← Chapters

စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေး ပြီးသွားပြီ

Vol. 48 Ch. 709

စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေး ပြီးသွားပြီ

Vol. 48 Ch. 709

စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေး ကနဦး ထုတ်လွှင့်ပြီးသွားသည်မှာ လဝက်ရှိပြီ ဖြစ်သည်

၎င်းသည် စစ်ကား ဇာတ်လမ်းတွဲ ဖြစ်သော်လည်း အနုပညာလောကတွင်း၌ အလွန်အမင်း ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်နိုင်ပြီး သူတို့အား အကြီးအကျယ် ထိတ်လန့်စေခဲ့သည်။

၎င်း၏ ပြောင်မြောက်လှသော အဆင့် သက်မှတ်ချက်များက ဇာတ်လမ်းတွဲထဲမှ သရုပ်ဆောင် တစ်ဦးချင်းစီ၏ တန်ဖိုးကို အလွန်အမင်း မြင့်တက်စေခဲ့ကာ သူတို့အား မဆုံးနိုင်သော ဖိတ်ကြားမှုများကို ရရှိစေခဲ့သည်။

နာမည်ကြီး အနုပညာ ဖျော်ဖြေရေး ကုမ္ပဏီများက ထိုသရုပ်ဆောင်များကို ရှာဖွေသိမ်းသွင်းရန် ကြိုးစားချိန်၌ ထိုလူ အများစုက သရုပ်ဆောင်များ မဟုတ်သည်ကို သိလိုက်ရသဖြင့် သူတို့ အံ့ဩသွားကြသည်။

သူတို့က နာမည်မကြီး၍ လူမသိချင်း မဟုတ်ဘဲ သရုပ်ဆောင်များမဟုတ်၍သာ မသိကြခြင်း ဖြစ်လေသည်။

ထို့ထက်ပို၍ စုံစမ်းကြည့်သောအခါ ပို၍ ထိတ်လန့်ဖွယ်ကောင်းသော အကြောင်းအရာများကို သူတို့ သိလိုက်ရသည်။ စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးက တိုက်ခိုက်ခန်း အများစုကို စစ်သည်တော်များက ပုံဖော်ထားခြင်း ဖြစ်သည်။ လူစားထိုး သရုပ်ဆောင်များ လုံးဝ မပါချေ။ တိုက်ခိုက်မှုများတောင်မှ အစစ်အမှန် ဖြစ်သည်။

ထို့နောက်တွင်မူ မီဒီယာ ပလက်ဖောင်းအချို့က သူတို့ ရှာဖွေတွေ့ရှိမှုများကို ထုတ်ပြန်ကြသည်။ ဇာတ်လမ်းတွဲ၏ ကျော်ကြားမှုနှင့်အတူ ထိုခေါင်းစဉ်က ချက်ချင်း လူပြောများသော စကားဝိုင်း ဖြစ်သွားလေသည်။

[သေစမ်းကွာ … ဒီမှာပါတဲ့သူ အားလုံးက စစ်သည်တော်တွေပဲ]

[စစ်သည်တော်တွေကလည်း ဖန်သားပြင်ပေါ် ရောက်လာကြပြီလား၊ ကြမ်းတယ်ကွာ]

[ဒီလိုဇာတ်လမ်းတွဲမျိုး ထပ်မြင်ရဖို့ ငါ မျှော်လင့်မိတယ်၊ ဒီမှာ ကောင်းမွန်တဲ့ ခံစားချက်တွေနဲ့ ပြည့်နေတာ၊ စစ်သည်တော်တွေက အမိုက်ဆုံးပဲ]

[ဒီဇာတ်လမ်းတွဲ ‌ေ-ာက်ရမ်းမိုက်နေတာ မဆန်းတော့ဘူး၊ လတ်စသက်တော့ သူတို့အားလုံးက စစ်သည်တော် တွေကိုး၊ ဝါး … ‌ေ-ာက်ရမ်းမိုက်တယ်ဟေ့]

[တိုက်ခိုက်ခန်းတွေကလည်း စိတ်လှုပ်ရှားဖို့ ကောင်းလွန်းတယ်၊ တကယ် လန်းတယ်]

[အဲ့ဒါတွေက တကယ် ချတာ၊ တိုက်ခိုက်ခန်းတွေက အစစ်အမှန် ဆန်လွန်းတာ အံ့ဩစရာ မဟုတ်တော့ဘူး၊ ဒါက အံ့ဩဖို့ကောင်းတဲ့ ဇာတ်လမ်းတွဲပဲ]

