← Chapters

လောဘ

Vol. 19 Ch. 317

လောဘ

Vol. 19 Ch. 317

ဟုတ်တယ်

ဖြိုချရေးအတွက်တာဝန်ရှိတဲ့လူက ဘာလို့ရုတ်တရက်forkliftကိုရောင်းဖို့ ဆုံးဖြတ်လိုက်ရတာလဲ?

သူမသိတဲ့တစ်ခုခု ဖြစ်နေတာတော့ရှိရမည်။

လျောင်ကောဟိုင်က ချက်ချင်း အတွင်းရေးမှူးကို စိုးရိမ်တကြီးနဲ့

“မြန်မြန် ငါ့ကိုဖြိုချရေးအတွက် တာဝန်ရှိတဲ့လူရဲ့နံပါတ်ပေးဦး!”

အတွင်းရေးမှူးက ခနအံ့ဩသွားပြီး

“ဥက္ကဌလျောင်၊ ကျွန်မ...ကျွန်မမှာမရှိဘူး”

“ဒါဆိုလည်း သွားရှာချေ!”

လျောင်ကောဟိုင်က သူမကိုအော်လိုက်သည်။

အတွင်းရေးမှူးက ချက်ချင်းပြန်ဖြေလိုက်သည်။

“ဥက္ကဌလျောင် စိတ်မပူပါနဲ့။ ကျွန်မအခုပဲသွားရှာလိုက်ပါ့မယ်”

အတွင်းရေးမှူး ထွက်သွားပြီး‌တော့ လျောင်ကောဟိုင်က သူ့ကုလားထိုင်ဆီ ပြန်ပစ်လှဲလိုက်သည်။ သူ့စိတ်က နောင်တတွေ အမုန်းတရားတွေနဲ့ ပြည့်နေသည်။ ဒေါသလှိုင်းတွေတောင်ပါသေးသည်။

နောင်တက သူယန်စစ်မင်ကို အမှားပြုလုပ်မိလို့ဖြစ်သည်။

သူသာ ယန်စစ်မင်ပြောသလို ဖြိုချရေးကို ပြန်ခေါ်လိုက်ရင် ဒီကိစ္စတွေ ဖြစ်ဦးမှာလား?

ဒါက ယန်စစ်မင်ရဲ့ သူ့ဆီသတိပေးချက်မှန်း သူသိသည်။

တစ်ချိန်တည်းမှာပဲ ဒါက အစပဲရှိသေးသည်။

သူ့ကိုဒေါသထွက်စေတာက ဒါတွေက မိန်းမတစ်ယောက်ကြောင့် ဖြစ်လာ၍ဖြစ်သည်။

ယန်းစစ်မင်က မိန်းမတစ်ယောက်ရဲ့အကျိုးအတွက် ကုမ္ပဏီကြီးတစ်ခုကို ဖြုတ်ချပစ်ခဲ့သည်။ အခုလည်း သူ့ကုမ္ပဏီကို မိန်းမတစ်ယောက်ရဲ့အကျိုးအတွက် ဖြုတ်ချချင်နေသည်။

လျောင်ကောဟိုင်ရဲ့စိတ်ထဲမှာ အမုန်းတရားများစွာရှိနေသည်။ ဒါပေမယ့် အခုအချိန်မှာတော့ ၎င်းကို တောင့်ခံဖို့ကလွဲရင် သူလုပ်နိုင်တာဘာမှမရှိပေ။

သူ့ကုမ္ပဏီကိုကာကွယ်နေသရွေ့ သူ့ဂုဏ်သရေကိုတော့ စွန့်ပစ်ရမည်!

