← Chapters

အကြည့်တစ်ချက်တည်းဖြင့် ...

Vol. 18 Ch. 250

အကြည့်တစ်ချက်တည်းဖြင့် ...

Vol. 18 Ch. 250

လောထျန်းက ခေါင်းယမ်းပြသည်။

" နှစ်ခုလုံး မဟုတ်ဘူးဗျ ။ ကျုပ်က အခုမှ စိတ်ဝိဥာဥ်အသွင်ပြောင်း အဆင့် ၉ မှာပဲ ရှိသေးတယ် "

အမှန်တွင်လည်း သူ့ကျင့်ကြံခြင်းအဆင့်က စိတ်ဝိဥာဥ်အသွင်ပြောင်း အဆင့် ၉ ၌သာ ရှိပါသေး၏။

သို့သော် .. သူ့ အစွမ်းကမူ ပြောရန် ခက်ပေသည်။

လောထျန်း၏ အဖြေကို ကြားသည်နှင့် တဖက်လူများ အံ့သြတုန်လှုပ်သွားကြကုန်၏။

လောထျန်းမှာ ကျန်းချင် နှင့် ရွယ်တူ ၊ သို့မဟုတ် သူမထက်ပင် ငယ်နိုင်ပါသေးသည်။

သို့သော် သူက စိတ်ဝိဥာဥ်အသွင်ပြောင်း အဆင့် ၉ သို့ပင် ရောက်နေပြီတဲ့လား ။

ထို့အပြင် သူ့ တိုက်ခိုက်စွမ်းရည်မှာ သူ့ကျင့်ကြံခြင်းအဆင့်ထက်ပင် ပိုအစွမ်းထက်နေသေး၏။

သူက သူတို့ထက် ပါရမီထက်သန်မှုအား များစွာ ပိုကောင်းသည်မှာ သံသယ ဝင်စရာ မလိုပါချေ။

အကယ်၍ သူတိ့သည်သာ လောထျန်း၏ အစွမ်း အမှန်ကို သိသွားခဲ့ပါ အံ့သြလွန်း၍ မေ့ပင်လဲကျသွားမလား မပြောနိုင်ပါ။

လမ်းတလျှောက်တွင် သူတို့လူစု မည်သည့်အခက်အခဲမှ ထပ်မကြုံတော့ဘဲ တောင်ကြောတလျှောက်နှင့် တောအုပ်များကြားထဲ လှည့်ပတ် သွားလိုက်ကြသည်။

ထိုအချက်ကြောင့် ကျောက်ရှုံးတစ်ယောက် အနည်းငယ်ပင် အံ့အားသင့်နေသည်။

လောထျန်းနှင့် မတွေ့ခင်က သူတို့ လာခဲ့သည့် လမ်းတွင်  မြောက်များစွာသော သားရဲများနှင့် ရင်ဆိုင် တွေ့ခဲ့ရ၏။

သို့သော .. ယခုတွင်မူ မည်သည့်အကြောင်းရင်းကြောင့် မသိရဘဲ သားရဲများက ပျောက်ခြင်းမလှ ပျောက်နေလေပြီ ။

မည်မျှ ထူးဆန်းလိုက်ပါသနည်း။

ထိုအချိန် .. သူတို့နှင့် မိုင်ရာချီဝေးသော တစ်နေရာ၌ ..  များစွာသော သားရဲများက လောထျန်းရှိသည့်ဘက်သို့ ကြည့်ကာ ကြောက်ရွံ့တုန်ယင်နေကြသည်။

" သခင်ကြီး .. ခုနက ဘာကြီးလဲဗျာ ။ တော်တော် ကြောက်စရာကောင်းတဲ့ လူသတ် အရိပ်အငွေ့ပဲ "

သားရဲတစ်ကောင်က လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

" ငါလဲ မသိဘူးကွ ၊ ဘယ်လိုပဲဖြစ်ဖြစ် သူ့ကိုတော့ သွားပြီး ရန်စလို့ မဖြစ်ဘူး "

