← Chapters

အမှန်တရား

Vol. 19 Ch. 321

အမှန်တရား

Vol. 19 Ch. 321

ရှောင်ချန်းချိုင်က ရှောင်လင်းယွီရဲ့စကားတွေကို မကြားချင်ယောင်ဆောင်လိုက်သည်။ ဒါပေမယ့်လည်း သူ့ပါးစပ်ကိုပိတ်ပြီး မဖြေဘဲနေလို့မရပေ။

“ရှောင်ချန်းချိုင် မင်းမှာ လျှို့ဝှက်ထားတဲ့အကြောင်းရင်းမရှိဘူး‌ဆိုလို့ရှိရင် မင်းပိုက်ဆံတွေ ဘယ်ကရလာလဲဆိုတာကို ငါတို့ကို ပွင့်ပွင့်လင်းလင်းပြောပြ”

“ဟုတ်တယ် နင့်အိတ်ကပ်ထဲက ပိုက်ဆံတွေကိုကြည့်ဦး။ အနည်းဆုံးတစ်သောင်းရှိတယ်။ နင်ရုတ်တရက် ပိုက်ဆံတွေအများကြီး ဘယ်ကရလာတာလဲ?”

“ပါးစပ်ပိတ်ထား!”

ရှောင်ချန်းချိုင်က ရုတ်တရက်ကြီးအော်လိုက်သည်။

ပြီးနောက် လူတိုင်းရဲ့မျက်လုံး‌တွေက သူ့အပေါ်မှာ ပြောင်းသွားသည်။ သူတို့က ဒီလူစိမ်းကြောင့် အံ့ဩကုန်သည်။

အရင်က သူတို့က သူ့ကို နှိမ့်ချပြီး သူ့မိန်းမကို အရမ်းချစ်တဲ့လူတစ်ယောက်အနေနဲ့ သိခဲ့ကြသည်။ ဒါပေမယ့်လည်း အခုကျတော့ လူတိုင်းက သူ့ရဲ့ ရက်စက်၊ ကြောက်စရာကောင်းပြီး အကြင်နာကင်းတဲ့ပုံစံကို မျက်မြင်တွေ့ပြီး ငြီးငွေ့လာကြသည်။

သူက နှစ်နှစ်ဆယ်ကျော်သူ့မိန်းမကိုတောင် အကြင်နာမဲ့ခဲ့သည်။ သူ့ကိုယ်ကျိုးအတွက် တရွာလုံးကို ရောင်းစားပစ်တာမှာ အံ့ဩစရာမဟုတ်တော့ပေ။

“ပါးစပ်ပိတ်!”

ရှောင်ချန်းချိုင်က ဒေါသတကြီး ထပ်အော်လိုက်ပြန်သည်။

“ငါကဘာလို့ မင်းတို့ကို ဖြေပေးရမှာလဲ? ငါငွေတွေကို လမ်းပေါ်ကကောက်လာတာ!”

ဒါပေမယ့်လည်း သူ့စိတ်ထဲမှာ အရမ်းနောင်တရသွားသည်!

သူနောင်တရတာက ရှောင်မိသားစုကို သစ္စာဖောက်ခဲ့လို့မဟုတ်ဘဲ သူအရမ်းသတိမမူမိလိုက်လို့ဖြစ်သည်။

သူ အပြားအကြီးကြီးတစ်ခုရှာပြီး ပိုက်ဆံတွေကို အဲ့ဒီထဲမှာ ထုပ်ထားခဲ့သင့်တာ။ ‌ဒါပေမယ့်လည်း သူဂရုမစိုက်မိခဲ့ပေ။ ပြီးတော့ သူ့အိတ်ကပ်ထဲက ပိုက်ဆံအစွန်းတွေထွက်လာသည်။ ဒါပေမယ့် နောင်တက အသုံးမဝင်ပေ။ သူ့သွားတွေကိုကြိတ်လိုက်ပြီး တစ်ခုခုကိုဝန်ခံဖို့ ငြင်းဆိုလိုက်သည်။

ရှောင်ချန်းချိုင်စကားပြောပြီးသွားတာနဲ့ အဲ့ဒီနေရာကလူတိုင်းက ရှောင်ချန်းချိုင်ကို အရမ်းအံ့ဩမှုတွေနဲ့ ကြည့်လိုက်ကြသည်။ သူကသူစိမ်းတစ်ယောက်လိုမျိုး သူတို့က ကြည့်လိုက်ကြသည်။

