ဖော်ထုတ်လိုက်ပြီ
Vol. 19 Ch. 320
ရှောင်ချန်းချိုင်က မတုံးပေ။ ဆန့်ကျင်ဘက်ပင် သူကအရမ်းလည်သည်။ တစ်နည်းအားဖြင့် သနားညှာတာမှုရအောင် သူ့မိန်းမမှားယွင်းတာတစ်ခု လုပ်လာတာတောင် သူက သူမကို မရိုက်ခဲ့ပေ။
အခု သူသာဆက်ပြောနေရင် ၎င်းက သူနွားဘုရင်ငယ်လေးကို ရောင်းလိုက်တာအတွက် ဝန်ခံချက်ဖြစ်သွားလိမ့်မည်။
ရွာသူကြီးက အေးစက်စွာထေ့ငေါ့လိုက်ပြီး၊ “ငါမင်းကို မင်းစကားပြီးအောင်လုပ်ပေးမယ်။ မင်းက ကင်မရာတွေကို အသေအချာရှောင်ရှားခဲ့တယ် ဟုတ်တယ်မလား? ဟင်း! တရားမျှတမှုက အမြဲတမ်းလွှမ်းမိုးနိုင်တယ်။
မင်းဘယ်လောက်ပဲ နပ်တယ်လို့ထင်ထင် တစ်နေရာရာမှာတော့ အမှားတစ်ခုရှိစမြဲပဲ”
ရှောင်ချန်းချိုင်က သူအမှားတစ်ခုလုပ်လိုက်တယ်ဆိုတာကို မယုံကြည်ပေ။ သူကအရမ်း ခိုင်ခိုင်မာမာနဲ့
“ရွာသူကြီး ခင်ဗျားသက်သေနဲ့မှပြောရမယ်။ ဘယ်လိုလုပ်ခင်ဗျားအလိုကျ ကျုပ်ကို စွပ်စွဲနေတာလဲ? ကျုပ်ဒါကိုလက်မခံဘူး!”
ရှောင်ချန်းချိုင်ရဲ့အလျှော့မပေးတဲ့အကြည့်ကိုမြင်တော့ ရွာသူကြီးရဲ့မျက်နှာက ဒေါသတွေနဲ့ နီရဲကုန်သည်။ သူက ရှောင်ချန်းချိုင်ကိုထိုးပြလိုက်ပြီး
“မင်းကသက်သေလိုချင်တာလား? ရှောင်ရှောင်းပေါင် မင်းအိမ်မှာရှာတွေ့ထားတဲ့ ပိုက်ဆံသောင်းချီက အကောင်းဆုံးသက်သေပဲ”
ရှောင်ချန်းချိုင်ရဲ့နှလုံးက ပြင်းထန်စွာခုန်လာပြီး သူ့ဟာသူတွေးလိုက်သည်။
‘ဒါကဒုက္ခဖြစ်စေလိမ့်မယ်လို့တော့ ငါသိခဲ့သားပဲ။ ဒါပေမယ့် ဒါကခိုင်မာတဲ့သက်သေမဟုတ်ဘူး။'
ရှောင်ချန်းချိုင်က ထေ့ငေါ့လိုက်ပြီးတော့၊
“ရွာသူကြီး အဲ့တော့ ကျုပ်မိသားစုမှာ ပိုက်ဆံရှိတော့ရော? ကျုပ်အဲ့ဒီပိုက်ဆံကို ကိုယ်တိုင်စုထားတာ။ အဲ့ဒါကဘယ်လိုလုပ် တစ်ယောက်ယောက်က နွားဘုရင်ငယ်လေးကိုရောင်းလိုက်တာနဲ့ ဆက်စပ်နေရတာလဲ?
ခင်ဗျားပြောသလိုသာဆိုရင် ပိုက်ဆံရှိတဲ့လူတိုင်းက နွားဘုရင်ငယ်လေးကို သစ္စာဖောက်ပြီးပြီပေါ့”
ရွာသူကြီးက ဒါကိုကြားတော့ သူကဒေါသထွက်ရမယ့်အစား ရယ်မောလိုက်သည်။
သူက
“ရှောင်ချန်ချိုင် အမ်း
အရင်က မင်းအပြောကောင်းမှန်း ငါတို့ဘာလို့ မသိခဲ့ပါလိမ့်?”
