← Chapters

အခန်း (၂၈၅)

Vol. 20 Ch. 285

အခန်း (၂၈၅)

Vol. 20 Ch. 285

"သူ တခြားကိစ္စတစ်ခုခု ရှိနေတာလည်း ဖြစ်နိုင်တယ်လေ။ " ဝိညာဉ်ကလန်တစ်ခုဆီမှ သူတော်စင်ဘုရင်တစ်ယောက်သည် အသာ သက်ပြင်းချလိုက်၏။

လက်ရှိအချိန်၌ သံသယစိတ်များ မထားခြင်းသည် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ တခြားလောကနှင့် ယှဉ်ပြိုင်တိုက်ခိုက်နေရသည့် အခြေအနေတွင် လူသားမျိုးနွယ်ကို သံသယဝင်နေပါက အားလုံးအတွက် အခက်အခဲ ဖြစ်ပေလိမ့်မည်။ ကောင်းကင်မူလလောကကြီးအနေဖြင့် ခရမ်းရောင် နက်နဲလောကကြီးကို ရင်ဆိုင်ရာ၌ မွန်းစတားမျိုးနွယ်များ နှင့် တခြားသော မျိုးနွယ်များချည်း ခုခံရန် ဆိုသည်မှာ ခက်ခဲလှချေ၏။

"လင်းရှောင်က ရှုပ်ထွေး ကြယ်ပင်လယ်ထဲမှာ ရှိနေတယ်လေ။ ဒီတော့ သတင်းအချက်အလက်တွေ မရဘူးဆိုတာ သာမန်ပဲ။ ရတဲ့အချိန်ကျရင် ကျိန်းသေပေါက် ကိုယ်တိုင်ကိုယ်ကျ လာလိမ့်မယ်"

"ကျုပ်တို့ရဲ့ ရည်ရွယ်ချက်က ခရမ်းရောင် နက်နဲလောကကို သွားဖို့မဟုတ်ဘူး။ သူတို့ရဲ့ လမ်းကြောင်းကို ဖျက်ဆီးနိုင်ရုံ ….."

ပြောသူသည် စကားကို ဆုံးအောင် မပြောလိုက်ရချေ။ လေဟာနယ်တွင် ရုတ်တရက်ဆိုသလိုပဲ အက်ကွဲကြောင်းကြီးတစ်ခု ပေါ်ပေါက်လာခဲ့၏။ လူပေါင်းများဆိုသည် ထိုအရာကြီးကို မျက်မြင် တွေ့နေရ၏။ သက်ရှိသတ္တဝါမျာ အားလုံးတို့၏ ပုခုံးထက်တွင် ကြီးမားလှသည့် ဖိအားဒဏ်ကြီးက ကျဆင်းလာခဲ့သည်။

ဘုတ် ဘုတ် ဘုတ်

အော်ရာများ ပျံ့နှံ့သွားသည်နှင့် တပြိုင်နက် ကောင်းကင်ယံဆီမှ မရေတွက်နိုင်သည့် ကျင့်ကြံသူများ ကျဆင်းလာခဲ့၏။ ၎င်းတို့သည် ကျဆင်းလာကြပြီးနောက် ခန္ဓာကိုယ်များ တုန်ယင်လျက် ရှိနေ၏။ ထို့ပြင် ၎င်းတို့ အားလုံးသည် ပြန်လည် အသက်ဝင်နိုးထလာခဲ့သည့် ရှေးနတ်ဆိုးများကဲ့သို့ပင် တုန်ယင်လျက်ရှိပြီး စိတ်နှင့်ကိုယ် မကပ်သလိုပင်။

"ခရမ်းရောင် နက်နဲလောကရဲ့ အင်ပါဟာ " တစ်စုံတစ်ယောက်သည် အော်ဟစ်လိုက်၏။

တစ်ချိန်တည်းမှာပဲ …….

