အခန်း (၂၈၈)
Vol. 20 Ch. 288
"ကွာစီအင်ပါယာအဆင့် ပစ္စည်းသုံးခု"
ရှင်းလင်းသည့် အသံတစ်ခုသည် အောင်းရွှမ်၏ စိတ်ထဲ၌ ပေါ်ပေါက်လာခဲ့၏။
"ကွာစီအင်ပါယာအဆင့် ပစ္စည်းသုံးခု ဟုတ်လား"
အောင်းရွှမ်၏ အမူအရာသည် ပြောင်းလဲသွားခဲ့၏။ သူ့အားအမှန်ပင် ဓားပြတိုက်နေသည်လား။ တစ်ခါဝင်ရောက် လှုပ်ရှားပေးရန် တောင်းဆိုမှုသည် ကွာစီအင်ပါယာအဆင့် ပစ္စည်းသုံးခု ကျသင့်နေ၏။ ဤအရာကို မည်သည့် ဂိုဏ်းကဏ္ဍ အသီးသီးမှ တက်နိုင်လိမ့်မည် ပမာဏမျိုး မဟုတ်ချေ။ လက်ရှိအချိန်မှာတော့ နဂါးကလန် တစ်ခုတည်းသည်သာ ထိုအရာကို တတ်နိုင်စွမ်းရှိ၏။ ကွာစီအင်ပါယာပစ္စည်း သုံးခုကို ပေးအပ်ရခြင်းသည် နာကျင်ဖွယ်ရာ ကိစ္စတစ်ခု ဖြစ်သည်ဆိုလျှင်တောင်မှ သူသည် ထိုအရာကို လက်လွတ်ခံ၍ မဖြစ်ချေ။
"ကောင်းပြီ"
အောင်းရွှမ်သည် စိတ်ထဲမှ မြန်မြန်ဆန်ဆန်ပဲ ပြောဆိုလိုက်သည်။ "သုံးခုထဲပါပဲ။ သုံးခု … သုံးခု … အားတင်းထား"
စီနီယာသာ ဝင်ရောက်စွက်ဖက်ခြင်း မရှိပါက သူ့အနေဖြင့် သက်ရှိများ အားလုံးရှေ့၌ အသတ်ခံရပေတော့မည်။ သူ သေဆုံးသွားပြီးနောက် ကောင်းကင်မူလ လောကကြီးတစ်ခုလုံးသည်လည်း ဖျက်ဆီးခြင်း ခံရပေလိမ့်မည်။ ထိုသို့ဆိုလျှင် လောကကြီးတစ်ခုလုံးမှ ကျင့်ကြံသူများသည် ဆိုးရွားလှသည့် ခေတ်ကြီးတစ်ခုကို ဖြတ်ကျော်ရမှာ ဖြစ်၏။ မည်သည့် တခြားစွမ်းအားမြင့် ကျင့်ကြံသူ အသစ်မှ မပေါ်ပေါက်လာပါက ကောင်းကင်မူလ လောကကြီးသည် ပြိုလဲပျက်စီးသွားမှာ သေချာ၏။
ဘုန်း ….။
အောင်းရွှမ် ခေါင်းညိတ်လိုက်သည့် အချိန်မှာပဲ ကြမ်းတမ်းလှသည့် ဓားချီများသည် ဆက်တိုက် ဆိုသလို ထွက်ပေါ်လာခဲ့၏။ ထိုဓားချီများသည် အလင်းတန်းများအဖြစ် ပြောင်းလဲကာဖြင့် တည်နေရာတစ်ခုလုံးကို ဖြန့်ကျက်သွားခဲ့၏။ ထူးဆန်းလှသည့် နတ်ဘုရားအတတ်ပညာ တစ်ခုဖြစ်ပြီး ရှေးအင်ပါယာတစ်ယောက် ပိုင်ဆိုင်သည့် နည်းစနစ်တစ်ခုမှန်း သိသာလှသည်။ ထိုကဲ့သို့သော တိုက်ကွက်မျိုးကို မတွေ့ရသည်မှာ အချိန်အတော် ကြာမြင့်ခဲ့ပြီ ဖြစ်၏။ သို့သော်ငြား ပေါ်ပေါက်လာပြီးသည်နှင့် တစ်ပြိုင်နှက် ကြောက်မက်ဖွယ်ရာ ကောင်းသည့် အရှိန်အဝါမျိုးကို ထုတ်ဖော်ပြသလျက် ရှိနေ၏။ စကြာဝဠာတစ်ခုလုံးသို့ ရောင်စဉ်တန်းများ ကျဆင်းလာသကဲ့သို့ပင် အားလုံးသောသူတို့သည် မျက်စိများကျိန်းသွားခဲ့ကြသည်။
ဂလု
အောင်းရွှမ်သည် ထိုမြင်ကွင်းကို မြင်ရသည့် အချိန်မှာတော့ တံတွေးများပင် မြိုချလိုက်မိ၏။ သူက တီးတိုးရေရွတ်လိုက်၏။ "နက်နဲယင်အင်ပါယာ ကျမ်းစာ"
