အခန်း (၂၉၃)
Vol. 20 Ch. 293
မုန့်ရှင်းကျီသည် ဆက်လက်ကာ မပြောဆိုခဲ့ချေ။ ထိုနှစ်ယောက်ကို အသာဆွဲခေါ်ကာ တည်နေရာ လမ်းကြောင်း အတိုင်း ဝင်ရောက်ကာဖြင့် တော်ဝင်သဲကန္တာရမြို့ဆီသို့ မြန်မြန်ဆန်ဆန် ဦးတည်လိုက်၏။ တစ်ချက်ကလေးမှ ရပ်နားခြင်း မရှိဘဲ တော်ဝင်သဲကန္တာရမြို့ထဲသို့ သူက ဝင်ရောက်ခဲ့၏။
ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အရှေ့မှာတော့ သူသည် လက်ကို ယမ်းခါပြီးသည့်နောက် ဖန်းဟန်နှင့် တခြားသော တစ်ယောက်ကို ခေါ်ယူလိုက်၏။ သူ၏ မျက်လုံးများသည် လေးနက်လျက် ရှိနေ၏။ သူက သေသေချာချာ ညွှန်ကြားလိုက်သည်။ “စီနီယာနဲ့ တွေ့တဲ့အချိန်မှာ လေးစားမှုကို ပြသဖို့ သတိထား”
ဤနှစ်ယောက်သည် မြေအင်မော်တယ်လောကဆီမှ ရောက်ရှိလာသည့်လူများ ဖြစ်၏။ ထို့ကြောင့် ခရမ်းရောင် နက်နဲလောကကြီး အကြောင်းကို အနည်းငယ်သာ သိရှိပေလိမ့်မည်။ ကောင်းကင်မူလလောကကြီး အတွက်ဆိုလျှင် ပိုတောင် ဆိုးပေမည်။ အမှတ်မထင်နှင့် စီနီယာနန်းဆောင်သခင်ကို အပြစ်ပြုမိသည်ဆိုပါက အပြစ်အားလုံးသည် သူ၏ ခေါင်းပေါ်သို့ ကျဆင်းလာပေလိမ့်မည်။ ဤတည်နေရာသို့ ခေါ်ဆောင်လာသည့် သူ၏ ခေါင်းပေါ်သို့သာ အရာအားလုံး ကျဆင်းလာလိမ့်မည် ဆိုသည်မှာ သဘာဝပင်ဖြစ်၏။
“ကျုပ် နားလည်ပါပြီ” ဖန်းဟန်က ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ။ ဒါဆိုရင်လည်း ငါ့နောက်ကို လိုက်ခဲ့ကြ”
မုန့်ရှင်းကျီက ခေါင်းညိတ်လိုက်သည်။ ပြီးနောက် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ ဦးဆောင်ကာ ဝင်ရောက်လိုက်၏။
ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အတွင်းဘက်မှာတော့ လီယွင်သည် ထိုင်ခုံပေါ်တွင် ထိုင်လျက် ရှိနေပြီး သူ၏ အရှေ့တွင် ရှိနေသည့် ကိုယ်ရေးအကျဉ်းကို ကြည့်ရှုကာဖြင့် သဘောတကျ ဖြစ်လို့နေသည်။
ဤအတောအတွင်း လူပေါင်းများစွာတို့သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သို့ လာရောက်ခဲ့၏။ များပြားလှသည့် အင်ပါရီယာကလန်များ၊ နတ်နယ်မြေများ၊ မွန်းစတားကလန်များနှင့် တခြားသောသူများ အားလုံးတို့သည် ၎င်းတို့၏ သတင်းအချက်အလက်များကို သိရှိချင်သောကြောင့် လာရောက်ကြ၏။ ခရမ်းရောင်နက်နဲ လောကကြီး နှင့် ရင်ဆိုင်သည့် နေရာတွင် မည်ကဲ့သို့ ရင်ဆိုင်ရမည်ဆိုသော အကြောင်းအရာကို လာရောက်ကာ တောင်းခံကြသည့် ဂိုဏ်းများက များပြားလှ၏။
