← Chapters

ကြီးမားတဲ့အကျိုးအမြတ်များ

Vol. 19 Ch. 318

ကြီးမားတဲ့အကျိုးအမြတ်များ

Vol. 19 Ch. 318

ကုန်းထျန်းဟောက်က ယုံကြည်မှုရှိစွာနဲ့ ပြောလိုက်သည်။

သူဒါကိုကြားတော့ ရွာသူကြီးက

“သခင်လေးကုန်း မင်းအထောက်အထားကဘာလဲ? မင်းအထောက်အထားကိုစစ်ဆေးဖို့က ဘာလို့အရမ်းခက်နေရတာလဲ?”

ကုန်းထျန်းဟောက်က စကားလမ်းကြောင်းလွှဲလိုက်သည်။

“ဒီသူဌေးက ဘယ်တုန်းကမှ ထောင်ယွမ်ရွာကို ခရီးသွားနေရာတစ်ခုအနေနဲ့ မတည်ဆောက်ချင်ခဲ့ဘူး။ သူလိုချင်တာက စတော်ဘယ်ရီတွေစိုက်ဖို့ မြေပဲ။ သူတို့က စတော်ဘယ်ရီ‌အခင်းတွေကိုယူပြီး မိုးထိုးနေတဲ့ဈေးတွေနဲ့ အသီးတွေကိုရောင်းချင်ကြတာ။ အခု စတော်ဘယ်ရီတွေကို တစ်ကတ်တီ ယွမ်၃၀၀နဲ့ရောင်းတယ်။ ချမ်းသာတဲ့လူတွေအတွက်တော့ ဒါကအရမ်းဈေးချိုလွန်းတယ်။

အရသာဘယ်လောက်ပဲကောင်းကောင်း စတော်ဘယ်ရီတွေစားရတာက ဈေးသက်သာတယ်လို့ပဲ သူတို့ခံစားရမှာပဲ”

ရွာသူကြီးရဲ့မျက်လုံးတွေ ပြူးသွားသည်။

“တစ်ကျင်ကို ယွမ်၃၀၀ကဈေးချိုသေးတာလား?”

သူက တကယ့်ကို ချမ်းသာတဲ့လူတွေရဲ့လောကကိုနားမလည်ပေ။ ရွာသားတွေဖို့တော့ ၃၀ဝက မိသားစုတစ်ပတ်အသုံးစိရိတ်အတွက် လုံလောက်သည်။ ဒါပေမယ့် ချမ်းသာတဲ့လူတွေဖို့ကျတော့ ဒါကဘာမှမဟုတ်ပေ။ သူ့မှာ ချမ်းသာတဲ့လူတွေအပေါ် ရှုထောင့်အသစ်တစ်ခုကို မြင်တွေ့သွားရသည်။

ကုန်းထျန်းဟောက်က

“နိုဘယ်လ်အသီးလို့ခေါ်တဲ့အသီးအမျိုးအစားတစ်ခုရှိတာကို ဦးလေးသိလား။ စတိုးတွေက ဒီနိုဘယ်လ်အသီးတွေကိုရောင်းကြပြီး စတော်ဘယ်ရီတွေနဲ့ ချယ်ရီတွေကို ကျင်နဲ့မရောင်းဘဲ အပိုင်းနဲ့ရောင်းကြတယ်။ ခရိုင်အေက ဈေးအကြီးဆုံးစတော်ဘယ်ရီက တစ်လုံးကိုယွမ်၃၀၀ပဲ”

“ဘာရယ်?”

ရွာသူကြီးရော ဖေဖေရှောင်ပါ ရှော့ခ်ရသွားသည်။

“စတော်ဘယ်ရီတစ်လုံးကို၃၀၀? အရမ်းဈေးကြီးတယ်!”

ဖေဖေရှောင်က ၎င်းကို မယုံနိုင်ပေ။

“ချယ်ရီအသေးတစ်လုံးက တစ်လုံးကို ၄၀ပဲ”

ကုန်းထျန်းဟောက်က ဆက်လိုက်သည်။

“ဘယ်လို?”