ဒေါင်

ခေါင်းလောင်းသံ တစ်ခုက ပေါ်ပေါက်လာခဲ့၏။ ခရမ်းရောင် နက်နဲလောက ဘက်ခြမ်းတွင် ရွှေရောင်နေကြီးတစ်စင်း ပေါ်ပေါက်လာပြီး ရေတွက်၍မရအောင် များပြားသော အလင်းတန်းများကို ထုတ်ဖော်နေ၏။ အားလုံးသောသူတို့သည် ခေါင်းကိုမော့ကာ ကြည့်ရှုလိုက်ကြသည်။

"မွန်းစတားအင်ပါယာ ခေါင်းလောင်း"

အားလုံးတို့သည် ဤမြင်ကွင်းကို မြင်ရသည့် အချိန်မှာတော့ စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိကြ၏။ ခရမ်းရောင် နက်နဲလောကမှ လူများ ရောက်ရှိလာမည်ကို ကြိုတင်သိရှိပြီးနောက် သူတို့သည် သေသေချာချာ မပြင်ဆင်ဘဲ ဘယ်နေပါ့မည်နည်း။ လက်ရှိတည်နေရာတွင် အင်ပါယာများ မရှိသော်လည်း များပြားလှသည့် ကျင့်ကြံသူများသည် ၎င်းတို့၏ အင်ပါယာလက်နက်များကို ယူဆောင်လာခဲ့ကြ၏။

တစ်ဖက်လူများ၏ တည်နေရာလမ်းကြောင်းကို ဖျက်ဆီးလိုက်သည်နှင့် ၎င်းတို့၏ ရည်မှန်းချက် အောင်မြင်မှာပင်။

"ဪ"

အသံတစ်ခုသည် ခရမ်းရောင် နက်နဲလောကဆီမှ ထွက်ပေါ်လာခဲ့၏။ ရွှေရောင် ချပ်ဝတ်ကို ဝတ်ဆင်ထားသည့် အင်ပါယာတိုင်သည် တည်နေရာလမ်းကြောင်း၏ အခြားတစ်ဖက်တွင် ရပ်ကာဖြင့် သေချာ ကြည့်ရှုနေမိသည်။ ၎င်း၏ မျက်လုံးထဲ၌ ဇဝေဇဝါ အမူအရာများ အထင်သား ပေါ်လွင်နေသည်။

တည်နေရာ လမ်းကြောင်း၏ အခြားတစ်ဘက်သည် မည်သည့် နေရာ၌ ပွင့်လာမည်ကို သူတို့ ကိုယ်တိုင်ပင် မသိချေ။ သို့ပေမဲ့ အဘယ့်ကြောင့် ကောင်းကင်မူလလောကမှ ကျင့်ကြံသူများကာ သိရှိကာဖြင့် ကြိုတင်ပြင်ဆင်ပြီး ရောက်ရှိနေရသနည်း။

လေထုထဲတွင် ပေါ်ပေါက်နေသည့် အင်ပါရီယန်လက်နက် တော်တော်များများကို အာရုံခံမိပြီးသည့်နောက် ဤကိစ္စသည် ရိုးရှင်းလှသည် မဟုတ်ကြောင်း သူက သိရှိသွား၏။ ဤကိစ္စ၌ တစ်စုံတစ်ခု လွဲမှားနေသည်။

အချိန်အတော်အကြာ တွေးတောကြည့်သော်လည်း မည်သည့် သဲလွန်စ အကြောင်းအရာကိုမှ ရှာဖွေ မတွေ့ရှိခဲ့သော အင်ပါယာတိုင်သည် ကောင်းကင်မူလလောကကြီးတွင် ရှိနေသည့် ကျင့်ကြံသူများကို လှမ်းကြည့်လိုက်၏။ သူ၏ မျက်လုံးထဲတွင်တော့ အေးစက်သည့် အလင်းရောင်များ ထွန်းတောက်လာခဲ့၏။ သူက မှတ်ချက်ပြုလိုက်၏။ "ပုရွက်ဆိတ်တွေ ….. ငါလက်တစ်ချက် ဝေ့ယမ်းလိုက်ရုံနဲ့ မင်းတို့ အကုန်သေကုန်လိမ့်မယ်"