တကယ်ပင် မျိုးစုံလွန်းလှချေ၏။ ဤလာရောက်လည်ပတ်သည့် လူများသည် ကောင်းကင်လျှို့ဝှက်အမှတ် တော်တော်များများကို ယူဆောင်လာခဲ့သည်ဟု ပြောဆိုရပေလိမ့်မည်။ ဤအတိုင်းသာ ဆက်သွားသည်ဆိုပါက သူ့အနေနှင့် အဆင့်မြင့် ကျင့်ကြံခြင်းအဆင့်ဆီသို့ တက်ရောက်နိုင်သည်သာမက အစစ်အမှန် အင်မော်တယ်အဆင့် ဆီသို့ပင် လွယ်လွယ်ကူကူဖြင့် အားအင်စိုက်ထုတ်မှုကင်းစွာ အဆင့်ချိုးဖြတ်နိုင်ပေလိမ့်မည်။
“ပြောရမယ်ဆိုရင် ခရမ်းရောင်နက်နဲ လောကကြီးနဲ့ ကောင်းကင်မူလလောကကြီးတို့ ဒီအတိုင်းဆက်ပြီး တိုက်ခိုက်နေတာက ကောင်းမွန်တဲ့ ဖြေရှင်းနည်း ဖြစ်လာမှာ မဟုတ်ဘူး” လီယွင်က တီးတိုးရေရွတ်လိုက်၏။
သူ့အနေနှင့် များပြားလှသည့်လူများ သေဆုံးခဲ့သည်ကို ဆက်လက် မကြည့်နိုင်၍ မဟုတ်ချေ။ ခရမ်းရောင်နက်နဲ လောကကြီးတွင် များပြားလှသည့် အရင်းအမြစ်များ တည်ရှိနေ၏။ နှစ်ဖက်လုံးသည် ကိုယ့်အခြေအနေကို ကိုယ်သိကာဖြင့် ကိုယ်ပိုင်ဆိုင်သည့် အရာများကို ကာကွယ်ကာ တိုက်ခိုက်လျက်ရှိသည်။
ကောင်းကင်မူလလောကကြီးနှင့် ခရမ်းရောင်နက်နဲလောကကြီးတို့သာ ပေါင်းစပ်နိုင်မည် ဆိုပါက နှစ်ဆကြီးမားသည့် လောကကြီး ဖြစ်လာသည်သာမက သူ၏ ကောင်းကင်လျှို့ဝှက်အမှတ်များသည်လည်း နှစ်ဆ တိုးလာပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူ့အနေနှင့် တည်နေရာလမ်းကြောင်း၏ အတားအဆီးများကို ဂရုစိုက်စရာ မလိုဘဲ တိုက်ခိုက်နိုင်ဦးမည်။
“စနစ်... နည်းလမ်းရှိလား” လီယွင်သည် စတင်ကာ ပြောဆိုရန် ပြင်လိုက်၏။ သို့ပေမဲ့ သူပြော၍ မပြီးသေးခင်မှာဘဲ မုန့်ရှင်းကျီသည် တခြားသော လူနှစ်ယောက်နှင့်အတူ ဝင်ရောက်လာခဲ့၏။
“ဂျူနီယာ မုန့်ရှင်းကျီ စီနီယာ နန်းဆောင်သခင်ကို ဂါရဝပြုပါတယ်”
မုန့်ရှင်းကျီသည် ဝင်ဝင်လာချင်းမှာပဲ ဦးညွတ်ကာဖြင့် အလွန်ကို ယဉ်ကျေးလှသည့် လူတစ်ယောက်၏ ပုံပန်းသွင်ပြင်မျိုးကို ထုတ်ဖော်ပြသ လိုက်သည်။
“ဂျူနီယာ ဖန်းဟန်၊ ဖန်းချင်းလန်တို့က စီနီယာ နန်းဆောင်သခင်ကို ဂါရဝပြုပါတယ်”
မုန့်ရှင်းကျီ၏ အဖော် နှစ်ယောက်ဖြစ်သည့် အဘွားအိုနှင့် လူငယ်တို့သည်လည်း လေးလေးစားစားဖြင့် ဦးညွတ်လိုက်ကြ၏။
“ဪ”
