← Chapters

ခြောက်လှန့်ခြင်းနည်းဗျူဟာ

Vol. 19 Ch. 314

ခြောက်လှန့်ခြင်းနည်းဗျူဟာ

Vol. 19 Ch. 314

၃၆သန်းတန်တဲ့ကားတစ်စီးက လက်ကျလား?

ဒါက အရမ်းချမ်းသာတဲ့သူရဲ့ဘဝပဲ!

သူတို့က ဘယ်လိုလူမျိုးတွေနဲ့ ရင်ဆိုင်နေရတာလဲ?

သူတို့က ထောင်ယွမ်ရွာရဲ့ တောင်လေးတွေပေါ်မှာ ဘာလုပ်နေကြတာလဲ?

ကပ္ပတိန်ဟူမှာ ခန့်မှန်းထားတဲ့စိတ်ရှိတဲ့အတွက် သူကအဲ့လောက် ရှော့ရမသွားပေ။

သူက ကြောက်ရွံ့မှုကြောင့် ကြက်သေသေမနေတော့ပေ။

ဒါပေမယ့်လည်း သူ့မျက်နှာက အရမ်းဖြူဖပ်နေပြီး သူ့လက်တွေကလည်း သူ့နဖူးကနေစီးကျနေတဲ့ချွေးတွေကို အဆက်မပြတ်သုတ်နေသည်။

သူက ယွဲ့ချီလင်ကိုကြည့်လိုက်ပြီး မသက်မသာနဲ့တောင်းပန်လိုက်သည်။

“ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော်တို့ မသိလိုက်ဘဲ အမှားလုပ်မိသွားတယ်။

တောင်းပန်ပါတယ်”

ယွဲ့ချီလင်က သူ့လမ်းကိုယမ်းလိုက်ပြီး အေးစက်စွာနဲ့

“ဒီနေရာကထွက်သွား! ဒါမှမဟုတ် မင်းက ငါတို့ကို လိုက်ပို့စေချင်တာလား?”

“ကျွန်တော်တို့ အခုပဲ သွားပါ့မယ်!”

ကပ္ပတိန်ဟူနဲ့ သူ့အဖွဲ့က ချက်ချင်းတုံ့ပြန်လိုက်သည်။ သူတို့ထလာပြီး အဝေးကို ဒယိမ်းဒယိုင်လျှောက်သွားကြသည်။

တစ်ချိန်တည်းမှာပဲ ရွာသူကြီးက တည်ဆောက်ပြုပြင်ရေးကြေညာစာနဲ့ ရွာကို အပြေးပြန်ရောက်လာသည်။

တစ်ဖက်မှာတော့ သူက ကိရိယာတွေအများကြီးနဲ့ forklift တစ်စီးနဲ့ လူတစ်စုကို တွေ့လိုက်ရလေသည်။

ရွာသူကြီးက အလွန်အမင်းစိုးရိမ်သွားတာကြောင့် လီဗာကို တင်းတင်းဖိနင်းလိုက်သည်။

မကြာခင် သူရွာဝင်ပေါက်ကို ရောက်လာကာ ရွာသားတွေကလည်း လူစုမကွဲသွားပေ။

ကားသုံးစီးက ရွာဝင်ပေါက်ကို ပိတ်ထားဆဲပင်ဖြစ်သည်။

ရွာသားတွေက ကားတွေကို ကြောက်ရွံ့မှု၊ အားကျမှုတွေနဲ့ကြည့်လိုက်ကြသည်။

ကားတွေက ခြောက်သန်းကျော်ကျသည်။ စုစုပေါင်းဆိုရင် ၎င်းတို့က သန်းသုံးဆယ်ကျော်ကျော်တန်သည်။ သူတို့ဘဝမှာ ဒီလောက်ပိုက်‌ဆံအများကြီးကိုမမြင်ဖူးပေ။

သူတို့ ဒီကားတွေကို အရင်ကတီဗီမှာ မြင်ဖူးပေမယ့် လက်တွေ့ဘဝမှာ ၎င်းတို့ကိုမြင်ရဖို့ကတော့ မတူပေ။