ကွေ့ရှအဆင့်မှ သားရဲတစ်ကောင်ကလည်း တစ်ကိုယ်လုံး တုန်နေရင်း ​ပြန်ပြော၏။

အစောပိုင်းက လောထျန်းတစ်ယောက် သားရဲအား သတ်လိုက်သည့်အချိန်တွင် လူသတ်အချို့အငွေ့ အနည်းငယ်ကို မမျှော်လင့်ဘဲ ထုတ်လွှတ်မိသွားခဲ့ပါသည်။

၎င်းမှာ အနည်းငယ်မျှသာ ဖြစ်သော်လည်း မိုင်တစ်ရာခန့် အကွာအဝေးအတွင်းမှ သားရဲများအားလုံး ထိတ်လန့်တုန်လှုပ်သွားခဲ့ကြ၏။

အထူးသဖြင့် ထုံရွှယ်အဆင့်နှင့် အထက် အစွမ်းရှိထားကြသည့် သားရဲများပင်။

၎င်းတို့၏ လူသတ်အရိပ်အငွေ့အပေါ် အာရုံခံနိုင်စွမ်းနှင့် စိတ်စွမ်းအင် အာရုံတို့မှာ လူသားများထက် များစွာ ပိုသာကြပါသည်။

ထို့ကြောင့်လည်း လောထျန်းက လူသတ်အရိပ်အငွေ့ အနည်းငယ်ကို ထုတ်လွှတ်လိုက်မိသည်နှင့် တစ်ပြိုင်နက် သူတို့အားလုံး အာရုံခံမိကာ ထွက်ပြေးခဲ့ကြခြင်း ဖြစ်သည်။

ဤသို့ဖြင့် ညဥ့်က နက်သထက် ပိုနက်လာခဲ့၏။ လောထျန်းတို့လူစုမှာ လမ်းတလျှောက်တွင် သားရဲများနှင့် ထပ်မကြုံခဲ့ကြသော်လည်း အဆင့် ၄ စိတ်စွမ်းအင် ဆေးပင်များကို ရှာမတွေ့ခဲ့ကြချေ။

သူတို့ထဲမှ ကျန်းချင်နှင့် အငယ်ဆုံး မိန်းကလေး ကျန်းယွမ်တို့မှာ ဆက်မသွားနိုင်ကြတော့သဖြင့် သူတို့အားလုံး ထိုညအတွက် အနားယူပြီး နောက်နေ့ မနက် မိုးသောက်မှသာ ခရီးဆက်ကြရန် ဆုံးဖြတ်ချက် ချခဲ့ကြသည်။

ကျန်းယွမ်မှာ အသက်ငယ်ငယ်သာ ရှိသေးပြီး အိမ်တွင် ချမ်းချမ်းသာသာဖြင့် စိတ်တိုင်းကျ မနေခဲ့ရသည့်တိုင် ပင်ပန်းဆင်းရဲမှုမျိုးကိုလည်း မကြုံခဲ့ရပေ။

ထို့ကြောင့် ယခုခရီးပန်းပြီး မီးပုံဘေးတွင်ပင် အိပ်ပျော်သွားခဲ့၏။

ကျန်းချင်ကမူ မအိပ်ဘဲ သူမ၏ ဓားကို ဆွဲထုတ်ကာ မီးပုံဘေး မနီးမဝေးတွင်ပင် ဓားသိုင်း လေ့ကျင့်နေသည်။

" သူက အဲ့လိုပဲဗျ ။ အိပ်တာနဲ့ စားတဲ့အချိန်က လွဲပြီးတော့ ဓားကိုပဲ အမြဲတမ်း လေ့ကျင့်နေတာ  "

နံဘေးမှ ကျောက်ရှုံးက ရှင်းပြ၏။

လောထျန်းမှာ ကျန်းချင်ကို ကြည့်ရင်း စိတ်ထဲမှ ကြိတ်လေးစားသွားရသည်။

ဓားသိုင်းပညာ ...

