← Chapters

မြေးလေးက မသေမျိုးတစ်ယောက် ဖြစ်လာတာလား

Vol. 18 Ch. 246

မြေးလေးက မသေမျိုးတစ်ယောက် ဖြစ်လာတာလား

Vol. 18 Ch. 246

" ဘယ်လို .. "

ထိုမြင်ကွင်းကို ကြည့်နေသည့် ရွှေရောင်သံချပ်ဝတ်နှင့် အစောင့်အကြပ်မှာ အံ့သြမှင်သက်လွန်း၍ ပါးစပ်အဟောင်းသားပင် ဖြစ်သွား၏။

အစောက သူ မသေမျိုး၏ အစွမ်းအပြည့်ကို ထုတ်သုံးခဲ့ခြင်း ဖြစ်ပါသည်။

လောထျန်း၏ ကျင့်ကြံခြင်း အဆင့်အရ ဆိုလျှင် ထိုအစွမ်း၏ ဖိနှိပ်မှုကြောင့် ယခုချိန် သေပင် သေနေသင့်လေပြီ ။

သို့သော် .. တဖက်လူက မည်သို့ အကျိုးဆက်ကိုမှ မခံစားခဲ့ရသည့်အပြင် စာရွက်လိပ်ကိုပါ ဖြဲပစ်ခဲ့သေး၏။

ဘာတွေဖြစ်နေပါသနည်း ။

ထိုစာရွက်လိပ်ပေါ်ရှိ စာလုံးမှာ မသေမျိုးကိုယ်တိုင် ရေးသားခဲ့ခြင်းဖြစ်ပြီး မသေမျိုး၏ အစွမ်း ပါဝင်ပါသည်။

၎င်းက စာရွက်တစ်ရွက်သာ ဖြစ်သည့်တိုင် ၎င်း၏အစွမ်းကမူ မည်သည့် သာမာန် မှော်လက်နက်ထက်မဆို သာသေး၏။

သို့သော် .. ထိုသို့သော အစွမ်းရှိသည့် အရာက ဤသို့ အလွယ်တကူ အဖြဲခံလိုက်ရသည်တဲ့လား ။

" ဟင် .. ငါက သေရတော့မယ်တောင် ထင်နေခဲ့တာ "

နျိုထျဲ့ချူက မြေပြင်မှ လူးလိမ့် ထလာကာ အသက်ကို အငမ်းမရ ရှူလိုက်သည်။

" ဟင် .. ခင်ဗျား အဆင်ပြေရဲ့လား "

လောထျန်းက သူမဘက်သို့ ခေါင်းလှည့် ကြည့်လာပြီး မေး၏။

" တော်တော်ဆိုးရွားတဲ့ ဖိအားပါလားကွာ "

တဖက်မှ ထျဲ့နန်ဟွေ့ကလည်း လူးလဲ ထလာသည်။ သူ့ခန္ဓာကိုယ် အတွင်းထဲတွင်မူ နာကျင်မှုကို ခံစားနေရဆဲပင် ။

" ခင်ဗျားတို့အားလုံး အဆင်ပြေကြရဲ့လား "

" ထျန်းလေး .. "

လောထျန်းနောက်မှ လောဖုန်းကလည်း ခက်ခက်ခဲခဲ ထရပ်သည်။

" အဖေ .. အဆင်ပြေရဲ့လား "

လောထျန်း ရုတ်တရက် အံ့အားသင့်သွားသည်။

" အကိုကြီး ၊ ခုနက ဖိအားကို ဘယ်လိုလုပ်ပြီး ခံနိုင်နေတာလဲရှင် "

နျိုထျဲ့ချူက သူမကိုယ်တွင် ပေနေသည့် ဖုန်နှင့် မြေကြီးများကို ခါရင်း မေးလာ၏။

" ဖိအား .. ဟုတ်လား ၊ ဘာဖိအားလဲ "

လောထျန်း နားမလည်နိုင် ဖြစ်သွားရသည်။

နျိုထျဲ့ချူမှာ ခေတ္တမျှ အံ့သြမှင်သက်နေပြီးမှ ပြော၏။

" ခုနက အကိုကြီး ဆွဲဖြဲလိုက်တဲ့ စာရွက်လိပ်လေ ၊ အကိုကြီး မခံစားလိုက်ရဘူးလား "