ယွဲ့ချီလင်က ရွာသားတွေရဲ အားကျတဲ့၊ စူးစမ်းလိုတဲ့၊ ကြောက်ရွံ့နေတဲ့ မျက်လုံးတွေကိုကြည့်လိုက်ပြီး အားကိုးရာမဲ့စွာ ပြုံးလိုက်သည်။

ဘော့စ်က ဖြိုချရေးအဖွဲ့နဲ့ရင်ဆိုင်ဖို့ သူတို့ကိုခြောက်လှန့်ရေးနည်းဗျူဟာအနေနဲ့အသုံးချဖို့ ပြောလိမ့်မယ်လို့ သူမျှော်လင့်မထားခဲ့ပေ။ ၎င်းကအလုပ်ဖြစ်သွားပေမယ့်လည်း ကားတွေက ရွာသားတွေကိုလည်းပဲ ကြောက်သွားစေသည်။

အရင်က သူတို့က ကားတွေအနားမှာ သာမန်ကာလျှံကာပဲနေကြသည်။ သူတို့ ကားတွေကို ထိကြည့်ကြပြီး ကလေးဆိုးတွေက ကားတွေပေါ်တောင် တက်ကြသေးသည်။ သူတို့ ပျော်ရွှင်ခဲ့ကြသည်။ ဒါပေမယ့် အခုကစပြီး ဒီကားတွေနား ဘယ်သူမှ ထပ်ကပ်ရဲကြတော့မည်မဟုတ်ပေ။

ရှောင်ချန်းပမ်းက အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ပြီး ဒီကားတွေနဲ့ တခြားရွာသားတွေကို ကြည့်လိုက်သည်။

ထို့နောက် သူက ယွဲ့ချီလင်ကို မေးလိုက်သည်။

“ရှောင်ယွဲ့၊ ဒီကားတွေက တကယ် သန်းချီ ဒါမှမဟုတ် ဆယ်သန်းတန်တာလား?”

ရာချီတဲ့ မျက်လုံးအစုံတွေက ယွဲ့ချီလင်ကို ကြည့်နေကြသည်။

ယွဲ့ချီလင်က သူ့နေကာမျက်မှန်ကို ချွတ်ကာ ပြုံးပြီးတော့

“ဘယ်ဟုတ်ပါ့မလဲ၊ ကျွန်တော် အစောတုန်းက ချဲ့ကားပြောနေတာ။ ဒီကားနှစ်စီးက၆၀၀၀၀၀ပဲတန်ပြီး ဒီကားက ၁.၆သန်းပဲတန်တာ”

ဒါပေမယ့် ဒီတစ်ကြိမ်တော့ သူကကားတွေကို ဈေးလျှော့ပြောလိုက်သည်။

ရှောင်ချန်းပမ်းနဲ့ တခြားသူတွေက သူ့ကို အသေအချာကို မယုံကြည်ကြပေ။

“ရှောင်ယွဲ့ မင်းတကယ်ပြောနေတာလား?”

ရှောင်ချန်းပမ်းက ထပ်မေးလိုက်သည်။သူ့မျက်လုံးတွေက သံသယတွေနဲ့ပြည့်နေသည်။

ယွဲ့ချီလင်က သူ့လက်တွေကို ဖြန့်လိုက်ပြီး

“ဒါပေါ့ ဦးလေးရ၊ ကျွန်တော်အတည်ပြောနေတာပါ။ ကျွန်တော့်ကိုမယုံဘူးဆိုရင် မစ္စတာကုန်း ဒါမှမဟုတ် မစ်ရှောင်ကို မေးကြည့်လို့ရတယ်”

ရှောင်ချန်းပမ်းက နားမလည်တဲ့ပုံနဲ့

“လင်းယွဲ့လည်း ဒီကားတွေရဲ့တန်ဖိုးကိုသိတာလား?”

“ဒါပေါ!”