[သူတို့က စစ်သည်တော်တွေပဲ၊ သူတို့က ငါ အလေးစားဆုံး သူတွေပဲ၊ သူတို့အတွက် ဖန်သားပြင်ပေါ် ပေါ်လာတာက အံ့ဩစရာကောင်းတဲ့ အရာပဲ၊ ဖြစ်နိုင်မယ်ဆိုရင် ငါ သိုင်းပညာ သင်ချင်တယ်]

[ဒါက ပထမဆုံး ပရောဂျက်ပဲ၊ သရုပ်ဆောင်ဝိုင်က ဒီလောက်များတဲ့ စစ်သည်တော်တွေ ပါဝင်အောင် ဘယ်လို လုပ်တာလဲ၊ ငါ သူတို့ကို သတင်းထဲမှာပဲ ကြားဖူးတာ]

[ဟုတ်တယ်၊ သူတို့က နိုင်ငံထဲမှာ ပြဿနာ ကြီးကြီးမားမား ဖြစ်မှပဲ ပေါ်လာကြတာ၊ သူတို့က ငါတို့ကို တိတ်တဆိတ် ကာကွယ်နေတဲ့ သူတွေပဲ၊ ဒီစစ်ကား ဇာတ်လမ်းတွဲက တော်တော်လေး မှန်နေတယ်]

[သရုပ်ဆောင်ဝိုင်ရဲ့ ဇာတ်ညွှန်းကလည်း တကယ် ကောင်းလွန်းတယ်၊ မဟုတ်ရင် ဒီစစ်သည်တော်တွေ ပါလာမှာ မဟုတ်ဘူး]

[ဒါက တကယ်ကို လေးစားဖို့ ကောင်းတယ်၊ ငါ ရုတ်တရက်ကြီး စစ်သည်တော် ဖြစ်ချင်စိတ် ပေါ်လာတယ်]

[အား … ဒီထဲက လူတွေ သိပ်ချောနေတာ မဆန်းတော့ဘူး၊ ယောက်ျားဆိုတာ ဒီလိုပဲ ဖြစ်ရမယ်လေ၊ အခု ငါ ငပျော့ကောင်တွေကို ပြန်ကြည့်မိတော့ သူတို့က ဘာမှမဟုတ်တော့ဘူး]

…

ကျန်းထောင်၏ အသံသွင်း စတူဒီယို၌ လူတိုင်း စိတ်ဓာတ်ကျနေကြသည်။

“နှလုံးသားမဲ့ ဓားသမားရဲ့ အဆင့်ကရော”

“0.72% ကို ကျနေပြီ”

“အဲ့လောက် နည်းတာလား”

“ဟူး … ဘာတွေဖြစ်ကုန်တာလဲ၊ ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ”

“သရုပ်ဆောင်ဝိုင်ရဲ့ ဇာတ်လမ်းတွဲက ရူးချင်စရာ ကောင်းလွန်းတယ်၊ ငါတို့ လုပ်နိုင်တာ ဘာမှမရှိဘူး”

“သူက စစ်သည်တော်တွေကို ငှားနိုင်တယ်ဆိုတော့ … စစ်သည်တော်ဌာနက သူ့ကို ပံ့ပိုးပေးနေတာလား၊ သူတို့က စစ်သည်တော်တွေကို ဖန်သားပြင်မှ ပေါ်လာခိုင်းပြီးတော့ သတင်းတစ်ခုခု ပေးဖို့ ကြိုးစားနေတာလား”

“သရုပ်ဆောင်ဝိုင်က ဇာတ်လမ်းတွဲအားလုံးရဲ့ တန်းကို မြှင့်ဖို့ ကြိုးစားနေတာလား၊ သူ့ဇာတ်လမ်းတွဲတိုင်းက ဒီလောက် အဆင့် သက်မှတ်ချက် များနေတာ၊ စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးရဲ့ အမြင့်ဆုံး အဆင့်က 6% ကျော်သွားပြီ၊ အခြား ဇာတ်လမ်းတွဲတွေ နောက်ဆို ဘယ်လို ရှင်သန်ရတော့မလဲ၊ တခြား ထုတ်လုပ်ရေးအဖွဲ့တွေနဲ့ အနုပညာ ဖျော်ဖြေရေး ကုမ္ပဏီတွေရော ဘယ်လိုလဲ၊ သူတို့တွေက သူ့ကို ကျော်နိုင်ပါ့မလား”

“မင်းတို့ အကောင်းဆုံးအချိန်ကိုတောင် မမြင်သေးဘူး၊ သူတို့က အခု အဆိုးဆုံးပဲ”

