← Chapters

အတင်းအဖျင်း

Vol. 19 Ch. 328

အတင်းအဖျင်း

Vol. 19 Ch. 328

ယန်ယီကျင်းက သူ့သားရဲ့စကားတွေကိုကြားပြီးတော့ ခနလောက်တိတ်ဆိတ်သွားပြီး မသိမသာမေးလိုက်သည်။

“အဲ့ဒီတော့ ဘာဖြစ်လဲ? နွားကို မင်းသူငယ်ချင်းပိုင်ရင်တောင် ငါတို့ခိုးစရာမှမလိုတာ။ တိုက်ရိုက်ဝယ်လိုက်လို့ရတာပဲ။ ဒါမလုံလောက်ဘူးလား?”

ယန်စစ်မင်က ဒါကိုကြားတော့ မျက်မှောင်ကျုံ့ပြီး ခနလောက်တိတ်ဆိတ်သွားသည်။

စီးပွားရေးသမားတွေက အကျိုးအမြတ်တွေကို တန်ဖိုးဖြတ်သည်။ သူတို့မိသားစုက ပိုက်ဆံချို့တဲ့နေတာမဟုတ်ပေမယ့် ပိုက်ဆံတွေအများကြီးရတာကိုတော့ ဘယ်သူမှ အထွန့်တက်မှာမဟုတ်ပေ။

သူ့အဖေက ဒီလောက်ကောင်းတဲ့အရာအ‌ကြောင်းကိုကြားတော့ အလိုလိုပင် ၎င်းကို လိုချင်သွားသည်။

ယန်စစ်မင်က ခနလောက်တိတ်ဆိတ်သွားပြီးတော့

“အဖေ နွားဘုရင်ငယ်လေးကိုဝယ်ဖို့ ဘယ်လောက်ပေးမယ် တွေးထားလဲ?”

ယန်ယီကျင်းက ၎င်းကိုမတွေးတောမီ ခနမျှ အံ့ဩသွားပြီး

“သုံးသန်းထားလိုက်ရအောင်!”

အဲ့ဒီအချိန်မှာ သူရုတ်တရက် တုန့်ပြန်လိုက်သည်။

“မဟုတ်သေးပါဘူး။ ပိုင်ရှင်က မင်းသူငယ်ချင်းလို့ ပြောတယ်မလား? ဘယ်လိုသူငယ်ချင်းမျိုးလဲ? ဘာလို့ မင်းသူငယ်ချင်းက လယ်သမားတစ်ယောက် ဖြစ်နေတာလဲ?”

လျောင်ကောဟိုင် သူ့ကိုပြောခဲ့တာကို သူအမှတ်ရသွားသည်။

နွားရဲ့ပိုင်ရှင်က သာမန်လယ်သမားတစ်ယောက်ဖြစ်သည်။ သူမမှာ ဘာထူးခြားတဲ့နောက်ခံ ဒါမှမဟုတ် အဆက်အသွယ်မှမရှိပေ။

ယန်ယီကျင်းက လျောင်ကောဟိုင်ကို ယုံကြည်သည်။

ဒါ့ပြင် ဒီလူက သူအမှားမလုပ်သင့်တဲ့လူအပေါ်မှာ အမှားလုပ်မိမှာစိုးလို့ စုံစမ်း‌စစ်ဆေးမှုတစ်ခုတော့ ပြုလုပ်ပြီးပြီဖြစ်ရမည်။ ဒါပေမယ့်လည်း သူ့သားနဲ့ စကားပြောပြီးတော့ ယန်ယီကျင်းက သင်္ကာမကင်းဖြစ်သွားသည်။

ယန်စစ်မင်က Zမြို့ရဲ့ ဂုဏ်ဆောင်လေ။

ဘာလို့ သူက တောသားတစ်ယောက်နဲ့ သူငယ်ချင်းဖြစ်နေတာလဲ?

ယန်စစ်မင်က

“အဖေ စတော်ဘယ်ရီတွေစိုက်တဲ့ ကျွန်တော့်သူငယ်ချင်းက Zမြို့က ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်လုပ်ဖူးတယ်။ ဒါပေမယ့် တချို့အကြောင်းတွေကြောင့် Zမြို့ကနေထွက်သွားပြီး လယ်စိုက်ဖို့ သူ့မွေးရပ်မြေကို ပြန်လာခဲ့တာ”

သူ့သားရဲ့ရှင်းပြချက်ကိုကြားသည့်တိုင် ယန်ယီကျင်းက တစ်ခုခုမှားနေတယ်လို့ ခံစားနေရဆဲဖြစ်သည်။

သူက မျက်မှောင်ကျုံ့ပြီး နားမလည်တဲ့ပုံနဲ့

“ဒါဆိုရင် ဘာက မင်းသူငယ်ချင်းကို Zမြို့ကနေ ထွက်သွားစေတာလဲ?”

