← Chapters

လီကျားမင်ရဲ့ကားအက်စီးဒင့်

Vol. 19 Ch. 316

လီကျားမင်ရဲ့ကားအက်စီးဒင့်

Vol. 19 Ch. 316

ဟူဟန်ဆန်းက လီကျားမင်ကိုခယမနေ‌ချင်တော့ပေ။

လီကျားမင်က မိုက်မဲတာတစ်ခုလုပ်ခဲ့သည်။

အဲ့ဒီတော့ ဘာလို့ ဟူဟန်ဆန်းရဲ့လူတွေက ၎င်းအတွက် ပေးဆပ်ရမှာလဲ?

သူသာ လုပ်ငန်းစဉ်အားလုံးအတိုင်းလုပ်ခဲ့ရင် ဒီလိုကိစ္စမျိုးက ပိုစောစောဖြစ်မလာဘူးလား?

ဟူဟန်ဆန်းရဲ့စိတ်ထဲမှာ ဆိုးရွားတဲ့ခံစားချက်ရေးရေးတစ်ခုရှိနေသည်။ သူ့ခံစားချက်တွေက သူတို့က... မဟုတ်ဘူး သူတို့ဘော့စ်ကြီးက သူအမှားမလုပ်သင့်တဲ့လူကို အမှားလုပ်လိုက်ကြောင်း ပြောနေသည်။

ဟူဟန်ဆန်းက သူ့စိတ်ကို တိတ်တဆိတ်ပြင်ဆင်လိုက်သည်။

ဟူဟန်ဆန်း ရဲ့ချေပမှုကို လီကျားမင်ကြားတော့ ထူးထူးခြားခြားစိတ်တိုသွားသည်။ သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ဟူဟန်ဆန်း မင်းခွေးကောင်! မင်းအလုပ်ဖြုတ်ခံချင်လို့လား?”

ဟူဟန်ဆန်းကလည်း ကျယ်လောင်စွာနဲ့

“ခင်ဗျားကျွန်တော့်ကို အလုပ်ဖြုတ်ပစ်စရာမလိုဘူး။ ဘာလို့လဲဆို‌တော့ ကျွန်တော့်ဘာသာ ထွက်မှာမလို့!”

ထိုသို့ပြောပြီးနောက် ဟူဟန်ဆန်းက သူနဲ့ဆက်အချင်းမများနေချင်တော့ဘဲ တိုက်ရိုက်ဖုန်းချပစ်လိုက်သည်။

လီကျားမင်ရဲ့မျက်နှာက မှောင်မိုက်သွားသည်။

သူ့သွားတွေကိုကြိတ်လိုက်ပြီး

“ဟူဟန်ဆန်း မင်းငါ့ကိုချပစ်ရဲတယ်ပေါ့။ ကောင်းပြီ မင်းအလုပ်ဖြုတ်ခံရတာသေချာအောင် လုပ်လိုက်မယ်!”

လီကျားမင်က ပါကင်လော့စီသွားပြီး သူ့ကားကို မောင်းထွက်သွားလိုက်သည်။ အခြေအနေကဘယ်လိုလဲ‌ဆိုတာကြည့်ဖို့ သူထောင်ယွမ်ရွာကို အမြန်ဆုံးသွားရမည်။ ဒါပေမယ့်လည်း သူတစ်ယောက်တည်းသွားဖို့ အရမ်းအန္တရာယ်များလွန်းသည်။

သူ ကုမ္ပဏီတစ်ခုရှာဖို့ လိုသည်။ ပြီးတော့ သူဖုန်းတစ်ကောလ်ခေါ်လိုက်သည်။

“လက်ထောက်ခေါင်းဆောင်ဟုန်၊ ကျွန်တော် ထောင်ယွမ်ရွာကိုသွားချင်တယ်။ အိုး? ခင်ဗျားက ကျွန်တော်နဲ့အတူလိုက်ချင်လို့လား? အိုခေ ကျွန်တော်လည်း ခင်ဗျားကို အဲ့လောက်မနှောင့်ယှက်ချင်ပါဘူး”

ပြီးနောက် သူတစ်နေရာရာမှာ ကားထိုးဖို့ သွားလိုက်သည်။ သူဘယ်ညာကြည့်လိုက်ပြီး သစ်ပင်ကြီးတစ်‌ပင်အောက်ကို ကားမောင်းသွားလိုက်သည်။ ၎င်းက ပို၍အေးမြသည်။