ဖေဖေရှောင်ရော ရွာသူကြီးပါ အံ့ဩသွားပြန်သည်။

ချယ်ရီသီးတစ်လုံးက လူကြီးတစ်ယောက်ရဲ့‌လက်ချောင်းဆိုဒ်သာရှိသည်။ ၎င်းရဲ့တစ်ကျင်က ဘယ်လောက်ကုန်ကျမယ်မှန်း သူတို့စိတ်ကူးတောင်ယဉ်မကြည့်နိုင်ပေ။ ဒါပေမယ့်လည်း ရွာသူကြီးနဲ့ ဖေဖေရှောင်က ချက်ချင်းကုန်းထျန်းဟောက်ရဲ့ ဆိုလိုရင်းကို နားလည်လိုက်သည်။

ဖေဖေရှောင်က

“ဒီတော့ ဘော့စ်ကြီးက တကယ်တမ်း ငါတို့မြေတွေကိုယူပြီး နိုဘယ်လ်သစ်သီးတွေစိုက်ချင်တာပေါ့”

သူတို့မြေခြောက်မူက စတော်ဘယ်ရီတွေကို တစ်ကျင်ကို ယွမ်၁၀၀ကနေ ၂၀၀၊ ယွမ်သန်းနဲ့ချီရောင်းသည်။

ကုန်းထျန်းဟောက်ပြောတာသာမှန်ကန်ပြီး စတော်ဘယ်ရီတွေကို နိုဘယ်လ်သစ်သီးအနေနဲ့ရောင်းပါက တစ်ကျင်ကို ယွမ်၃၀၀၀ကနေ ၆၀၀၀နဲ့ ကျင်၄၀၀၀၀ဆိုရင် သူတို့ရဲ့စုစုပေါင်းဝင်ငွေက အဆပေါင်းများစွာ မြင့်တက်လာလိမ့်မည်။

ပြီးတော့...

အမြတ်က ဆယ်သန်းကနေ ဘီလီယံချီရှိလိမ့်မည်။ ရွာသူကြီးက ဂဏန်းသင်္ချာကိုသိသည်။ သူကုန်းထျန်းဟောက်ကိုကြားလိုက်တာနဲ့ သူ့ဦးနှောက်က တွက်မိလိုက်သည်။

“ဒီတော့ ဘော့စ်က လယ်မြေတွေကနောက်ကဖုံးကွယ်ထားတဲ့ အမြတ်အကြီးကြီးကို စိတ်ဝင်စားတာပေါ့!”

ရွာသူကြီးက အံ့အားသင့်စွာပြောလိုက်သည်။

စတော်ဘယ်ရီတွေကို ဘီလီယံများစွာနဲ့ ရောင်းလို့ရသည်။ သူတို့သာ အခင်းတွေကို ချဲ့လိုက်ပါက အမြတ်ကပိုကြီးလာလိမ့်မည်။ ဘော့စ်ကြီးက သူတို့ကို ရွှေ့ပြောင်းစေချင်တာ အံ့ဩစရာမရှိတော့ပေ။ ပိုက်ဆံက စီရင်ချက်ချပေးတဲ့အကြောင်းရင်းဖြစ်သည်။

ကုန်းထျန်းဟောက်က ခေါင်းညိတ်ပြီးတော့

“ဒါကြောင့် သူတို့ ဒီမြေကို အလွယ်တကူလက်လျှော့ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒီနေ့ ကျွန်တော့်ကားတွေကြောင့် သူတို့ကြောက်သွားနိုင်ပေမယ့် မနက်ဖြန်ကျပြန်လာမှာပဲ။ သူတို့ ထောင်ယွမ်ရွာကို အတူတူတည်ဆောက်ပြုပြင်ဖို့ ပါတနာတွေခေါ်လိမ့်မယ်။ ဒါပေါ့ ပါတနာတွေက ပိုပြီးပဲ အင်အားကောင်းလာမှာလေ!”

ရွာသူကြီးနဲ့ ဖေဖေရှောင်က ဒါကိုကြားတော့ ချက်ချင်းစိုးရိမ်သွားကြသည်။

“ငါတို့ဘာလုပ်သင့်လဲ? ထောင်ယွမ်ရွာကို ငါတို့ဆုံးရှုံးရတော့မှာလား? ရွာကို သူတို့က ငါတို့ဆီကနေ ခိုးသွားမှာလား?”

ရွာသူကြီးက စိုးရိမ်တကြီးမေးလိုက်သည်။

ကုန်းထျန်းဟောက်က သူ့ခေါင်းကို ခါလိုက်ပြီး

“ရွာသူကြီး၊ သူတို့က ရွာသားတွေက သူတို့ကို ‌စေတနာအလျောက်မြေပေးအောင်လုပ်ရင် ဘယ်လိုလုပ်မလဲ?”

