← Chapters

အခန်း (၂၉၀)

Vol. 20 Ch. 290

အခန်း (၂၉၀)

Vol. 20 Ch. 290

"ဆက်စပ်မှု ဟုတ်လား" လူငယ်၏ မျက်လုံးများသည် တောက်ပသွားခဲ့၏။ သူသည် ကပ်ဘေး ကျော်ဖြတ်လျက် ရှိနေသည့်လူကို လှမ်းကာ ကြည့်ရှုလိုက်သည်။ နှလုံးသားထဲတွင်တော့ မျှော်လင့်ချက်များ ထွန်းတောက်လာသည်။

ခက်ခဲကြမ်းတမ်းမှုအားလုံးကို ကျော်ဖြတ်ပြီးသည့်နောက် သူသည် မြေအင်မော်တယ်လောကဆီမှ ခရမ်းရောင်နက်နဲ လောကဆီသို့ ထွက်ပြေးလွတ်မြောက်လာခဲ့၏။

မြေအင်မော်တယ်လောကဆီမှ ကြောက်မက်ဖွယ်ရာကောင်းသည့် ဂိုဏ်းဂဏ အသီးသီးတို့၏ ကြမ်းတမ်း လှသည့် နည်းလမ်းများသည် သူ၏ သဲလွန်စကို ရှာဖွေရန် လတ်တလော၌ မဖြစ်နိုင်သေးဘူး ဆိုလျှင်တောင်မှ အချိန်တော်တော်ကြာ ပုန်းအောင်းနေနိုင်မည် မဟုတ်ချေ။

မြေအင်မော်တယ်လောကဆီမှ လူပေါင်းများစွာတို့သည် သူ၏ နောက်ဆီသို့ လိုက်ပါလာပေလိမ့်မည်။ ထိုသူတို့ အနေနှင့် သူ့ကို အလုံးစုံ သုတ်သင်ရှင်းလင်းပစ်ချင်သည် သာမက သူတို့၏ ဘိုးဘေးချန်ခဲ့သည် အမွေအနှစ်များ ကိုလည်း ရယူချင်နေကြသည်။ အစစ်အမှန် အင်မော်တယ်တစ်ယောက် ချန်ထားခဲ့သည့် အမွေအနှစ် ဆိုသည်မှာ ဘာမှသက်ဆိုင်ခြင်း မရှိသည့် အင်အားစုများ ဆိုလျှင်ပင် မည်သို့မှ မနေနိုင်ဘဲ လိုက်လံကာ လုယူချင်စိတ်ရှိမှာ သဘာဝပင်။

အစစ်အမှန် အင်မော်တယ်တချို့သည် ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်လှုပ်ရှားလိမ့်မည် မဟုတ်သော်လည်း ၎င်းတို့၏ ဂျူနီယာ သို့မဟုတ် တခြားသော တကိုယ်တော် ကျင့်ကြံသူများသည် လောကကြီးကို ဖြတ်သန်းကာဖြင့် ကျိန်းသေပေါက် လာရောက်ရှာဖွေကြမည်မှာ သံသယရှိစရာ မလိုချေ။

ခရမ်းရောင်နက်နဲလောကကြီးမှ တော်ဝင်အင်ပါယာ တစ်ယောက်၏ ကာကွယ်ပေးမှုကိုသာ ရရှိမည် ဆိုပါက မြေအင်မော်တယ်လောကမှ လူများ သူ့နောက်သို့ လိုက်လာမည် ဆိုလျှင်တောင်မှ အနည်းဆုံးတော့ လုံခြုံပေလိမ့်မည်။

ဘုန်း ဘုန်း ....။

မနီးမဝေး တည်နေရာတွင်တော့ ကောင်းကင်ယံတွင် မိုးခြိမ်းသံများ ပြည့်နှက်လျက် ရှိ၏။ သုံးရက်တာ ကြာမြင့်ပြီးသည့်နောက် ကောင်းကင်ဘုံ ကပ်ဘေးကြီးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့၏။ မျှော်စင်ကြီး တစ်ခုကဲ့သို့ ကြီးမားလှသည့် ခန္ဓာကိုယ်ကြီးနှင့်အတူ မားမားမတ်မတ် ရပ်တန့်လျက် ရှိနေသည့် လူတစ်ယောက်သည် ခန့်ငြားလှသည့် အော်ရာများကို ထုတ်ဖော်လျက် ရှိနေသည်။

