← Chapters

အခန်း (၂၉၇)

Vol. 20 Ch. 297

အခန်း (၂၉၇)

Vol. 20 Ch. 297

ထို့ကြောင့် လီယွင်အနေဖြင့် လောကကို ဖြတ်သန်းလာမည့် လူများစာရင်းကို လွယ်လွယ်ကူကူ ပေးအပ်ခဲ့ခြင်းသာ ဖြစ်လေသည်။

ကျောက်စိမ်းလေဟာနယ် နန်းတော်ရဲ့ ဘိုးဘေးကြီးက တကယ့်ကို အစီအစဉ်ကောင်းကြီး တစ်ခု စီစဉ်ထားတာပဲ။ လီယွင်က တွေးတောလိုက်၏။ သူသည် တည်နေရာလမ်းကြောင်းကို ဖွင့်လှစ်ပြီးသည့်နောက် တခြားသူများ နောက်ထပ် အလုပ်ရှုပ်မည်ကို မလိုချင်ပေ။ ထို့ပြင် အားလုံးသော သူများသည် တည်နေရာလမ်းကြောင်းကို ဖွင့်လှစ်ရန် လုံလောက်သည့် အင်မော်တယ်အားအင်ကို ပိုင်ဆိုင်သည့် လူများ မဟုတ်ကြချေ။

အင်ပါယာအချို့သည် ပြုလုပ်နိုင်လျှင်တောင်မှ အချိန်အတော်ကြာ ယူရမှာဖြစ်၏။ အချိန်ရှိသည် ဆိုလျှင်တောင်မှ အချိန်ကြာမည် ဆိုပါက အမွေအနှစ်များ ပျောက်ကွယ်သွားပေလိမ့်မည်။ ထို့ကြောင့်ပင်လျှင် ကျောက်စိမ်းလေဟာနယ် နန်းတော်၏ ဘိုးဘေးကြီးသည် တည်နေရာလမ်းကြောင်းကို ဖွင့်လှစ်ပြီးနောက် အားလုံး သုံးနိုင်ရန် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။

သို့ပေမဲ့ ထိုသို့ ဝင်ရောက်မည် ဆိုပါက ကျောက်စိမ်းလေဟာနယ် နန်းတော်၏ စည်းကမ်းကို လိုက်နာရန်တော့ လိုအပ်၏။ လောကကြီး၌ ကောင်းမွန်သည့်အရာကို မည်သူမှ အလကားမရချေ။

ဤလမ်းကြောင်းကို အသုံးပြုလျှင် အထဲတွင် ရှိနေသည့်အမွေအနှစ်များကို ကျောက်စိမ်းလေဟာနယ် နန်းတော်နှင့် ပြန်လည်ကာ မျှဝေပေးရပေလိမ့်မည်။ မမျှဝေပဲ သိမ်းဆည်းထားချင်သည် ဆိုပါက ပြန်လာခွင့် ရလိမ့်မည် မဟုတ်ချေ။

လူပေါင်းများစွာတို့သည် ထိုအရာကို ထောင်ချောက်တစ်ခုမှန်း သိရှိပြီးဖြစ်၏။ သို့ပေမဲ့ သူတို့သည် ထိုထောင်ချောက်ထဲသို့ မိုင်ရူးရဲဆန်စွာဖြင့် ခုန်ဆင်းလျက် ရှိနေကြ၏။

ပုံမှန်အတိုင်း ကျင့်ကြံမည်ဆိုလျှင် အလွန်နှေးကွေးလှသည့်အချိန်မှသာ အဆင့်ကြီးတစ်ခု တက်နိုင်မှာ ဖြစ်၏။ ထို့ပြင် တခြားသောသူများ၏ တည်နေရာလမ်းကြောင်းက်ု အသုံးပြုပါက နှစ်ထောင်ပေါင်းများစွာ ကြာမြင့်ပေလိမ့်မည်။ ဤအတောအတွင်း အရာအားလုံးသည် ပြောင်းလဲသွားနိုင်၏။ တခြားသော အစစ်အမှန်အင်မော်တယ်၏ လက်အောက်တွင် ရှိနေသော ဂိုဏ်းကဏ္ဍအသီးသီးတို့သည် လက်ရှိ အစစ်အမှန်အင်မော်တယ်၏ အမွေအနှစ် ကို စိတ်မဝင်စားလှချေ။ ထို့ကြောင့် မည်သူ့ကိုမှ မစေလွှတ်ကြချေ။