ရွာသူကြီးနဲ့ ဖေဖေရှောင်က တစ်ယောက်ကိုတစ်ယောက် နားမလည်တဲ့ပုံနဲ့ ကြည့်လိုက်သည်။

“ထျန်းဟောက် မင်းဘာကိုဆိုလိုတာလဲ?”

ဖေဖေရှောင်က ချက်ချင်းမေးလိုက်သည်။

ရွာသူကြီးကလည်း ကုန်းထျန်းဟောက်ကို နားမလည်နိုင်တဲ့ပုံနဲ့ ကြည့်လိုက်သည်။

အဲ့ဒီအချိန်မှာ ရှောင်လင်းယွီက ပန်းသီးတစ်ဝက်စားပြီးနေပြီဖြစ်သည်။ သူမ အနည်းငယ်မျက်မှောင်ကျုံ့လိုက်ပြီး

“အကြမ်းအတမ်းအင်အားတွေပြီးသွားတော့ နောက်ထပ်သူတို့က ဆွဲဆောင်‌မှုတွေလုပ်တော့မှာလား?”

ထောင်ယွမ်ရွာမှာ အရေးပါတဲ့လူတစ်ယောက်ရှိမှန်း ဘော့စ်ကြီးကသိသည်။ ဒီအရေးပါတဲ့လူရဲ့အထောက်အထားကိုမသိဘဲ ဩဇာကောင်းတဲ့ပါတနာတိုင်းကို ဆွဲဖို့လုပ်ရင်တောင် သူ့ကို အမှားမလုပ်မိဖို့တော့ အကောင်းဆုံးကြိုးစားကြမှာဖြစ်သည်။ ဒီကုမ္ပဏီပိုင်ရှင်တွေကလည်း မတုံးအပေ။ သူတို့က အခြေအနေတစ်ခုကို ဘယ်လိုအကဲခတ်ရမလဲနားလည်သည်။

ထောင်ယွမ်ရွာက အကောင်ကြီးက ဖြိုချရေးအဖွဲ့ကိုတားဖို့ သူ့ဘော်ဒီဂတ်တွေကိုလွှတ်လိုက်သည်။ ၎င်းက သူ့မှာ ရွာသားတွေကို ကာကွယ်လိုတဲ့ရည်ရွယ်ချက်ရှိမှန်း ဆိုလိုသည်။ ဒါပေမယ့်လည်း ထောင်ယွမ်ရွာမှာ တစ်ယောက်ယောက်တည်ဆောက်ပြုပြင်နေတဲ့သတင်းမရှိပေ။ ဒါ့ကြောင့် ဒီအကောင်ကြီးက မြေတွေကို စိတ်မဝင်စားပေ။

သူတို့က အခုဘော့စ်ကြီးကို မထိနိုင်တဲ့အတွက် ရွာသားတွေအပေါ်မှာ လုပ်ဆောင်ကြလိမ့်မည်။ တစ်နည်းအားဖြင့်တော့ ရွာသားတွေ သူတို့မြေတွေကို လိုလိုချင်ချင်လက်လျှော့လာအောင်လုပ်ရလိမ့်မည်။ အဲ့လိုလုပ်ဖို့ဆိုရင် ကုမ္ပဏီက လုံလောက်တဲ့လျော်ကြေးပေးရလိမ့်မည်။ ရွာသားတွေရဲ့စိတ်တွေ တုန်လှုပ်သွားကြသည်။

ပြဿနာကဒီမှာဖြစ်သည်။

မြေဆီလွှာက တကယ်ပဲကောင်းမွန်ရင် ရွာသားတွေက ပြောင်းပေးမှာမဟုတ်ပေ။

ဘာလို့လဲ‌ဆိုတော့ ကိုယ့်ဟာကို လယ်မြေလုပ်တာက သူတို့အတွက်ပိုကောင်းသော‌ကြောင့်ဖြစ်သည်။

သူတို့ကဘာလို့ မြေ‌ကို တည်ဆောက်ပြုပြင်မယ့်သူဆီပေးရမှာလဲ?

