ယောက် စားစရာများ တပွေ့တပိုက်ဖြင့် ပြန်ရောက်လာသည်။

" သခင်မကြီး ၊ ကျုပ် သခင်မကြီး ပြောတာထက် နှစ်ဆ ပိုဝယ်လာခဲ့ပါတယ်။ ဒီလောက်နဲ့ဆို လုံလောက်မလားဗျ "

ထျဲ့နန်ဟွေ့က စိုးရိမ်တကြီး ​မေးလိုက်သည်။

ပန်းလင်က မည်သို့မှ မပြောသေးဘဲ ကြက်ပေါင်တစ်ချောင်းကို အရင်ယူကာ ပါးစပ်ထဲ ထည့်လိုက်သည်။ ထို့နောက်မှသာ စားနေရင်း ပလုပ်ပလောင်းဖြင့် ပြော၏။

" ရပါတယ် ၊ ဒီလောက်ဆို လုံလောက်ပါပြီ "

ထို့နောက် သူမက မိန်းမငယ်လေးဆီသို့ လျှောက်သွားကာ သုံး၊ လေးကြိမ်ခန့် လှည့်ပတ်ပြီး ကြည့်၏။

" မင်း နာမည် ဘယ်လိုခေါ်လဲ မိန်းကလေး "

မိန်းမပျိုက ကြောက်လန့်နေဟန်ဖြင့် လေသံတိုးတိုး ပြန်ဖြေသည်။

" ကျွန်မနာမည်က ထျဲ့လင် လို့ ခေါ်ပါတယ် "

ပန်းလင်က ​ကြက်ပေါင် နောက်တစ်ချောင်းကို ဆွဲယူ၏။

သူမဘေးတွင် ထပ်ချပ်မခွာ လိုက်လာသည့် ထျဲ့နန်ဟွေ့က စိုးရိမ်တကြီး မေးသည်။

" သူ့ရောဂါ အခြေအနေအကြောင်း ​သိရပြီလား သခင်မကြီး "

ပန်းလင်က ခေါင်းညိတ်ကာ ပြန်ပြော၏။

" အင်း .. သိရပြီ "

" ဘယ်လို အဆိပ်မျိုး အခတ်ခံထားရတာလဲဗျ "

ထျဲ့နန်ဟွေ့က ဆက်မေးလ်ုက်သည်။

ပန်းလင် : " မိစ္ဆာဝိဥာဥ်တွေရဲ့ အဆိပ်ခတ်တာကို ခံထားရတာ "

" ဘယ်လို ..မိစ္ဆာဝိဥာဥ်ရဲ့ အဆိပ် .. ဟုတ်လားဗျ "

ထျဲ့နန်ဟွေ့ အလွန်အံ့အားသင့်သွားရသည်။

ပန်းလင်က သက်ပြင်းချ၏။

" ဒီ မိန်းကလေးမှာ ယင်ကိုးသွယ် ခန္ဓာကိုယ် ရှိထားတယ်။ ဒီဟာက ယင်အစွမ်းနဲ့ ပတ်သက်တဲ့ ခန္ဓာကိုယ်တွေထဲမှာ နံပါတ် ၂ အစွမ်းအထက်ဆုံး ခန္ဓာကိုယ်ပဲ။ သူ့အထက်မှာ တိုင်ယင် ခန္ဓာကိုယ် တစ်မျိုးပဲ ရှိတော့တယ်။ ဒီလို ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်ထားတဲ့သူက သူနဲ့ လိုက်ဖက်တဲ့ အထူးကျင့်စဥ်ကို ကျင့်ကြံရင် အောင်မြင်မှုကြီးကြီး ရသွားနိုင်တယ်။ ဒါပေမယ့် ... "

ပန်းလင်က ထိုသို့ပြောနေရင်း ရုတ်တရက် စကားရပ်ကာ လက်ထဲမှ ကြက်ပေါင်ကို ကိုက်လိုက်သည်။

ထျဲ့နန်ဟွေ့၏ မျက်နှာညိုသွားကာ ယဥ်ယဥ်ကျေးကျေး ဆက်မေး၏။

" ဒါပေမယ့် .. ဘာဆက်ဖြစ်လဲဗျ "