ခနကြာပြီးတော့ အတွင်းရေးမှူးက ဟူဟန်ဆန်း ရဲ့ဖုန်းနံပါတ်ကို တွေ့သွားသည်။

ဒါပေမယ့် သူမရုံးထဲကိုဝင်လာတော့ မူးဝေနေတဲ့ဥက္ကဌကိုမြင်လိုက်ပြီး နားမလည်နိုင်ဖြစ်သွားသည်။

‘ဥက္ကဌဘာဖြစ်လို့လဲ? ဒါသူ စိတ်တည်ငြိမ်မှုမရှိတဲ့ ဒုတိယအကြိမ်ပဲ’

“ဥက္ကဌ ကျွန်မ ဖြိုချရေးအဖွဲ့ကတာဝန်ရှိတဲ့လူရဲ့ဖုန်းနံပါတ်ကိုတွေ့ပြီ!”

အတွင်းရေးမှူးမီက ပြောလိုက်ပြီး ဖုန်းနံပါတ်ကို လျောင်ကောဟိုင်ကိုပေးလိုက်သည်။ ဒါပေမယ့်လည်း သူမချက်ချင်းထွက်မသွားပေ။ သူမက လျောင်ကောဟိုင်နောက်ကို နှစ်ပေါင်းများစွာလိုက်ခဲ့ပြီး သူ့ကိုအရမ်းကောင်းကောင်းသိသည်။

သူမ ဥက္ကဌဒီလိုမူးဝေနေရေအောင် ပြင်းထန်တဲ့တစ်စုံတစ်ခုဖြစ်နေမှန်း သိသည်။ သူပရောဂျက်အသစ်တစ်ခုရလိုက်တဲ့အတွက် ဥက္ကဌလျောင်က ပျော်နေသင့်တာ။

အဲ့ဒါဆို သူဘာလို့အခုလိုလုပ်နေတာလဲ?

လျောင်ကောဟိုင်ကဖုန်းခေါ်တော့မယ့်အချိန်မှာ သူ့အတွင်းရေးမှူးက အဲ့ဒီမှာ ရပ်နေတုန်းပဲ‌ဆိုတာကို သတိပြုမိသွားသည်။ သူက မျက်မှောင်ကျုံ့လိုက်ပြီး အေးစက်စွာအမိန့်ပေးလိုက်သည်။

“ထွက်သွား! ငါ့အမိန့်မရှိဘဲ ဝင်မလာနဲ့!”

အတွင်းရေးမှူးမီက ပြန်မဖြေမှီ မျက်မှောင်ကျုံ့လိုက်သည်။

“ဟုတ်ကဲ့ ဥက္ကဌ!”

သူမလှည့်ပြီး အခန်းထဲက ထွက်သွားသည်။ ဒါပေမယ့်လည်း သူမ တံခါးမှာ တဝဲလည်လည်လုပ်နေသည်။ သူမနားတွေကို တံခါးမှာ ကပ်ထားလိုက်သည်။

လျောင်ကောဟိုင်က ဟူဟန်ဆန်း ရဲ့ဖုန်းနံပါတ်ကိုရပြီးတော့ ချက်ချင်းခေါ်လိုက်သည်။

“ဟူဟန်ဆန်း မင်းကုမ္ပဏီရဲ့ forklift ကို ဘယ်လိုတောင်ရောင်းရဲတာလဲ?”

ဖုန်းဝင်သွားတာနဲ့ လျောင်ကောဟိုင်က ဒေါသတကြီးအော်လိုက်သည်။

ဟူဟန်ဆန်းက ဘယ်သူခေါ်နေမှန်းမသိပေ။ နံပါတ်က မှတ်မထားသည့် နံပါတ်တစ်ခုဖြစ်သည်။ ဒါပေမယ့်လည်း ဖုန်းဝင်လာတော့ ဟူဟန်ဆန်း အနည်းငယ်ကြောက်ရွံ့သွားသည်။

ပြီးတော့ ဒါကသူ့ဘော့စ်အကြီးဆုံးပဲ။ ပုံမှန်ဆိုရင် သူ့မှာ ဘော့စ်ကိုစကားပြောဖို့ အခွင့်အရေးတောင်မရပေ။

သူ့အထက်လူကြီးက လီကျားမင်သာဖြစ်သည်။ ဒါ့ကြောင့် သူက လျောင်ကောဟိုင်ကို အလိုလိုကြောက်သည်။

သူက ဂရုတစိုက်နဲ့

“ဥက္ကဌလား? လျောင်ကောဟိုင်?”