ဒါပေမယ့်လည်း တကယ့်အကြောင်းရင်းက နွားဘုရင်ငယ်လေးဖြစ်သည်။

နွားဘုရင်ငယ်လေးကို တရွာလုံးကမပိုင်ဘဲ ရှောင်လင်းယွီရဲ့မိသားစုကပဲပိုင်သည်။ ရှောင်မိသားစုရဲ့ခွင့်ပြုချက်နဲ့မှသာလျှင် ရွာက နွားဘုရင်ငယ်လေးဆီက မစင်ကိုရနိုင်မည်။

ရှောင်မိသားစုက မပေးချင်ပါက ရွာသားတွေလုပ်နိုင်တာ ဘာမှမရှိပေ။ သူတို့က ရောင်းချဖို့ သီးနှံကောင်းကောင်းတွေမစိုက်ပျိုးနိုင်တော့ပေ။ အဲ့ဒီတော့ မစင်အတွက် ရွာသားတွေက ရှောင်မိသားစုကို တမင်တကာ မျက်နှာလိုမျက်နှာရလုပ်ရသည်။ သူတို့အရမ်းဂရုစိုက်ကြရသည်။

ဒါက တချို့ရွာသားတွေကို မသက်မသာနဲ့ မကျေမနပ်ဖြစ်စေသည်။

တည်ဆောက်ပြုပြင်မယ့်သူတွေသာ သူတို့ကို လုံလောက်တဲ့အကျိုးအမြတ်တွေပေးရင် သူတို့တစ်ဖက်လှည့်ပြီး ရှောင်လင်းယွီကို သစ္စာဖောက်ကြလိမ့်မည်။

၎င်းက ကုန်းထျန်းဟောက် ရွာသူကြီးကိုရှာရသည့် တကယ့်အကြောင်းရင်းဖြစ်သည်။

ရှောင်လင်းယွီရဲ့စကားကိုကြားပြီး ရွာသူကြီးနဲ့ ဖေဖေရှောင်တို့နှစ်ယောက်လုံး တုံ့ပြန်လိုက်သည်။ သူတို့မျက်နှာတွေ ညှင်းသိုးသွားသည်။ ရွာသားတွေ ဘယ်လိုယိုင်မလဲ‌ဆိုတာ‌ ပြောဖို့ခက်သည်။

ကုန်းထျန်းဟောက်ပြောသလိုပဲ လောဘက အပြစ်အားလုံးရဲ့ အခြေတည်ဖြစ်သည်။

ငွေအကျိုးအမြတ်အတွက် စစ်ပွဲတွေဘယ်လောက်များများတောင် ဖြစ်ခဲ့ပြီးပြီလဲ?

ရွာသူကြီးက မျက်မှောင်ကျုံ့လိုက်သည်။ ရွာသူကြီးရဲ့မျက်နှာထားက အရမ်းလေးနက်သွားပြီး

“သခင်လေးကုန်း မင်း ငါတို့ဘာလုပ်သင့်တယ်လို့ထင်လဲ?”

ဖေဖေရှောင်ကလည်း ကုန်းထျန်းဟောက်ကို ကြည့်လိုက်သည်။

ရှောင်မိသားစုက မိသားစုတွေထဲမှာ အချမ်းသာဆုံးမိသားစုဖြစ်ပေမယ့် ဒီအကြောင်းရင်းကပဲ ပြဿနာကို အခြေခံနေတယ်။ သူတို့ကချမ်းသာတယ် ဒါပေမယ့် သူတို့မြေကိုလိုချင်တယ့် သူဌေးကြီးထက်တော့ ပိုမချမ်းသာဘူးလေ။

ကုန်းထျန်းဟောက်က ပြုံးပြီးတော့

“ရွာသူကြီး ယွီအာက ကျွန်တော့်ကို ထောင်ယွမ်ရွာကို ကာကွယ်ပေးစေချင်တယ်။ အဲ့ဒါကြောင့် ကျွန်တော် ဘယ်သူ့ကိုမှ ဒီမြေရဲ့တစ်လက်မတောင် ထိခွင့်ပြုမှာမဟုတ်ဘူး”

ကုန်းထျန်းဟောက်ရဲ့စကားတွေကိုကြားတော့ ရွာသူကြီးရဲ့စိတ်က ချက်ချင်းသက်သာရာရသွားသည်။ သူက ကုန်းထျန်းဟောက်ရဲ့စကားတွေကို လုံးဝသံသယမရှိပေ။