ဤကျမ်းစာသည် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ဆီသို့ သူ ပေးအပ်ခဲ့သည့် ကျမ်းတစ်ခု ဖြစ်၏။ လက်ရှိအချိန်မှာတော့ နက်နဲယင်အင်ပါယာမျိုးဆက် တစ်ယောက်မှ မရှိတော့သောကြောင့် ထိုအရာကို နားလည်သူဟူ၍ တစ်ယောက်မှ မရှိတော့ချေ။
သို့ပေမဲ့ နန်းဆောင်သခင် ထုတ်ဖော်အသုံးပြုသည့် အချိန်မှာတော့ ဤနည်းစနစ်သည် မူလအားဖြင့် သူ့ဆီမှ ဆင်းသက်လာသကဲ့သို့ပင်။ သူသည်သာ အကြောင်းအရာအစုံကို မသိရှိပါက ဤနည်းစနစ်သည် နန်းဆောင်သခင် ဖန်တီးထားသော နည်းစနစ်ဟုပင် တွေးတောသတ်မှတ်မိပေလိမ့်မည်။ စီနီယာသည် ကျမ်းစာတစ်ခုလုံးကိုလည်း နားလည်လို့နေခဲ့၏။
ဝေါ့
ခရမ်းရောင် နက်နဲလောကကြီး၏ ဖက်မှာတော့ လူတစ်ယောက်သည် အနောက်ဖက်သို့ လွင့်စင်သွားခဲ့၏။ သူသည် အင်ပါယာတိုင်နှင့် ကောင်းကင်ဝမ်းနည်းခြင်း အင်ပါဟာကဲ့သို့ပင် ပြင်းပြင်းထန်ထန် ရိုက်နှက်ခြင်းကို ခံလိုက်ရ၏။ သူတို့နှစ်ယောက်၏ အမူအရာသည် ပြောင်းလဲသွားခဲ့ကြပြီး သွေးများပင် အန်ထွက်လာခဲ့ကြ၏။ မျက်လုံးထဲတွင်လည်း ကြောက်ရွံ့မှုများနှင့် ပြည့်နှက်သွားခဲ့လေ၏။
"ဒါ ကောင်းကင် လျှို့ဝှက် နန်းဆောင်ရဲ့ သခင်ပဲ" ကောင်းကင်ဝမ်းနည်းခြင်း အင်ပါယာသည် စတင် ပြောဆိုလိုက်သည်။ သူသည် လောကကိုဖြတ်ကာ တိုက်ခိုက်လိုက်ခြင်းအား ကာကွယ်ရန် ကြိုးစားလိုက်သည်။
တစ်ဖက်လူသည် နဂါးအင်ပါယာကို ကာကွယ်ပေးခြင်းသာ ဖြစ်ပေလိမ့်မည်။ တခြားသောသူများဆိုပါက သူ့အနေဖြင့် ကိုင်တွယ်နိုင်စွမ်း ရှိနေ၏။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ မဖြစ်နိုင်တော့ချေ။ သူတို့သည် လောကကို ဖြတ်သန်းကာ သွားရောက်ခဲ့ခြင်း မဟုတ်ချေ။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်၏ တားဆီးခြင်းကို ခံခဲ့ရ၏။ တကယ်တမ်းသာ လောကကထဲသို့ ဖြတ်သန်း ဝင်ရောက်မိပါက ထောက်ချောက်ထဲသို့ ဝင်ရောက်သွားခြင်းနှင့် ဆင်တူနေပေလိမ့်မည်။ ပြန်ထွက်နိုင်ရန် အခွင့်အရေးပင်ရှိပါ့မလား မသေချာလှချေ။
အခြေအနေတစ်ခုလုံးကို နားမလည်နိုင်ခင်မှာဘဲ မိုးခြိမ်းသံကဲ့သို့သော အသံကြီးသည် ခရမ်းရောင် နက်နဲ လောကကြီး တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့၏။ လောကကြီးတစ်ခုလုံးကို ဖျက်စီးနိုင်စွမ်း ရှိနေသည့် အော်ရာများ သည် ပျံ့နှံ့ရောက်ရှိလာသည်။