လောထျန်းက ခြေထောက်မြှောက်ကာ သူ နင်းထားသည့် စာရွက်လုံးကိုဟကြည့်လိုက်သည်။

" ဒီမှာ ဘာမှလဲ မရှိပါဘူး "

ထို့နောက်တွင်မူ သူ နားလည်သွားဟန်ဖြင့် ပြော၏။

" သြော် ... ခုနက ခင်ဗျားတို့တွေက အဆိပ်​မိလို့ မဟုတ်ဘဲ ဒီ စာရွက်ကြောင့် အောက်ကို ကျသွားကြတာလား "

အားလုံးက ခေါင်းညိတ်ပြလိုက်ကြသည်။

လောထျန်းက အားလုံးကို ကြည့်ကာ ခေါင်းယမ်းရင်း ဆက်ပြော၏။

" စာရွက်လေး တစ်ရွက်ကိုတောင် အဲ့လောက် ကြောက်ကြရတာလားဗျာ။ ခင်ဗျားတို့တွေက တကယ် ထူးဆန်းတာပဲ "

အားလုံးက ဒေါသတကြီးဖြင့် ပြိုင်တူ ပြန်ပြောလိုက်ကြသည်။

" မင်းကသာ လူထူးဆန်း ဖြစ်နေတာ "

လောထျန်းက ချောင်းအနည်းငယ်ဟန့်ကာ အိုးတို့အမ်းတမ်း မျက်နှာဖြင့် ပြန်ပြောလိုက်သည်။

" ကဲ .. ခုက ဒီကိစ္စကို ပြောဖို့ အချိန်ကောင်း မဟုတ်သေးဘူးဗျာ "

သူက ထိုသို့ ပြောလိုက်ပြီးနောက် ရွှေရောင်သံချပ်ဝတ်နှင့် အစောင့်အကြပ်ကြီးဆီသို့ အကြည့်လွှဲလိူက်သည်။ သူ့မျက်လုံးများလည်း ချက်ချင်း အေးစက်သွား၏။

" မင်းက ဘယ်သူလဲ ၊ ဘာရည်ရွယ်ချက်နဲ့ ဒီကို လာခဲ့တာလဲ "

လောထျန်းက မေးလိုက်သည်။

ထိုအချိန်တွင် ရွှေရောင် သံချပ်ဝတ်နှင့် လူကြီးမှာလည်း ရင်ထဲတွင် တစ်မျိုးတမည် ခံစားမိသွား၏။

မည်သို့ ဖြစ်ပျက်နေသည်ကို သူ မသိသော်ငြား စာရွက်လိပ်က ဖျက်ဆီးခံလိုက်ရပြီဖြစ်ရာ သူ အားအကိုးရဆုံး အရာကြီး ပျက်စီးသွားခဲ့လေပြီ ။

ယခု သူတစ်ယောက်တည်းအစွမ်းဖြင့် ဆိုပါက အခြားသူများကို မဆိုထားဘိ ၊ ထျဲ့နန်ဟွေ့တစ်ယောက်ကိုပင် ရင်ဆိုင်နိုင်မည် မဟုတ်ပါချေ။

သို့သော် သူက ထိုအတွေးကို သူ့ရင်ထဲတွင်သာ ထားပြီး မောက်မာသည့် မျက်နှာထားဖြင့်သာ ပြောလိူက်သည်။

" ကောင်လေး ၊ မင်းက မသေမျိုးရဲ့ အမိန့်စာရွက်ကို ဖျက်ဆီးပစ်ပြီးတော့ မသေမျိုး သခင်ကြီးကို စော်ကားခဲ့တာဆိုတော့ အသတ်ခံရဖို့ ထိုက်တန်တယ် "

သို့သော် ..

သူ့စကား ဆုံးဆုံးချင်းမှာပင် ..

ဖြောင်း ..

လောထျန်းက သူ့ကို ရိုက်လိုက်ရာ ထိုလူချက်ချင်း မြေကြီးပေါ် ပြုတ်ကျလာ၏။

ဘုန်း ..

