← Chapters

အခန်း (၂၉၆)

Vol. 20 Ch. 296

အခန်း (၂၉၆)

Vol. 20 Ch. 296

"စီနီယာ ကျုပ်တကယ်တဲ့ တန်ဖိုးရှိတဲ့ အရာတစ်ခုကို ထပ်ပြီးတော့ ထုတ်မပေးနိုင်တော့ပါဘူး" ဖန်းဟန် သည် အကူအညီမဲ့စွာဖြင့် ခေါင်းယမ်းလိုက်မိ၏။

"စိတ်မပူနဲ့"

လီယွင်သည် ခေါင်းညိတ် ပြလိုက်သည် "လက်ရှိအချိန်မှာ မင်း တန်ဖိုးရှိတဲ့ အရာတွေကို မပေးနိုင်ဘူးဆိုတာ အမှန်ပဲ။ ဒါပေမဲ့ အနာဂတ်မှာတော့ မဟုတ်ဘူး"

အဓိကဇာတ်ကောင်၏ တိုးတက်မှု အမြန်နှုန်းသည် သာမန်အမြင်နှင့် တွက်ဆ၍ ရနိုင်သည့် အရာမျိုး မဟုတ်ချေ။ ဖန်းဟန်သည် လူငယ်မျိုးဆက်ထဲတွင် ပါဝင်နေသည် ဆိုလျှင်တောင်မှ နောင် ဆယ်စုနှစ် သို့မဟုတ် ရာစုနှစ်အတွင်း မျိုးဆက်ဟောင်းများကိုပင် ကျော်ဖြတ်နိုင်စွမ်းရှိ၏။

အရိုးသားဆုံး ပြောရမည်ဆိုလျှင် ဖန်းဟန်တစ်ယောက် နှစ်တစ်ထောင်အတွင်း အင်ပါယာ ဖြစ်လာသည် ဆိုလျှင်တောင် လီယွင်သည် အံ့အားသင့်လိမ့်မည် မဟုတ်ချေ။ လက်ရှိ လီယွင်၏ အမြင်အရဆိုလျှင် ဖန်းဟန်သည် အင်ပါယာများထက် ပို၍ပင် တန်ဖိုးရှိလှသည်။ အနာဂတ်တွင် သူသည် ဖန်းဟန် ဆီမှတဆင့် ကံကောင်းခြင်းများကို ယူဆောင်လာနိုင်ပေလိမ့်မည်။

ထိုစကားကို ကြားရသည့် အချိန်မှာတော့ ဖန်းဟန်သည် ဘာတစ်ခုမှ ပြန်လည် မတုံ့ပြန်နိုင်ချေ။ သို့ပေမဲ့ မုန့်ရှင်းကျီ၏ နှလုံးသားမှာတော့ တဆတ်ဆတ် တုန်ယင်လျက် ရှိနေ၏။ စီနီယာ၏ စကားလုံးတိုင်းတွင် ရှိနေသော သတင်းအချက်အလက်၏ တန်ဖိုးကို သူ သိရှိပြီးဖြစ်၏။ ဖန်းဟန်အနေဖြင့် အနာဂတ်တွင် တန်ဖိုးရှိသည့် အရာတစ်ခုခုကို ရရှိနိုင်သည်ဟု နန်းဆောင်သခင်က ပြောဆိုခဲ့သောကြောင့် ဤဖန်းဟန်သည် တကယ်ပင် အလားအလာ ကောင်းကို ပိုင်ဆိုင်ပေလိမ့်မည်။

မုန့်ရှင်းကျီ၏ မျက်လုံးများသည် တောက်ပသွားခဲ့၏။

စီနီယာ ဒီဖန်းဟန်ကို တကယ်ပဲ အထင်အမြင်ကောင်းတွေ ရှိနေတာပဲ။ ငါခရမ်းရောင် နက်နဲလောကကို သွားတဲ့အချိန်မှာ ရတနာပုံကြီးကို တက်နင်းမိခဲ့တာလား။

" စီနီယာ"