၎င်း၏ ခြေထောက်အောက်တွင်တော့ အဆုံးမဲ့သော နက်မှောင်မှုများနှင့် စွမ်းအင်များ တည်ရှိနေ၏။ ၎င်း၏ ပတ်ပတ်လည်တွင် ကြယ်များ ဝန်းရံလျက် ရှိနေ၏။ နေနှင့်လပင်လျှင် ၎င်းကို ချာချာလည်လျက် ရှိနေသကဲ့သို့ပင်။ ကောင်းကင်နှင့် မြေပြင်၏ အဆီအနှစ် စွမ်းအင်များကြောင့် ဖြစ်တည်လာခဲ့သည့် လူဘီလူးကြီး တစ်ကောင်ကဲ့သို့ပင်။ ၎င်းအသက်ရှူထုတ်လိုက်သည့် လေများပင်လျှင် တိမ်များအဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်း၏ အော်သံသည် မိုးခြိမ်းသံကဲ့သို့ စူးရှလွန်းလှသည်။ လူပေါင်းများစွာတို့သည် တစ်ချက် လှမ်းကြည့်လိုက်သည်နှင့်တပြိုင်နက် ကြက်သီးများပင် ထမိသွားကြ၏။

ဝုန်း

ပါးစပ်ကို ဟကာဖြင့် အော်သံကျယ်ကြီးကို ထုတ်ဖော်လိုက်၏။ ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးရှိ အကန့်အသတ်မဲ့ စွမ်းအင် အဆီအနှစ်များသည် ကြယ်မြစ်ကြီး တစ်ခုကဲ့သို့ အသွင်ပြောင်းကာဖြင့် ၎င်း၏ တည်နေရာအနှံ့ဆီသို့ ရောက်ရှိလာခဲ့၏။ ပြီးသည့်နောက် ထိုအဆီအနှစ်စွမ်းအင်များကို ဝမ်းဗိုက်ထဲသို့ တစ်ခါတည်း စုပ်ယူလိုက်သည်။

စွမ်းအင်အဆီးအနှစ်များ အားလုံးကို သန့်စင်ပြီးသည့်နောက် ထိုလူသည် ပိုမိုကာ တောက်ပလာခဲ့၏။ ၎င်း၏ ဝတ်စုံသည် လေနှင့်အတူ တဝုန်းဝုန်း လှုပ်ခတ်လျက် ရှိနေပြီး စိတ်ဝိညာဉ်စွမ်းအင်များ အားလုံးသည် ခန္ဓာကိုယ်၏ အနီးတဝိုက်တွင် လွှမ်းခြုံလျက် ရှိနေ၏။

လူပေါင်းများစွာတို့သည် ၎င်းကို ကြည့်ရှုပြီး သည့်နောက် ကိုးကွယ် ဦးညွတ်ချင်များ ဖြစ်မိနေ၏။ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ဖိအားအော်ရာများသည် ဖြစ်တည်လျက် ရှိနေပြီး လောကကြီး တစ်ခုလုံးကိုပင် လွှမ်းခြုံသွားလုမတတ်ပင်။

ဝုန်း

အမဲရောင်ဝတ်စုံနှင့်လူသည် ခန္ဓာကိုယ်ကို အသာလှည့်လိုက်၏။ သူ၏ သေးငယ်လှသည့် လှုပ်ရှားမှုလေး တစ်ခုကပင်လျှင် လောကကြီး တစ်ခုလုံးကို လှုပ်ရှားသွားစေခဲ့၏။ သူ၏ ဆံနွယ်များသည် လေနှင့်အတူ လွင့်မျောလျက် ရှိနေ၏။ ခန္ဓာကိုယ်တစ်ခုလုံး၌ ကြမ်းတမ်းပြီး အားကောင်းလှသည့် စွမ်းအင်များနှင့် ပြည့်နှက်နေ၏။