သူ့ကျလာသည့် နေရာရှိ မြေပြင်တွင် တွင်းနက်ကြီးတစ်ခု ဖြစ်သွားတော့သည်။

" ပါးစပ်ပိတ်ထားစမ်း ၊ အခုချိန်ထိ ငါ့ကို ခြိမ်းခြောက်နေသေးတယ်ပေါ့လေ ။ မင်းက သေချင်နေပြီနဲ့တူတယ် "

လောထျန်းက အေးစက်စက် ပြောလိုက်သည်။

အမှန်တွင်မူ အစောက ရိုက်လိုက်သည့် လက်ဝါးချက်ထဲတွင် သူ အစွမ်းအနည်းငယ်ကိုသာ ထည့်သုံးထားခြင်း ဖြစ်ပါသည်။

သို့မဟုတ်ဘဲ အစွမ်းပြည့်သာ သုံးခဲ့ပါက တဖက်လူ၏ အလောင်းအစအနပင် ကျန်မည် မဟုတ်ပါ။

သို့သော်.. ယခု အနည်းငယ်သော အစွမ်းကိုသာ သုံးခဲ့သည့်တိုင် ရွှေရောင်သံချပ်ဝတ်နှင့် အစောင့်အကြပ်မှာ ဒဏ်ရာကြီးစွာ ရသွားခဲ့ရ၏။

သူ့ကိုယ်ပေါ်မှ ရွှေရောင်သံချပ်ကာ ဝတ်စုံမှာ ကြေမွနေပြီး သူ့မျက်နှာတစ်ပြင်လုံးလည်း ဖူးယောင်နေကာ ပါးစပ်ထဲတွင်လည်း သွေးများပြည့်နေသည်။

" မင်း .. မင်းက ငါ့ကို ရိုက်ရဲတယ်ပေါ့လေ ။ ငါက မသေမျိုး သခင်ကြီးရဲ့ သတင်းပို့ တဲ့သူပဲကွ "

ထိုလူကြီးက ဒေါသတကြီး အော်လိုက်သည်။

ထိုစဥ် ထျဲ့နန်ဟွေ့က တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိထားမိကာ မြန်မြန်ဝင်မေး၏။

" ခင်ဗျားပြောတဲ့ မသေမျိုးသခင်ကြီးဆိုတာ ဘာကို ဆိုလိုတာလဲ ။ မသေမျိုးအဆင့်က ကျင့်ကြံသူကို ပြောတာလား "

အစောင့်အကြပ်ကြီးက နှာခေါင်းရှုံ့ကာ အေးစက်စက် ပြန်ပြောသည်။

" ဒါပေါ့ကွ "

" ဘာ .. "

ထိုစကားကို ကြားသည်နှင့် ထျဲ့နန်ဟွေ့ တစ်ကိုယ်လုံး အေးခဲကာ ကြက်သေ သေသွားသည်။

မသေမျိုးတစ်ယောက်တဲ့လား ...

ဤကမ္ဘာကြီးတွင် ထိုသို့သော အဆင့်ရှိသည့် လူတစ်ယောက်မှ ပေါ်မလာသည်မှာ နှစ်ပေါင်းများစွာ ကြာသွားခဲ့လေပြီ။

ယနေ့ ထပ်ပေါ်လာပြီတဲ့လား ..

" အဲ့ လူသား မသေမျိုးက ဘယ်သူလဲ ။ ကျုံ့ကျိုးဒေသ၊ မြင့်မြတ်နယ်မြေက မသေမျိုးက ဒီမြောက်ပိုင်းဒေသဘက်ကို လာခဲ့တာများလား ။ ဒါမှမဟုတ် .. ပိုမြင့်တဲ့ အဆင့်ကနေ ဆင်းသက်လာတဲ့ မသေမျိုး များလား "

ထျဲ့နန်ဟွေ့က အလန့်တကြား မေးလိုက်သည်။

အကယ်၍ ကျုံးကျိုးဒေသဘက်မှ မသေမျိုး လာခဲ့သည် ဆိုလျှင်ပင် တော်သေးသည်ဟု ပြော၍ ရပါသေးသည်။ သူတို့အားလုံးမှာ ဤကမ္ဘာတွင် နေကြသူများ ဖြစ်ကြရာ လွန်လွန်ကျူးကျူး လုပ်မည် မဟုတ်ပါချေ။ သို့သော် .. ပိုမြင့်သည့်အဆင့်မှ ဆင်းလာသော မသေမျိုး ဆိုလျှင်မူ .. အားလုံးအတွက် ပြဿနာ ပိုများသွားနိုင်ပေသည်။