ဖန်းဟန်သည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။ သူသည် ဘိုးဘေး၏ အမွေအနှစ်ကို ရယူနိုင်ခြင်း မရှိချေ။ ထိုအတူ ခရမ်းရောင် နက်နဲလောကကြီးဆီသို့ ပြန်လျှင်လည်း များပြားလှသော ဂိုဏ်းကဏ္ဍအသီးသီး၏ ဝိုင်းဝန်းသတ်ဖြတ်ခြင်းကို ခံရမှာ ဖြစ်၏။ တစ်ဖက်လူများသည် သူ့အား မသုတ်သင်နိုင်ပါက ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်လိမ့်မည် မဟုတ်ချေ။

ထို့အတူ နားလည်မှုအရဆိုလျှင် အစစ်အမှန် အင်မော်တယ်ပင်လျှင် လှုပ်ရှားလာပေလိမ့်မည်။ လှုပ်ရှားမည်ဆိုပါက တည်နေရာလမ်းကြောင်းကို ဖွင့်ရန် အချိန်ကြာမြင့်လိမ့်မည် မဟုတ်ချေ။ အစစ်အမှန် အင်မော်တယ်တစ်ယောက်သည် ဂျူနီယာတစ်ယောက်ကို သတ်ရန် ကိုယ်တိုင် မလှုပ်ရှားနိုင်ဘူး ဆိုလျှင်တောင်မှ လှုပ်ရှားနိုင်သည့် ဖြစ်နိုင်ချေတော့ ရှိနေသေး၏။

ထို့ပြင် အဓိက ဂိုဏ်းများမှလူများ ဆင်းသက်လာပါက သူ၏ ဘေးနားရှိ အင်ပါယာတစ်ယောက်တည်းနှင့် ကာကွယ်ပေးနိုင်လိမ့်မည် မဟုတ်ချေ။ ဖန်းဟန်သည် မလုံခြုံသလို ခံစားနေမိသည်။

ထို့အပြင် သူ၏ဘေးနားတွင် ရှိနေသည့် အင်ပါယာကလည်း ယုံကြည်ရသည့်ပုံ မပေါ်ချေ။ တကယ့်ကို လောဘကြီးသည့် အင်ပါယာတစ်ယောက် ဖြစ်ပုံပင်။

သူ ၏ အမွေအနှစ်ကို ရယူလိုစိတ် လောဘက ကြီးလွန်းသည်။ ထိုသို့သောသူသည် အဘယ့်ကြောင့် သူ့အား နှစ်နှစ်ကာကာဖြင့် ကူညီမည်နည်း။ တကယ့်ကို တားဆီး၍ မရနိုင်သည့် အန္ဓရာယ်နှင့် ရင်ဆိုင်ရချိန်တွင် ဤအင်ပါယာသည် သူ့ကို ထားခဲ့မည်မှာ ကိုးဆယ်ရာခိုင်နှုန်းပင်။

လက်ရှိ ကောင်းကင်လျှို့ဝှက်နန်းဆောင်မှာတော့ ….. နန်းဆောင်သခင်သည် ​ကောင်းကင်၏ လျှို့ဝှက်ချက်များကို တွက်ချက်ရာတွင် ကျွမ်းကျင်ပုံပေါ်၏။ တစ်ချက်ကြည့်လိုက်ရုံဖြင့် များပြားလှသည့် လောကများအကြောင်းကို သိရှိနေသည်။

မြေအင်မော်တယ်လောကကြီး၌ ထိုကဲ့သို့သော လူမျိုး မရှိချေ။ ဖန်းဟန်အနေဖြင့် သူ့အား မည်သူသည် လာရောက်သတ်ဖြတ်နိုင်သည်ကို မေးမြန်းနိုင်သည်။ ဤအတောအတွင်း ဖန်းဟန်အနေဖြင့် အရင်းအမြစ်များကို စုဆောင်းပြီး နန်းဆောင်သခင်ဆီမှ ဘိုးဘေး၏ အမွေအနှစ်များကို ဝယ်ယူရပေလိမ့်မည်။

ထို့ကြောင့် ဖန်းဟန်သည် တွန့်ဆုတ်မနေတော့ချေ။ လေးလေးစားစားဖြင့် မေးမြန်းလိုက်၏။ "စီနီယာ …. ကျုပ်ကို သတ်ဖို့ မြေအင်မော်တယ်လောက ကနေ ဘယ်လိုလူတွေ လာမှာလဲ"

"ကွာစီအင်ပါယာအဆင့် ပစ္စည်းတစ်ခု " လီယွင်သည် တည်ငြိမ်စွာ ပြန်လည်ပြောဆိုလိုက်သည်။

“ဟမ် …”