လီယွင်သည် မုန့်ရှင်းကျီကို လှမ်းကြည့်ကာဖြင့် မေးမြန်းလိုက်သည်။ “ခင်ဗျား အင်ပါယာ ဖြစ်လာပြီလား”
“စီနီယာရဲ့ လမ်းညွှန်မှုကို ကျေးဇူးတင်ပါတယ်။ မဟုတ်ရင် ဂျူနီယာအနေနဲ့ ဒီနေ့၊ ဒီလိုနေရာမျိုးကို ရောက်မှာ မဟုတ်ပါဘူး” မုန့်ရှင်းကျီသည် အလွန်ပင် ကျေးဇူးတင်လျက် ရှိ၏။
“ဒါ ခင်ဗျားရဲ့ ကိုယ်ပိုင် ကံကောင်းခြင်းပါပဲ”
လီယွင်သည် လက်ကို အသာယမ်းခါလိုက်၏။ ပြီးသည့်နောက် မုန့်ရှင်းကျီမှတဆင့် တခြားသောနှစ်ယောက်ကို လှမ်းကာ ကြည့်ရှုလိုက်၏။ သူ၏ မျက်လုံးထဲတွင် နားလည်မှု အရိပ်အယောင်များ ဖြစ်တည်လာခဲ့သည်။
“မြေအင်မော်တယ်လောကက သက်ရှိတွေကိုတောင်မှ ခေါ်လာသေးတာလား”
အစဦးအားဖြင့် နက်နဲကြယ်နယ်မြေ၏ အခွင့်အရေးကို ဝယ်ယူခဲ့ပြီးဖြစ်သည်။ ကွာစီအင်ပါယာအဆင့် ကျင့်ကြံသူ တစ်ယောက်ယောက် ဤနေရာတွင် မရှိသည်ကို သတိပေးခဲ့၏။ ထိုအချိန်က သူသည် တစ်စုံတစ်ခု လွှဲမှားနေသည်ကို ခံစားနေမိ၏။ ကြည့်ရသည်မှာ အမှန်ပင်ဖြစ်သည်။ ကွာစီအင်ပါယာ၏အထက်အဆင့် ကျင့်ကြံသူများ မလာသည်ဆိုသော်လည်း ကွာစီအင်ပါယာ၏အောက် ကျင့်ကြံသူများ ရှိနေ၏။
ထို့အပြင် ဤနှစ်ယောက်တို့သည် လျှို့ဝှက်ချက်ပေါင်း များစွာကို ထိန်းသိမ်းထားသူများဖြစ်၏။ လီယွင်သည် ဖန်းဟန်ကို ကြည့်ရှုကာဖြင့် ပျော်ရွှင်သွားမိ၏။ ပြီးနောက် သူသည် အသာလှည့်ကာဖြင့် အရှေ့တွင် ရှိနေသည့် မြင်ကွင်းနှစ်ခုကို လှမ်းကာ ကြည့်ရှုလိုက်သည်။
ဖန်းဟန်နှင့် ဖန်းချင်းလန်တို့၏ သတင်းအချက်အလက်များသည် ထိုနေရာတွင် ပေါ်ပေါက်လာ၏။
[နာမည် - ဖန်းဟန်
မျိုးနွယ် - အင်မော်တယ်လူသားကလန်
အားအင်အဆင့် - ကောင်းကင်အသွင်ပြောင်းခြင်း အလယ်အလတ်အဆင့်
ထူးခြားချက် - မရှိ
ချီကံတရား - ကံကြမ္မာသားတော်
လက်ရှိအခြေအနေ - အပေါ့စား ဒဏ်ရာရရှိထားသည်။ မိသားစုတစ်ခုလုံး သုတ်သင်ရှင်းလင်း ခံရပြီး အကုန် သေဆုံးခဲ့၏။ သူနှင့် ဖန်းချင်းဟန်တို့သာလျှင် ကျန်ရစ်ခဲ့၏။ ဘိုးဘေး၏ အမွေအနှစ်ကို အရေးတကြီး ရှာဖွေရန် လိုအပ်ပြီး အစစ်အမှန် အင်မော်တယ်အဆင့်ဆီသို့ တက်ရောက်ရန် ရည်ရွယ်ချက်ရှိ၏။ မြေအင်မော်တယ်လောက ဆီသို့ ပြန်ပြီးသည့်နောက် မိသားစု၏ သေဆုံးခြင်းအတွက် လက်စားချေချင်နေသည်။ ထပ်မံ သိရှိရန် နှိပ်ပါ]
[နာမည် - ဖန်းချင်းလန်
...........
