ဒေါသထွက်နေတဲ့ လီကျားမင်
Vol. 19 Ch. 315
ရွာသားတွေ ဒါကိုကြားတော့ ချက်ချင်ရရှော့ခ်ရသွားသည်။
“ဘာရယ်? သူတို့က ငါတို့အိမ်တွေကိုဖျက်စီးပြီး မြေတွေကိုယူသွားမှာလား? ဒါကိုဘယ်လိုလုပ်ခွင့်ပြုထားတာလဲ?”
ရွာသားတွေက ရှင်သန်ဖို့ လယ်မြေတွေအပေါ်မှာ မှီခိုနေကြရသည်။
ရွာသူကြီးပြောသလိုဆို လယ်မြေတွေမရှိဘဲ သူတို့ဘယ်လိုအသက်ရှင်နိုင်မှာလဲ?
“မရဘူး ငါတို့သူတို့ကို အဲ့ဒါလုပ်ခွင့်ပြုလို့မရဘူး!”
နောက်ဆုံးမှာတော့ လူတိုင်း အခြေအနေရဲ့ပြင်းထန်မှုကို နားလည်သွားသည်။ လျော်ကြေးရှိနေရင်တောင် ဘယ်သူမှဖြိုချဖို့ သဘောမတူကြတော့ပေ။
ရွာသူကြီးက အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ပြီး
“ဒါကြောင့် ငါအပြေးပြန်လာတာ”
သူက အနားပတ်လည်ကိုကြည့်လိုက်ပြီး တစ်စုံတစ်ခုကိုတွေးလိုက်ကာ
“အိုး ဟုတ်သားပဲ၊ အခု ဘာတွေဖြစ်နေတာလဲ?”
ရှောင်ချန်းပမ်းက
“ရွာသူကြီး ဖြိုချရေးအဖွဲ့က forkliftတစ်စီးနဲ့ဒီကိုလာတယ်။ ဒါပေမယ့် ရှောင်ယွဲ့နဲ့တခြားသူတွေကြောင့် သူတို့လမ်းဆုံမှာ ရပ်တန့်ခံလိုက်ရတယ်”
ရွာသူကြီးက နားမလည်နိုင်ဖြစ်သွားသည်။
“ဟမ်? ဘာဖြစ်တာလဲ? ငါအဲ့ဒီလူတွေ ပြန်မောင်းသွားတာကိုမြင်လိုက်တယ်”
ရှောင်မင်ယန်းက
“ရွာသူကြီး ခင်ဗျားတော့မသိလောက်ဘူး။ ဒါပေမယ့် အဲ့လူတွေက ဒီကားသုံးစီးကြောင့် အခြောက်ခံလိုက်ရတာ”
“ကားတွေကြောင့် ခြောက်လှန့်ခံရတယ်?”
ရွာသူကြီးက ပိုပြီးတော့တောင် နားမလည်နိုင်ဖြစ်သွားသည်။
“သူတို့က ငါတို့ကိုခြောက်ဖို့ ဒီကိုforkliftကြီးတစ်စီးကိုမောင်းလာတာ။ အဲ့ဒီအစား ဘာလို့သူတို့က အခြောက်ခံလိုက်ရတာလဲ?”
သူ့အတွက်တော့ ယာဉ်ကကြီးလေ ကားကပိုကြောက်ဖို့ကောင်းလေဖြစ်သည်။
ဒါဆို ဘာလို့fokliftကြီးကိုမောင်းတဲ့လူက ပိုသေးတဲ့ကားလေးတွေကြောင့် ကြောက်လန့်သွားတာလဲ?