ပန်းလင်က စကားဆက်သည်။

" ဒါပေမယ့် ဒီလိုခန္ဓာကိုယ်မျိုးက မိစ္ဆာတွေကို အဆွဲဆောင်နိုင်ဆုံး အမျိုးအစားထဲမှာ ပါတယ်။ တချို့ မိစ္ဆာဝိဥာဥ်တွေဆိုရင် အဲ့လို ခန္ဓာကိုယ်တွေထဲမှာ သူတို့ရဲ့ အမှတ်အသားကို တမင် ချန်ထားခဲ့လေရှိတယ်။ ဒါကို မိစ္ဆာဝိဥာဥ်ရဲ့ အဆိပ်လို့ ခေါ်တာပဲ။ ဒီ အဆိပ်က ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း တိုက်စားပြီးတော့မှ နောက်ဆုံး လူသားလဲမဟုတ် ၊ ဝိဥာဥ်လဲ မဟုတ်တဲ့ အရာတစ်ခုအဖြစ်ကို ပြောင်းလဲပစ်လိုက်တာ "

" အဲ့အချိန်ကျမှ မိစ္ဆာဝိဥာဥ်က သူ့အမှတ်အသား အတိုင်း လိုက်လာပြီးတော့ သူ့ရဲ့ကျင့်ကြံခြင်း တိုးတက်ဖ်ု့အတွက် အဲ့လူကို စားပစ်တာပေါ့ "

" ဒီ မိန်းကလေးက အဆိပ်ခတ်ခံထားရတာ ကြာလှနေပြီဆိုတော့ ရှင့်ရဲ့ အစွမ်းတွေနဲ့သာ အကာအကွယ် မခံထားရဘူးဆိုရင် သေသွားတာ ကြာလှပြီ "

ထိုစကားကို ကြားသောအခါ ထျဲ့နန်ဟွေ့၏ မျက်နှာ ရုတ်ချည်း ဖြူရော်သွားတော့သည်။

" ဒါ .. ဒါဆို .. သူ့ကို ကယ်ဖို့ နည်းလမ်း ရှိနိုင်ဦးမလားဟင် "

ပန်းလင်က ခေါင်းညိတ်ပြလိုက်ပြီးနောက် မိန်းမငယ်ဘက် လက်လှမ်းကာ ခေါ်၏။

" မိန်းကလေး ၊ ဒီကိုလာခဲ့ "

" အ ... ဟုတ်ကဲ့ "

ထျဲ့လင်က ပန်းလင်အနားသို့ တဖြည်းဖြည်း ချဥ်းကပ်လာသည်။

ထို့နောက်တွင်မူ ပန်းလင်က မိန်းမငယ်ဘက် လက်ညိုးညွှန်လိုက်၏။

ဝီ ...

သဘာဝ စွမ်းအင် အလင်းတန်းတစ်ခုက မိန်းမငယ်၏ မျက်ခုံးထဲသို့ ချက်ချင်း စီးဝင်သွားသည်။

" အား .. "

ထျဲ့လင်ထံမှ အော်သံ ထွက်လာ၏။

" မြေးလေး .. ဘာဖြစ်လို့လဲဟင် "

ထျဲ့နန်ဟွေ့က အလန့်တကြား မေးလိုက်သည်။

" အဘိုး .. ကျွန်မ အဆင်ပြေတယ် ၊ အများကြီး သက်သာလာသလိုပဲ "

ထျဲ့လင်က သူ့မ၏ ခန္ဓာကိုယ်ကို စစ်ဆေးကာ အံ့သြတကြီး ပြောလာ၏။

ထိုစကားကို ကြားသည်နှင့် ထျဲ့နန်ဟွေ့က ချက်ချင်း သူမလက်ကို ကိုင်ကာ သွေးခုန်နှုန်း စမ်းကြည့်လိုက်သည်။

ထျဲလင်၏ ခန္ဓာကိုယ်အား လွှမ်းမိုးနေခဲ့သည့် အစွမ်းက တဖြည်းဖြည်း လွင့်ပါးပျောက်ကွယ်နေလေပြီ ။

" ကျေးဇူးတင်ပါတယ် သခင်မကြီး "

ထျဲ့နန်ဟွေ့က ချက်ချင်း အလေးအနက် ဦးညွှတ်ကာ အရိုအသေ ပေးလိုက်သည်။

သို့သော် ..ပန်းလင်က လက်ကာပြကာ ပြောလာ၏။

" အရမ်းကြီး အပျော်မစောနဲ့ဦး ။ ငါက မိစ္ဆာဝိဥာဥ်ရဲ့ အဆိပ်ကို ဖိနှိပ်ပြီးတော့ မိန်းကလေးရဲ့ ခန္ဓာကိုယ်ကို ဆက်မတိုက်စားအောင်ပဲ လုပ်ထားတာ။ မိစ္ဆာဝိဥာဥ်က သူ့ ခန္ဓာကိုယ်မှာ ချန်ထားခဲ့တဲ့ အမှတ်အသားက အစွမ်းထက်လွန်းနေတော့ အဲ့ဒီ အမှတ်အသားကို မဖျက်ဆီးလိုက်နိုင်ဘူး "