လျောင်ကောဟိုင်ကဒေါသတကြီးနဲ့

“ဟူဟန်ဆန်း မင်း....”

တခြားတဖက်က သူ့ကိုချပစ်လိုက်သည်။ လျောင်ကောဟိုင်ကထပ်ခေါ်လိုက်သည်။ ဒါပေမယ့် ခနကြာပြီးတော့ ဟူဟန်ဆန်းက နောက်ဆုံးမှာ ပြန်ဖြေလိုက်သည်။

လျောင်ကောဟိုင်ကဆဲရေးလိုက်သည်။

“ဟူဟန်ဆန်း မင်းမကောင်းတဲ့ကောင်! ငါမင်းကိုမိရင် အရှင်လတ်လတ် အရေခွံဆုတ်ပစ်မယ်”

ဟူဟန်ဆန်းက မကြောက်မရွံ့နဲ့

“ဥက္ကဌ ခင်ဗျားအရေခွံကို အရင်ပြန်ကြည့်တာကောင်းမယ်။ ကျုပ်မှာ forkkiftကိုရောင်းတာကလွဲရင် ရွေးစရာမရှိဘူး။ ပြီးတော့ ခင်ဗျားကုမ္ပဏီဒေဝါလီခံလိုက်ရတာနဲ့ ကျုပ်လစာကို ရမှာမဟုတ်တော့ဘူး”

“ဟူဟန်ဆန်း ခွေးကောင်၊ မင်းဘာအဓိပ္ပာယ်မရှိတာတွေပြောနေတာလဲ?”

လျောင်ကောဟိုင်က ဒါသတကြီးအော်ဟစ်လိုက်သည်။

“ငါ့ကုမ္ပဏီက ဘာလို့ ဒေဝါလီခံရမှာလဲ? မင်းငါ့ကို ကျိန်စာတိုက်ရဲတယ်ပေါ့!”

ဒါပေမယ့်လည်း တစ်ဖက်က ဖုန်းချသွားပြီဖြစ်သည်။ လျောင်ကောဟိုင်ရဲ့မျက်နှာက စိမ်းဖန်ပြီး ပြာနှမ်းလာသည်။ ချက်ချင်းပဲ သူ့ဖုန်းကို ပစ်ချလိုက်ပြီး ခုံဆီ ကျသွားသည်။ သူကတကယ် ဒုက္ခအကြီးကြီးရောက်နေပေပြီ။

ဟူဟန်ဆန်းလို ယင်ကောင်လေးတစ်ကောင်တောင် ကျဆုံးခန်းသတင်းကိုရနေသည်။ သူကတကယ့်ကိုပဲ ဒုက္ခရောက်နေပုံပေါ်သည်။ အဝေးက ဟူဟန်ဆန်းတောင် သတင်းတွေရနေပြီ။

ဒါကဘာလို့ ဟူဟန်ဆန်းကအရင်ထိုးနှက်ဖို့ ရည်ရွယ်လိုက်ပြီး အကျိုးနည်းနည်းရအောင်လုပ်လဲဆိုတာ ဖြစ်သည်။

ဒါပေမယ့်လည်း လျောင်ကောဟိုင်ကအဲ့ဒီမှာထိုင်ပြီး သေခြင်းကိုစောင့်မနေပေ။

ဒါပေမယ့် ယန်စစ်မင်က သူ့စကားအတိုင်းလုပ်တဲ့ ယောက်ျားတစ်‌ယောက်ဖြစ်သည်။ သူ့ကုမ္ပဏီက ဒါရိုက်တာတွေက သူ့ကိုဘယ်တုန်းကမှ မဖျောင်းဖျနိုင်ပေ။