ယန်စစ်မင်ရဲ့အဖြေကိုမစောင့်ဘဲ ယန်ယီကျင်းကထပ်ပြီး

“မဟုတ်ဘူး နေဦး ယန်စစ်မင်၊ မင်းသူငယ်ချင်းက ယောက်ျားလား မိန်းမလား?”

“မိန်းကလေး”

ယန်ယီကျင်း ကတစ်ခုခုကိုတွေးလိုက်ပြီး လေးလေးနက်နက်နဲ့

“ပြီးခဲ့တဲ့နှစ်ဝက်လောက်တုန်းက မင်း Zမြို့ကကုမ္ပဏီကြီးတစ်ခုကို ဝယ်ခဲ့တယ်မလား? ဟွေ့ချင်ဂရုလေ။ မင်းက မိန်းကလေးတစ်ယောက်အတွက် ဝယ်ခဲ့တာ”

“ဟုတ်တယ်!”

ယန်စစ်မင်က ပေါ့ပေါ့ပါးပါးပဲ ပြန်ဖြေလိုက်သည်။

“အဖေ မေးစရာကျန်သေးလို့လား?”

ယန်ယီကျင်း အနည်းငယ် အံ့ဩသွားသည်။ ခနကြာပြီးတော့ သူက လေးနက်ပြီး ပြတ်သားတဲ့လေသံနဲ့

“ယန်စစ်မင်၊ ဒီမိန်းကလေးက မင်းကိုရူးအောင်လုပ်ပြီး ကုမ္ပဏီကြီးတစ်ခုရအောင်လုပ်နေတယ်။ ဒီမိန်းကလေးက မင်းနဲ့ ထူးခြားတဲ့ဆက်ဆံရေးတစ်ခုရှိပုံပဲ။

ထောင်ယွမ်ရွာက သူ့ရင်းနှီးမြှုပ်နှံမှုတွေကို မင်းက လျောင်ကောဟိုင်ကို ရုပ်သိမ်းခိုင်းခဲ့တယ်လို့ကြားတယ်။ အမှန်ပဲလား?”

“ဟုတ်တယ်!”

ယန်စစ်မင်ရဲ့အမူအယာက မည်းမှောင်ပြီး အေးစက်လာသည်။ ယန်စစ်မင်က သူ့သွားတွေကို တိတ်တဆိတ်ကြိတ်နေခဲ့သည်။

'ဒီ လျောင်ကောဟိုင်က တကယ့်ကလိမ်ကကျစ်ပဲ။ ငါသူ့ကိုသတိပေးခဲ့ပေမယ့် အသနားခံရအောင်လုပ်ဖို့ ငါ့အဖေကိုသွားရှာခဲ့တယ်! ဒါထက်တောင်ပိုသေးတယ်။ သူကငါ့အဖေဆီကနေ အကာအကွယ်ယူထားတယ်!

ယန်မိသားစုက လျောင်ကောဟိုင်နဲ့ပူးပေါင်းဖို့ သဘောတူလိုက်တာနဲ့ သူ့ကိုဆက်တားလို့ရမှာ မဟုတ်တော့ဘူး။'

“အဲ့ဒါ‌ဆို ငါ့ကိုပြောပြ။ မင်းနဲ့ အဲ့ဒီမိန်းကလေးကြားက ဆက်ဆံရေးအတိအကျကဘာလဲ?”

ယန်ယီကျင်း ကမျက်မှောင်ကျုံ့ပြီး ပြတ်ပြတ်သားသားနဲ့မေးလိုက်သည်။

“ပြီးတော့ မင်းနဲ့မင်းအဘိုး စကားများနေတာကို ငါကြားတုန်းကလည်း မင်းတို့နှစ်ယောက် ထောင်ယွမ်ရွာနဲ့‌ ရှောင်လင်းယွီဆိုတာကို အများကြီးပြောခဲ့တယ်။ အဲ့ဒီတော့ မင်းသူငယ်ချင်းက ရှောင်လင်းယွီလား?”

“ဟုတ်တယ်!”

ယန်စစ်မင်က ပေါ့ပေါ့ပဲပြောလိုက်သည်။

“ရှောင်လင်းယွီက ကျွန်တော့်ရဲ့သာမန်မိန်းကလေးသူငယ်ချင်းမဟုတ်ဘူး။ ကျွန်တော် လိုက်ချင်တဲ့မိန်းကလေးပဲ”

“ဘာ?!”