" ဟင် .. ဒါဆို .. "

ထျဲ့နန်ဟွေ့ အံ့အားသင့်သွားသည်။

ပန်းလင်က ဆက်ပြော၏။

" အဓိပ္ပါယ်ကတော့ .. အမှတ်အသားက သူ့ကိုယ်မှာ ရှိနေသေးသရွေ့မိစ္ဆာဝိဥာဥ်က သူ့ကို လာရှာနိုင်တယ် ။ ဘယ်အချိန် လာရှာမယ် ဆိုတာပဲ မသိတာ ။ အဲ့ကျရင် သူ အန္တရာယ်နဲ့ ထပ်ကြုံရလိမ့်မယ် "

" ဒါဆို .. ကျုပ်တို့ ဘာဆက်လုပ်သင့်လဲ "

ထျဲ့နန်ဟွေ့ ကြောက်လန့်တကြား ဖြစ်သွားသည်။

မိစ္ဆာဝိဥာဥ်များကို ကိုင်တွယ်ရန် မည်မျှ ခက်ခဲသည်ကို ကျင့်ကြံသူတစ်ယောက်ဖြစ်သည့် သူ ကောင်းကောင်းကြီး သိထားပြီး ဖြစ်ပါသည်။

ပန်းလင်က ပြောလာ၏။

" စိတ်မပူပါနဲ့ ၊ မိစ္ဆာဝိဥာဥ် ရောက်လာတဲ့အခါကျရင် သူ့ကို အကုအညီတောင်းပြီး အဲ့မိစ္ဆာဝိဥာဥ်ကို အသေသတ်ခိုင်းလိုက် "

သူမက ပြောနေရင်း လောထျန်းအား လက်ညိုးထိုးပြလိုက်သည်။

" ဟင် ... "

ထျဲ့နန်ဟွေ့ အံ့သြမှင်သက်သွားကာ လောထျန်းအား အံ့သြတကြီး ကြည့်လိုက်သည်။

လောထျန်းက အလွန်အစွမ်းထက်ကြောင်းကို သူ သိထားခဲ့ပြီး ဖြစ်သော်လည်း သိုင်းပညာရပ်တွင်သာ ထိုသို့ အစွမ်းထက်သည်ဟု သူ ထင်ထားခဲ့၏။

သို့သော် လောထျန်းက မိစ္ဆာဝိဥာဥ်ကို ရင်ဆိုင်နိုင်သည့် အစွမ်းမျိုး အမှန်တကယ် ရှိထားသည်တဲ့လား ။

သို့ဆိုလျှင် ... လောထျန်းက အစွမ်းထက်သော စိတ်ဝိဥာဥ်အစွမ်းကို ပိုင်ဆိုင်ထားသည် ဆိုသည့် အဓိပ္ပါယ်ပေလား ... ။

စိတ်ဝိဥာဥ်အစွမ်းရော သိုင်းပညာကိုပါ ကျင့်ကြံနိုင်သည့် အစွမ်းထက် ကျင့်ကြံသူမျိုးအမှန်တကယ် ရှိပါသည်လား။

သူ့စိတ်ထဲတွင် အနည်းငယ်မျှ သံသယမကင်း ဖြစ်နေသော်လည်း ၎င်းက သဘာဝ စိတ်ဝိဥာဥ်တစ်ယောက်၏ စကားဖြစ်ရာ သူ့အနေဖြင့် မယုံစရာ အကြောင်းလည်း မရှိပါချေ။

" သခင်လေး ၊ ကျုပ် မြေးမလေးရဲ့ အသက်ကို ကျေးဇူးပြုပြီး ကယ်ပေးပါလားဗျာ "

ထျဲ့နန်ဟွေ့က လောထျန်းအား ဦးညွှတ်အရိုအသေပေးကာအနူးညွှတ် တောင်းဆိုလိုက်သည်။

လောထျန်းက မျက်တောင်ပုတ်ခတ် ပုတ်ခတ်ဖြင့် ပြန်ပြော၏။

" ပျောင်ပိုင်မြို့မှာ အမှုထမ်းရမယ့် အချိန်ကို နောက်ထပ် နှစ်တစ်ရာ ထပ်တိုးရင် ကျုပ် ကူညီပေးမယ် "