“ဒါက အရမ်း ကြောက်ဖို့ကောင်းတယ်”

…

အနုပညာလောကမှ လူတော်တော်များများသည် စားသောက်ပွဲတစ်ခုအတွက် စုဝေးနေကြသည်။

“ဒါက မယုံနိုင်စရာပဲ၊ ဒီအဆင့်တွေက‌ ကြောက်ဖို့ကောင်းလွန်းပါတယ်ကွာ”

“ငါ အခု တစ်ခုတည်းကိုပဲ မျှော်လင့်တယ်”

“ဒါရိုက်တာလျှို၊ အဲ့ဒါက ဘာများလဲ”

“စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးရဲ့ အဆင့်က ဒီမှာပဲ ရပ်ဖို့ မျှော်လင့်တယ်၊ သူတို့သာ ထပ်ပြီး မြင့်သွားရင် မျှော်လင့်ချက် မဲ့ပြီ”

“ဟုတ်တယ်၊ 6% က လုံလောက်တာထက် ပိုနေပြီ၊ အဲ့ထက် မြင့်လို့ကတော့ …”

“ဇာတ်လမ်းတွဲက မနက်ဖြန် ပြီးမှာမလား၊ ရလဒ်တွေကို စောင့်ကြည့်ကြတာပေါ”

“ဟူး … ဘုရား ကယ်ပါ”

“ချာတူးလံ ဇာတ်သိမ်းဖို့ ဖြစ်ဖို့ ငါ ဆုတောင်းမိတယ်”

“ဟုတ်တယ်၊ ချာတူးလန် ဇာတ်သိမ်းပဲ”

“ဖွီ … မင်းတို့တွေ အရမ်း တစ်ကိုယ်ကောင်းဆန်လွန်းတယ်၊ ဘာလို့ အဲ့လောက် မုန်းရတာလဲ”

“ဒါ ကြောက်စရာ ကောင်းလွန်းနေတဲ့ သူ့အပြစ်ပဲလေ၊ သရုပ်ဆောင်ဝိုင်က ငါတို့ကို ဖိအားပေးလွန်းတယ်၊ နာမည်ဝှက်ဝိုင်နဲ့ ပတ်သက်ပြီး ဘာတွေဖြစ်လာဦးမလဲ ငါ တကယ် သိချင်မိတယ်၊ ဒါက နယ်ပယ်တိုင်းမှာ ဖိအားတွေ အများကြီး ပေးနေတာ၊ သရုပ်ဆောင်ဝိုင်၊ အဆိုတော်ဝိုင်၊ တိုက်ရိုက် ထုတ်လွှင့်သူဝိုင်၊ ဟက်ကာဝိုင်နဲ့ နတ်ဆေးဆရာဝန်ဝိုင်၊ သူတို့အားလုံးက သူတို့နယ်ပယ်မှာ ကြောက်ဖို့ကောင်းတဲ့သူတွေချည်းပဲ၊ ဒီလူတွေက သူတို့ လုပ်တဲ့အရာတွေမှာ တော်လွန်းတယ်”

“ဟုတ်တယ်၊ တူညီတဲ့ နယ်ပယ်ထဲမှာ ဝိုင်ရှိနေရင် ဖိအားက ပြင်းလွန်းပြီးတော့ တော်တော်လေး ဆောက်တည်ရာ မရ ဖြစ်စေတယ်”

“ဒီလိုဇာတ်လမ်းတွဲအတွက် ချာထူးလံ ဇာတ်လမ်း ရှိဖို့ ဖြစ်နိုင်ချေ ရှိတယ်၊ စောင့်ကြည့်ကြတာပေါ့”

…

နောက်တစ်နေ့ ညခုနစ်နာရီခွဲ၌။

စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေး ဇာတ်သိမ်းလေပြီ။

နှစ်ပေါင်းများစွာ စစ်မက်ဖြစ်ပွားပြီးနောက် နောက်ဆုံးတွင် သူတို့ အနိုင်ရခဲ့သည်။ ဂုဏ်ပြုသည့်သဘောဖြင့် လီယွင်လုံက စင်မြင့်ပေါ်၌ မိန့်ခွန်းချွေသည်။