ရှောင်ချန်းချိုင်က ပိုပြီးချက်ကျလက်ကျနဲ့
“ရွာသူကြီး ခင်ဗျားက ကျုပ်ကို မှားယွင်းစွပ်စွဲနေတာပဲ။ ဒါပေါ့ ကျုပ်အတွက်ကျုပ်ပြောရမှာပေါ့။ မဟုတ်ရင် ခင်ဗျားက အပြစ်ကို ကျုပ်ဆီ အောင်အောင်မြင်မြင်လွှဲချလိုက်တော့မှာလေ”
“အဲ့ဒီတော့ မင်းဝန်မခံဘူးပေါ့ ဟုတ်လား?”
ရွာသူကြီးက ခေါင်းညိတ်ပြီးတော့
“မင်းက မင်းပိုက်ဆံတွေစုထားတာလို့ပြောတယ်။ ဒါဆိုရင် ငါမေးမယ်။ မင်းပိုက်ဆံဘယ်လိုရှာထားတာလဲ? ပြီးတော့ မင်းစုနေတာကော ဘယ်လောက်ကြာပြီလဲ?”
“ကျုပ်နည်းနည်းချင်းဆီ အချိန်အကြာကြီး စုလာတာ”
ရှောင်ချန်းချိုင်က အရမ်းဂရုတစိုက်နဲ့ ပြန်ဖြေလိုက်သည်။
“အချိန်အကြာကြီးဆိုတာဘယ်လောက်လဲ?”
“ဆယ်နှစ်ကျော်တယ်!”
ရှောင်ချန်းချိုင်က ဂဏန်းတစ်ခုကို ပြောလိုက်သည်။
“အဲ့တာ့ မင်းကဆယ်နှစ်ကျော် နည်းနည်းချင်းစီစုလာတာပေါ့”
ရွာသူကြီးက ခေါင်းညိတ်လိုက်သည်။
ပြီးတော့ သူက စကားလမ်းကြောင်းပြောင်းလိုက်ပြီး ပြတ်ပြတ်သားသားနဲ့မေးလိုက်သည်။
“အဲ့လိုဆိုရင် ဘာလို့ပိုက်ဆံတွေက အထပ်လိုက်ဖြစ်နေတာလဲ? ပြီးတော့ဘာလို့ အကြွေတွေအားလုံးက အသစ်တွေဖြစ်နေတာလဲ? ငါ့ကိုရှင်းပြစမ်းပါ”
ရွာသူကြီးရဲ့ ပြတ်သားတဲ့မေးခွန်းကိုကြားတော့ ရှောင်ချန်းချိုင်ရဲ့မျက်နှာထားက ပြောင်းသွားသည်။
သူက ရှင်းပြဖို့ သူ့ပါးစပ်ကိုဖွင့်လိုက်ရင်း
“ရွာသူကြီး ဘာလို့ ပိုက်ဆံတွေက အထပ်လိုက်ဖြစ်ပြီး အသစ်မဟုတ်နိုင်ရမှာလဲ? ကျုပ်က သူတို့ကို စုထားတာလေ။ အဲ့ဒါပြီးတော့ အသစ်တွေနဲ့လဲဖို့ ဘဏ်ကိုသွားခဲ့တာပေါ့”
“ခုထက်ထိတောင် မင်းကလိမ်နေတုန်းပဲ!”
ရွာသူကြီးက အရမ်းစိတ်ဆိုးနေပြီး သူ့ကို ပါးနှစ်ချက်လောက် ရိုက်ပစ်ချင်နေသည်။
“ဟုတ်တယ် မင်းအသစ်တွေနဲ့လဲဖို့ ဘဏ်သွားလို့ရတာပဲ။ ဒါပေမယ့် မင်းအဲ့ဒါကို ဘယ်တုန်းကလုပ်ခဲ့မှာလဲ? နှစ်တိုင်းလိုလိုလား? ပြီးတော့ အကြွေတွေကို မတူတဲ့အချိန်တွေမှာ လဲထားတာပဲဖြစ်မှာပဲ။ အထပ်မတူတာတွေက လဲထားတဲ့အချိန်ပေါ်မူတည်ပြီးတော့ ကွဲပြားနေသင့်တာ။
ဘယ်လိုပဲဖြစ်ဖြစ် မင်းဘဏ်အကြွေတွေအားလုံးက အတူတူအသစ်တွေဖြစ်နေတယ်။"
အဲ့ဒီအချိန်မှာ ရှောင်ချန်းချိုင်က သူ့ကိုယ်သူခုခံချင်ပေမယ့်လည်း ရွာသူကြီးက သူ့ကိုတားဖို့ လက်ခါပြလိုက်သည်။
“ဟုတ်တယ် မင်းပိုက်ဆံတွေစုထားပြီးတော့ လောလောလတ်လတ်မှ တစ်ခါတည်းသွားလဲလိုက်လို့ရတာပဲ။ ဒါပေမယ့်လည်း မင်းပြောသလို ဆယ်နှစ်သာ ပိုက်ဆံတွေစုထားမယ်ဆိုရင် တချို့အကြွေတွေက မှိုတောင် တက်နေလောက်ပြီ။
မကြာခင်က ငွေအပ်ဖို့ ဘဏ်ကိုသွားထားတဲ့ရွာသားတွေ ဒါကိုသက်သေခံပေးနိုင်တယ်။
အကြွေတွေကို ဘယ်လောက်ပဲ ကောင်းကောင်းသိမ်းထားထား ပိုးကောင်တွေကပ်ပြီး မီးခိုးရောင်ဖြစ်လာမှာပဲ။
မင်းအမေရဲ့အကျင့်စရိုက်နဲ့ဆို အလေအလွင့်ဖြစ်သွားတဲ့ပိုက်ဆံတွေအကြောင်း တရွာလုံးကို ညည်းတွားနေမှာ။
ပြီးတော့ ငါတို့အကုန်လည်းသိနေတာပဲ!