ထျဲ့နန်ဟွေ့မှာ ခေတ္တမျှ အံ့သြမှင်သက်သွားသော်လည်း ခေါင်းညိတ်ကာ ပြန်ပြော၏။

" ကျုပ် လုပ်ပါ့မယ် "

သူ့မြေးမလေး၏ အသက်နှင့် အမှုထမ်းရန် နှစ်တစ်ရာ လဲရသည်မှာ အလွန်တန်ပါသည်။

လောထျန်းက အပြုံးဖြင့် ပြောလိုက်သည်။

" သိပ်ကောင်းတယ်ဗျာ ၊ ကဲ .. ဒါဆို ဖုချင်းလျန်ကို သွားရှာပြီးတော့ ခင်ဗျားနဲ့ ခင်ဗျားရဲ့ မြေးနဲ့ နေဖို့ နေရာတစ်ခု စီစဥ်ခိုင်းလိုက်ပါ "

" ဟုတ်ကဲ့ပါ သခင်လေး "

ထျဲ့နန်ဟွေ့က ဦးညွှတ်အရိုအသေပေးကာ ထွက်ခွာသွားသည်။

သူ ထွက်သွားပြီးနောက် ပန်းလင်က ကြက်ပေါင်တစ်ချောင်းကို ကိုက်ကာ ပြောလာ၏။

" လောထျန်း ၊ ဒီ မိန်းကလေးက အစွမ်းထက်တဲ့ ခန္ဓာကိုယ် ရှိတယ် ။ မင်း သူ့ကိုသာ သေချာ လေ့ကျင့်ပေးလိုက်ရင် မိန်းကလေးက အနာဂါတ်မှာ တိုက်ခိုက်ရေးသမားကောင်းတစ်ယောက် ဖြစ်လာလိမ့်မယ်။ သူနဲ့ ကိုက်ညီတဲ့ ကျင့်စဥ်ကိုသာ ဆက်လေ့ကျင့်သွားရင် နောက်ကျ ကောင်းကင်တံခါးဝ အဆင့်ကို ရောက်သွားမှာ လုံးဝ မလွဲဘူး "

လောထျန်းက သူမကို ပြန်ကြည့်ကာ ပြောလိုက်သည်။

" စောနက .. မိန်းကလေးကို အဖွဲ့ဝင်အဖြစ် သွင်းနိုင်အောင်လို့ တမင်ပြောလိုက်တာ မဟုတ်ဘူးမလား "

ပန်းလင်က သူ့ကို မျက်စောင်းထိုးကြည့်ကာ ပြန်ရန်တွေ့၏။

" ဘယ်ဟုတ်မလဲဟဲ့ ၊ ပျောင်ပိုင်မြို့ရဲ့ ကံကောင်းခြင်းက တိုးလာလို့သာ အခုလို ပါရမီရှင်တစ်ယောက် ရောက်လာတာ။ကဲ .. လောလောဆယ် အဲ့ကိစ္စကို ခဏထားလိုက်ပါဦး ၊ ငါ စားစရာရှိတာ သွားစားလိုက်ဦးမယ် "

သူမက ထိုသို့ ပြောပြီးသည်နှင့် ထျဲ့နန်ဟွေ့ ပေးသွားသည့် စားသောက်ဖွယ်ရာများကို ယူကာ လမ်းကြားတဖက်သို့ ထွက်ခွာသွားတော့သည်။

လောထျန်းက ပြုံးလိုက်ပြီး သူနေထိုင်ရာ အဆောင်သို့ ပြန်လည်၍ တည်နေရာရွှေ့ပြောင်းသွား၏။

" ကဲ .. ဘာတွေ ရခဲ့လဲ အရင်ကြည့်ရမယ် "

လောထျန်းက ပြောပြောဆိုဆိုပင် သူ့အင်္ကျီလက်ထဲတွင် ထည့်ထားသော အစွမ်းထက် ကျင့်ကြံသူများထံမှ ရခဲ့သည့် ဟင်းလင်းပြင်လက်စွပ်များကို ထုတ်လိုက်သည်။

ထို့နောက် အတားအဆီးများကို ချိုးဖျက်ကာ အထဲမှ ပစ္စည်းများအားလုံးကို သွန်ချလိုက်၏။

" ဝို .. ‌ေကာင်းကင်ဘုံအဆင့်နဲ့ အဆုံးအစမဲ့ အဆင့်က အစွမ်းထက် ကျင့်ကြံသူတွေလို့  ​မပြောရဘူး ၊ တော်တော်ချမ်းသာကြတာပဲ "

