ဘော်ဒီဂတ်တွေရဲ့ တန်ဖိုးကြီးကားများ
Vol. 19 Ch. 313
ကပ္ပတိန်ဟူက လွယ်လွယ်ကူကူဖြစ်ရမယ့် ဖြိုချရေးအလုပ်က နံရံကိုတိုက်မိသွားပြီမှန်း သိလိုက်သည်။
ထိုလူတွေက အသေအချာကို အဲ့ဒီနေရာမှာ သူတို့ကိုတားဖို့ရှိနေကြသည်။
ဒါပေမယ့် ကပ္ပတိန်ဟူကို ပဟေဠိဖြစ်စေတာက ဖြိုချရေးက လျှို့ဝှက်ထားခဲ့တာဖြစ်သည်။
ထောင်ယွမ်ရွာက ရွာသားတွေတောင် ဒီအကြောင်းကို မသိကြဘူးလေ။
ဒါဆို ဘာလို့ ဒီလူတွေ သိသွားကြတာလဲ?
ဒါပေမယ့် ဒါကအရေးအကြီးဆုံးကိစ္စမဟုတ်ပေ။
အရေးအကြီးဆုံးကိစ္စက အရမ်းအရေးပါတဲ့တစ်စုံတစ်ယောက်က ထောင်ယွမ်ရွာမှာနေနေခြင်းဖြစ်သည်။
သူတို့ရဲ့အထောက်အထားကိုတောင်မပြသေးတဲ့လူက သူ့ကို သတိလက်လွတ်ကြောက်သွားစေဖို့ လုံလောက်သည်။
ကပ္ပတိန်ဟူက သူ့ချွေးတွေကို ထပ်သုတ်လိုက်ပြီး
“အစ်ကိုကြီးဘယ်သူလဲဆိုတာများ ကျွန်တော်မေးလို့ရမလား? ဘာလို့ထောင်ယွမ်ရွာမှာ ရှိနေရတာလဲ?”
ယွဲ့ချီလင်က တုန်ရီနေတဲ့ခြေထောက်တွေနဲ့ ကပ္ပတိန်ဟူကို ကြည့်လိုက်သည်။
'ဒီလူတွေက ထောင်ယွမ်ရွာကအခြေအနေကိုတောင် မသိကြသေးဘူး။
ဒါပေမယ့် သူတို့က မြေကို ဖျက်စီးဖို့ forklift တွေတောင်မောင်းလာကြပြီ။
သူတို့ကို ဘယ်သူကများ သတ္တိတွေပေးလိုက်တာလဲ?'
ယွဲ့ချီလင်က ထေ့ငေါ့လိုက်ပြီး
“မင်းက အဖြေကိုသိဖို့မလိုတဲ့အတွက် မေခွန်းတွေမေးမနေသင့်ဘူး။ မင်းတစ်ခုသိရမှာက မင်းရဲ့ဥက္ကဌလျောင်ကောဟိုင်တောင် ငါတို့ဘော့စ်ကို မဆန့်ကျင်ရဲဘူးဆိုတာပဲ”
သူ့မျက်နှာက မှောင်မိုက်သွားပြီး အေးစက်စွာအော်လိုက်သည်။
“မင်းတို့အားလုံး ထွက်သွားကြစမ်း!”
ကပ္ပတိန်ဟူက အရမ်းကြောက်ရွံ့ပြီး မြေကြီးပေါ်တောင် လဲကျသွားသည်။
သူ့လက်အောက်ငယ်သားတွေလည်း အချင်းချင်းကြည့်လိုက်ကြသည်။ သူတို့ ဘာတွေဖြစ်နေမှန်း မသိကြပေ။ ကပ္ပတိန်ဟူရဲ့လက်အောက်ငယ်သားတွေလာပြီး ကပ္ပတိန်ဟူထဖို့ ကူညီပေးလိုက်ကြသည်။
ပြီးနောက် သူတို့က အရမ်းခက်ထန်စွာနဲ့
“ကပ္ပတိန်၊ ဘာလို့သူနဲ့အချိန်ဖြုန်းနေတာလဲ? သွားတိုက်လိုက်ရအောင်! သူတို့ကားတွေကို ကျွန်တော်တို့ယာဉ်ကြီးတွေနဲ့ တိုက်လိုက်ရအောင်!”