ပြီးတော့ထပ်ပြီး သူတို့အတွက် ရှောင်ချန်းချိုင်က တကယ့်ကို သူစိမ်းတစ်ယောက်ဖြစ်သည်။ သက်သေကိုဖုံးထားခဲ့ရပေမယ့် သူက ၎င်းကိုဝန်ခံဖို့ငြင်းဆိုနေသေးသည်။

ရှောင်လင်းယွီက ဒါကိုကြားတော့ ထေ့ငေါ့လိုက်သည်။

“ဦးလေးချန်းချိုင်၊ ရှင်ကတကယ်တော်တာပဲ။ ကျွန်မတို့အားလုံးက ရှင့်ကြောင့်အလှည့်စားခံထားရတာ။ အခုထက်ထိတောင် ရှင်ကဝန်ခံဖို့ငြင်းနေတုန်းပဲ။ ရှင်က ကျွန်မတို့ကို သက်သေတွေပိုယူလာစေချင်တာလား?”

ရှောင်ချန်းချိုင်က စကားတစ်ခွန်းမှမပြောပေ။ သူက သူ့မျက်လုံးထဲတွင် ဒေါသတွေ အမုန်းတရားတွေအပြည့်နဲ့ ရှောင်လင်းယွီကိုကြည့်နေခဲ့သည်။

“ကောင်းပြီ ကျွန်မရှင့်ကို သက်သေတွေပိုပြေပေးမယ်!”

ရှောင်လင်းယွီကအေးစက်စွာနဲ့

“ဝမ်ကျီ သူ့ကိုပြလိုက်!”

လုပ်ငန်းကိစ္စအတောအတွင်းက သူတို့က အရမ်းလျှိူ့ဝှက်တဲ့နေရာမှာရှိနေခဲ့မှန်း ရှောင်ချန်းချိုင်သေချာသည်။ အနားပတ်လည်မှာ ဘာကင်မရာမှ လုံးဝမရှိပေ။ ဘာလက်ဆုပ်လက်ကိုင်ပြနိုင်တဲ့သက်သေမှမရှိပေ။

ဝမ်ကျီရဲ့လက်က ကီးဘုတ်မှာ နည်းနည်း‌တဖြောက်‌ဖြောက်နှိပ်လိုက်သည်။ ကွန်ပျူတာပေါ်မှာ နောက်ထပ်မြင်ကွင်းတစ်ခု ပေါ်လာသည်။ ၎င်းက ကိစ္စဖြစ်ခဲ့တဲ့အချိန်ကဖြစ်သည်။

လူငယ်သုံးယောက် ကားထဲက ဆင်းလာသည်။ ပြီးတော့ သူတို့ တစ်ယောက်ယောက် စကားပြောနေတာကို ကြားလိုက်သည်။

ဟုတ်တယ် အသံတွေပဲ။

“စီအီးအိုလီ ဒီလိုဆိုးရွားတဲ့နေရာကို ခရီးသွားနေရာတစ်ခုဖြစ်အောင် ပြောင်းလို့ရတယ်ပြောတုန်းက ခင်ဗျားနောက်နေတာပဲဖြစ်ရမယ်”

“အမှန်ပဲ ဒီနေရာရဲ့နာမည်က ကြားရတာတော့ကောင်းပေမယ့် နေရာကမကောင်းဘူး။ မြေပြင်အနေအထားက ဝေးလံပြီးတော့ လူတွေဒါကို ရှာတွေ့မှာတောင်မဟုတ်ဘူး”

“သွားကြစို့ အနားကိုလျှောက်ကြည့်ရအောင်။ ငါတို့ ဒေသခံရွာသားတစ်ယောက်ကို တွေ့ရင် အကောင်းဆုံးပဲ”

ရှောင်ချန်းချိုင်က အသံတွေကိုကြားတော့ သူချက်ချင်းရှော့ခ်ရသွားသည်။

ဘယ်လို...ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? သူက လုံခြုံရေးကင်မရာတွေက ပုံတွေကိုသာသိမ်းထားနိုင်ပြီး အသံတွေကို မဖမ်းထားနိုင်ဘူးလို့ ကြားခဲ့သည်။

“ရွာသားကြီး ကျွန်တော်တို့က အပြင်ဘက်ကပါ။ ခင်ဗျားတို့ရွာရဲ့ မျက်နှာအသွင်အပြင်တွေကို လိုက်ပြလို့ရမလား?"