ဒါပေမယ့်လည်း သူထောင့်ကိုကွေ့လိုက်တာနဲ့ ထရက်ကားကြီးတစ်စီး ထောင့်ဘက်မှ ထွက်လာသည်။ သူ့သူငယ်အိမ်တွေတင်းကျပ်သွားကာ စတီယာရင်ဘီးကို ချက်ချင်းလှည့်လိုက်ပြီး ထရက်ကားကြီးကိုရှောင်ဖို့ ကြိုးစားလိုက်သည်။

သူထရက်ကားကို ရှောင်ဖို့ လုပ်လိုက်ပေမယ့် ချော်နေတဲ့တာယာတွေကြောင့် ကားက လမ်းဘေးကိုလွင့်ထွက်သွားပြီး လမ်းဘေးကသစ်ပင်တစ်ပင်ကို တိုက်မိသွားသည်။ ကားအရှေ့ပိုင်းက ပုံဖော်နိုင်တာထက်ပိုပြီး‌တော့ကို ပျက်စီးသွားသည်။ ဒါပေမယ့်လည်း ရွေ့နေတဲ့‌အနေအထားကမပြီးသေးပေ။

နောက်ထပ်ကျယ်လောင်တဲ့ အသံတစ်ခု ထွက်လာသည်။ ကားက လမ်း‌ဘေးကရေမြောင်းတစ်ခုထဲကို ပြုတ်ကျသွားသည်။

ခရီးသည်တချို့က အက်ဆီးဒင့်ကိုမြင်ပြီး ချက်ချင်းရပ်တန့်လိုက်ကြသည်။

သူတို့က အော်လိုက်ပြီး

“ဟိုမှာ ကားအက်ဆီးဒင့်တစ်ခု! အားလုံးပဲ သွားကူညီကြရအောင်။ ငါတို့အထဲကလူကို ကယ်ဖို့လိုတယ်”

“လူနာတင်ယာဉ်နဲ့ ရဲကို မြန်မြန်ခေါ်လိုက်!”

မကြာခင်မှာပဲ အခင်းနေရာက လူတွေနဲ့ပြည့်သွားသည်။

....

ဟူဟန်ဆန်းက အရမ်းမချင့်မရဲဖြစ်သွားသည်။ သူက သူ့အလုပ်ကို ထွက်ချင်သည်။ ဒါပေမယ့်လည်း သူ့ကုမ္ပဏီက သူ့ကို သုံးလစာ အကြွေးတင်နေသည်။ သူဒါကို လီကျားမင်နဲ့ စာရင်းရှင်းရဦးမည်။ ဒါပေမယ့်လည်း သူစောင့်ပြီးရင်းစောင့်သည်။ ဒါပေမယ့် လီကျားမင်ကပေါ်မလာပေ။

ထိုအစား လီကျားမင်က ပြင်းထန်တဲ့အက်ဆီးဒင့်တစ်ခုဖြစ်ခဲ့ပြီး အရေးပေါ်ကုသမှုအတွက် ပြည်သူ့ဆေးရုံကို အပို့ခံလိုက်ရကြောင်း ဖုန်းတစ်ကောလ်ရခဲ့သည်။ ဒါပေမယ့် ကံကြမ္မာက သူ့ကိုဆန့်ကျင်နေသည်။

ဟူဟန်ဆန်း ထပ်ပြီး ရူးရူးမိုက်မိုက် ကြောက်ရွံ့သွားပြန်သည်။ သူက ခုနလေးတင် ဒီလူနဲ့ ငြင်းခုံနေပေမယ့် အခုသူက ဆေးရုံမှာ သေလုမြောပါးလဲလျောင်းနေရသည်။

ဒါကတိုက်ဆိုင်မှုလား?

ဟူဟန်ဆန်းက အ‌ဖြေကို မစဉ်းစားရဲပေ။

သူ့လက်နဲ့ခြေထောက်က အရမ်းအေးစက်နေပြီး သူ့မျက်နှာက ဖြူဖပ်နေသည်။ သူ့လက်အောက်ငယ်သားတွေက ဒါကိုမြင်တော့ ချက်ချင်းမေးလိုက်သည်။

“ဘော့စ် ဘာဖြစ်လို့လဲ? ဘာဖြစ်တာလဲ?”

ဟူဟန်ဆန်းရဲ့နှလုံးသားက အေးစက်နေပြီး

“စီအီးအို... စီအီးအိုလီက ကားအက်‌‌‌ဆီးဒင့်ဖြစ်ထားတယ်။ သူက အခုပြည်သူ့ဆေးရုံမှာ။

အခြေအနေကတော့ သိပ်မကောင်းဘူး”

“ဘာရယ်? စီအီးအိုလီက ကားအက်စီးဒင့်ဖြစ်လို့လား?”