ယွဲ့ချီလင်က ခေါင်းညိတ်ပြီး ‌ပြောလိုက်သည်။

‘ကောင်းပြီလေ ရှောင်လင်းယွီက ဒီကားတွေရဲ့ တကယ့်တန်ဖိုးကို သိတာပေါ့။'

ကုန်းထျန်းဟောက်က ဒီကားတွေကို ဖြိုချရေးအဖွဲ့ကိုခြောက်ဖို့သုံးဖို့ အကြံပြုတုန်းက ရှောင်လင်းယွီက သဘောမတူခဲ့ပေ။

“ကျွန်မရှင့်ကို ရွာသားတွေကိုလည်း မခြောက်စေချင်ဘူး”

ပြီးတော့ ရွာသားတွေက ကားတစ်စီးက ယွမ်သန်းဆယ်နည်းနည်းကျတာကို ယုံမှာမဟုတ်ပေ။ ၎င်းက အလွန်ကြီးမားလွန်းသည်။

ကုန်းထျန်းဟောက်က ပြုံးပြီး ခေါင်းခါလိုက်သည်။

သူက သူမခေါင်းကို ညင်ညင်သာသာထုလိုက်ပြီး

“အရူးမလေး ဖြိုချရေးအဖွဲ့ထွက်သွားပြီးရင် ဒါတွေအကုန်လုံးက အလိမ်ပါလို့ ကိုယ်တို့ ရွာသားတွေကို‌ ပြောလိုက်မှာပေါ့”

ရှောင်လင်းယွီက ၎င်းအကြောင်းကိုတွေးလိုက်ပြီး အဆုံးမှာ သဘောတူခဲ့သည်။

ရှောင်ချန်းပမ်းက ယွဲ့ချီလင်က ကား‌တွေကယွမ်သန်းနည်းနည်းပဲကျတယ်လို့‌ပြောတော့ စိတ်သက်သာရာရမှုနဲ့ ‌သက်ပြင်းချလိုက်သည်။

၎င်းတို့က ဈေးကြီးနေတုန်းပဲဆိုရင်တောင် ၎င်းက လက်ခံနိုင်တဲ့နှုန်းအတွင်းရှိသည်။ ပြီးတော့ ကုန်းမိသားစုကအရမ်းချမ်းသာမှန်း သူတို့သိကြသည်။ သူတို့က မျက်တောင်တစ်ချက်မခတ်ဘဲ လမ်းတစ်လမ်းဆောက်ဖို့ ယွမ်လေးသိန်းသုံးကြသည်။

ရွာသူကြီးက သူ့မော်တော်ဆိုင်ကယ်ကနေဆင်းလာပြီး နားမလည်တဲ့ပုံနဲ့မေးလိုက်သည်။

“ဘာတွေဖြစ်နေတာလဲ? ဘာလို့မင်းတို့အားလုံးလက်ထဲမှာ လက်နက်တွေနဲ့ ဒီမှာလာစုဝေးနေကြတာလဲ?”

ရွာသူကြီးကိုမြင်ပြီး တစ်ယောက်က ချက်ချင်းမေးလိုက်သည်။

“ရွာသူကြီး ခင်ဗျားဘယ်တွေသွားနေတာလဲ? အခုလေးတင် တစ်ယောက်က forklift တစ်စီးမောင်းလာပြီး ရွာကို ဖြိုချပစ်တော့မယ်လို့ပြောနေတာ”

“ရွာကိုဖြိုချမယ်?”

ရွာသူကြီးက အစမှာ အံ့ဩသွားပေမယ့်လည်း ပြီးနောက် ဒေါသတကြီးနဲ့ ကြိမ်းမောင်းလိုက်သည်။

“ဒါအရမ်းများသွားပြီ! ဒါတကယ့်ကို အရမ်းများသွားပြီ!”

ရှောင်ချန်းပမ်းက တစ်ခုခုမှားနေမှန်း ချက်ချင်းနားလည်လိုက်သည်။

သူက

“ရွာသူကြီး ဘာတွေဖြစ်နေတာလဲ?”

ရွာသူကြီးက

“ငါက ကုမ္ပဏီကြီးတစ်ခုက ထောင်ယွမ်ရွာကို သဘောတွေ့နေပြီး ခရီးသွားနေရာတစ်ခု ဆောက်ချင်တယ်ဆိုတဲ့ အထက်ပိုင်းတွေဆီက ကြေညာစာတစ်ခုရလာတာ”

“ဟမ်?” ခုနကလူကလည်း ဒီလိုမျိုးဆင်တူတစ်ခုပြောသွားတယ်။ သူတို့က တည်ဆောက်ပြုပြင်မှုလုပ်ဖို့ ရွာကိုဖြိုချချင်တာတဲ့”

တစ်ခြားရွာသားတစ်ယောက်က

“ဒါပေမယ့် ဘာလို့သူတို့က တည်ဆောက်ပြုပြင်မှုအတွက် ငါတို့အိမ်တွေကို ဖြိုချချင်ရတာလဲ? ပြီးတော့ ငါတို့ရွာတွေ ဖြိုချခံရပြီးရင် ငါတို့က ဘယ်သွားနေရမှာလဲ?”