ကပ္ပတိန်ဟူက အရမ်းဒေါသထွက်နေပြီး သူ့လက်အောက်ငယ်သားကို ပါးတစ်ချက်ရိုက်လိုက်သည်။
သူက ဒေါသတကြီးဆဲဆိုလိုက်သည်။
“ခွေးကောင် မင်းသေချင်တယ်ဆိုရင် ငါတို့ကိုမင်းနဲ့အတူတူဆွဲမခေါ်နဲ့!”
ဒီလူတွေက လုံးဝအသေးအဖွဲမဟုတ်ပေ။
နှစ်များစွာအတွင်း ကပ္ပတိန်ဟူက များစွာသောဖြိုချရေးပရောဂျက်တွေကို ဦးဆောင်ခဲ့ဖူးသည်။
သူကအရမ်းခြေမြင်တတ်တဲ့လူဖြစ်သည်။ တစ်ဖက်က သူအနိုင်ကျင့်လို့ရတဲ့တစ်ယောက်ဟုတ်လားမဟုတ်လားဆိုတာ သူလွယ်လွယ်ကူကူပြောနိုင်သည်။
ဒါက သူဆင်းရဲတဲ့လူတွေကို သူတို့အိမ်တွေကိုစွန့်ခွာဖို့ ဖိအးပေးတာလိုမျိုး ရက်စက်တဲ့ကိစ္စတွေအများကြီးလုပ်ခဲ့တာတောင် သူဘာလို့ အပြစ်ပေးမခံရလဲဆိုတာဖြစ်သည်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ပြဿနာတစ်ခုရှိနေသည်။
ကပ္ပတိန်ဟူရဲ့ လက်အောက်ငယ်သားက ကပ္ပတိန်ဟူရဲ့ ပါးရိုက်လိုက်မှုကြောင့် အံ့ဩသွားကြသည်။
သူက မူးမိုက်သွားရင်း
“ကပ္ပတိန်၊ ကျွန်တော်တို့က ဘာလို့သေရမှာလဲ? ကျွန်တော်တို့ကို ဘယ်သူကခြိမ်းခြောက်ရဲလို့လဲ?”
သူအရမ်း စိတ်တိုနေသည်။
သူက
“ကပ္ပတိန် ကျွန်တော်တို့ ဘာမှမလုပ်ဘဲ အရှုံးပေးလို့မရဘူး! ကျွန်တော်တို့ အဖွဲ့ရဲ့ ဂုဏ်သတင်းကို ညစ်ပတ်စေလိမ့်မယ်”
သူက ကပ္ပတိန်ဟူရဲ့သတိပေးမှုကို လျစ်လျူရှုပြီး ယွဲ့ချီလင်ရဲ့ကားဆီလမ်းလျှောက်သွားသည်။
သူက သူ့လက်ချောင်းကို ကောက်ချိတ်လိုက်ပြီးတော့ အော်လိုက်သည်။
“အခုဆင်းလာခဲ့!”
ကပ္ပတိန်ဟူက အရမ်းဒေါသထွက်သွားပြီး သူ့မျက်နှာတောင် စိမ်းလာသည်။
သူက ဒေါသတကြီးဆူပူလိုက်သည်။
“ခွေးကောင် မင်းဘာလုပ်နေတာလဲ? မင်းက ငါတို့ကို တကယ်အသတ်ခံရစေချင်တာလား?”