ယန်စစ်မင်က မိန်းကလေးတစ်ယောက်လိုချောမောပြီး မျက်နှာမှာ အမြဲအပြုံးတစ်ခုရှိနေတာတောင် အေးစက်ပြီး အကြင်နာကင်းသည်။ သူ့နှလုံးသားက ခက်ထန်သွားရင် သူ့သားကောင်တွေက ကြောက်ရွံ့မှုနဲ့ တုန်လှုပ်ကြတော့သည်။ ဒါ့ကြောင့် ယန်ဂရုရဲ့ဒါရိုက်တာတွေကိုချဉ်းကပ်တာက အကျိုးမရှိမှန်း လျောင်ကောဟိုင်သိသည်။

သူက မျက်မှောင်ကျုံ့လိုက်ပြီး အတွေးနက်နက်တွေထဲမှာ နစ်မြောနေသည်။

အပြင်ဘက်မှာ ချောင်းနားထောင်နေတဲ့ အတွင်းရေးမှူးမီက အကုန်လုံးကြားလိုက်သည်။ ကုမ္ပဏီက ဒေတါလီခံရတော့မယ်ဆိုတာသိသွားတာ့ သူမအံ့ဩသွားသည်။ သူမငိုမိလုမတတ်ကို ရှော့ခ်ရသွားသည်။ သူမခနလောက်တွေးလိုက်ပြီး မြန်မြန်ဆန်ဆန်ပဲ ထွက်သွားသည်။

အတွင်းရေးမှူးမီက သူမရင်ဘတ်ကို ဖြည်းဖြည်းချင်းပုတ်လိုက်ပြီး

“ကြည့်ရတာအလုပ်သစ်ရှာရ‌တော့မယ်နဲ့တူတယ်”

ကုမ္ပဏီသာ ဒေဝါလီခံလိုက်ရပါက သူမ အလုပ်လက်မဲ့ဖြစ်သွားလိမ့်မည်။ အလုပ်လျှောက်ခြင်းနဲ့ အလုပ်တောင်းခြင်းကြားမှာ ကြီးမားတဲ့ကွာခြားချက်ရှိသည်။

သူမ လျောင်ကောဟိုင်နဲ့အလုပ်လုပ်နေတုန်း ပိုကောင်းတဲ့အလုပ်မျှော်လင့်ချက်တစ်ခုကို လိုက်ရှာနေတာလို့ သူမပြောနိုင်သည်။ ဒါပေမယ့် ကုမ္ပဏီကျဆုံးသွားရင်တော့ သူမတခြားသူတွေကို အလုပ်အတွက် တောင်းပန်ရလိမ့်မည်။

ဒါကိုတွေးတောပြီးတော့ အတွင်းရေးမှုးမီက ချက်ချင်းနှုတ်ထွက်စာဖိုင်ကို ဖွင့်လိုက်သည်။

သူ့လက်အောက်ငယ်သားဘာလုပ်နေမှန်း လျောင်ကောဟိုင်ကမသိပေ။ ခနစဉ်းစားပြီးတော့ သူ့မျက်လုံးတွေ ရုတ်တရက် ဝင်းလက်သွားသည်။

“ဟုတ်တယ် ယန်ဂရုက မိသားစုပိုင်ပဲ၊ ယန်မိသားစုကတော့ ယန်စစ်မင်ကို ရပ်တန့်နိုင်မှာပဲ! ဒါ့ကြောင့် အမြန်ဆုံး ယန်မိသားစုနဲ့ ဆက်ဆံရေးတစ်ခုတည်ဆောက်နိုင်မယ့်နည်းလမ်းကိုစဉ်းစားရမယ်!”

လျောင်ကောဟိုင်က ချက်ချင်းလူတွေကို စခေါ်ဆိုလိုက်သည်။

.......