ရွာသားတွေက ဘာသတင်းမှမရခဲ့ပေ။ ဒါ့ကြောင့် ဒါကသူတို့အားလုံးအတွက် အံ့ဩစရာတစ်ခုဖြစ်နေခဲ့သည်။

“သူတို့က သာမန်လယ်သမားတွေလေ။ ကုမ္ပဏီကြီးတွေက တကယ်သူတို့အိမ်တွေကို ဖြိုချချင်တယ်ဆိုရင် သူတို့ဘာလုပ်ရမှာလဲ? သူတို့ဘယ်လိုခုခံမှာလဲ?"

ရွာသူကြီးက

“ငါကကြေညာစာရဖို့ မြို့ကိုသွားတာ။ ပြီးတော့ ကုမ္ပဏီက ဖြိုချရေးအဖွဲ့တစ်ခု ပို့ပြီးပြီလို့တောင်ကြားတယ်။ အဲ့ဒါကြောင့် အမြန်ပြန်လာတာ”

“ရွာသူကြီး ခင်ဗျား ဘာကြေညာစာရခဲ့တာလဲ?”

ရွာသားတွေက ချက်ချင်းမေးလိုက်သည်။

ရွာသူကြီးက သူမြို့ကနေပြန်ယူလာခဲ့တဲ့ ကြေညာစာကိုထုတ်လိုက်ပြီး

“ဒါကကြေညာစာပဲ။ ထောင်ယွမ်ရွာက ခရီးသွားနေရာတစ်ခုအနေနဲ့ တည်ဆောင်ပြုပြင်ခံရတော့မှာ။ ရွာသားတွေအကုန် ရွှေ့ပြောင်းရမယ်...”

“ရွှေ့ပြောင်းရမယ်? ဘယ်ကိုလဲ? သူတို့တွေ ခရီးသွားနေရာတစ်ခု‌ဆောက်ဖို့ ဘာလို့ငါတို့က ရွှေ့ပြောင်းရမှာလဲ? ဘာလို့ ငါတို့ကနစ်နာသင့်တာလဲ?”

ရွာသားတစ်ယောက်က ဒေါသတကြီးမေးလိုက်သည်။

“ဟုတ်တယ် သူတို့ကချမ်းသာတာနဲ့ပဲ ဘာမဆိုလုပ်လို့ရမယ်ထင်နေတာလား?”

ရွာသူကြီးက ထပ်ပြီး

“တကယ်တော့ သူတို့က ငါတို့ကိုလုံးဝကြီးရွှေ့ပြောင်းခိုင်းတာတော့မဟုတ်ဘူး။ ငါတို့ကို လျော်ကြေးပမာဏနည်းနည်းပေးထားတယ်”

“အာ လျော်ကြေးလား?”

တစ်ယောက်က ဒါကိုကြားတော့ ပထမမှာ အံ့ဩသွားပေမယ့် ပြီးတော့ ဒေါသတကြီးနဲ့

“လျော်ကြေးရှိတယ်ဆိုရင်တောင် အလုပ်မဖြစ်ဘူး။ ငါတို့ကဒီမှာ ဆယ်စုနှစ်ကြာနေလာတာ။ သူတို့က လှိမ့်ဝင်လာပြီး ငါတို့ဘဝတွေကို ဖျက်စီးလို့ရမယ်ထင်နေတာလား?”

ဒါပေမယ့်လည်း တစ်ယောက်က မေးလိုက်သည်။

“ရွာသူကြီး လျော်ကြေးကဘယ်လောက်လဲ?”

ရွာသူကြီးက ထူးထူးခြားခြားဒေါသထွက်နေတဲ့လေသံနဲ့

“လျော်ကြေးက ဘာမှမရှိဘူး။ ရွာသားတစ်ယောက်စီက ၅၀၀၀ပဲရမှာ!”

