← Chapters

အကြောင်းပြချက်

Vol. 19 Ch. 319

အကြောင်းပြချက်

Vol. 19 Ch. 319

လူငယ်စုံတွဲက အရမ်းနှစ်လိုဖွယ်ကောင်းနေတာပဲ။

သူကတော့ လူအိုကြီးတစ်ယောက်မိုလို့ မပါဝင်ချင်ပေ။

‘ပြောရရင် ကုန်းထျန်းဟောက်က လတ်တလော ဘာလို့အရမ်းအရှက်မဲ့လာတာလဲ?

ငါဒီမှာရပ်နေတာတောင် သူကပေါ်တင်ကြီးအီစီကလီလုပ်နေတယ်'

'ဟုတ်တယ် ငါကယွီအာအဖေပဲ။ ဘာလို့ငါကထွက်သွားရမှာလဲ? သူကမှ ထွက်သွားသင့်တဲ့သူဖြစ်သင့်တာ။'

ရှောင်ကျန်းယန်က ခြံထဲကထွက်လာပြီး ရွာသားတွေအားလုံးက ရွာကော်မတီကို ဦးတည်သွားနေတာကိုမြင်လိုက်သည်။ သူသက်ပြင်းဖြည်းဖြည်းချလိုက်ပြီး လူအုပ်နောက်ကိုလိုက်ခဲ့သည်။

ရွာကော်မတီတွင် ရွာသားတွေကစုပြုံပြီး ရွာသူကြီးကို ဝိုင်းရံနေပြီးတော့

“ရွာသူကြီး ဘာဖြစ်လို့လဲ? ဘာလို့ဖြိုချရေးအဖွဲ့တစ်ခု ရုတ်တရက် ရှိနေတာလဲ?”

“ဟုတ်တယ် သူတို့ ကျွန်တော်တို့အိမ်တွေကို ဖြိုပြီးရင် ကျွန်တော်တို့က ဘယ်မှာသွားနေရမှာလဲ? လျော်ကြေးရှိတယ်ဆိုရင်တောင် သိပ်မကြာခင်မှာ နေရာအသစ်တစ်ခုရှာလို့ရမှာမဟုတ်ဘူးလေ”

“ဒါပေမယ့် ဘာလို့ အစကတည်းက ကျုပ်တို့အိမ်တွေကိုဖြိုဖို့ လူတွေလာရတာလဲ?”

မေးခွန်းတွေက နေရာတိုင်းမှာ ပလူပျံနေသည်။

ရွာသူကြီးက အော်လံကိုကိုင်လိုက်ပြီး ကျယ်လောင်စွာနဲ့

“ကောင်းပြီ အားလုံးပဲ ခနလောက်တိတ်ကြရအောင်။ မင်းတို့မှာ မေးခွန်းတွေအရမ်းများလွန်းတယ်။ ငါ့ကိုထပ်ခါထပ်ခါဖြေစေချင်နေတာလား? နေရာယူပြီး ထိုင်လိုက်ကြပါဦး။

အားလုံးဒီမှာရှိသွားရင် ငါအကုန်လုံးကို တစ်ခါတည်းဖြေပေးမယ် ဟုတ်ပြီလား?”

ရွာသားတွေ လူကွဲသွားပြီး ထိုင်ဖို့နေရာရှာလိုက်သည်။ သူတို့က ခုနကဖြစ်သွားသည့်ကိစ္စကို ဆွေးနွေးနေကြသည်။ ၎င်းက အရမ်းမမျှော်လင့်ဘဲဖြစ်သွားသည်။

သခင်လေးကုန်းကြောင့်သာမဟုတ်ရင် သူတို့အိမ်တွေ ဖျက်စီးခံနေရလောက်ပြီဖြစ်သည်။ သူတို့က လယ်ထဲမှာ အလုပ်လုပ်နေခဲ့ကြပြီး ၎င်းကြောင့် အိမ်မှာမရှိခဲ့ချေ။ သူတို့ပြန်ရောက်ရင် သူတို့အိမ်တွေပါသွားနိုင်လောက်ပြီ။ ၎င်းက အရမ်းကြောက်စရာကောင်းသည်။