ယန်ယီကျင်း က ရှော့ခ်ရသွားသည်။

“မင်းက ဒီမိန်းက‌လေးကို ပိုးချင်တယ်?”

ဒါပေမယ့်လည်း သူနားမလည်နိုင်ဖြစ်သွားသည်။

“ဒါပေမယ့် ဘာလို့ မင်းအဘိုးနဲ့ဒီအကြောင်း စကားများကြတာလဲ? ငါတို့မိသားစုက အိမ်ထောင်ရေးနဲ့ဆိုင်လာရင် နောက်ခံကို ဂရုမစိုက်ပါဘူး။ သူ့မိသားစုက သန့်ရှင်းသရွေ့ သူ့ကို ဘယ်အချိန်မဆို ကြိုဆိုမှာပဲ”

ယန်စစ်မင်က လုံလုံလောက်လောက် ဩဇာညောင်းနေပြီဖြစ်သည်။ ယန်မိသားစုရဲ့ဩဇာကို တည်ငြိမ်အောင်လုပ်ဖို့ နိုင်ငံရေးလက်ထပ်ပွဲတစ်ခုပေါ်မှာ မှီခိုစရာမလိုပေ။

ယန်စစ်မင်က သူ့အဖေကို ပြန်မဖြေခဲ့ပေ။ ထိုအစား ခနလောက်တွေးလိုက်ပြီး သူ့ကို ဖျောင်းဖျဖို့ ကြိုးစားခဲ့သည်။

“အဖေ၊ ထောင်ယွမ်ရွာရဲ့တည်ဆောက်ပြုပြင်မှုကို ရပ်တန့်ဖို့ ကျွန်တော် အဖေနဲ့ လျောင်ကောဟိုင်ကိုအကြံပေးချင်တယ်။ ဘာလို့လဲဆိုတော့ အဖေတို့ ဘယ်တော့မှ အောင်မြင်မှာမဟုတ်ဘူး!”

ကုန်းထျန်းဟောက်က ထောင်ယွမ်ရွာမှာဖြစ်သည်။

ထောင်ယွမ်ရွာက ရွာသားတွေ မရွှေ့ပြောင်းချင်ဘူးဆိုရင်... ရှောင်လင်းယွီက မရွှေ့ပြောင်းချင်ဘူးဆိုရင် သူမကျေနပ်စေဖို့ ကုန်းထျန်းဟောက်က အကုန်လုပ်လိမ့်မည်။

ကုန်းထျန်းဟောက်က ၎င်းကို ဆုံးဖြတ်ချက်ချလိုက်တာနဲ့ ဘယ်သူမှ ထောင်ယွမ်ရွာကို ဘာမှလုပ်နိုင်မှာမဟုတ်တော့ပေ။

ယန်စစ်မင်ရဲ့ ဖျောင်းဖျမှုက ယန်ယီကျင်းကို နားမလည်နိုင်ဖြစ်သွားစေသည်။

သူကမေးလိုက်သည်။

“သား မင်းအဖေတို့ကို တားဖို့ကြိုးစားနေတာလား?”

“မဟုတ်ဘူး!”

ယန်စစ်မင်က မှန်မှန်ကန်ကန်ပဲပြောလိုက်သည်။

“အဖေ အဖေဒီနေရာမှာ ကျရှုံးမသွားချင်ရင် လျောင်ကောဟိုင်နဲ့ အလုပ်လုပ်နေတာကို ချက်ချင်းရပ်လိုက်တော့။ မဟုတ်ရင်တော့ အဖေအကုန် ဆုံးရှုံးရလိမ့်မယ်”

“သား...”

ယန်ယီကျင်း ပိုပြီးတော့တောင် နားမလည်နိုင်ဖြစ်သွားသည်။ သူပိုပြီးမေးချင်ပေမယ့် ဖုန်းက ချသွားလေပြီ။

သူ့သားက သူ့ကိုဖုန်းချသွားတော့ ယန်ယီကျင်းက မျက်မှောင်ကျုံ့လိုက်သည်။ ပြီးနောက် သူက ဖုန်းတစ်ကောလ်ခေါ်လိုက်သည်။

“လျောင်ကောဟိုင်၊ ငါမင်းကိုမေးစရာရှိတယ်။ မင်း ထောင်ယွမ်ရွာကို ပြုပြင်ဖို့ကြိုးစားတုန်းက ပြဿနာတစ်ခုခုများ တွေ့ခဲ့ရသေးလား?”