သူ့လက်အောက်ငယ်သားတွေက ဒါကိုမယုံနိုင်ပေ။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? သူကခုနလေးတင် လှုပ်လှုပ်ရှားရှားရှိနေသေးတာ!”

သူတို့ထဲကတချို့က လီကျားမင်ကိုသိနေတဲ့အတွက် မချမ်း‌‌မြေ့ဖွယ်ဖြစ်သွားကြသည်။

“ဒီလိုတိုက်ဆိုင်မှုမျိုး ဘယ်လိုလုပ်ရှိရတာလဲ?”

တစ်ယောက်က ရေရွတ်လိုက်သည်။

အမှန်တကယ်ပင်

တချို့လျှို့ဝှက်သော၊ အင်အားကြီးသောအရာတွေကို သူတို့အမှားလုပ်လိုက်ပြီလို့ ယုံကြည်ပြီးနောက်မှာပဲ လီကျားမင်က ကားအက်ဆီးဒင့်တစ်ခုဖြစ်သွားသည်။

တစ်ယောက်က ကြောက်သွားပြီးတော့ မသက်မသာနဲ့

“ဘော့စ် ကျွန်တော်တို့က အကောင်ကြီးတချို့ကို အမှားလုပ်လိုက်မိတာလား?”

“ကျွန်တော်တို့ အိုခေပါ့မလား?”

သူတို့ ကြောက်ရွံ့သွားကြသည်။ ဒီလိုနေ့ရောက်လာလိမ့်မယ်လို့ သူတို့ မထင်ထားခဲ့ပေ။

လီကျားမင်က Zမြို့ရဲ့စီးပွားရေးလောကမှာ အရေးပါသူတစ်ယောက်ဖြစ်သည်။ ဒါပေမယ့်လည်း အဲ့ဒီလူက သူမဆန့်ကျင်သင့်တဲ့လူကို ဆန့်ကျင်လိုက်တဲ့အတွက် သေခြင်းနဲ့ ရှင်ခြင်းကြားမှာ တန့်နေရသည်။

ကျန်တဲ့သူတွေအတွက်ကရော?

သူတို့က လီကျားမင်နဲ့ယှဉ်ရင် အကောင်သေးသေးလေးတွေဖြစ်သည်။

အကောင်ကြီးက သူတို့ကို အပြစ်ပေးချင်ရင်ရော ဘယ်လိုလုပ်မှာလဲ?

သူတို့ ၎င်းအကြောင်းပိုတွေးလေ သူတို့ပိုမသက်မသာဖြစ်လာလေဖြစ်သည်။

သိပ်မကြာခင်မှာပဲ တစ်ယောက်က လျှော့ချလိုက်သည်။

“ငါထွက်တယ် အိမ်ကအမေ့ဆီပြန်ချင်တယ်”

“ငါလည်း ထွက်ချင်တယ် ငါ...ငါ ငါလည်းမသေချင်သေးဘူး။ ငါအိမ်ထောင်ပြုပြီး ကလေးတောင်မယူရသေးဘူး!”

“ငါ့မိန်းမနဲ့ ကလေးတွေကို သတိရတယ်!”

ခနချင်းမှာပင် ဟိုတယ်လေးတစ်ခုလုံးမှာ ပိုင်ရှင်က ရဲခေါ်လုမတတ်ကြောက်ရွံ့သွားစေသည့် ကြေကွဲနေသောငိုသံတွေနဲ့ ပြည့်သွားသည်။

ကျေးဇူးတင်စွာပဲ ဟူဟန်ဆန်း က သူ့ကိုတားလိုက်သည်။

“ဆိုးသွမ်းခဲ့ဖူးလို့လား? ဒါကံကြမ္မာလား?”

“ငါဒါကို ဘယ်တော့မှ ထပ်မလုပ်တော့ဘူး။ ငါလူတွေရဲ့ အိမ်တွေကိုဖျက်စီးပြီး အားနည်းတဲ့လူတွေကို ထပ်အနိုင်မကျင့်ချင်တော့ဘူး။ ငါ...ငါ လူကောင်း...လူကောင်းတစ်ယောက်ဖြစ်ချင်တယ်!”

“ငါလည်း‌လူကောင်းတစ်ယောက်ဖြစ်ချင်တယ်!”