ခနစောင့်ပြီးတော့ ၁၈၆အိမ်ထောင်စုလုံး ရောက်ရှိလာသည်။ စုဝေးပွဲတွေတော်တော်များများက အဖွဲ့တွေကွဲပြီး ဖြစ်သွားသည်။ ဒါက အိမ်ထောင်စုအားလုံးရှိနေသည့် အခေါက်များထဲမှ တစ်ခုဖြစ်သည်။

ရွာသူကြီးက အော်လန်ကိုကိုင်ထားပြီး

“လူတိုင်းပဲ တိတ်ပေးကြပါ။ ငါပြောတာကို နားထောင်ဦး”

“ရွာသူကြီး မြန်မြန်လုပ်။ ကျွန်တော်တို့ သေလောက်အောင်စိုးရိမ်နေပြီ”

“မင်းတို့တွေ ပါးစပ်ပိတ်ထားဖို့လိုတယ်။ အရမ်းအကျယ်ကြီးအော်နေတာပဲ! ဘယ်လိုလုပ် ရွာသူကြီးကိုစကားပြောဖို့ မျှော်လင့်နေတာလဲ?”

တစ်ယောက်က မကျေမနပ်နဲ့အော်လိုက်တော့မှာပဲ နေရာက ငြိမ်ကျသွားသည်။

ပြီးတော့ ရွာသူကြီးက အော်လန်ကိုကိုင်ပြီး ဆက်စကားပြောလိုက်သည်။

“တကယ်တော့ ငါလည်းဖြိုချရေးအဖွဲ့ကိုမြင်တော့ အရမ်းအံ့ဩသွားတာ။ ဘာလို့လဲဆိုတော့ ငါလည်း ခရိုင်က သတိပေးစာကို ဒီမနက်ကမှရလာလို့လေ

ဖြိုချရေးသတိပေးစာရတော့ ငါလည်းအရမ်းအံ့ဩသွားတယ်။ ဒါပေမယ့် ပိုအံ့ဩစရာကောင်းတာက တစ်ယောက်က ငါ့ကို ဖြိုချရေးအဖွဲ့က ရွာကိုဦးတည်နေပြီလို့ပြောတဲ့အချိန်ပဲ။ အဲ့ဒါကြောင့် ငါအမြန်ပြန်လာတာ။ ဒါပေမယ့် ငါပြန်လာတော့ ဖြိုချရေးအဖွဲ့ထွက်သွားတာကိုမြင်လိုက်တယ်”

အတော်အတန်ကြာ တိတ်ဆိတ်သွားသည်။

တစ်ယောက်

“ရွာသူကြီး ဒါကခင်ဗျားလည်း ဖြိုချရေးအကြောင်းမသိဘူးလို့ ဆိုလိုတာလား?”

ရွာသူကြီးက ခေါင်းညိတ်လိုက်ပြီးတော့ ခေါင်းပြန်ခါလိုက်သည်။

“ရွာသူကြီး ခင်ဗျားဘာကိုဆိုလိုတာလဲ?”

တစ်ယောက်က ကျယ်လောင်စွာနဲ့မေးလိုက်သည်။

ရွာသူကြီးက ခါးခါးသီးသီးပြုံးလိုက်ပြီး

“ငါဘယ်လိုပြောရမလဲ? ငါ ဘော့စ်ကြီးတစ်ယောက်က ထောင်ယွမ်ရွာကို မျက်စိကျနေပြီး ခရီးသွားနေရာတစ်ခုအနေနဲ့ ပြုပြင်မယ်လို့‌တော့ ကြားထားတယ်”

“ရွာသူကြီး ဘာလို့ အရင်က ဒီအကြောင်းကို ကျွန်တော်တို့ကိုမပြောတာလဲ?”

တစ်ယောက်က ချက်ချင်း ကွန်ပလိန်းတက်လိုက်သည်။

“ခင်ဗျားသာ ကျွန်တော်တို့ကို အရင်ပြောရင် ကျွန်တော်တို့ စိတ်ပြင်ဆင်ထားမိမှာ။ တစ်ယောက်ယောက်က ကျွန်တော်တို့တံခါးကို forkliftနဲ့လာမခေါက်ခင်အထိ ဒီအကြောင်းကို သိမှာမဟုတ်ဘူး”

လူအများစု သဘောတူကြသည်။

ရွာသူကြီးက

“ဘာလို့လဲ‌ဆိုတော့ ဒါကကောလဟာလပဲမလို့လေ။ ငါအမှန်ဟုတ်မဟုတ် မသိဘူး။ ငါလူတွေကို မစိုးရိမ်စေချင်ဘူး။ ဒါက အားလုံးရဲ့အလုပ်ကို သက်ရောက်လိမ့်မယ်။ ငါအဲ့ဒါကိုလုပ်မယ်လို့ မင်းထင်လား?”