“ဓားဆွဲထုတ်တဲ့ စိတ်ဝိညာဉ် --- ရှေးခေတ်က ဓားသမားတွေက သူတို့ရန်သူနဲ့ တွေ့တဲ့အခါ တစ်ဖက်လူက ပြိုင်ဘက်ကင်း ဖြစ်နေရင်တောင်မှ သူတို့ဓားကို ဆွဲထုတ်ကြတယ်၊ ကမ္ဘာပေါ်မှာ အတော်ဆုံး ဓားသမားပဲ၊ သူတို့တွေက သူတို့ရန်သူရဲ့ ဓားချက်အောက် ရောက်ခဲ့ရင်တောင်မှ ဒါဟာ မြင့်မြတ်တဲ့ ကျဆုံးမှုပဲ၊ ဒါက ဓားဆွဲထုတ်တဲ့ စိတ်ဝိညာဉ်ပဲ”

“မြင့်မားတဲ့ ယဉ်ကျေးမှုနဲ့ လူမျိုးစုဟာ သူရဲကောင်းတွေ မွေးထုတ်ပေးနိုင်တဲ့ နေရာဆိုတာ ဒါက သက်သေပြနေတယ်၊ လူအရေအတွက် သာလွန်ပြီး အဝိုင်းခံထားရရင်တောင်မှ ငါတို့က ဓားကို ဆွဲထုတ်ရဲသေးတယ်၊ ငါတို့က ခါးသီးမှုတွေကို အဆုံးထိ တိုက်ထုတ်ရဲတယ်၊ ရှင်းရှင်းပြောရရင် ရဲစွမ်းသတ္တိက အနိုင်ရမှာပဲ၊ ဓားဆွဲထုတ်တဲ့ စိတ်ဝိညာဉ်က ငါတို့စစ်တပ်ရဲ့ စိတ်ဝိညာဉ်ပဲ၊ ဓားချိန်ရွယ်ထားတဲ့ နေရာက အရာအားလုံး ပျက်သုဉ်းရမယ်”

အားကောင်း၍ စိတ်နှလုံးကို လှုပ်ရှားစေသော စကားအဆုံး၌ အဆုံးသတ် အခန်းကို စတင်ပြသလေသည်။

လူတစ်ချို့သည် စိတ်ခံစားချက်များ ဖုံးလွှမ်းသွားပြီး အချို့က ကျိတ်ငိုကာ အချို့က ဖန်သားပြင်ကို ကြည့်ရင်း သွေးပွက်ပွက် ဆူလာသလို ခံစားလာရသည်။ ဤဇာတ်လမ်းတွဲသည် အလွန် ထူးခြားလွန်းပြီး ဤသို့ သူတို့ နှလုံးသားကို သက်ရောက်နိုင်သော ဇာတ်လမ်းတွဲမျိုး ဘယ်သောအခါ ကြုံတွေ့ရတော့မည် မဟုတ်ပေ။

နောက်တစ်နေ့၌ စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေး၏ ဇာတ်လမ်းပိုင်းအတွက် အဆင့် သက်မှတ်ချက်များ ထွက်လာသည်။

အပိုင်း သုံးဆယ့်နှစ် 7.28%

ထိုအခိုက်တွင် လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

အနုပညာ လောက တစ်ခုလုံး၊ မီဒီယာနှင့် ကြည့်ရှုသူများအားလုံး ကြက်သေ သေကုန်၏။ သူတို့သည် မယုံနိုင်မှုကြောင့် မှင်တက်နေကြလေသည်။

[7% ကျော်တာလား]

[အခု ငါ့ခံစားချက်ကို ပြဖို့ ဘယ်အီမိုဂျီကို သုံးရမလဲ ငါ မသိတော့ဘူး၊ လခွမ်းကွာ]

[မဟုတ်သေးဘူး၊ ငါ့ဦးနှောက်တွေ အေးခဲကုန်ပြီလို့ ငါ ထင်နေတယ်]

[ငါက ဘယ်သူလဲ၊ ငါ ဘယ်မှာလဲ၊ ငါ ဘာလုပ်သင့်လဲ]

[ဒါက အံ့ဩစရာကောင်းတဲ့ ဇာတ်လမ်းတွဲဆိုတာကိုတော့ ငါ ဝန်ခံတယ်]

[7.28% တော်တော်မြင့်တဲ့ ကိန်းဂဏန်းပဲ၊ ဒါ ဘယ်သူမှ မမျှော်လင့်ထားဘူး ဟုတ်တယ်မလား]

[ဒါက ဒဏ္ဍာရီတစ်ခုအဖြစ် ပြောင်းလဲသွားမှာပဲ]

[အဲ့လောက်တင် မကသေးဘူး၊ သရုပ်ဆောင်ဝိုင်ရဲ့ အဆင့်သက်မှတ်ချက် မှတ်တမ်းကို သရုပ်ဆောင်ဝိုင် ကိုယ်တိုင်ကပဲ ချိုးဖြတ်သွားတာ]