အဲ့ဒီတော့ မင်းပိုက်ဆံတွေ ဘယ်ကလာတာလဲ?”
ရှောင်ချန်းချိုင်က သူ့ပါးစပ်ကိုဟလိုက်ပြီး သူ့ကိုယ်သူ ဘယ်လိုရှင်းပြရမလဲမသိတော့ချေ။
ရွာသူကြီးက နောက်တစ်ကြိမ်ထပ်ပြီး ပြတ်ပြတ်သားသားနဲ့
“သက်သေက မင်းရှင်းပြချက်နဲ့မကိုက်ဘူး။ အဲ့ဒီတော့ မင်းဘယ်လိုရှင်းပြမလဲ?”
ရွာသူကြီးနဲ့ ရှောင်ချန်းချိုင်ကြားက စကားပြောခန်းက ရွာသားတွေကို အံ့ဩသွားစေသည်။ ရွာသူကြီးပြောတာ အဓိပ္ပာယ်ရှိမှန်း သူတို့သိကြသည်။ သူတို့ရဲ့ ပထမဆုံး ကိုယ်တွေ့ အတွေ့အကြုံဖြစ်သည်။ သိပ်မကြာခင်က သူတို့စုထားတာတွေကို အပ်ဖို့ ဘဏ်ကိုရောက်ခဲ့ကြသည်။
ရွာသူကြီးပြောသလိုပဲ ပိုက်ဆံတွေက ပိုးကောင်တွေတက် မှိုတေကပ်ပြီး အလေအလွင့်ဖြစ်ကုန်သည်။
“ရွာသူကြီး ခင်ဗျားဒါကိုဘယ်လိုလုပ်သိတာလဲ?”
တစ်ယောက်က နားမလည်တဲ့ပုံနဲ့မေးလိုက်သည်။
“ရွာသူကြီး ခင်ဗျားဒီလိုဖြစ်လာမယ်မှန်းသိရင် ဘာလို့ကျွန်တော်တို့ကို အစောကမပြောတာလဲ? ကျွန်တော့်မိသားစာက အကောင်တွေနဲ့ မှိုတွေကြောင့် စုထားတာတချို့ ဆုံးသွားတယ်”
ရွာသူကြီးက ရွာသားတွေကိုကြည့်လိုက်ပြီး အနည်းငယ်ဆွံ့အသွားသည်။
ပြီးတော့ သူကသက်ပြင်းချလိုက်ပြီး
“ရှောင်လင်းယွီလည်း ငါ့ကို သိပ်မကြာခင်ကမှ ပြောပြတာ”
“ခင်ဗျားကိုပြောပြတာ လင်းယွီလား?”
လူတော်တော်များများ အံဩသွားသည်။
“ဒါပေမယ့် ဘာလို့လဲ?”
တစ်ယောက်က တုံ့ပြန်လိုက်ပြီး ကျယ်လောင်စွာနဲ့
“နွားဘုရင်ငယ်လေးကိုရောင်းလိုက်တာက ရှောင်ချန်းချိုင်မှန်း သူသိလို့များလား?”