သမိုင်းတလျှောက်တွင်လည်း ပိုမြင့်သည့် အဆင့်မှ မသေမျိုးတစ်ယောက် ဆင်းလာတိုင်း မြောက်ပိုင်းဒေသတစ်ခွင် ဒုက္ခများခဲ့ရသည်ချည်း ဖြစ်ပါသည်။

ရွှေရောင်သံချပ်ဝတ် အစောင့်အကြပ်ကြီးက အေးစက်စက် ပြန်ပြောလာ၏။

" ဘာ ပိုမြင့်တဲ့အဆင့်က မသေမျိုး ဖြစ်ရမှာလဲ။ ငါပြောတဲ့သူက ဒီကမ္ဘာမှာ နေတဲ့ မသေမျိုး ၊ ဒီမြောက်ပ်ုင်းဒေသက မသေမျိုးကွ "

" ဟင် .. "

သူ့စကားကြောင့် ထိုနေရာတွင် ရှိနေသူများအားလုံး အံ့သြတုန်လှုပ်သွားကုန်သည်။

" မြောက်ပိုင်းဒေသမှာ မသေမျိုးတစ်ယောက် ရှိနေတာလား .. ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "

" လွန်ခဲ့တဲ့ နှစ်တွေ ဒီလောက်အကြာကြီးမှာတောင် မြောက်ပိုင်းဒေသမှာ မသေမျိုး တစ်ယောက်ပဲ ပေါ်လာခဲ့ဖူးတာလေ ။ ဒါပေမယ့် သူကလဲ အခု သေသွားပြီ မဟုတ်လား '

အားလုံးက တစ်ယောက်ကိုတစ်ယောက် မယုံကြည်နိုင်စွာ လှမ်းကြည့်လိုက်ကြသည်။

" သခင်ကြီး ပြောခဲ့တဲ့ ဒီကမ္ဘာပေါ်က မသေမျိုးဆိုတာက ရှေးဟောင်းကျင့်ကြံသူတစ်ယောက်များ ဖြစ်နေမလား "

ထျဲ့နန်ဟွေ့က ရွှေရောင်သံချပ်ဝတ် အစောင့်အကြပ်ကို ကြည့်ကာ မေးလိုက်သည်။

ထိုလူကြီးက အေးစက်စက် ပြန်ဖြေ၏။

" ငါပြောတဲ့သူက သိပ်မကြာခင်ကမှ မသေမျိုးတစ်ယောက် ဖြစ်လာတဲ့သူပဲ "

ထျဲ့နန်ဟွေ့ မျက်မှောင်ကြုံ့သွားပြန်သည်။

" သိပ်မကြာခင်ကမှ မသေမျိုးဖြစ်လာတာ ... ဒါဆို .. အဲ့လူက မြောက်ပိုင်း နတ်ဘုရားမြို့တော်က မြို့စားကြီးများလား "

မြောက်ပိုင်း နတ်ဘုရားမြို့တော်၏ မြို့စားကြီး သုံးယောက်လုံးမှာ ကောင်းကင်ဘုံ တံခါးဝအဆင့် ကျင့်ကြံခြင်း ရှိကြသူများ ဖြစ်ပါသည်။

ထို့အပြင် မြောက်ပိုင်းဒေသ သမိုင်းတလျှောက်တွင်လည်း ဤကမ္ဘာပေါ်တွင်နေကာ မသေမျိုး ဖြစ်သွားခဲ့သည့် တစ်ဦးတည်းသောကျင့်ကြံသူမှာ ထိုမြောက်ပိုင်းနတ်ဘုရားမြို့တော်၏ ဘိုးဘေးပင် ။

သို့ဖြစ်ရာ .. ထိုမြို့စားကြီး သုံးယောက်ထဲမှ တစ်ယောက်က ဤကမ္ဘာပေါ်ရှိ မသေမျိုး ဖြစ်လာသည်ဆိုလျှင် ကျိုးကြောင်း သင့်လျော်သည်ဟု ပြော၍ရပါသည်။

သို့သော် .. ရွှေရောင်သံထျပ်ဝတ် အစောင့်အကြပ်ကြီးက သူ့ကို ပြန်ကြည့်ကာ လှောင်ပြုံးဖြင့် ပြောလာ၏။