[ဟုတ်တယ်၊ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းပြီးတော့ ငါတို့မှာ စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေး ရှိလာတယ်၊ သရုပ်ဆောင်ဝိုင်ရဲ့ ဇာတ်လမ်းတွဲသစ်ကို ငါ မျှော်လင့်နေပြီ]

…

အနုပညာလောကတွင်း၌။

[လခွမ်း … သေစမ်းကွာ]

[သေလိုက်ပါတော့၊ ဒါက တကယ်ကြီး 7% ကျော်သွားတာပဲ၊ ရက်စက်လွန်းတယ်]

[ဒီလိုဖြစ်လာမယ်လို့ ငါတို့ သိနေခဲ့ပင်မယ့် ကိန်းဂဏန်းကိုမြင်တော့ ငါ အံ့ဩမိတုန်းပဲ]

[ငါ နောက်ဆို ဘယ်ဇာတ်လမ်းတွဲမှ ရိုက်ကူးရဲတော့မှာ မဟုတ်ဘူး]

[ငါ့အရင်က ဇာတ်လမ်းတွဲတွေက ချီးထုပ်လိုပဲလို့ ငါ ခံစားနေရပြီ]

[ချာတူးလန် ဇာတ်သိမ်း ဖြစ်မယ့်စကား ခမ်းနားတဲ့ ဇာတ်သိမ်း ဖြစ်နေသေးတယ်၊ ငါတော့ လုံးဝ မျှော်လင့်ချက်မဲ့ပြီ]

…

စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေး ပြီးသွားလေပြီ။

ဆန်းကြယ်ကျွန်း၌ လူတိုင်း အောင်ပွဲခံနေကြသည်။

လီထိုက်က သူ့ခွက်ကို မြှောက်လိုက်သည်။

“သခင်လေးရဲ့၊ ခင်ဗျားက တကယ့်ကို အံ့ဩစရာပါပဲ၊ ခင်ဗျားလောက် လိုက်တာက ကျုပ်ဘဝမှာ လုပ်ခဲ့တဲ့ အကောင်းဆုံး ရွေးချယ်မှုပဲ၊ ဒီခွက်နဲ့ ခင်ဗျားကို ဂုဏ်ပြုပါတယ်”

လီကျင့်ကလည်း သူ့ခွက်ကို မြှောက်လာသည်။

“သခင်လေးရဲ့၊ ကျုပ် ခင်ဗျားဆီက အများကြီး သင်ယူခဲ့ရပါတယ်၊ ဒါက ခင်ဗျားအတွက်ပါ”

“ဟားဟားဟား … ကျုပ်တို့တွေ အားလုံး အတူတူ သခင်လေးရဲ့ကို ဂုဏ်ပြုလိုက်ရအောင်လား”

ရဲ့လင်းချန်ကလည်း သူ့ခွက်ကို ပြန်မြှောက်၍ ချီးကျူးမှုကို ပြန်တုံ့ပြန်လိုက်သည်။

“မင်းတို့အားလုံးရဲ့ ပံ့ပိုးမှုအတွက် ကျေးဇူးတင်ပါတယ်၊ ကျုပ်တို့ အတူတူ အလုပ်လုပ်ပြီး ဒီကုမ္ပဏီ ကြီးထွား လာအောင် ကူညီပေးပါဦး”

ဂုဏ်ပြုပွဲပြီးနောက် ရဲ့လင်းချန်က သူ့အိမ်ကို ပြန်လာခဲ့သည်။ သို့သော် သူ၏ အမူအရာက လေးနက် တည်ငြိမ်နေ၏။

သူသည် ဖုန်းကို စိုက်ကြည့်၍ မျက်မှောင်ကြုတ်နေသည်။

သူသည် အဘိုးချင်နှင့် ရိုက်ကူးရေး၌ ပါဝင်ခဲ့သော အခြား စစ်သည်တော်များကို သတင်းကောင်း ပြောပြရန် ကြိုးစားနေ၏။ သို့သော် အဘိုးချင်၏ ဖုန်းက ဆက်သွယ်၍ မရပေ။

ဘာစကားပြန်မှ မရသည်မှာ လတစ်ဝက်ကျော်ပြီ ဖြစ်သည်။ အဘိုးချင်ကို ပြောခဲ့သော ကိစ္စက တော်တော်လေး ကြီးမားပုံ ရသည်။

All Chapters