“ယွမ်၅၀၀၀?”

ဒါကအကုန်မဟုတ်သေးပေ။ တချို့ရွာသားတွေက ၎င်းကအရမ်းနည်းတယ်လို့ထင်ကြသည်။

သူတို့က ထောင်ယွမ်ရွာမှာ ဆယ်စုနှစ်တွေတိုင် နေလာကြတာဖြစ်သည်။ သူတို့က ယွမ်၅၀၀၀အတွက် ပြောင်းရွှေ့မှာမဟုတ်ပေ။

ဒါပေါ့ တချို့ရွာသားတွေကလည်း ယွမ်၅၀၀၀လို့ကြားတော့ မျက်လုံးတွေဝင်းလက်ကြသည်။ ဒီရွာသားတွေမှာ မိသားစုကြီးတွေရှိသည်။ သူတို့က ယွမ်သောင်းချီ လျော်ကြေးပေးခံရမှာဖြစ်သည်။ အဲ့ဒီပိုက်ဆံနဲ့‌ဆို သူတို့ အိမ်အသစ်တစ်လုံးဆောက်နိုင်သည်။

အတိုချုံးရရင်တော့ ယွမ်၅၀၀၀တန်တဲ့လျော်ကြေးအတွက် လူတိုင်းမှာ မတူညီတဲ့အတွေးတွေရှိကြသည်။

ရွာသူကြီးက ဒေါသတကြီးနဲ့

“သူတို့ကငါတို့ကို သတိပေးစာမှာ ချက်ချင်းလက်မှတ်ထိုးခိုင်းမှာ။ ပြီးရင် သူတို့ ငါတို့ကို လျော်ကြေးပေးလိမ့်မယ်။ ပြီးရင်တော့ သူတို့ရွာကို ဖြိုချလိမ့်မယ်”

တချို့လူတွေက ယွမ်၅၀၀၀ကိုလက်လျှော့လိုက်ရတာက နှမျောစရာလို့ထင်ကြသည်။

သူတို့က

“၅၀၀၀ကနည်းတဲ့ပမာဏမဟုတ်ပါဘူး။ ငါတော့ သူတို့ကို ငါ့အိမ်ကိုပဲ ဖြိုချခိုင်းလိုက်မယ်။ ပြီးတော့ အိမ်ကလည်းဟောင်းနေပြီပဲ။ အဲ့ဒီပိုက်ဆံနဲ့ဆို ငါ့မိသားစုက အိမ်အသစ်တစ်လုံးဆောက်လို့ရတယ်”

သူက ဘော်ဒီဂတ်တွေက ဖြိုချရေးအဖွဲ့ကို မောင်းထုတ်လိုက်တာကို မနှစ်မြို့ပေ။

ရွာသူကြီးက ချက်ချင်းသူ့ကို ဒေါသတကြီးအော်ဟစ်လိုက်သည်။

“မင်းရူးနေတာပဲဖြစ်ရမယ်! ကောင်းပြီ မင်းပိုက်ဆံရပြီပဲထားပါဦး။ မင်းကအချိန်တိုအတွင်းမှာ မင်းအိမ်အသစ်ကို ဘယ်မှာသွားဆောက်မလို့လဲ? သူတို့က မင်းကို ထောင်ယွမ်ရွာမှာတော့ ထပ်ဆောက်ခွင့်ပြုမှာမဟုတ်တော့ဘူး။ ပြီးတော့ မင်းတို့စာချုပ်ကို လက်မှတ်ထိုးလိုက်တာနဲ့ မင်းတို့မြေတွေကို ကုမ္ပဏီကြီးဆီ အပ်လိုက်ရတော့မှာ။ ဒါကဖိအားပေးထားတဲ့ မြေငှားစာချုပ်ပဲ...

ဒီတော့ မင်းတို့အိမ်၊ မင်းတို့‌‌မြေ၊ မင်းတို့စားဝတ်‌နေရေးမရှိဘဲနဲ့ အနာဂတ်မှာ ဘယ်လိုရှင်သန်မယ်စဉ်းစားထားတာလဲ?”

ဟုတ်သားပဲ သူတို့ကို ကြိမ်းမောင်းလိုက်တာက ရွာသူကြီးကိုနိုးကြားလာစေသည်!

***

All Chapters