“ဒါပေမယ့် ဘယ်လိုလုပ်အဲ့ဒါက တစ်ယောက်ယောက် ကျွန်တော်တို့အိမ်တွေကို ဖြိုချဖို့လာတာထက် ပိုကောင်းမှာလဲ”

ရွာသားတစ်ယောက်က မကျေမနပ်ပဲပြောနေသည်။

ရွာသူကြီးက ခါးခါးသီးသီးထပ်ရယ်လိုက်ပြီးတော့ ဆက်ကာ

“ငါအားလုံးကို ဒီအကြောင်းမပြောခဲ့ဘူး။ ဘာလို့လဲဆိုတော့ သူတို့ဘာဖြိုချရေးမှမစခင် တည်ဆောက်မယ့်သူက ငါတို့ကိုအရင်အကြောင်းကြားမယ်ထင်လို့။ ပုံမှန်‌ဆိုရင် သူတို့ဘာဖြိုချရေးမှမလုပ်ခင်မှာ ငါတို့သဘောတူညီချက်ရဖို့လိုတယ်။ ဒီကုမ္ပဏီက ဓားပြတစ်ယောက်လိုလာပြီး ဖြိုချရေးအတွက် ဖိအားပေးမယ်မှန်း ငါဘယ်လိုလုပ်သိပါ့မလဲ?”

ရွာသားတော်တော်များများက ရွာသူကြီးနေရာက တွေးကြည့်ကြသည်။

ဒါပေမယ့်လည်း အဲ့ဒီအချိန်မှာ တစ်ယောက်က

“ရွာသူကြီး ကြည့်ရတာ ကျွန်တော်တို့ဖြိုချရေးအတွက် ပိုက်ဆံရမှာထင်တယ် ဟုတ်လား?”

ရွာသူကြီးက မေးခွန်းမေးနေတဲ့ ရှောင်ချန်းချိုင်ဆီလှည့်လိုက်ပြီးတော့ သူ့မျက်နှာက အနည်းငယ်စိတ်‌တိုနေသည်။

ရွာသူကြီးက သုန်မှုန်နေတဲ့မျက်နှာနဲ့

“ဟုတ်တယ် လျော်ကြေးရှိမှာ။ မိသားစုဝင်တစ်ယောက်အတွက် အရမ်းနည်းတဲ့ယွမ်၅၀၀၀နဲ့ မင်းအိမ်ကိုရောင်းမလို့လား?”

ရှောင်ချန်းချိုင်က စူပုပ်ပုပ်မျက်နှာထားနဲ့

“ဘာလို့မရောင်းရမှာလဲ? ပြီးတော့ ကျုပ်အိမ်ကလည်း ဟောင်းနေပြီပဲ”

သူ့မိသားစုထဲမှာ မိသားစုဝင်ငါးယောက်ရှိသည်။ အဲ့ဒီတော့ သူ၂၅၀၀၀ရနိုင်သည်။ အရင်က ယွမ်၄၀၀၀၀နဲ့ဆို သူထောင်ယွမ်ရွာကနေပြောင်းပြီး ပိုကောင်းတဲ့ဘဝတစ်ခုမှာ နေလို့ရသည်။

ရွာသူကြီးက ဒါကိုကြားတော့ ဒေါသထွက်သွားသည်။

သူက ရှောင်ချန်းချိုင်ကိုထိုးပြပြီး ဆဲရေးလိုက်ကာ

“ရှောင်ချန်းချိုင်၊ ဒါအကုန် မင်းအမှားပဲ! မင်းသာ နွားဘုရင်ငယ်လေးရဲ့သတင်းကို အပြင်လူတွေကို မရောင်းလိုက်ဘူးဆိုရင် ဒါမျိုးဖြစ်ဦးမှာတဲ့လား?”