တစ်ယောက်က သူ့ပါးစပ်ကိုပိတ်လိုက်ပြီး အပြုံးတစ်ခုနဲ့
“ဟားဟား ရွာသူကြီး၊ ဖြိုချရေးအဖွဲ့ခေါင်းဆောင်လာပြီး ကားသုံးစီးကိုမြင်တော့ သူတစ်ချက်ကြည့်ဖို့ဆင်းလာတယ်။
ကားတွေက သန်းချီဒါမှမဟုတ် ဆယ်သန်းလောက်တန်တယ်ဆိုတာ သူသိသွားတော့ အရမ်းကြောက်သွားပြီး သူ့ဒူးတွေတောင်ပျော့ခွေသွားပြီး ထတောင်မထနိုင်တော့ဘူး”
တစ်ယောက်က ချက်ချင်းဆက်ပြီး
“ပြီးတော့ သူ့လက်အောက်ငယ်သားတွေက သူ့ကိုကူညီဖို့လာတယ်။ သူတို့ကသူ့အတွက် လက်စားချေပေးချင်တာ။ ခေါင်းဆောင်က သူ့ကို ချက်ချင်းပဲတားလိုက်တယ်။ ကားထဲကလူတွေကို မဆန့်ကျင်နိုင်ဘူးလို့ သူကပြောလိုက်တယ်။
ပြီးတော့ ရှောင်ယွဲ့နဲ့တခြားသူတွေဆင်းလာတယ်။"
ရှောင်ရှောင်းပေါင်က ခေါင်းဆောင်ကို မျက်လုံးကောင်းကောင်းရှိလို့ ချီးမွမ်းလိုက်တယ်။
"ဒီကားတွေကို မစ္စတာကုန်းက ရှောင်ယွဲ့နဲ့သူ့မိတ်ဆွေတွေကို ပေးထားတာတဲ့။"
ယွဲ့ချီလင်ရဲ့ ဘော်ဒီဂတ်တစ်ယောက်ဖြစ်ကြောင်း အထောက်အထားက တမင်သက်သက်ဖုံးမထားပေ။ ရွာသားတွေအတွက်တော့ ကုန်းမိသားစုအတွက် ဘော်ဒီဂတ်တွေခန့်တာက ပုံမှန်ဖြစ်သည်။
ဒါ့ပြင် ဘော်ဒီဂတ်တွေအားလုံးက ချောမောပြီး တောင့်တောင့်တင်းတင်းရှိကြသည်။ သူတို့အားလုံးကအရမ်း မျက်စိပဒါသဖြစ်သည်။
သူတို့ထဲကတစ်ယောက်သာ ရွာသားတစ်ယောက်ရဲ့သမီးကိုကြိုက်ပါက ရွာသားတွေဂုဏ်ပြုဖို့ ဗျောက်အိုးတွေဝယ်ကြလိမ့်မည်။
ရွာသူကြီးက ဒါကိုကြားတော့ သူအံ့ဩသွားသည်။ သူက ကားသုံးစီးကိုထိုးပြလိုက်ပြီးတော့ သူ့လက်တွေတုန်ရီနေသည်။
သူက အထစ်အထစ်နဲ့
“ဘာ...မင်းဘာပြောလိုက်တာ? ဒါက သန်းချီတန်တဲ့ကား ဆယ်သန်းတန်တဲ့ကား?”
ဒါက သူဒီလိုဈေးကြီးတဲ့ကားမျိုးကို ပထမဆုံးအကြိမ်ကြားဖူးခြင်းဖြစ်သည်။
ရှောင်ချန်းပမ်းက ချက်ချင်းပြုံးပြီးတော့
“ရွာသူကြီး ဒီကားကတကယ်တော့ အဲ့လောက်ဈေးမကြီးဘူးလို့ ရှောင်ယွဲ့ကပြောတယ်။ ယွမ်၆၀၀၀၀၀ကျော်ကျော်တန်တဲ့ ကားနှစ်စီးရှိပြီးတော့ တစ်သန်းကျော်ကျော်တန်တဲ့ ကားတစ်စီးရှိတယ်”
ရွာသူကြီးကဒါကိုကြားတော့ ချက်ချင်းစိတ်သက်သာရာရသွားသည်။
ဒါပေမယ့် သူက
“ဘာရယ် ၆၀၀၀၀၀ကျော်ကျော်တန်တဲ့ကား? တစ်သန်းကျော်ကျော်တန်တဲ့ကားတစ်စီး?”
ဒါကလည်း အရမ်းဈေးကြီးနေတုန်းပဲဖြစ်သည်။ သူ့တစ်သက်လုံး ဒီလိုငွေပမာဏမျိုး ဘယ်တော့မှစုဆောင်းနိုင်မှာမဟုတ်ပေ။
ရှောင်ချန်းပမ်းက ခေါင်းညိတ်ပြီးတော့
“ဟုတ်တယ် အဲ့ဒါရှောင်ယွဲ့ပြောတာပဲ”
ရွာသူကြီးက သူ့နှလုံးကိုပုတ်လိုက်ပြီး
“ဒါလည်းအရမ်းဈေးကြီးနေတုန်းပဲ”
ဒီအကြောင်းပြောရင်း သူခနလောက်ရပ်လိုက်ပြီး အားလုံးကို ခပ်တင်းတင်းညွှန်ကြားလိုက်သည်။
“နောင်ကျရင် ဒီကားတွေပေါ်ကိုမတက်ကြဖို့ မင်းတို့ကလေးတွေကို အားလုံးသတိပေးထားသင့်တယ်။ ပျက်စီးသွားလို့ရှိရင် ငါတို့အဲ့ဒါအတွက် ပေးနိုင်မှာမဟုတ်ဘူး”
“ဒါပေါ့ ကျွန်တော်တို့ ကလေးတွေကို တင်းတင်းကျပ်ကျပ်သတိပေးလိုက်မယ်!”