........
ထပ်မံသိရှိရန် နှိပ်ပါ]
“စိတ်ဝင်စားစရာပဲ” လီယွင်သည် ဖန်းဟန်နှင့် ဖန်းချင်းလန်တို့၏ ကိုယ်ရေးအကျဉ်းများကို လှမ်းကြည့်လိုက်၏။ ပြီးနောက် မြေအင်မော်တယ်လောကကြီးနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို အမှတ်မထင် ကြည့်ရှုရင်း အရာအားလုံးကို ချက်ချင်းပဲ နားလည်သွားခဲ့၏။
ခရမ်းရောင်နက်နဲလောကနှင့် ကောင်းကင်မူလလောကတို့နှင့် မတူညီစွာပဲ မြေအင်မော်တယ်လောကကြီးသည် လူသားမျိုးနွယ်များ၏ အမွေအနှစ်များကို ဆက်ဆံထားသည့် တည်နေရာတစ်ခုဖြစ်၏။ တခြားသော သတ္တဝါများ သည် ထိုနေရာတွင် မြင့်မြင့်မားမား နေထိုင်ခြင်း မရှိကြချေ။ တခြားသောမျိုးနွယ်များ တည်ရှိသည်ဆိုလျှင်တောင်မှ ၎င်းတို့သည် အိမ်မွေးတိရစ္ဆာန်များ၊ ကျေးကျွန်များသာ ဖြစ်ကြသည်။
ပြောရမည်ဆိုလျှင် လူသားမျိုးနွယ်သည် အလုံးစုံ အုပ်စိုးသူများသာဖြစ်သည်။ မည်သည့်မျိုးနွယ်မှသည် ၎င်းတို့နှင့် ယှဉ်ပြိုင်နိုင်စွမ်း မရှိကြချေ။ ၎င်းတို့အနေဖြင့် လုပ်ချင်ရာလုပ်၍ ရနိုင်သည့် လောကကြီးပင် ဖြစ်လေ၏။ မြေအင်မော်တယ်လောကဆီမှ လူသားမျိုးနွယ်များနှင့် မတူညီသော ခြားနားချက်မှာ အစကတည်းက ၎င်းတို့သည် အင်မော်တယ်ကလန်များဆီမှ ဆင်းသက်လာသည်ဟု သတ်မှတ်ကြခြင်းပင်။
အားလုံးသောသူတို့သည် အင်မော်တယ်ဖြစ်ရန် လမ်းစဉ်ကို လျှောက်လှမ်းကြ၏။ ခရမ်းရောင်နက်နဲလောကနှင့် ကောင်းကင်မူလလောကတို့မှ လူသားမျိုးနွယ်များနှင့် မတူညီကြချေ။
လီယွင်အနေနှင့် သေသေချာချာ လှမ်းမျှော် ကြည့်ရှုပြီးသည့်နောက် ခရမ်းရောင်နက်နဲလောကနှင့် ကောင်းကင်မူလလောကတို့မှ လူသားမျိုးနွယ်များသည် တကယ့်ကို ခက်ခဲသည့် အခြေအနေတွင် နေရသည့်လူများ ဖြစ်ကြောင်း သိရှိသွားမိ၏။
ကောင်းကင်မူလလောကကြီးသည် အနည်းငယ် ပိုမိုကာ သက်သာသေး၏။ သို့ပေမဲ့ ခရမ်းရောင်နက်နဲ လောကကြီးတွင် ရှိနေသည့် လူသားမျိုးနွယ်များမှာတော့ တကယ့်ကို အဆုံးစွန်သော အခြေအနေနှင့် ရင်ဆိုင် နေရသည်။
လောကကြီးနှစ်ခုဆီမှ လူသားမျိုးနွယ်များနှင့် ချိန်ထိုးကြည့်ပြီးသည့်နောက် ကောင်းကင်ကြီးသည် မိမိ လိုရာကိုသာ ဖန်တီးတတ်ကြောင်း သူက သိရှိလာမိ၏။