တချို့မှာတော့ ကျောက်စိမ်းလေဟာနယ်နန်းတော်ကို မကြောက်လန့်ကြချေ။ ကျောက်စိမ်းလေဟာနယ် နန်းတော်၏ လမ်းကိုပင်လျှင် ငှားရမ်းကာ အသုံးပြုပြီး ခရမ်းရောင်နက်နဲ လောကကြီးဆီသို့ လာရန် ပြင်ဆင်ထားကြသည်။ အရင်းအမြစ်များ ပြန်မပေးလျှင်တောင်မှ သူတို့၏ နောက်ခံကြောင့် ကျောက်စိမ်းလေဟာနယ် နန်းတော်သည် သူတို့ကို ဘာမှ လုပ်ရဲလိမ့်မည် မဟုတ်ဟု တွေးထင် ထားကြသည်။

"အစစ်အမှန် အင်မော်တယ်တွေတောင် စတင်ပြီး လှုပ်ရှားလာကြပြီလား။ "

ဖန်းဟန်သည် အချိန်အတော်ကြာသည်အထိ မတုန့်ပြန်နိုင်ခဲ့ချေ။ ဖန်းကလန်ကို သုတ်သင်ရှင်းလင်းချင်နေသည့် ဂိုဏ်းကဏ္ဍအသီးသီးတို့၌ အသစ်အမှန် အင်မော်တယ်မရှိချေ။ မူလအားဖြင့် တည်နေရာလမ်းကြောင်းကို ဖွင့်လှစ်နိုင်သော အင်ပါယာ သို့မဟုတ် ဘိုးဘေးများ၏ တည်နေရာလမ်းကြောင်းကို အသုံးပြုနိုင်စွမ်း ရှိနေသော ဂိုဏ်းများသာ ပါဝင်လိမ့်မည်ဟု သူက ထင်မှတ်ခဲ့၏။

သူတို့ဘိုးဘေးချန်ခဲ့သည့် လမ်းကြောင်းနားတွင် အစီအရင်များ တည်ရှိသောကြောင့် တခြားသောသူများ ဝင်ရောက်ရန် မဖြစ်နိုင်ချေ။ အင်မော်တယ်တစ်ယောက် ဝင်ရောက်ရန်ပင် အချိန်တစ်ခု ကြာမြင့်မှာ ဖြစ်သည်။

သို့ပေမဲ့ လက်ရှိအချိန်မှာတော့ အစစ်အမှန် အင်မော်တယ်တစ်ယောက်သည် လမ်းကို တစ်လှမ်းတိုးကာဖြင့် ဖွင့်လှစ်ပေးခဲ့ပြီ ဖြစ်၏။

"စီနီယာ ကျုပ်တို့ ဖန်းကလန် ….." ဖန်းဟန်သည် ထပ်မံကာ မေးမြန်းလိုက်သည်။

"ဖန်းကလန်ရဲ့ အဓိက ရန်သူဖြစ်တဲ့ လွင့်မျောတိမ်တောင် အကြောင်း မေးမြန်းချင်တာလား"

"ဟုတ်ပါတယ်"

ဖန်းဟန်၏ နှလုံးသားများသည် တုန်ယင်သွား၏။ စီနီယာသည် အရာအားလုံးကို တွက်ချက်နိုင်မို့ ဖန်းကလန်၏ အဓိကရန်သူ မည်သူဖြစ်ကြောင်းကို ရှာဖွေပေးနိုင်မှာ ​သေချာ၏။ ထို့အတူ ဖန်းကလန်နှင့် လွင့်မျောတိမ်တောင်တို့၏ တိုက်ပွဲသည် အချိန်များစွာ ကြာမြင့်ခဲ့၏။ ထို့ကြောင့် တကယ့်ပင် ကြီးကြီးမားမား တိုက်ခိုက်ခဲ့ရသည့် အရာတစ်ခု ဖြစ်ခဲ့၏။ မြေအင်မော်တယ်လောကတွင် ရှိနေသည့် လူပေါင်းများစွာတို့သည် ဤသတင်းကို သိရှိပြီး ဖြစ်လေ၏။

"သူတို့လာနေပြီ ဒါပေမဲ့ လွင့်မျောတိမ်တောင်ရဲ့ သခင်လေး မဟုတ်ဘူး ။ တခြားအကြောင်းအရင်းတွေ ရှိတာ မင်းနားလည်မှာပေါ့။" လီယွင်က အသာပြောလိုက်သည်။

"တကယ်လား"

ဖန်းဟန်၏ နတ်ဘုရားအသိအမြင်ကို ကျောက်စိမ်ပြားထဲသို့ ထည့်သွင်းကာဖြင့် အထဲတွင် ပါဝင်သော အကြောင်းအရာများကို ကြည့်ရှုလိုက်၏။ သူသည် တကယ်ပင် စိတ်လှုပ်ရှားမိ၏။