ယခု သေချာစဥ်းစားကြည့်မှသာ သူသည် ကောင်းကင်ဘုံ ဓားသိုင်းမှ လွဲ၍ အခြား မည်သည့် ဓားသိုင်းကိုမှ မလေ့ကျင့်ခဲ့ဖူးသလို မည်သည့် သိုင်းပညာရပ်ကိုမှလည်း မလေ့ကျင့်ခဲ့ဖူးမှန်း လောထျန်း သတိထားမိလိုက်သည်။

အကယ်၍ မြောက်ပိုင်းနန်းတော်သို့ မဝင်နိုင်ခင် မိမိမည်သူဆိုသည်ကို မပြလိုပါက အခြားသိုင်းပညာများကို တတ်ထားရန် လိုကြောင်းလည်း သူ ဆက်စဥ်းစားမိသွား၏။

လောထျန်း ထိုသို့ တွေးနေစဥ်မှာပင် ကျန်းချင်က ဓားကို ပြန်သိမ်းကာ မီးဘုံဘေးသို့ ပြန်ရောက်လာသည်။

" ကျန်းချင် ၊ ခင်ဗျားရဲ့ ဓားသိုင်းကျင့်စဥ်က ဘယ်လိုခေါ်လဲဗျ "

လောထျန်း မေးလိုက်သည်။

သူ့မေးခွန်းကို ကြားသည်နှင့် ကျန်းချင်က ချက်ချင်းပင်ဂုဏ်ယူဝင့်ကြွားစွာ ပြန်ဖြေ၏။

" ကျွန်မ လေ့ကျင့်တဲ့ ဓားသိုင်းက မုန်တိုင်း ဓားကျင့်စဥ်လို့ ခေါ်တယ်ရှင့် "

လောထျန်းက ခေါင်းညိတ်လိုက်သည်။

" ခင်ဗျားဆီမှာ ဒီကျင့်စဥ်ရဲ့ စာအုပ်ရော ရှိလားဗျ ။ တကယ်လို့ ရှိတယ်ဆို ကျုပ် တစ်ချက် ကြည့်လို့ ရမလား "

ထိုစကားကို ကြားသောအခါ ကျန်းချင် အံ့သြမှင်သက်သွား၏။

သူမထံတွင် မုန်တိုင်းဓားကျင့်စဥ်ကို ဂီတသံစဥ်များနှင့်အတူ ရိုးရိုးရှင်းရှင်း ​ဖော်ပြရေးသားထားသည့် စာအုပ်တစ်အုပ် ရှိပါသည်။

သို့သော် သူမသည် အချိန်အတန်ကြာ ကြိုးစား၍ ငွေစုဆောင်းလာပြီးမှသာ သူမအဖေမှတဆင့် ထိုစာအုပ်ကို ဝယ်ခဲ့ရခြင်းဖြစ်၏။

ထိုအချိန်မှစ၍လည်း ထိုကျင့်စဥ်တစ်ခုတည်းကိုသာ သူမ လေ့ကျင့်ခဲ့သည်။

ယခု လောထျန်းက သူမ တန်ဖိုးထားရသည့် ကျင့်စဥ်ကို လာငှားရမ်းနေသည်ဖြစ်ရာ သူမ အနည်းငယ် တွန့်ဆုတ်ဆုတ် ဖြစ်နေသည်မှာ မလွန်ချေ။

လောထျန်းကလည်း သူမအတွေးကို မြင်သွားကာ အပြုံးဖြင့် ပြန်ပြော၏။

"  ကျုပ်က ဒီတိုင်း ပြောလိုက်တာပါဗျာ ။ ပြဖို့ အဆင်မပြေလဲ ကိစ္စမရှိပါဘူး "

သိုင်းပညာကျင့်စဥ်များမှာ အများက တန်ဖိုးထားရသည့် အရင်းအမြစ်များ ဖြစ်သည်ကို သူ သိပြီးသား ဖြစ်ပါသည်။

သို့ဖြစ်ရာ မိမိ၏ သိုင်းပညာကျင့်စဥ်ကို အခြားသူများအား မပြလိုသည်မှာ သဘာဝကျပါသည် ။

ထိုစကားကို ကြားသောအခါ ကျန်းချင်၏ မျက်နှာလေး ချက်ချင်း ရဲသွားသည်။

" ကျန်းချင် .. ကျန်းချင် .. နင်တော်တော် တုံးတာပဲ ။ ဒီလူက နင့်အသက်ကို ကယ်ခဲ့တာတောင် နင်က သူ့ကို သာမာန် သိုင်းစာအုပ်လေးတောင် မပြနိုင်ဘူးပေါ့ ။ နင်တော်တော် လွန်တာပဲ "