“အမှန်ပဲ ငါ့တစ်ဘဝလုံး အလုပ်လုပ်ရင်တောင် ငါအများကြီးစုနိုင်မှာမဟုတ်ဘူး။ တစ်ကားလုံးမပြောနဲ့ ငါဒီကားရဲ့ အပိုအစိတ်အပိုင်းတစ်ခုလောက်တောင်တတ်နိုင်မှာမဟုတ်ဘူး”
လီဝမ်သုန့်က တိတ်တဆိတ်တွေးလိုက်သည်။
‘ပုံမှန်ပါပဲ။ ဒီကားနှစ်စီးက ခြောက်သန်းကျော်ကျော်ကျတယ်။ ပြီးတော့ အလယ်ကကားက ၃၆သန်း။ သူတို့အရန်အပိုင်းတွေက အနည်းဆုံးတစ်သောင်းပဲ’
ယွဲ့ချီလင်က သူ့လက်သီးကိုဆုပ်လိုက်ပြီး သူ့နှုတ်ခမ်းမှာထားကာ ချောင်းနှစ်ကြိမ်ဟန့်လိုက်ပြီးနောက်
“ရွာသားတို့ ဒါအဆင်ပြေပါတယ်။ ဒီကားတွေက ဖန်နဲ့လုပ်ထားတာမဟုတ်ဘူးလေ။ အလွယ်တကူမပျက်စီးဘူး။ ကလေးတွေကဆော့ရတာကြိုက်မှတော့ သူတို့အပေါ်လည်းတက်နိုင်ပါတယ်”
ရွာသားတွေက ဒါကိုကြားတော့ သူတို့အတော်လေးရှက်ရှက်နဲ့သဘောတူလိုက်ကြသည်။
“ဟုတ်ပြီ!”
ဒါပေမယ့်လည်း သူတို့ကလေးတွေကို ကားနဲ့ဝေးဝေးနေဖို့ သတိပေးဖို့ကိုတော့ ဆုံးဖြတ်ပြီးသွားပြီ။
ယွဲ့ချီလင်က သူ့ခေါင်းကိုအနည်းငယ်ခါလိုက်ပြီး ဒီကိစ္စကို ဆက်မတွေးတော့ပေ။
“ဒီလူတွေက အရမ်းမကြာခင်တော့ ပြန်လာဦးမှာမဟုတ်ဘူး။ လူတိုင်း အလုပ်ကိုပြန်သွားသင့်ပြီ”
ပြီးနောက် ယွဲ့ချီလင်ကရွာသူကြီးကို
“ရွာသူကြီး မစ္စတာကုန်းက ခင်ဗျားကိုရှာနေတယ်”
ရွာသူကြီးကဒါကိုကြားတော့ ချက်ချင်းခေါင်းညိတ်ပြီး
“အင်း ကောင်းပြီ၊ ငါအခုပဲသူ့ကိုသွားတွေ့လိုက်မယ်။ သခင်လေးကုန်းက ငါတို့ကို အများကြီးကူညီထားတာပဲ။ ငါသူ့ကို ကျေးဇူးတင်သင့်တယ်”
ပြီးနောက် သူကရွာသားတွေကို
“လူတိုင်း လူစုခွဲသင့်ပြီ။ မစ္စတာယွဲ့ကအဆင်ပြေတယ်ပြောမှတော့ ဒါအဆင်ပြေမှာပါ”
ဒီအချိန်မှာ တချို့ရွာသားတွေက
“ရွာသူကြီး၊ ထောင်ယွမ်ရွာက ခရီးသွားနေရာတစ်ခုအနေနဲ့ တည်ဆောက်ပြုပြင်ခံရတာနဲ့ပက်သက်ပြီး ဘာတွေဖြစ်နေလဲဆိုတာ ကျွန်တော်တို့ကို ပြောပြလို့ရမလား?”
ရွာသူကြီးက နည်းနည်းမျက်မှောင်ကျုံ့လိုက်ပြီးတော့
“ငါသခင်လေးကုန်းရဲ့နေရာကို အရင်သွားဦးမယ်။ ငါပြန်လာရင် ငါအားလုံးနဲ့ အစည်းအဝေးတစ်ခုလုပ်လိုက်မယ်”
“ဟုတ်ပြီ!”