ရွာသူကြီး ရှောင်မိသားစုကိုလာပြီးတော့ သူအသားကျနေတဲ့မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။ သခင်လေးကုန်းက ရှောင်လင်းယွီအတွက် ပန်းသီးအခွံခွာပေးနေလေသည်။

ဒါပေမယ့်လည်း ရွာသူကြီးက ကုန်းထျန်းဟောက်ရဲ့အထောက်အထားကို အမှတ်ရသွားပြီး သူ့နှုတ်ခမ်းတွေက မထိန်းနိုင်ဘဲ လှုပ်စလှုပ်စိဖြစ်သွားသည်။

ရှောင်လင်းယွီက မျက်စိစောင်းကြည့်ပြီးကုန်းထျန်း‌ ဟောက်ရဲ့ပြုစုမှုတွေကိုပျော်မွေ့‌ နေပြီး ကုလားထိုင်ပေါ်မှာ ကြောင်တစ်ကောင်လို လှဲနေတာကိုမြင်တော့ သူ့ပါးစပ်အစွန်းတွေထပ်ပြီး လှုပ်စိလှုပ်စိဖြစ်သွားပြန်သည်။

‘ဒီကောင်မလေး ရှောင်လင်းယွီက သူ့ကိုအထင်မသေးဘဲ အရမ်းချစ်တဲ့ယောက်ျားတစ်ယောက်ရထားလို့ တကယ်ကံကောင်းတာပဲ’

ကုန်းထျန်းဟောက်က ရှောင်လင်းယွီကြောင့် သူတို့ကိုကူညီဖို့လာခဲ့တာကို ရွာသူကြီးကောင်းကောင်းသိသည်။ သူက ၎င်းကို ရှောင်လင်းယွီနဲ့ ရှောင်မိသားစုကိုကာကွယ်ဖို့ လုပ်နေခြင်းဖြစ်သည်။

ရှောင်လင်းယွီက သူတို့ကိုအိမ်မှာနေဖို့ပြောထားလို့ မေမေရှောင်နဲ့ ဖေဖေရှောင်က အိမ်မှာနေနေကြသည်။ သူတို့က ရွာသားတွေဘေးမှာမရပ်တည်တာမဟုတ်ဘဲ ကုန်းထျန်းဟောက်က သူအကုန်ကိုင်တွယ်လိုက်မယ်လို့ ပြောထား၍ဖြစ်သည်။

ဝမ်ကျီနဲ့ ယွမ်မင်က ရှောင်လင်းယွီရဲ့ဘေးကင်းမှုကိုကာကွယ်ဖို့ အမိန့်ကျထားသည်။ ဒါပေမယ့် အခု ကုန်းထျန်းဟောက်က အဲ့ဒီမှာရှိနေတော့ သူတို့ဆားဗစ်ကို ယာယီမလိုသေးပေ။ သူတို့ ရွာပတ်လည်ကို လမ်းလျှောက်ဖို့ ထွက်လာကြသည်။

“ရွာသူကြီး ရောက်လာပြီပဲ!”

ရွာသူကြီးကိုမြင်ပြီး ဖေဖေရှောင်က ချက်ချင်းနှုတ်ဆက်လိုက်ကာ သူ့အတွက် ရေနွေးကြမ်းတစ်ခွက်ပြင်‌ပေးလိုက်သည်။

ရွာသူကြီးက ကျောက်စားပွဲမှာထိုင်ပြီး ခွက်ကိုယူကာ ရေနွေးကြမ်းကို သူ့ပါးစပ်ထဲလောင်းထည့်လိုက်သည်။ တစ်မနက်လုံးပြေးလွှားပြီးတော့ သူတကယ်ရေ‌ဆာနေသည်။

ဖေဖေရှောင်က မြန်မြန်ဆန်ဆန်ပဲ နောက်ထပ်တစ်ခွက်ပြင်လိုက်သည်။ ရွာသူကြီးက သုံးခွက်လုံးကို လွယ်လွယ်ကူကူပဲ သောက်ပစ်လိုက်သည်။ ရွာသူကြီးက ရေနွေးကြမ်းသောက်တာပြီးသွားတော့ ရွာဝင်ပေါက်မှာ ဘာဖြစ်ခဲ့လဲ‌ဆိုတာကို သူတွေးတောလိုက်သည်။