ဖန်းကလန်နှင့် လွင့်မျောတိမ်တောင်တို့ တိုက်ခိုက်ရသည့် အ​ကြောင်းအရင်းသည် လွင့်မျောတိမ်​တောင် သခင်လေး၏ အဆက်မပြတ် ရန်စမှုကြောင့်သာလျှင် ဖြစ်၏။ မည်သို့မှ သည်းမခံနိုင်သည့်အဆုံး ဖန်းဟန်သည် ထိုသူအား တိုက်ခိုက်ပြီး သတ်ဖြတ်မိခဲ့၏။

မူလအားဖြင့် သခင်​လေးတစ်ယောက် သေဆုံးရသည့် အကြောင်းအရင်းသည် ဘာမှသိသာလှသည့် အကြောင်းအရာ မဟုတ်ချေ။ ဂိုဏ်းများကြားတွင် တိုက်ပွဲံကြီး ဖြစ်ရလောက်သည့် အရာတော့မဟုတ်။ သို့ပေမဲ့ လွင့်မျောတိမ်တောင်သည် ထိုအရာကို လုံးဝသည်းမခံခဲ့ချေ။ တိုက်ရိုက် ဆိုသလိုပဲ တိုက်ခိုက်ခဲ့သည်။

သူတို့၏ သခင်လေး သေဆုံးခြင်းကြောင့် တိုက်ခိုက်ခြင်း မဟုတ်ကြောင်းကို အားလုံးသောသူများက သိရှိပြီးဖြစ်၏။ သူတို့၏ သခင်လေး သေဆုံးသည်ဖြစ်စေ၊ မသေဆုံးသည်ဖြစ်စေ လွင့်မျောတိမ်တောင်သည် ဖန်းကလန်ကို အနှေးနှင့်အမြန် လာရောက်တိုက်ခိုက်မှာ သေချာ၏။ သခင်လေး သေဆုံးသွားရခြင်းသည် ၎င်းတို့အတွက် ကောင်းမွန်သည့် အကြောင်းပြချက်ကို ရှာဖွေတွေ့ခဲ့ခြင်းသာ ဖြစ်၏။

"လွင့်မျောတိမ်တောင်ရဲ့ လူက အင်ပါယာတစ်ယောက်ပဲ" လီယွင်သည် တစ်စုံတစ်ခုကို ရည်ညွှန်းသကဲ့သို့ အပြင်ဘက်သို့ လက်ညိုးအသာထိုးကာ ပြောဆိုလိုက်သည်။

ပြီးနောက် သူသည် မုန့်ရှင်းကျီကို အဓိပ္ပာယ်ပါပါ လှမ်းကြည့်လိုက်၏။ မုန့်ရှင်းကျီအား သတိထားရန် အဓိပ္ပာယ်ပင်။ မုန့်ရှင်းကျီသည် အခုမှ အင်ပါယာတစ်ယောက် ဖြစ်လာသူ ဖြစ်၏။ လွင့်မျောတိမ်တောင်၏ အင်ပါယာနှင့် မည်ကဲ့သို့ သွားရောက်ကာ တုဖက်ပြိုင်နိုင်မည်နည်း။ ထို့ပြင် တစ်ဖက်လူများသည် ကြိုတင်ပြင်ဆင်လာခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် ခန့်မှန်း၍ မရနိုင်သော လက်နက်များကိုလည်း ယူဆောင်လာနိုင်သေး၏။ မုန့်ရှင်းကျီအနေဖြင့် ထိုသူများနှင့် တိုက်ခိုက်ပါက ကျိန်းသေပေါက် အဆုံးသတ်တွင် သေဆုံးသွားရမည်မှာ သံသယရှိစရာ မလိုချေ။

"စီနီယာ"

ဖန်းဟန်သည် အံကို တင်းတင်းကြိတ်လိုက်၏။ လွင့်မျောတိမ်တောင်၏ အင်ပါယာ ရောက်ရှိလာမည်ဟူသည့် စကားကို ကြားရသည့် အချိန်မှာတော့ သူသည် အကာအကွယ်ကို အလျင်စလို လိုအပ်နေကြောင်း နားလည်လိုက်မိ၏။

ထို့ကြောင့် အလွန်လေးစားသော လေသံဖြင့် မေးမြန်းလိုက်သည်။ "ကျုပ်သိချင်ပါတယ် စီနီယာ။ ကျုပ်ရဲ့ အားအင်အဆင့်ကို မြန်မြန်ဆန်ဆန်နဲ့ တိုးတက်နိုင်တဲ့ နည်းလမ်းရှိပါသလား"

“အားအင်အဆင့် မြန်မြန်ဆန်ဆန် တိုးတက်စေဖို့လား”