" မြောက်ပိုင်းနတ်ဘုရားမြို့တော် ..ဟုတ်လား ။ ဟားဟား .. ငါ့ရဲ့ မသေမျိုး သခင်ကြီးက မြောက်ပိုင်းဒေသ တစ်ခုလုံးမှာ အစွမ်းအထက်ဆုံး ဖြစ်တဲ့ မိုးကြိုးဘုရင်ပဲကွ '

" ဘာ ပြောလိုက်တယ် ... "

ဤတစ်ကြိမ်တွင် ထျဲ့နန်ဟွေ့၏ အသံက ယခင်ကထက် များစွာ ပိုကျယ်သွားသည်။

မိုးကြိုးဘုရင်တဲ့လား ..

ထိုလူက အမှန်တကယ် မသေမျိုးတစ်ယောက် ဖြစ်လာသည်လား ...။

အကယ်၍ ထိုလူသာ မသေမျိုး ဖြစ်လာပါက ယနေ့ လောထျန်းက ထိုလူ၏ သတင်းပို့သူအား ရိုက်လိုက်ခြင်းမှာ ကောင်းသောကိစ္စတစ်ခု မဟုတ်ပေ။

မိုးကြိုးဘုရင်မှာ အလွန် ရန်ငြိုးကြီးပြီး ရက်စက်သွေးဆာသည့် လူတစ်ယောက်ပင် ။

သူသည် တစ်ယောက်ယောက်က သူ့အပေါ် မလေးမစား လုပ်သည့် အရိပ်အယောင်ကို မြင်သည်နှင့် ထိုလူ၏ မိသားစု တစ်ခုလုံးကို လိုက်ရှာကာ အသေသတ်လေ့ ရှိသူ တစ်ယောက် ဖြစ်ပါသည်။

ယခု သူ လွှတ်လိုက်သည့် သတင်းပို့သမားက အရိုက်ခံခဲ့ရပြီး သူ၏ မသေမျိုး အမိန့်စာလိပ်မှာလည်း ဖျက်ဆီးခံခဲ့ရသည်ဖြစ်ရာ သူ ထိုင်ကြည့်နေမည် မဟုတ်သည်မှာ သေချာလှ၏။

ထျဲ့နန်ဟွေ့၏ မျက်မှာပေါ်မှ ကြောက်ရွံ့သွားသည့် အမူအရာကို ကြည့်ကာ ရွှေရောင်သံချပ်ဝတ်နှင့် လူကြီး စိတ်ကျေနပ်သွားသည်။

" ဟာဟား .. မင်းက အခုတော့ ကြောက်နေပြီပေါ့လေ ။ ဒါပေမယ့် .. နောက်ကျသွားခဲ့ပြီကွ "

ထိုလူကြီးက လှောင်ပြုံးဖြင့် ဆိုလိုက်သည်။

ထိုအချိန်မှာပင် ထျဲ့နန်ဟွေ့က လောထျန်းဘက်လှည့်ကြည့်ကာ ပြော၏။

" သခင်လေး ၊ ကျုပ်တို့တော့ ဒုက္ခရောက်ပြီနဲ့တူတယ် "

သို့သော် .. ထိုအချိန်တွင် လောထျန်းမှာကား အတွေးနယ်ချဲ့လျက် ရှိနေသည်။

" မိုးကြိုးဘုရင် ... ဒီနာမည်ကို တစ်နေရာမှာ ကြားဖူးနေသလိုပဲ ... "

သူ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

ထိုစဥ် ဘေးမှ ယဲ့ထုံလင်းက ဝင်ပြောလာ၏။

" သခင်လေး .. မေ့သွားပြီလားဗျ ၊ သခင်လေးက မိုးကြိုးဘုရင်ရဲ့ စိတ်ဝိဥာဥ်ကိုယ်ပွားပုံရိပ်ကို အကြိမ်ရေ ရာနဲ့ချီပြီး ပါးချခဲ့သေးတယ်လေ ။ ပြီးတော့ သူ့မျက်နှာကိုလဲ တံတွေးထွေးခဲ့သေးတယ် "