အရင်က သူတို့ ‌ဖြိုချရေးအလုပ်တွေလုပ်တော့ သူတို့ အတိုက်အခံလုပ်တဲ့ရွာတွေဆီပြေးသွားသည်။ သူတို့ ပြောင်းရွှေ့တာကို ကူညီဖို့ ဖြိုချရေးအဖွဲ့က ညလယ်ခေါင်ကြီး စစ်ဆင်ရေးလုပ်ခဲ့ပြီး ရွာသားတွေရဲ့ အိမ်တွေကိုဖြိုချဖို့ forklift တွေကိုသုံးခဲ့သည်။

ရွာသားအများစုက အဲ့လောက်ခေါင်းမမာကြပေ။

လျော်ကြေးကိုသာ လက်ခံနိုင်ပါက သူတို့ ပြောင်းလိုကြသည်။

ဒါပေမယ့်လည်း လျောင်ကောဟိုင်က ဘယ်တော့မှ လုံလောက်တဲ့လျော်ကြေးမပေးပေ။

ဒါပေမယ့်လည်း ဟူဟန်ဆန်းရဲ့ဖြိုချရေးအဖွဲ့က ဒီကိစ္စအကြောင်း ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ပေ။ သူတို့က အမိန့်တွေကိုသာ လိုက်နာကြသည။

တစ်နေ့မှာ ရက်စက်တဲ့အင်အားနည်းလမ်းက ကျရှုံးလိမ့်မယ်လို့ ဘယ်တုန်းကမီ မတွေးခဲ့ဖူးပေ။

သူတို့ကို တားဆီးနေတဲ့အရာက ရောက်မလာပေမယ့် သူ့‌အရှိန်အဝါက သူတို့ကို လွှမ်းမိုးပြီးသွားပြီဖြစ်သည်။ ၎င်းအရာရဲ့ တွန်းအားလေးတစ်ခုက သူတို့ဘဝကို အဆုံးသတ်ပစ်န်ိုင်သည်။

လီကျားမင်‌ဆီမှာ ဖြစ်သွားတာကိုပဲကြည့်လေ။

“အိမ်ပြန်ချင်တယ်။ ငါလူကောင်းတစ်ယောက်ဖြစ်လာပြီး နောင်ကျရင် ကောင်းတဲ့လုပ်ရပ်တွေပဲလုပ်ပါ့မယ်”

အသိတရားတွေ နိုးကြားလာပြီ!

ကံကြမ္မာက အမြဲစောင့်ကြည့်နေသည်။

ဟူဟန်ဆန်းရဲ့လက်တွေက ဆေးလိပ်သောက်နေလို့ တုန်ရီနေသည်။

သူက သူ့လက်အောက်ငယ်သားတွေရဲ့ စကားကို တိတ်တဆိတ်နားထောင်နေသည်။

သူတို့အကုန် လူသစ်တစ်ယောက်ဖြစ်‌အောင်ပြောင်းလဲပစ်ပါ့မယ်လို့ ကတိပေးနေသည်။ သူတို့အတွက် ဒဏ်ခတ်မှုက မကြာခင်လာနေပြီဆိုတာတော့ ဟူဟန်ဆန်းယုံကြည်ရမည်။

အချိန်ခနကြာပြီးနောက် ဟူဟန်ဆန်းကအော်လိုက်သည်။

“ကောင်းပြီ ငိုနေတာရပ်ကြတော့။ ငါတို့အခု ကိုယ့်ကိုကိုယ်ခြောက်လှန့်ဖို့မလိုဘူး။ ငါတို့ စိတ်အေးအေးထားဖို့လိုတယ်! စီအီးအိုလီရဲ့ ကားအက်ဆီးဒင့်က မတော်တဆမှုတစ်ခုပဲ”

ဟူဟန်ဆန်းက နှစ်သိမ့်လိုက်သည်။

လူတိုင်းရဲ့မျက်နှာတွေက ဟူဟန်ဆန်း ကို ဗလာဖြစ်နေတဲ့မျက်နှာထားတွေနဲ့ကြည့်ရင်း မျက်ရည်တွေနဲ့ရဲ‌နေသည်။

ဟူဟန်ဆန်း ကအသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ပြီး

“ဒါပေမယ့် အနာဂတ်မှာ ငါတို့ရွေးချယ်မှုက ဘာပဲဖြစ်ဖြစ် ကုမ္ပဏီက ငါတို့ကို သုံးလစာအကြွေးကျန်သေးတယ်။ ငါတို့အဲ့ဒါကို ပြန်ယူရမယ်။ မဟုတ်ရင်တော့ ငါတို့ အမေတွေ မိန်းမတွေနဲ့ ကလေးတွေကို ဘယ်လိုကျွေးနိုင်မှာလဲ?"