ကျန်းချင်က သူမကိုယ်သူမ စိတ်ထဲမှ ပြန်ဆူလိုက်သည်။ ထို့နောက် ဟင်းလင်းပြင်လက်စွပ်ထဲမှ သိုင်းစာအုပ်ကို ထုတ်၍ လောထျန်းအား လက်နှစ်ဖက်ဖြင့် တရိုတသေ လှမ်းပေးလိုက်၏။

" ဘာတွေ ပြောနေတာလဲ အကိုထျန်းရယ် ။ အကိုထျန်းက ကျွန်မအသက်ကို ကယ်ခဲ့တဲ့သူပါ ။ ဒီလိုလူမျိုးကို ကျွန်မရဲ့ ဘာမဟုတ်တဲ့ သိုင်းစာအုပ်ထက်တောင် ပိုပေးသင့်တာပါရှင် "

သူမ ဆိုလိူက်သည်။

လောထျန်းက မည်သို့မှ မပြောဘဲ နှုတ်ခမ်းတွန့်ရုံပြုံးပြီး သိုင်းစာအုပ်ကို လှမ်းယူလိုက်၏။ ထို့နောက် တစ်ရွက်ပြီးတစ်ရွက် ခပ်မြန်မြန်လှန်ပြီး ဖတ်ကြည့်ကာ ကျန်းချင်အား ပြန်ပေးလိုက်သည်။

" ကျေးဇူးတင်ပါတယ် "

သူ အပြုံးဖြင့် ဆိုလိုက်သည်။

" အမ် ... "

ကျန်းချင်တစ်ယောက် အလွန်အံ့သြမှင်သက်သွား၏။

အကယ်၍ လောထျန်းက သူမ၏ သိုင်းစာအုပ်ကို မလိုချင်လျှင်ပင် အချိန်အတန်ငယ်ကြာအထိ ဖတ်ကြည့်လိမ့်မည်ဟုသာ သူမ ထင်ထားခဲ့မိပါသည်။

သို့သော် .. လောထျန်းက စက္ကန့်ပိုင်းလေးအတွင်းမှာပင်  သူမကို စာအုပ်ပြန်ပေးလာရာ သူမ မည်သို့ လုပ်ရမည်မသိ ဖြစ်သွား၏။

သူမ အစောက တွန့်ဆုတ်နေခဲ့၍များ သူ စိတ်ဆိုးသွားသည်လား ..

ထိုသို့ တွေးမိကာ သူမ အပြစ်မကင်းသလို ပိုခံစားသွားရသည်။

" အကိုထျန်း ၊ ကျွန်မက ဒီ ဓားသိုင်းစာအုပ်ကို အလွတ်တောင် ရနေပြီမို့ အကိုထျန်းပဲ ယူထားလိုက်ပါ "

ကျန်းချင်က ပြောလိုက်သည်။

သို့သော် လောထျန်းက ခေါင်းယမ်းကာ ပြောလာ၏။

" တော်ပြီဗျ ၊ ကျုပ် မလိုတော့ဘူးမို့ပါ "

အမှန်တွင်လည်း လောထျန်း ၎င်းကို ထပ်ကြည့်ရန် မလိုတော့ပါချေ။

၎င်းမှာ ထို မုန်တိုင်းဓားကျင့်စဥ်ကို သူ သဘောမကျ၍ မဟုတ်ဘဲ ..  စာအုပ်ကို ဖတ်ပြီးသွားသည့် အချိန်၌ သူ အားလုံးကို သင်ယူပြီးသွားသောကြောင့် ဖြစ်ပါသည်။

ယခု ထိုကျင့်စဥ်မှ သိုင်းကွက်များအကြောင်း ထပ်စဥ်းစားလိုက်ရုံဖြင့်ပင် သူ အားလုံးကို ကျွမ်းကျွမ်းကျင်ကျင် ဖြစ်သွားခဲ့လေပြီ ။

သူ၏ စိတ်ဝိဥာဥ်အစွမ်းက ပိုအစွမ်းထက်လာသည်နှင့်အမျှ စာဖတ်သည့်နှုန်းလည်း မြန်လာပြီး လေ့လာသင်ယူနိုင်စွမ်းလည်း ပိုတိုးလာခဲ့သည်ဖြစ်ရာ ယခုဖြစ်ရပ်က သူ့အတွက် မဆန်းတော့ပေ။