ဖန်းဟန်၏ အမူအရာသည် အေးခဲသွားခဲ့၏။ ဤအရာသည် စီနီယာ၏ ပုံပန်းသွင်ပြင်လား။

သူသည် နှောင့်နှေးခြင်း တစ်ချက်မရှိဘဲနှင့် သိုလှောင်လက်စွပ်ထဲမှ ဆေးပင်တစ်ပင်ကို ထုတ်ယူလိုက် ၏။ ဤဆေးပင်သည် တစ်ပေခန့်သာ မြင့်၏။ ကြက်သွေးရောင်များ တောက်ပလျက် ရှိနေပြီး ဖီးနစ်သွေးကဲ့သို့ပင် ထင်ပေါ်နေ၏။ များပြားလှသည့် စိတ်ဝိညာဥ် စွမ်းအင်များသည် နန်းဆောင်တစ်ခုလုံးကို ပြန့်နှံ့သွား၏။

ထိုမြင်ကွင်းကို မြင်ရသည့် အချိန်မှာတော့ မုန့်ရှင်းကျီ၏ မျက်လုံးများသည် လေးနက်သွားခဲ့၏။သူသည် အမှန်ပင် အထင်အမြင် သေးခဲ့မိ၏။ ဤကောင်လေးသည် ချမ်းသာသည့် လူတစ်ယောက်ဟု မထင်မှတ်ခဲ့ချေ။

ကွာစီအင်ပါယာအဆင့် ဆေးပင်ဆိုသည်မှာ ​ကောင်းကင်မူလလောကကြီး တွင်တောင်မှ တကယ်ကို လိုချင်စရာ အပင်မျိုးပင်။ သို့ပေမဲ့ တစ်ဖက်လူသည် မျက်တောင်တစ်ချက်မခတ်ဘဲ ထုတ်ပေးခဲ့၏။ ကွာစီအင်ပါယာအဆင့် ဆေးပင်ဆိုသည်မှာ အလွန်တရာ ရှားပါးလှကြောင်း သိရှိပြီး ဖြစ်ပေလိမ့်မည်။

သူသည် ဖန်းဟန်၏ သိုလှောင်လက်စွပ်ထဲသို့ လှမ်းကြည့်ပြီး မည်မျှ များပြားသော ရတနာများ ရှိမည်မှန်း သိချင်နေမိ၏။

"စုစုပေါင်း ပါရမီရှင်က (၃၀၇) ယောက်၊ တာအိုကာကွယ်သူက (၄၈၂) ယောက် ပါတယ်။ ပြီးတော့ နောက်လိုက်တွေက ထောင်ပေါင်းများစွာ ပါဝင်နေသေးတယ်လေ။ အခြေအနေကို အခွင့်အရေးယူဖို့ ကြည့်နေတဲ့ လူတွေက တစ်သောင်းကျော်လောက် ရှိနေသေးတယ်။"

လီယွင်သည် ကျောက်စိမ်းပြားတစ်ခုကို ပစ်ပေးကာ ပြောလိုက်သည်။

"တည်နေရာ လမ်းကြောင်းကို ဖွင့်တဲ့သူက ကျောက်စိမ်းလေဟာနယ် နန်းတော်ရဲ့ အစစ်အမှန် အင်မော်တယ် ဘိုးဘေးကြီးပဲ။ သူတို့ရဲ့ တတိယ မျိုးဆက် ပထမဆုံးတပည့်ဖြစ်တဲ့ ရန်ကျန်းက လောကကို ဖြတ်သန်းပြီး ရောက်ရှိလာတော့မယ်။ "

စနစ်ဆီမှ ရရှိထားသည့် သတင်းအချက်အလက်များကို ကြည့်ရှုပြီးနောက် လီယွင်၏ နှလုံးသားများ ပင်လျှင် လှုပ်ရှားလာမိ၏။ သေသေချာချာ အတည်ပြုပြီးနောက် သူသည် စိတ်သက်သာရာ ရသလို သက်ပြင်းချမိ၏။