“တစ်‌ခြားတစ်ယောက်သွားရှာလိုက်”

“ကျွန်တော်တို့ကို လိုက်ပြဖို့ ခင်ဗျားကို ယွမ်၂၀၀ပေးမယ်”

“ယွမ် ၃၀၀၀”

“ယွမ် ၃၀၀၀? အစ်ကိုကြီး ခင်ဗျားအိမ်မက်မက်နေတာမဟုတ်ဘူးဆိုတာရော သေချာလား?”

“မင်းငါ့ကို သုံးထောင်ပေးရင် ငါမင်းတို့ကို ထောင်ယွမ်ရွာက အထူးနေရာတစ်ခုကို ခေါ်သွားမယ်။ ငါတို့ရွာရဲ့ လျှို့ဝှက်ချက်ကိုလည်း ပြောပြမယ်။

"လျှို့ဝှက်ချက်ဆိုမှတော့ ငါသာမန်ကာလျှံကာပြောလို့မရဘူး။ မဟုတ်ရင် ငါတစ်ရွာလုံးကို အမှားလုပ်မိမှာပေါ့”

“ငါထပ်ပြီး စိတ်ပြောင်းသွားပြီ။ လျှို့ဝှက်ချက်က အနည်းဆုံး ၃၀၀၀၀တန်တယ်လို့ ငါထင်တယ်”

“ကောင်းပြီလေ! ‌ဒါပေမယ့် ခင်ဗျားကို ကျွန်တော်ပိုက်ဆံမပေးခင် ခင်ဗျားလျှို့ဝှက်ချက်က ဘာလဲဆိုတာ ကျွန်တော်သိမှဖြစ်မယ်”

“မရဘူး မင်းငါ့ကို ပိုက်ဆံအရင်ပေးရမယ်”

“ကောင်းပြီ ကျွန်တော် ခင်ဗျားကို ယွမ်၃၀၀၀၀ပေးမယ်”

ရှောင်ချန်းချိုင်နဲ့ လူသုံးယောက် ပြောခဲ့တဲ့ စကားပြောခန်းတစ်ခုလုံးကို ထုတ်လွှင့်ခဲ့သည်။

ဝမ်ကျီက ရွာသူကြီးဆီက အော်လန်ကိုပါငှားလိုက်ပြီး လူတိုင်းကြားရအောင် အသံကိုချဲ့လိုက်သည်။ ကော်မတီစင်တာက ဝရုန်းသုန်းကားဖြစ်သွားသည်။

“ဘုရားရေ၊

နွားဘုရင်ငယ်လေးရဲ့သတင်းကိုရောင်းလိုက်တာ တကယ်ရှောင်ချန်းချိုင်ပဲ။ သူက တကယ် ယွမ်၃၀၀၀၀အတွက် ရောင်းပစ်လိုက်တာ”

“သူက အဲ့ဒီ‌ကနေ ယွမ်၃၀၀၀၀ရထားတာ။ သူ့အိမ်မှာ ပိုက်ဆံတွေအများကြီးရှိပြီး အဲ့ဒါတွေအားလုံးက အသစ်တွေဖြစ်နေတာ အံ့ဩစရာမရှိတော့ဘူး!”

“သူကအရမ်းယုတ်မာတာပဲ!”

“တကယ်ပဲ စာအုပ်တစ်အုပ်ကို အဖုံးနဲ့ဆုံးဖြတ်လို့မရဘူးပဲ။ ရှောင်ချန်းချိုင်ကကြည့်ရတာတော့ ရိုးသားတဲ့လူတစ်ယောက်နဲ့တူတယ်။ ဒီလိုယုတ္တိမတန်တဲ့ကိစ္စမျိုး သူဘယ်လိုလုပ်လုပ်နိုင်ရတာလဲ?”

“သူ့မိသားစုက နွားဘုရင်ငယ်လေးရဲ့မစင်ကို ယူလို့မရဘူးလေ။ ပြီးတော့ ကျန်းရှောင်လန်နဲ့ကိစ္စကိုလည်း ထည့်စဉ်းစားရမယ်။ သူက မနာလိုနေပြီး လက်စားပြန်ချေချင်နေတာ”

“အဲ့လိုပဲဖြစ်ရမယ်!”