ဒါက ရှောင်လင်းယွီ ဘာလို့ ရွာသူကြီးကို ဒါကို ပြောပြရလဲဆိုတာအတွက် တစ်ခုတည်းသောရှင်းပြချက်ဖြစ်သည်။ ဒါက ရှောင်ချန်းချိုင်ဇာတ်လမ်းရဲ့ ချို့ယွင်းချက်ဖြစ်သည်။
ရှောင်ချန်းချိုင်ရဲ့နှလုံးက ပြင်းပြင်းထန်ထန်ခုန်လာသည်။ ဒါက သူအကြောက်ဆုံးအရာဖြစ်သည်။
ရှောင်ရှောင်းပေါင် ပိုက်ဆံကိုယူသွားတော့ ၎င်းက ရှောင်လင်းယွီရဲ့ သံသယကို နှိုးဆွပေးလိုက်မယ်မှန်း သူသိခဲ့သည်။ ဒါပေမယ့်လည်း သူလုံးဝ ခုချက်ချင်း ဝန်မခံနိုင်သေးပေ။ ပြီးတော့ သူတို့က ခန့်မှန်းနေကြရုံတင်။
ရှောင်ချန်းချိုင်က ဇွတ်တရွတ်ပင် ပြတ်ပြတ်သားသားနဲ့
“ရွာသူကြီးက ဒါတွေက ခင်ဗျားခန့်မှန်းချက်တွေတင်လေ။ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့သက်သေမှမရှိတာ။ ဒါက ကျွန်တော် အပြစ်ကင်းတယ်လို့ပဲ ဆိုလိုနိုင်တယ်”
ရွာသူကြီးရဲ့မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားသည်။
“နှုတ်ဆိတ်နေတဲ့သူတွေက အသေကောင်တွေလိုပဲဆိုတာ အမှန်ပဲ။ မင်းက အရင်က အရမ်းတိတ်ဆိတ်ပြီး ရိုးသားခဲ့တယ်။ ဒါပေမယ့် အခုတော့ မင်းက ငါသိသမျှထဲမှာ ကြောက်စရာအကောင်းဆုံးနဲ့ အကြင်နာအကင်းဆုံးလူပဲ”
ရှောင်ချန်းချိုင်က ဆဲရေးကြိမ်းဝါးမှုကို စိတ်မဝင်စားပေ။
သူက အရေးစိုက်လိုက်ပြီး
“ရွာသူကြီး နွားဘုရင်ငယ်လေးရဲ့သတင်းကို ကျုပ်ရောင်းလိုက်တယ်လို့ခင်ဗျားပြောမယ်ဆိုရင် သက်သေပြလေ!”
“ဦးလေးချန်းချိုင် ရှင်က သက်သေလိုချင်တာလား?”
ထိုအချိန်တွင် အေးစက်သောမိန်းကလေးအသံတစ်ခု ထွက်လာသည်။ ရှောင်လင်းယွီက အပြင်ဘက်ကနေ ဝင်လာခြင်းဖြစ်ကာ ကုန်းထျန်းဟောက်က သူမဘေးကလိုက်ပြီး သူမကို ကူညီပေးနေသည်။
ဝမ်ကျီက နောက်ကလိုက်လာပြီး သူမလက်ထဲတွင် လက်တော့ပ်တစ်လုံးကိုင်ထားသည်။
ရှောင်ချန်းချိုင်က ရှောင်လင်းယွီနဲ့တခြားသူတွေ လက်ထဲကလက်တော့ပ်နဲ့ ဝင်လာတာကိုမြင်တော့ သူ့စိတ်က ချက်ချင်းဗလာနတ္ထိဖြစ်သွားသည်။
ရွာထဲကလူတိုင်း ရှောင်လင်းယွီကို ကောင်းကောင်းသိကြသည်။ သူမက အမြဲတမ်းစိတ်ထဲမှာ ရည်ရွယ်ချက်တစ်ခုရှိနေတဲ့ ဖြောင့်မတ်တဲ့လူတစ်ယောက်ဖြစ်သည်။ ဒီနေ့ သူမကဒီနေရာကို ကွန်ပျူတာယူလာမှတော့ ကွန်ပျူတာထဲမှာ သက်သေရှိတာပဲဖြစ်ရမည်။
ထိုအချိန်တွင် ရှောင်ချန်းချိုင်ရဲ့စိတ်က ချာကနဲလည်သွားသည်။
‘ငါအရမ်းဂရုစိုက်ခဲ့တာ။ ငါနောက်မှသက်သေချန်ခဲ့စရာအကြောင်းမရှိဘူး။
ရှောင်ချန်းချိုင်စိုးရိမ်နေစဉ်မှာပဲ ရှောင်လင်းယွီက သူ့ဆီလာပြီး အေးစက်စွာမေးလိုက်သည်။
“ဦးလေးချန်းချိုင်၊ ရှင်ကသက်သေလိုချင်တာမလား? ကောင်းပြီလေ ကျွန်မရှင့်ကို သက်သေပြမယ်!”