ဤကျောက်စိမ်းလေဟာနယ် နန်းတော်ဆိုသည်မှာ သူသိရှိသော ကျောက်စိမ်းလေဟာနယ် နန်းတော်နှင့် မတူညီလှချေ။ ယန်ကျန်းသည်လည်း နာမည်တူနေခြင်းသာ ဖြစ်နေ၏။ သူကို အပြစ်တင်၍ မရချေ။ ကျောက်စိမ်းလေဟာနယ် နန်းတော်ဆိုသည်မှာ ယခင်ဘဝ၏ အသိအမြင်အရ တကယ်ပင် ကြီးမားလှသည့် အရာတစ်ခုဖြစ်၏။ သူသိရှိသည့် ကျောက်စမ်းလေဟာနယ် နန်းတော်ဆိုပါက တန်ပြန် တိုက်ခိုက်ရန် မလိုအပ်တော့ချေ။ တစ်ခါတည်း သေဆုံးဖို့ စောင့်မျှော်လိုက်ရုံသာ ရှိသည်။

"ကျောက်စိမ်လေဟာနယ် နန်းတော်ဟုတ်လား။” ဖန်းဟန်၏ နှလုံးသားများသည် တုန်ယင်သွားမိ၏။ ဤအင်အားစုသည် မြေအင်မော်တယ်လောကတွင် လက်ရှိအချိန်၌ ကျော်ကြားလာသည့် ဂိုဏ်းတစ်ခု ဖြစ်ပြီး နှစ်သန်းပေါင်းများစွာကတည်းက တည်ထောင်လာခဲ့သည့် ဂိုဏ်းတစ်ခုလည်း ဖြစ်၏။ ၎င်းတို့ ဘိုးဘေး၏ ဦးဆောင်မှုဖြင့် ၎င်းတို့သည် မြေအင်မော်တယ်လောက၌ ဂုဏ်သိက္ခာ ကြီးမားလာခဲ့၏။

မျိုးဆက်သုံးခုအထိ ရောက်ရှိခဲ့ပြီ ဖြစ်ပြီး တပည့် တစ်ယောက်ချင်းစီတိုင်းသည် အထူးလက်ရွေးစင်များ ဖြစ်၏။ အထူးသဖြင့် တတိယမျိုးဆက်၏ ထပမဆုံး လူငယ်တပည့်သည် ပါရမီရှင်ဟု သတ်မှတ်၍ရပြီး မျိုးဆက်တူများ ကြားထဲတွင် တစ်ခါမှ မရှုံးနိမ့်ခဲ့ဖူးချေ။ အဆင့်တူချင်းတွင် တိုက်ကွက်တစ်ရာထက် ကျော်အောင်ပင် မတိုက်ခိုက်ဘဲ အနိုင်ယူနိုင်သည်ဟု ကျော်ကြားသည်။ ပြောရမည်ဆိုလျှင် ၎င်းသည် အစစ်အမှန် အင်မော်တယ်တစ်ယောက် ဖြစ်လာရန် သတ်မှတ်ခံထားရသည့် လူဟုပင်။

"ဟုတ်တယ်"

လီယွင်က ခေါင်းညိတ်လိုက်၏။ ပြီးနောက် ကျောက်စိမ်းပြားကို လှမ်းပစ်ကာ ပြောလိုက်၏။ “ကျောက်စိမ်းပြားထဲမှာ ဒီလောကကို ရောက်ရှိလာမဲ့ လူတစ်ယောက်ချင်းစီရဲ့ အချက်အလက် တွေ ပါတယ်။ မင်းအနေနဲ့ ဒီထက် အသေးစိတ်ကို လိုချင်ရင် ထပ်ပေးရလိမ့်မယ်"

ကျောက်စိမ်းပြားထဲတွင် ရှိနေသည့် သတင်းအချက်အလက်များသည် မြေအင်မော်တယ် လောက၏ လျှို့ဝှက်ချက်များ မဟုတ်လှချေ။ ကျောက်စိမ်းလေဟာနယ် နန်းတော်၏ ဘိုးဘေးသည် တည်နေရာလမ်းကြောင်းကို ဖွင့်လှစ်ခဲ့သည် ဆိုခြင်းမှာ အများသိပြီးသား ကိစ္စဖြစ်သည်။

ခရမ်းရောင် နက်နဲလောကထဲသို့ သွားရောက်ချင်သူတို့သည် ဤတည်နေရာလမ်းကြောင်းကို အသုံးပြုနိုင်၏။

All Chapters