ထို့အပြင် ကောင်းကင်ဘုံသိုင်းကျမ်းကြောင့်လည်း သူ၏ ဉာဏ်ရည်နှင့် နားလည်နိုင်စွမ်းက ကြောက်မက်ဖွယ် ​ကောင်းလောက်အောင်ပင် မြင့်နေခဲ့လေပြီ ။

ယခင်ကဆိုလျှင် သူသည် ကောင်းကင်ဘုံသိုင်းကျမ်း တစ်ခုတည်းကို လေ့ကျင့်ရာတွင်သာ အခြားသူများထက် ပိုမြန်သည်ဟု ထင်ထားခဲ့သေး၏။

သို့သော် ယခုတွင်မူ မည်သည့်အရာကိုမဆို လျင်မြန်စွာဖြင့် အချိန်တိုအတွင်း နားလည်နိုင်ကြောင်း သူ သိနေခဲ့ပြီဖြစ်သည်။

သို့သော် ကျန်းချင်ကမူ ထိုအရာများကို မသိနိုင်ပါချေ။

သူမမှာ လောထျန်းက ဒေါသထွက်ပြီး စိတ်ဆိုးနေသည်ဟုသာ ထင်နေ၏။

ထို့ကြောင့် သူမ အံကြိတ်ကာ ဟင်းလင်းပြင်လက်စွပ်ထဲမှ စာအုပ်နောက်တစ်အုပ်ကို ထုတ်ယူလိုက်သည်။

" အကိုထျန်း ၊ ဒီ ' မုန်တိုင်းအရိပ် ကျင့်စဥ် ' က အစွမ်းထက်တဲ့ ခန္ဓာကိုယ်ကျင့်စဥ်တစ်ခုပဲရှင့်။ ဒီဟာကို လေ့ကျင့်ဖို့ တော်တော်လေးတော့ ခက်တာမို့ ကျွန်မတောင် မလေ့ကျင့်ရသေးဘူး။ အကိုထျန်းက မုန်တိုင်းဓားကျင့်စဥ်ကို မကြိုက်ရင် ဒီဟာကို ယူပါ "

ကျန်းချင်က ပြောလိုက်သည်။

" ကျန်းချင် .. မင်း .. "

၎င်းကို မြင်သောအခါ နံဘေးမှ ကျောက်ရှုံးတစ်ယောက် အလွန်အံ့သြတုန်လှုပ်သွား၏။

ထို ' မုန်တိုင်းအရိပ် ကျင့်စဥ် ' ကို ရရန် ကြိုးစားရင်း ကျန်းချင်တစ်ယောက် အသက်ပင် ဆုံးလုနီးပါး ဖြစ်ခဲ့ရသည်ကို သူ ကောင်းကောင်းကြီး သိပါသည်။

ပုံမှန်ဆိုပါက သူ ထိုစာအုပ်အား ခေတ္တမျှ ကြည့်ရန်တောင်းဆိုလျှင်ပင် ကျန်းချင်မှာ တွန့်ဆုတ်နေတတ်လေ့ ရှိပါသည်။

သို့သော် ..ယခု သူမက လွယ်လွယ်နဲ့ ပေးပစ်နေသည်လား ။

လောထျန်းမှာ ၎င်းကို ကြည့်ကာ အနည်းငယ် အံ့အားသင့်သွားသော်လည်း ငြင်းမနေလဲ စာအုပ်ကို ယူလိုက်၏။

လောထျန်းက စာအုပ်အား ယူလိုက်သည်ကို ကြည့်ကာ ကျန်းချင်တစ်ယောက် ရင်ထဲမှ အနည်းငယ် ဝမ်းနည်းသွားသည်။