ဒါပေမယ့်လည်း ဘယ်သူမှအလုပ်ကို ပြန်သွားဖို့မုဒ်ဝင်မနေကြသေးပေ။ သူတို့ရွာက ဖြိုချခံရတော့မယ်ဆိုတာကို ရွာသားတွေကသိသွားတော့ သူတို့မသက်မသာဖြစ်သွားကြသည်။ သူတို့က ဘာတွေဖြစ်နေလဲဆိုတာသိချင်သည်။ ဒါမှ နောင်ကျရင် သူတို့၎င်းနဲ့ ရင်ဆိုင်လို့ရမည်။
တစ်ဖက်မှာလည်း လီကျားမင်ဆီက ဖုန်းလာတဲ့အချိန် ကပ္ပတိန်ဟူနဲ့ တခြားသူတွေက ထောင်ယွမ်ရွာကနေ ထွက်လာကြပြီဖြစ်သည်။
“ဟူဟန်ဆန်း အခုအခြေအနေကဘာလဲ?”
လီကျားမင်ကကျယ်လောင်စွာမေးလိုက်သည်။
ဟူဟန်ဆန်းက “စီအီးအိုလီ ကျွန်တော်တို့ ဒီနေ့ဘာမှမလုပ်နိုင်ခဲ့ဘူး”
လီကျားမင်ကမျက်မှောင်ကျုံ့ပြီးတော့
“ဘာဖြစ်လို့လဲ?”
ဟူဟန်ဆန်းက ရိုးရိုးသားသားပင်
“စီအီးအိုလီ ရွာလမ်းမှာ ပိတ်ထားတဲ့ကားတွေက ဘယ်လောက်တန်လဲသိလား? ကားနှစ်စီးက အနည်းဆုံးခြောက်သန်းတန်ပြီး တစ်စီးက ၃၆သန်းရှိတယ်”
“ဘာရယ်?”
လီကျားမင်လည်းအရမ်းအံ့ဩသွားသည်။
“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ဘယ်လိုလုပ် ဒီလိုအဆင့်မြင့်ကားတစ်စီးက တောင်ရွာလေးတစ်ခုကိုရောက်လာတာလဲ?”
ကားတွေကတန်ဖိုးကြီးကြောင်း ဟူဟန်ဆန်းဆီကသူကြားတော့ သူတိူ့က ဆယ်သန်းဝန်းကျင်ပဲရှိမယ်လို့ထင်ခဲ့သည်။ ၃၆သန်းအထိသွားလိမ့်မယ်လို့တော့ သူမထင်ထားခဲ့ပေ။
ဟူဟန်ဆန်း ကမပြီးသေးပေ။
သူက ဆက်ပြီး
“ပြီးတော့ အဲ့ဒီကားသုံးစီးက သူတို့မာစတာက သူတို့ကိုပေးထားတဲ့ အကျန်တွေ”
“ဘာကြီး?”
ဒါကိုကြားတယ့်အချိန်မှာ လီကျားမင်က ဟိုတယ်ကထွက်လာပြီး လှေကားအောက်ဆင်းလာမလို့ရှိသေးသည်။ သူအရမ်းအံ့ဩသွားပြီး သူ့ခြေလှမ်းတွေကို ရပ်လိုက်သည်။ သူ ပြုတ်ကျလုမတတ်ဖြစ်သွားသည်။
“ဒီကားတွေက ဘော်ဒီဂတ်တွေအတွက်ပဲလား?”
လီကျားမင်က ၎င်းကိုမယုံနိုင်ပေ။ သူ့ဘော်ဒီဂတ်တွေမောင်းဖို့အတွက် သန်းဆယ်ချီတန်တဲ့ကားတစ်စီးဝယ်နိုင်လောက်အောင်ထိ ဘယ်ဘော့စ်ကအရမ်းချမ်းသာတာလဲ?
ဟူဟန်ဆန်း ကခေါင်းညိတ်ပြီးတော့
“ဟုတ်တယ် သူတို့အဲ့လိုပြောတယ်။ စီအီးအိုလီ အဲ့ဒီလူတွေက ပရော်ဖက်ရှင်နယ်ဘော်ဒီဂတ်တွေ ...
ကျွန်တော်သူတို့ကို မျက်နှာချင်းဆိုင်တုန်းက ကျွန်တော့်တစ်ကိုယ်လုံး ပျော့ခွေနေတာ။
ကျွန်တော်အရမ်းလန့်ပြီး ကြောက်နေတာ”
လီကျားမင်ကမေးလိုက်သည်။
“မင်းအခုဘယ်မှာလဲ?”