မျက်လုံးများသည် နေနှင့်လကဲ့သို့ပင် တောက်ပလျက် ရှိနေပြီး အနီးအနားတွင် ရှိနေသည့် တည်နေရာတစ်ခုဆီ လှမ်းကာကြည့်လိုက်သည်။ ထိုတည်နေရာဆီမှ ထူးခြားလှသော စွမ်းအင်များ ထွက်ပေါ်နေခဲပြီး ဤခရမ်းရောင် နက်နဲ လောကကြီးနှင့် ဘာမှ မသက်ဆိုင်သည့် စွမ်းအင်မျိုးပင်။ သူသည် ထိုကဲ့သို့သော ပြောင်းလဲမှုကို ကပ်ဘေးကျော်ဖြတ်နေစဉ်ကတည်းက သတိပြု ကြည့်ရှုထားပြီး ဖြစ်သည်။

"အသက်သုံးရှိုက်စာအတွင်း ထွက်မလာဘူးဆိုရင် သေရမယ်" မုန့်ရှင်းကျီ သည် အေးစက်စက် ပြောလိုက်၏။

"အဒေါ်လန်… ဒီအင်ပါယာက ကျုပ်တို့ကို တွေ့သွားပြီနဲ့ တူတယ်"

လူငယ်သည် အပြင်ဘက်တွင် ရှိနေသည့် အင်ပါယာကို လှမ်းကြည့်ပြီးသည့်နောက် ဘေးတစ်ဖက်တွင် ရှိနေသည့် အဘွားအိုကို လှမ်းကာ ပြောလိုက်သည်။ "ကျုပ်တို့ အပြင်ထွက်ပြီးတော့ သူနဲ့ တွေ့ရမလား"

"တွေ့ကြမယ်" အဘွားအိုက ခေါင်းညိတ်လိုက်၏။

ဤတည်နေရာလမ်းကြောင်းသည် ရှေးယခင်တုန်းက ဘိုးဘေးကြီးရွှမ်မို ချန်ထားခဲ့သည့် တည်နေရာ လမ်းကြောင်းဖြစ်၏။ ပထမဦးဆုံး အင်ပါယာဖြစ်လာသည့် အချိန်တွင် ဤလမ်းကြီးကို စတင်ကာ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အင်မော်တယ်ဖြစ်ပြီးသည့်နောက်မှာတော့ ဤလောကဆီသို့ ပြန်လာခဲ့၏။ တကယ့် အစစ်အမှန် အင်မော်တယ်တစ်ယောက်ကို သတ်ဖြတ်ခဲ့ပြီးသည့်နောက် သူသည် ရှေးကြယ်ကြီး တစ်ခုလုံး၏ မျက်နှာပြင်တစ်ခုလုံးကို ဖုံးလွှမ်းနိုင်သည့် အစီအရင် တစ်ခုကို ဖန်တီးဖုံးကွယ်ထားခဲ့သည်။ အစစ်အမှန် အင်မော်တယ် အစီအရင်တစ်ခု မဟုတ်သော်လည်း အင်ပါယာတစ်ယောက်အနေနှင့် ထိုအရာကို လွယ်လွယ်ကူကူ ချိုးဖြတ်နိုင်လိမ့်မည် မဟုတ်ချေ။

ယခု အပြင်ဘက်သို့ထွက်၍ ဘာမှန်းမသိသည့် အင်ပါယာနှင့် စကားပြောဆိုမည်ဟု ဆုံးဖြတ်ခဲ့ခြင်းမှာ တစ်ဖက်လူကို ကူညီပါရန် တောင်းဆိုချင်သောကြောင့်သာ။

အကယ်၍ မကူညီဘဲ လှုပ်ရှားတိုက်ခိုက်မည်ဆိုပါကလည်း သူတို့အနေနှင့် စိတ်ပူလိမ့်မည် မဟုတ်ချေ။ သူတို့၌ ဤအစီအရင်၏ အကာအကွယ် တည်ရှိနေသောကြောင့်ပင်။ ထိုအင်ပါယာသည် အချိန် အတိုင်းအတာတိုအတွင်း သူတို့ကို ထိခိုက်နာကျင်အောင် ပြုလုပ်နိုင်လိမ့်မည် မဟုတ်ချေ။

၎င်းတို့ နှစ်ယောက်သည် အစီအရင်၏ အစပ်ဆီသို့ အသာချဉ်းကပ်သွားခဲ့၏။ သို့ပေမဲ့ အပြင်ဘက်သို့ မထွက်သွားခဲ့ချေ။ သူတို့သည် အပြင်ဘက်တွင် ရှိနေသည့် အင်ပါယာကို ဦးညွတ်ကာဖြင့် ပြောလိုက်သည်။ "ဖန်းဟန်နဲ့ ဖန်းချင်းလန်တို့က စီနီယာကို လာရောက်တွေ့ပါတယ်"