သူ့ကုမ္ပဏီက သေရာကနေ ပြန်ရှင်လာတာကိုသိတာနဲ့ လျောင်ကောဟိုင်က သူ့ကိုယ်သူပျော်အောင်လုပ်ဖို့ သူ့ချစ်သူကို ရှာဖို့သွားခဲ့သည်။ သူ့ချစ်သူနဲ့ အီစီကလီလုပ်နေတုန်း ယန်ယီကျင်းဆီမှ ဖုန်းရလိုက်သည်။ ၎င်းက သူ့စိတ်ကို တင်းသွားစေသည်။

သူက ကြောက်ကြောက်လန့်လန့်နဲ့ ဂရုတစိုက်ပြောလိုက်သည်။

“ပြဿနာလား? မရှိပါဘူးဗျာ!”

“တကယ်လား?”

ယန်ယီကျင်း က သူ့သံသယကို ပြလိုက်သည်။

လျောင်ကောဟိုင်က

“သခင်ကြီးယန် ကျွန်တော်ကြုံခဲ့ရတဲ့ပြဿနာကို ပြောပြပြီးပါပြီ။ ဥက္ကဌယန်က ကျွန်တော့်ကို ထောင်ယွမ်ရွာကို တည်ဆောက်ပြုပြင်နေတာကို ရပ်တန့်ဖို့ ပြောခဲ့တယ်။ မဟုတ်ရင် ကျွန်တော့်ကို ချွတ်ခြုံကျအောင်လုပ်ပစ်မယ်တဲ့”

၎င်းကိုပြောပြီးနောက် သူက ခနလောက်ရပ်လိုက်ပြီး မျက်လုံးတွေကို လှည့်လိုက်သည်။

ပြီးနောက် သူက ဂရုတစိုက်နဲ့မေးလိုက်သည်။

“သခင်ကြီးယန် ကျွန်တော် ဥက္ကဌယန်ကိုများ တစ်ခုခုအမှားလုပ်မိလို့လား? ကျွန်တော်...ကျွန်တော်ကြားတာတော့ သူကဒါကို မိန်းကလေးတစ်ယောက်ကြောင့် လုပ်ခဲ့တာတဲ့။

ဒါပေမယ့် ကျွန်တော်...

ကျွန်တော် သူ့ကောင်မလေးတစ်ယောက်က ထောင်ယွမ်ရွာမှာဆိုတာကိုတော့ တကယ်မသိခဲ့ဘူး။ သိခဲ့ရင်တော့ ကျွန်တော်ဘယ်လောက်ပဲသတ္တိရှိရှိ ကျွန်တော့်ကုမ္ပဏီရဲ့ အလုပ်သမားတွေစားဝတ်နေရေးနဲ့ အရဲစွန့်ဖို့မပြောနဲ့ ဥက္ကဌယန်ကိုတောင် မဆန့်ကျင်ရဲပါဘူး။

သခင်ကြီးယန် ဒီသတင်းက ကျွန်တော့်အလုပ်သမားတွေအတွက် စိတ်ထိခိုက်ဖွယ်ပဲ။ သူတို့သိသွားတာနဲ့ငိုနေလိုက်ကြတာ။ ဥက္ကဌယန်က သူတို့ဘဝတွေကို ကျပန်းအပျော်ပါးဆက်ဆံရေးတစ်ခုအတွက် ဖျက်ဆီးပစ်တယ်ဆိုတာကို မယုံနိုင်ကြဘူး...”

လျောင်ကောဟိုင်က အရမ်းဂရုတစိုက် စကားပြောနေပေမယ့် ယန်စစ်မင်ကို လုပ်ကြံပြောဖို့လည်း မမေ့ပေ။

ယန်စစ်မင်ရဲ့မိန်းမလိုက်စားမှုက Zမြို့မှာ လူသိများသည်။ သူ ရည်းစားတွေပြောင်းတဲ့အမြန်နှုန်းက အဝတ်အစားတွေပြောင်းသလိုပဲဖြစ်သည်။ တစ်ခါတစ်လေ သူက နေ့ချင်းတောင်ပြောင်းနိုင်သည်။

လျောင်ကောဟိုင်က မိန်းမလိုက်စားတဲ့လူတွေကို နားလည်သည်။

ယန်စစ်မင်က သု့ကုမ္ပဏီကို မိန်းကလေးတစ်ယောက်အတွက် တကယ်ဒေဝါလီခံရအောင်မလုပ်ဘဲ ၎င်းက ခြိမ်းခြောက်မှုတစ်ခုလို့ပဲ သူယုံကြည်သည်။ ၎င်းအစား ထိုလူက သူ့ကုမ္ပဏီကို သိမ်းယူချင်နေသည်။