လာထျန်းက သူ့ရှေ့တွင် တောင်လိုပုံနေသည့် အဖိုးတန် သဘာဝ ရတနာများကို ကြည့်ကာ ရေရွတ်လိုက်သည်။

" ဘယ်လိုပဲဖြစ်ဖြစ် ၊ ဒီ ရတတွေထက် ပိုအဖိုးတန်တာ ရှိသေးတယ် "

သူ ထိုသို့ ​ဆက်ပြောကာ အစောပိုင်းက ရခဲ့သော စိတ်ဝိဥာဥ် ပုလဲလုံးများအား ထုတ်လိုက်သည်။

ပြီးခဲ့သည့် တိုက်ပွဲတွင် အဆုံးအစမဲ့ အဆင့်ရှိ စိတ်ဝိဥာဥ်ပုလဲလုံး ၂ လုံးနှင့် ကောင်းကင်ဘုံအဆင့်ရှိ စိတ်ဝိဥာဥ်ပုလဲလုံး ၆၂ လုံး ရခဲ့ပါသည်။

လောထျန်းသည် အချိန်အတန်ကြာ စဥ်းစားပြီးနောက် အဆုံးအစမဲ့ အဆင့်ရှိ စိတ်ဝိဥာဥ်ပုလဲလုံး ၂ လုံးထဲမှ တစ်လုံးကို သူ့အဖေ လောဖုန်း အား ပေးကာ ကျန်တစ်လုံးကို နျိုထျဲ့ချူအား ပေးလိုက်သည်။

လောဖုန်းမှာ သူ့အဖေဖြစ်ပြီး လောမိသားစု၏ ခေါင်းဆောင်တစ်ယောက်လည်း ဖြစ်ရာ သူ မြန်မြန် အစွမ်းထက်လာရန် လိုပေသည်။

နျိုထျဲ့ချူသည်လည်း ပျောင်ပိုင်မြို့ရှိ နတ်ဘုရားသားရဲ သုံးကောင်ထဲတွင် အသန့်စင်ဆုံးသော သွေးနှင့် အထူးဆုံးသော ပါရမီကို ပိုင်ဆိုင်ထားသူတစ်ယောက် ဖြစ်၏။

သို့ဖြစ်ရာ အဆုံးအစမဲ့ အဆင့်ရှိသည့် စိတ်ဝိဥာဥ်ပုလဲလုံးအား သူမကို ပေးလိုက်ခြင်းက အကျိုးအများဆုံး ဖြစ်ပေလိမ့်မည်။

ထို့နောက်တွင်မူ လောထျန်းက ကျန် ကောင်းကင်ဘုံအဆင့်မှ စိတ်ဝိဥာဥ်ပုလဲလုံး ၆၂ လုံးကိုလည်း ခွဲဝေပေးလိုက်သည်။

ကောင်းကင်ဘုံအဆင့်သို့ ရောက်ထားပြီးသည့် ယဲ့ထုံလင်းမှ လွဲ၍ ကျန် နတ်ဆိုး ၂ ယောက်လုံး ပင် ပုလဲလုံးများ ကိုယ်စီ ရသွားခဲ့ကြသည်။

ဘုရင်ကျင်းဖန်နှင့် နျိုဝူဖုန်း တို့ နှစ်ဦးလည်း ပုလဲလုံး တစ်လုံးစီ ရသွားခဲ့ကြ၏။

ထို့နောက် လောမိသားစုမှ အကြီးအကဲများနှင့် ထိပ်တန်း သိုင်းသမားအချို့လဲ ပုလဲလုံးများ ရသွားခဲ့ကြသည်။ အားလုံးကို ခွဲဝေပြီးသွားသည့် နောက်တွင်မူ ပူလဲလုံး ၃၀ ကျော် ကုန်သွားခဲ့၏။

လောထျန်းက ကျန် ပုလဲလုံး ၂၀ ကျော်အား ဖုချင်းလျန်ကို အပ်ထားလိုက်ပြီး မြို့ထဲမှ လူများထံသို့ စိတ်ဓာတ် ၊ ပါရမီ နှင့် သစ္စာစောင့်သိမှုတို့အပေါ် အခြေခံ၍ ခွဲဝေပေးရန် မှာထားလိုက်သည်။

ထိုသို့ ပုလဲလုံးများ အားလုံးကို ခွဲဝေပြီးနောက် အားလုံးကလည်း ပုလဲလုံးများအား သန့်စင်ပြီးသွားသည့် အချိန်တွင်မူ .. လောထျန်းက အရေးကြီးသည့် အမိန့်တစ်ခု ထုတ်ပြန်လိုက်သည်။

All Chapters