"ခင်ဗျားတို့ နှစ်ယောက် ဘာလို့ ပေါ်လာရတာလဲ"

မုန့်ရှင်းကျီသည် မျက်မှောင်ကို ကျုံ့ကာဖြင့် အစီအရင်ထဲတွင် တည်ရှိနေသည့် လူနှစ်ယောက်ကို သေသေချာချာ လေ့လာကြည့်ရှုလိုက်၏။ သူသည် လက်နှစ်ဖက်ကို နောက်သို့ ပစ်ထားသည် ဆိုသော်လည်း ၎င်း၏ လက်ဝါးထက်၌ ရေတွက်လို့မရအောင် များပြားလှသည့် သင်္ကေတများ ထွန်းတောက်လျက် ရှိနေ၏။

ဤနှစ်ယောက်ထွက်လာအောင် မည်ကဲ့သို့ လှည့်စားရမည်ကို သူက တွေးတောလျက် ရှိနေ၏။ သူ၏ အသိတရား အရဆိုလျှင် ယခုပေါ်ပေါက်လာခဲ့သည့် လူနှစ်ယောက်တို့သည် ကျိန်းသေပေါက် မယုံကြည်နိုင် စရာကောင်းလှသည့် လျှို့ဝှက်ချက်ကြီးများကို သယ်ပိုးထားမည်မှာ သေချာသည်။

ထို့အပြင် စောဏကလေးတင် တည်နေရာ ကြယ်စင်စုကြီးသည် ကောင်းကင်ဘုံ ကပ်ဘေးကြီး၏ လွှမ်းမိုးမှုကို ခံခဲ့ရ၏။ တခြားသောကြယ်များ ပျက်စီးသွားသည် ဆိုလျှင်တောင်မှ ဤတစ်ခုက ကျန်ရှိခဲ့လေ၏။ ထို့ကြောင့် ရိုးရှင်းလှသည့်ပုံ မပေါ်ချေ။ ဤကြယ်ထဲတွင် တခြားသော အခွင့်အရေးကောင်းများ တည်ရှိနေနိုင်၏။

"စီနီယာကို အရိုးသားဆုံး ပြောရမယ်ဆိုရင် ကျုပ်တို့က မြေအင်မော်တယ်လောကဆီက လာခဲ့တာပါ။ စီနီယာအနေနဲ့ အဲလောကအကြောင်းကိုလည်း ကြားဖူးပြီး ဖြစ်ပါလိမ့်မယ်" ဖန်းဟန်က ပြောဆိုလိုက်သည်။

သူတို့၏ ဘိုးဘေးသည် ဘာပဲဖြစ်ဖြစ် ဤလောကထဲမှ ထွက်သွားခဲ့သည့် လူတစ်ယောက် ဖြစ်၏။ နှစ်ပေါင်း များစွာအတွင်း မယုံကြည်နိုင်လောက်စရာ ကောင်းသည့် ဂုဏ်သိက္ခာကို ပိုင်ဆိုင်ခဲ့၏။ နှစ်ပေါင်းများစွာ ကျော်ဖြတ်ခဲ့ပြီးသည့်နောက်မှာတော့ ဒဏ္ဍာရီအဖြစ် တည်ရှိနေခဲ့ပြီး မျိုးဆက်သစ်များသည် ၎င်းကို သေသေချာချာ သိရှိကြပေလိမ့်မည်။

ထို့အပြင် သူတို့ရှေ့မှာရှိသောလူသည် အင်ပါယာတစ်ယောက်ဖြစ်၏။ ဖန်းဟန်၏ အမြင်အရဆိုလျှင် ဤစီနီယာသည် သူ့ထက်ပင်လျှင် လျှို့ဝှက်ချက်များကို ပိုမိုကာ သိရှိပြီး မြေအင်မော်တယ် လောကကြီး အကြောင်းကို ကြားဖူးပြီး ဖြစ်နေပေလိမ့်မည်။