သို့သော် တစ်ချိန်တည်းမှာပင် သူမ စိတ်သက်သာရာလည်း ရသွား၏။

အစောပိုင်းက တွန့်ဆုတ်ခဲ့မိသည့်အတွက် သူမအပြစ်ရှိသလို အမှန်တကယ် ခံစားခဲ့ရပါသည်။

ယခုတွင်မူ သူမ စိတ်သက်သာရာ ရသွားလေပြီ။

ထိုစဥ် တဖက်မှ လောထျန်းက စာအုပ်ကို လက်ထဲတွင်ကိုင်ကာ ဖွင့်လိုက်ပြီး ခပ်မြန်မြန်ပင် ဖတ်ပြီးသွားသဖြင့် သူမကို ပြန်ပေးလာ၏။

" ကျေးဇူတင်ပါတယ် "

လောထျန်းက ပြောလိုက်သည်။

ကျန်းချင် အံ့သြမှင်သက်သွားရပြန်ပြီး မေးလိုက်သည်။

" ဘာဖြစ်လို့လဲ အကိုထျန်း ၊ ဒီ စာအုပ်ကို မကြိုက်လို့လား "

လောထျန်းက ခေါင်းယမ်းပြ၏။

" မဟုတ်ဘူးဗျ ၊ ဒီထဲက ခန္ဓာကိုယ် ရွှေ့ကွက်တွေက တော်တော်လေးကောင်းတယ် "

သူ ထိုစာအုပ်ထဲမှ သိုင်းကွက်များအားလုံးကို တတ်မြောက်သွားခဲ့ပြီဖြစ်ကြောင်း ပြောလိုက်ချင်ပါသည်။

သို့သော် .. သူပြောလျှင်လည်း တဖက်လူက ယုံမည်မဟုတ်သဖြင့် မည်သို့မှ ဆက်မပြောဘဲသာ တိတ်နေလိုက်၏။

" ဟင် ... "

ကျန်းချင်က စာအုပ်ကို တွန့်ဆုတ်စွာ ပြန်ယူရှာသည်။ သူမ အခြေအနေကို နားမလည်နိုင်ဘဲ အလွန်လည်း စိတ်ရှုပ်သွား၏။

" ဟား ဟား .. ကျန်းချင် ၊ နင်က အရှုံးတွေ အမြတ်တွေကို အရမ်းကြီး တွေးပူနေတာကိုးကွ။ အကိုထျန်းက ဘယ်လိုလူလဲဆိုတာ မင်း မတွေးမိဘူးလား "

ကျောက်ရှုံးက အပြုံးဖြင့် ဝင်ပြောလိုက်သည်။

" အမ် .... "

ကျန်းချင်မှာ ခဏတာမျှ အံ့သြမှင်သက်နေသေးသော်လည်း ပြီးနောက်တွင်မူ စိတ်သက်သာရာ ရသွား၏။

မှန်ပါသည် ၊ သူတို့ရှေ့မှ ထျန်းပိုင် ဆိုသည့် လူမှာ စိတ်ဝိဥာဥ်အသွင်ပြောင်း အဆင့် ၈ မှ နတ်ဆိုးသားရဲတစ်ကောင်ကို တစ်ချက်တည်းဖြင့် အသေသတ်နိုင်ခဲ့သူပင် ။

သူက အစောက စာအုပ်ကို ငှားခဲ့ခြင်းမှာလည်း ခေတ္တမျှ ဖတ်ကြည့်လို၍သာ ဖြစ်နိုင်ပေသည်။

အစိုးရိမ် လွန်နေခဲ့သည့် သူမ၏ အမှားပင် ။

" ကဲ .. ကျုပ်တို့တွေ အလှည့်ကျ စောင့်လိုက်ကြမယ်ဗျာ။ ကျုပ်က အရင်ဆုံး စောင့်လိုက်မယ်။အားလုံး နားလိုက်ကြဦး။ မနက်ကျရင်လဲ ဆေးပင်တွေ ဆက်ရှာကြရဦးမှာ "

ကျောက်ရှုံးက ပြောလိုက်သည်။

" ကောင်းပြီ "

ထို့နောက်တွင်မူ အားလုံး စကားစ ပြတ်သွားကာ အိပ်စက်အနားယူလိုက်ကြ၏။

လောထျန်းမှာလည်း မီးပုံဘေးတွင်ပင်  မျက်နှာဖုံး တပ်လျက်သား လှဲ၍ မျက်လုံးမျက်လုံးများ မှိတ်လိုက်သည်။

All Chapters