လီယွင်သည် ဖန်းဟန်ကို လှမ်းကာ ကြည့်ရှုလိုက်၏။ ပြီးသည့်နောက် တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ “ဒီလောကကြီး အကြောင်းကို မင်းသိရဲ့လား။ အလကားရတဲ့ အရာဆိုတာ ဘာမှ မရှိဘူး”

အားအင်အဆင့် မြန်မြန်ဆန်ဆန် တိုးတက်စေခြင်းဆိုသည်မှာ ရိုးရှင်းလှ၏။ သူတော်စင်ဖြစ်ရန်ကို မဆိုနှင့် အင်ပါယာအဆင့်ကို မြန်မြန်ဆန်ဆန် ရောက်ရှိအောင် ပြုလုပ်ဖို့ ဆိုလျှင်တောင်မှ ကိစ္စကြီးတစ်ခု မဟုတ်ပေ။

ဤလောကကြီးထဲတွင် အင်ပါယာတစ်ယောက် ဖြစ်လာအောင် ချက်ချင်း ပြုလုပ်နိုင်ခြင်း ဆိုသည်မှာ မဖြစ်နိုင်သည့်ကိစ္စ ဖြစ်သော်လည်း အင်္သချေ များပြားလှသည့် လောကကြီးတွင်တော့ မဟုတ်လှချေ။ အင်ပါယာများသည် သာမန်သာဖြစ်သည်ဆိုသော တချို့သော လောကများ တည်ရှိနေ၏။

ဆေးလုံး၊ စိတ်ဝိညာဉ်ဆေးလုံး ထိုအရာများသည် ကောင်းကင်မှ ငြင်းပယ်ရလောက်သည့် အရာမျိုးဖြစ်သည် ဆိုပါက အင်ပါယာတစ်ယောက် ဖြစ်လာနိုင်၏။ သို့ပေမဲ့ ဖန်းဟန် အနေနှင့် ဤကဲ့သို့သော လောကမျိုးသို့ သွားချင်သည်ဆိုပါက အသက်ရှင်သန်နိုင်ဖို့ အာမခံချက် မရှိချေ။ အဆုံးသတ်မှာတော့ ၎င်း၏ အဓိကဇာတ်ကောင် ဖြစ်လာနိုင်သည့် ရောင်စဉ်ရောင်ဝါများသည် မြေအင်မော်တယ်လောကဆီမှ ရရှိခဲ့ခြင်းသာဖြစ်၏။

မြေအင်မော်တယ်လောကကြီးထက် ပိုမိုကာ အဆင့်မြင့်မားသည့် လောကကြီးတွင် ၎င်း၏ အဓိကဇာတ်ကောင် ဖြစ်နိုင်သည့် အရှိန်အဝါမျိုးသည် ထွန်းတောက်နေလိမ့်မည် မဟုတ်ချေ။ ကျိန်းသေပေါက် အားနည်းနေမှာ သေချာသည်။

“ကျုပ် နားလည်ပါတယ်။ ဒါပေမဲ့ ကျုပ်က ဖြစ်နိုင်ရင် အမြန်ဆုံး လက်စားချေချင်စိတ် ရှိနေလို့ပါ” ဖန်းဟန်သည် လက်သီးကို ဆုပ်ကာဖြင့် တိကျခိုင်မာစွာ ပြောဆိုလိုက်၏။

“မင်းရဲ့ လက်စားချေချင်တဲ့ စိတ်ဆန္ဒကို ငါနားလည်ပါတယ်။ ဒါပေမဲ့ မင်းရဲ့ လက်ရှိအခြေအနေက အင်ပါယာ တစ်ယောက် ဖြစ်လာတာသာ မဟုတ်ဘူးဆိုရင် လုပ်ချင်တာလုပ်ဖို့ လွယ်မှာ မဟုတ်ဘူး။ လက်စားချေဖို့အတွက် ဆိုရင်တော့ အစစ်အမှန် အင်မော်တယ်အဆင့်ကို ရောက်ရှိမှ ဖြစ်လိမ့်မယ်” လီယွင်က ပြောဆိုလိုက်သည်။

ဖန်းကလန် ရင်ဆိုင်နေရသည့် အစစ်အမှန် အင်အားစုများသည် အစစ်အမှန် အင်မော်တယ်များ ပါဝင်လျက် ရှိနေ၏။ အစစ်အမှန် အင်မော်တယ်များ မပါဝင်ဘူး ဆိုလျှင်တောင်မှ တော်ဝင်အင်ပါယာအဆင့် အားအင်မျိုးကို ပိုင်ဆိုင်နေကြ၏။ ထို့ကြောင့် လက်စားချေဖို့ မပြောနှင့် စိန်ခေါ်တိုက်ခိုက်ရန်ပင် မဖြစ်နိုင်ချေ။

All Chapters