လောထျန်းက ထိုအချိန်မှသာ ချက်ချင်း မှတ်မိသွားပြီး ပြောသည်။

" သြော် .. ဟုတ်သားပဲ ၊ အခု မှတ်မိပြီ ။ ငါ့ကို ဖိုးဖိုးလို့ခေါ်ပြီး တောင်းပန်သွားခဲ့တဲ့ အဲ့ မြေးလေးလား ။ သူက မသေမျိုးတစ်ယောက် တကယ်ဖြစ်လာတယ်ပေါ့ ။၊ ကောင်းသားပဲ။ "

ကျန်လူများ  :  " ........... "

ထျဲ့နန်ဟွေ့နှင့် ရွှေရောင်သံချပ်ဝတ် အစောင့်အကြပ်တို့မှာ ကြားလိုက်ရသည့် စကားကိုပင် မယုံနိုင်ကြပါချေ။

လောထျန်းက မိုးကြိုးနှင့် လျှပ်စီးတို့၏ ဘုရင်ကို ပါးရိုက်ပြီး မျက်နှာကို တံတွေးထွေးခဲ့သည်တဲ့လား ။

ထို့အပြင် .. မိုးကြိုးဘုရင်ကြီးကို သူ့မြေးဟုပင် ခေါ်လိုက်သေးသည်လား ..

သူ နားကြားများ လွဲလေရော့သလား ...

" မင်း .. မင်းက ဘယ်သူလဲ "

ရွှေရောင်သံချပ်ဝတ် အစောင့်အကြပ်ကြီးက လောထျန်းအား တုန်လှုပ်စွာ ကြည့်ကာ မေးလိုက်သည်။

သူရှေ့မှ လူမှာ သာမာန်သူတစ်ယောက် မဟုတ်ဘဲ အလွန်အစွမ်းထက်ကြောင်းကို သူ ယခုမှသာ သိလိုက်ရလေပြီ။

" ငါလား .. ငါက မင်းရဲ့ သခင်ကြီးတောင် စော်ကားလို့ မရတဲ့ လူတစ်ယောက်ပေါ့ကွာ "

လောထျန်းက ထိုသို့ပြောကာ ရွှေရောင်သံချပ်ဝတ်နှင့် အစောင့်အကြပ်ဆီသို့ လျှောက်သွားလိုက်သည်။

ထိုလူ အလွန်ကြောက်လန့် တုန်လှုပ်သွား၏။

မိုးကြိုးဘုရင်ကြီးကိုပင် ပရိုက်၊ တံတွေးထွေး လုပ်ရဲသူမှာ သူ့ကို သတ်ရန်လည်း ဝန်လေးမည်မဟုတ်ပေ။

" သခင်လေး ၊ ကျုပ်ကို သွားခွင့်ပေးပါဗျာ။ ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို ဘယ်သုမှ မသိစေရဘူးလို့ ကျုပ် ကတိပေးပါတယ်။ ပြီးတော့ ကျုပ် မိုးးကြိူးဘုရင်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ အများကြီးကိုလဲ သိထားပါတယ်။ ကျုပ် သိသမျှ အကုန် ပြောပြပါ့မယ်ဗျာ "

ရွှေရောင်သံချပ်ဝတ် အစောင့်အကြပ်ကြီးက ချက်ချင်း မြေပြင်သို့ ဒူးထောက်ချကာ လောထျန်းအား ပြားပြားဝပ် အရိုအသေပေးလိုက်သည်။

သို့သော် .. လောထျန်းက အေးစက်စက် ပြန်ပြောလာ၏။

" မလိုဘူ ၊ ငါ့ဟာငါ ကြည့်လိုက်မယ် "

လောထျန်းက ထိုသို့ ပြောလိုက်ပြီးနောက် တဖက်လူ၏ ဂုတ်မှ ဆွဲမကာ စိတ်ဝိဥာဥ်အစွမ်းကို ထုတ်လွှတ်လိုက်သည်။

တခဏအကြာတွင်မူ သူ့လက်ထဲ၌ စိတ်ဝိဥာဥ် ပုလဲလုံးတစ်လုံး ပေါ်လာကာ ရွှေရောင်သံချပ်ဝတ် အစောင့်အကြပ်ကြီး သေဆုံးသွားတော့၏။

" ကဲ ၊ ကောင်းကင်ဘုံအဆင့် စိတ်ဝိဥာဥ် ပုလဲလုံး မရသေးတဲ့သူ ရှိသေးလား ။ မရသေးရင် လက်ထောင်ပါ "

လောထျန်းက မေးလိုက်သည်။

All Chapters