ပြောပြီးသည့်ေနာက် သူသည် လက်ကို အသာဆန့်တန်းလိုက်၏။ လောကကြီးတစ်ခုလုံး ချာချာလည် သွားသကဲ့သို့ပင်။ ကြီးမားလှသည့် ရွှေရောင် လက်ဝါးရိုက်ချက်ကြီးသည် မိုင်သန်းနှင့်ချီသော အကွာအဝေးကို ဖုံးလွှမ်း ကျဆင်းလာခဲ့သည်။

ဘုန်း ဘုန်း ဘုန်း ……။

ထိုလက်ဝါးရိုက်ချက်ကြီး ကျဆင်းမလာခင်ဘဲ လေထုထဲတွင် ရှိနေသည့် တိမ်များ၊ ကြယ်များ အားလုံးတို့သည် ပျက်စီး ပျောက်ကွယ်သွားခဲ့၏။ အားနည်းသော သက်ရှိသတ္တဝါများသည် ကြီးမားသည့် ဖိအားဒဏ်ကို မခံနိုင်သောကြောင့် သွေးမြူများအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်ကုန်ကြ၏။ ကြောက်မက်ဖွယ်ရာ မြင်ကွင်းမျိုးပင်။

ဒေါင်

မွန်းစတားအင်ပါယာ ခေါင်းလောင်းသည် ကောင်းကင်သို့ တက်သွားပြီး ထိုလက်ဝါးရိုက်ချက်ကြီးနှင့် တိုက်ရိုက် တွေ့ဆုံ၏။ ကံဆိုးစွာဖြင့် အင်ပါယာတစ်ယောက်သည် အင်ပါယာလက်နက်ကို ကိုင်ဆောင်ထားပါက အဆုံးစွန်သော စွမ်းအင်ကို ထုတ်ဖော်နိုင်မှာ ဖြစ်သော်လည်း ကွာစီအင်ပါယာ သို့မဟုတ် သူတော်စင်တစ်ယောက်အနေဖြင့် အင်ပါယာလက်နက်ကို ကိုင်ဆောင် အသက်သွင်းကာ တိုက်ခိုက်မည် ဆိုပါက တစ်ဖက်ဆီမှ တော်ဝင်အင်ပါယာ အား ချိန်းခြောက်နိုင်လိမ့်မည် မဟုတ်ချေ။

အားလုံးသောသူတို့ စိတ်ဓာတ်ကျလျက် ရှိနေတုန်းမှာပဲ နဂါးအော်သံတစ်ခုသည် ကောင်းကင်ယံ၌ ပဲ့တင်လာခဲ့၏။

ဝုန်း …..

ကောင်းကင်နဂါးလိုဏ်ဂူ၏ အထက် မိုင်သန်းနှင့်ချီသည့် အကွာအဝေးရှိ လေထုများကြားထဲတွင် ကြီးမားလှသည့် လက်သည်းကြီးက ပေါ်ပေါက်လာခဲ့၏။ ထိုနဂါးလက်သည်းကြီး သည် ရွှေရောင် လက်ဝါးရိုက်ချက်ကြီးကို တိုက်ရိုက် ရင်ဆိုင်၏။

ဘုန်း ….။

နားကွဲလောက်စရာ အသံကြီး ထွက်ပေါ်လာခဲ့၏။ အင်ပါယာနှစ်ယောက် ထိပ်တိုက် ရင်ဆိုင်ပြီးသည့်နောက် ထွက်ပေါ်လာခဲ့သည့် ဖျက်ဆီးခြင်း အော်ရာများသည် ကြမ်းတမ်းလှချေ၏။ တည်နေရာ၏ မိုင်သန်းနှင့်ချီသော အကွာအဝေးတစ်ခုလုံးတွင် လှိုင်းများ ဖြစ်တည်လာခဲ့၏။ ကံကောင်းစွာဖြင့် ကောင်းကင်မူလ လောက ဘက်ခြမ်းတွင် အောင်းရွှမ်က ကြိုတင်ကာ ကာကွယ်ပေးထားခဲ့၏။ မဟုတ်ပါက ကောင်းကင်မူလ လောကရှိ သက်ရှိ သတ္တဝါတို့သည် အစစ်အမှန် တိုက်ပွဲကြီး မစသေးခင်မှာဘဲ ကပ်ဘေးကြီးကို ရင်ဆိုင်ကြုံတွေ့ရမှာ သေချာသည်။