ကပ္ပတိန်ဟူရဲ့ နှလုံးက ကျယ်လောင်စွာခုန်နေသည်။ သူ့မှာဆိုးရွားတဲ့ခံစားချက်တစ်ခုရှိနေပြီး ၎င်းက ပိုပိုကြီးလာနေသည်။ သူလှည့်ပြန်ရင်ပြန် မဟုတ်ရင် အကျိုးဆက်တွေက မခံမရပ်နိုင်ဖြစ်လာလိမ့်မယ်လို့ သူ့စိတ်ထဲကပြောနေတဲ့ အသံတစ်ခုရှိနေသည်။
ကံမကောင်းစွာပဲ ကပ္ပတိန်ဟူက စဉ်းစားတတ်ပေမယ့်လည်း သူ့လက်အောက်ငယ်သားကတော့ မစဉ်းစားတတ်ပေ။
နှစ်ပေါင်းများစွာ ကပ္ပတိန်ဟူက ဂန်းစတားအဖွံ့တစ်ခုထံက ပျိုးထောင်ခံခဲ့ရသည်။ သူတို့အားလုံးက မောက်မာပြီး အရမ်းရက်စက်ကြသည်။
ပြီးတော့ သူတို့က ခုခံတဲ့ရွာသားတွေကို ထိုးခြင်းနဲ့ ကန်ကျောက်ခြင်းတွေကို ကျင့်သားရနေကြပြီဖြစ်သည်။ သူတို့က ဘယ်ပြဿနာမဆိုရင်ဆိုင်ဖို့ သူတို့လက်သီးကိုပဲသုံးသည်။
ဒီလူတွေမှာ ဘာဝေဖန်ပိုင်းခြားနိုင်စွမ်းမှမရှိပေ။ သူတို့က ကပ္ပတိန်ဟူရဲ့ သတိပေးမှုကို ဂရုမစိုက်ပေ။ သူတို့က သူတို့ဒေါသကိုပဲ လွှတ်ပေးချင်ကြသည်။
သူတို့က ယွဲ့ချီလင်ကို ကားထဲကနေဆင်းလာဖို့ ပြောလိုက်ပြီး ဂန်းတစ်ခုအနေနဲ စတင်လိုက်ကြသည်။ သူတို့ထဲကတစ်ယောက်က အော်လိုက်သည်။
“အစ်ကိုကြီးတို့ ကျွန်တော်တို့လမ်းကိုလာပိတ်တဲ့အတွက် ဒီလူတွေကို သင်ခန်းစာတစ်ခုပေးဖို့လိုပြီ!”
ကြီးထွားသန်မာတဲ့လူကြီးတွေက သူတို့လက်ထဲက ကိရိယာတွေနဲ့ ထွက်လာကြသည်။
ထောင်ယွမ်ရွာရဲ့ ရွာသားတွေလည်း စုပြုံလာကြသည်။
အစွန်းမှာ ဇိမ်ခံကားသုံးစီးနဲ့ နှစ်ဖက်အဖွဲ့က တစ်ဖက်ကိုတစ်ဖက် မျက်နှာချင်းဆိုင်လိုက်ကြသည်။
ရှောင်မင်ကွမ်းက တူးရွင်းတစ်ခုကို ကိုင်ထားပြီး ဒီလူတွေကို အော်ပြောလိုက်သည်။
“မင်းတို့ကောင်တွေ! မင်းတို့က ဘာစာရွက်စာတမ်းမှမယူလာဘဲနဲ့ ငါတို့အိမ်တွေကို ဖြိုချချင်တယ်ပေါ့? အိမ်မက်ထဲမှာပဲရမယ်!”
ရွာသားတွေက အကုန်လုံးကို ရှင်းရှင်းလင်းလင်းကြားလိုက်ကြသည်။ ဒီလူတွေက သူတို့အိမ်တွေကို ဖြိုချဖို့ လာခဲ့ကြသည်။ ၎င်းက ရွာသားတွေကို တကယ်ဒေါသထွက်စေခဲ့သည်။
သူတို့အိမ်တွေ ဖြိုချခံလိုက်တာရဲ့ နောင်ကျ သူတို့ဘယ်မှာနေရတော့မှာလဲ?
ဒီလူတွေက အခြေခံအားဖြင့် သူတို့ကို သေအောင်ထားခဲ့ခြင်းဖြစ်သည်။
သူတို့ သူတို့အိမ်တွေကို ကာကွယ်ရမည်။
ကပ္ပတိန်ဟူက ချက်ချင်းမတ်တပ်ရပ်လိုက်ပြီး ရှင်းပြလိုက်သည်။
“ရွာသားတို့ ဒီလိုမဟုတ်ပါဘူး။ ကျွန်တော်တို့...ကျွန်တော်တို့က...”
ရှောင်မင်ကွမ်းက မျက်နှာထားတင်းတင်းနဲ့ မေးလိုက်သည်။
“ငါတို့ငတုံးတွေလို့ထင်နေတာလား?