မိုးခြိမ်းသံကြီးသည် မည်မျှ ကျယ်လောင်လှသနည်း ဆိုသော် ကောင်းကင်နှင့်မြေကြီးကိုပင် လှုပ်ခါသွားစေခဲ့၏။ အင်ပါယာတစ်ယောက်၏ ကြမ်းတမ်းလှသော အော်ရာများသည် ဒီရေလှိုင်းကဲ့သို့ပင် တိုက်စားသွားခဲ့၏။
"ဘာတွေဖြစ်ကုန်တာလဲ"
အင်ပါယာတိုင်၏ မျက်နှာသည် ပျက်ရွင်းသွားခဲ့သည်။ မျက်စိသူငယ်အိမ်များသည်လည်း ကျုံ့ဝင်သွားခဲ့၏။ သူက တီးတိုးရေရွတ်လိုက်သည်။ "ဒါက နက်နဲ ကြယ်နယ်မြေ နေရာပဲ"
"နက်နဲ ကြယ်နယ်မြေ ဟုတ်လား"
ကောင်းကင်ဝမ်းနည်းခြင်း အင်ပါယာသည် မျက်မှောင်ကုတ်ကာဖြင့် ဇဝေဇဝါ ဖြစ်မိနေ၏။ "ဒါ … ဒါက… ကြယ်စင်စု အစုအဝေး တစ်ခု သက်သက်ပဲ မဟုတ်လား"
အတိတ်တုန်းက နက်နဲ ကြယ်နယ်မြေဆိုသည်မှာ ဒဏ္ဍာရီ တစ်ခုပင်။ ဤနာမည် ၌ ဒဏ္ဍာရီလာ ဇာတ်ကြောင်း များပါဝင်နေသည်။ ကြယ်နယ်မြေ တစ်ခုလုံးသည် ခရမ်းရောင် နက်နဲလောကကြီး၏ သမိုင်းထဲတွင် အထင်ကရပုဂ္ဂိုလ် တစ်ယောက်လည်း ဖြစ်သော ရှေးအင်ပါယာ ရွှမ်မို ဖန်တီးခဲ့သည့် နေရာတစ်ခုဖြစ်သည်။
ထိုအင်ပါယာသည် မြေအင်မော်တယ် လောကထဲသို့ ဝင်ရောက်နိုင်ရန် နည်းလမ်းတစ်ခုကို ရှာဖွေခဲ့၏။
ရှေးအင်ပါယာ ရွှမ်မို ထွက်ခွာသွားပြီးသည့်နောက် များပြားလှသော ကျင့်ကြံသူများသည် ရွှမ်မို၏ အမွေအနှစ်များကို ရယူရန် ကြယ်နယ်မြေထဲသို့ ဝင်ရောက်ခဲ့ကြ၏။ ကံဆိုးစွာဖြင့် ၎င်းတို့အားလုံးသည် လက်ဗလာနှင့် ပြန်လာခဲ့ရ၏။ မည်သူမှ အမွေအနှစ်ကို မဆက်ခံနိုင်ခဲ့ကြချေ။
ရှေးအင်ပါယာ၏ နန်းတော်ကို မဆိုနှင့် ရှေးအင်ပါဟာရွှမ်မို ဖန်တီးခဲ့သော တည်နေရာ လမ်းကြောင်းကိုပင် ရှာမတွေ့ခဲ့ကြချေ။ တချို့သောသူများ တွက်ချက်ခဲ့ကြသည်မှာ ခရမ်းရောင်နက်နဲလောကဆီမှ ထွက်ခွာသွားပြီး သည့်နောက် ရှေးအင်ပါယာရွှမ်မိုသည် သူ ဖန်တီးခဲ့သည့် အရာများကို ဖျက်ဆီးပစ်ခဲ့သည် ဟူ၍ပင်။ အနာဂတ်မျိုးဆက်များ အားလုံး သူ၏လမ်းစဉ်အတိုင်း လိုက်ပါလာမည်ကို တားဆီးချင်သောကြောင့်ပင်။ သို့ပေမဲ့ ဤသုံးသပ်ချက်သည် အလုံးစုံ မမှန်ကန်ခဲ့ချေ။ ရှေးအင်ပါယာရွှမ်မို ထွက်ခွာသွားခဲ့ပြီးနောက် အင်မော်တယ်များ ဆင်းသက်လာခဲ့ပြီး ခရမ်းရောင် နက်နဲလောကကြီး၌ စစ်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့၏။ တလောကလုံး ပျက်စီးလုနီးပါးပင်။ အင်မော်တယ်များ ဆင်းသက်လာပြီးသည့်နောက် မည်သည့်နေရာကို ထွက်ခွာသွားမှန်း မည်သူမှ မသိရှိခဲ့ကြချေ။