ကံဆိုးစွာဖြင့် မုန့်ရှင်းကျီသည် ခရမ်းရောင်နက်နဲလောကဆီမှ မဟုတ်ကြောင်း ဖန်းဟန် မသိရှိခဲ့ပေ။

"မြေအင်မော်တယ်လောက ဟုတ်လား"

မုန့်ရှင်းကျီ၏ နှလုံးသားများသည် လှုပ်ရှားသွားခဲ့၏။ သူသည် ဤနာမည်ကို သေသေချာချာ မှတ်သားလိုက်မိ၏။ သူ၏ မျက်နှာအမူအရာသည် တစ်ချက်မှ ပြောင်းလဲခြင်း မရှိပေ။ ခပ်တည်တည်ဖြင့် ထပ်မံကာ မေးမြန်းလိုက်၏။ "ခင်ဗျားတို့ နှစ်ယောက်က မြေအင်မော်တယ်လောကဆီက လာတယ်ဆိုတော့ မြေအင်မော်တယ်လောကဆီကိုသွားတဲ့ တည်နေရာလမ်းကြောင်း ခင်ဗျားတို့ဆီမှာ ရှိမှာပေါ့"

"အမ်"

ဖန်းဟန်သည် အနည်းငယ် ကြောင်အသွား၏။ ပြီးနောက် ခေါင်းညိတ်လိုက်သည်။ "စီနီယာ ပြောတာ အမှန်ပါပဲ"

ဒီလောက် မမျှော်လင့်ထားတဲ့ ပျော်ရွှင်မှုတွေ ရလာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။

မုန့်ရှင်းကျီသည် စိတ်ထဲမှာ သက်ပြင်းချကာဖြင့် ပြောလိုက်၏။ "မြေအင်မော်တယ်လောကကလူတွေ ရောက်လာပြီဆိုမှတော့ ဒီအင်ပါယာကို မြေအင်မော်တယ်လောကဆီကို ခေါ်သွားနိုင်မလား။ ဒီအင်ပါယာက တခြားလောကကြီးက ဘယ်လိုပုံစံမျိုး ရှိမလဲဆိုတာကို အရမ်းသိချင်တယ်"

လက်ရှိအချိန်၌ သူသည် တော်ဝင်အင်ပါယာတစ်ယောက် ဖြစ်လာခဲ့၏။ သူ့အနေနှင့် ထိပ်တန်းတိုက်ခိုက်ရေး စွမ်းအင်အဆင့် ပိုင်ဆိုင်သည့် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် လောကကြီး မဟုတ်ပါက ဂရုစိုက် လိမ့်မည် မဟုတ်ချေ။ အနည်းဆုံးတော့ သူ၏ မြင့်မားလှသည့် ကျင့်ကြံခြင်းအဆင့်ဖြင့် ကိုယ့်ကိုယ်ကိုယ် ခုခံနိုင်စွမ်းတော့ ရှိနေလေသည်။

"ဒါက" ဖန်းဟန်သည် ပြောစရာစကား ဆွံ့အလို့‌ နေခဲ့၏။

သူ၏နောက်ဘက်တွင် ရှိနေသည့် ဖန်းချင်းလန်မှာတော့ အရှေ့ဆီသို့ လှမ်းတက်လိုက်၏။ သူမ၏ လက်များကို ယမ်းခါကာ ပြောလိုက်သည်။ "စီနီယာကို အရိုးသားဆုံး ပြောရမယ်ဆိုရင် ကျွန်မတို့က မြေအင်မော်တယ်လောကကနေ ထွက်ပြေးလာခဲ့တာပါ။ ကျွန်မတို့နောက်မှာရှိတဲ့ မိသားစုဝင် အားလုံးက သတ်ဖြတ်ခံလိုက်ပြီ။ ပြန်သွားမယ်ဆိုရင် ကျိန်းသေပေါက် သေဖို့နည်းလမ်းပဲ ရှိမယ်"

"ပြဿနာ မရှိဘူး"

မုန့်ရှင်းကျီသည် ထူးမခြားနားသလို သူ၏လက်များကို ယမ်းခါကာ ပြောလိုက်၏။ "ဒီအင်ပါယာ ရှိနေပြီဆိုမှတော့ ဘယ်သူမှ မင်းတို့ကို နာကျင်အောင် လုပ်လို့မရဘူး"

All Chapters