မင်းတို့က ဒီမှာ ဖြိုချရေးအတွက် ရှိနေတာမဟုတ်ဘူးဆိုရင် forklift တွေကိုမောင်းလာပြီး ဘာလုပ်ကြတာလဲ? ပြီးတော့ မင်းတို့အားလုံးက လက်နက်တွေနဲ့လာကြတာ။ မင်းတို့က ငါတို့ကို ငါတို့အိမ်တွေကနေ မောင်းထုတ်ဖို့ ဒီမှာရှိနေတာသေချာတယ်!”
ကပ္ပတိန်ဟူက ရှင်းပြတော့မည်အပြုမှာပဲ သူ့လက်အောက်ငယ်သားက ပြန်ကြိမ်းမောင်းလိုက်သည်။
“ခေတ်နောက်ပြန်ဆွဲနေတဲ့တောသားတွေ၊ ရွာကိုလာဖျက်စီးဖို့ ငါတို့တရားဝင်အမိန့်ရပြီးပြီ”
“ဘာအမိန့်လဲ? ဘယ်သူပေးလိုက်တာလဲ?”
ရှောင်ချန်းပမ်းက ဒေါသတကြီးနဲ့ မေးလိုက်သည်။
“ငါတို့က ပဒေသရာဇ်အသိုင်းအဝိုင်းမှာနေနေတယ်လို့ ထင်နေတာလား? ရုံးက စကားလုံးတချို့နဲ့ လူ့ဘဝတွေကိုဖျက်စီးနိုင်တယ်ပေါ့? မင်းတို့ကြိုက်တာနဲ့ပဲ လူတွေရဲ့အိမ်တွေကို သွားဖျက်စီးနိုင်တယ်ပေါ့?”
လက်အောက်ငယ်သားက ပြန်အော်မယ်အလုပ်မှာပဲ ကပ္ပတိန်ဟူက သူ့ကိုတားလိုက်သည်။
“ပါးစပ်ပိတ်ထား! လိုင်ရှောင်စန်း မင်းသေချင်ရင် တစ်ယောက်တည်း သွားသေချေ!”
လိုင်ရှောင်စန်းက နားမလည်နိုင်ဖြစ်သွားသည်။ သူက နားမလည်တဲ့ပုံနဲ့
“ဘော့စ် ဘာလို့ကျွန်တော်တို့က သူတို့ကိုအရမ်းကြောက်နေတာလဲ?”
ကပ္ပတိန်ဟူက ဘယ်ဘက်ကကားကို ထိုးပြလိုက်ပြီး
“အဲ့ဒီကားဘယ်လောက်တန်လဲမင်းသိလား?”
လိုင်ရှောင်စန်းက တစ်ချက်ကြည့်လိုက်ပြီး ပေါ့ပေါ့တန်တန်နဲ့
“ဘယ်လောက်တန်မှာမလို့လဲ? နှစ်ထောင်လောက်ပေါ့။ အဲ့ဒီထက်တော့ ပိုဈေးမကြီးနိုင်ပါဘူး!”
“မင်းကန်းနေတာပဲဖြစ်ရမယ်! ဒါကခြောက်သန်းတန် အဆင့်မြင့်ကားပဲ!”
ကပ္ပတိန်ဟူက အော်လိုက်သည်။
“အမ် ခြောက်သန်း?”
ကပ္ပတိန်ဟူရဲ့ အော်သံက သူ့လက်အောက်ငယ်သားတွေသာမကဘဲ ထောင်ယွမ်ရွာရဲ့ ရွာသားတွေကိုလဲ အံ့ဩသွားစေခဲ့သည်။
“အိုးမိုင်ဂေါ့ဒ် ကားတစ်စီးအတွက် ခြောက်သန်းတောင်? ငါနားကြားမှားတာလား?”
“မဟုတ်ဘူး ငါလည်း အဲ့ဒီအတိုင်းပဲကြားတယ်”
“ကားတစ်စီးက ဘယ်လိုလုပ် အဲ့လောက်ဈေးကြီးရတာလဲ?”