ရေတွက်၍မရအောင် များပြားလှသော နှစ်များ ကုန်ဆုံးသွားခဲ့သည်။ နက်နဲကြယ်နယ်မြေသည် အင်ပါယာအသစ်တစ်ယောက် မွေးဖွားပေးခဲ့ပြီးနောက် အဆုံးသတ်သွားခဲ့သည်။ ထိုနေရာဆီမှ အင်ပါယာအသစ်ဟူ၍ ထွက်ပေါ်မလာတော့ချေ။ တဖြည်းဖြည်းနှင့် ကြယ်နယ်မြေ တစ်ခုလုံးသည်လည်း သာမန်ကြယ်နယ်မြေကဲ့သို့ ဖြစ်တည်လာခဲ့၏။ မည်သူမှ ဂရုမစိုက်ကြသလို မည်သူမှလည်း သတိမမူခဲ့ကြတော့ချေ။
လက်ရှိအချိန်မှာတော့ ဒဏ္ဍာရီလာ နက်နဲကြယ်နယ်မြေကြီးသည် ကွာစီအင်ပါယာတစ်ယောက်ကိုပင် မွေးထုတ်နိုင်စွမ်း မရှိတော့သော နေရာတစ်ခု ဖြစ်လာခဲ့သည်။
"ထူးဆန်းတယ်။ ဒီအင်ပါယာက ရင်းနီးနေတဲ့ အော်ရာတစ်ခုကို ခံစားမိနေတယ်" အင်ပါယာတိုင်သည် အဝေးတစ်နေရာရှိ ကောင်းကင်ဘုံကပ်ဘေးကြီးကို လှမ်းကာကြည့်ရှုလိုက်၏။ ပြီးနောက် သူ၏ လက်တကမ်းတွင် ရှိနေသော ကောင်းကင်မူလလောကကြီးဆီ လှမ်းကြည့်လိုက်၏။ သူ၏မျက်နှာပြင်တစ်ခုလုံး သည် ပြောင်းလဲသွား၏။ ပြီးနောက် လေးလေးနက်နက် အသံဖြင့် ပြောလိုက်၏။ "ကောင်းကင်မူလလောကကြီးရဲ့ နောက်ထပ်ကွာစီအင်ပါယာ တစ်ယောက်လား"
တစ်ယောက်ဆိုလျှင်တောင် လွန်လွန်းနေပြီ ဖြစ်သည်။ သို့ပေမဲ့ ယခု နှစ်ယောက် ဖြစ်လို့နေခဲ့၏။ ရုတ်တရက် ခရမ်းရောင်နက်နဲလောကြီးထဲတွင် ကွာစီအင်ပါယာ နှစ်ယောက်တို့သည် အင်ပါယာများ ဖြစ်လာကြသည်။ မျက်နှာကို နှစ်ကြိမ်တိတိ ခပ်ပြင်းပြင်း ရိုက်နှက်ခံလိုက်ရသလို ခံစားနေမိသည်။
အင်ပါယာတစ်ယောက် ဖြစ်ရန်ဆိုသည်မှာ တစ်ကယ်ပင် ခက်ခဲလွန်းလှ၏။ လောကကြီး တစ်ခုလုံးတွင် အင်ပါယာတစ်ယောက် ဖြစ်လာရန်ဆိုသည်မှာ အကန့်အသတ်နှင့် တည်ရှိ၏။ လူတော်တော်များသည် မိမိ၏ ကိုယ်ပိုင်နားလည်မှုများ လိုအပ်လျက် ရှိနေ၏။ ထို့ကြောင့်ပင်လျှင် သေးငယ်လှသော လူအရေအတွက်သာလျှင် အင်ပါယာ ဖြစ်လာခဲ့ကြခြင်းပင်။
တချို့က ကံကောင်းခြင်းများကို ကြုံတွေ့ခဲ့၏။ တချို့မှာတော့ အင်ပါယာများ၏ အမွေအနှစ်များကို ဆက်ခံခဲ့၏။ ထိုမှသာလျှင် အင်ပါယာဖြစ်လာနိုင်ပေလိမ့်မည်။ သို့ပေမဲ့ အမွေအနှစ်ကို ဆက်ခံခြင်း ဆိုသည်မှာ အလွန်ရှားပါးပြီး အလွန်ရှားပါးလှပြီး မဖြစ်နိုင်သည့် အရာတစ်ခုပင်။ တစ်စုံတစ်ယောက်သည် အမွေအနှစ်ကို ရရှိသည် ဆိုလျှင်တောင်မှ အသုံးဝင်မှ ဝင်ပေလိမ့်မည်။
ခရမ်းရောင် နက်နဲလောကကြီး၌ ထိုကဲ့သို့ အခွင့်အရေး များပြားလှချေ။ ရုတ်တရက် သူတို့အနေဖြင့် နှစ်ခုကို ဆုံးရှုံးခဲ့ရပြီ ဖြစ်၏။ ထို့အပြင် ထိုနှစ်ခုသည် သူတို့၏ ရန်ဖက်များဆီသို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်၏။ မည်ကဲ့သို့ လက်သင့်ခံရမည်နည်း။