"မင်းလား"

အင်ပါယာတိုင်သည် ထင်မှတ်ထားသည့်အတိုင်း ဖြစ်လာသောကြောင့် မတုန်လှုပ်ဘဲ တည်ငြိမ်လျက် ရှိနေ၏။ တည်နေရာ အက်ကွဲကြောင်းမှတဆင့် အဝေးတစ်နေရာတွင် ရှိနေသော လေထုကြီးကို လှမ်းကာကြည့်ရှုရင်း သူက ပြောလိုက်၏။ "အဲဒီနေ့က မင်းလွတ်ခဲ့တယ် ဆိုပေမဲ့ ဒီတစ်ကြိမ်မှာတော့ မင်းဘယ်ကိုပြေးမလဲ"

"ဘယ်လိုဖြစ်ပြီး ဒီအင်ပါယာက ပြေးရမှာလဲ။ ကျုပ်က အခုမှ အင်ပါယာတစ်ယောက် ဖြစ်လာတယ် ဆိုရင်တောင်မှ လူတွေအားလုံးရဲ့ သီလကောင်းချီးတွေကို ခံယူထားတဲ့ အင်ပါယာတစ်ယောက်လေ။ ဒီတော့ ဒီလောကကြီး မှာ ပြိုင်ဖက်ကင်းအဖြစ်တော့ ရှိနေသေးတယ်"

အေးစက်သည့် စကားသံသည် ကောင်းကင်နှင့် မြေကြီးတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့သည်။

ကောင်းကင်ယံဆီမှ နဂါးစစ်ရထားလုံးတစ်ခုက ဆင်းသက်လာခဲ့၏။ ထိုနဂါးစစ်ရထားလုံးဆီမှ များပြားလှသည့် တိုက်ပွဲဝင် စိတ်ဆန္ဒများ၊ ကြမ်းတမ်းလှသည့် တာအို၏ နိယာမများ ထွက်ပေါ်လျက် ရှိနေ၏။ ဤအရာသည် စစ်ရထားလုံးတစ်ခု ဖြစ်နေလျှင်တောင်မှ များပြားလှသည့် နိယာမများ ပါဝင်နေပြီး အင်ပါယာ တစ်ယောက်ကို သယ်ဆောင်လာသည့် အရာပင်။

၎င်းပေါ်ပေါက်လာပြီးနောက် ကောင်းကင်မူလ လောကကြီး၏ သက်ရှိ သတ္တဝါများသည် စိတ်အေးချမ်းသာမှု စတင် ခံစားမိလိုက်ကြ၏။

"ဟမ့် … အရှုံးသမား" အင်ပါယာတိုင်က နှာခေါင်းရှုံ့လိုက်သည်။

"ကျုပ်တို့ အင်ပါယာကို လာမစော်ကားနဲ့” နဂါးကလန်မှ နဂါးတစ်ကောင်က အော်ဟစ်လိုက်၏။

သူတို့၏ အင်ပါယာသည် အင်ပါယာဖြစ်လာကာစ အခြေအနေ၌ ရှိနေပြီး အခြေခံ မတည်ငြိမ်သေးဘူး ဆိုလျှင်တောင်မှ တစ်ဖက် အင်ပါယာ နှစ်ယောက်ကို အထက်စည်းမှ တိုက်ခိုက်နိုင်ခဲ့သူ ဖြစ်သည်။ တစ်ယောက်တည်း ဆိုလျှင် ပြောနေစရာပင် မလိုချေ။

All Chapters