ယန်စစ်မင်က ခနတာဆက်ဆံရေးတစ်ခုအတွက် လူပေါင်းများစွာရဲ့ အလုပ်တွေနဲ့ မိသားစုတွေကို ဆုံးရှုံးရအောင်လုပ်တော့မည်။ အတိုချုံးရရင်တော့ ယန်စစ်မင်က အာဏာရှင်တစ်ယောက်ပဲဖြစ်သည်။

လျောင်ကောဟိုင်ရဲ့စကားတွေကိုကြားတော့ ယန်ယီကျင်း ရဲ့ မျက်လုံးတွေ လင်းလက်သွားသည်။ သူက သူ့ရဲ့သားကို နားလည်သည်။ ယန်စစ်မင်က ဒီလိုအပျော်ပါးဆက်ဆံရေးတစ်ခုအတွက် စိတ်အလိုလိုက်မှာမဟုတ်ပေ။

ဒါ့အပြင် ယန်စစ်မင်က ယန်မိသားစုရဲ့စီးပွားရေးကိုလက်လွှဲယူပြီးတဲ့နောက် တစ်ဟုန်ထိုး ခုန်တက်လာသည်။ ဒါ့ကြောင့် ယန်မိသားစုက ယန်စစ်မင်ရဲ့ ထိန်းချုပ်မှုနဲ့ ယန်ဂရုရဲ့ ဗျူဟာအစီအစဉ်ချမှုတွေကို ကြားမဝင်ခဲ့ပေ။

ယန်စစ်မင်မှာ ကုမ္ပဏီရဲ့ဆုံးဖြတ်ချက်တိုင်းအတွက် နောက်ဆုံးပြောပိုင်ခွင့်ရှိသည်။

ဒါပေမယ့်လည်း တစ်စုံတစ်ယောက်က သူ့ကို သူ့သားအကြောင်း အထွန့်တက်နေသည်။

ယန်မိသားစုက အမြဲတမ်း သူတို့ဟာသူတို့ စောင့်ရှောက်ခဲ့တာ။ ဒါကြောင့် ယန်ယီကျင်း ကအရမ်းမပျော်မရွှင်ဖြစ်သွားသည်။

သူက လေးနက်တဲ့အသံနဲ့ သတိပေးလိုက်သည်။

“လျောင်ကောဟိုင်၊ ငါ့သားဘာလုပ်တယ် ဘာလုပ်သင့်တယ်ဆိုတာက မင်းကိစ္စမဟုတ်ဘူး။ ပြီးတော့ သူက မင်းကို ထောင်ယွမ်ရွာကိုတည်ဆောက်ပြုပြင်တာကနေ တားမြစ်တယ်ဆိုတာက နွားဘုရင်ငယ်လေးရဲ့ပိုင်ရှင် ရှောင်လင်းယွီက သူ့မိတ်ဆွေမလို့!”

“ဘာလို့လဲ?”

လျောင်ကောဟိုင် အံ့ဩသွားသည်။

‘ဘာလို့ဒီလိုတိုက်ဆိုင်မှုမျိုးရှိနေရတာလဲ?’

“အဲ့ဒီတော့ မင်းရွာကို ဖျက်စီးတော့မယ်ဆိုတာကို သူသိသွားတဲ့အခါ သူ့မိတ်ဆွေကို မကာကွယ်သင့်ဘူးလား?”

ယန်ယီကျင်းက အေးစက်စွာပြောလိုက်သည်။

“ဟုတ်...ဟုတ်တာပေါ့...”

လျောင်ကောဟိုင်ရဲ့ နဖူးက အေးစက်နေတဲ့ချွေးတွေ ရုတ်တရက် ထွက်လာသည်။

“ပြီးတော့ လျောင်ကောဟိုင်၊ နောင်ကျရင် မင်းငါ့သားနာမည်ကိုထပ်ပြီး သွားပုတ်လေလွင့်ပြောတာမကြားချင်ဘူး!”

“မဟုတ်ရင်တော့ ဒီပူးပေါင်းမှုက အဆုံးသတ်ပြီပဲ!”

‘ဒီလူက ငါ့သားကို ပိုက်ဆံတချို့ကြောင့် မေးခွန်းထုတ်စေချင်နေတာလား? သူရူးနေတာလား?’

***

စာစဉ် ၁၉ ပြီးပါပြီ။

All Chapters