“ကျွန်တော်တို့ ထောင်ယွမ်ရွာကနေ အခုလေးတင်ထွက်လာပြီး မြို့ကိုရောက်တာ”
ဟူဟန်ဆန်းက အနားပတ်လည်ကိုကြည့်လိုက်သည်။
“ဒီအသုံးမဝင်တဲ့ဥစ္စာတွေ!”
လီကျားမင်က ဒေါသတကြီးဆဲရေးလိုက်သည်။
“မင်းတို့ကအဲ့လောက် လွယ်လွယ်ကြောက်နေတာလား?”
လီကျားမင်ရဲ့ဆူပူမှုက ဟူဟန်ဆန်းကို အရမ်းမသက်မသာဖြစ်သွားစေသည်။
သူက
“စီအီးအိုလီ၊ ခင်ဗျား ကျွန်တော်တို့ကို အပြစ်တင်လို့မရဘူး။ အဲ့ဒါတွေက ပုံမှန်ကားသုံးစီးဆိုရင် ကျွန်တော့်ညီအစ်ကိုတွေနဲ့ ကျွန်တော်က ပြေးသွားလိုက်မှာပေါ့။ ဒါပေမယ့် အဲ့ကားတွေကသန်းဆယ်ချီတန်တယ်လေ။ ကျွန်တော်တို့ သူတို့ကို အမှားမလုပ်နိုင်ဘူး။ သူတို့မာစတာက အရမ်းထူးခြားတဲ့လူဖြစ်ရမယ်”
လီကျားမင်ကပြတ်ပြတ်သားသားနဲ့
“မင်းတို့ကို ငါ မာစတာရဲ့အထောက်အထားကိုရှာခိုင်းထားတယ်။ မင်းရှာတွေ့လား?”
“မတွေ့ဘူး!”
ဟူဟန်ဆန်းက တိုက်ရိုက်ပဲဖြေလိုက်သည်။
ဘောဒီဂတ်တွေက သူတို့ခြေထောက်တွေကို ချည့်နဲ့သွားစေဖို့ လုံလောက်သည်။ သူတို့မာစတာရဲ့အထောက်အထားကို မေးဖို့ထိ သူတို့ဘယ်လိုလုပ်သတ္တိရှိမှာလဲ? တကယ်တော့ သူတို့မေးဖို့တောင်မလိုပေ။
လျှို့ဝှက်တဲ့မာစတာက သန်းသုံးဆယ်ထက်ပိုတဲ့ကားကိုမမောင်းနိုင်တဲ့ သူတို့ဘော့စ် လျောင်ကောဟိုင်ထက်ပိုအင်အားကြီးမှန်း သူတို့သိသည်။
ဒီတော့ သူ ဘယ်လိုလုပ်ယှဉ်နိုင်ပါ့မလဲ?
လီကျားမင်ကဒါကိုကြားတော့ သူတကယ်ပဲ ဟူဟန်ဆန်းကို ပါးနှစ်ချက်ရိုက်ချင်သွားသည်။
သူက ကျယ်ကျယ်လောင်လောင်ပဲဆဲဆိုလိုက်သည်။
“ငကြောက်တွေ!”
သူကဆက်ပြီး
“ဟူဟန်ဆန်း မင်းကအခြောက်ပဲ! ဒါနောက်ကလူရဲ့အထောက်အထားကို စုံစမ်းဖို့ပဲ မင်းကိုငါပြောထားတာ။ ဘာမှမဖြစ်နိုင်တာလုပ်ဖို့ ပြောထားတာလည်းမဟုတ်ဘူး။
မင်းဘာလို့ စောက်ခြောက်ဖြစ်နေတာလဲ?”
ဒါက ဟူဟန်ဆန်းကိုစိတ်တိုသွားစေသည်။
သူ ပြန်လည်ချေပကာ
“ဟုတ်တယ် ကျုပ်ကငကြောက်ပဲ။ ခင်ဗျားအဲ့လောက်သတ္တိရှိနေရင် ကိုယ့်ဟာကိုယ်သွားရှာလို့ရတာပဲ”
“မင်း!”
လီကျားမင်လည်းအရမ်းဒေါသထွက်သွားသည်။
“မင်း ဘာကိုမင်းလဲ?
ကျုပ်က အမှန်ကိုပြောနေတာ!”
ဟူဟန်ဆန်းကကျယ်လောင်စွာပြောလိုက်သည်!
***