အားလုံး အံ့ဩကုန်သည်။

“ရွာသူကြီး ခင်ဗျား ဒါကဘာကိုဆိုလိုတာလဲ?”

“ဟုတ်တယ် ရွာသူကြီး၊ ဘာတွေအတိအကျဖြစ်နေတာလဲဆိုတာ ကျွန်တော်တို့ကိုပြောပြပါ။ ဒီဟာက ရှောင်ချန်းချိုင်နဲ့ နွားဘုရင်ငယ်လေးတို့နဲ့ ဘာဆိုင်လို့လဲ?”

ရွာသူကြီးက ‌သူ့ဒေါသကို မဖုံးကွယ်နိုင်တော့ဘဲ

“ကုမ္ပဏီပိုင်ရှင်က တကယ်ထောင်ယွမ်ရွာကို သဘောကျပြီး ခရီးသွားနေရာတစ်ခုအဖြစ်ပြောင်းချင်တာလို့ မင်းထင်နေတာလား? ဒါအကုန်ခွေးစကားတွေ! သူတို့လိုချင်တာက စတော်ဘယ်ရီကောင်းတွေနဲ့ အသီးအနှံတွေစိုက်ပျိုးလို့ရတဲ့ ငါတို့မြေပဲ”

“ဘာ?”

လူတိုင်းက ချက်ချင်း ဒါကိုမယုံနိုင်ဖြစ်သွားကြသည်။

“ဒါပေမယ့် မြေက မြေဩဇာအရမ်းကောင်းနေရတဲ့အကြောင်းက ရှောင်လင်းယွီရဲ့ နွားဘုရင်ငယ်လေးကြောင့်လေ!”

သူဒါကိုပြောလိုက်တာနဲ့ လူတိုင်းက ဘာတွေဖြစ်နေလဲဆိုတာကို ချက်ချင်းနားလည်လိုက်ကြသည်။

“ရွာသူကြီး အဲ့တော့ ဘော့စ်ကြီးက တကယ် ‌နွားဘုရင်ငယ်လေးအတွက် ထောင်ယွမ်ရွာကို လိုချင်တာလား?”

ရွာသူကြီးက ခေါင်းညိတ်ပြီးတော့ ပြန်ဖြေလိုက်သည်။

“ဟုတ်တယ်!”

“ဒါပေမယ့် သူတို့သာ တကယ်ပဲ ဒီမှာ နွားဘုရင်ငယ်လေးအတွက် ရှိနေတာဆိုလို့ရှိရင် သူတို့လာပြီး လုသွားလိုက်လို့ရတာပဲ။ ဘာလို့ ကျွန်တော်တို့အိမ်တွေကိုဖြိုတာလိုမျိုး ရေကြီးခွင်းကျယ်ကြီး လုပ်ရတာလဲ?”

တချို့လူတွေက ရှောင်လင်းယွီရဲ့မိသားစုကို အပြစ်တင်ကြသည်။

“ဟုတ်တယ် သူတို့ပစ်မှတ်က နွားဘုရင်ငယ်လေးဆိုမှတော့ ဘာလို့ ကျွန်တော်တို့အားလုံးက အနစ်နာခံရမှာလဲ?”

ရွာသူကြီးက ဒါကိုကြားတော့ သူ့မျက်နှာက အနက်ရောင်လိုင်းတွေနဲ့ ပြည့်သွားသည်။

သူက မျက်နှာထားတင်းတင်းနဲ့

“ပိတ်ထားကြစမ်း၊ မင်းတို့ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ? အဲ့ဒီတော့ မင်းတို့က နွားဘုရင်ငယ်လေးပစ်မှတ်ထားခံရတာကို စိတ်ထဲမရှိဘူးလား? ဘာလို့လဲဆိုတော့ နွားဘုရင်ငယ်လေးကို မင်းတို့မိသားစုက မပိုင်လို့လား? မင်းတို့ကသူ့အတွက် စိတ်မကောင်းမဖြစ်လို့ သူ့ကိုဒီတိုင်းပဲ အရောင်းခံလိုက်နိုင်တယ်ပေါ့?”