ရွာသားတွေ ရှောင်ချန်းချိုင်ကို ဘယ်လိုပြောနေလဲ ရှောင်လင်းယွီက စိတ်မဝင်စားပေ။ သူမက မျက်နှာစိမ်းဖန့် ၊ဖြူဆုတ်၊ဒေါသဖြစ်နေတဲ့ ရှောင်ချန်းချိုင်ကို မျက်နှာထားတင်းတင်းနဲ့ကြည့်လိုက်သည်။

သူမက အေးစက်စွာနဲ့

“ဦးလေးချန်းချိုင်၊ သက်သေတွေက ရှင့်ကို လက်ဆုပ်လက်ကိုင်ပြဖို့ လုံလောက်ပြီလား? ရှင်က နွားဘုရင်ငယ်လေးရဲ့ လျှို့ဝှက်ချက်ကိုရောင်းဖို့ ယွမ်၃၀၀၀၀တောင်းခဲ့တယ်။ ရှင်တကယ်ဘယ်လိုပိုက်ဆံရှာရမလဲသိတာပဲ”

တကယ်တော့ လုံခြုံရေးကင်မရာတွေက အသံဖမ်းမထားနိုင်ပေ။ ၎င်းတို့က ပါးစပ်ပုံစံနဲ့ အစရှိတာတွေကို လိုက်ပြီး အသံပြန်လည်တည်ဆောက်ခြင်းကို အသုံးပြုထားခြင်းဖြစ်သည်။

အဲ့ဒီအချိန်မှာ ရှောင်ချန်းချိုင်က သူ့ကိုယ်သူမခုခံနိုင်တော့ပေ။ အဲ့ဒါကြောင့် သူအလွယ်တကူပဲဝန်ခံလိုက်သည်။ ပြီးတော့ သူလုပ်ခဲ့တာက တရားမဝင်တာမဟုတ်ပေ။ သူက တချို့လူတွေကို အမှားလုပ်လိုက်ပေမယ့် ကြောက်မနေပေ။

ရှောင်ချန်းချိုင်က

“အဲ့ဒီတော့ ငါနွားဘုရင်ငယ်လေးရဲ့သတင်းကို ရောင်းလိုက်တော့ရော? ပြီးတော့ ငါ့မိသားစုကလွဲရင် အိမ်ထောင်စုတိုင်းက နွားမစင်လာယူနိုင်တယ်လေ။ ငါဘာအကျိုးအမြတ်မှမရမှတော့ မင်းလျှို့ဝှက်ချက်ကိုထိန်းသိမ်းဖို့ ဘာလို့အရမ်းကြိုးစားပေးနေရမှာလဲ? မင်းငါ့ကိုဘာလုပ်နိုင်လို့လဲ?”

အတိုချုံးရရင် သူနောင်တမရပေ။

ရှောင်လင်းယွီက ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ် ကျွန်မရှင့်ကို ဘာမှမလုပ်နိုင်ဘူး။ ရှောင်ကွမ်းက ကျွန်မအပိုင်ပဲ ရှင့်ဟာမဟုတ်ဘူး။ ပြီးတော့ တရွာလုံးဟာလည်းမဟုတ်ဘူး။ အဲ့ဒီတော့ ရှင့်မှာ ဘာစိတ်ထင့်မှုမှမရှိဘူး”

“အမှန်ပဲ!”

ရှောင်ချန်းချိုင်က ၎င်းကိုမငြင်းဆိုလိုက်ပေ။

“မင်းအရမ်းမှန်တယ်! အခုမင်းငါ့ကိုဘာလုပ်မှာလဲ? မင်းကျန်းရှောင်လန်ကိုလုပ်သလိုမျိုး ငါ့ကိုထောင်ထဲပို့လိုက်မှာလား?”

ရှောင်လင်းယွီက ခေါင်းခါလိုက်သည်။

“ကျွန်မဘာမှလုပ်လို့မရဘူး။ ရှင်က ဥပဒေကိုမှ မချိုးဖောက်ခဲ့ဘဲ။ ရှင်က လူတိုင်းရဲ့အကျိုးကို ထိခိုက်အောင်လုပ်ခဲ့ရုံတင်”

သူမက ဒီနေရာမှာရပ်လိုက်ပြီး သူ့ကိုစိုက်ကြည့်လိုက်သည်။ သူမက စကားလုံးတစ်လုံးချင်းစီကို ပြတ်ပြတ်သားသားပြောလိုက်သည်။

“ကျွန်မရှင့်ကိုမေးချင်ရုံတင်။ ရှင့်မှာအသိစိတ်ရှိလား?”