သူတို့အတွက်တော့ ခြောက်သန်းရှိတာကတင် တစ်ယောက်ယောက်ကို အရမ်းချမ်းသာစေနေပြီ။တစ်ယောက်ယောက်က ကားတစ်စီးအပေါ်မှာ ဒီလောက်သုံးလိမ့်မယ်ဆိုတာကတော့ အလွယ်တကူစိတ်ကူးမယဉ်နိုင်စရာပင်ဖြစ်သည်။
ဒါပေမယ့်လည်း ကပ္ပတိန်ဟူရဲ့ နောက်ထပ်စကားက သူတို့ကို ပိုပြီးတောင် ရှော့ခ်ရသွားစေသည်။
ကပ္ပတိန်ဟူက အလယ်ကကားကို ထိုးပြလိုက်ပြီး ဒေါသတကြီးမေးလိုက်သည်။
“ဒီကားဘယ်လောက်လဲမင်းသိလား? ဒီကားက အကန့်အသတ်ထုတ်ကုန်ပဲ။ ပြီးတော့ အနည်းဆုံးဆယ်သန်းတန်တယ်ကွ။ ငါတို့ အဲ့ဒါကို ဖြတ်တိုက်နိုင်မယ်လို့ထင်နေတာလား?”
သူကအသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ပြီး
“ငါတို့လိုမပြောနဲ့ ငါတို့ဘော့စ်တောင် ဒီကားပိုင်တဲ့လူကို ဆန့်ကျင်ရဲမှာမဟုတ်ဘူး။ မင်းတို့အရူးတစ်အုပ် မင်းတို့ဘာလုပ်နေမှန်းသိကြရဲ့လား?”
ဆယ်သန်းတန်တယ့်ဇိမ်ခံကားတစ်စီး?
ဒီလိုအဖြေမျိုးက ကပ္ပတိန်ဟူရဲ့လူတွေတင်မကဘဲ ရွာသားတွေကိုလည်း အံ့အားသင့်သွားစေသည်။
ကုန်းမိသားစုမှာ ထိုးထားတဲ့ကားက ဒီလောက်တန်လိမ့်မယ်လို့ သူတို့မထင်ခဲ့ကြပေ။
ရွာထဲကကလေးတွေ အဲ့ဒါနဲ့ဆော့ကြဖို့ ဘယ်လောက်မကြာခနကားပေါ်ကိုတက်နေကြလဲဆိုတာကို သူတို့အမှတ်ရသွားကြသည်။ ၎င်းကိုတွေးရင်း ရွာသားတော်တော်များများ မူးဝေသွားကြသည်။
သူတို့ကလေးတွေက မတော်တဆကားကို ထိခိုက်အောင်လုပ်မိရင် ဘယ်လိုလုပ်မလဲ?
ယွဲ့ချီလင်က ကားထဲက ဆင်းလာသည်။
တခြားကားနှစ်စီးရဲ့ ဒရိုင်ဘာတွေလည်း ဆင်းလာသည်။
သူတို့က လီဝမ်သုန့်နဲ့ ရှဲ့ကျန်းကျုံးတို့ဖြစ်ကြသည်။ သူတို့လက်တွေကို ပိုက်လိုက်ပြီး ကားတံခါးကို မှီလိုက်သည်။ သူတို့က ကပ္ပတိန်ဟူနဲ့ တခြားသူတွေကို အထင်သေးပြီး ပျက်ရယ်ပြုတဲ့အကြည့်နဲ့ ကြည့်လိုက်ကြသည်။
ယွဲ့ချီလင်ရဲ့စူးရှတဲ့အကြည့်က ကပ္ပတိန်ဟူရဲ့ ဖြူဆုတ်နေတဲ့မျက်နှာကို ဖုံးအုပ်သွားသည်။
ပြီးနောက် သူက ထေ့ငေါ့ကာ ပျက်ရယ်ပြုလိုက်သည်။
“မင်းမှာမျက်လုံးကောင်းကောင်းရှိတာပဲ။ ဟုတ်တယ် ဒီကားက ဆယ်သန်းတန်တယ်”
ယွဲ့ချီလင်က ကားကိုထိလိုက်ပြီး ဆက်ကာ
“ဒီကားက ၃၆.၆သန်းယွမ်တန်တယ်၊ ဒါပေမယ့် ဒါက ငါတို့မာစတာရဲ့ အကျပဲ။ သူကဒါကိုမကြိုက်တော့လို့ သူ့ဘော်ဒီဂတ်တွေကိုပေးထားတာ”
ကပ္ပတိန်ဟူနဲ့ သူ့လက်အောက်ငယ်သားတွေက ဒီစကားတွေကိုကြားပြီး အံ့ဩတကြီး ချက်ချင်းမြေကြီးပေါ်လဲကျသွားသည်..
***