“မင်းတို့တွေမှာ အသိတရားရောရှိကြသေးရဲ့လား? မင်းတို့ရော နွားဘုရင်ငယ်လေးရဲ့မစင်ကနေ အကျိုးမခံစားရဘူးလား? သူ့မစင်ကလုပ်တဲ့မြေဩဇာနဲ့ မင်းတို့သီးနှံတွေ ပိုကောင်းမလာဘူးလား?”

ရွာသူကြီးရဲ့စကားတွေက ပြတ်သားလွန်းပြီး ရှောင်မိသားစုကို အပြစ်တင်ချင်တဲ့သူတွေကို ရှက်ရွံ့သွားစေသည်။

သူတို့ အချင်းပွားခဲ့ကြသည်။

“ကျုပ်တို့က အမှန်တရားကိုပြောနေတာ။ ရွာသူကြီး ဘာလို့ဒီလိုကြမ်းတမ်းတဲ့စကားမျိုးသုံးရတာလဲ?”

ရွာသူကြီးက အေးစက်စွာနဲ့

“ငါသာဒီကြမ်းကြမ်းတမ်းတမ်းစကားလုံးတွေမသုံးဘူးဆိုရင် မင်းစကားတွေက ပိုတောင်ကြမ်းဦးမှာ”

ချက်ချင်းဆိုသလိုပဲ အဲ့ဒီလူတွေ တိတ်ဆိတ်သွားသည်။ ဒီလူတွေက နွားဘုရင်ငယ်လေးဆီကနေ အကျိုးအမြတ်ရပေမယ့် သူ့ကိုရောင်းထုတ်လိုက်ဖို့ တုံ့ဆိုင်းမနေကြပေ။ ၎င်းက ကျိုးကြောင်းမဆီလျော်ပေ။

ရွာသူကြီးက‌ ခေါင်းတွေငုံ့ထားတဲ့ရွာသာအုပ်စု‌လေး တစ်စုကိုကြည့်လိုက်သည်။ သူစိတ်ထိခိုက်သွားပြီး ဘာမှကိုမပြောတော့ပေ။

“ရွာသူကြီး ဖြိုချရေးက ရှောင်ချန်းချိုင်နဲ့ နွားဘုရင်ငယ်လေးနဲ့ဘာဆိုင်လို့လဲ?”

တစ်ယောက်က မေးလိုက်သည်။

လူတိုင်း စိတ်ဝင်စားနေသည်။

ရွာသူကြီးက ပြန်ဖြေလိုက်သည်။

“နှစ်ခုက အစတည်းက ဆက်စပ်နေတာ။ ငါတို့ရွာကိုဖြိုချဖို့လူတွေလွှတ်လိုက်တဲ့ဘော့စ်ဆီ နွားဘုရင်ငယ်လေးသတင်းကိုရောင်းလိုက်တာ ရှောင်ချန်းချိုင်ပဲ”

ရှောင်ချန်းချိုင်က ဒါကိုကြားတော့ သူ့မျက်နှာထားက ရုတ်တရက် ပြောင်းသွားသည်။ သူက ချက်ချင်း သူ့ကိုယ်သူကာလိုက်သည်။

“ရွာသူကြီး ကျုပ်ဒီလိုကိစ္စမျိုးမလုပ်ခဲ့ဘူး။ ကျုပ်ကိုမစွပ်စွဲနဲ့”

ရွာသူကြီးက ဒေါသတကြီးနဲ့၊ “မင်းကိုစွပ်စွဲတယ်?

ရှောင်ချန်းချိုင် ငါကဒီကိစ္စတွေကို သက်သေမရှိဘဲ ပြောမယ်ထင်လို့လား?”

သက်သေရှိတယ်လို့ ရှောင်ချန်းချိုင်ကကြားတော့ သူ့သူငယ်အိမ်တွေ တင်းကျပ်သွားသည်။

ဒါကအရမ်းမယုံနိုင်စရာလို့ သူခံစားရသည်။

သူက ကျယ်လောင်စွာနဲ့

“မဖြစ်နိုင်တာ ကျုပ်အသေအချာကို...”

ဒါပေမယ့် သူကဆက်မပြောဘဲ ရုတ်တရက် ရပ်ပစ်လိုက်သည်...

***

All Chapters