ရှောင်ချန်းချိုင်ရဲ့နှလုံးက တုန်ယင်လာသည်။

ဒီမုန်းစရာကောင်းတဲ့မိန်းကလေး ရှောင်လင်းယွီမှာ အားကောင်းတဲ့အရှိန်အဝါတစ်ခုရှိမယ်လို့ သူမမျှော်လင့်ထားခဲ့ပေ။ သူမအကြည့်ကတင် သူ့နှလုံးကို ရင်ဘတ်ကပေါက်ထွက်သွားအောင်ကြောက်ဖို့ လုံလောက်သည်။

ရှောင်လင်းယွီရဲ့အမေးကို မျက်နှာချင်းဆိုင်တော့ ရှောင်ချန်းချိုင်က သူ့နှုတ်ခမ်းတွေကို ထပ်ပြီး တင်းတင်းကျပ်ကျပ်စေ့ထားလိုက်ပြီး မဖြေချင်ခဲ့ပေ။ အခုအချိန်မှာတော့ ရှောင်လင်းယွီက ရှောင်ချန်းချိုင်ကို ဘာမှမလုပ်နိုင်ပေ။ သူမက ရှောင်ချန်းချိုင်ဆိုတဲ့ မကောင်းဆိုးဝါးကို လူတိုင်းကို သိစေချင်ရုံသာဖြစ်သည်။

အနာဂတ်မှာ သူနဲ့ဆက်ဆံဖို့ လူတိုင်းမှာ တွေးတောဆင်ခြင်မှုတစ်ခု ရှိသွားကြပြီ။ သူမ ဘာမှထပ်ပြောဖို့တောင် မလိုတော့‌ပေ။ အဲ့ဒီအချိန်မှာ အချိန်အတော်ကြာလိမ္မာနေခဲ့တဲ့ ကျန်းချွန်းကျောင်းက ရုတ်တရက် ထွက်လာသည်။

သူမက ထေ့ငေါ့ပြီးတော့

“ရှောင်လင်းယွီ ဒါအရမ်းမတရားလုပ်၊ သဘောထားသေးသိမ်၊ စိတ်ကြီးဝင်ခဲ့တဲ့ နင့်အမှားလေ။ ငါတို့မိသားစုတွေက နင့်မိသားစုနဲ့ ဆက်ဆံရေးကောင်းကောင်းမရှိတာနဲ့ပဲ နွားဘုရင်ငယ်လေးရဲ့အကျိုးအမြတ်ကို ဘာလို့ဝေမျှလို့မရတာလဲ? ဒါနင့်ရဲ့ ဝဋ်လည်တာပဲ!”

သူမပျော်နေသည်မှာ သိသာသည်။ သူမ လက်ခုပ်တီးချင်နေသည်။ ဒါပေမယ့်လည်း အတွင်းထဲမှာတော့ သူမဝမ်းနည်းနေသည်။

သူဘာလို့ အဲ့လူတွေနဲ့ မတွေ့လိုက်တာလဲ?

သူသာဆိုရင် သူသတင်းတွေကို ၁၀၀၀၀၀မဟုတ်ဘူး အနည်းဆုံးယွမ်၃၀၀၀၀၀နဲ့ရောင်းပစ်မှာ!

ပြီးတော့ နွားဘုရင်ငယ်လေးက အဲ့လောက်လည်းမတန်ပါဘူး။

ရှောင်လင်းယွီရဲ့သီးနှံတွေက သူမကို သန်းနည်းနည်းပါးပါးရစေပြီးပြီပဲ။

ပြီးနောက် ကျန်းချွန်းကျောင်းက သူမ နွားဘုရင်ငယ်လေးရဲ့သတင်းကိုရောင်းဖို့ ပိုလိုအပ်ကြောင်း သဘောပေါက်သွားသည်။

သူမ နွားဘုရင်ငယ်လေးကို လိုအပ်သည်။

နွားဘုရင်ငယ်လေးနဲ့ဆိုရင် သူမ ယွမ်၃၀၀၀၀၀မပြောနဲ့ သုံးဘီလီယံကို လွယ်လွယ်ကူကူစုလို့ရသည်!

ဒီအကြံက ချက်ချင်း ကျန်းချွန်းကျောင်းစိတ်ထဲမှာ အစပျိုးသွားပြီး အညှောင့်ထွက်လာမယ့်နေ့ကို စောင့်ဆိုင်းနေသည်။

***

All Chapters