ပြီးနောက် ရွာသူကြီးက ဝမ်းပန်းတသာနဲ့

“သခင်လေးကုန်း၊ အခုလေးတင်ဖြစ်သွားတာတွေအတွက် ကျေးဇူးအများကြီးတင်ပါတယ်”

ကုန်းထျန်းဟောက်သာ ဒီနေ့ဒီမှာမရှိဘူးဆိုရင် အကျိုးဆက်တွေဘယ်လိုဖြစ်လာမယ်မှန်း ဘယ်သူမှမတွေးရဲပေ။

ကုန်းထျန်းဟောက်က ပြုံးပြီးတော့

“ရွာသူကြီး အရမ်းယဉ်ကျေးလွန်းနေပြီ။ ကျွန်တော်လည်းအခု ထောင်ယွမ်ရွာမှာနေနေတာလေ။ သူတို့ကို ကျွန်တော့်အိမ်ကို ဖျက်စီးခွင့်မပြုနိုင်ဘူး။ ကျွန်တော်က ကျွန်တော့်အိမ်ကို ကာကွယ်ရုံတင်ပါ”

ဒါကတော့ သူ့စကားပေါ့။ ဒါပေမယ့် အသေအချာပင် ရွာသူကြီးက သူ့ကိုမယုံပေ။

ကုန်းထျန်ဟောက်က သူ့အိမ်ကို အလွယ်တကူပြန်ဆောက်ဖို့အထိ ချမ်းသာသည်။ ပြီးတော့ သူ့မှာ ထောင်ယွမ်ရွာအပြင်ဘက်က တခြားခြံကွက်တွေလည်းရှိသေးသည်။

ရွာသူကြီးက ခေါင်းခါလိုက်ပြီး

“ဒီလိုပြောရင်တောင် ငါကမင်းကိုကျေးဇူးတင်ရမှာပဲ။ တစ်ရွာလုံးကိုယ်စား ငါမင်းကို ကျေးဇူးတင်ရမယ်”

ကုန်းထျန်းဟောက်က ပြုံးလိုက်သည်။

ရွာသူကြီးက ရုတ်တရက် တစ်ခုခုကို တွေးမိသွားဟန်တူပြီး

“သခင်လေးကုန်း၊ ရှောင်ယွဲ့က မင်းငါ့ကို ရှာနေတယ်လို့ပြောတယ်?”

ကုန်းထျန်းဟောက်က အနည်းငယ်ခေါင်းညိတ်ပြီး

“ရွာသူကြီး ဒီနေ့ကိစ္စက ယာယီပဲဖြေရှင်းပြီးတာ”

ရွာသူကြီးက အံ့ဩသွားပြီး နားမလည်တဲ့ပုံနဲ့

“ယာယီပဲဖြေရှင်းပြီးတယ်? သခင်လေးကုန်း ဒါကဘာကိုဆိုလိုပြန်တာလဲ?”

သူဒါကိုပြောလိုက်တာနဲ့ ရွာသူကြီးက ရှောင်လင်းယွီကိုကြည့်လိုက်သည်။ အဲ့ဒီအချိန်မှာ သူမက ပန်းသီးတစ်လုံးစားနေသည်။ ကုန်းထျန်းဟောက်က မသိမသာနဲ့

“လောဘက အပြစ်အားလုံးရဲ့ရင်းမြစ်ပဲ။ ဖြိုချရေးအဖွဲ့က ကျွန်တော့်ကားတွေကြောင့် ကြောက်သွားတာ။ သူတို့ဘော့စ်က ကျွန်တော့်အထောက်အထားကို စစုံစမ်းတော့မယ်လို့ယူဆတယ်။ ဒါပေမယ့် သူတို့ အလွယ်တကူရှာတွေ့မှာတော့ မဟုတ်ပါဘူး။

ကျွန်တော်သူတို့ကို မစုံစမ်းစေချင်သရွေ့ ဘယ်သူမှမစုံစမ်းနိုင်ဘူး...”

***

All Chapters