ပြောပြီးတော့ သူမက သူမနောက်က ဝမ်ကျီဆီလှည့်လိုက်ပြီး
“ဝမ်ကျီ သူ့ကို သက်သေပြလိုက်။ မဟုတ်ရင် ရွာသူကြီးနဲ့ငါက သူ့ကို အမှုဆင်ဖို့ တွဲလုပ်နေတယ်လို့ ထင်နေဦးမယ်”
သူ့ရဲ့သစ္စာဖောက်မှုကြောင့် သူမမိသားစုကို ဒုက္ခအများကြီးသယ်လာပြီးပြီဖြစ်သည်။ သူမက ဘယ်လိုလုပ်သူ့ကို အလွယ်တကူ လွှတ်ပေးနိုင်မှာလဲ?
ဝမ်ကျီက လူတိုင်းကို ကွန်ပျူတာစခရင် ပြလိုက်သည်။
ရွာသားတွေက ချက်ချင်းပြေးလာပြီး ကွန်ပျူတာကို ဝိုင်းအုံလိုက်ကြသည်။
သူတို့က စူးစမ်းစွာနဲ့
“ဘယ်မှာလဲ? သက်သေက ဘယ်မှာလဲ?”
ဝမ်ကျီက တစ်နေရာကိုထိုးပြပြီးတော့
“ဦးလေးချန်းချိုင်က လုံခြုံရေးကင်မရာတွေကို ရှောင်ခဲ့ပေမယ့် သူတစ်ခုလွတ်သွားတယ်။ အားလုံးပဲ တစ်ချက်ကြည့်လိုက်ကြပါ။ ဒါကဘာလဲ?”
စူးရှတဲ့မျက်လုံးတွေနဲ့ရွာသားတစ်ယောက်က
“သူ့အိတ်ကပ်က ဖောင်းနေတာပဲ။ အဲ့ဒါကဘာလဲ? ကြည့်လိုက်! အဲ့ဒီချွန်နေတဲ့အစွန်းကဘာလဲ?”
“ပိုက်ဆံ ကြည့်ရတာပိုက်ဆံတွေနဲ့တူတယ်!”
တစ်ယောက်က အံ့အားသင့်စွာပြောလိုက်သည်။
“အဲ့ဒါပိုက်ဆံပဲ!”
တစ်ယောက်က ချက်ချင်းအသေအချာပြောလိုက်သည်။
“အဲ့ဒါဘာလို့ ဒီအိတ်ဖောင်းနေရလဲဆိုတာပဲ။ ပိုက်ဆံတွေနဲ့ပြည့်နေတာကိုး!”
တစ်ယောက်က ချက်ချင်းပြောလိုက်သည်။
“သူဘာလို့ ပိုက်ဆံတွေအများကြီး သယ်လာတာလဲ?”
“ဟုတ်တယ် သူက ရုတ်တရက်ကြီး ပိုက်ဆံတွေအများကြီး ဘယ်ကနေရှာလာတာလဲ?”
တစ်ယောက်က မေးလိုက်သည်။
“ဟုတ်တယ် ဦးလေးချန်းချိုင်၊ ဦးလေးအိတ်ကပ်ထဲမှာ ဘာလို့ရုတ်တရက် ပိုက်ဆံတွေအများကြီးရှိသွားလဲဆိုတာ အားလုံးကိုရှင်းပြနိုင်မလား?”
ရှောင်လင်းယွီက ရှောင်ချန်းချိုင်ကို အပြုံးရေးရေးတစ်ခုနဲ့ ကြည့်လိုက်သည်။
ရှောင်ချန်းချိုင်ရဲ့မျက်နှာက ညိုမည်းသွားပြီး သူက ရှောင်လင်းယွီကို ဒေါသတကြီးနဲ့
“အဲ့ဒါငါ့ပိုက်ဆံလေ။ ဘာလို့ နင့်ကိုရှင်းပြနေရမှာလဲ? နင့်ကိုယ်နင်ဘယ်သူလို့ထင်နေတာလဲ?
ရဲအရာရှိလား?”
ရှောင်လင်းယွီက အေးစက်ပြီး ပြတ်သားစွာနဲ့
“ဒါရှင့်ပိုက်ဆံတွေဆိုတာသေချာလား? ပြီးတော့ နွားဘုရင်ငယ်လေးအကြောင်းသတင်းရောင်းလို့ရလာတဲ့ ပိုက်ဆံတွေမဟုတ်ဘူးပေါ့?”
ရှောင်ချန်းချိုင်က နှုတ်ခမ်းကွေးလိုက်ပြီး ဘာမှမပြောပေ...
***