ဒါပေမယ့် ပြီးတော့ ကုန်းထျန်းဟောက်က တည်ငြိမ်တဲ့လေသံတစ်ခုနဲ့ထပ်ပြီး

“ရွာသူကြီး တည်ဆောက်မယ့်သူတွေက တကယ်ပဲ ထောက်ပံ့မယ့်ဟာကောင်းကောင်းတွေလာပေးမယ်ဆိုရင် ရွာသားတွေကို သဘောမတူခင် နှစ်ခါလောက်ပြန်စဉ်းစားဖို့ ပြောစေချင်တယ်။ သူတို့ သဘောမတူတာပိုကောင်းတယ် ဘာလို့လဲဆိုတော့ သူတို့အောင်မြင်မှာမဟုတ်ဘူး။ ထိခိုက်မှုက ယွီအာ ဒါမှမဟုတ် ရှောင်မိသားစုဆီလာအောင် သူတို့တွန်းပို့နေတယ်ဆိုလို့ရှိရင် အကျိုးဆက်တွေ ရှိလာလိမ့်မယ်”

ရှောင်လင်းယွီက မျက်စိကစားချင်လာသည်။

‘သူဘာလုပ်ဖို့ကြိုးစားနေတာလဲ? သူ့အဆင့်အတန်းနဲ့ဆို ဈေးထဲမှာ တိတ်တဆိတ်သတင်းလွှင့်ရင်တောင် ထောင်ယွမ်ရွာကို ဘယ်သူဆက်လာရဲတော့မှာလဲ? ဒါပေမယ့် သူလုပ်ချင်သလို လုပ်နိုင်တာပဲ'

ရှောင်လင်းယွီက ဘာမှမပြောပေ။ စကားတစ်ခွန်းနဲ့တင် ကုန်းထျန်းဟောက်က ထောင်ယွမ်ရွာကို ငြိမ်းချမ်းသွားအောင်လုပ်နိုင်မှန်း သူမသိသည်။

ဒါပေမယ့် သူမအဲ့လိုလုပ်လိုက်ရင် သူမက သူ့ကိုအကူအညီကြီးတစ်ခုအကြွေးတင်သွားတယ်လို့ ဆိုလိုရာရောက်လိမ့်မည်။

ခွင့်ပြုခဲ့တယ်။ သူလုပ်နေတာတွေက သူမအတွက်အကူအညီဖြစ်နေသေးပေမယ့်လည်း အနည်းဆုံးတော့ သူမ‌ဒါတွေကို တောင်းဆိုနေတာမဟုတ်ဘူးလေ။

ဒါက ကွာခြားသည်...

ကုန်းထျန်းဟောက်ရဲ့စကားတွေက ဘာကိုဆိုလိုမှန်း ရွာသူကြီးက မသိပေမယ့် သူ၎င်းတို့ကို အမှတ်ရနေတုန်းပင်။ သူက ခေါင်းညိတ်ပြီးတော့

“ကောင်းပြီ သခင်လေးကုန်း၊ ငါဒါတွေကို ရွာသားတွေကို အမြန်ဆုံးပြောပြလိုက်မယ်”

ကုန်းထျန်းဟောက်က ဘာမှပြန်မပြောပေ။

ရွာသူကြီးထွက်သွားပြီးတော့ ကုန်းထျန်းဟောက်က ရှောင်လင်းယွီရဲ့ အဓိပ္ပာယ်ပါတဲ့အကြည့်ကိုတွေ့လိုက်ပြီး ပြုံးလိုက်သည်။ ကုန်းထျန်းဟောက်က သူ့ခေါင်းကိုငုံ့ပြီး သူမကိုကြည့်လိုက်သည်။

သူက ပြုံးပြီးတော့

“ယွီအာ မင်း ကိုယ့်ချောမောမှုကို ကြွေသွားတာလား?”

ဒါကိုကြားတော့ ဖေဖေရှောင်က ရေနွေးကြမ်းတွေကိုတောင် ထွေးထုတ်လိုက်မိသည်။

“အဟမ်း...”

ဖေဖေရှောင်က သူ့လည်ချောင်းကိုရှင်းလိုက်ပြီး

“ငါ့မှာသွားရမယ့် ကိစ္စတချို့ရှိသေးတယ်။ မင်းတို့စကားပြောလို့ရတယ်။ အိုး ဟုတ်သား

ငါအစည်းအဝေးတစ်ခုလည်း သွားရဦးမယ်”

ထိုသို့ဖြင့် ဖေဖေရှောင်တစ်ယောက် သုတ်သုတ်ပျာပျာထွက်သွားတော့သည်။

***

All Chapters