လူတိုင်းက သဘောတူညီမှုနဲ့ ခေါင်းညိတ်လိုက်သည်။

သုံးလစာက နည်းတဲ့ပမာဏမဟုတ်ပေ။ ပြီးတော့ သူတို့ဒါကို ရဖို့လိုသည်။

“ဒါပေမယ့် ဘော့စ် စီအီးအိုလီက အခုဆေးရုံမှာလေ။ ကျွန်တော်တို့ လစာတွေကို ဘယ်လိုရမှာလဲ?”

လီရှောင်စန်းကမေးလိုက်သည်။

“ရုံးချုပ်!”

ဟူဟန်ဆန်းက ဆေးလိပ်ငွေ့ကို တစ်ချက်မှုတ်လိုက်ပြီး အေးစက်စွာပြောလိုက်သည်။

“ရုံးချုပ်လား?”

တခြားသူတွေက အံ့အားသင့်စွာပြောလိုက်သည်။

“ကျွန်တော်တို့က ဥက္ကဌလျောင်ဆီ တိုက်ရိုက်သွားမှာလား?”

“ဒါပေါ့!”

ဟူဟန်ဆန်းကပြောလိုက်သည်။

“ဒါပေမယ့် ဥက္ကဌလျောင်က ကျွန်တော်တို့ကို လစာမပေးရင်ဘယ်လိုလုပ်မလဲ?”

တခြားလူတစ်ယောက်က မေးလိုက်သည်။

ဟူဟန်ဆန်းက စကားနှစ်ခွန်းပဲ အေးစက်စွာထုတ်လိုက်သ်။

“သူ့ယာဉ်တွေကိုရောင်းပစ်မယ်!”

“အိုး ဟုတ်သားပဲ။ Forklift က သောင်းချီတန်တာပဲ။ ကျွန်တော်တို့ အဲ့ဒါကိုရောင်းလိုက်မယ်ဆိုရင် ပိုက်ဆံခွဲလို့ရပြီ”

“ဘော့စ် ရုံးချုပ်ကိုတော့ ပြန်မသွားဘဲနေရအောင်။ ကျွန်တော်တို့ forkliftကိုပဲရောင်းလိုက်ပြီး ပိုက်ဆံခွဲပြီးတော့ ထွက်သွားကြတာပေါ့။ သူတို့ ကျွန်တော်တို့ကို ရှာနိုင်မယ်မထင်ပါဘူး”

သူတို့ အဲ့ဒီလိုလုပ်ဖို့ပဲ ဆုံးဖြတ်လိုက်ကြသည်။

လျောင်ကောဟိုင်ရဲ့အတွင်းရေးမှူးက ရောင်းချမှုကို တိတ်တဆိတ်သိရှိသွားပြီး ၎င်းကို လျောင်ကောဟိုင်ဆီစိုးရိမ်တကြီးအစီရင်ခံလိုက်သည်။

လျောင်ကောဟိုင်က ဒေါသတကြီးဖြစ်သွားငည်။

“forklift ကိုရောင်းမယ်? ဒီခွေးကောင်တွေ သူတို့ဘယ်လိုလုပ်လုပ်ရဲတာလဲ!”

အတွင်းရေးမှူးက

“ဥက္ကဌလျောင် ကျွန်မတို့ ရဲခေါ်လိုက်သင့်လား? ဒီလူတွေက အရမ်းရဲတင်းလွန်းတယ်။ သူတို့ကို ရွာကိုဖြိုချဖို့ပြောလိုက်ပေမယ့် အဲ့ဒီအစား forklift ကိုတောင်ရောင်းဖို့ သွားခဲ့ကြသေးတယ်”

အတွင်းရေးမှူးက သူမကုမ္ပဏီကို ဦးတည်နေတဲ့ ဘေးဒုက္ခကို မသိပေ။

“ဒါပေါ့ ငါတို့ရဲခေါ်ရမယ်!”

လျောင်ကောဟိုင်က မျက်လုံးကျုံ့လိုက်ပြီး ‌အေးစက်စွာနဲ့ပြောလိုက်သည်။

“ဒီကောင်တွေ၊ သူတို့ငါရဲမခေါ်ရဲဘူးလို့ တကယ်ထင်နေကြတာလား?”

ထိုအချိန်တွင် သူ့အတွင်းရေးမှူးက နားမလည်နိုင်စွာဖြင့်

“ဥက္ကဌလျောင်၊ ဒါပေမယ့် ဘာလို့ ဖြိုချရေးအဖွဲ့က ကျွန်မတို့forkliftတွေကို ရုတ်တရက်ရောင်းဖို့ဆုံးဖြတ်လိုက်တာလဲ?”

စကားလုံးတွေက လျောင်ကောဟိုင်ရဲ့နှလုံးကို မြားတစ်စင်းလိုပဲ ထိုးဖောက်သွားသည်...

***

All Chapters